သတင်းတွေ ဖတ်ဖို့ ခေါင်းစဉ် သို့ မဟုတ် Read More ကိုသာ လိုက်ရှာပြီး နှိပ်ပါလေ

Thursday, January 12, 2012

Jan 12





အင်တာနှေးဒေသအတွက် အထူး ဖြန့်တဲ့ ဇန်န၀ါရီ ၁၂ ရက်နေ့ သတင်းများ
မိုးမခ
ဒါကတော့ စစ်ခွေးတိုက်ကပုံစံအနေထားဖြစ်ပါတယ်။
ဒီပုံအကြောင်း ဆောင်းပါး နောက်ဆုံးမှာ ထည့်ထား

နယ်စပ် ကချင်ဒုက္ခသည်များကို ကူညီနေသည့် အကူအညီပေးရေးအဖွဲ့များ ခက်ခဲလာ
Published on January 12, 2012 by ကိုထွေး · DVB
စစ်တပ်က ကေအိုင်အေနဲ့ နီးစပ်သူဟု စွပ်စွဲ ခေါ်ဆောင်သွားသူကို ပြန်မလွှတ်သေး
Published on January 12, 2012 by ကိုထွေး · DVB

ထားဝယ်ရေနက်ဆိပ်ကမ်းအတွက် ညှိနှိုင်းရန် အီတာလီလျံထိုင်း မြန်မာပြည် သွား
Published on January 12, 2012 by မန်းစိုင်းမွန် · DVB

ကျောင်းသားသမဂ္ဂ ပေါ်ပေါက်ရေး ကော်မတီဖွဲ့စည်း
Published on January 12, 2012 by နေသွင် · DVB

ရွေးကောက်ပွဲမှာ မဲပေးကြဖို့ ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း
Published on January 11, 2012 by အေးနိုင် · DVB

ရခိုင် ၀န်ကြီးချုပ် နယ်စပ် လာလည်
ဗုဒ္ဓဟူးနေ့၊ ဇန်နဝါရီလ 11 နိရဉ္စရာ သတင်းဌာန

၂၀၁၀ အမတ်များလည်း NLD သို့ လျှောက်လွှာတင်
မျိုးသန့် | ဗုဒ္ဓဟူးနေ့၊ ဇန်နဝါရီလ ၁၁ မဇ္ဈိမ

ကမ်းလွန်ဓါတ်ငွေ့ သုံးခွင့် ရမရ ရခိုင်ပါတီ စောင့်ကြည့်မည်
ကျော်ဇံဦး | ကြာသပတေးနေ့၊ ဇန်နဝါရီလ ၁၂ မဇ္ဈိမ

သောင်းသောင်းဖျဖျ နှစ်သစ်ကူးလ
ကြာသပတေးနေ့၊ ဇန်နဝါရီလ 12 ကေအိုင်စီ

နိုင်/ကျဉ်း မိသားစုဝင်များအား အမေရိကန် အောက်လွှတ်တော်အမတ် တွေ့ဆုံ
By featured, လင်းသန့် on January 12, ဧရာဝတီ

ကိုယ်စားလှယ်လောင်းစာရင်း NLD ထုတ်ပြန်
By featured, ရန်ပိုင် on January 12, ဧရာဝတီ
ကရင်ဒေသ အပစ်ရပ်ရန် သဘောတူ
By featured, သန်းထိုက်ဦး on January 12, ဧရာဝတီ

ကချင်စစ်ဘေး ဒုက္ခသည်များအား ပရဟိတအသင်းများက ဒုတိယအကြိမ်လှူဒါန်း
By featured, ရန်ပိုင် on January 12, 2012 ဧရာဝတီ

ဒေါ်အောင်ဆန်းစုကြည်ကြောင့် ကော့မှူးသားများ ၀မ်းမြောက်
By featured, လင်းသန့် on January 12, ဧရာဝတီ

ချင်း CNF ပဏာမ သဘောတူညီချက် သျှမ်းထက် ၅ ချက်ပို
ဗုဒ္ဓဟူးနေ့၊ ဇန်နဝါရီလ 11 သျှမ်းသံတော်ဆင့်သတင်း

ဗဟန်းမြို့နယ် အန်အယ်လ်ဒီ စည်းရုံးရေး ကော်မတီရုံး ဖွင့်
2012-01-11 RFA

Global Vision ဂုဏ်ထူးဆောင်ဆု ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်
2012-01-11 RFA

အမေရိကန် ကိုယ်စားလှယ်တွေ ပြည်တွင်းမှာ ဆက်လက် လေ့လာဆွေးနွေး
2012-01-11 RFA

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ကော့မှူးမြို့နယ် အောင်နိုင်ရေး အဖွဲ့ စည်းရုံးရေး ဆင်း
2012-01-11 RFA

ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာတို့ အကြား သဘောင်္များ တိုက်ရိုက် ကူးသန်းနိုင်မည်
2012-01-11 RFA

စုနိုင်မှ ဒီမိုကရေစီရမည်
သန်းဝင်းလှိုင် ။ ဒီဇင်ဘာ ၁၂၊ ၂၀၁၂ – မိုးမခ

ဦးလဇိန်ဘောက်နော် သို့ ပြန်စာ
ဒီးဒိုး၊ ဇန်န၀ါရီ ၁၂၊ ၂၀၁၂ (ပေးစာကဏ္ဍ) မိုးမခ

ဒီမိုကရေစီ သမတနှင့် ဖိုးတွမ်တီး အစိုးရ
အာကာထက်
ဇန်န၀ါရီ ၁၂၊ ၂၀၁၂ မိုးမခ

စစ်ခွေးတိုက် (သို့မဟုတ်) ဟောင်ကောင်
ရဲမင်းထွန်း ဇန်န၀ါရီ ၁၁၊ ၂၀၁၂ မိုးမခ

==================================




နယ်စပ် ကချင်ဒုက္ခသည်များကို ကူညီနေသည့် အကူအညီပေးရေးအဖွဲ့များ ခက်ခဲလာ
Published on January 12, 2012 by ကိုထွေး · DVB

ကချင်ပြည် နယ်စပ်မှာ ရောက်ရှိနေသော သောင်းနဲ့ချီတဲ့ စစ်ပြေးဒုက္ခသည်တွေကို ကူညီနေတဲ့ ဒေသခံ လူမှုရေးအဖွဲ့တွေက အချိန်ကာလ ကြာလာတာနဲ့ ထောက်ပံ့ညီရာမှာ အခက်အခဲတွေ ရှိနေတယ်လို့ ပြောပါတယ်။

သောင်းနဲ့ချီတဲ့ စစ်ပြေးဒုက္ခသည်တွေကို ပေးနေတဲ့ အကူအညီတွေက ဒေသခံ စေတနာရှင်နဲ့ စီးပွားရေးသမားများကို အဓိက အားထားနေရတဲ့အတွက် အချိန်ကြာလာတာနဲ့အမျှ လိုက်လံ စုဆောင်းရာမှာ အခက်အခဲတွေ ရင်ဆိုင်နေရတယ်လို့ နယ်စပ်က အကူအညီပေးနေတဲ့ အဖွဲ့က ပြောပါတယ်။

ဝမ်ပေါင်နိန်းတွဲ ခေါ် လူထုအလင်း ပြန်လည်ထူထောင်ရေးနဲ့ ဖွံ့ဖြိုးရေး အဖွဲ့ အမည်နဲ့ ကူညီနေတဲ့ ဒီအဖွဲ့ဟာ လွယ်ဂျယ်၊ မူဆည်၊ နမ့်ခမ်းနယ်စပ်မှာ ရောက်ရှိနေတဲ့ ဒုက္ခသည် ၁၇,၀၀၀ ကို အဓိက ထောက်ပံ့ပေးနေတာပါ။

အဲဒီအဖွဲ့ရဲ့ ဥက္ကဋ္ဌ မေလီအောင်က “ဒေသခံတွေ ဆီကပဲဆိုတော့ အလှူထည့်တဲ့ သူတွေကလည်း ၁ ခေါက် ၂ ခေါက် ထည့်နိုင်တယ်ကွာ၊ ၃ ခေါက်ဆိုရင် မထည်နိုင်တော့ဘူး။ ဒီလိုပဲ ဖြစ်နေတယ်၊ နိုင်ငံတကာက အကူအညီကလည်း ပြန်မရတဲ့အခါကျတော့ ဒုက္ခရောက်တာ။ ဒီတပတ်ထဲမှာ ထုတ်ပေးဖို့လောက် ရှိတယ်၊ နောက်ထပ်အတွက်က မရောက်လာသေးဘူး။ တပတ်စာတော့ ရှိထားတယ်။”

အလှူငွေကို ဒေသခံများ၊၊ ဘုရားကျောင်း၊ ကချင်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို) တရုတ်ပြည်ရှိ မြန်မာပြည်သားများ၊ ထိုင်းအခြေစိုက် လူမှုရေးအဖွဲ့အစည်းတချိုထံက ရရှိတယ်လို့ ဆိုပါတယ်။

ဒီတပတ်အတွက် ထုတ်ပေးဖို့တော့ရှိတယ် နောက်ထပ်တော့ မရောက်လာသေးဘူး။ တပတ်စာတော့ ရှိထားတယ်။ အမှန်တကယ်ဆို ကိုယ်လက်ထဲမှာ ဒီလအတွက် ထုတ်ပေးပြီးရင်တော့ နောက်လအတွက် အဆင့်သင့်ဖြစ်နေရမယ်လေ အဲသလိုမျိုး မရှိနေဘူး၊ ရောက်ခါနီးမှ ကမန်းကတန်း စီစဉ်ရတာတို့၊ ရိက္ခာထုတ်ပေးရမယ့် ရက်ရောက်လာပြီ။ လက်ထဲမှာကျတော့ ၀ယ်ဖို့အတွက် ပိုက်ဆံအဆင်သင့် ရှိမနေသေးဘူး။ ဟိုက လိုက်ချေး ဒီက လိုက်ငှား ရောက်လာရင်ပြန်ဆပ်နဲ့ လုပ်နေရတာ”

အောက်တိုဘာလက အကူအညီပေးတာ တပတ်လောက် ပြတ်တောက်ခဲ့တဲ့အတွက် ဒုက္ခသည်တွေ စားသောက်ရေးဟာ အခက်အခဲ ရင်ဆိုင်ခဲ့ရဖူးတယ်လို့လည်း ပြောပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ဦးကျော်သူ နာရေးကူညီမှုအသင်းက ပေးတဲ့ အကူအညီတွေကတော့ မြို့ပေါ်က ဒုက္ခသည်တွေဆီကို ရောက်ရှိပြီးတော့ နယ်စပ်က ဒုက္ခသည်တွေဆီတော့ မရောက်သေးဘူးလို့ သူမကဆိုပါတယ်။

ကေအိုင်အိုဌာနချုပ် လိုင်ဇာနဲ့ အနီးတ၀ိုက်မှာ ဒုက္ခသည် စခန်း ၁၀ ခုရှိပြီး ရွှေလီ၊ မူဆည်၊ နမ့်ခမ်း၊ လွယ်ဂျယ်နဲ့ နယ်စပ်တလျှောက်မှာတော့ ဒုက္ခသည် စခန်း ၂၃ ခုရှိတယ်လို့ ဒုက္ခသည်အရေး ဆောင်ရွက်နေတဲ့ အဖွဲ့တွေက ပြောပါတယ်။

ဒီဇင်ဘာ ၂၄ရက်က ရန်ကုန်မှာ ရုံးဖွင့်ထားတဲ့ People in Need အကူအညီပေးရေးအဖွဲ့ တာဝန်ရှိသူ ဒေါက်တာ Gerhard Baumgardဟာ ကချင်ပြည်နယ်ကို သွားရောက်ခဲ့ပြီးတော့ စစ်ပြေးဒုက္ခသည် ၇သောင်းကျော်လောက် ရှိနေတယ်လို့ ပြောပါတယ်။

ဒါပေမယ့် ကချင်တွေက ဒုက္ခသည်ကိစ္စကို လူတွေအာရုံစိုက်အောင် မလုပ်နိုင်ခဲ့ဘူးလို့ ဒေါက်တာ Gerhard Baumgard က ပြောပါတယ်။

ကချင်အကူအညီပေးရေး အဖွဲ့တွေရဲ့ အင်တာနက် စာမျက်နှာတွေဟာ ကချင်ဘာသာနဲ့ ဖြစ်နေတာကလည်း တခု အပါအ၀င် ဖြစ်တယ်လို့ ပြောပါတယ်။

လက်ရှိ ဦးကျော်သူကတော့ အကူအညီတွေ စပေးနေပါပြီ၊ ကုလသမဂ္ဂကလည်း နှစ်ကုန်ဆိုတော့ ငွေကြေးနဲ့ ပတ်သက်တဲ့ ပြဿနာ ရှိနေပါတယ်။”

ပြီးခဲ့တဲ့နှစ် ဇွန်လကတည်းက ဖြစ်ပွားနေတဲ့ အစိုးရတပ်တွေနဲ့ ကချင်လွတ်မြောက်ရေး တပ်မတော်အကြား စစ်ပွဲတွေက မရပ်တန့်သေးဘဲ စစ်ပြေးဒုက္ခသည်တွေသာ ပိုမိုများပြားလာနေပါတယ်။

စစ်တပ်က ကေအိုင်အေနဲ့ နီးစပ်သူဟု စွပ်စွဲ ခေါ်ဆောင်သွားသူကို ပြန်မလွှတ်သေး
Published on January 12, 2012 by ကိုထွေး · DVB

ကချင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲများအတွင်းမှာ စစ်တပ်က ကချင်လွတ်မြောက်ရေး တပ်မတော် ကေအိုင်အေနဲ့ ပတ်သက်လို့ဆိုပြီး စွပ်စွဲဖမ်းဆီးထားတဲ့ မြစ်ကြီးနားမြို့နယ် တာလောကြီး ရွာက ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဂမ်ဆိုင်းကို ဖမ်းဆီးထားတာ ၈ ရက်ကြာပြီ ဖြစ်ပေမယ့် ပြန်မလွှတ်ပေးသေးတဲ့အတွက် မိသားစုဝင်များက စိုးရိမ်ပူပန်လျက်ရှိနေတယ်လို့ သိရပါတယ်။

ဇန်န၀ါရီလ ၅ ရက်နေ့က မြစ်ကြီးနားမြို့နယ် တာလောကြီးရွာက အုပ်ချုပ်ရေးမှူး ဦးဂမ်ဆိုင်းနဲ့ အိမ်နီးနားချင်း တဦးကို ကေအိုင်အေနဲ့ ပတ်သက်တယ်ဆိုပြီး ခလရ (၃၇) က ဖမ်းဆီးသွားခဲ့ပေမယ့် အခုထိ အဆက်အသွယ် မရသေးတဲ့အတွက် စိတ်ပူနေတယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။ ဦးဂမ်ဆိုင်းနဲ့ အတူ ဖမ်းဆီးခေါ်ဆောင်သွားခံရတဲ့ အိမ်နီးနားချင်းက ထွက်ပြေးခဲ့လို့ အခြေအနေကို ပိုဆိုးသွားစေတယ်လို့ ဇနီးဖြစ်သူ ဒေါ်မာခေါန်က ပြောပါတယ်။

အပြစ်မရှိလို့သာ နေနေတာ၊ တရွာလုံးလိုလို ကေအိုင်အေဘက်ကလည်း ခေါ်ရင် ကျမ ယောက်ျားကလည်း ရပ်ကွက်မှူးဆိုတော့ သွားရတာပါ၊ မသွားရင် လက်နက်ကိုင်ဆိုတော့ ကြောက်တယ်လေ။ နှစ်ဖက်စလုံးကို ကြောက်ပြီးမှ နေ နေတာလေ၊ ခေါ်သွားတာ ဘာအကြောင်းအရင်းမှလဲ မသိရဘူး၊ ကျမတို့ကို တွေ့ခွင့်လဲမပေးဘူး၊ ထမင်းလည်း မပို့ခိုင်းဘူး၊ ကျမကို တွေ့ခွင့်မပေးရင်တောင်မှ ကျေးရွာ အုပ်ချုပ်ရေးမှူးကို တွေ့ခိုင်းရင်တော့ စိတ်ချမ်းသာတာပေါ့နော်။”

သူကိုယ်တိုင် စစ်တပ်မှာ သွားရောက် စုံစမ်းတဲ့အခါမှာလည်း ခင်ပွန်းသည်နဲ့ တွေ့ခွင့်မပေးတဲ့အပြင် တပ်ဖွဲ့က ခေါ်ဆောင်သွားတာ မဟုတ်ဘူးဆိုပြီး ငြင်းနေတယ်လို့ ပြောပါတယ်။

အသက် ၃၁ နှစ်အရွယ်ရှိ ဦးဂမ်ဆိုင်းကို ဖမ်းဆီးစဉ်က ဇနီးဖြစ်သူနဲ့ အသက် ၅ နှစ်နဲ့ ၇ လအရွယ်ရှိကလေး နှစ်ယောက်က မြစ်ကြီးနားမြို့ပေါ်က ဒုက္ခသည် စခန်းမှာ ဒီဇင်ဘာလကတည်းက ခိုလှုံနေတာပါ။

စစ်ပွဲကြောင့် တာလောကြီးရွာမှာ လက်နက်ကြီးများ ထိမှန် ပေါက်ကွဲမှုကြောင့် လူသေဆုံးမှုရှိခဲ့တာကြောင့် အခုလို သွားရောက် ခိုလှုံနေတာ ဖြစ်တယ် လို့ ဒေါ်မာခေါန်က ပြောပါတယ်။

ရွာမှာ ကျန်ရစ်သူတွေရဲ့ ပြောပြချက်အရ ဦးဂမ်ဆိုင်းသတင်းကို သိရပြီး စုံစမ်းဖို့ အရဲကိုးပြီး ရွာပြန်လာပေမယ့် စုံစမ်းလို့မရ ဖြစ်နေပြီးတော့ အခက်အခဲတွေ ရင်ဆိုင်နေရတယ်လို့ သူက ဆက်ပြောပါတယ်။

ကျမတို့ ကချင်ရွာမှာ တယောက်မှ မရှိဘူး၊ ရပ်ကွက် အုပ်ချူပ်ရေးမှူးကို ဖမ်းသွားတယ်ဆိုတော့၊ အခုဆိုရင် အိမ်နီးနားချင်းလည်း တယောက်မှမရှိဘူး၊ အားလုံးထွက်ပြေးကုန်ပြီ၊ ကျမက တယောက်တည်း၊ ကလေးအငယ်နဲ့ ညဆို တိတ်ဆိတ်နေတာပဲ၊ ကလေးနဲ့ နှစ်ယောက်တည်း။ စစ်သားတွေလည်း ကင်းလှည့်နေတယ်၊ ပြီးတော့ သတ်များ သတ်လိုက်ပြီလား ဘယ်လောက် နှိပ်စက်နေလဲ တွေးမိတယ်။ ကျမကို ကူညီမယ့်သူလည်း ဘယ်သူမှ မရှိဘူး။”

အရင်ကလည်း စစ်တပ်က သားသည်အမေ ကချင်အမျိုးသမီး တဦးကို ကေအိုင်အေနဲ့ ပတ်သက်တယ်ဆိုပြီး ခေါ်ဆောင်သွားခဲ့ဖူးပါတယ်။ လူမှုရေး လှုပ်ရှားသူတွေနဲ့ ဒေသခံတွေက ပြန်လွှတ်ပေးဖို့ တောင်းဆိုခဲ့ပေမယ့်လည်း ဖမ်းဆီးထားတဲ့ အမျိုးသမီးဟာ ကချင်လွတ်မြောက်ရေး တပ်မတော်နဲ့ နီးစပ်လို့ ဖမ်းထားတာ ဖြစ်တယ်လို့ အစိုးရပိုင်သတင်းစာတွေက တုံ့ပြန် ရေးသားခဲ့ဖူးပါတယ်။

ဇွန်လမှစတင်ပြီး ကချင်ပြည်နယ်တွင် ထိုးစစ်ဆင်နေတဲ့ အစိုးရစစ်တပ်က ဒေသခံအရပ်သားတွေကို အနိုင်ကျင့် နှိပ်စက်နေတယ်လို့လည်း အောက်တိုဘာလတုန်းက လူ့အခွင့်အရေးအဖွဲ့တွေက ပြောဆိုခဲ့ဖူးပါတယ်။

ထားဝယ်ရေနက်ဆိပ်ကမ်းအတွက် ညှိနှိုင်းရန် အီတာလီလျံထိုင်း မြန်မာပြည် သွား
Published on January 12, 2012 by မန်းစိုင်းမွန် · DVB

ထားဝယ်ရေနက်ဆိပ်ကမ်းမှာ အီတာလျံထိုင်း ကုမ္ပဏီရဲ့ ၄၀၀၀ မဂ္ဂါဝပ် ကျောက်မီးသွေး အပူဓာတ်အားသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ စီမံကိန်းကို မြန်မာအစိုးရက ရပ်ဆိုင်းတဲ့အပေါ် အီတာလျံထိုင်း ကုမ္ပဏီက ညှိနှိုင်းဖို့ မြန်မာပြည်ကို ရောက်ရှိနေပါတယ်။

ရင်းမြစ် - အီတာလျံ-ထိုင်းကုမ္ပဏီက တည်ဆောက်မည့် ထားဝယ်ရေနက် ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန် စီမံကိန်းဒီဇိုင်းပုံစံ

ထိုင်းနိုင်ငံ အီတာလျံထိုင်း ကုမ္ပဏီရုံးကို မေးမြန်းရာမှာ အုပ်ချုပ်ရေးဒါရိုက်တာ မစ္စတာ စုံကျက် မြန်မာပြည်ကို တာဝန်ရှိသူနဲ့ ညှိနှိုင်းဖို့ ဒီကနေ့ သွားရောက်နေတဲ့အတွက် အသေးစိတ် မပြောနိုင်ဘဲ တနင်္ဂနွေနေ့ ပြန်ရောက်မှသာ သိနိုင်မယ်လို့ ကုမ္ပဏီ ဆက်သွယ်ရေးအရာရှိ တဦးက ဒီဗွီဘီကို ပြောပါတယ်။

မြန်မာအစိုးရရဲ့ ဒီကြေညာချက်ဟာ လောင်စာရဖို့ ညှိနှိုင်းကြရဖို့ ရှိတယ်လို့သာ အဓိပ္ပာယ်ရတယ်လို့ မစ္စတာစုံကျက်က မြန်မာပြည်မသွားခင်မှာ မီဒီယာတွေကို ပြောသွားပါတယ်။

တကယ်လို့ ကျောက်မီးသွေးကို သုံးခွင့်မရတော့ဘူးဆိုရင် စက်မှုဇုန်အတွက် မရှိမဖြစ် လိုအပ်နေတဲ့ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးအတွက် အိန္ဒိယသမုဒ္ဒရာထဲက သဘာဝဓာတ်ငွေ့ကို အစားထိုးအသုံးချဖို့ စဉ်းစားထားတယ်လို့ အီတာလျံထိုင်း ထားဝယ်စီမံကိန်း အုပ်ချုပ်ရေးဒါရိုက်တာ မစ္စတာစုံကျက် သိနဖုန်းက မီဒီယာတွေကို ပြောပါတယ်။

သဘာဝဓာတ်ငွေ့ကို သုံးရင် ကျောက်မီးသွေး သုံးတာထက် အရင်းအနှီး ပိုမြင့်မှာ ဖြစ်တဲ့အတွက် ထွက်လာတဲ့ လျှပ်စစ်ဓါတ်အားဈေးနှုန်းလည်း မြင့်လာနိုင်တယ်လို့ သူက ဆိုထားပါတယ်။

ပြီးခဲ့တဲ့ တနင်္လာနေ့က ရန်ကုန်မြို့ သတင်းစာရှင်းလင်းပွဲတခုမှာ နယ်စပ်ဖွံ့ဖြိုးရေး ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက အီတာလျံထိုင်းကုမ္ပဏီရဲ့ ၄၀၀၀ မဂ္ဂါဝပ် ကျောက်မီးသွေး လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး စီမံကိန်းကို ရပ်ဆိုင်းမယ်လို့ကြေညာခဲ့တာပါ။

လွန်ခဲ့တဲ့အပတ်က သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းတဲ့ အဖွဲ့တွေက ထားဝယ်ရေနက်ဆိပ်ကမ်းမှာ ဆန္ဒပြခဲ့ကြအပြီးမှာ ဒီထုတ်ပြန်ချက် ထွက်ပေါ်လာခဲ့တာပါ။

အီတာလျံထိုင်း ကုမ္ပဏီဟာ ထိုင်းနိုင်ငံရဲ့ အကြီးဆုံး ဆောက်လုပ်ရေး ကုမ္ပဏီဖြစ်ပြီး ၂၀၁၂ ခုနှစ်အတွင်းမှာ ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းမှာ သင်္ဘောဆိပ်တွေ အဆောက်အဦတွေ ကားလမ်းတွေနဲ့ရထား လမ်းတွေကို တည်ဆောက်ရေးအတွက် အမေရိကန်ဒေါ်လာငွေ ၁၂.၅ ဘီလီယံ ထုတ်ချေးဖို့ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာက ကြိုတင် ရည်မှန်းထားခဲ့ပါတယ်။

ဒီလိုငွေထုတ်ချေးဖို့ ရှိနေချိန်မှာ သူတို့ရဲ့ ကျောက်မီးသွေးအပူဓာတ်သုံး လျှပ်စစ် ဓာတ်အားပေးစက်ရုံ တည်ဆောက်ရေး စီမံကိန်းကို မြန်အစိုးရက အသိမပေးဘဲ ရပ်ဆိုင်းလိုက်တာ ဖြစ်ပါတယ်။

ကျောင်းသားသမဂ္ဂ ပေါ်ပေါက်ရေး ကော်မတီဖွဲ့စည်း
Published on January 12, 2012 by နေသွင် · DVB

ကျောင်းသားသမဂ္ဂများ ဖြစ်ထွန်းပေါ်ပေါက်ရေးကော်မတီ တရပ်ကို ပြီးခဲ့တဲ့ ရက်ပိုင်းက မန္တလေးမြို့မှာ စတင် ဖွဲ့စည်းလိုက်ပါတယ်။

ကော်မတီရဲ့ ရှေးဦးလုပ်ငန်းစဉ်အဖြစ် ကျောင်းသားထုအကြား သမဂ္ဂစိတ်ဓာတ် ပြန်လည်ရင့်သန်လာဖို့နဲ့ ကျောင်းအသီးသီးမှာ သမဂ္ဂတွေ ဖွဲ့စည်းနိုင်ရေး ကြိုးပမ်းဖို့ ဖြစ်တယ်လို့ ကော်မတီ ပြောခွင့်ရသူ ကိုရဲရင့်အောင်က ပြောပါတယ်။

ဗကသများ အဖွဲ့ချုပ်ဟာ မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှု ကာလကတည်းက ဖြစ်တည်ခဲ့တာ ဖြစ်ပြီး လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်း အပါအဝင် နိုင်ငံခေါင်းဆောင် အတော်များများကို မွေးထုတ်နိုင်ခဲ့ပါတယ်။

ဗကသ ပြန်လည်ပေါ်ပေါက် ကော်မတီ ပြောခွင့်ရသူ ကိုရဲရင့်အောင်ကတော့ မကြာခင်မှာ အစိုးရဆီမှာ တရားဝင်မှတ်ပုံတင်ဖို့ ကြိုးစားမယ်လို့ ပြောပါတယ်။

၁၉၆၂ ခုနှစ်မှာ တပါတီအာဏာရှင်စနစ် ကာလကစလို့ မြေပေါ်မှာ ရပ်တည်နိုင်ခြင်း မရှိတော့ဘဲ မြေအောက်လှုပ်ရှားမှု အဖြစ်သာ ရပ်တည်နိုင်ခဲ့တာ ဖြစ်ပါတယ်။

သမိုင်းဝင် ကျောင်းသားသမဂ္ဂအဆောက်အဦ ကိုလည်း အာဏာသိမ်း တက်လာတဲ့ ဦးနေဝင်း အစိုးရက ဒိုင်းနမိုက်နဲ့ ဖြိုခွင်းပြီး သမဂ္ဂလှုပ်ရှားမှုတွေကို နှိပ်ကွပ်ခဲ့ပါတယ်။ ၁၉၈၈ ခုနှစ် လူထုအရေးတော်ပုံကာလမှာ ကျောင်းသားသမဂ္ဂဟာ မြေပေါ်ကို ခဏ ပြန်ရောက်ခဲ့ပြီး ဗကသ ဥက္ကဋ္ဌ ကိုမင်းကိုနိုင်ကို ဖမ်းဆီး ထောင်ချခဲ့ပါတယ်။

၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးကာလမှာ ဗကသကို နောက်တကြိမ် ပြန်လည်ဖွဲ့စည်းတဲ့အခါ ဥက္ကဋ္ဌအဖြစ် ကိုကျော်ကိုကို ကို တင်မြှောက်ခဲ့ကြပါတယ်။ အဲဒီကာလမှာ ကျောင်းသားသမဂ္ဂမှာ လှုပ်ရှားခဲ့တဲ့ ၈၈ မျိုးဆက် ခေါင်းဆောင်တွေနဲ့ ၂၀၀၇ မျိုးဆက်ကျောင်းသားခေါင်းဆောင်ကို အစိုးရက ဖမ်းဆီးပြီး နှစ်ရှည် ထောင်ဒဏ်တွေ ချမှတ်ခဲ့ပါတယ်။

အစိုးရသစ် တက်လာတဲ့ နောက်ပိုင်းမှာ နိုင်ငံရေးအကျဉ်းသား တချို့ကို ပြန်လွှတ်ပေးခဲ့ပေမယ့် ကိုမင်းကိုနိုင်နဲ့ ၈၈ မျိုးဆက် ကျောင်းသားတွေ၊ ကိုကျော်ကိုကိုနှင့် ၂၀၀၇ မျိုးဆက်၊ ကျောင်းသား သမဂ္ဂမှာ လှုပ်ရှားခဲ့သူတွေကို ခုချိန်ထိ ပြန်မလွှတ်ပေးသေးပါဘူး။

ရွေးကောက်ပွဲမှာ မဲပေးကြဖို့ ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း
Published on January 11, 2012 by အေးနိုင် · DVB

လာမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ မဲပေးပိုင်ခွင့် ရရှိတဲ့အပေါ် အပြည့်အဝ အသုံးချပြီး ကိုယ်လိုချင်တဲ့ ကိုယ်စားလှယ်ကို ရွေးချယ်မဲပေးကြပါလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြည်သူတွေကို တိုက်တွန်းလိုက်ပါတယ်။

ရွေးကောက်ပွဲမှာ မဲထည့်နိုင်တဲ့သူတွေက မိမိတို့ရဲ့ လုပ်ပိုင်ခွင့်ကို သုံးစေချင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်လုပ်ပိုင်ခွင့်ကို ကိုယ်သုံးမှ လုပ်ပိုင်ခွင့်ကို ထိန်းသိမ်းထားနိုင်မှာပါ။ ဒါကြောင့် ကျမတို့ ပြည်သူတွေက မဲပြားတွေနဲ့ ကိုယ်လိုချင်တဲ့ အစိုးရတခု ဖြစ်အောင်လို့ လုပ်ရပါလိမ့်မယ်။ မဲပြားတွေနဲ့ ကိုယ်မလိုချင်တဲ့ကိစ္စကို ပြောင်းလဲဖို့ ကြိုးစားရပါလိမ့်မယ်။ မဲပေးလိုက်တယ် ဆိုတာဟာ ကိုယ့်ရဲ့ ကိုယ်စားလှယ်ကို ကိုယ်လုပ်ချင်တဲ့ ကိစ္စတွေကို လုပ်ပေးဆိုပြီး တာဝန်အပ်နှင်းပေးလိုက်တာပဲ ဖြစ်ပါတယ်။ ”

ဇန်နဝါရီလ ၁၁ ရက်နေ့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရန်ကုန်တိုင်း ဗဟန်းမြို့နယ်က အဖွဲ့ချူပ်ရုံးခန်း ဆိုင်းဘုတ်တင်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

၁၉၈၈ ခုနှစ်ကနေ စတင်တည်ထောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အထွေထွေအတွင်းရေးမှူး တာဝန်ယူခဲ့ပြီး ပြည်တွင်းပြည်ပ နိုင်ငံတကာနဲ့ ဒေသဆိုင်ရာမှာပါ ဩဇာတက္ကိမကြီးလှတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ပါတီပြန်လည် မှတ်ပုံတင်ပြီးတဲ့အခါ ပြန်လည်စုဖွဲ့မှုအရ ပါတီဥက္ကဋ္ဌတာဝန် ပေးအပ်ခံခဲ့ရပြီးတဲ့နောက် ပထမဆုံး လူထုကို ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ပြည်သူလူထုဟာ ဆင်းရဲမွဲတေမှုကနေ လွတ်မြောက်အောင် ကိုယ်တိုင်ကိုယ်ကျ တတ်နိုင်သလောက် ပူးပေါင်းပါဝင်ကြရမှာ ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က လူထုကို ပြောဆိုခဲ့ပါတယ်။

အရင်က ဆင်းရဲတာတော့ ပြီးခဲ့ပြီ။ အခုလည်း ဆင်းရဲတယ်ဆိုတာ ဖြစ်နိုင်တယ်။ ဒါတွေကို ပြောင်းဖို့အတွက် ကျမတို့ နိုင်ငံရေးလုပ်နေတာ။ အနာဂတ်ကို ကိုယ်လိုချင်တဲ့ပုံစံဖြစ်အောင် ပုံသွင်းဖို့အတွက် ကျမတို့နိုင်ငံရေး လုပ်နေတာ ဖြစ်တယ်။ အဲလိုလုပ်နေတဲ့အခါမှာ ပြည်သူတွေပါဖို့ လိုပါတယ်။ ပြည်သူတွေပါမှ ကိုယ်လိုချင်တဲ့ ပုံစံကို ကိုယ်ပုံသွင်းပြီးတော့ ပုံသွင်းတဲ့နေရာမှာ ပါဝင်နိုင်မှာပါ။ ကိုယ်မပါဘဲနဲ့ ကိုယ်လိုချင်တဲ့ပုံစံ ဖြစ်ချင်တယ်ဆိုရင် ဒါ လက်တွေ့ မကျပါဘူး။ ဒါကြောင့် ကျမတို့ပြည်သူတွေကို တတ်နိုင်သမျှ ပါဝင်ပြီးတော့ ကိုယ်လိုချင်တဲ့ နိုင်ငံတခု ဖြစ်အောင်လို့ ကူညီပေးကြပါလို့ ကျမ မေတ္တာရပ်ခံချင်ပါတယ်။”

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ၁၉၈၈ ခုနှစ် လူထုအုံကြွမှု အပြီး ဖြစ်ထွန်းလာတဲ့ ၁၉၉၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲမှာ မဲအပြတ်အသတ် အနိုင်ရခဲ့ရာမှာ အစိုးရက အာဏာမပေးတဲ့အပြင် အမျိုးမျိုးဖိနှိပ်တဲ့ ဒဏ်ကိုခံရတဲ့ သမိုင်းအတွေ့အကြုံ ရှိပါတယ်။

အခုလာမယ့် ဧပြီ ၁ ရက် ကြားဖြတ်ရွေးကောက်ပွဲမှာ အမတ်နေရာ ၄၈ နေရာမှာ ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပြီး ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ရန်ကုန်တိုင်း ကော့မှူးမြို့နယ်မှာ ဝင်ပြိုင်မှာ ဖြစ်ပါတယ်။ လာမယ့် သီတင်းပတ် အတွင်းမှာ ကြားဖြတ်ရွေးကောက်ပွဲ ဝင်မယ့် ကိုယ်စားလှယ်လောင်းစာရင်း ထုတ်ပြန်မှာ ဖြစ်ပါတယ်။

လတ်တလော လွှတ်တော် အသီးသီးမှာတော့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ကိုယ်စားပြုအမတ်တွေက အများစုက လွှမ်းမိုးထားပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ၂၀၁၀ ရွေးကောက်ပွဲ ကာလတုန်းက မဲမပေးဘဲနေကြဖို့ တိုက်တွန်းခဲ့ပါတယ်။

ရခိုင် ၀န်ကြီးချုပ် နယ်စပ် လာလည်
ဗုဒ္ဓဟူးနေ့၊ ဇန်နဝါရီလ 11 နိရဉ္စရာ သတင်းဌာန

ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးလှမောင်တင်သည် ရခိုင်ပြည်နယ် အနောက်ဘက် နယ်စပ်မြို့ နှစ်မြို့ ဖြစ်သော ဘူးသီးတောင်နှင့် မောင်တောကို လာရောက် လည်ပတ်နေကြောင်း သိရသည်။

downtown-maungdow250
သူ၏ ခရီးစဉ် အတွင်း အဖွဲ့ဝင် ၁၃ ဦးပါရှိပြီး ကြံ့ခိုင်ရေးပါတီမှ မွတ်ဆလင် ခေါင်းဆောင် ဦးအောင်ဇော်ဝင်းနှင့် ပြည်နယ် စီးပွားရေး ၀န်ကြီး ဦးမြအောင်လည်း လိုက်ပါလာသည်ဟု သိရသည်။

" သူတို့က နှစ်ရက် မောင်တောမြို့မှာ ၂ ရက်နေမယ်လို့ သိရပါတယ်။ ခရီးစဉ်က တစုံတရာ ထူးခြားမှု မရှိပါဘူး။ မနေ့ နေ့လည် ၁ နာရီက ဘူးသီးတောင်ကို ရောက်တယ်။ ညနေ ၃နာရီခွဲမှာ မောင်တောကို ရောက်ရှိလာပါတယ်" ဟု မောင်တော မြို့ခံ တစ်ဦးက ပြောသည်။

မောင်တောမြို့တွင် ရောက်လျှင် ရောက်ချင်း အစည်းအဝေး တစ်ခု ပြုလုပ်ခဲ့သည်။

" မနေ့က ဒေ၀ါနဒီ ခန်းမမှာ ၀န်ထမ်းတွေ၊ ရပ်မိ ရပ်ဘတွေနဲ့ အစည်းအဝေး လုပ်တယ်။ ထူးထူး ခြားခြား ပြောဆိုသွားတာတော့ မရှိပါဘူး။ လက်ရှိ အစိုးရသစ် လုပ်ဆောင် နေတာတွေနဲ့ ပတ်သက်ပြီး ရှင်းပြတယ်။ နောက်ပြီး ကြံ့ခိုင်ရေး ပါတီ လုပ်ဆောင် နေတာတွေကို ပြောသွားတယ် " ဟုသူက ဆက်ပြောသည်။

ပြည်နယ်ဝန်ကြီးချုပ် ဦးလှမောင်တင်သည် ယမန်နေ့က ငါးခူရကျေးရွာ အထက်တန်ကျောင်းဖွင့်ပွဲသို့ တက်ရောက်ခဲ့ပြီး ညနေ ၅ နာရီတွင် မောင်မြို့အမှတ် ၅ ရပ်ကွက် မူလတန်း ကျောင်းဖွင့်ပွဲကိုလည်း တက်ရောက်ခဲ့သည်ဟု သိရသည်။

ဦးလှမောင်တင် ကျောင်းဖွင့်ပွဲအခမ်းအနားများ တက်ရောက်နေစဉ် ဦးအောင်ဇော်ဝင်းမှာ ဒေသခံ မွတ်ဆလင်များနှင့် တွေ့ဆုံပြီး လူထု စည်းရုံးရေးများ လုပ်ဆောင်ခဲ့ဟု ဆိုသည်။

"၀န်ကြီးချုပ် ကျောင်းဖွင့်ပွဲ လုပ်နေတဲ့ အချိန်မှာ ဦးအောင်ဇော်ဝင်းက အမှတ် ၅ ရပ်ကွက်မှာ ဒေသခံတွေနဲ့ တွေ့ပြီး အစည်းအဝေးလုပ်တယ်။ လူ ၅၀၀ ခန့်ရောက်တယ်။ အဲဒီမှာ သူပြောတာက မောင်တောကို နိုင်ငံခြားက အဆင့်မြင့် ကိုယ်စားလှယ်တဦး လာဖို့ရှိတယ်လို့ပြောခဲ့တယ်လို့ ကြားတယ် " ဟု မောင်တော မြို့ခံက ပြောသည်။ှ

ဦးလှမောင်တင်၏ ခရီးစဉ်တွင် လုံခြုံရေးကို သာမန် အဆင့်သာ တိုးမြှင့်ထားပြီး ခရိုင်အဆင့်၊ မြို့နယ် အဆင့် အရာရှိများလည်း အတူ လိုက်ပါလာကြသည်ဟု သိရသည်။

၂၀၁၀ အမတ်များလည်း NLD သို့ လျှောက်လွှာတင်
မျိုးသန့် | ဗုဒ္ဓဟူးနေ့၊ ဇန်နဝါရီလ ၁၁ မဇ္ဈိမ

ချင်းမိုင် (မဇ္ဈိမ) ။ ။ ၂၀၁၀ လွှတ်တော်အမတ်များ ဖြစ်သည့် လသာမြို့နယ် အောက်လွှတ်တော်အမတ် ဦးကြည်မြင့်နှင့် ရန်ကုန်တိုင်း အထက်လွှတ်တော်အမတ် ဒေါက်တာမြတ်ဉာဏစိုးတို့က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD သို့ ပါတီဝင် လျှောက်လွှာ တင်လိုက်ကြပြီ ဖြစ်သည်။

အမျိုးသားဒီမိုကရေစီပါတီသစ်မှ ဦးကြည်မြင့်မှာ NLD လသာမြို့နယ်ရုံးသို့ အင်္ဂါနေ့တွင် လျှောက်လွှာ တင်သွင်း ခဲ့ခြင်းဖြစ်ပြီး အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ NDF ၏ ရန်ကုန်တိုင်း ဗဟိုဦးစီး အဖွဲ့ဝင်ဟောင်း ဒေါက်တာ
မြတ်ဉာဏစိုး မှာ တာမွေမြို့နယ် NLD ရုံးသို့ လျှောက်လွှာတင်သွင်းခဲ့ကြသည်။

ဦးကြည်မြင့်မှာ ၁၉၉ဝ ရွေးကောက်ပွဲတွင် NLD ပါတီ၏ လသာ လွှတ်တော်အမတ်အဖြစ် အနိုင်ရခဲ့သူဖြစ်သည်။ ၂ဝ၁ဝ ရွေးကောက်ပွဲတွင်လည်း NDF ပါတီမှ လသာမဲဆန္ဒနယ်တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ထပ်မံ အနိုင်ရခဲ့ ပြီးနောက် အမျိုးသားလွှတ်တော်အမတ် ဦးသိန်းညွန့်ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီ ပါတီသစ်သို့ ကူးပြောင်း ခဲ့သည်။ ယင်းနောက် လက်ရှိပါတီမှ နုတ်ထွက်ပြီး NLD သို့ ပြန်လည် ဝင်ရောက်ရန် လျှောက်လွှာ တင်သွင်းခဲ့ခြင်း
ဖြစ်သည်။

ဒေါက်တာမြတ်ဉာဏစိုးမှာလည်း NDF မှ နုတ်ထွက်ကာ NLD ပါတီ၏ ဦးဆောင်မှုကို ခံယူလိုခြင်းကြောင့် NLD သို့ လျှောက်လွှာတင်ခဲ့ခြင်းဟု မဇ္ဈိမကို ပြောသည်။

"အကယ်၍ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က အကြောင်းအမျိုးမျိုးကြောင့် ကျနော့်ကို လက်မခံခဲ့ဘူး ဆိုရင်လည်း ကျနော် တသီးပုဂ္ဂလ ကိုယ်စားလှယ် တယောက်အဖြစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ အစဉ်တစိုက် ပူးပေါင်းပြီး
တော့ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်" ဟု ပြောသည်။

NLD မှ ခွဲထွက်ကာ ပါတီထောင်၍ ၂ဝ၁ဝ ရွေးကောက်ပွဲ ဝင်ခဲ့သူများနှင့် ပါတီမှ အရေးယူခံထားရဖူးခြင်း ရှိသူများအတွက် NLD ပါတီ၏ သဘာပတိအဖွဲ့ နာယက ဦးတင်ဦး ဦးဆောင်သည့် စိစစ်ရေးကော်မတီမှ စိစစ်လက်ခံသွားမည်ဖြစ်သော်လည်း အခြားပါတီဝင်အသစ်များ လက်ခံမှုနှင့်ပတ်သက်၍ ကန့်သတ်ချက် မရှိဟုလည်း ဗဟိုအလုပ် အမှုဆောင် အဖွဲ့ဝင် ဦးအုန်းကြိုင်က မဇ္ဈိမကို ပြောသည်။

"သီးခြားမှတ်ချက် ရှိတဲ့လူတွေကို ကျနော်တို့ စိစစ်မယ်။ ဥပမာ ကိုကြည်မြင့်တို့ ပေါ့ဗျာ။ သူတို့က အဖွဲ့ချုပ်က ထွက်သွားတယ် သီးခြားပါတီ ထောင်တယ်ပေါ့။ ရွေးကောက်ပွဲ ဝင်တယ်ပေါ့။ နောက် တခုက ပါတီရဲ့ စည်းကမ်းချက်တွေနဲ့ မညီလို့ ထုတ်ထားတဲ့လူတွေ ရှိတယ်။ အဲဒီလိုလူမျိုးတွေကိုတော့ စိစစ်ပြီးတော့မှ ဆက်လက် ဆောင်ရွက်သွားမယ်လို့ သိရပါတယ်" ဟု ပြောသည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ ယခုလ ၅ ရက်နေ့တွင် NLD ကို တရားဝင်ပါတီအဖြစ် မှတ်ပုံတင်ခွင့်
ပြုခဲ့ပြီးနောက် ပါတီဝင်လျှောက်လွှာ တသိန်းကို ပြည်နယ်နှင့် တိုင်း အသီးသီးသို့ ဖြန့်ဝေပေးပြီး ဖြစ်သည်ဟုလည်း ဦးအုန်းကြိုင်က မဇ္ဈိမကို ပြောသည်။

NLD ပါတီသည် ၁၉၈၉ ခုနှစ်အတွင်း ပါတီဝင် တသန်းနီးပါးခန့် ရှိမည်ဟု ဦးအုန်းကြိုင်က ခန့်မှန်းပြီး၊ ယခုလည်း ထိုအရေအတွက်အတိုင်း ပါတီဝင်များ လက်ခံနိုင်ရန် စီစဉ်နေသည်ဟု သိရသည်။

တရားဝင်မှတ်ပုံတင်ပြီးသည့် NLD ပါတီသည် ပါတီစာစောင် "ဒီလှိုင်း" ကို ထုတ်ဝေရန် ပြင်ဆင်နေပြီး စာစောင် အတွင်း ပါတီမူဝါဒ၊ ပါတီဖွဲ့စည်းပုံများ ထည့်သွင်း ဖေါ်ပြမည်ဟု သိရသည်။

NLD ပါတီ၏ မူဝါဒများ တရားဝင်ကြေညာခြင်း မရှိသေးသော်လည်း ပါတီ၏ ဥက္ကဋ္ဌဖြစ်သူ ဒေါ်အောင်ဆန်းစုကြည် က ဒီမိုကကရက်တစ် မြန်မာ့အသံ DVB နှင့် မေးမြန်းခန်းတခုတွင် ၂၀၁၂ ခုနှစ်အတွင်း NLD မှ အလေးထား
ဆောင်ရွက်မည့် ကိစ္စရပ်များမှာ ပြည်တွင်းငြိမ်းချမ်းရေး၊ တရားဥပဒေ စိုးမိုးရေး၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်
နိုင်ရေး ကိစ္စများကို ဦးစားပေး ဆောင်ရွက်သွားမည်ဟု ပြောဆိုခဲ့သည်။

ကြားဖြတ်ရွေးကောက်ပွဲကို လာမည့် ဧပြီလ ၁ ရက်နေ့တွင် ကျင်းပမည်ဖြစ်ပြီး လစ်လပ်နေရာ ၄၈ နေရာရှိသည် ဟု ရွေးကောက်ပွဲ ကော်မရှင်မှ ထုတ်ပြန် ကြေညာထားသည်။ NLD ပါတီမှ ဝင်ရောက် အရွေးခံမည့် ကိုယ်စားလှယ်လောင်းများ၏ အမည်များကို ဗဟို အလုပ်အမှုဆောင်အဖွဲ့သို့ ဗုဒ္ဓဟူးနေ့တွင် တင်သွင်းခဲ့ပြီး စိစစ်နေသည်ဟု ဗဟိုအလုပ်အမှုဆောင် တဦး ဖြစ်သူ ဒေါ်မေဝင်းမြင့်က ပြောသည်။

NLD ၏ ဗဟိုအလုပ်အမှုဆောင် ဥက္ကဋ္ဌဖြစ်လာသူ ဒေါ်အောင်ဆန်းစုကြည်မှာ ရန်ကုန်တိုင်း ကော့မှူးမြို့နယ်မှ ဝင်ရောက် အရွေးခံမည်ဖြစ်ပြီး ဗုဒ္ဓဟူးနေ့တွင် ဗဟန်းမြို့နယ် ပါတီဆိုင်းဘုတ်တင်ပွဲ အခမ်းအနားသို့ သဘာပတိအဖွဲ့ နာယက ဦးတင်ဦးနှင့်တူ တက်ရောက် ဖွင့်လှစ်ပေးခဲ့သည်။

ကမ်းလွန်ဓါတ်ငွေ့ သုံးခွင့် ရမရ ရခိုင်ပါတီ စောင့်ကြည့်မည်
ကျော်ဇံဦး | ကြာသပတေးနေ့၊ ဇန်နဝါရီလ ၁၂ မဇ္ဈိမ

ရခိုင်(မဇ္ဈိမ) ။ ။ ရခိုင်ကမ်းလွန်မှ ထွက်ရှိမည့် ရေနံနှင့် သဘာဝဓာတ်ငွေ့များ ရခိုင်ပြည်နယ်အတွက် ခွဲဝေ သုံးစွဲခွင့် ရရှိမည်ဟု ကြားသိရသော်လည်း လက်တွေ့ အကောင်အထည်ဖော်မှုအား စောင့်ကြည့်ရဦးမည်ဟု ရခိုင်တိုင်းရင်းသား တိုးတက်ရေးပါတီ RNDP က ပြောသည်။

ဒီကိစ္စကို ကျနော်တို့တောင်းဆိုလာတာ ကြာပါပြီ။ ရခိုင်ကထွက်တဲ့ ဓာတ်ငွေ့ကို ရခိုင်ပြည်သူတွေ သုံးစွဲခွင့် ရှိမရှိ ဆိုတာကို လွှတ်တော်မှာ နှစ်ကြိမ်တိုင်တိုင် တင်ပြခဲ့တယ်၊ ပယ်ချခဲ့တယ်။ ခုနောက်ပိုင်း ကြားမိတာကတော့ ရခိုင်ပြည်နယ်အတွက် ခွဲဝေသုံးစွဲခွင့် ရရှိတယ်ဆိုတဲ့ သတင်းတွေတော့ ထွက်လာပါတယ်။ သူတို့ပြောတဲ့အတိုင်း တကယ်ဖြစ်လာမလား ဆိုတာကို စောင့်ကြည့်ရဦးမှာ ရခိုင်ပြည်နယ်အတွက် ဘယ်လိုအသုံးချမလဲဆိုတာကို” ဟု RNDP ဥက္ကဋ္ဌ ဒေါက်တာအေးမောင် က မဇ္ဈိမကို ပြောသည်။

ရွှေသဘာဝ ဓာတ်ငွေ့ စီမံကိန်းမှ သဘာဝဓာတ်ငွေ့များကို ရခိုင်ပြည်နယ်ရှိ ပြည်သူများ အသုံးပြုနိုင်ရန် မြန်မာ့
ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းနှင့် ကိုရီးယား Daewoo International Corporation တို့အကြား ၂ဝ၁၁ နှစ်ကုန်ပိုင်းက သဘောတူညီမှုရရှိခဲ့သည်ဟု ဝန်ကြီးဌာန အရာရှိတဦးအား ကိုးကား၍ ပြည်တွင်းဂျာနယ် တချို့တွင် ရေးသားဖော်ပြခဲ့ကြသည်ကို ရည်ရွယ် ပြောဆိုလိုက်ခြင်း ဖြစ်သည်။

၂ဝ၁၂ နှစ်ဆန်းတရက်နေ့က ကျောက်ဖြူတွင် ပြုလုပ်သည့် လူထုတွေ့ဆုံပွဲတွင်လည်း ဒေါက်တာအေးမောင်က “မကွေးဘက်က ပြန်သွယ်ပြီးတော့ ရခိုင်ကို ပြန်ခွဲဝေပေးမယ်လို့ ပြောပါတယ်။ ဒါပေမယ့် ကျနော်တို့က ကျောက်ဖြူ ကပဲ ပေးနိုင်မလားလို့ တောင်းဆိုထားတာ ရှိပါတယ်။ လာမယ့် လေးနှစ်တာ ကာလမှာ ရခိုင်ပြည်ဒေသ ဖွံ့ဖြိုးဖို့ အတွက် တရုတ်ပြည် အပါအဝင် မြန်မာ အစိုးရဆီကိုလည်း တင်ပြချင်ပါတယ်။ လူထု၏အသံ၊ လူထု၏ဆန္ဒ၊ လူထု၏ ကျေနပ်နှစ်သိမ့်မှု မရှိဘဲ မည်သည့်လုပ်ငန်းမှ မအောင်မြင်ပါဘူး” ဟု ထည့်သွင်း ပြောကြားခဲ့သေးသည်။

ရခိုင်ပြည်နယ် အတွင်း ၂၄ နာရီ လျှပ်စစ်မီး ရရှိရေး လှုပ်မှုများလည်း ပေါ်ပေါက်ခဲ့ပြီး ရွှေဂက်စ်ဖြင့် ရခိုင် တပြည်နယ်လုံး လျှပ်စစ်မီး ရရှိရေး ကော်မတီလည်း ပေါ်ပေါက်လာခဲ့သည်။

ရခိုင်ကမ်းလွန်မှ ဓာတ်ငွေ့ကို ၂၀၁၃ ခုနှစ်တွင် တရုတ်ပြည်သို့ ပို့လွှတ်မည်ဖြစ်ပြီး ဓာတ်ငွေ့ပိုက်လိုင်း သွယ်တန်း မှုမှာ ရခိုင်ဘက်မှ ၆၅ ရာခိုင်နှုန်း ပြီင်္းစီးနေပြီဖြစ်ကြောင်း (OGT) ဓာတ်ငွေ့ သန့်စင် စက်ရုံတွင် ဝင်ရောက် လုပ်ကိုင်နေသူ တဦးက မဇ္ဈိမကို ပြောသည်။

ကမ်းလွန်ကလာတဲ့ ပိုက်လိုင်းဟာ ကုန်းတွင်းကို ရောက်နေပါပြီ။ နတ်ကျောက်အနီး Landfall Area ကနေ့ (OGT) ဓာတ်ငွေ့သန့်စင်စက်ရုံ ဘက်ကို သွယ်တန်းနေပါပြီ အဲဒီကတဆင့် ကလာဘာ တောင်ဘက်ပေါ့။ ပြီးရင် အမ်းဘက်သို့ သွယ်တန်းမှာပါ” ဟု ပြောသည်။

ရခိုင်မှ တရုတ်သို့ သွယ်တန်းမည့် ပိုက်လိုင်းသည် စုစုပေါင်း ၇၉၂.၅ ကီလိုမီတာ ရှည်လျားမည်ဖြစ်ရာ ကျောက်ဖြူ၊ အမ်း၊ ပဒါန်း၊ စကု၊ရေနံချောင်း၊ (မကွေး)၊ ကျောက်ပန်းတောင်း၊ တောင်သာ၊ နွားထိုးကြီး၊ ဘီးလင်း၊ ပြင်စာ၊
ပြင်ဦးလွင် (မန္တလေး)၊ နောင်ချို၊ ဂုတ်ထိပ်၊ ကျောက်မဲ၊ သီပေါ၊ နမ္မတူ၊ နမ့်ဟိုင်း၊ ပင်းပက် မိုင်းဝှီး၊ နမ့်ခမ်း (ရှမ်းပြည်နယ်) တို့ကို ဖြတ်သန်းမည် ဖြစ်သည်။

ဓာတ်ငွေ့ကို တနှစ်လျှင် ၁၂ ဘီလီယံ ကုဗမီတာ တင်ပို့နိုင်မည် ဖြစ်သည်။ ယင်းအနက် တရုတ်နိုင်ငံသို့ ၁ဝ ဘီလီယံ ကုဗမီတာ တင်ပို့မည် ဖြစ်သည်။

ပိုက်လိုင်း ဖြတ်သန်းမှု အနေအထားမှာ ရခိုင်ပြည်နယ်တွင်း ၁၃၄.၅ ကီလိုမီတာ၊ မကွေးတိုင်းတွင်း ၁၅၀.၉ ကီလိုမီတာ၊ မန္တလေးတိုင်းတွင်း ၂၃၈.၆ ကီလိုမီတာနှင့် ရှမ်းပြည်နယ်တွင်း ၂၆၈.၅ ကီလိုမီတာ အသီးသီးရှိသည်။

သောင်းသောင်းဖျဖျ နှစ်သစ်ကူးလ
ကြာသပတေးနေ့၊ ဇန်နဝါရီလ 12 ကေအိုင်စီ

နံနက်အရုဏ်တက်စ အလံတော်တင်တဲ့အချိန်ဟာ လူထုပရိဿတ် ပမာဏကတော့ အထွဋ်အထိပ်ကို ရောက်တဲ့အချိန်ပဲလို့ (မဟာရန်ကုန်) ကရင်အ မျိုးသား နှစ်သစ်ကူးပွဲတော် ကျင်းပရေး ဗဟိုကော်မတီ၏ အတွင်းရေးမှူး စောလှထွန်းက အားတက်သရော ပြောပြပါတယ်။
မဟာရန်ကုန်ရဲ့ ကရင်သက္ကရာဇ် ၂၇၅၁ခုနှစ် နှစ်သစ်ကူးမနက်ဟာ အေးချမ်းတဲ့ ရာသီအောက်မှာ လူတွေက ပွဲခင်းအတွင်းရော၊ အင်းစိန်လမ်းမထက်ကို ပါ ပြည့်လျှံထွက်နေပြီး အလံအလေးပြုတဲ့အချိန်မှာ Projector နဲ့ ထောင်ပြီး ပြသရတဲ့အထိ စည်ကားနေပါတယ်။

ဦးစောလှထွန်းက “ခန့်မှန်းခြေလူတွေကတော့ ထောင်သောင်းဂဏန်းနီးပါးလောက် ရှိမလား မသိဘူး။ ဟိုဘက်လမ်းမတွေကတော့ ကျနော်တို့ ဘာမှမ မြင်ရတော့ဘူး။ အရင်နှစ်လည်း အလံတင် အခမ်းအနားဆိုရင် ထောင်ပေါင်းများစွာပဲ ကြည့်ရတာတော့။”လို့ ပြောပါတယ်။

ကရင်လူမျိုးတွေဟာ မျိုးနွယ်စု၊ ကိုးကွယ်တဲ့ဘာသာ မတူကွဲပြားနေစေကာမူ နှစ်သစ်ကူးနေ့မှာ အမျိုးသားအလံတော်တစ်ခုတည်းအောက်မှာ လာရောက်စုဝေးမှုကို နှစ်သစ်ကူးနေ့မှာ ထင်ထင်ရှားရှား တွေ့မြင်နေရပါတယ်။

ပွဲလာရောက်သူ ရန်ကုန် မြို့ခံ ကရင်အမျိုးသမီး နော်ခိုင်က “လူတွေကတော့ ကြိတ်ကြိတ်တိုးပဲ။ ကျမဆို ဖိနပ်တောင် ကျွတ်ကျန်ခဲ့တယ်။ ဘုန်းကြီး ကျောင်းဝင်းထဲတော့ အပြည့်ပဲ။ ခြေချစရာတောင် မရှိဘူး။ အပြင်ဘက်ဈေးတန်းကလည်း မနည်းတိုးရတယ်။ ပြခန်းထဲမှာလည်း လူအပြည့်ပဲ။ တိုးလို့မရလို့ ကျမ မဝင်ခဲ့တော့ဘူး။”လို့ ပြောပါတယ်။

ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်က အာလိန်ငါးဆင့် ဘုန်းကြီးကျောင်းဝင်းမှာ ကရင်အမျိုးသား နှစ်သစ်ကူးနေ့ကို ကျင်းပလာခဲ့တာ ခရစ်သက္ကရာဇ် ၁၉၆၄ ခု၊ ကရင်သက္ကရာဇ် ၂၇ဝ၄ခုနှစ်မှာ ဖြစ်တယ်လို့လည်း ဦးစောလှထွန်းက ပြောပါတယ်။ “ဒီအာလိန်ငါးဆင့်မှာ ကရင်နှစ်သစ်ကူး ကျင်းပလာတာကတော့ ကျနော်တို့ နှစ်သစ်ကူးကျင်းပရေး ဗဟိုကော်မတီစဖွဲ့တဲ့ ၁၉၆၄ခုနှစ်ကတည်းကပါပဲ။ ဒါပေမဲ့ ကျင်းပတဲ့အကြိမ်ကို ရေတွက်မယ်ဆိုရင် ကရင်သက္ကရာဇ် ၂၇ဝ၄ခုနှစ်က စတွက်မှသာ မှန်မယ်လေ။”လို့ ဆိုပါတယ်။

ပုံမှန်အားဖြင့် နှစ်စဉ် ကျင်းပတိုင်းလည်း သတင်းနဲ့ ပြန်ကြားရေးပြခန်း၊ ကရင့်ရိုးရာ ယဉ်ကျေးမှုပြခန်းကို ပွဲလာပရိဿတ်တွေ ကြည့်ရှုလေ့လာဖို့ ခင်းကျင်းပြသထားလေ့ရှိသလို ဒီနှစ်ပွဲတော်ကို ဒီဇင်ဘာ ၂၄ရက်ကနေ ၂၆ရက်နေ့အထိ သုံးရက်သုံးည ပြုလုပ်ခဲ့တယ်လို့လည်း ကျင်းပရေး ဗဟိုကော်မတီက ပြောဆိုပါတယ်။
မနက်ပိုင်း အခမ်းအနား ဟောပြောပွဲ အစီအစဉ်အရ ခါတိုင်း မပါတာတစ်ခုက ရန်ကုန်တိုင်းဒေသကြီး အစိုးရ ကရင်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးစောထွန်း အောင်မြင့်က ကရင်အမျိုးသား၊ အမျိုးသမီးတွေကို နှိုးဆော်တဲ့အနေနဲ့ အချင်းချင်း စည်းလုံးညီညွှတ်ဖို့နဲ့ တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးကို ဖော် ဆောင်ဖို့ အမှာစကား ပြောကြားပါတယ်။

ဒီဇင်ဘာ ၂၅ရက်မနက်ပိုင်း အခမ်းအနားမှာ အရှေ့ပိုး၊ အနောက်ပိုး၊ စကောကရင် သုံးဘာသာနဲ့ ဖတ်ကြားသွားတဲ့ ကော်မတီရဲ့ သဝဏ်လွှာထဲမှာ “သဘောတရားမှသည် လက်တွေ့ရေးသို့”၊ “ကရင့်သမိုင်းနှင့် ယနေ့ ကရင်လူငယ်”ဆိုတဲ့ အချက်နှစ်ချက်ကို ထည့်သွင်းဖော်ပြသွားခဲ့ပါတယ်။

သဘောတရားမှသည် လက်တွေ့ရေးသို့” ဆိုတဲ့နေရာမှာ သဘောတရားကနေ လက်တွေ့ ဘယ်လိုလုပ်ငန်းတွေ လုပ်ကိုင်သင့်သလဲဆိုတာကို နှိုးဆော် ထားတယ်။ “ကရင့်သမိုင်းနဲ့ ကရင်လူငယ်” အပိုင်းမှာကျတော့ ကရင့်သမိုင်းကို ယနေ့လူငယ်တွေ လေ့လာတဲ့နေရာမှာ ပကတိအရှိအတိုင်း ဓမ္မဓိဌာန် ကျကျ၊ အာဃာတ အမုန်းတရားကင်းကင်းနဲ့ကြည့်ပြီး အချက်အလက်တွေကို တရား မျှမျှတတ ဖော်ထုတ်ပြီး ဘက်လိုက်မှုကင်းကင်းနဲ့ မိမိသိသင့်တဲ့အ ဖြေကို အကျိုးပြုမဲ့အပိုင်းတွေကို ဖော်ထုတ်လေ့လာပါဆိုပြီး ထောက်ပြထားတယ်။”လို့ ဦးစောလှထွန်းက ရှင်းပြပါတယ်။

ပွဲတော်ရက်မတိုင်ခင် လက်ဝှေ့ပွဲများ ကျင်းပပြုလုပ်ခဲ့ကြပြီး ရန်ကုန်တိုင်းက လှိုင်သာယာ၊ ရွှေပြည်သာ၊ အင်းစိန်-အောင်ဆန်း၊ လှိုင်မြို့နယ်နဲ့ ဧရာဝတီ တိုင်းက ပန်းတနော်၊ ဝါးခယ်မ၊ ညောင်တုန်းမြို့တွေက ပြိုင်ပွဲဝင်ဒုံး (၁၃)ဖွဲ့ ဝင်ရောက်ယှဉ်ပြိုင်ကြရာမှာ လှိုင်မြို့နယ်ဒုံးအဖွဲ့တွေက ပထမ၊ ဒုတိယ၊ တတိယ ဆုတွေကို အကုန် ဆွတ်ခူးသွားခဲ့ပါတယ်။ အဲဒီနောက် အထက်တန်းပညာကို ဂုဏ်ထူး ၁ဘာသာကနေ ၆ဘာသာအထိ ပညာရည်ချွန်ဆုရတဲ့ ကရင် ကျောင်းသူကျောင်းသား ၁၂၅ဦးနဲ့ ပွဲနောက်ဆုံးနေ့မှာ ဆုရတဲ့ဒုံးအဖွဲ့တွေကို နှစ်သစ်ကူးကျင်းပရေး ဗဟိုကော်မတီက ဆုချီးမြင့်သွားပါတယ်။

ဒီနှစ် ကရင်နှစ်သစ်ကူးနေ့က ဒီဇင်ဘာလ ၂၅ရက်နေ့ (ခရစ္စမတ်နေ့)နဲ့ တစ်ရက်တည်း ထူးခြားစွာ တိုက်ဆိုင်ကျရောက်နေတဲ့အတွက် ရန်ကုန်တိုင်း၊ အလုံမြို့နယ် ဘုရားကျောင်းဝင်းထဲက ကရင်နှစ်သစ်ကူးနေ့ပွဲတော်ဟာလည်း စည်ကားသိုက်မြိုက်လှပါတယ်။

ကရင် အပါအဝင် တိုင်းရင်းသားလူမျိုးများစွာ မှီတင်းနေထိုင်ကြတဲ့ မြန်မာပြည်က မျက်မှောက်ကာလမှာ ပြည်တွင်းစစ် ဖြစ်ပွားနေဆဲဖြစ်ပြီး ငြိမ်းချမ်းခြင်း ရဲ့ အရသာကို ပြည်သူတွေဟာ ငတ်မွတ်နေကြတာမို့ နှစ်သစ်ကူးပွဲသာ ဆင်နွဲရပေမဲ့ တမြေတည်းနေ၊ တရေတည်းသောက် တိုင်းရင်းသားတွေအားလုံး ကို ငြိမ်းချမ်းစေချင်ပါတယ်လို့ အသက် ၂ဝအရွယ် ပုသိမ်တက္ကသိုလ် သမိုင်းဘာသာ နောက်ဆုံးနှစ် ကရင်ကျောင်းသူတစ်ဦးက ခုလို နှစ်သစ်ဆုမွန် တောင်းလိုက်ပါတယ်။

ကရင်ပဲဖြစ်ဖြစ် ဘယ်တိုင်းရင်းသားပဲဖြစ်ဖြစ် ငြိမ်းချမ်းစေချင်တယ်။ အထူးသဖြင့် ကချင်ဒေသမှာ ဖြစ်နေတဲ့စစ်တွေကို ရပ်စေချင်တယ်။ အရင်က ကျမတို့ ကရင်ဘက်မှာ ဖြစ်ခဲ့ဖူးတယ်လေ။ ကိုယ်ချင်းစာပါတယ်။ ဘေးကင်းစေချင်ပါတယ်။”လို့ သူမက ဆိုပါတယ်။

လက်ရှိ တက်လာတဲ့ အစိုးရသစ်လက်ထက်မှာ ယခင်နဲ့မတူတဲ့ အသွင်ပြောင်းလဲမှုလေး တရိပ်ရိပ်ရှိလာနေပေမဲ့ ကုန်ဈေးနှုန်းတွေက မကျဆင်းသေးတဲ့အ ပေါ် နှစ်သစ်ဆုမွန်ပေးသူတစ်ဦးလည်း ရှိပါတယ်။ အသက် ၆၉နှစ်အရွယ် နမ့်ကျင်သိန်းက “နှစ်သစ်မှာ ကုန်ဈေးနှုန်းတွေ ကျပါစေ။ ငါတို့ပြည်သူတွေ စား ဝတ်နေရေး ပြေလည်ရင် အကောင်းဆုံးပဲလေ။”လို့ ကရင်နှစ်သစ်ကူးနေ့မှာ ပြောဆိုလိုက်ပါတယ်။

ကရင်ပြည်နယ်၊ ဘားအံမြို့မှာလည်း ပြည်နယ်အစိုးရက ဦးစီးကျင်းပတဲ့ ကရင်နှစ်သစ်ကူးနေ့ဟာလည်း ခါတိုင်းနှစ်လို အဖြစ်သဘောမျိုး မဟုတ်ဘဲ စည် ကားနေခဲ့တယ်လို့လည်း မြို့ခံလူထုက ပြောပါတယ်။ ပွဲကို ပြည်နယ်ကွင်း(သီရိကွင်း)မှာ ကျင်းပပြီး လက်ဝှေ့၊ စတိတ်ရှိုး(ကရင်၊ ဗမာသီချင်းများ)၊ ရိုးရာဒုံး အက၊ အောပွဲတို့အပြင် ဈေးပွဲတော်တို့လည်း ပါဝင်ပြီး ကရင်ပြည်နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင် ဒေါ်နန်းခင်ထွေးမြင့် ဦးဆောင်တဲ့ ကရင် လူငယ်တွေဟာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဒေါ်အောင်ဆန်းစုကြည်ပုံပါတဲ့ အင်္ကျီတွေကို ရောင်းချခဲ့ကြပါတယ်။

ဘားအံမြို့ အရှေ့ဖက်ခြမ်း တောင်ကလေးမှာရှိတဲ့ ကရင်ပညာကျေးရွာ (ဖလုံပညာတ်ုဝါန့်)မှာ ကျင်းပတဲ့ ကရင်နှစ်သစ်ကူးပွဲကတော့ ထူးခြားစွာ လောင်း ကစားပွဲတွေ မပါဝင်တာကို တွေ့ရပါတယ်။ အဲဒီပွဲကို ပြည်နယ် ကရင်စာပေနဲ့ ယဉ်ကျေးမှုကော်မတီရဲ့ နာယက ဆရာတော်ဦးပညာသာမိက ဦးစီးတာ ဖြစ်ပြီး ကရင့်ရိုးရာ အစစ်အမှန်ဖြစ်တဲ့ ကောက်သစ်စားပွဲ၊ နှစ်သစ်ဆုတောင်းပွဲတွေအပြင် ဒုံးစင်ရဲ့ တဖက်တချက်မှာ အမြင့်ပေ ၃ဝကျော်တဲ့ ကရင်မုဆိုးပုံ နဲ့ ကရင်လက်ဝှေ့သမားပုံကြီး နှစ်ပုံက ပွဲရဲ့ ထူးခြားမှုတစ်ခုပါ။
ဒီအနက်အဓိပ္ပါယ်မှာ ရှေးက ကရင်လူမျိုးတွေရဲ့ သစ္စာရှိမှုကို ဖော်ဆောင်တဲ့အနေနဲ့ လက်ဝှေ့သမားပုံ ဖော်ပြထားပြီး မုဆိုးပုံက ရှေးကရင်လူမျိုးတွေ ဝမ်း စာရေးအတွက် ရှာဖွေလုပ်ကိုင်ရတဲ့ အသက်မွေးလုပ်ငန်းကို ဖော်ညွှန်းခြင်းပဲလို့ ဆိုကြပါတယ်။

နှစ်သစ်ကူး သဝဏ်လွှာဖတ်ရတဲ့ နော်ယုဇနဝင်းက “ဒီနှစ်မှာ ရိုးရာမပျက် ကျင်းပတာကို ဂုဏ်ယူတယ်။ ဝမ်းသာတယ်။ နောက်ပြီး ဆရာတော်ရဲ့ သဝဏ် လွှာကို ဖတ်ရတာ အရမ်းအားရမိတယ်။ ဘာလို့လဲဆိုတော့ ပရိဿတ်တွေကို ထိထိမိမိ message ပေးနိုင်လို့လေ။”လို့ ဆိုပါတယ်။

ဒါ့အပြင် သူမက “ကရင်တွေဟာ ငြိမ်းချမ်းရေးကို တည်ဆောက်ဖို့ မဟာဗျူဟာ ချမှတ်ဖို့လိုတယ်။ ငြိမ်းချမ်းရေးဆိုတာ နှစ်ဦးနှစ်ဖက် စကားကို ပြေပြေ လည်လည် ပြောရုံနဲ့ ပြီးတဲ့အရာ မဟုတ်ဘူး။ ငြိမ်းချမ်းရေးတည်ဆောက်ဖို့ဆိုတာ plan ရှိရမယ်လေ။ ကိုယ်လိုချင်တာနဲ့ သူပေးချင်တာ စစ်တုရင် ကစား သလိုပါပဲ။ ဒီအကွက်ကို ရွှေ့ပြီးရင် နောက်ထပ် ဘယ်အကွက်ကို ထပ်ရွှေ့ပြီး ပန်းတိုင်ရောက်အောင် သွားမလဲဆိုတဲ့ plan ရှိရမယ်။”လို့ ငြိမ်းချမ်းရေးအ ပေါ် သူမရဲ့အမြင်ကို ပြောပါတယ်။

မြန်မာပြည်မှာ ကရင်နှစ်သစ်ကူးနေ့ကို ၁၉၃၆ခုနှစ်မှာ Karen National Association-KAN ကရင်အမျိုးသား အဖွဲ့နဲ့ ဝန်ကြီးအဖွဲ့ ၁ဝဦးရဲ့ စည်းဝေး ဆုံးဖြတ်ချက်အရ ဒေါက်တာဘမော်(ညွှန့်ပေါင်းအစိုးရ)ထံ အောက်ပါ အချက် ၃ချက်ကို တင်ပြတောင်းဆိုခဲ့ပါတယ်။
၁။ ကရင်နှစ်သစ်ကူးနေ့ အသိအမှတ်ပြုရေးနှင့် ကရင်အမျိုးသားနေ့ အတည်ပြုရေး
၂။ ကရင်အမျိုးသားသီချင်းကို အတည်ပြု သတ်မှတ်ရေး
၃။ ကရင်အမျိုးသားအလံတော်ကို အသိအမှတ်ပြုရေးတို့ ဖြစ်ပါတယ်။

ဒီအတွက် ၁၉၃၈ခုနှစ်မှာ ကရင်နှစ်သစ်ကူးနေ့၊ ကရင်အမျိုးသားသီချင်းနဲ့ ကရင်အမျိုးသားအလံတော်တို့ကို အတည်ပြု သတ်မှတ်ခံခဲ့ရပြီး ပြာသိုလဆန်း ၁ရက်နေ့ကို ကရင်နှစ်သစ်ကူးနေ့အဖြစ် ၁၉၃၈ခုနှစ်၊ အင်္ဂလိပ်အစိုးရမင်းများ လက်ထက်က စတင် အသိအမှတ်ပြုခဲ့လို့ တရားဝင် ရုံးပိတ်ရက် (Gazette Holiday)အဖြစ် သတ်မှတ်ခဲ့တဲ့အတွက် အဲဒီနေ့ရောက်တိုင်း ကျောင်း၊ ရုံးနဲ့ အလုပ်ရုံတွေ ပိတ်ရပြီး ယနေ့အထိ မြန်မာပြည်မှာ သမိုင်းဝင်နေ့ရက် တစ် ရက်အဖြစ် တည်နေဆဲဖြစ်ပါတယ်။

အလားတူ ၂ဝဝ၆ခုနှစ်ကတည်းက အမေရိကန်၊ ကနေဒါ၊ သြစတြေးလျား၊ နယူးဇီလန်၊ နော်ဝေ၊ အင်္ဂလန်၊ ဆွီဒင်၊ ဂျပန်၊ ကိုရီးယား၊ မလေးရှားနဲ့ ထိုင်းနိုင်ငံ စတဲ့ ကမ္ဘာတစ်လွှား ရောက်ရှိနေထိုင်ကြတဲ့ ကရင်လူမျိုးတွေကလည်း ၂၇၅၁နှစ်မြောက် ကရင်နှစ်သစ်ကူးနေ့ကို သောင်းသောင်းဖျဖျ ကြိုဆိုရင်း အစည်ကားဆုံး နှစ်ကူးပွဲတော်ကို ကျင်းပပြုလုပ်ခဲ့ကြပါတယ်။”

နိုင်/ကျဉ်း မိသားစုဝင်များအား အမေရိကန် အောက်လွှတ်တော်အမတ် တွေ့ဆုံ
By featured, လင်းသန့် on January 12, ဧရာဝတီ

အမေရိကန် ပြည်ထောင်စု အောက်လွှတ်တော် အမတ် မစ္စတာ ဂျိုး ခရိုလီနှင့် အဖွဲ့သည် ယနေ့ ညနေ ၄ နာရီက နိုင်ငံရေး အကျဉ်းသား မိသားစုဝင် တချို့နှင့် ရန်ကုန်တွင်တွေ့ဆုံခဲ့သည်။

နှစ်ရှည် ထောင်ဒဏ်ကျခံနေရ သော ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် များဖြစ်သည့် ကိုပြုံးချို၊ ကိုမြအေး၊ ကိုမင်းဇေယျ၊ မမီးမီး () မသင်းသင်းအောင်၊ ကိုဒီငြိမ်းလင်း၊ ကိုစည်သူဇေယျ အစရှိသည်တို့၏ မိသားစုဝင်များနှင့် အတူ ရန်ကုန်မြို့က နိုင်ငံရေး အကျဉ်းသားဟောင်း ရှေ့နေ ဦးအောင်သိန်း အပါအ၀င် စုစုပေါင်း ၁၂ ဦးတို့အား မစ္စတာ ခရိုလီနှင့်အဖွဲ့က ရန်ကုန်မြို့ အမှတ် ၁၄ တော်ဝင်လမ်းရှိ အမေရိကန် စင်တာ၌ တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

ကျနော်တို့ ၁ နာရီကျော် တွေ့ကြတယ်။ အဓိကသူက တရားဥပဒေ ကိစ္စတွေမေးတာဆွေးနွေးဖြစ်တယ်။ နိုင်ငံရေး အကျဉ်းသားကိစ္စတွေ လွတ်ရေးနဲ့ တိုင်းရင်းသားဒေသတွေမှာ ငြိမ်းချမ်းရေးရဖို့ ကိစ္စတွေကိုလည်း အဓိကထား ဆွေးနွေးတယ်” ဟု ရှေ့နေ ဦးအောင်သိန်းက ဧရာဝတီသို့ ပြောသည်။

အကျဉ်းကျ ၈၈ မျိုးဆက်ကျောင်းသားများ၏ မိသားစုဝင်များကလည်း လွတ်ငြိမ်းချမ်းသာရေးကိစ္စ၊ နိုင်ငံရေး အကျဉ်းသား လွတ်မြောက်ရေး ကိစ္စ၊ အကျဉ်းထောင်များရှိ နိုင်ငံရေးအကျဉ်းသားများ အခြေအနေ၊ ထောင်ဝင်စာ သွားရောက်တွေ့နေ ရသည့် ဒုက္ခများကို ဆွေးနွေးပြောဆိုခဲ့ကြောင်း ဒီငြိမ်းလင်း၏ မိခင် ဒေါ်ဌေးဌေးဝင်းက ဆိုသည်။

ဒီမိုကရေစီ နိုင်ငံထူထောင်ရာတွင် အတူပူးပေါင်း လက်တွဲ လုပ်ဆောင်နိုင်ရန်အတွက် နိုင်ငံရေးအကျဉ်းသားများ အမြန်ဆုံး လွှတ်ပေးရေးသည် အရေးကြီးကြောင်း မစ္စတာ ခရိုလီက ပြောခဲ့သည်ဟု ဆွေးနွေးပွဲတွင် ပါဝင်သူများက ပြောသည်။

နိုင်ငံရေး အကျဉ်းသား၏ အဓိပ္ပာယ်ဖွင့်ဆိုချက်များနှင့် ၎င်းတို့ အမြန်ဆုံး ပြန်လည်လွတ်မြောက်ရေး၊ တရားရင်ဆိုင်ရပုံ၊ ထောင်တွင်း နေထိုင်ရသည့် ပုံစံ စသည်တို့ကို ဥပဒေရှုဒေါင့်မှ အသေးစိတ် မေးမြန်းဆွေးနွေးခဲ့ကြသည်ဟု ဦးအောင်သိန်းက ဆိုသည်။

သူကတော့ ထိတွေ့ ဆက်ဆံမှုကို လုပ်နေတာပဲဗျ။ ဘယ်လောက်အောင်မြင်မယ်၊ မအောင်မြင်ဘူး ဆိုတာ လောလောဆယ် ပြောလို့မရသေးဘူး။ အမေရိကန်အနေနဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးမှာ ထိတွေ့ဆက်ဆံလာ တာ ကောင်းပါတယ်။ ဒါပေမယ့် ဘယ်လောက်အထိ ထဲထဲဝင်ဝင် ပြုပြင်ပြောင်းလဲရေးတွေကို တွန်းအားပေးနိုင်မလဲ ဆိုတာတော့ ကျနော်တို့ ပြောလို့မရပါဘူး” ဟု ဦးအောင်သိန်းက ဆက်ပြောသည်။

မစ္စတာ ခရိုလီနှင့်အတူ ရန်ကုန်ရှိ အမေရိကန်သံရုံးမှ တာဝန်ရှိသူတချို့လည်းပါဝင်းကြောင်း၊ ယခုကဲ့သို့ နွေးထွေးစွာ တွေ့ဆုံ ပြောဆိုခဲ့ရသည်ကို အားရကျေနပ် ကြကြောင်း ဆွေးနွေးပွဲတွင်ပါဝင်ခဲ့သူများထံမှ သိရသည်။

မစ္စတာ ဂျိုး ခရိုလီသည် ယနေ့ ဇန်န၀ါရီလ ၁၂ ရက်နေ့မှ စတင်ကာ ၂ ရက်တာ ခရီး အစီအစဉ်ဖြင့် မြန်မာနိုင်ငံသို့ ရောက်ရှိနေခြင်း ဖြစ်သည်။

ယနေ့ညနေ မြန်မာ့ရုပ်မြင်သံကြား၏ ၆ နာရီသတင်းတွင် နိုင်ငံတော်သမ္မတ အမိန့်ဖြင့် အကျဉ်းသား ၆၅၁ ဦးကို မနက်ဖြန် ဇန်နဝါရီ ၁၃ ရက်နေ့မှ စတင်လွှတ်ပေးမည်ဟု ကြေညာခဲ့သည်။ ထိုအထဲတွင် နိုင်ငံရေးအကျဉ်းသား မည်မျှ ပါဝင်မည်ကို မသိရသေးပေ။

ကိုယ်စားလှယ်လောင်းစာရင်း NLD ထုတ်ပြန်
By featured, ရန်ပိုင် on January 12, ဧရာဝတီ
ကြားဖြတ်ရွေးကောက်ပွဲတွင် ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းတချို့၏ အမည်စာရင်းကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က ယနေ့ ထုတ်ပြန်ရာ ပါတီနှင့်နီးစပ်သူ ၃ ဦး ပါဝင်နေသည်ကို တွေ့ရသည်။

၂၀၁၁ နိုဝင်ဘာလက ရန်ကုန်မြို့ NLD ရုံးချုပ်ရှေ့တွင် တွေ့ရသော ဒေါ်အောင်ဆန်းစုကြည် (ဓာတ်ပုံ - ဧရာဝတီ)

ထို ၃ ဦး မှာ နိုင်ငံရေးအကျဉ်းသားဟောင်း ကိုဖြိုးမင်းသိန်း၊ ပြီးခဲ့သည့်တနှစ်အတွင်း ဒေါ်အောင်ဆန်းစုကြည်အား အနီးကပ် ကူညီခဲ့သူ ဒေါ်စုစုလွင်၊ စိုက်ပျိုးရေးပညာရှင် ဦးစိန်ဝင်းဟန်တို့ ဖြစ်သည်။

ကြားဖြတ်ရွေးကောက်ပွဲမှာ ၄၈ နေရာစလုံး အနိုင်ရချင်တယ်၊ ဒါကြောင့် နိုင်ခြေရှိပြီး အလားအလာ ကောင်းသူတွေကို ရွေးထားတာ” ဟု ပါတီပြောခွင့်ရ ပုဂ္ဂိုလ် ဦးအုန်းကြိုင်က ပြောသည်။

ဒေါ်စုစုလွင်သည် မကြာသေးမီက ကွယ်လွန်သွားသူ NLD ခေါင်းဆောင်ဟောင်း ဦးလွင်၏ သမီး ဖြစ်ပြီး ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ဖခင်ဖြစ်သူ အနိုင်ရခဲ့သည့် ရန်ကုန်တိုင်း သုံးခွမြို့နယ် မဲဆန္ဒနယ်တွင် ၀င်ပြိုင်ရန် စီစဉ်ထားသည်။

NLD ကို ၀န်းရံသူ ကိုဖြိုးမင်းသိန်းက လှည်းကူးမြို့နယ် မဲဆန္ဒနယ်၊ NLD တွင် မြေယာကဏ္ဍ ပညာပေးဟောပြောခဲ့သူ ဦးစိန်ဝင်းဟန်က မအူပင်မြို့နယ်တွင် ၀င်ပြိုင်ကြမည် ဖြစ်သည်။

ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မှ ၀င်ရောက် ယှဉ်ပြိုင်မည် ဖြစ်သည်။

ဒေါက်တာဒေါ်မေ၀င်းမြင့်၊ လူငယ်ခေါင်းဆောင်များ ဖြစ်သည့် မဖြူဖြူသင်း၊ ကိုသိမ်းဆွေတို့ကိုလည်း ယနေ့ ထုတ်ပြန်သည့် ကိုယ်စားလှယ်လောင်းစာရင်းတွင် တွေ့ရသည်။

ကိုဖြိုးမင်းသိန်းက လူငယ် မျိုးဆက်များကို ရွေးချယ်ခြင်း အတွက် ၀မ်းသာကြောင်း၊ ဒီမိုကရေစီ အရေးကို ဆက်လက် လုပ်ဆောင်မည် ဖြစ်ကြောင်း၊ မကြာခင် လှည်းကူးမြို့သို့ သွားရောက် မဲဆွယ်မည် ဖြစ်ကြောင်း ဧရာဝတီကို ပြောသည်။

NLD ၏ ယနေ့ထုတ်ပြန်ချက်မှာ ရန်ကုန်၊ ပဲခူး၊ ဧရာဝတီ၊ ရှမ်း၊ မွန်၊ မန္တလေး စသည့် ဒေသများရှိ လစ်လပ်နေသည့် မဲဆန္ဒနယ် ၂၂ ခု အတွက် ကိုယ်စားလှယ်လောင်းစာရင်းဖြစ်ပြီး ကျန် ၂၆ နေရာအတွက် အမည်စာရင်းကို မကြာမီ ထုတ်ပြန်မည်ဟု NLD က ပြောသည်။

ကိုယ်စားလှယ်လောင်းများမှာ ဒေသတွင်းရှိ ပြည်သူများ နှစ်သက်သူ ပါတီဝင်များက ရွေးချယ်ထားသူများဖြစ်ကြောင်း၊ ပညာအရည်အချင်းရှိပြီး နိုင်ငံရေး လူမှုရေး အတွေ့အကြုံ ရှိသူများ ဖြစ်ကြောင်း၊ ဒီမိုကရေစီလှုပ်ရှားမှုကို သစ္စာစောင့်သိသူများ၊ တိုင်းရင်းသားများ၊ အမျိုးသမီးများ၊ လူငယ်များကို ဦးစားပေး ရွေးချယ်ကြကြောင်း သိရသည်။

ယခုရွေးချယ်မှုကို အောက်ခြေနှင့် ဗဟိုခေါင်းဆောင်ပိုင်းတို့ ပါတီတွင်း ညှိနှိုင်းပြီး ရွေးချယ်ထားခြင်းဖြစ်သည်ဟု သိရသည်။

ပြီးခဲ့သည် ၁၉၉၀ ရွေးကောက်ပွဲအတွက် ပါတီ၏ ကိုယ်စားလှယ်လောင်း ရွေးချယ်ရာတွင် ဗဟိုနှင့် အောက်ခြေ ပါတီဝင်ထု အကြား သဘော ကွဲလွဲမှုများ ဖြစ်ပေါ်ခဲ့သည်။

ကြားဖြတ်ရွေးကောက်ပွဲကို ဧပြီ ၁ ရက်နေ့တွင် ကျင်းပမည်ဟု ရွေးကောက်ပွဲ ကော်မရှင်က ကြေညာထားသည်။

ကရင်ဒေသ အပစ်ရပ်ရန် သဘောတူ
By featured, သန်းထိုက်ဦး on January 12, ဧရာဝတီ

အစိုးရ နှင့် ကရင်အမျိုးသား အစည်းအရုံး (KNU) တို့၏ ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့များ ဘားအံမြို့တွင် ယနေ့ တွေ့ဆုံ ဆွေးနွေးပြီး အပစ်အခတ် ရပ်စဲရန် အတွက်သဘောတူ လိုက်ကြသည်။

သဘောတူညီချက်များတွင် ဆက်ဆံရေးရုံးများ ဖွင့်ရန်၊ ထိန်းချုပ်နယ်မြေတွင် ဖြတ်သန်းသွားလာသည့်အခါ လက်နက် ကိုင်ဆောင်ခြင်း မပြုရန်တို့လည်း ပါဝင်ကြောင်း ဆွေးနွေးပွဲ တက်ရောက်ခဲ့သည့် ငြိမ်းချမ်းရေးအကျိုးဆောင် ဦးငွေစိုးက ဧရာဝတီသို့ ပြောသည်။

မြန်မာပြည်အနှံ့ အမြန်ဆုံး အပစ်အခတ် ရပ်စဲရေး၊ အကျဉ်းသားများ လွှတ်ပေးရေး၊ လုပ်အားပေး စေခိုင်းခြင်း မပြုလုပ်ရန် စသဖြင့် အချက် ၁၁ ချက်ကိုလည်း KNU က တောင်းဆိုထားသည်။

ဆက်လက် ဆွေးနွေးဖို့ ရှိသေးတယ်၊ အဲဒီ ၁၁ ချက်မှာ ပါတဲ့ မူဝါဒတွေ၊ ဒါတွေ အကုန်လုံးကို ပြည်ထောင်စု အဆင့်မှာ တခုစီ ဖြေရှင်းသွားမယ်” ဟု Dawei Princess ကုမ္ပဏီမှ မန်နေးဂျင်းဒါရိုက်တာ ဦးငွေစိုးကဆိုသည်။

ပြည်ထောင်စု အဆင့် ဆွေးနွေးပွဲကို ၄၅ ရက် အတွင်း ပြုလုပ်ရန် စီစဉ်ထားကြောင်း သိရသည်။

KNU မှ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုး ဦးဆောင်သော ကိုယ်စားလှယ် တချို့နှင့် ပြည်ထောင်စု ၀န်ကြီး အဆင့် ရထား ၀န်ကြီး ဦးအောင်မင်း၊ ဦးစိုးသိန်းနှင့် ဦးခင်ရီတို့က လက်မှတ်ရေးထိုးကြကြောင်း ဦးငွေစိုးက ပြောသည်။

ယမန်နေ့ညက ဘားအံမြို့ ဇွဲကပင်ဟိုတယ်တွင် နှစ်ဘက်ကိုယ်စားလှယ်တို့ တွေ့ဆုံပြီး ညစာစားခဲ့ကြသည်။

နိုဝင်ဘာလ ၁၅ ရက်နေ့တွင် ၀န်ကြီး ဦးအောင်မင်းက KNU တပ်ဖွဲ့မှ ကိုယ်စားလှယ်များကို ငြိမ်းချမ်းရေး တွေ့ဆုံ ဆွေးနွေးရန် တရားဝင် ကမ်းလှမ်းခဲ့သည်။ ထိုကမ်းလှမ်းမှု ပေါ်ပေါက်လာပြီး နောက်ပိုင်း KNU ကလည်း တွေ့ဆုံရန် ပြင်ဆင်ထားခဲ့သည်။

နိုဝင်ဘာ ၁၉ နှင့် ၂၀ ရက်နေ့ကလည်း ထိုင်း-မြန်မာနယ်စပ် တနေရာ၌ ရထားပို့ဆောင်ရေး ၀န်ကြီး ဦးအောင်မင်း ဦးဆောင်သည့် ကိုယ်စားလှယ်များနှင့် KNU ခေါင်းဆောင်တချို့ အလွတ်သဘော ညှိနှိုင်းခဲ့ကြောင်း သိရသည်။

KNU သည် အမျိုးသား တန်းတူရေး၊ ကိုယ်ပိုင် ပြဌာန်းခွင့် ရရှိရေးတို့ အတွက် အစိုးရ အဆက်ဆက်ကို ဆန့်ကျင် တော်လှန်ခဲ့သည်မှာ ၆၂ နှစ် ရှိပြီ ဖြစ်သည်။

KNU လှုပ်ရှားသည့် ထိုင်းမြန်မာနယ်စပ်တွင် တိုက်ပွဲများ ငြိမ်သက်နေသော်လည်း မြန်မာပြည်မြောက်ပိုင်း ကချင် လွတ်မြောက်ရေး တပ်မတော် ထိန်းချုပ်သည့် နေရာများတွင် တိုက်ခိုက်မှုများ အဆက်မပြတ် ဖြစ်ပွားနေသည်မှာ ၇ လ ကြာပြီ ဖြစ်သည်။

ကချင်စစ်ဘေး ဒုက္ခသည်များအား ပရဟိတအသင်းများက ဒုတိယအကြိမ်လှူဒါန်း
By featured, ရန်ပိုင် on January 12, 2012 ဧရာဝတီ

တိုက်ပွဲကြောင့် ထွက်ပြေးနေရသည့် ကချင်ပြည်နယ် ဗန်းမော်မြို့ရှိ ဒုက္ခသည်များကို ရန်ကုန်နှင့် မန္တလေး အခြေစိုက် လူမှုရေး ပရဟိတ အသင်းများက ဒုတိယအကြိမ်အဖြစ် ယနေ့တွင် သွားရောက်လှူဒါန်းကြောင်း သတင်းရသည်။

ယခုလှူဒါန်းမှုတွင် ဦးကျော်သူဦးဆောင်သည့် ရန်ကုန် နာမှုကူညီရေးအသင်း၊ မန္တလေးမြို့ရှိ ဘ၀အလင်း ပရဟိတ အသင်းနှင့် ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ကြပြီး ငွေကျပ်သိန်း ၃၀၀ ကျော် နှင့် ဆန်အိတ် ၆၄ အိတ်၊ ကျပ် သိန်း ၁၀၀ နီးပါး တန်ဘိုးရှိသည့် အနွေးထည်၊ စောင်နှင့် အ၀တ်အထည်များအပြင် အစားအသောက်များ ပါဝင်ကြောင်းသိရသည်။

ဗန်းမော်မြို့ပေါ်ရှိ ခရစ်ယာန်ဘုရားကျောင်း ၆ ကျောင်းတွင် ဒုက္ခသည် စခန်းများ ဖွင့်လှစ်ထားပြီး ဦးတူးဂျာဦး စီးသည့် ရောဘတ် ဘုရားကျောင်းတွင် ဒုက္ခသည် ဦးရေ ၁၇၂၀ ရှိကြောင်း သွားရောက်ကူညီနေသည့် ဘ၀အလင်း ပရဟိတအသင်းမှ မယုက ပြော သည်။

အဆုတ်၊ တီဘီ၊ ငှက်ဖျားရောဂါဖြစ်နေတဲ့ လူနာ ၈၀ လောက်ရှိတယ် ဆရာဝန်လုံးဝမရှိဘူး။ အစားအသောက်အတွက် အလှူရှင် နည်းနည်းပဲ လာတယ်။ စခန်းတာဝန်ခံကိုယ်တိုင်က အခြေအနေကို မထိန်းနိုင်တော့ဘူး” ဟု သူကဆိုသည်။

ဒုက္ခသည်များအတွက် နေ့စဉ် ဆန်နှင့်ဆီကိုသာ ပေးအပ်နိုင်ပြီး တနေ့လျှင် ဆန် ၁၄ အိတ် ကုန်ကျကြောင်း၊ လက်ရှိအခြေအနေ တွင် ဆန်ပြတ်လပ်မှုနှင့် ကြုံတွေ့နေရကြောင်း၊ ဒုက္ခသည် မိသားစုတချို့မှာ ဗန်းမော်မြို့ပေါ် ရပ်ကွက်များအတွင်း အ၀တ် လျှော်ခြင်း၊ ကာယလုပ်သားအဖြစ် ၀င်ရောက်လုပ်ကိုင်ခြင်းများ ပြုလုပ်နေရကြောင်း မယုကဆက်ပြောသည်။

ဒုက္ခသည်အများစုမှာ နမ့်ဆန်ယန်တောင်ပေါ် ဒေသမှ ဖြစ်ပြီး ကလေးများနှင့် ကိုယ်ဝန်ဆောင် မိခင် ပိုမိုများပြားကြောင်း၊ ယခုအခါ ကျန်းမာရေး စောင့်ရှောက်မှုအတွက် ဗန်းမော်မြို့ရှိ ဒေသခံဆရာဝန်ကို အကူအညီတောင်းထားကြောင်း သိရသည်။

အဆိုပါ ဒုက္ခသည်စခန်းများသည် မြန်မာ့တပ်မတော်နှင့် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) တို့ စတင်တိုက်ပွဲ ဖြစ်ပွားခဲ့သည့် ဇွန်လနောက်ပိုင်းတွင် ဖွင့်လှစ်ခဲ့ရခြင်း ဖြစ်သော်လည်း ကချင်ပြည်နယ် အစိုးရနှင့် ဒေသဆိုင်ရာ အာဏာပိုင်များထံမှ ကူညီမှု အနည်းငယ်သာ ရရှိကြောင်းသိရသည်။

ဘ၀အလင်း ပရဟိတအသင်းမှ ဆရာတော် ဦးဥတ္တမသာရ ကလည်း “ဘာသာခြားတွေကို စည်းရုံးတဲ့အနေနဲ့ သာသနာပြုတဲ့ပုံစံမျိုး လှူဒါန်းတာ မဟုတ်ပါဘူး။ လူသားချင်း စာနာတဲ့အနေနဲ့ ကိုယ့်နိုင်ငံထဲမှာ ဒုက္ခရောက်နေသူကို အကူအညီပေးတဲ့ သဘောပါ” ဟု မိန့်သည်။

ယခုကဲ့သို့ လှူဒါန်းနိုင်ရန်အတွက် ဘ၀အလင်း ပရဟိတအသင်းသားများ အနေဖြင့် သန့်ရှင်းရေးနှင့် လုပ်အားပေးလုပ်ငန်းတချို့ကို ပြုလုပ်ပြီး ရန်ပုံငွေရှာဖွေ ခဲ့ရကြောင်း၊ လူမှုရေးလုပ်ကိုင်နေသည့် ပရဟိတ အသင်းများ အနေဖြင့် သဘာဝ ဘေးအန္တရာယ် ကျရောက်ခြင်းနှင့် ပတ်သက်သည့် ဒုက္ခသည်များကို ကူညီရသည်မှာ ပိုမိုသဘာဝကျသည်ဟု ထင်ကြောင်း၊ မိမိ အတ္တကို ရှေ့တန်းတင်၍ တိုက်ခိုက်နေသည့် တိုက်ပွဲများကို ရပ်ဆိုင်းစေလိုကြောင်း ဆရာတော်က ဆက်လက် ပြောဆိုသည်။

ဗန်းမော်မြို့နှင့် ၁၅ မိုင်ခန့်ကွာသည့် မန်စီဒေသတွင် လွန်ခဲ့သည့်နှစ်ရက်ခန့်က တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း၊ ကူညီရေး ပစ္စည်းများ တင်ဆောင်လာသည့် ကားတန်းမှာ လမ်းတလျှောက်တွင် မီးဖွင့်မောင်းရခြင်း၊ ကားတံခါးမှန်များကို ချ၍ မောင်းနှင်ရခြင်း စသည့် စည်းကမ်းချက်များအား လိုက်နာခဲ့ရကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်ကြောင့် ကော့မှူးသားများ ၀မ်းမြောက်
By featured, လင်းသန့် on January 12, ဧရာဝတီ

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ကြားဖြတ် ရွေးကောက်ပွဲတွင် ၀င်ရောက် ယှဉ်ပြိုင်ရန် ရန်ကုန်တိုင်း ကော့မှူးမြို့နယ်ကိုရွေးချယ်ထားသဖြင့် ထိုဒေသရှိ ပြည်သူများ၊ နိုင်ငံရေးသမားများက ဂုဏ်ယူ ၀မ်းသာနေကြသည်။

ကျနော်ကတော့ ပျော်ရွှင်ပြီးတော့ ကောင်းကင်မှာ လွင့်နေသလိုတောင် အောင့်မေ့တယ်ဗျ၊ လူတွေကလည်း တခဲနက် ထောက်ခံနေကြတယ်” ဟု NLD ၏ ကော့မှူးမြို့နယ် ရွေးကောက်ပွဲ အောင်နိုင်ရေး ကော်မတီ တာဝန်ခံ ဦးအေးသိန်းက ပြောသည်။

ယနေ့ နံနက်ပိုင်းက မြို့ကုန်း၊ တရုတ်ကုန်း၊ ဆားပန်းကန် ကျေးရွာ ၃ ခုသို့ သွားရောက်ပြီး ဒေသခံများနှင့် သွားရောက် ဆွေးနွေးရာ ဒေသခံများ အလွန် စိတ်အားထက်သန်နေကြကြောင်း သူက ဆက်ပြောသည်။

ယခုအခါ ရွာပေါင်း ၈ ရွာ ခန့်ကို ရောက်ရှိပြီးဖြစ်ကြောင်း၊ ယခုလ တတိယပတ်ခန့်တွင် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ကော့မှူးသို့ လာရောက်နိုင်မည်ဟု မျှော်လင့်ထားကြောင်း ဦးအေးသိန်းက ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်၏ မဲဆန္ဒနယ်မြေအတွက် ဦးဆောင် လှုပ်ရှားသူများထဲတွင် လယ်သမားအရေး ဆောင်ရွက်သူ ကော့မှူးဒေသခံ မစုစုနွေးလည်း ပါဝင်သည်။

အမေစုအတွက် ကျမတို့ ကော့မှူးမြို့နယ်က နယ်တွေ ဆင်းပြီး ရပ်ကွက်/ကျေးရွာ အောင်နိုင်ရေး အဖွဲ့တွေနဲ့ တွေ့နေတာ။ ဒေသခံတွေက အရမ်းကို ၀မ်းသာ ဂုဏ်ယူနေကြတယ်” ဟု မစုစုနွေးက ဧရာဝတီကို ပြောသည်။

အခုလို ဒေါ်အောင်ဆန်းစုကြည်လို ပုဂ္ဂိုလ်မျိုး ကျနော်တို့ မြို့နယ်က ၀င်ပြိုင်မယ် ဆိုတော့ အလွန် ၀မ်းသာ ဂုဏ်ယူတာပေါ့ဗျာ။ အခုလို လက်တွဲလုပ်တာကို မျှော်လင့်နေတာ၊ အကောင်းဆုံး ဖြစ်မယ်လို့ မျှော်လင့်တယ်” ဟု ဆားပန်းကန်ကျေးရွာမှ NLD ပါတီဝင် မဟုတ်သော ဒေသခံ တဦးဖြစ်သူ ဦးမြင့်အောင်က ပြောသည်။

ဒေါ်အောင်ဆန်းစုကြည် နဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် … အောင်ရမည်၊ အောင်ရမည်” ဟု ဆားပန်းကန်မှ ရွာသူ၊ ရွာသားများက ကြွေးကြော်နေကြသည်ဟု ဆိုသည်။

ကော့မှူးတွင် မဲဆွယ်စဉ် အာဏာပိုင်များက သတင်း မှတ်တမ်း ယူသော်လည်း တားဆီးနှောင့်ယှက်ခြင်း မရှိဟု သိရသည်။

ရန်ကုန်မြို့မှ မိုင် ၆၀ ခန့် အကွာအဝေးတွင် ရှိသည့် ကော့မှူးတွင် မဲဆန္ဒနယ် တခုသာရှိပြီး ယခု ကြားဖြတ် ရွေးကောက်ပွဲတွင် မဲထည့်နိုင်သူ အရေအတွက် ရှစ်သောင်း ကျော်ရှိသည်။

ကော့မှူးတွင် ၂၀၁၀ ရွေးကောက်ပွဲ ကျင်းပစဉ် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ နှင့် တခြား ပါတီ ၃ ခု ၀င်ရောက် ယှဉ်ပြိုင်ခဲ့သည်။

အာဏာရ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကလည်း ကော့မှူးတွင် စည်းရုံးရေးဆင်းနေပြီး ကိုယ်စားလှယ်လောင်းအမည်ကို မသိရသေးပေ။

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကတော့ အရင်တုန်းကလို ဘိလပ်မြေလေးပေး၊ လမ်းလေးဖောက် လုပ်ပေးပြီး သူတို့က လှုပ်ရှားနေတယ်” ဟု ကော့မှူး NLD မှ ဦးအေးသိန်းက ဆိုသည်။

ဒေသခံ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဝင်များလည်း ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံမဲပေးမည့် လက္ခဏာများ ရှိနေကြောင်း၊ မသမာမှုများ ကင်းစင်ပြီး တရားမျှတပြီး လွတ်လပ်သည့် ရွေးကောက်ပွဲဖြစ် လာမည်ဟု မျှော်လင့်ကြောင်း ဦးအေးသိန်းက ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်က ကျိန်းသေပေါက် နိုင်မှာပါခင်ဗျ၊ ကြံ့ခိုင်ရေးပါတီဝင်တွေကလည်း သူတို့ ပါတီကို သိပ်ကြိုက်တော့တာ မဟုတ်ဘူးခင်ဗျ” ဟု သူက ဆက်ပြောသည်။

မဲဆန္ဒနယ် ၄၈ နေရာအတွက် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် NLD ပါတီအား ကိုယ်စားပြုပြီး ၀င်ရောက် ယှဉ်ပြိုင်သူစာရင်းကို ကြာသပတေးနေ့ NLD ပါတီ အစည်းအဝေးတွင် အပြီးသတ် ရွေးချယ်မည်ဟု ပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဦးအုန်းကြိုင်က ပြောသည်။
ချင်း CNF ပဏာမ သဘောတူညီချက် သျှမ်းထက် ၅ ချက်ပို
ဗုဒ္ဓဟူးနေ့၊ ဇန်နဝါရီလ 11 သျှမ်းသံတော်ဆင့်သတင်း

ယခုလဆန်းပိုင်းက ချင်းပြည်နယ်အစိုးရနှင့်ချင်းအမျိုးသားတပ်ဦး CNF တို့တွေ့ဆုံဆွေးနွေး သဘောတူချက်၌ CNF အတွက် နယ်မြေဒေသဖွံ့ဖြိုးတိုးတက်ရေးသတ်မှတ်ချက်အပါအဝင် သျှမ်းပြည်တပ်မတော်၏တောင်းဆိုချက်ထက် ၅ ချက် ပိုကြောင်း လေ့လာသူများက သုံးသပ်ပါသည်။

သဘောတူညီချက် ၉ ချက်ထဲက ဒုတိယအချက်မှာ CNF လှုပ်ရှားဖို့နယ်မြေသတ်မှတ်ချက်ပါတာ ကိုတွေ့ရတယ်။ နှစ်ဖက် ဆက်သွယ်ရေးရုံးကို ထန်တလန်းမြို့မှာဖွင့်မယ်။ တီးတိန်နဲ့မတူပီမှာဆက်လက် ဖွင့်နိုင်အောင် ကြိုးစားသွားကြ မယ်။ CNF အနေနဲ့ ထန်တလန်းမြို့နယ်ထဲက ၃ အုပ်စုမှာ အခြေချဖို့ သဘောတူတယ်- စတာတွေကိုတွေ့ရတယ်။ တခြားအဖွဲ့အစည်း တွေထက်စာရင် သူတို့တွေရတဲ့သဘော တူညီချက်က ထူးခြားတယ် ” ဟု သျှမ်းပြည်အရေးလေ့ လာသည့် သျှမ်းတပ် အရာရှိဟောင်း တဦးကပြောသည်။

ယခုလ ၅ ရက်နေ့က ချင်းအမျိုးသားတပ်ဦး CNF နှင့် ချင်းပြည်နယ်အစိုးရတို့ တွေ့ဆုံခဲ့ကြခြင်းဖြစ်ပြီး အစိုးရဖက်မှ (အ ပစ်ရပ်ရေး၊ ကိုယ်စားလှယ်ရုံးဖွင့်လှစ်ရေး၊ အခြားတဘက်နယ်မြေဖြတ်သန်းရာတွင် လက်နက်မကိုင်ဆောင်ရေး၊ ထပ်မံ တွေ့ဆုံရင် အချိန်နေရာသတ်မှတ်ရေး) ပါ အချက် ၄ ချက်အပြင် ချင်းအမျိုးသားတပ်ဦးမှတင်ပြသော အချက် ၅ ချက် စုစုပေါင်း ၉ ချက်ကို လက်မှတ်ရေးထိုးခဲ့ကြကြောင်း ချင်းလဲန်း ဂါးဒီယဲန်း၌ရေးသားဖော်ပြထားသည်။

ချင်းအမျိုးသားတပ်ဦးမှ တောင်းဆိုသည့် အချက် ၅ ချက်အား ၁- ပြည်ထောင်စုအဆင့်ဆွေးနွေးရန်အတွက် CNF/ CNA နှင့်ပြည်သူလူထုလွတ်လပ်စွာတွေ့ဆုံဆွေးနွေးနိုင်ကြောင်း၊ ၂- ဒေသခံလူထု စားဝတ်နေရေး ပြဿနာ ကူညီဖြေရှင်း ပေး နိုင်ရန်အတွက် နိုင်ငံတကာNGO အဖွဲ့များအားချင်းပြည်နယ်အတွင်း အခြေချခွင့်ပေးကြောင်း၊ ၃- အစိုးရထံမှာ အထောက် အပံ့ယူ၍ CNF လှုပ်ရှားသည့်နယ်မြေအတွင်း စီးပွါးရေးဖွံ့ဖြိုးတိုးတက်အောင်လုပ်ခွင့်ကိုလည်း သဘောတူညီ ကြောင်း၊ ၄- ချင်းပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ၌ အစိုးရ နှင့် CNF တို့ လက်တွဲပူးပေါင်း ဆောင်ရွက်သွား မည်ဖြစ်ကြောင်း၊ ၅- မူးယစ်ဆေးဝါး ထုတ်လုပ်ရောင်းချခြင်း၊ ဆေးစွဲနေခြင်းတို့ကို ၂ ဦး၂ ဖက် လက်တွဲပူးပေါင်း ဆောင် ရွက်သွားမည်ဖြစ် ကြောင်း အစိုးရကိုယ်စားလှယ်က သဘောတူကြောင်း သိရသည်။

ပြည်နယ်အစိုးရနှင့် CNF တို့ ငြိမ်းချမ်းရေးအတွက် ပထမဆုံး ပဏာမ အဆင့် တွေ့ဆုံဆွေးနွေးခြင်းဖြစ်ပြီး CNF ဘက်မှ ဒေါက်တာရွှေခါး၊ ပူးရားလ်နှင်း၊ ဒေါက်တာ ဆလိုင်းအင်ဒရူး ငွန်ကျုံးလျန်၊ ပူးဆော လမွန်၊ ဆလိုင်းပီတာလျန်၊ ကိုလှထွန်း၊ ကိုထက်နီ၊ ပူးရိုခေါမာ၊ ကိုခင်မောင်လေးနှင့် ပူးငိုင်ကြာထန်း တို့ပါဝင်ပြီး၊ ချင်းပြည်နယ်အစိုးရဘက်မှ နယ်စပ်ဒေသ လုံခြုံ ရေးဝန်ကြီး ဗိုလ်မှူးကြီး ဇော်မင်းဦး၊ ပြည်နယ် အစိုးရ အတွင်းရေး မှူး၊ ပြည်နယ်ဥပဒေချူပ် နှင့် ဗျူဟာမှူးတို့ ပါဝင်ကြောင်း ခေါန်နူမ်ထုန်သတင်းဌာနက လည်းဖော်ပြထားသည်။

အစိုးရပြန်ကြားရေးဝန်ကြီးက တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ ၁၀ ဖွဲ့အနက် ပြည်ထောင်စုအဆင့်ဆက်လက် ဆွေးနွေး ဆဲအဖွဲ့ ၂ ဖွဲ့ ( UWSA / NDAA ) ၊ ပြည်ထောင်စုအဆင့်ဆွေးနွေးရန်ပြင်ဆင်နေသော ၃ ဖွဲ့( RCSS /DKBA ကလိုထူးဖော/CNF ) နှင့်ပဏာမဆွေးနွေးကြဆဲအဖွဲ့ ၅ ဖွဲ့ (KNU / NMSP/ SSPP/ KIA/ KNPP) တို့ဖြစ်ကြသည်။

ဗဟန်းမြို့နယ် အန်အယ်လ်ဒီ စည်းရုံးရေး ကော်မတီရုံး ဖွင့်
2012-01-11 RFA

ပြည်သူတွေရဲ့ အနာဂတ်ဘဝ သာယာဝပြောရေးကို လက်တွေ့ ပုံဖော်နိုင်ရေး အတွက် မိမိတို့ နိုင်ငံရေး လုပ်ငန်းတွေ ဆောင်ရွက်နေတာလို့ အန်အယ်လ်ဒီ ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ ရန်ကုန်တိုင်း ဗဟန်းမြို့နယ် အန်အယ်လ်ဒီ စည်းရုံးရေး ကော်မတီရုံးဖွင့်ပွဲ အခမ်းအနားမှာ ပြောသွားပါတယ်။

ဒီရုံးခန်းဟာ အန်အယ်လ်ဒီ ပါတီက ရန်ကုန်တိုင်း အတွင်း ပထမဆုံး ပြန်လည်ဖွင့်လှစ်တဲ့ မြို့နယ် အဆင့်ရုံးပါ။ ရုံးခန်းကို ဒေါ်အောင်ဆန်းစုကြည်က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး မြန်မာနိုင်ငံရဲ့အနာဂတ် အတွက် ပြည်သူတွေနဲ့ လက်တွဲ လုပ်ဆောင်မယ်လို့ အဖွင့် မိန့်ခွန်းမှာ ပြောကြားလိုက်ပါတယ်။

"အနာဂတ်ကို ကိုယ်လိုချင်တဲ့ ပုံစံဖြစ်အောင်လို့  ပုံသွင်းဖို့ အတွက် နိုင်ငံရေးလုပ်နေတာ၊ အဲဒီလိုလုပ်နေတဲ့ အခါမှာ ပြည်သူတွေပါဖို့ လိုပါတယ်။ ပြည်သူတွေပါမှ ကိုယ်လိုချင်တဲ့ ပုံစံကို ကိုယ်ပုံသွန်းပြီးတော့ ပုံသွင်းတဲ့ နေရာမှာ ပါဝင်နိုင်မှာပါ။"

ဒီအခမ်းအနားမှာ အန်အယ်လ်ဒီပါတီ သဘာပတိ အဖွဲ့ ဥက္ကဋ္ဌ ဦးတင်ဦးကလည်း မြန်မာနိုင်ငံ ဒီမိုကရေစီရေး ဆောင်ရွက်ရင်း အကျဉ်းကျခံနေရတဲ့ နိုင်ငံရေးသမားတွေကို ဂုဏ်ပြုရင်း ပါတီဝင်တွေ အနေနဲ့ တက်တက်ကြွကြွ ဆောင်ရွက်ကြဖို့ တိုက်တွန်း ပြောဆိုသွားခဲ့ပါတယ်။

ဦးတင်ဦးက ဆက်လက်ပြီး အခုဖွင့်လှစ်တဲ့ ဗဟန်းမြို့နယ်ဟာ မကြာမီ ကျင်းပဖို့ရှိတဲ့ ကြားဖြတ် ရွေးကောက်ပွဲမှာ ပါဝင် ယှဉ်ပြိုင်ဖို့ နေရာလပ် မရှိပေမယ့် နောင်လာမယ့် ရွေးကောက်ပွဲတွေမှာ အောင်ပွဲခံနိုင်ရေး အတွက် ကြိုးပမ်းဆောင်ရွက်ဖို့ ပြောဆိုသွားပါတယ်။ ဒီအခမ်းအနားကို ဧည့်ပရိသတ် တစ်ထောင်ကျော် တက်ရောက်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ပြောသွားတဲ့ မိန့်ခွန်းနဲ့ ပတ်သက်ပြီး ဦးတင်အောင်ခိုင်က အသေးစိတ် ဆက်လက်တင်ပြပါမယ်။

ဆက်သွယ်မေးမြန်းချက်။ အသံဖိုင်ယူရန်။

Global Vision ဂုဏ်ထူးဆောင်ဆု ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်
2012-01-11 RFA

အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့  အခြေစိုက် Asia Society အဖွဲ့ကြီးက မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အဖွဲ့ရဲ့အမြင့်ဆုံး Global Vision ဂုဏ်ထူးဆောင်ဆုကို ဗုဒ္ဓဟူးနေ့ညက ပေးအပ်ချီးမြှင့်လိုက်ပါတယ်။

အာရှနဲ့ အမေရိကန်ပြည်ထောင်စုတို့မှာ ရှိကြတဲ့ ပြည်သူတွေ၊ ခေါင်းဆောင်တွေ၊ အဖွဲ့အစည်းတွေကြားမှာ အပြန်အလှန် နားလည်မှု ရရှိရေး ဆောင်ကြဉ်းနိုင်ခဲ့သူ နှစ်ဦးအဖြစ် ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ဒုတိယ နိုင်ငံခြားရေး ၀န်ကြီးဟောင်းလည်းဖြစ်၊ Asia Society အဖွဲ့ ဥက္ကဋ္ဌဟောင်းလည်း ဖြစ်တဲ့ John Whitehead တို့ကို ဒီဆု ချီးမြှင့်လိုက်တာပါ။

နှစ်လည် ဆုပေးပွဲ အခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည် ပေးပို့လိုက်တဲ့ ဆုလက်ခံကြောင်း ဗီဒီယို သဝဏ်လွှာကို ပြသပါတယ်။

ဗီဒီယို သဝဏ်လွှာနဲ့ ပတ်သက်ပြီး အဖွဲ့ ပြန်ကြားရေးတာဝန်ခံ မစ္စတာဂျက်ဖ် စပင်ဆာက ဒီမိုကရေစီရေး အတွက် ပြည်သူတွေ အတွက် နှစ်ရှည်လများ ကြံ့ကြံ့ခံပြီး ကြိုးပမ်းခဲ့တာတွေ၊ ပိုမို ပွင့်လင်း ကောင်းမွန်တဲ့ နိုင်ငံ ဖြစ်လာဖို့ အစိုးရနဲ့ အဖြေရှာနေတာတွေ အတွက် ဒီဆုကို ပေးအပ်ကြောင်း၊ ရန်ကုန်မြို့မှာ သွားရောက် အကြောင်းကြားခဲ့တဲ့ Asia Society ကိုယ်စားလှယ် အဖွဲ့ဝင်တွေ ပြီးခဲ့တဲ့ စနေ တနင်္ဂနွေက ဗီဒီယို ရိုက်ကူးခဲ့တာလို့ ပြောပါတယ်။

Asia Society အဖွဲ့ ဒု ဥက္ကဋ္ဌ ဆူဇန် ဒီမက်ဂျီယို ဦးဆောင်တဲ့ ကိုယ်စားလှယ် အဖွဲ့ဟာ မြန်မာအစိုးရ အဖွဲ့ဝင်တွေ၊ တခြား နိုင်ငံရေး အတိုက်အခံ ခေါင်းဆောင်တွေနဲ့လည်း တွေ့ဆုံပြီး နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့် လုပ်ကိုင်နိုင်မယ့် ကိစ္စရပ်တွေ ဆွေးနွေးခဲ့ပါတယ်။

အမေရိကန် ကိုယ်စားလှယ်တွေ ပြည်တွင်းမှာ ဆက်လက် လေ့လာဆွေးနွေး
2012-01-11 RFA

အမေရိကန် အစိုးရရဲ့ မြန်မာနိုင်ငံ ဆိုင်ရာ အထူး ကိုယ်စားလှယ် ဒဲရက်မစ်ချယ်လ်ဟာ ဒီကနေ့ ပုဂံမြို့က အသေးစား ငွေချေးလုပ်ငန်းနဲ့ ဖွံဖြိုးရေး အစီအစဉ်တွေကို သွားရောက်လေ့လာခဲ့ပါတယ်။

ဒါဟာ အမေရိကန်အစိုးရ ကိုယ်စားလှယ် တစ်ဦး အနေနဲ့ ပထမဦးဆုံး အကြိမ် လာရောက်တာလို့ မြန်မာနိုင်ငံ အသေးစား ငွေချေး ၀န်ဆောင်မှု ပေးနေတဲ့ PACT ဆိုတဲ့ အစိုးရ မဟုတ်တဲ့ အဖွဲ့အစည်း NGO အထွေထွေ မန်နေဂျာ ဦးမောင်မောင်က ပြောပါတယ်။ PACT အဖွဲ့ကို ထောက်ပံ့ပေးနေတဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေထဲမှာ အမေရိကန် ပြည်ထောင်စုက USAID လည်း ပါဝင်ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဒဲရက်မစ်ချယ်လ်ဟာ မနေ့က နေပြည်တော်မှာ ဒု သမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦး၊ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး၊ ကာကွယ်ရေး ၀န်ကြီး ဗိုလ်ချုပ်လှမင်းတို့နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။

အဲဒီဆွေးနွေးပွဲမှာ မြန်မာနဲ့ ပတ်သက်လို့ အမေရိကန် အစိုးရ အနေနဲ့ စိုးရိမ်မကင်း ဖြစ်နေတဲ့ နိုင်ငံရေး အကျဉ်းသားကိစ္စ၊ တိုင်းရင်းသား ဒေသတွေမှာ ဖြစ်နေတဲ့ တိုက်ပွဲတွေ ကိစ္စ၊ မြောက်ကိုးရီးယားနဲ့ ဆက်ဆံရေး ကိစ္စတွေကို အဓိက အလေးပေး ဆွေးနွေးခဲ့တယ်လို့ ရန်ကုန် အမေရိကန် သံရုံး သတင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီအတောအတွင်းမှာပဲ မြန်မာနိုင်ငံကို ရောက်နေတဲ့ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာန လူကုန်ကူးမှု တိုက်ဖျက်ရေး ဆိုင်ရာ သံအမတ်ကြီး လူးဝစ် ဒီဘာကားဟာ ရန်ကုန်မြို့မှာ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်နဲ့ ဒီကနေ့ တွေ့ဆုံခဲ့ပါတယ်။

မြန်မာနိုင်ငံက လူကုန်ကူးတာနဲ့ ပတ်သက်လို့ တားဆီး တိုက်ဖျက်နေတဲ့ ကိစ္စတွေကို အဓိကထား ဆွေးနွေးခဲ့တယ်လို့ လူ့အခွင့်အရေး ကော်မရှင် ဥက္ကဋ္ဌ ဦးဝင်းမရက ပြောပါတယ်။

အမေရိကန် နိုင်ငံခြားရေး ဌာနက မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ နှစ်စဉ် ထုတ်ပြန်တဲ့ အစီရင်ခံစာတွေထဲမှာ လူကုန်ကူးမှု ဆိုးရွားတဲ့ နိုင်ငံစာရင်းထဲမှာ မြန်မာနိုင်ငံလည်း ပါဝင်နေပါတယ်။ ဒါကြောင့် အခြေအနေတွေ ပိုပြီး တိုးတက် ကောင်းမွန်လာအောင် နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်ရေး ကိစ္စတွေလည်း ဆွေးနွေးခဲ့တယ်လို့ ဦးဝင်းမရက ပြောပါတယ်။

ဦးဝင်းမရနဲ့ အာအက်ဖ်အေ အဖွဲ့သူ မအင်ကြင်းနိုင် ဆက်သွယ် မေးမြန်းထားတာကို နားဆင်ပါ။

ဆက်သွယ်မေးမြန်းချက်။ အသံဖိုင်ယူရန်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ကော့မှူးမြို့နယ် အောင်နိုင်ရေး အဖွဲ့ စည်းရုံးရေး ဆင်း
2012-01-11 RFA

လာမယ့် ကြားဖြတ် ရွေးကောက်ပွဲမှာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း အဖြစ် ဒေါ်အောင်ဆန်းစုကြည် ၀င်ရောက် အရွေးခံမယ့် ကော့မှူးမြို့နယ်က ကျေးရွာတွေကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် မြို့နယ် အောင်နိုင်ရေး အဖွဲ့ဝင်တွေ ဒီကနေ့ သွားရောက် စည်းရုံးခဲ့ပါတယ်။
ကော့မှူးမြို့နယ် အရှေ့ပိုင်းနဲ့ အလယ်ပိုင်းက ကျေးရွာ တချို့ကို သွားရောက်ခဲ့ကြောင်း၊ မိမိကတော့ ကျေးရွာလေးရွာကို ဒီကနေ့ ရောက်ခဲ့ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင်၊ လူ့အခွင့်အရေး လှုပ်ရှားသူ မစုစုနွေးက အာရ်အက်ဖ်အေကို ပြောပါတယ်။

သူတို့ကတော့ အမေစုကို ချစ်လည်း ချစ်တယ်ပေါ့။ အမေစုဆိုရင် စည်းရုံးစရာ မလိုဘဲနဲ့ကို ထည့်ချင်နေတယ်ပေါ့။ နောက်တော့ အခုက ဘယ်လိုဖြစ်နေသလဲ ဆိုတော့ မဲထည့်တဲ့ နေရာမှာပေါ့၊ မဲ မည်းသွားမှာကို သူတို့ စိုးရိမ်နေတယ်။ အရင်လိုပေါ့နော်၊ သူတို့မဲကို လိမ်လိုက်မှာကို သူတို့ စိုးရိမ်နေတယ်။ အဲလိုမျိုး ထူးခြားချက်ကလေးတွေ ကျွန်မတို့ တွေ့ရပါတယ်”

ကော့မှူးမြို့နယ် ရွေးကောက်ပွဲ အောင်နိုင်ရေး အဖွဲ့ကို မြို့နယ် အန်အယ်လ်ဒီ တာဝန်ခံ တစ်ဦး ဖြစ်တဲ့ ဦးအေးသိန်းက ခေါင်းဆောင်ပြီး စုစုပေါင်း အဖွဲ့ဝင် ၁၅ ဦးနဲ့ ဖွဲ့စည်းထားပါတယ်။

ဒီကနေ့ စည်းရုံးရေး ခရီးစဉ်နဲ့ ပတ်သက်ပြီး မစုစုနွေးနဲ့ ဆက်သွယ် မေးမြန်းချက်ကို သတင်း အပြီးမှာ နားဆင်ရပါမယ်။

ဆက်သွယ်မေးမြန်းချက်။ အသံဖိုင်ယူရန်။

ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာတို့ အကြား သဘောင်္များ တိုက်ရိုက် ကူးသန်းနိုင်မည်
2012-01-11 RFA

ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ မြန်မာတို့  နှစ်နိုင်ငံကြားမှာ တိုက်ရိုက် ရေကြောင်း သွားလာမှု ပြုလုပ်နိုင်ရေး အတွက် ပူးတွဲ ကော်မတီ တစ်ရပ် ဖွဲ့စည်းထားပြီး မကြာခင် ကာလမှာ သဘောင်္တွေ တိုက်ရိုက် ကူးသန်း သွားလာနိုင်တော့မယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးမင်းလွင်က မနေ့က ပြောကြားလိုက်ပါတယ်။

စစ်တကောင်းမြို့ကုန်သည်ကြီးများ အသင်း ခေါင်းဆောင်တွေနဲ့ တွေ့ဆုံ ဆွေးနွေးရာမှာ မြန်မာ သံအမတ်ကြီးက နှစ်နိုင်ငံ ကုန်သွယ်မှု တိုးမြှင့် ပြုလုပ်လိုတဲ့ အတွက် မြန်မာနိုင်ငံ အနေနဲ့ ဘင်္ဂလားဒေ့ရှ် ကုန်သည်တွေကို ပြည်ဝင်ခွင့် ဗီဇာတွေ နေ့ချင်းပြီး ထုတ်ပေးနိုင်အောင် အမြန်ဆုံး စီစဉ်သွားမယ်လို့လည်း ပြောသွားပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံက နယ်စပ် ကုန်သွယ်ရေးမှာ မြန်မာဘက်က ဧည့်မထဆန် အမြောက်အမြား အပြင် ကြက်သွန်နီ၊ ငရုတ်သီး၊ ပဲဝါ၊ ငါးနဲ့ သစ်တွေကို အဓိက ၀ယ်ယူတင်သွင်းနေပြီး မြန်မာဘက်ကို အလှကုန်၊ ဆေးဝါးပစ္စည်းနဲ့ အထည်အလိပ်တွေ ပြန်လည် တင်ပို့နေတယ်လို့ မြန်မာ ကုန်ပစ္စည်း အများဆုံး တင်သွင်းသူ တစ်ဦးဖြစ်တဲ့ မစ္စတာ နူရူ အာလမ်က ပြောပါတယ်။

စစ်တကောင်းမြို့ ကုန်သည်ကြီးများ အသင်း ဥက္ကဋ္ဌကလည်း စစ်တကောင်းမြို့ ကုန်တင်ကုန်ချ ဆိပ်ကမ်းသစ်ဟာ ပြီးစီးနေပြီမို့ မြန်မာ အစိုးရနဲ့ ကုန်သည်တွေ အနေနဲ့ ပို့ကုန် ပစ္စည်းတွေကို တစ်ထောက်နားစခန်း အဖြစ်လည်း အသုံးပြုနိုင်မှာ ဖြစ်ကြောင်း၊ ဒါ့အပြင် မြန်မာနိုင်ငံဘက်က အသုံးမပြုဘဲထားတဲ့ စိုက်ပျိုးမြေတွေကို ဘင်္ဂလားဒေ့ရှ် လုပ်ငန်းရှင်တွေကို ငှားရမ်း လုပ်ကိုင်ခွင့် ပေးစေလိုကြောင်း ပြောကြားသွားပါတယ်။

စုနိုင်မှ ဒီမိုကရေစီရမည်
သန်းဝင်းလှိုင် ။ ဒီဇင်ဘာ ၁၂၊ ၂၀၁၂ – မိုးမခ

၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလ ၁၃ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်နေအိမ်အကျယ်ချုပ်မှ ပြန်လည်လွတ်မြောက်လာပြီးနောက်၊ ငြိမ်သက်နေသော NLD သည် အသက်ဝင်လှုပ်ရှားလာသည်ကို တွေ့မြင်ရသည်။

နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ နေပြည်တော်ရှိ သမ္မတအိမ်တော်တွင် ပထမဆုံးတွေ့ဆုံဆွေးနွေးနိုင်ခဲ့သည်။

ထို့အပြင် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေတွင် လက်မခံနိုင်သည့် အချက်များ အဖြစ် ပါဝင်နေသော ပါတီဝင်များသည် ထောင်ဒဏ်ကျခံနေရသူများ မဟုတ်ခြင်းဟူသော ကန့်သတ်ချက်ကို ပယ်ဖျက်ပေးခြင်း၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို `ထိန်းသိမ်းစောင့်ရှောက်ရေး´ ဟူသော စကားရပ်အစား `လေးစားလိုက်နာရေး´ ဟု ပြင်ဆင်ပေးခြင်း၊ နိုင်ငံရေးပါတီတစ်ခုသည် အနည်းဆုံးမဲဆန္ဒနယ်သုံးခု၌ ပါဝင်ယှဉ်ပြိုင်ရမည်ဆိုသည့် အချက်တို့ကို ပြင်ဆင်ပေးလိုက်သဖြင့်၊

နိုဝင်ဘာလ ၁၈ရက်နေ့၌ အဖွဲ့ချုပ်ဗဟိုအမှုဆောင်အဖွဲ့အစည်းအဝေးခေါ်ယူကာ

အဖွဲ့ချုပ်၏မူများဖြစ်သော အာဃာတကင်းစင်သော အထွေထွေသဟဇာတ ဖြစ်မှုကိုရှေးရှုရေး၊ ငြိမ်းချမ်းချောမွေ့သော နည်းကို အသုံးချရေး၊ အပြန်အလှန်ပူးပေါင်းဆောင်ရွက်ရေးမူဝါဒတို့ကို စွဲကိုင်လျက်

နိုင်ငံရေး ပါတီများမှတ်ပုံတင်ခြင်းနှင့် အညီ မှတ်ပုံတင်၍ ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ရန် တညီတညွတ်တည်း ဆုံးဖြတ်ခဲ့ကြသည်။

ထို့နောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီခေါင်းဆောင်များဖြစ်သည့် ဦးတင်ဦး၊ ဒေါ်အောင်ဆန်းစုကြည်တို့အပါအ၀င် ပါတီခေါင်းဆောင်အချို့သည် ၂၀၁၁ ဒီဇင်ဘာလ ၂၃ရက်နေ့တွင် နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးသို့ သွားရောက်ကာ ပါတီမှတ်ပုံတင်လျှောက်ထားခြင်းကို ပြုလုပ်ခဲ့ကြသည်။

ပါတီမှတ်ပုံတင်အပြီး ဒေါ်အောင်ဆန်းစုကြည်သည် နေပြည်တော်တွင် ပြည်ထောင်စုဝန်ကြီးများဖြစ်သည့် ဦးအောင်ကြည်၊ ဦးစိုးသိန်း၊ ဦးသိန်းဌေး တို့နှင့် တွေ့ဆုံခဲ့သလို အမျိုးသားလွှတ်တော်ဥက္ကဌ ဦးအောင်မြင့်၊ ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းတို့နှင့်လည်း တွေ့ဆုံခဲ့သည်။

လွှတ်တော်အသီးသီးတွင် လွှတ်တော်ကိုယ်စားလှယ်လစ်လပ်နေသော မဲဆန္ဒနယ်များအတွက် ကြားဖြတ်ရွေးကောက်ပွဲကို ၂၀၁၂ခုနှစ် ဧပြီလ ၁ရက် (တနင်္ဂနွေနေ့)တွင် ကျင်းပသွားမည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ကြေညာချက်အမှတ် (၆၁/၂၀၁၁)ဖြင့် ၂၀၁၁ ဒီဇင်ဘာလ ၃၀ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။ အဆိုပါကြေညာချက်နှင့်အတူ လစ်လပ်မဲဆန္ဒနယ်များကိုလည်း ပြည်သူ့လွှတ်တော်လစ်လပ်မဲဆန္ဒနယ်အရေအတွက် ၄၀၊ အမျိုးသားလွှတ်တော်လစ်လပ်မဲဆန္ဒနယ် အရေအတွက် ၆နေရာနှင့် တိုင်းဒေသကြီး လွှတ်တော်မဲဆန္ဒနယ် ၂နေရာတို့ကို ဖော်ပြခဲ့သည်။

ယခုအခါ မှတ်ပုံတင်ပြီး ဆက်လက်ရပ်တည်နေသည့် နိုင်ငံရေးပါတီ (၃၇) ပါတီရှိပြီး ၂၀၁၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲပြီးနောက် ပါတီတည်ထောင်ခွင့် လျှောက်ထားခဲ့သည့် ပါတီပေါင်းမှာ (၁၀)ခု ရှိပြီး ယင်းတို့မှာ ပြည်သူ့ဒီမိုကရေစီပါတီ၊ အမျိုးသားဒီမိုကရေစီပါတီသစ်၊ ညီညွတ်ရေးနှင့်ငြိမ်းချမ်းရေး ပါတီ၊ ဒီမိုကရက်တစ်မဟာမိတ်ပါတီ၊ ၈၈ပြည်သူ့အင်အားစုပါတီ၊ မြန်မာအမျိုးသားကွန်ကရက်၊ ကရင်ဒီမိုကရက်တစ်ပါတီ၊ မြိုတိုင်းရင်းသားပါတီနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့ဖြစ်ကြသည်။ ယင်းနောက် အဖွဲ့ချုပ်အား နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၉ နှင့်အညီ မှတ်ပုံတင်ခွင့်ကို ခွင့်ပြုလိုက်ကြောင်း ကော်မရှင်က ဒီဇင်ဘာ ၅ ရက်နေ့တွင် ကြေညာချက်အမှတ် (/၂၀၁၂) ဖြင့် ထုတ်ပြန်ခဲ့သည်။

သို့သော် အချို့က NLD ပါတီမှတ်ပုံတင်ခြင်းနှင့် ကြားဖြတ်ရွေးကောက်ပွဲဝင်ခြင်းအပေါ် မိမိတို့`အမြင်အမျိုးမျိုး ဝေဖန်သုံးသပ်ကြသည်။ တရားဝင်ပါတီဖြစ်မှ ထဲထဲဝင်ဝင် ပါဝင်ဆောင်ရွက်လို့ရမည်။ မဟုတ်ရင် အကြောက်တရားတွေရှိလာမှမို့ လှုပ်ရှားလို့ ရမှာ မဟုတ်ဘူး။ လွှတ်တော်ထဲမှာ ပြင်ဆင်သင့်တဲ့ ဥပဒေတွေကို ပြင်ဆင်နိုင်မယ်။ နှစ်ပေါင်း ၂၀ ကျော် ပေးဆပ်ခဲ့ရပြီဆိုတော့ လွှတ်တော်နိုင်ငံရေးအရပဲ ပျော့ပြောင်းညင်သာတဲ့ အပြောင်းအလဲကို ဖော်ဆောင်ရမှာပဲ ၄၈ နေရာသာရွေးရာတာမို့ နိုင်ခဲ့ရင်တောင် အာဏာရမယ့် အုပ်စုမဟုတ်ပေမယ့် လူထုအတွက် ပြောရေးဆိုခွင့် ရလာမှာဖြစ်ပါတယ်။ အချို့ကမူ ထူးခြားသောရလဒ်တစုံတရာထွက်ပေါ်လာစရာ မရှိဟု ရှုမြင်ကြသည်။

ဤနေရာ၌ ကြားဖြတ်ရွေးကောက်ပွဲလစ်လပ်နေရာ ၄၈မျှသာရှိသည်ဟူ၍ အရေအတွက်ကို ချည်း တွက်၍ မရ။ လွှတ်တော်တွင် အခြားဒီမိုကရေစီအတိုက်အခံ ပါတီများနှင့် ပေါင်းဖွဲ့နိုင်သော် အင်အားအကြီးဆုံးအတိုက်အခံအဖွဲ့ ဖြစ်လာနိုင်သလို ၂၀၁၅ ပါတီစုံရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်သည့်အနေအထားလည်း ဖြစ်ပေသည်။

နိုင်ငံရေးဆိုသည်မှာ အလွန်သိမ်မွေ့နက်နဲသော ပညာရပ်ဖြစ်ရာ စဉ်ဆက်မပြတ် ပြောင်းလဲနေသော နိုင်ငံရေးအခြေအနေများကို သိဖို့လိုသလို၊ မိမိ၏အကန့်အသတ်နှင့် အခြေအနေကို မတွက်ဆမိပါက ရေရှည်တွင် အောင်မြင်မှုမရရှိဘဲ ကျရှုံးတတ်ပေသည်။ အနာဂတ်အားလုံးကောင်းစားရေးအတွက် ထားရှိအပ်သော အမြော်အမြင်ကို မေ့လျော့ကာ ပစ္စက္ခပုဂ္ဂလိက စိတ်ခံစားမှုကိုသာ တူရှု၍ ပြုလုပ်ပါက အမှားကြီးမှားတတ်သည်ကို သင်ခန်းစာယူသင့်ပေသည်။ လူတိုင်းသည် သမိုင်းသင်ခန်းစာကို ယူတတ်ရန်လိုပေသည်။ ခေတ်၏အတက်အကျ ပြောင်းလဲနေသည့် အလှည့်အပြောင်း၊ လက်ရှိအခြေအနေတို့ကို မှန်ကန်စွာနားလည်သဘောပေါက်ခြင်းမရှိပါက သမိုင်းလမ်းကြောင်းပေါ်၌ လူ အ,များ၊ လူညံ့များအဖြစ်နောက်ကျကျန်ခဲ့မည်သာ ဖြစ်ပေသည်။

ဒေါ်အောင်ဆန်းစုကြည်က ပါတီပြန်လည်မှတ်ပုံတင်ခြင်းနှင့် ကြားဖြတ်ရွေးကောက်ပွဲ ၀င်ရောက်ရခြင်းကို-
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ပြန်လည်မှတ်ပုံတင်ပြီးတော့ ရွေးကောက်ပွဲဝင်ဖို့ ဆုံးဖြတ်ချက်ဟာ ဘာပေါ်မှာ အခြေခံလဲဆိုတော့ ကျမတို့အရေးအကြီးဆုံး ဘာတွေမြင်လဲဆိုတာ ကျမ တင်ပြသွားပါ့မယ်။ သုံးချက်ပါ။ ဥပဒေစိုးမိုးရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြန်လည်ပြင်ဆင်ရေး။ ဒီလိုကြိုးစားနေတာဟာ ကျမတို့ အဖွဲ့ချုပ်အတွက် မဟုတ်ပါဘူး။ ကျမတို့ ယုံကြည်တဲ့ ဒီမိုကရေစီပြည်ထောင်စု ကြီး အတွက်ဖြစ်ပါတယ်။ အဲဒီစစ်မှန်တဲ့ဒီမိုကရေစီပြည်ထောင်စုကြီးကို ထူထောင်သွားနိုင်ဖို့ လုပ်သင့်တယ်လို့ ထင်လို့ ကျမတို့အဖွဲ့ချုပ်ကို ပြန်လည်ပြီးတော့ မှတ်ပုံတင် ပြီးတော့ ရွေးကောက်ပွဲတွေမှာ ၀င်ဖို့ ဆုံးဖြတ်တာဖြစ်ပါတယ်” ဟူ၍ ရှင်းပြခဲ့သည်။

ထို့အပြင်မြန်မာ့နိုင်ငံရေးပြဿနာဖြေရှင်းရာ၌ ဥပဒေစိုးမိုးရေးကို အရင်ဦးဆုံး အဓိကထားလုပ်ဆောင်သွားဖို့ လိုအပ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

ဘာဖြစ်လို့ဥပဒေစိုးမိုးရေးကို ပထမဆုံးထားသလဲဆိုတော့ တခြားကိစ္စတွေက အဲဒါနဲ့ဆက်နွှယ်နေပါတယ်။ နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေးဆိုတာ ဥပဒေစိုးမိုးရေးနဲ့ ဆိုင်ပါတယ်။ ဥပဒေစိုးမိုးရေးရှိရင် နိုင်ငံရေးအကျဉ်းသားတွေ ရှိစရာမလိုတော့ပါဘူး။ ဥပဒေစိုးမိုးမှု မရှိလို့ရှိရင် ပြည်တွင်းငြိမ်းချမ်းရေးရဖို့ ဆိုတာလည်း ခက်ပါတယ်။ ကျမတို့တိုင်းရင်းသားနယ်မြေတွေမှာ လူ့အခွင့်အရေးချိုးဖောက်တာတွေကို စုံစမ်းပြီးတော့ သေသေချာချာထိန်းနိုင်မှာပါ။ အဲဒီတော့ လူ့အခွင့်အရေးချိုးဖောက်တာတွေနဲ့ ပတ်သက်လို့ ဘယ်လိုလုပ်မလဲလို့ မေးတာတွေဟာ ဒီဟာနဲ့ ဆက်စပ်ပါတယ်။ ဥပဒေစိုးမိုးရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေးဆိုတာ ဆက်စပ်နေပါတယ်။ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးဆိုတာ ဆက်စပ်နေပါတယ်။ ဒါကြောင့်မို့ ကျမတို့ဟာ ဥပဒေစိုးမိုးရေးကို အလေးထားရမှာပါ။”

မှန်ပေသည်။ ၂၀၁၁ခုနှစ် နိုဝင်ဘာလ ၃၀ရက်မှ ဒီဇင်ဘာလ ၂ရက်နေ့အထိ သုံးရက်တိုင်တိုင် လာရောက်ခဲ့သော အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေးဝန်ကြီးဌာန၀န်ကြီး ဟီလာရီကလင်တန်ကလည်း သမ္မတဦးသိန်းစိန်နှင့် အစိုးရအဖွဲ့ဝင်များအား တွေ့ဆုံပြီးနောက်-
သူ(ဦးသိန်းစိန်)ရဲ့ အစိုးရအဖွဲ့ထဲမှာ သူသွားနေတဲ့ ပြုပြင်ပြောင်းလဲမှုလမ်းကြောင်းကို ထောက်ခံတဲ့လူတွေ ရှိသလို အပြောင်းအလဲအတွက် ပူပန်နေတဲ့လူတွေ၊ ဆန့်ကျင်နေတဲ့လူတွေ ရှိနေတဲ့အပြင် ဘာလုပ်ရမလဲ စဉ်းစားရင်း အလယ်ကနေ ခြံစည်းရိုးခွထိုင်နေတဲ့လူတွေလည်း ရှိတယ် ဆိုတာ ကျမကောင်းကောင်းသိလိုက်ရတယ်” ဟု သတင်းစာရှင်းလင်းပွဲ၌ ပြောကြားသွားလေသည်။

လက်ရှိ ပထ၀ီနိုင်ငံရေးအနေအထားအရ မြန်မာနိုင်ငံသည် အိန္ဒိယ၊ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ် စသည်တို့ပါဝင်သည့် တောင်အာရှဒေသ၊ ထိုင်း၊ မလေးရှား၊ လာအို၊ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ စင်္ကာပူ၊ ကမ္ဘောဒီးယား၊ ဘရူနိုင်းစသည့် နိုင်ငံများပါဝင်သည့် အရှေ့တောင်အာရှဒေသနှင့် ကမ္ဘာ့ထိပ်သီးအင်အားကြီး ထွားလာနေသည့် တရုတ်နိုင်ငံတို့ ဆက်စပ်ထိတွေ့ရာ သုံးပွင့်ဆိုင်လမ်းဆုံတွင် မဟာဗျူဟာအရ အရေးပါတည်ရှိနေသည့် နိုင်ငံဖြစ်သည်။ အထူးသဖြင့် ကမ္ဘာပေါ်၌ လူဦးရေအများဆုံးလည်းဖြစ်၊ အချင်းချင်းပြိုင်ဆိုင်နေသူများလည်းဖြစ်သည့် တရုတ်နှင့်အိန္ဒိယ ကြားတွင် ရောက်ရှိနေပြီး ၄င်းတို့အသီးသီး၏ အကျိုးစီးပွားတိုးတက်ရေးအတွက် မြန်မာနိုင်ငံကို နိုင်ငံရေးအရ၊ စီးပွားရေးအရ လွှမ်းမိုးချုပ်ကိုင်နိုင်ရန်အတွက် အကွက်ချစီမံနေသည့် အန္တရာယ်ကို သတိပြုမိရန်လိုပေသည်။

ထို့ကြောင့် မိမိအချင်းချင်း ကြက်ခြင်းတောင်းအတွင်း၌ ခွပ်နေမှုကို အမြန်ဆုံးရပ်တန့်ကာ ကမ္ဘာ့မိသားစုအလယ်တွင် ၀ံ့ဝံ့ကြွားကြွား ဂုဏ်သိက္ခာရှိစွာဖြင့် ဖွံ့ဖြိုးတိုးတက်သော နိုင်ငံအဖြစ် တည်ဆောက်ရန်အတွက် အမျိုးသားရင်ကြားစေ့ရေးနှင့် စစ်မှန်သော ပြည်ထောင်စုဒီမိုကရေစီ နိုင်ငံတော်ကြီး ပေါ်ထွန်းလာစေရန် အားလုံးက ၀ိုင်းဝန်းကြိုးပမ်းရပေမည်။

လက်ရှိအနေအထားလေ့လာ သုံးသပ်ကြည့်ပါက ၁၉၈၈ က စတင်ခဲ့သော ဒီမိုကရေစီရေးလှုပ်ရှားမှုသည် ရည်မှန်းချက်သို့မရောက်သေးချေ။ ပြည်သူလူထုကလည်း ဤသည်ကို မျက်ခြည်မပြတ်ပါ။ ထို့ကြောင့် လူထုတရပ်လုံး မျှော်လင့်တောင့်တနေသည့် ဒီမိုကရေစီပန်းတိုင်အရောက် ချီတက်နိုင်ရေးအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် နိုင်ငံရေးပါတီတရပ်ဖြင့် မှတ်ပုံတင်ပြီး ပိုမိုကျယ်ပြန့်သော နိုင်ငံရေးလှုပ်ရှားမှု ပြုလုပ်ရေးပင်ဖြစ်သည်။ သို့မှသာ ပြည်သူလူထု၏ နိုင်ငံရေးပါဝင်လှုပ်ရှားမှုမှာ ပိုမိုကျယ်ပြန့်အားကောင်းလာမည်ဖြစ်သည်။ ဤကဲ့သို့ အဖွဲ့ချုပ်အင်အားကြီးမားလာသည်နှင့် အတူ ရင်ဆိုင်တွေ့ကြုံနေရသော နိုင်ငံရေး ပြဿနာများကို ဖြေရှင်းနိုင်ပေမည်။

အနှစ် ၂၀ ကျော် အတွေ့အကြုံများကို အခြေခံကာ ပါတီအင်အား ခိုင်မာတောင့်တင်းရေးအတွက် မျိုးဆက်သစ်လူငယ်ခေါင်းဆောင်သစ်များ ပေါ်ထွန်းလာစေရေးအတွက် ယုံကြည်ချက်ခံယူချက် ခိုင်မာသော လူငယ်များကို စည်းရုံးလေ့ကျင့်ပညာပေး ပျိုးထောင်ကာ ကျစ်လျစ်ခိုင်မာသည့် ကေဒါများ မွေးထုတ်ရေးသည်လည်း တစ်ခုအပါအ၀င်ဖြစ်သည်။ သို့မှသာ ဒီမိုကရေစီပန်းတိုင်ကို တဗိုလ်ကျ တဗိုလ်တက် ဦးဆောင်ကာ ကြုံတွေ့လာနိုင်သည့် အခက်အခဲအကျပ်အတည်းများ စိန်ခေါ်မှုများကို ကြံ့ကြံ့ခံ ရပ်တည်ကာ အောင်မြင်စွာ ဆောင်ရွက်နိုင်ပေမည်။

လူတိုင်းသည် အတိတ်၏တွေ့ကြုံခဲ့သော သမိုင်းသင်ခန်းစာကို ယူ၍ ပြုပြင်သင့်သည်များကို ပြုပြင်သွားရပေမည်။ သမိုင်းသင်ခန်းစာများသည် မိမိတို့၏ နောက်၌ ကျန်ရစ်ခဲ့သော်လည်း မိမိတို့ဟ၏ အနာဂတ်၌လည်း စောင့်ကြိုလျက် ရှိသည်ကို သတိချပ်သင့်ပေသည်။

သို့မှသာ မိမိတို့ မျှော်လင့်တောင့်တနေသော ဒီမိုကရေစီပန်းတိုင်ကို မိမိကိုယ်တိုင်ပြဋ္ဌာန်းနိုင်ပေမည်။ မိမိတို့ကံကြမ္မာကို မိမိတို့ ကိုယ်တိုင် စနစ်တကျ မပြဋ္ဌာန်းနိုင်ခဲ့ပါက မိမိတို့၏ ကံကြမ္မာကို အာဏာရှင်တို့က ၄င်းတို့ အလိုအတိုင်း ပြဋ္ဌာန်းသွားသည်ကို ခံရပေလိမ့်မည်။

ထို့ကြောင့် ဆရာကြီးသခင်ကိုယ်တော်မှိုင်း ပြောဆိုခဲ့သည့် “အရေးကြီးလျှင် သွေးစည်းပြီး သွေးနီးရာ ဆိုသည့်အတိုင်း ကိုင်း ထထကြွကြွနှင့်ဝိုင်းကြပေရော့” ဟူသောစကားအတိုင်း မကြာမီ ကျင်းပတော့မည့် ကြားဖြတ်ရွေးကောက်ပွဲနှင့် ၂၀၁၅ ပါတီစုံအထွေထွေ ရွေးကောက်ပွဲတွင် `စုနိုင်မှ ဒီမိုကရေစီရမည်´ ဟူသော အသိစိတ်ကို နှလုံးသွင်းကာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်နေသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အင်အားခိုင်မာတောင့်တင်းရေးနှင့် ကြားဖြတ်ရွေးကောက်ပွဲ၌ မဲအပြတ်အသတ်အနိုင်ရရှိရေးအတွက် အားလုံး ၀ိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွား ရန် အထူးလိုအပ်နေပေသည် မဟုတ်ပါလော။

ဦးလဇိန်ဘောက်နော် သို့ ပြန်စာ
ဒီးဒိုး၊ ဇန်န၀ါရီ ၁၂၊ ၂၀၁၂ (ပေးစာကဏ္ဍ) မိုးမခ

ကချင်လူမျိုးစု လွတ်တော်အမတ် က တော့ ထမင်းအိုး မကွဲအောင် ပြောတဲ့စကား။
ဘယ်လိုဘဲဖြစ်ဖြစ် ကိုယ်လူမျိုးထဲကလွတ်တော်အမတ်ဆိုတော့ ယုံကြည်လေးစားပါတယ်။ အားလည်းကိုးပါတယ်။အဖြစ်မှန်တွေကို အရှိကိုအရှိအတိုင်း အမှန်တကယ် လွတ်တော်မှာ တင်ပြပေးနိုင်မယ်ဆို ပိုဝမ်းသာမှာ အမှန်ပါဘဲ။ လွတ်တော်အမတ် စကားကို သတင်းဖတ်ပြီးတဲ့ နောက် ဘယ်ကဘယ်လို ခံစားရမှန်းမသိ စာရေးချင်စိတ်တွေ ပေါ်လာတယ်။

အစိုးရတပ်တွေ အနေနဲ့ KIA တပ်စခန်းအားလုံးကို တိုက်ခိုက်တယ် ဆိုရင်တောင် ၀မ်းမနည်းပါဘူး။ ဒါပေမယ့် ဗန်းမော်-မြစ်ကြီးနား-မံစီ ဆက်သွယ်ရေးလမ်းကြောင်းပေါ်မှာရှိတဲ့ KIA မပိုင်ဆိုင်တဲ့ ရွာသူရွာသားတွေရဲ့ အိုးအိမ်တွေကို ဘာဖြစ်လို့ ဖျက်လိုဖျက်ဆီးလုပ်တာပါလဲဗျာ.။ ရွာသူ၊ရွာသားတွေဟာ ဘာကြောင့် သေဆုံးနေရပါလဲဗျာ.။ အများသတင်း တွေထဲမှာတော့ အစိုးရတပ်တွေကြောင့် ဆိုတာ ဘယ်လိုမှ ဖုံးကွယ်ထားလို့ မရတာအသေအချာပါပဲ။ နောက် လို်င်ဇာကို သွားတဲ့ လမ်းတလျောက် တိုက်ပွဲတွေ ဆက်ဖြစ်နေတယ် ဆိုတာဖုံးဖိ လို့ မရအောင် အများပြည်သူတွေ သိနေကြတာပါဘဲ။

လိုင်ဇာကို မသိမ်းဘူးဆိုရင်တောင် တိုက်ခိုက်ဖို့ ရည်ရွယ်ချက်ရှိတယ်ဆိုတာပေါ်လွင်ပါတယ်။ လိုင်ဇာကို သိမ်းပိုက်တာမက လို့ ဘာဘဲ ဖြစ်ဖြစ် အစိုးရတပ် သွားမယ့်လမ်းမှာရော၊KIA တွေ စောင့်နေမယ့် လမ်းတွေမှာ အများပြည်သူတွေရဲ့  အသက်၊သွေး၊ချွေး၊အိုး၊အိမ်တွေ လမ်းခင်းပေးထားရတယ် ဆိုတာမမေ့စေချင်ပါဘူး။
"ALL WAR ARE DIRTY" ဆိုတဲ့ စကားကြားဖူးပါတယ်။ နှစ်ဖက်စလုံးက ဘယ်သူဘဲမှန်မှန် စစ်ပွဲဖြစ်ပြီဆိုကတည်း က ညစ်ပတ် တော့တာပါပဲ။ ပြည်သူတွေသာ မြေဇာပင်ဖြစ်ရတော့တာပါဘဲ။

ပြောလည်း မပြောချင်ပါဘူး။အစိုးရရော KIA ပါ ဘိန်းနဲ့ မူးယစ်ဆေးဝါး ထုတ်လုပ်ဖြန့်ဖြူးတယ်ဆိုတာတော့ စွတ်စွဲချက်တွေဘဲနေမှာပါ။ လူ့အခွင့်အရေးချိုးဖောက်တာနဲ့ ပတ်သက်လို့ ကတော့ KIA ထက် အစိုးရက ပိုပါတယ်။အထူးရှင်းပြနေစရာ မလိုဘူးလို့ထင်ပါတယ်။

ကလေး စစ်သားများ KIAမှာ ရှိနေတယ် ဆိုတာလဲ မှန်ချင်လည်း မှန်မှာပါဘဲ။
အစိုးရ တပ်တွင်းမှာတော့ ပြောမဆုံးပေါင်း တောသုံးတောင် ဆိုသလိုပေါ့...။ ကလေး ကအစ၊"@# " က အဆုံး သိပါတယ်။ လူတိုင်းသိပါတယ်။

မိုင်းထောင်ခြင်းနဲ့ ပတ်သက်လို့ကတော့ KIAနယ်မြေမှာ ရန်သူရဲ့  လာလမ်းမှန်သမျှကို မိုင်းထောင်ရမှာပဲ၊ တံတားတွေကို ဖျက်ဆီးပစ်ရမှာပဲ။ ..ဒါလဲ စစ်ရေးအရပေါ့။ ဒါနဲ့ပတ်သက်လို့ ကတော့ KIA ကတာဝန်ယူရပါလိမ့်မယ်။
(ဥပမာ)တကယ်လို့ ဒီကနေ့ KIA က မြစ်ကြီးနား မြို့  ကို ချီတက် သိမ်းပိုက်ဖို့ ပြင်ဆင်နေပြီ လာနေပြီ ဆိုရင် အစိုးရတပ်တွေ အနေနဲ့ KIA လာနိုင်တဲ့ လမ်းမှန်သမျှ ကို မိုင်းထောင်ထားမှာ၊ လမ်း၊တံတားတွေ ဖျက်ဆီးထားမှာ အမှန်ပါဘဲ.။ ဒီအတွက် အစိုးရတပ်တွေက တာဝန်ယူရမှာပါဘဲ။ ဒါပေမယ့် ကိုယ်လုပ်ပြီးတော့ သူများကို လက်ညှိးထိုး တဲ့အလုပ် မလုပ်ရင်တော့ အစိုးရအတွက်ရော KIA အတွက် ကျွန်တော်တို့ ဂုဏ်ယူနေမှာပါ။

အမှန်တော့ KIA ကို ထိုးစစ် ဆင်ရတဲ့ အကြောင်းအရင်း အထက်ပါအကြောင်းကြောင့် မဟုတ်တာ INTERNET ပေါ်မှာ သေချာ သိချင်တယ်ဆိုရင်တော့ BLOG တွေကို ရွေးမဖတ်ဘဲ BLOG အားလုံးကိုဖတ်ဖို့ တိုက်တွန်းချင်ပါတယ်။
"သမ္မတကြီးကိုယ်တိုင် ကမ္ဘာသိကြေငြာထားတဲ့ အမိန့်တွေကို ကျော်လွန်ပြီး စစ်တပ်က လိုင်ဇာမြို့  ကို ချီတက်စစ်ဆင် တိုက်ခိုက်မယ်ဆို ဘယ်လိုမှ မဖြစ်နိုင်ပါဘူး" ဆိုတဲ့ စကားကို ယုံကြည်ပြီး အမှုအမှတ်မဲ့ နေလိုက်လို့ ကတော့ လိုင်ဇာမြို့ ဟာ နောက်နေ့ ဘယ်လိုဖြစ်နေမယ်ဆိုတာ ကျွန်တော်ထက် ပိုအတွေ့ အကြုံ ရှိတဲ့ သူတွေ သိမှာပါ။
"စစ်သွေးကြွနေတဲ့ KIA စစ်သည် တချို "့ဆိုတဲ့ စကားဟာ ရင့်သီးလွန်းပါတယ်။ စစ်သွေးကြွတယ် ဆိုတာဘာကို ကြည့်ပြီး ဆုံးဖြတ်လိုက်တာပါလဲ။အစိုးရ စစ်တပ် သမိုင်းမှာ အခု စစ်ပွဲတွေလောက် ဆုံးရှံး ခဲ့တာ မရှိခဲလို့ KIA ကို စစ်သွေးကြွတယ်လို့ ဆိုလိုတာပါလား။ စကားတစ်ခွန်းကြားဖူးတယ်။

စစ်ပွဲ တစ်ပွဲရဲ့ အောင်မြင်မှုက လက်နက် အင်အား အပေါ်မှာထက် စိတ်ဓါတ်အင်အား ပေါ် ပိုပြီးတည်တယ်။ စစ်ဆိုတာ ရိုင်ဖယ်သေနတ်တွေ၊ ကျည်ဆန်တွေ၊ အမြောက်တွေနဲ့ လေယာဉ်ပျံတွေ ရှိရုံနဲ့ အဖြစ်သေးဘူး အရေးနိမ့် ရှုံးနိမ့်တဲ့ လက်နက်ကိုင်တပ်ဟာ သူတို့မှာ ယုံကြည်ချက်ကင်းမဲ့နေလို့လဲ ဖြစ်တယ်...(ကတ်စရို)
ကျွန်တော်အနေနဲ့ကတော့ အစိုးရတပ်တွေဟာ ဒီစစ်ပွဲကို မတိုက်ချင်ဘဲ တိုက်ရတယ်။အမိန့် မလွန်ဆန်နိုင်ဘဲ တိုက်ရတယ်..သနားစရာကောင်းတဲ့ အစိုးရ စစ်သားတွေဟာ မလွန်ဆန်နိုင်လို့ တိုက်ရတာ ဖြစ်ပြီး ဘာ ယုံကြည်ချက်မှ မရှိဘဲ ယုံကြည်ချက်ကင်းမဲ့နေလို့ ကျဆုံးမှု များရခြင်းသာဖြစ်တယ်။

KIA အနေနဲ့တော့ သူနယ်မြေကို ကာကွယ်ရမယ်၊ ဆိုတဲ့ စိတ်၊ယုံကြည်ချက်နဲ့ သူ့နယ်မြေမှာတိုက်တဲ့ အတွက် ကျဆုံးမှု နည်းတာပါ။

(ဥပမာ) KIA ကသာ အမိန့် မလွန်နိုင်ပါဘဲ ယုံကြည်ချက်ကင်းမဲ့လျက် အစိုးရတပ်တွေရှိရာ မြို့ကြီး ပြကြီးကို တက်တိုက်ခိုက်မယ်ဆိုရင် KIA လည်းမလွဲ မရှောင်သာ အောင်နိုင်ခဲ့ ရင်တောင် ပေးဆပ်ရခြင်းတွေများနေလိမ့်မယ်။
နောက် စစ်သွေးကြွတယ်ဆိုတာ သာမန် ယောက်ကျား တယောက်ဟာ သေနတ်တလက်ကိုင် ပြီး စစ်ပွဲကို သွားပြီးဆို ကတည်းက စစ်သွေးကြွနေတာပါဘဲ။ အဲဒီထက် ပိုပြီး စစ်ဖြစ်ပြီ ကိုယ့်ကိုင်တဲ့ သေနတ်က အသံမြည်ပြီဟေ့ ဆိုရင် ပိုလို့တောင် စိတ်အားတက်လာတာပါဘဲ။အဲ ကိုယ်သေနတ် အသံမထွက်လို့ကတော့ ကြောက်စိတ်တွေ ကြီးစိုးနေမှာဘဲ။ သေနတ်ကိုင်လိုက်တိုင်း စစ်သွေးကြွတယ် လို့ မသုံးနှုန်းစေချင်ပါဘူး..။အားလုံးကို ထိခိုက်ကုန်မှာစိုးလို့ပါ။

သေနတ်ကိုင်တယ်ဆိုတာလဲ အကြောင်းအမျိုးမျိုးရှိမှာဘဲ။အစွန်ဆုံး ပြောရရင် "ငြိမ်းချမ်းရေးအတွက် တို့ သေနတ်တွေကို ကိုင်ထားကြစို့" ဆိုတဲ့ စကားကြားဖူးပါတယ်။ မြန်မာ ပြည်သူ ပြည်သားတွေ လေးစားချစ်ခင် ရတဲ့ ဗိုလ်ချုပ်အောင်ဆန်းလဲ သေနတ် ကိုင် လမ်းစဉ် ကို တည်ထောင်ခဲ့တာပါဘဲ။ ကျောင်းသားတွေ ကျောင်းထွက်ပြီး တောထဲဝင် သေနတ်ကိုင်တာ စစ်သွေးကြွနေတယ် လို့ ပြောရမှာလားဗျာ။ သေနတ်ကို သေနတ် ချင်း ရင်ဆိုင်ဖို့ သေနတ်ကိုင်တာကတော့ အပ်တို တချောင်းတောင် မရှိသူကို သေနတ် နဲ့ ရင်ဆိုင်တဲ့ သူတွေထက် ပိုရဲ ရင့် တရားမျှတပါတယ် လို့ ဘဲ ထင်ပါတယ်။

အမှန်တော့ ဒီစစ်ပွဲဟာ အားလုံးသိတဲ့ အတိုင်း အစိုးရ က စတိုက်လို့ ဖြစ်ရ တယ်ဆိုတာ အားလုံး အသိပါ။ တကယ်လို့ KIA က စစ်သွေးကြွနေပြီး အစိုးရ ကို လိုက်တိုက်ခိုက်နေတယ် ဆိုရင် ကချင် ပြည်သူတွေဟာ KIA ကို စစ်သွေးကြွတွေလို့ ပြောဖို့ ဆွံ့ အနေမှာ မဟုတ်ပါဘူး။ရေးသားဖော်ပြဖို့ လက်တိုနေမှာ မဟုတ်ပါဘူး။
အဲဒီလိုပါဘဲ အစိုးရက မမှန်မကန်၊မတရား လုပ်တာတွေကို ခေါင်းငုံခံ နေနေမယ့် ထဲမှာလည်း ကချင်ပြည်သူတွေပါမှာမဟုတ်ပါဘူး။ နောက်ဆုံး အနေနဲ့ တော့ အမူအကျင့်လေး တစ်ခု အကြောင်းပြောပြချင်တာပါဘဲ။

ခွေးဆိုတာ သူကို ရန်မူတဲ့သူတိုင်းကို ဟောင်ပြီးတော့ တုန့်ပြန်တတ်တယ်။ပိုပြီးတော့ အဲဒီခွေးကို ခဲနဲ့ ပေါက်ရင် ခွေးက သူ့ဆီကို ရောက်လာတဲ့ ခဲကို လိုက်ပြီးကိုက်ခဲ တတ်တယ်။ ခွေးဟာ သူ့ကို ရန်မူတဲ့ ရန်သူအရင်းကို မသတ်ဖြတ်ဘဲ သူဆီရောက်လာတဲ့ ခဲကို လိုက်လိုက် ကိုက်ခဲနေလို့ ရန်မစဲဘဲ ရှိနေတတ်တယ် တဲ့။ နောက် ခြင်္သေ့ ကတော့ ရန်သူက သူဆီပစ်လိုက်တဲ့ မြှားကို ဘယ်တော့မှ လိုက်မကိုက်ခဲဘူး။မူရင်း ရန်သူအစစ်ကိုသာ ကိုက်ခဲ သတ်ပစ်လေ့ရှိလို့ ရန်ငြိမ်းတယ် တဲ့။

အစိုးရရော KIA ပါ မူရင်း ရန်သူကို ရှာတွေ့ပြီးရှင်းပစ် နိုင်ပါစေ။ ကျွန်တော်တို့ ပြည်သူတွေရဲ့ အနာဂတ် ကို လှပအောင် ဆောင်ရွက်နိုင်ပါစေဗျာ.။ခြင်္သေ့ တကောင်ရဲ့  အမူအကျင့်ရပါစေဗျာ.
ဒီးဒိုး
၁၁၊၀၁၊၂၀၁၂။
www.dedoe.co.cc
ဒီမိုကရေစီ သမတနှင့် ဖိုးတွမ်တီး အစိုးရ
အာကာထက်
ဇန်န၀ါရီ ၁၂၊ ၂၀၁၂ မိုးမခ

မြန်မာနိုင်ငံတွင် အပြောင်းအလဲများ (သို့) အရွေ့များ၊ ဖြစ်ထွန်းတိုးတက်မှုများ၊ အရှိကိုအရှိအတိုင်း မြင်ရမည်ဆိုသည်များ စသည့်ဝေါဟာရ စကားများသည် ၂၀၀၈ နာဂစ်ဖွ့စည်းပုံအပြီးတွင် တက်ရောက်လာသည့် စစ်ဘောင်းဘီချွတ် အရပ်သားဟုခေါ်သော အစိုးရလက်ထက်တွင် တွင်တွင်ကြီး ကြားမိနေရပေသည်။ တက်လာသည့်သမတမှလည်း မိန့်ခွန်းကြီးသုံးရပ်ကို မနားမနေ ကြိုးစားပြီးပြောခဲ့ရာတွင် နိုင်ငံရေးတွင် ဘယ်လိုပြောင်းမည်၊ စီးပွားရေးတွင် ဘယ်လိုပြောင်းမည် ဘာတွေလုပ်မည်၊ တရားဥပဒေစိုးမိုးရေးသာအဓိက၊ လာဘ်စားမှုတွေကို ဘယ်လို တိုက်ဖျက်မည် ကောင်းတဲ့အစိုးရ၊ သန့်ရှင်းတဲ့အစိုးရဖြစ်ရမည် စသည်ဖြင့် လေထဲတိုက်အိမ်ဆောက်မည့်စီမံကိန်းများ ချမှတ်ခဲ့ပေသည်။

တဖက်တွင်လည်း လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဖြင့် တွေ့ဆုံမှုပြုလုပ်ပြသလို လွတ်ငြိမ်းချမ်းသာခွင့်ဆိုသည်များကိုလည်း အကြိမ်ကြိမ်ကြေငြာပေးခဲ့သည်။ တဆက်တည်းမှာပင် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်မှတောင်းဆိုခဲ့သည့် ရွေးကောက်ပွဲဥပဒေကိုလည်း မဆိုင်းမတွ ပြုပြင်ပေးလိုက်ခြင်း၊ မြန်မာနိုင်ငံ၏ အသက်သွေးကြောဖြစ်သည့် ဧရာဝတီမြစ်ကြီးကိုလည်း တရုတ်လက်မှ () နှစ်တာ ကယ် တင်လိုက်ခဲ့သည်။ ထိုသို့သောလုပ်ဆောင်မှုများကြောင့် နှစ်ပေါင်း (၅၀) ကျော် တိုင်းပြည်တွင် မမြင်တွေ့ ခဲ့ရသည်များ၊ မကြားရသည်များကို ပြည်သူများအနေဖြင့် ကြားလိုက်သိလိုက်သည့်အတွက် သမတနှင့်အစိုးရအဖွဲ့ အား လွန်စွာထောက်ခံမှုပြုခဲ့ပေသည်။ ထို့အပြင် နိုင်ငံတ ကာမှလည်း ၀င်လာမစဲ တသဲသဲဖြင့် ရွေလမ်း ငွေလမ်းဖောက်ရန် ပြင်ဆင်ခဲ့ကြပေသည်။

အမေရိကန်လိုနိုင်ငံကပင် မနေနိုင်အောင်ဖြစ်ခဲ့ပြီး စီးပွားရေးပိတ်ဆို့မှုကိုတောင် အချိန်တန်ရင် ပြန်စဉ်းစားမဲ့အဆင့်ကို ရောက်ခဲ့ပေသည်။ထိုထိုသောအချက်များကိုကြည့်ရှု၍ အာစီယံအကြီးအကဲအဖြစ်ပင် နိုင်ငံတကာမှ ပေးအပ်ခဲ့ပေသည်။ နိုင်ငံတကာသည် ရိုးသားပါသည်။ မြန်မာနိုင်ငံကို ပြောင်းလဲစေချင်ကြပါသည်။ အာစီယံအိမ်နီးချင်းတိုင်းပြည်များတွင် အောက်တန်းရောက်နေသည့်မြန်မာကို သူတို့မထားခဲ့ ချင်ပါ။ ထို့ကြောင့် မြန်မာကို နိုင်ငံတကာနှင့် ပိုမိုရင်းနှီးအောင် ဆောင်ရွက်ပေးခဲ့ပါသည်။ သို့သော် နိုင်ငံတကာမှ အလိုချင်ဆုံးဆုကိုတော့ သမတဦးသိန်းစိန်အစိုးရမှ အာစီယံအကြီးအကဲစတင်ဖြစ်သည့်နေ့တွင်ပင် မျက်ကွယ်ပြုလိုက်ပါသည်။ မြန်မာနိုင်ငံတွင် နိုင်ငံရေး အကျဉ်း သား ဆိုတာမရှိဘူး။ ယုံကြည်ချက်ကြောင့် အကျဉ်းကျတယ်ဆိုတာလည်းမရှိဘူး။ အားလုံးဟာ ပြစ်မှုတခုခုကို ကျူးလွန်သည်ဟုပြော လိုက်ခြင်းပင်ဖြစ်ပါသည်။ ရှစ်ဆယ့်ရှစ်ကျောင်းသားခေါင်းဆောင်များ ကုန်ဈေးနှုန်းကျဆင်းရေးလုပ်ဆောင်သူများ ၂၀၀၇ ရွှေဝါရောင်လှုပ် ရှားသူများသည် ရာဇ၀တ်သားများမဟုတ်သည်ကို သမတနှင့်အစိုးရအဖွဲ့ဝင်များ၊ မြန်မာပြည်သူများ၊ နိုင်ငံတကာခေါင်းဆောင်များ သိကြ ပါသည်။ ဘာကြောင့်များလှည့်ဖျားနေရသည်ကိုတော့ သမတကိုယ်တိုင်ပင်သိပါလိမ့်မည်။ မည်သူတွေကိုများ သမတက ကြောက်နေရသ နည်း။ မြန်မာပြည်တွင် မည်သူတွေက သမတအထက်တွင်ရှိနေသည်ကိုတော့ မြန်မာပြည်သူများအနေဖြင့် နားမလည်နိုင်အောင် ဖြစ်နေ ရပေသည်။ မိမိ စတင်တက်လာချိန်တွင်ပြောသည့်မိန့်ခွန်းများ၊ လုပ်ဆောင်ချက်များကို ထိုစကားတခွန်းနှင့်ပင် အပြီးတိုင် ချေဖျက်လိုက်ပေ သည်။ ပြည်သူများယုံကြည်မှုနည်းခဲ့ရသလို သံသယစိတ်တွေကတော့ အရင်လူတွေအတိုင်းလား၊ မျက်နှာဖုံးခွာလိုက်တာလား၊ စသည်ဖြင့် တွေးတောမိလာခဲ့ပေသည်။

အထိုထိုသော နိုင်ငံရေးအကျဉ်းသားများလွှတ်ပေးလိုက်ချင်းအားဖြင့် ပြည်သူလူထုနှင့် နိုင်ငံတကာ၏ထောက်ခံမှုကို ပိုမိုရလာမည်ဆိုသည် ကိုသိလျှက်နှင့် မည်သည့်အတွက်ကြောင့် မလွှတ်ပဲနေသည်ကို အားလုံးက နားမလည်နိုင်တော့ပါ။ သို့သော် မြန်မာပြည်သူနှင့် နိုင်ငံတ ကာက နားလည်မှုပေးပါသည်။ ဆက်လက်ပြီးလွှတ်ပေးမည်ဟု မျှော်လင့်ခဲ့ပါသေးသည်။ သမတအကြံပေးများ၊ လွှတ်တော်ဥက္ကဌများ တိုင်းရင်းသားတွေနှင့် ငြိမ်းချမ်းရေးကိုယ်စားလှယ်ခေါင်းဆောင်များကလည်း လွှတ်ပါမည်။ မကြာတော့ပါ။ စောင့်ကြည့်ပါဆိုသည့်စကားများ ကိုလည်း အကြိမ်များစွာပြောခဲ့ပါသည်။ အားလုံးကလည်း ကြိုဆိုနေသည့်အချိန်ပင်ဖြစ်ပါသည်။ တကယ်လွှတ်မယ်ဟုလည်း ယုံကြည်ပါနေ ပါသည်။ ဟီလာရီကလင်တန်လာတုန်းကပင် လွှတ်ပေးမည်ဟု ကတိပေးလိုက်ပါသေးသည်။ သို့သော် မြန်မာပြည်သူများ၏ မျှော်လင့် ချက် များသည်လွတ်လပ်ရေးနေ့ လွှတ်ငြိမ်းချမ်းသာခွင့်ဟုခေါ်သည့်ကြေငြာချက်ကြောင့် လေထဲတွင်ပျောက်ကွယ်သွားသည့် မီးခိုးငွေ့ပမာဖြစ်ခဲ့ ရပေသည်။

နိုင်ငံကိုကိုယ်စားပြုသည့်လွှတ်တော်မှ အမြင့်ဆုံးတာဝန်ရှိသူများ၏ပြောစကားများကိုလည်း လွန်စွာမှ မထေမဲ့မြင်နိုင်သည့် လုပ်ရပ်ဖြစ်နေ ပေသည်။ ဟီလာရီကလင်တန်သတ်မှတ်ချက်တွင် ဦးသိန်းစိန်အစိုးရအတွင်းတွင် သုံးမျိုးရှိနေပါသည်။ ပြုပြင်ပြောင်းလဲလိုသူ၊ မပြောင်းလဲ လိုသူ၊ ကြားနေသူဟု ဆိုခဲ့ပေသည်။ အထက်ပါလုပ်ရပ်များကိုကြည့်လျှင် သမတကိုယ်တိုင်ပင် ကြားနေသူလား၊ ပြုပြင်ပြောင်းလဲရေးကို အပြောသက်သက်သာ လုပ်ဆောင်သူလားဆိုတာ ဝေခွဲမရနိုင်တော့ပေ။ နိုင်ငံရေးအကျဉ်းသားတွေကိုလွှတ်ဖို့အတွက် မည်သည့်အရာ ကိုများ သမတနှင့် အစိုးရအဖွဲ့ကကြောက်နေရသနည်း။ ခေါင်းဆောင်ကောင်းဆိုသည်မှာ ပြည်သူလူထုလိုအင်ဆန္ဒကို လိုက်လျောပေးသူ ကိုခေါ်ပါသည်။ ပြည်သူ့ဆန္ဒကိုဆန့်ကျင်သူကို ခေါင်းဆောင်ကောင်း၊ အစိုးကောင်းဟု မည်သည့်တိုင်းပြည်ကမှ သတ်မှတ်မည်မဟုတ်ပါ။

ကျောင်းသားခေါင်းဆောင်များသည် အလကားနေရင်း ဆူပူနေသူများမဟုတ်ပါ။ ပြည်သူဖက်ကနေရပ်တည်ပြီး တိုက်ပွဲဝင်ခဲ့သူများဖြစ်ပါ သည်။ သူတို့မှာ အတွေးအခေါ်များ အလွန်ထက်မြက်ပါသည်။ တိုင်းပြည်ကို ကောင်းစားစေချင်သည့်စိတ်ထားများ အလွန်မြင့်မားပါသည်။ ထိုသူများသည် အသက်အရွယ်အားဖြင့် ငယ်တော့သည့်များမဟုတ်သလို နိုင်ငံတည်ဆောက်မှုတွင် ရာနှုန်းပြည့်ပါဝင်တည်ဆောက်မည့်သူများဖြစ်ပါသည်။ အလကားနေရင်းလမ်းပေါ်တက်ပြီး သပိတ်မှောက်မည့်သူများဆိုပြီး ကြောက်နေစရာမလိုပါ။ အစိုးရအနေဖြင့် ထိုသူများ နှင့်ညှိနိုင်းပြီး တိုင်းပြည်အတွက် လုပ်ဆောင်ရန်သာလိုပါသည်။ ဘာကြောင့်များ စစ်အစိုးရအဆက်ဆက် အငြိုးထားနေကြပါသနည်း။ နှစ် ပေါင်း (၆၀) ကျော် သူသေကိုယ်သေ တိုက်ခိုက်နေသည့်သူများနှင့်ပင် တွေ့ဆုံဆွေးနွေးနိုင်သေးရင် ယခုလို ကျောင်းသားခေါင်းဆောင်များ၊ နိုင်ငံရေးသမားများနှင့် တိုင်းပြည်တည်ဆောက်ရေးအတွက် ဘာကြောင့်များ မဆွေးနွေးနိုင်ရသည်ကို နားမလည်အောင်ဖြစ်ရပါသည်၊ ထို သူများသည် ထောင်သွင်းအကျဉ်းချထားရမည့်သူများ မဟုတ်ပါ။ တိုင်းပြည်အတွက် လွန်စွာအဖိုးတန်သည့် ရတနာမျိုးဆက်များ ဖြစ်ပါ သည်။ ယနေ့အချိန်တွင် အစိုးရအနေဖြင့် နောက်မကျသေးပါ။ ချွင်းချက်မရှိ လွှတ်ပေးလိုက်ချင်းဖြင့် အနာဂတ်တိုင်းပြည်အတွက် လှပမည့် အချိန်တခု ဖြစ်လာပါပေမည်။ လက်ရှိအစိုးရလဲ ပြည်သူနှင့် နိုင်ငံတကာမှထောက်ခံမှုကို ပိုမိုရရှိလာပေမည်။ အပြောနှင့်အလုပ် မညီ ညွတ်ပါက မည်သည့်အစိုးရပဲတက်တက် ဖိုးတွမ်တီးအစိုးရဟု ပြည်သူနှင့် နိုင်ငံတကာက သတ်မှတ်ခြင်းကို ခံရဖွယ်သာရှိပေသည်။
နိုင်ငံရေး အကျဉ်းသားများ အမြန်ဆုံးလွှတ်ပေးပါ။
နောက်ဆုံး

စစ်ခွေးတိုက် (သို့မဟုတ်) ဟောင်ကောင်
ရဲမင်းထွန်း
ဇန်န၀ါရီ ၁၁၊ ၂၀၁၂ မိုးမခ

No comments:

Post a Comment