သတင်းတွေ ဖတ်ဖို့ ခေါင်းစဉ် သို့ မဟုတ် Read More ကိုသာ လိုက်ရှာပြီး နှိပ်ပါလေ

Tuesday, March 13, 2012

Mar 12


မိုးမခ မီဒီယာအဖွဲ့က စုစည်း ဖြန့်ဝေတယ်
မတ်လ ၁၂ ရက်နေ့ သတင်းများ
ရှားပါးဆန်းပြား ... အစိုးရအဖွဲ့ ၀န်ဂျီးများကာတွန်း - ကူမိုးကြိုး moemaka.blogspot.com
ဒေါ်အောင်ဆန်းစုကြည် မဲဆန္ဒနယ် မဲစာရင်း လွဲမှားမှုဖြစ်နေ
By featured, ကျော်ခ on March 12, ဧရာဝတီ
ကျန်ရှိ နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရန် လို
By featured, လင်းသန့် on March 12, ဧရာဝတီ
ကြံ့ခိုင်ရေး ပါတီ ငွေပေး မဲဆွယ်
By featured, ဧရာဝတီ on March 12, ဧရာဝတီ
ဒေါ်အောင်ဆန်းစုကြည် လွှတ်တော် လေ့လာ
By featured, ရန်ပိုင် on March 12, ဧရာဝတီ
သူများတွေအတွက် ဦးဝင်းတင်
ဦးဝင်းတင်နဲ့ မေးခွန်းများ မိုးမခ၊ မတ် ၁၂၊ ၂၀၁၂ မိုးမခ
လက်တော့ပ်ကိုင်မည့် မျိုးဆက်သစ်များ
ကျော်သူ (နာရေးကူညီမှုအသင်း - ရန်ကုန်) မတ်လ ၁၂၊ ၂၀၁၂ မိုးမခ
အကြွေးပိုင်ရှင် ဒေါက်တာစောဝါးထူး
လောအယ်စိုး။ မတ် ၁၂၊ ၂၀၁၂ မိုးမခ


နိုင်ငံတည်ဆောက်ရေး ပြည်ပရောက် ၈၈ မျိုးဆက် ကျောင်းသားများကို မင်းကိုနိုင် ဖိတ်ခေ
2012-03-12 RFA
မြန်မာနိုင်ငံမှာ စိုးရိမ်နေရဆဲ အခြေအနေများ ရှိနေ အာရှဥပဒေဌာန ရှုမြင်
2012-03-12 RFA
ဆားလင်းကြီးဆန္ဒပြတောင်သူတွေကို အာဏာပိုင်တွေ လာတွေ့
2012-03-11 RFA
ဖုန်းမော်နေ့အထိမ်းအမှတ် မုံရွာတက္ကသိုလ်ကျောင်းသားတွေ ကုသိုလ်လုပ်
2012-03-11 RFA


တနင်္လာ, 12 မတ် 2012
ဒေါ်စု အမျိုးသားလွှတ်တော် သွားရောက် လေ့လာ
By မစုမြတ်မွန် VOA
နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေကြမ်း ပြည်သူ့ လွှတ်တော် တင်သွင်း
By မသိဂီ င်္ထိုက် VOA
တနင်္ဂနွေ, 11 မတ် 2012
အာဏာရှင်စနစ် ပြန်ဖြစ်လာ မလာ မသေချာသေးဟု ဒေါ်စု သတိပေး
By ကိုရန်နိုင် VOA

========================

 

မိုးမခ မီဒီယာအဖွဲ့က စုစည်း ဖြန့်ဝေတယ်




ဒေါ်အောင်ဆန်းစုကြည် မဲဆန္ဒနယ် မဲစာရင်း လွဲမှားမှုဖြစ်နေ
By featured, ကျော်ခ on March 12, ဧရာဝတီ
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD)ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် အရွေးချယ်ခံမည့် ကော့မှူးမြို့နယ် ဝါးဘလောက်သောက် ကျေး ရွာ တွင် မဲပေးခွင့်ရှိသူ လူဦးရေ ၅၀၀ ခန့် မဲစာရင်းတွင် မပါဝင်ဘဲဖြစ်နေကြောင်း ကော့မှူးမြို့နယ် NLD ကထုတ်ဖော်ပြောဆို လိုက်သည်။


ကော့မှူးမြို့၏ အရှေ့ဘက် ၉ မိုင်ခန့်အကွာတွင်ရှိသော ဝါးဘလောက်သောက် ကျေးရွာတွင် မဲပေးခွင့်ရှိသူ ၄၉၀ ကျော် မဲစာရင်းတွင် မပါရှိဘဲ မဲစာရင်းတွင် ပါဝင်သူတချို့မှာလည်း အသက်မပြည့်သူ၊ ပျောက်ဆုံးနေသူနှင့် သေဆုံးသူများ ပါဝင်နေကြောင်း ကော့မှူး မြို့နယ် NLD မဲအောင်နိုင်ရေးအဖွဲ့ တာဝန်ရှိသူ ဦးမြင့်သိန်း က ဧရာဝတီသို့ ပြောပြသည်။


ဖေဖော်ဝါရီလကုန်ပိုင်းက မဲဆွယ်စည်းရုံးရေး ခရီးစဉ်အတွင်း ကော့မှူး ဒေသခံများကို ဟောပြောနေသော ဒေါ်အောင်ဆန်းစု ကြည်(ဓာတ်ပုံ - ဧရာဝတီ)


ဝါးဘလောက်သောက်မှာတင် ၅၀၀ လောက်ဖြစ်နေတယ်။ ကျန်တဲ့မြို့ပေါ်ရပ်ကွက်တွေနဲ့ နယ်ကရွာတွေမှာလည်း မဲပေးခွင့်ရှိသူ က မပါဘဲ မဲပေးခွင့်မရှိသူက ပါလိုပါ။ အဲဒါမျိုးတွေ မနည်းဘူးဖြစ်နေတယ်”ဟု ၎င်းက ဆိုသည်။


ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လစ်လပ်နယ်မြေများရှိ မဲဆန္ဒရှင်စာရင်းကို ဖေဖော်ဝါရီလ၂၉ ရက်က ထုတ်ပြန် ထားရာ တွင် မဲပေးခွင့်မရှိသေးသော အသက်မပြည့်သေးသူများ၊ သေဆုံးသူများပါဝင်နေပြီး မဲပေးခွင့်ရှိသူများမှာ မဲစာရင်းတွင် မပါဝင်မှုများ ဖြစ်နေကြောင်း သိရသည်။


ကော့မှူးမြို့ပေါ်ရှိ ရပ်ကွက် ၇ ခုနှင့် မြို့နယ်တွင်းရှိ ကျေးရွာပေါင်း ၆၄ ရွာတွင်လည်း ယင်းကဲ့သို့ ကြုံတွေ့နေရသည်ဟု ကော့မှူး NLD ၏ မှတ်တမ်းများတွင် ဖော်ပြထားသည်။


ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီဝင်(ကြံ့ခိုင်ရေးပါတီ) မိသားစုများ၏ အသက်မပြည့်သေးသော မိသားစုဝင်များလည်း မဲပေးပိုင်ခွင့် စာရင်းများတွင် ပါဝင်နေသည်ကိုတွေ့ရှိရပြီး ကော့မှူးမြို့နယ်အတွင်း မဲစာရင်းလွဲမှားမှုများကို နေပြည်တော် ကော်မရှင်ရုံးသို့ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် တင်ပို့သွားမည်ဖြစ်ကြောင်း သိရသည်။


ကြံ့ခိုင်ရေးမိသားစုတွေကြတော့ အသက် ၉ နှစ် ၁၀ နှစ်ကလေးတွေကို မဲပေးပိုင်ခွင့်စာရင်းမှာ ထည့်ထားတယ်၊ အဲဒါတွေကို နာမည် နဲ့ ဓာတ်ပုံနဲ့တကွ ကျနော်တို့ စာရင်းပြုစုထားတယ်။ ကျန်တဲ့ ရပ်ကွက်နဲ့ ရွာတွေမှာလွဲချော်နေတာတွေ အကုန်လုံးကို ဒေါ်အောင်ဆန်းးစုကြည်က နေပြည်တော်မှာ တင်ပြချင်တယ် ဆိုလို့ ပြုစုနေတယ်”ဟု ဦးမြင့်သိန်း က ဆက်ပြောသည်။


ကော့မှူးမဲဆန္ဒနယ်အပြင် ကြားဖြတ်ရွေးကောက်ပွဲ လစ်လပ်နယ်မြေ အားလုံး နီးပါး အထက်ပါ လွဲမှားမှုမျိုးဖြစ်ပွားနေပြီး တချို့နေ ရာများတွင် ကော်မရှင်က ပြင်ဆင်မှုများ ပြုလုပ်ပေးကြောင်း NLD ဗဟိုရွေးကောက်ပွဲ မဲအောင်နိုင်ရေး တာဝန်ရှိသူ ဦးဉာဏ်ဝင်း ကလည်း ပြောဆိုသည်။


ရုံးချုပ်ကို ဆက်သွယ်လာတဲ့ သတင်းတွေအရ ကျနော်တို့သိရတာ။ နေရာအတော်များများမှာ ဖြစ်နေတယ်။ ကျနော် နမ္မတီးကို ရောက်တော့ ကိုယ်တိုင်တွေ့ခဲ့ရတာက မဲပေးခွင့်ရှိတဲ့လူတွေ မဲစာရင်းထဲမှာ မပါဘူး။ ကော်မရှင်ကိုသွားပြောတော့ ဟိုက ပြင်ပေး လိုက်တယ်”ဟု ၎င်းက ပြောသည်။


ဒေါ်အောင်ဆန်းစုကြည် ဝင်ရောက် အရွေးခံမည့် ကော့မှူးမြို့ပေါ်တွင် ရပ်ကွက်ပေါင်း ၇ ရပ်ကွက်ရှိပြီး မြို့နယ်အောက်ရှိ ကျေးရွာအုပ်စု ၅၂ စု အနက် ရွာပေါင်း ၆၄ ရွာရှိသည်။ ကြားဖြတ်ရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်ရှိသူ စုစုပေါင်း ၈၈၅၀၀ ဖြစ်ပြီး မဲရုံပေါင်း ၁၂၉ ရုံရှိကြောင်း သိရသည်။


ရွေးကောက်ပွဲ နည်းဥပဒေများအရ မဲစာရင်းတွင် အမည်မပါဝင်၍ ထည့်သွင်းလိုပါက တောင်းဆိုလွှာနှင့် တင်သွင်းနိုင် သကဲ့သို့ မဲစာရင်းပါ အမည်၊ အချက်အလက်၊ လွဲမှားနေပါက ပြင်ဆင်ကန့်ကွက်လွှာ တို့ဖြင့် မဲဆန္ဒရှင်စာရင်း စတင်ကြေညာသည့်နေ့မှစ၍ ၇ ရက်အတွင်း ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲသို့ တင်သွင်းရမည်ဖြစ်သည်။


တောင်းဆိုလွှာ၊ ပြင်ဆင်လွှာ၊ ကန့်ကွက်လွှာများ ပြုပြင်ဆောင်ရွက်ပေးခြင်းကို မဲစာရင်းထုတ်ပြန်သည့်နေ့မှ ၇ ရက်အတွင်း၌သာ ကျုံးဝင်ပြီး ထိုရက်ကျော်လွန်ပါက ဆောင်ရွက်ခြင်းမပြုရကြောင်း ရွေးကောက်ပွဲနည်းဥပဒေ ၁၄(က) () တို့တွင်လည်း ပြဌာန်း ထား သည်။


သို့သော် မဲစာရင်းပေးပိုင်ခွင့်ရှိသူများ အစုအဝေးနှင့်ကျန်ရှိနေပါက စာရင်း၊ ဇယားများဖြင့်ပြုစုကာ ရွေးကောက်ပွဲမတိုင်မီ တပတ် အလို မတ်လ၂၄ နေ့ အတွင်း ခရိုင်ကော်မရှင်အဖွဲ့ခွဲသို့ လာရောက်ပြုပြင်နိုင်ကြောင်း ရန်ကုန်တိုင်းကော်မရှင် ဥက္ကဌ ဦးကိုကို က ပြောပြသည်။


မဲစာရင်းမှာ မဲပေးပိုင်ခွင့်ရှိသူ အစုအဝေးနဲ့ ကျန်ရစ်ခဲ့ဦးမယ်ဆိုရင်တော့ ရွေးကောက်ပွဲမကျင်းပခင် ၇ ရက်ထက် နောက်မကျဘဲ။ ခရိုင်ကော်မရှင် အဖွဲ့ခွဲကနေပြီးတော့ ထည့်သွင်းခွင့်ပြုနိုင်ပါတယ်”ဟု ဦးကိုကို က ပြောသည်။


မဲစာရင်းလွဲချော်မှုများ ဖြစ်ပွားခဲ့သည့် မြို့နယ်များအနက် မြောင်းမြမြို့နယ်ထဲက နေရာတချို့တွင် ကော်မရှင်ရုံးများသို့ တင်သွင်းရာ အဆင်ပြေမှုများရရှိသကဲ့သို့ သဘောထားတင်းမာသော ကော်မရှင်တာဝန်ရှိသူများ တာဝန်ယူသော နေရာများတွင် ဖြေရှင်းခွင့် မရ ရှိခဲ့ကြောင်း မြောင်းမြမြို့ NLD ၏ ရွေးကောက်ပွဲ အောင်နိုင်ရေး ခေါင်းဆောင် ဦးဝင်းဆွေ က ပြောသည်။


မြောင်းမြနားက ကျေးသာတောင်ရွာမှာ အုပ်ချုပ်ရေးမှူး ဦးမြသောင်း က နာဂစ်ဖြစ်ပြီး သူတို့ဆီပြောင်း လာတဲ့ လူတွေကို မဲမထည့် ရဘူးလို့ ပြောတယ်။ မဲထည့်ချင်ရင် တယောက်ကို ကျပ်၂ သောင်းပေးရမယ် ဆိုပြီး တောင်းတယ်လို့ ရွာသားတွေက ကျနော် တို့ဆီ ကိုတိုင်တယ်”ဟု ဦးဝင်းဆွေ က ဆိုသည်။


မဲစာရင်းများကို၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲကအသုံးပြုခဲ့သည့် မူလ မဲစာရင်းကိုအခြေခံပြီး ရွေးကောက်ပွဲ ဥပဒေ၊ နည်းဥပဒေများ


နှင့်အညီ မှန်ကန်ပြည့်စုံသော မဲစာရင်းများပြုစုရန် ညွှန်ကြားထားပြီးဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေး က ယခုလ ၈ ရက်နေ့ နေပြည်တော်တွင် ပြုလုပ်သော ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နှင့် ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများနှင့် တွေ့ဆုံ ညှိနိုင်းအစည်းအဝေးတွင် ပြောကြားခဲ့သည်။


ထို့အတူ ဧပြီ ၁ ရက် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲကို တရားမျှတသောရွေးကောက်ပွဲအဖြစ် အောင်မြင်စွာကြီးကြပ်ပေးသွားမည်ဟုလည်း ပြောဆို ခဲ့သေးသည်။


ကျန်ရှိ နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရန် လို
By featured, လင်းသန့် on March 12, ဧရာဝတီ


မြန်မာနိုင်ငံတွင် နိုင်ငံရေး ဖြစ်စဉ်တိုးတက်မှုများ ရှိလာသည်ဟု ပြောဆိုနေ သော်လည်း နိုင်ငံရေး အကျဉ်းသား ၈၀၀ ကျော် ဆက်လက် ကျန်ရှိနေသေးကြောင်းထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) တွဲဖက် အတွင်းရေးမှူး ကိုဘိုကြည်က ပြောသည်။


ယခုနှစ် ဇန်နဝါရီလ ၁၃ ရက်နေ့က လွတ်ငြိမ်းချမ်းသာခွင့်အရ လွတ်လာမည့်သူများကို အင်းစိန်ထောင်ရှေ့တွင် စောင့်ကြိုနေကြသူများ (ဓာတ်ပုံ - ဧရာဝတီ)


အခု နိုင်ငံရေးအကျဉ်းသား ၈၀၀ ကျော် ကျန်နေသေးတယ်။ ၄၀၀ ကျော်ကို အခိုင်အမာ ပြောနိုင်ပြီး ကျန် ၄၀၀ ကျော် က ဆက်လက် စုံစမ်းနေဆဲပဲ” ဟု ကိုဘိုကြည်က ဧရာဝတီသို့ ပြောသည်။


မကြာခင်က သမ္မတဦးသိန်းစိန်၏ လွတ်ငြိမ်းချမ်းသာ အမိန့်ဖြင့် နာမည်ကြီး နိုင်ငံရေးအကျဉ်းသားများ အပါအဝင် လွတ်လာပြီး နောက်ပိုင်း နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး တောင်းဆိုမှုများ အသံတိတ်သွားကြောင်း၊ ကျန်ရှိ နိုင်ငံရေး အကျဉ်းသားများကိုလည်း ချွင်းချက်မရှိ အမြန်ဆုံး ပြန်လွှတ်ပေးရန်လိုကြောင်း ၎င်းက ဆက်လက်ပြောသည်။


မြန်မာစစ်အစိုးရ အဆက်ဆက်က နိုင်ငံရေးအကျဉ်းသား မရှိကြောင်း အစဉ်အဆက် ငြင်းဆိုလေ့ရှိသော်လည်း ပြန်လွှတ်ပေးချိန်များတွင် နိုင်ငံရေးအကျဉ်းသားများ ပါဝင်သည်ကို ဖော်ပြလေ့ရှိကြောင်း၊ နိုင်ငံရေးအကျဉ်းသား အဓိပ္ပာယ် သတ်မှတ်ချက် ကွဲလွဲမှုအပေါ် မူတည်ပြီး ကိန်းဂဏန်း ကွာဟမှုရှိကြောင်းနှင့် နိုင်ငံရေး အကျဉ်းသားစာရင်း ပြုစုရာတွင် အခက်အခဲများရှိကြောင်း သိရသည်။


ကိုဘိုကြည်က “ကျနော်တို့ မသိသေးတဲ့ နယ်စပ်ဒေသက ရွာသူရွာသားတွေ အဖမ်းခံနေရတာတွေ ရှိတယ်။ သူတို့ကို စာရင်းပြုစုလို့ မရသေးဘူး။ စစ်ဖြစ်နေတာကြောင့်လည်း ပါတယ်။ ဘာသာစကား အခက်အခဲတွေကြောင့်လည်း ပါတယ်။ ထင်ရှားသူတွေ လွတ်တာနဲ့ နိုင်ငံရေးအကျဉ်းသား ကုန်သွားတာ မဟုတ်ပါဘူး” ဟု ဆိုသည်။


ယခုနှစ် ဇန်နဝါရီလ အတွင်းက လွတ်ငြိမ်းချမ်းသာခွင့် ကြေညာပြီးနောက် ပြည်ထဲရေးဝန်ကြီး ဒု ဗိုလ်ချုပ်ကြီး ကိုကိုက “ကျနော်တို့ဆီမှာ နိုင်ငံရေးအကျဉ်းသားခေါ်ခေါ်၊ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံရသူဆိုဆို မရှိပါဘူး။
နိုင်ငံရေးလုပ်လို့ ဖမ်းရမယ့် ဥပဒေလည်း မရှိပါဘူး။ နိုင်ငံတော်တည်ငြိမ်ရေး၊ တရားဥပဒေ စိုးမိုးရေးကို နှောင့်ယှက်သူတွေကိုသာ ဖမ်းဆီးထားတဲ့အတွက် ကျနော်တို့ဆီမှာ နိုင်ငံရေးအကျဉ်းသားရှိတယ်လို့ မဆိုနိုင်ပါဘူး” ဟု ပြောဆိုခဲ့သည်။


ကိုဘိုကြည်က စစ်အစိုးရအဆက်ဆက် နိုင်ငံရေးပုဒ်မများထဲတွင် ပုဒ်မ ၅ ည၊ ပုဒ်မ ၁၂၂၊ ၁၄၃၊ ၁၄၄၊ ၁၄၅ အစရှိသည်ဖြင့် ပုံနှိပ် အက်ဥပဒေလည်း ပါဝင်ကြောင်း၊ ယခု နောက်ပိုင်း ထပ်တိုးလာသည့် အီလက်ထရောနစ်အက် ဥပဒေ ပုဒ်မ ၃၃ (က) စသည့် ဥပဒေ ပုဒ်မများနှင့် အဖမ်းခံထားရလျှင်လည်း နိုင်ငံရေးအကျဉ်းသားဟု သတ်မှတ်၍ရကြောင်း ပြောသည်။


လွတ်မြောက်လာသော နိုင်ငံရေးအကျဉ်းသားဟောင်းများ ပြန်လည်ပြုစု ပျိုးထောင်ရေးနှင့် ပတ်သက်၍လည်း AAPP က လုပ်ဆောင်နေကြောင်း၊ အဆင့်အလိုက် အမှန်တကယ် ထောက်ပံ့မှု လိုအပ်သည့် နိုင်ငံရေးအကျဉ်းသားဟောင်း စာရင်းကို ပြုစုနေကြောင်း သိရသည်။


နိုင်ငံရေး အကျဉ်းသားဟောင်းများ၏ တဦးချင်း အရည်အချင်းမြှင့်တင်ရေး၊ ဘ၀ရပ်တည်ရေးအတွက် အဓိက တာဝန်ရှိသူမှာ အစိုးရဖြစ်ပြီး နိုင်ငံရေးအကျဉ်းသားကို အသိအမှတ်ပြုရန်လိုကြောင်း ကိုဘိုကြည်က ဆိုသည်။


နိုင်ငံရေးအကျဉ်းသားဟောင်း ရှေ့နေတွေဆို လိုင်စင်ပြန်မရတာတွေ၊ ကျောင်းသားတွေ ကျောင်းပြန်တက်ခွင့် မရတွေဟာ နှစ်ခါ အပြစ်ပေးခံရသလို ဖြစ်နေတယ်။ မတရားလည်း အဖမ်းခံခဲ့ရတယ်။ လွတ်လာတော့လည်း ကျောင်းဆက်တက်လို့ မရဘူး။ မူအရ အစိုးရက နိုင်ငံရေးအကျဉ်းသားတွေကို အသိအမှတ်ပြုဖို့ လိုတယ်။ အစိုးရကိုယ်တိုင်က နစ်နာခဲ့သူတွေအတွက် ပြန်ပြီး လုပ်ပေးသင့်တယ်” ဟု ကိုဘိုကြည်က ပြောသည်။


စစ်ထောက်လှမ်းရေးအကြီးအကဲဟောင်း ဗိုလ်ချုပ်ကြီး ခင်ညွန့် တာဝန်ယူခဲ့စဉ် ၁၉၈၉ ခုနှစ်က သံလျင် ရေနံချက်စက်ရုံ ဗုံးခွဲသည်ဟုဆိုကာ စွပ်စွဲဖမ်းဆီးခဲ့သည့် သံလျင်မြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီဝင် ကိုသန်းဇော်သည် သရက် အကျဉ်းထောင်ထဲ၌ ယနေ့အထိ ရှိနေကြောင်း၊ အတူဖမ်းဆီး အပြစ်ပေးခံခဲ့ရသည့် ကိုညီညီဦးသည်လည်း မကြာခင်ကမှ ပြန်လည်လွတ်မြောက်လာကြောင်း၊ ထိုကဲ့သို့သော နစ်နာခဲ့ရသူ များစွာရှိနေကြောင်း ကိုဘိုကြည်က ထောက်ပြသည်။


ဒီလို နစ်နာခဲ့ရတဲ့ သူတွေကလည်း ဦးခင်ညွန့်ဆီက မှားယွင်းကြောင်း ၀န်ခံရန်နဲ့ တာဝန်ယူသင့်ကြောင်း စာရေးတောင်းဆိုသင့် ထင်တယ်” ဟု ၎င်းက ဆိုသည်။


မြန်မာနိုင်ငံတွင် တောင်အာဖရိက သင်ခန်းစာကဲ့သို့ အမှန်တရား ဖော်ထုတ်ရေးနှင့် အမျိုးသားပြန်လည် သင့်မြတ်ရေး ကော်မရှင်ကဲ့သို့ ဖွဲ့စည်းရန် လိုအပ်နေကြောင်းလည်း ကိုဘိုကြည်က ပြောသည်။


ယခုအခါ ကိုဘိုကြည်သည် “ရေဆန်လမ်း” အမည်ရှိ နိုင်ငံရေး အကျဉ်းသားများအကြောင်း သရုပ်ဖော် မှတ်တမ်းရုပ်ရှင် ပြသရန် အမေရိကန် ပြည်ထောင်စုသို့ ရောက်ရှိနေသည်။ အမေရိကန် ပြည်နယ် ၆ ခုနှင့် တက္ကသိုလ် ၂၀ ကျော်တွင် အဆိုပါ မှတ်တမ်းရုပ်ရှင်ကို ပြသမည်ဖြစ်ကြောင်း၊ အမေရိကန်အစိုးရ တာဝန်ရှိသူများနှင့်လည်း တွေ့မည်ဖြစ်ပြီး နိုင်ငံရေး အကျဉ်းသားများအရေး စည်းရုံးလှုံ့ဆော်မည်ဖြစ်ကြောင်း သိရသည်။


နိုင်ငံရေးအကျဉ်းသားတွေ အကုန် မလွှတ်သေးဘဲနဲ့ Sanction (ပိတ်ဆို့အရေးယူမှု) ကို အကုန်ရုပ်သိမ်းဖို့ မဖြစ်နိုင်သေးဘူး။ အမေရိကန်၊ ဥရောပသမဂ္ဂတွေကို ဒါနဲ့ပတ်သက်ပြီး ပြောဆိုဖို့ရှိပါတယ်” ဟု ၎င်းက ဆိုသည်။


မကြာသေးမီက သမ္မတ၏ လွတ်ငြိမ်းချမ်းသာအမိန့်ဖြင့် ပြန်လည်လွတ်မြောက်လာကြသော နိုင်ငံရေးအကျဉ်းသား ရဟန်းတော် ဦးဝီရသူ၊ ၈၈ မျိုးဆက် ကျောင်းသားများ၊ နိုင်ငံရေး အကျဉ်းသားဟောင်းများကလည်း ကျန်ရှိနေသေးသော နိုင်ငံရေးအကျဉ်းသားများအား အမြန်ဆုံး လွှတ်ပေးရန် တောင်းဆိုလှုပ်ရှားမှုများ ပြုလုပ်နေကြသည်။


လွတ်ငြိမ်းချမ်းသာခွင့်ကို ရက်ကြီးရက်မြတ်မှ မဟုတ်ဘဲ အခွင့်သင့်သည့်နေ့တွင် ပြုလုပ်မည်ဖြစ်ပြီး နိုင်ငံရေးအကျဉ်းသား စာရင်းများရှိပါက ပေးပို့ရန်နှင့် ပြည်ထဲရေးဝန်ကြီးဌာနက စိစစ်သွားမည်ဖြစ်ကြောင်း ဒု ဗိုလ်ချုပ်ကြီး ကိုကိုက ယခုနှစ် ဇန်နဝါရီလ အစောပိုင်းတွင် ပြောဆိုထားသည်။


ကြံ့ခိုင်ရေး ပါတီ ငွေပေး မဲဆွယ်
By featured, ဧရာဝတီ on March 12, ဧရာဝတီ


ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ (ကြံ့ခိုင်ရေးပါတီ) က ကြားဖြတ် ရွေးကောက်ပွဲ အတွက် မဲဆွယ်ပွဲ တက်ရောက်ရန် လူ တဦးလျှင် တနေ့ ကျပ် ၃၀၀၀ ပေး၍စည်းရုံးမှုများ ပြုလုပ်လျက် ရှိကြောင်း သတင်းရရှိသည်။


ရန်ကုန်မြို့တွင် မတ်လ ၇ ရက်နေ့က မဲဆွယ် စည်းရုံးရေး လုပ်နေသော ကြံ့ခိုင်ရေး ပါတီဝင်များ (ဓာတ်ပုံ - Reuters)


ပါတီကိုယ်စားလှယ်လောင်း တဦးလျှင် ကျပ် သိန်း ၅၀ ထုတ်ပေးပြီး အောင်နိုင်ရေးအတွက် ထိုသို့ မဲဆွယ်စည်းရုံးမှုများ ပြုလုပ်လာ ခြင်းဖြစ်သည်ဟု ရန်ကုန်တိုင်း ကြံ့ခိုင်ရေးပါတီ အသိုင်းအ၀ိုင်းက ပြောသည်။


ဗဟိုကနေ ပါတီ ကိုယ်စားလှယ်လောင်းတွေအတွက် မဲဆွယ်စရိတ် ထုတ်ပေးထားတယ်၊ သက်ဆိုင်ရာ မြို့နယ် ပါတီရုံးခွဲတွေ က လည်း တတ်နိုင်သလောက် ငွေကြေးရော စိတ်ဓာတ်ပိုင်းဆိုင်ရာရော ကိုယ်စားလှယ်လောင်းအတွက် ဖြည့်ဆည်းပေးကြဖို့ လူကြီး တွေက ညွှန်ကြားထားပါတယ်”ဟု ရန်ကုန်တိုင်း ကြံ့ခိုင်ရေးပါတီ တာဝန်ရှိသူ တဦးကလည်း ပြောဆိုသည်။


ထို့အပြင် အစိုးရ၀န်ကြီးတချို့ကလည်း ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်လောင်းများအတွက် အထူးမဲဆွယ်ပွဲများ ပြုလုပ်ပေးလျက်ရှိကြောင်း သိရှိရသည်။


ရန်ကုန်တိုင်း မင်္ဂလာတောင်ညွှန့်မြို့နယ်မှ အရွေးချယ်ခံမည့် ကြံ့ခိုင်ရေးပါတီ၏ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါ်လဲ့လဲ့အေး အတွက် အလုပ်သမားဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင် စု ၀န်ကြီး ဦးအောင်ကြည်က မဲဆွယ်ပေးလျက်ရှိကြောင်း ဒေသခံ တဦးက ပြောပြသည်။


ဦးအောင်ကြည်ကိုယ်တိုင် ဖဆပလ ရပ်ကွက်မှာ သက်ကြီးကန်တော့ပွဲ နာမည်တပ်ပြီး ဒေါ်လဲ့လဲ့အေးအတွက် မဲဆွယ်သွားတယ်။ သက်ကြီးရွယ်အိုတွေကို ငွေကြေးနဲ့ ကန်တော့ပြီး ဒေါ်လဲ့လဲ့အေးကို မဲထည့်ပေးဖို့ မဲဆွယ်တယ်”ဟု မင်္ဂလာတောင်ညွှန့် ဒေသခံက ပြောသည်။


ဦးအောင်ကြည်သည် ၂၀၁၀ ရွေးကောက်ပွဲတွင် မင်္ဂလာတောင်ညွှန့်မြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ်အဖြစ် အရွေးချယ်ခံရပြီး ပြည်ထောင်စု ၀န်ကြီးတာဝန် ထမ်းဆောင်နေသူ ဖြစ်သည်။


အစိုးရ၀န်ကြီး တဦးအနေဖြင့် နိုင်ငံ့တာဝန်ထမ်းဆောင်ချိန်တွင် ယခုကဲ့သို့ ပါတီနိုင်ငံရေးအတွက် မဲဆွယ်စည်းရုံးရေး ပြုလုပ်ခြင်းမှာ ဥပဒေနှင့် မညီကြောင်း ပြည်တွင်းရှိ နိုင်ငံရေးသမား တဦးက ပြောသည်။


အစိုးရ၀န်ကြီးဆိုတာက ပြည်သူ့ဝန်ထမ်းဖြစ်သွားပြီ။ ပါတီနိုင်ငံရေးကို လုပ်လို့မရဘူး။ ပါတီကိုယ်စားလှယ်လောင်းအတွက် မဲဆွယ် တာမျိုး တကယ်ကို မလုပ်သင့်ဘူး။ ဥပဒေအရလည်း ငြိတယ်။ ၀န်ကြီး ဆိုတဲ့ ရာထူးအရှိန်အ၀ါ သုံးပြီး ပါတီ အတွက် မဲဆွယ်တာ က လည်း နိုင်ငံပိုင်ပစ္စည်းကို သုံးတာပဲ”ဟု နိုင်ငံရေးသမား တဦးဖြစ်သူ ဒေါက်တာ စောနိုင်က ပြောသည်။


၂၀၁၀ ရွေးကောက်ပွဲတွင်လည်း ကြံ့ခိုင်ရေး ပါတီအတွက် အစိုးရ ၀န်ကြီးများ မဲဆွယ်စည်းရုံးမှု ပြုလုပ်ခဲ့သည်။


နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေတွင် နိုင်ငံ့ဝန်ထမ်း မဟုတ်သူများသာ ပါတီ တည်ထောင်ခွင့်၊ စည်းရုံးခွင့် ရှိကြောင်း နှင့် နိုင်ငံရေးပါတီများအနေဖြင့် နိုင်ငံပိုင် ငွေကြေး၊ မြေ၊ အိမ်၊ အဆောက်အအုံ၊ ယာဉ် ၊ ပစ္စည်းတို့ကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ ဖြစ် စေ ရယူသုံးစွဲသည်ကို တွေ့ရှိပါက ပါတီမှတ်ပုံတင်ကို ဖျက်သိမ်း၍ ပါတီကိုလည်း ဖျက်သိမ်းရမည်ဟု ပြဌာန်းထားသည်။


မရမ်းကုန်းမြို့နယ် ကြံ့ခိုင်ရေးပါတီ၏ လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ၀င်ရောက်ယှဉ်ပြိုင်မည့် အငြိမ်းစား ညွှန်ကြားရေးမှူး ဦးရဲထွဋ်ကလည်း မဲဆွယ်စည်းရုံးရေး ကားဖြင့်လှည့်လည်ရန် လူတဦးလျှင် နေ့စား ကျပ် သုံးထောင်ပေး၊ ထမင်းကျွေးစနစ်ဖြင့် ခေါ်ယူ အသုံးပြုကြောင်း သိရှိရသည်။


တချို့တနေ့လုပ်တနေ့စားတွေက ထမင်းလည်းစားရမယ်၊ ပိုက်ဆံလည်းရတယ်ဆိုတော့ လိုက်သွားကြတာ၊ ရပ်ကွက်ပြည်သူတွေ ကတော့ ကြံ့ဖွံ့က ခေါ်တာကို စိတ်သိပ်မ၀င်းစားကြဘူး၊ သူတို့တနေ့ ၃၀၀၀ ပေးခေါ်ထားတဲ့ လူတွေကတောင် ရွေးကောက်ပွဲကျင်း ပတဲ့နေ့ ဒေါ်အောင်ဆန်းစုကြည်ကို မဲထည့်မယ် ပြောနေကြတယ်”ဟု မရမ်းကုန်းမြို့နယ် ၃ ရပ်ကွက်သား တဦးက ပြောသည်။


ကြံ့ခိုင်ရေးပါတီသည် ပြီးခဲ့သည့် ၂၀၁၁ ခုနှစ် ဒီဇင်ဘာလအတွင်းက မရမ်းကုန်းမြို့နယ်၌ အိမ်ဂရန်များချထားပေးမည်ဟုဆိုပြီးကြားဖြတ် ရွေးကောက်ပွဲ အတွက်တရားမ၀င် မဲဆွယ်စည်းရုံးမှု ပြုလုပ်ခြင်းများ ရှိခဲ့သည်။


ရပ်ကွက်အားလုံးတွင် အိမ်ဂရန်များရရှိရန် ဆောင်ရွက်ပေးမည်ဟုဆိုပြီး အိမ်အရောင်းအ၀ယ်စာချုပ်၊အိမ်ထောင်စု စာရင်း၊ အိမ်ပိုင် ရှင်၏ နိုင်ငံသားစိစစ်ရေးကတ် အပါအ၀င် လိုအပ်သောအချက်အလက်စာရွက်စာတမ်းများကို တောင်းခံကြောင်း၊ ဒီဇင်ဘာ၂၁ ရက် နေ့မှ၂၂ ရက်နေ့အထိ ရပ်ကွက် ကြံ့ခိုင်ရေးပါတီရုံးတွင် လာလျှောက်ကြရန်လည်း ရာအိမ်မှူး၊ ဆယ်အိမ်မှူးများက လိုက်လံနှိုးဆော်မှုများ ပြုလုပ်ခဲ့သည်။


ယင်း အိမ်ဂရန်ထုတ်ပေးမည့် အစီအစဉ်ကို နောက်ပိုင်းတွင် ပြန်လည် ရုပ်သိမ်းခဲ့သည်ဟု သိရသည်။


၂၀၁၀ ရွေးကောက်ပွဲတွင်လည်း ကြံ့ခိုင်ရေး ပါတီသည် လမ်းခင်းခြင်း၊ ငွေထုတ်ချေးများဖြင့် မဲဆွယ်စည်းရုံးခြင်း၊ ကြိုတင်မဲရယူခြင်း များ အပါအ၀င် ဥပဒေနှင့်မညီသော နည်းလမ်းများဖြင့် ရွေးကောက်ပွဲအနိုင်ရခဲ့ကြောင်း ပြည်တွင်း နိုင်ငံရေးပါတီများက တရားဝင် ထုတ်ပြန်ပြောဆိုခဲ့ကြသည်။


ဧပြီ ၁ ရက်ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ကြံ့ခိုင်ရေး ပါတီက လစ်လပ်မဲဆန္ဒနယ် ၄၈ နေရာလုံးတွင် ၀င်ရောက်ယှဉ်ပြိုင် မည်ဖြစ်ကြောင်း သိရသည်။


ကြံ့ခိုင်ရေးပါတီသည် ၁၉၉၃ ခုနှစ်ကစတင်၍ လူမှုရေးအသင်းအဖြစ် တည်ထောင်ခဲ့ပြီးနောက်၂၀၁၀ ပြည့်နှစ်တွင် ရွေးကောက်ပွဲဝင်ရန် နိုင်ငံရေး ပါတီ အဖြစ်ပြောင်းလဲ ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။


ဒေါ်အောင်ဆန်းစုကြည် လွှတ်တော် လေ့လာ
By featured, ရန်ပိုင် on March 12, ဧရာဝတီ


အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်သည် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်း၏ ဖိတ်ကြားချက်အရ ဧည့်သည်တော်အဖြစ်ယနေ့ ကျင်းပနေသည့် ပြည်သူ့လွှတ်တော်၌ မိနစ် ၄၀ ခန့်ကြာ လေ့လာကြောင်း သတင်းရသည်။


၂၀၁၁ ခု ဒီဇင်ဘာ လကုန်ပိုင်းက လွှတ်တော် လေ့လာရေး ခရီးစဉ်၌ ဒေါ်အောင်ဆန်းစုကြည် ကို ဦးရွှေမန်းနှင့် အတူ တွေ့ရစဉ် (ဓာတ်ပုံ - Reuters)


လေ့လာသူအဖြစ် သွားတာပါ၊ တခြား လွှတ်တော် ကိုယ်စားလှယ်တွေ၊ တိုင်းရင်းသား လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ မတွေ့ဖြစ် ပါဘူး”ဟု လုံခြုံရေး တာဝန်ယူထားသည့် ဦးခွန်သာမြင့်က ဆိုသည်။


ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့နံနက် ၉နာရီခွဲ ခန့်က ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းနှင့် နှစ်ဦးတည်း သီးသန့်တွေ့ ဆုံဆွေးနွေးခဲ့ပြီး မည်သည့် အကြောင်းအရာများ တွေ့ဆုံဆွေးနွေးသည်ကိုမူ မသိရှိရကြောင်း ဦးခွန်သာမြင့်က ဆက်ပြောသည်။


ထို့အပြင် နံနက် ၈ နာရီခွဲခန့်က အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်နှင့်လည်း သီးခြားတွေ့ဆုံခဲ့ကြောင်း သိရသည်။


ဒေါ်အောင်ဆန်းစုကြည်သည် NLDပါတီ၏ မူဝါဒနှင့် သဘောထား လုပ်ငန်းစဉ်များအား ရုပ်မြင်သံကြားနှင့် ရေဒီယိုအစီအစဉ်များမှ ထုတ်လွှင့်မှုအတွက် ရိုက်ကူးရန် နေပြည်တော်သို့ ရောက်ရှိနေခြင်း ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်၏ ရုပ်သံ ဟောပြောချက် မူကြမ်းထဲမှ တချို့ကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ဆင်ဆာဖြတ်တောက်ထားသည်။


ယနေ့ နေ့လယ်ပိုင်းတွင် ဒေါ်အောင်ဆန်းစုကြည်သည် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးနှင့် တွေ့ဆုံမည်ဖြစ် ကြောင်း သိရသည်။


ထို့နောက် ဒေါ်အောင်ဆန်းစုကြည်သည် နေပြည်တော်ရှိ ရွိုင်ရယ် ကုမုဒြာ ဟိုတယ်၌ နားနေပြီး ရန်ကုန်နေ အိမ်သို့ ပြန်လည် ထွက် ခွာမည်ဖြစ်ကြောင်း၊ မူလက မဲဆွယ်စည်းရုံးရေး သွားရောက်မည့် မကွေးတိုင်း အတွင်း ခရီးစဉ်ကို လာမည့် မတ်လ ၂၈ ရက်သို့ ရွှေ့ ပြောင်းလိုက်ကြောင်း NLD က ပြောသည်။


NLDပါတီ ၀င်ရောက်ယှဉ်ပြိုင်မည့် မဲဆန္ဒနယ်မြေများတွင် ဆန္ဒမဲပေးခွင့်ရှိသူ စာရင်းကွာဟမှုများရှိနေပြီး တချို့ဒေသများတွင် သေ ဆုံး သွားသူများ၊ နိုင်ငံသား စိစစ်ရေးကတ် နံပါတ်တူသူများ၊ မိဘ အမည်တူသူ အများအပြား မဲပေးခွင့်ရှိသူ စာရင်းတွင် ပါရှိနေ သည့် အတွက် ကန့်ကွက်ပြောဆိုမှုများလည်း ပေါ်ထွက်နေသည်။


လက်ရှိအခြေအနေ၌ ဒေါ်အောင်ဆန်းစုကြည်ဝင်ရောက် ယှဉ်ပြိုင်မည့် ရန်ကုန်တိုင်း ကော့မှူးမြို့နယ် ၀ါးဘလောက်သောက်ရွာတွင် မဲပေးနိုင်သူ ဦးရေ ၄၉၀ ကျော်စာရင်းတွင် ပါဝင်ခြင်းမရှိကြောင်း အဆိုပါကျေးရွာရှိ NLDပါတီ ရွေးကောက်ပွဲ အောင်နိုင်ရေးအဖွဲ့ဝင် တဦးက ပြောသည်။


ဒေါ်အောင်ဆန်းစုကြည်ကလည်း မဲစာရင်းကွာဟမှုများကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အနေဖြင့်အချိန်မီ အရေးယူပြုပြင် နိုင်ခြင်းမရှိပါက တရားမျှတသည့် ရွေးကောက်ပွဲဖြစ်သည်ဟု ခေါ်ဆိုနိုင်ခြင်းရှိမည်မဟုတ်ဟု မီဒီယာများနှင့် တွေ့ဆုံရာတွင် ပြော ဆိုထားသည်။


ဧပြီ ၁ ရက်ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် NLD ပါတီက လစ်လပ်နေရာ ၄၈ နေရာ စလုံး ၀င်ရောက် ယှဉ်ပြိုင်မည် ဖြစ်ကြောင်း ထုတ်ပြန်ထားပြီး ဖြစ်သည်။


သူများတွေအတွက် ဦးဝင်းတင်
ဦးဝင်းတင်နဲ့ မေးခွန်းများ
မိုးမခ၊ မတ် ၁၂၊ ၂၀၁၂ မိုးမခ
၁၉၈၉ ဇူလိုင်မှာ စတင်ပြီးတော့ ၂၀၀၈ နိုဝင်ဘာလ အထိ ၁၉ နှစ်လုံးလုံး စစ်အစိုးရရဲ့ ဖမ်းဆီးချုပ်နှောင်ခြင်း၊ နှိပ်စက်ညှင်းပမ်းခြင်းကို ကြံ့ကြံ့ခံရင်ဆိုင်ခဲ့တဲ့ သတင်းစာဆရာ၊ ဒီမိုကရေစီရေး အတိုက်အခံခေါင်းဆောင်၊ ၈၈ အရေးတော်ပုံကြီးရဲ့ သံမဏိသက်ရှည် အရေးတော်ပုံတပ်သား ဦးဝင်းတင် ဒီမတ်လ ၁၂ ရက်မှာ ၈၂ နှစ်ပြည့်မှာ ဖြစ်တယ်။ ၂၀၀၈ နိုဝင်ဘာလ လွတ်မြောက်ချိန်က စတင်ပြီးတော့ မရပ်မနား၊ မဆုတ်မနစ်နဲ့ မပြီးဆုံးသေးတဲ့ ဒီမိုကရေစီအရေးတော်ပုံကြီးမှာ ဆက်လက်ပြီး ဦးဆောင်မှုပေးနေတဲ့ ဆရာဦးဝင်းတင်ဟာ ယခုအချိန်မှာလည်း သူရဲ့ မိခင်နိုင်ငံရေးပါတီရဲ့ သဘာပတိအဖွဲ့ဝင်၊ ရွေးကောက်ပွဲအောင်နိုင်ရေး ပြန်ကြားရေး တာဝန်ခံအဖြစ် စိုက်လိုက်မတ်တပ်ဖြင့် တက်ကြွစွာ ဆောင်ရွက်နေဆဲ ဖြစ်ပါတယ်။
၂၀၀၉ ခုနှစ် ဒေါ်အောင်ဆန်းစုကြည်ကို အင်းစိန်ထောင် တရားရုံးမှာ စစ်အစိုးရက ချုပ်နှောင် အရေးယူဖို့ ကြိုးစားခဲ့စဉ်က အင်းစိန်ထောင်အနီး လမ်းပေါ်မှာ လူထုနဲအတူ ဆန္ဒထုတ်ဖော်ခဲ့တဲ့ ဦးဝင်းတင် …
၂၀၁၀ ခုနှစ် စစ်အစိုးရရဲ့ ရွေးကောက်ပွဲကို ပြတ်ပြတ်သားသား ဆန့်ကျင် သပိတ်မှောက်ပြီး ဖမ်းဆီးအရေးယူ ချုပ်နှောင်ခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး၊ လွတ်လပ်စွာ နိုင်ငံရေးလှုပ်ရှားခွင့်များ ရရှိရေးအတွက် ရပ်တည် ရင်ဆိုင်ခဲ့တဲ့ ဦးဝင်းတင် …
၂၀၁၀ နှစ်ကုန်မှ ၂၀၁၁ ခုနှစ် အတွင်း ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာပြီးနောက်ပိုင်း အင်န်အယ်ဒီပါတီ ဆက်လက်ရှင်သန် ရပ်တည်ရေး၊ နိုင်ငံရေးအကျဉ်းသားများ ပြန်လည်လွတ်မြောက်ရေး၊ နိုင်ငံရေးလှုပ်ရှားမှုများ ဆက်လက်ဖော်ဆောင်ရေးတို့ကို ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ အတိုက်အခံခေါင်းဆောင်များနဲ့ စည်းလုံးညီညွတ်စွာ လက်တွဲပြီး ဆက်လက်လှုပ်ရှားခဲ့တဲ့ ဦးဝင်းတင် …
၂၀၁၂ ခုနှစ် ယခု ကြားဖြတ်ရွေးကောက်ပွဲကာလ နိုင်ငံရေးအပြောင်းအလဲတွေ မျှော်လင့် လှုပ်ရှားနေကြတဲ့ အချိန်မှာလည်း ဆရာဦးဝင်းတင်ဟာ တက်ကြွ ရွှင်လန်းနေတဲ့ ပြည်သူလူထုကြီးနဲ့အတူ မမောမပမ်း ချီင်္တက်နေဆဲ ဖြစ်ပါတယ်။
မြန်မာပြည် နယ်အနှံ့ စည်းရုံးရေး ခရီးစဉ်တွေ ထွက်နေတဲ့ ဦးဝင်းတင်နဲ့ မေးခွန်းတွေ မမေးမြန်းဖြစ်တာလည်း တလနီးပါး ရှိပြီမို့ ယမန်နေ့က ခေတ္တဆုံတွေ့ခိုက်မှာ ဆရာရဲ့ ၈၂ နှစ်ပြည့် တဲ့အချိန် ဆက်လက်ရင်ဆိုင်ဖြတ်သန်းဖို့ ဘယ်လို အင်အားတွေ မွေးထားသလဲ၊ ဘယ်လို သန္နိဌာန်တွေ ရှိနေသလဲ ဆိုတာကို မေးမြန်းဖြစ်ခဲ့ပါတယ်။
ဆရာက ပြန်လည် ဖြေကြားရာမှာ …
ကျနော် ဒီလှိုင်းစာစောင်မှာလည်း ရေးခဲ့ပြီးပြီ။ အခြားမေးမြန်းကြသူတွေကိုလည်း ပြောပြခဲ့ပါတယ်။ အဲဒါကိုပဲ ကျနော် ဒီမှာ ထပ်ပြောချင်ပါတယ်။ လောကကြီးမှာ အများဆိုတာ၊ အခြားသူများဆိုတာ အများကြီးရှိတယ်။ ကျနော်တို့က ကိုယ်တဦးတည်းအတွက် နေထိုင်နေတာ မဟုတ်ဘူး။ တခြားသူတွေ၊ သူများတွေအတွက်လည်း အကျိုးရှိအောင်၊ ကောင်းကျိုးဖြစ်အောင် နေထိုင်လုပ်ကိုင်ကြရမယ်လို့ သဘောပေါက်မိတယ်။
ဂျာနယ်ကျော်ဦးချစ်မောင်က “သူ” ဆိုတဲ့ စာအုပ်ကို ရေးခဲ့တယ်။ ကျနော်ကတော့ အဲသည်လိုမျိုး “သူများ” ဆိုတဲ့ ခေါင်းစဉ်နဲ့ စာအုပ်တောင် ရေးချင်ခဲ့ပါတယ်။ ငယ်ငယ်တုန်းကတော့ စာမရေးတတ်သေးတော့ မရေးဖြစ်ခဲ့ဘူး။ အခုမှာလည်း အချိန်က မရတော့ မရေးဖြစ်သေးဘူး။ ဒါပေမယ့် လောကမှာ အများအတွက် သူများအတွက် ကောင်းကျိုးရှိအောင် လုပ်ကြဖို့ အကြောင်းကို တိုက်တွန်းချင်တယ်။ ကျနော်ကိုယ်တိုင်လည်း သည်လိုပဲ ခံယူထားတယ်ဆိုတာကို ပြောချင်ပါတယ်။
နောက်တချက် ကျနော် ပြောချင်တာကတော့ ကျနော်ကိုယ်တိုင် သူများတွေအတွက် အလုပ်လုပ်မယ်လို့ သဘေားထားရှိရုံနဲ့ မပြီးသေးဘူး။ ကိုယ့်လိုပဲ အများအတွက်၊ သူများအတွက် အလုပ်လုပ်တဲ့သူများတွေနဲ့လည်း လက်တွဲပြီး ပူးပေါင်းပြီးတော့ အတူတကွ လုပ်နိုင်ကြရမယ်။ လုပ်ကြရမယ်လို့လည်း ပြောချင်တယ်။
နောက်ပြီးတော့ ပြောချင်တဲ့ တချက်ကတော့ ကျနော်တို့တတွေက သူများတွေအတွက် အလုပ်လုပ်နေကြရုံနဲ့လည်း မပြီးသေးဘူး။ အဲသည်လို သူများတွေရဲ့ ကောင်းကျိုးစီးပွားကို လုပ်ဆောင်နေကြတာကို ဖျက်လို ဖျက်ဆီးလုပ်ကြတဲ့သူတွေ၊ နှောက်ယှက်မှုတွေ၊ အန္တရာယ်အမှုတွေ ပြုလာကြတဲ့ သူတွေဆီကလည်း ကာကွယ်ကြဖို့၊ တားဆီးကြဖို့လည်း လိုအပ်တယ်လို့လည်း ပြောချင်ပါတယ်။
ဆက်ပြီးတော့ တင်ပြလိုတာကတော့ ကျနော်လိုမျိုး အများအတွက်၊ သူများအတွက် လုပ်ကိုင်ဆောင်ရွက်နေကြတဲ့ သူတွေနဲ့ လက်တွဲပြီး လုပ်ကိုင်နေရင်းကနေပြီးတော့ နောက်မျိုးဆက်အဆင့်ဆင့်မှာ နောင်ကို သူများတွေအတွက် ဆက်လက်လုပ်ကိုင်မယ့် လူငယ်တွေကိုလည်း လက်ဆင့်ကမ်းနိုင်အောင်၊ ရပ်တည်လာနိုင်အောင် ကြိုးပမ်းကြဖို့လည်း လိုတယ်ဆိုတာကို ပြောချင်ပါတယ်။
ဥပမာ သူများတွေအတွက် ကျနော်က လှုပ်ရှားနေသလိုမျိုး ကျနော့်ထက် ၃ နှစ်ကြီးတဲ့ ဦးတင်ဦးဆိုလည်း အများအတွက်ပဲ လှုပ်ရှားဆောင်ရွက်နေတယ်။ သူများတွေအတွက် ရှင်သန်ရုန်းကန်နေတဲ့ မြန်မာပြည်သူတွေရဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်လည်း အသက် ၇၀ နားနီးနေပြီ။ ဒီတော့ ကျနော်တို့တတွေကလည်း လူကြီးတွေအနေနဲ့ သူများတွေအတွက် လုပ်ကိုင်နေကြသလို လူငယ်တွေမှာလည်း သူများတွေအတွက် အများအကျိုးအတွက် ဆောင်ရွက်လိုသူတွေ တိုးပွားလာအောင် ပြုစုပျိုးထောင်ကြရမယ်။ လမ်းဖောက်ပေးရမယ်။ လမ်းဖွင့်ပေးရမယ်။ အခုဆိုရင် ကျနော်တို့ သဘာပတိအဖွဲ့ကို သူများတွေအတွက် ဖွဲ့စည်းထားတာ ဖြစ်တယ်။
နိုင်ငံရေးပါတီတခုအနေနဲ့ နိုင်ငံရေးသဘောထားတွေ၊ နိုင်ငံရေးစိတ်ဓာတ်တွေ၊ နိုင်ငံရေး အသိပညာတွေကို ဖြန့်ချိလက်ဆင့်ကမ်းနေတာနဲ့ ထပ်တူ လူငယ်တွေဆီမှာ မျိုးဆက်သစ်တွေဆီမှာ … အများအတွက် သူများအတွက် ငါတို့ အလုပ်လုပ်ကြမယ်ဆိုတဲ့ စိတ်ဓာတ်၊ အခြေခံအဆောက်အအုံ စိတ်ဓာတ်ကို တည်ဆောက်ကြရမယ်။ လက်ဆင့်ကမ်းကြရမယ်လို့ ပြောချင်ပါတယ်။


(ရွေးကောက်ပွဲအောင်နိုင်ရေး စည်းရုံးရေးခရီးစဉ်အတွေ့ကြုံများနဲ့ လက်ရှိကိုယ်စားလှယ်လောင်းများအပေါ် မျှော်လင့်ချက် မေးခွန်းများကို ဆက်လက်ဖော်ပြပါမည်)


လက်တော့ပ်ကိုင်မည့် မျိုးဆက်သစ်များ
ကျော်သူ (နာရေးကူညီမှုအသင်း - ရန်ကုန်) မတ်လ ၁၂၊ ၂၀၁၂ မိုးမခ


ပညာရေးနှင့်ပတ်သက်ပြန်တော့လည်း ကျွန်တော်နားမလည်။ မတတ်ကျွမ်း။ မဆလခေတ်တွင် ကြီးပြင်းလာသူတစ်ယောက်အနေဖြင့် ပညာရေးဆုံးရှုံးမှုများထဲတွင် တစ်ယောက်အပါအဝင်ဖြစ်ခဲ့သည်။ ပညာရေးအစမ်းသပ်ခံလူသားတစ်ဦးဖြစ်ခဲ့ရသည်။ ပညာရေးနှင့်ပတ် သက်၍ နောက်ဆုံးနှစ်ရူပဗေဒနှင့် ကျောင်းထွက်ခဲ့သည်။ ဘွဲ့ထူးဂုဏ်ထူးများလည်းမရ။ အဂ္ဂမဟာဘွဲ့၊ သရေစည်သူဘွဲ့တွေဆိုရင် ဝေးရော ပေါ့။ ပညာရေးကို အဲဒီလို ကျွန်တော်မုန်းခဲ့။ စိမ်းကားခဲ့သည်” ဟု ကျွန်တော်သာ သမ္မတကြီးဖြစ်ခဲ့ရင် ဆောင်းပါးတွင် ရေးသားခဲ့ဖူးပါသည်။


သမ္မတကြီးဦးသိန်းစိန်၏တစ်နှစ်ပြည့် နှုတ်ခွန်းဆက်မိန့်ခွန်းတွင် တက္ကသိုလ်တွေ စာသင်ကျောင်းတွေ ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်တဲ့ နေရာမှာ ခေတ်စနစ်နှင့်ညီတဲ့သင်ရိုးညွှန်းတန်းတွေကိုသာမကစီမံခန့်ခွဲမှု၊ ပြုပြင်ပြောင်းလဲရေးကိုပါ ဒွန်တွဲဆောင်ရွက်နေကြောင်း၊ စာသင် ကျောင်းများ၊ တက္ကသိုလ်ကောလိပ်များတွင် သမားရိုးကျ စာကြည့်တိုက်များအပြင် နိုင်ငံတကာအဆင့်မြင့် တက္ကသိုလ်ကြီးများနှင့် ချိတ်ဆက် ထားသော အွန်လိုင်းစာကြည့်တိုက်များ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ ဆရာ/မများ၏ အရည်အသွေးမြှင့်မားရေး လက်တွေ့ အင်တာနက် ချိတ်ဆက်မှုများ၊ ကွန်ယက်များမြှင့်တင်ဆောင်ရွက်ရေးများကို လုပ်ဆောင်ပေးမည့်အပြင် “သေနတ်ကိုင်သောလက်များကို လက်တော့ပ် ကိုင်သော လက်များအဖြစ်ပြောင်းပေးမည်” ဟူသော သမ္မတကြီး၏မိန့်ခွန်းစကားအရ ပညာရေးဟူသောစကားလုံးအား ကျွန်တော်ချစ် ခင်မိသည်။ မြတ်နိုးမိ တော့သည်။ ထို့ကြောင့် ပညာရေးတွင် အားနည်းခဲ့သော အထူးအားဖြင့် အင်္ဂလိပ်စာဘာသာရပ်တွင် အားနည်းခဲ့သော ကျွန်တော့်အနေဖြင့် နောင်တစ်ချိန်အနာဂတ် ခေါင်းဆောင်များဖြစ်လာကြမည့် လူငယ်/ရွယ်များအား အသိပညာ၊ အတတ်ပညာရှင်များဖြစ်လာနိုင်ရန်အတွက် လုပ်အားပေးဆရာ/မများ၏ ကောင်းမှုအကူ အညီဖြင့် ကွန်ပြူတာသင်တန်းများ၊ လူမှုရေးသင်တန်းများ၊ ဒီဇိုင်နာ(အပ်ချုပ်)သင်တန်း၊ ဟိုတယ်ဝန်ဆောင်မှု လူမှုဆက်ဆံရေးသင်တန်း၊ နွေရာသီအင်္ဂလိပ်စာသင်တန်းများကို ဖွင့်လှစ်သင်ကြားပေးခဲ့ပြီဖြစ်သည်။ ၂၀၁၀ ခုနှစ်တွင်စတင်၍ နွေရာသီသင်တန်းများ ဖွင့်လှစ်ခဲ့ရာတွင် ကျောင်းသား/သူဦးရေ (၁၀၀) ကျော်ခန့်သာ တက်ရောက် သင်ကြားခဲ့ သော်လည်း ယခု ၂၀၁၂ ခုနှစ် နွေရာသီအင်္ဂလိပ်စာသင်တန်း၌ ကျောင်းသား/သူဦးရေ (၈၀၀) ကျော် တက်ရောက်သင်ကြားခဲ့ကြသည်။


၁၀..၂၀၁၂ ရက်နေ့တွင် ကလေးငယ်များအား နွေရာသီအင်္ဂလိပ်စာသင်တန်း တက်ရောက်ကြရမည့် တန်းခွဲများအား ခွဲခြားနိုင်ရန်အတွက် အရည်အချင်းစစ် စာမေးပွဲများကို နံနက် (၉း၀၀) နာရီ၊ နံနက် (၁၁) နာရီ၊ နေ့လည် (၁း၀၀) နာရီ စသဖြင့် အချိန်များခွဲ၍ စစ်ဆေးဖြေဆိုမှုကို ပြုလုပ်ခဲ့ပေးခဲ့သည်။ ယခင် ၂၀၁၀ ခုနှစ် တွင် တက်ရောက်ကြသော ကလေးငယ်များသည် မိဘအုပ်ထိန်းသူများမှ ဆိုက္ကား၊ စက်ဘီး၊ ခြေလျင်တို့ဖြင့် လိုက်လံ ပို့ဆောင်ပေးခဲ့သော်လည်း ယခု ၂၀၁၂ ခုနှစ်တွင်ပညာသင်ကြားရန် လာရောက်သောကလေးငယ်များအား ဆိုက္ကား၊ စက်ဘီးတို့အပြင် TAXI၊ ကိုယ်ပိုင်မော်တော်ယာဉ်တို့ဖြင့် လူတန်းစား အလွှာပေါင်းစုံမှ လာရောက်၍ ပို့ဆောင်မှုကို တွေ့ရှိရသည့်အတွက် များစွာကျေနပ်ပီတိဖြစ်မိတော့သည်။


နာရေးကူညီမှုအသင်း(ရန်ကုန်)သည် အောက်ခြေလူတန်းစားများဖြစ်ကြသော စီးပွားရေးချို့တဲ့သူများ၊ ဆင်းရဲနွမ်းပါးသူများ၏ အားကိုးအား ထားရာ နေရာဋ္ဌာနတစ်ခုဖြစ်ခဲ့သော်လည်း ယခုဆိုလျှင် စီးပွားရေး ကောင်းသူများ၊ ငွေကြေးတတ်နိုင်သူများကပါ မိမိတို့၏ ရင် သွေးငယ် များအားလာရောက်၍ ပညာရေး၊ လူမှုရေး၊ ဘာသာရေးနှင့် ယဉ်ကျေးလိမ္မာသော မျိုးဆက်သစ်ခေါင်းဆောင်ကောင်းများဖြစ်လာရန် ယုံ ကြည်မှု ပြည့်ဝစွာဖြင့် လူတန်းစားပေါင်းစုံမှ လာရောက်အပ်နှံခြင်းသည် ကျွန်တော်တို့ နာရေးကူညီမှုအသင်း (ရန်ကုန်) အနေဖြင့် လူသား အကျိုးထမ်းရွက်ရကျိုးနပ်တော့မည်ဖြစ်သည်။


အကြွေးပိုင်ရှင် ဒေါက်တာစောဝါးထူး
လောအယ်စိုး။ မတ် ၁၂၊ ၂၀၁၂ မိုးမခ
ဆရာ ထမင်းစားနေပါတယ်။ ခဏစောင့်ပါဦး”
ဟုတ်ကဲ့.. ဟုတ်ကဲ့ ရပါတယ်အမ ။ ကျမစောင့်ပါ့မယ်”
ဟေ့..လူနာကို မစောင့်ခိုင်းပါနဲ့ ။ ငါဆင်းလာခဲ့မယ်”
ထမင်းစားဖို့ ကျနော်တို့ စားပွဲပေါ်တွင် ထိုင်စရှိသေးသည် အန်ကယ်တို့ ဇနီးမောင်နှံ ဓါတ်ပုံကို ကျနော်ရိုက်ပေးပြီး ၀တ်ထားသော ကရင်အမျိုးသားအင်္ကျိနှင့် ခေါင်းပေါင်းတို့ကိုပင် မချွတ်ရသေး ထမင်းဝိုင်း အဆင်သင့် ဖြစ်ပြီဟု ၄င်း၏ တူမဖြစ်သူက ပြောသောကြောင့် ကျနော်တို့ ထမင်းစားကြရန် ဖြစ်သည်။
အားလုံးကလဲ အရမ်းဆာနေကြပြီလေ။ ဒေါက်တာစောဝါးထူးတယောက် ထမင်းစားခန်းမှ အိမ်ဘေးကပ်လျှက်ရှိ ဆေးခန်းသို့ အပြေးကလေး ဆင်းသွားသည်။
သမီးတို့ ဘယ်မှာနေကြလဲ”
မုဒုံနားက ရွာကပါ”
ဒီ အနာကို ဆေးမလိမ်းခင် ဂွမ်းကို ရေနွေးဆွတ်ပြီး ဖွဖွလေး အရင် ဆေးနော်”
ဟုတ်ကဲ့ပါ ဆရာ”
သူတို့ခမြာ အဝေးကြီးက လာရတာကွ။ ငါထမင်းစားနောက်ကျလို့ ဘာမှ မဖြစ်ပါဘူး” ဟု ပြောရင်းလက်ကို တခါပြန်ဆေးကာ သူ ထမင်းဝိုင်း ပြန်ဝင်လာပါသည်။
တစ်ခါ ၄င်း၏ အိမ်ရှေ့ဧည့်ခန်း၌ မွန်လူမျိုး ဗုဒ္ဓဘာသာရဟန်းတပါးက သူ့အား ရင်းနှီးခင်မင်စွာဖြင့် ပုခုံးကို ဖက်ထားပြီး အလွန်ကျေးဇူးတင်ကြောင်း နှုတ်ကလဲ မွန်သံဝဲ၀ဲဖြင့် ပြောနေတာ တွေ့ရပြန်သည်။
ဘုန်းဘုန်း အနာကျက်ပြီဆိုပြီး ဒီအတိုင်း မနေနဲ့ ။ ဆေးကို ဆက်စားပါ”
အေးပါ..ဒကာ ဆရာဝန်ကြီးရယ်”
၎င်း တို့ ပုဂ္ဂိုလ်နှစ်ဦး ပြုံးရွှင်စွာဖြင့် မြင်ရသော မြင်ကွင်းသည် အလွန်ကြည်နူးစရာ ကောင်းလှပေစွ။
ဘာပဲလုပ်လုပ် ချစ်ခြင်းမေတ္တာ စေတနာနဲ့ လုပ်ရတယ် ငါ့မောင်ရ”
ဟုတ်ကဲ့ပါ အန်ကယ်”
၎င်း၏ နေအိမ်မှ ကျနော်တို့ နှစ်ဦး သူ၏ ဆေးခန်းရှိရာ မော်လမြိုင်မြို့ထဲ သို့ အသွား
ငါဒီဆေးရုံကြီး ရောက်ပြီး နှစ်ပေါင်း အစိတ်ကျော်မှ ဒီကားကို ရတာ”
လို့ အန်ကယ်ထူးဝါးက ကားမောင်းရင်း ပြောပြသည်။ အန်ကယ်ထူးဝါး ပြောပြတာကို နားထောင်ရင်း ကျနော်လမ်းဘေး ကို အမှတ်တမဲ့ ကြည့်လိုက်မိသည်။ ကျနော်တို့ ကားဘက်သို့ ဦးခေါင်းညွန့်၍ အရိုအသေပြုနေသော သူတောင်းစားအဖိုးကြီးတဦး။ ကျနော်က ထို သူတောင်းစား အဖိုးကြီးကို ကြည့်နေသည်ကို အန်ကယ်ထူးဝါးက ရိပ်မိသွားပုံရသည်။
အော်…အေးအေး ငါ့ကား ဖြတ်သွားရင် ဒီလိုပဲ သူတို့ တတွေ လုပ်ကြတယ် ဒီလမ်းဘေး တလျှောက်မှာရှိတဲ့ သူတောင်းစားတွေ ငါ ခြေထောက်ဆေး မပေးသေးဘူးတဲ့ သူတောင်းစားတယောက်မှ မရှိဘူး ကွ”
အမှန်ပါ ၄င်းသည် လူအများ ရွံရှာသော အနာကြီးရောဂါသည်များကို နှစ်ပေါင်း သုံးဆယ်ကျော်ကြာကြာ ခြေထောက်ဆေး၍ ပြုစုပေးခဲ့သော၊ ကျနော် ရင်ထဲမှ ချစ်ခင်လေးစားသော မိတ်ဆွေ ဒေါက်တာ စောဝါးထူး ဖြစ်ပါသည်။ မိတ်ဆွေဟု ခေါ်လိုက်သည်ကို ရိုင်းသည်ဟု မထင်ပါနှင့်။ အန်ကယ်သည် ကျနော်၏ ဖခင်ထက် ငါးနှစ်ခန့်သာ ငယ်ပါသည် သို့သော် အန်ကယ်သည် ကျနော့်အား ၄င်း၏ သားပမာ ချစ်သလို မိတ်ဆွေ တဦးကဲ့သို့လဲ လွန်စွာရင်းနီးသော သူ တဦးပါ။
ငါတို့ ကရင်တွေ ကြိုးစားရမယ်ကွ ။ လူတွေကို လူမျိုး ဘာသာ မခွဲပဲ များများလူတွေ အကျိုးပြုနိုင်အောင်လုပ်ရမယ်ကွ”
ဟူ၍ ကျနော့်ကို ပြောလေ့ရှိသည်။
မောင်နှမကလည်းများ ။ အဖေကလည်း ကျောင်းဆရာဆိုတော့ ငါတို့ တတွေ လွိုင်လင်မှာပဲ ဆင်းဆင်းရဲရဲနဲ့ပဲ ကြီးခဲ့ကြတယ်။ အေး..ဒါပေမဲ့ ငါကတော့ ကြီးလာရင် ပညာတတ်ကြီးတယောက် ဖြစ်ချင်တာ အမှန်ပါပဲ။ ဆယ်တန်းအောင်တဲ့အထိ ဘယ်လိုလူမျိုးဖြစ်ချင်တယ် ဆိုတာ ပြင်းပြင်းထန်ထန် စိတ်ထဲမှာ မရှိခဲ့သေးပါဘူး။
ငါ ဆယ်တန်းအောင်ပြီး မကြာခင် တနေ့ လွိုင်လင်နားက ရွာလေးတရွာကို ငါသွားလည်တယ်။ အင်မတန်မှ ခင်စရာကောင်းတဲ့ ပအိုဝ်မိသားစု တစုရဲ့ အိမ်မှာ တည်းတာပေါ့။ သူတို့ ဇနီးမောင်နှံမှာ အင်မတန်မှ ချစ်စရာကောင်းတဲ့ အမွှာ သမီးလေး နှစ်ယောက်ရှိတယ်။ ဒီကလေးလေး နှစ်ယောက်က ငါ့ကိုခင်တယ်။ ငါလဲ သူတို့ နှစ်ယောက်ကို အရမ်းချစ်တယ်။
အဲ့ဒီ အိမ်မှာ တည်းနေတုန်း အမွှာညီမလေးထဲက တဦး ညဦးပိုင်းမှာ အပြင်းအထန်ဖျားတယ်။ မိဘတွေခမျာ အရမ်းစိုးရိမ်ပြီး ဆေးမြီးတိုတွေနဲ့ ကုတယ်။ မြို့နဲ့လည်း အတော့်ကို လှမ်းတာကိုး။ ငါလည်း ဒီလိုပဲ လူးလှိမ့်ပြီး ညည်းညူနေတဲ့ ကလေးမလေးကို ကြည့်နေရတာပေါ့ ။
အဲ့ဒီည အိပ်ယာဝင်ပြီး မနက် ငိုသံတွေကြားတာနဲ့ ငါ အိပ်ယာကနိုးလာတော့ အရမ်းချစ်စရာကောင်းတဲ့ ကလေးမလေး အလောင်းကို ငါမြင်လိုက်ရတယ်။
ငါ အရမ်းကို ကြေကွဲ ၀မ်းနည်းမိတယ်။ ဒီ ကလေးမလေး အတွက်ရော သူမိဘတွေ အတွက်ရောပေါ့ အဲ့ဒီမှာ ငါ ဘယ်လို ခံစားမိသလဲ ဆိုရင် … အော်..ငါသာ ဒီအချိန်မှာ ဆရာဝန်တယောက်သာ ဖြစ်ခဲ့ရင် ဒီကလေးမလေးရဲ့ အသက်ကို ကယ်နိုင်ခဲ့မှာပါ … လို့ ငါတွေးမိ ခံစားမိသွားတယ်”
ဟူ၍ သူ ဆရာဝန်တယောက် ဖြစ်ချင်ခဲ့ပုံကို ကျနော်အား မှတ်မှတ်ရရ နှစ်ခါ ပြောခဲ့ဘူးသည်။
ဘ၀မုန်တိုင်း ဂယက် လောကဓံ အမျိုးမျိုး အခက်အခဲ အမျိုးမျိုးကြားမှ အန်ကယ်စောဝါးထူး တယောက် သူ အလွန်ဖြစ်ချင်လှသော ဆရာဝန်ဘ၀ကို ရရှိခဲ့ပြီး တဖန် သာမာန်မဟုတ်သော မွန်မြတ်လှသည့် အစေခံခြင်းအလုပ် သို့မဟုတ် အနာကြီးရောဂါသည်များကို နှစ်ပေါင်း သုံးဆယ်ကျော်ကြာကြာ ပြုစု ကုသပေး နိုင်ခဲ့သည်။ မေတ္တာ စေတနာ ဆရာဝန်ကြီးတယောက် အမှန်ပင် ဖြစ်ခဲ့ပါသည်။
သာမန် ဆေးရုံ ဆေးခန်းတွေကတော့ လူနာတွေ သူတို့ တတွေရဲ့ ဝေဒနာတွေကနေ သက်သာ ပျောက်ကင်းပြီးရင် အိမ်ပြန်ကြတာပဲ။ ဒါပေမဲ့ ငါ့လူနာတွေကတော့ သူတို့ တတွေရဲ့ ဝေဒနာတွေ သက်သာသွားကြရင်တောင်မှ လူ့ပတ်ဝန်းကျင်ထဲ မပြန်ရဲကြတော့ဘူး။ ယုတ်စွအဆုံး သူတို့ မိသားစုဝင်တွေကတောင် အိမ်မှာမထားချင်ကြဘူးကွ။ အဲ့ဒါကြောင့် ငါ့လူနာတွေ ကို ဒီဆေးရုံက ဆင်းပြီး နေထိုင်စားသောက်နိုင်ရေး အတွက် အတတ်နိုင်ဆုံး စီမံပေးရတာပေါ့” ဟု ပြောပြပါသည်။
ကျနော် မော်လမြိုင် တောင်ဝိုင်း အရပ်ရှိ အနာကြီး ဆေးရုံကို ရောက်တိုင်း သတိထားမိသည်က ဆေးရုံ အနီးပတ်ဝန်းကျင်တ၀ိုက် ဝေဒနာသည်များနှင့် ၄င်းတို့ မိသားစုဝင်တို့ နေထိုင်ရာ တဲ့ငယ်ကလေးများ …
နယ်မြို့ကလေးမှာ မွေးဖွားကြီးပြင်းခဲ့သော ဒေါက်တာစောဝါးထူးတွင် ပညာဂုဏ် မာန်မာန မရှိပါ အရေပြားရောဂါများကို ကုသရာတွင် ၄င်း၌ ဘုရားပေးသည့် အထူးဆု ကျေးဇူးရှိသည်။
တခြားဆရာဝန်တွေကလည်း ဒီဆေးပဲ သူနဲ့ လာပြရင်လဲ ဒီဆေးပဲ ပေးလိုက်တာပဲ။ ဒါပေမဲ့ သူစမ်းသပ်ပြီးမှပဲ ဒီဆေးတွေ ပေးလိုက်ရင် တကယ်ကို အပျောက်မြန်တာပဲ အဲ့ဒါကိုက ထူးခြားတာ”
အန်ကယ်စောထူးဝါးနှင့် နှစ်ပေါင်း အတော်ကြာ နေထိုင်လုပ်ကိုင်ဘူးခဲ့သော လုပ်ဖေါ်ကိုင်ဘက်တဦးမှ ကျနော့်ကို ပြောဆိုဖူးသော အန်ကယ်စောဝါးထူးအပေါ် အမြင်မှတ်ချက် ဖြစ်သည်။
အရာရာတိုင်းကို စေတနာ ချစ်ခြင်းမေတ္တာနဲ့ လုပ်ရတယ် ငါ့ မောင်ရ”
ကျနော့်ကို ပြောလေ့ရှိသော စကားသည် ဒေါက်တာစောဝါးထူး၏ ဘ၀ ဆောင်ပုဒ်တခုပင်ဖြစ်သည်။ လူသားတဦးပင် ဖြစ်သော အန်ကယ်စောထူးဝါးတွင် အားနည်းချက်များရှိပေလိမ့်မည် သို့သော် သူ၏ ရင်ထဲမှ အစဉ်ပြည့်လျှံနေသော မေတ္တာနှင့် စေတနာသည် သာမန်လူသားတဦးထက် ထူးခြားနေသော အချက်ဖြစ်သည်။
၂၀၁၁ ခုနှစ် အောက်တိုဘာလ၏ တခုသော ညနေချမ်းတွင် အန်ကယ်တယောက် လူ့လောကကြီးမှ ငြိမ်းချမ်းစွာ ထွက်ခွာသွားခဲ့ပါသည်။
ဟေ့ကောင် လောအယ်စိုး … ငါ နောက်နှစ် မင်းကို လာတွေ့ဦးမယ်ကွ”
ဟု သူ ဝေဒနာခံစား နေစဉ်ပင် နောက်ဆုံးအကြိမ် ကျနော်နှင့် တယ်လီဖုန်း ဆက်စဉ် အန်ကယ်ပြောခဲ့သေးသည်။
မော်လမြိုင်မြို့တွင် လူအများ ရွံရှာ ကြောက်ရွံသော တောင်ဝိုင်းအရပ်ရှိ တိုက်ဝါကြီး သည် “ဒေါက်တာ စောဝါးထူး ဆေးရုံ” ဟု အမည်ဆိုင်းဘုတ် မစိုက်ထူထားစေကာမူ ကျနော်တို့ နှလုံးသားထဲတွင်တော့ ဆိုင်းဘုတ်စိုက်ထူထားခဲ့ပေသည်။
လူမျိုးရေး အစွဲ ဘာသာရေးအစွဲ ကင်းပြီး နှလုံးသားထဲမှ ချစ်ခြင်းမေတ္တာအားဖြင့် အနှိမ်ခံ ဘ၀များစွာ အတွက် အစေခံခဲ့သော ဒေါက်တာစောဝါးထူးသည် စစ်မှန်သော လွတ်မြောက်မှု ဘ၀ပိုင်ရှင် တယောက် ဖြစ်ပါသည်။ လူ့လောကတွင် သူ ကျင်လည်ဖြတ်သန်း ခဲ့သော နေ့ရက်များအတွက် တာဝန်ကျေခဲ့သူ တဦးဖြစ်သည်။
ကရင်တိုင်းရင်းသား တဦး ဖြစ်သော အန်ကယ်သည် မြန်မာနိုင်ငံ အနာကြီးရောဂါ ဆေးပညာ သမိုင်း၌ မှတ်ကျောက် စိုက်ထူနိုင်ခဲ့သူ မြန်မာနိုင်ငံသား တဦးဖြစ်သည်။ သူ၏ လူမျိုး သူ၏ နိုင်ငံသားများအတွက် ဂုဏ်ယူနိုင်ခဲ့သော ကရင်လူမျိုး တဦးပါ။
သူ ယုံကြည်ကိုးကွယ်သော ခရစ်တော်၏ ချစ်မေတ္တာကို သူ ထိစပ်ကျင်လည်ခဲ့သော လူ့ပတ်ဝန်းကျင်၌ အစေခံကာ မြည်းစမ်းခွင့် ပေးခဲ့သူ တဦး ခရစ်ယာန်တို့၏ သမ္မာကျမ်းအဆိုအရ ချစ်မေတ္တာကြွေးများကို သူတပါး တို့အား တင်ကျန်ရစ်စေနိုင်စွမ်းသူ တဦး မဟုတ်ပါလား။
လောအယ်စိုး
ဇန္န၀ါရီၤလ ၂၃၊ ၂၀၁၂
(Buffalo)


နိုင်ငံတည်ဆောက်ရေး ပြည်ပရောက် ၈၈ မျိုးဆက် ကျောင်းသားများကို မင်းကိုနိုင် ဖိတ်ခေ
2012-03-12 RFA


ပြည်ပရောက် ၈၈ မျိုးဆက် ကျောင်းသားတွေအနေနဲ့ မိမိတို့တတ်မြောက်ထားတဲ့ ပညာရပ်တွေကို မြန်မာပြည် တည်ဆောက်ရေးကာလမှာ ပြန်ပြီး အသုံးချဖို့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က တိုက်တွန်းလိုက်ပါတယ်။


တနင်္ဂနွေနေ့က နိုင်ငံတကာမှာ ကျင်းပတဲ့ ၂၄ နှစ်မြောက် ဖုန်းမော်နေ့ (သို့) မြန်မာနိုင်ငံ လူ့အခွင့်အရေးများနေ့ အထိမ်းအမှတ် အခမ်းအနားတွေ အတွက် ၈၈ မျိုးဆက် ကျောင်းသားတွေ ကိုယ်စား ဗီဒီယို နှုတ်ခွန်းဆက် အခွေမှာ ကိုမင်းကိုနိုင်က အခုလို ပြောကြားသွားတာပါ။


"ရဲဘော်တို့ လေ့လာသင်ကြား ဆည်းပူးခဲ့သမျှဟာ ပြည်တွင်းမှာ ပြန်လည်တည်ဆောက်ရတဲ့ အားဖြစ်ပါစေ။ တိုင်းပြည်ကို တည်ဆောက်မယ့် အင်အားစုတွေဟာ အရှေ့ကို ရောက်လာပါလိမ့်မယ်။ ဒါဟာ လိုအပ်ချက်အတွက် ရိုးရိုးရှင်းရှင်း ရှုမြင်တာပါ။ အဲဒီတော့ ရဲဘော်တို့ သင်ကြားဆည်းပူးခဲ့သမျှကို အသုံးချဖို့ ပြင်ဆင်ပါတော့။ နောက်တခုက ပြည်ပမှာလည်း ရဲဘော်တို့က အခန်းအနားတွေကျင်းပနေရုံနဲ့ မပြီးသေးဘဲနဲ့ ပြည်တွင်းထဲမှာ ဒီထက် အားကောင်းအောင် ရဲဘော်တို့ ဘာလုပ်ပေးနိုင်မလဲဆိုတာ ကျတော်တို့ လက်တွေ့ကျကျ ကြည့်ချင်ပါတယ်။ အခုအချိန်မှာ ရောင်နီသန်းလာချိန်မှာ အားလုံးဟာ ဒေါင်းတွေအဖြစ် ပျံလာတာကို မြင်ချင်ပါတယ်။ အားလုံးသံပြိုင် အိုးဝေသံနဲ့ပဲ ညီချင်ပါတယ်။"


ကိုဖုန်းမော်နေ့ကို မြန်မာနိုင်ငံ လူ့အခွင့်အရေးနေ့ အဖြစ် သတ်မှတ်ပြဌာန်းပေးဖို့ ဦးသိန်းစိန် အစိုးရကို တောင်းဆိုတဲ့ အကြောင်း အမေရိကန် ပြည်ထောင်စု အင်ဒီယားနားပြည်နယ်၊ ဖို့ဒ်ဝိန်းမြို့မှာ ကျင်းပတဲ့ အထိမ်းအမှတ် အခမ်းအနားကို တက်ရောက်လာတဲ့ မြန်မာကျောင်းသူ ဂေးမယ်ရီရာကလည်း ပြောပါတယ်။


မတ်လ (၁၃)ရက်နေ့မှာ ကျရောက်မယ့် ကိုဖုန်းမော်နေ့ အတွက် ကနေဒါ၊ တောင် ကိုးရီးယား၊ ထိုင်း၊ နယ်သာလန်၊ နော်ဝေး၊ ဒိန်းမတ်၊ အမေရိကန် စတဲ့ နိုင်ငံပေါင်း () နိုင်ငံမှာရှိတဲ့ ၈၈မျိုးဆက် ကျောင်းသားတွေက အများ အားလပ်ရက် ဖြစ်တဲ့ တနင်္ဂနွေနေ့မှာ အခမ်းအနားတွေ အသီးသီး ကျင်းပခဲ့ကြပါတယ်။


မြန်မာနိုင်ငံမှာ စိုးရိမ်နေရဆဲ အခြေအနေများ ရှိနေ အာရှဥပဒေဌာန ရှုမြင်
2012-03-12 RFA


မြန်မာနိုင်ငံမှာ နိုင်ငံရေးအပြောင်းအလဲတွေ ပြုလုပ်နေတယ်ဆိုပေမယ့် တရားဥပဒေစိုမိုးရေးနဲ့ လူ့အခွင့်ရေး ဆိုင်ရာကိစ္စတွေမှာ စိုးရိမ်ရဆဲ အခြေအနေမှာဘဲ ရှိနေသေးလို့ လူ့အခွင့်ရေးကောင်စီညီလာခံမှာ အာရှဥပဒေရေးရာ အရင်းအမြစ်ဌာန ALRC က တင်သွင်းလိုက်ပါတယ်။
ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှာကျင်းပနေတဲ့ ကုလသမဂ္ဂ လူ့အခွင့်ရေးကောင်စီ ညီလာခံမှာ အာရှဥပဒေရေးရာ အရင်းအမြစ်ဌာန ALRC ကနေ မြန်မာနိုင်ငံဆိုင်ရာ အစီရင်ခံစာကို ဒီကနေ့ မတ်လ ၁၂ ရက် နေ့လယ်ပိုင်းမှာ တင်သွင်းဖတ်ကြားခဲ့ပါတယ်။ အခုလို လူ့အခွင့်ရေးညီလာခံမှာ အစီရင်ခံတင်ပြခဲ့တာနဲ့ ပတ်သက်ပြီး ALRC ရဲ့တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ ဦးမင်းလွင်ဦးက အခုလိုရှင်းပြပါတယ်။


မြန်မာနိုင်ငံအတွင်းမှာ ပြောင်းလဲမှုတွေ ရှိနေတယ်ဆိုပေမယ့် မပြောင်းလဲဘဲ ဆုတ်ယုတ်နေတဲ့အချက်အလက်တွေ၊ တရားစီရင်ရေးဆိုင်ရာ ချွတ်ယွင်းချက်တွေ၊ လယ်ယာမြေ သိမ်းဆည်းမှုတွေ ရှိနေတယ်ဆိုတာတွေက ယခင်ကထက် ပိုဆိုးလာတယ် ဆိုတာတွေကို တင်ပြသွားဖို့ အစီအစဉ် ရှိပါတယ်။ တရားစီရင်ရေးဌာနမှာ လွဲမှားစွာလုပ်ဆောင်မှုတွေ အကြီးအကျယ် ဖြစ်ပေါ်နေဆဲပဲဆိုတာကို တရားစီရင်ရေးဌာနကတော့ လုံးဝပြုပြင်ပြောင်းလဲဖို့ လိုအပ်နေပြီဆိုတဲ့ အချက်အလက်တွေကို ကျွန်တော်တို့ ဇောင်းပေးတင်ပြထားပါတယ်”


ဒီအချက်အလက်တွေကို တင်ပြတဲ့အခါ ၂၀၁၀ သင်္ကြန်ဗုံးခွဲမှု စွပ်စွဲချက်နဲ့ ဖမ်းဆီးထောင်ချခံထားရတဲ့ ကိုဖြိုးဝေအောင်အမှု၊ အကျဉ်းထောင်က ပြန်လွတ်လာပြီးနောက် မကြာခဏ ခေါ်ယူစစ်ဆေးခံနေရတဲ့ အရှင်ဂမ္ဘီရရဲ့အခြေအတွေကို ထည့်သွင်းဖေါ်ပြထားပါတယ်။


ဒီကနေ့ ကုလမဂ္ဂ လူ့အခွင့်ရေးကောင်စီ ညီလာခံမှာ မြန်မာနိုင်ငံဆိုင်ရာကိစ္စ တင်သွင်းမှာဖြစ်ပြီး မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်ရေးအထူးကိုယ်စားလှယ် မစ္စတာကန်တားနားကလည်း မိမိအစီရင်ခံစာနဲ့ပတ်သက်ပြီး တင်ပြဆွေးနွေးဖို့ရှိသလို၊ မြန်မာအစိုးရ ကိုယ်စားလှယ်ကလည်း လူ့အခွင့်ရေးကောင်စီမှာ တင်သွင်းဆွေးနွေးမှာ ဖြစ်ပါတယ်။


ဆားလင်းကြီးဆန္ဒပြတောင်သူတွေကို အာဏာပိုင်တွေ လာတွေ့
2012-03-11 RFA


စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်းကြီးမြို့နယ် က ဒေသခံ တောင်သူ ၈၀ ခန့် မြန်မာယမ်စီ ကြေးနီထုတ်လုပ်ရေးကုမ္ပဏီရုံးကို ဆန္ဒပြတဲ့ကိစ္စနဲ့ပတ်သက်ပြီး မနေ့က စရဖနဲ့တာဝန်ရှိသူတွေ လာရောက်တွေ့ဆုံပေမယ့် ပြဿနာကို ဖြေရှင်းပေးခြင်းမရှိဘူးလို့ တောင်သူတွေက ပြောပါတယ်။


ပြီးခဲ့တဲ့အပတ်အတွင်းက တောင်သူတွေ ပိုင်တဲ့ သီးနှံစိုက်ခင်းတွေပေါ်မှာ ဦးပိုင်လီမီးတက်နဲ့ ဖက်စပ်ဆောင်ရွက်တဲ့ တရုတ်နိုင်ငံ မြန်မာယမ်စီ ကြေးနီထုတ်လုပ်ရေးလုပ်ငန်းက ပစ်စာမြေတွေ စွန့်ပစ်တဲ့အတွက် စိုက်ခင်းသီးနှံတွေ ပျက်စီးဆုံးရှုံးရတာကြောင့် ဒေသခံတောင်သူ ၈၀ ခန့် က မတ်လ ၉ ရက်နေ့မှာ ကုမ္ပဏီရုံးကို သွားရောက်ကန့် ကွက်ဆန္ဒပြခဲ့ကြတာပါ။


ဆန္ဒပြသူ ရွာသူရွာသားတွေဟာ ဆာလင်းကြီးမြို့နယ် ဒုံးတောအုပ်စုဝင် ရွာသုံးရွာကဖြစ်ကြပါတယ်။


စွန့်ပစ်မြေတွေ လာပုံတဲ့ အတွက် ဒုန်းတော ၊ ဂုံတောနဲ့ ရွာသာယာ ကတောင်သူတွေရဲ့ စိုက်ပျိုးခင်း သီးနှံတွေ ပျက်စီးဆုံးရှုံး ရတာဖြစ်ပါတယ်။




စွန့် ပစ်မြေမပုံဖို့ မြန်မာစီးပွားရေး ဦးပိုင်လိမိတက် တာဝန်ရှိသူ ဦးသိန်းထွန်းကို မေတ္တာရပ်ခံခဲ့သလို နိုင်ငံတော်သမ္မတထံကိုလဲ မတ်လ ပထမအပတ်အတွင်း စာပို့ အကြောင်းကြားခဲ့တယ်လို့ သိရပါတယ်။ ၉ ရက်နေ့က ဆန္ဒပြတဲ့ကိစ္စနဲ့ ပတ်သက်ပြီး စရဖ တာဝန်ရှိသူတွေ တောင်သူတွေကို ပြေလည်အောင် ညှိနှိုင်းပေးမယ်လို့ ပြောဆိုပေမယ့် ပစ်စာမြေတွေ မစွန့်ပစ်အောင်တာဝန်ယူမယ်လို့တော့ မပြောဘူးလို့ တောင်သူတွေက ပြောပါတယ်။


ဆားလင်းကြီးနယ်မှာ ကြေးနီထုတ်လုပ်ရေး စီမံကိန်းကြောင့် စစ်အစိုးရလက်ထက်ကစပြီး ဒေသခံ တောင်သူတွေရဲ့  လယ်ယာ မြေဧက ၃၀၀၀ အသိမ်းခံခဲ့ ရတာကြောင့် ဒေသခံ ဒုံးတောအုပ်စုဝင် ဂုံတော၊ ရွာသာယာ ရွာသုံးရွာ အတွက် စိုက်ပျိုးမြေ ၂၅၆ ဧက သာကျန် တယ်လို့ တောင်သူတွေကပြောပါတယ်။


ဖုန်းမော်နေ့အထိမ်းအမှတ် မုံရွာတက္ကသိုလ်ကျောင်းသားတွေ ကုသိုလ်လုပ်
2012-03-11 RFA


၁၉၈၈ ခုနှစ်၊ မတ်လ (၁၃) ရက်နေ့က စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ရင်း ကျဆုံးခဲ့တဲ့ ရန်ကုန် စက်မှုတက္ကသိုလ်ကျောင်းသား ကိုဖုန်းမော် အထိမ်းအမှတ်အဖြစ် မုံရွာတက္ကသိုလ်အသီးသီးက တကသအဖွဲ့ဝင်တွေနဲ့ ကျောင်းသား သမဂ္ဂများပေါ်ပေါက်ရေးကော်မတီ (မုံရွာခရိုင်)က ဒီကနေ့ မနက်ပိုင်းက မိဘမဲ့ကလေး (၅၀)ကျော်ကို ကျောင်းသုံးပစ္စည်းတွေလှူဒါန်းခဲ့တယ်လို့ စုံစမ်းသိရှိရပါတယ်။


ကုသိုလ်ပွဲကို မုံရွာမြို့ အနောက်ဘက်ကမ်း ထနောင်းကုန်း ဘုန်းကြီးကျောင်းမှာ ပြုလုပ်ခဲ့တာလို့ ကျောင်းသားသမဂ္ဂများ တရားဝင်ပေါ်ပေါက်ရေးကော်မတီ(မုံရွာခရိုင်)က ကိုနွေဦးကိုက ပြောပါတယ်။


"အဓိကကတော့ ကျောင်းသားတွေတွေ့ဆုံပွဲရယ်။ နောက်ပြီးတော့ ကိုဖုန်းမော်နေ့အထိမ်းအမှတ်ရယ် အလှူအတန်းလေးပေါ့နော်။ အဲဒီနှစ်ခုအောက်မှာ မုံရွာမြို့ရဲ့ ချင်းတွင်းမြစ်အနောက်ဖက်က ထနောင်းကုန်းကျေးရွာက ပရဟိတကျောင်းပေါ့နော် ကျောင်းသားတွေအတွက်ကို စာအုပ်တွေ ဘောပင်တွေ၊ ခဲတံတွေ လှူတယ်ခင်ဗျ။ ပြီးတော့ကြတော့ ကျနော်တို့ မနက်စာကျွေးတယ် ခင်ဗျ။ ကျောင်းသားတွေကို ကျနော်တို့ထည့်ပါတယ် အလှူငွေ တသိန်းခွဲလောက်ရှိပါတယ် ခင်ဗျ။ ကိုဖုန်းမော် အထိမ်းအမှတ်လှူဒါန်းတာတွေအပြီးမှာ မုံရွာမြို့ တက္ကသိုလ်အသီးသီးက တကသအဖွဲ့ဝင်တွေနဲ့ မန္တလေး၊ မြင်းခြံစတဲ့ အထက်ဗမာပြည် တက္ကသိုလ်အသီးသီးက ကျောင်းသားတွေ တွေ့ဆုံဆွေးနွေးပွဲ တခုဆက်လက်ပြုလုပ်ခဲ့ပါတယ်။"


အဲဒီဆွေးနွေးပွဲမှာ မုံရွာ၊ မန္တလေး၊ မြင်းခြံ စတဲ့ခရိုင်တွေက တက္ကသိုလ်အသီးသီးက တကသ အမှုဆောင် ကိုယ်စားလှယ် (၇၀)နီးပါး တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။




တနင်္လာ, 12 မတ် 2012
ဒေါ်စု အမျိုးသားလွှတ်တော် သွားရောက် လေ့လာ
By မစုမြတ်မွန် VOA


ကြားဖြတ်ရွေးကောက်ပွဲ နဲ့ သက်ဆိုင်တဲ့ ကိစ္စတွေ အပါအဝင် ပြောစရာရှိသမျှကို ဒီလ ၃၀ ရက်နေ့မှာ သတင်းစာရှင်းလင်းပွဲ လုပ်ပြီး ပြောကြားမယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။ နေပြည်တော်မှာ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ တွေနဲ့ တွေ့ဆုံအပြီး ခုလို ပြောခဲ့တာ ဖြစ်ပါတယ်။ ပြည်သူ့လွှတ်တော်ကိုလဲ ဒေါ်အောင်ဆန်းစုကြည်နဲ့ အဖွဲ့ သွားရောက် လေ့လာခဲ့တာနဲ့ ပတ်သက်လို့ မစုမြတ်မွန်က ဆက်ပြီး ပြောပြပါမယ်။


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီရဲ့ မူဝါဒ၊ သဘောထားနဲ့ လုပ်ငန်းစဉ် တွေကို ရုပ်မြင်သံကြား ပေါ်ကနေ ထုတ်လွှင့်နိုင်ဖို့ အတွက် နေပြည်တော်ကို သွားခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီနေ့မနက်ပိုင်းက အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးရွှေမန်းတို့ နဲ့ နာရီဝက် စီလောက် တွေ့ဆုံဆွေးနွေး ခဲ့သလို အမျိုးသားလွှတ်တော် ကိုလဲ သွားရောက် လေ့လာခဲ့ပါတယ်၊ လွှတ်တော်ဥက္ကဋ္ဌ ဦးရွှေမန်းနဲ့ တွေ့ဆုံပွဲအပြီး သတင်းထောက်တွေကို ဘာတွေ ပြောခဲ့လဲဆိုတာကို နေပြည်တော်မှာရှိနေတဲ့ NHK သတင်းဌာနက သတင်းထောက်ကိုသီဟက ခုလို ပြောပြပါတယ်


အစည်းအဝေး ပြီးလို့ ထွက်လာတဲ့ အခါကျတော့ ဦးရွှေမန်းက အပြင်မှာ စောင့်နေကြတဲ့ သတင်းထောက်တွေကို ကျနော်တို့ ဘာတွေ ပြောလဲ သိချင်ကြမှာပေါ့တဲ့။ တိုင်းပြည်ကောင်းရာ ကောင်းကြောင်းတွေ ပြောတာပေါ့ကွာတဲ့။ အဲဒါတော့ သူပြောတယ်။ ဒေါ်အောင်ဆန်းစုကြည် ကတော့ ဘာမှ မပြောပါဘူး။ ပြီးတော့ ဒေါ်အောင်ဆန်းစုကြည် နဲ့ သူ နဲ့ နောက်ထပ် ငါးယောက်ပါလာတယ်။ အားလုံးပေါင်း ခြောက်ယောက်ပေါ့နော်။ ဒီ ပြည်သူ့လွှတ်တော် ရဲ့ First session ပေါ့။ ဒီနေ့လုပ်တဲ့ ပထမပိုင်း အစီအစဉ်ကို သူတို့ လေ့လာတဲ့ အပိုင်းရှိတာပေါ့နော်။ ဒီလွှတ်တော်ထဲမှာဘဲ ကျင်းပတဲ့ Meeting room ထဲမှာဘဲ လေ့လာသူတွေ ထိုင်တယ်။ ပြီးတော့ နာရီဝက်လောက် ထိုင် နားထောင်နေတာပေါ့နော်။ ဒီအောက်မှာ ပြောနေတဲ့ အကြောင်းတွေကို ထိုင်နားထောင်တယ်။ ပြီးတော့ ပြန်သွားတယ်ပေါ့။ ပြန်သွားတော့လည်း အားလုံးက ဝိုင်းမေးကြတဲ့ အခါကျတော့ သူ့အနေနဲ့ ခဏလေးဘဲ လွှတ်တော်ကို လေ့လာရတဲ့ အတွက် အများကြီး ပြောစရာ မရှိပါဘူး လို့ ပြောသွားပါတယ်။ ”


လွှတ်တော်ဥက္ကဋ္ဌ တွေနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ကြား ဒုတိယအကြိမ် တရားဝင် တွေ့ဆုံ ဆွေးနွေးမှုနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်က တစုံတရာ မပြောခဲ့ပေမဲ့ ဒီလ ၃၀ ရက်နေ့ ကျရင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က သတင်းစာရှင်းလင်းပွဲလုပ်တဲ့အခါမှ ပြောမယ်လို့ ဆိုပါတယ်၊


အဓိက က သူက ဒီ ကနေ့ လာရောက်လည်ပတ်တဲ့ ကိစ္စကို ဘဲ အဓိက မေးကြတာပေါ့နော်။ မေးကြတော့ ဦးရွှေမန်းပြောသလိုပါဘဲတဲ့ တိုင်းပြည်ကောင်းရာ ကောင်းကျိုးတွေ ပြောပါတယ်တဲ့။ နောက်တစ်ခါ ဒီလို လာရောက် လည်ပတ်တဲ့ ကိစ္စတွေကို သူ နောက် ပြောစရာ ရှိတဲ့ အကြောင်းတွေကို နောက်လာမယ့် ၃၀ ရက်နေ့မှာ လုပ်မယ့် သတင်းစာရှင်းလင်းပွဲ မှာ သူပြောပါမယ် ဆိုပြီးတော့ ပြောသွားပါတယ်။ အသေးစိတ်တော့ ဘာမှ ပြောမသွားပါဘူး။”


ကြားဖြတ်ရွေးကောက်ပွဲ လုပ်ဖို့ နီးကပ် လာချိန်မှာ မဲစာရင်း မမှန်ကန်မှုတွေ ရှိတယ်ဆိုတဲ့သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေပါတယ်၊ ဒီကိစ္စနဲ့ ပတ်သက်လို့ရော ဒေါ်အောင်ဆန်းစုကြည် မှတ်ချက် ပေးပါသလားဆိုတော့


အခု ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ မကျေနပ်ချက်တွေကို နေရာပေး ဆွေးနွေးခဲ့သလား ဆိုတဲ့ မေးခွန်းကိုတော့ သူမဖြေသွားဘူးဗျ။ မေးတော့ မေးတယ်။ မဖြေသွားဘူး။ သူက လာမယ့် သတင်းစာ ရှင်းလင်းပွဲကျမှ ပြောစရာရှိတဲ့ အကြောင်းတွေကို အားလုံးပြောဖို့ ရည်ရွယ်ပုံရပါတယ်။ သူက ဒီအချိန်မှာတော့ သူ သိပ်ပြောချင်ပုံ မရဘူးခင်ဗျ။ ”


ဒီလ ၁၄ ရက်နေ့ နဲ့ ၂၂ ရက်နေ့တွေမှာ ရုပ်မြင်သံကြားနဲ့ ရေဒီယို အသံလွှင့်မှုတွေကနေ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပါတီ မဲဆွယ်စည်းရုံးမှု ၁၅ မိနစ်စာ ထုတ်လွှင့်နိုင်ဖို့အတွက် နေပြည်တော်မှာ အခြေစိုက်တဲ့ မြန်မာ့ရုပ်မြင်သံကြားဌာနမှာ ဒီကနေ့ ကြိုတင်သွားရောက် ရိုက်ကူး၊ အသံသွင်းခဲ့တာဖြစ်ပါတယ်၊ ဒေါ်အောင်ဆန်းစုကြည် ပြောဖို့ အရင် စီစဉ်ထားတဲ့ထဲက တရားဥပဒေစိုးမိုးရေး နဲ့ ပတ်သက်ပြီး ပြောမဲ့ အချက်တချို့ ကို ရွေးကောက်ပွဲ ကော်မရှင်က လက်မခံတဲ့အတွက် ပြင်ဆင်ခဲ့ရပါတယ်၊ April လ ၁ ရက်နေ့မှာ ကျင်းပမဲ့ ရွေးကောက်ပွဲတွေ လွတ်လပ် မျှတမှုရှိ မရှိ နိုင်ငံတကာက စောင့်ကြည့် နေတဲ့အချိန်မှာ ခုလို မြန်မာတနိုင်ငံလုံးကို ရုပ်မြင်သံကြားပေါ်ကနေ ပြသမယ့် မဲဆွယ်ပြောကြားမဲ့ စကား တချို့ဆင်ဆာဖြတ်ခံရတာဖြစ်ပါတယ်။


နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေကြမ်း ပြည်သူ့ လွှတ်တော် တင်သွင်း
By မသိဂီ င်္ထိုက် VOA


နိုင်ငံခြား ရင်းနှီးမြုပ်နှံမှု တွေကို နိုင်ငံပိုင် မသိမ်းပါဘူးဆိုပြီး အကာအကွယ် ပေးထားတဲ့ နိုင်ငံခြား ရင်းနှီး မြုပ်နှံမှု ဥပဒေ မူကြမ်းကို ဒီကနေ့ ပြည်သူ့ လွှတ်တော် အမတ်တွေ စပြီး လေ့လာနေကြပါပြီ။ လာမယ့် သတင်းပတ် အတွင်း ကျင်းပမယ့် ပြည်ထောင်စု လွှတ်တော်မှာ ဒီ ဥပဒေကို အတည်ပြု နိုင်လိမ့်မယ်လို့လည်း လွှတ်တော် အမတ်တွေက ပြောဆို ကြပါတယ်။ ရင်းနှီးမြုပ်နှံသူများ ၀င်ငွေခွန် ကင်းလွတ်ခွင့်၊ နိုင်ငံသားတွေရဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေ အတွက်ရော ဒီဥပဒေ ကြမ်းမှာ ဘာတွေ ပြဌာန်းထားလဲ ဆိုတာကိုတော့ မသိဂီ င်္ထိုက်က တင်ပြထားပါတယ်။


နိုင်ငံခြား ရင်းနှီး မြုပ်နှံမှု ဥပဒေ မူကြမ်းကို အမျိုးသား လွှတ်တော်က ပြင်ဆင်ပြီး ဒီကနေ့ ပြည်သူ့လွှတ်တော်မှာ တင်ပြ ထားပါပြီ။ ဒီဥပဒေကြမ်းမှာ ဆိုရင် နိုင်ငံခြား ရင်းနှီး မြုပ်နှံသူ တွေရဲ့ တာဝန်နဲ့ အကျိုးခံစားခွင့် အဖြစ် ပြဌာန်းတာမှာတော့ ပြည်ပ ရင်းနှီးမြုပ်နှံသူတွေဟာ ပြည်တွင်းက တည်ဆဲ ဥပဒေတွေကို လိုက်နာ ကြရမှာ ဖြစ်ပါတယ်။ ပိုင်ဆိုင်မှုတွေကို ရောင်းချမယ် ဆိုရင်လည်း မြန်မာနိုင်ငံ ရင်းနှီးမြုပ်နှံမှု ကော်မရှင်ရဲ့ ခွင့်ပြုချက်ကို ရယူ ရမယ်လို့လည်း ဆိုပါတယ်။ အစိုးရ အနေနဲ့ နိုင်ငံခြား ရင်းနှီးမြုပ်နှံမှု လုပ်ငန်းတွေကို ကာလပေါက်ဈေးနဲ့ ၀ယ်ယူတာက လွဲလို့ နိုင်ငံပိုင် မသိမ်းဘူး ဆိုပြီးလည်း ဥပဒေကြမ်းမှာ ပြဌာန်းထားတဲ့ အကြောင်း လွှတ်တော် အမတ် တဦးဖြစ်တဲ့ ဦးဖေသန်းက အခုလို ပြောပါတယ်။


ပဋိညာဉ် စာချုပ် သို့မဟုတ် ယင်းသက်တမ်းကို တိုးမြှင့်ပေးလျင် တိုးမြှင့်ပေးတဲ့ သက်တမ်း အများပြည်သူ အကျိုးအတွက် ဈေးကွက်တွင် ဖြစ်ပေါ်နေသည့် ဈေးနှုန်းများ အတိုင်း တန်ဖိုးသင့်တင့်တဲ့ လျော်ကြေးကို ပေးဆောင်ခြင်းမှ တပါး နိုင်ငံပိုင် ပြုလုပ်ခြင်း မပြုရလို့ ပထမ အချက်မှာ ဖော်ပြထားပါတယ်။ နောက်တခုကတော့ ပဋိညာဉ်စာချုပ်သက်တမ်း ကုန်ဆုံးရင် နိုင်ငံခြား မတည် ငွေရင်းဖြင့် ရင်းနှီးမြှုပ်နှံသူအား မိမိရပိုင်ခွင့်များကို ရင်းနှီးမြှုပ်နှံရာမှာ ထည့်ဝင်သော နိုင်ငံခြားငွေ အမျိုးအစားဖြင့် ထုတ်ပေးရန် အစိုးရက အာမခံတယ် ဆိုတဲ့ အချက် နှစ်ချက်ကို ဖော်ပြထားပါတယ် ခင်ဗျ။”


နိုင်ငံခြား ရင်းနှီးမြုပ်နှံမှု ဥပဒေကြမ်းမှာ နိုင်ငံသားတွေ အတွက် အလုပ်အကိုင် အခွင့်အလမ်းနဲ့ ပတ်သက်ပြီးလည်း တိတိကျကျ ပြဌာန်းထားပါတယ်။ လုပ်ခ လစာနဲ့ ပတ်သက်လို့ကတော့ မြန်မာနိုင်ငံ ရင်းနှီးမြုပ်နှံမှု ကော်မရှင်နဲ့ ညှိနှိုင်းရမယ်လို့ ဆိုပါတယ်။


အမှုထမ်းများနှင့် အလုပ်သမားခန့်ထားခြင်း ဆိုတဲ့ အခန်းမှာ ကျွမ်းကျင် လုပ်သားတွေ အတွက် ဆိုရင်တဲ့ ပထမ ၅ နှစ်မှာ ၂၅ ရာခိုင်နှုန်း ခန့်ထားရမယ် ပေါ့ဗျာ။ ပြည်တွင်းက အလုပ်သမားတွေကို ပေါ့နော်။ ဒုတိယ ၅ နှစ်မှာ ကျတော့ အနည်းဆုံး ၅၀ ရာခိုင်နူန်း ခန့်ထားရမယ်။ တတိယ ၅ နှစ်မှာကျတော့ အနည်းဆုံး ၇၅ ရာခိုင်နူန်း ခန့်ထားရမယ်လို့ ပြောတယ် ခင်ဗျ။ ကျွမ်းကျင်မှု မလိုတဲ့ လုပ်သားတွေ ဥပမာ ကာယ လုပ်သားတွေပေါ့ဗျာ အဲဒီမှာ နိုင်ငံသားတွေကိုသာ ခန့်ထားရမယ်လို့ အဲဒီမှာ ဖော်ပြထားပါတယ်။ ဒါတော့ ကျနော်တို့ ပြည်တွင်း အလုပ်သမားတွေ အတွက် ကာကွယ်ပြီးတော့ ပြဌာန်း ထားတယ်ပေါ့လေ။ အခန်း ၁၀ မှာ။”


နိုင်ငံခြားရင်းနှီးမြုပ်နှံသူတွေကို ပထမ ၅ နှစ် အတွင်း ၀င်ငွေခွန် ကင်းလွတ်ခွင့် ပေးမှာဖြစ်ပြီး နောက်ထပ် ၀င်ငွေခွန် ကင်းလွတ်ခွင့်တွေကို အခြေအနေအပေါ် မူတည်ပြီး ဆက်စဉ်းစားသွားမယ်လို့လည်း ဥပဒေကြမ်းက ဆိုပါတယ်။


ကုန်ထုတ်လုပ်ငန်း သို့မဟုတ် ၀န်ဆောင်မှု လုပ်ငန်း တခုခုကို စီးပွားဖြစ် စတင်ဆောင်ရွက်တဲ့နှစ် အပါအ၀င် တဆက်တည်း ၅ နှစ် အထိ ၀င်ငွေခွန် ကင်းလွတ်ခွင့် သို့မဟုတ် နိုင်ငံတော် အတွက် အကျိုးကျေးဇူး ရှိလျှင် ရင်းနှီးမြုပ်နှံသည့် လုပ်ငန်း၏ အောင်မြင်မှု အပေါ်မှာ မူတည်ပြီးတော့ သင့်လျော်တဲ့ ကာလအတွက် ၀င်ငွေခွန် ကင်းလွတ်ခွင့် သို့မဟုတ် သက်သာခွင့် ဆိုပြီးဖော်ပြထားပါတယ် ခင်ဗျ။”


ဒီဥပဒေကြမ်းကို အမျိုးသား လွှတ်တော်က ပြင်ဆင်ချက်နဲ့ အတူ ပြည်သူ့လွှတ်တော်ကို ပေးပို့ထားပြီး ဖြစ်ပါတယ်။ လာမယ့် သတင်းပတ် အတွင်း အပြီးသတ် ဆွေးနွေးနိုင်မယ်လို့ လွှတ်တော် အမတ် တဦးဖြစ်တဲ့ ဦးသိန်းညွန့်က ပြောပါတယ်။


ဒီတပတ် လွှတ်တော်ထဲမှာတော့ ဒီဥပဒေက အရေးကြီးတော့ ဒီနေ့ ဥပဒေကြမ်း ကော်မတီက တင်တယ်။ သောကြာနေ့ ကျလို့ ရှိရင် ဒီဥပဒေကြမ်းနဲ့ ပတ်သက်ပြီးတော့ ဆွေးနွေးမယ့် လွှတ်တော်ကိုယ်စားလှယ်တွေ ဆွေးနွေးကြမယ်။ နောက်ပြီးတော့ အဲဒီ ဥပဒေ ကြမ်းကို အင်မတန် အရေးကြီးတဲ့ ဥပဒေကြမ်း ဖြစ်တဲ့ အတွက် ဒီအပတ် လွှတ်တော် အစည်းအဝေးမှာ အတည်ပြုဖြစ်မယ်လို့ ကျနော် ထင်ပါတယ်။”


ဥပဒေမူကြမ်းမှာ ပါရှိတဲ့ နိုင်ငံသားတွေ အလုပ်အကိုင် အခွင့်အလမ်း၊ နိုင်ငံခြား ရင်းနှီးမြုပ်နှံသူတွေကို အကာအကွယ် ပေးမယ် ဆိုတာတွေက လွှတ်တော်က အတည်ပြုပြီးတဲ့ နောက် သမ္မတက လက်မှတ်ရေးထိုးပြီးမှသာ အာဏာ သက်ရောက်မှာ ဖြစ်ပါတယ်။ အခုတော့ လွှတ်တော် အမတ်တွေကဘက်က ပြင်ဆင်လိုတဲ့ အချက်အလက်တွေကို လာမယ့် ဗုဒ္ဒဟူးနေ့နဲ့ သောကြာနေ့တွေမှာ ဆွေးနွေးကြမှာ ဖြစ်ပါတယ်။ ဒီ ဥပေဒကြမ်းက ၁၉၈၈ ခုနှစ် မှာ အသက်ဝင်ခဲ့တဲ့ နိုင်ငံခြားရင်းနှီးမြုပ်နှံမှု ဥပဒေကို ပြန်လည်ပြင်ဆင်နေတာ ဖြစ်ပြီးတော့ နိုင်ငံခြား ရင်းနှီးမြုပ်နှံသူတွေကို ဆွဲဆောင်နိုင်မယ့် ဥပဒေတစ်ရပ် ပေါ်ပေါက်လာရေး အစိုးရ ဘက်က ကြိုးပမ်းနေတာလည်း ဖြစ်ပါတယ်။


တနင်္ဂနွေ, 11 မတ် 2012
အာဏာရှင်စနစ် ပြန်ဖြစ်လာ မလာ မသေချာသေးဟု ဒေါ်စု သတိပေး
By ကိုရန်နိုင် VOA


မြန်မာနိုင်ငံမှာ အာဏာရှင်စနစ်ကို ပြန်လှည့်မသွားဘဲ ဒီမိုကရေစီလမ်းကြောင်းကို မှန်မှန်လျှောက်လှမ်းနိုင်ဖို့ အတွက် ပြည်သူလူထုရဲ့ ထောက်ခံမှုနဲ့ လုပ်သွားရမယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က မွန်ပြည်နယ် ဒေသခံလူထုကို ဒီကနေ့မှာ ပြောကြားလိုက်ပါတယ်။ ဒါ့အပြင် ဒီမိုကရေစီစနစ် ပေါ်ထွန်းပြီး တရားဥပဒေစိုးမိုးမှု ရှိလာမှာသာ ပြည်သူလူထုတွေ ရင်ဆိုင်နေရတဲ့ ပြဿနာတွေ အဆင်ပြေနိုင်မယ်လို့ ပြောလိုက်ပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး ဆက်သွယ် စုံစမ်းထားတဲ့ ကိုရန်နိုင်က တင်ပြထားပါတယ်။


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဧပြီ ၁ ရက်နေ့ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ အနိုင်ရရှိရေးအတွက် မြန်မာနိုင်ငံတ၀ှမ်းကို သွားရောက်ပြီးတော့ မဲဆွယ်စည်းရုံးမှုတွေကို တောက်လျှောက် လုပ်နေတာဖြစ်ပြီး ဒီကနေ့မှာဆိုရင်လည်း မွန်ပြည်နယ် မော်လမြိုင်ကို သွားရောက်ပြီးတော့ ဒေသခံလူထုကို မဲဆွယ်စည်းရုံး ဟောပြောခဲ့ပါတယ်။


စစ်အာဏာရှင်စနစ် အောက်မှာ နှစ်ပေါင်းများစွာရှိလာခဲ့ပြီး မနှစ်ကမှ အရပ်သားအစိုးရ တရပ် ဖြစ်ပေါ်လာခဲ့တဲ့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ်ဆိုတာ မရှိသေးဘဲ အာဏာရှင်စနစ် ပြန်ဖြစ်လာမယ် မလာဘူး ဆိုတာကလည်း မရေရာသေးကြောင်း၊ ဒါကြောင့် အာဏာရှင်စနစ် ချုပ်ငြိမ်းပြီး ဒီမိုကရေစီစနစ်ကို မှန်မှန်ဦးတည်ပြီး သွားနိုင်ဖို့ လူထုရဲ့ ထောက်ခံမှုလိုတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောကြားခဲ့ပါတယ်။


ကျမတို့ ဒီမိုကရေစီစနစ် ဆိုတာ ဒီနိုင်ငံမှာ တကယ်တော့ မရှိသေးပါဘူး။ နောက်ပြီးတော့ အာဏာရှင် အစိုးရတွေ တက်ရေး မတက်ရေး ဆိုတာကလည်း၊ ပြန်ပြီးတော့ ပေါ်လာရေး မပေါ်လာရေး ဆိုတာကလည်း မရေရာတဲ့ကိစ္စတစ်ခုပဲ အခုထိ ဖြစ်နေသေးပါတယ်။”


ဒါ့အပြင် မြန်မာပြည်သူ လူထုတွေဟာလည်း လူ့အခွင့်အရေးကို အပြည့်အ၀ မခံစားရသေးကြောင်း၊ ဒီမိုကရေစီစနစ် ပေါ်ထွန်းပြီး တရားဥပဒေ စိုးမိုးမှုရှိမှသာ ပြည်သူတွေအနေနဲ့ မိမိတိုရဲ့ အခွင့်အရေး အပြည့်အ၀ ရရှိပြီး လက်ရှိရင်ဆိုင်နေရတဲ့ အခက်အခဲတွေ အဆင်ပြေနိုင်မယ့်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အနေနဲ့ ပြည်သူတွေအတွက် မလိုလားအပ်တဲ့ ဥပဒေတွေကို ပြင်ဆင်ပြီး ပြည်သူလူထုအကျိုးကို ဆောင်ရွက်နိုင်ဖို့အတွက် လွှတ်တော် အမတ်နေရာ အတော်များများ အနိုင်ရဖို့လိုတယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောသွားပါတယ်။


လွှတ်တော်ထဲမှာ နေရာများနိုင်သလောက် များအောင်လုပ်ဖို့ လိုတယ်။ အဲဒီတော့မှ ပြည်သူတွေကို ဖိနှိပ်ထားတဲ့ ဥပဒေတွေ စည်းမျဉ်းတွေကို ကျမတို့ ဖယ်ရှားဖို့ ကြိုးစားရမယ်။ ပြည်သူတွေကို တိုးတက်အောင် ကူညီမယ့် ဥပဒေတွေကို ပြဌာန်းဖို့ ကြိုးစားရမယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဖို့ ကြိုးစားရမယ်။ အရေးကြီးဆုံးကတော့ ပြည်သူ့အသံကို တကမ္ဘာလုံးက ကြားနိုင်အောင်လုပ်ဖို့ ကျမတို့ ကြိုးစားသွားရမယ်။”


ဒါ့အပြင် ပြည်သူလူထုတွေအနေနဲ့ မိမိတို့ရဲ့ နိုင်ငံသားတာဝန်တွေကို အပြည့်အ၀ထမ်းဆောင်ပြီး တိုင်းပြည်စည်းလုံးညီညွှတ်ရေး တည်ဆောက်ကြဖို့ကိုလည်း ဒေါ်အောင်ဆန်းစုကြည်က မှာကြား သွားခဲ့ပါတယ်။


နိုင်ငံ တနိုင်ငံရဲ့ သွေးစည်းညီညွတ်မှု ဆိုတာ အထက်က ဥပဒေနဲ့ လုပ်ယူလို့ မရပါဘူး။ အောက်က ပြည်သူလူထုရဲ့ ၀ိုင်းဝန်းပါဝင်မှုနဲ့ပဲ လုပ်ယူလို့ရတယ်။ အဲဒါကြောင့်မိုလို့ အချင်းချင်း ဒီလို သွေးစည်းညီညွတ်မှု ဆောက်တည်နိုင်တဲ့ ပြည်နယ်မှာ ကိုယ့်ရဲ့ နိုင်ငံသား တာဝန်တစ်ခုအနေနဲ့ လုပ်ပြီးတော့ ကြိုးစားကြပါ။ သွေးစည်း ညီညွတ်ရေးအတွက် ကြိုးစားကြပါလို့ ကျမက မေတ္တာရပ်ခံချင်ပါတယ်။”


ဒီကနေ့ မနက် ၉ နာခွဲကနေ ၁၀ နာရီကျော်အထိ မော်လမြိုင် ကျိုက်မရော ကားလမ်းဘေးက ကျွဲခြံ ၆ မိုင်ကျေးရွာ ဘောလုံးကွင်းမှာ ဒေသခံလူထုနဲ့ တွေဆုံခဲ့တာ ဖြစ်ပြီး မော်လမြိုင်ဒေသခံတွေအပြင် တခြားဒေသက လူထုအင်အား သောင်းနဲ့ချီ တက်ရောက်ခဲ့ကြပါတယ်။


ကြားဖြတ် ရွေးကောက်ပွဲ အတွက် မွန်ပြည်နယ်တဝှမ်း နှစ်ရက်တိုင်တိုင် လှည့်လည် မဲဆွယ်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ထာဝရ ငြိမ်းချမ်းရေး တည်ဆောက်နိုင်ရန် ပါဝင် လုပ်ဆောင်သွားမယ်လို့ မော်လမြိုင်မြို့၊ Strand ဟိုတယ်မှာ ကျင်းပြုတဲ့ ညစာစားပွဲမှာ ပြောဆိုခဲ့ပြီးတော့ အဲဒီညစာ စားပွဲကို တိုးတက်သော ကရင်ဗုဒ္ဓဘာသာ အစည်းအရုံး (DKBA)၊ မွန်ပြည်သစ်ပါတီ၊ မွန် ဒေသလုံးဆိုင်ရာ ဒီမိုကရေစီ ပါတီ၊ မွန်အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်တို့ တက်ရောက်ခဲ့ကြောင်း သိရပါတယ်။


မွန်ပြည်နယ် မော်လမြိုင်မြို့မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ကိုယ်စားပြုပြီး ၀င်ရောက်အရွေးခံမယ့် ကိုယ်စားလှယ်ကတော့ ဒေါ်ခင်ဌေးကြွယ်ဖြစ်ပြီး သူနဲ့ အပြိုင် တိုင်းရင်းသား စည်းလုံးညီညွတ်ရေး နဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီတွေကလည်း မော်လမြိုင်မှာ ၀င်ပြိုင်မှာဖြစ်တယ်လို့ ဒေါ်ခင်ဌေးကြွယ်က ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ မော်လမြိုင်မြို့ကနေ မနက် ၁၀ နာရီခွဲမှာ ရန်ကုန်ကို ပြန်လည် ထွက်ခွာလာခဲ့တယ်လို့ ပါတီတာဝန်ရှိသူတွေက ပြောပါတယ်။
မိုးမခ

No comments:

Post a Comment