သတင်းတွေ ဖတ်ဖို့ ခေါင်းစဉ် သို့ မဟုတ် Read More ကိုသာ လိုက်ရှာပြီး နှိပ်ပါလေ

Friday, July 22, 2011

July 22


22 ရက်နေ့ အတွက် မြန်မာ သတင်းများ
သန်းထိုက်ဦး Friday, 22 July 2011 14:19
ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ် မြိုင်ကြီးငူ အထူးဒေသရှိ ထီးလာနဲရွာတွင် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) တပ်ဖွဲ့ဝင်များ အချင်းချင်း ယနေ့ နံနက်က တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။
နယ်ခြားစောင့်တပ်မှ ခွဲထွက်သွားသည့် DKBA တပ်ရင်း ၄ ရင်းကို ဦးဆောင်နေသူ တပ်ရင်းမှူး ဒု ဗိုလ်မှူးကြီး စောဘိ (ဗိုလ်ဘိ) ၏ တပ်ဖွဲ့ဝင်များအား DKBA ခေါင်းဆောင်ဟောင်း တဦးဖြစ်သည့် ဗိုလ်မှူးကြီး စောချစ်သူ (ဗိုလ်ချစ်သူ) တပ်ဖွဲ့ဝင်များက သွားရောက်တိုက်ခိုက်ခဲ့ကြောင်း ကရင်အမျိုးသား အစည်းအရုံး (KNU) ဘားအံခရိုင် ဥက္ကဋ္ဌ ဖဒို စောအောင်မော်အေးက ဧရာဝတီသို့ ပြောသည်။
အစိုးရကို သစ္စာခံထားသော နယ်ခြားစောင့်တပ် အမှတ် (၁၀၁၉) တပ်ရင်းမှူး စောလိုက်သိန့် ဦးဆောင်သော တပ်ဖွဲ့ဝင်များ အပါအ၀င် ဗိုလ်ဖားနွီးတပ်ဖွဲ့ဝင်များနှင့် ဗိုလ်ချစ်သူတပ်တို့ ပူးပေါင်း၍ သွားရောက် တိုက်ခိုက်ခဲ့ကြောင်း ၎င်းက ဆိုသည်။
တိုက်ပွဲတွင် နှစ်ဖက် စစ်သည်အင်အား ၄၀၀ ခန့် ရှိကြောင်း၊ သေဆုံး ထိခိုက် ဒဏ်ရာ ရသူများ၏ အခြေအနေများကို စုံစမ်းဆဲဖြစ်ကြောင်း စောအောင်မော်အေးက ဆက်ပြောသည်။

KNU
တပ်မဟာ () မှ ဗိုလ်မှူးချုပ် စောဂျော်နီက ယင်း တိုက်ပွဲအခြေအနေများနှင့် ပတ်သက်၍ ဆက်လက်ဖြစ်ပွား လာနိုင်ကြောင်း ပြောဆိုသည်။ 
ပြီးခဲ့သည့် မေလတွင် ခွဲထွက်သွားသော ဗိုလ်ဘိ ဦးဆောင်သည့် ကရင် နယ်ခြားစောင့် တပ်ရင်း ၄ ရင်းကို ပြည်လည်စည်းရုံးရန် ဗိုလ်ချစ်သူက ဇူလိုင်လဆန်းပိုင်းတွင် ကြိုးပမ်းပြီးနောက် နှစ်ဖက် စစ်ရေးတင်းမာ၍ မြိုင်ကြီးငူဒေသ အပြင်ဘက်တွင် နေရာယူထားခဲ့ကြ ခြင်းဖြစ်သည်။
လှိုင်းဘွဲ့မြို့နယ် ပိုင်ကျုံမြို့နယ်ခွဲတွင် ဇူလိုင်လ ၂၀ ရက်နေ့ကလည်း KNU တပ်ဖွဲ့ဝင်များနှင့် နယ်ခြားစောင့်တပ်ဖွဲ့ဝင်များ ရင်ဆိုင် တိုက်ပွဲ ဖြစ်ပွားခဲ့သေးကြောင်း သိရသည်။ ယင်း တိုက်ပွဲတွင် နယ်ခြားစောင့်တပ်ဖွဲ့ဝင်တဦး ကျဆုံးခဲ့ပြီး ၆၀ မမ လက်နက် အမျိုးအစား တလက်နှင့် လက်နက်ခဲယမ်းများကို သိမ်းဆည်းရမိကြောင်း စောအောင်မော်အေးက ပြောသည်။
ဇွန်လကုန်တွင် ဗိုလ်ဘိ၏ အဖွဲ့က မြိုင်ကြီးငူဒေသရှိ တခွက်ဖိုးရွာအနီး အခြေစိုက်သည့် နယ်ခြားစောင့်တပ် အမှတ် (၁၀၁၁) ကို တိုက်ခိုက်ခဲ့ရာ တပ်ရင်းမှူး ဒု ဗိုလ်မှူးကြီး စိုးနိုင် ကျဆုံးခဲ့သည်။
ကရင်ပြည်နယ်တွင် ဖြစ်ပွားသော တိုက်ပွဲ၊ မငြိမ်မသက်မှုများနှင့် ပတ်သက်ပြီး အစိုးရက သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။
ယမန်နှစ် သြဂုတ်လတွင် နယ်ခြားစောင့်တပ် တပ်ဖွင့်ပွဲ အခမ်းအနားများကို လှိုင်းဘွဲ့မြို့နယ် မြိုင်ကြီးငူ ဒေသ၊ ပိုင်ကျုံမြို့နယ် ထန်းတပင်ကျေးရွာ၊ မြ၀တီမြို့နယ် မဲပလဲ့ဒေသ၊ ကော့ကရိတ်မြို့နယ် ထီးဟူးသံ ကျေးရွာနှင့် ကွင်းကလေးဒေသတို့တွင် စစ်အစိုးရက ဦးဆောင်၍ ကျင်းပခဲ့သည်။
DKBA
သည် ၁၉၉၅ ခုနှစ်တွင် KNU မှ ခွဲထွက်ပြီးနောက် စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲကာ တဖြည်းဖြည်း အင်အားကြီးမားလာသည့် လက်နက်ကိုင် တပ်ဖွဲ့ တဖွဲ့ဖြစ်သည်။
ဧရာဝတီ Friday, 22 July 2011 17:53

မြန်မာနိုင်ငံတွင် အတိုက်အခံများနှင့် တွေ့ဆုံဆွေးနွေးခြင်းနှင့် နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးခြင်းမရှိလျှင် နိုင်ငံတကာ အသိုင်းအ၀ိုင်း၏ ယုံကြည်မှု ဆုံးရှုံးနေမည်ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်က ယနေ့ ပြောကြားလိုက်သည်။

ကျမတို့ အလေးအနက်ထားတာက အကျဉ်းထောင်တွေထဲမှာ ဆိုးဆိုးရွားရွား ခံစားနေရတဲ့ နိုင်ငံရေး အကျဉ်းသား ၂၀၀၀ ကျော်ကို ခြွင်းချက်မရှိ အစိုးရက လွှတ်ပေးဖို့ပဲ” ဟု ဟီလာရီ ကလင်တန်က အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းတွင် ကျင်းပသော အာဆီယံ-အမေရိကန် ဝန်ကြီးများအဆင့် ဆွေးနွေးပွဲတွင် ပြောကြားသည်။

မြန်မာနိုင်ငံအနေဖြင့် လူနည်းစု တိုင်းရင်းသားများ၊ နိုင်ငံရေးအတိုက်အခံများနှင့် အဓိပ္ပာယ်ရှိပြီး အားလုံးပါဝင်သည့် တွေ့ဆုံဆွေးနွေးရေးကို အကောင်အထည် ဖော်သင့်ကြောင်းလည်း ဟီလာရီ ကလင်တန်က ပြောသည်။

ဟီလာရီ ကလင်တန်က စစ်လက်နက် ထိမ်းချုပ်ရေးနှင့် ပတ်သက်ပြီး စိုးရိမ်မှု မြင့်မားလာကြောင်းလည်း မိန့်ခွန်းတွင် ထည့်သွင်းပြောကြားသည်။

ယမန်နှစ်က ဒုံးကျည်ထိပ်ဖူးများ၊ စစ်လက်နက်ခဲယမ်းများ တင်ဆောင်လာသည်ဟု ယူဆရသည့် မြောက်ကိုးရီးယား သင်္ဘော မြန်မာနိုင်ငံသို့ ဦးတည် ခုတ်မောင်းလာသည်ကို တားဆီးခဲ့သည်ဟု အမေရိကန် အရာရှိများက ပြောသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ မြန်မာနိုင်ငံက အနုမြူလက်နက် ပိုင်ဆိုင်လိုသည့် ရည်ရွယ်ချက်ရှိသည်ဟု စိုးရိမ်ဖွယ်များ တိုးလာစေခဲ့သည်။

နျူကလီးယား မပြန့်ပွားရေးနှင့်ပတ်သက်ပြီး စိုးရိမ်မကင်းဖြစ်ခြင်းခံနေရသည့် မြန်မာအစိုးရအနေဖြင့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်များကို လေးစားလိုက်နာရန် ဟီလာရီ ကလင်တန်က သတိပေးသည်။

နိုင်ငံတကာ အသိုင်းအ၀ိုင်းရဲ့ ယုံကြည်မှုနဲ့ မြန်မာနိုင်ငံသားတွေရဲ့ ယုံကြည်မှု ပြန်ရဖို့ကို သူတို့လှမ်းမလား၊ တလျှောက်လုံး သွားနေတဲ့ လမ်းဟောင်းပဲ ဆက်လျှောက်မလား၊ ရွေးချယ်စရာက ရှင်းပါတယ်” ဟု ဟီလာရီ ကလင်တန်က ပြောသည်။

ယမန်နှစ်က ရွေးကောက်ပွဲကျင်းပခဲ့ပြီး စစ်အုပ်ချုပ်ရေးမှ အရပ်သားအစိုးရသို့ အာဏာလွှဲပြောင်းခြင်း၊ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်မှ ပြန်လွှတ်ပေးခဲ့ခြင်းများ ရှိသော်လည်း ဟန်ပြပြောင်းလဲခြင်းသာ ဖြစ်ပြီး စစ်တပ်မှ အာဏာကို တဖက်လှည့်နှင့် ထိမ်းချုပ်ထားဆဲဟု အများက ယုံကြည်နေကြသည်။

ယခုဆွေးနွေးနေဆဲဖြစ်သည့် မြန်မာကို ၂၀၁၄ ခုနှစ်အတွက် အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ ရာထူးပေးရေး မဖြစ်သင့်ကြောင်းကိုလည်း ဟီလာရီ ကလင်တန်က အရိပ်အမြွက် ထည့်သွင်းပြောဆိုခဲ့သည်။

အာဆီယံအဖွဲ့ဝင်တွေဟာ ဒေသတွင်းမှာ ဦးဆောင်နိုင်တဲ့ နိုင်ငံ၊ အဖွဲ့အစည်းတွေရဲ့ ယုံကြည်မူရှိတဲ့၊ လုပ်နိုင်ကိုင်နိုင်စွမ်းရှိတဲ့ ဥက္ကဋ္ဌ နိုင်ငံကို ရွေးချယ်နိုင်မယ်လို့ ကျမတို့ ယုံကြည်တယ်” ဟု ၎င်းက ပြောသည်။

အမေရိကန် သမ္မတ အိုဘားမား အစိုးရသည် မြန်မာနိုင်ငံတွင် အခြေအနေ တိုးတက်လာစေရန် ထိတွေ့ဆက်ဆံမှုများ လုပ်ဆောင်ခဲ့သော်လည်း သိသာမြင်သာသည့် တိုးတက်ပြောင်းလဲခြင်း မရှိပေ။

ဘာလီကျွန်း ဆွေးနွေးပွဲ မတိုင်မီ ဇူလိုင်လ ၂၀ ရက်နေ့တွင် မြန်မာနိုင်ငံအတွင်း ကလေးစစ်သားကိစ္စ၊ အဓမ္မ အလုပ်ခိုင်းစေမှု၊ မတရား ဖမ်းဆီးနှိပ်စက် ထောင်ချခြင်းများ၊ စစ်တပ်က လက်နက်တခုသဖွယ် အမျိုးသမီးများအား မုဒိန်းပြုကျင့်သည့်ကိစ္စများ အပါအ၀င် ပြည်သူများ၏ အခွင့်အရေးများကို ကျူးလွန် ချိုးဖောက်နေခြင်းများအတွက် အမေရိကန် အောက်လွှတ်တော်က မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှု သက်တမ်းကို နောက်ထပ် တနှစ်တိုးခဲ့သည်။
ခင်ဦးသာ Friday, 22 July 2011 17:21
မွန်ပြည်နယ်အတွင်း ရေးမြို့နယ်အနီးရှိ ကျွဲသုံးညီမ ကျွန်းပေါ်မှ ရာဘာခြံ ဧက ၃၀၀၀ ကျော်အား အစိုးရ၏ ဒေသခံစစ်တပ်က လျော်ကြေး တစုံတရာမပေးဘဲ အဓ္ဓမသိမ်းယူ လိုက်ကြောင်း သိရသည်။

ကျွဲသုံးညီမ (အရှေ့၊ အနောက်)၊ မင်းသား စသည့် ကျေးရွာများရှိ ဒေသခံများ၏ ရာဘာခြံများအား နယ်မြေခံ ရေတပ်၏ တပ်ရင်း ၄၃ က သိမ်းပိုက်လိုက်၍ ဒေသခံများအတွက် အလုပ်အကိုင်ရှားပါး သွားခြင်းကြောင့် အိမ်ထောင်စု ၂၀ ကျော်သည် ထိုင်းနိုင်ငံဘက် အခြမ်းသို့ မကြာခင်က ပြောင်းရွှေ့ခဲ့ရကြောင်း ထိုင်းနိုင်ငံ အခြေစိုက်၊ မွန်ပြည် လူ့အခွင့်အရေး ဖောင်ဒေးရှင်း အဖွဲ့ တာဝန်ခံ ကိုနိုင်ဦးမွန်က ဧရာဝတီကို ပြောသည်။

ကျွဲသုံးညီမ ကျွန်းပေါ်က ဧက ၃၀၀၀ ကျော်ကို ပြီးခဲ့တဲ့လတွေကပဲ အပြီး သိမ်းယူလိုက်ပါတယ်။ အလုပ်တွေ မရှိတော့တဲ့ အတွက် စိတ်ဓာတ်ကျပြီး နေရပ်စွန့်ခွာသူတွေ များလာတယ်” ဟု ၎င်းက ဆိုသည်။

မွန်ပြည်နယ်ရှိ လူဦးရေ ၇၀ ရာခိုင်နှုန်းသည် ရာဘာစိုက်ပျိုးခြင်းဖြင့် အသက်မွေးဝမ်းကြောင်း ကြကြောင်း၊ ယခုအခါ ရာဘာ ခြံများအား အစိုးရ စစ်တပ်က ဆက်တိုက်သိမ်းယူ နေကြောင်း၊ ထိုဒေသများသည် လမ်းပန်းဆက်သွယ်ရေး ခက်ခဲပြီး တခြား ဒေသမှ ဧည့်သည်များ ၀င်ထွက်သွားလာမှုကို စစ်တပ်က ထိန်းချုပ်ထား၍ ဒေသခံများ၏ လူ့အခွင့်အရေး ချိုးဖောက်ခံနေရမှု ကိစ္စများအား သိရှိသူ နည်းပါးကြောင်းလည်း ၎င်းက ရှင်းပြသည်။

မော်လမြိုင်မြို့နယ် အပါအ၀င် သံဖြူဇရပ်၊ မုဒုံ၊ ကျိုက်မရော၊ ရေး စသည့်မြို့နယ်များရှိ ရာဘာခြံများကို ၂၀၁၀ ပြည့်နှစ်မှ စတင်သိမ်းယူနေပြီး ယနေ့အထိ ဧကတသောင်းကျော် ရှိပြီဟု ဒေသခံများက ဆိုသည်။

မုဒုံမြို့နယ်မှ ရာဘာခြံ ပိုင်ရှင်တဦးကလည်း “ကျနော်တို့ ရာဘာခင်းပေါ်မှာ တပ်မြေ မကျူးကျော်ရလို့ ရေးထားတဲ့ တိုင်တွေ လာစိုက်တယ်။ အဲဒီလို စိုက်လိုက်တော့ ကိုယ်ပိုင်တဲ့ ရာဘာခင်းမှာ ရာဘာစေး သွားခြစ်ရင် ခြိမ်းခြောက်ခံရတယ်” ဟု  ဆိုသည်။
ဧရာဝတီ Friday, 22 July 2011 16:45
ဆိုင်းငံ့ ပြစ်ဒဏ်နှင့် နေအိမ်အကျယ်ချုပ် ကျနေသော စစ်ထောက်လှမ်းရေး အကြီးအကဲ ဗိုလ်ချုပ်ကြီးဟောင်း၊ ဝန်ကြီးချုပ်ဟောင်း ဦးခင်ညွန့်က စားဝတ်နေရေး အခက်အခဲကြောင့် ဇနီးနှင့် သမီးအား စီးပွားလုပ်ကိုင်နိုင်ရေး လွတ်လပ်စွာ သွားလာခွင့်ပြုရန် မေတ္တာရပ်ခံခဲ့ကြောင်း နေပြည်တော်နှင့် နီးစပ်သည့် အသိုင်းအ၀န်းမှ သိရသည်။

နိုင်ငံတော် အကြီးအကဲများအနေဖြင့် ၎င်းအား တချိန်က လုပ်ဖော်ကိုင်ဖက်၊ ရဲဘော်ရဲဘက် တယောက်အနေဖြင့် သဘောထားကာ လက်ရှိစားဝတ်နေရေး အခက်အခဲကို စဉ်းစားပေးစေလိုကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှတဆင့် ဦးခင်ညွန့်က မေတ္တာရပ်ခံခြင်း ဖြစ်သည်။

အသက် ၇၀ နှစ်ရှိပြီဖြစ်သော ဦးခင်ညွန့်သည် မိသားစု စားဝတ်နေရေးနှင့် မြေးများ၏ ပညာသင်စရိတ်အတွက် သစ်ခွပန်း တနိုင်တပိုင်စိုက်ပျိုးကာ ဗိုလ်ချုပ်အောင်ဆန်းဈေးသို့သွင်းပြီး ဖြေရှင်းနေရကြောင်း၊ ထို့ကြောင့် ဇနီးဖြစ်သူ ဒေါက်တာ ဒေါ်ခင်ဝင်းရွှေ နှင့် သမီးဖြစ်သူ မသင်းမြတ်မြတ်ဝင်းတို့အား လွတ်လပ်စွာ စီးပွားရှာခွင့်ပြုရန် မေတ္တာရပ်ခံခြင်း ဖြစ်ကြောင်း သိရသည်။

ဦးခင်ညွန့်က မိမိမှာ ကျန်းမာရေးလည်း ချို့ယွင်းနေပြီး ဘာသာရေးလုပ်ရင်းနှင့် ဘ၀နေ၀င်ချိန်ကို ဖြတ်ကျော်နေရကြောင်း၊ ဇနီးဖြစ်သူမှာလည်း ကျောက်တန်းမြို့တွင် နေထိုင်သည့် ၎င်း၏ အသက် ၉၅ နှစ်အရွယ် မိခင်ကြီးကို ပြုစုစောင့်ရှောက်ရန် ဆန္ဒရှိနေကြောင်း သိရသည်။

သားနှစ်ဦးဖြစ်သည့် ဒု ဗိုလ်မှူးကြီး ဇော်နိုင်ဦး၊ ဒေါက်တာ ရဲနိုင်ဝင်းနှင့် သားမက်ဖြစ်သူ ဦးတင်ထွဋ်တို့မှာလည်း ယခုအချိန်အထိ ထောင်ဒဏ်ကျခံနေရဆဲဖြစ်ပြီး ၎င်းတို့ သုံးဦးအတွက်ပါ သက်ညှာစွာ စဉ်းစားပေးရန်လည်း တင်ပြထားသည်။

ဦးခင်ညွန့် မိသားစု၏ လက်ရှိ ကျန်းမာရေး၊ စီးပွားရေး အခြေအနေနှင့် ပတ်သက်၍ ယောက်ဖတော်စပ်ပြီး အမျိုးသားဒီမိုကရေစီ အင်အားစု (NDF) ပါတီ၏ ခေါင်းဆောင်တဦးဖြစ်သည့် ဒေါက်တာ သန်းငြိမ်းကို ဧရာဝတီက ဆက်သွယ်မေးမြန်းရာ ၎င်းအနေဖြင့် နိုင်ငံရေးနယ်ပယ်တွင် ရောက်ရှိနေသည့်အတွက် မသိရှိကြောင်း၊ သို့သော် နှမဖြစ်သူ ဒေါက်တာ ဒေါ်ခင်ဝင်းရွှေမှာ သစ်ခွပန်းစိုက်ပျိုးရာတွင် ၀ါသနာပါကြောင်း ပြောသည်။

ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလ အတွင်းကလည်း ဦးခင်ညွန့်နှင့်ပတ်သက်သည့် ဗီဒီယိုမှတ်တမ်းတခု ထွက်ပေါ်လာရာ ထိုမှတ်တမ်းထဲ၌ ရဲချုပ်ဟောင်း ဦးခင်ရီက တခြားတနေရာသို့ ပြောင်းရွေ့ရန် ညအချိန်တွင် လာရောက်ခေါ်ခြင်းဖြစ်ပြီး၊ ဦးခင်ညွန့်က ပထမပိုင်းတွင် စိတ်ဆိုးဒေါသထွက်နေသည့် ပုံသဏ္ဍန်ရှိသော်လည်း နောက်ပိုင်းတွင် စိတ်ကိုလျှော့ကာ စကားလက်ခံပြောဆိုနေသည်ကိုလည်း မြင်တွေ့ရသည်။

ထိုဗီဒီယို မှတ်တမ်းတွင် ဦးခင်ညွန့်က စီးပွားရေးလုပ်ငန်း လုပ်ကိုင်ခွင့်မရှိသဖြင့် ၀င်ငွေမရှိကြောင်း၊ မြေးများမှာ ကျောင်းနေရန်ပင် အခက်အခဲရှိကြောင်း၊ ပိုက်ဆံမရှိသဖြင့် အိမ်၏ ဧည်ခန်းမီး ပျက်နေသည်ကိုပင် မပြင်နိုင်သေးကြောင်း ပြောဆိုသည်ကိုလည်း တွေ့ရသည်။

ဦးခင်ညွန့်ကို ၂၀၀၄ ခုနှစ် အောက်တိုဘာ ၁၈ ရက်နေ့က အဂတိလိုက်စားမှု အကြောင်းပြချက်ဖြင့် တရားစွဲဆိုကာ ဆိုင်ငံ့ပြစ်ဒဏ် ထောင်ဒဏ် ၄၄ နှစ်ချမှတ်ပြီး နေအိမ်အကျယ်ချုပ် ချထားခဲ့သည်။

မကြာသေးမီကလည်း ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်၏ ထောင်ကျနေသည့် ထောက်လှမ်းရေး အဖွဲ့ဝင် အရာရှိကြီးတချို့ ပြန်လည်လွတ်မြောက်လာသည်ဟု သတင်းများ ထွက်ပေါ်ခဲ့သည်။

မင်္ဂလာမြန်မာ NGO အဖွဲ့မှ ဒေါက်တာ ဖုန်းဝင်းက ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်နှင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၊ ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေးတို့ အကြား ကြီးမားသော ပြဿနာ မရှိနိုင်ကြောင်း၊ ထောက်လှမ်းရေး အဖွဲ့ကို ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်းမှာလည်း တချို့သော စစ်တပ်ခေါင်းဆောင်များနှင့် ထောက်လှမ်းရေး အရာရှိများအကြား ဖြစ်ပွားခဲ့သည့် ပြဿနာသာဖြစ်၍ ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်မှာ မကြာခင် ပြန်လည်လွတ်မြောက်လာနိုင်ကြောင်း ပြောသည်။

နေပြည်တော် သတင်းရပ်ကွက်၏ အဆိုအရလည်း ဦးခင်ညွန့်နှင့် မိသားစုကို မကြာမီ လွှတ်ပေးမည်ဟု သတင်းများ ထွက်ပေါ်နေသည်။

ဦးသိန်းစိန် အစိုးရ မတက်မီ မတ်လအတွင်းက ဦးခင်ညွန့်အား လွှတ်ပေးရန် ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေးက အကြံပြုဆွေးနွေးခဲ့သော်လည်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ပယ်ချခဲ့သည်ဟု သိရသည်။
ဒေသခံများ၏ ရာဘာခြံများ၌ ယခုအခါ စစ်တပ်နှင့်နီးစပ်သည့် အလုပ်သမားများကို ၀င်ရောက်လုပ်ပိုင်ခွင့် ပြုထားကြောင်း၊ စစ်တပ်၏ လုပ်ရပ်အား ရာဘာစိုက်သူများ စုပေါင်းကာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဒေသခံ နိုင်ငံရေးပါတီကို တိုင်ကြား သွားမည်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

စစ်တပ်၏ အဓ္ဓမ လုပ်ရပ်များအား ယခင်အစိုးရ လက်ထက်၌လည်း ကြုံခဲ့ရကြောင်း၊ ထိုကိစ္စများအား ယခင်က မတားဆီးနိုင်ခဲ့သော်လည်း ယခုအခါ အရပ်သား အစိုးရသစ်တရပ်နှင့် လွှတ်တော်တို့ ရှိနေခြင်းကြောင့် ဒေသခံများ၏ အခြေအနေများကို ပြောဆိုနိုင်မည်ဟု မျှော်လင့်ကြောင်း မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီ ဥက္ကဋ္ဌ ဦးနိုင်ငွေသိန်းက ပြောသည်။

၎င်းက “မော်လမြိုင်ကနေ ရေးမြို့အထိ ကားလမ်း ဟိုဘက် ဒီဘက် စိုက်ထားတဲ့ ရာဘာဧက ၁၃၀၀၀ ၀န်းကျင်လောက်ကို စစ်တပ်ပိုင်  မြေဆိုပြီး ခြံစည်းရိုး ခတ်ထားတယ်။ စစ်တပ်အတွက် အဆောက်အအုံတွေ ဆောက်လုပ်ဖို့ သိမ်းတယ်လို့ သိရတယ်” ဟု ဆိုသည်။

မွန်ပြည်နယ်၌ အစိုးရစစ်တပ်၏ တပ်ရင်းအရေအတွက် များပြားလာပြီး နေရာဒေသ အနှံ့အပြားတွင် အခြေစိုက် လာနေကြောင်း၊ ထိုတပ်ရင်းများအတွက် လိုအပ်သော အဆောက်အုံများ၊ စစ်တန်းလျား၊ ၀န်ထမ်းအိမ်ရာ စသည်တို့ဆောက် လုပ်ရန်အတွက် ဟုဆိုကာ ဒေသခံများ၏ လယ်မြေများ၊ ရာဘာခြံများကို အဓ္ဓမ သိမ်းယူနေကြောင်း သူက ဆက်ပြောသည်။

စစ်တပ် အခြေချဖို့ သိမ်းယူတာကို တားဆီးရင်လည်း ရနိုင်မထင်ပါဘူး။ ဒါပေမယ့် ဒေသခံတွေ တန်ရာတန်ကြေး တခုခု ရအောင်တော့ အစိုးရသစ် လက်ထက်မှာ လုပ်ပေးနိုင်မယ်လို့ ထင်ပါတယ်” ဟု ဦးနိုင်ငွေသိန်းက ဆိုသည်။

မွန်ပြည်နယ်၌ မြို့နယ် ၁၀ ခုရှိပြီး ၈ မြို့နယ်သည် ရာဘာစိုက်ပျိုးရေးဖြင့် အသက်မွေးဝမ်းကြောင်း ပြုကြကြောင်း၊ ရာဘာခြံ သိမ်းယူမှုကိစ္စကို နယ်မြေခံ မြေစာရင်းဌာနနှင့် စစ်တပ်တို့ ပူးပေါင်းလုပ်ဆောင် ကြကြောင်း ဒေသခံများ၏ အဆိုအရ သိရသည်။

ရာဘာခြံတခု၌ ရာဘာပင် အရေအတွက် ၂၀၀ နှင့်အထက် ရှိသည်ဟု သိရပြီး ရာဘာတပင်လျှင် အနည်းဆုံးကျပ် ၁ သောင်းမှ ကျပ် ၅ သောင်းအထိ တန်ကြေးရှိကြောင်း မွန်သတင်းအေဂျင်စီ၌ ရေးသားထားသည်။
သန်းထိုက်ဦး Friday, 22 July 2011 15:58
မြန်မာနိုင်ငံ ဘက်ခြမ်းတွင် မကြာခင် ရက်ပိုင်းက ပျက်ကျခဲ့သော ထိုင်း စစ်တပ်ပိုင် ဘလက်ဟော့ခ် ရဟတ်ယာဉ်ကို ယနေ့ ရှာဖွေတွေ့ရှိခဲ့ရာ ရဟတ်ယာဉ်ပေါ် လိုက်ပါသွားသည့် ၉ ဦးစလုံး သေဆုံးသွားကြောင်း ထိုင်း သတင်းများအရ သိရသည်။
ထိုင်းစစ်တပ်မှ တပ်ဖွဲ့ဝင်များသည် မြန်မာစစ်တပ်၏ အကူအညီဖြင့် ဘလက်ဟော့ခ် ပျက်ကျသည့် နေရာသို့ ယခုလ ၂၀ ရက် နေ့က စတင်၍ သွားရောက်ခဲ့ရာ ဇူလိုင်လ ၁၆ ရက်နေ့က ထိုင်းနိုင်ငံ ဖက်ချဘူရီ ခရိုင်ရှိ ကန်ကရာချန် အမျိုးသား ဥယျာဉ်တွင် ပျက်ကျသွားသော စစ်ရဟတ်ယာဉ်နှင့် မီတာ ၅၀၀ အကွာအဝေးတွင် ရှာဖွေ တွေ့ရှိခဲ့သည်ဟု သတင်းများက ဆိုသည်။
ဘလက်ဟော့ခ် ရဟတ်ယာဉ်သည် မြန်မာနိုင်ငံ ဘက်ခြမ်းတွင် ပျက်ကျခဲ့သော်လည်း မြန်မာ အစိုးရတပ်များက ပစ်ခတ်ခဲ့ခြင်း မဟုတ်ကြောင်း ထိုင်းစစ်တပ် လုံခြုံရေး သတင်းရပ်ကွက်က ပြောသည်။
ရဟတ်ယာဉ် ပျက်ကျခဲ့သည့် ယင်း နေရာသည် ကရင်အမျိုးသား အစည်းအရုံး (KNU) တပ်များနှင့် အစိုးရတပ်များ လှုပ်ရှားရာ ဒေသဖြစ်သည်။
ဘလက်ဟော့ခ် ပျက်ကျသည့် အချိန်တွင် မိုးသည်းထန်ကာ လေပြင်းများ တိုက်လျှက်ရှိရာ ထိုင်း စစ်တပ်သတင်းများက ရာသီဥတုကြောင့် ပျက်ကျခြင်း ဖြစ်နိုင်သည်ဟု ပြောဆိုထားသည်။
သေဆုံးသူ ၉ ဦး၏ ရုပ်အလောင်းများကို မကြာခင် ရက်ပိုင်းတွင် ထိုင်းနိုင်ငံဘက်သို့ အရောက်သယ်ယူနိုင်မည် ဖြစ်ကြောင်း၊ ကျန်ရစ်သူ မိသားစုဝင်များလည်း နယ်စပ်တွင် ရောက်ရှိနေကြောင်း သိရသည်။
ယင်း သေဆုံးသူများထဲတွင် ထိုင်းနိုင်ငံ ရုပ်သံ အမှတ် ၅ မှ TV သတင်းထောက် တဦးလည်း ပါဝင်ကြောင်း သတင်းရရှိသည်။
ဇူလိုင်လ ၁၆ ရက်နေ့က ရဟတ်ယာဉ်ပျက်ကျခဲ့သဖြင့် သေဆုံးသွားသူ ၅ ဦး၏ ရုပ်အလောင်းကို သယ်ယူရန် အသွားတွင် အဆိုပါ ဘလက်ဟော့ခ် ရဟတ်ယာဉ် ထပ်မံ ပျက်ကျခဲ့ခြင်း ဖြစ်သည်။
ပထမ ပျက်ကျသော ရဟတ်ယာဉ်သည် နယ်စပ်အနီး သစ်ခိုးခုတ်မှု သတင်းကြောင့် သွားရောက် စစ်ဆေးစဉ် ပျက်ကျခြင်းဖြစ် ပြီး ထိုစစ်ရဟတ်ယဉ်နှင့် လိုက်ပါသွားသော စစ်အရာရှိ ၅ ဦး၏ ရုပ်အလောင်းကို ယခု ပြန်လည် သယ်ဆောင်ခဲ့ပြီးဖြစ်သည်။
၁၉၉၇ ခုနှစ် သြဂုတ်လ ၂၈ ရက်နေ့က ထိုင်းစစ်တပ်မှ ဂျက် ရိန်းဂျား ရဟတ်ယာဉ်တစီး ထိုင်း-မြန်မာ နယ်စပ်တွင် ပျက်ကျခဲ့ ဖူးပြီး သတင်းဌာနများနှင့် မြန်မာအတိုက်အခံများက မြန်မာစစ်တပ်က ပစ်ချခဲ့ခြင်း ဖြစ်သည်ဟု ဆိုခဲ့ကြသည်။
ထိုင်းစစ်တပ်ကမူ ရာသီဥတု အခြေအနေဆိုးသောကြောင့် ဖြစ်သည်ဟု ပြောခဲ့သည်။ ထိုစဉ်က ရဟတ်ယာဉ် မောင်းသူ ၂ ဦး အပါအဝင် ထိုင်းစစ်သား ၄ ဦး သေဆုံးခဲ့သည်။
ဧရာဝတီ Friday, 22 July 2011 15:34
မြန်မာပြည်ဘက်သို့ သွားရောက်ပို့ဆောင်မည့် လက်နက်များကို ထိုင်းရဲများက ယမန်နေ့ ညနေပိုင်းတွင် မဲဆောက်မြို့၌ ဖမ်းဆီးလိုက်သည်။
ဖမ်းဆီးရမိသည့် လက်နက်များမှာ M 16 အမျိုးအစား သေနတ်တလက်၊ မောင်းပြန် ရိုင်ဖယ် ၅ လက်နှင့် ကျည်ဆန်များ၊ ဆက်စပ်ပစ္စည်းများဖြစ်ကြောင်း သိရသည်။
ယင်း လက်နက်များကို ဖိဆန်နုလွတ်ခရိုင်မှတဆင့် ထိုင်းနိုင်ငံသား နိုင်နလုလုံး ဘူဆလာခန်က သယ်ယူလာစဉ် မဲဆောက်အနီးရှိ ဟွေ့ယာအု စစ်ဆေးရေးဂိတ်တွင် အဖမ်းခံရခြင်းဖြစ်သည်။
ဘူဆလာခန်က “ဒီပစ္စည်းတွေက မဲဆောက်-မြ၀တီနယ်စပ်က လူတွေဆီ သွားပို့ပေးဖို့ အခကြေးငွေ ဘတ် ၂ ထောင်နဲ့ ဒီပစ္စည်းတွေကို သယ်လာတာပါ” ဟု ထိုင်းရဲထံတွင် ထွက်ဆိုခဲ့သည်။
သတင်းထောက်များ၏ အသေးစိပ် မေးမြန်ချက်များကိုမူ ဘူဆလာခန်က ဖြေကြားရန် ငြင်းဆိုခဲ့သည်။
၎င်း၏ ထွက်ဆိုချက်များနှင့် ပတ်သက်၍ အမှုကွင်းဆက်များ အသေးစိပ်ရရှိရန် ဆက်လက်စစ်ဆေးမှုများ ပြုလုပ်သွားရမည်ဟု မဲဆောက်ရဲတပ်ဖွဲ့မှ ရဲဗိုလ်မှူးကြီး ဒေချာဝထနဖနုံ က ဒေသခံသတင်းထောက်များကို ပြောသည်။
၎င်းက “ဒီလက်နက်တွေက မြန်မာဘက်က တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေဆီ သွားပို့ကြတာများတယ်။ ဒီအမှုနဲ့ပတ်သက်ပြီး ဆက်လက်ဖော်ထုတ် စစ်ဆေးသွားမှာဖြစ်တယ်။ အခုဖမ်းမိတဲ့ လက်နက်တွေက ထိုင်းစစ်တပ်နဲ့ တခြားလက်နက်ကိုင် တပ်ဖွဲ့တွေက ပျောက်ဆုံးသွားတဲ့ လက်နက်တွေ ဟုတ်မဟုတ်လည်း စစ်ဆေးသွားမှာ ဖြစ်တယ်” ဟု ပြောသည်။
ကရင်ပြည်နယ် မြ၀တီအခြေစိုက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တခုမှ အမည်မဖော်လိုသည့် တာဝန်ရှိသူတဦးက “မြ၀တီနယ်စပ်မှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၃ ဖွဲ့ရှိတယ်။ လိုအပ်တဲ့ လက်နက်ခဲယမ်းတွေကို ဟိုဘက်ကမ်း (ထိုင်း) ကပဲ ၀ယ်ရတယ်။ ကျနော်တို့အဖွဲ့လည်း ဒီလိုပါပဲ။ အခုလို အဖမ်းခံရတဲ့ ပြဿနာအများစုက သူတို့အချင်းချင်း ပြန်ပြီး အတို့အထောင်လုပ်လို့ ဖြစ်တာများတယ်” ဟု ဆိုသည်။
မြန်မာဘက်သို့ လက်နက်ပွဲစားများ လာရောက်ပို့ဆောင်သည့် လက်နက်ခဲယမ်းများမှာ အသုံးပြုပြီးသား တပတ်ရစ်များ ဖြစ်သော်လည်း လိုအပ်ချက်အရ တန်ဖိုးငွေ အဆမတန်ပေး၍ ၀ယ်ယူ အသုံးပြုနေရသည်ဟုလည်း ၎င်းက ပြောသည်။
ထိုင်း-မြန်မာနယ်စပ်ရှိ လက်နက်ပွဲစားတဦးက “မြ၀တီအပါအ၀င် မြန်မာနယ်စပ်မှာရှိတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ခွဲတွေကများတော့ ၀ယ်အားနဲ့ ရောင်းအားမှာ ၀ယ်အားက များတယ်” ဟု ပြောသည်။

M 16
သေနတ် တပတ်ရစ်၊ အရည်အသွေး ၅၀ ရာခိုင်နှုန်းကောင်းသေးလျှင် တလက် ထိုင်းဘတ် ၂ သောင်းကျော် (ကျပ် ၅ သိန်းကျော်)၊ ယင်းကျည်ဆန် တတောင့်လျှင် ၁၃ ဘတ် (၃၃၀ ကျပ်ခန့်)AK 47 သေနတ် အရည်အသွေး ၅၀ ရာခိုင်နှုန်း ကောင်းသေးလျှင်လည်း ဘတ် ၂ သောင်းကျော်နှင့် ယင်းကျည်ဆန် တတောင့်လျှင် ၁၅ ဘတ် (၃၈၀ ကျပ်ခန့်)M 79 ကျည်မှာ တလုံးကို ဘတ် ၁ ထောင်ကျော် (ကျပ် ၂ သောင်းခွဲကျော်) ဈေးပေါက်ကြောင်း အဆိုပါ လက်နက်ပွဲစားက ရှင်းပြသည်။
၎င်းက ဆက်လက်၍ ထိုင်း-မြန်မာနယ်စပ်ရှိ လက်နက်ရောင်းဝယ်ဖောက်ကားသည့် ဈေးကွက်သည် သာမန်လူများ လုပ်ကိုင်၍ရသည့် လုပ်ငန်းမဟုတ်ကြောင်းလည်း ပြောကြားသည်။

ဧရာဝတီ Thursday, 21 July 2011 16:13 အယ်ဒီတာ့အာဘော်
မကြာသေးခင်က ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက် ၂ ခုက ပြည်တွင်းပြည်ပ မီဒီယာများ၏ အခန်းကဏ္ဍ အရေးပါပုံကို ထင်ထင်ရှားရှား ဖော်ပြလိုက်သည်။
ပထမ အဖြစ်အပျက်မှာ မောင်ထိပ်ကွက် (ခေါ်) မောင်စိုးအောင်အား မသေမချင်း ညှဉ်းပန်းနှိပ်စက်ခဲ့သူ လက်ဘက်ရည်ဆိုင် ပိုင်ရှင် ကိုစနိုး (ခေါ်) ကိုဆက်မှူးဌေးဝင်းကို ထောင်ဒဏ် ၇ နှစ် ချမှတ်နိုင်ခဲ့သည့် အမှုဖြစ်သည်။
ဟင်္သာမြို့နယ်အတွင်းရှိ You & Me လက်ဘက်ရည်ဆိုင်ပိုင်ရှင်က ၎င်းဆိုင်တွင် အလုပ်လုပ်နေသည့် မိဘမဲ့ ကလေး အလုပ်သမား မောင်ထိပ်ကွက် ထွက်ပြေးသည်ကို လိုက်လံဖမ်းဆီးကာ ထုတ်တန်း၌ လျှပ်စစ်ဝါယာကြိုးဖြင့် စောက်ထိုးဆွဲပြီး တညလုံး ရိုက်နှက်ထိုးကြိတ်ခြင်း၊ ၀မ်းဗိုက်ကို လျှပ်စစ် မီးပူဖြင့် ကပ်ခြင်း၊ အအေးသောက်သည့် ပိုက်ကို မီးရှို့ကာ ခန္ဓာကိုယ် ပေါ်သို့ အစက်ချခြင်း၊ ကျင်ငယ်ရေတိုက်ခြင်းများ စသည့် လူမဆန်သော ညှဉ်းပန်းနှိပ်စက်မှု အမျိုးမျိုးကို ပြုလုပ်ခဲ့သည်။
ထိုသတင်းသည် အင်တာနက် လူမှုကွန်ယက် တခုဖြစ်သော facebook တွင် တမဟုတ်ချင်း ပြန့်နှံ့သွားပြီးနောက် ပြည်ပ အခြေစိုက် ဒီမိုကရက်တစ် မြန်မာ့အသံ (DVB) အပါအဝင် ရေဒီယိုများတွင် ထုတ်လွှင့်နိုင်ခဲ့သည်။ ပြည်တွင်း သတင်း ဂျာနယ်များတွင်လည်း ရေးသားခဲ့သည်။ သတင်းမီဒီယာများ၏ အသံ ပွက်လောညံခဲ့ပြီးနောက် အာဏာပိုင်များဘက်က အရေးယူဆောင်ရွက်ခဲ့သဖြင့် ကျူးလွန်သူကို ဇူလိုင် ၁၃ ရက်နေ့က ထောင်ဒဏ် ၇ နှစ် ချမှတ်နိုင်ခဲ့သည်။
အကယ်၍ မီဒီယာများ၏ အခန်းကဏ္ဍ မပါဝင်လျှင် တာဝန်သိသူက တိုင်ကြားသည် ထားဦး ထိုကဲ့သို့ လူ့အခွင့်အရေး ချိုးဖောက်မှုကြီးသည် ယခုလောက် မြန်ဆန်စွာ ပြီးပြတ်နိုင်လိမ့်မည် မဟုတ်ပါ။ ယခုကိစ္စသည် အမှု ဖော်ထုတ်နိုင်ပြီး ၁ လအတွင်း တရားခံကို အမိန့်ချခဲ့ခြင်း ဖြစ်သည်။ ငွေများငွေနိုင် တရားစီရင်ရေး လက်ကျန် ရှိနေသေးသည့် မြန်မာပြည် အတွင်း၌ ထိုကဲ့သို့သော အမှုပေါင်း မြောက်များစွာ အချိန်ဆွဲခံရသည့်၊ ပပျောက်ခဲ့ရသည့် သာဓက များစွာရှိခဲ့သည် မဟုတ်ပါလား။ မီဒီယာကြောင့်သာ မဟုတ်ပါက ယခုကဲ့သို့ ကလေးအခွင့်အရေး ချိုးဖောက်မှုနှင့် လူမဆန်စွာ ပြုမူခဲ့သည့် ဖြစ်ရပ်ကို အများသိရှိစေရန် ဖော်ထုတ်နိုင်လိမ့်မည် မဟုတ်ပေ။
ဒုတိယ ဖြစ်ရပ်မှာ ရန်ကုန်အခြေစိုကု Hot News ဂျာနယ်က ရွှေဂုံတိုင် အထူးကုဆေးခန်း (SSC) ၏ ဝန်ဆောင်မှု ပေါ့လျော့သည်ကို ထောက်ပြနိုင်ခဲ့သည့် ကိစ္စရပ်ဖြစ်သည်။ ဝေဖန်ထောက်ပြသည်ကို မခံမရပ်နိုင်သော ဆေးခန်းက ဂျာနယ်ကို အသရေဖျက်မှု၊ နစ်နာစေမှု လျော်ကြေး ကျပ် သိန်းပေါင်း ၂ သောင်း ရလိုမှု စသည့် အမှု ၂ ခုဖြင့် တရားစွဲသောကြောင့် ဂျာနယ်ဘက်က တရားရင်ဆိုင် ရမည်ဖြစ်သည်။ Hot News ဂျာနယ် အယ်ဒီတာချုပ်က ယင်းအမှုကို ရင်ဆိုင်မည်ဖြစ်ပြီး မီဒီယာ သမားတဦး အနေဖြင့် မီဒီယာတာဝန် ကျေပြွန်ခြင်းသာ ဖြစ်ကြောင်း ရှင်းလင်း ပြောဆိုခဲ့ပြီးဖြစ်သည်။
သို့ရာတွင် SSC ဘက်က ငွေကြေး၊ အာဏာပိုင်များနှင့် နီးစပ်သည့် နောက်ခံအင်အား ပိုကြီးသော အဖွဲ့အစည်း ဖြစ်နေသောကြောင့် တရားစီရင်ရာတွင် မျှတမှု ရှိမရှိနှင့် စာနယ်ဇင်းလွတ်လပ်ခွင့်ကို မည်မျှ အကာအကွယ် ပေးမည်၊ မပေးမည်ကိုမူ စောင့်ကြည့်ရပေလိမ့်မည်။
မည်သို့ပင်ဆိုစေ ဖြစ်ရပ်နှစ်ခုစလုံးကို ကြည့်ပါက မီဒီယာများ၏ ကြိုးပမ်းမှုမှာ စာဖတ်သူ ပြည်သူလူထုအား အဖြစ်မှန်ကို တိတိကျကျသိစေပြီး ဆင်ခြင်ပိုင်းခြားနိုင်ရန်အတွက် ရည်ရွယ်သည်ကို တွေ့ရမည်ဖြစ်သည်။
ပြည်တွင်းသတင်းသမားများမှာ အတားအဆီးများ ကြားမှ သတင်းသမား၏ တာဝန်ကို ကျေပြွန်လျှက်ရှိပြီး ခေတ်ပေါ် နည်းပညာကို အသုံးချ၍ မြန်ဆန်သောအလျင်ဖြင့် သတင်းများကို ဖြန့်ဝေပေးနေသကဲ့သို့ ပြည်ပမီဒီယာ များကလည်း အဆိုပါ သတင်းဦးများကို အကြောင်းပြု၍ ပိုမို ဝေဖန်ဆန်းစစ်သော သတင်းများအား ပြည်သူလူထု ထံသို့ ပေးပို့လျှက် ရှိပါသည်။
ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေက ဂျာနယ် သတင်းထောက် များအား မကြာသေးခင်က ခေါ်ယူကာ ပြည်တွင်း၌ မီဒီယာလွတ်လပ်ခွင့် အထိုက်အလျှောက် ပေးထားပြီဖြစ်သောကြောင့် ပြည်ပမီဒီယာများနှင့် ဆက်သွယ်ရန် မလိုအပ်ကြောင်း၊ ပြည်ပ မီဒီယာများနှင့်လည်း မပတ်သက်သင့်ကြောင်း ပြောဆိုသွားခဲ့သည်။
ထိုပြောဆိုချက်သည် ပြည်တွင်းပြည်ပ မီဒီယာများ၏ အခန်းကဏ္ဍကို အာဏာပိုင်များအနေဖြင့် လျှော့မတွက်ကြောင်းနှင့် ပြည်တွင်းနှင့် ပြည်ပ မီဒီယာသမားများ၏ ပူးပေါင်းဆောင်ရွက်မှုကို မလိုလားကြောင်း ဖော်ပြနေသည်။
သတင်းမီဒီယာသည် တိုင်းပြည်၏ စတုတ္ထမဏ္ဍိုင်ဆိုသည့် နေရာ၌ စွမ်းအားအပြည့်ဖြင့် တည်ရှိနေသည်ကို ငြင်းဆန်၍ မရပေ။ သတင်းမီဒီယာတွင် ပြည်တွင်းနှင့် ပြည်ပဆိုသော နယ်ခြားမျဉ်းလည်း မရှိပေ။
ထို့ကြောင့် တိုးတက်နေသော နည်းပညာများကို အသုံးချ၍ မှန်ကန် တိကျခိုင်မာသော သတင်းများကို ဖော်ပြရာတွင် လည်းကောင်း၊ ဝေဖန်စရာ ရှိသည်ကို ရဲဝံ့စွာ ဝေဖန်ထောက်ပြရာတွင် လည်းကောင်း မည်သူ တဦး တယောက်ကမျှ ဖိနှိပ် ကန့်သတ်ထား၍ မရနိုင်ပေ။

သေဒဏ်ချမှတ်ခံထားသည့် ကလေးစစ်သားကို ပြန်လွှတ်ရန် တောင်းဆို

Published on July 22, 2011 by မင်းလွင်   ·   No Comments
တပ်မ တော်အရာရှိတဦးကို ပစ်သတ်ခဲ့တဲ့အတွက် ကလေးမြို့ အကျဉ်းထောင်မှာ သေဒဏ်ကျခံနေရတဲ့ ကလေးစစ်သား မောင်ဖြိုးစည်သူကို သေဒဏ်ပြစ်ဒဏ်မှတဆင့် ကလေးဥပဒေပုဒ်မ ၄၆ အရ ပြစ်ဒဏ် လျှော့ပေါ့ပေးဖို့ မိသားစုဝင်တွေက တောင်းဆိုလိုက်ပါတယ်။
မောင်ဖြိုး စည်သူဟာ အသက် ၁၄ နှစ်အရွယ်မှာ စစ်တပ်ထဲကို အဓမ္မ စုဆောင်းခံရပြီးနောက် စစ်ကိုင်းတိုင်းဒေသကြီး အရာတော်မြို့နယ်မှာရှိတဲ့ အမှတ် ၁၀ တပ်မတော်လေ့ကျင့်ရေးကျောင်းမှာ အခြေခံစစ်သင်တန်း တက်ရောက်ခဲ့ပြီးတဲ့နောက်မှာ ချင်းပြည်နယ်အတွင်း စစ်ဆင်ရေးမှာ မိမိအထက်အရာရှိကို ပစ်ခဲ့တဲ့အတွက် ကလေးမြို့မှာရှိတဲ့ အမှတ် ၉၄၃ ထောက်ပံ့ရေးတပ် စစ်တရားရုံးကနေ သေဒဏ်ချမှတ်ခဲ့တာလို့ မိခင်ဖြစ်သူ ဒေါ်သန်းသန်းရီက ပြောပြပါတယ်။
မောင်ဖြိုးစည်သူ သေဒဏ်ချမှတ်ခံခဲ့ရတဲ့ အချိန်တုန်းက အသက် ၁၅ နှစ်ပဲရှိသေးပါတယ်။
ဒါကြောင့် ၁၉၉၃ ကလေး သူငယ်ဥပဒေပုဒ်မ ၄၆ အရ သေဒဏ် (သို့မဟုတ်) တသက်တကျွန်းချမှတ်နိုင်တဲ့ ပြစ်မှုကို ကျူးလွန်ရင်တောင်မှ အများဆုံး ထောင်ဒဏ် ၇ နှစ်အထိပဲ ချမှတ်နိုင်တယ်လို့ ပါရှိတဲ့အတွက် ကလေးစစ်သား မောင်ဖြိုးစည်သူကို ပြစ်ဒဏ်လျော့ပေါ့ပေးဖို့ မိခင်ဖြစ်သူက ပြောပါတယ်။
ကျမတို့ မှာလည်း ကလေးဖေကလည်း ကျန်းမာရေးက မကောင်း ကျမကလည်း ကျန်းမာရေးက ချို့တဲ့နေတော့ ဒီသားလေးကို အသက် ၁၆ နှစ် မပြည့်သေးတုန်းက သူတို့နေနဲ့ ကလေးသူငယ် စောင့်ရှောက်ရေးက ပြဋ္ဌာန်းထားတဲ့ ဥပဒေနဲ့ ကျမတို့ကို ညှိနှိုင်းပေးပါလို့ ကျမက အနူးအညွတ် တောင်ပန်ချင်ပါတယ်ရှင့်။ နိုင်ငံတော် သမ္မတကြီးကိုလည်း ကျမ ဦးညွှတ်ပြီးတော့ တောင်းပန်ပါရစေဆိုပြီးတော့ ကျမသားလေးကို ကျမတို့ ရင်ခွင်ထဲကို ပြန်ပြီးတော့ ပြန်ရောက်စေချင်တဲ့ ဆန္ဒနဲ့ ကျမ တောင်းပန်ပါတယ်ရှင်။”
မောင်ဖြိုး စည်သူဟာ ကလေးအကျဉ်းထောင်မှာ ၇ နှစ်ကျော် အကျဉ်းကျခံနေရတဲ့အတွက် ကျန်းမာရေး ဆိုးရွားစွာခံစားနေရတယ်လို့လည်း မောင်ဖြိုးစည်သူနဲ့ အကျဉ်းထောင်ထဲမှာ အတူနေခဲ့ဖူးတဲ့ အကျဉ်းသားဟောင်းတဦးက ပြောပါတယ်။
သူ့မှာ မိဘတွေကလည်း ဆင်းရဲတယ်၊ ထောင်ဝင်စာလည်း မလာနိုင်ဘူးထောင်ကပေးတဲ့ ရိက္ခာလေးနဲ့ပဲ ဖြစ်သလို စားနေရတဲ့အခါကျတော့ ကျန်းမာရေးလည်း ချို့တဲ့လာတယ်။ မျက်လုံးမှာလည်းပဲ အတွင်းတိမ်ဖြစ်နေတော့ မျက်လုံးလည်း ကောင်းကောင်း မမြင်တော့ဘူး။ ဒါပေမယ့် သူ့ကို သေဒဏ်ချထားတယ် ဆိုပြီးတော့ ပြင်ပကိုလည်း ထုတ်ပြီး မျက်စိ ခွဲစိတ်ကုပေးမှုလည်း မရှိဘူး။”
အသက်မပြည့် သေးဘဲ စစ်တပ်ထဲကို အတင်းအဓမ္မ အသွင်းခံလိုက်ပြီး အသက် ၁၅ နှစ်မှာ သေဒဏ်ချခံထားရတဲ့ မောင်ဖြိုးစည်သူဟာ တရားဥပဒေအရ နစ်နာမှုရှိနေတဲ့အတွက် အမြန်ပြန်လွှတ်သင့်တယ်လို့ အဆိုပါ အကျဉ်းသားဟောင်းက အခုလို ပြောပါတယ်။
ကလေးသူငယ် ဥပဒေပုဒ်မ ၄၆ အရဆိုရင် ထောင်က ၇ နှစ်ပဲ ချရမယ်။ အဲဒီတော့ ၇ နှစ်ချရမယ့်ဟာကို သေဒဏ်ချထားတယ်။ အဲဒီတော့ သေဒဏ်ကို မဖျက်တဲ့အတွက် ၇ နှစ်က မရောက်ဘူး။ မရောက်ပဲနဲ့ အခုတော့ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ထွက်လိုက်တဲ့အခါကျတော့ သူက အနှစ် ၂၀ ကို ပြောင်းသွားတယ်။ အမှန်မှာက ၇ နှစ်ကို ပြောင်းပြီးတော့ လွှတ်ရမယ့်အစား မလွှတ်ဘဲနဲ့ နောက်ထပ် ၁၃ နှစ်ပိုချလိုက်သလို ဖြစ်သွားတယ်။ အတော်လေးကို တရားဥပဒေအရ နစ်နာမှု ရှိတယ်ဗျ။ အခု ပြည်သူတွေ အစိုးရပါလို့ အမည်ခံထားတဲ့ နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်အနေနဲ့ ဒါကို ထိထိမိမိ ကာကွယ်ပြီးတော့ ကလေးကို ပြန်လွှတ်ပေးသင့်တယ်။”

မန္တလေး မူးယစ်ရဲအုပ်က ငွေပေးပြီး လူသတ်ခိုင်း

Published on July 22, 2011 by ရွှေအောင်   ·   No Comments
မန္တ လေးမြို့ ၈၈ လမ်း ၂၃ လမ်းနဲ့ ၂၄ လမ်းကြား သီရိမာလာ ရပ်ကွက်ရုံးရှေ့မှာ ဇူလိုင် ၁၉ ရက်နေ့ ည ၆ နာရီခွဲလောက်က အမျိုးသမီးတဦးကို အမျိုးသားတဦးက ဓားနဲ့ထိုးသတ်ခဲ့ပါတယ်။
အမျိုးသမီး ရဲ့အော်သံကြောင့် ရပ်ကွက်က ဝိုင်းဝန်းဖမ်းမ်းမိခဲ့ပြီး အဲ့ဒီလူရဲ့ ထွက်ဆိုချက်အရ မန္တလေးမြို့ မြောက်ပိုင်းခရိုင် မူးယစ်အထူးရဲတပ်ဖွဲ့က ရဲအုပ်သန်းစိုးက ငွေဆယ်သိန်းပေး သတ်ခိုင်းတာ ဖြစ်ကြောင်း ဖြောင့်ချက်ပေးတယ်လို့ မျက်မြင်တဦးက ပြောပြပါတယ်။
အသတ်ခံရတဲ့ အမျိုးသမီးဟာ ရဲအုပ်သန်းစိုးရဲ့ မယားပြိုင်ဖြစ်ပြီး မန္တလေးမှာ ကွာရှင်းစရိတ် လာတောင်းတုန်း အခုလိုအသတ်ခံရတာ ဖြစ်ကြောင်း မျက်မြင်က ပြောပါတယ်။
သူ့ကလေး နဲ့ အဲဒီကောင်မလေးကို ပိုက်ဆံမထောက်လို့ အဲဒီကောင်မလေးက ဗန်းမော်ကနေ မန္တလေးကို လာပြီး အဲဒီ မူးယစ်အရာရှိ စိုးသန်းဆီမှာ ပိုက်ဆံတောင်းတဲ့အခါမှာ စိုးသန်းက မပေးဘဲနဲ့ ကျောက်သပိတ်ဘက်က လူသတ်သမားကို ငှားပြီး သတ်လိုက်တယ်။ အဲဒီ ကောင်မလေးလည်း ဓားနဲ့ ထိုးသတ်တာ သေသွားတယ်။ ထိုးသတ်လိုက်တဲ့ တရားခံကို မိပြီး စစ်လိုက်တော့ မန္တလေး မြောက်ပိုင်းခရိုင် အထူးမူးယစ် ရဲအုပ် စိုးသန်းက ၁၀ သိန်းပေးပြီး သတ်ခိုင်းတယ်လို့ အစစ်ခံတယ်။ တရားသူကြီးတွေ ဘာတွေနဲ့ ဖြောင့်ချက် ယူတဲ့အခါမှာ အဲဒီအတိုင်း ပြောတဲ့အတွက် အမှတ် ၅ ရဲစခန်းမှာ အဲဒီ စိုးသန်းကို ဖမ်းထားတယ်။”
ဒီကိစ္စနဲ့ ပတ်သက်ပြီး တာဝန်ရှိသူ အမှတ် ၅ ရဲစခန်းကို ဆက်သွယ်မေးကြည့်တော့ တာဝန်မှူးက စစ်ဆေးဖော်ထုတ်ဆဲဖြစ်တာကိုသာ ဖြေဆိုပြီးသေးစိတ်မဖြေပါဘူး
ကျနော်တို့က အခုက ဘာမှန်းမသိသေးဘူး။ စစ်ဆေးတုန်းပဲ ရှိသေးတဲ့ အတွက် ကျနော်တို့က အတည်ပြုလို့ မရသေးဘူးခင်ဗျ။”
သူ့ကို ဘာနဲ့ဖမ်းထားတယ် ဆိုတာရော ပြောလို့ မရဘူးလား ဆရာ။
အဲဒါတော့ တိုင်းကိုလှမ်းပြောလိုက်နော် တိုင်းလှမ်းမေးလိုက်။”
ရဲနဲ့ နီးစပ်သူတွေအဆိုအရ အသတ်ခံရသူအမျိုးသမီးဟာ အရင်က ရဲမေတဦး ဖြစ်ပြီး ရဲအုပ်သန်းစိုးနဲ့ ကိုယ်ဝန်ရှိတာကြောင့် ရဲတပ်ဖွဲ့က ထုတ်ပယ်ခံထားရတာလို့လည်း ပြောပါတယ်။
ရဲအုပ်သန်း စိုးဟာ ဘားအံ မူးယစ်တပ်ဖွဲ့ကနေ မန္တလေးမှာ တာဝန်ကျတာ သုံးနှစ်လောက်ရှိပြီဖြစ်ပြီး ဒီအမျိုးသမီးနဲ့ မန္တလေးမှာပဲ တွေ့ခဲ့ကြတာလို့ ဆိုပါတယ်။
ကွာရှင်း စရိတ်အဖြစ် အမျိုးသမီးက သိန်း၂၀၀ တောင်းပြီး ရဲအုပ်သန်းစိုးက သိန်း ၅၀ ပေးဖို့ ညှိရာမှာ အဆင်မပြေဖြစ်လို့ အခုလို လူငှားသတ်ခိုင်းလိုက်တာလို့လည်း ဆိုပါတယ်။
ဒီအချက်အလက်တွေကို အတည်ပြုနိုင်ဖို့ မန္တလေးတိုင်း ရဲတပ်ဖွဲ့ကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားပေမယ့် မရပါဘူး
စစ်လက်နက် မကူရန် အိန္ဒိယကို တောင်းဆို
ထွန်းထွန်း | သောကြာနေ့၊ ဇူလိုင်လ ၂၂ ရက် ၂၀၁၁ ခုနှစ် ၂၀ နာရီ ၀၆ မိနစ်
နယူးဒေလီ (မဇ္ဈိမ) ။      ။ မြန်မာအစိုးရသစ်က ကချင်နှင့် တိုင်းပြည်အရှေ့ပိုင်း တိုင်းရင်းသားဒေသများ၌ ထိုးစစ် ဆင်နေသဖြင့် အိန္ဒိယအစိုးရအနေနှင့် စစ်လက်နက် မကူညီရန် အိန္ဒိယရှိ လူမှုအဖွဲ့အစည်းများနှင့် မြန်မာ့အရေး လှုပ်ရှားသူများက တောင်းဆိုလိုက်သည်။
မြို့တော်နယူးဒေလီရှိ ဂျန်တားမန်တားအရပ်၌ သောကြာနေ့ နေ့လယ်ပိုင်းတွင် ဆန္ဒပြတောင်းဆိုရာ အိန္ဒိယ လူမှုအဖွဲ့အစည်း ၄၆ ဖွဲ့၊ တသီးပုဂ္ဂလ ၄၉  ဦးနှင့် မြန်မာ့ဒီမိုကရေစီ လှုပ်ရှားမှု ၂၄ ဖွဲ့ အပါအဝင် လူဦးရေ ၁ဝဝ  ကျော် ပါဝင်ခဲ့သည်။

အိန္ဒိယ အစိုးရ အနေနဲ့ မြန်မာနိုင်ငံကို စစ်လက်နက် ထောက်ပံ့တာကို ကျမတို့ မလိုချင်ဘူး။ ဘာ့လို့လဲဆိုတော့
 
ဒါက အပြစ်မဲ့တဲ့သူတွေကို သတ်နေတာ။ ဒါကြောင့် မလိုချင်တာ။ ဒါကလည်း ကျမတို့ အိန္ဒိယအစိုးရကို
 
ပေးချင်တဲ့ သတင်းစကားပါပဲ” ဟု ဆန္ဒပြပွဲကို ဦးဆောင်စီစဉ်ခဲ့သည့် Burma Centre (Delhi) မှ ဆက်သွယ် ညှိနှိုင်းရေးမှူး မစ္စစ် Alana Golmei က မဇ္ဈိမကို ပြောသည်။
အိန္ဒိယအစိုးရက စစ်လက်နက် ထောက်ပံ့ခြင်းနှင့် ပူးတွဲစစ်ရေးလေ့ကျင့်ခြင်းသည် မြန်မာတိုင်းရင်းသား  ဒေသများတွင် စနစ်တကျ လူ့အခွင့်အရေး ချိုးဖောက်ခြင်းနှင့် ထိုးစစ်ဆင်တိုက်ခိုက်မှုများ ပြုလုပ်ရန်အတွက် အားပေးအားမြှောက် ဖြစ်နေသည်ကို မလိုလားကြောင်း စုပေါင်းကြေညာချက်တွင် ရေးသားထားသည်။
ထို့အပြင် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ၊ သတင်းထောက်များနှင့် ပြည်သူများအပေါ် လူ့အခွင့်အရေး
ချိုးဖောက်မှုနှင့် ထိုးစစ်ဆင်မှုများ ပြုလုပ်နေသည်ဟုလည်း ဆိုသည်။

သူတို့ (အိန္ဒိယ) အမျိုးသားအကျိုးစီးပွား ကာကွယ်ရေးနဲ့ ရရှိရေးအတွက် အုပ်ချုပ်နေတဲ့ သူတွေနဲ့ ဆက်ပြီးတော့ လိုချင်တာတွေ ပေး၊ ဝယ်ချင်တာတွေ ရောင်းမယ့် အနေအထား။ နောက်တခါ ဆိုးတာကတော့ နိုင်ငံတကာ စင်မြင့်မှာ မြန်မာအုပ်ချုပ်သူများ အလွန်လိုချင်နေတဲ့ နိုင်ငံရေးအရ ကာကွယ်မှု၊ သံတမန်ရေးအရ ကာကွယ်မှု
 
တွေကို အိန္ဒိယအစိုးရက တောက်လျှောက် လုပ်လာတော့ ဒါလည်းပဲ ဆက်လုပ်နေမယ်လို့ ကျနော်က ထင်တယ်”
ဟု NCGUB ညွန့်ပေါင်းအစိုးရ ပြန်ကြားရေးဝန်ကြီး ဒေါက်တာတင့်ဆွေက မဇ္ဈိမကို ပြောဆိုသည်။
အိန္ဒိယဘက်မှ စစ်လက်နက်များ တင်ဆောင်ထားသည့် မြန်မာစစ်ကား ၅၂ စီး ဇူလိုင် ၇ ရက်တွင် မြန်မာပြည်တွင်း ဝင်ရောက်ခဲ့သည့်အပေါ် ယနေ့ဆန္ဒပြပွဲက ကန့်ကွက်ခဲ့သေးသည်။ မဏိပူရပြည်နယ် မိုးရေးမြို့မှ စစ်ကိုင်းတိုင်း တမူးမြို့မှတဆင့် ဝင်ရောက်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

ကျမတို့အနေနဲ့ အိန္ဒိယဘက်ကနေ မြန်မာဘက်ကို စစ်ကား ၅၂ စီး ပို့ခဲ့တယ်ဆိုတာကိုပဲ သိရတယ်။ အသေးစိတ် မသိရသေးဘူး။  ကျမတို့ ဒီသတင်းတွေကို နယ်စပ်မှာရှိတဲ့ သတင်းအေဂျင်စီတွေကနေ ရတာပါ။ အခုကိစ္စကတော့ ကျမတို့ ဆန္ဒပြတဲ့ထဲမှာပါတဲ့ ကိစ္စရပ်တခုပါ။ ဒါက အိန္ဒိယက မြန်မာနိုင်ငံကို စစ်လက်နက် ထောက်ပံ့နေတဲ့အထဲက အစိတ်အပိုင်းတခုပါ” ဟု မစ္စစ် Alana Golmei က ပြောသည်။
အဆိုပါ စစ်ကား ၅၂ စီးကိစ္စနှင့် ပတ်သက်၍ မဇ္ဈိမကလည်း သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

အိန္ဒိယက ဒီလိုအချိန်မျိုးမှာပေါ့လေ။ လက်နက်ပစ္စည်းတွေ မြန်မာပြည်ပို့တယ်ဆိုတဲ့ သတင်းက မှန်ခဲ့လို့ရှိရင်
တော့ ဒီဟာဟာ မဖြစ်သင့်တဲ့ ကိစ္စဖြစ်တယ်။ အချိန်ရွေးမှုလည်း အင်မတန်မှ လွဲမှားတယ်။ ဘာကြောင့်လဲဆို
တော့ သိတဲ့အတိုင်း မြန်မာပြည်မှာ တိုင်းရင်းသား အဖွဲ့အစည်းတွေနဲ့ တိုက်ပွဲတွေက အနည်းဆုံး ပြည်နယ် ၃ ခုမှာတောင် ဖြစ်နေတဲ့ အချိန်မှာ လက်နက်တွေ ပေးတယ်ဆိုတော့ ဒါဟာ မှားယွင်းတဲ့ အချိန်ရွေးချယ်မှု” ဟု ဒေါက်တာတင့်ဆွေက ဆိုသည်။
အိန္ဒိယအနေဖြင့် ၎င်းတို့အကျိုးစီးပွားအတွက် လက်နက်နှင့် ချဉ်းကပ်ခြင်းမှာ မှားယွင်းကြောင်းနှင့် ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီနှင့် အကြမ်းမဖက်မှု ကိုင်စွဲခဲ့ခြင်း၊ ဗုဒ္ဓဘာသာ ထွန်းကားရာ ဒေသဖြစ်သည့်အတွက် နဂိုရှိရင်းစွဲ အရည်အချင်းများနှင့်သာ ချဉ်းကပ်သင့်သည်ဟု သူက ဆက်ပြောသည်။

လက်နက်ရောင်းတာကတော့ ဘယ်နေရာရောင်းရောင်း ရတယ်။ ခုနပြောတဲ့ အကြမ်းဖက်မှုနဲ့ ဘာသာရေး အဆုံးအမတွေကို တခြားနိုင်ငံတွေ လုပ်မရဘူး။ ဆိုလိုချင်တာက အိန္ဒိယဟာ သူ့ရဲ့ ကိုယ်ပိုင် အရည်အသွေး
တွေကို သုံးပြီးတော့ နိုင်ငံတကာ ဆက်ဆံရေး၊ သူ့အကျိုးစီးပွား ဖြည့်ဆည်းအောင် လုပ်သင့်တယ်လို့ ယူဆပါ တယ်” ဟု သူက ဆိုသည်။
မြန်မာ့မြေပေါ်တွင် အခြေချ လှုပ်ရှားနေသည့် အိန္ဒိယအရှေ့မြောက်ပြည်နယ် ခွဲထွက်ရေး သူပုန်များအား နှိမ်နင်းရန် အတွက် အိန္ဒိယအစိုးရက မြန်မာစစ်အစိုးရကို လက်နက်များ ဈေးပေါပေါနှင့် ယခင်က ထုတ်ရောင်းခဲ့စဉ် ကလည်း
 
မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူများက ကန့်ကွက်ခဲ့ကြသေးသည်။ သို့သော် ၂ဝဝ၈ ခုနှစ် မတ်လထဲတွင် အိန္ဒိယ  နိုင်ငံခြားရေးဝန်ကြီး ပရာနတ်ဘ် မူကာဂျီးက ၎င်းတို့အစိုးရအနေဖြင့် မြန်မာနိုင်ငံကို လက်နက်ထောက်ပံ့ခဲ့သည်မှာ မဟုတ်မှန်ကြောင်း အမေရိကန် ဝါရှင်မြို့တော်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ငြင်းဆိုခဲ့သည်။
ဆွီဒင်နိုင်ငံ Stockholm အပြည်ပြည်ဆိုင်ရာဌာန - SIPRI မှ သုတေသနပညာရှင် Siemon Wezeman အဆိုအရ ၂ဝဝ၆ အောက်တိုဘာလထဲတွင် ၇၅ နှင့် ၁ဝ၅ မီလီမီတာသေနတ်များ တင်ပို့ခဲ့ပြီး T-55 တင့်ကားများ၊ သံချပ်ကာကားများ၊ မော်တော်ကားများနှင့် ရဟတ်ယာဉ်များလည်း ပို့ဆောင်ခဲ့ကြောင်း ဝီကီလိခ်ကြေးနန်း များတွင်  ဖော်ပြပါရှိသော်လည်း သီးခြား အတည်ပြုချက် မရရှိသေးပေ။
ယင်းအပြင် ၂ဝ၁ဝ နှစ်ကုန်ပိုင်းက အိန္ဒိယ-မြန်မာ သဘောတူညီချက်တွင် ရိုင်ဖယ်သေနတ်များ၊ သံချပ်ကာ  ကားများနှင့် ကင်းလှည့်လေယာဉ်များ ထောက်ပံ့ရန် လက်မှတ်ရေးထိုးခဲ့ကြေင်း မစ္စတာ Wezeman က ဝီကီလိခ်တွင် ပြောကြားထားသည်။
ယနေ့ဆန္ဒပြပွဲအပြီးတွင် အိန္ဒိယအဖွဲ့များနှင့် မြန်မာ့အရေး လှုပ်ရှားသူများက လက်မှတ်ရေးထိုး ကန့်ကွက်လွှာ ၂ စောင်အား ဝန်ကြီးချုပ် ဒေါက်တာမန်မိုဟန်ဆင်းထံ ပေးပို့ခဲ့ကြသည်။
ထောက်လှမ်းရေးအရာရှိ ဗိုလ်မှူးကြီးစန်းပွင့် ထောင်ထဲတွင်ပင်ရှိသေး
မျိုးသန့် | သောကြာနေ့၊ ဇူလိုင်လ ၂၂ ရက် ၂၀၁၁ ခုနှစ် ၁၉ နာရီ ၃၈ မိနစ်

ချင်းမိုင် (မဇ္ဈိမ) ။        ။ အစိုးရက ၂ဝဝ၄ ခုနှစ်တွင် ဖမ်းဆီးထားခဲ့သော ထောက်လှမ်းရေး အရာရှိကြီးဟောင်း တဦးဖြစ်သူ ဗိုလ်မှူးကြီးစန်းပွင့်မှာ ထောင်ထဲတွင်ပင် ရှိနေသေးကြောင်း မိသားစုဝင်တဦးက ပြောသည်။
အသက် ၆ဝ ကျော်ခန့်ရှိ ဗိုလ်မှူးကြီးစန်းပွင့်သည် ယခုအခါ မကွေးတိုင်း သရက်ထောင်တွင် ပြစ်ဒဏ်များ ကျခံနေရပြီး တနင်္လာနေ့တွင် ထောင်ဝင်စာ သွားရောက် ပေးပို့ခဲ့သည်ဟုလည်း ဗိုလ်မှူးကြီးစန်းပွင့်၏ မိသားစုဝင်က ဆိုသည်။
ကြာသပတေးနေ့ထုတ် ဧရာဝတီ သတင်းတပုဒ်တွင်တော့ ဗိုလ်မှူးကြီးစန်းပွင့်မှာ ဇွန်လအတွင်းက လွတ်မြောက် လာခဲ့သည်ဟု ဆိုသည်။
ဗိုလ်မှူးကြီးစန်းပွင့်မှာ ဆိုင်းငံ့ထောင်ဒဏ် ၄၄ နှစ်အပြစ်ပေးခံရပြီး ရန်ကုန်တွင် နေအိမ် အကျယ်ချုပ်ခံနေရပြီး တာဝန်မှ ဖယ်ရှားခံလိုက်ရသူ ဝန်ကြီးချုပ်ဟောင်းနှင့် စစ်ထောက်လှမ်းရေး အကြီးကဲဟောင်း ဗိုလ်ချုပ်ကြီးခင်ညွန့်၏ အားကိုးရသူ တဦးလည်း ဖြစ်သည်။
သို့သော် တပ်မတော် ထောက်လှမ်းရေး ညွှန်ကြားရေးမှူးချုပ်ရုံး အုပ်ချုပ်ရေးဌာန အရာရှိ ဒုဗိုလ်မှူးကြီးဟောင်း သက်တင်စိန်ကတော့ သမ္မတဦးသိန်းစိန်၏ တနှစ်လျော့ ပြစ်ဒဏ်ဖြင့် မေလတွင် လွတ်မြောက်လာခဲ့သည်ဟု  ထောက်လှမ်းရေးဟောင်း သတင်းရပ်ကွက်က ပြောသည်။
ဗိုလ်မှူးကြီးစန်းပွင့်နှင့် ဒုဗိုလ်မှူးကြီး သက်တင်စိန်တို့မှာ တိုင်းရင်းသားရေးရာ ကျွမ်းကျင်သူများ ဖြစ်သည်ဟု ဆိုသည်။
အရာရှိ အများအပြား နှစ်ရှည်ထောင်ဒဏ် ကျခံရပြီး အများဆုံး ထောင်ဒဏ် နှစ် ၁၆ဝ ထိ ချမှတ်ခဲ့သည့် ၂ဝဝ၄ ခုနှစ် သြဂုတ်လအတွင်း နိုင်ငံတဝှမ်းလုံးရှိ စစ်ထောက်လှမ်းရေးကို ဖျက်သိမ်း အရေးယူမှု ပြုသည့်အထဲ ပါဝင်သွားခဲ့ကာ ဗိုလ်မှူးကြီးစန်းပွင့်ကို အဂတိ လိုက်စားမှု၊ အာဏာအလွဲသုံးစား လုပ်မှုတို့ဖြင့်  ထောင်ဒဏ် ၄၃ နှစ် ချမှတ်ခဲ့သည်။
ဗိုလ်မှူးကြီး စန်းပွင့်သည် အဖမ်းခံရချိန်အထိ ရန်ကုန်မြို့ ရှစ်မိုင်လမ်းဆုံ အနီးရှိ စစ် ထောက်လှမ်းရေး ဌာနချုပ်တွင် တာဝန်ထမ်းဆောင်ကာ တိုင်းရင်းသားရေးရာ ဒုတိယ တာဝန်ခံအဖြစ် တာဝန်ယူခဲ့သည်။
စစ်အစိုးရ စည်းဝိုင်းအတွင်း အားပြိုင်မှု၊ တိုက်ခိုက်ရေး တပ်များနှင့် ထောက်လှမ်းရေး ယန္တရား၏ အားပြိုင်မှု အကျိုးဆက်မှသည် ထောက်လှမ်းရေး ဖျက်သိမ်းခံရခြင်း အထိ သက်ရောက်မှုများ ရှိခဲ့သည်ဟု လူအများက ယုံကြည်ကြသည်။

ကော်မရှင် အဆင့်ဆင့်ကို ဥပဒေများ ပိုမိုရှင်းပြသင့်
ကိုပေါက် | သောကြာနေ့၊ ဇူလိုင်လ ၂၂ ရက် ၂၀၁၁ ခုနှစ် ၁၉ နာရီ ၀၇ မိနစ်

နယူးဒေလီ (မဇ္ဈိမ) ။      ။ ၃၇ ပါတီကိုသာမက ရွေးကောက်ပွဲ ဥပဒေများကို ချိုးဖောက်ခဲ့သည့် မြို့နယ်နှင့် ရပ်ကွက်
 
ကော်မရှင်အဆင့်ဆင့်အား ပိုမိုရှင်းပြသင့်ကြောင်း ဒီမိုကရက်တစ်ပါတီ (မြန်မာ) DPM ဥက္ကဋ္ဌ ဦးသုဝေက ပြောသည်။
 
ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများ ရှင်းလင်းမည်ဟု ၂ဝ၁၁
 
ရွေးကောက်ပွဲဝင် ၃၇ ပါတီအား ဇူလိုင် ၂၇ ရက်တွင် နေပြည်တော်သို့ လာရောက်ရန် ဖိတ်ကြားလိုက်ပြီးနောက် ဦးသုဝေက ထိုသို့ ပြောဆိုခြင်း ဖြစ်သည်။

ဖိတ်စာထဲမှာတော့ ဥပဒေတွေ၊ နည်းဥပဒေတွေ ရှင်းပြမယ်
 
ပြောတာကိုး။ ဒါပေမဲ့ ပြီးခဲ့တဲ့ ရွေးကောက်ပွဲတုန်း ကတော့
အဲဒီ ဥပဒေနဲ့ နည်းဥပဒေတွေကို ချိုးဖောက်တာက ရွေးကောက်ပွဲ
 
ကော်မရှင်နဲ့ သူတို့အစိုးရ အရာရှိတွေ ဖြစ်နေတယ်ဗျ။ အမှန်အတိုင်း ပြောရရင် ဒီဥပဒေတွေ၊ နည်းဥပဒေတွေကို အဆင့်ဆင့် ကော်မရှင် တွေနဲ့ သက်ဆိုင်ရာ မြို့နယ်တွေ၊
ရပ်ကွက်တွေက အရာရှိတွေကို ရှင်းပြဖို့တောင် ပိုကောင်းတယ်”
ဟု သူက မဇ္ဈိမကို ပြောသည်။
 
အဆိုပါ ဥပဒေနှင့် နည်းဥပဒေများကို ၂ဝ၁ဝ မတ်လဆန်းတွင် ထုတ်ပြန်ခဲ့ပြီး ယခုအခါ ပထမဆုံးအကြိမ် အဖြစ် နိုင်ငံရေးပါတီ
များအား ခေါ်ယူရှင်းလင်းခြင်း ဖြစ်သည်။ တပါတီလျှင် ဥက္ကဋ္ဌနှင့် အထွေထွေ အတွင်းရေးမှူး တက်ရောက်ရန် ဖိတ်ကြားသည်။
 
ကော်မရှင် ဖိတ်ကြားမှုအပြီး ဒီမိုကရေစီ မိတ်ဆွေပါတီ ၁ဝ ခုက ကြာသပတေးနေ့တွင် ရန်ကုန်၌ တွေ့ဆုံညှိနှိုင်းခဲ့ရာ၊ ၎င်းတို့ တင်ပြဆွေးနွေးမည့် ကိစ္စများနှင့် ပတ်သက်၍ ဦးသုဝေက “ပြီးခဲ့တဲ့ ရွေးကောက်ပွဲက ချို့ယွင်းချက်တွေကို စုစည်းပြီး ပြန်တင်ပြမှာပေါ့။ အခုလာမယ့် ကြားဖြတ် ရွေးကောက်ပွဲမှာ ဒါတွေကို ပြုပြင်ထိန်းသိမ်းပေးပါ။ ဥပဒေအတိုင်း လုပ်ပါဆိုတာတွေ တင်ပြမှာပေါ့” ဟု ပြောသည်။
 
၂ဝ၁ဝ နိုဝင်ဘာ ရွေးကောက်ပွဲများတွင် မတရားမှုများ များပြားလှသော်လည်း ရွေးကောက်ပွဲကော်မရှင်သို့ တိုင်ကြားသည့် အမှုပေါင်းမှာ ၃ဝ သာ ရှိခဲ့သည်။ ၎င်းတို့အနက် အာဏာရ ကြံ့ဖွံ့ပါတီက တိုင်ကြားခဲ့သည့်
အမှုမှာ ၂၇ မှု ဖြစ်သည်။
 
ကြားဖြတ်ရွေးကောက်ပွဲတွင် ‘ဒီမိုကရေစီမိတ်ဆွေများ ကြားဖြတ်ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်း ကော်မတီ’
အမည်ဖြင့် အမျိုးသားဒီမိုကရေစီအင်အားစုများ NDF DPM ၊ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီ၊ ပြည်ထောင်စု ဒီမိုကရေစီပါတီနှင့် ကရင်၊ ရှမ်း၊ မွန်၊ ချင်း၊ ရခိုင် စသည့် တိုင်းရင်းသားပါတီ ၁ဝ ပါတီက စုဖွဲ့ထားကာ မဲဆန္ဒနယ်
၎ဝ တွင် ဝင်ပြိုင်ရန် ဇူလိုင် ၁၈ ရက်တွင် စာရင်းသွင်းခဲ့သည်။
 
ဇူလိုင် ၂၇ ရက် ကော်မရှင်နှင့် အစည်းအဝေးတွင် ၎င်းတို့ ပါတီများ၏ သဘောထားများ တင်ပြခွင့်ရမရ မသေချာသေးပေ။ အကယ်၍ ၁ဝ ပါတီကိုယ်စား ပြောခွင့်ရပါက ဦးသုဝေနှင့် NDF မှ တဦးဦး ဖြစ်နိုင်ကြောင်း သိရသည်။
 
ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်အေးမှာ ၂ဝ၁၁ ဖေဖော်ဝါရီ ၁၇ ရက် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင်
သမ္မတ ဦးသိန်းစိန်က အဆိုတင်သွင်းခဲ့ရာမှ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဖြစ်လာသည်။
 
မကြာမီက အသစ်ထပ်မံဖွဲ့စည်းလိုက်သည့် သင်္ကန်းကျွန်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့် ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီပါတီသစ်မှာ မှတ်ပုံတင် မကျသေး၍ ဖိတ်ကြားခြင်း မခံရပေ။
ကျပ်သိန်းပေါင်း တသိန်း ရန်ကုန်မှာ ကြံ့ဖွံ့ထုတ်ချေး
မဇ္ဈိမသတင်းဌာန | သောကြာနေ့၊ ဇူလိုင်လ ၂၂ ရက် ၂၀၁၁ ခုနှစ် ၁၈ နာရီ ၂၈ မိနစ်

မဇ္ဈိမသတင်းဌာန ။      ။ ချေးငွေယူလျှင် ပါတီဝင်ရသည့် ကျပ်သိန်းပေါင်း တသိန်းအား ရန်ကုန်တိုင်းအတွင်း ထုတ်ချေးခဲ့ကြောင်း အာဏာရ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ တိုင်းတာဝန်ခံ ဦးအောင်သိန်းလင်းက ပြောသည်။
 
ကြာသပတေးမနက် ၁ဝ နာရီတွင် ရန်ကုန်တိုင်း ကြံ့ဖွံ့ရုံးချုပ်၌ ကျင်းပသော ၎င်းတို့ပါတီနှင့် အခြား ၅ ပါတီမှ လူငယ်များ ဂျပန်သွားရောက်ခဲ့သည့် ခရီးစဉ်အကြောင်း ရှင်းလင်းသည့် အခမ်းအနား၌ ပြောဆိုခဲ့ခြင်း ဖြစ်သည်။
အတိုးနှုန်း ၂ ကျပ် ယူသည့် အသေးစား ချေးငွေ

သိန်းပေါင်း ၇ သောင်းနှင့် လယ်သမားများကို စိုက်ပျိုးစရိတ် ချေးငွေ သိန်းပေါင်း ၃ သောင်း ထုတ်ချေးခဲ့ကာ၊ ရရှိလာမည့် အတိုးများကို လူထုကျန်းမာရေးအတွက် ဆောင်ရွက်မည်ဟု ဦးအောင်သိန်းလင်းက ပြောသည်။ သူသည် လက်ရှိ တောင်ဥက္ကလာပ ပြည်သူ့လွှတ်တော် အမတ် ဖြစ်ပြီး၊ ရန်ကုန်မြို့တော်ဝန်ဟောင်းလည်း
ဖစ်သည်။
 
ရွှေပြည်သာမြို့နယ်မှ ကြံ့ဖွံ့ပါတီ စည်းရုံးရေးမှူးတဦးက ‘‘ မြို့နယ်ကို ဒီလောက် ငွေချေးပေးနေတာ၊ ပါတီကိုလည်း သိတတ်ရမှာပေါ့၊ ပြည်သူနဲ့ အပြန်အလှန်ပေါ့ ဆိုတာမျိုး ပြည်သူကို ပြောပြတယ်။ ပြီးတော့ သူတို့ကို ငွေချေးတယ်။ လူတွေကလည်း ပါတီ ဝင်ကြတယ်။ ငွေချေးလို့လေ’’ ဟု ဆိုသည်။
မြောက်ဥက္ကလာပ မြို့ခံတဦးကလည်း ‘‘ကျမတို့ကို တယောက်ကို ၃ သောင်း ချေးတယ်။ ကျမတို့အဖွဲ့မှာ  ခေါင်းဆောင်တယောက် ပါတယ်။ ငွေချေးတာ အပေါင်တော့ မပေးရဘူး။ ဒါပေမဲ့ ပါတီတော့ ဝင်ရတယ်’’ ဟု ပြောသည်။
 
ဦးအောင်သိန်းလင်းက ရန်ကုန်၌ (ဖြိုးစေတနာ) အခမဲ့ဆေးခန်း ၃၅ ခု ဖွင့်လှစ်ခဲ့သလို သမိုင်းလမ်းဆုံတွင် ၆ ထပ်  ဆေးရုံဖွင့်ကာ အခမဲ့ မျက်စိခွဲစိတ်ပေးနေပြီး၊ အင်းစိန် GTI ၌ အခမဲ့ ကျောက်ကပ်ဆေးခြင်းကို  ဆောင်ရွက်ခဲ့ကြောင်းနှင့် မကြာမီတွင် အခမဲ့ သားဖွားဆေးရုံ ဖွင့်လှစ်မည်ဖြစ်ကြောင်း ပြောဆိုခဲ့သေးသည်။
အစိုးရတပ်က ကချင်ဘက် လက်နက်ကြီး ပစ်ခတ်
ဖနိဒါ | သောကြာနေ့၊ ဇူလိုင်လ ၂၂ ရက် ၂၀၁၁ ခုနှစ် ၁၈ နာရီ ၂၂ မိနစ်

ချင်းမိုင် (မဇ္စျိမ) ။       ။ မည်သည့်ဘက်သို့ ရည်ရွယ်ပစ်ခတ်မှန်း မသိရသေးသော လက်နက်ကြီး အလုံး ၂ဝ ကျော် ပစ်ခတ်မှုကို ကချင်ပြည်နယ် ဒေါ့ဖုန်းယန်မြို့နယ်ခွဲ အခြေစိုက် အစိုးရအမြောက်တပ်က ကြာသပတေးနေ့ ညပိုင်းတွင် ပြုလုပ်ခဲ့ကြောင်း ကချင်လွတ်မြောက်ရေးအဖွဲ့ KIO က ပြောသည်။

KIO
ဌာနချုပ်ရှိရာ လိုင်ဇာမြို့မှ ၂၅ မိုင်အကွာရှိ အဆိုပါ အမြောက်တပ်က မည်သည့်အရပ်သို့ ချိန်ရွယ်ပစ်ခတ် သည်ကို မသိရသော်လည်း ည ၉ နာရီမှ ၁၁ နာရီအတွင်း လက်နက်ကြီး ပေါက်ကွဲသံများ လိုင်ဇာမြို့မှ အတိုင်းသား ကြားခဲ့ရသည်။

ကျနော်တို့ဘက်ကို ပစ်တယ်ထင်တယ်။ ကျနော်တို့ တပ်ရင်း ၂၄ ကို ပစ်တာလား၊ ဘယ်မှာ ထိခိုက်တာရှိမရှိ မသိသေးတော့ ပြောလို့ မရသေးဘူး။ ၈၁ နဲ့ ၇၆ မမ လက်နက်တွေ ဖြစ်မယ်ထင်တယ်။ ဘယ်နေရာမှာ ကျတယ် ဆိုတာ အခုထိ စုံစမ်းနေပါတယ်။ အလုံး ၂ဝ ကျော်လောက်” ဟု KIO တွဲဘက်အတွင်းရေးမှူး ဦးလနန်က မဇ္ဈိမကို  ပြောသည်။ KIO ကို ခြိမ်းခြောက်ခြင်း ဖြစ်နိုင်သည်ဟု ဆိုသည်။

KIA
တပ်မဟာ ၅ လက်အောက်ခံ တပ်ရင်း ၂၄ မှာ ဒေါ့ဖုန်းယန်အရှေ့ဘက်၌ တည်ရှိသည်။
 
မြစ်ကြီးနား-ဗန်းမော်ကားလမ်းရှိ ဒေါ့ဖုန်းယန်မြို့နယ် ခလားနှင့် နွမ်လန်းရွာကြား ပျဉ်နှင့် သံဘောင်ဖြင့် လုပ်ထားသော တံတား ၂ စင်းကို KIO တပ်ဖွဲ့များက ကြာသတေးနေ့တွင် မိုင်းခွဲခဲ့အပြီး လက်နက်ကြီး ပစ်ခတ်မှု ဖြစ်လာခဲ့သည်ဟု လိုင်ဇာမှ အရာရှိတဦးကလည်း  မဇ္စျိမကို ပြောသည်။

ဒေါဖုန်းယန်ရဲ့ ခလားနဲ့ နွမ်လန်းရွာ အောက်ဘက်က တံတားရယ်၊ အထက်က တံတားရယ် ဖောက်ခွဲလိုက်တယ်။
ည ၈ နာရီ ကျော်ကျော်လောက်မှာ တံတားမိုင်းခွဲတာကို အစိုးရဘက်က ဘယ်လိုထင်သလဲ မသိဘူး၊ လက်နက်ကြီးနဲ့ ပစ်တယ်။ ၂ စင်းတော့ မိုင်းခွဲတယ်။ တစင်းက မိုင်းမကွဲဘူးလို့ ပြောတယ်” ဟု သူက ဆိုသည်။
 
ဗုဒ္ဓဟူးနေ့ ညတွင်လည်း မြစ်ကြီးနား-ဗန်းမော်ကားလမ်းရှိ ဝိုင်းမော်မြို့နယ် ဂါးရားယန်နှင့် ကဇူးရွာအကြား ပမွေမြစ်ပေါ် ဆောက်လုပ်ထားသော ပေ ၃ဝ ခန့်အရှည် ကွန်ကရစ်တံတားကို မိုင်းခွဲဖျက်ဆီးခဲ့သေးသည်။
 
ယခုရက်ပိုင်းအတွင်း မြစ်ကြီးနားနှင့် ဗန်းမော်ဘက်မှ အစိုးရ စစ်ယာဉ်တန်းများနှင့် စစ်အင်အား တိုးချဲ့လာသဖြင့် တံတားများ ဖျက်ဆီးပစ်ရသည်ဟု ဦးလနန်က ဆိုသည်။

အစိုးရတပ်ရဲ့ လှုပ်ရှားမှုကြောင့် ကျနော်တို့ဘက်က ကြိုတင်စီမံပြီး လုပ်ရတာပဲ။ စစ်ယာဉ်တန်းတွေလည်း ကျနော် တို့ လိုင်ဇာဘက်ကို တက်လာတယ်လို့ သတင်းအတိအကျ ရလာတယ်။ အဲဒါကြောင့် ကျနော်တို့ လုပ်သင့်လို့ လုပ်တယ်လို့ သတ်မှတ်တယ်” ဟု သူက ပြောသည်။
 
ဖားကန့်မြို့နယ် နမ်တိန်ရွာအနီး တောင်ကုန်းတခုပေါ်ရှိ ကားလမ်းတွင် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် - မပခ လက်အောက်ခံ တပ်ရင်း ၂၉၈ မှ တပ်ဖွဲ့များနှင့် KIO စစ်ယူနီဖောင်းဝတ် အစိုးရ တပ်ဖွဲ့များအကြား ဇူလိုင် ၂ဝ ရက် ညနေပိုင်းတွင် မှားယွင်းပစ်ခတ်မှု ဖြစ်ခဲ့ကြောင်းနှင့် တနာရီခန့်ကြာ တိုက်ပွဲအတွင်း ဒုဗိုလ်တဦး၊ တပ်ကြပ်တဦးနှင့် တပ်သားတဦး သေဆုံးကာ၊ ၇ ဦး ဒဏ်ရာရရှိကြောင်း  KIO သတင်းရပ်ကွက် အဆိုအရ သိရသည်။
ဒဏ်ရာပြင်းဒဏ်သူ ၃ ဦးကို မိုးကောင်း ဆေးရုံသို့ ပို့လိုက်ပြီး၊ ကျန် ၄ ဦးမှာ ကာမိုင်း ဆေးရုံတွင် ဆေးကုသမှု ခံယူနေသည်။

အစိုးရတပ်တွေ မကောင်းတာ လုပ်တာတွေကို KIO တပ်သားတွေ လုပ်တယ် ထင်အောင် လုပ်တာလည်း
 
ဖြစ်နိုင်တယ်။ သူတို့က ရိုးသားတဲ့ ရည်ရွယ်ချက် မဟုတ်ပါဘူး။ ဒီလိုစစ်ပွဲကာလတွေမှာ တခြား ကိုယ့်ရဲ့ ရန်သူရဲ့ ယူနီဖောင်း ဝတ်တယ်ဆိုတာက မသမာနည်းပါ၊ ကောက်ကျစ်တဲ့ စဉ်းလဲတဲ့ ကျင့်ကြံမှု တခုပဲ။ ရိုးသားမှု မရှိဘူး။ သူရဲဘောကြောင်တဲ့ လုပ်ရပ်ပါ” ဟု ဦးလနန်က ပြောသည်။
 
ပြီးခဲ့သည့် ဇွန်လပိုင်းတွင်လည်း ဗန်းမော်ကားလမ်းပေါ်၌ KIO ယူနီဖောင်းဝတ် အစိုးရတပ်ဖွဲ့ ခရီးသည်များကို စစ်ဆေးမေးမြန်းမှု၊ ရိုက်နှက်မှု ပြုလုပ်ခဲ့ကာ၊ လက်ရှိ ဖားကန့်လမ်းပေါ် တိုက်ပွဲအပြင် အခြားနေရာများ၌လည်း ယခုလို လှည့်စားမှုများလည်း ရှိနိုင်သည်ဟု သူက ဆိုသည်။
 
ဇွန်လ ၉ ရက်တွင် စတင်ခဲ့သည့် အစိုးရတပ်နှင့် KIO အကြား တိုက်ပွဲများကြောင့် စစ်ဘေးရှောင်ခဲ့သည့် ကချင်ဒုက္ခသည် ၁၆ဝဝဝ ကျော်အတွက် တရုတ်နိုင်ငံ ယူနန်ပြည်နယ် ရင်ကျန်းခရိုင်ရှိ ကြက်ခြေနီအဖွဲ့က တရုတ်ယွမ်ငွေ ၈ သောင်းခန့် တန်ဖိုးရှိ ဆေးဝါးပစ္စည်းများ ပထမဆုံးအကြိမ် ထောက်ပံ့ခဲ့ကြောင်း KIO ကျန်းမာရေးဌာန အရာရှိတဦး ပြောဆိုချက်အရ သိရသည်။

ကူးစက်ရောဂါတွေနဲ့ပတ်သက်တဲ့ ကာကွယ်ဆေးဖြစ်တဲ့ ငှက်ဖျားဆေး၊ တုပ်ကွေးရောဂါတွေကို ပုံမှန် ကူညီနေတယ်။ ကျနော်တို့ ကျန်းမာရေးဌာနကို ပုံမှန်ကူညီနေတဲ့ အဖွဲ့က စစ်ပြေးဒုက္ခသည်တွေ အတွက်ပါ သောက်ဆေးတွေ ကူညီတာပါ” ဟု သူက ပြောသည်။ လိမ်းဆေး၊ သောက်ဆေးနှင့် ပိုးသတ်ဆေးများသာ ပါဝင်သဖြင့် ထိုးဆေးများ လိုအပ်သေးသည်ဟု ဆိုသည်။
 
လက်ရှိ စစ်ပြေးဒုက္ခသည်များသည် ဝမ်းကိုက်၊ နှာစေး၊ ချောင်းဆိုး၊ မျက်စိနာ၊ အရေပြား ယားယံခြင်း စသည့်ရောဂါ များ ဖြစ်ပွားနေသဖြင့် ပဋိဇီဝ ထိုးဆေးများ လိုအပ်နေသည်။
 
နှစ်ဖက် အပစ်ရပ်စဲရန် ကြားဝင်စေ့စပ်ပေးသော ငြိမ်းချမ်းတည်ငြိမ်ရေးနှင့် ညှိနှိုင်းရေး ကိုယ်စားလှယ်များနှင့် KIO က ပြီးခဲ့သည့် ဇွန် ၃ဝ ရက် တွေ့ဆုံမှုနောက်ပိုင်း ဇူလိုင် ၇ ရက်တွင် ကိုယ်စားလှယ် တဦးမှတဆင့် အပြန်အလှန် စာပေးပို့ခဲ့ကာ ယနေ့ထိ ပြန်လည် တွေ့ဆုံဆွေးနွေးမှု မရှိသေးပေ။
စံချိန်တင်မိုးကြောင့် ရခိုင်မြို့နယ် ၇ နယ်တွင် ရေကြီး
ကျော်ခ | သောကြာနေ့၊ ဇူလိုင်လ ၂၂ ရက် ၂၀၁၁ ခုနှစ် ၁၅ နာရီ ၂၈ မိနစ်

ချင်းမိုင် (မဇ္ဈိမ)။ ။ စံချိန်တင် မိုးကြောင့် ရခိုင်ပြည်နယ် မြို့နယ် ၇ ခုအတွင်း လယ်ယာမြေများ ရေမြုပ်ကာ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်မှုများ ရှိခဲ့သည့်အပြင် စာသင်ကျောင်းများနှင့် ဈေးများလည်း ပိတ်လိုက်ရသည်။
ဇူလိုင် ၁၈ ရက်မှစ၍ အဆက်မပြတ် မိုးရွာသွန်းခဲ့သဖြင့် မြောက်ဦး၊ ကျောက်တော်၊ သံတွဲ၊ တောင်ကုတ်၊ ဂွ၊ ဘူးသီးတောင်၊ မောင်တော မြို့နယ်များနှင့် အနီးတ၀ိုက် ”ရေပင်လယ်ကြီး” ဖြစ်နေသည်ဟု ဒေသခံများက ပြောသည်။
မြောက်ဦးတွင် အဆိုးဆုံးဖြစ်ကာ အထက်တန်းကျောင်းသားတဦး ရေနစ်သေဆုံးခဲ့သည်။ မြို့ပေါ်ရှိရပ်ကွက်များတွင် ရေအမြင့် ၄ ပေထိ တက်ခဲ့ပြီး ဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်းများ၌ သွားရောက်ခိုလှုံရသူများ ရှိလာသည်ဟု မြို့ခံများက ပြောသည်။

မိုးက ၄ ရက်လောက်ရှိပြီ၊ ဆက်တိုက်ရွာနေတော့ ရေက အခု ရင်ဆို့လောက်ရှိတယ်။ မြို့ထဲမှာ ဘယ်မှ သွားလို့ မရဘူး။ လှေနဲ့သွားရင်တော့ ရရဲ့။ တခြားမြို့ရွာတွေနဲ့တော့ အဆက်အသွယ်ပြတ်သွားပြီ။ ဘယ်မှ သွားလို့ မရတော့ဘူး။ ပင်လယ်ပြင်ကြီးထဲမှာလိုပဲ” ဟု မြို့ခံ အထက်တန်းကျောင်း ဆရာတဦးက မဇ္ဈိမကို ပြောသည်။
သူက ဆက်ပြီး “ကျောင်းတွေ ရေမြုပ်နေလို့ ပိတ်ထားတယ်။ စာသင်လို့ မရဘူး၊ မြို့ထဲတောင် သွားလို့လာလို့ မရဘူး ဖြစ်နေတယ်” ဟု ဆိုသည်။
ဇူလိုင် ၁၉ ရက်တွင် တိုင်းထွာခဲ့သည့် မိုးရေချိန်အရ မြောက်ဦးမြို့၌ ယခင်စံချိန်ဟောင်း ၈ ဒဿမ ၉၀ လက်မကို ၉ ဒဿမ ၃၇ လက်မဖြင့် ၃၃ နှစ်ကြာ စံချိန်ကို ချိုးခဲ့ကြောင်း နေပြည်တော် မိုးလေဝသ ဇလဗေဒဌာနကို ကိုးကား၍ ၂၂ ရက်ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြခဲ့ပြီး တောင်ကုတ်၌လည်း နှစ်ပေါင်း ၁၅ နှစ်ကြာခဲ့ပြီဖြစ်သည့် စံချိန်ဟောင်း ၁၃ ဒဿမ ၀၇ လက်မကို ၂၉  ဒဿမ ၁၀ လက်မဖြင့် စံချိန်ချိုးခဲ့ကြောင်း ၂၂ ရက်ထုတ် မြန်မာ့အလင်း သတင်းစာ၌ ဖော်ပြထားသည်။
စိုက်ပျိုးလယ်မြေ ဧကပေါင်း သောင်းချီ ရေနစ်မြုပ်နေသလို ရေကြီးသဖြင့် ကျွဲ၊ နွား၊ တိရစ္ဆာန်များ ထားရန်နေရာနှင့် အစားအစာ အခက်ကြုံနေကြသည်မှာ တနင်္လာနေ့ကတည်းကပင် ဖြစ်သည်ဟု သိရသည်။
ကျောက်တော်၊ သံတွဲ၊ တောင်ကုတ်၊ ဂွ၊ ဗူးသီးတောင်နှင့် မောင်တောမြို့ပေါ်ရပ်ကွက်များနှင့် နယ်များတွင်လည်း ရေကြီးမှုဒဏ်ကို ကြုံတွေ့နေရသည်။ တောင်ကုတ်မြို့တွင် အင်္ဂါနေ့မှစ၍ ရေတက်နေသဖြင့် ကျောင်းများ ပိတ်ထားရသလို အခြေခံ စားသောက်ကုန်ဖြစ်သည့် ဆန်၊ ဆီ၊ ဆားများ ဝယ်ယူရန်ပင် အခက်တွေ့နေကြသည်။

ရေက မကျသေးဘူး။ လယ်ကွင်းဆိုတာ မြင်တောင်မမြင်ရတော့ဘူး။ ရွာတွေတောင် ကျွန်းတွေလိုပဲ မြင်ရတယ်။ ဟိုတစု ဒီတစု တပြင်လုံး ရေချည်းပဲ” ဟု တောင်ကုတ်မြို့သူ တဦးက မဇ္ဈိမကို ပြောသည်။ ရေများဖုံးလွမ်းနေသဖြင့် သံတွဲနှင့် တောင်ကုတ် ကူးသန်းသွားလာနေသည့် ကားလမ်းမကြီးတွင် ကားများ ဖြတ်သန်းသွားလားခြင်း မရှိတော့ပေ။
ကျောက်တော်မြို့ခံတဦးကလည်း “မိုးကတော့ ဆက်တိုက်ရွာတုန်းပါပဲ။ ဆက်ရွာရင် အန္တရာယ်ရှိနိုင်တယ်။ အငတ်ဘေးပြဿနာလိုပေါ့။ အခုလည်း ဈေးထဲမှာ စားသောက်ကုန်တွေက နည်းနည်း ရှားလာတယ်။ စားသောက်ကုန်တွေက လမ်းတွေ ခက်ခဲတော့ ရှားလာတာ။ ရေမြုပ်နေတော့ သွားလာရခက်ခဲလို့ ဈေးရောင်းစားတဲ့ သူတွေလည်း သိပ်မလာကြတော့ဘူး” ဟု ဆိုသည်။
၁၇ မိုင် ရှည်လျားသည့် ဘူးသီးတောင်နှင့် မောင်းတော ကူးသန်းသွားလာနေသည့် အဓိကဆက်သွယ်ရေး လမ်းမကြီးသည်လည်း ဘူးသီးတောင်မြို့မှ အသွား ၈ မိုင်အကွာတွင် တောင်ကျရေ တိုက်စားမှုကြောင့် အပျက်အစီး ကြီးမားသည်ဟု ဘူးသီးတောင် မြို့ခံများက ပြောသည်။
ဘူးသီးတောင်မြို့ပေါ်ရှိ မြို့စည်ပင်ဈေးကြီး ၅ ပေခန့် ရေနစ်မြုပ်နေသလို၊ ဈေးအနီးရှိ တောင်ပူဇာဆိပ်ကမ်းနှင့် မြို့ပေါ်ရပ်ကွက် ၄ ခု ခန့်တွင် ရေကြီးနေသည်။ အနည်းဆုံး အနီးပတ်ဝန်းကျင်  ရွာပေါင်း ၂၀ ကျော်မှာ ရေကြီးမှုနှင့် ကြုံတွေ့နေရသည်ဟု မြို့ခံများက ပြောသည်။

လူတွေဘယ်မှ သွားလို့ မရကြတော့ဘူး။ ပင်လယ်ပြင်ကြီးလို ဖြစ်နေတယ်။ ဦးဇင်းတို့တောင် အရုဏ်ဆွမ်း အခက်အခဲနဲ့ ကြုံနေရတယ်။ ကိုယ်တိုင်ချက်ပြီး ဘုန်းပေးနေရတယ်” ဟု ဘူးသီးတောင်မှ သံဃာတပါးက မဇ္ဈိမကို မိန့်ကြားသည်။
သံတွဲမြို့တွင်လည်း အမှတ် ၁၊ အမှတ် ၄ ရပ်ကွက်များ အပါအဝင် နယ်ရွာ ၉ ရွာတွင် ရေကြီးနေသည်ဟု သိရသည်။
ထို့အပြင် စံချိန်တင်မိုးကြီးမှုကြောင့် ရခိုင်ပြည်နယ်ရှိ ကားလမ်းများ ပျက်စီးနေသဖြင့် ပြည်နယ်ထဲသို့ ရန်ကုန်မှတဆင့် ကုန်စည်များ ပို့ဆောင်နေသည့် ကုန်ကားများ ရပ်ဆိုင်းခဲ့ရသည်မှာ ၂ ရက်ရှိခဲ့ပြီဟု ရန်ကုန်အခြေစိုက် ရဲမာန်အောင် ကုန်စည်ပို့ဆောင်ရေးမှ တာဝန်ရှိသူတဦးက ပြောသည်။
ရခိုင်ပြည်နယ် ရေကြီးနေစဉ် ပဲခူးတိုင်း ကဝမြို့နယ်ထဲရှိ ကျေးရွာ ၂၀ ခန့်တွင် ရေတက်ခဲ့သလို စိုက်ပျိုးထားသည့် မျိုးစပါးများပါ ရေမြုပ်ကုန်သည်။ အလားတူ ဧရာဝတီတိုင်း ဟင်္သာတမြို့ပေါ် ရေကြီးရေလျှံဖြစ်သဖြင့် ရပ်ကွက်တခု အပါအဝင် ဈေးနှင့် ကျောင်းတကျောင်း ပိတ်ခဲ့ရသည်ဟု စုံစမ်းသိရှိရသည်။
နေပြည်တော် မိုးလေ၀သဌာနက ရခိုင်တွင် ဒေသအလိုက်၊ ကချင်၊ ကရင်နှင့် မွန်ပြည်နယ်၊ ပဲခူးနှင့် တနင်္သာရီတိုင်းတွင် ဆက်လက်မိုးကြီးနိုင်ကြောင်း ဇူလိုင် ၂၂ ရက် မနက် ၇ နာရီ တိုင်းထွာချက်အရ သိရကြောင်း ထုတ်ပြန်ထားသည်။
ထို့အပြင် မြန်မာ့ကမ်းရိုးတန်းနှင့် ကမ်းလွန်တွင်လည်း မိုးသက်လေပြင်းကျ၍ လှိုင်းကြီးနိုင်ကာ မိုးသက်လေပြင်းကျစဉ် တနာရီလျှင် မိုင် ၄၀ မှ ၄၅ မိုင်အထိ ပြင်းထန်နိုင်ကြောင်း သတိပေးချက် ထုတ်ပြန်ထားသည်။
ကမ္ဘာ့ဈေးအတိုင်း မြန်မာ့ရွှေ တက်ခွင့်မပြု
သဲသဲ | သောကြာနေ့၊ ဇူလိုင်လ ၂၂ ရက် ၂၀၁၁ ခုနှစ် ၁၅ နာရီ ၄၁ မိနစ်

နယူးဒေလီ (မဇ္ဈိမ) ။      ။ ကမ္ဘာ့ရွှေဈေး စံချိန်တင် မြင့်တက်သော်လည်း ၎င်းဈေးကွက်အလိုက် ပေါက်ဈေးဖွင့်
 
ရောင်းဝယ်သည့် မြန်မာ့ရွှေဈေးမှာ အစိုးရ အမိန့်ကြောင့် လိုက်တက် မရကြောင်း ရန်ကုန် ရွှေရောင်းဝယ်ရေး အသိုင်းအဝိုင်းက ပြောသည်။
 
ဇူလိုင်လဆန်းတွင် ကမ္ဘာ့ရွှေဈေး တအောင်စ (၁ ဒဿမ ၇၆ ကျပ်သား) လျှင် ဒေါ်လာ ၁၄၈ဝ သာရှိခဲ့ကာ၊ ၁၉ ရက်နေ့တွင် ၁၆ဝ၂ ဒေါ်လာသို့ စံချိန်တင် မြင့်တက်သွားခဲ့ရာ ၎င်းဈေးနောက်လိုက်ကာ ရွှေဈေးမကစားရန် တားမြစ်ထားခြင်း ဖြစ်သည်။
အခေါက်ရွှေ တကျပ်သား ကျပ် ၆၆၂၅ဝဝ ပေါက်ဈေးမှာ




ကမ္ဘာ့ရွှေပေါက်ဈေးထက် ကျပ်တသောင်းခန့် နိမ့်ကျ
 
နေကာ၊ ဈေးလိုက်တက်ခွင့်သာ ရှိပါက ၆ သိန်း ၈ သောင်း ခန့်အထိ ရှိနိုင်ကြောင်း ရန်ကုန် ရွှေရောင်းဝယ်ရေး အသိုင်းအဝိုင်းက ခန့်မှန်းသည်။ ရွှေဈေးမတက်သော်
လည်း အရောင်းအဝယ်မဖြစ်ဟု ဆိုသည်။

ခါတိုင်းက ကမ္ဘာ့ဈေး တက်ရင် လိုက်တက်ကြတယ်။ ဒီတခါတော့ တက်လို့မရဘူး၊ ဈေးထိန်းဖို့ လေပတ်ကား
လည်း ပိတ်ထားတယ်။ မြန်မာငွေဈေးမာတော့ အဝယ်
လည်း မလိုက်ဘူး” ဟု ပန်းပဲတန်းမြို့နယ် ရွှေဘုံသာလမ်း
ရှိ ရွှေဆိုင်ပိုင်ရှင် တဦးက မဇ္ဈိမကို ပြောသည်။
 
ရွှေအရောင်းအဝယ် ဈေးကွက် လေပတ်ကား မပြုလုပ်ရန်နှင့် ဈေးမကစားရန် ရန်ကုန်တိုင်း
 
ရွှေလုပ်ငန်းရှင်များ အသင်းသို့ သက်ဆိုင်ရာက သတိပေးပြောကြားခဲ့ကြောင်း အသင်းအတွင်းရေးမှူး ဦးဝင်းမြင့်၏
 
ပြောဆိုချက်ကို ကိုးကားကာ ဇူလိုင် ၂၁ ရက်ထုတ် 7day News ဂျာနယ်က ဖော်ပြခဲ့သည်။ အသေးစိတ် သိရှိနိုင်ရန် မဇ္ဈိမက ၎င်းအသင်းသို့ ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ပေ။
 
လေပတ်ကားဆိုသည်မှာ နေ့စဉ် ကမ္ဘာ့ရွှေဈေး အတက်အကျ အပေါ် မူတည်၍ ကြိုတင်ခန့်မှန်းချက်ဖြင့် ဈေး သတ်မှတ်ပြီး နှုတ်ဖြင့် ကြိုရောင်းကြိုဝယ် ပြုလုပ်ကာ အရှုံးအမြတ် ကစားသည့် အကြီးစား ရွှေရောင်းဝယ်မှု တခုဖြစ်သည်။




‘‘ကမ္ဘာ့ပေါက်ဈေးကို ကြည့်လိုက်တယ်ဗျာ။ ဥပမာ - ၆ သိန်း ပေါက်တယ်ဆိုပါတော့ တက်မယ့် အခြေအနေ
 
မြင်ထားရင် ၆ သိန်း ၁ သောင်းနဲ့ တပိဿာ ကြိုဝယ် လိုက်တယ်။ လေနဲ့ ဝယ်ထားတာပေါ့။ ညနေ ၅ နာရီဆိုရင်
 
ဈေးပိတ်ပြီ။ အဲဒီမှာ ၆ သိန်း ၃ သောင်း ဖြစ်သွားခဲ့ရင် မနက်ကျရင် အဲဒီနှုန်းနဲ့ ငွေချေ ပစ္စည်းအပ်တာပေါ့။
 
နေ့ချင်း ရှင်းပေးရတယ်။ မပေးနိုင်လို့ ထွက်ပြေးကြလို့
 
ပြဿနာ တွေလည်း ဖြစ်ကြတာပဲ’’ ဟု ရွှေဆိုင်ပိုင်ရှင်က ရှင်းပြသည်။
အပြန်အလှန် ယုံကြည်ရသည့် ရွှေလုပ်ငန်းရှင်များ သာမက စီးပွားရေး လုပ်ငန်းရှင်များလည်း လေပတ်ကား
ရောင်းဝယ်ကြသည်ဟု ဆိုသည်။
 
ကမ္ဘာ့ဈေးကွက်နှင့် အတူ ထိုကဲ့သို့ ဈေးကစားကာ
 
ပြည်တွင်းရွှေဈေး အတက်အကျ မဖြစ်စေရန် တားမြစ်ခြင်း ဖြစ်ကြောင်း အမည်မဖော်လိုသူ
 
ရွှေလုပ်ငန်းရှင်အသင်းဝင် တဦးကလည်း ပြောသည်။

လေပတ်ကား မပိတ်ရင် ဈေးဘယ်ငြိမ်မလဲ။ ကမ္ဘာ့ပေါက်ဈေး တက်နိုင်ရင် သူတို့က ဈေးကို ကြိုပြီး တင်ထား လိုက်တယ်။ အဲဒီအခါ ကျနော်တို့ အရောင်းအဝယ်မှာလည်း ပေါက်ဈေးက တက်သွားတယ်။ သူတို့က ပိဿာနဲ့ချီပြီး ကစားကြတာဆိုတော့ မနက်ပိုင်း ပစ္စည်းချေတဲ့ အချိန်ဆို အရောင်းအဝယ်လည်း ဖြစ်ကြတယ်” ဟု သူက ဆိုသည်။ 
သူက ဆက်ပြီး “ ဈေးတက်တာက လေပတ်ကားတခုတည်းကြောင့် မဟုတ်ပါဘူး၊ ဒေါ်လာဈေးနဲ့ ကမ္ဘာ့ရွှေဈေး အတက်အကျနဲ့လည်း ဆိုင်တယ်။ ကမ္ဘာ့ဈေးက ဆက်တက်နေရင် မတက်ဘို့ တားလို့မဖြစ်ဘူး၊ မတက်ရင် နယ်စပ်ကနေ ထုတ်ရောင်းကြမှာပေါ့" ဟု ပြောသည်။
ကမ္ဘာ့ရွှေဈေးကို ဒေါ်လာလဲနှုန်းဖြင့် တွက်ချက်ကာ နေ့စဉ် ဈေးသတ်မှတ်ရောင်းဝယ်ခြင်းလည်း ဖြစ်သည်။
 
ကမ္ဘာ့ရွှေဈေးမှာ သောကြာနေ့တွင် ၁၅၈၈ ဒေါ်လာ ပေါက်ဈေး ရှိနေသည်။ အခေါက်ရွှေ ပေါက်ဈေးမှာမူ တကျပ်သားလျှင် ၆၆၄၅ဝဝ ကျပ်ဖြင့် ဈေးဖွင့်ခဲ့ပြီး၊ ၁၅ ပဲရည်မှာ ၆၆၃ဝဝဝ ဝန်းကျင် ရှိသည်။
 
အမေရိကန် တဒေါ်လာလဲနှုန်း ကျပ် ၈ဝဝ အောက် ကျဆင်းနေခြင်းကလည်း မြန်မာ့ရွှေဈေး မတက်နိုင်သည့်
 
နောက်ထပ် အကြောင်းရင်းတရပ်ဖြစ်ကြောင်းနှင့် ပြည်တွင်းရွှေဈေး နိမ့်နေသဖြင့် နယ်စပ်မှတဆင့် အိမ်နီးချင်း
 
နိုင်ငံများသို့ ထုတ်ရောင်းနိုင်ကြောင်း သူက သုံးသပ်သည်။ အထူးသဖြင့် တရုတ်နိုင်ငံသို့ အထွက်များသည်ဟု ဆိုသည်။
 
ဒေါ်လာနှင့် မြန်မာကျပ်ငွေ လဲလှယ်နှုန်းမှာ သောကြာနေ့တွင် တဒေါ်လာလျှင် ၇၈၅ ကျပ် ဈေးပေါက်နေသည်။





မိုးမခ

No comments:

Post a Comment