သတင်းတွေ ဖတ်ဖို့ ခေါင်းစဉ် သို့ မဟုတ် Read More ကိုသာ လိုက်ရှာပြီး နှိပ်ပါလေ
Tuesday, January 3, 2012
Jan 3
Jan 3
အင်တာနှေးဒေသအတွက် မိုးမခက အထူး ဖြန့်သည်
သမတကြီးရဲ့ ဒစ်စကောင့်
ကာတွန်း - ကူမိုးကြိုး မိုးမခ
၂၀၁၁ ခုနှစ်ရဲ့ မိုးမခမိတ်ဆွေများအဖြစ် ဒေါ်နော်အုန်းလှကို ဂုဏ်ပြုပါတယ်
မိုးမခ၊ ဇန်န၀ါရီ ၂၊ ၂၀၁၂
ဒေါ်အောင်ဆန်းစုကြည်နှင့် ဂျော့ဆိုးရော့စ် တွေ့
ကိုဝိုင်း | အင်္ဂါနေ့၊ ဇန်နဝါရီလ ၀၃ မဇ္ဈိမ
အကျဉ်းသားများအား ‘လွတ်ငြိမ်းချမ်းသာခွင့်ပြုခြင်း’ ထပ်မံကြေညာ
မဇ္ဈိမသတင်းဌာန | တနင်္လာနေ့၊ ဇန်နဝါရီလ ၀၂ မဇ္ဈိမ
လွတ်ငြိမ်းချမ်းသာခွင့်ကြောင့် လွတ်လာတဲ့နိုင်ငံရေးအကျဉ်းသား နည်းပါး
By မသင်းသီရိ အင်္ဂါ, 03 ဇန်နဝါရီ VOA
တနင်္လာ, 02 ဇန်နဝါရီ 2012
NLD ခွပ်ဒေါင်းတံဆိပ် မှတ်ပုံတင် ကန့်ကွက်ခံရ
By မစုမြတ်မွန် VOA
ဒေါ်အောင်ဆန်းစုကြည်က ဒီမိုကရေစီရေး သဘောထားများကို နှစ်သစ်အစီအစဉ်မှာ ပြောကြား
2012-01-02 RFA
ကြားဖြတ်ရွေးကောက်ပွဲအတွက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပြင်ဆင်
2012-01-02 RFA
မဏိပူပြည်နယ် အင်ဖားမြို့နဲ့ မန္တလေးအကြား ဘတ်စကားပြေးမယ်
2012-01-02 RFA
ဖျာပုံ လွတ်လပ်ရေးနေ့ ဗိုလ်ချုပ်နဲ့ ဒေါ်အောင်ဆန်းစုကြည်ပုံ ရောင်းချခွင့်ပိတ်
2012-01-03 RFA
ဖျာပုံ အမျိုးသားဒီမိုကရေစီ ဈေးဆိုင် ရောင်းချမှု အာဏာပိုင်များ ဟန့်တား
Published on January 3, 2012 by ကိုထွေး · DVB
လွတ်ငြိမ်းချမ်းသာခွင့်အမိန့်နှင့်ပတ်သက်ပြီး ဝေဖန်သုံးသပ်ချက်များ
Published on January 3, 2012 by နော်နိုရင်း · DVB
ကျောင်းသားနှင့် အလုပ်သမား မျိုးဆက်များ တွေ့ဆုံမည်
Published on January 3, 2012 by ရွှေအောင် · DVB
လွတ်မလာခြင်း ရုပ်ရှင်ပွဲတော်ဟု ဇာဂနာပြော
Published on January 3, 2012 by ရွှေအောင် · DVB
တရားသူကြီးတွေကို အရေးယူဆောင်ရွက်တယ်ဆိုတာ အင်မတန် ရှားရှားပါးပါးပဲ
Published on January 2, 2012 by အေးနိုင် · DVB
၂၀၁၂ ကုသိုလ်နိဒါန်း
ကျော်သူ (နာရေးကူညီမှုအသင်း - ရန်ကုန်)
ဒီဇင်ဘာ ၃၊ ၂၀၁၂ မိုးမခ
ဂျာနယ်ကျော် ဦးချစ်မောင် နှစ် ၁၀၀ ပြည့်အခမ်းအနား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင် ကျင်းပ
ရန်ကုန်၊ ဇန်န၀ါရီ ၂၊ ၂၀၁၂
တာရာဝေယံ မိုးမခ
ဥပါဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ
ကျော်သူ (နာရေးကူညီမှုအသင်း - ရန်ကုန်)
ဇန်န၀ါရီ ၂၊ ၂၀၁၂ မိုးမခ
ကျွန်တော်နှင့် ဆောင်းအိပ်မက်များ
မောင်ဝံသ/Facebook
ဇန်န၀ါရီ ၃၊ ၂ဝ၁၂ မိုးမခ
=========================
အင်တာနှေးဒေသအတွက် မိုးမခက အထူး ဖြန့်သည်
၂၀၁၁ ခုနှစ်ရဲ့ မိုးမခမိတ်ဆွေများအဖြစ် ဒေါ်နော်အုန်းလှကို ဂုဏ်ပြုပါတယ်
မိုးမခ၊ ဇန်န၀ါရီ ၂၊ ၂၀၁၂
၂၀၁၁ ခုနှစ် မြန်မာ့အရေးလှုပ်ရှားသူများအနက် မိုးမခမိတ်ဆွေများအဖြစ် ဂုဏ်ပြုရန် အင်္ဂါဆုတောင်းအဖွဲ့ လှုပ်ရှားသူ ဒေါ်နော်အုန်းလှကို မိုးမခစာနယ်ဇင်းအဖွဲ့က ရွေးချယ်လိုက်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး စုဝေးဆုတောင်းလှုပ်ရှားမှု စဉ်ဆက်မပြတ်ဆောင်ရွက်ခဲ့သူ၊ နိုင်ငံရေးအကျဉ်းသားတဦးအဖြစ် စစ်အစိုးရ၏ ဖမ်းဆီးထောင်ချခြင်း ခံရသည့်အပြင် စစ်အစိုးရ၏ ထောက်လှမ်းရေးများ၊ လုံခြုံရေးအဖွဲ့ဝင်များ၏ လိုက်လံအနှောက်အယှက်ပေးမှုများ၊ အကြမ်းဖက်မှုများကို ကြံ့ကြံ့ခံ ရင်ဆိုင်ခဲ့သူ တဦးဖြစ်ပါတယ်။ ( နိုင်ငံရေးဖြစ်စဉ်အကျဉ်း၊ ဒေါ်ချိုချိုအေး ပြောပြမှု )
၂၀၁၁ ရဲ့ မိုးမခမိတ်ဆွေများအဖြစ် ဂုဏ်ပြုရန် ရွေးချယ်ခဲ့တဲ့ အဓိကအချက်ကတော့ ၂၀၁၀ မေလမှာ သူရဲ့ နောက်ဆုံးအကျဉ်းထောင်ဒဏ် ၂ နှစ် (၁၉ လခန့် တောင်ငူထောင်တွင်ကျခံခဲ့ပြီး) လွတ်မြောက်လာခဲ့သည့်နောက်ပိုင်းမှာ နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေး လှုံဆော်မှု၊ နိုးဆော်မှုတွေ ဆက်လက်လုပ်ကိုင်ခဲ့ခြင်း၊ ၂၀၁၁ စက်တင်ဘာ ၂၆ ဆူးလေဘုရားရင်ပြင်မှာ ရွှေဝါရောင်နှစ်လည်နဲ့ နိုင်ငံရေးအကျဉ်းသားများအတွက် ချီတက်ဆုတောင်းမှုများ ဆောင်ရွက်ရာမှာလည်း လက်ရှိအစိုးရနဲ့ အတိုက်အခံနိုင်ငံရေးအင်အားစုများ ၂ ဖက်စလုံးထံက ဝေဖန်မှုများကို ခံယူပြီး မိမိယုံကြည်မှုကို ဆက်လက်ရပ်တည် ဆောင်ရွက်ခဲ့ခြင်း၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးသိန်းစိန်တို့ကလည်း တိုင်းပြည်အတွက် ဆောင်ရွက်နေကြသလို မိမိတို့ကလည်း တိုင်းပြည်အတွက် မိမိတို့ရဲ့ အခမ်းကဏ္ဍက ဆောင်ရွက်နိုင်သမျှကို ဆောင်ရွက်ကြရမှာ ဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။
အင်န်အယ်ဒီပါတီနဲ့ ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ ပါတီမှတ်ပုံတင်ရေးနဲ့ ရွေးကောက်ပွဲဝင်ရေး ဆုံးဖြတ်ချက်ကို မိမိယုံကြည်ချက်နဲ့ ရပ်တည်ချက်အတိုင်း ကန့်ကွက်မှုများ၊ မေးခွန်းထုတ်မှုများ ပြုလုပ်ခဲ့သူ ဖြစ်ပါတယ်။
ဒေါ်နော်အုန်းလှဟာ နိုင်ငံရေးအရေးလှုပ်ရှားသူမြန်မာပြည်သူတဦးအနေနဲ့ အခက်အခဲ အတားအဆီးများ၊ ဖိနှိပ်မှု၊ ဖမ်းဆီးမှုများ၊ အကြမ်းဖက်မှုများကို ရင်ဆိုင်သူ၊ ၂၀၁၁ ခုနှစ် မြန်မာ့နိုင်ငံရေး အပြောင်းအလဲကာလမှာ အာဏာရအဖွဲ့အစည်းများသာမက အတိုက်အခံနိုင်ငံရေးအင်အားစုများနဲ့ ပတ်သက်ပြီး မေးခွန်းထုတ်သူတဦး အဖြစ်အနေနဲ့၎င်း၊ လာမယ့် ၂၀၁၂ ကာလမှာလည်း ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေး အာမခံချက်များအတွက် နိုင်ငံသားတိုင်းရဲ့ တာဝန်ဖြစ်တဲ့ ရဲရဲဝံ၀ံ မေးခွန်းထုတ်ရေး၊ အဖြေရှာရေး၊ ဆက်လက်ပြီးတော့လည်း ယုံကြည်ချက်အတိုင်း မဆုတ်မနစ် လှုပ်ရှားရေးတို့ကို ဖော်ကျူးနေတဲ့နမိတ်ပုံအနေနဲ့ မိုးမခမိတ်ဆွေများအဖြစ် ဂုဏ်ပြု မှတ်တမ်းတင်လိုက်ပါတယ်။
မိုးမခမိတ်ဆွေများ ရန်ပုံငွေက မြန်မာငွေ ကျပ် ၄ သိန်းကို ဒေါ်နော်အုန်းလှကို ဂုဏ်ပြုတဲ့အနေနဲ့ ပေးအပ်မှာ ဖြစ်ပါတယ်။ မြန်မာပြည်ပမှာရော မြန်မာပြည်တွင်းမှာပါ မည်သည့် အခမ်းအနားမှ ကျင်းပမှာ မဟုတ်ပါဘူး။ မည်သည့် စာရွက်စာတမ်း၊ ဆုတံဆိပ်တွေလည်း ပေးနိုင်မှာ မဟုတ်သလို ဂုဏ်ပြုခြင်း ခံရသူထံကလည်း မည်သည့် လက်မှတ်ထိုးလက်ခံပြေစာတွေ တောင်းဆိုမှာ မဟုတ်ကြောင်း ပြောကြားလိုပါတယ်။
ဒေါ်နော်အုန်းလှကို မိုးမခမိတ်ဆွေတဦး ဖြစ်ခွင့်ရတဲ့အတွက် ကျနော်တို့က ဂုဏ်ယူမိပါတယ်။ နှစ်သစ်မှာ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံပါစေ။
ဒေါ်အောင်ဆန်းစုကြည်နှင့် ဂျော့ဆိုးရော့စ် တွေ့
ကိုဝိုင်း | အင်္ဂါနေ့၊ ဇန်နဝါရီလ ၀၃ မဇ္ဈိမ
ချင်းမိုင် (မဇ္ဈိမ) ။ ။ အမေရိကန် အခြေစိုက် Open Society Institute (OSI) ကို ထူထောင်သူ ဂျော့ဆိုးရော့စ် George Soros သည် ဒေါ်အောင်ဆန်းစုကြည်အား တက္ကသိုလ်ရိပ်သာလမ်း သူမနေအိမ်တွင် တနင်္လာနေ့ ညပိုင်းက သွားရောက် တွေ့ဆုံခဲ့ကြောင်း NLD အသိုင်းအဝိုင်းက ပြောသည်။
တနာရီကြာ တွေ့ဆုံမှုသည် ဒေါ်အောင်ဆန်းစုကြည်၏ ပုဂ္ဂိုလ်ရေးကိစ္စဖြစ်သဖြင့် ဆွေးနွေးချက်များကို ဗဟိုဌာနချုပ် မှ မသိရသော်လည်း ပညာရေးကိစ္စများ ပါနိုင်ကြောင်း NLD ဗဟိုအလုပ်အမှုဆောင် ဦးဝင်းတင်က ယူဆသည်။
ဒီပုဂ္ဂိုလ်က သူ့ရဲ့အတွေးအခေါ်မှာ ဆင်းရဲတဲ့ လူတွေကို ပေးဖို့ကမ်းဖို့တို့၊ နိုင်ငံငယ်တွေကို ပေးကမ်းဖို့၊
ကျောင်းသားတွေကို ပေးဖို့ကမ်းဖို့တို့၊ ကျနော်ထင်တယ် အခု ဒေါ်စုကလည်း ပညာရေးကိစ္စကို တော်တော် စိတ်ဝင်စားတဲ့ ပုဂ္ဂိုလ်ဆိုတော့ ဒီကိစ္စမျိုးတွေ ဆွေးနွေးနိုင်မယ်လို့ ယူဆ တယ်ဗျ” ဟု ဦးဝင်းတင်က မဇ္ဈိမကို
ပြောသည်။
သမ္မတဦးသိန်းစိန်နှင့်လည်း ၎င်းနေ့မနက်ပိုင်းတွင် နေပြည်တော်၌ တွေ့ဆုံခဲ့ကြောင်း ဂျော့ဆိုးရော့စ်နှင့် ရန်ကုန်တွင်တွေ့ဆုံခဲ့သူ သမ္မတ စီးပွားရေးအကြံပေး ဒေါက်တာဦးမြင့်က ပြောသည်။
ဒီဇင်ဘာ ၂၆ ရက်နေ့ကတည်းက မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ်အဖြစ် ရောက်နေသည့် ဂျော့ဆိုးရော့သည် အင်းလေးဒေသသို့ သွားရောက်လည်ပတ်ခဲ့ပြီး တနင်္လာနေ့ ညကပင် ကိုယ်ပိုင်လေယာဉ်ဖြင့် ပြန်လည် ထွက်ခွာ သွားပြီ ဖြစ်သည်။
အမေရိကန်အခြေစိုက် OSI ကို ဂျော့ဆိုးရော့စ်က ၁၉၉၃ ခုတွင် ထူထောင်ခဲ့သည်။ ယခုအခါ ဥရောပ၊ အာရှ၊ အာဖရိကနှင့် လက်တင်အမေရိကတို့ရှိ နိုင်ငံ ၇ဝ ကျော်တွင် ရုံးခွဲများထားရှိပြီး လူ့အခွင့်အရေး၊ ပညာရေး၊ ကျန်းမာရေး၊ သတင်းလွတ်လပ်ခွင့်တို့အတွက် အမေရိကန် ဒေါ်လာ သန်း ၈၀၀၀ ကူညီခဲ့ပြီးဖြစ်ကြောင်း အဖွဲ့က ထုတ်ပြန်ထားသည်။
ဒေါက်တာ နေဝင်းမောင် ကွယ်လွန်
မဇ္ဈိမသတင်းဌာန | တနင်္ဂနွေနေ့၊ ဇန်နဝါရီလ ၀၁ မဇ္ဈိမ
The Voice Weekly CEO နှင့် Myanmar Egress ၏ အထွေထွေ အတွင်းရေးမှူး ဒေါက်တာ နေဝင်းမောင် ကွယ်လွန်သွားသည့် အတွက် မဇ္ဈိမအနေဖြင့် ကျန်ရစ်သူ မိသားစုနှင့်အတူ ထပ်တူ ကြေကွဲဝမ်းနည်းရပါသည်။
Living Color Media CEO နှင့် မြန်မာ အီးဂရက်စ်၏ အထွေထွေ အတွင်းရေးမှူး ဒေါက်တာ နေဝင်းမောင်
(အသက် ၅ဝ နှစ်) သည် ဇန်နဝါရီလ ၁ ရက်နေ့ နံနက် ၁ နာရီ ၁ဝ မိနစ်တွင် ရန်ကုန် ပြည်သူ့ဆေးရုံကြီး၌
နှလုံးရောဂါဖြင့် ကွယ်လွန် သွားပါသည်။
ဒေါက်တာ နေဝင်းမောင်၏ ဈာပနကို ဇန်နဝါရီ ၁ ရက်နေ့ နေ့လည် ၂ နာရီတွင် ရေဝေးသုသာန်သို့ ပို့ဆောင် မီးသဂြိုလ် ပြီးစီးကြောင်း သိရသည်။
အကျဉ်းသားများအား ‘လွတ်ငြိမ်းချမ်းသာခွင့်ပြုခြင်း’ ထပ်မံကြေညာ
မဇ္ဈိမသတင်းဌာန | တနင်္လာနေ့၊ ဇန်နဝါရီလ ၀၂ မဇ္ဈိမ
ရန်ကုန် (မဇ္ဈိမ)။ ။ ၆၄ နှစ်မြောက် လွတ်လပ်ရေးနေ့အား ဂုဏ်ပြုသောအားဖြင့် အကျဉ်းသားများအား ‘လွတ်ငြိမ်း ချမ်းသာခွင့်’ ပြုကြောင်း သမ္မတ ဦးသိန်းစိန်က အမိန့်အမှတ် ၁/၂၀၁၂ ဖြင့် တနင်္လာနေ့ ညနေက ထုတ်ပြန် လိုက်သည်။
အဆိုပါအမိန့်ကို ၂..၂၀၁၂ ရက်နေ့ ညနေ ၄ နာရီ ၁၅ မိနစ်က နိုင်ငံပိုင် ရုပ်မြင်သံကြားဌာနဖြစ်သော MRTV-4 မှ ထုတ်လွှင့်သွားခြင်းဖြစ်သည်။
ဤလွတ်ငြိမ်းချမ်းသာခွင့်တွင် သေဒဏ်ကျခံနေရသော အကျဉ်းသားများအား တသက်တကျွန်းအဖြစ် လည်းကောင်း၊ အနှစ် ၃၀ နှင့်အထက် အကျဉ်းကျခံနေရသူများကို နှစ် ၃၀ သို့ လည်းကောင်း၊ နှစ် ၂၀ နှင့်အထက် နှစ် ၃၀ အထိ အကျဉ်းကျခံနေရသူများကို နှစ် ၂၀ သို့ လည်းကောင်း၊ နှစ် ၂၀ အောက် အကျဉ်းကျခံနေသူများကို ပြစ်ဒဏ်၏ လေးပုံတပုံသို့ လည်းကောင်း ပြစ်ဒဏ်လျှော့ချလိုက်ကြောင်း ပါရှိသည်။
၂၀၁၂ ခုနှစ် ဇန်န၀ါရီ ၂ ရက် မတိုင်မီ ပြစ်မှုကျူးလွန်ခဲ့သူအားလုံး အကျုံးဝင်သည်ဟုလည်း ပါရှိသည်။
ထောင်ဒဏ် ၆၅ စီ နှစ် ကျခံနေရသော မင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုမြအေး၊ ကိုဂျင်မီ၊ မနီလာသိန်းတို့အပါအ၀င် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ နှင့် ထောင်ဒဏ် ၉၃ နှစ် ကျခံနေရသော တိုင်းရင်းသားခေါင်းဆောင် ဦးခွန်ထွန်းဦး တို့လွတ်မြောက်လာနိုင်ဖွယ်မရှိပေ။
ယင်းလျှော့ပေါ့ပေးမှုကြောင့် လွတ်မြောက်ခွင့်ရလာသူများကို အင်္ဂါနေ့တွင် စတင်လွှတ်ပေးမည်ဖြစ်ကြောင်း သိရသည်။
ဤအစိုးရသစ်လက်ထက်တွင် မေလ ၁၆ ရက်နေ့နှင့် အောက်တိုဘာ ၁၂ ရက်နေ့တို့တွင်လည်း အလားတူ ပြစ်ဒဏ်လျှော့ပေါ့ ‘လွတ်ငြိမ်းချမ်းသာခွင့်’ ပေးခဲ့ဖူးသည်။
လွတ်ငြိမ်းချမ်းသာခွင့်ကြောင့် လွတ်လာတဲ့နိုင်ငံရေးအကျဉ်းသား နည်းပါး
By မသင်းသီရိ အင်္ဂါ, 03 ဇန်နဝါရီ VOA
နိုင်ငံတော်သမ္မတက လွတ်ငြိမ်းချမ်းသာခွင့်လို့ အမိန့်ထုတ်ပြန် လိုက်တာဟာ ခေါင်းစဉ်လွဲမှားနေပြီး မြန်မာ အစိုးရဟာ ပြည်တွင်းပြည်ပ အပါအဝင် ကမ္ဘာ့အဖွဲ့အစည်းအသီးသီးကို နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးရေးနဲ့ပတ်သက်ပြီး ပေးခဲ့တဲ့ ကတိကဝတ်တွေကို ဖောက်ဖျက်လိုက်တာ ဖြစ်တယ်လို့ NLD ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းတင်က ပြောပါတယ်။ ဒီအကြောင်း အပြည့်အစုံကိုတော့ မသင်းသီရိက တင်ပြပေးထားပါတယ်။
မြန်မာအရပ်သား အစိုးရတက်လာအပြီး တတိယအကြိမ်မြောက် လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ကို ဇန်နဝါရီ () ရက် နေ့စွဲနဲ့ ထုတ်ပြန်ခဲ့တာပါ။ အခု လွတ်ငြိမ်းချမ်းသာခွင့်ပေးတယ်ဆိုပေမယ့် လက်တွေ့မှာ အကျဉ်းသားတွေကို ထောင်ဒဏ်လျှော့ပေးတာမျိုးသာ ဖြစ်နေတာမို့ ဒီလွတ်ငြိမ်းချမ်းသာခွင့် ဆိုတဲ့ခေါင်းစဉ်နဲ့ လွဲနေတယ်လို့ အများက သုံးသပ်ကြပါတယ်။ ပြောင်းလဲလာတဲ့ မြန်မာ့နိုင်ငံရေး အခြေအနေတွေကြား နှစ်ရှည်အကျဉ်းကျနေတဲ့ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်တွေ၊ တိုင်းရင်းသားခေါင်းဆောင်တွေအပြင် တခြားနိုင်ငံရေး အကျဉ်းသားတွေ မကြာခင် လွတ်လာနိုင်တယ် ဆိုပြီးတော့လည်း မျှော်လင့်နေကြတာပါ။
သူတို့အားလုံးကို အမြန်လွှတ်ပေးဖို့ တောင်းဆိုနေတဲ့ ပြည်တွင်းကနိုင်ငံရေး အင်အားစုတွေကိုရော အမေရိကန်အပါအဝင် ဥရောပသမဂ္ဂလိုအဖွဲ့နဲ့အတူ ကုလသမဂ္ဂလို အဖွဲ့ကြီးကိုပါ မြန်မာ အစိုးရက နိုင်ငံရေးအကျဉ်းသားတွေနဲ့ ပတ်သက်ပြီးပေးထားတဲ့ ကတိကဝတ်တွေကို ဒီလွတ်ငြိမ်းချမ်းသာခွင့်အမိန့်က ဖျက်လိုက်တာ ဖြစ်တယ်လို့ NLD ပါတီရဲ့ ဗဟို အလုပ်အမှုဆောင်အဖွဲ့ဝင် သတင်းစာဆရာကြီး ဦးဝင်းတင်က ပြောပါတယ်။
ခေါင်းစဉ်ကိုက လွဲနေတယ်ဗျ။ လျှော့ပေါ့ပေးတာဟာ ရှင်းရှင်းပြောရရင် သမ္မတကိုယ်တိုင်တောင် လုပ်စရာမလိုဘူး။ အကျဉ်းဦးစီးဌာနက အရာရှိတွေလုပ်လို့ရတဲ့ကိစ္စ၊ ဒီကိစ္စဟာ တကမ္ဘာလုံးကို သမ္မတကိုယ်တိုင်အပါအဝင် ဒီအစိုးရတဖွဲ့လုံးက ကမ္ဘာကိုလည်း ကတိပေးခဲ့တယ်၊ ဗမာပြည်ထဲမှာရှိတဲ့ နိုင်ငံရေးအဖွဲ့အစည်းတွေအားလုံးကိုလည်း အသိပေးခဲ့တယ်။ နောက်ပြီးတော့ သူတို့ရဲ့ မိသားစုတွေ ဘာတွေကိုရော မျှော်လင့်ချက်တွေ ပေးခဲ့တယ်။ အဲဒီဟာတွေအားလုံးကို အခုက ကတိကဝတ်တွေကို ဖောက်ဖျက်ပြီးတော့ ဒီအစိုးရဟာ သူတို့ကိုယ်သူတို့ ကမ္ဘာ့လူပုံအလယ်မှာ အရှက်ခွဲတာပဲ။ ကိုယ့်ကိုယ်ကိုယ် အရှက်ခွဲပြတာပဲ။ ကျနော်အဲလိုပဲ ယူဆပါတယ်”
ဒီကနေ့ လွတ်လာတဲ့ စာရင်းတွေထဲ နိုင်ငံရေးအကျဉ်းသားတွေအများအပြားမပါလာပါဘူး၊ ဒီကနေ့ သာယာဝတီထောင် ရှေ့မှာ သတင်းသွားယူနေတဲ့ သတင်းထောက်တဦးက သာယာဝတီထောင်ရှေ့ကအခြေအနေကို အခုလိုပြောပြပါတယ်။
ဟုတ်ကဲ့။ နိုင်ငံရေးအကျဉ်းသားဆိုလို့ တယောက်မှ မပါပါဘူး။ အကုန်လုံးလည်း ထွက်လာကြပါတယ်ဗျ။ အားလုံးပေါင်း ၈၆ ယောက် လို့ပြောတယ်ခင်ဗျ။ ၈၀ က သာမန်အကျဉ်းသားတွေ၊ ကျန်တဲ့ ၆ ယောက်ကတော့ စစ်တပ် ကကျတဲ့ အကျဉ်းသားတွေလို့ သိရပါတယ်။ ဒီလိုမျိုးပေါ့- နိုင်ငံရေးအကျဉ်းသားမိသားစုဝင်တွေက လွတ်လာမယ်လို့ ယုံကြည်ပြီးတော့ ဖြစ်မလာတဲ့အတွက် ဝမ်းနည်းတယ်ပေါ့။ သူတို့အနေနဲ့ ဘယ်လိုထပ်ယုံရမလဲလို့ ပြောနေတယ်ခင်ဗျ။”
ပြည်တွင်း သတင်းထောက်တဦးပါ။ ၂၀၁၂ နှစ်ထဲ ဇန်န၀ါရီလ ၄ ရက် လွတ်လပ်ရေးနေ့နဲ့ လာမယ့် ပြည်ထောင်စုနေ့မှာ တကြိမ် လွတ်ငြိမ်းချမ်းသာခွင့်ရှိနိုင်တယ်လို့ ထင်ကြေးပေးနေကြတဲ့အပေါ် ဦးဝင်းတင်ရဲ့ အမြင်ကတော့
အခု လျှော့ပေါ့ခံရတယ်ဆိုတဲ့သူတွေ၊ ခွန်ထွန်းဦးတို့၊ မင်းကိုနိုင်တို့အပါအဝင်ပေါ့ဗျာ၊ ဒီလူတွေဟာ ဘာမှမျှော်မနေပါနဲ့။ နော်-နောက်ထပ်လည်း ဒီလိုဟာမျိုးကို သူတို့က ပေးတော့မှာမဟုတ်ဘူး။ အဲဒီလိုဆိုခြင်းအားဖြင့် ဘာကို အဓိပ္ပာယ် သက်ရောက်သလဲဆိုတော့ ဒီလူတွေဟာ ဒီအကျဉ်းသား နိုင်ငံရေးခေါင်းဆောင်တွေကို လွှတ်မပေးဘူးလို့ သံဓိဌာန်ချပြီးသားဖြစ်တယ်။ လွတ်မပေးတာကိုလည်း လုပ်တယ်။ ဒါမျိုးနဲ့ပတ်သက်လို့ ကျနော်တို့ကိုယ်တိုင်လည်း၊ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်လည်း ဒီလိုလွဲမှားတဲ့ကတိတွေပေးပြီးတော့ ဘာမှ မလုပ်ဘဲနဲ့ ဒီလိုစော်ကားမော်ကား လုပ်နေတဲ့ဟာတွေကို ဒေါ်အောင်ဆန်းစုကြည်ကလည်း လျှော့ပေါ့ပေးမှာမဟုတ်ဘူး။ အဲဒီတော့ သက်သာရာ သက်သာကြောင်းနဲ့စဉ်းစားမှာမဟုတ်ဘူးလို့ပဲ ကျနော် ယုံပါတယ်။”
NLD ပါတီရဲ့ ဗဟို အလုပ်အမှုဆောင်အဖွဲ့ဝင် သတင်းစာဆရာကြီး ဦးဝင်းတင်ပါရှင်။ အခုလွတ်ငြိမ်းချမ်းသာခွင့် ပေးတယ်ဆိုတဲ့ သမ္မတရဲ့အမိန့်ဟာ သာမန်ရာဇ၀တ်မှုတွေနဲ့ ထောင်ကျနေတဲ့သူတွေအတွက်သာ အကျိုး သက်ရောက်မှုရှိနေတာတွေရတယ်လို့ ရန်ကုန်တိုင်းမ်စ် ဂျာနယ်ရဲ့ အယ်တီတာချုပ် ဦးကိုကို (စက်မှု)က သုံးသပ်ပါတယ်။
နှစ်တိုကျတဲ့အမှုတွေပေါ့လေ၊ အခု ကျနော်တို့လူတွေအကုန် ပြောဆိုနေကြသလို ခိုး၊ ဆိုး၊ လုယက်၊ ခါးပိုက်နှိုက်-စသဖြင့်ပေါ့လေ၊ ချဲဒိုင်ကိုင် အဲဒါမျိုးလူတွေ- အမှုက၊ ပြစ်ဒဏ်နည်းနည်းနဲ့ ကျတဲ့သူတွေအတွက်က သူတို့က အခု မိလိုက်၊ ကျသွားလိုက်။ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွတ်လာလိုက်၊ တချို့ ဝင်တဲ့သူတွေ ပြန်ဝင်သွားလိုက်၊ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်ထွက်လာနိုင်လိုက် ဖြစ်သွားတယ်ဗျ။ အဲဒီတော့ နိုင်ငံတော်ကတော့ စေတနာတခု ရှိကောင်းရှိပါလိမ့်မယ်။ သို့သော် ကျနော်တို့အနေနဲ့ကတော့ လက်ရှိတကယ်ဖြစ်သွားတဲ့ အနေအထား အရတော့ အားလုံးမျှော်လင့်တဲ့ ယုံကြည်ချက်ကြောင့်အကျဉ်းချခံနေရတဲ့သူများရဲ့ လွတ်ငြိမ်းချမ်းသာခွင့်ဆိုတာထက် ဒီလိုမျိုးလူတွေ အတွက်ကို ပိုပြီးတော့အခွင့်အလမ်းသာသွားတဲ့ပုံစံမျိုး ဖြစ်သွားတယ်။ အဲဒါတော့ တော်တော်လေးတော့ စိတ်မကောင်းစရာဖြစ်ပါတယ်”
ရန်ကုန်တိုင်းမ်စ်ဂျာနယ်ရဲ့ အယ်တီတာချုပ် ဦးကိုကို (စက်မှု)ပါ။ နိုင်ငံတော်သမ္မတက ၂၀၁၁ မေလ ၁၇ ရက်နေ့ လွတ်ငြိမ်းချမ်းသာခွင့်တကြိမ် ပြီးခဲ့တဲ့ အောက်တိုဘာလထဲမှာ ဒုတိယအကြိမ်နဲ့ အခု ၂၀၁၂ ဇန်န၀ါရီလ ၂ရက် တတိယအကြိမ် လွတ်ငြိမ်းချမ်းသာခွင့် ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။
တနင်္လာ, 02 ဇန်နဝါရီ 2012
NLD ခွပ်ဒေါင်းတံဆိပ် မှတ်ပုံတင် ကန့်ကွက်ခံရ
By မစုမြတ်မွန် VOA
မြန်မာနိုင်ငံမှာ ကျင်းပမယ့် ရွေးကောက်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်နိုင်ဖို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှာ မှတ်ပုံတင်ထားချိန်မှာ NLD ပါတီက အသုံးပြုတဲ့ အမှတ်တံဆိပ် ခွပ်ဒေါင်းဟာ သူတို့ပါတီက တံဆိပ်နဲ့ ဆင်တူနေတယ်ဆိုပြီး ၈၈ မျိုးဆက် ကျောင်းသား လူငယ်များ (ပြည်ထောင်စုမြန်မာနိုင်ငံ) ပါတီက ကန့်ကွက်လိုက်ပါတယ်။ NLD ကတော့ ရွေးကောက်ပွဲ အတွက် ကိုယ်စားလှယ် စာရင်းပေးရမယ့်ရက် မတိုင်ခင် မှတ်ပုံတင်ခွင့် ကျမယ်လို့ မျှော်လင့်နေသလို ပါတီအနေနဲ့ ရွေးကောက်ပွဲအတွက် လုပ်စရာရှိတာတွေ ဆက်လုပ်သွားမှာဖြစ်တယ်လို့ ပါတီပြောရေးဆိုခွင့် ရှိသူက ပြောခဲ့တဲ့အကြောင်း ဘန်ကောက်ရုံးကနေ ဆက်သွယ်မေးမြန်းထားတဲ့ မစုမြတ်မွန်က တင်ပြထားပါတယ်။
NLD ပါတီက ၁၉၈၈ ခုနှစ်မှာ ပါတီ စတင်ထူထောင်ပြီး ပထမတစ်ကြိမ် မှတ်ပုံတင်ကတည်းက အလံမှာ အသုံးပြုခဲ့တဲ့ ခွပ်ဒေါင်းပုံကို အခုတခါ ထပ်ပြီး ပါတီမှတ်ပုံတင်တဲ့အခါမှာ ပါတီအမှတ်တံဆိပ်နဲ့ ပါတီသင်္ကေတအဖြစ် ထည့်သွင်းထားတာကို ၈၈ မျိုးဆက် ကျောင်းသားလူငယ်များ (ပြည်ထောင်စု မြန်မာနိုင်ငံ) ပါတီက ရွေးကောက်ပွဲ ကော်မရှင်မှာ ကန့်ကွက်လိုက်တာဖြစ်ပါတယ်။ မဲဆန္ဒရှင်တွေ ထင်ယောင်ထင်မှား ဖြစ်မှာစိုးတဲ့အတွက်လို့ အဲဒီပါတီ ဒုတိယဥက္ကဋ္ဌ ကိုသန်းဦးက ဆိုပါတယ်။
ကျနော်တို့ပါတီရဲ့ အလံနဲ့သင်္ကေတက ခွပ်ဒေါင်းတံဆိပ်ကို သုံးထားတယ်။ အခုလည်းပဲ NLD ပါတီက တင်တဲ့ဟာက ခွပ်ဒေါင်းတံဆိပ် ဖြစ်နေတယ်ဗျ။ အဲဒါကြောင့် မဲဆန္ဒရှင် ပြည်သူတွေကနေပြီးတော့မှ ထင်ယောင်ထင်မှား ဖြစ်လာနိုင်တယ်ပေါ့လေဗျာ။ ပြီးတော့ NLD ကို ပေးတဲ့မဲတွေက ကျနော်တို့ပါတီကို ရောက်လာနိုင်သလိုပဲ ကျနော်တို့ပါတီကို ပေးမယ့်မဲတွေကလည်း NLD ကို ရောက်သွားနိုင်တယ်ပေါ့။ အဲဒါကြောင့် လွတ်လပ်တဲ့ တရားမျှတတဲ့ ရွေးကောက်ပွဲက ဖြစ်မလာနိုင်ဘူးပေါ့ဗျာ။ ပြီးတော့ ပြည်သူတွေကလည်း ကိုယ်ပေးချင်တဲ့ပါတီကို တိုက်ရိုက်ပေးခွင့် မရနိုင်ဘူးပေါ့။ အဲဒါကြောင့် ကျနော်တို့က ကန့်ကွက်တာပါ။”
တကယ်တော့ NLD က သူ့အလံမှာပါတဲ့ ခွပ်ဒေါင်းပုံကို သုံးတာက လွန်ခဲ့တဲ့ ၂၃ နှစ်ကတည်းက သုံးနေတာပဲ မဟုတ်ဘူးလားရှင့်။
မှန်ပါတယ်ခင်ဗျ။ နောက်ပိုင်းမှာတော့ ၂၀၀၈ ဖွဲ့စည်းပုံကလည်း အသစ်ပြောင်းသွားတယ်။ နောက်ပြီးတော့ မှတ်ပုံတင်တာတွေလည်း အသစ်ပြောင်းသွားတဲ့အခါမှာ ပြန်ပြီး မှတ်ပုံတင်တဲ့အခါမှာကျတော့ ကျနော်တို့ ပါတီက register ကို စောစောစီးစီး ရထားတယ်ပေါ့ဗျာ။ နောက်ပိုင်းကျမှ ပြန်ပြီးတော့တင်ရတဲ့ ပါတီ ဖြစ်တဲ့အတွက်ကြောင့် သူက ဒီဟာတွေကို စဉ်းစားပြီးမှ လုပ်ရမယ့်အနေအထား ရှိပါတယ်ခင်ဗျ။”
NLD ဘက်ကတော့ အခုလို တခြားပါတီက ကန့်ကွက်နေတာကို တရားဝင် မသိရသေးဘူးလို့ ပြောခွင့်ရသူ ဦးဉာဏ်ဝင်းက ပြောပါတယ်။
တရားဝင်တော့ မသိဘူး။ ကြားတော့ တံဆိပ်ကို ကန့်ကွက်တယ်ဆိုလား၊ ဒါပေမဲ့ ဒါက အရေးမကြီးပါဘူး။ ကျနော်တို့ တံဆိပ်ကလည်း ဘာမှတူတာလည်း မဟုတ်ပါဘူး။ ဘယ်လို အကြောင်းပြချက်နဲ့ ကန့်ကွက်သလဲတော့ ကျနော်လည်း မသိဘူး။”
တကယ်တော့ ၈၈ မျိုးဆက် ကျောင်းသားလူငယ်များ (ပြည်ထောင်စုမြန်မာနိုင်ငံ) ပါတီက ၂၀၁၀ ရွေးကောက်ပွဲအတွက် မှတ်ပုံတင်တုန်းက သူတို့ပါတီက ခွပ်ဒေါင်းတံဆိပ်ကို သုံးခဲ့လို့ ဒါဟာ ကျောင်းသားလှုပ်ရှားမှုသမိုင်း အစဉ်အလာကို ထိခိုက်စေတယ်လို့ ဆိုပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်ကရော လက်ရှိ အကျဉ်းကျနေဆဲဖြစ်တဲ့ ကိုမင်းကိုနိုင်၊ ကိုကိုကြီးတို့ ကိုယ်စားပြုတဲ့ ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့ကရော ကန့်ကွက်ခဲ့ကြပါတယ်။ NLD ပါတီကတော့ ကိုသန်းဦးတို့၊ ကိုအေးလွင်တို့ ပါတီက ကန့်ကွက်နေပေမဲ့ ပါတီမှတ်ပုံတင်ထားတာ အချိန်မှီကျမယ်လို့ မျှော်လင့်ပါတယ်။ ဇန်နဝါရီက ၁၆ ရက်နေ့ကနေ ၃၁ ရက်နေ့ကြားမှာ ရွေးကောက်ပွဲဝင်မယ့် ကိုယ်စားလှယ်တွေ စာရင်းပေးရတော့မှာမို့ အဆိုပြုချင်သူတွေရှိရင် သိနိုင်အောင် ဒီနေ့ပဲ NLD တာဝန်ရှိသူတွေ စည်းဝေးခဲ့ကြပါတယ်။
သက်ဆိုင်ရာတိုင်း၊ သက်ဆိုင်ရာမြို့နယ်က သူတို့ အဆိုပြုချင်တာရှိရင် တင်နိုင်အောင်ဆိုပြီး ကျနော်တို့ ဒီနေ့ပဲ စာထုတ်ပြီးတော့ မေးပါမယ်။”
ဘယ် ကိုယ်စားလှယ်လောင်းတွေက ဘယ်မြို့နယ်မှာ ကိုယ်စားပြုပြီးတော့ ၀င်အရွေးခံမယ်ဆိုတာကို ဘယ်တော့လောက် ဆုံးဖြတ်ပါမလဲ။
ကျနော် ပြောနိုင်တာကတော့ အဲဒီ ၀င်မယ့်ပုဂ္ဂိုလ်တွေကို ဆုံးဖြတ်ဖို့က ကျနော်တို့ ဒီလ ၁၆ ရက်နေ့ မတိုင်ခင်ပေါ့ဗျာ။ အဲဒီလောက်ကျမှ ဆုံးဖြတ်နိုင်မယ်။ ကျနော်တို့ ပြည်နယ်တိုင်းတွေရဲ့ မြို့နယ်တွေရဲ့ ဆန္ဒကိုလည်း တောင်းထားတယ်။ အဲဒီတော့ ဆုံးဖြတ်တာက အဲဒီရက်လောက်ကျမှ ဆုံးဖြတ်နိုင်မယ်။”
ရွေးကောက်ပွဲဝင်မယ့် မြို့နယ်တွေမှာ ရွေးကောက်ပွဲ အောင်နိုင်ရေး အဖွဲ့တွေ ဆက်ပြီး ဖွဲ့သွားဖို့ကိုလည်း NLD က စီစဉ်နေပါတယ်။ လောလောဆယ်မှာတော့ ပါတီဝင်သစ် မှတ်ပုံတင်တဲ့ ကိစ္စတွေကြောင့် လမ်းပေါ်ထွက် စည်းရုံးမဲဆွယ်မှုတွေ မလုပ်နိုင်သေးဘူးလို့ ပြောခွင့်ရသူ ဦးဉာဏ်ဝင်းက ပြောပါတယ်။
အမှန်အတိုင်းပဲ ပြောပါမယ်။ မလုပ်နိုင်သေးဘူး။ ကျနော်တို့ ဒီမှာ ပါတီမှတ်ပုံတင်ကျရင် လုပ်ရမယ့် ပါတီဝင်လျှောက်လွှာ ကိစ္စတို့၊ အောင်နိုင်ရေး မြို့နယ်အဆင်အထိ ကိစ္စတို့ လုပ်ငန်းတွေကလေ အပြင်ထွက် မလုပ်နိုင်သေးဘူး။ ဒီမှာပဲ ညှိနှိုင်းပြီး လုပ်နေရတာတွေက သိပ်များတယ်။ အလုပ် သိပ်များနေပါတယ်။”
NLD က ရွေးကောက်ပွဲတွေ ဝင်မယ်လို့ တရားဝင် ကြေညာခဲ့ပြီးတဲ့နောက် ခေါင်းဆောင်တွေဖြစ်ကြတဲ့ ဦးတင်ဦးနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ကိုယ်တိုင် ဒီဇင်ဘာလ ၂၃ ရက်နေ့က နေပြည်တော်သွားပြီး ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဆီမှာ မှတ်ပုံတင်ခဲ့တာဖြစ်ပါတယ်။ ကြားဖြတ် ရွေးကောက်ပွဲတွေကို ဒီနှစ် ဧပြီလ ၁ ရက်နေ့မှာ ကျင်းပမယ်လို့ ပြီးခဲ့တဲ့ရက်ပိုင်းကပဲ အစိုးရက ကြေညာထားပါတယ်။ ကြားဖြတ် ရွေးကောက်ပွဲအတွက် ပြည်သူ့လွှတ်တော်မှာ နေရာ ၄၀၊ အမျိုးသားလွှတ်တော်မှာ ၆ နေရာနဲ့ တိုင်းဒေသကြီး လွှတ်တော်မှာ ၂ နေရာ စုစုပေါင်း မဲဆန္ဒနယ် ၄၈ နေရာ လစ်လပ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်က ဒီမိုကရေစီရေး သဘောထားများကို နှစ်သစ်အစီအစဉ်မှာ ပြောကြား
2012-01-02 RFA
၂ဝ၁၂ ခုနှစ်အတွက် အာအက်ဖ်အေရဲ့ အစီအစဉ်သစ်မှာ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် က သူ့ရဲ့ ဘဝ အတွေ့အကြုံတွေနဲ့ ဒီမိုကရေစီရေး သဘောထားတွေ အတွေးအခေါ်တွေ အကြောင်းကို ထုတ်ဖော် ပြောကြားသွားပါတယ်။
တိုင်းပြည်မှာ ပြည်သူတွေ ဆင်းရဲတွင်း နစ်နေတာကို စိတ်ပျက်လက်ပျက် ဖြစ်မနေကြ ဘဲ ပစ္စုပ္ပန်နဲ့ အနာဂတ်အတွက် ကနေ့ အချိန်မှာပဲ စတင်ပြီး တက်တက်ကြွကြွ လက်တွဲ လုပ်ကိုင်စေချင်တယ်လို့လည်း ပြောပါတယ်။
လာမယ့် ရွေးကောက်ပွဲအတွက် ပြင်ဆင်ထားပုံတွေနဲ့ ဒီမိုကရေစီ နည်းကျတဲ့ ရွေးကောက်ပွဲ ဖြစ်ဖို့ ပြည်သူတွေအနေနဲ့ သိနားလည် ထားသင့်တာတွေ ရှိတယ်လို့ လည်း ရှင်းလင်း ပြောကြားသွား ပါတယ်။
အာအက်ဖ်အေ ဦးခင်မောင်စိုး တင်ဆက်တဲ့ ဒီအစီအစဉ်ကို နားဆင်နိုင်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်၏ ဒီမိုကရေစီရေး သဘောထား။
အသံဖိုင်ယူရန်။
ကြားဖြတ်ရွေးကောက်ပွဲအတွက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပြင်ဆင်
2012-01-02 RFA
ဧပြီလ ၁ ရက်မှာ ကျင်းပမယ့် ကြားဖြတ် ရွေးကောက်ပွဲအတွက် ပြည်နယ်တိုင်း အသီးသီးက အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ကိုယ်စားလှယ်လောင်း အမည်စာရင်းတွေကို ပါတီ ဗဟို ရွေးကောက်ပွဲ အောင်နိုင်ရေးအဖွဲ့ဆီ ဒီလ ၁၁ ရက် နောက်ဆုံးထားပြီး ပေးပို့ဖို့ ဒီကနေ့ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
ကိုယ်စားလှယ်လောင်း ရွေးချယ်ရာမှာ အမျိုးသမီး၊ တိုင်းရင်းသားနဲ့ လူငယ်တွေကို ဦးစားပေး ရွေးချယ်သွားမယ်လို့ ပြန်ကြားရေးတာဝန်ခံ ဦးအုံးကြိုင်က အာရ်အက်ဖ်အေကို ပြောပါတယ်။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ အကျိုး တခုတည်းကို မကြည့်ဘဲ နိုင်ငံနဲ့ ပြည်သူတစ်ရပ်လုံး၏ အကျိုးနှင့် ဒီမိုကရေစီရေးတို့ကို ရှေးရှုလျက် ရွေးကောက်ပွဲဝင်ခြင်း ဖြစ်ပါသည်။ ထို့ကြောင့် ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် လစ်လပ်လျက်ရှိသော မဲဆန္ဒနယ်မြေများအလိုက် သက်ဆိုင်ရာ ပြည်နယ်၊ တိုင်း၊ ခရိုင် နှင့် မြို့နယ်များမှ ကိုယ်စားလှယ်လောင်းများ လျာထားသည့်စာရင်း တစ်ဦးစီကို ဗဟိုအောင်နိုင်ရေးအဖွဲ့သို့ ၁၁ ရက်၊ ၁ လ၊ ၂ဝ၁၂ ခု ရက် ဗုဒ္ဓဟူးနေ့ညနေ ၄ နာရီ နောက်ဆုံးထား၍ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဌာနချုပ်သို့ ပေးပို့ကြရန် ဖြစ်ပါသည်”
ဒါ့အပြင် ကိုယ်စားလှယ်လောင်းများဟာ ဒီမိုကရေစီရေးကိုသစ္စာစောင့်သိသူ၊ ပညာအရည်အချင်းနဲ့ အလုပ်အကိုင်အတွေ့အကြုံ ရှိသူများလည်း ဖြစ်ရမယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ကိုယ်စားလှယ်လောင်းတွေရဲ့ အမည်စာရင်းတွေကို ဗဟို အောင်နိုင်ရေးအဖွဲ့က အတည်ပြုမယ်လို့ ဆိုပါတယ်။
ကြားဖြတ်ရွေးကောက်ပွဲအတွက် အောင်နိုင်ရေးအဖွဲ့ စာရင်းတွေကိုလည်း ဒီလ ၁၁ ရက် နောက်ဆုံးထား ပေးပို့ဖို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
မဏိပူပြည်နယ် အင်ဖားမြို့နဲ့ မန္တလေးအကြား ဘတ်စကားပြေးမယ်
2012-01-02 RFA
အိန္ဒိယနိုင်ငံ မဏိပူပြည်နယ် အင်ဖားမြို့တော်နဲ့ မန္တလေးမြို့အကြား ခရီးသည်တင် ဘတ်စ်ကား ပြေးဆွဲမယ့် အစီအစဉ်ကို ရှေ့လ ဖေဖော်ဝါရီလ အတွင်းမှာ စတင်နိုင်ဖွယ် ရှိတယ်လို့ အိန္ဒိယ အစိုးရက ပြောပါတယ်။
အဲဒီအတွက် မြန်မာနိုင်ငံကနေ ဘတ်စကားနဲ့ နယ်စပ်ကို ဖြတ်ကျော်ပြီး မဏိပူပြည်နယ် အင်ဖားမြို့ကို လာရောက်မယ့် ခရီးသည်တွေကို မန္တလေးမြို့မှာရှိတဲ့ အိန္ဒိယ ကောင်စစ်ဝန်ရုံးက ဗီဇာ ထုတ်ပေးမှာဖြစ်ပါတယ်။
အပြန်အလှန်အားဖြင့် အိန္ဒိယပိုင် မဏိပူပြည်နယ် အင်ဖားမြို့မှာ ဗီဇာရုံး လာရောက်ဖွင်လှစ်ဖို့ အိန္ဒိယ အစိုးရက မြန်မာအစိုးရကို ပြောဆိုထားကြောင်း အိန္ဒိယ မြန်မာ နယ်စပ်အရေး လေ့လာသူတစ်ဦးက ပြောပါတယ်။
နှစ်နိုင်ငံ အစိုးရအနေနဲ့ အကြမ်းဖျင်း သဘောတူတယ်။ မြန်မာဘက်က လာပြီး ဗီဇာရုံးကို အင်ဖာမှာဖွင့်ဖို့၊ ခွင့်ပြုချက်ရင် အင်ဖားကနေ ကားနဲ့ မြန်မာနယ်စပ် မိုးရေးကို သွားမယ်။ အဲဒါပြီးရင် ဟိုဘက်ကမ်းကို ကူးပြီးရင် တမူး-နန်းဖာလုံကနေ မန္တလေးကို မြန်မာပြည်က ကားနဲ့ ပြန်သွားမယ်။ အိန္ဒိယက ကားက ဘယ်မောင်း၊ မြန်မာပြည်က ညာမောင်း။ တိုက်ရိုက် သွားဖို့ဆိုတာ မဖြစ်နိုင်ဘူး။ နှစ်နိုင်ငံ ကားတွေ မလွယ်ဘူး”
အဲဒီလို နှစ်နိုင်ငံအကြား ဘတ်စ်ကားလိုင်း ပြေးဆွဲမယ်ဆိုရင် မဏိပူပြည်နယ် အပါအဝင် အိန္ဒိယနိုင်ငံ အရှေ့မြောက်ဒေသ တစ်ခုလုံးက မြန်မာနိုင်ငံနဲ့ ကူးလူး ဆက်ဆံမှုတွေ ရှိလာမှာဖြစ်သလို မြန်မာနိုင်ငံဘက်ကနေလည်း ဗုဒ္ဓဂယာ ဘုရားဖူး ခရီးစဉ်တွေကိုလည်း နယ်စပ်ဖြတ်ကျော်ပြီး ကုန်ကျစရိတ် သက်သက်သာသာနဲ့ သွားလာနိုင်ပါမယ်။
ဒါအပြင် မန္တလေးတဝိုက်မှာ ရှေးရှေးကတည်းက နေထိုင်လာကြတဲ့ မဏိပူ ကသည်း အနွယ်တွေလည်း မဏိပူပြည်နယ်ကို တရားဝင် သွားရောက်နိုင်မှာ ဖြစ်ပါတယ်။
ဖျာပုံ လွတ်လပ်ရေးနေ့ ဗိုလ်ချုပ်နဲ့ ဒေါ်အောင်ဆန်းစုကြည်ပုံ ရောင်းချခွင့်ပိတ်
2012-01-03 RFA
ဧရာဝတီတိုင်း ဖျာပုံမြို့မှာ ကျင်းပနေတဲ့ လွတ်လပ်ရေးနေ့ ပွဲတော်မှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဖျာပုံမြို့နယ် အဖွဲ့ဝင်တွေက ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ ပုံတွေနဲ့ တီရှပ်တွေ၊ သော့ချိတ်တွေ ရောင်းတာကို တိုင်းဝန်ကြီးချုပ်အမိန့်နဲ့ မနေ့ညက တားမြစ်လိုက်ပါတယ်။
ဇန်နဝါရီ ၂ ရက်ကနေ ၅ ရက်ထိ ကျင်းပမယ့် အဲဒီပွဲတော်မှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ရွေးကောက်ပွဲ အောင်နိုင်ရေး ဗဟိုအဖွဲ့ဝင် ကိုသိန်းဆွေ ဦးစီးပြီး အင်န်အယ်လ်ဒီ မြို့နယ်အဖွဲ့ ရန်ပုံငွေ ဈေးရောင်းပွဲအတွက် ပွဲခင်းထဲမှာ ဆိုင်ခန်း ၄ ခန်းငှားပြီး ရောင်းချနေတာပါ။
အခုတော့ ဖျာပုံမြို့နယ် အုပ်ချုပ်ရေးမှူး လက်မှတ်ထိုးပြီး တားမြစ်လိုက်တာလို့ ကိုသိန်းဆွေက အာရ်အက်ဖ်အေကို ပြောပါတယ်။
ဦးသိန်းစိန်အစိုးရနဲ့ အင်န်အယ်လ်ဒီ အဖွဲ့ချုပ်တို့ ပြေလည်မှုရှိပြီး အမျိုးသား ပြန်လည်သင့်မြတ်ရေး ဆောင်ရွက်လာတဲ့ နောက်ပိုင်း ရန်ကုန် မန္တလေးမြို့တွေမှာ အခုလို ဈေးရောင်းပွဲတွေ လွတ်လွတ်လပ်လပ် လုပ်ခွင့်ရနေပေမယ့် ဖျာပုံမြို့နယ်မှာ တားမြစ်ခံရတာဟာ မဖြစ်သင့်ဘူးလို့ ကိုသိန်းဆွေက ပြောပါတယ်။
အခုလို တားမြစ်တာကို အင်န်အယ်လ်ဒီ (ဖျာပုံ) အဖွဲ့က အင်န်အယ်လ်ဒီ (ဗဟို) ကို အကြောင်းကြားထားပြီး ဈေးရောင်းပွဲကို ဆက်လက် လုပ်ဆောင်နေတယ်လို့ ကိုသိန်းဆွေကပြောပါတယ်။
ဖျာပုံ အမျိုးသားဒီမိုကရေစီ ဈေးဆိုင် ရောင်းချမှု အာဏာပိုင်များ ဟန့်တား
Published on January 3, 2012 by ကိုထွေး · DVB
ဧရာဝတီတိုင်း ဖျာပုံမြို့နယ်နဲ့ ခရိုင်အာဏာပိုင်တွေက လွတ်လပ်ရေးနေ့ ပွဲတော်မှာ ရောင်းချတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရန်ပုံငွေဈေးဆိုင်ကို ဆက်မရောင်းဖို့ တားမြစ်ခဲ့ပါတယ်။
ဖျာပုံမြို့နယ်နဲ့ ခရိုင် အုပ်ချုပ်ရေးအာဏာပိုင်များက ဧရာဝတီတိုင်း ဝန်ကြီးချုပ်အမိန့်နဲ့ လွတ်လပ်ရေးနေ့ ဈေးရောင်းပွဲတော်မှာ ရောင်းချနေတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ဆိုင်ခန်းတွေကို မရောင်းချဖို့ စာထုတ်ပြန် တားမြစ်ခဲ့ပါတယ်။
ဈေးဆိုင်ခန်းတွေကို တာဝန်ယူရောင်းချနေတဲ့ အန်အယ်လ်ဒီအဖွဲ့ဝင် ကိုသိန်းဆွေက “၂ ရက်နေ့ မနက်ကတည်းက စရောင်းတယ်။ မြို့နေလူထုက အုတ်အုတ်ကျက်ကျက်ကို လာပြီးတော့ အားပေးတယ်။ နောက်တခါ ကျေးရွာအသီးသီးမှာ ရောက်နေတဲ့ အဆက်သွယ်ပြတ်နေတဲ့ လူတွေကလည်း ဒီမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဈေးရောင်းပွဲလုပ်နေတဲ့အခါမှာ ပြန်ပြီးတော့ ဆက်သွယ်ကြတယ်။ ဆက်သွယ်ရေးလမ်းကြောင်းပြန်ဖွင့်ကြတယ်။ အဲသလိုမျိုး အားပေးထောက်ခံမှုတွေကို အင်နဲ့အားနဲ့ အုန်းအုန်းကျွက်ကျွက် လုပ်နေတာကို တွေ့တဲ့အခါကျတော့ တနေကုန် ဘာမှမပြောဘဲ ည ၈ နာရီ ၁၅ လောက်ကျမှ မြို့နယ် အုပ်ချုပ်ရေးမှူးကနေ ဖုန်းဆက်ပြီး တိုင်းဝန်ကြီးချုပ်က စာရောက်နေပါတယ်ပေါ့။ ဒါကြောင့် ၉ နာရီလောက်မှာ လာယူဖို့ အကြောင်းကြားတယ်” လို့ ပြောပါတယ်။
တားမြစ်မှုနဲ့ပတ်သက်လို့ ကိုသိန်းဆွေက “ဘာကြောင့် တားတယ်လို့ ထင်သလဲဆိုတော့ ကျနော်တို့မြို့နယ်က တော်တော်ကြီးကို ဆက်သွယ်ရေး လမ်းကြောင်းတွေက ပြတ်တောက်ထားတယ်။ အခုချိန်မှာ ပြန်ပြီး ဆင်းပြီးအားယူတဲ့အချိန်၊ ရွေးကောက်ပွဲမှာ ဖျာပုံနဲ့ ဒေးဒရဲမှာ အမျိုးသားလွှတ်တော် တနေရာလည်း လွတ်တယ်လေ။ အဲဒီနေရာမှာ လှုပ်ရှားမှုကို အရှိန်မကောင်းအောင် ဟန့်တားတယ်လို့ ကျနော်တော့ ဒီလိုပဲ သုံးသပ်မိတယ်” လို့ ပြောပါတယ်။
ဖျာပုံလွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဈေးရောင်းပွဲကို ဇန်နဝါရီလ ၂ ရက်နေ့မှ ၅ ရက်နေ့အထိ ကျင်းပနေတာ ဖြစ်ပါတယ်။
အန်အယ်လ်ဒီက ဆိုင်ခန်းနေရာတခုကို ငွေ ၂ သောင်းခွဲနဲ့ ဆိုင်ခန်း ၄ခန်းစာ ရယူကာ ဗိုလ်ချုပ်အောင်ဆန်းပုံ၊ အန်အယ်လ်ဒီ အထိမ်းအမှတ် အလံ၊ ဒေါ်အောင်ဆန်းစုကြည်ပုံပါတဲ့ တီရှပ်၊ ပြက္ခဒိန်များနှင့် မုန့်ဟင်းခါးတို့ကို ရောင်းချခဲ့ပါတယ်။
ဒီရောင်းချမှုကို မနေ့ညနေမှာ ‘တိုင်းဝန်ကြီးချုပ်က ခွင့်မပြုရန်ဆိုတဲ့ မှတ်ချက်ပါစာကို ကိုသိန်းဆွေတို့ကိုပေးပြီး ဆိုင်ပိတ်ခိုင်းခဲ့ပေမယ့် ဒီကနေ့ထိ ဆက်လက်ရောင်းချနေပါတယ်။ သက်ဆိုင်ရာကလည်း ဆက်မတားတော့ဘဲ မနေ့က တားမြစ်တဲ့စာကိုသာ လာပြန်တောင်းနေတယ်လို့ ဆိုပါတယ်။
ဒေသခံတွေက အန်အယ်လ်ဒီ ရောင်းချတဲ့ဆိုင်ကို အားပေးခဲ့တဲ့အတွက် တရက်ကို အနည်းဆုံး ၁၀ သိန်းကျော်လောက် ရောင်းချရတယ်လို့ ဆိုပါတယ်။
လွတ်လပ်ရေးပွဲ မစမီ ဆိုင်ခန်းဖွင့်ဖို့ ပြင်ဆင်နေတုန်းကလည်း မြို့နယ်နဲ့ ခရိုင်အုပ်ချုပ်ရေး အာဏာပိုင်တွေက ကိုသိန်းဆွေကို ကြိုတင်ပြီး မရောင်းဖို့ တားမြစ်ခဲ့ပါသေးတယ်။ အဲဒီတုန်းက တရားဝင်စာထုတ်ပေးဖို့ တောင်းဆိုခဲ့ပေမယ့် စာထုတ်ပေးဖို့ ငြင်းဆိုတယ်လို့ ကိုသိန်းဆွေက ပြောပါတယ်။
လွတ်ငြိမ်းချမ်းသာခွင့်အမိန့်နှင့်ပတ်သက်ပြီး ဝေဖန်သုံးသပ်ချက်များ
Published on January 3, 2012 by နော်နိုရင်း · DVB
ဒီနှစ်သစ် ဇန်ဝါရီလ ၂ ရက်နေ့ ညနေ ၄ နာရီမှာ သမ္မတဦးသိန်းစိန်အမိန့်နဲ့ အကျဉ်းသား လွတ်ငြိမ်းချမ်းသာခွင့်ကို ကြေညာလိုက်ပါတယ်။
ဒါပေမယ့် ဒီလွတ်ငြိမ်းချမ်းသာခွင့် အမိန့်ဟာ စစ်မှန်တဲ့ လွတ်ငြိမ်းချမ်သာခွင့်မဟုတ်ဘဲ နိုင်ငံရေးအကျဉ်းသားအတော်များများလွတ်ဖို့ အလားအလာ နည်းနေတယ်လို့ ဝေဖန်သုံးသပ်မှုတွေ ရှိနေပါတယ်။
၆၄ နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုတဲ့အနေနဲ့ သမ္မတ ဦးသိန်းစိန်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ကို နိုင်ငံပိုင် ရုပ်သံလိုင်းနဲ့ ရေဒီယိုတွေက ဇန်နဝါရီလ ၂ ရက်ညနေ ၄ နာရီမှာ ကြေညာသွားခဲ့ပါတယ်။
လွတ်ငြိမ်းချမ်းသာခွင့်အရ သေဒဏ်ချမှတ်ခံရသူတွေကို ထောင်ဒဏ်တသက်၊ ထောင်ဒဏ်တသက် အထိ မဟုတ်ဘဲ နှစ် ၃ဝ အထက် ကျခံနေရတွေကို နှစ် ၃ဝ၊ နှစ် ၂ဝ ကနေ နှစ် ၃ဝ အထိ ကျခံနေရသူတွေကို နှစ် ၂ဝ၊ နှစ် ၂ဝ အောက် ကျခံနေရသူတွေကို ချမှတ်ထားတဲ့ ထောင်ဒဏ်ရဲ့ လေးပုံတပုံ အသီးသီး လျှော့ပေါ့လိုက်ကြောင်း ကြေညာသွားခဲ့ပါတယ်။
ဒီလွတ်ငြိမ်းချမ်းသာမိန့်နဲ့ပတ်သက်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဉာဏ်ဝင်းကတော့ ဒီအမိန့်ဟာ နိုင်ငံရေးအကျဉ်းသားတွေအတွက် သတ်မှတ်ထုတ်ပြန်တဲ့ အမိန့်မဟုတ်ဘူးလို့ ပြောပါတယ်။
နိုင်ငံရေးအကျဉ်းသားတွေအတွက် သတ်မှတ်ပြီး ထုတ်ပြန်တဲ့အမိန့်မဟုတ်ဘူး။ နောက်ပြီး လွတ်ငြိမ်းချမ်းသာခွင့် ဆိုတာထက် ပြစ်ဒဏ်လျှော့ပေါ့တဲ့ အမိန့်ပဲလေ။ အဲတော့ လွတ်တာတော့ ဘယ်သူလွတ်လွတ် အန်ကယ်တို့က ဝမ်းသာတယ်။ ဒါပေမယ့် နိုင်ငံရေးအကျဉ်းသားတွေ အထူးသဖြင့် လွတ်စေချင်တယ်။”
ဒီလွတ်ငြိမ်းချမ်းသာခွင့်အမိန့်ဟာ ကစားကွက်တခုသာဖြစ်ပြီး အစိုးရအနေနဲ့ ရိုးသားမှု မရှိဘူးလို့ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့က နိုင်ငံရေးအကျဉ်းသူဟောင်း မဇင်မာအောင်က ပြောပါတယ်။
ကျမတို့အားလုံး ဖြစ်စေချင်တာတွေက နိုင်ငံရေးအကျဉ်းသား လွှတ်ခြင်းကိစ္စနဲ့ ဒီမိုကရေစီအသွင်ပြောင်းလဲရေးကိစ္စတွေဟာ အင်မတန်အရေးကြီးတဲ့ ဆက်စပ်မှုတခုလို့ ကျမတို့ကမြင်တယ်။ ဒါကြောင့်မို့လည်း တကယ့် ဒီမိုကရက်တစ် အပြောင်းအလဲမှာ ပါနိုင်တဲ့ ၈၈ ကျောင်းသားခေါင်းဆောင်တွေ အပါအဝင် တခြားသော နိုင်ငံရေးအကျဉ်းသားတွေ အကုန်လုံးကို လွှတ်ပေးဖို့၊ လွှတ်ပေးမယ်လို့လည်း မျှော်လင့်ထားကြတယ်။ ဒါပေမယ့် အဲ့လို မျှော်လင့်ထားပြီး ဖြစ်မလာဘူး။ ကစားကွက်တခုလို လုပ်နေတယ်လို့ မြင်တယ်။ ကျားကစားသလိုပဲဖြစ်ဖြစ်၊ စစ်တုရင်ကစားသလိုပဲဖြစ်ဖြစ် ထိုးကျွေးလိုက်။ စားလိုက် တကွက်တက်ဖို့လုပ်လိုက် အဲလိုမျိုးပုံစံပဲ မြင်တယ်။”
လာမယ့် ၁၂ ရက်နေ့မှာ အစိုးရနဲ့ အပစ်ခတ်ရပ်စဲရေး သွားရောက် ဆွေးနွေးဖို့ရှိတဲ့ ကရင်အမျိုးသားအစည်းအရုံးကတော့ ဒီအစိုးရကို ယုံကြည်တယ်၊ မယုံဘူးဆိုတာကို ပြောဖို့ အချိန်စောသေးတယ်လို့ ကေအန်ယူ ငြိမ်းချမ်းရေးကော်မတီ အတွင်းရေးမှူး ပဒို ဒေးဗစ်ထောက ပြောပါတယ်။
အခုဖြစ်တဲ့ လွတ်ငြိမ်းချမ်းသာခွင့်က သူတို့ရည်ရွယ်ချက်က တခုခုဖြစ်မယ်လို့ အဲလိုခန့်မှန်းတယ်။ ဘာလို့လဲဆိုတော့ ဝန်ကြီးဦးအောင်မင်း ပြောသွားတဲ့ ဒီအကျဉ်းသားတွေ လွတ်မယ်ဆိုတဲ့ကိစ္စက ကျနော်တို့ အချိန်နည်းနည်း စောင့်ကြည့်ဖို့လိုတယ်။ ဇန်နဝါရီ ၄ ရက်ဆိုတော့လည်း ရက်က သိပ်မလိုတော့ဘူး။ အဲဒီမှာ ဘယ်သူတွေပါမလဲ။ နောက် ဖေဖော်ဝါရီ ၁၂ ရက်နေ့မှာ ဘယ်သူတွေပါမလဲ။ ဒါက နိုင်ငံရေးအကျဉ်းသားလို့ သတ်မှတ်ထားတဲ့ လူပုဂ္ဂိုလ်တွေ ပါဝင်မယ်လို့ပဲ ကျနော်တို့ယုံကြည်တယ်။ ပြစ်မှုတွေနဲ့ ပတ်သက်ပြီး လျှော့ပေးတာ၊ လွှတ်ပေးတာတွေက တသီးတခြားများ ဖြစ်နေမလားဆိုတာ စောင့်ကြည့်ဖို့တော့ လိုအပ်မယ်လို့ ထင်ပါတယ်။ အခုဒီလိုဖြစ်လာတဲ့ အနေအထားပေါ်မှာ မယုံဘူး၊ ယုံတယ်ပြောနေတာကတော့ နည်းနည်းစောပါသေးတယ်။”
အခုတစ်ခေါက် လွတ်ငြိမ်းချမ်းသာခွင့် ပေးတာဟာ သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်မှာ တတိယအကြိမ်မြောက် ဖြစ်ပါတယ်။ ပထမတကြိမ် ၂၀၁၁ ခု မေလတုန်းက အကျဉ်းသား ၁၄,၀၀၀ ကျော်နဲ့ ဒုတိယ တခေါက် ၂၀၁၁ အောက်တိုဘာလမှာ အကျဉ်းသား ၆,၃၀၀ ကျော်ကို လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွှတ်ပေးခဲ့ပါတယ်။
ကျောင်းသားနှင့် အလုပ်သမား မျိုးဆက်များ တွေ့ဆုံမည်
Published on January 3, 2012 by ရွှေအောင် · DVB
၁၉၆၂ ခုနှစ်မှ ၂၀၀၇ အတွင်း ဖြစ်ပေါ်ခဲ့တဲ့ ကျောင်းသားနဲ့ အလုပ်သမားလှုပ်ရှားသူတွေ ပထမအကြိမ် တွေ့ဆုံကြမယ်လို့ သိရပါတယ်။
ဇန်နဝါရီလ ၄ ရက်၊ လွတ်လပ်ရေးနေ့ မနက်ပိုင်းမှာ ရန်ကုန်၊ မရမ်းကုန်းမြို့နယ်၊ ရှစ်မိုင်လမ်းဆုံက ပေါက်စေတီကျောင်းတိုက်မှာ တွေ့ဆုံကြမှာ ဖြစ်ပါတယ်။
အခုလိုတွေ့ဆုံဖို့လုပ်ရတဲ့ အဓိကကျတဲ့ အကြောင်းရင်းနှစ်ခုရှိတယ်လို့ စီစဉ်သူတဦးဖြစ်တဲ့ ၁၉၇၄ ကျောင်းသားလှုပ်ရှားမှုမှာ ပါဝင်ခဲ့သူ ဦးရာကျော်က ပြောပါတယ်။
ကျနော်တို့ အသက်တွေကလည်း ၆၀ တန်းတွေပေါ့။ ဆုံးပါးတဲ့လူလည်း ဆုံးပါးကုန်ပြီ။ အဲဒီမှာ သမိုင်းမှတ်တိုင်လေးတွေ ရှိခဲ့တယ်။ အလှည့်လိုက်ပေါ့။ အခုလာတဲ့ မျိုးဆက်တွေဆိုရင် အဲဒီသမိုင်းမှတ်တိုင်ကို မသိကြဘူး။ အဲတော့ အဲဒီပြတ်နေတဲ့ ကွင်းဆက်လေးတွေကို ကျနော်တို့ ချိတ်ပေးတဲ့သဘောပါ။ နှစ်အလိုက် ဘဝကို ပေးဆပ်ခဲ့ရတဲ့သူတွေရှိတယ်။ အဲဒီလူတွေက အပြင်ရောက်တဲ့အခါမှာ တချို့လည်းပဲ ဘဝရပ်တည်ဖို့အတွက် ခက်ခက်ခဲခဲ ကြိုးပမ်းခဲ့ရတယ်။ တချို့လည်း အဆင်ပြေတဲ့သူတွေ ရှိတယ်။ တွေ့တဲ့အခါမှာ စုပေါင်းပြီးတော့ အဲဒီလူတွေရဲ့ သာရေး၊ နာရေး၊ ကျန်းမာရေး ဝန်ဆောင်မှုကိစ္စတွေကို ဘယ်လိုဖြေရှင်းပေးနိုင်မလဲဆိုတာကို ဆွေးနွေးချင်တဲ့ ရည်ရွယ်ချက်ပါပဲ။”
ဒါ့အပြင် ၁၉၆၂ ခုကနေ ၂၀၀၇ အတွင်း ဖြစ်ပွားခဲ့တဲ့ ကျောင်းသားနဲ့ အလုပ်သမားလှုပ်ရှားမှုတွေကို ဒီနေ့ခေတ် လူငယ်တွေ သိစေချင်လို့ အခုလိုတွေ့ဆုံဖို့ လုပ်တာလို့လည်း ဦးရာကျော်က ဆက်ပြောပါတယ်။
အထူးသဖြင့် နောက်ပိုင်း မြန်မာ့နိုင်ငံရေး သမိုင်းမှာ ၈၈ တွေပဲ အဓိက သိကြတဲ့သဘောပေါ့။ ကျန်တဲ့ ၆၂ ကနေ၊ ၈၈ ကြားကာလက လူတွေက မှေးမှိန်တဲ့သဘောပေါ့။ အဲဒါကို ကျနော်တို့က ပြန်တွေ့ဆုံပြီးတော့ ချိတ်ဆက်ပေးပြီး သမိုင်းလေးကို ပြန်ပြီးတော့ နောင်လာမယ့် မျိုးဆက်တွေလည်း သိစေချင်တယ်။ မြန်မာနိုင်ငံရေးသမိုင်းကို စိတ်ဝင်စားတဲ့သူတွေလည်း ဒီအဖြစ်အပျက်တွေက တကယ်ရှိခဲ့ပါလား ဆိုတာလည်း သိစေချင်တဲ့သဘောပါ။”
မြန်မာတပြည်လုံးမှာရှိတဲ့ ၆၂ခု၊ ၇၄၊ ၇၅နဲ့ ၈၈၊ ၉၆ မျိုးဆက်တွေအပါအဝင် ကျောင်းသားနဲ့အလုပ်သမား လှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့ကြတဲ့ မျိုးဆက်အားလုံးကို ဖိတ်ကြားထားတယ်လို့လဲ ပြောပါတယ်။
တွေ့ဆုံပွဲမှာ ၆၂မှသည် ၂ဝဝရထိ မျိုးဆက်အသီးသီးက ပေးပို့လာတဲ့ သဝဏ်လွှာတွေကို ဖတ်ကြားမယ့် အစီအစဉ်လည်း ပါဝင်မယ်လို့ သိရပါတယ်။
လွတ်မလာခြင်း ရုပ်ရှင်ပွဲတော်ဟု ဇာဂနာပြော
Published on January 3, 2012 by ရွှေအောင် · DVB
လွတ်လပ်ခြင်း အနုပညာပွဲတော်ကို သုံးရက်တိုင်တိုင် ကျင်းပခဲ့ပြီး ဇန်န၀ါရီလ ၄ ရက် လွတ်လပ်ရေးနေ့ ညနေပိုင်းမှာ ဆုရတဲ့ ရုပ်ရှင်ကားတွေကို ကြေညာပြီး ဆုပေးတော့မှာ ဖြစ်ပါတယ်။
ထူးခြားချက်အနေနဲ့ ရုပ်ရှင်ပွဲတော်မှာပြသခဲ့တဲ့ ဆန်ကာတင်ကား ၅၄ ကားထဲမှာ ကား ၅၀ လောက်ဟာ ရုပ်ရှင်လောကက မဟုတ်တဲ့ မျက်နှာသစ်လူငယ်တွေချည်း ဖြစ်တယ်လို့ ဆိုပါတယ်။
ပွဲကျင်းပရေးအမှုဆောင် တဦးဖြစ်တဲ့ သရုပ်ဆောင် ဒါရိုက်တာ ကိုသူရ ခေါ် ဇာဂနာက သူ့တသက်မှာ ဒီလောက်ကောင်းမွန်ပြီး အဆင့်အတန်းမီတဲ့ ဇာတ်ကားတွေ မကြည့်ဖူးဘူးလို့ ဆိုပါတယ်။
လွတ်လပ်ခြင်း အနုပညာပွဲတော်ဆိုတာနဲ့ အညီ တင်ပြထားတဲ့ ဆန်ကာတင် ဇာတ်လမ်းတပုဒ်ကိုလည်း ကိုသူရက ပြောပြပါတယ်။
ငှက်က လှောင်အိမ်ထဲက ငှက်တွေလိုက်ရောင်းနေတဲ့ ကလေးဆီကနေ ပိုက်ဆံပေးပြီး လွှတ်တာလေ။ လွှတ်ရင်းနဲ့ ခဏနေ ဈေးသည်က ရောက်လာလိုက် ၀ယ်ပြီးတော့ ပေးလိုက်နဲ့ တခါက နှစ်ခါ၊ သုံးခါလည်း ရောက်ရော လှောင်ချိုင့်ပါ ၀ယ်ထားလိုက်တာ။ လှောင်ချိုင့်ပါ ၀ယ်လိုက်တဲ့ အချိန်မှာ အဲဒါက လွတ်လပ်ရေး ကျောက်တိုင်ရှေ့မှာ ဖြစ်နေတာ အဲဒါတွေ အားလုံးက။ အဲဒီအချိန်မှာပဲ လှောင်ချိုင့်ပါ ၀ယ်ပြီးပြီ။ အားလုံး လွတ်မြောက်ကြပါစေဆိုပြီး လုပ်လိုက်တဲ့အချိန်မှာ ငှက်သည်က သူ့နောက်က ဖြတ်သွားတာ လှောင်ချိုင့် နောက်တလုံး အသစ်နဲ့၊ စကားတခွန်းမှ ပြောမသွားဘူး။”
ဆန်ကာတင်ဇာတ်ကား ၅၄ ကားကို ပွဲတော်ရက် သုံးရက်အတွင်း နေ့တိုင်း အများပြည်သူကို အခမဲ့ပြသခဲ့တာ ဖြစ်ပြီး ပြပွဲလာပရိသတ်တွေ အထူး နှစ်သက်ခဲ့ကြတယ်လို့လည်း ပြောပါတယ်။ လွတ်လပ်ခြင်း ရုပ်ရှင်ပွဲတော် လုပ်ရခြင်း အကြောင်းတခုနဲ့ စိတ်ဓာတ်ကျမိပုံကိုလည်း ကိုသူရက ခုလိုပြောပြခဲ့ပါတယ်။
ကျနော်မျှော်လင့်ချက်က ၄ ရက်နေ့မှာ လွတ်လပ်ကြပါစေလို့ဆိုတဲ့ ဆန္ဒနဲ့ ကျနော့်မှာ လွတ်လပ်ခြင်းပွဲတော် ရုပ်ရှင်ပွဲတော်ဆိုပြီး လုပ်လိုက်တာ အခုတော့ လွတ်မလာခြင်း ရုပ်ရှင်ပွဲတော်လို့ ပြောရတော့မယ်။ စိတ်ဓာတ်တော်တော် ကျမိတယ်။”
လွတ်လပ်ခြင်း ရုပ်ရှင်ပွဲတော်ကို ပထမအကြိမ် ပြုလုပ်ခဲ့တာဖြစ်ပြီး ရုပ်ရှင်နဲ့မှတ်တမ်း ကားပေါင်း ၁၈၀ ကျော် ပါဝင်ယှဉ်ပြိုင်ခဲ့ကြပါတယ်။ ဆန်ကာတင် ၅၄ ကား ရွေးချယ်ပြီး ပရိသတ်ကို ချပြခဲ့တာပါ။ အဲ့ဒီထဲကမှ ဆုငါးဆု ရွေးချယ် ချီးမြှင့်ပေးအပ်မှာ ဖြစ်ပါတယ်။
တရားသူကြီးတွေကို အရေးယူဆောင်ရွက်တယ်ဆိုတာ အင်မတန် ရှားရှားပါးပါးပဲ
Published on January 2, 2012 by အေးနိုင် · DVB
ဥပဒေနဲ့မညီညွတ်ဘဲ အဂတိလိုက်စားစီရင်ချက်ချတဲ့ တရားသူကြီးတွေကို အရေးယူမယ့် ဥပဒေတရပ်ကို ပြည်သူ့လွှတ်တော်မှာ ပြဋ္ဌာန်းနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ တရားစီရင်ရေးနဲ့ ဥပဒေရေးရာ ကော်မတီဥက္ကဋ္ဌ သူရဦးအောင်ကိုက သတင်းမီဒီယာတွေကို ပြောပါတယ်။
အစိုးရသစ် လက်ထက်မှာ တရားဥပဒေဆိုင်ရာ ကြိုးပမ်းချက်တရပ်ဖြစ်ပြီး လက်ရှိကာလ တည်ဆဲဥပဒေတွေမှာ သတ်သတ်မှတ်မှတ် ပြဌာန်းထားတာမရှိသေးလို့ ဖြစ်တယ်လို့ မနှစ်ဒီဇင်ဘာ ၂၉ ရက်နေ့က ကော်မတီဥက္ကဋ္ဌ သူရဦးအောင်ကိုရဲ့ ပြောစကားကို အလဲဗင်းဂျာနယ်က ရေးပါတယ်။
ဒီပြောကြားချက်အပေါ် နိုင်ငံရေးသမားတွေဘက်က ရှေ့နေလိုက်ရင်း ရှေ့နေလိုင်စင် ရုပ်သိမ်းခံထားရတဲ့ ရန်ကုန်မြို့က ဥပဒေအကျိုးဆောင် ဦးအောင်သိန်းကို မေးမြန်းထားပါတယ်။
ဒီမိုကရေစီ စနစ်မှာလည်း တရားဥပဒေ စိုးမိုးရေးက အခရာကျတယ်ဆိုတော့ ကော်မတီ ဥက္ကဋ္ဌရဲ့ ပြောဆိုချက်နဲ့ လုပ်ဆောင်ချက်ကို ဘယ်လိုမြင်ပါသလဲ။
အဂတိ လိုက်စားမှု တားမြစ်ရေး ဥပဒေပုဒ်မ ၄၊ ၁၉၄၈ ခုနှစ်က ပေါ်ပေါက်ခဲ့တဲ့ ဥပဒေတွေပေါ့။ ဒါတွေနဲ့ တရားသူကြီးပဲဖြစ်ဖြစ် ပြည်သူ့ဝန်ထမ်းပဲ ဖြစ်ဖြစ်၊ မည်သူမဆို အရေးယူတဲ့ပုဒ်မတွေ ရှိဖူးပါတယ်။ အဲဒါတွေကတော့ ၄၁ စီ ၄၂ လို့ ခေါ်တယ်။
ဒီဘက် နောက်ပိုင်းမှာလည်း အဲဒီ ဥပဒေအပြင်ကို အဂတိ လိုက်စားမှု တားမြစ်ရေးဥပဒေ ပုဒ်မနဲ့ပတ်သက်ပြီးတော့ ပြည်သူ့ဝန်ထမ်းနဲ့ သက်ဆိုင်သော ပြစ်မှုများဆိုတာလည်း ရာဇသတ်ကြီးတွေမှာ ပြဋ္ဌာန်းထားတာရှိတယ်။ အဲဒါက ရာဇသတ်ကြီးပုဒ်မ ၁၆၁၊ ၁၆၂၊ ၁၆၃၊ ၁၆၅ ပေါ့ဗျာ။ အဲဒီတွေမှာလည်း သူတို့က ဥပဒေနဲ့ မညီတဲ့ အခကြေးငွေယူတဲ့ ကိစ္စရပ်တွေ၊ ဖောက်လွဲ ဖောက်ပြန်လုပ်တာတွေ နည်းလမ်းတကျ မဆောင်ရွက်ဘဲနဲ့ လာဘ်လာဘကို မျှော်မှန်းပြီးတော့ သဘောတူညီချက်လုပ်ပြီး ယူတဲ့ကိစ္စရပ်တွေ၊ ရာဇသတ်ကြီးလို စာအုပ်တွေမှာလည်း ဒီရာဇသတ်ကြီး ပြစ်မှုအရ စွဲမယ်ဆိုရင်လည်း ၃ နှစ်လောက်ထိ ပြစ်ဒဏ် တမျိုးမျိုး ပေးလို့ရတဲ့အပြင် အထူးဥပဒေအရ ပြဋ္ဌာန်းထားတဲ့ ဥပဒေများအရဆိုရင် ၇ နှစ်လောက်ထိ ပြစ်ဒဏ်တွေပေးနိုင်တယ်ဆိုတာ တွေ့ရတယ်။
ဒါပေမယ့် ကျနော်တို့ လွန်ခဲ့တဲ့ အနှစ် ၂၀ လောက်က ဒီဘက်ခေတ်မှာ ဒီလို ပြည်သူ့ဝန်ထမ်းတွေကို အထူး ဥပဒေအရဖြစ်စေ၊ ရာဇသတ်ကြီး ဥပဒေအရဖြစ်စေ အရေးယူဆောင်ရွက်တာ အင်မတန်မှရှားပါးတယ်။ ရှင်းရှင်းပြောရရင် မရှိသလောက်ပဲလို့ ပြောလို့ရနိုင်တဲ့ အနေအထားတွေ ရှိပါတယ်။ အခုလို အချိန်အခါမျိုးမှာ တရားသူကြီးတွေကို သီးသန့်အရေးယူနိုင်လောက်တဲ့ အထောက်အထား၊ အကျင့် ဖောက်လွဲဖောက်ပြန်မှုနဲ့ လုပ်နိုင်လောက်တဲ့ အထောက်အထား ကိစ္စတွေကို ဥပဒေတခု ပြဋ္ဌာန်းပြီးတော့ ပြည်သူ့လွှတ်တော်မှာ ဥပဒေကြမ်းအဖြစ် တင်သွင်းပြီးတော့ ဆောင်ရွက်မယ်ဆိုတဲ့ကိစ္စက အင်မတန်သင့်လျော်ပြီး အချိန်အခါနဲ့ ကိုက်ညီပါတယ်လို့ ကျနော်ပြောချင်ပါတယ်။”`
တရားစီရင်ရေးမဏ္ဍိုင်ကို တည့်မတ်အောင်ထိန်းကျောင်းဖို့ တာဝန်ကြီးတဲ့ တရားသူကြီး ကိုယ်တိုင်ကနေ အဂတိလိုက်စားပြီးတော့ စီရင်ချက်ချတဲ့ ပြစ်မှုမျိုးတွေက မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးခေတ်နဲ့ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ်၊ စစ်ကောင်စီ အုပ်ချုပ်တဲ့ စစ်အစိုးရခေတ်၊ အဲဒီခေတ်တွေထဲမှာ အဘအနေနဲ့ လက်လှမ်းမီသလောက် ကြုံသလောက်ကို အကြမ်းဖျဉ်းလေး ရှင်းပြပေးပါလား။ ဘယ်လိုမျိုးရှိခဲ့လဲ။
၁၉၄၈ ခုနှစ် အဂတိလိုက်စားရေး တားမြစ်ရေးဥပဒေ ပုဒ်မ ၄ အရဆိုရင် သက်ဆိုင်ရာကနေ ခန့်အပ်နိုင်တဲ့ ပြည်သူ့ဝန်ထမ်းပေါ့။ ထုတ်ပစ်နိုင်တဲ့ ခန့်အပ်နိုင်တဲ့ အဆင့်ရှိတဲ့သူရဲ့ ကြိုတင်ခွင့်ပြုမိန့်တွေ ယူပြီးမှသာလျှင် သူ့ကို တရားစွဲဆို အရေးယူနိုင်တယ်လို့ ပြဋ္ဌာန်းထားတယ်။ ဆိုကြပါစို့၊ အမှုတခုကို အရေးယူ ဆောင်ရွက်တော့မယ်ဆိုရင် ကျနော်တို့ တရားခံ တဦးမှာ ထင်ရှားသိရှိရတဲ့ ဝင်ငွေရလမ်းတွေ၊ အဆမတန် ငွေကြေးအင်အားတွေ ဒါမှမဟုတ် ပစ္စည်းပိုင်ဆိုင်ကြောင်း အခြေအနေတွေ၊ ပိုင်ဆိုင်ခဲ့ဖူးကြောင်းဆိုတဲ့ ကိစ္စရပ်တွေ၊ ငွေကြေးအင်အားတွေ၊ ပစ္စည်းအင်အားတွေ ဖောက်လွဲဖောက်ပြန် လုပ်လို့ရရှိထားတဲ့ ငွေကြေးတွေဖြစ်နိုင်တယ်။ အဲဒါကို တရားသဖြင့် ရရှိထားတဲ့ ငွေကြေးလို့ မဖော်ပြနိုင်ဘူးဆိုရင် ရာဇသတ်ကြီးပုဒ်မ ပြည်သူ့ဝန်ထမ်းရဲ့ ဖောက်လွဲဖောက်ပြန်မှု ဥပဒေပုဒ်မအရ ၁၆၁၊ ၁၆၂၊ ၁၆၃၊ ၁၆၅ တို့အရ။ အရေးယူ ဆောင်ရွက်နိုင်တာပေါ့။ အဲဒီလို အမှုအခင်းတွေက တရားသူကြီးတွေကို အရေးယူဆောင်ရွက်တယ်ဆိုတာ အင်မတန် ရှားရှားပါးပါးပဲ မရှိသလောက်။ စောစောက ကျနော်ပြောသလိုပေါ့။”
လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ စစ်အစိုးရအုပ်ချုပ်တဲ့ကာလ အတွင်းမှာ နိုင်ငံရေး အရတက်ကြွလှုပ်ရှားသူတွေကို ထောင်ဒဏ် ၆၅ နှစ်၊ ၁၀၃ နှစ်တို့ ချထားတာတွေက တရားသူကြီးတွေကိုယ်တိုင် ဥပဒေကြောင်းအရ ချမှတ်တယ်လို့မြင်လား၊ ဒါမှမဟုတ် နောက်ကွယ်ကနေ မမှန်မကန် အဂတိလိုက်စားပြီးတော့ ဖိအားတခုခုကြောင့် ချတယ်လို့ မြင်လား။
အဲဒါကတော့ ရှင်းပါတယ်။ ဒီလိုနိုင်ငံရေးနဲ့ ပတ်သက်တဲ့ အမှုအခင်း အားလုံးကတော့ တရားသူကြီးတွေကို ညွှန်ကြားချက်တမျိုးနဲ့ အဲဒီညွှန်ကြားချက်အတိုင်းပဲ သူတို့က အမိန့်ချတာပါပဲ။ အဲဒီမှာက တရားသူကြီးတယောက်က သူက လွတ်လပ်တဲ့ တရားစီရင်ရေး ဖြစ်တယ်၊ မဖြစ်ဘူးဆိုတာကို သူချတဲ့စီရင်ချက်ကို ကြည့်ခြင်းအားဖြင့် သိနိုင်တယ်။ ဘာလို့လဲဆိုတော့ သူတို့ပေးထားတဲ့ အပြစ်ဒဏ်တွေက သတ်မှတ်ထားတဲ့ အပြစ်ဒဏ်တွေရဲ့ အမြင့်ဆုံး အပြစ်ဒဏ်တွေကိုပဲ သူတို့ပေးလေ့ပေးထ ရှိတယ်ဆိုတာ ဒါက ခေါက်ရိုးကျိုးနေတဲ့ အယူအဆတခုလို ပုံစံမျိုးနဲ့ လုပ်နေကြတာပါ။ အုပ်စုလိုက်ဖြစ်ပေမယ့် ဘယ်သူက အဓိကကျတယ်။ ဘယ်သူက သာမန်ဖြစ်တယ်ဆိုတဲ့ အနေအထားမဟုတ်ဘဲနဲ့ အုပ်စုလိုက်ဆို အုပ်စုလိုက်ပဲ ဒီပုဒ်မနဲ့ ထောင်ဒဏ် ၁၅ နှစ်ဆို ၁၅ နှစ်။ ၇ နှစ်ဆို ရနှစ်။ ထောင်ဒဏ် ၆၅ နှစ်ဆို ၆၅ နှစ်။ ဒါတွေကို ကြည့်ခြင်းအားဖြင့် တရားစီရင်ရေး ကိုယ်တိုင်က တရားမျှတမှု မရှိဘူး။ အဲဒါ တရားသူကြီးကလုပ်နိုင်တာလားဆိုတော့ သူက လိုလိုလားလား လုပ်ပေးချင်လည်း လုပ်ပေးမယ်။ သူ့ရဲ့ လုပ်ပိုင်ခွင့်မရှိဘဲနဲ့ အထက်က ညွှန်ကြားချက်အရ သူလုပ်ရတာတွေလည်း ရှိမယ်။ အဲဒီသဘောက တရားသူကြီးတယောက်မှာက ပြစ်ဒဏ်က လွှတ်လိုက်တယ်ဆိုရင် သူက အစီရင်ခံစာရေးရတယ်။ ပြစ်ဒဏ်ချလိုက်ရင် အစီရင်ခံစာ ရေးတင်စရာ မလိုဘူးလို့ သတ်မှတ်ချက်တွေ ရှိနေတယ်။ ကျနော်တို့နိုင်ငံရဲ့ တရားစီရင်ရေးက ဥပဒေအရ တရားစီရင်တာနဲ့ ညွှန်ကြားချက်တွေနဲ့ အထက်အမိန့်နဲ့ အုပ်ချုပ်ရေးအာဏာပိုင်တွေရဲ့ လှည့်ပတ်တဲ့ ညွှန်ကြားမှုပေါ်မှာ အခြေပြုပြီးတော့ နိုင်ငံရေးမှုတွေမှာ များသောအားဖြင့် အဆုံးအဖြတ်ပြုတယ်ဆိုတာ ဘယ်သူမှမငြင်းနိုင်ဘူး။”
တရားဥပဒေ မဏ္ဍိုင်တခုလုံး လူထုကနေပြီးတော့ ယုံကြည်စိတ်ချရတဲ့ မဏ္ဍိုင်တခုအဖြစ် ရောက်ဖို့၊ ရပ်တည်နိုင်ဖို့အတွက်ဆိုရင် ဘာတွေထပ်ပြင်ဖို့ လိုပါသေးလဲ။
အဓိကတော့ ပြည်သူ့ဝန်ထမ်းတွေက ပြည်သူ့အကျိုးစီးပွားတခုအတွက် ဆောင်ရွက်ရတယ်ဆိုတဲ့ အသိရှိဖို့လိုတယ်။ သို့သော်လည်း အဲဒီလို ပြည်သူ့အကျိုးအတွက်လို့ ဆိုတာထက် အဂတိ မကင်းတဲ့ လုပ်ဆောင်ချက်တွေဟာ နှစ်ပေါင်းများစွာ အရိုးစွဲလာတဲ့ အလေ့အကျင့်တွေ ဖြစ်နေတယ်။ ဒါက တရားစီရင်ရေး စနစ် တခုတည်းတင် မဟုတ်ပါဘူး။ ဘယ်ဝန်ကြီးဌာန ဘယ်အုပ်ချုပ်ရေး စနစ်တခုမှမလွဲ ဒါတွေက ရှိနေဆဲပါ။ လူထုအင်အားနဲ့ ဆောင်ရွက်ရမယ်။ မရနိုင်ဘူးဆိုရင် ကျနော်တို့ စတုထ္တမဏ္ဍိုင်ဖြစ်တဲ့ မီဒီယာ လွတ်လပ်ခွင့်ပေါ် အခြေပြုပြီးတော့ ဒါတွေကို ဖော်ထုတ်လာမယ်ဆိုရင် တဖြည်းဖြည်းနဲ့တော့ လျော့နည်းသွားနိုင်မယ်လို့ ကျနော်ယုံကြည်ပါတယ်။”
၂၀၁၂ ကုသိုလ်နိဒါန်း
ကျော်သူ (နာရေးကူညီမှုအသင်း - ရန်ကုန်)
ဒီဇင်ဘာ ၃၊ ၂၀၁၂ မိုးမခ
..၂၀၁၂ ရက်နေ့သည် နာရေးကူညီမှုအသင်း (ရန်ကုန်) သည် အများပြည်သူတို့အား (အခမဲ့) ကူညီဖေးမ ပံ့ပိုးခဲ့သည်မှာ (၁၁) နှစ် တင်း တင်းပြည့်မြောက်ခဲ့သည့် နေ့ထူးနေ့မြတ် တစ်ရက်ဖြစ်ပေသည်။
နံနက် (၆း၀၀) နာရီအချိန်တွင် နာရေးကူညီမှုအသင်း (ရန်ကုန်) ၏ သြ၀ါဒစရိယ ဆရာတော်များဖြစ်ကြသည့် ဘဒ္ဒန္တအရှင်ဣန္ဒက (တွံတေး) နှင့် ဘဒ္ဒန္တ အရှင်ဉာဏိဿရ (မဟာဂန္ဓာရုံ) ဆရာတော်ကြီး နှစ်ပါးထံမှ သြ၀ါဒတရားခံယူပြီး ကြွရောက်လာကြသော သံဃာတော် အရှင် သူမြတ် (၁၁) ပါးတို့အား အာရုံဆွမ်း၊ သင်္ကန်းပရိက္ခရာ၊ အလှူငွေများဆက်ကပ်လှူဒါန်းကာ ကြွရောက်လာကြသော ဧည့်သည်တော်များ နှင့် နာရေးကူညီမှုအသင်း (ရန်ကုန်) အသင်းသား/သူများနှင့် အလှူရှင်များ၊ ဆေးဝါးလာရောက်၍ ကုသကြသောလူနာများ၊ လူနာရှင်များ တို့အား နံနက်စာအဖြစ် မုန့်ဟင်းခါးဖြင့် ဧည့်ခံကျွေးမွေးခဲ့သည်။
ပေါ်ပြူလာဂျာနယ်မှ ၂၀၁၂ ခုနှစ်အတွက် အမှတ်တရ ထုတ်ဝေသည့် “နှစ်သစ်အကြိုအပြုံး” ပြက္ခဒိန်များကိုလည်း နာရေးကူညီမှုအသင်း (ရန်ကုန်) ၀န်ထမ်းများ၊ အသင်းသူ/သားများ၊ အလှူရှင်များ၊ ဧည့်သည်တော်များတို့အား လက်ဆောင်အဖြစ် ပေးအပ်ခဲ့သည်။ ယင်းနေ့တွင် နှစ်သစ်ကူးအလှူဒါန ပြုလုပ်လိုသူ ပြည်တွင်း/ပမှ အလှူရှင်များ လာရောက်လှူဒါန်းမှုသည်လည်း များစွာရှိခဲ့သည်။ နာရေးကူညီမှုအသင်း (ရန်ကုန်) ၏ အသင်းသူ မခင်ဋ္ဌေးကြွယ်မှလည်း နာရေးကူညီမှုအသင်း (ရန်ကုန်) (၁၁) နှစ်ပြည့် အထိမ်းအမှတ်အဖြစ် အလှူငွေ (၁၁) သိန်းကျပ်တိတိအား လှူဒါန်းမှုကို ပြုလုပ်ခဲ့သည်။
ဈာပနအခမ်းအနား ကူညီဆောင်ရွက်ပြီးနောက် နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ “သုခ” အဟာရ စားသောက်ဆိုင်တွင်လည်း နံနက်စာ ထမင်း၊ ဟင်းများတို့ဖြင့် ဧည့်ခံကျွေးမွေးခဲ့ကာ နေ့လည် (၂း၀၀) နာရီအချိန်တွင် ရွှေယင်းမာ ကော်ဖီမှုန့်ပိုင်ရှင် ဒေါ်သူဇာမှလည်း ကော်ဖီဖြင့် လာရောက်ဒါနပြု၍ Performance Art Show အစီအစဉ်များ တင်ဆက်ဖျော်ဖြေခဲ့သည်။ ယင်းဖျော်ဖြေမှုတွင် အနိစ္စသဘောတရားများ၊ ငြိမ်းချမ်းရေးအတွက် ဖော်ကျူးပြသမှုများကို အဓိကထား၍ ပြသသွားသည်။ အခမ်းအနားသို့ တက်ရောက်လာကြသော ဧည့်သည်များထဲ၌ Cartoonist & Caricaturist ပညာရှင်များဖြစ်ကြသည့် ဆရာတာရာ၊ ဆရာအောင်မင်းမင်းနှင့် ပန်းချီဆရာ တာမလာမှလည်း ခဲခြစ်ရေးဆွဲခြင်း မိမိတို့ တတ်ကျွမ်းသည့်ပညာရပ်များတို့ဖြင့် ၀ိုင်းဝန်းကာ နာရေးကူညီမှုအသင်း (ရန်ကုန်) အသင်းသူ/သားများတို့၏ တစ်နေ့တာ ဘ၀ အမောများကိုဖြေဖျောက်ရင်း ပျော်ရွှင်စွာဖြင့် ည (၆း၃၀) နာရီအချိန်၌ အောင်မြင်စွာဖြင့် ပြီးဆုံးခဲ့ပေတော့သည်။
ဂျာနယ်ကျော် ဦးချစ်မောင် နှစ် ၁၀၀ ပြည့်အခမ်းအနား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင် ကျင်းပ
ရန်ကုန်၊ ဇန်န၀ါရီ ၂၊ ၂၀၁၂
တာရာဝေယံ မိုးမခ
သတင်းစာဟာ အမှန်တရားကို ရှေ့နေလိုက်ပြီး အမှားကို ရှုတ်ချလေ့ရှိတယ်” လို့ ကဗျာဆရာ ငြိမ်းသစ်ဖတ်ကြားတဲံ “ဂျာနယ်ကျော် ဦးချစ် မောင်၏ စိတ်ဓာတ်နှင့် ဘ၀ပုံရိပ်” ဆိုတဲ့ စာတမ်းမှာ ဖော်ပြခဲ့ပါတယ်။
သတင်းစာဆရာ၊ စာရေးဆရာ၊ ဂျာနယ်ကျော် ဦးချစ်မောင် နှစ် ၁၀၀ ပြည့်အထိမ်းအမှတ်အခမ်းအနားကို ဇန်န၀ါရီလ ၁ ရက်၊ ၂၀၁၂ ခုနှစ်၊ တနင်္ဂနွေနေ့ နေ့လည် () နာရီတိတိမှ ရွှေဂုံတိုင်မှာရှိတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးမှာ ကျင်းပခဲ့ပါတယ်။
ဝါရင့်နိုင်ငံရေးလုပ်ဖော်ကိုင်ဖက်များ၊ စာပေအနုပညာရှင်များ၊ နိုင်ငံရေးအင်အားစုအသီးသီးမှ ပုဂ္ဂိုလ်များနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင် ၁၅၀ ခန့် တက်ရောက်ခဲ့ကြပါတယ်။
အခမ်းအနားမှူးအဖြစ် ဖျာပုံနီလုံဦးက ဆောင်ရွက်ခဲ့ပါတယ်။ အခမ်းအနားမှာ ဦးတင်ဦး၊ ဦးဝင်းတင်၊ ဆရာမောင်မိုး၊ ဆရာမုံရွာအောင်၊ ဆရာ ငြိမ်းသစ်၊ ဆရာနေထက်နိုင်၊ ဆရာ ရင်နီ စသူတို့က အမှာစကားပြောကြားခြင်း၊ စာတမ်းဖတ်ခြင်းနဲ့ ကဗျာရွတ်ခြင်းတို့ ဆောင်ရွက်ခဲ့ကြပါတယ်။
အခမ်းအနားကို နေ့လည် () နာရီမှာ အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါတယ်။
ဥပါဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ
ကျော်သူ (နာရေးကူညီမှုအသင်း - ရန်ကုန်)
ဇန်န၀ါရီ ၂၊ ၂၀၁၂ မိုးမခ
၂၉၊ ၁၂၊ ၂၀၁၁ ရက်နေ့ ညသန်းခေါင်ယံ၌ ဖြစ်ပွားခဲ့သော ရန်ကုန်တိုင်းဒေသကြီး ပုဇွန်တောင်မြို့နယ်၊ ကူးတို့ဆိပ်ရပ်ကွက်မှ မီးလောင် ပေါက်ကွဲမှုကြောင့် ကမ္ဘာပျက်သလို အဖြစ်ဆိုးကြီးနှင့် ကြုံတွေ့ကြရပြီး မျက်ရည်ပင်လယ်ဝေကာ အတိဒုက္ခရောက်နေကြသော ဒုက္ခသည် များအား နာရေးကူညီမှုအသင်း (ရန်ကုန်) မှ ဥက္ကဌ ဦးကျော်သူဦးဆောင်သော အသင်းသူ/သားများက စာနာကရုဏာစိတ်ထားဖြင့် သွားရောက်အားပေးခဲ့ကြပြီး ၎င်းဒုက္ခသည်များအတွက် ဆေးဝါးနှင့်ထောက်ပံ့ငွေများ လိုအပ်သောကယ်ဆယ်ရေးပစ္စည်းများကို ရန် ကုန်ဆေးရုံကြီးနှင့် ကယ်ဆယ်ရေးစခန်းများသို့ သွားရောက်လှူဒါန်းပေးခဲ့ကြပါသည်။
ယနေ့ ၃၀၊ ၁၂၊ ၂၀၁၁ ရက်နေ့များမှာတော့ ၎င်းအဖြစ်ဆိုးကြီးနှင့် ကြုံတွေ့ကာ ပျော်ရွှင်စရာ မိသားစုဘ၀လေး ရုတ်တရက်ပျောက်ဆုံးပြီး ၀မ်းနည်းကြေကွဲစရာ သေကွဲကွဲခဲ့ကြရရှာသော မိသားတစ်စု၏ နောက်ဆုံးခရီးကို နာရေးကူညီမှုအသင်း (ရန်ကုန်) ၏ ဥက္ကဌ ဦးကျော်သူနှင့် အသင်းသူ/သားများ စိတ်မကောင်းစွာဖြင့် သယ်ယူပို့ဆောင်ပေးခဲ့ကြရပြန်ပါသည်။
မိသားစု () ယောက်ရှိသည့်အနက်မှ ဖခင်ဖြစ်သူနှင့် အစ်မအကြီးဆုံးဖြစ်သူတို့သာ အသက်ရှင်ကျန်ရစ်ခဲ့ပြီး သနားစဖွယ် အပြစ်မဲ့ ကလေးငယ်များဖြစ်ကြသော မောင်ဖိုးအော် (၁၃) နှစ်၊ မောင်သိန်းဇော် () နှစ်၊ မနွယ်လေးဟန် () နှစ်နှင့် မောင်စိုင်းမောင်မောင် () နှစ်တို့ကတော့ ဖခင်နှင့်အစ်မဖြစ်သူတို့အား နှုတ်မဆက်ပဲ ရုတ်တရက်ခွဲခွာသွားခဲ့ကြရှာသည်။
ဖခင်နှင့် အစ်မဖြစ်သူတို့၏ ပဋာမြေလူးသလို ရင်ကွဲမတတ် ကြေကွဲထိခိုက် ငိုရှိုက်သံများက ရန်ကုန်ဆေးရုံကြီး အအေးတိုက်ဝင်းထဲမှာ ခြေချစရာမရှိအောင် ပြည့်ကြပ်တိုးဝှေ့ရောက်ရှိနေကြသောပရိသတ်များ၏ ရင်ထဲသို့ အဆီးအတားမရှိ စိမ့်ဝင်ကူးစက်ကာ သနားဂရုဏာ စိတ်ဖြင့် အားလုံး၏မျက်ဝန်းများမှာ မျက်ရည်ကြည်များပင် ဝေသီလာခဲ့ကြလေသည် ။
ကံဆိုးရှာသော ကလေးငယ်များအား နာရေးကူညီမှုအသင်း (ရန်ကုန်) မှ တစ်ဦးလျှင် ဈာပနယာဉ် တစ်စီးစီဖြင့် () နှစ်သားလေး မောင်စိုင်း မောင်မောင်၏ ရုပ်ကလာပ်ကိုတော့ ကလေးဈာပနသယ်ပို့ယာဉ်ဖြင့် ရေဝေးသုသာန်အအေးခန်းသို့ ဂရုတစိုက်ဖြင့် စည်စည်ကားကား ခမ်း ခမ်းနားနား သယ်ပို့ပေးခဲ့ကြပါသည်။
လာမည့်နှစ်သစ် (၂၀၁၂) ခုနှစ်မှာတော့ မြန်မာပြည်သူ/သားများအားလုံး “ဥပါဒ်ရန်ဘေးကင်းစင်ဝေး ငြိမ်းအေးကြပါစေ။”
နောက်ဆုံး
ကျွန်တော်နှင့် ဆောင်းအိပ်မက်များ
မောင်ဝံသ/Facebook
ဇန်န၀ါရီ ၃၊ ၂ဝ၁၂ မိုးမခ
အလုပ်လေးတွေ များနေတာနဲ့ ဆောင်းပါးတွေ မတင်ဖြစ်ခဲ့ပါ။ ယခု ၂ ဇန်န၀ါရီမှာ ထွက်လာတဲ့ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ဆိုတာကို နားထောင်ပြီး လုံးဝ မပျော်နိုင်ဘဲ စိတ်ပျက်နေမိပါတယ်။ ဒါနဲ့ပဲ ပြီးခဲ့တဲ့ အပတ်က True News သစ္စာဂျာနယ်မှာ ဖော်ပြခဲ့တဲ့ အောက်ပါ ဆောင်းပါးကို တင်ဖြစ်သွားပါတယ်။
မှန်တာပြောသစ္စာ / မောင်ဝံသ
ကျွန်တော်နှင့် ဆောင်းအိပ်မက်များ
အခုရက်ပိုင်း ညနေ နေ၀င်သွားပြီဆိုရင် နည်းနည်းလေး ချမ်းစိမ့်စိမ့်ဖြစ်လာပြီး ညသန်းခေါင်ကျော်လောက်ဆိုရင် သိသိသာသာအေး လာလို့ တစ်နွေလုံး တစ်မိုးလုံး ပစ်ထားခဲ့တဲ့ စောင်ကို အိပ်ချင်မူးတူးနဲ့ ဖမ်းဆွဲပြီး ခြုံရတဲ့ညတွေ ဆက်တိုက်လိုကို ကြုံလာရတော့မှ သြော် ဆောင်းတောင် ရောက်လာပြန်ပြီကော ရယ်လို့ သတိပြုမိတော့တယ်ဗျ။
ကြက်သီးဖြန်းရုံလောက် အအေးဓာတ်ကို သယ်ဆောင်လာတဲ့ မြောက်ပြန် လေနဲ့အတူ ဆောင်းညတွေ ရောက်လာပြီဆိုတာနဲ့ တစ်တွဲတည်းပါလာတာ ကတော့ ``ဆောင်းတွင်းအိပ်မက်ဂယောက်ဂယက်´´ ဆိုရိုးစကားမှန်ကန်ကြောင်း ထပ်တလဲလဲ သက်သေပြနေတဲ့ ဟိုရောက် ဒီရောက် အိပ်မက်တွေပဲဖြစ်တယ် ဗျာ။
အပေါ်ရောက်လိုက် အောက်ပြန်ကျလိုက်
အခုရက်ပိုင်းအတွင်း ညတိုင်းလိုလို အဲဒီဂယောက်ဂယက် ဟိုရောက် ဒီရောက်အိပ်မက်တွေက ကျွန်တော့်ရဲ့ အိပ်စက်ခြင်းကို စိုးမိုးထားကြတယ်ဗျ။ အိပ်မက်တွေက ပုံသဏ္ဌာန်အမျိုးမျိုးဖြစ်ကြပေမယ့် အားလုံးမှာတူညီတဲ့ တစ်ခုတည်းသော အချက်ကတော့ ရိုလာကိုစတာစီးရသလို ဗြုန်းခနဲ အပေါ်ရောက်သွားလိုက်၊ ဗြုန်းခနဲ အောက်ပြန်ရောက်လိုက်။ အခုပဲ ပျော်လိုက်ရ၊ ချက်ချင်းပဲ ၀မ်းနည်း ကြေကွဲလိုက်ရ။ အဲသလို ဆန့်ကျင်ဖက် ခံစားမှုတွေ ရောနှောလုံးထွေးနေတာဖြစ်တယ်ဗျ။ အဲဒီဆောင်းအိပ်မက်တွေက ကျွန်တော့်ရဲ့ဆောင်းညတွေကို သိမ်းပိုက်ထားကြတယ်ဗျာ။
မသိစိတ်ရဲ့ တုံ့ပြန်မှုတစ်မျိုး
အိပ်မက်ဆိုတာ လက်တွေ့ဘ၀မှာ ကြုံတွေ့ရင်ဆိုင်ဖြတ်သန်းနေရတဲ့ အကြောင်းအရာ အဖြစ်အပျက်တွေအပေါ် မသိစိတ်ရဲ့ တုံ့ပြန်မှု ပုံသဏ္ဌာန် တစ်မျိုးဖြစ်တယ်ဆိုတဲ့ စိတ်သရုပ်ခွဲပညာရှင်တွေရဲ့ ရေးသားချက်ကို ဖတ်ဖူးထားတော့ ကျွန်တော် အခုတစ်လော မက်နေတဲ့ ဆောင်းအိပ်မက် တွေဟာ အဲသလိုမျိုး ဖြစ်လေမလားလို့လည်း တွေးနေမိတယ်ဗျ။
တောင့်တမျှော်လင့်နေတဲ့အရာနှစ်ခု
အားလုံးသိကြတဲ့အတိုင်း ကျွန်တော်တို့နိုင်ငံနဲ့ ပတ်သက်ပြီး မြန်မာပြည်သူ တွေရော ကမ္ဘာ့ပြည်သူတွေပါ လတ်တလောမှာ ပြင်းပြင်းပြပြ လိုလား တောင့်တစောင့်မျှော်နေကြတဲ့ အရာနှစ်ခုက ယုံကြည်ချက်ကြောင့် အကျဉ်းချ ထားခြင်း ခံနေကြရတဲ့ အကျဉ်းသားအားလုံး အမြန်ဆုံးနဲ့ ချွင်းချက်မရှိ ပြန်လည် လွတ်မြောက်လာကြရေးနဲ့ ထာဝရငြိမ်းချမ်းရေးရဲ့ အရေးအကြီးဆုံးသော ကနဦး ၀န်းကျင်အနေအထားအဖြစ် တစ်နိုင်ငံလုံးမှာ သေနတ်သံတွေ ရပ်စဲတိတ်ဆိတ် သွားရေးပဲဖြစ်တယ်ဗျ။
မြစ်ဆုံရေကာတာ ကိစ္စ
စတုတ္ထမဏ္ဍိုင်ကို အလေးထားကြရမယ်ဆိုတဲ့ သမ္မတကြီးရဲ့ စကားကို အားကိုးအားထားပြုပြီး ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ ကျွန်တော့်ရဲ့ ဆောင်းတွင်းအိပ်မက်ဂယောက်ဂယက်တွေဟာ အဲဒီကိစ္စနှစ်ခုနဲ့ တိုက်ရိုက် ဆက်နွှယ်နေတယ်လို့ ကျွန်တော် တစ်ထစ်ချယုံနေမိတယ်ဗျာ။ တကယ်တော့ ပြောရရင် ကျွန်တော့်ရဲ့ ဆောင်းအိပ်မက်တွေဟာ မိုးနှောင်းကာလကတည်းက ပြောက်တိပြောက်ကျား စတင်နေခဲ့တာဖြစ်တယ်ဗျ။ တိတိကျကျပြောရရင် ဧရာဝတီမြစ်ဆုံရေကာတာသတင်းနဲ့အတူ သန္ဓေတည်နေခဲ့တာဖြစ်တယ်ဗျ။ ပြည်သူတွေရဲ့ ဆန္ဒကို မဆန့်ကျင်ပါဘူးလို့ ၀န်ကြီးတစ်ပါးက ပြောလိုက်၊ နောက်ဝန်ကြီးတစ်ပါးက ဘယ်သူတွေပဲကန့်ကွက်ပါစေ အဲဒီစီမံကိန်းကို ဆက် လုပ်သွားမယ်လို့ ပြောလိုက်။ အဲဒီဝန်ကြီးကပဲ ဒီကိစ္စအတွက် လွှတ်တော်ရဲ့ အဆုံးအဖြတ်ကို ခံယူပါမယ်လို့ ပြောလိုက်နဲ့ ကျွန်တော်တို့ ပြည်သူတွေဟာ ရိုလာကိုစတာစီးရသလို အပေါ်ရောက်သွားလိုက်၊ အောက်ပြန်ကျသွားလိုက်။ အိပ်မက်ထဲမှာလည်း ကျွန်တော်ဟာ ထီ ပေါက်လိုက်၊ လက်မှတ်ပျောက်သွား လိုက် ပြန်ရှာတွေ့လိုက်၊ နောက်တစ်ခါ ပြန်ပျောက်သွားလိုက်နဲ့ နောက်ဆုံး သမ္မတကြီးရဲ့ ဆုံးဖြတ်ချက် ထွက်ပေါ်လာတော့မှပဲ ကျွန်တော့်ရဲ့ညတွေထဲက ဧရာဝတီ ခြောက်အိပ်မက်လည်း ထွက်သွားတော့တယ်ဗျာ။
ရတနာသိုက်မြေပုံတစ်ခြမ်းပဲ ရသလို
ဧရာဝတီအိပ်မက်ထွက်သွားပေမယ့် ယုံကြည်ချက် အကျဉ်းသားအိပ်မက်နဲ့ ငြိမ်းချမ်းရေးအိပ်မက်တွေက ကျန်နေခဲ့သေးတာ ဖြစ်တယ်ဗျ။ အကျဉ်းသားကိစ္စ မှာလည်း အရပ်သားအစိုးရတက်လာပြီး မကြာမီမှာ အထွေထွေလွတ်ငြိမ်း ချမ်းသာခွင့် ပေးမယ်ဆိုတဲ့ သတင်းတွေ ထွက်လာတော့ ကျွန်တော့်အိပ်မက်က ရတနာသိုက်မြေပုံကောက်ရတဲ့ အိပ်မက်။ ပြစ်ဒဏ်တစ်နှစ်ပဲ လျှော့ပေါ့ပေး လိုက်တယ်ဆိုတဲ့ အမိန့် ထွက်လာတော့ ကျွန်တော့်အိပ်မက်က ကျွန်တော် ကောက်ရတဲ့ ရတနာသိုက်မြေပုံက တစ်ခြမ်းပဲဖြစ်နေတဲ့ အိပ်မက်။ ဒုတိယတစ်ကြိမ် လွတ်ငြိမ်းချမ်းသာခွင့်အမိန့် ထွက်လာပြန်တော့ ကျွန်တော့်အိပ်မက်က ရတနာသိုက်ရှိတဲ့ဂူနားရောက်လာပေမယ့် ဂူဝကို ရှာမတွေ့တဲ့ အိပ်မက်၊ လွတ်လာတဲ့အထဲ ယုံကြည်ချက်အကျဉ်းသား နှစ်ရာလောက် ပါလာတယ် ကြားရတော့ ကျွန်တော့်အိပ်မက်က ရတနာသိုက်ရဲ့ သဲလွန်စ ရွှေမန်ကျည်းသီးတစ်တောင့် ကောက်ရတဲ့အိပ်မက်။ လူ့အခွင့်အရေး ကော်မရှင်ရဲ့ ဒုတိယအကြိမ် မေတ္တာရပ်ခံချက် ထွက်လာတော့ ကျွန်တော့် အိပ်မက်က ဂူဝနားရောက်နေပါလျက် ဂူဝပျောက်နေတဲ့အိပ်မက်။ နောက်တစ်နေ့မှာ ယုံကြည်ချက် အကျဉ်းသားတချို့ (လေးငါးယောက်) ရဲ့ ထောင်အပြောင်းအရွှေ့သတင်းကြားရတော့ ကျွန်တော့်အိပ်မက်က ရတနာသိုက်ရှိတဲ့ ဂူကြီးနဲ့ ပြန်ဝေးသွားပြန်တဲ့အိပ်မက်။ ယုံကြည်ချက် ကြောင့် အကျဉ်းကျခံနေရသူဆိုတာ မရှိပါဘူးဆိုတဲ့စကားမျိုးတွေ ကြားလိုက်ရတော့ ကျွန်တော့်အိပ်မက်က ရတနာသိုက်မြေပုံ ကျပျောက်သွားတဲ့အိပ်မက်။
ထီလက်မှတ်ပျောက်ပျောက်သွားသလို
ငြိမ်းချမ်းရေးနဲ့ပတ်သက်တဲ့ ကျွန်တော့်အိပ်မက်တွေကလည်း အဲသလိုပဲဗျ။ မီဒီယာတွေထဲမှာ အပစ်အခတ်ရပ်စဲရေးဆွေးနွေးလွှဲတွေ လုပ်နေပြီဆိုတဲ့ သတင်းနဲ့ တိုက်ပွဲတွေ ဆက်ဖြစ်နေတုန်းပဲဆိုတဲ့ သတင်းတွေ တစ်လှည့်စီ ထွက်ပေါ်နေတဲ့ တစ်ချိန်တည်းမှာ ကျွန်တော့်ရဲ့ အိပ်မက်တွေကလည်း ထီပေါက်လိုက်၊ လက်မှတ်ပျောက်လိုက်၊ ပြန်ကောက်ရလိုက်၊ ပြန်ပျောက်လိုက်နဲ့ ကျွန်တော်ဟာ အိပ်မက်ကပေးတဲ့ နှလုံးရောဂါရနေသူဖြစ်နေပြီဗျ။ ထိုးစစ်ဆင်တိုက်ခိုက်မှုတွေ ရပ်ဆိုင်ဖို့ သမ္မတကြီးက ကာကွယ်ရေးဦးစီးချုပ်ထံ ညွှန်ကြားချက်ပေးပို့လိုက်ပြီ ဆိုတဲ့ သတင်းကြောင့် ဒီတစ်ခါတော့ ထီဆုငွေ တကယ်ရတော့မယ်ဆိုတဲ့ အိပ်မက်မက်ခဲ့ပေမယ့် ထိုးစစ်ဆင် တိုက်ခိုက်မှုတွေ ဆက်ရှိနေဆဲပဲ ဆိုတဲ့ ကေအိုင်အေတာဝန်ရှိသူတွေရဲ့ ပြောစကားတွေ ကြားနေရပြန်တော့ ကျွန်တော့်အိပ်မက်ထဲက ထီဆုငွေပုံကြီးဟာ တံလျှပ်လို ထိမရ ကိုင်မရဖြစ်နေရပြန်တယ်ဗျာ။ ဒီကြားထဲ အစိုးရဘက်က ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်က ငြိမ်းချမ်းရေးရဖို့ နောက်ထပ် ၃ နှစ်တောင် စောင့်ရလိမ့်ဦးမယ်လို့ ပြောလိုက်ပြန်တော့ သြော် ... ငါတို့ တိုင်းရင်းသား ညီအစ်ကိုမောင်နှမတွေရဲ့ သောကမျက်ရည် တွေ နောက်ထပ် အနည်းဆုံး ၃ နှစ်တော့ ဆက်ကျရဦးမယ့်သဘောပါလားလို့ တွေးမိပြီး ကျွန်တော့်အိပ်မက် တွေလည်း ၀င်္ကပါထဲမှာ တ၀ဲလည် လည် ဖြစ်ခဲ့ရပြန်တယ်ဗျာ။
ဆောင်းအိပ်မက်တွေ မလိုချင်
ရှင်းရှင်းပြောရရင် ကျွန်တော့်ရဲ့ လူ့ဘ၀သက်တမ်းတစ်ခုလုံးနီးပါး ကာလအတွင်း ပြည်သူတွေအနေနဲ့ ပထမဆုံးအကြိမ်အဖြစ် မျှော်လင့်ချက် ရောင်ခြည်တန်းတွေ မြင်နေကြရတာဖြစ်တဲ့ ဒီကနေ့ကာလမှာ ကျွန်တော် ဆောင်းတွင်းအိပ်မက် ဂယောက်ဂယက်တွေ မက်မနေချင်တော့ဘူးဗျာ။ ပြည်သူတွေ အဲဒီမျှော်လင့်ချက်ရောင်ခြည်တန်းကလေးတွေ မြင်လာရအောင် လုပ်ပေးခဲ့တဲ့ အစိုးရတစ်ရပ်ကို တချို့က မယုံသင်္ကာပြောနေကြတဲ့ စကားတွေကိုလည်း ကျွန်တော် မကြားချင်တော့ဘူးဗျ။ လက်ရှိအစိုးရဟာ စစ်အာဏာရှင်စနစ် ရာသက်ပန် တည်တံ့ ခိုင်မြဲရေးဆိုတဲ့ ]မဟာသေနင်္ဂဗျူဟာ} တစ်ရပ်ကို ချမှတ်ကျင့်သုံးနေတာသာဖြစ်တယ်၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ဒီချုပ်ကို သူတို့တရားဝင် (Legitimate) ဖြစ်ဖို့ အတွက်သာ အသုံးချနေတာဖြစ်တယ်၊ လက်ရှိအစိုးရဟာ သူ့အရင်က စစ်အစိုးရ အဆက်ဆက်လိုပဲ နိုင်ငံရေးသမားတွေကို ခါးခါးသီးသီးမုန်းတီးတဲ့ အစိုးရ ဖြစ်တယ်၊ နိုင်ငံရေးအကျဉ်းသားတွေကို ဓားစာခံတွေအဖြစ် သဘောထားတဲ့ အစိုးရဖြစ်တယ်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအပေါ်လည်း အမြင် သဘောထား မပြောင်းဘဲ ကျဉ်းမြောင်းတဲ့လူမျိုးရေးအမြင်ရှိတဲ့ ခွဲထွက်ရေး ၀ါဒီသောင်းကျန်းသူတွေအဖြစ် ဆက်လက်ရှုမြင်နေတဲ့ အစိုးရဖြစ်တယ်စတဲ့ ပြည်တွင်း ပြည်ပ လူတချို့ရဲ့ စကားတွေကို ကျွန်တော့် မှာ လက်လည်းမခံချင်၊ ပိုင်ပိုင်နိုင်နိုင် ငြင်းလည်း မငြင်းနိုင်ဖြစ်နေရတယ်ဗျာ။
မျက်စောင်းထိုးမခံရအောင်
ပြီးခဲ့တဲ့အမျိုးသားအောင်ပွဲနေ့က NLD ရုံးချုပ်မှာ ကျင်းပတဲ့ ဟောပြောပွဲမှာ ကဗျာဆရာကြီး ကိုလေး (အင်းဝဂုဏ်ရည်)က သူ့ဟောပြော မှုအဆုံးမှာ ]သမ္မတကြီးဦးသိန်းစိန်သက်တော်ရာကျော်ရှည်ပါစေ} လို့ ဟစ်ကြွေးခဲ့တယ်ဗျ။ ကျွန်တော်တို့ စတုတ္ထမဏ္ဍိုင်သားအားလုံး မျက်စောင်းထိုး မခံရဘဲ လက်ရှိအစိုးရကို အားရပါးရ ထောက်ခံကြိုဆိုနိုင်ကြဖို့ အရေးအတွက် ဆောင်ကြဉ်းပေးပါလို့ သမ္မတကြီးနဲ့တကွ နိုင်ငံ့ခေါင်းဆောင်အားလုံးကို မေတ္တာရပ်ခံလိုက်ပါရစေဗျာ။
မောင်ဝံသ
၂၀ ၁၂ ၁၁
၂၀ ဒီဇင်ဘာ ဗိုလ်အောင်ကျော်နေ့က အထက်ပါဆောင်းပါးကို ရေးခဲ့တာပါ။ ၂ ဇန်န၀ါရီလည်း ကျရော အားလုံး သိတော်မူတဲ့အတိုင်းပါပဲ။ ကျွန်တော်တို့ကတော့ ပြည်သူတွေရဲ့ မျက်စောင်းဒဏ်ကို ကောင်းကောင်းခံဖို့သာ ပြင်ထားပါတယ်။
မိုးမခ
No comments:
Post a Comment