သတင်းတွေ ဖတ်ဖို့ ခေါင်းစဉ် သို့ မဟုတ် Read More ကိုသာ လိုက်ရှာပြီး နှိပ်ပါလေ

Monday, September 5, 2011

Sep 5


မြောက်ကိုရီးယားလက်နက်ဖိုး မြန်မာစစ်အစိုးရ ဆန်နဲ့ ပေးချေခဲ့ကြောင်း Wikileaks ဖော်ပြ

နောက်ဆုံးထွက်ပေါ်လာတဲ့ Wikileaks အင်တာနက်စာမျက်နှာက အမေရိကန်အစိုးရ သံရုံး သတင်း ပေးပို့ချက်များထဲမှာ ၂ဝဝ၆ ခုနှစ်က မြောက်ကိုရီးယားနဲ့ မြန်မာစစ်အစိုးရတို့ဟာ လက်နက်အရောင်းအဝယ် ရှိခဲ့ပြီး ဒီအရောင်းအဝယ်အတွက် မြန်မာဘက်က ဆန်နဲ့ ပေးချေခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဒီအကြောင်းတွေနဲ့ ပတ်သက်လို့ ဒီကနေ့ ကိုရီးယားထုတ် Arirang ရုပ်မြင်သံကြားသတင်းမှာ ဖော်ပြထားတာ ဖြစ်ပါတယ်။
ဒါ့အပြင် အဲဒီ သံရုံးအစီရင်ခံစာမှာ နောက်ပိုင်း သံရုံးကြေးနန်းစာတွေအရ မြန်မာဘက်က ဆန်တန်ချိန် ၂ သောင်းကို ၂ဝဝ၉ ခုနှစ် ဇန်နဝါရီလနဲ့ ဇွန်လအကြား မြောက်ကိုရီးယားကို လက်နက်ဖိုးအတွက် ပေးချေခဲ့တယ်လို့လည်း သတင်းမှာ ဖော်ပြထားပါတယ်။
ဒီသတင်းမှာပဲ မြောက်ကိုရီးယားနဲ့ ပတ်သက်လို့ ၂ဝဝ၆ ခုနှစ်က အမေရိကန်အစိုးရနဲ့ တောင်ကိုရီးယား အကြား သဘောထား ကွဲခဲ့တယ်လို့ ဖော်ပြထားပါတယ်။
၂ဝဝ၆ ခုနှစ် ဇူလိုင်လက မြောက်ကိုရီးယားက တေပိုဒေါင်း-၂ ဒုံးပျံ စမ်းသပ်အပြီး အဲဒီအချိန်က တောင်ကိုရီးယား သမ္မတ ယိုမူးယွန် အစိုးရနဲ့ အမေရိကန်သမ္မတ ဂျော့ရှ် ဒဗလျူဘုရှ် အစိုးရတို့အကြား မြောက်ကိုရီးယားကို ချဉ်းကပ်မှုအပေါ် သဘောထား ကွဲခဲ့တယ်လို့ ဆိုပါတယ်။


ပရဟိတ အသင်း​​ပေါင်းစုံ နှီးနှောဖလှယ်ပွဲ ရန်ကုန်တွင် ပြုလုပ်
by ရွှေအောင်
ပြည်တွင်းမှာရှိတဲ့ အစိုးရမဟုတ်သောအဖွဲ့ အန်ဂျီအိုတွေ၊ လူမှုရေးအသင်းအဖွဲ့ပေါင်း ခုနှစ်ရာကျော်က ကိုယ်စားလှယ်ပေါင်း သုံးထောင်လောက်တက်ရောက်တဲ့ ပရဟိတ အသင်းပေါင်းစုံ နှီးနှောဖလှယ်ပွဲကို ရန်ကုန်တိုင်း မှော်ဘီမြို့နယ် ရွှေပြည်သာ မေတ္တာရှင်ဘုန်းကြီးကျောင်းဝင်းထဲမှာ ဒီနေ့ ကျင်းပခဲ့ပါတယ်။
ပြည်နယ်တိုင်း အသီးသီးက လူမှုအကျိုးပြုလုပ်ငန်း ဆောင်ရွက်နေတဲ့ အသင်းအဖွဲ့တွေ တွေ့ဆုံဆွေးနွေး နှီးနှောဖလှယ်ကြပြီး အတွေ့အကြုံတွေ ပြောပြကြပြီး အပြန်အလှန်ကူညီနိုင်ကြဖို့ ပြုလုပ်တာလို့ နှီးနှောဖလှယ်ပွဲတက်ခဲ့တဲ့ သတင်းစာဆရာ မောင်ဝံသက ပြောပြပါတယ်။


 


ပရဟိတလုပ်ငန်းဆိုတာ အင်မတန် မွန်မြတ်တယ်ပေါ့ဗျာ။ အဲတော့ အခုလို ပရဟိတအသင်းတွေ အကြီးရော၊ အငယ်၊ အလတ်ပါ အကုန်လုံး စုပေါင်းပြီး စည်းဝေးလုပ်ပြီးတော့ ပိုပြီးတော့ ဆင်းရဲဒုက္ခရောက်နေတဲ့ ပြည်သူလူထုကို အကူအညီတွေ ပေးဖို့ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး အဲလို လုပ်ကြတာကို အင်မတန် ကောင်းတယ်ပေါ့ဗျာ။ ဒါကို ပိုပြီးတော့ စနစ်တကျနဲ့ နှီးနှောဖလှယ်ပွဲတွေ လုပ်ခြင်းအားဖြင့် နည်းလမ်းတွေ ပိုပြီးတော့ ပေါ်လာမယ်ပေါ့ဗျာ။ အခုဟာက နာရေးကူညီမှု အသင်းတွေ များတယ်။ နယ်တွေ အသီးသီးမှာ ရှိတာကိုး။ သူတို့လိုတာကို ဒီဘက်က ဖြည့်စည်းပေးမယ်။ ဒီဘက်ကလိုတာကို ဟိုဘက်က ပြန်ဖြည့်ဆည်းပေးပေါ့။ အပြန်အလှန်ပေါ့။”
ပရဟိတအသင်းတွေ နှီးနှောဖလှယ်ပွဲကို ဒယ်အိုးဆရာတော်လို့ လူသိများတဲ့ ဆရာတော်ဦးသုမင်္ဂလက ကြီးမှူးကျင်းပပြီး သောကြာ၊ စနေ နှစ်ရက် ကျင်းပခဲ့ပါတယ်။
ပရဟိတအသင်းပေါင်းစုံညီ တွေ့ဆုံဆွေးနွေး နှီးနှောဖလှယ်နိုင်အောင် ဆရာတော်ဟာ ထောင့်စေ့အောင် ဆောင်ရွက်ပေးထားတယ်လို့လည်း မောင်ဝံသက ဆိုပါတယ်။
ဒီလို ပွဲမျိုးကျင်းပနိုင်တာ ပထမဆုံအကြိမ်လို့ ပြောရမှာ ဖြစ်ပြီး ကြီးမှူးကျင်းပတဲ့ ဆရာတော်ဦးသုမင်္ဂလနဲ့ ဆက်သွယ်ဖို့ ကြိုးစားကြည့်ပေမယ့် ဆရာတော်က နှီးနှောဖလှယ်ပွဲထဲ ရောက်နေတဲ့အတွက် ဆက်သွယ်မေးမြန်းခွင့် မရခဲ့ပါဘူး။

UWSA အတွင်းရေး ၀ီကီလိတွင် ဖော်ပြ

ခင်ဦးသာ MONDAY, 05 SEPTEMBER 2011 18:43
ဝ ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) တွင် အမေရိကန်လုပ် မြေပြင်မှ ဝေဟင်ပစ် ဒုံးလက်နက် ၃၀ ထက် မနည်း ပိုင်ဆိုင်ထားသဖြင့် အစိုးရ စစ်တပ်က တိုက်ခိုက်လာလျှင် မှုစရာ မလိုဘဲ အသာစီးရမည်ဟု အဖွဲ့၏ တာဝန်ခံတဦးက ပြောဆိုကြောင်း ၀ီကီလိ (wikileaks) အင်တာနက်စာမျက်နှာတွင် သောကြာနေ့က ဖော်ပြခဲ့သည့် လျှို့ဝှက်ကြေးနန်းစာတစောင်တွင် ရေးသားထားသည်။
ရန်ကုန်မြို့ အမေရိကန်သံရုံးမှ သံရုံးအရာရှိ Marc Shaw က ၂၀၁၀ ပြည့်နှစ် ဇန်န၀ါရီလတွင် အမေရိကန်နိုင်ငံခြားရေး ဌာနသို့ ပေးပို့ခဲ့သော အစိုးရ၏ နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး အစီအစဉ်အား UWSA က လက်မခံကြောင်း ဖော်ပြထားသည့် လျှို့ဝှက်အစီရင်ခံစာတွင် ထိုသို့ ရေးထားခြင်း ဖြစ်သည်။
သောကြာနေ့တွင် ၀ီကီလိခ်က ဖွင့်ချလိုက်သည့်  အမေရိကန်နိုင်ငံခြားရေးဌာန၏ လျှို့ဝှက်အစီရင်ခံစာများတွင် ရန်ကုန်မြို့ အမေရိကန် သံရုံးက ပေးပို့သည့်  မြန်မာနိုင်ငံနှင့်ဆိုင်သော သတင်း အချက်အလက် အများအပြား ပါဝင်နေသည်။
အမေရိကန် သံရုံး တာဝန်ရှိသူတို့နှင့် တွေ့ဆုံခဲ့သည်ဟု ဆိုသော  ဦးစိုးသန်းသည် မန္တလေးတက္ကသိုလ် ဘွဲ့ရခဲ့သူတဦးဖြစ်ကာ UWSA ခေါင်းဆောင်များနှင့် မြန်မာအစိုးရ တာဝန်ရှိသူများအကြား သံတမန် တဦးကဲ့သို့ သူ့ကိုယ်သူ ပြောဆိုသည်ဟု လျှို့ဝှက် အစီရင်ခံစာက ဆိုသည်။

UWSA
သည် ငွေကြေး အကူအညီကို  တရုတ်နိုင်ငံမှ ရယူခဲ့သည် ဟူသော ဦးစိုးသန်း၏ ပြောကြားချက်ကိုလည်း ကိုးကားထားသည်။

UWSA
ဌာနချုပ်သည် ရှမ်းပြည်နယ်မြောက်ပိုင်း  ပန်ဆန်းဒေသ၌ တည်ရှိပြီး  မိုင်းတုံ၊ ပုံပါကျင် စသည့် မြို့နယ်များတွင် ၎င်းတို့၏ တပ်ဖွဲ့ဝင်များ လှုပ်ရှားလျက်ရှိသည်။ ၀-တပ်ဖွဲ့သည် မြန်မာနိုင်ငံရှိ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များ အနက် အင်အားအကောင်းဆုံး တပ်ဖွဲ့ ဖြစ်သည်။  တပ်သား အင်အား သုံးသောင်းဝန်းကျင်နှင့် အရံအင်အား တသောင်း ရှိပြီး  စစ်ရေးအင်အားတောင့်တင်းလာခြင်းကို မြန်မာအစိုးရက စိုးရိမ်ခဲ့သည်ဟု အစီရင်ခံစာက ဆိုသည်။

UWSA
သည် ယခင် နအဖ စစ်အအစိုးရလက်ထက်တွင် ငြိမ်းချမ်းရေးရယူခဲ့သည်။ ၂၀၀၉ ခုနှစ်တွင် အစိုးရက ကမ်းလှမ်းသည့် နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရေးကို လက်ခံခြင်း မရှိသော ၎င်းတို့၏ မူဝါဒအား အမေရိကန်အစိုးရကို သိစေလိုပုံရသည်ဟု အစီရင်ခံစာတွင် ရေးထားသည်။
ရန်ကုန်မြို့၌ UWSA ပိုင်ဆိုင်သော စီးပွားရေး ကုမ္ပဏီ ၂၀ ၀န်းကျင်ရှိပြီး၊  ဆောက်လုပ်ရေး လုပ်ငန်းများ၊ သတ္ထုတူးဖော်ရေး၊ ကျောက်မျက်လုပ်ငန်းများ၊ ကျွန်းသစ်၊ သယ်ယူပို့ဆောင်ရေး၊ Yangon City ဟိုတယ်၊ NASA တေးထုတ်လုပ်ရေး အပါအ၀င် လုပ်ငန်း အများအပြား ပိုင်ဆိုင်ထားသည်ဟု ဆိုသည်။ ထိုလုပ်ငန်းများ၏ ရုံးချုပ်မှာ ရှမ်းပြည်နယ်၊ တာချီလိတ်မြို့တွင် အခြေစိုက်ထားသည်။
ဝီကီလိ၏ ဖွင့်ချချက်များတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) နှင့် ပတ်သက်သော အကြောင်းအရာများလည်း ပါဝင်ပြီး NLD ဒု-ဥက္ကဋ္ဌ ဦးတင်ဦးသည် စာ အလွန်ဖတ်သူတဦးဖြစ်ကာ National Geographic နှင့် Irrawaddy မဂ္ဂဇင်းတို့ကို ကြိုက်နှစ်သက်ကြောင်းလည်း ရေးသားထားသည်။
မြန်မာစစ်ဗိုလ်ချုပ်များနှင့်ပတ်သက်သော အကြောင်းအရာများကိုလည်း အမေရိကန်သံရုံးက အနီးကပ် စောင့်ကြည့်နေကြောင်း ရေးသားထားပြီး မြန်မာနိုင်ငံနှင့် မြောက်ကိုရီးယားနိုင်ငံတို့ ၂၀၀၆ ခုနှစ် အတွင်း လက်နက်အရောင်းအ၀ယ်ပြုလုပ်ခဲ့သည့် သတင်းများလည်း ဖော်ပြထားသည်။
၂၀၁၀ ပြည့်နှစ် နှောင်းပိုင်း ထွက်ပေါ်လာသော အစီရင်ခံစာ တစောင်တွင် အာဆီယံနိုင်ငံများဖြစ်သည့် မြန်မာ၊ လာအိုနှင့်ကမ္ဘောဒီးယား တို့သည် အာဆီယံ နှင့် ပတ်သက်သော အတွင်းရေးသတင်း အချက် အလက်များကို တရုတ်နိုင်ငံသို့ လက်ထောက်ချခဲ့သည်ဟု စင်္ကာပူ ၀န်ကြီးချုပ်ဟောင်း လီကွမ်ယုက ပြောဆိုကြောင်း ဖော်ပြခဲ့သည်။
ယခင်က လျှို့ဝှက်အစီရင်ခံစာများကို ဖွင့်ချရာတွင် သံရုံးသတင်းပေးသူတို့၏ အမည်တို့ကို ဖျက်ပြီးမှ အင်တာနက်တွင် ဖော်ပြခြင်း ဖြစ်သည်။ သို့သော်လည်း သောကြာနေ့က ၀ီကီလိ စာမျက်နှာတွင် အစုလိုက်အပြုံလိုက် ဖော်ပြလိုက်သော ဖွင့်ချချက်များတွင်မူ သတင်းပေးသူတို့၏ အမည်များကို ဖျက်ထားခြင် မရှိပေ။
နိုင်ငံပေါင်း ၁၀၀ ကျော်မှ အမေရိကန်သံရုံးများကို သတင်းပေးသူတို့၏ အမည်များ၊ အချက်အလက်များ အသေးစိတ် ပါဝင်နေသဖြင့် ၎င်းတို့အတွက် စိုးရိမ်ရသည် ဟူသော သုံးသပ်ချက်များ ပေါ်ထွက်နေသည်။

ဘုရားကျောင်းအတွင်း စစ်တပ် မိုင်းထောင်

သန်းထိုက်ဦး MONDAY, 05 SEPTEMBER 2011 19:37
ဝိုင်းမော်မြို့နယ်၊ ကဇူးကျေးရွာရှိ ခရစ်ယာန် ဘုရားကျောင်းအတွင်း အစိုးရစစ်တပ်က မိုင်းထောင်ထားကြောင်း ဒေသခံ အုပ်ချုပ်ရေး၊ ဘာသာရေး တာဝန်ခံများက ကချင်ပြည်နယ် ၀န်ကြီးချုပ်ကို ပြီးခဲ့သည့် လကုန်ပိုင်းတွင် တိုင်ကြားလိုက်ကြသည်။
မကြာသေးမီက ကချင်ပြည်နယ် လိုင်ဇာဒေသ အကူအညီပေးရေး စခန်းတခုတွင် တွေ့ရသော စစ်ပြေးဒုက္ခသည်များ (ဓာတ်ပုံ - ဧရာဝတီ)
သြဂုတ် ၂၆ ရက်နေ့ နေ့စွဲဖြင့် ပေးပို့သော တိုင်စာတွင် ဘုရားကျောင်း နှင့် ရွာလမ်းမများတွင် ထောင်ထားသော မိုင်းများ ဖယ်ရှားရေး၊ ဘုရားကျောင်းတွင် ၀တ်ပြုကိုးကွယ်ခွင့် ပေးရေးတို့ကို တောင်းဆိုထားသည်။
ဘုရားကျောင်းအတွင်းသို့ သြဂုတ် ၁၃ ရက်နေ့မှ စတင်ပြီး ၀င်ရောက်ခွင့် မရတော့ကြောင်း ဧရာဝတီက ရရှိသည့် အဆိုပါ တိုင်စာတွင် ရေးထားသည်။

တိုင်ကြားချက်ကို စစ်တိုင်းမှူး၊ သာသနာရေး ဝန်ကြီး၊ ထိုနယ်မြေတွင် ခြေစိုက်သည့် ခလရ
(၅၈)၊ ခမရ (၃၁၈) စသည့် တပ်ရင်းများကိုလည်း မိတ္တူပေးပို့ထားကြောင်း စာတွင် ဖော်ပြထားသည်။
ထိုစာကို သင်းအုပ်ဆရာ ဦးနော်ဘောက်၊ ကဇူးကျေးရွာ ခရစ်ယာန် အသင်း အတွင်းရေးမှူး ဦးတန်ဂွန်း၊ ကဇူးကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဖဂါနော်တို့က လက်မှတ်ရေးထိုး ပေးပို့ခြင်း ဖြစ်သည်။ ကချင် တိုင်းရင်းသား အများစုသည် ခရစ်ယာန် ဘာသာဝင်များ ဖြစ်ကြသည်။ 


ယခုအခါ ကျွန်တော်များ ကဇူး ကချင် နှစ်ခြင်း ခရစ်ယာန် အသင်းသားများ အနေဖြင့် မိမိတို့ ယုံကြည် အားကိုးရသော ဘုရား သခင်ထံ ၀တ်ပြု ဆုတောင်းရန် အခက်အခဲနှင့် ကြုံတွေ့လာရသည်” ဟု စာတွင် ရေးသားထားသည်။ 

ရွာအတွင်း စစ်တပ်ရောက်လာသဖြင့် ဒေသခံအများအပြားက  မြစ်ကြီးနားမြို့ပေါ်ရှိ  ဆွေမျိုး၊ မိတ်ဆွေများထံ သွားရောက်နေထိုင်ကြောင်း သိရသည်။ 

ဘုရားကျောင်း နယ်မြေအတွင်း စစ်တပ်က စခန်းချထားသည်ဟု ကြားသိရကြောင်း တရုတ်
- မြန်မာ နယ်စပ်မှ ကချင် အမျိုးသမီး မိုင်းဂျာက ဧရာဝတီကို ပြောသည်။ ပြီးခဲ့သည့်လ ၁၃ ရက်နေ့မှ စတင်၍ ထိုနေရာတွင် ကတုတ်ကျင်း တူးဖော်ပြီး တပ်စခန်းများ  ဆောက်လုပ်ထားသည်ဟု ဆိုသည်။ 

ဘာသာရေးဟာ နိုင်ငံရေးလုပ်တဲ့ အဖွဲ့လည်း မဟုတ်ဘူး၊ ဘုရားကျောင်းကို သွားပြီးတော့ ပိတ်ပင်တာတို့ အစိုးရတပ်က နယ် မြေ သတ်မှတ်ချင်ရင်လည်း ဘုရားကျောင်း အပြင်ကနေ သတ်မှတ်၊ ဘုရားကျောင်း အပါအ၀င် ရွာသားတွေ အားလုံး ၀တ်ပြုတဲ့ နေရာကို ဒီလိုမျိုး လုပ်တယ် ဆိုတော့ တော်တော်လေးကို လူ့ အခွင့်အရေး ချိုးဖောက်ခံရတာပဲ” ဟု မိုင်းဂျာက ဆိုသည်။

မိုင်းဂျာသည် ကချင် အမျိုးသမီး အစည်းအရုံး
- ထိုင်းနိုင်ငံ အဖွဲ့မှ ဖြစ်၍ ကချင်ဒေသ စစ်ပြေး ဒုက္ခသည်များကို ကူညီနေသူ တဦးလည်း ဖြစ်သည်။ 
အစိုးရတပ် နှင့် ကချင် လွတ်လပ်ရေး တပ်မတော်
(KIA ) အကြား ပြီးခဲ့သည့် ဇွန်လ ၉ ရက်နေ့တွင် တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။ တိုက်ပွဲများ စတင်ပြီးနောက် အစိုးရတပ်များ ကဇူးကျေးရွာသို့ ၀င်ရောက်လာသဖြင့် ဒေသခံများ အနိုင်ကျင့် နှိပ်စက်ခံနေရကြောင်း ထိုဒေသနှင့် အဆက်အသွယ်ရှိသည့် ထိုင်းနိုင်ငံရောက် ကချင် တိုင်းရင်းသား လူငယ် ကိုနော်လာက  ပြောသည်။ 
ထို တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးရသူပေါင်း ၂၀၀၀၀ ကျော် ရှိပြီး တရုတ်
-မြန်မာ နယ်စပ် တလျှောက်ရှိ KIA ထိန်းချုပ် ဒေသများ၊ မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့များရှိ ဆွေမျိုးများ၊ ဘာသာရေး အဆောက်အအုံများတွင် ခိုလှုံနေကြရကြောင်း သိရသည်

ဒေါ်အောင်ဆန်းစုကြည်ဆောင်းပါး ပထမဆုံးဖော်ပြခွင့်ရ

ဧရာဝတီ MONDAY, 05 SEPTEMBER 2011 12:27

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ရေးသားထားသော ခရီးသွား ဆောင်းပါးကို ပြည်သူ့ခေတ် ဂျာနယ်တွင် ပထမဆုံး အကြိမ်အဖြစ် ဖော်ပြခွင့်ပြုလိုက် သောကြောင့် ကြိုတင်မှာယူမှုများ ရှိနေသည့်အပြင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံမေးမြန်းခန်းကို ၂၃ နှစ်အတွင်း ပထမဆုံးအဖြစ် Messenger ဂျာနယ်တွင် ခွင့်ပြုလိုက်ကြောင်း သတင်းရရှိသည်။
၂၀၁၀ ပြည့်နှစ် နှစ်ကုန်ပိုင်း ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်ပြီးနောက် ပြည်တွင်း သတင်းမီဒီယာများ အားလုံးက ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံမေးမြန်းခန်းများ ပြုလုပ်ခဲ့ကြကြောင်း၊ သို့ရာတွင် အဆိုပါ တွေ့ဆုံမေးမြန်းခန်းများကို စာပေစိစစ်ရေးက ဖော်ပြခွင့်မပြုခဲ့ဘဲ စက်တင်ဘာလ ၄ ရက်နေ့ထုတ် Messenger ဂျာနယ်တွင် စိစစ် ဖြတ်တောက်၍ ဖော်ပြခွင့်ပြုလိုက်ခြင်း ဖြစ်ကြောင်း အဆိုပါ ဂျာနယ်မှ တာဝန်ရှိသူတဦးက ပြောသည်။

အင်တာဗျူးက မနှစ်ကတည်းက လုပ်ခဲ့တာပါ။ ၂၀၁၀ ဒီဇင်ဘာကတည်းက စိစစ်ရေးကို တောက်လျှောက် တင်ခဲ့တယ်။ ၁၀လလောက် ကြာမှ ဖော်ပြခွင့်ပြုတာပါ။  နိုင်ငံရေးနဲ့သက်ဆိုင်တဲ့ အကြောင်းအရာတွေကို အားလုံး ဖြတ်တောက်ပြီးမှ ဖော်ပြခွင့် ပေးခဲ့တယ်။ လူငယ်နဲ့ ပတ်သက်တာတွေပဲ ခွင့်ပြုပါတယ်။ အင်တာဗျူးရဲ့ ၇၅ ရာခိုင်နှုန်းလောက်က ဖြတ်တောက်ခံခဲ့ရ ပါတယ်” ဟု ၎င်းက ဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်ဓာတ်ပုံနှင့် အင်တာဗျူးပါဝင်သော Messenger ဂျာနယ် ထွက်ရှိလာသောအခါ ရန်ကုန်ရှိ ဂျာနယ် အရောင်းဆိုင်များတွင် ဂျာနယ်ဝယ်မရတော့သည်အထိ ဝယ်လိုအား ထိုးတက်သွားကြောင်း ဂျာနယ်ဖြန့်ချိရေးနှင့် အရောင်းဆိုင်များမှ သိရသည်။

ပြုံးရွှင်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မျက်နှာကို ပုံကြီးချဲ့ထားတာ ပါလာတာနဲ့ လူတွေက အလုအယက် ၀ယ်တယ်။  Messenger က သိပ်အရောင်းမသွက်တော့ ကျနော့်ဆိုင်မှာ နည်းနည်းပဲမှာတာ။ ဒေါ်အောင်ဆန်းစုကြည် အင်တာဗျူးကြောင့် မနက် ဆိုင်ဖွင့်ပြီး နာရီဝက်အတွင်း ကုန်သွားတယ်။ မေးတဲ့သူ များလွန်းလို့ ထပ်မှာတယ်။ လုံးဝ မရတော့ဘူး။ စောင်ရေ ပြတ်သွားပြီလို့ ဂျာနယ် ဖြန့်ချိရေးတွေက အကြောင်းပြန်တယ်” ဟု တာမွေ မြို့နယ်အတွင်း ဂျာနယ်အရောင်းဆိုင်ပိုင်ရှင် တဦးက ပြောသည်။
လမ်းဆုံလမ်းခွများတွင် ဂျာနယ်လက်ပွေ့ ရောင်းသူများကမူ ဒေါ်အောင်ဆန်းစုကြည် အင်တာဗျူးပါသော ဂျာနယ် ၀ယ်ယူသူ များလွန်းသည့် အတွက် ပုံမှန်ထက် ဈေးတင်ရောင်းချခဲ့သော်လည်း ရှိသမျှ ရောင်းချ၍ ကုန်သွားသည်ဟု သိရသည်။

ပုံမှန်ဈေးက ဂျာနယ်တစ်စောင် ၆၀၀ ကျပ် ရောင်းတာ။ ဒေါ်အောင်ဆန်းစုကြည် အင်တာဗျူးပါတော့ တစောင် ၈၀၀ အထိ ဈေးတင် ရောင်းတာလည်း ၀ယ်ကြတာပဲ” ဟု ရွှေဂုံတိုင်မီးပွိုင့်တွင် ဂျာနယ်ရောင်းချသူ လက်ပွေ့သမားတဦးက ဆိုသည်။
အင်တာဗျူးတွင် ဒေါ်အောင်ဆန်းစုကြည်က လူငယ်များ မိမိတို့၏ အနာဂတ်အတွက် ကြိုးစားအားထုတ်ကြရန်နှင့် လူ့တန်ဖိုးသည် ငွေကြေးလည်း မဟုတ်သကဲ့သို့ ရုပ်ဝတ္ထု ပိုင်ဆိုင်မှုလည်း မဟုတ်ကြောင်း ပြောဆိုထားသည်။
စက်တင်ဘာလ ၆ ရက်နေ့တွင် ဖြန့်ချိမည့် ပြည်သူ့ခေတ် ဂျာနယ်တွင်လည်း ဒေါ်အောင်ဆန်းစုကြည် ရေးသားထားသော ပုဂံခရီးစဉ်အကြောင်း ဆောင်းပါးကို ဖော်ပြခွင့်ပြုလိုက်ရာ ကြိုတင် မှာယူသူ များပြားနေကြောင်း ဂျာနယ်အရောင်းဆိုင် များမှ သိရသည်။

အင်္ဂါနေ့ထွက်မယ့် ပြည်သူ့ခေတ်ဂျာနယ်မှာ ပါလာမယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆောင်းပါးနဲ့ ပုဂံသွားတုန်းက ရိုက်ထားတဲ့ ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံတွေကို ပုံကြီးချဲ့ပြီး ဂျာနယ် ကြော်ငြာ ပိုစတာ ဗီနိုင်းကြီးတွေ ထုတ်ထားတယ်။ ဆိုင်တွေ အားလုံးမှာ အဲဒီ ပိုစတာဗီနိုင်းတွေ ချိတ်ထားတော့ လူတွေက ဂျာနယ်မထွက်ခင် ကတည်းက ကြိုမှာကြတယ်” ဟု မရမ်းကုန်း မြို့နယ် သမိုင်းလမ်းဆုံတွင် ဂျာနယ်ရောင်းချသူ တဦးက ပြောသည်။
ရန်ကုန်အခြေစိုက် သတင်းထောက်တဦးကမူ စာပေစိစစ်ရေးသည် နိုင်ငံရေးနှင့် ပတ်သက်သော ဒေါ်အောင်ဆန်းစုကြည်၏ သတင်းများကို ကန့်သတ်မှုများ ပြုလုပ်ပြီး သတင်းဂျာနယ်များတွင် မဖော်ပြနိုင်ရန် ပိတ်ပင်မှုများ ပြုလုပ်နေဆဲ ဖြစ်သည်ဟု ရှင်းပြသည်။

ဒေါ်အောင်ဆန်းစုကြည်ကို ထာဝရငြိမ်းချမ်းရေး အမြဲတမ်း ကော်မတီမှာ ထည့်သွင်းဖို့ အမတ်တွေ လွှတ်တော်မှာ ပြောဆို ဆွေးနွေးတဲ့ကိစ္စ၊ ဧရာဝတီမြစ်ဆုံ စီမံကိန်း ပြန်စဉ်းစားဖို့ ဒေါ်အောင်ဆန်းစုကြည် မေတ္တာရပ်ခံတဲ့ကိစ္စ၊ ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးဖို့ ပန်ကြားတဲ့ ကိစ္စတွေကို စာပေစိစစ်ရေးက သတင်းဂျာနယ်တွေမှာ လုံးဝ ဖော်ပြခွင့်မပြုပါဘူး။ ဒါကြောင့် သတင်းလွတ်လပ်ခွင့် အပြည့်မရ သေးပါဘူး။ နေ့စဉ်ထုတ်ပုဂ္ဂလိကသတင်းစာ ထုတ်ဝေခွင့်မရသေးပါဘူး။ အရင်ထက် စာရင်တော့ စာနယ်ဇင်းလောကအတွက် တိုးတက်မှုတချို့ ရှိလာပါတယ်” ဟု သတင်းအယ်ဒီတာတဦးက ပြောဆိုသည်။
၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလ ၁၄ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်ခဲ့စဉ် ၎င်း၏ဓာတ်ပုံများကို စာပေစိစစ်ရေး၏ ခွင့်ပြုချက် မရယူဘဲ ဂျာနယ် မျက်နှာဖုံးများတွင် ပုံကြီးချဲ့ ဖော်ပြခဲ့ကြသဖြင့် တချို့သော ဂျာနယ်များ ထုတ်ဝေခွင့် တပတ် ရပ်ဆိုင်းခံခဲ့ရသည်။

ရဲတပ်ဖွဲ့ဝင်များ ဥပဒေမဲ့ ထိုးကြိတ်ရိုက်နှက်

ရန်ပိုင် MONDAY, 05 SEPTEMBER 2011 18:02
ပဲခူးတိုင်း ပြည်မြို့ ရွှေလက်လှရပ်ကွက်နေ ကိုအောင်မင်းစိုး ဆိုသူသည် သြဂုတ်လ ၄ ရက်နေ့ညက အမှတ် () ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင် ၁၀ ဦး၏ ၀ိုင်းဝန်းထိုးကြိတ်မှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရသွားပြီး ဖမ်းဆီးခံထားရကြောင်း သိရသည်။
ဖြစ်ပွားပုံမှာ ရွှေလက်လှရပ်ကွက်နေ ကိုထွန်းထွန်းဝင်းတို့ လင်မယား ရန်ဖြစ်၍ ရဲစခန်းရောက်ရှိသွားသည်ကို ကိုအောင်မင်းစိုးမှ လိုက်လံ၍ ကျေအေးရန် ပြောဆိုခဲ့ရာမှ တာဝန်ကျ ဒုရဲအုပ် ဇော်မျိုးမြင့်နှင့် စကားများပြီး ၀ိုင်းဝန်းကန်ကျောက် ထိုးကြိတ်ခံရခြင်း ဖြစ်ကြောင်း ကိုအောင်မင်းစိုး၏ မိသားစုဝင်တဦးဖြစ်သူ ဦးမောင်မောင်ကြီးက ဧရာဝတီသို့ ပြောသည်။

တာဝန်ကျက နောက်မလာနဲ့၊ အလုပ်ရှုပ်တယ်ပြောတော့ သူက ပြဿနာတက်ရင်တော့ လာမှာပဲဆိုပြီး ပြန်ပြောလို့ လက်ထိပ် နောက်ပြန်ခတ်ပြီး ၀ိုင်းရိုက်တာ” ဟု ၎င်းက ဆိုသည်။
ဝိုင်းဝန်းရိုက်နှက်သူများမှာ နယ်ထိန်းအရာရှိ ဒုရဲအုပ် သက်သာ၊ ရဲသားများဖြစ်သည့် ထင်လင်းအောင်၊ အောင်ကျော်ကျော်၊ ငြိမ်းချမ်း စသူတို့ ပါဝင်ကြောင်း၊ အနားတွင်ရှိသည့်သူများမှ ၀ိုင်းဝန်းအော်ဟစ်မှသာ ရိုက်နှက်မှုကို ရပ်တန့်လိုက်ကြောင်း ဦးမောင်မောင်ကြီးက ပြောသည်။
ထိုးကြိတ်ရိုက်နှက်မှုကြောင့် ကိုအောင်မင်းစိုးမှာ မေးရိုးနှင့် နံရိုးတွင် ဒဏ်ရာပြင်းထန်စွာ ရသွားသော်လည်း ဆေးကုသခွင့်မပေးဘဲ တာဝန် ၀တ္တရားနှောက်ယှက်မှု ပုဒ်မ ၃၃၃၊ ဆဲဆိုမှု ပုဒ်မ ၂၉၄၊ ခြိမ်းခြောက်မှု ပုဒ်မ ၅၀၆ တို့ဖြင့် အမှုဖွင့်ကာ ပြည်မြို့ အကျဉ်းထောင်တွင် ချုပ်နှောင်ထားကြောင်း၊ လာမည့် ၁၃ ရက်နေ့တွင် အမှုကို ရုံးတင်စစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။
ထိုဖြစ်ပွားမှုနှင့် ပတ်သက်၍ ဧရာဝတီက ပြည်မြို့ အမှတ် () ရဲစခန်းသို့ ဆက်သွယ်မေးမြန်းရာ တာဝန်မှူး ဒုရဲအုပ် မင်းဇော်က ဖြေဆိုရန် ငြင်းဆန်ခဲ့သည်။
ရဲတပ်ဖွဲ့ဝင်များ၏ တရားလက်လွတ် ပြုမှုများနှင့်ပတ်သက်၍ မိသားစုက တရားစွဲမည် ဖြစ်ကြောင်း၊ သမ္မတ၊ ပြည်ထဲရေးဝန်ကြီးနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့  ရဲချုပ်သို့လည်း စာရေးသား တိုင်ကြားမည်ဖြစ်ကြောင်း ပြည်မြို့ရှိ လူအခွင့်အရေး ချိုးဖောက်မှုများကို စောင့်ကြည့်လေ့လာနေသည့် ကွန်ရက်အဖွဲ့ဝင်တဦးက ပြောသည်

တဂိုး နှစ် ၁၅၀ ပြည့်ပွဲ ဒေါ်အောင်ဆန်းစုကြည် တက်မည်

ကိုပေါက် | တနင်္လာနေ့၊ စက်တင်ဘာလ ၀၅ ရက် ၂၀၁၁ ခုနှစ် ၁၉ နာရီ ၃၉ မိနစ်

နယူးဒေလီ
(မဇ္ဈိမ) ။       ။ ရန်ကုန်မြို့ အိန္ဒိယနိုင်ငံ သံရုံးတွင် ပြုလုပ်နေသည့် ဘင်္ဂါလီစာရေးဆရာကြီး ရာဘိန္ဒြာနသ်တဂိုး Rabindranath Tagore ၏ နှစ်၁၅ဝ ပြည့်ပွဲသို့ တနင်္လာနေ့ ညပိုင်းတွင် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က အတည်ပြု ပြောကြားလိုက်သည်။
၁၉၁၃ စာပေနိုဗယ်ဆုရှင် တဂိုး၏ အနုပညာလက်ရာပြပွဲနှင့် အိန္ဒိယ
-မြန်မာ အနုပညာစခန်းသို့ တက်ရောက်မည်ဟု NLD ပြောခွင့်ရ ဦးအုန်းကြိုင်ကမဇ္ဈိမကို ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် အနောက်နိုင်ငံသံရုံးများ၏ အခမ်းအနားများ၊ နေ့လည်စာစားပွဲများသို့ အကြိမ်ကြိမ် တက်ရောက်ခဲ့ဖူးသော်လည်း အိန္ဒိယသံရုံးသို့ ပထမဆုံးအကြိမ် သွားရောက်ခြင်းလည်း ဖြစ်သည်။

ဤသို့ အိန္ဒိယနိုင်ငံ သံရုံးက ဒေါ်အောင်ဆန်းစုကြည်အား ဖိတ်ကြားခြင်းမှာ ထူးခြားချက် အစစ်အမှန်ဖြစ်ကြောင်း နယူးဒေလီမြို့တွင် နေထိုင်သူ ညွန့်ပေါင်းအစိုးရဝန်ကြီး ဒေါက်တာတင့်ဆွေက သုံးသပ်သည်။


အိန္ဒိယနိုင်ငံနဲ့ မြန်မာနိုင်ငံဟာ တသက်လုံး အိမ်နီးချင်းနိုင်ငံအနေနဲ့ နေရမယ့် နိုင်ငံနှစ်ခု ဖြစ်တယ်။ ဒီလို အိန္ဒိယ

နိုင်ငံကြီးရဲ့ အဓိကရနေ့တခုကို မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီလှုပ်ရှားမှုမှာ အဓိက ခေါင်းဆောင်တဦးက တက်ရောက် တယ်ဆိုတာက ထူးခြားတယ်ခင်ဗျ။ ဒါဟာ ရေရှည်နှစ်နိုင်ငံ ဆက်ဆံရေး အတွက်လည်း အများကြီး အထောက်အကူ ပြုလိမ့်မယ်လို့ ယူဆပါတယ်” ဟု သူက ပြောသည်။

အိန္ဒိယအစိုးရ၏ အရှေ့မျှော် မူဝါဒအပေါ် နိုင်ငံတကာက ဝေဖန်မှုများ ပြုနေချိန်တွင် ယခုကဲ့သို့

ဒေါ်အောင်ဆန်းစုကြည်အား ဖိတ်ကြားခြင်းမှာ အိန္ဒိယအစိုးရအတွက် အမှတ်ကောင်း ရစေမည်ဖြစ်ကြောင်းလည်း သူက “အိန္ဒိယနိုင်ငံရဲ့ မြန်မာနိုင်ငံအပေါ်မှာထားတဲ့ ပေါ်လစီနဲ့ ချဉ်းကပ်မှုအပေါ်မှာ တကမ္ဘာလုံးက ဝိုင်းဝန်း 

ဝေဖန်နေတဲ့ အချိန်မှာ အိန္ဒိယအစိုးရကို ကိုယ်စားပြုပြီး သံရုံးက ဒေါ်အောင်ဆန်းစုကြည်ကို တလေးတစား ဖိတ်ကြားတယ်ဆိုတာက အိန္ဒိယအတွက် အမှတ် ရမယ်လို့လည်း ယူဆပါတယ်။ ဒါဟာ နှစ်နိုင်ငံ ဆက်ဆံရေး

အတွက် ထူးခြားတဲ့ ခြေလှမ်းတခုကို ဦးတည်နေတယ်လို့ပြောနိုင်ပါတယ်” ဟု ဆက်လက်ပြောသည်။

ဗဟန်းမြို့နယ်
NLD ရုံးချုပ်တွင် ကျင်းပလေ့ရှိသည့် အခမ်းအနားများတွင် နိုင်ငံခြားသံရုံးများမှ သံအရာရှိများ တက်ရောက်လေ့ ရှိကြသော်လည်း အိန္ဒိယသံရုံးမှ လာရောက်ခြင်း မရှိခဲ့ကြောင်းလည်း ဦးအုန်းကြိုင်က ပြောသည်။
ယခုနှစ် ဇွန်လအတွင်းက အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး၏ မြန်မာပြည်ခရီးစဉ်အတွင်း နိုင်ငံခြားရေး အတွင်းဝန် မစ္စနီရူပါမာရောင်းက ဒေါ်အောင်ဆန်းစုကြည်အား တနာရီကြာ သွားရောက် တွေ့ဆုံခဲ့ဖူးသည်။

ထိုသို့တွေဆုံးစဉ် နှစ်နိုင်ငံ ဆက်ဆံရေး ရင်းနှီးပွင့်လင်းလာစေရန် နှစ်ဘက် ဆန္ဒရှိကြောင်း ထုတ်ဖော်ပြသခဲ့သည် ဟုသာ သတင်းထုတ်ပြန်ခဲ့သော်လည်း အသေးစိတ်ကိုမူ မသိရှိရပေ။

တဂိုး နှစ် ၁၅ဝ ပြည့်အထိမ်းအမှတ်ပွဲများကို မြန်မာနိုင်ငံတွင် အိန္ဒိယသံရုံးမှ ကမကထပြု ကျင်းပလျက်ရှိရာ ဇူလိုင်လအတွင်းတွင် တက္ကသိုလ်များတွင် တဂိုးစာပေလက်ရာများနှင့် ပတ်သက်၍ စာစီစာကုံးရေးသားခြင်းနှင့် တဂိုးပြဇာတ်များ ကပြတင်ဆက်ခဲ့သည်။ သြဂုတ်လတွင် ‘တဂိုး၏ အနုပညာနှင့် ဒဿနနှီးနှောဖလှယ်ပွဲ’ ကို ရန်ကုန်တက္ကသိုလ်တွင် လည်းကောင်း၊
Jeebansmriti 'ပန်းချီစခန်း' ကို ရန်ကုန်သံရုံးတွင်လည်း ဖွင့်လှစ် ဆင်နွှဲခဲ့ကြသည်။
ဒေါ်အောင်ဆန်းစုကြည်သည် အိန္ဒိယနိုင်ငံနှင့် အလွန်နက်ရှိုင်းသော ဆက်နွယ်မှု ရှိသည်။ အထက်တန်းပညာကို အိန္ဒိယနိုင်ငံတွင် ဆည်းပူးခဲ့ပြီး ၁၉၆၄ တွင် လေဒီရှရီရမ်ကောလိပ်မှ ဘွဲ့ရရှိခဲ့သည်။ 

ဒေါ်အောင်ဆန်းစုကြည်သည် ၁၉၉၃ ခုနှစ် ဂျဝါဟာလာ နေရူး နိုင်ငံတကာနားလည်မှုဆု၊ ၁၉၉၆ တွင် ရာဂျစ်ဂန္ဓီဆု၊ ၁၉၉၇ တွင် ဒေလီတက္ကသိုလ် ထူးချွန်ကျောင်းသူဆု၊၂ဝဝ၇ တွင် ဆူဘတ်ချန်ဒရာဘို့စ် ဆုတို့ကို ရရှိထားသူ ဖြစ်သည်။

အိန္ဒိယနိုင်ငံကို ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီ နိုင်ငံကြီးဟူသော ဂုဏ်ပုဒ်နှင့်အညီနေသည်ကို တွေ့မြင်လိုကြောင်း

လည်း ဇွန်လ ၁၉ ရက်နေ့တွင်ကျရောက်သည့် သူမ၏ ၆၆ နှစ်မြောက် မွေးနေ့ပွဲသို့ ပေးပို့သည့် ဗီဒီယို သဝဏ်လွှာ တွင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားထားသည်။

တဂိုးနှင့် မြန်မာပြည်
တဂိုးသည် ကိုလိုနီခေတ် မြန်မာနိုင်ငံသို့ ၃ ကြိမ် လာရောက်လည်ပတ်ခဲ့ဖူးသည်။ သူ၏ အာရှခရီးစဉ်များအတွင်း ရန်ကုန်မြို့သို့ ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။ ၁၉၁၆ မေလ ၅ ရက်တွင် လာရောက်စဉ်က ရွှေတိဂုံဘုရားအား ဖူးမြော်ကြည်ညိုခွင့်ရခဲ့သလို သူ၏မွေးနေ့ မေလ ၈ ရက်ကို ရန်ကုန်မြို့ရှိ အိန္ဒိယတိုက်သားများက ဂျူဗလီဟောတွင် ဂုဏ်ပြုကျင်းပပေးခဲ့ကြသည်။

၁၉၂၄ မတ်လ ၂၄ ရက်နေ့ ရန်ကုန်မြို့ ‘ဘင်္ဂါလီစာပေညီလာခံ’ သို့တက်ရောက်ပြီး ရန်ကုန်မြို့တွင် ၄ ရက်ကြာ

နေထိုင်သွားခဲ့သည်။ သူနေထိုင်သွားခဲ့သည့် ကုန်သည်လမ်းအမှတ် ၃၉၂
-၃၉၆ ‘ဂါးဒီယန်းမဂ္ဂဇင်းတိုက်’ အရှေ့ဘက် အတွင်းနံရံကျောက်ပြားတွင် ၎င်းရောက်ရှိနေထိုင်သွားခဲ့သည့် အထိမ်းအမှတ်အဖြစ် အင်္ဂလိပ်-မြန်မာ နှစ်ဘာသာဖြင့်
ရေးထိုးထားသည့်စာတမ်း ယနေ့ထက်တိုင် ရှိသေးကြောင်း သိရသည်။

၁၉၂၇ အောက်တိုဘာ ၂၂ တွင် တတိယအကြိမ် ရောက်ရှိလာပြီး ထိုနှစ်ဒေဝါလီနေ့ ၂၄ ရက်ထိ ရန်ကုန်မြို့တွင် နေထိုင်သွားခဲ့ကြောင်း မှတ်တမ်းများရှိခဲ့သည်။

ပထမကြိမ် လာရောက်စဉ်က ရန်ကုန်မြို့တွင် အိန္ဒိယ တိုက်သားများက အများစုဖြစ်ပြီး မြန်မာများက နိုင်ငံခြားသား ကဲ့သို့ မြင်တွေ့ခဲ့ရပုံကို “ကျနော်ရောက်သွားသော အခါ မြန်မာပြည် ရောက်နေသည်နှင့်ပင် မတူတော့။ ရန်ကုန်သည်

မြေပုံပေါ်တွင်သာ ရှိပြီး မြေပေါ်တွင် တကယ်မရှိသလို ဖြစ်နေ၏။ တနည်းပြောရလျှင်မြို့သည် မြေဆီလွှာမှပေါက်လာသော သစ်ပင်နှင့်မတူဘဲ ရေစီးတွင် မျောလာသောရေမြှုပ်နှင့် တူနေသည်” ဟု တဂိုးက ခံစားမှတ်တမ်းတင် သွားခဲ့ဖူးသည်။

တဂိုး၏ စာပေအနုပညာ မြတ်နိုးသူများက ၁၉၅၂ တွင် ‘မြန်မာပြည်တဂိုးအသင်း’ ကို ဖွဲ့စည်းတည်ထောင်ခဲ့ကြသည်။

တဂိုး၏ စာပေလက်ရာများကို ဆရာပါရဂူက ၅ အုပ်ထက် မနည်း ဘာသာပြန်ခဲ့ဖူးပြီး မောင်ဖြူး၊ ဇော်ဂျီ၊ မင်းသုဝဏ်၊မြသန်းတင့်၊ မြင့်စိုးလှိုင်၊ ဟိန်းလတ် စသူတို့ကလည်း တဂိုး၏ ကဗျာ၊ ဝတ္ထုတိုစာအုပ်များ မြန်မာဘာသာသို့ ဘာသာပြန်ဆို ပေးခဲ့ကြသည်။

တဂိုး၏ ထင်ရှားသော ကဗျာလင်္ကာများမှာ ‘ဂီတဉ္ဖလီ’၊ ‘ဥယျာဉ်မှူး’၊ ‘တေလေငှက်’၊ ‘သစ်သီးခူးကဗျာများ’၊  ‘စိတြ’ တို့မှာ မြန်မာစာဖတ်ပရိသတ်နှင့် ရင်းနှီးသည်။

စာပေဆိုင်ရာ နိုဗယ်ဆုကို ၁၉၁၃ တွင် ပထမဆုံးရရှိခဲ့သည့် အာရှတိုက်သား စာရေးဆရာကြီး ရာဘိန္ဒြာနသ် တဂိုး
(၁၈၆၁-၁၉၄၁)သည် ဂီတကဗျာ ပေါင်း ၃,ဝဝဝကျော် ရေးစပ်သီကုံးခဲ့သည်။ ပြဇာတ်ဆရာအဖြစ်လည်း သရုပ်ဖော် ပြဇာတ်၊ ဘဲလေးဇာတ်၊ အပြောပြဇာတ်၊ အိမ်ပြောပြဇာတ်၊ အရိပ်ပြဇာတ် ပေါင်းများစွာ ရေးသားခဲ့သည်။
ဝတ္ထတို၊ဝတ္ထရှည်၊ စာတမ်း၊ ဆောင်းပါး များစွာကိုလည်း မိခင် ဘင်္ဂါလီ ဘာသာအပြင် အင်္ဂလိပ်ဘာသာဖြင့်ပါရေးသားခဲ့သည်။ ရာသီဘွဲ့တေးများကို စာသား
/သံစဉ် စပ်ဆိုရေးဖွဲ့နိုင်သော ဂီတပညာရှင်လည်း ဖြစ်သည်။ သူ၏ ပန်းချီကား ၄ဝဝ ကျော်ကို ပြင်သစ်၊ အင်္ဂလန်၊ ဂျာမနီ၊ရုရှားတို့တွင် လှည့်လည်ပြသနိုင်ခဲ့သည်။

ရှန်တိနိကေတန်’ ကျောင်းကြီးကိုလည်း တည်ထောင်ခဲ့ကာ မညီမျှသော ပညာရေး လောကကြီးကို တော်လှန်ခဲ့သူ တဦးလည်း ဖြစ်သည်။

မွန်ရဲဘော်နှစ်ကျိပ်ဝင် နိုင်မြသီး ကွယ်လွန်

ကွန်းချမ်း | တနင်္လာနေ့၊ စက်တင်ဘာလ ၀၅ ရက် ၂၀၁၁ ခုနှစ် ၁၈ နာရီ ၁၇ မိနစ်

ချင်းမိုင် (မဇ္ဈိမ) ။       ။ မွန်လက်နက်ကိုင် တော်လှန်ရေး၏ နိဒါန်းဖြစ်သည့် ရဲဘော်နှစ်ကျိပ် စတင် ဖွဲ့စည်းရာတွင် ပါဝင်သူတဦးဖြစ်သူ နိုင်မြသီးသည် တနင်္ဂနွေနေ့ မွန်းလွဲ တနာရီကျော်တွင် ထိုင်းနိုင်ငံ ကန်ချနပူရီခရိုင် စံခလပူရီမြို့နယ်ရှိ ဟွေ့မလိုင် ခရစ်ယာန်ဆေးရုံတွင် လူကြီးရောဂါဖြင့် ကွယ်လွန်ခဲ့သည်။
မွန်ရဲဘော်နှစ်ကျိပ်အနက် နောက်ဆုံး ကျန်ရစ်သူတဦး ဖြစ်သည့် အသက် ၈၅ နှစ်အရွယ်ရှိ နိုင်မြသီးသည် ကွယ်လွန်ချိန်ထိ စံခလပူရီမြို့ရှိ မွန်လူမှုအဖွဲ့အစည်းများတွင် နာယကအဖြစ် ဆောင်ရွက်ခဲ့သည်။
သူသည် ၁၉၅၈ ခုနှစ် မွန်ပြည်သူ့တပ်ဦး ဖဆပလ အစိုးရထံ လက်နက်အပ်နှံရာတွင် ကျန်ရစ်သူများက အသစ်တဖန် မွန်ပြည်သစ်တပ်ဦးကို ထူထောင်ရာတွင် ပါဝင်ခြင်းမရှိတော့ဘဲ ထိုင်းနိုင်ငံသို့ တိမ်းရှောင်ခဲ့သည်။ သို့သော် မွန်ပြည်သစ်ပါတီမှ ခေါင်းဆောင်များက သူကွယ်လွန်ချိန်ထိ တော်လှန်ရေး ခေါင်းဆောင်တဦးအဖြစ် အသိအမှတ်ပြုထားကြသည်။

တော်လှန်ရေး မျိုးစေ့ ချပေးခဲ့တဲ့ ခေါင်းဆောင်တဦး၊ ရိုးသား ဖြောင့်မတ်တဲ့ ခေါင်းဆောင်တဦး ဆုံးသွားတာ ကျနော့်အနေနဲ့ရော၊ ကျနော်တို့ မွန်ပြည်သစ်ပါတီအနေနဲ့ပါ အတိုင်းမသိ ဝမ်းနည်းရပါတယ်” ဟု မွန်ပြည်သစ်ပါတီနိုင်ငံခြား ဆက်ဆံရေးဌာနမှ ဒုဗိုလ်မှူးကြီး ဉာဏ်ထွန်းက ပြောသည်။
မိဘနှစ်ပါး ဖြစ်သည့် နိုင်ဖျင်း၊ မိနှင်းတို့မှ ၁၉၂၆ ခုနှစ်တွင် ဖွားမြင်သည့် နိုင်မြသီးသည် မွန်ပြည်နယ် ရေးမြို့နယ်မော့ကနင်ရွာဇာတိ ဖြစ်ပြီး သတ္တမတန်းအထိ ပညာသင်ခဲ့ရသည်။ အသက် ၂၁ နှစ်အရွယ် ၁၉၄၇ ခုနှစ်တွင်နိုင်ဘလွင် (နိုင်ရွှေကျင် - မွန်ပြည်သစ်ပါတီ ပထမ ဥက္ကဋ္ဌ) ဦးဆောင်ဖွဲ့စည်းသည့် မွန်လွတ်လပ်ရေး အဖွဲ့တွင်ရေးမြို့နယ် အတွင်းရေးမှူးနှင့် စည်းရုံးရေး တာဝန်ခံအဖြစ် ဆောင်ရွက်ခဲ့သည်။
မွန်တော်လှန်ရေးနေ့ဟု အစွဲပြုခဲ့သည့် ၁၉၄၈ ခုနှစ် သြဂုတ်လ ၁၉ ရက်နေ့ ဘားအံမြို့နယ် ဇာသပြင် ရဲစခန်းမှ လက်နက်များ ဝင်ရောက် လုယူရာတွင်လည်း ပါဝင်ခဲ့သူတဦး ဖြစ်ပြီး ဖဆပလ အစိုးရလက်ထက် မြန်မာ့အသံ မွန်တိုင်းရင်းသားဘာသာ အစီအစဉ်တွင်လည်း တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၅၂ ခုနှစ်တွင် မွန်ပြည်သူ့တပ်ဦးကို ဖွဲ့စည်းထူထောင်ခဲ့ကြသည်။
မွန်အမျိုးသား ကာကွယ်ရေး တပ်ဖွဲ့ (MNDO) ဝင်တဦး ဖြစ်ပြီး အမျိုးသားရေးနှင့် နိုင်ငံရေး လှုပ်ရှားမှုကြောင့်မော်လမြိုင်တွင် ထောင်နှစ်နှစ် ကျခံရဖူးသလို ရန်ကုန်တွင် ၁၉၅၇ ခုနှစ်တွင်းက  အချုပ် ၁၆ လ ကျခံခဲ့ရဖူးသည်။
ကွယ်လွန်ချိန်တွင် ဇနီး မိဘန်အောင်၊ သားသမီး သုံးယောက်နှင့် မြေးခုနှစ်ယောက် ကျန်ရစ်သည်။ ကြွင်းကျန်သည့် ရုပ်အလောင်းကို လာမည့် စက်တင်ဘာလ ၇ ရက် ဗုဒ္ဓဟူးနေ့ မွန်းလွဲပိုင်းတွင် စံခလပူရီမြို့ရှိ ဝပ်စီဘုန်းတော်ကြီးကျောင်းတွင် မီးသင်္ဂြိုဟ်မည်ဖြစ်ကြောင်း ကျန်ရစ်သူ မိသားစုများထံမှ သိရသည်။

ဒေါ်အောင်ဆန်းစုကြည် ဆောင်းပါး ပြည်သူ့ခေတ်တွင် ပါမည်

ဖနိဒါ | တနင်္လာနေ့၊ စက်တင်ဘာလ ၀၅ ရက် ၂၀၁၁ ခုနှစ် ၁၇ နာရီ ၀၈ မိနစ်
ချင်းမိုင်(မဇ္စျိမ) ။        ။ ဆင်ဆာဖြတ်မထားသည့် အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ရေးသား ထားသော "မြန်မာပြည်က ရေးတဲ့စာ အပန်းဖြေနားရက်များ- " ကို အင်္ဂါနေ့ ထုတ်ဝေမည့် ပြည်သူ့ခေတ် ဂျာနယ် တွင် ဖတ်ရှုရတော့မည်ဖြစ်သည်။
ပြည်တွင်းဂျာနယ်တွင် ပထမဆုံးဖေါ်ပြမည့် ဒေါ်အောင်ဆန်းစုကြည်၏ ဆောင်းပါးသည် ပြန်ကြားရေးဝန်ကြီးဌာန လက်အောက်ခံ စာပေစိစစ်ရေးက ဆင်ဆာဖြတ်တောက်လိုရာ စာရေးသူဘက်မှ လက်မခံဘဲထားရာက ဖေါ်ပြခွင့် သီတင်းပတ် နှစ်ပတ်ခန့်ကြာ နှောင့်နှေးသွားခဲ့ရသည်။

နိုင်ငံရေး သတင်းဆောင်းပါးများ အသားပေး ဖေါ်ပြပေးနေသည့် ရန်ကုန်အခြေစိုက် ပြည်သူ့ခေတ် ဂျာနယ် အတွက် ဒေါ်အောင်ဆန်းစုကြည်၏ ပုဂံခရီးသွား ဆောင်းပါးကို ပထမဆုံးအကြိမ် ဖော်ပြခွင့်ရသည့်အတွက် ဂုဏ်ယူမိကြောင်း ဂျာနယ်အတိုင်ပင်ခံ အယ်ဒီတာ မောင်ဝံသက ပြောသည်။
"သူတို့လည်း ပြန်စဉ်းစားတာနေမှာပေါ့။ ဒေါ်အောင်ဆန်းစုကြည်ကလည်း စာရေးတဲ့ ကလောင်ရှင်ကလည်း ဒို့တိုင်းပြည်မှာ သမ္မတနဲ့တောင် တွေ့ပြီးတော့ တိုင်ပင်ဆွေးနွေး၊ ချစ်ချစ်ခင်ခင် ရင်းရင်းနှီးနှီးနဲ့ရှိနေတဲ့ အနေအထား ဆိုတော့ ဘာမှ ပြောစရာလည်း မရှိတော့ပါဘူး"ဟု သူက မဇ္စျိမကို ပြောသည်။  သို့သော် စာပေစိစစ်ရေးမှ အစော ပိုင်းတွင် မည်သည့် စာပိုဒ်ဖြုတ်ခိုင်းသည်ကို ထုတ်ပြောရန် သူက ငြင်းဆိုသည်။
ပြည်သူ့ခေတ်ဂျာနယ်တွင် ဒေါ်အောင်ဆန်းစုကြည်၏ ခရီးသွားဆောင်းပါး အပါအဝင် သခင်အောင်ဆန်း ရေးထား ခဲ့သော နိုင်ငံရေးဆောင်းပါးနှင့် သတင်းစာဆရာ ဟံသာဝတီ ဦးဝင်းတင်၏ ပဉ္စမမဏ္ဍိုင် အမည်ရှိ ဆောင်းပါးများ လည်း ဖော်ပြထားသည်။

အလားတူ ယနေ့ ဖြန့်ချိလိုက်သော ဒေါ်အောင်ဆန်းစုကြည်၏ မြန်မာလူငယ်များအပေါ် အမြင်သဘောထားများ ကို ပြည်တွင်းထုတ်
Messenger ဂျာနယ်က မေးမြန်းထားသည့် အင်တာဗျူးကို ဖော်ပြခွင့်ရခဲ့သည်ဟု တာဝန်ခံ အယ်ဒီတာ တဦးက ပြောသည်။

"
ယနေ့ခေတ် လူငယ်တွေ အကြောင်းကို ပြောထားတာ။ ဖြုတ်တာ မရှိပါဘူး။ ကျနော်တို့ ပုံမှန်ဘဲ စာပေစိစစ်ရေးကို တင်ပြခဲ့တယ်။ အများကြီး ကျေနပ်ပါတယ်။ ကျနော်တို့ ဂျာနယ်အနေနဲ့ ပထမဆုံး ဖော်ပြခွင့်ရတဲ့ အတွက် ကျေနပ် ပါတယ်။ စာပေတွေ အားလုံးအတွက်လည်း မျှော်လင့်ပါတယ်။ ပြည်တွင်းထုတ် ဂျာနယ်မှာ အန်တီပြောတာကို ပထမဆုံးအကြိမ် ဖတ်ခွင့်ရတဲ့အတွက် လူထုအနေနဲ့ ဝမ်းသာမယ်လို့ ကျနော်ထင်တယ်”ဟု
Messenger ဂျာနယ်မှ တာဝန်ခံ အယ်ဒီတာက မဇ္စျိမကို ပြောသည်။ 
ယင်းအင်တာဗျူးထဲတွင် အဓိကအားဖြင့် ယနေ့ခေတ် လူငယ်များအား ဦးနှောက်ကို စိန်ခေါ်သည့် စာပေများ ဖတ်သင့်ကြောင်းများ အပါအဝင် လူငယ်များ ငွေကြေးရှိရုံသာမက ကျေနပ်သည့် ဘဝရရှိရန် လိုအပ်ကြောင်း လည်း ဒေါ်အောင်ဆန်းစုကြည်၏ ပြောဆိုချက်တွင် ပါဝင်သည်ဟု အယ်ဒီတာက ပြောသည်။

ထိုအင်အာဗျူးကို ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ နိုဝင်ဘာလ ၁၄ ရက်နေ့ လွတ်မြောက်လာ ပြီးနောက် ပြည်တွင်းမှ သတင်းမီဒီယာများနှင့် တွေ့ဆုံမေးမြန်းကာ ပုံမှန်အတိုင်း စာပေစိစစ်ရေးဌာနသို့ တင်ပြခဲ့ ရာမှ တနင်္ဂနွေ စက်တာဘာလ ၄ ရက်နေ့တွင် ဖော်ပြခွင့်ရခဲ့ခြင်းဖြစ်သည်။ အဓိကအားဖြင့် လူငယ်များ အကြောင်း မေးမြန်းထားသောကြောင့် ဖော်ပြခွင့်ရမည်ဟု မျှော်လင့်ချက်ဖြင့် စာပေစိစစ်ရေး ဌာနသို့ ပုံမှန်တင်ခဲ့ရမှ ယခု ဖော်ပြခွင့်ရခဲ့ခြင်း ဖြစ်သည်ဟုလည်း
Messenger ဂျာနယ်မှ တာဝန်ခံ အယ်ဒီတာက ဆက်ပြောသည်။
ယင်းအပြင်
7 days NewsThe voiceWeekly Eleven၊ ပြည်သူ့ခေတ်၊ လျှပ်တပြက်၊ ဗီးနပ်စ် စသည့် ပြည်တွင်း ဂျာနယ်များကလည်း ဒေါ်အောင်ဆန်းစုကြည်နှင့် မေးမြန်းထားသည်ဟု သိရသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်သည့် သတင်းများကို ဖော်ပြခွင့်ရခဲ့သော်လည်း တခြားသော ဆင်ဆာ ဖြတ်တောက်မှုများ ရှိမလားဆိုသည့် မေးခွန်းအပေါ် အခြေအနေနှင့် အချိန်အခါအရ ဖြတ်တောက်မှုရှိ၊ မရှိကိုမူ ပြောဆိုရန် ခက်ခဲသည်ဟု သူက သုံးသပ်ပြောဆိုသည်။

စာပေစိစစ်ရေးနှင့် မှတ်ပုံတင်ဌာနမှ ဆင်ဆာဘုတ်အဖွဲ့က ဒေါ်အောင်ဆန်းစုကြည်၏ သတင်းနှင့် သတင်းဓါတ်ပုံများ ကို ပြည်တွင်းဂျာနယ်များတွင် ဖော်ပြခွင့်များ ကန့်သတ်သဖြင့် တချို့ဂျာနယ်များ ခွင့်ပြုချက်မယူဘဲ  ဂျာနယ်တွင် ဖော်ပြခဲ့သဖြင့် ယာယီရပ်ဆိုင်းခံခဲ့ရမှုများ ရှိခဲ့သည်။

ဆရာတော်ဦးဥတ္တမနေ့ ဘန်ကောက်တွင် ကျင်းပ

ဘစောတင် MONDAY, 05 SEPTEMBER 2011 16:22
မြန်မာနိုင်ငံ လွတ်လပ်ရေး ကြိုးပမ်းမှု ခေါင်းဆောင် တဦးဖြစ်သူ ဆရာတော် ဦးဥတ္တမ နှစ်ပတ်လည်နေ့ အခမ်းအနား တရပ်ကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ဘုန်းကြီးကျောင်း တခုတွင် တနင်္ဂနွေနေ့က ပြုလုပ်ခဲ့သည်။
လာမည့် သောကြာနေ့တွင် ကျရောက်မည့် ဆရာတော်၏ ၇၂ နှစ်မြောက် နှစ်ပတ်လယ်နေ့ကို  အလုပ်သမားများ၏  အားလပ်ရက်တွင် ကြိုတင် ကျင်းပခြင်း ဖြစ်ကြောင်း၊ ဤအခမ်းအနားမျိုးကို မြန်မာနိုင်ငံအတွင်းတွင် ခိုးကြောင် ခိုးဝှက် ကျင်းပရကြောင်း  အခမ်းအနား စီစဉ်သူ တဦးက ဧရာဝတီသို့ ပြောသည်။

ဆရာတော် ဦးဥတ္တမနေ့ ဆိုတာ တကယ်တော့ မြန်မာနိုင်ငံသူ နိုင်ငံသား အားလုံးက စုပေါင်းပြီး ကျင်းပရမယ့် နေ့မျိုးပါ။ ဘာကြောင့်လဲ ဆိုတော့ ဆရာတော်ဟာ ကျွန်သဘောက် ဘ၀မှာ မှောင်အတိကျနေတဲ့ မြန်မာနိုင်ငံသူ နိုင်ငံသားတွေကို လွတ်လပ်ရေးတိုက်ပွဲဝင်ဖို့ အစဦးဆုံး နှိုးဆော်ခဲ့တဲ့ ပုဂ္ဂိုလ်ကြီး ဖြစ်လို့ပါပဲ” ဟု ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ်
(ပြည်ပ) ၏ ထိုင်းဌာနခွဲ ဥက္ကဋ္ဌ ကိုအံ့မောင်က ပြောသည်။

အခွင့်သာတဲ့ တနေ့ကျရင် မြန်မာတနိုင်ငံလုံးမှာ ဆရာတော် ဦးဥတ္တမနေ့ကို စည်စည် ကားကား ကျင်းပနိုင်လိမ့်မယ်လို့ ကျနော်တို့ မျှော်လင့်ပါတယ်” ဟု ကိုအံ့မောင်က ပြောသည်။

ဆရာတော် ဦးဥတ္တမကို ၁၈၇၉ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် မွေးဖွားသည်။ အင်္ဂလိပ် ကိုလိုနီခေတ်တွင် အကြမ်းမဖက်သောနည်းဖြင့် တော်လှန်သောကြောင့် ပထမဆုံး ထောင်ချခံရသူမှာ ဆရာတော် ဦးဥတ္တမ ဖြစ်သည်။

၁၉၃၉ ခုနှစ် စက်တင်ဘာလ ၉ ရက်နေ့တွင် ဆရာတော် ပျံလွန်တော်မူရာ ထိုခေတ် လွှတ်တော်က စက်တင်ဘာလ ၉ ရက်နေ့ကို  ဆရာတော် ဦးဥတ္တမနေ့ဟု တရားဝင် သတ်မှတ်ခဲ့သည်။

ယခု ရန်ကုန်မြို့ ကန်တော်မင်
(ကန်တော်မင်္ဂလာ) ပန်းခြံကို ဆရာတော် ဦးဥတ္တမ ပန်းခြံအဖြစ် ယခင်က အစိုးရက သတ်မှတ်ပေးခဲ့သည်။
တနင်္ဂနွေနေ့က ဘန်ကောက်မြို့ ဖလန်ဆောင် ၀ပ်ထခမ်း ဘုန်းတော်ကြီးကျောင်းတွင် ပြုလုပ်သည့် အခမ်းအနားတွင်  မြန်မာ့ သတင်းသမဂ္ဂ ဒုဥက္ကဋ္ဌ ဦးဇင်လင်းက ဆရာတော်၏ နိုင်ငံရေး ဘ၀ဖြစ်စဉ်များကို ရှင်းပြရာ  ဆရာတော်သည် မကြောက်တရားကို ဟောပြောသကဲ့သို့ ကိုယ်တိုင်လည်း ကျင့်သုံးသူဖြစ်သည်ဟု ဆိုသည်။


အင်္ဂလိပ်လည်း လူ ကိုယ်တွေလည်းလူ၊ လူချင်းအတူတူ သူတို့က ကိုယ့်ထက် ဘာအပိုပါလို့လဲ။ သူကြီးလည်း ကြောက်စရာမလို၊ ဘုရင်ခံလည်း ကြောက်စရာမလို ဆိုပြီး မကြောက်တရားကို ဟောခဲ့သလို ကိုယ်တိုင်လည်း ဒုတိယ ဘုရင်ခံ ဆာဂျီရယ် ဂရက်ဒေါက်ကို ဂရက်ဒေါက် ဂဲဒေါက် ဆိုပြီး တိုင်းပြည်က ထွက်သွားဖို့ မောင်းထုတ်ခဲ့တယ်” ဟု ဦးဇင်လင်းက ရှင်းပြသည်။


ရဲရဲတောက် မိန့်ခွန်းတွေကို တစိုက်မတ်မတ် ဟောပြောမှုတွေကြောင့် ထောင်နန်းအလီလီ စံခဲ့တယ်။ ဒါတွေဟာ တိုင်းပြည်ကို တကယ်ပဲ လွတ်လပ်ရေးရစေချင်လို့ ကိုယ်တိုင် ဘ၀ကို စတေးကာ ဦးဆောင်ပေးခဲ့တာ ဖြစ်ပါတယ်” ဟု ဦးဇင်လင်းက အခမ်းအနားတွင် ပြောပြသည်။

မြန်မာ့လွတ်လပ်ရေး တိုက်ပွဲကာလက လူ့အခွင့်အရေးအကြောင်း ပြောဆိုခဲ့သည်မှာ ဆရာတော်ဦးဥတ္တမပင် ဖြစ်ကြောင်း ဘန်ကောက်မြို့
Dear Burma ကျောင်းအုပ်ကြီး ဦးမြင့်ဝေက ရှင်းပြသည်။
၁၉၂၀ ပြည့်နှစ် ကျောင်းသားများ သပိတ်မှောက်သည့်အခါ ဆရာတော်က ၀မ်းသာအားရ ကြိုဆို အားပေးခဲ့ကြောင်း၊ “အရင် ဗမာတွေဟာ ကိုယ့်အခွင့်အရေးကို ကိုယ်မတောင်းဆိုတတ်ဘူး။ ရအောင် မတိုက်ခိုက်ရဲဘူး။ အခု တက္ကသိုလ် ကျောင်းသားတွေ ကိုယ့်အခွင့်အရေးအတွက် လူ့အခွင့်အရေးအတွက် သပိတ်မှောက်နေကြပြီ” ဟု မိန့်ကြားခဲ့ကြောင်း ဗမာ့ခေတ် ဦးဘရင်ရေးသားသော မြန်မာ့ လွတ်လပ်ရေးမျိုးစေ့ချခဲ့သူ ဆရာတော် ဦးဥတ္တမစာအုပ်တွင် ဖော်ပြထားသည်ဟု ကျောင်းအုပ်ကြီး ဦးမြင့်ဝေက ရှင်းပြသည်။

ဆရာတော် ဦးဥတ္တမနေ့အခမ်းအနားသို့ ဘန်ကောက်မြို့ရောက် မြန်မာပြည်သား ၄၀၀ ၀န်းကျင်ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

နေပြည်တော်က ရွာနာမည်တွေ လွှတ်တော်မှာပြောင်း

မျိုးသန့် | တနင်္လာနေ့၊ စက်တင်ဘာလ ၀၅ ရက် ၂၀၁၁ ခုနှစ် ၂၀ နာရီ ၂၂ မိနစ်
ချင်းမိုင် (မဇ္ဈိမ) ။       ။ နေပြည်တော်ခရိုင်အတွင်းရှိ နာမည်ဆိုး ကျေးရွာနှစ်ရွာကို ပြည်ထောင်စု လွှတ်တော် နာယက ဦးခင်အောင်မြင့်မှ တနင်္လာနေ့ လွှတ်တော်တွင် ဖတ်ကြားတင်ပြပြီး နာမည် ပြောင်းလိုက်သည်ဟု လွှတ်တော် အမတ်များက ပြောသည်။
လယ်ဝေးမြို့နယ်အတွင်းရှိ မီးလောင်ကုန်းရွာကို ရွှေပြည်အေးရွာ ဟူ၍လည်းကောင်း အောင်ကလိန်ရွာကို အေးချမ်းသာရွာ ဟူ၍ လည်းကောင်း အမည်ပြောင်းလိုက်ခြင်းဖြစ်သည်။

တနင်္လာနေ့က လွှတ်တော်နှစ်ရပ်ပေါင်း ဆွေးနွေးပွဲလည်းကျင်းပသလို သီးခြားစီခွဲပြီးလည်း ဆွေးနွေးခဲ့ကြသည်။ ဥပဒေမူကြမ်းများအတည်ပြုခြင်း၊  မြို့ရွာများ ပြင်ဆင် ဖွဲ့စည်းခြင်းနှင့် အမည် ပြောင်းလဲခြင်း၊  ဝန်ကြီးဌာန အမည်ပြောင်းခြင်းတို့ကို ပြည်ထောင်စု လွှတ်တော်တွင် ပြုလုပ်ရာ မမျှော်လင့်ဘဲနှင့် အချိန်စောပြီး သဖြင့် အထက်လွှတ်တော်နှင့် အောက်လွှတ်တော်ကိုပါ ခွဲဆွေးနွေးခဲ့သည်။
မန္တလေးတိုင်း ပြင်ဦးလွင်ခရိုင် အတွင်းတွင် ရွာတရွာ၊ ကျောက်ဆည်ခရိုင် မြစ်သာမြို့နယ်တွင် ကျေးရွာ ငါးရွာ၊ ပျော်ဘွယ်မြို့နယ်တွင် ရွာနှစ်ရွာ တို့ကို တိုးချဲ့ဖွဲ့စည်းမှုလည်း ပြုလုပ်ခဲ့သည်။
ယင်းအပြင် ရှမ်းပြည်နယ်၊ ကလောမြို့နယ် အတွင်းရှိ အောင်ပန်းမြို့ကို မြို့နယ်အဖြစ် သတ်မှတ်လိုက်ပြီး တောင်ကြီးခရိုင် ဟိုပုန်းမြို့နယ်သည် ယခင်က ရွာပေါင်း ၃၄၆ ရွာရှိရာမှ ၅၄ ရွာကို စာရင်းမှ ပယ်ဖျက်လိုက်ရာ ၂၉၂ ရွာသာ ကျန်ရစ်သည်။

မောက်မယ်မြို့ကို ယခင်က ကျေးရွာ ၂၀၂ ရွာဖြင့် ဖွဲ့စည်းထားသော်လည်း ပြင်ဆင် ဖွဲ့စည်းမှုအရ ယခုအခါ ၁ဝ၃ ရွာ သာ ကျန်ရစ်သည်။

စစ်ကိုင်းတိုင်း၊ ပဲခူး၊ မွန်၊ ဧရာဝတီတိုင်းအတွင်းရှိ ကျေးရွာအချို့ကို ပြင်ဆင် ဖွဲ့စည်းမှုများလည်း ရှိခဲ့သည်။

သစ်တောရေးရာ ဝန်ကြီးဌာနကို “ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာန
"ဟု အမည် 
ပြောင်းလည်းခြင်းကိုလည်း ပြည်ထောင်စု လွှတ်တော်က ပြုလုပ်ခဲ့သည်။

တကယ်တော့ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုတာ အင်မတန်မှ ကျယ်ပြန့်တာပါ သစ်တောရေးရာ ဝန်ကြီးဌာန တခုတည်းနဲ့ ဆက်စပ်တာ မဟုတ်ဘူး တကယ်တမ်းဆိုရင် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုတာ ဝန်ကြီးဌာန တခု တောင် သီးသန့် ဖွဲ့သင့်တဲ့ ဟာမျိုးပါ။ လွှတ်တော်မှ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အတွက် ဌာနပေါင်းစုံ ကိုယ်စားလှယ်ပေါင်းစုံနဲ့ ကော်မတီ တရပ်တောင် ဖွဲ့သင့်တဲ့ဟာမျိုးပါ။”  ဟု အမျိုးသားဒီမိုကရေစီ အင်အားစုပါတီမှ ဦးခိုင်မောင်ရည်က မဇ္ဈိမကို ပြောသည်။

ပြည်ထောင်စု လွှတ်တော်ကို နေ့လည် ၁၂ နာရီတွင်ပြီးစီးခဲ့ပြီ မွန်းလွဲပိုင်း ၁ နာရီတွင် ပြည်သူ့လွှတ်တော်နှင့်  အမျိုးသား လွှတ်တော်တို့ သီးခြားစီ ပြန်လည် ကျင်းပကြသည်။

နောက်ဆုံး အင်တာဗျူး တစ်ခုနဲ့ သုံးသပ်ချက် တစ်ခုတို့ကို အချိန်ရှိမှ ဖတ်ပါ။ ရှည်တော့ အတော်ရှည်တဲ့ အင်တာဗျူး ဆောင်းပါးတွေဖြစ်လို့ပါ။

ကိုယ့်ဒေသအတွက် ပြန်လာလုပ်နိုင်ဖို့ နိုင်ငံရေးအခြေအနေ ကောင်းရမယ်”

ဧရာဝတီ Monday, 05 September 2011 19:28 အင်တာဗျူး
၁ နှစ်တာအတွက် ချင်းတိုင်းရင်းသားများက အသိအမှတ်ပြုသူ” (Chin Person of the Year) ဆုကို စက်တင်ဘာ လဆန်းတွင် ကျရောက်သည့် ချင်းနှစ်သစ်ကူးပွဲတော်၌ ချီးမြှင့်ခဲ့သည်မှာ ယခုနှစ်ဆိုလျှင် ၅ နှစ်ရှိပြီဖြစ်သည်။ အဆိုပါဆုကို ယခင်နှစ်များက ချင်းပြည်နယ်အတွင်း တိုးတက်ဖွံ့ဖြိုးမှုများ၊ ပညာရေးလုပ်ငန်းများ လုပ်ဆောင်နေသည့် ဆွစ်ဇာလန် အခြေစိုက် ၈၈ မျိုးဆက် ချင်းကျောင်းသားများအဖွဲ့ ဖြစ်သော Lai Lun ဖောင်ဒေးရှင်းနှင့် အမေရိကန်နိုင်ငံ အခြေစိုက် ခရစ်ယာန် ဘာသာရေးအဖွဲ့အစည်းတို့ ပူးပေါင်းပေးလေ့ ရှိသည်။ ယခုနှစ်တွင် Chin World Media ဆိုသည့် ချင်းသတင်း ဝက်ဘ်ဆိုက်ကို လုပ်ဆောင်နေသည့် အဖွဲ့တဖွဲ့ပါ ပါဝင်လာသည်။
ယခင်နှစ်များတွင် ဆုရွေးချယ်ရေးအဖွဲ့က ဆန်ခါတင် ရွေးချယ်ထားသူများကို ချင်းလူထုအား ချပြကာ မဲပေးစေသော စနစ်ဖြင့် ရွေးချယ်ခဲ့သော်လည်း ယခုနှစ်အတွက်မူ ဆန်ခါတင် စာရင်းအား ချင်းလူထုထံမှ တောင်းခံခဲ့သည်။ ထို့နောက် ရရှိလာသည့် ဆန်ခါတင် ၅ ဦးထဲမှ တဦးကို ချင်းလူထုအား ဆန္ဒမဲပေးစေခြင်းဖြင့် ရွေးချယ်ခဲ့ကြောင်း သိရသည်။
ယခုနှစ်တွင် တနှစ်တာအတွက် ချင်းတိုင်းရင်းသားများ အသိအမှတ်ပြုသူ ဆုကို အသက် ၃၀ အရွယ်ရှိ မိုင်ချယ်ရီဇာဟောင်းက ရရှိခဲ့သည်။ ယင်းဆုကို ချင်းနှစ်သစ်ကူးနေ့ဖြစ်သော စက်တင်ဘာ ၄ ရက်နေ့က တရားဝင် ကြေညာခဲ့သည်။
မိုင်ချယ်ရီဇာဟောင်းသည် ၂၀၀၃ ခုနှစ်မှ စတင်၍ ယခု အချိန်အထိ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးလှုပ်ရှားမှု ကိစ္စရပ် များကို လုပ်ဆောင်ခဲ့သူ ချင်းအမျိုးသမီး တဦးဖြစ်သည်။ ချင်းဒေသ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ချင်းတိုင်းရင်းသား များအတွက်သာ မက မြန်မာတနိုင်ငံလုံးအတွက် လူ့အခွင့်အရေး လှုပ်ရှားမှုများနှင့် ပတ်သက်၍ မိုင်ချယ်ရီဇာဟောင်းအား ဧရာဝတီ သတင်းထောက် အေးချမ်းမြေ့က တွေ့ဆုံမေးမြန်းထားပါသည်။
မေး။     ။ ကိုယ့်လူမျိုးတရပ်လုံးက အသိအမှတ်ပြုတဲ့ဆုကို ရခဲ့တဲ့အတွက် စိတ်ထဲမှာ ဘယ်လိုနေလဲ။
ဖြေ။     ။ အစကတော့ ဆန်ခါတင် စာရင်းထဲ ကျမ ပါမှန်း မသိသေးဘူး။ နောက်မှ အဖွဲ့တွေက မချယ်ရီပါတယ် သဘောတူမလားလို့ မေးတယ်။ ဆန်ခါတင်ထဲမှာ ၅ ယောက်ပါတယ်။ ဒါပေမယ့် ကျမက အသက်အငယ်ဆုံးပဲ။ အမျိုးသမီး အနေနဲ့လည်း တယောက်တည်းပါတယ်။ ကျန်တဲ့သူတွေကတော့ စာပေနဲ့ ယဉ်ကျေးမှုကိစ္စ ဘာသာရေးကိစ္စ ဆောင်ရွက် နေတဲ့ သူတွေ ဖြစ်နေတယ်။ ကျန်တဲ့ပုဂ္ဂိုလ်တွေကလည်း လူထုအတွက် ကျိုးစားအလုပ်လုပ်သူတွေ၊ လူထုက လေးစားတဲ့သူတွေ ချည်းပါပဲ။
ကျမ နာမည်ပါတယ် လက်ခံမလားလို့ မေးလာတော့ ကျမက ထည့်လိုက်ပါလို့ ပြောလိုက်တဲ့ အချိန်မှာ ပြည်တွင်းက လူတွေက အရမ်းကို စိတ်ဝင်စားလာတာ တွေ့ရတယ်။ ဒီဆုရွေးချယ်တဲ့ ဝက်ဘ်ဆိုက်ရဲ့ ကျမ နာမည်အောက်မှာ ရေးထားတဲ့ ထင်မြင်ချက်တွေ အများကြီးပဲ။ ကျမ အံ့သြမိတယ်။ ကျမ အရင်တုန်းက လုပ်ခဲ့တဲ့ လုပ်ငန်းတွေဆိုရင် ကျမအနေနဲ့ လူသိပ်မသိဘူးလို့ပဲ ထင်မိတယ်။ ဒါပေမယ့် လူတွေ တော်တော်လေး သိနေတာ တွေ့ရတယ်။
ဥပမာ - ချင်းပြည်နယ်ထဲမှာ ကျောင်းဆောက်တာ၊ ကလေးတွေ ပညာသင်ဆုအတွက် ကျမ ရှာပေးထားတာလေးတွေ။ နောက်တခါ ချင်းပြည်နယ်မှာ အစိုးရက နိုင်ငံတကာ အကူအညီတွေ ပေးမဝင်ဘူးလေ။ အဲဒါကို ကျမတို့က နယ်စပ်ဖြတ်ကျော်ပြီး ခြင်ထောင်ကအစ ဝေတာမျိုးတွေ၊ ရွှေ့ပြောင်း ဆေးခန်းတွေ ဖွင့်ပေးတာမျိုးတွေ၊ ကလေးတွေအတွက်၊ ရွာတွေအတွက် ကျောင်းဆရာ၊ ဆရာမ ငှားပေးတာမျိုးတွေ၊ တချို့ရွာတွေဆို ရေပိုက်တွေ မရှိဘူး။ အဲဒီလို နေရာတွေမှာ ကျမတို့သွားပြီး ကူညီတာမျိုးတွေပေါ့။ အဲဒါတွေကို သူတို့ တော်တော် များများသိနေတယ်။ သိနေတဲ့သူတွေကနေပြီး တယောက်စကား တယောက် တဆင့်တဆင့် သိသွားကြတယ်။ အဲဒီကနေမှ ကလေးမြို့နဲ့ ရန်ကုန်မှာရှိနေတဲ့ သူတွေပါ သိကုန်ကြတယ်။ သူတို့က အင်တာနက် သုံးတတ် နေတော့ တဆင့်တဆင့် ပြန်ပြောကြတယ်။
ကျမ စိတ်ထဲမှာ လူတွေက တော်တော်သိနေပါလား ဆိုပြီး ကျေနပ်မိတယ်။
အရင်က ကျမ အခြေစိုက်တာက အန္ဒိယ - မြန်မာနယ်စပ် မီဇိုရမ်မှာပါ။ အဲဒီမှာဆိုရင် လူတွေ တော်တော်လေး ဒုက္ခ ရောက်တယ်။ တချို့ လူငယ်တွေ ထွက်လာတယ်၊ ပညာရေးကို လိုချင်တယ်။ ဒါပေမယ့် ငွေကြေးမတတ်နိုင်ဘူး။ အဲဒီမှာ ကျမတို့က ငွေတွေစု၊ ကျမ်းစာကျောင်းတွေကို ပို့ပေး လုပ်ခဲ့တာရှိတယ်။ အဲဒီလူငယ်တွေက ဝက်ဘ်ဆိုက်တွေမှာ စာတွေ ရေးလာကြတယ်။ သူက ဒီလို၊ ဒီလို ကူညီပေးထားတယ် ဆိုတာမျိုးပေါ့။ ကျမတောင် မမှတ်မိတော့ဘူး။ တမျိုး စဉ်းစားရင်တော့ ကိုယ်က အသေးအဖွဲလို့ ထင်ပြီး လုပ်ခဲ့တာက လူတွေရဲ့စိတ်ထဲမှာ တော်တော်လေး ထင်ကျန် သွားတယ်ဆိုတာ သိခဲ့ရတယ်။ အဲဒီအချက်တော့ ပညာရတယ်။
နောက် ကျမရဲ့ ဆက်ဆံရေးပေါ့။ ကျမ မီဇိုရမ်မှာတုန်းက ဆိုရင် ကျမက နိုင်ငံရေး တက်ကြွလှုပ်ရှားသူတယောက် ဖြစ်နေတယ် ဆိုပြီး ဘယ်သူ့ကိုမှ စကားမပြောဘဲ နေတာမျိုး မဟုတ်ဘဲနဲ့ အမြဲတမ်း လူတွေနဲ့ ရောနှောနေခဲ့တယ်။ ကျမကို အကြောင်း တခုခုကြောင့် စကားပြောချင်ရင် အချိန်မရွေး ပြောလို့ရတယ် ဆိုတာမျိုး ရှိတယ်။ အဲဒါတွေကလည်း ကျမကို လူတွေပို သတိထားမိစေခဲ့တယ်လို့ ထင်ပါတယ်။
နောက်တခါ ရှေ့ ၄ နှစ်ကရခဲ့တဲ့ သူတွေက အသက်တော်တော်ကြီးတဲ့ လူကြီးတွေချည်းပဲ။ ဒေါက်တာဘွဲ့ ရသွားတဲ့ သူမျိုး ပါတယ်။ ပညာရေးနဲ့ ပတ်သက်တဲ့ ကိစ္စနဲ့ ဆုရသွားတဲ့သူ များတယ်။ လူမှုကူညီရေး လုပ်ငန်းတွေ လုပ်ခဲ့တဲ့ အမျိုးသမီး တယောက်တော့ ပါခဲ့တယ်။ ကျန်တာတော့ အမျိုးသားတွေပဲ။ ဒါပေမယ့် အခု ရခဲ့တဲ့ ၅ နှစ်စလုံးမှာ ကျမက အသက် အငယ်ဆုံးပဲဆိုတော့ လူငယ်တယောက်က ဒါမျိုးလုပ်ပါလားဆိုတာမျိုး လာပြောထားတာလည်း တွေ့ရတယ်။ အဲဒါက ဘာကို ပြသလဲ ဆိုတော့ လူငယ်တွေက သူတို့လည်း ဒါမျိုး လုပ်လို့ရပါလား၊ လုပ်နိုင်ပါလား ဆိုတဲ့ အသိတရားတွေ ဝင်လာတာပေါ့။
မေး။     ။ ချင်းပြည်နယ်က တခြားဒေသတွေထက် နိုင်ငံခြားထွက်တာ ပိုများနေတယ်၊ ထွက်သွားပြီးရင်လည်း ပြန်မလာ ကြတာ ပိုများမယ် ထင်တယ်။ ဒီတော့ ချင်းပြည်နယ်ရဲ့ ဒေသ ဖွံ့ဖြိုးရေးကို ဘယ်လို ဆက်ပြီး အကောင်အထည် ဖော်မလဲ။
ဖြေ။     ။ ကျမတို့ ချင်းပြည်နယ်ကို ကြည့်မယ် ဆိုရင် လူတွေက ဘာကြောင့် ပြည်ပထွက်ကြသလဲ ဆိုတာက စပြောရမယ် ထင်တယ်။ ဦးနေဝင်း လက်ထက်ကတည်းက လူတွေမှာ တိုးတက်ဖွံ့ဖြိုးရေးနဲ့ ပတ်သက်ပြီး အကုန် ပိတ်ပင်ထားတယ်။ နောက်ပြီး ကျမတို့ဆီမှာက KNU လိုမျိုး KIA လိုမျိုး အားကောင်းတဲ့ အတိုက်အခံ အင်အားစု ဆိုတာလည်း မရှိဘူး။ အစိုးရဘက်ကလည်း ပိတ်ပင်ထားတယ်၊ ကိုယ့်ဘက်ကလည်း အားနည်းနေတော့ ဘယ်သူခံရလဲ ဆိုရင် ပြည်သူလူထု ဖြစ်နေတယ်။ အခုဆိုရင် စစ်တပ် တပ်ရင်းတချို့ ချင်းပြည်မှာ လာ အခြေစိုက်တယ်။ အဲဒီစစ်တပ်က သူတို့ဘာသာ လာဆောက်တာ မဟုတ်ဘူး။ ပြည်သူလူထုရဲ့ အချိန်တွေ၊ လုပ်အားတွေနဲ့ အဓ္ဓမ စေခိုင်းတဲ့ ပုံစံမျိုးတွေနဲ့ လာလုပ်ကြတယ်။ ဒါ့ အပြင်ကို ရိက္ခာကိုလည်း ဆတ်ကြေး သဘောမျိုး လတိုင်း၊ အပတ်တိုင်းပေးနေရတယ်။ လူတွေက သူတို့စားဝတ်နေရေး အတွက် အချိန်မပေးနိုင်တော့ဘူး။
ကျမ ခရီးသွားတဲ့အချိန်မှာ ချင်းပြည်နယ်က အိမ်တွေ စုတ်ပြတ်နေတယ်။ သူတို့ အိမ်တွေကို ပြန်ပြင်ဖို့အတွက်တောင် အချိန် မရှိတော့ဘူး။ အဲဒီလိုလူတွေ အများကြီး တွေ့ရတယ်။ နောက်ဆုံးကျတော့ လူငယ်ဖြစ်လာတယ်၊ အရွယ်ရောက်လာတယ် ဆိုရင် အသက်မွေးဝမ်းကျောင်းဖို့ အတွက် ရွာတွေမှာ နေလို့မရတော့ဘူး။ အဲဒီတော့ အိန္ဒိယထွက်သွားလိုက်၊ မလေးကို ထွက်သွားလိုက်၊ ဒါမှမဟုတ် ရန်ကုန်တို့၊ မန္တလေးတို့ တခြားနယ်တွေကို ထွက်သွားလိုက် လုပ်ကုန်ကြရတယ်။ စစ်တပ်ရဲ့ ဖိနှိပ်မှုရယ်၊ ဖွံ့ဖြိုးတိုးတက်မှု ပိတ်ပင်ခံရတာရယ်၊ အတိုက်အခံဘက်က အားနည်းတာရယ်ကြောင့် အမျိုးမျိုး လူထုက ခံနေရတယ်။ အဲဒီအကြောင်းရင်းကြောင့် ထွက်ခွာနေရတယ်။
ဒါပေမယ့် အဲဒီလို ထွက်ခွာခြင်းအားဖြင့် သူတို့တွေ နိုင်ငံခြား ရောက်သွားတဲ့အချိန်မှာ ပညာလေးတွေ နည်းနည်းဖြစ်ဖြစ် ရလာတယ်။ အဲဒါကိုတော့ ကျမတော့ အမြဲအားပေးတယ်။ ပညာရှာပါဆိုတဲ့ စကားအမြဲပြောတယ်။ တနေ့နေ့ တချိန်ချိန်ကျရင် ကိုယ့်နေရာကိုယ့်ဒေသကို ပြန်လာရမယ်။ အလုပ်ပြန်လုပ်ရမယ်လေ။ ကိုယ့်ချင်းဒေသ တိုးတက်ဖို့ သူတို့ ပြန်လာ အလုပ် လုပ်ကြမှာပါ။ အခုလောလောဆယ်ကတော့ ဒေသမှာ လူငယ်တွေ မရှိတော့ဘူး။
မေး။     ။ လူငယ်တွေ မရှိတော့ဘူး၊ ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေပဲ ရှိတော့တယ် ဆိုရင် ဒီဒေသက ပျက်စီးဖို့ ပိုမလွယ်ဘူးလား။ လူငယ်တွေ ပြန်လာပြီး ဒေသဖွံ့ဖြိုးရေးတွေ လုပ်ဖို့ တိုက်တွန်းတာမျိုး မလုပ်ဘူးလား။
ဖြေ။     ။ ပျက်စီးတယ်လို့တော့ ကျမ မပြောချင်ဘူး။ ဒီဒေသက တော်တော်လေးကို ဒုက္ခရောက်နေပြီးပြီ။ ဒီထက် ဒုက္ခရောက်ဖို့ ဆိုတာကတော့ မရှိတော့ဘူး။
ကျမ နိုင်ငံခြားဒေသတွေက ချင်းအဖွဲ့အစည်းတွေဆီ ရောက်တိုင်း ပြောပါတယ်။ ကိုယ့်ဒေသကို ကိုယ်ပြန်လာရမယ်၊ ဖွံ့ဖြိုး တိုးတက်ဖို့ လုပ်ရမယ်ဆိုတာ။ လူမျိုးအတွက် တိုင်းပြည်အတွက် အလုပ်ပြန်လာ လုပ်ရမယ်ဆိုတာ အမြဲ တိုက်တွန်းခဲ့ပြီးသား။ ဒါပေမယ့် သူတို့ ပြန်လာဖို့ဆိုရင် တိုင်းပြည်က အပြောင်းအလဲ တခုခုတော့ရှိမှ ဖြစ်မှာပေါ့။ သူတို့က ပညာတွေ တတ်လာတယ်၊ ဖွံ့ဖြိုးတိုးတက်မှုတွေ ပြန်လာ လုပ်ချင်တယ်ဆိုရင် နိုင်ငံရေးအခြေအနေ ကောင်းမှ ဖြစ်မှာလေ။ အခု အနေအထားက သိတဲ့အတိုင်းပဲ။ ချင်းပြည်နယ်မှာ အုပ်စိုးနေတာက ကြံ့ဖွံ့ ပါတီဝင်တွေပဲ။ သူတို့က ဖွံ့ဖြိုးတိုးတက်မှုအတွက် လုပ်မယ် ဆိုရင်တောင် ဘာမှ ဆွေးနွေးလို့ မရတဲ့ အခြေအနေ။ အခု အနေအထားနဲ့ သူတို့ကို ပြန်လာဖို့ ပြောဖို့ကတော့ တော်တော် ခက်သေးတယ်။
မေး။     ။ ချယ်ရီ့ရဲ့ ငယ်ဘဝ ကြီးပြင်းလာတဲ့ ပုံစံနဲ့ အခုလို လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး လုပ်ဖြစ်ခဲ့တဲ့ အကြောင်း ပြောပါဦး။
ဖြေ။     ။ ကျမက ချင်းပြည်နယ်မှာ မွေးတယ်။ ချင်းတိုင်းရင်းသူ ဖြစ်တယ်။ ညီမနဲ့ မောင်လေးရှိတယ်။ ရွာမှာ မွေးပြီးတော့ အသက် ၉ နှစ်၊ ၁၀ နှစ်ရောက်တဲ့ အချိန်မှာ ခရစ်ယာန်မိန်းကလေး ဆောင်မှာ နေရတယ်။ ငယ်ငယ်ကတည်းက ပညာရေးကို ဦးစားပေးရမယ်လို့ သွန်သင်တဲ့ အသိုင်းအဝန်းမှာ ကြီးပြင်းခဲ့တယ်လို့ ပြောလို့ရတယ်။ စည်းကမ်းကြီးကြီးနဲ့ ကြီးပြင်းခဲ့တယ်။ ကျမ ငယ်ငယ်ကတည်းက မေးခွန်းထုတ်ခဲ့တာ တခုရှိတယ်။ အဲဒါဘာလဲဆိုတော့ ကျမတို့ ပညာရေး စနစ်မှာ ရှမ်းပြည်နယ် အကြောင်းကို သင်မယ်၊ ကချင်ပြည်နယ် အကြောင်းကို သင်မယ်ဆိုရင် ပုံနှိပ်စာအုပ် ထဲမှာတွေ့ရတာက တိုင်းရင်းသားတွေ ဆိုရင် ခွဲထွက်ချင်တဲ့ သူတွေ၊ သူပုန်တွေ၊ တိုင်းပြည်တည်ငြိမ်မှုကို ပျက်ပြားအောင် လုပ်တဲ့သူတွေဆိုပြီး တိုက်ရိုက် မပြောပေမယ့် သွယ်ဝိုက်ပြီး ပြောနေတာ တွေ့ရတယ်။ အဲဒါကို ကျမ နားမလည်တော့ ဆရာမတွေကို အမြဲမေးတယ်။ ဘာကြောင့် တိုင်းရင်းသားတွေကို ဒီလို ပြောရတာလဲဆိုပြီး မေးတာ။ ဆယ်တန်းလည်း အောင်လာရော ဆရာ၊ ဆရာမတွေက နင် တက္ကသိုလ်ရောက်ရင် ဒုက္ခရောက်မယ်၊ ဒါမျိုးတွေ မမေးနဲ့ ဆိုပြီး အမြဲ သတိပေးခံရတယ်။
နောက်တခုက ကျမတို့ မြန်မာစာမှာဆိုရင် ဗုဒ္ဓဘာသာအကြောင်း များများသင်ရတယ်။ အဲဒီဘာသာရပ်ကို ကျမ ကြိုက်ပါတယ်။ ဒါပေမယ့် ကျမရဲ့ မေးခွန်းက ဘာကြောင့် ခရစ်ယာန်အကြောင်း၊ အစ္စလာမ် ဘာသာ အကြောင်း မသင်တာလဲ။ သူတို့ သင်တာက နည်းနည်း တဘက်စောင်းနင်း ဆန်နေသလိုပဲ။ အဲဒီမှာ ဆယ်တန်းလည်း အောင်ရော ကျမ အင်ဂျင်နီယာဘာသာရပ်ကို သင်ချင်ပေမယ့် အကြောင်းအမျိုးမျိုးကြောင့် မတက်ဖြစ်ဘူး။ အိန္ဒိယနိုင်ငံ မီဇိုရမ်ဘက်ကို ထွက်လာခဲ့တယ်။ ၁၉၉၉ ခုနှစ်ကပေါ့။ အိန္ဒိယ မြန်မာ နယ်စပ်မှာ ကျောင်းဆက် တက်ရင်း ပထမတော့ ကျမ ချင်းအမျိုးသမီး အဖွဲ့မှာ လုပ်အားပေး ဝင်လုပ်တယ်။ ဘာသာပြန်အလုပ် လုပ်ပေးတယ်၊ ကလေးတွေကို စာလိုက်သင်တယ်။
၂၀၀၃ ခုနှစ်မှာတော့ ကျမ အဲဒီမှာ အမြဲတမ်းဝန်ထမ်းအဖြစ် အလုပ်စလုပ်တယ်။ အဲဒီနှစ်ကပဲ မီဇိုရမ်မှာ အဓမ္မမှု တခု ဖြစ်တယ်။ မီဇိုရမ် အမျိုးသမီးတယောက်ကို ချင်းတိုင်းရင်းသား တယောက်က အဓမ္မကျင့်တယ်ဆိုပြီး စွပ်စွဲတာ။ အဲဒီ တညမှာပဲ မီဇိုရမ်မှာ ရှိတဲ့ ချင်းတွေ၊ မြန်မာတွေ အားလုံးကို နှင်ထုတ်မယ်ဆိုပြီး ဖြစ်လာတယ်။ အဲဒီအမိန့်ကို ထုတ်တာက မီဇိုရမ် လူငယ်အဖွဲ့တဲ့။ မြန်မာပြည်မှာဆိုရင် ကြံ့ဖွံ့တွေလို အင်မတန်မှ အားကောင်းတဲ့ အဖွဲ့အစည်းပါ။ အဲဒီလို အမိန့်ထုတ်တော့ သူတို့တွေမှာ သွားစရာ လာစရာ မရှိတော့ဘူး။
တညနေမှာတော့ ကျမ မှတ်မိပါသေးတယ်။ ၂၀၀၃ ခုနှစ် ဇူလိုင်လ ၂၀ ရက်နေ့၊ မိုးတအား ရွာနေတဲ့နေ့ပေါ့။ အဲဒီမှာ အမျိုးသမီးတွေကော၊ ကလေးတွေကော မျက်ရည်စက်လက်နဲ့ ချင်းပြည်နယ်မှာလည်း အိမ်မရှိတော့ဘူး၊ အစိုးရနဲ့လည်း ရန်ဖြစ်လာပြီးပြီ၊ ပြန်လို့လည်း မရဘူး။ ဒီမှာလည်း နေတဲ့အိမ်က နှင်ထုတ်နေပြီ ဘယ်နေရာသွားမလဲပေါ့။ ကျမတို့ကလည်း ဒါဆို ရုံးမှာပဲ ခဏနေဆိုပြီး ခေါ်ထားလိုက်တယ်။ ပြီးတော့ ကျမရယ်၊ ကျမတို့ရဲ့ အမျိုးသမီးဥက္ကဋ္ဌ တယောက်ရယ်၊ နောက် အစ်မကြီး တယောက်ရယ်က မီဇိုရမ်က လူအများအလေးစားခံနေရတဲ့ နိုင်ငံရေးသမားတယောက် ဆီကို သွားချဉ်းကပ် ကြတယ်။ အဲဒီမှာ သူက သနားပြီးတော့ မြို့ပြင်မှာရှိတဲ့ အိမ်ဟောင်းကြီး တလုံးမှာ နင်တို့လူမျိုးတွေကို သွားနေခိုင်းလိုက်ပါ ဆိုပြီး ပြောတယ်။ ကျမတို့က လူတွေကို ယာယီသွားနေပါ၊ အခြေအနေကောင်းရင် ပြန်လာတာပေါ့ဆိုပြီး သူတို့ကို သွားပို့ လိုက်တယ်။ အဲဒီမှာ တပတ်လောက် သွားနေတယ်။ နောက်တော့ သူတို့နေရာကို မီဇိုရမ် လူငယ်အဖွဲ့က သိသွားပြီး တုတ်တွေနဲ့ လိုက်လာတယ်။ မင်းတို့ထွက်မလား မထွက်ရင် အကုန်လုံးကို ရိုက်မယ်ဆိုပြီး ပြောတော့ တချို့ အမျိုးသမီး တွေကငို၊ တချို့ဆို သတိတောင် လစ်တယ်၊ ဆေးရုံပို့ရတယ်။ အဲဒီကိစ္စတွေ ဖြေရှင်းခဲ့ရတယ်။
အဲဒီကာလက နိုင်ငံတကာ NGO တွေလည်း အဲဒီဒေသမှာ မရှိသေးဘူး။ ဒုက္ခသည်တွေ ရှိနေတယ်ဆိုတာ ဘယ်သူမှ မသိဘူး။ အဲဒီမှာ ကျမ ဘာသွားစဉ်းစားမိလဲ ဆိုတော့ ဒီလောက် ကိုယ့်လူမျိုးတွေ ဒုက္ခရောက်နေတာကို ဘယ်သူမှ မသိပါလား၊ ဘယ်သူမှလည်း ကမ္ဘာကသိအောင် လှုံ့ဆော်ပေးမယ့်သူ မရှိပါလား၊ ဒီလူတွေမှာ အားကိုးရာ မဲ့နေပြီ ဆိုပြီး တွေးမိတယ်။ အဲဒီကနေ စပြီး ဒီနေ့အထိ ကျမ လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ နေ့ရော ညပါ မနားမနေ လုပ်ခဲ့ဖြစ်တာပါ။
မေး။     ။ လူ့ အခွင့်အရေးအတွက် လုပ်တယ်ဆိုတဲ့နေရာမှာ ချင်းပြည်နယ်အတွက်အပြင် ဘာတွေ လုပ်နိုင်ခဲ့လဲ။
ဖြေ။     ။ အစပိုင်းကတော့ ချင်းပြည်နယ်အတွက်၊ ချင်းပြည်နယ်မှာ ဖြစ်ပျက်နေတဲ့ လူ့အခွင့်အရေးကိစ္စ တွေကို လုပ်ဖြစ်တာပေါ့။ အဲဒီလိုမျိုး လုပ်ရင်းကနေ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးအဖွဲ့တွေနဲ့ ပူးတွဲလုပ်တဲ့ လုပ်ငန်းတွေ ရှိလာတယ်။ ချင်းပြည်နယ်အတွက် လုပ်နေပေမယ့်လည်း မြန်မာနိုင်ငံ အမျိုးသမီး တရပ်လုံးအတွက် ခြုံပြီး လုပ်တာတွေ ရှိတယ်။ နောက်ပြီးတော့ ၂၀၀၉ နောက်ပိုင်းမှာ လူ့အခွင့်အရေး ပညာပေးရေး ဌာန - မြန်မာနိုင်ငံ (HREIB) မှာ စလုပ် ကတည်းက အခုထက်ထိ မြန်မာပြည် တရပ်လုံးအတွက် လူ့အခွင့်အရေးနဲ့ ဆိုင်တဲ့ အလုပ်တွေ လုပ်လာခဲ့တယ်။ ဥပမာ - လွန်ခဲ့တဲ့ ဇန်နဝါရီကလုပ်ခဲ့တာ တခုရှိတယ်။ အဲဒါကတော့ လူ့အခွင့်အရေး ကောင်စီမှာ လုပ်ထုံးလုပ်နည်း အသစ် တခုရှိလာတယ်။ လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး အစိုးရတိုင်းကို စစ်ဆေးတဲ့ အဖွဲ့ပေါ့။ အဲဒီကို ကျမတို့ HREIB ကနေ အချက်အလက်တွေ စုစည်းပြီး တင်ပြခဲ့ရတယ်။ လှုံ့ဆော်မှုတွေ လုပ်ခဲ့တာ ရှိတယ်။
မေး။     ။ ဒီနှစ်ဆန်းပိုင်းမှာ တက်ခဲ့ရတဲ့ အာဆီယံ လူထုအခြေပြု အဖွဲ့ အစည်းအဝေးနဲ့ ပတ်သက်ပြီး မြန်မာပြည်က လာတဲ့ ကိုယ်စားလှယ်တွေနဲ့ တွေ့ခဲ့ ကြုံခဲ့တဲ့ အကြောင်းတွေ ပြောပြပါဦး။
ဖြေ။     ။ အဲဒီအစည်းအဝေးက အာဆီယံရဲ့ တကယ့်လူထုကို ကိုယ်စားပြုတဲ့သူတွေပဲ တက်ရတဲ့ အစည်းအဝေးပေါ့။ ဒါပေမယ့် ရဲမှူးကြီးဟောင်း ဦးစစ်အေးက သူ့ရဲ့ နာမည်ကတ်မှာ အစိုးရမဟုတ်သော အဖွဲ့ဆိုပြီး ရေးပြီး အစည်းအဝေးကို လာတက်တယ်။ လာတက်တဲ့အခါမှာလည်း မြန်မာပြည်မှာ လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး အခြေအနေ ဘယ်လို ကောင်းသွားပြီ၊ စီးပွားရေး ပိတ်ဆို့တာမျိုး မလုပ်သင့်တော့ဘူး ဆိုတာမျိုး လာလာပြောတယ်။ ဒီနှစ်မှာတော့ ကျမတို့က ဒီ လူထု အခြေပြု အစည်းအဝေးဆိုတာ တကယ့် လူထုကို ကိုယ်စားပြုတဲ့သူတွေ တက်ရမယ့် အစည်းအဝေး ဖြစ်တယ်၊ ဒီနေရာမှာ အစိုးရကို ကိုယ်စားပြုတဲ့သူတွေ မလာသင့်ဘူး၊ အဲဒီလို လာတာ သိက္ခာကျတယ် ဆိုတာမျိုး ပြောလိုက်တယ်။ ဒီနေရာမှာ လူ့အခွင့်အရေး ကိစ္စတွေ၊ သဘာဝပတ်ဝန်းကျင် ကိစ္စတွေ၊ တကယ့် လူထုနဲ့ ဆိုင်တဲ့ ကိစ္စတွေ ဆွေးနွေးကြတယ်၊ ဖလှယ်ကြတယ် ဆိုပေမယ့် အစိုးရကိုပဲ ကိုယ်စားပြုတဲ့သူတွေက လာရှုပ်သလို၊ ဝင်စွက်သလို ဖြစ်နေတာက ရှက်သင့်တယ်။ အဲဒီလိုမျိုးလည်း သူတို့ကို တိုက်ရိုက်ပြောခဲ့တာတွေ ရှိတယ်။
ဒီနှစ်မှာဆို ကျမက အစီအစဉ်ကော်မတီဝင်ထဲမှာ ပါတယ်။ ၁၀ နိုင်ငံကနေ့ တယောက်စီ ကိုယ်စားလှယ် ရွေးတဲ့နေရာမှာ ကျမက အစီအစဉ်ကော်မတီဝင်အဖြစ် အရွေးခံရတယ် ဆိုပါတော့။ အဲဒီလိုဖြစ်တော့ ကျမက ကိုယ့်နိုင်ငံရဲ့ ကိစ္စကို အလုပ်ရုံ ဆွေးနွေးပွဲတိုင်းမှာ ပါရအောင် ကြိုးစားခဲ့တယ်၊ ပါလည်း ပါခဲ့တယ်။ ဆွေးနွေးပွဲတိုင်းမှာ အကြောင်းအရာ ၃၃ ခု ဆွေးနွေး ခဲ့တယ်ဆိုရင် ၆ ခုကျော်က မြန်မာအကြောင်း ဆွေးနွေးနိုင်ခဲ့တယ်။ ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဗီဒီယို မိန့်ခွန်း ကိုလည်း ကျမတို့ ပြသနိုင်ခဲ့တယ်။ အဲဒီလို လုပ်နေတဲ့ ကြားက အစိုးရကလွှတ်လိုက်တဲ့ ဦးစစ်အေးတို့ လူမျိုးက လာလာ စွက်တာပေါ့။ သူတို့ ပြောတာကတော့ ကျန်တဲ့နိုင်ငံတွေမှာလည်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေတယ်၊ မြန်မာနိုင်ငံကို ချည်းပဲ အပစ်မတင်နဲ့ ဆိုတာမျိုး လုပ်လာတယ်။ အဲဒီမှာ ကျမတို့ဘက်ကလည်း ဒါ သူလုပ်တယ်၊ ငါလုပ်တယ် ဆိုပြီး ပြိုင်ရမယ့် နေရာမဟုတ်ဘူး။ ဘယ်နိုင်ငံက အားပေးလဲ၊ ဘယ်သူက အရေးတယူလုပ်သလဲ ဆိုတာကို ဖလှယ်ရမှာ ဆွေးနွေးရမှာ၊ ဘယ်သူက လူ့အခွင့်အရေးကိစ္စ ပိုလုပ်သလဲ ဆိုတာကို ယှဉ်ပြိုင်ရမှာ။ ကိုယ့်နိုင်ငံက ချိုးဖောက်ထားတဲ့ လူ့အခွင့်အရေး ကိစ္စတွေကို လာမဖုံးနဲ့ ဆိုတာမျိုး သူတို့နဲ့ ယှဉ်ပြီး ပြောရတယ်။
မေး။     ။ လူ့အခွင့်အရေး ပညာပေးဌာနမှာ လုပ်နေတာဆိုတော့ အောက်ခြေက ကိုယ့်လူထုနဲ့ ဘယ်လောက် ထိတွေ့မှုရှိလဲ။
ဖြေ။     ။ ကျမ ထင်တာကတော့ နိုင်ငံအတွက်၊ လူမျိုးအတွက် အလုပ်လုပ်တယ်ဆိုတာက ကိုယ့်လူမျိုးတွေနဲ့ အဆက်အသွယ် လုပ်ဖို့လိုတယ်၊ ထိတွေ့မှု ရှိဖို့လိုတယ်။ ကျမ ဆိုရင် အနည်းဆုံးတော့ တနှစ်ကိုတခါ နယ်တွေကို သွားနိုင်အောင် ကြိုးစားတယ်။ တနှစ်ကို ရွာ ၄ ရွာ၊ ၅ ရွာ လောက်ပေါ့။ ချင်းပြည်နယ်ကလည်း အကြီးကြီး မဟုတ်ဘူးလေ။ တရွာသွားရင် နောက် ၁၀ ရွာလောက်က ကျမရောက်နေပြီဆိုတာ သိသွားကြတယ်။ အဲဒီလိုမျိုး နယ်တွေသွားမယ်၊ လူထုကြားထဲ သွားမယ်၊ စကားပြောမယ်။ သူတို့ ပြဿနာတွေ၊ သူတို့ပြောချင်တာတွေ နားထောင်ပေးတယ်။ နောက်တော့ ကျမဆီ အီးမေးလ် ပို့ နေတာတွေရှိလာတယ်။ တောမှာရှိနေတဲ့ အဖေအမေတွေကတော့ အီးမေးလ်တော့ မပို့နိုင်ဘူးပေါ့။ ဒါပေမယ့် မြို့ပေါ် ရောက်နေတဲ့ သူတို့ရဲ့ သားသမီးတွေ၊ ဆွေမျိုးတွေကနေ အီးမေးလ် ပုံမှန်ပို့ကြတယ်။ တခါတလေ စာရတာတောင် ရှိတယ်။ အဲဒီလို ဆက်သွယ်မှု ရှိနေတော့ လူထုနဲ့ အမြဲ ဆက်ဆံနေရတဲ့ သဘောမျိုးတော့ ရှိတာပေါ့။
မေး။     ။ ဒီလို ကိုယ့်လူထုကြားထဲသွားပြီး တိုက်ရိုက်ထိတွေ့ရတာ၊ လူ့အခွင့်အရေး လုပ်ငန်းတွေ လုပ်ရတာကို ဘယ်လိုခံယူလဲ။ ပျော်လား။
ဖြေ။     ။ တခါတလေကျတော့ ပျော်တယ်။ ကိုယ့်လူမျိုးတွေ၊ ကိုယ့်ရပ်ရွာက လူတွေ ဒုက္ခရောက်နေတာ နည်းနည်း ဖြေရှင်း ပေးလိုက်ရရင် ကျမ နည်းနည်းပျော်တယ်။ ဒါပေမယ့် စိတ်မကောင်းဖြစ်မိတာ၊ မကျေမနပ် ဖြစ်မိတာက ကျတော့ အစိုးရရဲ့ ညံ့ဖျင်းမှု၊ အစိုးရရဲ့ ပြည်သူလူထုအပေါ် ဖိနှိပ်မှုတွေကို တွေ့ရကြားရလို့ပဲ။ ဥပမာ - မလိုအပ်ဘဲ လယ်မြေတွေ လိုက်သိမ်းတဲ့ ကိစ္စတွေ၊ မလိုအပ်ဘဲနဲ့ အတင်းအဓမ္မ လုပ်အားပေးခိုင်းစေတာတွေ၊ မလိုအပ်ဘဲနဲ့ ဘာသာရေး ကိစ္စတွေမှာ ဖိနှိပ်ချုပ်ချယ် တာတွေ၊ ဒီလို အသေးအဖွဲ လူ့အခွင့်အရေး ချိုးဖောက်မှုလို့ နာမည် တပ်တဲ့ ဟာမျိုးတွေ ကြားရ၊ သိရရင်ကို စိတ်ထဲမှာ မကျေနပ်ဘူး၊ စိတ်မကောင်းဖြစ်တယ်၊ ဒေါသထွက်ရတယ်။
တကယ်တော့ ချင်းပြည်နယ် တခုလုံး၊ မြန်မာနိုင်ငံ တခုလုံးကို ကြည့်မယ်ဆိုရင်တော့ လုပ်စရာတွေက အများကြီးပဲ။ ဘယ်တော့မှ ပြီးမှာမဟုတ်ဘူး။ ဒီတော့ ဘယ်တော့မှ စိတ်ကျေနပ်မှုက ရမှာ မဟုတ်ဘူး။ ဒါပေမယ့် ကျမ စိတ်ထဲမှာ ထားတာ ကတော့ မလုပ်ဘဲနဲ့ နေတာထက် နည်းနည်း လုပ်နိုင်သလောက် လုပ်လိုက်တာက လူတွေရဲ့ ဘဝ နည်းနည်း ဖြစ်ဖြစ် တိုးတက်လာနိုင်တယ်၊ ဒီထက် ပိုပြီး ကောင်းနိုင်တယ်ဆိုတဲ့ ယုံကြည်ချက်နဲ့လုပ်နေတော့ အများကြီး မလုပ်နိုင်ပေမယ့် နည်းနည်းလေး လုပ်နိုင်တဲ့ အပေါ်မှာတော့ ကျေနပ်တယ်။
မေး။     ။ မချယ်ရီအနေနဲ့ ရှေ့ဆက် ဘာတွေလုပ်ဖို့ အစီအစဉ်တွေရှိလဲ။
ဖြေ။     ။ ကျမကတော့ လုပ်နေကျ ကလေးတွေရဲ့ ပညာရေး ပိုကောင်းဖို့၊ လူငယ်တွေရဲ့ ပညာရေး ဒီထက်ပိုကောင်းဖို့ ဆက်လုပ်မယ်။ ချင်းပြည်နယ်တင်မကဘူး မြန်မာတပြည်လုံးကို ကြည့်မယ်ဆိုရင် လူငယ်တွေ ပညာရေးမှာ ဒီထက်ပိုပြီး ကောင်းဖို့ လိုနေသေးတယ်။ အဲဒီအတွက် ကျမ တတ်နိုင်တဲ့ဘက်က ဆက်လုပ်မယ်။ ကျမတို့ရဲ့ အိမ်နီးချင်း နိုင်ငံတွေ ကိုပဲကြည့်။ တရုတ်၊ ထိုင်း၊ အိန္ဒိယ၊ ဒီနိုင်ငံတွေက ကျမတို့ထက် နှစ် ၅၀ လောက်စောပြီး ရှေ့ရောက်နေပြီ။ နည်းပညာ၊ စီးပွားရေး၊ ပညာရေးပေါ့။ ဒါတွေကို အမီလိုက်ဖို့ ကျမတို့လူငယ်တွေ အများကြီး ကြိုးစားရမှာ။ ကျမ အနေနဲ့တော့ လူငယ်တွေ ပညာကို ဒီထက်ပိုလိုချင်အောင်၊ ကြိုးစားချင်အောင် လုပ်မယ်။ ကျမလုပ်နိုင်တဲ့ ပညာသင်ဆု ရှာပေးတာမျိုး၊ ကိုယ်နဲ့ နီးစပ်တဲ့ သူတွေကို အားပေးတာမျိုး၊ တချို့ရွာတွေမှာ ကျောင်းတွေမှာ ဆရာ၊ ဆရာမတွေ မရှိတာမျိုး ရှိတယ်။ အဲဒီအတွက် ဆရာ၊ ဆရာမတွေ ရှာပေးတာမျိုး၊ ကျောင်းမရှိတဲ့ ရွာတွေအတွက် တတ်နိုင်သလောက် ကျောင်းဆောက်နိုင်ဖို့ ကူညီပေးတာမျိုး လုပ်ဖို့ အစီအစဉ်တွေ ရှိတယ်။
နောက်တခုက အမျိုးသမီးကိစ္စပေါ့။ ချင်းပြည်နယ်မှာရှိနေတဲ့ အမျိုးသမီးတင်မကဘူး၊ မြန်မာတပြည်လုံးက အမျိုးသမီးတွေ အတွက်ပေါ့။ ကိုယ်က အမျိုးသမီးဖြစ်နေတယ် ဆိုပြီး မီးဖိုချောင်မှာ ပုန်းနေတာမျိုး မဟုတ်ဘဲ ဒီထက်ပိုပြီး နိုင်ငံရေးမှာ၊ လူမှုရေး လုပ်ငန်းတွေမှာ ပါဝင်နိုင်ဖို့ ကြိုးစားမယ်။ ဥပမာ - ကျမတို့ ပြောနေကျ စကားရှိတယ်။ နေ့စဉ် မရှိမဖြစ် မီးဖိုချောင်သုံး ကုန်ပစ္စည်း ဈေးနှုန်းတွေ တက်နေတာကို ရင်ဆိုင်နေရတာ အမျိုးသမီးတွေ၊ မိခင်တွေပေါ့။ သူတို့က ဘာကြောင့် ဒီကုန်ဈေးနှုန်းတွေ တက်နေရတာလဲ ဆိုတဲ့ မေးခွန်းကို မမေးကြဘူး။ ဖြစ်သလိုပေါ့၊ ဒါ အထက်က လူကြီးတွေ လုပ်နေတာပဲ ဆိုတာနဲ့တင် ပြီးသွားတယ်။ တကယ်က အမျိုးသမီးထုက မေးခွန်းထုတ်ရမယ်။ ဘာကြောင့် ဒီလို ဖြစ်နေရတာလဲ၊ ဘယ်သူ ကူညီနိုင်မလဲ ဆိုတဲ့ မေးခွန်းတွေ မေးရမယ်၊ ဒီလိုမေးခွန်းတွေကို ဘယ်သူ့ကို မေးနိုင်မလဲ ဆိုတာကို လေ့လာမှုတွေ လုပ်ရမယ် လို့ ကျမထင်တယ်။
မေး။     ။ မချယ်ရီက လူ့အခွင့်အရေးကိစ္စ လုပ်နေတာဆိုတော့ တလောက သမ္မတ ဦးသိန်းစိန် ပြောသွားသလို ပြည်ပရောက် နေတဲ့ ပြန်လာချင်တဲ့ သူတွေ ပြန်လာနိုင်တယ် ဆိုပြီး ပြောတဲ့အပေါ် ဘယ်လိုမြင်လဲ။ တကယ်ပဲ လွတ်ငြိမ်းချမ်းသာခွင့် ပေးမယ့် အလားအလာလို့ မြင်လား။
ဖြေ။     ။ ကျမ မြင်တာကတော့ အကျဉ်းကျခံနေရတဲ့ နိုင်ငံရေး သမားတွေကော၊ ပြည်ပရောက်နေတဲ့ နိုင်ငံရေး သမားတွေကော အားလုံးဟာ လက်ရှိ အစိုးရနဲ့ နိုင်ငံရေး အမြင်ချင်း၊ အတွေးအခေါ်ချင်း မတူတာဘဲ ရှိတယ်၊ သူတို့မှာ ဘာပြစ်မှုမှ ကျူးလွန် ထားတာမရှိဘူး။ ခွင့်လွှတ်တယ်လို့တောင် ပြောစရာမလိုဘူး။ တကယ့်တကယ် ဒီမိုကရေစီ ကျတယ် ဆိုရင် လူတွေအားလုံး ခေါ်စရာမလိုဘူး ပြန်သွားကြမှာပဲ။ ဒီစကား ပြောတာကတော့ ပြည်ပရောက်နေတဲ့ ဒီမိုကရေစီ အင်အားစုတွေ တွေဝေသွားအောင် လုပ်လိုက်တာ၊ နိုင်ငံတကာအဖွဲ့အစည်းတွေကို မျက်လှည့်ပြလိုက်တာပါပဲ။
တကယ်ပဲ ဒီမိုကရေစီနိုင်ငံဆိုရင် တစ် နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးရမယ်၊ နှစ် ကိုယ်ပိုင်အုပ်ချုပ်ခွင့် တောင်းနေတဲ့၊ နိုင်ငံရေးမှာ တန်းတူရည်တူ ပါဝင်ခွင့်ရဖို့ တောင်းဆိုနေတဲ့ တိုင်းရင်းသားတွေကို နယ်စပ်တွေမှာ ထိုးစစ် ဆင်နေတာတွေ ရပ်တန်းက ရပ်ရမယ်၊ သုံးက လွှတ်တော်ထဲမှာ ပါနေတဲ့ ဆန့်ကျင်ဘက် အဖွဲ့အစည်းတွေကိုလည်း ဒီထက် နေရာပေးရမယ်၊ နောက်တော့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နဲ့တကွ ၁၉၉၀ ရွေးကောက်ပွဲတုန်းက ပါဝင်ခဲ့တဲ့ နိုင်ငံရေးပါတီတွေကိုလည်း ဆွေးနွေးတိုင်ပင်မှုတွေလုပ်၊ ဒေါ်အောင်ဆန်းစုကြည်ကော၊ ကျန်တဲ့သူတွေကောပေါ့။ တကယ်က အပြင်ကလူတွေကို မခေါ်ခင်မှာ သူ့ရဲ့ အိမ်တွင်းထဲမှာကို လုပ်စရာတွေ အများကြီး ရှိပါသေးတယ်။ အထဲက ပြဿနာတွေ ရှင်းဖို့တောင် မလုပ်သေးဘဲ အပြင်ကလူတွေကို ခေါ်တာကတော့ အဓိပ္ပာယ်မရှိဘူး။
အခုဟာက အစိုးရက ပညာတတ်သည်ဖြစ်စေ၊ ပညာမဲ့သူဖြစ်စေ၊ ရွှေ့ပြောင်းအလုပ်သမား ဖြစ်စေ၊ နိုင်ငံရေးသမား ဖြစ်စေ၊ လူ့အခွင့်အရေးလှုပ်ရှားတဲ့ သူတွေဖြစ်စေ သူတို့နဲ့ သဘောထားမတူရင် ထောင်ချတာတို့၊ ဥပဒေဆိုတာကြီးနဲ့ ချည်နှောင် တာတို့ လုပ်နေသရွေ့တော့ ဘယ်သူမှ ပြန်လာမှာလည်း မဟုတ်ဘူး။ သူတို့ပြောသလို မျိုးချစ်စိတ် မရှိတဲ့သူ ပြန်မလာတာ မဟုတ်ဘူး။ မျိုးချစ်စိတ် ရှိတဲ့သူတွေကို သူတို့က မလိုချင်တာ။ ပြည်ပရောက်နေတဲ့သူတွေ အားလုံးက ကိုယ့်ရပ် ကိုယ့်ရွာမှာ ကိုယ့်ဆွေမျိုးတွေ၊ ကိုယ့်မိတ်ဆွေတွေနဲ့ ပြန်လည် စုစည်းချင်တဲ့ သူတွေချည်းပဲ။
မေး။     ။ ချင်းတိုင်းရင်းသားလူငယ်တွေကိုကော၊ တခြား လူငယ်တွေကိုပါ မချယ်ရီ့အနေနဲ့ ဘာပြောချင်လဲ။
ဖြေ။     ။ ချင်းလူငယ်တွေကော၊ တခြားလူငယ်တွေကိုကော ကျမ ပြောချင်တာက အချိန်မဖြုန်းဖို့။ တိုင်းပြည် တိုးတက်ဖို့၊ ကိုယ့်ဒေသ တိုးတက်ဖို့က အချိန်ကို အကျိုးရှိရှိ အသုံးချနေရမယ်။ အားကစား လုပ်တဲ့သူက အားကစားလုပ်မလား၊ အိမ်တွင်းမှု လုပ်မလား၊ အနုပညာ လုပ်မလား။ အချိန်တိုင်း အချိန်တိုင်းဟာ တန်ဖိုးရှိနေတယ်။ အချိန်ကို ကောင်းကောင်း စီမံခန့်ခွဲဖို့ ပြောချင်တယ်။
နောက်တခုက ပညာရေးပေါ့။ ပညာရေးဆိုတာ အတန်းပညာတခုတည်းကို ပြောတာ မဟုတ်ဘူး။ ကိုယ်ဝါသနာပါတဲ့ ပညာပေါ့။ အနုပညာလား၊ လက်မှုလား၊ အင်ဂျင်နီယာလား၊ ဆေးလိုင်းလား၊ အားကစားလား စသည်ဖြင့်ပေါ့။ ကိုယ်လိုချင်တဲ့ နေရာကို ရောက်အောင် သွားဖို့လိုအပ်တယ်။ ကျမတို့နိုင်ငံက ဟိုးအစကနေ လုပ်ရမှာ။ သူများတွေကို အမီလိုက်ရမှာဆိုတော့ အများကြီး ကြိုးစားရဦးမှာလေ။
မေး။     ။ မချယ်ရီ အမြဲတမ်း လက်ကိုင်ထားတဲ့ ဆောင်ပုဒ်က ဘာလဲ။
ဖြေ။     ။ ကျမ ငယ်ငယ်ကတည်းက မာသာထရီဇာရဲ့ ကဗျာလေးတွေ ဖတ်လေ့ရှိတယ်။ အဲဒီအထဲက ကျမစိတ်ထဲမှာ အမြဲ ထင်ကျန်နေတာ တခုကတော့ ဒီနေ့ ကောင်းမှုလုပ်တယ်၊ မနက်ဖြန်ကျရင် လူတွေက မေ့သွားတယ်။ ဒါပေမယ့် ဆက်လုပ်ပါ၊ နေ့တိုင်း နေ့တိုင်း ကောင်းမှုလုပ်ပါ ဆိုတာလေးကို ကျမ အမြဲ လက်ကိုင်ထားတယ်။ ကျမ လူမှုရေး လုပ်ငန်းတွေလုပ်တယ်၊ လူ့အခွင့်အရေး ကိစ္စတွေ လုပ်တဲ့အချိန်မှာ အရမ်းပင်ပမ်းတယ်။ ဒါပေမယ့် ကိုယ့်ချင်းပြည်နယ်မှာ ရှိနေတဲ့ အဘွားကြီးတွေ၊ အဘိုးကြီးတွေရဲ့ မျက်နှာတွေ၊ ကလေးလေး တွေရဲ့ မျက်နှာတွေ၊ မြန်မာပြည် မြေပုံကြီးကို ကြည့်ပြီး ဒုက္ခရောက်နေတဲ့ ကိုယ့် မြန်မာလူမျိုး သန်း ၅၀ ကျော်ရဲ့ မျက်နှာတွေကို မြင်ယောင်မိတဲ့ အချိန်မှာ ကျမ ပင်ပမ်းတယ်လို့ မထင်တော့ဘူး။ ဒါ ငါလုပ်ရမယ့် အလုပ်ပဲ ဆိုတာ စိတ်ထဲမှာ ထည့်ပြီး လုပ်နိုင်ခဲ့တယ်။ ဘေးမှာရှိနေတဲ့သူတွေက ဘယ်လောက်ပဲပြောပြော၊ ဘယ်လောက်ပဲ ဝေဖန်ဝေဖန်၊ ဘယ်လိုပဲ ချီးမြှောက် ချီးမြှောက် ဒါ လုပ်ကိုလုပ်ရမယ့် ငါ့တာဝန်ဆိုပြီး စိတ်ထဲထားခဲ့တယ်။

မြန်မာပြည်မှာ ငွေလဲလှယ်နှုန်း တကယ်ပြင်မှာလား (အပိုင်း ၁)

ဘိုဘိုကျော်ငြိမ်း | တနင်္လာနေ့၊ စက်တင်ဘာလ ၀၅ ရက် ၂၀၁၁ ခုနှစ် ၁၄ နာရီ ၅၄ မိနစ်

ဒေါက်တာဦးမြင့်ရဲ့ စာတမ်းကို ဖတ်မိပြီး အတွေးပေါင်းများစွာ ခေါင်းထဲဝင်လာတယ်။ ပထမ အချက်က ဒီလို ငွေအလဲအလှယ် ပြဿနာကို ဗြောင်လူပုံအလည်မှာ တင်ပြ ဆွေးနွေးခွင့် ပြုတာကို ကျေးဇူးတင်ရမယ်။ ဘာကြောင့်လဲဆိုတော့ လောလောဆယ် ကမ္ဘာကြီးမှာ တွေ့ကြုံနေရတဲ့ ဒေါ်လာနဲ့ ယူရို (Euro) ပြဿနာဟာ ပိုဆိုးဖို့ပဲရှိတယ်။ ဒီငွေကြေးတွေ တန်ဖိုးကျလေ၊ မြန်မာကျပ်ငွေ တန်ဖိုးကြီးတဲ့ ပြဿနာက ရှင်းရခက်လေပဲ။
အမေရိကန်မှာ အမေရိကန် နိုင်ငံရေးသမားတွေဟာ အရက်မူးလွန်တဲ့ သင်္ဘောသားလို စည်းမရှိကမ်းမရှိ ငွေချေး

သုံးတဲ့ အကျင့်ကို မစွန့်လွှတ်နိုင်ကြဘူး။ ဒါကြောင့် စီးပွားရေး နလန်ထူဖို့ လမ်းမမြင်နိုင်ဘူးလို့ ကမ္ဘာ့ စီးပွားရေး ပညာရှင်တွေက ဝိုင်းပြောနေကြပြီ။

တချိန်တည်းမှာ ဥရောပမှာ နိုင်ငံရေး ပေါင်းစပ်မှု မပြည့်စုံသေးဘဲ ယူရိုဇုံဆိုပြီး ဥရောပငွေကြေးစံနစ်ကို 

ထူထောင်ခဲ့တာ ဂရိလို အကြွေးနဲ့ ပိနေတဲ့နိုင်ငံတွေက ပြဿနာတက်လိုက်တာ ပြင်သစ်နဲ့ ဂျာမဏီတို့က

ငွေပံ့ပိုးကြရင်း အခု စပိန်၊ အီတလီအထိ ကူးစက်လာစရာရှိနိုင်ပြီး ပြင်သစ်ဘဏ်တွေပါ ထိပါးလာပြီလို့ သတင်း

တွေ ထွက်လာပြီ။ လက်ရှိ ကမ္ဘာ့အခြေအနေက တောင်မင်းကို မြောက်မင်း မကယ်နိုင်ပါဆိုတဲ့ အခြေအနေပဲ။

ဦးနေဝင်းရဲ့ မဆလ စီးပွားရေးစံနစ်မှာ ဦးဘငြိမ်းရဲ့ 
ဦးဘငြိမ်းရဲ့ကောင်းမှုနဲ့ မြန်မာ(ကျပ်) ငွေကို IMF က SDR(Special Drawing Rights) နဲ့ ချိတ်ဆက်ပြီး ၁၉၇၇ ကတည်းက နှုန်း သတ်မှတ်ထားခဲ့ပါတယ်။ အကြမ်းဖျင်း ဒေါ်လာ ကျော်ကျော် သတ်မှတ်ခဲ့တာ။ ဒို့မြန်မာ့ ဆိုရှယ်လစ်ကွ ဆိုတဲ့၊ မာနနဲ့ နည်းနည်းမှ မလျော့တန်း ကိုင်ထားခဲ့တာ ၂၁ ရာစုထဲ ဝင်လာတဲ့အထိပဲ
ကောင်းမှု နဲ့ မြန်မာ(ကျပ်) ငွေကို IMF က SDR (Special Drawing 
Rights) နဲ့ ချိတ်ဆက်ပြီး ၁၉၇၇ ကတည်းက နှုန်း သတ်မှတ် ထားခဲ့ပါတယ်။ အကြမ်းဖျင်း ၆ ဒေါ်လာ ကျော်ကျော် သတ်မှတ်ခဲ့တာ။ ဒို့မြန်မာ့ဆိုရှယ်လစ်ကွဆိုတဲ့၊ မာနနဲ့ 

နည်းနည်းမှ မလျော့တန်း ကိုင်ထားခဲ့တာ ၂၁ ရာစုထဲ ဝင်လာတဲ့အထိပဲ။


ဒီတော့
(ကျပ်) နဲ့ ဒေါ်လာ လဲလှယ်နှုန်း () မျိုးဖြစ် လာပါတော့တယ်။ တသက်လုံး မပြောင်းနိုင်တော့တဲ့ တရားဝင် နှုန်းက တခု၊ ကပ်စတန် (Custom) နှုန်းက တဒေါ်လာ ၄ဝဝ ဝန်းကျင်နှုန်းကတစ်ခုနဲ့ တကယ် အသုံးပြရတဲ့ မှောင်ခို နှုန်းရယ်လို့ ဖြစ်လာပါတယ်။ ဒီကြားထဲ FEC လို့ခေါ်တဲ့ ဒေါ်လာအတုက ဝင်လာပြန်တော့ သူ့ရဲ့ လဲလှယ်နှုန်းကလည်း ပါလာရပြန်တာပေါ့။

ကမ္ဘာ့ငွေကြေးစံနစ်

နိုင်ငံတိုင်းမှာ ဗဟိုဘဏ်ဆိုတာရှိပါတယ်။ တိုင်းပြည်ရဲ့ ငွေစက္ကူ
(သို့) ပိုက်ဆံကို ဒီဗဟိုဘဏ်ကပဲ ရိုက်ထုတ်ရ
ပါတယ်။ အရင်က ရိုက်ထုတ်ချင်တိုင်း ရိုက်ထုတ်လို့မရပါ။ ၁၉၂ဝ ခုနှစ်များအထိ နိုင်ငံတခုရဲ့ ငွေစက္ကူကို

ထောက်ပံ့နိုင်ဖို့
(ရွှေ) နောက်ခံထားတဲ့ စံနစ်ကို အသုံးပြုခဲ့ကြပါတယ်။

ဒုတိယကမ္ဘာစစ်ကြီးအပြီး ၁၉၄၄ ခုနှစ်၊ ဇူလိုင်လ မှာ အမေရိကန်နိုင်ငံ နယူးဟန်ရှယ်ပြည်နယ် ဘရန်တင်ဝုဒ် 

(Bretton Woods) ဆိုတဲ့ နိုင်ငံတကာ အစည်းအဝေးပွဲက
IMF နဲ့ ကမ္ဘာ့ဘဏ်တို့ကို ထူထောင်ခဲ့ကြပြီး ကမ္ဘာ့ 
ငွေစက္ကူတွေက အမေရိကန် ဒေါ်လာကို ပြောင်းနိုင်ပြီး၊ အမေရိကန် ဒေါ်လာက
(ရွှေ)ကို ပြန်ပြောင်းပေးနိုင်တယ်
ဆိုတဲ့ “ကမ္ဘာ့ငွေကြေးစံနစ်” ပေါ်ပေါက်ခဲ့ပါတယ်။ အမေရိကန် ဒေါ်လာဟာလည်း ကမ္ဘာ့ငွေစက္ကူ
Global Currency အဖြစ် ရပ်တည်နေနိုင်ခဲ့တာ ယနေ့အထိပါပဲ။ ၁၉၇၁ ခုနှစ်မှာ သမ္မတနစ်ဆင်က ရွှေကို ပြန်ပြောင်း နိုင်တယ်ဆိုတဲ့ သဘော တူညီချက်ကို ရပ်ဆိုင်းလိုက်တယ်။

တခြားနိုင်ငံတွေက မြန်မာနိုင်ငံက ဓါတ်ငွေ့တွေဝယ်ရင် ဒေါ်လာပေးပြီး မြန်မာနိုင်ငံက တခါ တခြားနိုင်ငံက ထွက်ကုန်ပစ္စည်းပြန်ဝယ်ရင် ဒေါ်လာပဲ ပေးရပါတယ်။ လွယ်လွယ်ပြောရရင် အမေရိကန် နိုင်ငံဟာ ကမ္ဘာမှာ

အကြီးဆုံး စီးပွားရေးနိုင်ငံ၊ အခိုင်မာဆုံး၊ အတည်ငြိမ်ဆုံးနိုင်ငံ၊ ဒါ့ကြောင့်ဒေါ်လာကို
(စံ) အဖြစ်ထားပြီး၊ ဒေါ်လာကို ကြားခံထားကာ နိုင်ငံတကာ ကုန်သွယ်မှု ပြုကြရပါတယ်။ နောက်တနည်းပြောရရင် မြန်မာကျပ်ဆိုရင် လူတွေ အားမကိုးရဲ၊ မယုံရဲဘူး၊ ဒေါ်လာဆိုရင် ယုံတယ်၊ ကိုင်ရဲတယ်ပေါ့။

ဗဟိုဘဏ်

နိုင်ငံရဲ့ ငွေစက္ကူကို ရိုက်ထုတ်ရတဲ့ တာဝန်ကြောင့် တိုင်းပြည်အတွင်းမှာ လည်ပတ်နေတဲ့ ငွေသား ပမာဏ 

(Liquidity) ကို ဗဟိုဘဏ်က ထိန်းချုပ်ရပါတယ်။ ဥပမာ ဝိုင်တူးကေ
(Y2K) လို့ ခေါ်ကြတဲ့ ရာစုနှစ်ပြောင်းတဲ့ 
အနှစ် ၂ဝဝဝ ပြဿနာ ကာလက အမေရိကန်ဗဟိုဘဏ်က အကယ်၍များ လူတွေလန့်ပြီး ငွေကြေး လည်ပတ်မှု

ပြဿနာပေါ်ခဲ့သော် ငွေကြေး လုံလုံလောက်လောက်ရှိအောင် ဗဟိုဘဏ် ခွဲတွေမှာ အပိုဒေါ်လာတွေ အဆင်သင့် 

ပြင်ထားခဲ့ ရတယ်။


တခါအမေရိကန် စီးပွားရေး တဟုန်ထိုး တိုးတက်နေတဲ့
(Boom) ကာလကနေ လေပူပေါင်း ပေါက်ကွဲသွားသလို 
(Bust) ကာလ ရောက်ခဲ့ရင် ဗဟိုဘဏ်တွေကပဲ အတိုးနှုန်းကို လျော့ပေးရပြန်တယ်။ အတိုးနှုန်း နည်းရင် ငွေချေးခ

လျော့သွားတော့ ငွေများများ ချေးလာကြတော့ ငွေလည်ပတ်မှုများလာပြီး စီးပွားရေး ပြန်ဦးထောင် လာတာပေါ့။


အကြောင်းက ဝုန်းဆို စီးပွားရေး ပူပေါင်းပေါက်တာဖြစ်ပြီး စီးပွားရေးကျပြီ ဆိုတာနဲ့ ကုမ္ပဏီတွေဟာ အသုံးရပ်၊ အလုပ်သမားတွေလျော့၊ ရှိတဲ့လက်ကျန်ငွေကို ခြိုးခြံ ကြရတာကြောင့် အရောင်းအဝယ်တွေထိုင်း၊ အလုပ်လက်မဲ့

တွေ ပေါလာတော့ လူတွေကလည်း စိုးရိမ်စိတ်နဲ့ အသုံးလျော့ကြကာ တိုင်းပြည် စီးပွားရေးကျပြီး မကိုင်တတ်ရင် စီးပွားရေးကပ် ဆိုက်တတ်ပါတယ်။


ငွေကြေးလည်ပတ်မှု များနေရင်လည်း ငွေကြေးဖေါင်းပွမှု
(Inflation) ဖြစ်တတ်ပါတယ်။ ငွေကြေး ဖေါင်းပွမှုဟာ စီးပွားရေးတိုးတက်မှုနဲ့ ဒွန်တွဲပါမလာရင် ကုန်ဈေးနှုန်းတွေတက်၊ လစာကမတိုးနဲ့ တိုင်းသူ ပြည်သားတွေ ဒုက္ခရောက်တတ်ပါတယ်။ ဒါကြောင့် ဗဟိုဘဏ်တိုင်းရဲ့ အဓိကပစ်မှတ်ဟာ ငွေကြေးဖေါင်းပွမှု ကို နိုင်အောင် 
ကိုင်နိုင်ဖို့ အကြောင်းဖြစ်လာရပါတယ်။


နောက်တခါ စီးပွားရေး ကောင်းလို့ နိုင်ငံခြားက ရင်းနှီးမြှုပ်နှံမှုများလို့ နိုင်ငံခြားငွေ များများဝင်လာရင် မိမိငွေစက္ကူနဲ့

ပြန်လဲလှယ်ပေးရတော့ ပြည်တွင်း လည်ပတ်ဖို့ ငွေလျော့သွားရင် မိမိရဲ့ ငွေတန်ဖိုးဟာ မြင့်တက် လာတတ် ပါတယ်။ ဈေးကွက် စီးပွားရေးမှာ အားလုံးဟာ ဝယ်အား၊ ရောင်းအား
Supply & Demand အပေါ်မူတည်တာပဲ။ တိုင်းပြည်ထဲမှာ ငွေလည်ပတ်မှုဟာ အတိုင်းတာတခု အထိပဲရှိတယ်။ ဒီမှာတိုင်းဝြည် ငွေသား (ငွေစက္ကူ) 
အဝယ်အား
Demand များလာရင်၊ ဝယ်အားတက်လာရင်၊ ငွေတန်ဖိုးလည်း တက်လာတာပါ။

ဒီလိုမြင့်တက်လာရင် ပြည်ပပို့ကုန်ဈေးကွက်ကို ထိခိုက်လာပါတယ်။ ဥပမာ ဆန်ဝယ်တဲ့ နိုင်ငံခြား ကုမ္ပဏီဟာ တလဆန်တန်ချိန် ၁ဝဝ ဝယ်တယ်ဆိုပါစို့။ တဒေါ်လာ ၁
,ဝဝဝ ကျပ်ကနေ တဒေါ်လာ ၈ဝဝ ကျပ်ဖြစ်သွားရင် သူ့အတွက် မြန်မာဆန်ဟာ ဈေးကြီးသွားပြီ။ ဒါဆို မြန်မာဆန်ဟာ ထိုင်းဆန်နဲ့ ဈေးတူသွားရင် ထိုင်းဆန်ကို ဝယ်ချင် ဝယ်မှာပေါ့။ မြန်မာဆန်က ဈေးအသာ မရတော့ဘူး။ ၂ဝ၁၁ ၊ ဇူလိုင်လ ၂၂ရက်နေ့ သတင်းတခုမှာ မြန်မာနိုင်ငံရဲ့ စပါးထွက်နှုန်း တိုးလာသော်လည်း ပြည်ပသို့ ဆန်တင်ပို့မှုဟာ သုံးပုံနှစ်ပုံ ကျဆင်းလာခဲ့တယ်လို့ ဖတ်လိုက်ရပါတယ်။
မြန်မာကျပ်ငွေ တန်ဖိုးတက်မှုရဲ့ ရလဒ်တခုပါပဲ။


ဒီလိုပဲ မြန်မာပြည်မှာ မော်တော်ဆိုင်ကယ်ထုတ်တာ တစီးကို ၁ဝဝ
,ဝဝဝ ကျပ် ကုန်ကျစရိတ်ရှိတယ် ဆိုပါစို့။ ဒါက တရုတ်မော်ဒယ်တွေ။ ထိုင်းကသွင်းလာတဲ့ ဟွန်ဒါ စီးချင်ပေမဲ့ ၁၂ဝ,ဝဝဝ၊ မို့ ဝယ်သူကမတတ်နိုင်။ မြန်မာပြည်ထုတ် တရုတ်မော်ဒယ်၊ မြန်မာဖြစ်ကိုပဲ ကြိတ်မှိတ် စီးနေရတယ်။ ဟော ဒေါ်လာဈေးကျပြီး၊ ဒေါ်လာ ဈေး ၈ဝဝ ကျပ်
ဖြစ်တော့ ဟွန်ဒါ ဈေးလည်း ကျပ် ၁ဝဝ
,ဝဝဝ၊ မြန်မာပြည်ထုတ် တရုတ်မော်ဒယ်လည်း ၁ဝဝ,ဝဝဝ ဆိုတော့ အရင်စီးချင်နေတဲ့ ဟွန်ဒါပဲ ဝယ်တော့မပေါ့။ ဒီတော့ မြန်မာပြည်ထုတ် မော်တော်ဆိုင်ကယ်တွေ အရောင်း ကျလာ
တော့၊ အလုပ် သမားတွေလျော့ရတော့မယ်။ မိအေးနှစ်ခါနာ လာဖြစ်မနေဘူးလား။


ဒီတော့ ဗဟိုဘဏ်တွေက မိမိအရံ၊ ရန်ပုံငွေထဲကငွေနဲ့ ဒေါ်လာတွေလိုက်ဝယ်ပေါ့။ ဒါကို
Intervention၊ ဗဟိုဘဏ် ဝင်ပါ၊ ဝင်ကယ်ခြင်းလို့ ခေါ်ပါတယ်။ လောလောဆယ် အမေရိကန်နဲ့ ဥရောပနိုင်ငံတွေ အကြွေး ထူလာပြီး သူတို့ငွေစက္ကူတွေ ဈေးကျလာတော့ ဂျပန် ယန်း Yen က ဈေးတက်လာတာကြောင့် ဂျပန် ဗဟိုဘဏ်က ဝင်ပါလာရတယ်။

ဗဟိုဘဏ်က အတိုးနှုန်းကို ကစားပြီး ငွေလည်ပတ်မှု လက်နက်ကို ကိုင်ပြီး ငွေကြေးလည်ပတ်မှု မျှတအောင် 

လုပ်ပြီး တိုင်းပြည်ရဲ့ စီးပွားရေးကို ပဲ့ထိန်းပေးတာ၊ ငွေလဲလှယ်နှုန်း မျှတတည်ငြိမ်အောင် လုပ်ဆောင်တာတွေကို

ငွေကြေးပေါ်လစီ
(Monetary Policy) လို့ ခေါ်ပါတယ်။

ငွေကြေးတည်ငြိမ်ဖို့ဟာ အစိုးရကလည်း ဝင်ငွေနဲ့ထွက်ငွေ မျှမျှတတ သုံးတတ်ဖို့လိုပါတယ်။ အစိုးရ အတွက် ဝင်ငွေဟာ နှစ်နည်းပဲရှိပါတယ်။ အခွန်ကောက် ဒါမှမဟုတ် ငွေချေး။ ငွေချေးတာများရင် ဒုက္ခတွေ့ပြီး စီးပွားရေး ထိလိုက်လာတတ်တယ်။ စီးပွားရေးကျရင် လူတွေရဲ့ ယုံကြည်မှုမရရင် အရင်းရှင် စံနစ်မှာ ငါးပါးမှောက်တာပဲ။


အစိုးရဘတ်ဂျက်က ဝင်ငွေနဲ့မမျှရင် ဘတ်ဂျက် လိုငွေ ပြရင် ငွေချေးရတော့မယ်။ တခါ အစိုးရ လိုငွေကြောင့် အခွန်တိုးကောက်ပြန်ရင် လုပ်ငန်းတွေ ဝင်ငွေထိခိုက်ရင် အလုပ်သမားတွေလျော့ စီးပွားရေး ကျဆင်းနိုင်ပါတယ်။ 

ဒီလို အစိုးရသုံးငွေ၊ အခွန်ကောက်ခြင်းနဲ့ ပတ်သက်တဲ့ စီးပွားရေး ပေါ်လစီကို
Fiscal Policy လို့ ခေါ်ပါတယ်။

အစိုးရသုံးငွေဟာ ဝင်ငွေထက်များပြီး ငွေလိုလို့ ငွေချေးတာများလာရင်၊ တိုင်းပြည်ရဲ့စီးပွားရေး အခြေမခိုင်ရင်

ငွေတန်ဖိုးကို ထိခိုက်စေနိုင်ပါတယ်။ ဂရိမှာ ဖြစ်တာဒါပါပဲ။ အရင်အစိုးရတွေက ဝင်ငွေနဲ့ထွက်ငွေ မမျှအောင်

ချေးပြီး၊ ချေးငွေတွေကို တဘက်လှည့်နဲ့ ဝင်ငွေဆိုပြီး လိမ်ပြခဲ့ကြတယ်။


အမေရိကန် အရင်းအနှီးဘဏ်
(Investment Banks) တွေက ပညာပါပါ ငွေချေးပြီး အစိုးရတွေလိမ်နိုင်အောင် ဝိုင်းကူကြပေါ့။ ခုမှ ပေါ်တော့၊ ပြဿနာက လွန်နေပြီ။ ပြဿနာပေါ်တော့ ဒီအစိုးရ မယုံရဘူးဆိုပြီး ငွေချေးသူတွေက အတိုးနှုန်းတွေတင်လာတာ၊ အတိုးနှုန်း ၇ ရာခိုင်နှုန်း ကျော်သွားတယ်။ ချေးထားတာများ၊ နိုင်ငံက သေးတော့ အတိုးနှုန်း ၇ ရာခိုင်နှုန်းကျော်ရင် အတိုးပေးရတာ များတာမို့ အစိုးရကမခံနိုင်တော့ဘူး။ ဒါကြောင့် ဂျာမန်နဲ့
့ပြင်သစ်တို့က ဦးဆောင်ပြီး အီးယူးက ဝင်ကူ၊ ငွေဝင်ချေးရတာ။ ဂရိပြဿနာ မရှင်းနိုင်ရင် ယူရိုပါ ထိလာတော့မယ်

လေ။ အရင်းရှင်စံနစ်မှာ ယုံကြည်ရမှု
(Credibility) ဟာ သိပ်တန်ဖိုးကြီးပါတယ်။

မက်ခရို စီးပွားရေး (Macro Economy)

ဒီလို တိုင်းပြည်ရဲ့ စီးပွားရေးကို တတိုင်းပြည်လုံး အတိုင်းအတာနဲ့ကြည့်ပြီး ကိုင်တွယ်တာကို မက်ခရိုအဆင့် 

စီးပွားရေး
(Macro Economy) လို့ခေါ်ပါတယ်။ ဒီအဆင့်မှာ ဗဟိုဘဏ်က ငွေကြေးပေါ်လစီ (Monetary Policy) အတွက် တာဝန်ရှိပြီး အစိုးရကတော့ အစိုးရသုံးငွေ ဘတ်ဂျက်နဲ့ (Fiscal Policy) အတွက် တာဝန်ယူရပါတယ်။ ဒီပေါ်လစီနှစ်ခု ဟန်ချက်ညီမှ တိုင်းပြည်ငွေကြေး တည်ငြိမ်ပြီး စီးပွားရေးလည်း တည်ငြိမ်ရုံမက တိုးတက်မှုရှိမှ အရင်းရှိသူ၊ ရင်နှီးမယ့်သူတွေက စိတ်ဝင်စားကြတော့ မှာပေါ့။ ဒါမှ FDI (Foreign Direct Investment) လို့
ခေါ်တဲ့ နိုင်ငံခြားမှ ငွေရင်းမြှုပ်နှံမှုတွေ ပေါများလာပြီး စက်ရုံတွေဆောက်၊ အလုပ်သမားတွေအလုပ်ရ၊ ခေတ်မီ အတတ်ပညာတွေ ပြန့်ပွားလာ၊ စီးပွားရေး ခေါင်းထောင်လာနိုင်မှာပေါ့။


အများနဲ့မတူတဲ့ မြန်မာပြည်

နိုင်ငံအများအားဖြင့်မှာ ပြည်တွင်းလည်ပတ်တဲ့ ငွေသားဟာ ဗဟိုဘဏ်နဲ့ပဲ ဆိုင်ပါတယ်။ လွပ်လပ်တဲ့ နိုင်ငံတွေမှာ ဗဟိုဘဏ်တွေဟာ သီးခြား ရပ်တည်ခွင့် ရှိပါတယ်။ ဥပမာ အမေရိကန် ဗဟိုဘဏ်၊ ဂျပန်ဗဟိုဘဏ်၊ ထိုင်း ဗဟိုဘဏ်တွေဟာ လွတ်လွတ်လပ်လပ် ဆုံးဖြတ်လုပ်ဆောင်ခွင့် ရှိကြတယ်။ အာဏာရ အစိုးရက အမိန့်ပေးပိုင်ခွင့် 

မရှိ။ တရုတ်နိုင်ငံကတော့ အားလုံး ကွန်မြူနစ်ပါတီက အုပ်စီး ဦးဆောင်တာဆိုတော့ နောက်ဆုံးပါတီ ခေါင်းဆောင်

တွေပဲ ပါဝင်လာတာပါပဲ။ မြန်မာနိုင်ငံကတော့ ၁၉၆၂ ခုနှစ်ကစပြီး စစ်အစိုးရက အုပ်ချုပ်တာဆိုတော့ကာ စစ်ဗိုလ်ချုပ်တွေ စေခိုင်းရာ လုပ်ကြရတာပါပဲ။ ပြဿနာက မြန်မာစစ်ဗိုလ်တွေက စီးပွားရေး နားမလည်ကြ။


ချစ်တီးတွေဆီက ငွေလွှဲစံနစ် ဟွန်ဒီ ဟာလည်း မြန်မာနိုင်ငံမှာ ကျန်ရစ်ခဲ့တယ်။
Remission လို့ ခေါ်တဲ့ ပြည်ပမှာ အလုပ်လုပ်နေကြတဲ့ မြန်မာနိုင်ငံသားတွေ မြန်မာနိုင်ငံငွေပြန်ပို့ရင် တခြားနိုင်ငံတွေမှာလို ဘဏ်ကနေပဲ ငွေမလွှဲ
ကြဘဲ ဟွန်ဒီနဲ့ လွှဲကြတာများပါတယ်။ ဒါကြောင့် ငွေလည်ပတ်မှုမှာ တရားဝင် ဘဏ်စံနစ် အပြင်မှာရှိတဲ့ ဟွန်ဒီ စံနစ်ကိုလည်း မေ့ထားလို့ မရ။


မဆလ အမွေ

ဦးနေဝင်းရဲ့  မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ်မှာ စီးပွားရေးလမ်းစဉ် ပေါ်လစီအတွက် ဦးဘငြိမ်းရဲ့ စာတမ်းနဲ့ ဦးချမ်းအေး
(မောင်စူးစမ်း)ရဲ့ စာတမ်း နှစ်ခု ပြိုင်တင်ရာ ဗိုလ်ချုပ်နေဝင်းက ဦးဘငြိမ်း စာတမ်းကိုရွေးချယ်ခဲ့ ပါတယ်။ ဦးဘငြိမ်းဟာ ထိုစဉ်က တော်လှန်ရေးကောင်စီမှာ နံပတ်နှစ် အဆင့်ရှိတဲ့ ဗိုလ်မှူးချုပ်တင်ဖေရဲ့ ဆရာ၊ ဗိုလ်မှူးချုပ် တင်ဖေဟာ ကုန်သွယ်ရေး ဝန်ကြီးလည်း ဖြစ်တာကြောင့် မြန်မာနိုင်ငံရဲ့ စီးပွားရေးကို ဦးဘငြိမ်း လက်ထဲဝကွက် အပ်ခဲ့ကြတယ်လို့ ပြောနိုင်ပါတယ်။

ဦးဘငြိမ်းရဲ့ ချုပ်ကိုင်မှုအောက်မှာ စက်ရုံအလုပ်ရုံ စီးပွာရေး ထုတ်ကုန်မှုတွေ အားလုံးကို မာ့စ်ဆိုရှယ်လစ် အသိနဲ့ အားလုံးပြည်သူပိုင် သိမ်းလိုက်တာ၊ တိုင်းပြည်ရဲ့ ထုတ်ကုန်တွေကျ၊ ပစ္စည်းတွေ ရှားပါး၊ ပြည်သူတွေ ဒုက္ခရောက် လိုက်ကြတာ။ ဖဆပလ ဒီမိုကရေစီခေတ်က ကမ္ဘာ့ဆန်အထွက်ဆုံး နိုင်ငံစာရင်းဝင်၊ အရှေ့တောင်အာရှမှာ အလား အလာအရှိဆုံး နိုင်ငံကနေ ဦးနေဝင်း ဆိုရှယ်လစ်ခေတ် ဆုံးကာနီးမှာ မြန်မာနိုင်ငံဟာ ကမ္ဘာ့ အဆင်းရဲ ဆုံးနိုင်ငံ စာရင်းဝင်အဖြစ် နှစ်ပြန်ဂျွမ်းထိုးပြီး သက်ဆင်းခဲ့ရပါတယ်။


ပြည်တွင်း ထုတ်ကုန် မရှိပေမယ့် လူရှိရင်သုံးစွဲမှု ဆိုတာရှိမှာပဲ။ ဒါကြောင့် ဦးနေဝင်း၊ ဦးဘငြိမ်းတို့ ကျေးဇူးနဲ့ ထိုင်းနိုင်ငံမှာ မြန်မာနိုင်ငံအတွက် ပစ္စည်းတွေထုတ်ဖို့ စက်ရုံကြီးတွေပေါ်၊ ထိုင်း အီလစ်တွေ ချမ်းသာသည်ထက် ချမ်းသာဖို့ အကြောင်းတခု ဖြစ်လာပါတယ်။
Outsourcing လို့ခေါ်တဲ့ တခြားတနေရာကို ပြောင်းမှာတဲ့ စံနစ်ဟာ အမေရိကားမှာ နောက်မှ ခေတ်စားလာတာ ဦးနေဝင်းတို့က ၁၉၆ဝ၊၁၉၇ဝ ခုနှစ်တွေကတည်းက တတိုင်းပြည်လုံး အတိုင်းအတာနဲ့ ထိုင်းကို Outsource လုပ်ခဲ့ကြတာ။

ဒါကြောင့် မဆလ ခေတ်မှာ တရားဝင် စီးပွားရေးက ရုပ်ပြ၊ တကယ်ပြည်သူတွေ အသက်ဆက် နေနိုင်တာက

မှောင်ခို စီးပွားရေး ဈေးကွက်ကြောင့်လို့ ငြင်းချက် ထုတ်နိုင်ပါတယ်။


စီးပွားရေးကို မကိုင်တွယ်တတ်၊ တည်ငြိမ်အောင် မထိန်းနိုင်ရင် အဲဒီနိုင်ငံရဲ့ ငွေစက္ကူကို ဘယ်သူ ယုံကြည်မှု ရှိမလဲ။ ဒီတော့ မြန်မာကျပ်ရဲ့တန်ဖိုးဟာ ကျသထက်ကျ၊ ပစ္စည်းတန်ဖိုးတွေ တက်ပေါ့။ ဒီတော့ ဦးနေဝင်းရဲ့ ဝါဇီ စက်ရုံကနေ အစိုးရ မင်း အာဏါနဲ့ လိုသလောက် ရိုက်ထုတ်လိုက်တာ ဘိုးဘိုးအောင် တန်ခိုးနဲ့ ဝလုံးတွေ တိုးသထက် တိုးလာပါတော့တယ်။


တဘက်က လည်ပတ်ငွေ ကျပ်တွေက ဖေါင်းပွ၊ တဘက်ကလည်း မဆလစိတ်ဓါတ်နဲ့ မှောင်ခိုတွေ ချမ်းသာလာ

တာကို မနာလိုစိတ်နဲ့
Demonetization လို့ခေါ်တဲ့ ငွေစက္ကူတချို့ တရားမဝင်တော့ဆိုပြီး ကြေညာခဲ့တယ်။ အမှန်က လုပ်ကွက် မရှိတော့ အစိုးရ အာဏာနဲ့ မတရားဗိုလ်ကျပြီး ပိုလျံနေတဲ့ ငွေတွေကို ပြန်သိမ်းတာပဲ။ ငွေကြေးဖေါင်းပွမှု Inflation ကို အာဏာနဲ့ ကိုင်တာပဲ။ ဆင်းရဲရခြင်း ဇစ်မြစ်ကို ဝါဒဆွဲနဲ့ အရင်းက မကိုင်ဘဲ ရှည်လာတဲ့ အကိုင်းတွေကို လိုက်ဖြတ်တော့ ပြန်ထွက်၊ တခါပြန်ဖြတ်နဲ့ မြန်မာနိုင်ငံသားတွေ ခါးစည်းခံခဲ့ကြရတယ်။

တခါ ဦးဘငြိမ်းက နောက်ဆုံး လိုချင်တဲ့ နံပတ်တွေကိုရွေးပြီးမှ သူ့တပည့်တွေကို ကြားက နံပတ်တွေ ရအောင်

ဖြည့်ခိုင်းပြီး တိုင်းပြည်နဲ့ ကမ္ဘာကြီးကို တွင်တွင်ညာခဲ့ပါတယ်။ ဥပမာ ပြည်တွင်းထွက်ကုန်
(GDP) ဟာဒီနှစ်မှာ 
တနှစ် ရှစ်ရာခိုင်နှုန်း တိုးစေသတည်းလို့ ဦးဘငြိမ်းက ဆုံးဖြတ်ရင် တပည့်တွေက ရှာကြံပြီး ရှစ်ရာခိုင်နှုန်းရအောင် လိုက်ဖြည့်ကြပေါ့။ လက်တွေ့ မကျတဲ့ ငွေလဲလှယ်နှုန်းကို ဆိုရှယ်လစ် မာနနဲ့ အသေကိုင် ထားပြီး ဒီလဲလှယ်နှုန်းနဲ့

ဖေါ်ပြထားတဲ့ စာရင်းဇယားတွေဟာ ဘယ်မှာ အဓိပ္ပါယ်ရှိမှာလဲ။


စစ်တပ်ခေတ် အဆက်ဆက် ဒီငွေလဲလှယ်နှုန်းကို ဆက်ကိုင်ထားကြတယ်။ အဆိုးဆုံးက ဦးဘငြိမ်းရဲ့ စာရင်း 

လိမ်ပြတဲ့ ဇာတ်ကို ဆက်ကနေကြရတယ်။ ဈေးကွက် စီးပွားရေး စံနစ်မှာ ဝယ်သူက ရွေးပိုင်ခွင့် ရှိပါတယ်။ ဆိုရှယ်လစ်စံနစ်နဲ့ မတူတာက ဆိုရှယ်လစ် စီးပွားရေးစံနစ်မှာ အစိုးရကသာ အားလုံးကို ဆုံးဖြတ်တာ။


ဈေးကွက် စီးပွားရေးစံနစ်မှာ ဝယ်သူ ဝယ်ချင်လာအောင်၊ ငွေရင်းရှိသူတွေ မြန်မာနိုင်ငံမှာ ရင်းနှီး ချင်လာအောင် ဆိုင်ရှင်တွေဟာ သူတို့ပစ္စည်းတွေကို ခင်းကျင်းပြသရသလို အစိုးရသော်လည်းကောင်း၊ ကုမ္ပဏီသော် လည်းကောင်း သူတို့ရဲ့ စီးပွာရေး အခြေအနေကို ဗြောင်လူသိရှင်ကြား သိသာအောင် ခင်းကျင်းပြကြရပါတယ်။


တခါ နိုင်ငံခြားက ရင်းနှီးငွေလိုချင်ရင် သူတို့အမြတ်ရလို့ ငွေပြန်ထုတ်လိုလျှင် လွယ်လွယ်ကူကူ ထုတ်နိုင်အောင်

နိုင်ငံတော် အစိုးရက ဆောင်ရွက်ပေးနိုင်ရပါတယ်။ ဦးဘငြိမ်း အသေ ဆွဲကိုင်ထားတဲ့ ငွေလဲလှယ်နှုန်းနဲ့ စာရင်းဇယား အလိမ်တွေမျိုးနဲ့ဆို ဘယ်သူလာပြီးယုံပြီး မြန်မာနိုင်ငံမှာ ရင်းနှီးချင်တော့မှာလဲ။


ဒါကြောင့် စီးပွားရေးကို နည်းမှန်လမ်းမှန်ဖြစ်အောင် ကြံဆောင်တော့မယ်ဆိုရင် မြန်မာနိုင်ငံရဲ့ ကျပ်ငွေလဲလှယ်နှုန်း

ကို မကိုင်လို့မရပါ။ လက်တွေ့ကျတဲ့၊ သဘာဝကျတဲ့ ငွေလဲနှုန်းနဲ့ တွက်ထားတဲ့ အစိုးရ ဘတ်ဂျက်၊ ပြည်တွင်းထုတ်ကုန်
(GDP)၊ နိုင်ငံခြားတင်ပို့မှုထွက်ကုန်၊ သွင်းကုန်စာရင်းဇယားတွေဟာ မှန်ကန်မှုရှိပြီး၊ ယုံကြည်စဖွယ်ရှိကာ ထင်သာ 
မြင်သာရှိလာမှ အရင်းအနှီးရှိသူတွေက မြန်မာနိုင်ငံမှာ လာရင်းနှီးလိုကြတော့မှာပါ။ ဒါကြောင့် ဦးမြင့်ရဲ့ စာတမ်းမှာ မက်ကရိုစီးပွားရေး ပြင်ဆင်မှုလို့ ပါတာပါ။


လက်ရှိပြဿနာ

လက်ရှိ ကျပ် ငွေဈေးတက်ပြီး စီးပွားရေးပြဿနာပေါ်ရတာ လူလုပ်တဲ့ပြဿနာလို့ ပြောရပါတယ်။ အဓိက အကြောင်းက ပေါ်လစီချတဲ့ တာဝန်ရှိသူတွေ ချမှတ်တဲ့ပေါ်လစီတွေကြောင့်လို့ ငြင်းဆိုလို့ ရနိုင်ပါတယ်။ ကျနော်တို့ မြန်မာနိုင်ငံမှာ ဦးဘငြိမ်းလက်ထက် ကတည်းက စီးပွားရေး ပေါ်လစီတွေ ချမှတ်တဲ့ နေရာမှာ 

တိုင်းပြည် အထိနာမယ် ၊ မနာဘူး၊ နောက်ဆက်တွဲ ဖြစ်ပေါ်နိုင်တဲ့ ပြဿနာတွေကို  ထည့်သွင်း စဉ်းစားတာ ထက်၊ ပေါ်လစီ ချမှတ်သူတွေ ဖြစ်လိုတာကို ဖြစ်သလို ချမှတ်ကြတဲ့ အကျင့်ဟာ အရိုးထိဆွဲနေကြတယ်။ သုံးဆွဲနေတဲ့ ငွေစက္ကူတချို့ တရားမဝင်တော့ဘူးလို့ ကြေငြာရဲတာက သက်သေထူခဲ့ပြီပဲ။


နိုင်ငံတိုင်းဟာ မိမိတို့နိုင်ငံကို ယုံကြည်မှုရှိအောင် ကြိုးစားကြရတယ်။ ကမ္ဘာ့ဘဏ်တို့လို အိုင်အမ်အက်စ်
(IMF) 
တို့လို ကမ္ဘာ့အဖွဲ့အစည်းတွေဆီက ငွေချေးကြရင် ကြိုးစားပြီး ပြန်ပေးကြတယ်။ ဦးနေဝင်း အုပ်ချုပ်တဲ့ နှစ်ဦးကာလ 

တွေမှာ မာနနဲ့ ဒီကမ္ဘာ့ အဖွဲ့အစည်းတွေဆီက ငွေမချေးဘူး။ အဆုံးပိုင်းမှာ ငွေချေးတာ ဒေါ်လာ ၆ဘီလျံ ဖိုးလောက် အကြွေးတင်တယ်။ အကြွေးများလာရင် ဘယ်သူမဆို အတိုး ပေးရတဲ့ ဝန်ပိလာတယ်။ ဒီတော့ ဦးဘငြိမ်းက ခပ်မိုက်မိုက်ပဲ မပေးဘူးကွာဆိုပြီး ဆုံးဖြတ်ခဲ့တယ်။


ရလဒ်က ဒီနေ့အထိ မြန်မာနိုင်ငံကို ကမ္ဘာ့ငွေးကြေး အဖွဲ့အစည်းတွေက ငွေမချေးနိုင်တော့ဘူး။ စီးပွားရေး ပိတ်ဆို့မှု
(Sanction) ကြောင့် တချို့ဘဏ်တွေက ငွေမချေးရဲဘူး။ ချေးရဲတဲ့ တရုတ်ဘဏ်တွေကလည်း သာမန်ထက် အတိုး ပိုယူတယ်။ ဒီလိုအခြေအနေမှာ ကမ္ဘာ့ဘဏ်တို့ ဆီကသာ ငွေချေးနိုင်ရင် အတိုး သက်သာနိုင်ပါတယ်။ ဒါပေမယ့်
ရှေ့နောက်မစဉ်းစားဘဲ၊ ဦးနေဝင်းတို့ခေတ်က လူကြီးတွေက မိမိအလိုနဲ့ မိမိမာနကိုသာ ရှေ့ထားပြီး ဆုံးဖြတ်ခဲ့ကြ

တဲ့ အတွက် တိုင်းပြည် နာခဲ့ရတယ်။


ပြည်တွင်းဘဏ်အတိုးနှုန်း

ကျနော်တို့ မြန်မာနိုင်ငံသားတွေဟာ ငွေကြေးနှုန်းနဲ့ ပတ်သက် 

ငွေကြေးတည်ငြိမ်ဖို့ဟာ အစိုးရကလည်း ဝင်ငွေနဲ့ ထွက်ငွေ မျှမျှတတ သုံးတတ်ဖို့ လိုပါတယ်။ အစိုးရ အတွက် ဝင်ငွေဟာ
နှစ်နည်းပဲ ရှိပါတယ်။ အခွန်ကောက် ဒါမှ မဟုတ် ငွေချေး။ ငွေချေးတာများရင် ဒုက္ခ
တွေ့ပြီး စီးပွားရေး ထိလိုက်လာတတ်တယ်။ စီးပွားရေးကျရင် လူတွေရဲ့ ယုံကြည်မှုမရရင် အရင်းရှင် စံနစ်မှာ ငါးပါးမှောက်တာပဲ
လာရင် အနာဘက်ကချည်းပဲ။ ချစ်တီးတွေ လက်ထက် ကတည်းက အတိုးနှုန်းဟာ ခေါင်ခိုက်နေတယ်။ ခုထိ လက်သိပ်ထိုး ငွေချေးစားတဲ့ သူတွေဟာ တနှစ်မဟုတ်၊တလ အတိုးနှုန်း ၁ဝ ရာခိုင်နှုန်း ယူကြတယ်။ ရက်ရက်စက်စက်ပဲ။ အမေရိကန် ဂျပန်နိုင်ငံတို့မှာ စီးပွားရေး ကျလို့ဆိုပြီး ဗဟိုဘဏ်တွေက ချမှတ်ထားတဲ့ အတိုးနှုန်းတွေဟာ သုည နားကပ်နေကြပြီ။ အတိုးနှုန်းနဲတော့ ငွေချေးခ ပေါတာ 
ကြောင့် လုပ်ငန်းရှင်တွေ၊ စီးပွားရေးသမားတွေ ငွေမျာများ လွယ်လွယ်ကူကူ ချေးနိုင်ရင် လုပ်ငန်းတွေ များလာပြီး

အောင်မြင်လာရအောင်။ ဒါမှ လူတွေ အလုပ်ရနိုင်အောင်။ မြန်မာနိုင်ငံမှာတော့ ဘဏ်အတိုးနှုန်းက ၁ဝ ရာခိုင်နှုန်း

တဲ့။ မများလွန်းဘူးးလား။


ဒီတော့ ပြည်ပကငွေတွေ ပြည်တွင်းဝင်လာပြီး အတိုးထိုင်စားရုံပဲပေါ့။ နောက် ကြောက်စရာ ကောင်းတာက ဘဏ်တွေက ဒီလောက်ကြီးမားတဲ့ အတိုး မပေးနိုင်ပေမယ့် နောက်ဝင်လာတဲ့ ငွေနဲ့ ရှေ့ကလူတွေကို ဣနြေ္ဒရရ မပျက်ပေးလို့ ရတယ်။ ပြဿနာပေါ်တာနဲ့ အားလုံးငါးပါးမှောက်နိုင်တယ်။ ဒါကို ပွန်ဇီ အကောက်ကြံမှု
(Ponzi Scheme)လို့ ခေါ်တယ်။ အင်မတန် ကြောက်စရာကောင်းတယ်။ ဘဏ်တခုစ ပြိုရင် တောက်လျေက် လိုက်ပြိုရင် စီးပွားရေး ကမောက်ကမ ဖြစ်နိုင်တယ်။

စီးပွားရေး ပေါ်လစီ

နောက်စီးပွားရေးနဲ့ ပတ်သက်တဲ့ ပေါ်လစီချတဲ့ အာဏါရှိ လူစုဟာ မိမိတို့ချလိုက်တဲ့ ပေါ်လစီရဲ့ နောက်ဆက်တွဲကို နက်နက်မတွေးကြတာ အတိတ်မှာ သာဓက တွေအများကြီးရှိခဲ့တယ်။ နိုင်ငံအများဟာ ကမ္ဘာ့ရေနံဈေး တက်တာ

တောင် ပြည်တွင်းဓါတ်ဆီဈေး မတက်အောင် ကြိုးစားကြရတယ်။ အကြောင်းက ဓါတ်ဆီဈေး တက်တာနဲ့ သယ်ယူ ပို့ဆောင်ခ တက်ပြီး ကုန်ဈေးနှုန်းတက်တာပဲ။ ချက်ချင်း ပြည်သူတွေ ခံစားရတာပဲ။


ထိုင်းနိုင်ငံမှာ နိုင်ငံရေး မငြိမ်သက်မှုကြောင့် ဓါတ်ဆီဈေး မတက်ရအောင် အစိုးရက ဝင်ထိန်းရတယ်။ အခုလည်း

အစိုးရ အသစ်က ဓါတ်ဆီ အခွန်ကောက်ခံတာကို လျော့ပြစ်လိုက်တယ်။ နိုင်ငံအစိုးရ အများစုဟာ ဓါတ်ဆီဈေး ၁ဝ ရာခိုင်နှုန်း ၂ဝ ရာခိုင်နှုန်း တက်မှာကို ပူနေကြရတယ်။ ကျနော်တို့ရဲ့ မြန်မာနိုင်ငံမှာတော့ ဓါတ်ဆီဈေး တိုးမယ်ဆိုရင်

ဖြစ်ချင်တာပဲသိတယ်၊ ဝုန်းဆို ၁၀၀ ရာခိုင်နှုန်း
(တဆ) တိုးပစ်လိုက်ဖို့ လက်မတွန့်ဘူး။ စီးပွားရေးကို နားမလည်ရုံ တင်ပဲလား၊ ပြည်သူတွေခံစားရမယ် ဆိုတာကို ဂရုမစိုက်တာပဲလားဆိုတာ မစဉ်းစားတတ်အောင်ပဲ။

နအဖ အစိုးရ ပြီးဆုံးကာနီးမှာ ဦးနေဝင်း လက်ထက်က ပြည်သူပိုင် သိမ်းထားတဲ့ မြေနဲ့ အဆောက်အဦးတွေကို

လေလံတင် ရောင်းချ ခဲ့တယ်။ လေလံ အောင်မြင်သူတွေဟာ အခုအစိုးရအသစ် ကာလမှာ ငွေပေးချေရတယ်။ အဆောက်အဦးတွေ ဖြစ်တာကြောင့် တန်ဖိုးကြီးတယ်။ 


ဒေါ်လာကိုင်ထားတဲ့ ငွေရှင်တွေ ငွေဖေါ်တော့ ဒေါ်လာတွေ ဈေးကွက်ထဲ ပြုံဝင်ရုံမက လည်ပတ်နေတဲ့ ကျပ်တွေ လည်ပတ်မှုက ထွက်သွားတော့ ကျပ်တွေ ရှားကုန်တာပေါ့။ အစိုးရက ဒီ ကျပ်တွေ သိမ်းထားပြီး နိုင်ငံခြားက ပစ္စည်း 

ပြန်ဝယ်တော့ ဒေါ်လာနဲ့ ပြန်ဝယ်ရမှာ။ တခါလိုမှ ပြန်လဲတော့ နှစ်ခါလဲ နေရတယ်။ ဒါကြောင့် ဒေါ်လာနဲ့ ချေခွင့်ပြုပြီး အရံငွေ
(Reserve) အဖြစ် ကိုင်ထားရင် ငွေလဲမှုကြောင့် မနာတဲ့အပြင် မြန်မာကျပ်ငွေ ရှားပါးမှု ပြဿနာကို ဖြေရှင်းဖို့ အထောက်အကူ မပြုနိုင်ဘူး။

တခါ အစိုးရက ငွေရနိုင်တာကိုသာ ကြည့်ပြီး ကျောက်မျက်ရတနာနဲ့ တခြား လေလံတင်ပွဲတွေ အကြိမ်ကြိမ် ကျင်းပခဲ့တယ်။ ဒီလိုလေလံတင်ပွဲတွေ ကျင်းပသူတွေက ဝင်ငွေကိုသာ ကြည့်နေကြတာ ဝင်ငွေက ဒေါ်လာဆိုတော့ ကျပ်နဲ့ လဲရပြန်ရော။ ဒီအပြင် နိုင်ငံခြားကလာတဲ့ အင်ဂျီအိုနဲ့ ကျန်တဲ့ အဖွဲ့အစည်းတွေသုံးဖို့ အက်ဖ်အီးစီ
(FEC) 
ဆိုတာ အတွက်လည်း ကျပ်ငွေ လဲပေးရပြန်တယ်။ တရုတ်တွေက
(FEC) ကို အချိန်တိုလေး သုံးပြီး ပြဿနာကို
မြင်လို့ထင်ပါရဲ့ ချက်ချင်း ရုပ်သိမ်း သွားတယ်။ မြန်မာနိုင်ငံမှာ
(FEC) ဖေါ်ထုတ်လာတာ (၁ဝ) နှစ်ကျော်ပြီ။

ပြဿနာက ငွေရှာတဲ့ ဌာနတွေက မိမိတို့ ကဏ္ဍအတွက် မိုက်ကရို အဆင့်
(Micro Level)နဲ့သာ ကြည့်ကြပြီး မက်ကရိုအဆင့်မှာ (Macro Level) ပါ ဘယ်လို သက်ရောက် ထိခိုက်နိုင်တယ် ဆိုတာကို စဉ်းစားမိကြပုံ မပေါ်ဘူး။ အစိုးရအများစုဟာ ဘယ်လက်ကလုပ်တာကို ညာလက်ကမသိကြဖူး။

လွပ်လပ်တဲ့ ဗဟိုဘဏ် တည်ရှိတဲ့ တိုင်းပြည်တွေမှာ လည်ပတ်ငွေ၊ စုငွေ၊ စတဲ့
MB, M1, M2, M3 ဆိုတာတွေကို
ဗြောင်ကြေငြာလေ့ ရှိပါတယ်။ အမေရိကန်ဒေါ်လာ၊ ယူရို၊ ဂျပန် ယန် တို့လို ကမ္ဘာသုံး ငွေမာတွေက လွဲလို့ နိုင်ငံ

အများအားဖြင့်ဟာ မိမိတို့ တိုင်းပြည်အတွင်း လည်ပတ်တဲ့ ငွေသားဟာ အတိုင်းအတာတခု အထိပဲ ရှိပါတယ်။ အကြောင်းကြောင်းကြောင့် နိုင်ငံခြားငွေ ဝင်လာနှုန်းဟာ များလာရင် မိမိရဲ့လည်ပတ်မှုကို ထိခိုက်လာတယ်။


တနည်းအားဖြင့် ပြည်တွင်းငွေကြေး လိုအားကောင်းလာရင် မိမိရဲ့ ငွေရှားပါးမှုကြောင့် မိမိတို့ရဲ့ ငွေဈေးတက်လာ ပါတယ်။ ဒီအချိန်မှာ ဗဟိုဘဏ်က ဝင်ပြီး ပိုနေတဲ့  အရံ ရန်ပုံငွေ
(Reserve) နဲ့ နိုင်ငံခြားငွေ၊ ဥပမာ ဒေါ်လာကို ဝင်ဝယ်ရပါမယ်။ ဒါမှ ကျပ်ငွေ ပြန်တည်ငြိမ်လာပါမယ်။ ဥပမာ ယနေ့ဈေး ၆ဝဝ၊ ၇ဝဝ နဲ့ဝယ်သိမ်းခဲ့လို့ ဝယ်အား၊ 
ရောင်းအား မျှတလာလို့ ၈ဝဝ၊ ၉ဝဝ ပြန်ဖြစ်ခဲ့ရင် အစိုးရက အမြတ်တောင် ရနိုင်ပါသေးတယ်။ ဒါမှမဟုတ် တန်ဖိုးကြီးသော အတိုးးအခများကို ဒေါ်လာနဲ့ ပေးချေ ခွင့်ပြလျှင်လည်း ကျပ် လိုအပ်မှု လျော့သွားရင် ကျပ်ဈေး 

ပြန်တက်လာစရာ အကြောင်းရှိပါသည်။  နောက်တနည်းမှာ
(FEC) ကို ရပ်ဆိုင်းခဲ့ပါ လျှင်လည်း သက်သာစရာ ရနိုင်ပါသည်။

မိတ်ပြန်ရှာရတာ ခက်တယ်နော်

မြန်မာပြည်တွင်း လုပ်ငန်းရှင်တွေဟာ အရှုံးခံ ရပ်တည်နေကြရတယ်လို့ သိရပါတယ်။ ဘယ်လုပ်ငန်းမဆို ကြာကြာ အရှုံးမခံနိုင်ပါ။ စီးပွားရေးမှာ ဖေါက်သည် ပြန်တည်ဆောက်ရတာ အခက်ဆုံးပါ။ မြန်မာနိုင်ငံရဲ့ အားသာချက်က

ဈေးအသာရမှုပဲ။ ဒီအားသာချက် ပျောက်သွားရင် ပြည်တွင်း လုပ်ငန်းရှင်တွေ ပြန်ခေါင်းထောင်နိုင်ဖို့ အခက်ရှိနိုင် ပါတယ်။ မြန်မာနိုင်ငံရဲ့ ထွက်ကုန်တွေဟာ အရည်အချင်း
(Quality) မှာ အားနည်းနေသေးတယ်။ ဥပမာ မြန်မာနိုင်ငံ
က ဆန်ဟာ လက်ရှိအခြေအနေမှာ ထိုင်းနိုင်ငံက ဆန် ကို မမီဘူး။


အရှင် ထားမလား၊ ဒေါ်လာနဲ့ ချိတ်ဆက် (pegged) ထားမလား

မြန်မာနိုင်ငံရဲ့ ကျပ်ငွေစက္ကူကို စီးပွားရေးအရ ဘာအဓိပ္ပပါယ်မှမရှိတဲ့ နှုန်းကနေ တကယ်မှန်တမ်း တန်ဖိုးကိုရွှေ့

ပြီးတာနဲ့ ကျပ်ကိုအရှင်ထားမလား၊ ဒေါ်လာနဲ့ချိတ်ဆက် ထားမလား ဆိုတာကို အစိုးရအနေနဲ့ ဆုံးဖြတ်ရပါလိမ့်

မယ်။ စီးပွားရေးစကားအရ ချိတ်ဆက်ထားမှု လုပ်တယ်ဆိုတာက ဒေါ်လာဟာ
Global Currency ကမ္ဘာ့ငွေကြေး
ငွေစက္ကူဖြစ်တာကြောင့် ဒေါ်လာကျရင် မိမိငွေစက္ကူ လိုက်ကျမယ်၊ ဒေါ်လာဈေးတက်ရင် မိမိငွေစက္ကူ တန်ဖိုးလည်း လိုက်တက်နိုင်အောင် မိမိငွေသားကို ဒေါ်လာနဲ့ ချိတ်ထားခြင်းဖြစ်ပါတယ်။


ဒေါ်လာအတက်အကျကြောင့် မိမိငွေသားမထိခိုက်အောင် ကာကွယ်တဲ့နည်းပါပဲ။ ဥပမာ တရုတ်ပြည်ရဲ့ စီးပွားရေး

ဟာ မိမိရဲ့ ထုတ်ကုန်အပေါ်မှီတဲ့ စီးပွားရေး  ဖြစ်တာကြောင့် တရုတ်တွေဟာ သူတို့ရဲ့ စီးပွားရေးထူထောင်တဲ့ 

အနှစ် ၃ဝ ကာလမှာ ငွေစက္ကူ ယွမ်
Yuan ကို ဒေါ်လာနဲ့ ချိတ်ဆက်လုပ်ထားပြီး တခြားနည်းတွေသုံးပြီး ယွမ် တန်ဖိုး
ကို ထိန်းထားပါတယ်။


ဒေါ်လာနဲ့ ချိတ် ထားတဲ့အတွက် ငွေကြေးပေါ်လစီ
Monetary policy ကစားခွင့် ပျောက်သွားပါတယ်။ တချို့က တလွဲမာနထားကာ ဒါမိမိတို့ရဲ့ အုပ်ချုပ်ခွင့်အာဏာ Sovereign rights ပျက်သုဉ်းတယ်ဆိုပြီး မလိုလားကြဘူး။ တရုတ်ကွန်မြူနစ်တွေက လက်တွေ့ကျတယ်။ အလွတ်ဈေးကွက် Forex Open market မှာသာ ယွမ်ကို လွတ်လွတ် လပ်လပ် အရှင် လုပ်စေခဲ့ရင် ဒေါ်လာနဲ့ယှဉ်တဲ့ ယွမ်အတက်အကျဟာ ထွက်ကုန်တင်ပို့မှု Export ကို ထိခိုက် 
စေနိုင်ပါတယ်။ ဒေါ်လာနဲ့ ချိတ်ထားခြင်းဖြင့် ယွမ် တန်ဖိုးဟာ တည်ငြိမ်တဲ့အတွက် ထွက်ကုန်တင်ပို့မှု ဈေးကွက် လှုပ်လှုပ်ရှားရှား မဖြစ်စေတော့ပါ။


တရုတ်အစိုးရဟာ ယွမ် အရောင်းအဝယ် ပြုခြင်းကို တင်းတင်းကျပ်ကျပ် ထိန်းသိမ်းထားပြီး တခြား နည်းလမ်းများ သုံးကာ ယွမ်ဈေးမတက်ရေးကို ထိန်းနိုင်ခဲ့ပါတယ်။ အမေရိကန် နိုင်ငံရေးသမားတွေနဲ့ တချို့သော စီးပွးရေး ပညာရှင်တွေက တရုတ်အစိုးရဟာ မတရားနည်းနဲ့ ယွမ်ရှိသင့်တဲ့ တန်ဖိုးထက် ၁၅၊ ၂ဝ ရာခိုင်နှုန်းလောက် နှိမ့်ထား တယ်လို့ စွပ်စွဲကြပါတယ်။


တိုင်းပြည်ရဲ့ စီးပွားရေးတိုးတက်လာသည်နှင့်အမျှ ထိုတိုင်းပြည်ရဲ့ ငွေစက္ကူဟာလည်း တန်ဖိုးတက် လာတာ 

ဓမ္မတာပါ။ အနှစ် ၃ဝ မျှ တောင့်ခံခဲ့ပြီးမှာ တရုတ်အစိုးရက ဒေါ်လာအစား ကမ္ဘာ့အသုံးများတဲ့ ငွေကြေးများ
(ဒေါ်လာ၊ပေါင်၊ ဂျပန် ယန်၊ ယူရို) တို့နဲ့ တရုတ် ယွမ်ကို ပြောင်းလဲ ချိတ်ခဲ့ပြန်ပါတယ်။ စီးပွားရေးစကားအရ 
Pegged to a Basket လို့ ခေါ်ပါတယ်။ ဒေါ်လာတခုတည်း မဟုတ်တော့ဘဲ ကမ္ဘာ့ငွေမာတွေကို ရောသမ 

မွှေချိတ်ဆက်ခြင်းပေါ့။  ကမ္ဘာ့အရံငွေရဲ့ ၆ဝ ရာခိုင်နှုန်းကျော်ကျော်ဟာ ဒေါ်လာဖြစ်တာမို့ နားလှည့်ပါးရိုက် လူလည်ကျတာပါပဲ။


ဘီလူးဂုမ္ဘာန်တွေရဲ့ရန်

အကယ်၍ ယွမ် ကိုပဲဖြစ်ဖြစ်၊ ကျပ် ကိုဖြစ်ဖြစ် နိုင်ငံခြားငွေလဲလှယ်ရေးဈေးကွက်
Forex မှာ အရှင်ထားပြီး၊ အတက်အကျကို ဈေးကွက်ကသာ ဆုံးဖြစ်စေသော်လို့ဆိုရင် စီးပွားရေးစကားအရ ဒါကို Float လုပ်တယ်
ခေါ်ပါတယ်။ ဒီလို အရှင်ထားကစားစေလျှင် တဘက်က အန္တရာယ်ရှိပါတယ်။


အရင်းရှင် စီးပွားရေးလောက မှာ
Speculators ငွေကြေးကစားသူလို့ခေါ်တဲ့ ခေတ်သစ် ချစ်တီးတွေ ရှိပါတယ်။ သာမန်အားဖြင့် အရင်းရှင်စံနစ်ဆိုတာ ငွေကိုအရင်းတည်ပြီး ငွေဖေါ်ယူတာပဲ။ သို့သော် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်တယ် ဆိုတာ၊ သေသေချာချာလေ့လာ သုံးသပ်ပြီး အချိန်အတိုင်းအတာ တခုအတွင်းမှာ အရင်းအပြင် အမြတ်ပါရအောင်
ပြုလုပ်ခြင်းပဲ။ အရမ်း မလုပ်ဘူး။
Risk မယူ၊ အရမ်းမစွန့်စားဘူး။

ငွေကြေးကစားတာကတော့ ရင်းနှီးမြှုပ်နှံမှုကနေ သွေဖယ်ပြီး ဖြစ်နိုင်ခြေကို မူတည်ပြီး အရောင်းအဝယ် လုပ်တာ။ အန္တရာယ်ကြီးတယ်။
Risk ယူပြီး ကစားတာပဲ။ ဥပမာ ရွှေဈေးတက်မယ် ထင်ပြီး ရွှေတွေ ဝယ်ထားမယ်။ ရေနံဈေး တက်မယ် ဆိုပြီး ရေနံ ဝယ်ကစားမယ်ပေါ့။ ဈေးတက်မှပြန်ရောင်း၊ မြက်မြက်လေး အမြတ်ရအောင်ပေါ့။ အမှန်
ကတော့ တရားဝင် လောင်းကစားးတာပဲ။


ပြဿနာက ဒီ လောင်းကစား လုပ်တဲ့ ငွေကြေး ကစားသူတွေဟာ ဖြစ်နိုင်ခြေကိုသာ ကံစမ်းကြတာ မဟုတ်ဘဲ

ဈေးကွက်ကိုလှုပ်ပြီး ဈေးကွက်ပျက်အောင် ဝင်ရမ်းပြီးမှ ရိုက်စားတတ်တာပဲ။ ဥပမာ ၁၉၉၇ ခုနှစ်မှာ အာရှငွေကြေး 

ပြဿနာ ပေါ်ပေါက်ပြီး အာဆီယံနိုင်ငံတွေနဲ့အတူ ကိုးရီးယားနိုင်ငံတို့ စီးပွားရေး ဒုက္ခ ပင်လယ်ဝေခဲ့ကြရတယ်။


ပြဿနာက ထိုင်းနိုင်ငံက စတာပဲ။ ထိုင်းဘတ်ငွေကို ဒေါ်လာနဲ့ ချိတ်ထားရာက ငွေကြေးဖေါင်းပွမှုကို တိုက်ဖို့ အမေရိကန် ဗဟိုဘဏ်က အတိုးနှုန်းမြှင့်တော့ ဒေါ်လာဈေးတက်လာပြီး ဘတ်ဈေးလည်း လိုက်တက်လာတာပေါ့။ ထိုင်းနိုင်ငံက နိုင်ငံခြားငွေ များများရအောင် ဆိုပြီး ဘဏ်အတိုးနှုန်း
(ကာလတို) များများပေးပြီး မြူဆွယ်ခဲ့တယ်။
ချေးထားတာကလည်း နိုင်တာထက်ပိုနေတယ်။ အမေရိကန် ဘဏ်တိုးတွေမြှင့်တော့ ငွေရှင်တွေက ထိုင်းကငွေတွေ

ပြန်ထုတ်ကြတယ်။


ဒီမှာဘတ်ငွေ ကမှောက်ကမဖြစ်တော့ လူတွေကကြောက်ပြီး ငွေတွေပြန်ထုတ်ကြတော့ ထိုင်းဗဟိုဘဏ်က 

ဝင်စွက် ဝင်ကူ ပေမယ့် နောက်ဆုံးမနိုင်တော့ ဒေါ်လာနဲ့ ချိတ်ထားတာကို ရပ်လိုက်ပြီး၊ အရှင်
Float လုပ်ရတော့ ပိုမတည်မငြိမ် ဖြစ်လာပါတယ်။ မလေးရှား၊ အင်ဒိုနီးရှား၊ ကိုရီးယားတို့ကိုပါ ကူးကုန်ကြတယ်။ IMF က ဒေါ်လာ 
ဘီလျံ ၄ဝ ချေးပြီး ဝင်ကူခဲ့ရတယ်။


ဘာကြောင့်
Asian Financial Crisis အာရှငွေကြေးပြဿနာ ပေါ်ရသလဲဆိုတာ စီးပွးရေး ပညာရှင်တွေက အမျိုးမျိုး 
ကောက်ချက်ချ ကြပေမဲ့ အာဆီယံ  ခေါင်းဆောင်တချို့က ငွေကြေး ကစားသမားတွေ ဝင်ကစား ဝင်မွှေကြတာ

ကြောင့်လို့ စွပ်စွဲကြတယ်။
(မှတ်ချက်။ အစွပ်စွဲခံရတဲ့သူတဦးဖြစ်တဲ့ ငွေကြေးကစားသူ ဂျော့ဆိုရော့စ်က သက်ဆိုင်ရာနိုင်ငံတွေရဲ့ ဘဏ္ဍာရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေနဲ့ အုပ်ချုပ်မှုဆိုင်ရာ ညံ့ဖျင်းမှုတွေကြောင့် 
ဖြစ်တာပါလို့ ပြန်လည်ချေပတယ်။
)

ဥပမာ ငွေကြေးကစားသူတွေက တဖြည်းဖြည်းခြင်း မြန်မာနိုင်ငံမှာ ဝင်ရင်းနှီးကြမယ် ဆိုပါစို့။ ဒါဆိုရင် မြန်မာနိုင်ငံက

ဒေါ်လာတွေရမယ်။ မြန်မာကျပ်ကို လဲပေးပြီး ဒီငွေတွေဟာ ပြည်တွင်းငွေလည်ပတ်မှုထဲ ဝင်သွားမယ်ပေါ့။ ဒီတော့

မြန်မာနိုင်ငံခြားငွေ လဲလှယ်ရေးဘဏ်က ဒီဒေါ်လာတွေကို ဘဏ်တွေ လုပ်နည်းအတိုင်း တခြားမှာရင်းနှီးမယ်ပေါ့။ သာမန်ဆိုရင် ပုံမှန် လည်ပတ်သွားစရာရှိတယ်။ ဒါပေမဲ့ ငွေကြေးကစားသမားတွေက အကြံနဲ့ဝင်လာပြီး ဝုန်းဆို တပြိုင်တည်း ဒေါ်လာတွေပြန်လဲပေးဆိုရင် ပြဿနာ ပေါ်ပြီပေါ့။ ရုတ်ချည်းအပြောင်းအလဲနဲ့ ဝရုန်းသုန်းကားဖြစ်ရင် ကျန်တဲ့လူတွေကလည်း ကြောက်ပြီး ဒေါ်လာပြန်ထုတ်ကြ၊ ဒီတော့ ကျပ်ဈေးကျ။ ကျပ်ဈေးကျမှ အောက်ဈေးနဲ့ 

shot လုပ်ပြီး အမြတ်ယူကြတယ်။


ဒါကြောင့် အကွက်ဆင်ဈေးကစားတယ်လို့ စွပ်စွဲကြပြီး၊ ဒီလို ဝင်မကစားနိုင်အောင်
Capital control ရင်းနှီးမြှုပ်နှံငွေ ထိန်းချုပ်မှုလုပ်ရတယ်။ တကြိမ် ငွေအရင်းအနှီးပြုရင် ငွေဘယ်လောက်ပဲ ဝင်နိုင်တယ်၊ ထွက်နိုင်တယ်။ ဘာမလုပ်
နိုင်ဘူးဆိုတဲ့ ထိန်းကွပ်မှုတွေကို အစိုးရတွေက ပြုလုပ်လာရပါတယ်။


၁၉၉၇ တုန်းက ခေတ်မရှိခဲ့တဲ့ ကြိုပွိုင့်ရန်ပုံငွေ
Hedge Funds ဆိုတာတွေဟာ အခု အမေရိကားမှာ မှိုလိုပေါက်
နေပါတယ်။ ဥပမာ ရေနံဈေးဆက်တိုက်တက်မယ်လို့ ယုံကြည်ရင် လေယာဉ်ကုမ္ပဏီတွေဟာ ဓါတ်ဆီဈေး မတက်ခင် ကြိုပွိုင့်ဈေးနဲ့ဝယ်ပြီး ဈေးကိုလက်ရှိဈေးနဲ့ချီပြီး နောက် ၆ လစာ၊  တနှစ်စာ ဝယ်ယူစာချုပ်၊ ချုပ်ထားရပါတယ်။ ဒါကို
Hedge လုပ်တယ်လို့ ခေါ်ပါတယ်။ ထင်တဲအတိုင်း ရေနံဈေး မတက်ခဲ့ရင်ရှုံးပြီပေါ့။ ဒီလိုအန္တရာယ်ရှိတဲ့ ဝယ်ယူမှုမျိုးကို အများနဲ့ဆိုင်တဲ့ ပင်စင်ရန်ပုံငွေ Pension Fund မန်နေဂျာတွေဟာ လုပ်ပိုင်ခွင့်မရှိပါ။ အစိုးရက စည်းမျဉ်းစည်းကမ်း 
တွေနဲ့ ထိန်းထားပါတယ်။ စွန့်ရဲရင် မြက်မြက်ကလေးမြတ်နိုင်သလို ဝက်ဝက်ကွဲအောင်လည်း ရှုံးနိုင်တယ် မဟုတ်ပါလား။


ပိုက်ဆံ ရှိသူတွေအဖို့က ရှုံးလည်း အရှုံးခံနိုင်ကြသူများ ဖြစ်တာမို့ ပိုက်ဆံရှိသူတွေအတွက် အမြတ်များများရအောင် ကြိုပွိုင့်ရန်ပုံငွေ
Hedge Funds တွေပေါ်လာပါတယ်။ ငွေရှင်တွေရဲ့ ငွေတွေဖြစ်တာကြောင့် အစိုးရက ဝင်မစွက်ပါ။ ဒါကြောင့် ကြိုပွိုင့်ရန်ပုံငွေ မန်နေဂျာတွေဟာ စွန့်ရဲတယ်။ ရမ်းရဲတယ်။ ဥပမာ ရာသီဥတု ဖေါက်ပြန်လို့ ကမ္ဘာမှာ ဂျုံ သော်၎င်း၊ စပါးသော်၎င်း အထွက်နည်းမယ်၊ ဈေးတက်မယ်ထင်ရင် ငွေပုံပြီးဝယ်လိုက်ကြတော့ ပိုရှားကုန်ရော။ ဒီတော့မှ ဒီလောဘသားတွေက ဈေးကြီးကြီးနဲ့ရောင်း အမြတ်များများရတာပါ။ ကမ္ဘာမှာ ရေနံဈေးမတရားတက်တာ သူတို့လက်ချက်လည်း ပါတယ်။ ဆန်ဈေး၊ ဂျုံဈေးတက်တာကြောင့် ဆင်းရဲသားတွေ ဒုက္ခပိုကြုံ ရတာလည်း ဒင်းတို့အပြစ် မကင်းဘူး။

Currency imbalance လို့ခေါ်တဲ့ ငွေကြေးမညီမျှမှုကို ကောင်းကောင်း နားလည်တဲ့သူတွေက  ငွေကြေးကစားကွက်

ကို ဝင်ကစားနိုင်တယ်။ ယ္ခုအခါမှာ ကြိုပွိုင့်ရန်ပုံငွေ
Hedge Funds ကများလာတာကြောင့် ဒီအထဲက ငွေကစားသူ များလာနိုင်တာကြောင့် အန္တရာယ်ကြီးလာတယ်လို့ ပြောနိုင်ပါတယ်။ ဒါကြောင့် မိမိငွေ ကျပ်ကို အရှင်ထားတော့မယ် ဆိုရင် capital market လို့ခေါ်တဲ့ ငွေပင်ငွေရင်းဈေးကွက်နဲ့ Forex လို့ခေါ်တဲ့ ငွေလဲလှယ်ဈေးကွက်ကို ကောင်း
ကောင်းနားလည်တဲ့ ပညာရှင်တွေ လိုပါတယ်။ ဒါမှ ငွေပင်ငွေရင်း ချုပ်ကိုင်မှု
Capital control ရင်းနှီးမှု ချုပ်ကိုင်ခြင်း ကို ကောင်းကောင်း နိုင်ပါမယ်။ 

ဒါကြောင့် မြန်မာကျပ် လဲလှယ်နှုန်းကို မကိုင်မဖြစ် ကိုင်ရမှာဖြစ်ပေမယ့် အချိန်ယူပြီး လေးလေးနက်နက် စဉ်းစားစေချင်တယ်။ စလုပ်တဲ့ အစီအစဉ်
Plan တွေမှာ အနဲဆုံး ၅နှစ် - ၁ဝနှစ် စီမံကိန်းနဲ့ လူငယ်တွေကို ပညာတော်သင်လွှတ်၊ IMF ၊  Wolrld Bank တို့မှာ လက်တွေ့လုပ်ပါစေ။ Capital market ငွေကြေး ဈေးကွက် ကို ကောင်းကောင်းနိုင်တာ အမေရိကန်ပြည်က Wall Street နဲ့ London Financial market ပါပဲ။

မြန်မာလူငယ်တွေ အတွေ့အကြုံရအောင် လူတော်တွေမွေးပြီး ဒီဈေးကွက်တွေမှာ အလုပ်လုပ်ကြရင်း အတွေအကြုံ ယူကြပါစေ။ လွန်ခဲ့တဲ့ အနှစ် ၂ဝ က တရုတ်ဗဟိုဘဏ်ကို ပဲ့ကိုင်သူ တွေနဲ့ ယခုပဲ့ကိုင်သူတွေ မတူကြတော့ပါ။ ယနေ တရုတ်ပညာရှင်တွေဟာ ကမ္ဘာ့အဆင့်အတန်းမီတဲ့ လူတော်ပညာရှင်တွေ။ အနောက်နိုင်ငံတွေရဲ့ လုပ်ထုံးလုပ်နည်းတွေကို နောကြေတဲ့သူတွေ။


တိန်လျောက်ပိန်ရဲ့ စကားတခွန်းကို သွားသတိရမိတယ်။ “
When our thousands of Chinese students abroad return home, you will see how China will transform itself " တဲ့။ နိုင်ငံခြားမှာ ရောက်နေတဲ့ ထောင်ချီတဲ့ တရုတ်ကျောင်းသားတွေ ပြန်ရောက်လာရင် တရုတ်ပြည်ကြီး ဘယ်လို ပြောင်းလဲသွားမယ်ဆိုတာ မြင်ရပါလိမ့်မယ်တဲ့။ ပညာရှိတဲ့ ခေါင်းဆောင်ဆိုတာ ရေရှည်ကိုကြည့်တတ် တာကိုး။

အမေရိကန် ဗဟိုဘဏ်ရဲ့ ဥက္ကဋ္ဌက ၂ဝ၁၃ ခုနှစ်အထိ အတိုးနှုန်းမမြင့်ပါဘူးလို့ ထုတ်ပြောပြီးပြီ။ ဒါ့အပြင် 

အမေရိကန်မှာ အလုပ်လက်မဲ့ တွေဟာ ကိုးရာခိုင်နှုန်း ကျော်နေတာကို ခုထိလျော့မချနိုင်သေးဘူး။ အမေရိကန် အစိုးရရဲ့ စီးပွားရေးကိုင်တွယ်ပုံ မမှန်ကန်တဲ့အတွက် အမေရိကန်ကုမ္ပဏြီကီးတွေဟာ ရင်းနှီးငွေ ဒေါ်လာ ၁၆
,ဝဝဝ ဘီလျံ (.၆ထရီလီယံ) ကို နိုင်ငံက ဆွဲထုတ်သွားကြတယ်။ ဘဏ်တွေနဲ့ ကုမ္ပဏီကြီးတွေက နောက်ထက် ၁ ထရီလီယံ ကျော်ကျော်ကို မသုံးဘဲ ငွေ သားအဖြစ် ကိုင်ထားကြတယ်။ အစိုးရက ယုံကြည်အောင် မစွမ်းဆောင်နိုင် လို့ဘဲ။

ဒါကြောင့် စီးပွာရေးတိုးတက်ဖို့ ငွေကြေးလည်ပတ်မှုမရှိတော့ အမေရိကန် စီးပွာရေးဟာ မကြီးထွားဘဲ၊ လမ်း

အလယ်မှာ တန့်နေတယ်။ ပြဿနာက ဗဟိုဘဏ်က အတိုးနှုန်း ထပ်လျော့ဖို့ကလည်း အဆုံးနား ကပ်နေပြီ။ 

ဒါကြောင့် အမေရိကန် ဗဟိုဘဏ်က ဦးနေဝင်းရဲ့
(ဝါဇီ) အတိုင်း ဒေါ်လာတွေ ရိုက်ထုတ်ရတယ်။ တခုပဲ 
ကွာတာက အမေရိကန် ဗဟိုဘဏ် က
Electronic Printing လို့ခေါ်တဲ့ ကွန်ပြူတာကတဆင့် ဖြန့်ဝေပေးတာ။ 
ဒါကို လှလှပပ နာမည်ပေးထားတယ်။
Quantitative Easing (QE)တဲ့။ ဒုတိယ အကြိမ် ရိုက်ထုတ်ပြီးပြီမို့ ( QEII ) လို့ခေါ်ပါတယ်။ ထူးမခြားနားမို့ နောက်ထပ် (QE III) လာဦးမယ်လို့ ပညာရှင်တွေက ထင်ကြေးပေးနေကြပါပြီ။

အရပ်သားစကားနဲ့ ပြောရရင် နောက် ၃ ၊ ၄ နှစ် ဒေါ်လာဈေး မတက်နိုင်ဘူးလို့ ထင်မိတယ်။ ဒါကြောင့် ငွေကြေး ကစားသမားတွေ ရန်ကရှောင်ရအောင် ကျပ်ကို အရှင်မထားဘဲ ဒေါ်လာနဲ့ ချိတ်ထားတာက လောလောဆယ် အန္တရာယ်နည်းမလားလို့ ထင်မိတယ်။ ကြားထဲမှာ လူငယ်၊ လူတော် ပညာရှင်လေးတွေကို မွေးစေချင်တယ်။ ရမည်းသင်း ပတ်လည်ဘော်လုံးပွဲမှာ နိုင်တာနဲ့ ကမ္ဘာ့ဘော်လုံးပွဲမှာ ဘယ်သွားပြိုင်နိုင်ဦးမှာလဲ။ မြောက်ကိုရီးယား

တွေလို ခွက်ခွက်လန် ရှုံးရချည်သေးရဲ့။

နိုင်ငံရေးခေါင်းဆောင်တွေ စီးပွားရေး နားလည်ဖို့ လိုပါတယ်

နောက်ဆုံးတော့ စီးပွားရေးပေါ်လစီ ကိုလည်း နိုင်ငံရေး ခေါင်းဆောင်တွေကပဲ ဆုံးဖြတ်ရသလို ၊ တာဝန်ရှိတာ

လည်း နိုင်ငံရေး ခေါင်းဆောင်တွေပါပဲ။ အမေရိကန် သမ္မတ အိုဘားမား ရာထူးယူတော့ စီးပွားရေး ကမောက် ကမ ဖြစ်ချိန်ကြီး။ အိုဘားမားဟာ ပြည်နယ်အုပ်ချုပ်ရေးမှူးတောင် မလုပ်ခဲ့ဘူးပါ။ ဒါကြောင့် ဘဏ်တွေပြုတ်ရင် ဒို့စီးပွားရေးတော့ ရေစုံမျောရချည်ရဲ့ဆိုတဲ့ ခြိမ်းချောက်မှုကို ကြောက်ပြီး ဘဏ်တွေကို ပံ့ပိုးခဲ့တာ။ 


ဘဏ်တွေရဲ့ရမ်းကားမှုကြောင့် ဖြစ်ပေါ်ရတဲ့ စီးပွားရေးဒုက္ခကို ကယ်တင်ဖို့ ဘဏ်တွေကိုဝင်ကူ ငွေပုံအောခဲ့တယ်။  ဘဏ်တွေက ငွေရွှင်ပြီး ငွေပုံအပေါ်ထိုင်ပြီး ငွေချေးရမှာကို ငွေမချေးတော့၊ အမေရိကန်ကုမ္ပဏီတွေက ငွေမလည်၊ မတိုးတက်ဘဲ အလုပ်မပေးနိုင်တာကြောင့် အလုပ်လက်မဲ့နှုန်းဟာ ၉ ရာခိုင်နှုန်းက မကျနိုင်ဘူး။ တဘက်ကလည်း ဘုရ်အစိုးရ ဘဏ်တွေကို ထိန်းချုပ်မှု နည်းလို့ ဖြစ်ရတာဆိုပြီး ဝိုင်းအပြစ်တင်ကြတော့ အပြစ်ကင်းအောင် ထိန်းချုပ်မှုတွေကို တိုးချဲ့လိုက်တာ အမေရိကန် ကုမ္ပဏီတွေအတွက် လုပ်ငန်းစရိတ်တွေ တက်ကုန်ပြန်ရော။ ၂ဝ၁၂ ရွေးကောက်ပွဲက နောက်နှစ်ဆို ရောက်လာပြီ။ စီးပွားရေးဦးထောင်အောင် မလုပ်နိုင်ရင် အလုပ်လက်မဲ့နှုန်း မကျရင်၊  ပြန်လည်အရွေးခံရဖို့ မလွယ်လှပါ။


တရုတ်တွေကတော့ သူတို့ခေါင်းဆောင်တွေကို ပိုးမွေး 

မြန်မာနိုင်ငံမှာ ဦးဘငြိမ်းလက်ထက် ကတည်း က စီးပွားရေး ပေါ်လစီတွေ ချမှတ်တဲ့ နေရာမှာ တိုင်းပြည် အထိ နာမယ် မနာဘူး၊ နောက် ဆက်တွဲ ဖြစ်ပေါ်နိုင်တဲ့ ပြဿနာတွေကို 
ထည့်သွင်း စဉ်းစားတာထက်၊ ပေါ်လစီ ချမှတ် သူတွေ ဖြစ်လိုတာကို ဖြစ်သလို ချမှတ်ကြတဲ့ အကျင့်ဟာ အရိုးထိဆွဲနေကြတယ်။ သုံးဆွဲနေတဲ့ ငွေစက္ကူတချို့ တရားမဝင်တော့ ဘူးလို့ ကြေငြာရဲတာက သက်သေထူခဲ့ပြီပဲ
သလို မွေးတာကြောင့် စီးပွားရေးကို ကောင်းကောင်း ကျွမ်းကျင်ကြတယ်။ အမေရိကန်နည်းတူ Stimulus လို့ခေါ်တဲ့ ငွေပိုကို စီးပွားရေး ဈေးကွက်ထဲ ထည့်တာပဲ။ 
ဒါပေမယ့် တရုတ်ကြီးက ဆောက်လုပ်ရေး ပရောဂျက်တွေ၊

ပြည်နယ်အစိုးရတွေ အထဲ ထည့်ပြီး လူတွေ အလုပ်ရအောင်

လုပ်၊ သက်သာအောင် ဆောင်ရွက်ပေးတော့ တခါတည်း စီးပွားရေး ခေါင်းထောင်လာပြန်တယ်။


အရင်တပတ်ကပဲ ငွေကြေးဖေါင်းပွမှု ဖြစ်မှာစိုးလို့ ဘဏ်တွေ အရံရန်ပုံငွေ တိုးဖယ်ထားရမယ်ဆိုပြီး အမိန့်ထုတ်တာ ယွန်ဘီလျံ ၉ဝဝ ဖိုး လည်ပတ်ငွေက လျော့သွား တယ်လို့

ဝေါလ်စထိ ဂျာနယ်
(Wall St Journal) က သတင်းမှာဖေါ်ပြထားပါတယ်။ ဒါ မက်ကရို (Macro) အဆင့်က 
လှလှပပ ကိုင်တာပဲ။ ခေါင်းဆောင်တွေစီးပွားရေး နားလည်တာပါ။


မနှစ်က အရှေ့ဒါးဖို့စ်
(Davos East) လို့ခေါ်တဲ့ စီးပွားရေး ခေါင်းဆောင် လူတော် (Elite) တွေဆုံတဲ့ အခမ်းအနား
မှာ သတင်းသမားတွေနဲ့ အမေးအဖြေလုပ်ခဲ့ရာ တရုတ်ဝန်ကြီးချုပ် ဖြေကြား သွားတာတွေဟာ သိပ္ပံပညာရှင် စတီပင်ဟောကင်း
(Stephen Hawking) ရဲ့ ပို့ချမှုကို နားထောင်ရသလို တန်ဖိုး ရှိမှရှိပဲ။

လီကွမ်ယူဟာ စီးပွးရေး ကျွမ်းကျင်သလို မလေးရှားက မဟာသီဟာလည်း အင်မတန် တော်တဲ့ ခေါင်းဆောင် တယောက်ပါပဲ။ ၁၉၉၇ ခုနှစ် အာရှငွေကြေး ပြဿနာပေါ်တော့ မလေးရှားဝန်ကြီးချုပ် မဟာသီဟာ ကမ္ဘာ့ငွေကြေး 

ဈေးကွက်ကို ကောင်းကောင်း နားလည်တဲ့ ပညာရှိ လူတော်
Tan Sri Nor Mohamed Yakcop ကို ကမ္ဘာငွေ လဲလှယ်ဈေးကွက် Forex အကြောင်း အာဂျင်တီးနားမှာ အစည်းအဝေး တက်တုန်း ခေါ်ရှင်းပြခိုင်းတယ်။ ပြီးတော့ မင်းငါ့ကို အခုရှင်းပြတာ သွားပြီးရေးချေ ဆိုပြီး ခိုင်းလိုက်တယ်။ အဲဒီကစပြီး မလေးရှား ဝန်ကြီးချုပ် မဟာသီယာဟာ
ငွေကစားသူတွေကို ငွေပင်ငွေရင်း ထိန်းချုပ်မှု
Capital Control နဲ့ ရအောင်ကိုင်သွားတယ်။ ဒီပညာရှင်ဟာလည်း 
ပထမ အကြံပေးကနေ ဝန်ကြီး ဖြစ်လာတယ်။


တိုက်တိုက်ဆိုင်ဆိုင် ဒီပညာရှင်၊ မလေးဝန်ကြီးချုပ်ကို ရေးးပြခဲ့တဲ့ စာစု ၄၅ခု ကို စာအုပ်အဖြစ် ပြန်ဖေါ်ပြထားတဲ့
Notes to the Prime Minister: The Untold Story of How Malaysia Beat the Currency Speculators ဆိုတဲ့စာအုပ် လောလောလတ်လတ် လွန်ခဲ့တဲ့အပတ်ကမှ ပူပူနွေးနွေး ထွက်လာပါတယ်။

ငွေကြေးဈေးကွက် ကိုစိတ်ဝင်စားသူများ၊ လေ့လာသူများ၊ ပေါ်လစီဆုံးးဖြတ်ရမယ့် လူကြီးမင်းများနဲ့ အကြံပေး ပုဂ္ဂိုလ်အားလုံး ဖတ်သင့်တဲ့ စာအုပ်လို့ သတင်းကောင်းပါးလိုက်ပါရစေ။


အိုင်အမ်အက်
(IMF) ကိုဘာကြောင့် အကူအညီ တောင်းရတာလဲဆိုပြီး မေးခွန်း ထုတ်ချင်သူတွေ ရှိကောင်း ရှိနိုင်ပါတယ်။ အာရှငွေငွေကြေး ပြဿနာ၊ မက်စီကို စီးပွားရေးပြဿနာ၊ ယနေ့ဂရိ၊ ကမ္ဘာမှာ ငွေကြေးပြဿနာ
ပေါ်တိုင်း
IMF ကဝင်ကူရတာ ချည်းပါပဲ။ ဒါသူ့ရဲ့ တာဝန်ကိုး။ ဒါကြောင့် (IMF)ဟာ အတွေ့အကြုံရှိတယ်။
ငွေအင်အားတောင့်တယ်။ စာရေးသူ အမြင်အရ ငွေပင်ငွေရင်း ထိန်းချုပ်မှု
Capital Control အတွက်လည်း အကြံဉာဏ် တောင်းသင့်တယ်။

တချို့ ငွေရှင်ကြေးရှင်တွေ၊ ကုမ္ပဏီကြီးတွေရဲ့ ဝင်ငွေဟာ မြန်မာနိုင်ငံလို ဆင်းရဲသား နိုင်ငံတွေရဲ့ ထွက်ကုန် ဝင်ငွေထက် ပိုကြတယ်။ ဒါကြောင့် အကယ်၍များ ဒင်းတို့ ငွေကြေးကစား တိုက်ခိုက်လာရင် မြန်မာနိုင်ငံမှာ 

ခုခံနိုင်တဲ့ ဓနအင်အား မရှိဘူး။
IMF ရဲ့ အကူအညီ လိုလာလိမ့်မယ်။ တချိန်ထဲမှာ IMF က အကူအညီပေးဖို့ဆို ဒီမိုကရေစီ ရှိရဲ့လား၊ လွပ်လပ်ခွင့်ရှိရဲ့လား၊ ပွင့်လင်းမှုရှိရဲ့လားဆိုတဲ့ အချက်တွေကို သုံးသပ်လာလေ့ရှိတယ်။ ပိုမိုပွင့်လင်းတဲ့ ဒီမိုကရေစီကို ဦးတည်ဖို့ အခွင့်ကောင်းပါပဲ။

နိုင်ငံတခု စီးပွားရေးအောင်မြင်ဖို့ ဆိုတာ စီးပွားရေးအခြေခံ တွေရှိရပါမယ်။ ထို့အပြင် အခြေခံအဆာက်အအုံတွေ တည်ဆောက်ရပါမယ်။ ဦးနေဝင်းဟာ အင်စတီကျူးရှင်းလို့ခေါ်တဲ့ လူ့ဝန်းကျင်ရဲ့ အဆောက်အအုံဟူသမျှကို စစ်တပ်ကလွဲ၍ ကျန်တာတွေကို ဖျက်စီးခဲ့သလို၊ ဆိုရှယ်လစ်စီးပွားရေး တည်ဆောက်မှုကာလက အားလုံးကို

ပြည်သူပိုင် သိမ်းခဲ့တာကြောင့် မြန်မာနိုင်ငံမှာ စီးပွားရေး အခြေခံ အုတ်မြစ်ဟူသမျှ ပျက်စီးခဲ့ရပါတယ်။ 


နိုင်ငံတိုင်းအတွက် အရေးအကြီးဆုံးက လူသားအရင်းအမြစ်လို့ ခေါ်တဲ့ စီးပွားရေးကို တည်ဆောက်မယ့် လူ တွေပဲ။ မြန်မာနိုင်ငံဟာ အကြောင်းကြောင်းကြောင့် ပညာတတ်တွေ၊ တိုင်းပြည်ကို အကျိုးပြုလိုသူတွေဟာ တိုင်းပြည်ကို စွန့်ခွာခဲ့ရတယ်။ ကမ္ဘာအနှံ့ပြန့်နေတဲ့ ဒီလူတွေဟာ ရပ်တည်နိုင်ဖို့ ကြိုးစားကြရင်း မျက်စိတွေပွင့်၊ ကမ္ဘာ့အမြင် အတွေ့အကြုံတွေ ရှိလာကြတယ်။ လူတိုင်းအတွက် မိမိမွေးဖွားရာ မိခင်တိုင်းပြည်ဆိုတာ တခုတည်းရှိတာပါ။ မိခင်တိုင်းပြည် တိုးတက်ဖို့ အစိုးရတဦးတည်းက မဆောင်ရွက်နိုင်ပါ။ လူတိုင်း ပါဝင်ပံ့ပိုးကြမှ အောင်မြင်ကြတာပါ။


စီးပွားရေးမှာ မုချဧကန် အမြတ်ရနိုင်မှာ စွန့်စားမည် ဆိုလျှင် ဘာမှလုပ် နိုင်စရာမရှိပါ။ မသေချာ၊ မရေရာတဲ့

ကြားက စွန့်စားရဲမှ “အမြတ်” ဆိုတာကို ခံစားနိုင်မှာပါ။ ငွေသား အကျိုးထက် ပြည်သူတွေရဲ့ အပြုံးကို မြင်ရခြင်း ကိုလည်း “အမြတ်” လို့ မသတ်မှတ်နိုင်ဘူးလား။ စဉ်းစားစရာပါ။

(အပိုင်း ၂  ကို ဆက်လက်ဖော်ပြပါမည်။)


မိုးမခ

No comments:

Post a Comment