သတင်းတွေ ဖတ်ဖို့ ခေါင်းစဉ် သို့ မဟုတ် Read More ကိုသာ လိုက်ရှာပြီး နှိပ်ပါလေ

Friday, January 20, 2012

Jan 20


Jan 19
မိုးမခက စုစည်း၏

MaMa

ဒီမိုကရက်တစ်မြန်မာ့အသံ ငွေကြေးအလွဲသုံးစားမှုနှင့် စပ်လျဉ်း၍ သတင်းထုတ်ပြန်ချက်
Published on January 20, 2012 by ဒီဗွီဘီ ·
လက်နက်ကိုင်တပ်နှင့် ဆက်စပ်ဖမ်းဆီးခံရသူများ ပြန်မလွတ်သေး
Published on January 20, 2012 by နော်နိုရင်း · ဒီဗွီဘီ ·
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မဲဆွယ်မှု ပဲခူးတိုင်းတွင် စတင်လှုပ်ရှား
Published on January 20, 2012 by နေသွင် · ဒီဗွီဘီ ·
ဆင်းရဲမွဲတေမှုလျှော့ချရေးစီမံကိန်း အသေးစားချေးငွေ လိုအပ်သူများထံ မရောက်
Published on January 20, 2012 by အံ့ဘုန်းမြတ် · ဒီဗွီဘီ ·
ကလေးစစ်သားကို ပြန်တွေ့သော်လည်း ခေါ်ယူရန် ခက်ခဲနေ
Published on January 20, 2012 by ကိုထွေး · ဒီဗွီဘီ ·
ပြန်လွတ်လာသည့် သံဃာများကို သိက္ခာထပ်ပွဲ ကျင်းပပေးမည်
Published on January 20, 2012 by ရွှေအောင် · ဒီဗွီဘီ ·
သောကြာ, 20 ဇန်နဝါရီ 2012
အစိုးရ ငြိမ်းချမ်းရေး ကမ်းလှမ်းချက် ABSDF လက်ခံ
By ကိုမိုးဇော် VOA
ကလေးစစ်သား မရှိစေရတော့ဟု မြန်မာအစိုးရ ကိုယ်စားလှယ်ပြော
ကျော်ခ | သောကြာနေ့၊ ဇန်နဝါရီလ ၂၀ မဇ္ဈိမ
လွှတ်တော်ရဲ့ အခန်းကဏ္ဍ
မဇ္ဈိမသတင်းဌာန | သောကြာနေ့၊ ဇန်နဝါရီလ ၂၀ မဇ္ဈိမ
မမ ပြောတဲ့ ဦးခင်ညွန့်ဆောင်းပါး ရေးဖြစ်ပုံ
မဇ္ဈိမသတင်းဌာန | သောကြာနေ့၊ ဇန်နဝါရီလ ၂၀ မဇ္ဈိမ
အဘ” နဲ့ သူ၏ စာမျက်နှာများ
By featured, ကိုစိုး on January 20, 2012 ဧရာဝတီ


ဂျာနယ် မင်းသားကြီး ဦးခင်ညွန့်၊ ဘယ်ဟာရှားသလဲ စံရတီမိုးမြင့်နဲ့ ခြေစမ်းပွဲကန်မယ့် ဇေယျာသော်
By featured, မစပ်စု on January 20, ဧရာဝတီ
ပြည်ပ အတိုက်အခံများကိုလည်း ငြိမ်းချမ်းရေး ကမ်းလှမ်းပြီ
By featured, ရန်ပိုင် on January 20, ဧရာဝတီ
စီးပွားရေးပိတ်ဆို့မှု ရုပ်သိမ်းစေလိုကြောင်း ဦးသိန်းစိန် ပြော
By featured, ခက်ထန် on January 20, ဧရာဝတီ
EU ပိတ်ဆို့ ဒဏ်ခတ်မှုများ ရုပ်သိမ်းဖွယ်ရှိ
By featured, လင်းသန့် on January 20, 2012 ဧရာဝတီ
သမိုင်းပညာရှင် ပါမောက္ခ ဒေါက်တာ အေးကျော် ကွယ်လွန်
By featured, ဘစောတင် on January 20, ဧရာဝတီ
ပါတီနှစ်ခုပေါင်းပြီး ကြားဖြတ်ရွေးကောက်ပွဲဝင်ရန် ခွန်ထွန်းဦးအား ကျားဖြူပါတီ ဥက္ကဌ ကမ်းလှမ်း
ကြာသပတေးနေ့၊ ဇန်နဝါရီလ 19 သျှမ်းသံတော်ဆင့်သတင်း
တိုင်းသိပြည်သိ တန်းတူရည်တူ တိုက်ရိုက်ဖိတ်ခေါ်မှုက စတင်ရမယ်
တူမောင်ညို ။ ဇန်န၀ါရီ ၂၀၊ ၂၀၁၂
ကမ္ဘာလှည့်မယ့် ဇာဂနာ တစေ့တစောင်း
ဝတ်မှုံ (စင်္ကာပူ)၊ ဇန်န၀ါရီ ၂၀၊ ၂၀၁၂ မိုးမခ


မြန်မာဆေးဆရာ ဦးလင်းမော်အောင် စင်္ကာပူလာမည်
ဂျစ်တူး(မုံရွာ)။ မိုးမခရွာဆော်ကြီးကဏ္ဍသို့ ပေးစာ။ ဇန်န၀ါရီ ၂၀၊ ၂၀၁၂ မိုးမခ
ဗကပနဲ့လည်း အစိုးရ ဆွေးနွေးသင့်ပါတယ်
မောင်စစ်မုန်း၊ မိုးမခထံ ပေးစာ၊ ဇန်န၀ါရီ ၁၉ ၊ ၂၀၁၂ မိုးမခ
=====================
 

မိုးမခက စုစည်း၏

ဒီမိုကရက်တစ်မြန်မာ့အသံ ငွေကြေးအလွဲသုံးစားမှုနှင့် စပ်လျဉ်း၍ သတင်းထုတ်ပြန်ချက်
Published on January 20, 2012 by ဒီဗွီဘီ ·
၁။ ဒီမိုကရက်တစ်မြန်မာ့အသံ ပြည်တွင်းသတင်းလုပ်ငန်းကို ဦးဆောင်သူများက လုပ်ငန်းအတွက် သတ်မှတ်ပေးထားသော အဖွဲ့အစည်းပိုင် ငွေများကို အလွဲသုံးစားပြုလုပ်နေကြောင်း ဒီမိုကရက်တစ်မြန်မာ့အသံ အုပ်ချုပ်ရေး တာဝန်ရှိသူများဖြစ်သည့် ဦးဆောင်ညွှန်ကြားရေးမှူးနှင့် လက်ထောက်ဦးဆောင်ညွှန်ကြားရေးမှူးတို့က အထောက်အထားအခိုင်အမာ တွေ့ရှိခဲ့သည်။ ငွေကြေးစီမံခန့်ခွဲရေး အပါအဝင် မြန်မာပြည်တွင်းသတင်းလုပ်ငန်းကို ဦးဆောင်တာဝန်ယူသူ ဦးမျိုးမင်းနိုင် (အမည်ခွဲများ- ကိုနေထွန်း၊ ကိုနန္ဒ၊ ကိုမျိုးကြီး) နှင့် ဦးအောင်မျိုးကျော် (အမည်ခွဲများ- ပွကြီး၊ အရှည်လေး) တို့နှစ်ဦးသည် မမှန်ကန်သော ငွေစာရင်းများတင်ပြကာ ပုဂ္ဂိုလ်ရေး အကျိုးစီးပွားအတွက် အဖွဲ့ပိုင်ငွေကြေးများကို မတရားရယူနေကြောင်း သက်သေ အထောက်အထားများအရ သိရသည်။ ထို့ကြောင့် ယမန်နှစ် စက်တင်ဘာလက ထိုငွေကြေးအလွဲသုံးစားမှုကို အုပ်ချုပ်ရေး တာဝန်ရှိသူများက ဘုတ်အဖွဲ့သို့တင်ပြခဲ့သည်။ ထိုအချိန်မှစ၍ ဘုတ်အဖွဲ့က အဆိုပါ ငွေကြေးအလွဲသုံးစားမှုကို တာဝန်ယူ စုံစမ်းဖော်ထုတ်ခဲ့သည်။
၂။ လွတ်လပ်၍ သမာသမတ်ကျသော စုံစမ်းစစ်ဆေးမှုကို ဦးတည်သောအားဖြင့် ဦးဆောင်ညွှန်ကြားရေးမှူး ဦးအေးချမ်းနိုင်နှင့် လက်ထောက် ဦးဆောင်ညွှန်ကြားရေးမှူး ဦးခင်မောင်ဝင်းတို့သည် စုံစမ်းစစ်ဆေးမှု ပြီးသည်အထိ စီမံခန့်ခွဲရေးတာဝန်မှ ယာယီရပ်နားပြီး အသံလွှင့်လုပ်ငန်းပိုင်းကိုသာ တာဝန်ယူခဲ့သည်။ ထိုကာလအတွင်း ဒီဗွီဘီ စီမံခန့်ခွဲရေးကို တာဝန်ယူရန် ယာယီ ဦးဆောင်ညွှန်ကြားမှူးအဖြစ် ဦးဟန်ညောင်ရွှေနှင့် ယာယီရုံးအုပ်ချုပ်ရေးမှူးအဖြစ် Ms. Vibeke Hermanrud တို့ကို ခန့်အပ်တာဝန်ပေးခဲ့သည်။
၃။ စုံစမ်းစစ်ဆေးမှုပြုလုပ်ရန် Price waterhouse Coopers (PwC) ကို ငှားရမ်းခဲ့သည်။ နော်ဝေး နိုင်ငံနှင့် ထိုင်းနိုင်ငံတို့တွင် အခြေစိုက်သော PwC ရုံးခွဲများမှ စုံစမ်းစစ်ဆေးရေးမှူး ခြောက်ဦးသည် ယမန်နှစ် နိုဝင်ဘာလဆန်းမှစ၍ စုံစမ်းစစ်ဆေးခဲ့သည်။ အော်စလိုမြို့ ဒီမိုကရက်တစ်မြန်မာ့အသံ ရုံးချုပ်ရှိ ဝန်ထမ်းများကို ပထမမေးမြန်းပြီး ငွေစာရင်းများ၊ သက်သေ အထောက်အထားများကို စစ်ဆေးခဲ့သည်။ နော်ဝေး PwC ရုံးမှ စစ်ဆေးရေးမှူးနှစ်ဦးနှင့် ထိုင်းနိုင်ငံ PwC ရုံးမှ စစ်ဆေးရေးမှူး တဦးတို့က နိုဝင်ဘာလလယ်ပိုင်းတွင် ထိုင်းနိုင်ငံအတွင်း စုံစမ်းစစ်ဆေးခဲ့သည်။
၎။ ယခုအခါ PwC က ၎င်းတို့စုံစမ်းစစ်ဆေး တွေ့ရှိချက်များကို အစီရင်ခံစာ ရေးသားထုတ်ပြန်လိုက်ပြီဖြစ်သည်။ အဓိက တွေ့ရှိချက်များထဲတွင် အောက်ပါအချက်များ ပါဝင်သည်။
(က) ဒီမိုကရက်တစ်မြန်မာ့အသံ၏ ပြည်တွင်း သတင်းလုပ်ငန်း ကွန်ရက်ကို ၂၀၀၆ ခုနှစ် တည်ထောင်ချိန်မှစ၍ အခုအချိန်ထိ တာဝန်ယူကြီးကြပ်နေသော အော်စလိုအခြေစိုက် တာဝန်ခံ ဦးမျိုးမင်းနိုင် (အမည်ခွဲများ- ကိုနေထွန်း၊ ကိုနန္ဒ၊ ကိုမျိုးကြီး) နှင့် ပြည်တွင်းသတင်းလုပ်ငန်းအတွက် ငွေကြေးကို မဲဆောက်မှ ကြီးကြပ်သူ ဦးအောင်မျိုးကျော် (အမည်ခွဲများ- ပွကြီး၊ အရှည်လေး) တို့ နှစ်ဦးမှာ အလွဲသုံးစားလုပ်သူများ ဖြစ်ကြောင်း PwC အစီရင်ခံစာ က ထောက်ပြထားသည်။
() အလွဲသုံးစားလုပ်ခဲ့သည်ဟု PwC က အတည်ပြုသော ငွေပမာဏမှာ နော်ဝေးငွေ ကရောင်း ၂,၂၁၈,၁၄၁၊ (အမေရိကန်ဒေါ်လာ ၃၆၉,၀၇၅၊ မြန်မာကျပ် ၃၁၀,၀၀၀,၀၀၀) ဖြစ်သည်။ အလွဲသုံးစား ပြုလုပ်ခံရသော ငွေများမှာ ပြည်တွင်းနှင့် မဲဆောက်ရုံးတာဝန်ကျ သတင်းထောက်နှင့် ဝန်ထမ်းများ၏ လစာငွေများ၊ ဖမ်းဆီးခံထားရသော ဒီမိုကရက်တစ် မြန်မာ့အသံ သတင်းထောက်များ၏ မိသားစုများအတွက် ပေးသော ထောက်ပံ့ငွေများ၊ ရုံးခန်းငှားခများနှင့် လုပ်ငန်း လည်ပတ်စရိတ်အတွက် သတ်မှတ်ပေးထားသော ငွေများဖြစ်သည်။
() အလွဲသုံးစားလုပ်၍ စုဆောင်းရရှိသော ငွေများဖြင့် ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံတွင် အိမ်များ၊ တိုက်ခန်းများ၊ မော်တော်ယာဉ်များ၊ မြေကွက်များ ဝယ်ယူထားသည့်အပြင် လောင်းကစားနှင့် အခြား စီးပွားရေးလုပ်ငန်းများကိုလည်း လုပ်ဆောင်နေသည်။
() အကျဉ်းထောင်အသီးသီးတွင် ထောင်ချခံခဲ့ရသည့် ဒီဗွီဘီ သတင်းထောက်များနှင့် မိသားဝင်များအတွက် ထောက်ပံ့ငွေများကိုအလည်း အလွဲသုံးစား လုပ်ခဲ့ကြသည်။
၅။ အလွဲသုံးစားငွေများထဲမှ ဘတ်ငွေ နှစ်သန်းခုနစ်သိန်းဖြင့် ၂၀၀၈ ခုနှစ်တွင် ဝယ်ယူထားသော ဘန်ကောက်မြို့ရှိ အိမ်တလုံးကို ဒီမိုကရက်တစ်မြန်မာ့အသံက ပြန်လည်သိမ်းယူထားပြီးဖြစ်သည်။ ကျန်နေသေးသော အထက်ဖော်ပြပါ ပစ္စည်းများကို သိမ်းယူနိုင်ရန် ဆက်လက်ဆောင်ရွက်သွားမည်။
၆။ စုံစမ်းစစ်ဆေးမှု စတင်ကတည်းက ဖော်ပြပါ အလွဲသုံးစား လုပ်သူများသည် သူတို့အပေါ် နိုင်ငံရေး လုပ်ကြံမှုဖြစ်ကြောင်း ကောလာဟလသတင်းများ လွှင့်ခဲ့သည်။ ပြည်တွင်းသတင်း ကွန်ရက်တွင် တာဝန်ထမ်းဆောင်နေသော သတင်းထောက်များနှင့် နိုင်ငံရေးအဖွဲ့များအကြား သတင်းမှားများ ဖြန့်ချိကာ ဒီမိုကရက်တစ်မြန်မာ့အသံ အကွဲအပြဲဖြစ်သယောင် လုပ်ဆောင်နေသည်။ ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေးအတွင်း ဒီမိုကရက်တစ်မြန်မာ့အသံ သတင်းထောက်များ၏ စွန့်စားလုပ်ဆောင်ချက်များကို မှတ်တမ်းတင်ထားသည့် “Burma VJ” မှတ်တမ်းတင် ရုပ်ရှင်ကား အမည်ကို အသုံးပြုပြီး Burma VJ Media Network ဟု ခေါ်သော အဖွဲ့ကို တည်ထောင်ထားသည်။ ထို့အပြင် ဒီမိုကရက်တစ်မြန်မာ့အသံက ထုတ်ပေးထားသော ပစ္စည်းကိရိယာများ၊ ဒီမိုကရက်တစ်မြန်မာ့အသံ မူပိုင်ဖြစ်သော archive ဗွီဒီယို၊ ဓာတ်ပုံနှင့် အခြား အရေးကြီး သတင်းအချက်အလက်များကိုလည်း ပြန်လည်အပ်နှံခြင်းမရှိဘဲ သိမ်းယူထားဆဲဖြစ်သည်။ ဒီဗွီဘီပိုင် ပစ္စည်းများအား အလွဲသုံးစား လုပ်ထားခြင်းအပေါ် ဆက်လက် အရေးယူဆောင်ရွက်သွားမည်။
၇။ အခက်အခဲများစွာကို ရင်ဆိုင်ကာ ဒီမိုကရက်တစ်မြန်မာ့အသံတွင် ဆက်လက် တာဝန်ထမ်းဆောင်နေသော ပြည်တွင်းသတင်းကွန်ရက်မှ သတင်းထောက်များအားလုံးကို ချီးကျူးဂုဏ်ပြုပါသည်။ အဖြစ်မှန်ကိုသိ၍ ဒီမိုကရက်တစ် မြန်မာ့အသံနှင့် ပြန်လည်လက်တွဲလုပ်ကိုင်လိုသော ဒီဗွီဘီ သတင်းထောက်များအားလုံးကို ဖိတ်ခေါ်ပါသည်။
၈။ ဘုတ်အဖွဲ့က ဦးအေးချမ်းနိုင်နှင့် ဦးခင်မောင်ဝင်းတို့ကို ၎င်းတို့ယာယီနုတ်ထွက်ထားသော ရာထူးများဖြစ်သည့် ဦးဆောင်ညွှန်ကြားရေးမှူးနှင့် လက်ထောက်ဦးဆောင်ညွှန်ကြားရေးမှူး ရာထူးများတွင် ၂၀၁၂ ဇန်နဝါရီ ၁ ရက်နေ့ကတည်းက အသီးသီး ပြန်လည်ခန့်အပ်ထားပြီး ဖြစ်သည်။
ဆက်သွယ်ရန်
1. Mr. Harald Lars Bøckman, ဘုတ်အဖွဲ့ဥက္ကဋ္ဌ၊ harald.bockman@sum.uio.no, +47 94143838
2. Mr. Eirik Vinje, Attorney-at-law, ဒီမိုကရက်တစ်မြန်မာ့အသံရှေ့နေ၊ ev@gmco.no, +47 92 88 67 79
3. ဦးအေးချမ်းနိုင်၊ ဦးဆောင်ညွှန်ကြားရေးမှူး၊ acn@dvb.no, +47 91107743
4. ဦးခင်မောင်ဝင်း၊ လက်ထောက်ဦးဆောင်ညွှန်ကြားရေးမှူး၊ kmw@dvb.no, +47 45276649
ဇန်နဝါရီလ (၂၀) ရက်နေ့၊ ၂၀၁၂ ခုနှစ်။ အော်စလိုမြို့


လက်နက်ကိုင်တပ်နှင့် ဆက်စပ်ဖမ်းဆီးခံရသူများ ပြန်မလွတ်သေး
Published on January 20, 2012 by နော်နိုရင်း · ဒီဗွီဘီ ·
ပြီးခဲ့တဲ့ ၁၃ ရက်နေ့က ထင်ရှားတဲ့ ခေါင်းဆောင်တွေအပါအဝင် နိုင်ငံရေး အကျဉ်းသား အများအပြား လွတ်မြောက်လာခဲ့ပေမယ့် တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ဆက်စပ် ဖမ်းဆီးခံရသူတွေ အများအပြား ကျန်နေသေးတယ်လို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက ပြောပါတယ်။


ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၂ ရက်နေ့တုန်းက အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေး ပဏာမ လက်မှတ်ထိုးခဲ့တဲ့ ကရင်အမျိုးသားအစည်းအရုံး ခေါင်းဆောင်တွေကို ပြည်ထောင်စု ရထားဝန်ကြီး ဦးအောင်မင်းက ကေအန်ယူအဖွဲ့နဲ့ ဆက်စပ် ဖမ်းဆီးခံရသူရဲ့ စာရင်းကို ပြုစုပြီး ပို့ပေးဖို့ ပြောဆိုခဲ့ပါတယ်။


လက်ရှိ အနေအထားမှာ ကေအန်ယူအနေနဲ့ အကျဉ်းထောင် အသီးသီးမှာ ထိန်းသိန်းခံထားရတဲ့ ကေအန်ယူအဖွဲ့ဝင်တွေ အပါအဝင် မတရားအသင်းနဲ့ ဆက်သွယ်မှု၊ ထောက်ပံ့အားပေးမှု၊ ဖောက်ခွဲမှု၊ လူသတ်မှုတို့နဲ့ အမည်တပ် ဖမ်းဆီး ထိန်းခံထားရသူ အားလုံးကို စာရင်းပြုစုနေပြီး အစိုးရဆီ ပေးပို့သွားမယ်လို့ ကေအန်ယူ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီ အတွင်းရေးမှူး ပဒိုစောဒေးဗစ်ထောက ပြောပါတယ်။
ကျနော်တို့ အေအေပီပီကို လှမ်းမေးထားတယ်။ အေအေပီပီကလည်း သူတို့လုပ်ထားတာ ၄၀ ကျော်ကျော်လောက် ရှိတယ်လို့ ပြောတယ်လေ။ ကျနော်တို့ဆီမှာ ပြုစုထားတဲ့ လူတွေလည်း ရှိတော့ အဲ့ဟာတွေနဲ့လည်း ပြန်တိုက်ကြည့်ရဦးမယ့် သဘောရှိတယ်။ တောင်းလာရင် မမှားစေချင်ဘူးလေ။”
အလားတူ အခုလ ၁၆ နေ့က ပြည်ထောင်စုအစိုးရအဆင့်နဲ့ ငြိမ်းချမ်းရေး လက်မှတ် ထိုးခဲ့တဲ့ ရှမ်းပြည်တပ်မတော်၊ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ ကလည်း ၁၃ ရက်နေ့က ပြန်လွတ်လာတဲ့ နိုင်ငံရေး အကျဉ်းသားတွေထဲမှာ သူတို့ တပ်သားတွေ မပါကြောင်းနဲ့ လက်ရှိ အကျဉ်းထောင်မှာ ရှမ်းပြည်တပ်မတော်က အားလုံး ၃၂ ဦးရှိတယ်လို့ ပြောပါတယ်။
အဆိုပါ ၃၂ ဦး ထောင်ချမှတ်ခံရတာနဲ့ ပတ်သက်ပြီး ရှမ်းသံတော်ဆင့် သတင်းအယ်ဒီတာ ဦးခွန်စိုင်းက အခုလို ပြန်ပြောပါတယ်။
ဒုဗိုလ်မှူးကြီး ခွန်ကျော် သို့မဟုတ် သံချောင်းက ၂၀၀၆ ခုနှစ် ဇန်နဝါရီလ ၃ ရက်နေ့ နှစ်သစ်ကူးနေ့မှာ သူတို့က နမ့်ခမ်းမှာ လက်နက်ချတယ်။ ဒါပေမယ့် ၂ ရက်နေ့ကျတော့ သူတို့ကို ဖမ်းဆီးပြီး လားရှိုးပို့ပြီး ရုံးတင်စစ်ဆေးတာပေါ့။ မတ်လ ၄ ရက်နေ့မှာ သူတို့ကို စီရင်ချက်ချတယ်။


အကုန်လုံး အမှု ၁၁ မှုလောက်ရှိတယ်ပြောတယ်။ ၁၁ မှုမှာ လူသတ်တာတို့ မူးယစ်ဆေးဝါး ကုန်ကူးတာတို့ ကလေးစစ်သားတို့၊ သူတို့ အကုန်လုံးဖမ်းတာကတော့ ၃၂ ယောက်ဖြစ်တယ်။ ၃၂ ယောက်မှာ ၃ ယောက်ကိုတော့ အသက်ငယ်သေးတယ်ဆိုပြီးတော့ ၇ နှစ် နှစ်ထောင်ချတယ်။ ကျန်တဲ့ ၂၉ ယောက်ကိုတော့ သေဒဏ်ပေးတယ်။ ဗိုလ်မှူးကြီး ခွန်ကျော်ကတော့ သေဒဏ် ၅ ခါထိတယ်လို့ ပြောတယ်။ ၃ ယောက်ကိုတော့ လားရှိုးထောင်မှာ ဆက်ချထားတယ်။ ကျန်တဲ့လူတွေကိုတော့ မန္တလေးပို့တယ်။ မန္တလေးကနေမှ သူတို့လူခွဲပြီးတော့ တယောက် တနေရာစီ ပို့တာ။ ဗိုလ်မှူးကြီး ခွန်ကျော်ကတော့ သာယာဝတီမှာ သွားနေရတယ်ပြောတယ်။ သူနဲ့နေတာလည်း ၄၊ ၅ ယောက်လောက် ရှိတယ်ပြောတယ်။ သေသေချာချာ မသိရဘူးပေါ့ဗျာ။ သူတို့ တပ်မဟာက ၂၄၁ လို့ ခေါ်ပါတယ်။ ”


အလားတူ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦးကလည်း ပြီးခဲ့တဲ့ ရက်ပိုင်းက လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ကျောင်းသားတပ်မတော် ရဲဘော်တချို့ ပြန်လွတ်လာပေမယ့် ၃၀ ကျော် အဖမ်းခံနေရတယ်လို့ ပြောပါတယ်။


ကရင်နီအမျိုးသားတိုးတက်ရေး ပါတီကတော့ သူတို့ရဲ့ အကျဉ်းကျနေတဲ့ တပ်သားစာရင်းကို ပြုစုနေပြီး မကြာခင်ထုတ်ပြန်မယ်လို့ ပြောပါတယ်။


နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း အေအေပီပီကတော့ ပြီးခဲ့တဲ့ ၁၃ ရက်နေ့က လွှတ်ပေးသူတွေထဲမှာ ၂၈၇ ဦး စာရင်း ရရှိထားတယ်လို့ ပြောပါတယ်။


အေအေပီပီ အတွင်းရေးမှူး ဦးတိတ်နိုင်က “ကျနော်တို့ စာရင်းအရဆိုရင်တော့ ၁၀၀၀ လောက်ကျန်တယ်။ သို့သော် ကျနော်တို့ အခုပြန်စစ်နေတယ်။ လုံးဝအတည်ပြုထားတဲ့ စာရင်းတွေအရဆိုရင်တော့ ၆၀၀ ကျော် ၇၀၀ လောက်ကျန်တယ်။ အဓိက ကတော့ လက်နက်ကိုင် တပ်ဖွဲ့ကလူတွေ ကျန်တယ်။ နောက် ဖောက်ခွဲရေးလို့ စွပ်စွဲထားတဲ့သူတွေ။ နောက်တခါ တရားမဝင် နယ်စပ်ဖြတ်ကျော် အဲ့ဒါတွေက အများကြီးပါ” လို့ ပြောပါတယ်။


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မဲဆွယ်မှု ပဲခူးတိုင်းတွင် စတင်လှုပ်ရှား
Published on January 20, 2012 by နေသွင် · ဒီဗွီဘီ ·


ပဲခူးတိုင်းအတွင်းမှာ ဖွဲ့စည်းထားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ရွေးကောက်ပွဲ အောင်နိုင်ရေး အဖွဲ့တွေ မဲဆွယ်လှုပ်ရှားမှု စတင်နေပြီ ဖြစ်ပါတယ်။


ပဲခူးတိုင်း ၄ ခရိုင်မှာ ကျေးရွာအဆင့်ထိ အောင်နိုင်ရေးအဖွဲ့တွေကို ဖွဲ့စည်းထားပြီး ရွေးကောက်ပွဲ အောင်နိုင်ရေး စည်းရုံးတာတွေ စတင် လှုပ်ရှားနေပြီလို့ ဦးမြတ်လှက ပြောပါတယ်။


နယ်တိုင်းမှာ ဆိုတာက အထူးသဖြင့်ကတော့ ခရိုင်တွေမှာ ဖွဲ့တာများတယ်။ တောင်ငူခရိုင် ဆိုလို့ရှိရင် တောင်ငူနားက မြို့နယ်တွေကနေ အဲဒီမှာတောင်ငူမှာ သွားပြီးတော့ လုံးပြီးတော့ စည်းရုံးရမှာပေါ့။ ပဲခူးဆိုလို့ရှိရင်လည်း ပဲခူးခရိုင်က ပဲခူး၊ သနပ်ပင်၊ ဝေါ သွားပြီးတော့ ကျနော်တို့ လုပ်ကြရမှာပေါ့။ နီးစပ်ရာ နီးစပ်ရာတွေ အကုန်လုံး လုပ်ထားပြီ။ စည်းရုံးရေးကို စတင်နေပြီ။”


လာမယ့် ဧပြီလ ၁ ရက်နေ့မှာ ကျင်းပဖို့ စီစဉ်ထားတဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ ပဲခူးတိုင်းအတွင်းက လစ်လပ် မဲဆန္ဒနယ် ၆ ခုမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနဲ့ အဓိက ယှဉ်ပြိုင်ရဖွယ် ရှိတယ်လို့ ဦးမြတ်လှက ပြောပါတယ်။


ပဲခူးတိုင်း၊ သနပ်ပင်မြို့နယ်အတွင်းက ကျေးရွာကို အခမဲ့ဆေးကုသဖို့ သွားရောက်နေတဲ့ ဦးမြင့်ဦးက အောက်ခြေက အခြေအနေကို အခုလို ရှင်းပြပါတယ်။


ကျနော်တို့က ဖွံ့ဖြိုးမှုက တအားနောက်ကျ ကျန်နေခဲ့တာ။ နည်းနည်းပါးပါး နောက်ကျနေတာမှ မဟုတ်ဘူး။ ကျနော် သွားတဲ့အခါ အခက်အခဲတွေ သူတို့ ပြောပြကြတယ်၊ ဆွေးနွေးကြတယ်။ လမ်းပန်း ဆက်သွယ်ရေးတွေ အခုထက်ထိ မကောင်းသေးဘူးဗျာ။ သူတို့ ကျေးရွာတွေမှာ မီးမရဘူးဗျာ။ ဒါတွေက မဖြစ်သင့် မဖြစ်ထိုက်တဲ့ ဟာမျိုးတွေ။ ကျန်းမာရေး စောင့်ရှောက်မှုကလည်း မရှိသလောက်ပဲ။ ပညာရေးကလည်း ကလေးငယ်တွေ မူလတန်းမအောင်ဘဲနဲ့ ကျောင်းထွက်ရတဲ့ နှုန်းထားက တနှစ်ထက် တနှစ်ပိုများလာတယ်။ အဲဒါတွေက ကျနော်တို့ခေါင်းထဲမှာ ထည့်ဖြေရှင်းရမယ့် ဟာတွေ။ ကျန်းမာရေးစောင့်ရှောက်မှု အခမဲ့ ကုပေးတယ်လို့ ပြောတယ်။ ဒီလောက်နဲ့ မလုံလောက်ဘူးဗျ။ အစိုးရ တရပ်ကိုက ကျန်းမာရေးအသုံးစရိတ် တိုးပြီးတော့ သတ်မှတ်ပေးရမယ်။ ဒါတွေ ကျနော်တို့က ပြောသွားရမယ်။ အခု သတ်မှတ်ပေးထားတဲ့ ပညာရေး အသုံးစရိတ်လောက်နဲ့ မလုံလောက်ဘူး။”


ဦးမြင့်ဦးဟာ ပဲခူးတိုင်း၊ သနပ်ပင်မြို့နယ်က ပြည်သူ့လွှတ်တော်အတွက် အဖွဲ့ချုပ်ကိုယ်စား ယှဉ်ပြိုင်မှာ ဖြစ်ပြီး ကြံ့ခိုင်ရေးပါတီနဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီက ကိုယ်စားလှယ်တွေနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။


ဆင်းရဲမွဲတေမှုလျှော့ချရေးစီမံကိန်း အသေးစားချေးငွေ လိုအပ်သူများထံ မရောက်
Published on January 20, 2012 by အံ့ဘုန်းမြတ် · ဒီဗွီဘီ ·
အစိုးရသစ်လက်ထက် ဆင်းရဲမွဲတေမှုလျှော့ချရေး စီမံကိန်းတွေထဲက အသေးစား ငွေချေးလုပ်ငန်းက ချေးငွေတွေ လိုအပ်သူတွေဆီ မရောက်ရှိဘဲ ဖြစ်နေသလို ချေးယူသူတွေအနေနဲ့လည်း အခက်အခဲတွေ ရှိနေပါတယ်။


ဆင်းရဲမွဲတေမှု လျှော့ချရေး အစိုးရချေးငွေတွေကို ရပ်ကွက်အုပ်ချူပ်ရေး အာဏာပိုင်တွေက နီးစပ်သူတွေနဲ့ အမြဲတမ်း နေထိုင်သူတွေကိုပဲ ထုတ်ပေးနေတာကြောင့် ချေးယူလိုသူတွေဆီ မရောက်ရှိပဲ ဖြစ်နေတာပါ။


ဒီလိုဖြစ်နေတာနဲ့ ပတ်သက်ပြီး ရန်ကုန်ဆင်ခြေဖုန်း ရပ်ကွက်နေ ဈေးသည်တဦးက “ရပ်ကွက်ကပေးတာတွေက လူရွေးပြီးပေးတာ။ ကျနော်တို့လို အိမ်ငှားနေတဲ့သူတွေ မရဘူး။ အိမ်ရာ အပိုင်ရှိတဲ့သူတွေ၊ နောက်ပြီး သူတို့ဆွေမျိုးမှ ပြီးတော့ ရပ်ကွက်လူကြီးပေါ့။ သူတို့အမျိုး မျက်နှာသိမှ အဲဒီလိုမျိုးတွေ ပေးကြတာ။ တော်ရုံတန်ရုံလူဆို မပေးဘူး။ မပေးဘူးဆိုတာလည်း သူတို့ကို အပြစ်ပြောလို့ မရပါဘူး။ ပိုက်ဆံအသွင်း မမှန်ကြတော့ ဘယ်လိုလုပ်မလဲ။ ရက်မမှန်ဘူး ဆိုတာကလည်း မိုးချုပ်သွားတယ်။”
နောက်နေ့မနက်မှ ပေးရမယ်ဆိုရင် လူတွေက နည်းနည်း ခံသာသေးတယ်။ အခုက အလုပ်သမားပြန်ချိန် ဈေးရောင်းချိန် ပြန်ချိန်နဲ့ လွဲကြတာပေါ့။ အဲဒါနဲ့ မမှန်တော့ ဖြုတ်ချလိုက်တော့ လူရွေးပေးတဲ့ ပုံစံဖြစ်သွားရော နောက်ဆုံးကြတော့” လို့ ပြောပါတယ်။


ဆင်းရဲနွမ်းပါးမှု လျှော့ချရေး ချေးငွေက အတိုးနှုန်း သက်သာပေမယ့် ချမှတ်ထားတဲ့ စည်းမျဉ်း စည်းကမ်းတွေက အခြေခံ လူတန်းစားနဲ့ ကိုက်ညီမှု မရှိတာကြောင့် ပြင်ပ တရားမဝင် ငွေချေး ဈေးကွက်တွေက နေ့ပြန်တိုးနဲ့ ချေးယူ ပြန်ဆပ်နေကြတာတွေလည်း ရှိနေတယ်လို့ သူက ဆိုပါတယ်။


ပြင်ပငွေချေး လုပ်ငန်းကတော့ ရှိနေဦးမှာပဲ။ ရယက ချေးငွေကို ၅နာရီထိုး ပေးရမယ်။ ပေးစရာမရှိတော့ ငါ့ကို ၅၀၀ လောက် ပေး။ နောက်မှ ၆၀၀ ပေးပါမယ်ဆိုပြီး အတိုးသမားဆီက ၁၀၀ အတိုးပေးပြီး မဖြစ်မနေ ချေးရတော့ ဘာမှမထူးဘူး။


ရပ်ကွက်မှာချေးရင် အေးရာအေးကြောင်းပဲ။ အဲဒီလောက်တော့။ အတိုးပေးရတာချည်းပဲ။ ဥပမာ ၂၀၀၀၀ ယူလိုက်တယ်ပေါ့။ တနေ့ကို ၂၀၀၀ အသွင်းနဲ့။ ဒီနေ့တော့ မပြေလည်သေးဘူး။ နေပါဦးဗျာဆိုလည်း နေမှာပဲ။ နောက်နေ့မှ ပေါင်းပေးလိုက်။ ဒါမှမဟုတ် ရက်ပျက်ခကို ထားလိုက်ဦးမယ်။ ပိုက်ဆံပြည့်သွားမှ ရက်ပျက်ခကို ဖြည့်ပေးလိုက်မယ်ဆိုရင် သူတို့က လက်ခံမှာပဲ။ နိုင်ငံတော်ချေးငွေက အဲ့လိုလည်း လက်ခံမှာ မဟုတ်ဘူး။ ဆင်းရဲသားပပျောက်ရေးဆိုတာ သူတို့က ပြောလိုက်တာပဲ။ သူတို့ကို ပေးစရာမရှိလို့ အပြင်က အတိုးနဲ့ ဆွဲပေးလိုက်ရတော့ ဘာမှမထူးဘူး”လို့ ဆိုပါတယ်။


ဒါ့အပြင် ချေးယူသူအချို့က အစိုးရ၊ နိုင်ငံရေးပါတီတွေနဲ့ လူမှုရေးအဖွဲ့အစည်းတွေက ထုတ်ချေးတဲ့ ချေးငွေအားလုံးကို ချေးယူပြီး ကြွေးဟောင်းဆပ် ကြွေးသစ်ယူတာမျိုးတွေလည်း ရှိနေပါတယ်။


ဒီလို အခက်အခဲတွေ ရှိနေတာကြောင့် ဆင်းရဲနွမ်းပါးမှု လျှော့ချရေးအတွက် အဖွဲ့အစည်းတွေက ချေးငွေချပေးဖို့ အခြေခံ လူတန်းစားကြားမှာ တွေ့ကြုံရတဲ့အခက်အခဲတွေ၊ အခြေအနေတွေကို ကွင်းဆင်း လေ့လာပြီး ပညာပေးလုပ်ငန်းတွေကိုပါ တခါတည်း လုပ်ဆောင်မှ အောင်မြင်နိုင်မယ်လို့ စီးပွားရေးပညာရှင် ဆရာဦးမော်သန်းက အကြံပြု ပြောကြားပါတယ်။


ရည်ရွယ်ချက် ဦးတည်ချက်အနေနဲ့တော့ မကောင်းဘူးလို့ ပြောလို့ မရပါဘူး။ သို့သော် တကယ်အကျိုးသက်ရောက်မှုကျတော့ ဘင်္ဂလားဒေ့ရှ်မှာဆို နိုဘယ်လ်ဆုတွေတာင် ရလာခဲ့တယ် ငွေချေးတဲ့ဥစ္စာ။ အခုကျတော့ လက်လုပ်လက်စားတွေက သူ့ကြောင့် ငါ့တို့တော့ အကြွေးတင်နေတယ် ဆိုပြီးတော့ အပြစ်တင်တဲ့ သဘောမျိုးဖြစ်တယ်ခင်ဗျ။ အမတော်ကြေးငွေ ပေးလိုက်တယ်၊ ပေးလိုက်တဲ့ဥစ္စာကို တခါတည်း တထိုင်တည်း လောင်ကစား လုပ်ပစ်လိုက်တယ်၊ စားသောက်ပစ်လိုက်တယ်ဆိုရင် ချေးငွေကတော့ သူက ပျောက်မသွားဘူး။ ပေးစရာရှိတာကတော့ ကျိန်းသေတယ် ကိုယ့်အတွက် အဲဒီ ချေးငွေကနေပြီးတော့ အကျိုးသက်ရောက်မှု ရှိစရာကတော့ ဘာမှ မလာဘူး။ ချေးငွေပေးတာက ချေးငွေနဲ့ အတူတကွ ဒီချေးငွေကို ဘယ်လိုသုံးပြီး လုပ်ကိုင် စားသောက်ရမယ်၊ ချေးငွေနဲ့ ပတ်သက်ပြီးတော့ ဘယ်လိုအသုံးချနိုင်တယ်၊ ဘယ်လို သုံးစွဲရမယ့်ဆိုတဲ့ အသိပညာ ဗဟုသုတပါ။ ဒါကတော့ ကျနော် ဆင်းရဲသားကို သူ့ရဲ့အသိဉာဏ်ကို စော်ကားပြောတာ မဟုတ်ပါဘူး။ အသိဉာဏ်ပါ ပါဖို့လိုတယ်။ မပါရင်တော့ ငွေချေးယူလိုက်တဲ့အတွက် အကြွေးတင်သွားတာ အဖတ်တင်ပြီးတော့ ဒီအကြွေးတင်နေပြီးတော့ ဘာမှ ထိထိရောက်ရောက် တိုးပွားမလာဘူးဆိုရင်တော့ ဒုက္ခတောင် ပိုရောက်စေတယ်။”


မြန်မာနိုင်ငံမှာ အစိုးရသစ်တက်လာပြီးနောက်ပိုင်း ၂၀၁၆ ခုနှစ်မှာ ဆင်းရဲမွဲတေမှု ၁၆ ရာခိုင်နှုန်းလျှော့ချ မယ်လို့ ပြောကြားထားပြီး ဒီအသေးစားငွေချေးလုပ်ငန်းတွေကို စတင်အကောင်အထည်ဖော် ဆောင်ရွက်လာတာပါ။
မြန်မာနိုင်ငံ လူဦးရေ ၅၉ သန်းကျော်ထဲက ၁၉ သန်းကျော်ဟာ ဆင်းရဲမွဲတေမှုဒဏ်ကို ခံစားနေကြတယ်လို့ အစိုးရရဲ့ မှတ်တမ်းတွေကဆိုပေမယ့် ဒီထက် ပိုနိုင်တယ်လို့လည်း သုံးသပ်မှုတွေ ရှိနေပါတယ်။


ကလေးစစ်သားကို ပြန်တွေ့သော်လည်း ခေါ်ယူရန် ခက်ခဲနေ
Published on January 20, 2012 by ကိုထွေး · ဒီဗွီဘီ ·
ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ် နမ္မတီးရွာမှာနေကြတဲ့ မိဘတွေက အသက် ၁၄ နှစ်အရွယ်ကတည်းက ပျောက်သွားတဲ့ သားကို စစ်တပ်ကနေ ပြန်ခေါ်ဖို့ ခက်ခဲနေပါတယ်။


၂၀၀၈ ခုနှစ်က ကျောင်းသွားရာကနေ အိမ်က ပျောက်ဆုံးသွားတဲ့ ဒေါ်နုနော်ရဲ့သား အသက် ၁၄ နှစ်အရွယ် ဇောင်ချမ်းဟာ လားရှိုးမြို့က အမှတ် ၃၄၆ အမြောက်တပ်ရင်းမှာ ရောက်နေတာ သိရပေမယ့် ပြန်လည် ခေါ်ထုတ်ဖို့ အခက်အခဲ ဖြစ်နေတယ်လို့ မိခင် ဒေါ်နုနော်က ပြောပါတယ်။


၂၀၀၈ ခုနှစ်က ပျောက်သွားတယ်။ ၈ တန်းဆိုတော့ အသက် ၁၄ နှစ် ကတည်းက။ ဘယ်သူမှလဲ မတိုင်ဘူး၊ ကျမတို့ဟာ ကျမတို့ လိုက်ရှာနေတယ်။ ပျဉ်ထောင်မှာသွားမေးတော့ ဆရာတွေက ကြေးနန်းနဲ့ ဆက်သွယ်ပေးတယ်။ အခုထိ အကြောင်းလည်း မကြားရတော့ တွေ့ချင်လို့။”


သားဖြစ်သူကို လိုက်လံစုံစမ်းခဲ့ပေမယ့်လည်း ငွေကြေးနဲ့ စားဝတ်နေရေး အခက်အခဲတွေကြောင့် ထိထိရောက်ရောက် မရှာနိုင်ခဲ့ဘူးလို့ ဆိုပါတယ်။


နောက်ပိုင်း စစ်တပ် တပ်ကြပ်ကြီးတဦးက သားဟာ ကိုယ်ပိုင်နံပါတ် (/၃၉၄၄၈၉) နဲ့ တပ်မတော် အမြောက်တပ်ရင်းမှာ တာဝန်ထမ်းနေတယ်ဆိုပြီး အိမ်ကို စာရေးအကြောင်းကြားလာတယ်လို့ မိခင်ဖြစ်သူက ပြောပါတယ်။


စာရပြီးတဲ့နောက် သားကို ပြန်တွေ့ချင်ပေမယ့် ဒေါ်နုနော်ဟာ ဗမာစကားကို သိပ်မပြောတတ်သလို ငွေကြေး၊ လမ်းပန်း သွားလာမှု စတဲ့ အခက်အခဲမျိုးစုံကြောင့် မတွေ့နိုင်သေးဘူးလို့ အိမ်နီးချင်းတဦးက ပြောပါတယ်။
ခေါ်ထုတ်ဖို့ကြိုးစားတော့ သူတို့လည်း ခက်ခက်ခဲခဲကို၊ သွားလည်း မသွားတတ်ဆိုတော့ ဒီအတိုင်းပဲ နေနေကြတာပါ။ အဖေကလည်း မိသားစုကို လုပ်ကိုင်ကျွေးမွေးနေရ၊ တောင်ယာခုတ် လယ်ခုတ်၊ ဝင်ငွေကလည်း နည်းတယ်ဆိုတော့ လိုက်သွားဖို့ကလည်း မလွယ်ဘူးလေ။ မြို့ကနေ တခြား တမြို့သွားဖို့တောင် ခက်ခက်ခဲခဲဖြစ်နေတာ။”


မြန်မာနိုင်ငံဟာ ကလေးစစ်သား စုဆောင်းခွင့် မရှိဘူးလို့ နိုင်ငံတကာ သဘောတူ စာချုပ်ကို လက်မှတ်ထိုးထားပေမယ့် မြန်မာ့တပ်မတော်ဟာ ကလေးစစ်သားတွေကို အဓမ္မ စစ်တပ်တွင်း သွတ်သွင်းနေတာတွေ ရှိနေဆဲဖြစ်ပြီး နိုင်ငံတကာရဲ့ ပြစ်တင်ဝေဖန်ခံနေရပါတယ်။


ပြန်လွတ်လာသည့် သံဃာများကို သိက္ခာထပ်ပွဲ ကျင်းပပေးမည်
Published on January 20, 2012 by ရွှေအောင် · ဒီဗွီဘီ ·
အကျဉ်းထောင်အသီးသီးက ပြန်လည် လွတ်မြောက်လာကြတဲ့ ရဟန်းသံဃာတော်တွေကို သိက္ခာထပ်မင်္ဂလာပွဲ ကျင်းပပေးဖို့ရှိပါတယ်။


သိက္ခာထပ် မင်္ဂလာပွဲကို ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ်၊ မကွေးပရိယတ္တိ စာသင်တိုက် ဆရာတော် ဦးပါမောက္ခက ဦးစီး ကျင်းပမှာဖြစ်ပြီး ဇန်နဝါရီ ၂၁ ရက် မနက် ၉ နာရီ ကျင်းပပြုလုပ်မှာပါ။


ဆရာတော်ဦးပါမောက္ခက“မြန်မာနိုင်ငံ အကျဉ်းထောင် အသီးသီးမှ လွတ်မြောက်လာသော ရဟန်း သံဃာတော်များ၊ ဦးဂမ္ဘီရနှင့်တကွ သံဃာတော်အပါး ၃၀၊ ပင့်သံဃာ ၁ဝ ပါး ပေါင်း သံဃာတော်အပါး ၄ဝလောက် သိမ်ဆင်းပြီးတော့ ဘုန်းကြီးတို့ဟာ ထိုရဟန်းသံဃာတွေကို သာသနာ့ဝန်ကို ပြန်လည် ထမ်းဆောင်နိုင်ရန်အတွက် မြန်မာတပြည်လုံးမှာ ရှိတဲ့ သာသနာတော်ကို ကြည်ညိုလေးစားတဲ့ ပုဂ္ဂိုလ်တွေအားလုံး လှူဒါန်းခွင့်ရအောင် သာသနာပြုခွင့်ရအောင် ဘုန်းကြီးက စီမံပြီးတော့ သံဃာတော်တွေကို သိမ်ထပ်တဲ့ပွဲ ပြုလုပ်မှာပါ” လို့ မိန့်ပါတယ်။


ဇန်နဝါရီ ၂၁ ရက်မှာ ပြုလုပ်မယ့် သိက္ခာထပ်မင်္ဂလာပွဲကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေ၊ လူမှုရေးအသင်းအဖွဲ့တွေ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ အားလုံးကို ဖိတ်စာနဲ့တကွ ဖိတ်ကြားထားတယ်လို့လည်း ဆရာတော်က မိန့်ပါတယ်။


သာသနာ့တာဝန်တွေ ပြန်လည် ထမ်းဆောင်ဖို့အတွက် သိက္ခာထပ်မယ့် ဆရာတော်တွေထဲမှာ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးဦးဆောင်ဆရာတော် အရှင်ဂမ္ဘီရအပြင် မဂ္ဂင်ကျောင်းတိုက် ဆရာတော် ဦးဣန္ဒက၊ ဦးပညာစာရ (စစ်တွေ) စတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း ဆရာတော်တွေ ပါဝင်ပါတယ်။


အခုသိက္ခာထပ်မယ့်ထဲမှာပါတဲ့ ရဟန်းသံဃာတော်တွေနဲ့ ပတ်သက်ပြီး မကွေးပရိယတ္တိစာသင်တိုက် ဆရာတော် ဦးပါမောက္ခက ခုလို မိန့်ကြားခဲ့ပါတယ်။


ဘုန်းကြီးပြောချင်တာကတော့ မြန်မာနိုင်ငံမှာ အကျဉ်းထောင် အသီးသီးမှာ ကျရောက်နေသော ရဟန်းသံဃာတော် အရှင်သူမြတ်များသည် ပါရာဇိက သိက္ခာပုဒ် ၄ ပုဒ်ကို ကျူးလွန်ခြင်းကြောင့်လည်း မဟုတ်ပါဘူး။ ရာဇဝတ်မှု ကျူးလွန်ထားတဲ့ ရဟန်းသံဃာတော်တွေလည်း မဟုတ်ပါဘူး။ အမှန်တကယ် တရားမျှတမှုကို လိုလားသောကြောင့် အကျဉ်းကျခံရသော သာသနာ့ အာဇာနည်များဖြစ်ပါသည်။ ထိုသာသနာ့ အာဇာနည်များ ဗုဒ္ဓဘာသာဝင် သူတော်စင်တို့က ယုံယုံကြည်ကြည် လေးလေးစားစားဖြင့် ကြည်ညိုပြီး သဒ္ဓါတရား ပွားများစေချင်ပါသည်။”


သောကြာ, 20 ဇန်နဝါရီ 2012
အစိုးရ ငြိမ်းချမ်းရေး ကမ်းလှမ်းချက် ABSDF လက်ခံ
By ကိုမိုးဇော် VOA
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF က အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ရဲ့ ပြည်တွင်း ငြိမ်းချမ်းရေးဖော်ဆောင်ရေး ကမ်းလှမ်းချက်ကို လက်ခံလိုက်ပြီး တွေ့ဆုံဆွေးနွေးဖို့ အကြောင်းပြန် ထားပါတယ်။ ဒီလိုတွေ့ဆုံဆွေးနွေးမယ်ဆိုရင် နိုင်ငံရေးပြဿနာတွေကို အဖြေရှာမယ့် ဆွေးနွေးရေး လုပ်ငန်းစဉ် လိုအပ်ကြောင်းနဲ့ တပြည်လုံးအတိုင်းအတာဆောင်တဲ့ အပစ်အခတ်ရပ်စဲရေး လိုအပ်ကြောင်း အဖွဲ့ရဲ့ ဒုဥက္ကဋ္ဌက ထုတ်ဖော်ပြောဆိုပါတယ်။ ဒီသတင်း အပြည့်စုံကို ထိုင်းအခြေစိုက် သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။


မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF ကို ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်ဖို့အတွက် ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့ခေါင်းဆောင် ဦးအောင်သောင်းကိုယ်စား ဒုဗိုလ်မှူးကြီးဟောင်း ဦးစောခင်စိုးက လက်မှတ်ရေးထိုးပြီး ဒီလ ၁၀ ရက်နေ့က စာပေးပို့ ကမ်းလှမ်းခဲ့တာဖြစ်ပါတယ်။


ဒီကမ်းလှမ်းချက်ကို အပြုသဘောဆောင်တဲ့ ကမ်းလှမ်းချက်အဖြစ် လက်ခံပြီး တွေ့ဆုံဆွေးနွေးဖို့အတွက် အကြောင်းပြန်ကြားခဲ့ကြောင်း ABSDF ရဲ့ ဒုက္ကဋ္ဌ ဦးမျိုးဝင်းက ပြောပါတယ်။


သူတို့ ပေးပို့လာတဲ့ စာပါ အကြောင်းအရာပေါ့နော် စာပါအကြောင်းအရာကတော့ ဒီ ပြည်တွင်းငြိမ်းချမ်းရေး အကောင်အထည်ဖော်ဖို့ကို ငြိမ်းချမ်းရေးစားပွဲမှာ တန်းတူညီတူ ဆွေးနွေးမယ်ဆိုတဲ့ ကမ်းလှမ်းလာတဲ့ အပေါ်မှာ ဒီကမ်းလှမ်းမှုဟာ အပြုသဘောဆောင်တဲ့ ကမ်းလှမ်းမှုလို့ ကျနော်တို့ မြင်တယ်။ အဲဒီပေါ်မှာ အခြေခံပြီးတော့ ဒီကမ်းလှမ်းမှုကို ကျနော်တို့က ကြိုဆိုတယ်။ အဲဒီအတွက်ကို ကျနော်တို့က ဆက်လက်ပြီးတော့ တွေ့ဆုံဆောင်ရွက်နိုင်ဖို့ အတွက်ကို ကျနော်တို့ ကြိုးပမ်းသွားမယ်ဆိုတဲ့အကြောင်း၊
ဆောင်ရွက်သွားမယ် ဆိုတဲ့အကြောင်းကို အကြောင်းပြန်တာပါ။”


နှစ်ဘက် တွေ့ဆုံဆွေးနွေးဖို့ကို နေရာနဲ့ ရက်ကိုတော့ အတိအကျ မသတ်မှတ်ရသေးပါဘူး။ တွေ့ဆုံ ဆွေးနွေးမယ်ဆိုရင်တော့ ABSDF ဘက်က ဆွေးနွေးမယ့် အခြေခံသဘောထားကို ဦးမျိုးဝင်းက အခုလို ဆက်ပြောပါတယ်။
အဓိက အခြေခံကတော့ ပြည်တွင်းမှာရှိတဲ့ နိုင်ငံရေး ပြဿနာတွေကို ဘယ်လို အဖြေရှာမလဲဆိုတဲ့ ဆွေးနွေးမှုဖြစ်စဉ် လိုတယ်။ အပစ်အခတ်ရပ်စဲရေး ဆိုရင်လည်းပဲ နိုင်ငံရေးပြဿနာတွေကို ဘယ်လို အဖြေရှာမလဲ ဆိုတဲ့ လက်ဦး အစပျိုးခြေလှမ်းတစ်ခုလို့ပဲ ကျနော်တို့ သတ်မှတ်မယ်။ ဒါကြောင့် ဒီအပစ်အခတ်ရပ်စဲရေး လုပ်ငန်းစဉ်အတွင်းမှာ နိုင်ငံရေးပြဿနာကို ဘယ်လို အဖြေရှာမလဲဆိုတဲ့ လုပ်ငန်းစဉ်မပါဘဲနဲ့ လုပ်တဲ့ အပစ်အခတ်ရပ်စဲရေးဟာ ယာယီငြိမ်းချမ်းရေးပဲ ရပါလိမ့်မယ်။ ကျနော် မြင်တာတော့ တပြည်လုံး အတိုင်းအတာဆောင်တဲ့ အပစ်အခတ်ရပ်စဲရေး ဖြစ်မှသာလျှင် စစ်မှန်တဲ့
ပြည်တွင်းငြိမ်းချမ်းရေးကို ကနဦးအဆင့်မှာ အစပျိုးအဆင့်မှာ အောင်မြင်လိမ့်မယ်လို့ ထင်တယ်။”


နိုင်ငံရေးပြဿနာတွေကို တွေ့ဆုံဆွေးနွေး အဖြေရှာဖို့အတွက် ပြည်တွင်း နိုင်ငံရေးအင်အားစုတွေ၊ နိုင်ငံတကာရောက် ABSDF အဖွဲ့ဝင်တွေ၊ အခြား နိုင်ငံရေး အင်အားစုတွေနဲ့ မဟာမိတ်အဖွဲ့အစည်းတွေရဲ့ သဘောထားကိုလည်း ရယူသွားမှာဖြစ်တယ်လို့ ဦးမျိုးဝင်းက ပြောပါတယ်။
အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နဲ့ ဆွေးနွေးတဲ့အခါမှာတော့ ABSDF ရဲ့ အကျိုးစီးပွားထက် တပြည်လုံးအကျိုးစီးပွားကို အလေးထားဆောင်ရွက်မှာဖြစ်သလို နိုင်ငံရေးလုပ်ငန်းစဉ်အဖြစ် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်နိုင်ဖို့ကိုလည်း ကြိုးပမ်းသွားမှာဖြစ်ကြောင်း ပြောပါတယ်။


မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦးဟာ ၁၉၈၈ ခုနှစ် လူထု ဒီမိုကရေစီ လှုပ်ရှားမှုကို စစ်တပ်က ဖြိုခွဲပြီးတဲ့နောက် နယ်စပ်ဒေသအသီးသီးကို ရောက်ရှိသွားတဲ့ ကျောင်းသား လူငယ်တွေက ဦးဆောင်ဖွဲ့စည်းပြီး အစိုးရကို ၂၃ နှစ်ကြာ လက်နက်ကိုင် တော်လှန်နေတဲ့အဖွဲ့ ဖြစ်ပါတယ်။


ဒီရက်ပိုင်းတွေအတွင်းမှာတော့ ၁၉၈၈ ခုနှစ်နောက်ပိုင်း ဖွဲ့စည်းခဲ့တဲ့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီနဲ့ FDB ခေါ် မြန်မာနိုင်ငံ ဒီမိုကရက်တစ်အင်အားစုကိုလည်း အစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့က တွေ့ဆုံဆွေးနွေးဖို့ ကမ်းလှမ်းထားပါတယ်။


အစိုးရရဲ့ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ဟာ လောလောဆယ်မှာ ကရင်၊ ချင်း၊ ရှမ်း၊ ၀နဲ့ မိုင်းလား စတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေနဲ့ အပစ်အခတ်ရပ်စဲဖို့ သဘောတူညီချက် ရရှိထားပြီ ကချင် လက်နက်ကိုင်အဖွဲ့နဲ့လည်း ဆွေးနွေးနေတာဖြစ်ပါတယ်။ မကြာမီရက်တွေမှာတော့ ကရင်နီ ခေါ် ကယားနဲ့ မွန်လက်နက်ကိုင် အဖွဲ့တွေနဲ့လည်း တွေ့ဆုံဆွေးနွေးဖို့ ရှိနေပါတယ်။


ကလေးစစ်သား မရှိစေရတော့ဟု မြန်မာအစိုးရ ကိုယ်စားလှယ်ပြော
ကျော်ခ | သောကြာနေ့၊ ဇန်နဝါရီလ ၂၀ မဇ္ဈိမ
ချင်းမိုင် (မဇ္ဈိမ) ။ ။ မြန်မာနိုင်ငံတွင် ကလေးစစ်သား အသုံးပြုမှု နောက်ထပ် ရှိစေတော့မှာ မဟုတ်ကြောင်း ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့တွင် ပြုလုပ်သည့် ၅၉ ကြိမ်မြောက် ကုလသမဂ္ဂ ကလေးအခွင့်အရေး စာချုပ်ကော်မတီ CRC အစည်းအဝေး၌ မြန်မာအစိုးရ ကိုယ်စားလှယ် ဦးမောင်ဝေ က ပြောဆိုလိုက်သည်။
ဦးသိန်းစိန် အစိုးရလက်ထက် ပထမဆုံး တက်ရောက်လာသည့် အစိုးရ ကိုယ်စားလှယ်များက ၎င်းတို့ စစ်တပ်အတွင်း ကလေးစစ်သား အသုံးပြုမှုရှိကြောင်း ဝန်ခံခဲ့သလို ယင်းအသုံးပြုမှုမျိုး နောက်ထပ် ရှိစေတော့မည် မဟုတ်ကြောင်း CRC ကော်မတီရှေ့မှောက်တွင် ပြောဆိုခဲ့ခြင်း ဖြစ်သည်။


ယင်းအစည်းအဝေးကို မြန်မာနိုင်ငံ အလှည့်ကျနေ့အဖြစ် ကြာသာပတေးနေ့က ပြုလုပ်ခဲ့ကြပြီး အစိုးရဘက်မှ သံအမတ်ကြီး ဦးမောင်ဝေ ဦးဆောင်သော အဖွဲ့ဝင် ၁၆ ဦး တက်ရောက်ခဲ့ပြီး ယှဉ်ပြိုင်အဖြစ် ကလေးအခွင့်အရေးနှင့် လူ့အခွင့်အရေး လုပ်ဆောင်နေသော အဖွဲ့ ၂၁ ဖွဲ့ စုပေါင်းထားသည့် Child Rights Forum Burma ကိုယ်စား ဦးအောင်မျိုးမင်း တက်ရောက်ခဲ့သည်။
ကလေးစစ်သားအကြောင်း ဆိုလို့ရှိရင် အရင်တုန်းက လုံးဝ ငြင်းတယ်။ အခုအချိန်ကျ သူတို့က ဘာပြောလဲဆိုတော့ ကလေးစစ်သားတွေကို အရင်တုန်းက ‘တချို့လူတွေရဲ့ မှားယွင်းမှုကြောင့်’ စစ်တပ်ထဲ ရောက်ခဲ့ပါတယ်။ ခုဆိုလို့ရှိရင် ဒါတွေသိတဲ့အတွက် ပြင်လိုက်ပါပြီ။ နောက်ထပ် ကလေးစစ်သားတွေ လုံးဝ မရှိစေရပါဘူးလို့ သူတို့ပြောသွားတယ်” ဟု ဦးအောင်မျိုးမင်း က မဇ္ဈိမကို ပြောသည်။


မြန်မာအစိုးရအနေဖြင့် ကလေးသူငယ်ဆိုင်ရာ ဥပဒေကို ပြင်ဆင်ပြဋ္ဌာန်းသွားမည် ဖြစ်ကြောင်းနှင့် လက်ရှိ အသုံးပြုနေ သည့် ပညာရေးနှင့် ကျန်းမာရေး ကဏ္ဍတွင် နိုင်ငံတော်၏ ဘတ်ဂျက် ၁ ရာခိုင်နှုန်းသာ အသုံးပြုနေမှုကို ၂ ဆတိုး အသုံးပြုသွားမည် ဖြစ်ကြောင်း အစိုးရကိုယ်စားလှယ်များက တင်ပြသွားသည်ဟု သိရသည်။
ထွက်ရှိသည့် သယံဇာတများမှ ရရှိသော ဝင်ငွေ၏ ၅၀ ရာခိုင်နှုန်းကို စစ်ရေးတွင် အသုံးပြုပြီး ကလေးများအတွက် လိုအပ်သည့် ပညာရေးနှင့် ကျန်းမာရေးတွင် ၁ ရာခိုင်နှုန်းသာ အသုံးပြုခြင်းနှင့် ပတ်သက်၍ CRC ကော်မတီဝင်များကမေးခွန်းထုတ်ခဲ့ကြရာ မြန်မာအစိုးရ ကိုယ်စားလှယ်များ အကြပ်ရိုက်သွားစေခဲ့သည်။


ကော်မတီဝင်တယောက်က ထောက်ပြတာက ‘ဒီလိုဝင်နေတဲ့ ပိုက်ဆံတွေ အများကြီး ဝင်နေတာ တွေ့ရတယ်။ အဲဒီပိုက်ဆံတွေ ဘယ်နေရာရောက်ကုန်လဲ’ မေးတော့ ကိုယ်စားလှယ်တွေထဲက လူတယောက်က ‘တိုင်းပြည်ရဲ့ ဖွံ့ဖြိုးတိုးတက်တဲ့နေရာမှာ သုံးပါတယ်တဲ့။ လမ်းပန်းဆက်သွယ်ရေး နေရာတွေမှာ သုံးရတဲ့အတွက် အဲဒီနေရာတွေ ကို ရောက်သွားပါတယ်’ လို့ပဲ ဖြေသွားတယ်” ဟု ဦးအောင်မျိုးမင်း က ပြောသည်။
Child Rights Forum Burma ၏ ယှဉ်ပြိုင် အစီရင်ခံစာတွင် ကလေးစစ်သား အသုံးပြုနေမှု အပါအဝင် ကလေးများ၏ ကျန်းမာရေး၊ ပညာရေးချို့တဲ့နေမှု၊ နယ်စပ်ဒေသတွင် ကလေးငယ်များ ကူးသန်းရောင်းဝယ် ခံနေရမှု၊ အမျိုးသမီး ကလေးငယ်များအပေါ် အဓမ္မပြုကျင့်ခံနေရမှု၊ တိုင်းရင်းသားဒေသများမှ ကလေးငယ်များ ခွဲခြားဆက်ဆံခံနေရမှု၊ လက်နက်ကိုင် ပဋိပက္ခများအကြား ကလေးများ သတ်ဖြတ်ခံနေရမှုများကို တင်ပြခဲ့ကြောင်း ဦးအောင်မျိုးမင်းကပြောသည်။


အစိုးရသစ်ပဲဖြစ်ဖြစ် စစ်အစိုးရပဲဖြစ်ဖြစ် ကျနော်တို့ ပြောချင်တာကတော့ ကလေးအခွင့်အရေးပဲ။ ဘယ်အစိုးရပဲဖြစ်ဖြစ် ကလေး အခွင့်အရေးနဲ့ ပတ်သက်လို့ လေးစားဖို့ပဲ ဖြစ်တယ်။ နောက်ထပ် ဒီမိုကရေစီ အစိုးရ တက်လာလို့ ရှိရင်လည်း ကလေးအတွက်ကိုတော့ ကျနော်တို့လုပ်ရမှာဖြစ်တယ်” ဟု ပြောသည်။


မြန်မာအစိုးရအနေဖြင့် ကလေးများအခွင့်အရေးနှင့်ပတ်သက်၍ တိုးမြင့်လုပ်ဆောင်ပါမည့်အကြောင်း ကတိကဝတ်များပေးဆိုခြင်းမှာ စာရွက်ပေါ်တွင်သာ ရှိခဲ့ပြီး လက်တွေ့ဖေါ်ဆောင်မှုတွင်များစွာ အားနည်းနေကြာင်းကိုလည်း CRCကော်မတီ အဖွဲ့ဝင်များက ထောက်ပြပြောဆိုသည်။


နှစ်ဖက်တင်ပြလာချက်များကို စီစစ်ကာ မြန်မာအစိုးရ၏ ကလေးအခွင့်အရေး လုပ်ဆောင်မှုအပေါ် ကျေနပ်အားရ သည့် အချက်များ၊ လိုအပ်ချက်များ၊ အကြံပေးချက်များကို မကြာမီ ရက်ပိုင်းအတွင်း ကုလသမဂ္ဂ ကလေးအခွင့်ရေး ဆိုင်ရာ ကော်မီတီက ထုတ်ပြန်ပေးသွားမည် ဖြစ်သည်။


လွှတ်တော်ရဲ့ အခန်းကဏ္ဍ
မဇ္ဈိမသတင်းဌာန | သောကြာနေ့၊ ဇန်နဝါရီလ ၂၀ မဇ္ဈိမ
(NDF ခေါင်းဆောင် ဦးခင်မောင်ဆွေ နှင့် မဇ္ဈိမ အယ်ဒီတာ ဦးစိန်ဝင်း တွေ့ဆုံမေးမြန်းခြင်း)
မဇ္ဈိမသတင်းဌာန ။ ။ ၂၀၁၀ နိုဝင်္ဘာရွေးကောက်ပွဲရလဒ်အရ လွှတ်တ်ာအရပ်ရပ်ကို ၂ဝ၁၁ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့မှ စတင် ခေါ်ယူကျင်းပခဲ့သည်။


နှစ်ကြိမ်တိုင် ခေါ်ယူကျင်းပခဲ့ပြီးဖြစ်သည့် ပြည်ထောင်စုလွှတ်တော်အတွင်းတွင် အမျိုးသားဒီမိုကရေစီအင်အားစု NDF ကလည်း အတိုက်အခံပါတီတခုအဖြစ် ရပ်တည်လျက်ရှိသည်။


လွှတ်တော်တွင်း အခက်အခဲများ၊ တပ်မတော်သား ကိုယ်စားလှယ်များ၏ အခြေအနေ၊ ကြားဖြတ် ရွေးကောက်ပွဲအပြီး လွှတ်တော်တွင်း နေရာယူမှု၊ ပြည်တွင်းငြိမ်းချမ်းရေး စသည်တို့နှင့် ပါတ်သက်၍ NDF တည်ထောင်သူ ခေါင်းဆောင် တဦးဖြစ်သော ဦးခင်မောင်ဆွေကို ရန်ကုန်မြို့ရှိ ပါတီဌာနချုပ်တွင် မဇ္ဈိမ၏ စီမံခန့်ခွဲမှု အယ်ဒီတာ ဦးစိန်ဝင်းက တွေ့ဆုံမေးမြန်းခဲ့ခြင်း ဖြစ်သည်။


လက်ရှိ လွှတ်တော်တွင်း နိုင်ငံရေး အနေအထားက သိပ်တိုးတက်မှု မရှိသေးဘူးလို့ မြင်ပါတယ်။ အဲဒီအခြေအနေပြောင်းလဲသွားမယ်လို့ ထင်ပါသလား။
ပြည်သူလူထုရဲ့ အရှိန်အဝါရဲ့ သက်ရောက်မှုဟာ ဘယ်လောက်ထိ သက်ရောက်ပြီလဲဆိုတာ ရွေးကောက်ပွဲ ရလဒ်ပေါ်မှာပဲ မူတည်ပါတယ်။ နောက်တခုက ကျနော် NLD ဟောင်းပါ။ ၉ဝ ပြည့်နှစ် ရွေးကောက်ပွဲ အခင်းအကျင်း၊ ၂ဝ၁ဝ ရလဒ် ရွေးကောက်ပွဲအခင်းအကျင်းက မတူနိုင်ပါဘူး။ ခင်ဗျားတို့လည်း ခန့်မှန်းမိပါတယ်။ တိုင်းရင်းသားဒေသတွေမှာတော့ တိုင်းရင်းသားအများစု နိုင်ဖို့ကတော့ ကျိန်းသေပါတယ်။ NLD ရဲ့ နေရာ ၄၈ နေရာ နိုင်မယ်ဆိုတာမျိုးတော့ ကျနော်တော့ မမြင်ပါဘူး။ သို့သော်လည်းပဲ လွှတ်တော်ထဲကိုတော့ဖြင့်ရင် NLD + ဒီမိုကရက်အင်အားစု ကျနော်တို့ အပါအဝင်ပေါ့လေ၊ ကျနော်တို့က နည်းမှာပေါ့ဗျာ၊ နှစ်ယောက်စ သုံးယောက်စ ဖြစ်ရင်ဖြစ်မယ် ကံကောင်းရင် လေး၊ ငါး၊ ဆယ်ဦးစ ပေါ့၊ ဝင်ရောက်သွားလို့ချင်ရင်တော့ လွှတ်တော်ထဲမှာ ပိုပြီးတော့ ထင်သာမြင်သာ ဖြစ်မှုတွေ တက်လာ မယ်။ အဲတော့ ဒေါ်အောင်ဆန်းစုကြည် အရှိန်အဝါကြောင့် ဟိုတုန်းက ဥပဒေပြုမှု ကိစ္စတွေမှာ နှေးကွေးနေတဲ့တာတွေ ဟာ ရှောင်လွှဲလို့ မရတဲ့ဥပဒေပြုမှုတွေ အမြန်ဆုံး ပုံမှန်ဆိုတဲ့အနေအထားမျိုး ရောက်သွားအောင် ဖြစ်သွားနိုင်တယ်။ အခုကတော့ Oversight Committees တွေထဲမှာ အတွေ့အကြုံမရှိခဲ့လို့လား၊ သို့မဟုတ် အကြောင်းတခုခုကြောင့် လားဆိုတဲ့ တုန့်ဆိုင်းမှုလေးတွေတော့ မြင်နေရတယ်။ ဥပဒေပြုမှုက Speed က နှေးနေတယ်ပေါ့ နှေးနေတော့ ဒါတွေကို Speed up ဖြစ်ဖို့ကတော့ ဒီမိုကရက်တစ် အင်အားစုတွေများလာလို့ချင်ရင် ပြည်သူ့အတွက် Voice ပေါ့၊ ပါးစပ်ပေါက်တွေ ပိုများလာမှာပေါ့။ ဆိုတော့ ပြောရဲဆိုရဲတော့ ပိုရှိလာမှာပေါ့လေ။ အဲတော့ လွှတ်တော်ရဲ့ အခန်း ကဏ္ဍဟာ အခုထက်တော့ အများကြီး ပိုပီပြင်လာလိမ့်မယ်လို့ ကျနော်တို့ ယုံကြည်ပါတယ်။


NLD နဲ့ NDF ပါတီနှစ်ခု ပြန်လည်ပေါင်းစည်းရေးလုပ်ဖို့ အနေအထားကကော မကြာခင် အနာဂတ်မှာဖြစ်လာနိုင်ချေရှိလား ခင်ဗျ။
ကျနော်တို့ကတော့ ပါတီကို ဖျက်သွားမယ့် အထိကတော့ သိပ်မမြင်ဘူး။ ဘာလို့လဲဆိုတော့ ဒေါ်အောင်ဆန်းစုကြည် တို့ဖက်က ကျနော်တို့က လူဟောင်းတွေ၊ ကျနော့်ကိုဆိုရင် သူရွေးခဲ့တာ။ ကျနော့် တယောက်ထဲပဲ သူရွေးခဲ့တာ။ အလုပ်က ထွက်ပြီးတော့ NLD မှာ ကျနော်ဝင်ခဲ့တာ ပင်စင်တောင် ကျနော် မယူခဲ့ဘူး။ ဒီလို နိုင်ငံရေး သံယောဇဉ်နဲ့ ဖွဲ့စည်းချင်တဲ့စိတ် မှတ်ပုံမတင်ခင်ကတည်းက ခေါ်ပြီပေါ့။ အခုက နိုင်ငံရေး သံယောဇဉ်အရ ကျနော်တို့ကို ပြန်သုံးချင် တဲ့ သဘောထား မမြင်တဲ့အတွက်ကြောင့် မှတ်ပုံတင်တဲ့အခါမှာ ကျနော်တို့ မရှိဘူးပေါ့။ အဲတော့ လက်တွဲမှု အနေအထားကတော့ ကျနော်တို့ဘက်ကတော့ အစဉ်အမြဲကြိုဆိုနေတာပဲ။ လက်တွဲချင်တဲ့ကိစ္စဟာ ပါတီရဲ့ အကျိုး စီးပွား မဟုတ်ပါဘူး။ ဒီမိုကရက်တစ် အင်အားစုတွေက ရှေ့ကို ခြေလှမ်းလှမ်းတဲ့အခါမှာ အင်နဲ့အားနဲ့ လှမ်းနိုင်အောင်နိုင်ငံရေး ရေချိန်မြင့်လာအောင် လက်တွဲချင်တယ်။ ဒါပေမယ့် တွဲတဲ့ကိစ္စကို ဘယ်လိုဖြစ်ရမယ် ဆိုတာတော့ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပဲ ဖြစ်ပါတယ်။


အဲဒီအကြောင်းနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်ကို ပြောဖြစ်လား။
ပြောပါတယ်။ ကျနော်တို့ မီဒီယာမှာ အခွင့်အခါသာရင် ပြောဖြစ်ပါတယ်။ ဒါပေမယ့် သူ့ဘက်က တုန့်ပြန်မှု မလာပါဘူး။ မလာတာလည်း သူက သိပ်အလုပ်များတယ်။ နောက် By-election (ကြားဖြတ်ရွေးကောက်ပွဲ)အတွက် သူပြင်ဆင်
နေရတယ်။ အဲဒီတော့ ဖြစ်နိုင်ခြေကတော့ ကြားဖြတ်ရွေးကောက်ပွဲပြီးတဲ့အခါမှာ သို့မဟုတ် သူတို့ပါတီရဲ့ ဖွဲ့စည်းမှု ပြီးပြတ်လို့ ကော်မရှင်က မှတ်ပုံတင် အသစ်ကျ ပြီဆိုရင်တော့ဖြင့်ရင် သဘောထား ကြေညာချက်တရပ်တော့ ထုတ်ပြန်ကြေညာလိမ့်မယ်ထင်ပါတယ်။ အဲဒီအခါကျရင်တော့ ကျနော်တို့လည်း ဘာဆက်လုပ်ရမယ်ဆိုတာကို ကျနော်တို့လည်း ရွေးချယ်နိုင်ပြီဖြစ်ပါတယ်။


လွှတ်တော်တွင်းနိုင်ငံရေးထဲ ဝင်ကြည့်ပြီးတဲ့အခါကျတော့ ပြုပြင်ပြောင်းလဲမှုအတွက် လွှတ်တော်တွင်းနိုင်ငံရေးမှာ ဘယ်ဟာတွေက အကြီးဆုံး စိန်ခေါ်မှုတွေ ဖြစ်သလဲ။
အခက်အခဲကတော့ ပထမ လွှတ်တော်တုန်းကတော့ ဝန်ကြီးဟောင်းတွေက လာဖြေကြတာကိုး။ သူတို့ ဝန်ကြီးဌာနရဲ့ အကျိုးစီးပွားတွေ၊ သူတို့ ဝန်ကြီးဌာနရဲ့ လုပ်မှုကိုင်မှုတွေကို ကာကွယ်ပြီး ဖြေသွားတာကိုး။ ဒုတိယ လွှတ်တော်မှာ ကျတော့ ဝန်ကြီးဟောင်းတွေက ကော်မတီတွေရဲ့ ဥက္ကဋ္ဌတွေ ပြန်ဖြစ်လာကြတယ်။ အဲဒီတော့ သူတို့ရဲ့ ကိုယ်ပိုင် အကျိုးစီးပွားတွေကို ဒါတွေနဲ့ ထိစပ်လာမယ်ဆိုရင်တော့ လူ့သဘာဝပဲလေ။ ကျနော်ပင်လျှင် ကျနော့် အကျိုးစီးပွား ထိခိုက်လာမယ်ဆိုရင် ကျနော် ကာကွယ်မှာပဲ။ ဆိုပါစို့ဗျာ မော်တော်ကား တင်သွင်းတယ်ဆိုပါတော့ အခွန်တွေ တအား စွတ်ကောက်တာ။ ဒါကို ချက်ခြင်း လျှော့ချဖို့ဆိုတာ သူတို့ အကျိုးစီးပွားတွေ ပါနေမှာပေါ့။ အဲဒါကို ချက်ခြင်း လုပ်မပေးချင်ဘူးဆိုတာတော့ လူ့သဘာဝပဲ။ အဲဒီလို ကိုယ်ကျိုးစီးပွားတွေနဲ့ ပတ်သက်နေတဲ့ ကိစ္စတွေကို စီးပွားရေး ဘက်မှာ အချိန်တကန့်တော့ ယူရလိမ့်မယ်လို့ထင်တယ်။ ဒီဟာတွေကို ကျော်လွှားနိုင်မှလည်း စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေက တကယ့် သမ္မတ လိုလားသလို အရှိန်အဟုန်နဲ့ ပြောင်းသွားလိမ့်မယ်လို့ ကျနော် ထင်ပါတယ်။
တပ်မတော်သား ကိုယ်စားလှယ်တွေရဲ့ အခန်းကဏ္ဍ တချို့တွေက မျှော်လင့်တာရှိတယ်။ သဘောထားပြောင်းသွားနိုင်တယ်ပေါ့။ တချို့ကလည်း အမိန့်နာခံမှုနဲပဲ လုပ်ဆောင်မှာပဲဆိုတာ အန်ကယ့် အမြင်ကကော ဘယ်လိုရှိသလဲ။
အဲဒါကတော့ ကျနော်တို့က လွှတ်တော်ရဲ့ သက်တမ်းပေါ့။ လွှတ်တော်သက်တမ်းတွေ ပြောင်းသွားတိုင်း ပြောင်းသွား တိုင်း အခြေအနေသစ်တခုက ပေါ်လာမှာပဲ။ အခုကတော့ လူဟောင်းတွေနဲ့ ဒီမိုကရက်တစ် အင်အားစုတွေဘက်က စပ်ထားတဲ့ အုပ်ချုပ်ပုံ အုပ်ချုပ်နည်း လွှတ်တော် ပုံစံကြီးကိုး။ အချိန်ရွေ့တာနဲ့အမျှ လိုက်ရွေ့သွားမှာပဲလေ။ အဲဒီတော့ ဒီလို လူဟောင်းတွေက လွှတ်တော်ထဲမှာ ဆက်ရှိဖို့ အကြောင်းမရှိတော့ဘူး။ စစ်တပ်ပင်လျှင် ဟိုတုန်းက စစ်တပ် မဟုတ်တော့ဘူး။ အခြေခံဥပဒေကို Back up လုပ်ရတော့မယ်။ နောက်တခါ စစ်တပ်မှာ စစ်တပ်ဦးစီးတဲ့ နိုင်ငံရေး စီးပွားရေး အုပ်ချုပ်ရေး မဟုတ်တော့တဲ့အခါကျတော့ သူတို့ရဲ့ ပါဝင်မှုတွေဟာ ဒီမိုကရက်တစ် ပုံစံဘက်ကို တဖြည်းဖြည်း ရွေ့သွားမှာပါ။


တပ်မတော်သား ကိုယ်စားလှယ်တွေနဲ့ အန်ကယ်တို့ပါတီရဲ့ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ တယောက်နဲ့ တယောက် ထိတွေ့ဆက်စပ်မှုရှိရဲ့လား။
ရှိပါတယ်။ သူတို့ တဝိုင်းတည်းထိုင် လက်ဘက်ရည်သောက်တာတို့၊ ထမင်းစားတာတို့ ရှိပါတယ်။ ကျနော်တို့ သိရ သလောက်တော့ စစ်တပ်ကိုယ်စားလှယ်တွေက ဘာမှ သိပ်ထိရောက်တဲ့ အဆိုတွေ မေးခွန်းတွေ မေးတာ မရှိသေး ဘူး။ ထောက်ခံတာပဲ ကျနော်တို့ ကြားရတယ်။ အဲဒီတော့ သူတို့ဟာ ဒို့တာဝန် အရေးသုံးပါးကို မထိစပ်သရွေ့ သူတို့ရဲ့ လှုပ်ရှားမှုဟာ ထင်သာမြင်သာ ရှိလာမှာ မထင်ဘူး။ သူတို့ဟာ လိုင်းသတ်ထားတဲ့ အဆင့်ပဲ ရှိသေးတာကိုး။ ၂၅ ရာခိုင်နှုန်းကို ယူထားပြီးတော့ ဒီမှာရပ်နေတဲ့ သူတွေပေါ့။ သူတို့က တိုင်းပြည်အကျိုးစီးပွားနဲ့ အရေးသုံးပါးကို ထိပြီဆိုရင်တော့ သူတို့ အခန်းကဏ္ဍက တက်လာမှာပေါ့။


အကျိုးစီးပွားဆိုလို့၊ အခုတလော စွပ်စွဲသံတွေကြားလာရတဲ့ဟာက ပါတီကြီးတခုက၊ အထူးသဖြင့် ကြံ့ခိုင်ရေး ပါတီက ပါတီငယ်လေးတွေကို အရပ်စကားပြောရရင် လိုက်ဝယ်တယ်ပေါ့။ အဲဒီလိုမျိုး အန်ကယ်တို့ ပါတီမှာကော ဖြစ်ခဲ့ဖူးတာ ရှိသလား။
ဝယ်တာမရှိပါဘူး။ လောလောဆယ်မှာတော့ ကျနော်တို့ရဲ့ မိခင်ပါတီက နယ်တွေမှာ ကျနော်တို့က NLD ဟောင်းတွေ ကိုး၊ ရွေးကောက်ပွဲ ဝင်ပြိုင်မယ့်လူ မရှိတဲ့အခါမှာ ဝင်ပြိုင်ပေးပါလား ဘာညာ အဲဒီလိုမျိုး ခေါ်တာတွေတော့ ရှိပါတယ်။ ကြံ့ခိုင်ဖွံ့ဖြိုးရေးက လာဆွယ်တာတွေ ရှိတယ်။


ကြံ့ခိုင်ဖွံ့ဖြိုးရေးက မြန်မာပြည်မှာ ဘဏ္ဍာရေးအရ အတောင့်တင်းဆုံး ဖြစ်တယ်။ သူ့နဲ့ ယှဉ်ပြိုင်ဖို့ ၂ဝ၁၅ မှာလည်း အန္တရာယ်ရှိတယ်လို့ မယူဆဘူးလား။
ပြည်သူကို ကျနော်တို့ သိပ်လျှော့တွက်လို့ မရဘူးလေ။ ဒီထက်ပိုပြီးတော့ အားကိုးဖွယ်ရာရှိတဲ့ ဒေါ်အောင်ဆန်းစုကြည် က လွှတ်တော်လိုင်းထဲကို ဝင်လာပြီ။ နိုင်ငံရေး ရေစီးထဲမှာ ရှိလာပြီ။ အဲဒီနှစ်ခုနဲ့ ပတ်သက်ပြီးတော့ သိပ်အန္တရာယ် ရှိတယ်လို့ ကျနော် မမြင်ပါဘူး။ ကြံ့ခိုင်ဖွံ့ဖြိုးရေးထဲမှာလည်း ဘောင်းဘီချွတ်ထားတဲ့ ပုဂ္ဂိုလ်တွေအပြင် သာမန် ဝန်ထမ်း
တွေထဲက ဝင်လာတဲ့ MP တွေလည်း ရှိတာကိုး။ မန်နေဂျာတွေလည်း ရှိတယ်၊ ဆရာဝန်တွေလည်း ရှိတယ်။ သူတို့တွေက ဒီမိုကရေစီ လိုလားတဲ့ ပုဂ္ဂိုလ်တွေပဲ။ အချိန်ရွေ့သွားတာနဲ့အမျှ စစ်တပ်ရဲ့ အာဏာချုပ်ကိုင်မှုဟာ တဖြည်းဖြည်းနဲ့ လျော့လျော့ သွားမယ်ဆိုရင် အနေအထားသစ်တခုကို ကူးပြောင်းသွားမှာပါ။ ဒါဟာ ထုံးစံပဲလေ။ ကျနော်တို့ တောင်ကိုရီးယားမှာ သော်လည်းကောင်း၊ ပီးရူးမှာ ဖြစ်ခဲ့တဲ့ဟာတွေ။ တချိန်တုန်းက စစ်တပ် အုပ်ချုပ်ရေးအောက်မှာ တချိန်လုံး နေခဲ့ရပြီးတော့ နောင် ၁၄ နှစ်ကြာလာတဲ့အခါမှာ အတိုက်အခံနိုင်လာတဲ့အခါမှာ စစ်တပ်ရေးဆွဲတဲ့ အခြေခံဥပဒေနဲ့ ဥပဒေနဲ့ပဲ နိုင်ပြီးတဲ့အခါမှာ ပြင်ခွင့်ရသွားတာပဲ။ အဲဒီတော့ ကျနော်တို့ ပြင်ဖို့ကတော့ One Decade မကတော့ စောင့်ရမယ်။


သူတို့ (အဲဒီနိုင်ငံတွေ)မှာ စီးပွားရေးပြုပြင်ပြောင်းလဲမှု အခြေအနေက အောင်မြင်သွားခဲ့ပြီ။ ကျနော်တို့က အဲဒီအနေအထားထိ One Decade အတွင်း ရောက်ပါ့မလား။
အဲဒါက ဘယ်မှာ သွားမူတည်သလဲဆိုတော့ ငြိမ်းချမ်းရေးနဲ့ မူတည်ပါတယ်။ အခွန်ကောက်ခံရရှိမှုက ၁ ထြီလီယံ၊ စစ်တပ်အသုံးစရိတ်က ၁.၃ ထြီလီယံလောက် သုံးနေတယ်။ ပြီးခဲ့တဲ့နှစ်တွေကပေါ့။ သုံးနေတော့ ငြိမ်းချမ်းရေး ရသွားလို့ရှိရင် ဒီဟာတွေက လျော့ကျသွားမှာ ဖြစ်ပါတယ်။ လျော့ကျသွားတော့ ကျနော်တို့က အစိုးရက ပေးနေတဲ့ ဝန်ဆောင်မှုတွေ ပညာရေးတို့ ကျန်းမာရေးတို့မှာလည်း မြင့်တက်လာလိမ့်မယ်ပေါ့။ ထိုနည်းတူစွာပဲ အခွင့်အလမ်းတွေ က ပွင့်လာလိမ့်မယ်။ တိုင်းရင်းသားနယ်မြေတွေမှာလည်း စီးပွားရေး အခွင့်အလမ်းတွေက ပွင့်လမ်းလာမယ်။ အဲဒီ အနေအထား ရောက်လာလို့ရှိရင် ဦးသိန်းစိန် သမ္မတ သက်တမ်း မကုန်ခင်လေးမှာ စီးပွားရေး အပြောင်းအလဲကို ကျနော်တို့ ဆုပ်မိကိုင်မိ အနေအထားတခု ဖြစ်လာလိမ့်မယ်လို့ ထင်ပါတယ်။


နိုင်ငံမှာ လာဘ်စားမှုတွေ တအားများနေတယ်။ အဲဒါတွေကို ဘယ်လို ဖြိုချနိုင်မလဲ။
အဲဒါတွေက ထမင်းမဝလို့ လာဘ်စားမှုတွေက ထိပ်ကနေပြီးတော့ အောက်အထိ ရှိနေခဲ့တာကိုး။ ထိပ်ကလူကြီးလေးငါးဆယ်ယောက် ပြင်တာနဲ့ အောက်မှာ သက်ရောက်မှု မရှိဘူးလေ။ အဲဒီတော့ အောက်က ပြင်နိုင်အောင် စီးပွားရေး တဘက်က တက်လာတဲ့အခါမှာ၊ Inflation Rate ကိုလည်း ထိန်းနိုင်မည်ဆိုလို့ ရှိရင် ဝန်ထမ်းတွေကိုလောက်လောက်လားလား လစာပေးနိုင်တဲ့အခါမှာ ခြစားမှုဆိုတာ အတိုင်းအတာတခုအထိလျာ့ကျသွားမှာပါ။


ငြိမ်းချမ်းရေးကလည်း ပြည်တွင်းအတိုက်အခံနဲ့ တိုင်းရင်းသားပေါ့ တိုင်းရင်းသားမှာက အခု လောလောဆယ် ငြိမ်းချမ်းရေး ယူထားတာက မင်းမပစ်နဲ့၊ ငါမပစ်နဲ့ အနေအထားပဲရှိသေးတယ်။ အဲဒီဟာ အောင်မြင်ပါ့မလား။
အဲဒီအဆင့်က မတက်ဘူးဆိုရင်တော့ မအောင်မြင်ပါဘူး။ မင်းမပစ်နဲ့ ငါမပစ်နဲ့ စီးပွားရေး အခွင့်အလမ်းတွေ ပေးမယ် ကွာ။ ယူကြဆိုရင်တော့ စစ်ပဒေသရာဇ်တွပဲ မွေးဖွားတာ ဖြစ်မှာပေါ့။ အခုဟာက အဲဒီ Pattern မဟုတ်တော့ဘူးလေ။ အဲဒီလိုမျိုး အခြေအနေတွေ မဟုတ်တော့ဘူး။ ကျနော်တို့က လူတွေကိုပေးမှာမဟုတ်ဘူး။ ပြည်နယ်တွေကို ဖွံ့ဖြိုးအောင် လုပ်မယ်ဆိုတဲ့ စကားတွေရလာပြီ။ ငြိမ်းချမ်းရေးကို နိုင်ငံရေးနည်းနဲ့ နိုင်ငံရေး ပြဿနာကို ဖြေရှင်းမယ် ဆိုတဲ့ အဆင့်အထိ ကျနော်တို့ ရောက်လာပြီ။ ရောက်လာတော့ ငြိမ်းချမ်းရေးဟာ သူ့ Process ပြီးဆုံးတဲ့အခါမှာ ရပေါက်ရလမ်းဟာ များတယ်လို့ပဲ ပြောရမှာဖြစ်ပါတယ်။
အကောင်းမျှော်လင့်သလား အန်ကယ်က။
အစိုးရပိုင်းကလည်း သုံးနှစ်အတွင်းမှာ ရမယ်လို့ ကတိပေးထားပြီးပြီ။ အဲဒီတော့ ကျနော်တို့ဒါကို စောင့်ကြည့်ရမှာဖြစ်တယ်။ အရင် ဦးနေဝင်း လက်ထက်မှာတို့၊ ၅၅ ခုနှစ် ခေါ်တာတို့၊ ၆၃ ခုနှစ် ငြိမ်းချမ်းရေးတို့နဲ့တော့ မတူဘူးလေ။ ဒီဟာက turning point ပဲဗျ။ ရှင်းရှင်းပြောရရင်တော့ ဒီဟာက military regime's last resort ပဲ။ နောက်ဆုံး ဆုပ်ကိုင်ရမယ့် အခြေအနေပဲ။ ဒါမှ ငြိမ်းချမ်းရေး ရအောင်မလုပ်နိုင်ဘူးဆိုရင် သမိုင်းမှာ အမဲစက်ကြီးကျန်ခဲ့မှာပဲ။ သူတို့လည်း သိတယ်။ ငြိမ်းချမ်းရေးမရရင် စီးပွားရေးတိုးတက်ဖို့ အခွင့်မလမ်း နည်းသွားမယ်။ ညီညွတ်ရေးမရှိရင် ငြိမ်းချမ်းရေး မရှိနိုင်ဘူး။ ပြည်ထောင်စု ပုံစံ စစ်စစ်မှန်မှန်မပေါ်ရင် ငြိမ်းချမ်းရေး မရနိုင်ဘူး။ အဲဒီတော့ နံပါတ်()က ငြိမ်းချမ်းရေး ရအောင် လုပ်ရမှာပေါ့။ နံပတ် () က နိုင်ငံရေးနည်းနဲ့ ဖြေရှင်းပြီးတော့ အခြေခံဥပဒေ ပြင်ပစ်ရမယ် ဆိုတာတော့ ပြည်နယ်နဲ့ ပြည်ထောင်စု အစိုးရကြားမှာရှိနေတဲ့ အာဏာခွဲဝေမှုပုံစံပေါ့။ ဒါတွေကို Power ပြတ်အောင် ဖြတ်ရမယ်လေ။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်လည်း ပေးရမယ်။ အဲဒါဟာ ငြိမ်းချမ်းရေးရှိမှ သူတို့ပေးရဲမယ်လေ။ ဒါမရှိရင် သူတို့ မပေးရဲဘူး။ ဒါကိုပေးရင် တရားခံဖြစ်သွားမှာပေါ့။ ခွဲထွက်သွားမှာပေါ့။ အဲဒါကြောင့် ငြိမ်းချမ်းရေးက နံပတ် () ဖြစ်တယ်။ နိုင်ငံရေးအရ တသားတည်းဖြစ်ဖို့ရယ်၊ စီးပွားရေး ပွင့်လမ်းလာဖို့ရယ်၊ လူမှုစီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး တိုးတက်ဖို့ဆိုတာ ငြိမ်းချမ်းရေးမှာ သွားတည်နေတယ်။ အခုန ပြောသလိုပေါ့ဗျာ၊ ၁ ထြီလီယံမက သုံးနေတဲ့ စစ်အသုံးစရိတ်ကို လျော့ချလိုက်မယ်ဆိုရင် ကျနော်တို့အတွက် အခွင့်အလမ်းတွေ အများကြီး ဖြစ်လာမှာပါ။
လောလောဆယ်တော့ စိန်ခေါ်မှုတွေပေါ့ဗျာ။ ဟိုအခါကျရင်တော့ ဒါဟာ အခွင့်အလမ်းတွေ ဖြစ်သွားပြီပေါ့။ ငြိမ်းချမ်းရေးနဲ့ ဆက်နွှယ်ပြီးတော့ပေါ့။ အကောင်းမြင်တာ မဟုတ်သော်လည်းဘဲ ကျနော်တို့က အဲဒီအတိုင်းပဲ ရှုမြင်ပါတယ်။ ဟိုဟာတွေနဲ့ ပြန်ချိန်ထိုးမယ်ဆိုရင် ဟိုကာလ ငြိမ်းချမ်းရေးနဲ့ ဒီကာလ ငြိမ်းချမ်းရေး ဖြစ်စဉ်တွေနဲ့ ဒီကာလ ငြိမ်းချမ်းရေးက ပိုသာနေတယ်ဆိုတာ ငြင်းလို့မရဘူး။


တိုင်းရင်းသား ပဋိပက္ခ ဖြစ်ရတဲ့အကြောင်းရင်းက လေးသိန်း အင်အားရှိတဲ့ တပ်ကြီးရဲ့ အခန်းကဏ္ဍက ငြိမ်းချမ်းရေး ရသွားအောင် မဖြေရှင်းချင်ဘူးဆိုတဲ့ စွပ်စွဲချက်တွေလည်း ရှိနေတယ်။ အဲဒီတော့ ကျနော်တို့ပြောတဲ့ ငြိမ်းချမ်းရေးက လက်တွေ့ဖြစ်ဖို့ နည်းမသွားဘူးလား။
သူတို့ရဲ့ အခြေခံဥပဒေမှာတော့ သတ်မှတ်ထားတာတော့ နယ်ခြားစောင့် လုပ်ဖို့အတွက် ဦးဆောင်ရမှာပေါ့ဗျာ။ နှစ်သောင်းရှိရင် သုံးထောင်ပဲ ပေးတယ်။ အဲဒါမျိုးကျတော့ သူတို့ကလည်း လက်မခံနိုင်ဘူး။ ဒါကတော့ သဘာဝကျ တယ်လေ။ အဲဒီတော့ အပစ်အခတ် ရပ်စဲရုံနဲ့လည်း မပြီးနိုင်ဘူး။ နိုင်ငံရေးအရ လိုလားချက်တွေပေါ့ဗျာ ၄၇ အခြေခံ ဥပဒေမှာ ပြည်ထောင်စုပုံသဏ္ဍာန် မပေါ်ခဲ့ဘူး။ တိုင်းရင်းသားတွေကလည်း ကိုယ်ပိုင်အုပ်ချုပ်ခွင့် မရခဲ့ဘူး။ ၇၄ မှာ လည်း ပိုတောင်ဆိုးသေးတယ်။ အခုအခါမှာ ရွေးကောက်ပွဲလည်း ပေါ်လာတဲ့ အစိုးရရဲ့ လုပ်ဆောင်မှုဟာ ပိုပြီးတော့ ထင်ရှားမြင်သာတဲ့ နိုင်ငံရေးအရ ဖြေရှင်းမှုကို ရောက်လာပြီဆိုတော့ ငြိမ်းချမ်းရေးကို သွားဖို့လမ်းကတော့ ပိုပြီးတော့ သာနေပြီပေါ့ဗျာ။


မမ ပြောတဲ့ ဦးခင်ညွန့်ဆောင်းပါး ရေးဖြစ်ပုံ
မဇ္ဈိမသတင်းဌာန | သောကြာနေ့၊ ဇန်နဝါရီလ ၂၀ မဇ္ဈိမ
ချင်းမိုင် (မဇ္ဈိမ) ။ ။ Hot News ဂျာနယ် အယ်ဒီတာချုပ် ဆရာမ မမ ၏ သောကြာနေ့ထုတ် ဂျာနယ်တွင် “ဦးခင်ညွန့်နှင့် ဒေါက်တာ ခင်ဝင်းရွှေတို့၏ ငြိမ်းချမ်းမှုများဖြင့် မင်္ဂလာရှိသော နေ့တနေ့” ဆောင်းပါး ပါရှိလာရာ၊ ဝေဖန်မှုများ ဖြစ်ပေါ် လာခဲ့သည်။


ဆောင်းပါးရေးဖြစ်ပုံ၊ ဦးခင်ညွန့်အပေါ်အမြင်၊ ဝေဖန်မှုများအပေါ် တုန့်ပြန်မှုများကို မဇ္ဈိမ သတင်းထောက် မျိုးသန့် က ဒေါ်မမ ကို ဆက်သွယ် မေးမြန်းထားခြင်း ဖြစ်သည်။


Hot News မှာ ဦးခင်ညွန့်အကြောင်း ဆောင်းပါးရေးဖြစ်ခဲ့တာနဲ့ ပတ်သက်ပြီး အတော်များများ ပြောစရာ ဖြစ်သွား ခဲ့တယ်။ ဆောင်းပါးရေးဖြစ်ပုံလေး ပြောလို့ရမလား။
ဒီဟာက ကျမ ပွင့်ပွင့်လင်းလင်း ပြောရလို့ရှိရင် ကျမရဲ့ စာမျက်နှာတွေကို ကြည့်လို့ရှိရင် ဘယ်လိုပဲဖြစ်ဖြစ် ကျမ Public ဘက်ကပဲ အမြဲရပ်တယ်ဆိုတာ Public သိပါတယ်။ အဲဒါကို တတ်နိုင်သလောက် အားနည်းတဲ့လူကို ကျမ တတ်နိုင် သလောက် Carry လုပ်ပါတယ်။ ကျမ ပွင့်ပွင့်လင်းလင်း ပြောရရင် ငြိမ်းငြိမ်းချမ်းချမ်း အေးအေးချမ်းချမ်းနဲ့ဘဲ အားလုံးကို တည်ဆောင်စေချင်တဲ့ ဆန္ဒကျမမှာရှိပါတယ်။ အဲဒီအတွက်ကြောင့် ဗိုလ်ချုပ်ကြီးခင်ညွန့်ကို ကျမမြင်တဲ့အမြင်နဲ့ ပြောရရင် အားလုံးလည်း မှန်ချင်မှ မှန်မယ်ပေါ့။ ကျမလည်း လူဖြစ်တဲ့အတွက် ကျမမှာ အားနည်းချက်တွေ ရှိနိုင်ပါတယ်။”
တပ်မတော်ဆိုတာ အမိန့်တခုတည်းအောက်မှာ သွားကြရတယ်။ ... တာဝန်အရလုပ်ရတာတွေရှိတယ်။ ကျမကတော့ လူမှုရေးနဲ့ အလုပ်တာဝန်တွေကို ကျမတို့တိုင်းပြည်က လူတွေကို ခွဲမြင်စေချင်တယ်။ ဗိုလ်ချုပ်ကြီးခင်ညွန့်ကို အားလုံး မှန်တယ်လို့လည်း ကျမမပြောလိုပါဘူး။ ကျမကိုယ်တိုင်လည်း အားလုံး မှန်ချင်မှ မှန်ပါလိမ့်မယ်။ အဲဒီစိတ်နဲ့ ကျမရေး ခဲ့တာပါ။”
ကျမ ဒီလိုရေးတယ်ဆိုတာသည် ကျမ Follow Up ပဲ လိုက်လို့ရတယ်။ ကြည့်လိုက်တဲ့အချိန်မှာ အားလုံးက ကိုမင်းကိုနိုင်ကို High Light ထိုးထားတယ်။ ကျမ ကိုယ်တိုင်လည်း ဂျာနယ် ရောင်းကောင်းအောင်လို့ ရေးမယ်ဆိုရင် ကိုမင်းကိုနိုင် ကျမ လည်း ရေးလို့ရပါတယ်။ ဒါပေမယ့် ကျမသတင်းသမားပါ။ အဲဒီအတွက် ကျမ ဗိုလ်ချုပ်ကြီးခင်ညွန့်က အိမ်တွင်းမှာ ပြောတဲ့ စကားကို ကျမက ကံတရားအရ ကျမ ရလိုက်သိလိုက်တဲ့အတွက် ကျမ ဒီဟာလေးကို ကျမ Public အတွက် သူများတကာတွေ မတင်ထားသေးတဲ့သတင်း တခုကို ဖြန့်ဝေချင်တဲ့ စိတ်ဆန္ဒနဲ့ ရေးလိုက်တာလည်း ပါပါတယ်။ ကျန်တာကတော့လည်း ဒီမိုကရေစီကို လိုချင်ပါတယ်။ သက်ဝင်ပါတယ် ဆိုတဲ့လူတွေ အကုန်လုံးကလည်း သေသေချာချာ တွေးနိုင်ရမယ်လို့ ကျမထင်ပါတယ်။ အကုန်လုံးက လွတ်လပ်စွာ သဘောထား ကွဲလွဲခွင့်ရှိတဲ့အတွက် ကျမ ဘယ်သူ့ကိုမှ ဘာမှမမြင်ပါဘူး။”


ဦးခင်ညွန့်နဲ့ မိသားစုလို၊ ဆရာတပည့်လို ရင်းနှီးတဲ့ ဆက်ဆံရေးရှိမယ် ထင်တယ်။ လွတ်လာလိမ့်မယ်လို့ ကြိုတင် မျှော်လင့်ခဲ့လား။
မရှိပါဘူးရှင့်၊ ကျမကိုယ်တိုင်ကို ဘဘကို လွတ်မယ်လို့ ကျမ မထင်ခဲ့ပါဘူး၊ ဘဘကော ကိုမင်းကိုနိုင်ကော၊ ကိုကိုကြီးကော ဒီသုံးယောက်ကိုတော့ နောက်ဆုံးမှ လွတ်မယ်လို့ ကျမ ကိုယ်တိုင်လည်း ထင်ခဲ့ပါတယ်။ ဗိုလ်ချုပ်ကြီးခင်ညွန့်ဆီ ကျမသွားတဲ့ဟာက ကိုယ့်ထက် အသက်အားဖြင့် ဂုဏ်အားဖြင့် ကြီးမြတ်တဲ့ လူတယောက်ဖြစ်တဲ့အတွက် ကျမလည်း အခုလို ကျန်းကျန်းမာမာ တွေ့ရတဲ့အတွက် ဝမ်းသာတယ်ဆိုပြီးတော့ ကျမ မိသားစုစိတ်နဲ့ ကျမ ထိုင်ကန်တော့ခဲ့ပါ တယ်။ ဒါသည် ကျမ ရိုးရှင်းစွာပြောတာပါ။ ကျမ သတင်းသမားတယောက်အနေနဲ့ ဆက်ဆံတာလည်း မဟုတ်ပါဘူး။ နိုင်ငံရေးသမား တယောက်အနေနဲ့ ဆက်ဆံတာလည်း မဟုတ်ပါဘူး။ မေတ္တာတရားနဲ့ လူတယောက် အားနည်းတဲ့ အချိန်မှာ သူစိတ်ဓာတ် ကျမနေသော်လည်း ကျမ ကိုယ်လုပ်ရမယ့်တာဝန်ကို လုပ်လိုက်တာပဲဖြစ်ပါတယ်။ ကျမ ရေးထားတာသည် ခေါင်းဆောင် တယောက်အနေနဲ့ သူ့ထောက်လှမ်းရေး မိသားစုတွေကို တရားချနေတာကို ကြည့်ပြီးတော့ အဲဒါကိုပဲ ကျမပြန်ရေးထား တာပါ။ ကျမက သူတို့ မိသားစုလေး ငြိမ်းချမ်းသွားတယ်လို့ ကျမ ဒါလေးကို ရေးလိုက်တယ်။ ဗိုလ်ချုပ်ကြီး ခင်ညွန့်ကို မိသားစုသဏ္ဍန်နဲ့ပဲ ကျမ သွားတွေ့ခဲ့တာဖြစ်ပါတယ်။”


ဦးခင်ညွန့်ကို ပြန်တွေ့လိုက်ရတဲ့အပေါ်မှာကော ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာတွေကို ဘယ်လို အကဲခတ်မိလဲ။
အရင်တုန်းက တွေ့ထားတဲ့ ဗိုလ်ချုပ်ကြီးခင်ညွန့်နဲ့တော့ မတူဘူးပေါ့။ သူဘာပဲပြောပြော အရင်တုန်းကတော့ သူက Smart ဖြစ်ပြီးတော့ သူ့ဟာနဲ့သူ တက်ကြွနေတတ်တယ်လေ။ အခုဟာကတော့ သူလည်း ချုံးချုံးကျနေတာတော့ မဟုတ်ပါဘူး။ ဒါပုံမှန် လူတယောက်လိုပဲ နေတာပါ။ ဒါပေမယ့် ကျမ အဲဒါကို မြင်တဲ့အခါမှာ ဘာလေးကို စဉ်းစားလိုက်လဲ ဆိုတော့ လူတိုင်းလူတိုင်းဟာ သူဟာ ဘယ်လောက်အောင်မြင်ခဲ့တာပဲဖြစ်ဖြစ်ပေါ့ လူဆိုတာ မှန်တာတွေလည်း လုပ်မယ်။ အားနည်းတာတွေလည်းရှိမယ်ပေါ့။ ကျမ ဘယ်ဘက်မှလည်း မရှိဘူး ဒါပေမယ့် ကျမရေးလိုက်တာသည် ဗိုလ်ချုပ်ကြီး ခင်ညွန့်ကို ကျမတို့သည် ဟိုးအရင်ကတည်းက တပ်မတော် မိသားစု ဖြစ်တဲ့အတွက် ကျမအဖေက ဗိုလ်ချုပ်ကြီး ခင်မောင်သန်း ဖြစ်တဲ့အတွက် ကျမတို့သည် မိသားစု ဆက်ဆံရေး ရှိခဲ့ပါတယ်။ ကျမနဲ့ ဗိုလ်ချုပ်ကြီး ခင်ညွန့်သမီး သင်းသင်းနဲ့က ရွယ်တူပါ။ ၇ တန်းတည်းက ကျောင်းအတူတူ နေခဲ့တာပါ။ အဲဒီအတွက်ကြောင့်မလို့ မိသားစုလိုနေတဲ့အတွက်ကြောင့် ကျမ သွားတာလည်း သတင်းသမားတယောက်လို ကျမသွားခဲ့တယ်ဆိုတာမျိုးထက် မိသားစုလိုသွားခဲ့တာဆိုရင် ပိုမှန်ပါလိမ့်မယ်။”


ဦးခင်ညွန့် အရင်အာဏာရှိချိန်လုပ်ဆောင်မှုတွေနဲ့ ပတ်သက်လို့ ဝေဖန်မှုတွေ ထွက်ပေါ်နေချိန်မှာ ဦးခင်ညွန့်အပေါ် အကောင်းဘက်က ရေးထားတဲ့ ဆောင်းပါးကို ဝေဖန်သူတွေလည်း ရှိနေတယ်၊ အဲဒါကို သိမိ ဖတ်မိလား။
ကျမ သိပါတယ်၊ ကျမအဲဒါတွေကို အကုန်လုံး ထိုင်ကြည့်နေတာပါ။ ကျမ မတုန်လှုပ်ပါဘူး။ ဒေါ်အောင်ဆန်းစုကြည် လွတ်လာတဲ့အချိန်တုန်းကလည်း လွတ်မြောက်ပြီး နောက်တရက်လို့ ကျမရေးခဲ့ပါတယ်။ အဲဒီအချိန်မှာ ကျမ ယောက်ျားက ဒုဝန်ကြီးတာဝန်ကို ထမ်းဆောင်နေပါတယ်။ အဲဒီအချိန်မှာလည်း ကျမ ပြစ်ဒဏ်အပေးခံခဲ့ရပါတယ်။ ဂျာနယ် နှစ်ပတ် ပိတ်ခံခဲ့ရပါတယ်။ ကျမယောက်ျားကလည်း ဒုဝန်ကြီးဖြစ်တဲ့အတွက် အဲဒီဟာကို ကျမတို့ တော်တော်လေး စိတ်ဆင်းရဲ ခဲ့ရပါတယ်။ အဲဒီအတွက်ကြောင့်လည်း ကျမ အရှုံးမပေးခဲ့ပါဘူး။ ကျမ သတင်းသမားပါ။ ကျမ ရေးသင့်တယ်လို့ ထင်တဲ့ ဟာကို ကျမ တဘက်စောင်းနင်းမရေးဘူး။ ဘယ်သူ့ကိုပဲဖြစ်ဖြစ် ကျမ မြင်ရင်တော့ မြင်တဲ့ အတိုင်းပဲ ရေးလေ့ရှိပါတယ်။ ဒီမိုကရေစီ ဘက်တော်သားတွေကလည်း ကျမကို ဗိုလ်ချုပ်ကြီးသမီးဆိုပြီးတော့ တချို့က ကျမကို သံသယ ရှိတာကို ကျမဖြတ်ကျော်ခဲ့ရပါတယ်။ အဲဒီအတွက် ဒီ Comments တွေကို ကျမ မခံစားရပါဘူး။ ကျမရဲ့ စာမျက်နှာ ရပ်တည်ချက်တွေကို သဘောပေါက်ရင် ပြီးတာပါပဲ။ ကိုယ်လုပ်တဲ့ဟာကိုတော့ ကိုယ်ရပါတယ်။ အဲဒီအတွက် ကျမ ဘာမှ တုန်လှုပ်မှု မရှိပါဘူး။”


အန်တီ့အကြောင်းရေးခဲ့တုန်းကလည်း ကျမ အတိုက်အခံပေါင်း များစွာထဲကနေပြီးတော့ ဆူခံပြောခံကြားထဲကနေ ပြီးတော့ရေးခဲ့တာပါ။ ဒီဟာတွေနဲ့ ပတ်သက်ပြီးတော့ ကျမ ဘာမှလည်း လုပ်ခွင့်မှမရှိတာလေ။ ကျမဆက်ရေးခဲ့ တာပဲလေ။ အခု အချိန်မှာလည်း ကျမရေးလိုက်တဲ့ဟာတခုဟာ ကျမပွင့်ပွင့်လင်းလင်းပြောရရင် ကျမကို ဒီလို တုန့်ပြန် လာမယ်ဆိုတာကို ကျမအသင့်အတင့်တော့ မျှော်လင့်ပြီးသားပါ။”


ဦးခင်ညွန့် နေအိမ်အကျယ်ချုပ် ကျနေစဉ်ကာလမှာ အပြင်ထွက်ခွင့် ရံဖန်ရံခါ ရခဲ့တယ်လို့ သတင်းတွေ ထွက်ဖူးတယ်။ ဆရာမ မမတို့နဲ့ အဲဒီအချိန်ကများ တွေ့ခဲ့ဖူးလား။


ကျမတို့ မတွေ့ဖြစ်ပါဘူး၊ ဘဘကို အဲဒီနေ့က မေးကြည့်တော့လည်း ဘဘ အပြင်မထွက်ပါဘူးလို့ ပြောတယ်။”


အဘ” နဲ့ သူ၏ စာမျက်နှာများ
By featured, ကိုစိုး on January 20, 2012 ဧရာဝတီ
စစ်ထောက်လှမ်းရေး အကြီးအကဲဟောင်း၊ ၀န်ကြီးချုပ်ဟောင်း၊ ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့် နေအိမ် ကျယ်ချုပ်က လွတ်မြောက် လာပြီးနောက် သတင်း မီဒီယာတွေနဲ့ တွေ့ဆုံပြောဆိုချက်တွေ အပေါ် လူအများကြား ဝေဖန် ပြောဆိုနေကြပါတယ်။
ဦးခင်ညွန့်က တိုင်းရင်းသားအရေး၊ ငြိမ်းချမ်းရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ ဘာသာရေး စတဲ့ အကြောင်းတွေ စုံအောင်ပြောဆိုနေတဲ့ အပြင် အရင် ရာထူး အာဏာရှိစဉ်တုန်းကလို “အဘ” ဆိုတဲ့ အသုံးအနှုန်း သုံးနေဆဲအပေါ်မှာလည်း“ဒီစကားလုံးကို အခုအထိ မချ သေးဘူး။ စစ်အရေခွံချွတ်ပြီး အယောင်ဆောင်နေတဲ့ ဖားတပိုင်း၊ ငါးတပိုင်း။ ပုတ်သင်ညိုလို အရောင်ပြောင်းတတ် သူ။ စစ်အုပ်စုရဲ့ တမန်”စတဲ့ ပြောဆို ဝေဖန်သံတွဟာ အင်တာနက် စာမျက်နှာပေါ်က ဦးခင်ညွန့်နဲ့ပတ်သက်တဲ့ သတင်းတွေ၊ အင်တာဗျူးတွေမှာ ၀င်ရောက် ရေးသားကြတဲ့ သဘောထား ထင်မြင်ချက်၊ မှတ်ချက်တွေမှာ အများဆုံးတွေ့နေရပါတယ်။


ဦးခင်ညွန့် ပြန်လွတ်လာတဲ့ ပြီးခဲ့တဲ့ ဇန်န၀ါရီ ၁၃ ရက်နေ့က အောက်ပိုင်းက ကာကီရောင် ဘောင်းဘီနဲ့ အပေါ်က တီရှပ် ၀တ် ထားတာကို တွေ့ရလို့ အရပ်ဝတ် တပိုင်း၊ ယူနီဖောင်း တပိုင်းနဲ့လို့ ပြောဆိုသံတွေလည်း ရှိပါတယ်။
အရင် ဦးခင်ညွန့် တန်ခိုးထက်နေတဲ့ စစ်ထောက်လှမ်းရေး ခေတ်၊ စစ်အစိုးရနဲ့ စစ်အုပ်စုတွေ ကြီးစိုးတဲ့ ခေတ်ကနေ အခု အချိန် အထိပင် တပ်တွင်း ရာထူးတာဝန် ကြီးငယ်အဆင့်ဆင့်အရ သုံးနှုန်းတဲ့ အခေါ်အဝေါ်မှာ “အဘ” ဆိုတဲ့ စကားလုံးဟာ ရေပန်းစား၊ တွင်ကျယ်ခဲ့ပါတယ်။ အသက်အရွယ် အပေါ် မူမတည်ဘဲ ကြောက်ရွံ့ ရိုသေရသူ၊ လုပ်ပိုင်ခွင့် အာဏာ ထက်သူ တဦးကို ခေါ်ဝေါ် သုံးစွဲရတာလို့လည်း စစ်တပ် အသိုင်းအ၀ိုင်းကနေ သိရပါတယ်။


အခုဆိုရင် ဦးခင်ညွန့် အသက်ဟာ ၇၀ ကျော်ပြီလို့ ဆိုပါတယ်။ ဒီအသက်အရွယ်အရ ဆိုရင်တော့ “အဘ”ဆိုတဲ့ အသုံးအနှုန်း ဟာ လျော်ကန် သင့်မြတ်ပါတယ်လို့ သတင်းသမား တဦးကတော့ ပြောပါတယ်။


ဒါပေမယ့် သဘောထား မှတ်ချက်တခုမှာတော့ အခုလို“အဘ” အပါအ၀င် သုံးနှုန်း ပြောဆိုနေတာတွေဟာ“စိတ်ဓာတ် စစ်ဆင်ရေး အရ ဖြစ်နိုင်တယ်၊ စစ်ထောက်လှမ်းရေးတွေက စိတ်ဓာတ်စစ်ဆင်ရေးမှာ နောကြေနေပြီ၊ လူထုနဲ့ မီဒီယာကို ဘာပြောရမယ် ဆိုတာ လောက်က အသေးအမွှား”ဆိုပြီး ရေးထားတာလည်း တွေ့ရပါတယ်။
တိုင်းရင်းသားအရေးနဲ့ ပတ်သက်တဲ့ ဦးခင်ညွန့်အပေါ် သဘောထားမှတ်ချက် တခုမှာ“န၀တ အာဏာသိမ်းခါစက KNU ကို အပြုတ် တိုက်မယ်လို့ ကျုံးဝါးဖူးတယ်”လို့ ရေးထားတာ တွေ့ရလို့ ၂၀၀၄ ခုနှစ်လောက်တုန်းက KNU နဲ့ ငြိမ်းချမ်းရေး လမ်းခင်းခါစမှာ KNU က ဗိုလ်ချုပ်ကြီး စောဘိုမြ ကို ဦးခင်ညွန့်က“ဖထီး”(ဦးလေး)လို့ ခေါ်လိုက်ပြီး သူ့ကိုယ်သူတော့ “ဖိုးဒို”(တူလေး)လို့ သုံးခဲ့တာကို သတိထား မိခဲ့ပါတယ်။
ဦးခင်ညွန့် တာဝန်ယူစဉ်ကာလက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ “၀”ပြည်သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA)၊ ကချင်လွတ်မြောက်ရေး တပ်မတော်(KIA) စတဲ့ အဖွဲ့ ၁၇ ဖွဲ့နဲ့ အပစ်အခတ် ရပ်စဲရေး ဖော်ဆောင်ခဲ့ပြီးတော့ ကရင်အမျိုးသားအစည်းအရုံး(KNU)နဲ့ လည်း ငြိမ်းချမ်းရေးစကားပြောတာတွေကို လုပ်ခဲ့တယ်။


၂၀၀၄ ခုနှစ် အောက်တိုဘာလက ဦးခင်ညွန့်ကို အမိန့်မနာခံမှု၊ အဂတိလိုက်စားမှုတွေနဲ့ ရာထူးက ဖယ်ရှားပြီး တရားစွဲဆိုကာ ဆိုင်းငံ့ပြစ်ဒဏ် ထောင်ဒဏ် ၄၄ နှစ်နဲ့ နေအိမ်အကျယ်ချုပ် ချခဲ့ပြီးနောက်ပိုင်း တချို့တိုင်းရင်း သားအဖွဲ့တွေနဲ့ အစိုးရ ကြား သဘောတူညီမှုတွေ ပျက်ပြားခဲ့ရတာတွေလည်း ရှိခဲ့ပါတယ်။


သူဟာ အာဏာရှင်ဟောင်း ဦးနေ၀င်းရဲ့ လက်ရင်း လူယုံတဦးဖြစ်ပြီးနောက် စစ်ထောက်လှမ်းရေး အကြီးအကဲ ဖြစ်လာခဲ့တာပါ။


သူ့ကို ၁၉၈၈ ခုနှစ်က လူထု အုံကြွမှုတွေမှာ ဒီမိုကရေစီနဲ့လူ့အခွင့်အရေး လှုပ်ရှားသူတွေကို ညဉ်းပန်းနှိပ်စက်ပြီး ဖမ်းဆီးထောင်ချတဲ့ လုပ်ရပ်တွေနဲ့ ပတ်သက်ပြီး တာဝန်ရှိသူအဖြစ်လည်း အများက ပြောဆိုခဲ့ကြပါတယ်။
ဦးခင်ညွန့်ဟာ ၁၉၈၈ ခုနှစ် စက်တင်ဘာလ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့(န၀တ) စစ်အစိုးရ အတွင်းရေးမှူး() တာဝန်၊ အဲဒီနောက် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ(နအဖ) စစ်အစိုးရ လက်ထက် ၀န်ကြီးချုပ် တာဝန်တွေကို ယူခဲ့သူလည်း ဖြစ်ပါတယ်။


ဂျာနယ် မင်းသားကြီး ဦးခင်ညွန့်၊ ဘယ်ဟာရှားသလဲ စံရတီမိုးမြင့်နဲ့ ခြေစမ်းပွဲကန်မယ့် ဇေယျာသော်
By featured, မစပ်စု on January 20, ဧရာဝတီ
အရင်က တီဗီ မင်းသား၊ အခုတော့ ဂျာနယ်မင်းသား
မကြာသေးခင်က သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်ကြောင့် လွတ်မြောက်လာသူတွေ ထဲမှာ နာမည်ကြီး ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေတင် မကဘဲ အရင် စစ်အစိုးရလက်ထက်က တန်ခိုးထွားခဲ့တဲ့ စစ်ထောက်လှမ်းရေး ခေါင်းဆောင် ၀န်ကြီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီး ခင်ညွန့်ပါ ပါဝင်လာလို့ လူတွေ တအံ့တသြ ဖြစ်ကြရပါတယ်။
သူ လွတ်မြောက်လာတဲ့ နေ့ကစပြီး ဒီနေ့ထိ ပြည်တွင်းထုတ် သတင်းဂျာနယ်တွေရဲ့ မျက်နှာဖုံးမှာ သူ့ ဓာတ်ပုံတွေ၊ သူနဲ့ တွေ့ဆုံ မေးမြန်းခန်းတွေကို စာမျက်နှာ အပြည့် ဖော်ပြလာကြတာလည်း တွေ့ရပါတယ်။ ဒါ့အပြင် facebook စာမျက်နှာတွေမှာလည်း သူ့ အင်တာဗျူးတွေကို သူသူငါငါ တင်လာကြတာကြောင့် ဝေဖန်သံတွေလည်း ညံပါတယ်။
မြန်မာသံ တေးသီချင်းတွေကို နှစ်သက်မြတ်နိုးသူလို့ လူအများပြောကြတဲ့ ဦးခင်ညွန့်ဟာ မြန်မာ့ရိုးရာ ဆိုကရေးတီး ပြိုင်ပွဲတွေကိုလည်း စတင်ဖော်ထုတ် ကျင်းပပေးတဲ့ ပိုင်အိုးနီးယားကြီး ဖြစ်တဲ့အပြင် မြန်မာသံ အနုပညာသမားတွေကို နေရာပေး လုပ်ကိုင်ခွင့်တွေ ပေးထားသူလို့လည်း ဆိုနိုင်ပါတယ်။ ဒါကြောင့် သူလွတ်မြောက်လာစဉ် သွားရောက် တွေ့ဆုံသူတွေထဲမှာ မြန်မာသံ အနုပညာ သမားတွေလည်း ပါဝင်တာ တွေ့ရပါတယ်။


ဦးခင်ညွန့် တန်ခိုးသြဇာ ကြီးမားစဉ် ၂၀၀၃ ခုနှစ် အရှေ့ပိုင်းကာလတွေက မြန်မာ့ရုပ်မြင်သံကြား ညပိုင်း ၈ နာရီ သတင်း အစီအစဉ်မှာ သူ့ရဲ့ လုပ်ဆောင်ချက်တွေကို နေ့စဉ်မပြတ် ပြသ လွန်းအားကြီးတဲ့အတွက် ၈ နာရီ သတင်း မင်းသား၊ တီဗီ မင်းသား လို့လည်း ပရိသတ်က ခေါ်ခဲ့ကြပါသေးတယ်။


အဲဒီလို ည ၈ နာရီသတင်းမှာဖော်ပြပြီးလို့ မနက်ပိုင်း သတင်းစာရဲ့ မျက်နှာဖုံးတွေမှာလည်း သူ့ပုံတွေ ချည်းပဲ ဖြစ်နေတာကြောင့် လူရွှင်တော် ဇာဂနာကတောင် သတင်းစာဖတ်နေတဲ့အချိန် သူ့ရဲ့ ဘေးမှာ ရေထည့်ထားတဲ့ ရေပုံးတပုံးထဲ ရေခွက်ထည့်ထား၊ အဲဒီရေခွက်ကို ရေပုံးထဲနှစ်လိုက် သတင်းစာ တရွက်လှန်လိုက်၊ ခွက်က ရေထဲကနေ ပြန်ပေါ်လာတော့ “သြော် … ပေါ်လာပြန်ပြီ ဒီ … ခွက်” ဆိုပြီး ပြက်လုံးထုတ် နောက်ပြောင် ပြောဆိုခဲ့ဖူး ပါသေးတယ်။


အခုတော့ ဦးခင်ညွန့်ကို ပြက်လုံးထုတ်ခဲ့သူ၊ စစ်ထောက်လှမ်းရေးရဲ့ ဖမ်းဆီးခံဖူးသူ၊ ခေါ်ယူသတိပေး ခံဖူးသူ ကိုဇာဂနာ ကိုယ်တိုင် ဦးခင်ညွန့်ကို သွားတွေ့၊ နှုတ်ဆက်ခဲ့လို့ ပရိသတ်တွေရဲ့ ဝေဖန်တာကိုခံနေရပါပြီ။ ဘာကြောင့် သူ သွားတွေ့တယ် ဆိုတာတောင် ပြန်ရှင်းပြ နေရပါတယ်။


ဘာပဲဖြစ်ဖြစ် လှုပ်တယ်လို့ ဆိုရမှာပေါ့။ ဟို ဂျာနယ်မှာလည်း သူ့မျက်နှာ၊ ဒီဂျာနယ်မှာလည်း သူ့မျက်နှာ။ သူ့ပုံတွေ ခါတော်မီ ဖော်ပြတဲ့ ဂျာနယ်တွေလည်း အရောင်းသွက်တယ်လို့ ကြားနေရပါတယ်။ ဒါပေမယ့် သူ ဦးဆောင်ခဲ့တဲ့ နာမည်ကျော် စစ်ထောက်လှမ်းရေး အဖွဲ့ကြီးကို အသက် ပြန်သွင်းမှာကိုတော့ လူတွေအားလုံးက မလိုလားကြပါဘူး။ ကျားသေကို အသက် မသွင်းနဲ့လို့ ဆိုသူတွေတောင် ရှိပါတယ်။ တချို့ကလည်း မြန်မာစိတ်ဓာတ် အရင်းခံ၊ ရိုးသားစွာနဲ့ လူတယောက်အဖြစ် ရှုမြင်ပြီး သံဝေဂရ နေကြပါတယ်။


လောလောဆယ်မှာ ဂျာနယ်မင်းသားဖြစ်နေတဲ့ ဦးခင်ညွန့်ရဲ့ ဓာတ်ပုံတွေကို ဘယ်အချိန်အထိ မြင်ရမလဲ ဆိုတာကတော့ ပရိသတ်ကြီး … စောင့်ကြည့်ပါ လို့သာ။


ဘယ်ဟာ ရှားသလဲ စံရတီမိုးမြင့်
ခုတလော facebook စာမျက်နှာထက်မှာ သရုပ်ဆောင် မော်ဒယ်လ်တဦးရဲ့ အာဘော်တခု ရေပန်းစား နေတာ တွေ့ရပါတယ်။
သူသူငါငါ facebook စာမျက်နှာတွေပေါ်မှာ အပြိုင်အဆိုင် တင်လာတဲ့ အဲဒီ အာဘော်ကတော့ “တနှစ်မှာ ဆရာဝန်ပေါင်း ထောင်နှင့် ချီပြီး ဖြစ်နိုင်ပေမယ့် အနုပညာရှင်တယောက် ဖြစ်ဖို့က မလွယ်ဘူး” ဆိုတဲ့ သရုပ်ဆောင် မော်ဒယ်လ် စံရတီ မိုးမြင့်ရဲ့ အာဘော်ပါ။


စံရတီမိုးမြင့်ဟာ မြန်မာနိုင်ငံရဲ့ နာမည်ကြီး ဟစ်ပ်ဟော့ပ် အဆိုတော်၊ သရုပ်ဆောင် စိုင်းစိုင်းခမ်းလှိုင်ရဲ့ ချစ်သူ ရည်စားအဖြစ် လူသိများ နေသူဖြစ်ပြီး လွန်ခဲ့တဲ့နှစ် အနည်းငယ်လောက်ကမှ အနုပညာလောကထဲကို ၀င်ရောက်လာခဲ့တဲ့ ဆယ်ကျော်သက် မော်ဒယ်လ်တဦးပါ။


စံရတီမိုးမြင့်ရဲ့ facebook စာမျက်နှာပေါ်က အဲဒီအာဘော် ရဲ့ အောက်မှာ ပရိသတ် အများအပြားရဲ့ အကြံပေးချက်တွေ၊ ဝေဖန်သံတွေကတော့ အများအပြားတွေ့နေရပြီး ဖတ်လို့လည်း ကောင်းလှပါတယ်။


စပွန်ဆာရှိရင် သရုပ်ဆောင် မင်းသမီး လုပ်လို့ရပြီလို့ လူအများ ပြောဆိုနေကြတဲ့ ခေတ်ကြီးမှာ အခုလိုမျိုး ပြောဆို လိုက်တဲ့အပေါ် ပရိသတ်တွေက အထူးအဆန်း ဖြစ်နေတာတော့အမှန်ပါပဲ။


သူ့အာဘော်အရဆိုရင်တော့ မြန်မာပြည်မှာ ဆရာဝန်တွေ ပေါတယ်လို့ ဆိုချင်တာလား၊ အနုပညာသမား ရှားတယ်လို့ ပြောလိုက်တာလား၊ အနုပညာသမားဆိုတာ ဘယ်ဟာကို ပြောတာပါလိမ့် ဆိုတဲ့ အတွေးတွေ တသီကြီး တွေးမိစေတာ ပါပဲ။


ခြေစမ်းပွဲကန်မယ့် ဇေယျာသော်
မြန်မာနိုင်ငံရဲ့ ဟစ်ပ်ဟော့ပ် လောကကို စတင်ခဲ့တယ်လို့ ပြောလို့ရတဲ့ အက်ဆစ် (Acid) အဖွဲ့သားတွေထဲက တယောက်ဖြစ်တဲ့ ဇေယျာသော်ဟာ လာမယ့် ဧပြီ ၁ ရက်နေ့မှာ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ကိုယ်စားလှယ် အနေနဲ့ နေပြည်တော် ပုဗ္ဗသီရိမြို့နယ်က ကနေပြီး ၀င်ရောက် ယှဉ်ပြိုင်မယ် ဆိုတာ အားလုံးအသိပါ။
ဇေယျာသော် ကြားဖြတ်ရွေးကောက်ပွဲမှာ ဝင်ပြိုင်မယ် ဆိုတာနဲ့ တပြိုင်နက်တည်း ဝေဖန်သံတွေ၊ အကြံပြုသံတွေ၊ အားပေးသံတွေနဲ့အတူ ဆဲသံတွေ အပါအဝင် အင်တာနက် စာမျက်နှာတွေ ပေါ်မှာ ညံခဲ့ပါတယ်။
သူ့အတွက် အောင်မြင်ရာ အောင်မြင်ကြောင်း ဆုတောင်းပေးကြတဲ့ ပရိသတ်တွေရှိသလို၊ ဝေဖန်ပြစ်တင်သံတွေလည်း ကြားရပါတယ်။


လူကြီးတွေ မျက်စိ စပါးမွှေးစူးခဲ့တဲ့ ဂီတသစ်တခု ဖြစ်ခဲ့တဲ့ ဟစ်ပ်ဟော့ပ် ဂီတကိုတောင် မြန်မာပရိသတ်နဲ့ မိတ်ဆက် ပေးခဲ့တဲ့ လူငယ်တယောက် အနေနဲ့ ဆဲတယ်၊ ဝေဖန်တယ်ဆိုတာတွေ ကတော့ ရိုးနေလောက်ပြီ၊ အရေထူနေပြီလို့ ထင်ပါတယ်။ ဘောလုံးကွင်းထဲ ဝင်ကစားမှတော့ ဆဲမယ့်သူ ရှိမယ်ဆိုတာ သဘောပေါက်ပြီးသား ဖြစ်နေမှာပါ။


မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဇေယျာသော်ကို ကြားဖြတ်ရွေးကောက်ပွဲ ဝင်ခိုင်းတာဟာ ခြေစမ်းပွဲမှာ လူသစ်တန်းတွေ ထည့်ကန်လိုက်တာလို့ ယူဆမိပါတယ်။ တကယ့် ပွဲကြီးပွဲကောင်းက ၂၀၁၅ မှာ လာမှာဆိုတော့ အဲဒီ အချိန်မှာ လက်ရွေးစဉ်ကြီးတွေနဲ့ အတူ လူသစ်တန်းတွေထဲက ခြေရှိတဲ့ ကစားသမားတွေကို ရောသမမွှေပြီး ကစား ခိုင်းမှာလား၊ ဇေယျာသော်တို့လို လူငယ်ခြေတက်တွေရဲ့ အစွမ်းအစကို စမ်းသပ်ကြည့်တဲ့ သဘောလားဆိုတာ စဉ်းစားစရာပါ။


ဒါတွေကတော့ ဒေါ်အောင်ဆန်းစုကြည်လို နာမည်ကြီး နည်းပြတယောက်ရဲ့ စိတ်ကူးဖြစ်တာကြောင့် မစပ်စုလို လူပြိန်းတယောက်အနေနဲ့ ဒီထက်ပိုပြီး မတွေးတတ်တာတော့ အမှန်ပါ။ လုံးဝ အသုံးမကျတဲ့ ကစားသမားဆိုရင်တော့ နည်းပြကလည်း ထည့်ကစားမယ် မထင်ပါဘူး။ နည်းပြရဲ့ ညွှန်ကြားပြသမှုနဲ့အတူ ဇေယျာသော် ဘယ်လောက်ထိ ကစားနိုင်မလဲ ဆိုတာကတော့ ပရိသတ်လည်း စောင့်ကြည့်သင့်တယ် ထင်ပါတယ်။ မစပ်စုလည်း ဘောလုံးဆောင်းပါးတွေ အဖတ်များပြီး ဘောလုံးစကား ပြောမိပြီ။ ခွင့်လွှတ်ကြပါ။
ပြည်ပ အတိုက်အခံများကိုလည်း ငြိမ်းချမ်းရေး ကမ်းလှမ်းပြီ
By featured, ရန်ပိုင် on January 20, ဧရာဝတီ
ပြည်ပအခြေစိုက် လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီနှင့် မြန်မာနိုင်ငံ ဒီမိုကရက်တစ် တပ်ပေါင်းစု (FDB) တို့အား အစိုးရ၏ ငြိမ်းချမ်းရေး အဖွဲ့ဝင်များက တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ရန် ယမန်နေ့က ကမ်းလှမ်းလိုက်သည်။
မီးရထားဝန်ကြီး ဦးအောင်မင်းပါဝင်သည့် အဖွဲ့နှင့် အလွတ်သဘော ဆွေးနွေးရန် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ဖြစ်မြောက်ရေး အတွက် ပါဝင်ဆောင်ရွက်ပေးသူ ဒေါက်တာ ကျော်ရင်လှိုင်က ဆက်သွယ်လာခြင်း ဖြစ်ကြောင်း၊ အပြုသဘောဆောင်သည့် လက္ခဏာဟု ယူဆကြောင်း လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်က ပြောသည်။


ယေဘုယျအားဖြင့် ကမ်းလှမ်းတာ ကောင်းပါတယ်၊ ကြိုဆိုရမယ့် ကိစ္စပါ။ ဒါပေမယ့် ကျနော့်ပါတီထဲမှာ ရဲဘော်တွေ အချင်းချင်း ညှိနှိုင်းဖို့တွေ လုပ်ရအုံးမှာပါ” ဟု ၎င်းက ဆိုသည်။


လာမည့် ရက်သတ္တပတ်အတွင်း လူ့ဘောင်သစ်ပါတီ အလုပ်အမှုဆောင်များ ဆွေးနွေးညှိနှိုင်းမည် ဖြစ်ကြောင်းလည်း ၎င်းက ဆက်ပြောသည်။


မကြာသေးမီက နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးလိုက်ခြင်းကို အပြုသဘောဆောင်သည့် ခြေလှမ်းတရပ်အဖြစ် ထင်မြင်သော် လည်း၊ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လမ်းကြောင်းပေါ်သို့ ခိုင်ခိုင်မာမာ ရောက်သွားပြီဟု ပြောရန်စောသေးကြောင်း၊ ပြည်တွင်း ပြည်ပ ဒီမိုကရေစီအင်အားစုများ ၀ိုင်းဝန်းလုပ်ဆောင်ရန် လိုကြောင်း ဦးအောင်မိုးဇော်က ဆိုသည်။


အစိုးရ အနေဖြင့် ယခင်က ငြိမ်းချမ်းရေးဆွေးနွေးရန် လက်နက်ကိုင်တိုင်းရင်းသား အဖွဲ့အစည်းများကိုသာ ကမ်းလှမ်းခဲ့သော်လည်း ပြည်ပရောက် နိုင်ငံရေးပါတီများနှင့် နိုင်ငံရေးအင်အားစုများကို ယခုအခါ ပထမဆုံးအကြိမ် ကမ်းလှမ်းခြင်း ဖြစ်သည်။
FDB ဥက္ကဋ္ဌ ဒေါက်တာနိုင်အောင် ကလည်း အစိုးရက ငြိမ်းချမ်းရေး အကျိုးဆောင်များမှ တဆင့် အလွတ်သဘော ဆွေးနွေးရန် ကမ်းလှမ်းမှု ပြုလုပ်သည်မှာ မှန်ကန်ကြောင်း၊ သို့သော် မိမိတို့ အဖွဲ့အစည်းအတွင်း ပြန်လည်ဆွေးနွေး ရဦးမည်ဖြစ်ကြောင်း ပြောသည်။


သေနတ်ကိုင်ပြီး ပစ်ကြခတ်ကြတာထက် စာရင် တွေဆုံဆွေးနွေးတယ် ဆိုတာတော့ ကောင်းတဲ့ပြောင်းလဲမှု တခုပါ” ဟု ၎င်းက ဆိုသည်။


မီးရထားဝန်ကြီး ဦးအောင်မင်းနှင့် လာမည့် ဖေဖော်ဝါရီ ပထမပတ်အတွင်း တွေဆုံနိုင်မည်ဟု ခန့်မှန်းကြောင်း၊ မည်သည့် အကြောင်းအရာများ ဆွေးနွေးမည် ဆိုသည်ကိုမူ FDB တွင်ပါဝင်သည့် နိုင်ငံရေးအဖွဲ့များနှင့် ဆွေးနွေးရဦးမည်ဖြစ်ကြောင်း ဆက်ပြောသည်။


FDB အဖွဲ့ကို ပြည်ပအခြေစိုက် နိုင်ငံရေးအဖွဲ့ ၇ ဖွဲ့ဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ပြီး လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ၊ ဗမာနိုင်ငံလုံးဆိုင် ရာ ကျောင်းသားများ သမဂ္ဂ (ဗကသ) နိုင်ငံခြားရေးရာ ကော်မတီ၊ မြန်မာ့အမျိုးသမီး သမဂ္ဂ (BWU) ကဲ့သို့သော အဖွဲ့အစည်းများလည်း ပါဝင်သည်။


မကြာသေးမီကလည်း မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) ကို ငြိမ်းချမ်းရေးဆွေးနွေးရန် ကမ်းလှမ်းခဲ့သေးသည်။


စီးပွားရေးပိတ်ဆို့မှု ရုပ်သိမ်းစေလိုကြောင်း ဦးသိန်းစိန် ပြော
By featured, ခက်ထန် on January 20, ဧရာဝတီ
မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုများ ဖြေလျှော့ပေးစေလိုပြီး တဖြည်းဖြည်း ရုပ်သိမ်းသွားစေလိုကြောင်း သမ္မတ ဦးသိန်းစိန်က ပြောဆိုလိုက်သည်။


နေပြည်တော်၌ဇန်နဝါရီလ ၁၇ ရက်နေ့က သမ္မတဦးသိန်းစိန်နှင့် တွေ့ဆုံမေးမြန်းပြီး ဝါရှင်တန်ပို့စ်သတင်းစာက ယနေ့ ဖော်ပြသည့် အင်တာဗျူးတွင် ထိုသို့ ဖော်ပြထားခြင်းဖြစ်ပြီး အမေရိကန်နှင့် ဥရောပသမဂ္ဂတို့၏ ပိတ်ဆို့အရေးယူမှုသည် အစိုးရကို မထိခိုက်ဘဲ ပြည်သူလူထု၏ အကျိုးစီးပွားကိုသာ ထိခိုက်စေကြောင်းလည်း ပြောထားသည်။


ဇန်နဝါရီလ ၁၇ ရက်နေ့က နေပြည်တော်တွင် သမ္မတ ဦးသိန်းစိန်နှင့် ဝါရှင်တန်ပို့စ် သတင်းစာမှ အကြီးတန်း အယ်ဒီတာ Ms. Elizabeth Graham Weymouth တို့ တွေ့ဆုံစဉ် (ဓာတ်ပုံ - MNA)


ပိတ်ဆို့အရေးယူမှုတွေဆိုတာ အစိုးရကို ထိသွားစေဖို့ ရည်ရွယ်တာပဲ။ တကယ်မှာက ပြည်သူ့အကျိုးစီးပွားကိုသာ သွားထိတယ်။ အရင် အစိုးရအပေါ် ဘာမှ သက်ရောက်မှု မရှိခဲ့ဘူး။ လမ်းပြမြေပုံအဆင့်ဆင့်ကြောင့်သာ နိုင်ငံအတွက် ဒီမိုကရေစီစနစ်ကို လွှဲပြောင်းပေးနိုင်ခဲ့တယ်” ဟု သမ္မတ ဦးသိန်းစိန်က ပိတ်ဆို့အရေးယူမှု အလုပ်ဖြစ်မဖြစ် ဝါရှင်တန်ပို့စ်၏ မေးခွန်းကို ဖြေကြားသွားသည်။


၂၀၀၄ ခုနှစ်တွင် လမ်းပြမြေပုံ ၇ ချက်ကြောင့် တိုင်းပြည်တွင် ဒီမိုကရေစီ ဖော်ဆောင်နိုင်သည်ဟု ဆိုလိုခြင်း ဟုတ်မဟုတ် ဝါရှင်တန်ပို့စ်က ထပ်မံအတည်ပြု မေးမြန်းခဲ့ရာ ဟုတ်မှန်ကြောင်း၊ တဆင့်ပြီးတဆင့် လိုအပ်ချက်အရ အကောင်အထည်ဖော်ခဲ့သောကြောင့် ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ ရောက်လာကြောင်း သမ္မတ ဦးသိန်းစိန်က ဖြေကြားသည်။


သမ္မတ ဦးသိန်းစိန် အစိုးရ၏ ပြုပြင်ပြောင်းလည်းရေး နောက်တဆင့်နှင့် ပတ်သက်၍ ငြိမ်းချမ်း တည်ငြိမ်ရေးနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးဖြစ်ကြောင်း၊ စီးပွားရေးနှင့် ဖွံ့ဖြိုးရေးအတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများကို ဆွဲဆောင်နိုင်ရန် လိုအပ်သည့် ဥပဒေ ပြင်ဆင်ပြောင်းလဲမှုများ ပြုလုပ်နေကြောင်း၊ ပိတ်ဆို့အရေးယူမှုများ မရှိမှသာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်နိုင်မည်ဖြစ်ကြောင်း ပြောသည်။


တွေ့ဆုံမေးမြန်းခန်းတွင် သမ္မတ ဦးသိန်းစိန်က ပြည်ပသို့ သွားရောက် အလုပ်လုပ်ကိုင်နေသော မြန်မာ ၃ သန်းခန့်ရှိကြောင်း၊ မြန်မာနိုင်ငံတွင် ဆင်ရဲနွမ်းပါးမှုနှုန်း ၂၆ ရာခိုင်နှုန်းခန့် ရှိကြောင်း၊ ဤသည်မှာ အနှစ် ၂၀ နီးပါး မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့မှုကြောင့်ဖြစ်ကြောင်း ပြောဆိုသွားသည်။


သမ္မတအပေါ် စစ်တပ်က လွှမ်းမိုးမှု ရှိမရှိနှင့် ပတ်သက်၍ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် သမ္မတက ကာကွယ်ရေးဦးစီးချုပ်ကို ခန့်အပ်ခွင့်ရှိကြောင်း ဖော်ပြထားသည်ဟု ဦးသိန်းစိန်က ပြောသည်။ ယခုလက်ရှိ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်မှာမူ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အာဏာထိန်းချုပ်စဉ်က ခန့်အပ်ခဲ့ခြင်းဖြစ်သည်။


တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များနှင့် ထာဝရ ငြိမ်းချမ်းရေးအတွက် အချိန်ယူရမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ နျူကလီးယားအရေး စွပ်စွဲမှုများအတွက် နိုင်ငံတကာ အနျူမြူစွမ်းအင် အေဂျင်စီက ဝင်ရောက်စစ်ဆေးရန် လွှတ်တော်၏ သဘောတူညီချက် လိုကြောင်းတို့ကိုလည်း အင်တာဗျူးတွင် ဖော်ပြထားသည်။


သမ္မတ ဦးသိန်းစိန်၏ ဝါရှင်တန်ပို့စ် သတင်းစာနှင့် အင်တာဗျူးသည် နိုင်ငံခြားမီဒီယာတခုနှင့် ပထမဆုံး တွေ့ဆုံမေးမြန်းမှု ဖြစ်သည်။


EU ပိတ်ဆို့ ဒဏ်ခတ်မှုများ ရုပ်သိမ်းဖွယ်ရှိ
By featured, လင်းသန့် on January 20, 2012 ဧရာဝတီ
မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် ဥရောပသမဂ္ဂ (EU) ၏ ဒဏ်ခတ်ပိတ်ဆို့ အရေးယူမှုများကို လာမည့် ဖေဖော်ဝါရီလ အတွင်း ရုပ်သိမ်းသွားဖွယ်ရှိကြောင်း EU သံတမန်အသိုင်းအ၀ိုင်းက ပြောသည်။
ပိတ်ဆို့မှု ရုပ်သိမ်းရေးနှင့်ပတ်သက်ပြီး ကနဦး ခြေလှမ်းအဖြစ် EU အဖွဲ့ဝင် နိုင်ငံများဆွေးနွေး ညှိနှိုင်းပြီးနောက် ကြေညာချက် တခု ပေါ်ထွက်နိုင်ကြောင်း၊ ဧပြီ ၁ ရက်ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲ မတိုင်မီ EUအနေဖြင့် မြန်မာနိုင်ငံ၏ ပြောင်းလဲ တိုးတက်မှုများကို ထောက်ခံသည့်လက္ခဏာ ပြလိုကြောင်း EU သံတမန်များ၏ ပြောဆိုချက်ကို AFP သတင်း တပုဒ်တွင် ဖော် ပြထားသည်။
ဗြိတိန်နိုင်ငံနှင့် EU နိုင်ငံတချို့က ဒေါ်အောင်ဆန်းစုကြည် ၀င်ရောက် ယှဉ်ပြိုင်အရွေးခံမည့် ကြားဖြတ် ရွေးကောက်ပွဲကို လွတ် လပ် မျှတမှု ရှိမရှိ စောင့်ကြည့် ချင်သေးသော်လည်း ပြင်သစ်၊ ဂျာမနီနှင့် EU နိုင်ငံ တချို့ကမူ မြန်မာ့ ပြုပြင်ပြောင်းလဲရေးများကို မြန်ဆန်စွာ အားပေးလိုကြောင်းလည်း AFP သတင်း၌ ပါရှိသည်။
ပြုပြင် ပြောင်းလဲရေးဆိုင်ရာ တိုးတက်မှု အရိပ်လက္ခဏာတွေအရ ကျနော်တို့ရဲ့မူဝါဒတွေကို ယေဘုယျ ကျကျ ပြန်သုံးသပ် သွားဖို့ ရှိပါတယ်”ဟု EU ၏ နိုင်ငံခြားရေး မူဝါဒဆိုင်ရာ ကော်မတီအကြီးအကဲ ကက်သရင်း အက်ရှ်တန်၏ ပြောခွင့်ရ Michael Mann က AFP ကို ပြောဆိုသည်။


ကက်သရင်း အက်ရှ်တန်သည် မြန်မာနိုင်ငံသို့ မကြာခင်သွားရောက် လည်ပတ်ရန်ရှိပြီး မြန်မာအပေါ် ပိတ်ဆို့မှုများကို ရုပ်သိမ်း ရန်အတွက် စဉ်းစားနေကြောင်း၊ အကူအညီပေးရေး ကိစ္စများကိုလည်း စီစဉ်နေကြောင်း ၎င်းက ဆိုသည်။


မြန်မာနိုင်ငံတွင်း ပြုပြင်ပြောင်းလဲရေးဆိုင်ရာ တိုးတက်မှု အသစ်များ အပေါ်မူတည်၍ EU ၏မူဝါဒများကို ပြန်လည်သုံးသပ်ရန် အဖွဲ့ဝင်၂၇ နိုင်ငံ ပါဝင်သည့် EU နိုင်ငံခြားရေးဝန်ကြီးများသည် ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ် မြို့၌ လာမည့် တနင်္လာနေ့တွင် ဆွေးနွေးကြမည် ဖြစ်သည်။


၂၀၁၀ နိုဝင်ဘာလ ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်မြောက်ပြီးနောက် EU ဘက်က မြန်မာအပေါ် ကုန်သွယ်ရေးနှင့် ဘဏ္ဍာရေး ဆိုင်ရာ ပိတ်ဆို့ အရေးယူမှုကို နောက်ထပ် တနှစ် သက်တမ်းတိုးခဲ့သော်လည်း ခရီးသွားလာရေးနှင့် ပိုင်ဆိုင်မှု ထိန်းချုပ် ထားခြင်းကို ပြန်လည် ရုပ်သိမ်းခဲ့သည်။
ပိတ်ဆို့အရေးယူမှုများ အဆုံးသတ်စေရေး အတွက် EU ဘက်က နိုင်ငံရေး အကျဉ်းသားအားလုံး ပြန်လွှတ်ပေးရန်နှင့် အတိုက် အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးရန် တို့ကို တောင်းဆိုထားသည်။
ဒဏ်ခတ်မှု မရုပ်သိမ်းခင် လုပ်ရမှာတွေ ရှိတယ်။ ထောက်ခံ အားပေးတာကတော့ ပထမဆုံးခြေလှမ်းဖြစ်နိုင်တယ်။ ပြီးမှ ဒဏ် ခတ် မှု ရုပ်သိမ်းနိုင်တယ်”ဟု အမည်မဖော်လိုသူ EU သံတမန်တဦးက ပြောသည်။


လတ်တလောအနေဖြင့် EU က ပြည်ဝင်ခွင့် ဗီဇာပိတ်ပင်ထားမှုကို ကနဦးဖယ်ရှားပေးခြင်း ပြုလုပ်နိုင်သည်ဟုလည်း ဆိုသည်။
မြန်မာနိုင်ငံအပေါ် EU က ဒဏ်ခတ် ပိတ်ဆို့အရေးယူမှုများကို ၁၉၈၈ ခုနှစ် ဒီမိုကရေစီအရေး လှုပ်ရှားသူများအား အကြမ်း ဖက် ဖြိုခွဲခဲ့ပြီး စစ်တပ်က အာဏာသိမ်းပြီးနောက် စတင်ခဲ့ခြင်း ဖြစ်သည်။


EU ၏ ပိတ်ဆို့အရေးယူမှုများတွင် စစ်လက်နက်ပစ္စည်း ၀ယ်ယူခွင့်၊ ကုန်သွယ်ရေးနှင့် ဘဏ္ဍာရေးဆိုင်ရာ ၊ ပြည် ၀င်ခွင့် ဗီဇာ ပိတ်ပင်ထားမှုနှင့် EU နိုင်ငံများအတွင်း ခရီးသွားလာရေး၊ မြန်မာ စစ်အာဏာပိုင်များနှင့် ၄င်းတို့နှင့် ဆက်နွယ်သူများ ၏ ပိုင် ဆိုင်မှုများ ထိန်းချုပ်ခြင်း စသည်တို့ ပါဝင်သည်။


၂၀၀၇ ခုနှစ် သံဃာ့ လှုပ်ရှားမှုတွင် ရဟန်းသံဃာများ၊ ကျောင်းသားများနှင့် ငြိမ်းချမ်းစွာ ဒီမိုကရေစီ အရေး လှုပ်ရှားသူများကို ရက်စက်စွာဖြိုခွင်းခဲ့မှုပြီးနောက် EU က ဒဏ်ခတ်ပိတ်ဆို့မှုများ ကို ပိုမိုတင်းကျပ်ခဲ့သည်။


EU နိုင်ငံတနိုင်ငံဖြစ်သော ပြင်သစ်နိုင်ငံမှ နိုင်ငံခြားရေး ၀န်ကြီး Mr. Alain Juppe သည် မကြာသေးခင်က မြန်မာနိုင်ငံသို့သွား ရောက်၍ သမ္မတ ဦးသိန်းစိန်၊ ဒေါ်အောင်ဆန်းစုကြည်တို့နှင့်တွေ့ဆုံခဲ့ပြီး ဦးသိန်းစိန်ကို ပြုပြင်ပြောင်းလဲရေးသမားအဖြစ် ပြော ဆိုခဲ့သည်။


EU ဒု ဥက္ကဌ၊ နိုင်ငံခြားရေးနှင့် လုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် မစ္စတာ ရောဘတ် ကူးပါးနှင့် အဆင့်မြင့် ကိုယ်စားလှယ် အဖွဲ့တို့သည်လည်း ယမန်နှစ်က မြန်မာနိုင်ငံသို့ သွားရောက်ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့်၂ ကြိမ်တိုင် တွေ့ဆုံခဲ့ကြသည်။


မကြာသေးခင်ကပင် သြစတေးလျ နိုင်ငံကလည်း မြန်မာအပေါ် စီးပွားရေးအရေးယူမှုကို လျှော့ပေါ့ကြောင်း ပြောဆိုခဲ့သည်။
မြန်မာနိုင်ငံသည် နောက်ပြန်မလှည့်နိုင်သော ပြုပြင်ပြောင်းလဲရေးကို ဦးတည်သွားနေသည့်အတွက် နိုင်ငံတကာ အသိုင်း အ၀ိုင်း အနေဖြင့် ချမှတ်ထားသော ဒဏ်ခတ်ပိတ်ဆို့မှုများ ရုပ်သိမ်းပေးရန် အာဆီယံ အဖွဲ့ဝင် နိုင်ငံ တနိုင်ငံဖြစ်သည့် ဖိလစ်ပိုင်နိုင်ငံကလည်း တိုက်တွန်းကြောင်း ယမန်နေ့ က AFP သတင်းတပုဒ်တွင် ဖော်ပြထားသည်။


ယခုလ အစောပိုင်းတွင် မြန်မာနိုင်ငံသို့ သွားရောက်ခဲ့သော ဗြီတိသျှ နိုင်ငံခြားရေး ၀န်ကြီး မစ္စတာ ၀ီလျံ ဟိတ် ကမူ ဒဏ်ခတ် ပိတ်ဆို့မှုများ မရုပ်သိမ်းမီ မြန်မာဘက်က လုပ်ဆောင်စရာရှိသည်များကို ပြုလုပ်ရန် တောင်းဆိုခဲ့သည်။


သမိုင်းပညာရှင် ပါမောက္ခ ဒေါက်တာ အေးကျော် ကွယ်လွန်
By featured, ဘစောတင် on January 20, ဧရာဝတီ
အမေရိကန် နိုင်ငံ နယူးယောက်မြို့တွင် နေထိုင်သော ရခိုင်တိုင်းရင်းသား သမိုင်းပါမောက္ခ ဒေါက်တာ အေးကျော် (အသက် ၇၇ နှစ်) သည် ယမန်နေ့ ညနေပိုင်းတွင်အသည်းကင်ဆာ ရောဂါဖြင့် ကွယ်လွန် သွားသည်။
၎င်းသည် ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် နယူးယောက်မြို့ရှိ Maimonides Medical Center ဆေးရုံသို့ တက်ရောက် ၍ ဆေးကုသမှုခံယူပြီးနောက် ယင်းဆေးရုံ၌ပင် ကွယ်လွန်သွားခြင်း ဖြစ်သည်ဟု သားဖြစ်သူ ကိုနိုင်ကျော်က ဧရာဝတီသို့ပြောသည်။


ဖေဖေ ညနေ ၅ နာရီမှာ အသည်းကင်ဆာရောဂါနဲ့ ကွယ်လွန်သွားပါတယ်။ ဆေးရုံမှာ တလကျော်ကျော် နေခဲ့ရပါတယ်”ဟု သူက ပြောပြသည်။


ဆရာကြီးကွယ်လွန်သွားခြင်းသည် မြန်မာနိုင်ငံသားများအတွက် ဆုံးရှုံးမှုတရပ်ဖြစ်ကြောင်း ကိုလံဘီယာ တက္ကသိုလ်တွင် ဧည့်ပါမောက္ခ အဖြစ် တာဝန်ထမ်းဆောင်နေသော သံဃာတော် ဒေါက်တာ နာယက က မိန့်ကြားသည်။


ဒကာကြီး ဒေါက်တာအေးကျော် ကွယ်လွန်သွားတာဟာ ရခိုင်ပြည်သူတွေ အတွက်သာမက မြန်မာပြည်သူတွေ အတွက်ရော၊ အဖိနှိပ်ခံ ပြည်သူတွေ အားလုံးအတွက်ပါ တန်ဖိုးမဖြတ်နိုင်တဲ့ ဆုံးရှုံးမှုတရပ်ဖြစ်ပါတယ်”ဟု ဆရာတော် ဒေါက်တာ နာယက က မိန့်သည်။


အမေရိကန်အခြေစိုက် Arakan Freedom Movement Committee မှ ပြောရေးဆိုခွင့်ရှိသူ ခိုင်ဘခင်ကလည်း“ဆရာကြီး ကွယ် လွန်သွားတာဟာ ရခိုင်လူမျိုးတွေအတွက် မဟာတံတိုင်းတခု ပြိုလဲသွားတာနဲ့ အတူတူပါပဲ”ဟု ပြောဆိုသည်။


ဒေါက်တာ အေးကျော် မကွယ်လွန်ခင်က မြန်မာနိုင်ငံသည် တလမ်းမောင်းစနစ်ဖြင့် နှစ်ပေါင်းများစွာကျင့်သုံးနေခဲ့၍ ယခုကဲ့သို့ ပြည်တွင်းစစ် ဖြစ်ပွားရခြင်း ဖြစ်ကြောင်း၊ အစိုးရနှင့် ပြည်သူ အပြန်အလှန်ရှိသော စနစ်ကို ကျင့်သုံးပါက ပြည်တွင်းစစ် ဖြစ်ပေါ်လာမည် မဟုတ်ကြောင်း ပြောဆိုခဲ့သည်များကို အမှတ်ရမိသည်ဟုလည်း ခိုင်ဘခင်က ဆိုသည်။


ဆရာကြီး ဒေါက်တာ အေးကျော်ကို ၁၉၃၆ ခုနှစ် ဒီဇင်ဘာ ၃၀ ရက်နေ့တွင် ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ် တန်းလွဲချောင်း ကူးတို့ဆိပ် ကျေးရွာ၌ အဘ ဦးမောင်လူ၊ အမိ ဒေါ်လှဝင်းဦးတို့မှ မွေးဖွားခဲ့ပြီး အငယ်ဆုံးသားဖြစ်သည်။ ဆရာကြီးသည် ရန်ကုန် တက္ကသိုလ်၊ ထိုင်းနိုင်ငံ ဖရတ် တက္ကသိုလ်(ချင်းမိုင်)နှင့် အမေရိကန်နိုင်ငံ နယူးယောက် တက္ကသိုလ်များတွင် တာဝန် ထမ်းဆောင် ခဲ့ဖူးသည်။


၁၉၇၈ ခုနှစ်တွင် သြစတြေးလျနိုင်ငံ မိုနာ့ခ်ျ တက္ကသိုလ်မှပေးအပ်သော သမိုင်းဆိုင်ရာ ပါရဂူဘွဲ့ကို ရရှိခဲ့သည်။ ထို့ပြင် ဆရာကြီး သည် ၁၉၇၁ ခုနှစ်တွင် မြန်မာနိုင်ငံ အမျိုးသား ပညာရေးသမိုင်း စာအုပ်ဖြင့် အမျိုးသား စာပေဆု ရရှိခဲ့သည်။ မကြာသေးခင်က Red Peacock အမည်ရှိ စာအုပ်ကို ပုံနှိပ်ထုတ်ဝေခဲ့သေးသည်။


ဒေါက်တာ အေးကျော် ကွယ်လွန်ချိန်တွင် ဇနီး ဒေါ်ထွေးယဉ် ရန်ကုန် တက္ကသိုလ်(တွဲဖက် ပါမောက္ခ၊ ဒဿနိက ဌာန – အငြိမ်း စား) နှင့် သားသမီး ခြောက်ဦး ကျန်ရစ်ခဲ့ကြောင်း သိရသည်။
ဒေါက်တာအေးကျော် ကိုယ်ရေးအကျဉ်း
ဒေါက်တာအေးကျော်ကို ၁၉၃၆ ခုနှစ် က ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ် တန်းလွဲချောင်း ရွာမ ရွာသစ် တွင် မွေးဖွားခဲ့သည်။


ဒေါက်တာအေးကျော် ဆည်းပူးရရှိခဲ့သော ပညာရပ်ဆိုင်ရာ ဘွဲ့များမှာ B.A (History and Religion) ရန်ကုန် တက္ကသိုလ် (၁၉၅၉) B.A (Honors) Oriental History ရန်ကုန် တက္ကသိုလ် (၁၉၆၀) M.A (History of Asia) ရန်ကုန် တက္ကသိုလ် (၁၉၆၄) B.L (Law) ရန်ကုန် တက္ကသိုလ် (၁၉၆၆) PhD (History of Southeast Asia) Monash University. Australia. 1979 စသည့် ဘွဲ့များကို ရရှိခဲ့သည်။


ဒေါက်တာအေးကျော်သည် ကထိက (သမိုင်းဌာန) ရန်ကုန်တက္ကသိုလ် (၁၉၆၂-၁၉၈၀) ။ တွဲဖက် ပါမောက္ခ (သမိုင်းဌာန) ဖယတ် တက္ကသိုလ်၊ ချင်းမိုင်၊ ထိုင်းနိုင်ငံ (၁၉၈၂-၈၄) ။ ကထိက (ခေတ်သစ် ဘာသာဗေဒနှင့် သဒ္ဒဗေဒ ဌာန) ကော်နဲ တက္ကသိုလ်၊ နယူးယောက်၊ အမေရိကန် ပြည်ထောင်စု၊ (၁၉၈၄- ၈၉) ။ ဘာသာပြန် ကျွမ်းကျင်သူ ( သက္ကတစာပေ ဌာန) ဟားဗတ် တက္ကသိုလ်၊ အမေရိကန် ပြည်ထောင်စု၊ (၁၉၉၁-၀၂) ။ တွဲဖက် ပါမောက္ခ (သက်ကြီးများအတွက် စဉ်ဆက်မပြတ် ပညာသင်ကြားရေး အစီအစဉ်) နယူးယောက် တက္ကသိုလ်၊ အမေရိကန် ပြည်ထောင်စု၊ (၁၉၉၃- ၉၅) ။ တွဲဖက်ပါမောက္ခ (အာရှသုတေသန ဌာန) နယူး ယောက် တက္ကသိုလ်၊ အမေရိကန် ပြည်ထောင်စု (၁၉၉၆- ၉၉)၊ လွတ်လပ်သော အာရှအသံ (R.F.A) မြန်မာပိုင်း အစီအစဉ်တွင် အကြံပေး အယ်ဒီတာ(၃နှစ်ခန့်)အဖြစ် တာဝန်များ ထမ်းဆောင်ခဲ့ပြီး အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့တွင် အငြိမ်းစားယူ၍ မြန်မာ့အရေးဆိုင်ရာများကို ဆောင်ရွက် နေထိုင်ခဲ့သည်။


ဒေါက်တာအေးကျော် ရေးသားထုတ်ဝေခဲ့သည့် စာအုပ်များ -


၁၊ ရှမ်းလူမျိုးများ၏ ယဉ်ကျေးမှုများနှင့် ရိုးရာဓလေ့ (၁၉၆၈)
၂၊ မြန်မာနိုင်ငံ အမျိုးသားပညာရေးသမိုင်း (၁၉၇၀) စာအုပ်ဖြင့်
၁၉၇၁ခုနှစ်အတွက် အမျိုး သားစာပေဆုကို ဆွတ်ခူးခဲ့သည်။
၃၊ ရခိုင်လူမျိုးများ၏ ယဉ်ကျေးမှုများနှင့် ရိုးရာဓလေ့ (၁၉၇၃)
၎။ On the Birth of Modern Family Law in Burma and Thailand. Singapore (1990)
၅၊ The Voice of young. Cornell University, March 1990
၆၊ Code and Custom in Burma and Thailand. Scotland. 1993


ပါတီနှစ်ခုပေါင်းပြီး ကြားဖြတ်ရွေးကောက်ပွဲဝင်ရန် ခွန်ထွန်းဦးအား ကျားဖြူပါတီ ဥက္ကဌ ကမ်းလှမ်း
ကြာသပတေးနေ့၊ ဇန်နဝါရီလ 19 သျှမ်းသံတော်ဆင့်သတင်း
ခွန်ထွန်းဦး နှင့် ဗဟိုအလုပ်အမှုဆောင်ကော်မတီအား ကျားဖြူပါတီဥက္ကဌ၊ အတွင်းရေးမှူးနှင့် ဘဏ္ဍာရေးအဖွဲ့ က သွားရောက်တွေ့ဆုံကာပါတီနှစ်ခုပေါင်းပြီး လားရှိုးခရိုင် အမျိုးသားလွှတ်တော်အမတ်လောင်းနေရာ အတွက် ကျားဖြူပါတီ ဖက်မှ ဝင်ပြိုင်ရန် ကမ်းလှမ်းခဲ့ကြောင်း ရန်ကုန်မြို့ သျှမ်းမိသားစု အသိုင်းအဝိုင်းမှ သိရသည်။
ဒီနေ့ နေ့ခင်း ၁ နာရီခွဲမှာ ကျားဖြူပါတီက ဥက္ကဌနဲ့အဖွဲ့ ကျနော်တို့ရဲ့ SNLD ဥက္ကဌကြီးဆီရောက်လာတယ်။ ပထမ အချက်ကတော့ သျှမ်းပြည်မှာ သျှမ်းလူဦးရေနည်းတယ်။ ဒါကြောင့်ခုလာမယ့်ကြားဖြတ်ရွေးကောက်ပွဲ မှာ ပါတီ ၂ ခု လုပ်မယ့်အစား ပါတီ ၁ ခုထဲဖွဲ့ပြီးတော့ ဥက္ကဌကြီး ခွန်ထွန်းဦးအနေနဲ့ ကျားဖြူပါတီကနေ လားရှိုးက လစ်လပ်နေတဲ့ အမျိုးသား လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်အရွေးခံဖို့လာ ကမ်းလှမ်းတာဖြစ်ပါတယ်” ဟု သျှမ်းတိုင်း ရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်က ပြောသည်။


အဆိုပါကမ်းလှမ်းချက်နှင့်ပတ်သက်၍ သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် ခေါ် SNLD ဥက္ကဌ က မိမိတဦး တည်းဆုံးဖြတ်ချက်ဖြင့် ရမည်မဟုတ်ကြောင်း၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များနှင့် အစည်းအဝေးထိုင်ပြီးမှသာ ဆုံးဖြတ်မည်ဖြစ် ကြောင်း ပြန်လည်ပြောဆိုခဲ့သည်ဟုဆို၏။


ခွန်ထွန်းဦးကတော့ သူဟာ အာဏာရှင်မဟုတ်တော့ သူတယောက်ထဲ မဆုံးဖြတ်နိုင်သေးဘူးလို့ပြော လိုက်တယ်။ ကျနော် တို့ စီအီးစီတွေအတွက်လဲ အခု အရေးကြီးဆုံးကတော့ ဥက္ကဌကြီးနဲ့ အထွေထွေ အတွင်းရေးမှူးတို့ရဲ့ ကျန်းမာရေးကိုအဓိက ဦးစားပေးရမယ်လေ။ ပြီးမှ တရားဝင်ပါတီအဖြစ်ရပ်တည်နိုင်ဖို့ အတွက် ပါတီမှတ်ပုံတင်ရေးကိစ္စဖြစ်တယ်။ ဘယ်အဖွဲ့နဲ့ မဟာမိတ်လုပ်မယ်ဆိုတာကတော့ ဒုတိယ ဦးစားပေးဖြစ်သွားပြီ” ဟု စိုင်းလိတ်က ဆက်လက်ပြောပြသည်။
ကျားဖြူပါတီ ခေါ် သျှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ SNDP ဥက္ကဌ စိုင်းအိုက်ပေါင်း၊ အတွင်းရေးမှူးစိုင်းလှကျော်၊ ဘဏ္ဍာရေးမှူး စဝ်ယွန်းပိုင်နှင့် တွဲဖက် ဘဏ္ဍာရေးမှူး စောသန်းမြင့်တို့အဖွဲ့ လာရောက်တွေ့ဆုံခြင်းဖြစ်ပြီး ကျားခေါင်းပါတီ ခေါ် သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ဖက်ကမူ ဥက္ကဌ ခွန်ထွန်းဦး၊ အထွေထွေအတွင်းရေးမှူး စိုင်းညွန့်လွင် နှင့် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များက လက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။
ဧပြီလ ၁ ရက်၌ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲအတွက် လစ်လပ်မဲဆန္ဒနယ် ၄၈ နေရာရှိပြီး ပြည်သူ့လွှတ်တော် ၄၀ နေရာ ၊ အမျိုးသား လွှတ် တော် ၆ နေရာ ၊ ပြည်နယ်နှင့်တိုင်းဒေသကြီးလွှတ်တော် ၂ နေရာ ရှိကြောင်း သိရသည်။


ကျားဖြူပါတီခေါ် သျှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ ( SNDP ) သည် ယမန်နှစ်ရွေးကောက်ပွဲ ၌ ထောက်ခံမဲ တတိယ နေရာအများဆုံရရှိသည့် တိုင်းရင်းသားပါတီတခုဖြစ်ပြီး လက်ရှိ နိုင်ငံတော်အစိုးရအား ဆန့်ကျင်မှုမပြုသည့် ပါတီတခုအဖြစ် နာမည်ရနေသည်။


ယခုလ ၁၃ ရက်ထောင်မှ လွတ်မြောက်လာသည့် ခွန်ထွန်းဦးကမူ ၁၉၉၀ ရွေးကောက်ပွဲ၌ ဒုတိယ မဲအများဆုံးဖြင့် အနိုင်ရ ခဲ့သည့် သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် ၏ ဥက္ကဌဖြစ်၏။ ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲသည့် အမျိုးသားညီ လာခံကို ဆန့်ကျင်သောကြောင့် ပြည်ထောင်စုမှ ခွဲထွက်လိုမှု အပြင်အခြားအမှုပေါင်းများစွာဖြင့် တရားဆွဲဆိုခံရပြီး ထောင် ဒဏ် ၉၃ နှစ်ဖြင့် ၂၀၀၅ ခုနှစ်က ပြစ်ဒဏ်ပေးခြင်းခံရသည်။


တိုင်းသိပြည်သိ တန်းတူရည်တူ တိုက်ရိုက်ဖိတ်ခေါ်မှုက စတင်ရမယ်
တူမောင်ညို ။ ဇန်န၀ါရီ ၂၀၊ ၂၀၁၂
တိုင်းရင်းသားလက်နက်ကိုင်အင်အားစုတွေနဲ့ တွေ့နေရာကနေ “ဒီမိုကရေစီအင်အားစု”တွေဘက်ပါ ဦးလှည့်လာတယ်။
သဘောထားနဲ့လုပ်နည်းလုပ်ဟန်က “ခရီးသွားဟန်လွဲ ကြုံတုန်းတွေ့ကြရအောင် အသင့်ပြင်ထားကြ”ဆိုတာကို အကျိုးဆောင် (ကြားပွဲစား)က တဆင့် နှုတ်နဲ့ကမ်းလှမ်းတာမျိုးဖြစ်နေပါတယ်။
သဘောရိုးနဲ့ နိုင်ငံရေးပြဿနာတွေကို နိုင်ငံရေးနည်းအရတန်းတူရည်တူ ဖြေရှင်းဆွေးနွေးလိုတယ်ဆိုရင်ဖြင့် (သတင်းစာ၊ ရေဒီယို၊ ရုပ်သံ) နိုင်ငံပိုင် မီဒီယာတွေကနေ တာဝန်ရှိသူကိုယ်တိုင် တာဝန်ရှိရှိ ကမ်းလှမ်းရမှာပါ။
၂၀၁၁ ခုနှစ်၊ သြဂုတ်လ ၁၈ ရက်၊ ရက်စွဲဖြင့်ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်အမှတ် (/၂၀၁၁) “ငြိမ်းချမ်းရေးဆွေးနွေးရန် ဖိတ်ခေါ်ခြင်း” ဆိုတဲ့ ဖိတ်ခေါ်ချက်ဟာ “တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ” ကို ဦးတည်ချက်ထားရှိတာဖြစ်ပါတယ်။
ဒီမိုကရေစီအင်အားစု” တွေကို ဦးတည်ဖိတ်ခေါ်လိုတယ်ဆိုရင် တိုင်းသိပြည်သိ ကြေညာချက်ထုတ်ပြန် ဖိတ်ကြားရမှာဖြစ်ပါ တယ်။ ဒါဟာ ပထမဆုံးလိုအပ်ချက်ဖြစ်ပါတယ်။
တကယ်တော့ “ဒီမိုကရေစီအင်အားစု” ဆိုတာဟာ “၁၉၈၈ ခုနှစ်၊ ဒီမိုကရေစီအရေးတော်ပုံကြီး”ကနေ မွေးဖွားလာတဲ့ “၈၈ မျိုးဆက်နိုင်ငံရေးအင်အားစု” ဖြစ်ပါတယ်။“ဒီမိုကရေစီအင်အားစု”ထဲမှာ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) ကတော့ လက်နက်ကိုင်ထားတဲ့ “၈၈ မျိုးဆက်နိုင်ငံရေးအင်အားစု” ပဲဖြစ်ပါတယ်။
၈၈မျိုးဆက်နိုင်ငံရေးအင်အားစု”တွေဟာလက်တွေ့လှုပ်ရှားမှုတွေအရ ပြည်တွင်းပြည်ပ ကွဲကွာနေပေကြမယ့်၊ “ပြည်တွင်းစစ် ရပ်စဲရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေးနဲ့တန်းတူသွေး စည်းညီညွတ်ရေး” ဘုံရပ်တည်ချက်ကတော့ တစ်ခုတည်းသာဖြစ်ပါ တယ်။
စစ်ဆိုတာ နိုင်ငံရေးရဲ့အဆက်ဖြစ်တယ်။ ပြည်တွင်းစစ်ဆိုတာ ပြည်တွင်းနိုင်ငံရေးပြဿနာရဲ့ အဆက်ဖြစ်ပါတယ်။
ပြည်တွင်း နိုင်ငံရေးပြဿနာဆိုတာ လွတ်လပ်ရေးသက်တမ်းနဲ့အမျှရှည်ကြာခဲ့ရတဲ့ ဒီမိုကရေစီနဲ့တန်းတူရေးမရှိတဲ့ နိုင်ငံရေး ပြဿနာဖြစ်ပါတယ်။ ဒီမိုကရေစီနဲ့တန်းတူမှုမရှိတဲ့အခါမှာ ညီညွတ်ရေးနဲ့ငြိမ်းချမ်းရေးပျက်ပြားရပြီး တိုင်းပြည်နဲ့ လူမျိုးပေါင်းစုံ ပြည်သူ တွေ အဘက်ဘက်က ထိခိုက်နစ်နာခဲ့ရတယ်။ ဒါတွေအားလုံးကို “ပြည်တွင်းစစ်” ဆိုတဲ့စကားလုံးနဲ့စုစည်းဖေါ်ပြထားပါတယ်။ ပြည်တွင်း စစ်ရပ်စဲရေး၊ ပြည်တွင်း ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေးနဲ့တန်းတူသွေးစည်းညီညွတ်ရေးဆိုတာ လူမျိုးပေါင်းစုံပြည်သူများ နှစ်နှစ်ကာကာ လိုလားနေတဲ့ ဆန္ဒဖြစ်ပါတယ်။
ဒါကြောင့် တည်ရှိနေတဲ့ နိုင်ငံရေးပြဿနာတွေကို သဘောရိုးဖြင့်ဖြေရှင်းလိုတယ်၊ အဖြေရှာလိုတယ်ဆိုရင်ဖြင့် တန်းတူ ရည်တူသဘောထားနဲ့တိုက်ရိုက်ကမ်းလှမ်း၊ ဖိတ်ခေါ်ဖို့ ပထမအချက်အနေနဲ့လိုအပ်လှပါတယ်။ တဆင့်ခံနှုတ်နဲ့ပြောဆိုတာဖိတ်ကြား တာ ဟာဖြင့် အပြန်အလှန်အသိအမှတ်ပြုမှုကိုထိခိုက်စေပါတယ်။ ကျိုးကြောင်းဆီလျော်မှုမရှိပါဘူး။ ဒါ့အပြင် “ဖိတ်ခေါ်မှု” ကိုယ်၌က တစ်ဖက် သတ်နှိမ့်ချဆက်ဆံတဲ့ သဘောထား ထင်ရှားပေါ်လွင်နေပါတယ်။
တဆင့်ခံပွဲစားကနေနှုတ်နဲ့မှာလို့ “တိုင်းပြည်နဲ့ လူမျိုးစုံပြည်သူအကျိုးအတွက် ရည်ရွယ်ပြီး” သဘောရိုးနဲ့ သွားတွေ့ကြသူတွေကို “ချာတိတ်”တွေလို့ သဘောထားပြီး ၊ အိမ်ပြန်လာခဲ့ကြ ဆိုတဲ့ “လက်ချာရိုက်” သွားတာမျိုးတော့လည်း ဘယ်ဖြစ်သင့်မှာလဲ။
ဘယ်နည်းနဲ့ခေါ်ခေါ်၊ ခေါ်တုန်းသွားလိုက်မယ်၊ မူနေလို့မဖြစ်ဘူးဆိုတဲ့ ရောင်းသူဝယ်သူ အသံတူနေကြတာမျိုးဆိုရင်တော့ မည်သို့မျှမှတ်ချက်ပေးစရာမရှိပါ။
တန်းတူရည်တူဆွေးနွေးလိုတယ်ဆိုရင်ဖြင့် တိုင်းပြည်နဲ့ပြည်သူကိုတည်ကြည်စွာအသိပေးပြီး တန်းတူရည်တူ၊ တိုက်ရိုက် ဖိတ် ကြားတဲ့အဆင့်က စတင်ရပါလိမ့်မယ်။
ပြီးမှ သင့်တော်တဲ့နေရာမှာ နှစ်ဦးနှစ်ဖက်အပြန်အလှန်တွေ့ဆုံကြပြီး စကားပြောဆိုမှုတွေ တဆင့်ပြီးတဆင့်စတင်ရမှာပါ။










ကမ္ဘာလှည့်မယ့် ဇာဂနာ တစေ့တစောင်း
ဝတ်မှုံ (စင်္ကာပူ)၊ ဇန်န၀ါရီ ၂၀၊ ၂၀၁၂ မိုးမခ
ထိုင်းနိုင်ငံဘန်ကောက်၊ ကမ္ဘောဒီယားနိုင်ငံ ဖနွန်းပင်၊ အခု စင်ကာပူ၊ နောက် အမေရိကန် ၀ါရှင်တန်မြို့တော်မှ ၁၀ရက်ကြာ၊ နိုင်ငံတကာပုဂ္ဂိုလ်များနှင့်တွေ့ရန်၊ နယူးယောက်မြို့တော်တွင် တွေ့ဆုံဆွေးနွေးပွဲများတက်ရန်၊ ဆန်ဖရန်စစ္စကိုမြို့တွင် မြန်မာ့အရေး၊ ကမ္ဘာ့အရေးများကို ဆည်းပူး၊ ဆွေးနွေးရန် ... နောက်ပီး၊ လကမ္ဘာထိသွားမလားမသိ …
စင်ကာပူမှ အော်ဂနိုင်ဇာလူငယ်များက Orchard Parade Hotel တွင် ရုပ်ရှင်အဖွဲ့ကို နေရာချထားပြီး၊ ယနေ့တနေ့တာအတွက် ဆင်တိုဆာ ယူနီဗာဆယ် (ဟောလီဝု) စတုဒီယိုသို့ တနေကုန်ပို့ဆောင်ကြပါသည်။
ကိုဇာဂနာက ထိုင်းနိုင်ငံ၊ ကမ္ဘောဒီယားနိုင်ငံများက သူကိုအရင် မေးမြန်းပြီးမှ ဇာဂနာအစီအစဉ်နှင့် ကိုက်အောင် အောက်ဂနိုင်ဇာများက စီစဉ်ကြသည်။
မြဘုရားသွားကြည့်မလားမေးသောအခါ - နိုး၊
အာယုဒယမြို့ဟောင်းသွားကြည့်မလား - နိုး၊
ဘုရင့်နန်းတော်သွားကြည့်မလား - နိုး..
အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များကိုသာ တွေ့လိုကြောင်းပြောပြရသည်။ စီစဉ်သူတို့မှာ အနောက်နိုင်ငံသား ဂျာမန်အော်ဂနိုင်ဇာများဖြစ်သောကြောင့် စနစ်တကျစီစဉ်နိုင်သည်။ တနေ့တာစတင်သည်နှင့် ဒီနေ့ဘယ်သွား၊ဘာလုပ် စာရွက်နှင့်ပေးပြီး အစီအစဉ်ကိုပြောပြပါသည်။
စင်ကာပူတွင်မူ လူငယ်များက စီစဉ်သည်။ စင်ကာပူလူငယ်များအကြိုက် ယူနီဗာဆယ်စတူဒီယို၊ ဆင်တိုဆာ (အသေးစား ဝေါ့ဒစ်စနေ) သို့ သူမရောက်ဖူးသော်လည်း မသွားလိုကြောင်း။ သူ့ကို တွေ့ရန်အတွက် မလေးရှားမှ ဒီမိုကရေစီလှုပ်ရှားသူများ၊ စင်ကာပူမှလူများ၊ အဖွဲ့များစွာ ရှိသောကြောင့် ထိုလူများနှင့်သာ တွေ့ဆုံလိုကြောင်း၊ သံတမန်များ၊ သတင်းစားရှင်းလင်းပွဲများလည်း ရှိကြောင်း၊ မြန်မာ့အကြောင်းကို ကမ္ဘာနှင့် ယှဉ်နားလည်ရန် လူများစွာနှင့်တွေ့ဆုံ၊ ခံစားချက်များကို လေ့လာလိုကြောင်း သူဆန္ဒကိုပြောပြပါသည်။
ပြည်သူချစ်သော လူရွှင်တော် ထောင်ထဲမှာပင် ပျော်ပျော်နေနိုင်သူ၊ စင်ကာပူ၏ ရုပ်ဝတ္တု နိုင်ငံရှုခင်းများကို မကြိုက်သော်လည်း ကြည့်ရှုခံစားရင်း ပျော်ပျော်နေထိုင်မည်မှာ သေချာပါသည်။
စင်ကာပူလူငယ်များစီစဉ်သောကြောင့် ဂျာမန်ပရိုဖက်ရှင်နယ်များ စီစဉ်သကဲ့သို့ စနစ်မကျသော်လည်း လူငယ်များ အပင်ပန်းများစွာခံပြီး၊ ငွေကြေးပါ စိုက်ထုတ်လုပ်ဆောင်ကြခြင်း၊ ဆင်တိုဆာ ဆိုသည်မှာ စင်ကာပူရောက်သူတိုင်း ရန်ကုန်မှ ရွှေတိဂုံလို မရောက်မရှိနေရာ ဖြစ်သောကြောင့် ပို့ပေးရကြောင်းကို ရှင်းပြရပါသည်။
လူငယ်၊ လူကြီးများအကြိုက် - လူရွှင်တော်၊ ရုပ်ရှင်သရုပ်ဆောင်ဖြစ်သူ၊ တယ်လီဖုန်း တကားကား၊ ပုဆိုးတကားကားနှင့် ဇာဂနာတယောက် စင်ကာပူသို ပထမဆုံးအကြိမ့် ရောက်လာပြီဖြစ်သည်။
စင်ကာပူမှ လူငယ်များနှင့် လူကြီးများ ဇန္န၀ါရီ ၂၁ရက်နေ့တွင် ရုပ်ရှင်ဟောပြောပွဲ လူပေါင်း၁၂၀၀ကျော်နှင့် စတင်မည်။ ရုပ်ရှင်၊ အငြိမ့်မလုပ်တော့ဘဲ နိုင်ငံရေးပဲ လုပ်တော့မည်ပြောသော ဇာဂနာ …
ဒေါ်အောင်ဆန်းစုကြည် ပြည်ပခရီးမထွက်နိုင်သေးသော်လည်း သူနှင့်နီးကပ်သော၊ လူများ အနွံတာခံနိုင်သော ဇာဂနာ ပြည်ပခရီးထွက်လာခြင်းကို ကြိုဆိုရပါမည်။ သီးလေးသီး ပြည်ပခရီး ၂နှစ်ကြာအောင် ထွက်ပြီး ဖြေဖျော်ခဲ့သည်။ ယခု သီးလေးသီးဖခင်ကြီး ဇာဂနာ ပြည်ပခရီးစဉ်များ စတင်နေပါပြီ။


မြန်မာဆေးဆရာ ဦးလင်းမော်အောင် စင်္ကာပူလာမည်
ဂျစ်တူး(မုံရွာ)။ မိုးမခရွာဆော်ကြီးကဏ္ဍသို့ ပေးစာ။ ဇန်န၀ါရီ ၂၀၊ ၂၀၁၂ မိုးမခ
ဂျစ်တူးမိတ်ဆွေကြီးဦးမျိုးသန့် (အင်ဂျင်နီယာ) လေဖြတ်သွားတာကိုယ်တခြမ်း သေသွားတယ်၊ လမ်းမလျှောက်နိုင် စကားမပြောနိုင် ဖြစ်သွားတယ်။ တနေ့ သူနဲ့ ပြန်ဆုံကြတော့ သူ့မှာ လမ်းကောင်းကောင်းလျှောက်ပြီး စကားတွေလည်းပြောနိုင်နေတယ်။ လက်တဖက်ကတော့ စလွယ်သိုင်းထားတယ်။ ဘာဘဲပြောပြော ယခုလောက်ကောင်းလာတာကိုက တကယ့်ကံထူးရှင်လို့  ပြောမယ်ဆိုရတယ်။ ဒါနဲ့ စကားစပ်မိတော့ သူ စင်္ကာပူရော မြန်မာနိုင်ငံမှာရော လေဖြတ်နေတာကို ကုခဲ့ပါတယ်တဲ။့ နောက်ဆုံး ယခုဆရာ လင်းမော်အောင် ကို သွားပြပြီး ဆေးကုသလိုက်တော့မှ ယခုလို စကားကောင်းကောင်း ပြောနိုင်တာဆိုပြီး သူဆေးကုခဲ့ပုံတွေ ပြောပြပါတယ်။
တကယ်တော့ ဆရာကြီးလင်းမော်အောင် ဆေးကုသတာက သုံးမိနစ်လောက်ပဲ ကြာတာပါတဲ့။ ( မယုံနိုင်စရာပေါ့နော် ) အမှန်တကယ်ကြီးကို လေဖြတ်သွားတာ ကုသပေးနိုင်တဲ့ဆရာတစ်ဆူပါဘဲဗျာ။ ကိုယ်တခြမ်း လေဖြတ်တာကို ကုပေးလိုက်တာ ချက်ခြင်းကြီးကို လမ်းပြန်လျှောက်နိုင် စကားပြောနိုင်လို့ သူ့မှာ အရမ်းဝမ်သာပီတိ ဖြစ်ခဲ့ရတာပါတဲ့ ခင်ဗျာ။
ယခုစာဖတ်သူရော … မယုံဘူးလား။ လက်တွေ့ မြင်ချင်သလား။ ဂျစ်တူး အာလူးမပေးပါဘူး။ ယခုလ ၂၉ ရက်နေ့ဆို ဆရာကြီးလင်းမော်အောင် တစ်ယောက် စင်္ကာပူကိုလာပြီး၊ ဆေးကုသပေးပါတော့မယ်ခင်ဗျာ။ စင်္ကာပူကို လာရရင်းအကြောင်းကတော့ ဂျစ်တူး မိတ်ဆွေကြီးဦးမျိုးသန့်  က သူ့ကို ဆေးကုသပေးလိုက်တဲ့ ဆရာကြီးလင်းမော်အောင်ကို စင်္ကာပူလာလည်ဖို့ ဖိတ်ခေါ်လိုက်တာပါ။
ဆရာကြီးက စင်္ကာပူမှာရှိတဲ့ရောဂါသည်တွေကို စေတနာအပြည့်နဲ့ ကုသပေးသွားမှာပါ။
ဆရာကြီးလင်းမော်အောင် ကုသပေးနိုင်သောရောဂါများ …
လေငန်း၊ လေဖြန်း၊ လေဖြတ်၊ အရိုးကျိုး ၊ အရိုးကြီးပေါင်းတက်၊ နှလုံးသွေးကြောကျဉ်း၊ အူကျ၊ လေးဖက်နာ၊ သက်တန့်နာ၊ အကြိတ်၊ ခလေးလေပြင် … စသည့်ရောဂါများကို ကုသပေးနိုင်ပါတယ် … တဲ့။
ဆေးကုသချိန် - မနက် ၈း ၀၀ နာရီမှ နေ့  ၁း ၀၀ နာရီအထိ
ဆေးကုသမည့်နေရာ - BLK 480, JURONGWEST ST 41 , # 08 - 300 , SINGAPORE 640480
ဆက်သွယ်ရန်ဖုန်းနံပါတ် - ၉၄၈၉ ၈၅၄၁ ( ဦးမျိုးသန့်  )
ဆေးကုသမည့်ရက် - ဇန်န၀ါရီ ၂၉ မှ ဖေဖော်ဝါရီ ၁၄ အထိ
( ယခုလောလောဆယ်သတ်မှတ်ထားရက်)
ဆေးကုသခ - လူနာရှင် သဒ္ဓါသလောက်ပါ
အထူးသတိပြုရန်မှာ - လူဦးရေ ကန့်သတ်ထားပါသဖြင့် ကြိုတင်စာရင်းပေးထားကြပါရန်။
လေးစားစွာဖြင့်
ဂျစ်တူး(မုံရွာ) ဘလော့မှာ အခမဲ့  ကြော်ငြာပေးခြင်းဖြစ်ပါသည်။


နောက်ဆုံး


ဗကပနဲ့လည်း အစိုးရ ဆွေးနွေးသင့်ပါတယ်
မောင်စစ်မုန်း၊ မိုးမခထံ ပေးစာ၊ ဇန်န၀ါရီ ၁၉ ၊ ၂၀၁၂ မိုးမခ
အခုချိန်မှာ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ပြည်တွင်းစစ်ရပ်စဲရေးကို ပြောနေကြတယ်။ အဲသည်မှာ ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) ကိုလည်း ထည့်သွင်းသင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဗကပက မြန်မာပြည်မှာ အသက်ရှင်ဆဲ နိုင်ငံရေးပါတီ၊ သက်တမ်းရှည် နိုင်ငံရေးပါတီဖြစ်နေလို့ပါပဲ။
၁၉ ၄၈ ပြည်တွင်းစစ်ဖြစ်တော့ မြန်မာပြည်ရဲ့ လွတ်လပ်ရေးရခါစ အရပ်သားအစိုးရကို လက်နက်ကိုင် တိုက်ခိုက်ခဲ့တယ်။ သူတို့ရဲ့ ပါတီမူဝါဒများကို CPBurma.org မှာ ဖော်ပြထားတာက လက်နက်ကိုင်လမ်းစဉ်ကို အရန်လမ်းစဉ်အဖြစ် စွဲကိုင်ဆဲ ဖြစ်ပါတယ်။
ကျနော်တို့ သိသလောက်က ပြည်တွင်းစစ်ကာလမှာ မြန်မာတပ်မတော်လည်း ကြီးထွားလာတယ်။ ကျနော်တို့ တိုင်းပြည်ကို စစ်တပ်နိုင်ငံရေးသမားတွေ၊ စစ်တပ်အာဏာကြီးစိုးမှုတွေနဲ့ ပြည်တွင်းစစ်ဝါးမြိုမှုထဲကို တွန်းပို့ခြင်းခ မခံရအောင် ကာကွယ်သင့်ပါတယ်။
နိုင်ငံရေးပါတီအားလုံး စာပွဲဝိုင်းကို ဖိတ်ခေါ်ကြပါ။ ကျနော်တို့ အားလုံး စကားပြောကြသင့်ပါပြီ။ မည်သူကိုမျှ ပစ်ပယ်ထားခြင်း မပြုသင့်ပါ။ ပူးတွဲပါ စာစောင်များကို လေ့လာကြပါ။ ဒီစာကို သင့်ဝက်ဆိုက်မှာ တင်ပေးပါ။
မောင်စစ်မုန်း
(သူမူရင်း ပေးစာမှာ အောက်ပါအတိုင်းဖြစ်ပါတယ်)


As we all are now talking about national solidarity and stop civil war, we should include Communist Party of Burma.
Because CPB is still active political party and the longest political party of Burma too.
When civil war broke out in 1948, CPB took up arm against newly independent civilian government of Burma.
According to www.cpburma.org , CPB is still holding armed struggle policy as their reserved policy.
We all are aware that military growed during the hot civil war time.
We can not let our country pushing near the chances of civil war and military influence and army politician.
Please bring all political parties to sit down around the table. We all should talk now.
Please make sure that nobody is put aside.
Please find attached files.
I do appreciate you if you could print this on your web.


Maung Sit Mone.
မိုးမခ

No comments:

Post a Comment