Uncensored Burma Aug 31
KIO အစိုးရတပ်ကို ခြုံခိုတိုက်
အေးလဲ့ | ဗုဒ္ဓဟူးနေ့၊ သြဂုတ်လ ၃၁ ရက် ၂၀၁၁ ခုနှစ် ၂၂ နာရီ ၃၇ မိနစ်
ချင်းမိုင် (မဇ္ဈိမ) ။ ။ မူဆယ်မြို့နှင့် ကွတ်ခိုင်မြို့အကြား ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO)က အစိုးရတပ်များကို ခြုံခိုတိုက်ပြီးနောက် ဒေသတွင်း လုံခြုံရေး ယူထားသော အစိုးရတပ် အချင်းချင်း မှားယွင်းပစ်ခတ်မှု ဖြစ်သွားသည်။
“တိုက်ပွဲက ကြီးကြီးမားမား မဟုတ်ဘူး။ ကျနော်တို့အဖွဲ့က (၅ မိနစ် - ၁ဝ မိနစ်) ပိုင်းလောက် ခြုံခိုပစ်ပြီး ပြန်သွား
တယ်၊ သူတို့ လုံခြုံရေးအဖွဲ့က ဟိုအဖွဲ့ ဒီအဖွဲ့ ဆင်းလာပြီး သူတို့ အချင်းချင်းမှားပြီး ပစ်ခတ်ကြတယ်။” ဟု KIOပြောရေး ဆိုခွင့်ရှိသူ ဦးလနန်က ပြောသည်။
မူဆယ်မြို့နှင့် ကွတ်ခိုင်မြို့ အဝေးပြေးကားလမ်းပေါ်ရှိ နမ့်ဖတ်ကာကျေးရွာ၊ နမ့်ကွတ်နှင့် မန်လွယ်အကြား အခင်းဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
KIO ဘက်မှ အစိုးရ စစ်ယာဉ်တန်းကို ပစ်မှတ်ထား တိုက်ခိုက်နေသည်မှာ ၁ဝ ကြိမ်ခန့်ရှိပြီဟုလည်း ဆိုသည်။ တရုတ်ဘက် မောင်းနှင်လာသော အစိုးရတပ် ယာဉ်တန်းတွင် စစ်တပ်သုံး ပစ္စည်းများ တင်ဆောင်လာလေ့ ရှိသည်ဟု သူက ပြောသည်။
တရုတ်နိုင်ငံဘက်မှ ဝယ်ယူထားသော စစ်သုံးယာဉ်များကို ကြယ်ခေါင်-မူဆယ်ဂိတ်မှ တဆင့် မူဆယ် လေယာဉ်ကွင်း
သို့ သယ်ဆောင်ထားပြီး ယာဉ်တန်းပြည့်လျှင် လားရှိုး၊ မန္တလေးဘက်သို့ သယ်ဆောင်သွားလေ့ရှိသည်။