သတင်းတွေ ဖတ်ဖို့ ခေါင်းစဉ် သို့ မဟုတ် Read More ကိုသာ လိုက်ရှာပြီး နှိပ်ပါလေ

Tuesday, August 31, 2010

2010 Sep 1

Uncensored Burma - Daily News ( 2010 Sep 1)

သတင်းများ နေ့စဉ် ရလိုပါက
kowin2001@gmail.com သို့
စာတလုံးနှစ်လုံး လိုတိုရှင်း ရေးပြီး တောင်းယူပါ။
ဥပမာ- သတင်းတွေ ပို့ပေးပါ သို့မဟုတ် သတင်း ရချင်ပါတယ်။
(Gtalk မှာ မတောင်းပါနဲ့။ ကျေးဇူး တင်၏။)


မိုးမခမှာ မနေ့ကနဲ့ ဒီကနေ့ ပါလာတဲ့ ကာတွန်း ၂ပုဒ်


မောင်တထမ်း + မယ်တရွက် = ၂၉
ကျော်သူ
စက်တင်ဘာ ၁၊ ၂၀၁၀မိုးမခ

၃၁.၈.၂၀၁၀ (အင်္ဂါ) နေ့ရက်သည် မြတ်ဗုဒ္ဓအလိုကျ ဗြဟ္မစိုရ်နှလုံးသားနှင့် လူမှုခရီးသွားနေကြသော နာရေး ကူညီမှုအသင်း(ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူ နှင့် ဇနီး ဒေါ်မြင့်မြင့်ခင်ဖေ (ခ) ဒေါ်ရွှေဇီးကွက်တို့၏ မင်္ဂလာခရီး ၂၉ နှစ်မြောက် အချိန်ကာလဖြစ်သည်။

ယင်းနေ့တွင် နာရေး ကူညီမှုအသင်း(ရန်ကုန်)ရှိ သုခအဟာရ စားသောက်ဆိုင်တွင် ဝန်ထမ်းများ၊ လုပ်အားပေး အသင်းသူ/သားများ၊ ဖိတ်ကြားထားသော အနုပညာသမားများ၊ ဧည့်သည်တော်များ၊ အလှူရှင်များကို သီးစုံ ထောပတ်ထမင်း၊ ကြက်သားဟင်း၊ ရေခဲမုန့်၊ အချိုရည်တို့ဖြင့် ဧည့်ခံကျွေးမွေး ဒါနပြုလုပ်ခဲ့သည်။

အသင်းသူ/သားများမှလည်း တက်ညီလက်ညီဖြင့် ဝိုင်းဝန်း ဧည့်ခံကြိုဆိုခြင်း၊ အစားအသောက်များကို တည်ခင်း ဧည့်ခံပေးခြင်း၊ ပန်းကန် ခွက်ယောက်များကို ဆေးကြောသန့်စင်ပေးခြင်းတို့ကို လူမှုရေးစိတ်ဓာတ် အပြည့်အဝဖြင့် ပံ့ပိုးကူညီပေးခဲ့ကြသည်။

ထိုအခမ်းအနားတွင် ဦးကျော်သူ၏ မိခင်ဖြစ်သူ ဒေါ်မြသန်းမှလည်း ဆုတောင်းမေတ္တာပို့ စကားပြောကြားကာ အလုပ်အမှုဆောင်အဖွဲ့၊ အသင်းသူ/သားများ၊ ပန်းချီဆရာများ၊ ဧည့်သည်တော်များထဲမှ တဦးချင်း မင်္ဂလာဆုတောင်း စကားများကိုပြောကြားပြီး အမှတ်တရ လက်ဆောင်ပစ္စည်းများကို ဦးကျော်သူနှင့် ဒေါ်ရွှေဇီးကွက်တို့အား ပေးအပ်ကြသည်။

ထို့ပြင် အလုပ်မအားလပ်၍ မလာနိုင်သော ကဗျာဆရာ ကိုစောဝေက ပန်းချီကားချပ်နှင့် “မောင်တထမ်း+မယ်တရွက်=၂၉” ကဗျာအား အမှတ်တရ ရေးသားပေးပို့လိုက်ကာ စာရေးဆရာမ ဒေါ်သန်းမြင့်အောင်က ရွတ်ဆိုပေးခဲ့ပါသည်။

ဦးကျော်သူ + ဒေါ်ရွှေဇီးကွက်တို့ကလည်း ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ရာတွင် ဦးကျော်သူက “ယခုကဲ့သို့ မိမိတို့၏ မင်္ဂလာ ၂၉ နှစ်မြောက်ကို ကြွရာက်အားပေး ချီးမြှင့်ခြင်းကို ကျေးဇူးအထူး တင်ရှိပါကြောင်း၊ မိမိတို့သည် ဤလူမှုရေးလုပ်ငန်းကို အများပြည်သူတို့ လှူဒါန်းငွေတို့ဖြင့် ဒုက္ခရောက်နေသော အများပြည်သူတို့အား ပံ့ပိုးကူညီ ဖေးမပေးဆပ်ခြင်း ဖြစ်ပါကြောင်း၊ မိမိမှာ ကိုယ်ပိုင်လုပ်ငန်း မလုပ်ရသည်မှာ ၃ နှစ်ရှိပြီဖြစ်ပါ၍ မိမိကိုယ်ပိုင်ဝင်ငွေ မရှိပါကြောင်း၊ သို့သော် မိမိတို့ အလှူပွဲများ၊ ဧည့်ခံပွဲများ ယနေ့တိုင်ပြုလုပ် လှူဒါန်းနိုင်သည်မှာ ကျွန်တော်တို့၏ မိဘများ အားကိုးနှင့်သာ လှူဒါန်းနိုင်ခြင်းသာ ဖြစ်ကြောင်း၊ ဒီနေ့ ကျွန်တော်တို့ရဲ့ ၂၉ နှစ်မြောက် အခမ်းအနားကိုလည်း ကျွန်တော်၏ မိဘနှစ်ပါးဖြစ်သော ဦးစိန်တင်+ ဒေါ်မြသန်း တို့မှ မင်္ဂလာပွဲ လက်ဆောင်အဖြစ် ဂုဏ်ပြုချီးမြှင့်ငွေဖြင့် ကျင်းပပြုလုပ်နိုင်ခဲ့ခြင်း ဖြစ်ပါကြောင်း” ပြောကြားသွားသည်။

နေ့လည် ၂း၀၀ နာရီအချိန်တွင် ကွယ်လွန်သူ ဦးလှမြင့် အသက် ၈၁ နှစ်၏ နာရေးလမ်းကြောင်းကို ရန်ကုန်ဆေးရုံကြီး အအေးခန်းမှ ရေဝေးသုဿန်သို့ ၂၉ နှစ်မြောက် မင်္ဂလာ အထိမ်းအမှတ်အဖြစ် ဦးကျော်သူ + ဒေါ်ရွှေဇီးကွက်တို့သည် နာရေးကူညီမှုအသင်း (ရန်ကုန်) အသင်းသူ/သားများနှင့်အတူ လိုက်လံပို့ဆောင် သင်္ဂြိုလ်ပေးခဲ့ပါသည်။
မောင်တထမ်း+မယ်တရွက် = ၂၉

ကျော် တကာ့ကျော် ကောင်းတာများနဲ့
သူ ရော ကိုယ်ပါ မျက်ရည်ပါးစေ။
ရွှေ ချထားသော လက်များဖြင့် သုတ်ပေး
ဇီး ရောင်ခြယ် သတ္တိသွေးနဲ့
ကွက် ကွက် ကွင်းကွင်း အလင်းရောင်းပေးလို့
တို့မောင်နှံ တူပျံသန်းမယ်
တိုင်းပြည်အဝှမ်း လွတ်ရာလမ်းသို့လေး။ ။

(31st August 2010 ကျော်သူ ရွှေဇီးကွက် သို့)

များစွာဖြင့်
စောဝေ

အငြိမ်းစားရ ဗိုလ်ချုပ်မိသားစုများ စိန်နှင့်ရွှေချောင်း ဝယ်စုနေကြ
ဧရာဝတီ Tuesday, August 31, ဧရာဝတီ

ထိပ်တန်း စစ်ရာထူးများမှ အငြိမ်းစားယူကာ အရပ်သား အမည်ခံ အစိုးရသစ်တွင် ပါဝင်ကြမည့် စစ်ဗိုလ်ချုပ် မိသားစုများနှင့် အစိုးရ၀န်ကြီး အသိုင်းအ၀န်းများ အကြား စိန်နှင့် ရွှေချောင်းရွှေခဲ ၀ယ်ယူစုဆောင်းမှု များနေကြောင်း သတင်းရရှိသည်။

“၀န်ကြီးတွေရော၊ စစ်ဗိုလ်ချုပ်ကြီး တွေရော ငွေသား မကိုင်ကြဘူး။ စိန်တို့၊ ရွှေတို့လို ခိုင်မာတဲ့ ပိုင်ဆိုင်မှုတွေ အဖြစ် ပြောင်းတယ်။ စိန်၊ ရွှေ ၀ယ်တာ များတယ်။ မြေကွက်တို့၊ ကားတို့က အာဏာရှိတဲ့ အချိန်မှာ လိုချင်သလောက် ရထားပြီးသား ဆိုတော့ ၀ယ်စရာ မလိုဘူး။ ဒါတွေက တကယ် ခိုင်မာတဲ့ ပစ္စည်းတွေလည်း မဟုတ်ဘူး။ စိန်၊ ရွှေဆိုတာက မိသားစုနဲ့ တပါတည်း သွားလေရာ ယူသွားလို့ ရတဲ့ ခိုင်မာတဲ့ ပစ္စည်းတွေ” ဟု ရန်ကုန် အခြေစိုက် စီးပွားရေး လုပ်ငန်းရှင်တဦးက ပြောသည်။

စိန်၊ ရွှေများ ၀ယ်ယူကြရာတွင် ဈေးကွက်ထဲသို့ စစ်ဗိုလ်ချုပ် မိသားစုများကိုယ်တိုင် လာရောက် ၀ယ်ယူကြခြင်း မဟုတ်ဘဲ ၎င်းတို့နှင့် ရင်းနှီးဆက်နွှယ်သော စီးပွားရေးသမားများ၊ စိန်၊ ရွှေ ပွဲစား အ၀ယ်တော်များ ဆီမှတဆင့် ၀ယ်ယူကြခြင်းဖြစ်သည်ဟု စုံစမ်းသိရှိရသည်။

ထိပ်ပိုင်းစစ်ဗိုလ်ချုပ် မိသားစုများနှင့် ၀န်ကြီး၊ စစ်အရာရှိ မိသားစုများသည် ရွှေချောင်း၊ ရွှေခဲများကို ပိဿာလိုက် ၀ယ်ယူကြခြင်းဖြစ်ပြီး ၎င်းတို့တွင် ရှိနေမည့် ရွှေပိဿာချိန်ပမာဏမှာ ခန့်မှန်းရန် ခက်ခဲ လှသည်ဟု စစ်အစိုးရ ထိပ်တန်း စစ်ဗိုလ်ချုပ်များနှင့် နီးစပ်သည့် ရွှေကုန်သည်တဦးက ဆိုသည်။

“မှန်းဖို့လည်းခက်တယ်။ ပြောဖို့လည်း ခက်တယ်။ နှစ်ပေါင်းများစွာ စုဆောင်း လာခဲ့ကြတာ။ အခု ထွက်မယ့် အချိန်ထိ ၀ယ်နေတုန်းပဲ” ဟု ထိုရွှေကုန်သည်က ရှင်းပြသည်။

ယနေ့ရွှေဈေးမှာ အကယ်ဒမီ အခေါက်ရွှေ တကျပ်သားလျင် ၆၅၂၅၀၀ ကျပ်ဖြစ်သည်။

ရွှေချောင်း၊ ရွှေခဲများအပြင် တန်ဖိုးကြီး စိန်လက်ဝတ် ရတနာများလည်း ၀ယ်ယူကြပြီး စိန်ကို ၀န်ကြီးမိသားစုများထက် ထိပ်တန်း စစ်အရာရှိမိသားစုများက ပိုမိုနှစ်သက်ကြသည်ဟု သိရသည်။

“စိန်ဆိုတာ သည်းခြေကြိုက်ပဲ။ စိန်ကောင်းတပွင့်က ကျပ် သိန်းထောင်သောင်း ချီတန်တယ်။ စိန် ဆိုတာ သေးသေးကွေးကွေးနဲ့ ပိုင်ဆိုင်မှုကို ခိုင်မာစေတဲ့ ရတနာ။ တန်ဖိုးကြီးတဲ့ စိန်ဝယ်လက် တွေထဲမှာ ထိပ်ပိုင်း လူကြီးမိသားစုတွေက အဓိက ပါတယ်” ဟု ရန်ကုန် စိန်တိုက်ပိုင်ရှင်တဦးက ပြောသည်။

ထိပ်တန်း စစ်ဗိုလ်ချုပ်ကြီးများထဲတွင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက အချမ်းသာဆုံး အဖြစ် ကျော်ကြားပြီး ဒုတိယအချမ်းသာဆုံးမှာ ဒုတိယ ဗိုလ်ချုပ်မှူးကြီးမောင်အေး မိသားစု ဖြစ်သည်ဟု နေပြည်တော် စစ်ဘက်အသိုင်းအ၀န်းက ဆိုသည်။

အစိုးရ ၀န်ကြီးများတွင် ကျိကျိတက်ချမ်းသာသည်ဟု သတင်းထွက်နေကြသူများအထဲ၌ စက်မှု ၁ ၀န်ကြီးဦးအောင်သောင်းနှင့် လယ်ယာစိုက်ပျိုးရေးဝန်ကြီး ဦးဌေးဦးတို့က ထိပ်ဆုံးစာရင်းတွင် ပါဝင်သည်ဟု အစိုးရ၀န်ထမ်း အသိုင်းအ၀န်းမှ သိရသည်။

ယခု လက်ရှိတွင် ၂၀၁၀ ရွေးကောက်ပွဲ၌ ပါဝင်ယှဉ်ပြိုင်ရန် စစ်အစိုးရ ထိပ်တန်း စစ်ဗိုလ်ချုပ်ကြီးများ၊ စစ်အရာရှိဝန်ကြီးများ စစ်ဘက်ဆိုင်ရာ ရာထူးများမှ အငြိမ်းစားယူခြင်း၊ နုတ်ထွက်ခြင်းများ ဆက်တိုက် ပြုလုပ်လျက်ရှိသည်။

Hits: 8216
Comments (5)
သေချာတာက
written by phyu, September 01, 2010
ဝယ်ကျစုကျ တခုတော့ မှတ်ထားလိုက်။ သေရင် ဘာမှ ပါမသွားဘူး။ သေချာတာက ပြုခဲ့တဲ့ မကောင်းမှုတော့ ပါသွားမယ်
နောင်ဘ၀မှာ ခံဖို့ အတွက်။

ပြိတ္တာလောင်းများ။
written by Thazin Pyu, August 31, 2010
ဒီ မြန်မာ့ သူခိုးကြီး (အဲယောင်လို့) မြန်မာ့ သူဌေးကြီးတွေ သေရင် ဒီဥစ္စာေ တွကြောင့် ပြိတ္တာ ဖြစ်ကြ ရင်တော့ ဒုက္ခပါဘဲ- နိုင်ငံတော်မှာ ဗိုလ်ချုပ်ကြီး တွေ က များမှ များပါဘိသနဲ့-ပြီးတော့ ဒီ ဗိုလ်ချုပ် ပြိတ္တာ တွေက သံဃာ့ ကံဆောင် ခံထားရတာ ဆိုတော ဖုန်းကြီးတွေက သနားလို့ အမျှဝေလည်း ကျွတ်ကြ လွတ်ကြမှာ မဟုတ်ေ လတော့ ပြည်သူတွေ ကိုဘဲ ခြောက်လှန့်စားနေ ကြပါအုံးမယ်။ ဒီတော့ ဆရာတော်ကြီးတို့ဘုရား ပြည်သူ အများ ရင်ဝယ်သား ကဲ့သို သဘောထားေ တ်ာမူပြီး ဒီ ဗိုလ်ချုပ်ပြိတ္တာ လောင်းတွေကို မသေခင်က သရဏဂုံ တင်ပေးေ တ်ာမူကြပါဘုရား။

written by သာမိညောင်, August 31, 2010
ချမ်းသာဆို ရထားတဲ့ အမွေတွေက နည်းတာမှ မဟူတ်တာဘဲ
ရွှေတိဂုံ စေတီတော်မြ တ်ကြီးတောင် အဆစ်ပါ သေးတ ယ်လား


written by .., August 31, 2010
တိုင်းပြည်နဲ့ ပြည်သူလူထု ဆီက ခိုး၊ လု၊ ဒါးပြ တိုက် ထားတဲ့ပို က်ဆံတွေနဲ့။

written by colorless, August 31, 2010
မြန်မာပြည်ရဲ့ အဆိုး ဆုံြး ပသနာက အကျင့်ပျက် လာဘ်စားမှုလို့ ယူဆပါတယ် .. လာဘ်စားမှုနဲ့ လည်ပ တ်နေတဲ့ အစိုးရဖြ စ်နေတော့ စီမံကိန်းဟူ သမျှဟာ ဂွင်တွေလိုဖြ စ်နေ ကြတယ် .. တိုင်းပြည်ဘယ်လိုေ ကာင်းနိုင် တော့မှာလဲ တရုတ်ကြီးတပ ည့်တွေအ နေနဲ့ တရုတ်ေ တွနည်းဖြစ်တဲ့ လာဘ်စားသူ သေဒါဏ် ဆိုတာေ လးကို အတုယူလို က်ရင်ကိုပဲ တော်တော် လေးတိုင်းပြည် ကောင်း သွားမယ် .. ခုတော့ မဟု တ်တာကိုပဲ တပည့် ခံတယ် ..

အရှင်ပညာစာရတရားခွင် တံခါးပိတ်စစ်ဆေး
မင်းနိုင်သူ Tuesday, August 31, ဧရာဝတီ

စစ်တွေမြို့မှ အရှင်ပညာစာရကို စစ်တွေ တရားရုံးတွင် တရားစွဲဆိုနေရာ ယမန်နေ့က တရားခွင်သည် လွတ်လပ်သည့် တရားခွင် မဖြစ်ခဲ့ကြောင်း သိရသည်။

“မနေ့ကရုံးချိန်းမှာ မိသားစုဝင်ကလွဲရင် ကျန်တဲ့သူတွေကို ၀င်ရောက်နားထောင်ခွင့်မပေးဘူး ၊ နောက်ပြီး ဆွဲချခေါ်တဲ့ ဥပဒေ အရာရှိကလည်း အသစ်တယောက်ဖြစ်လာတယ် ၊ နောက်ရောက်တဲ့သူက သဘောထားတင်းမာတယ်"ဟု တရားခွင်သို့ တက်ရောက်ခဲ့သည့် အရှင်ပညာစာရ၏ မိသားစုဝင်တဦးက ပြောသည်။

ယမန်နေ့ကပြုလုပ်ခဲ့သော စတုတ္ထမြောက်ရုံးချိန်းတွင် အရှင်ပညာစာရ၏ ရှေ့နေဒေါ်အေးနုစိန်က တရားလိုပြသက်သေများ ဖြစ်သော ဒေါ်မာလာ ၊ မအေးသင်းခိုင် ၊ ခိုင်အောင်လင်းနှင့်ကျော်မိုးထွန်းတို့ကို စစ်မေးခဲ့ကြောင်း သိရသည်။

တရားခွင်တွင် စခန်းမှူး မြို့ဆွေ ၊ ရဲအုပ်အောင်မြင့်တို့ အချိန်ပြည့်စောင့်ကြပ်နေခဲ့ကြကာ တရားလိုပြသက်သေများ စစ်မေးမှုကို ဖြေဆိုစဉ် အစိုးရဥပဒေအရာရှိက၂ပေခန့်အကွာ ရှေ့မှရပ်ကာ တရားလိုပြသက်သေများကို ကြည့်နေခဲ့ကြောင်း ၊ ၁၀ ပေ ပတ် လည် ခန့်ရှိ တရားခွင်အတွင်း တရားခံစောင့်ရဲ ၂ ဦးအပြင် အခြားရဲ ၃ ဦးပါ ၀င်ရောက်စောင့်ကြပ်ခဲ့ကြကြောင်း တရားခွင်ရောက်ခဲ့ သူ တဦးက ပြောသည်။

“တရားလိုပြသက်သေတွေကို လွတ်လွတ်လပ်လပ် စစ်မေးခွင့်မရဘူး ၊ နောက်ပြီး တရားခွင်ထဲမှာ တရားခံစောင့်ရဲ ၂ ဦးထက် ပိုပြီး ၀င်ရောက် နေတာဟာ ဥပဒေနဲ့ မလျော်ညီဘူး"ဟု တရားခွင်ရောက်ခဲ့သူက ပြောသည်။

အရှင်ပညာစာရအား ပုဒ်မ ၄၂၀ လိမ်လည်မှု၊ ပုဒ်မ ၂၉၅ (က) ဘာသာသာသနာ ညှိုးနွမ်းစေမှု၊ ပုဒ်မ ၄၀၆ ယုံကြည်အပ်နှံထား သည့် ပစ္စည်းကို အလွဲသုံးစားမှု၊ ပုဒ်မ ၅၀၅ နိုင်ငံတော် တည်ငြိမ်ရေးကို ထိပါးနှောင့်ယှက်မှု၊ ပုဒ်မ ၂၉၂ သာသနာ့နယ်မြေကို အခကြေးငွေဖြင့် ငှားရမ်းအသုံးပြုမှု၊ နိုင်ငံခြားငွေ လဲလှယ်ရေး အက်ဥပဒေ ပုဒ်မ ၂၄ (၁)၊ စည်ပင်သာယာ အက်ဥပဒေ ပုဒ်မ ၆၁ (ဂ) စသည့် ပုဒ်မ တို့ဖြင့် စွပ်စွဲကာ အစိုးရက တရားလိုလုပ်၍ တရားစွဲဆိုထားခြင်းဖြစ်သည်။

“ထောင်ထဲမှာ အ၀တ်တစုံပဲပေးထားတယ်တဲ့ ၊ ပြင်ပအစားအစာပို့ဆောင်ခွင့်မရဘူး ၊ ဆရာတော် ခန္ဓာကိုယ်ဖောယောင်နေတယ် ၊ ကျန်းမာရေးကောင်းပုံမပေါ်ဘူး ၊ နောက်ပြီး ဆရာတော်နဲ့ သူ့ရှေ့နေ ထောင်ထဲမှာတွေ့ဆုံချိန်မှာလည်း လွတ်လွတ်လပ်လပ် တွေ့ခွင့် မရဘဲ ရဲက စောင့်ကြည့်တယ်လို့ သိရပါတယ်"ဟု မိသားစုဝင်တဦးက ပြောသည်။

ဆရာတော် အရှင်ပညာစာရကို စွပ်စွဲချက် အမျိုးမျိုးနှင့် အာဏာပိုင်များက အသင့်ရေးပြီး ယူဆောင်လာသော စာရွက် စာတမ်း များ ကို ဖတ်ပြကာ ပြည်နယ်ရဲမှူးကြီး ကိုယ်တိုင် ဇူလိုင်လ ၂၇ ရက်နေ့က လာရောက် ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ဆရာတော်အား ဖမ်းဆီးသွားသည့် အပြင် ကျောင်းတိုက်ရှိ ရခိုင် ရှေးဟောင်းဘုရားများ၊ စာရွက်စာတမ်းများ၊ ရှေးဟောင်း ရွှေဒင်္ဂါးများ၊ ငွေဒင်္ဂါးများ၊ ပေစာ၊ ပုရပိုက်စာများ၊ ရှေးဟောင်း ရခိုင် ယဉ်ကျေးမှု အမွေ အနှစ်များ စသည့် ပစ္စည်းများကိုပါ အာဏာပိုင်များက ယူဆောင်သွားကြကြောင်း ကျောင်းတိုက်နှင့် နီးစပ်သူများက ပြောဆိုသည်။

အရှင်ပညာစာရသည် စစ်တွေမြို့၊ ကန်တော်ကြီး ရပ်ကွက်တွင် မဟာမုနိ ဗုဒ္ဓ၀ိဟာရ ကျောင်းတိုက်ကို ၁၉၉၀ ခုနှစ်က စတင် တည်ထောင်ခဲ့ပြီး မိဘမဲ့ ကလေးများကို လက်ခံ စောင့်ရှောက်ထားကာ ရခိုင်ယဉ်ကျေးမှုဆိုင်ရာ ပစ္စည်းများကို ရှာဖွေစုဆောင်း လေ့ရှိသည့် သမိုင်းသုတေသီတဦးဖြစ်ကြောင်း ဒေသခံများက ပြောသည်။

အရှင်ပညာစာရ ဖမ်းဆီးခံရပြီးနောက် အာဏာပိုင်များက ကျောင်းတိုက်ကို ချိပ်ပိတ်ပစ်ခဲ့သည့်အပြင် ကျောင်းတိုက်မှ ထိန်းသိမ်း စောင့်ရှောက်ထားသည့် မိဘမဲ့ကလေး ၁၀၀ ကျော်ကိုလည်း မကွေးတိုင်းနှင့် မန္တလေးတိုင်းတို့ရှိ လူမှုဝန်ထမ်း ဦးစီးဌာနများသို့ ပို့ဆောင်ခဲ့သည်။

တရုတ်စစ်သင်္ဘောများ ပထမဆုံးအကြိမ် လာရောက်လည်ပတ်
ဧရာဝတီ Tuesday, August 31, ဧရာဝတီ

တရုတ်ရေတပ်မှ စစ်သင်္ဘောနှစ်စီး ရန်ကုန်မြို့ သီလ၀ါဆိပ်ကမ်းသို့ ပထမဆုံး အကြိမ်အဖြစ် ချစ်ကြည်ရေးခရီး ရောက်ရှိ ဆိုက်ကပ် လာကြောင်း ယနေ့ ထုတ် အစိုးရ သတင်းစာများတွင် ရေးသား ထားသည်။

တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် ရေတပ်တာဝန် တပ်ဖွဲ့မှ ဗိုလ်ချုပ်ကြီး Zhang Wendan ဦးဆောင်ပြီး ဖျက်သင်္ဘော Guangzho နှင့် ဖရီးဂိတ် စစ်သင်္ဘော Chaohu တို့ ပြီးခဲ့သည့် တနင်္ဂနွေနေ့က ရောက်ရှိ လာခြင်း ဖြစ်ကာ စက်တင်ဘာ ၂ ရက်နေ့အထိ ဆိုက်ကပ် ထားမည် ဖြစ်ကြောင်း၊ နှစ်နိုင်ငံ ရေတပ် အချင်းချင်း ပိုမို ချစ်ကြည် ရင်းနှီးပြီး အပြန်အလှန် နားလည်မှု ရှိစေရန် လေ့လာ လည်ပတ်ခြင်း ဖြစ်ကြောင်း သိရသည်။

ယင်း စစ်သဘောင်္များသည် အေဒင် ပင်လယ်ကွေ့နှင့် ဆိုမာလီ ကမ်းရိုးတန်းတွင် လှည့်လည် သွားလာခဲ့ပြီး အီဂျစ်၊ အီတလီနှင့် ဂရိနိုင်ငံ ဆိပ်ကမ်းများတွင် ဆိုက်ကပ်ခဲ့ကာ ထိုမှတဆင့် မြန်မာနိုင်ငံသို့ ရောက်ရှိလာခြင်း ဖြစ်သည်။

တရုတ်ရေတပ်သည် စစ်သဘောင်္များကို ပစိဖိတ်သမုဒ္ဒရာ၊ တောင်တရုတ်ပင်လယ် စသည့်ဒေသများတွင်သာ ဖြန့်ကျက် ချထားခဲ့သော်လည်း ပြီးခဲ့သည့်နှစ်မှစ၍ တရုတ်ရေနံတင်သဘောင်္များကို ဆိုမာလီပင်လယ် ဓားပြများရန်မှ ကာကွယ်ရန် အိန္ဒိယသမုဒ္ဒရာသို့ ပြောင်းရွှေ့ချထားခြင်းဖြစ်ကြောင်း သိရသည်။

လွန်ခဲ့သည့် နှစ်ပေါင်း ၂၀ ကတည်းက တရုတ်ရေတပ်သည် စစ်အင်အားတိုးချဲ့မှုများ၊ လှုပ်ရှားမှုများကို တိုးမြှင့်လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း၊ နိုင်ငံ များစွာသို့ တရုတ်ရေတပ်၏ ချစ်ကြည်ရေးခရီး သွားရောက်မှုသည် တရုတ်နိုင်ငံ၏ မဟာဗျူဟာကျကျ ရေတပ်တိုးချဲ့နေမှုများကို ပြသည်ဟု အမေရိကန်ရေတပ် အရာရှိ စတီဗင် ဟိုရဲလ်က စာတမ်းတစောင်တွင် ရေးသားထားသည်။

အဆိုပါစာတမ်းတွင် “တရုတ်တို့၏ ရေကြောင်းသံတမန် ခရီးစဉ်များသည် လက်နက်တင်ပို့ရောင်းချမှု သို့မဟုတ် နှစ်နိုင်ငံဆက်ဆံရေး အထိမ်းအမှတ်ပွဲများနှင့် ဆက်စပ်ကြောင်း” စတီဗင်ဟိုရဲလ်က ရေးသားခဲ့သည်။

တရုတ်ရေတပ်သည် ၁၉၈၀ ခုနှစ်တွင် အုပ်စု နှစ်စုခွဲပြီး နိုင်ငံ လေးနိုင်ငံသို့ သွားရောက်ခဲ့သည်။ ၁၉၉၀ ခုနှစ်တွင် အုပ်စု လေးစုခွဲပြီး နိုင်ငံပေါင်း ၂၀ သို့ စေလွှတ်ခဲ့သည်။ ၂၀၀၀ ပြည့်နှစ် ဇန်န၀ါရီလမှ ၂၀၀၆ ခုနှစ် သြဂုတ်လအထိ ၃၇ နိုင်ငံသို့ သွားရောက်လည်ပတ်ခဲ့ပြီး ဖြစ်သည်။

တရုတ်နိုင်ငံအတွက် ပစိဖိတ်သမုဒ္ဒရာနှင့် အိန္ဒိယသမုဒ္ဒရာ နှစ်ခုစလုံး လွှမ်းမိုးရေး အစီအစဉ်တွင် မြန်မာနိုင်ငံသည် အရေးပါသည့် အနေအထားတွင်ရှိသည်ဟု လေ့လာသူများက ဆိုသည်။

၂၀၀၉ ခုနှစ်က Li Chenyang နှင့် Lye Liang Fook ဆိုသည့် တရုတ်ပညာရှင် နှစ်ဦးရေးသားသည့် အစီရင်ခံစာတစောင်တွင် တရုတ်နိုင်ငံသည် ၎င်း၏ လုံခြုံရေး ပိုမိုကောင်းမွန်စေရန်အတွက် “သမုဒ္ဒရာ နှစ်စင်း အခြေပြုလှုပ်ရှားရေး” ဆိုသည့် မဟာဗျူဟာကို ချမှတ် အကောင်အထည်ဖော်ခြင်း ဖြစ်သည်ဟု ဆိုသည်။

ထို့အပြင် အဓိကကျသည့် ရည်ရွယ်ချက်တခုမှာ မီးရထားလမ်းများ၊ လေကြောင်း ပို့ဆောင်ရေးများ လုပ်ကိုင်ပြီး တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ မြန်မာနိုင်ငံကို ဖြတ်၍ အိန္ဒိယ သမုဒ္ဒရာသို့ ထွက်ပေါက်ရရှိရေး မဟာဗျူဟာမြောက် လမ်းကြောင်းကြီးကို ဖောက် လုပ်နေကြောင်း အဆိုပါ အစီရင်ခံစာတွင် ရေးသားထားသည်။

အိန္ဒိယသမုဒ္ဒရာအတွင်းရှိ ရခိုင်ကမ်းလွန်ဒေသမှ ထွက်ရှိလာမည့် သဘာဝဓာတ်ငွေ့များကို တရုတ်အစိုးရက ပိုက်လိုင်းများ သွယ်တန်းကာ ယူနန်ပြည်နယ်သို့ တင်ပို့နေပြီး ကျောက်ဖြူမြို့တွင်လည်း တရုတ်က ရေနက်ဆိပ်ကမ်းတခု တည်ဆောက်နေသည်။

Hits: 1864
Comments (2)

written by .., August 31, 2010
တွေ့ပြီ တွေ့ပြီ သူပဲသူပဲ .. .. တိုင်းတပါး အားကိုး ပုဆိန်ရိုးတွေ တွေ့ပြီဗျို့။

written by zawone, August 31, 2010
မြန်မာ နိုင်ငံကို ဒုတိယ မြောက်သိမ်းပိုက်ခြင်းးးး လော

ရဲတပ်ဖွဲ့ ဖွဲ့စည်းပုံ ပြောင်းမည်
နရီလင်းလက် Tuesday, August 31, ဧရာဝတီ

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ ဖွဲ့စည်းပုံ ပြောင်းလဲပြီးပါက ရဲချုပ် ဗိုလ်မှူးချုပ် ခင်ရီသည် ပြည်ထောင်စု ရဲချုပ်အဖြစ် တာဝန်ယူသွား မည်ဟု သိရသည်။

ရွေးကောက်ပွဲ အပြီး အစိုးရသစ် တက်ပါက ဖွဲ့စည်းပုံ အသစ်ဖြင့် ဆောင်ရွက်နိုင်ရန် ယခုအချိန်မှ စတင်ကာ ပြောင်းလဲ ဆောင် ရွက်သွားမည်ဟု ကာကွယ်ရေး ၀န်ကြီးဌာန မှစစ်ဘက်ဆိုင်ရာ အရာရှိတဦးက ပြောသည်။

ဖွဲ့စည်းပုံ ပြောင်းခြင်း ကိစ္စရပ်အား သြဂုတ်လ ၂၇ ရက်နေ့က နေပြည်တော်တွင် ပြုလုပ်ခဲ့သော ရွေးကောက်ပွဲ ဆိုင်ရာ အစည်း အဝေးတွင် ကာကွယ်ရေး ၀န်ကြီးဌာနမှ ဖွဲ့စည်းပုံ ခွင့်ပြုလိုက်ကြောင်း သိရသည်။

ပြောင်းလဲမည့် ဖွဲ့စည်းပုံ အသစ်အရ လက်ရှိ ရဲမှူးကြီးများကို ပြည်နယ်နှင့်တိုင်း အသီးသီးအလိုက် ရဲချုပ်များအဖြစ် ထားရှိ သွားမည်ဟု ၎င်း အရာရှိက ပြောသည်။

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ရဲအရာရှိတဦးက “အရင်တုန်းကတည်းက အခု အချိန်ထိ ရဲချုပ် က တယောက်ပဲ ရှိခဲ့တာ။ အခုနောက် ပိုင်းကစပြီး ရန်ကုန်တိုင်း ရဲချူပ် ၊ ဧရာဝတီ တိုင်းရဲချုပ်တို့ ဆိုပြီး ပေါ်လာမယ်။ တိုင်းနဲ့ ပြည်နယ်အလိုက် ရဲချုပ်တွေ ထားသွား မှာ”ဟု ပြောသည်။

ယခင် တပ်မတော်မှ တာဝန်ယူထားသည့် မြို့ပြလုံခြုံရေးအား မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ အဓိက တာဝန်ယူဆောင်ရွက်သွားမည် ဟု ရဲအရာရှိက ပြောသည်။.

“ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးပြီးတဲ့အချိန်လောက်က စပြီးလုံခြုံရေးနေရာတွေမှာ စစ်သားတွေမဟုတ်တော့ဘဲ ရဲတပ်ဖွဲ့ ကနေ တာဝန်ယူပြီး လုပ်ခဲ့တယ်။ အသစ်ပြောင်းနေတဲ့ ဖွဲ့စည်းပုံအရ တပ်တော်ရဲ့ အခန်းကဏ္ဍကို အခုချိန်ကတည်းက တဖြည်း ဖြည်း လျှော့ချပြီး ရဲတပ်ဖွဲ့ကနေပဲ လုံးဝတာဝန်ယူသွားဖို့ ပြင်ဆင်နေတယ်”ဟု ၎င်းက ဆိုသည်။

လက်ရှိ ရဲမှူးကြီးများအား ရဲချုပ် ရာထူးတိုးပေးကာ အခေါ်အဝေါ်သစ် ရာထူးသစ်ဖြင့် ပြုလုပ်သွားမည်ဟု သိရသည်။


“အာဏာပိုင်တွေက မြို့ထဲမှာ စစ်ယူနီဖောင်း မမြင်ရတော့တဲ့အထိ လျှော့ချသွားဖို့လုပ်ပါဆိုပြီး ညွှန်ကြားထားတယ်။ စစ်သား ဆိုတာ တိုက်ခိုက်ရေးဘက်ကိုပဲ သွားတော့မယ် မြို့တွင်း လုံခြုံရေးနဲ့ ပတ်သက်ပြီး လုံးဝမယူရတော့ဘူးပေါ့။ တဖက် မှာလည်း ရဲတပ်ဖွဲ့ အင်အားမြှင့်တဲ့အနေနဲ့ ရဲတပ်ရင်းတွေမှာ လူအင်အားဖြည့်တင်းဖို့ တွေ စလုပ်နေပြီ”ဟု ထို ရဲအရာရှိက ပြောသည်။

“ရာထူးတွေ တိုးပေးပြီး အောက်ခြေပိုင်းကိုထပ်ချဲ့သွားမယ့် သဘောမျိုး။ ယာဉ်စည်းကမ်း ထိန်းသိမ်းရေး ကော်မတီတို့၊ ပြည်ထဲရေးတို့၊ အကျဉ်းဦးစီးတို့ အဲဒီလိုနေရာတွေမှာ စစ်ယူနီဖောင်းဝတ် တပ်မတော်သားတွေ လုံးဝမပါဝင်အောင် လျှော့ချ ပစ်ပြီး ယာဉ်ထိန်းရဲတွေကို ရာထူးမြှင့်တာတွေလုပ်တယ်”ဟု ရန်ကုန်တိုင်း စစ်ဌာနချုပ်မှ အရာရှိ တဦးက ပြောသည်။

၂၀၁၀ ရွေးကောက်ပွဲအပြီးတွင် မြန်မာနိုင်ငံ အနေနှင့်လည်း ဒီမိုကရေစီနိုင်ငံ ဖြစ်လာတော့မည် ဆိုသောကြောင့် လုံခြုံရေး ကိစ္စရပ်များတွင် တပ်မတော်၏ အခန်းကဏ္ဍကို လုံးဝလျှော့ချသွားရန် အာဏာပိုင်များက မှာကြားခဲ့ကြောင်းလည်း ၎င်းက ဆို သည်။

ထင်ရှားသော ဆန္ဒပြပွဲများဖြစ်သည့် ၈၈၈၈ အရေးတော်ပုံ၊ ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေး တို့တွင် ရဲတပ်ဖွဲ့ က ဖြိုခွဲခြင်း မပြုလုပ်ဘဲ စစ်တပ်ကသာ တာဝန်ယူဖြိုခွင်းခဲ့ခြင်းဖြစ်သည်ကို တွေ့မြင်ရသည်။

Hits: 4836
Comments (4)

the same
written by myo, September 01, 2010
ရဲတပ်ဖွဲ့ တစ်ခုလုံးက က စစ်တပ်လက်ေ အာက်မှာ ဖြစ်မှာ။ အတူတူပဲ

ဆရာတော်
written by ဦးသြဘာသ, August 31, 2010
လူပြောင်းမှ မူပြောင်းမယ်၊ လူမပြောင်းပဲ ဟိုမူလုပ်ပြ ဒီမူလုပ်ပြနဲ့  ဒါမျက်လှည့်ပြနေတာ ဖြစ်ပါတယ်၊
လက်ရှိ အစိုးမှာလဲ ရဲချုပ်က စစ်သားခင်ရီပဲ၊
ဖွဲ့စည်းပုံ ပြောင်းလဲ ပြီးလဲ ရဲချုပ်က စစ်သား ခင်ရီပဲ ဘာထူးလဲ။
ဘာမှ ထူးခြားမှု ဖြစ်လာမှာ မဟုတ်ဘူး၊ ပြည်သူတွေ နားရှုပ်အောင် ဗမာ{BURMA}ကို မြန်မာ{MYANMAR}ပြောင်း၊ ရန်ကုန်{RANGOON}ကို ယမ်းကုန်{YANGON} ပြောင်းတာ မျိုးပဲ၊
့ ဒီစစ်သားတွေ အုပ်ချုပ်နေ သမျှ မြန်မာပြည်သူများကတော့ စစ်ကျွန် ဘ၀နဲ့ပဲ အသက် ဆုံးေ နကြရပြီ။
...
written by .., August 31, 2010
စစ်တပ်ကို စစ်ဝတ်ချွတ်ခိုင်းလိုက်၊ ရဲယူနီဖောင်း ဝတ်ခိုင်းလိုက်။ ဦးနေဝင်း လက်ထ က်တုန်းကလဲ လုံ/ ထိန်း ဆိုတာ ပေါ်ခဲ့တာ စစ်ဝတ်ချွ တ်တွေပဲပေါ့။ အကွက်ေ တွက ရိုးနေပြီ။

ပထမဆင့်.....
written by စစ်မုန်း, August 31, 2010
အေး.. အရင်ဆုံး စေ ပြာင်း ရမှာကတော့... အဲဒီငိုစား ရီစားတွေ အပေါ်. ...ပြည်သူရဲ့ရွံရှာစ က်ဆုတ်ေ အာ့နှ လုံးနာမှူ ကိုဖယ်ရှားပစ်ဖို့ ပဲ။
သရုပ်ဆောင် ကျော်သူ ဦးစီး၍ သုခအာဟာရ စားသောက်ဆိုင်ဖွင့်
သျှင်ဒီစံ Tuesday, August 31, ဧရာဝတီ

ရုပ်ရှင်သရုပ်ဆောင် ကျော်သူ ဦးစီး၍ သုခအာဟာရ စားသောက်ဆိုင်ကို စတင် ဖွင့်လှစ်လိုက်ကြောင်း သိရသည်။

နာရေးကူညီမှု အသင်းမှ ၀န်ထမ်းများ၊ အမှုဆောင်များ၊ လုပ်အားပေးများ၊ သုခ ကုသိုလ်ဖြစ် ဆေးခန်းသို့ လာသည့်လူနာများ၊ လူနာရှင်များနှင့် အလှူရှင်များ သက်သာချောင်ချိစွာဖြင့် အာဟာရပြည့်ဝစွာ သုံးဆောင်နိုင်ရန် အတွက် ရည်ရွယ်ပြီး သုခ အာဟာရ စားသောက်ဆိုင်ကို ဖွင့်လှစ်လိုက်ခြင်း ဖြစ်ကြောင်း နာရေးကူညီမှုအသင်း ထူထောင်သူတဦးဖြစ်သည့် သရုပ်ဆောင် ကျော်သူက ပြောသည်။

အဆိုပါ စားသောက်ဆိုင်ကို သြဂုတ် ၂၉ ရက်နေ့ နံနက်ပိုင်းက အမှတ် ၁၃/ က၊ ဗိုလ်မှူးဗထူးလမ်း၊ ၄၂ ရပ်ကွက်၊ မြောက်ဒဂုံ မြို့နယ်တွင် ဖွင့်လှစ်လိုက်သည်။

ဦးကျော်သူက ယခုနေရာသို့ ပြောင်းရွှေ့ခဲ့သည်မှာ ၁ နှစ်ကျော်ခန့်သာ ရှိသေးကြောင်း၊ သီးခြား လုပ်ရသည့်အတွက် အဆင်ပြေကြောင်း၊ ၀န်းထဲတွင် Car Servicing ရုံနှင့် ရုံးခန်း ဆောက်လုပ်နေပြီး ဆေးခန်းမှာ ထပ်ချဲ့ရဦးမည် ဖြစ်ကြောင်းနှင့် မျိုးဆက်သစ် ကလေးငယ်များအတွက် သင်တန်း ခန်းမများလည်း လုပ်နေကြောင်း ပြောသည်။

“လုပ်ရတာ လွတ်လပ်မှုတော့ ရှိပေမယ့် လာပြီးမေးတာမြန်းတာတွေတော့ ရှိတယ်။ကိုယ်ကလည်း ဒီလူမှုရေး လုပ်ငန်းတွေပဲ လုပ်တာ။ နိုင်ငံရေး လုပ်တာမဟုတ်ဘူး၊ နိုင်ငံတော် ပုန်ကန်တာမဟုတ်ဘူးလေ။ လာမေးတာတော့ ထုံးစံအတိုင်း ဖြေရ တာပေါ့” ဟု ဦးကျော်သူက ဆိုသည်။

ဦးကျော်သူ၏ လူမှုရေး လုပ်ငန်းများတွင် စိတ်ဓာတ်ခွန်အားပေးခြင်း၊ ငွေအား၊ လူအားဖြင့် ကူညီခြင်းများ လုပ်ဆောင် ပေးနေသည့် ၎င်း၏ မိတ်ဆွေ ရုပ်ရှင် လောကသားများ ရှိနေကြောင်းလည်း ပြောပြသည်။

ဦးကျော်သူအနေနှင့် ၎င်း၏ လူမှုကူညီရေးကိစ္စရပ်များတွင် အထောက်အကူ ပြုနိုင်ရန် လူမှုဆက်ဆံရေး သင်တန်းအဖြစ် သရုပ်ဆောင်၊ ကိုယ်အမူအရာ၊ နှုတ်အမူအရာ သင်တန်းများပါ ပေးနေရာ ဦးကျော်သူကို ရင်းနှီးသည့် သရုပ်ဆောင် ညီဂျော်၊ သန်းသန်းစိုး၊ ဆုရွှန်းလဲ့နှင့် ဂွမ်းပုံကြီး တို့က အကူအညီပေးကြောင်း၊ သို့ရာတွင် မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံးက လာရောက် တားမြစ်မှုများ ရှိကြောင်း သိရသည်။

ဦးကျော်သူ ဦးစီးဖွင့်လှစ်သည့် သုခအာဟာရ စားသောက်ဆိုင်ဖွင့်ပွဲ မြင်ကွင်း (ဓာတ်ပုံ - ဧရာဝတီ)

“လူတွေနဲ့ ဆက်ဆံတဲ့နေရာမှာ တဘက်က ဘယ်လောက်ပဲ မောက်မောက်မာမာပြောပြော စေတနာနဲ့ လုပ်ကိုင်ပေးရတယ် ဆိုတာကို မျက်နှာအမူအရာ နှုတ်အမူအရာတွေကို သင်တန်းအနေနဲ့ သရုပ်ပြ သင်ပေးတာပါ။ အဲဒါကို ရုပ်ရှင် အစည်းအရုံး ကနေပြီး မလုပ်ရဘူးလို့ တားတယ်။ အစည်းအရုံးက ခွင့်ပြုထားတဲ့ အဖွဲ့အစည်းကပဲ လုပ်ရမယ်လို့ပြောတယ်။ နာရေးကူညီမှု အသင်းကို ရုပ်ရှင်အစည်းအရုံးက အသိအမှတ်မပြုဘူးဆိုတဲ့သဘောလို့ ပြောတယ်” ဟု ဦးကျော်သူက ရှင်းပြသည်။

ရုပ်ရှင်အစည်းအရုံးက ကန့်သတ်ခြင်းကြောင့် ရုပ်ရှင်လောကသား မိတ်ဆွေများထဲတွင် ဦးကျော်သူနှင့် ယခင်ထက် ပိုပြီးနီးစပ် လာသူများ ရှိသော်လည်း လုံးဝ အဆက်အသွယ် မလုပ်ရဲ သူများ ရှိလာသည်ဟု သူက ဆိုသည်။

“တချို့ဆို လမ်းမှာတွေ့ရင်တောင်မှ ကျနော့်ကို နှုတ်ဆက်ဖို့ အရပ် ၈ မျက်နှာကိုကြည့်နေရတယ်။ဖုန်းလည်း မဆက်တော့တဲ့ သူတွေရှိတယ်။ အနုပညာသမားတွေ ထဲမှာတော့ ဂီတသမားတွေ၊ ပန်းချီအနုပညာသမားတွေနဲ့ စာပေသမားတွေကို ကျနော်
လေးစားတယ်။ သူတို့က နားလည်မှု အပြည့်ရှိတယ်။ ကျနော့် လုပ်ငန်းတွေကို အပြည့်အ၀ ကူညီပေးသူတွေရှိတယ်” ဟု ဦးကျော်သူက ပြောသည်။

ဦးကျော်သူသည် သရုပ်ဆောင်လုပ်စဉ် ကာလက ပိတ်ကားပေါ်မှ ၎င်း၏ သရုပ်ဆောင်မှုကိုသာ ပရိသတ်က တွေ့ခွင့် ရသော်လည်း ယခုကဲ့သို့ လူမှုရေးလုပ်ငန်း လုပ်လာသည့် အချိန်တွင် ပရိသတ်က နီးကပ်စွာ တွေ့ခွင့်ရသွားသည်ဟု ဆိုသည်။

“ပြည်သူလူထုကို နာရေးကိစ္စ၊ ကျန်းမာရေး ကိစ္စတွေ နီးနီးကပ်ကပ် လုပ်ပေးနေရတဲ့အတွက် ပရိသတ်ကို ပေးဆပ်နေရတာနဲ့ အတူတူပဲပေါ့” ဟု ဦးကျော်သူက ပြောပြသည်။

ဆက်လက်၍ သူက ရွေးကောက်ပွဲ ပြီးစီးသွားပြီး မည်သည့်အစိုးရပင် တက်သည်ဖြစ်စေ ၎င်းအနေနှင့် နာရေးကူညီသည့် လုပ်ငန်းကိုသာ ဆက်လက် လုပ်ကိုင်သွားမည်ဟု ဆိုသည်။

ရုပ်ရှင် သရုပ်ဆောင် ဦးကျော်သူသည် ၂၀၀၁ ခုနှစ် ဇန်နဝါရီလတွင် နာရေးကူညီမှုအသင်းကို စာရေးဆရာ၊ ဒါရိုက်တာကြီး ဦးသုခ၏ လမ်းညွှန်မှုဖြင့် ဦးစီးတည်ထောင်ခဲ့ကာ ၂၀၀၇ မတ်လတွင် သုခ ကုသိုလ်ဖြစ် ဆေးခန်း တိုးချဲ့ဖွင့်လှစ်ခဲ့သည်။ ယခုအခါတွင် အာဟာရသုခ စားသောက်ဆိုင်ကို ဖွင့်လှစ်လိုက်ပြီဖြစ်သည်။

ဦးကျော်သူသည် ၂၀၀၈ ခုနှစ်က တိုက်ခတ်ခဲ့သော နာဂစ် ဆိုင်ကလုန်း မုန်တိုင်းဒဏ်ခံခဲ့ရသည့် ဒုက္ခသည်များအတွက် အကူအညီများ ပေးခဲ့ပြီး ယခုနှစ် နွေရာသီက ရေရရှိမှု ခက်ခဲ့သည့်အချိန်တွင် ရေလှူဒါန်းမှုများ ပြုလုပ်ခဲ့သည်။ ယခုလက်ရှိ တွင်လည်း နာရေးကူညီမှုလုပ်ငန်းများ အပါအဝင် လူမှုရေးလုပ်ငန်းများကို စိုက်လိုက်မတ်တတ် လုပ်ကိုင်လျက် ရှိသည်။

Hits: 6262
Comments (11)
Hero of Myanmar
written by phyu, September 01, 2010
အစဉ်လေးစားလျှက်ပါ ဦးကျော်သူ
ဦးကျော်သူ လို လူမျိုး မြန်မာ နိုင်ငံမှာ အများ အပြား ပေါ်ထွန်း ပါစေလို့ ဆုတောင်းပါတယ်။
ဦးကျော်သူနှင့်တကွ အသင်းသားများအားလုံး အခက်အခဲ များကို ကျော်လွှားနိုင်ပြီး လူမှုရေးလုပ်ငန်းများကို
ဒီထက်မက လုပ်ကိုင်နိုင်ပါစေ။ ပြည်သူအများက ဦးကျော်သူတို့အသင်း အဖွဲ့ကို အစဉ် ထောက်ခံ အားပေး လျှက်ပါ။

one in a million
written by Tuumar, September 01, 2010
to very honorable man and his perfect wife,
May they be more successful and long live in healthy and happy!!!
And meet their grand child soon.

သာဓု သာဓု သာဓု
written by sawB2, September 01, 2010
မွန်မြတ်သန့်စင်တဲ့ လုပ်ငန်းေ တွအတွက် နတ်လူ သာဓုခေါ်ကြမှာပါ။ သောက ခပ်သိမ်း၊ ဒေါသ ခပ်သိမ်း၊ ဘေးရန်ခပ်သိမ်း၊ ဆင်းရဲခ ပ်သိမ်းမ ကင်းငြိမ်းနိုင်ကြသေးတဲ့ မြန်မာပြည်သူတွေကို အခုလိုစိတ်ထားဖြူစင်စွာနဲ့ ကူညီ ပေးနဲ့တဲ့ ကိုကျော် သူနဲ့ အဖွဲ့ကို ကျေး ဇူးအထူးတ င်ပါတ ယ်။ နောက်ကြီးတို့ရဲ့ ကုသိုလ်ပြုမှုတွေ အတွက် ၀မ်းမြောက်ဝမ်းသာ သာဓု သာဓု သာဓု ခေါ်ဆို လိုက်ပါတယ်။

comment
written byူလူလူ, August 31, 2010
တကယ့်ကို ဂုဏ်ယူစရာ ကောင်းတယ်..
အဲလို လူသားမျိုး မြန်မာနိုင်သားဖြစ်နေတာ ဂုဏ်ယူလို့ မဆုံးပါဘူး
ဝိုင်းဝန်းေ ဖးမပေးကြပါ.သူဟာ နာမည်နဲ့လို က်အောင် ဆက်ပြီး ကျော်ကြားနေမှာပါ..
အမြဲတမ်း ဂုဏ်ယူနေပါတယ် ဦးဦးကျော်သူရေ.. .ဆက်သွား လုပ်သွားပါ..

...
written by သာမိညောင်, August 31, 2010
ဘဝ ဘဝ
စေတနာ အကျိုးပြု လုပ်ငန်းလေးတောင်
ခိုးကြောင် ခိုးဝှက် လုပ်ရေ တာ့မလို ဖြစ် နေကြပါလား

ကိုကျော်သူရေ...
written by Burmese, August 31, 2010
လေးစားပြီး လေးစားရင်း ပါပဲဗျာ။ သွေးကြောင်နေကြတဲ့ ရုပ်ရှင်ေ လာကသား တွေကိုတော့ဖြင့်.. သနားပါတယ်၊ ကျွန်တော် ဗမာကား မကြည့်တာ ၃ နှစ် ရှိပါပြီ။ ကျွန်တော့်ပိုက်ဆံကို တစ်ပြား သားမှ မပေးချင်တာပါ။

...
written by Someone, August 31, 2010
ဦးေ ကျာ်သူက သူ့ဘာသာ လူမှူရေးေ တွလုပ်ပြီး သူ့ဘာသာ တိုးချဲ့ပြီး လုပ်နေတာကို သူတို့က နိုင်ငံေ ရးလုပ်နေ တယ် ထင်နေတာ အလကားေ နကြောက်နြေ ကတယ်။ သူတို့ကိုယ့်ကိုယ်ကိုယ် မလုံခြုံဖြစ်နေတယ်။ ဦးကျော်သူရေ ရုပ်ရှင် အစ ည်းအရုံးက လူတွေသေ ရင်ကောင်းကောင်း သင်္ဂြိုလ်ပေး လိုက်ပါဗျာ။

I don't know what to say
written by Ye Aung, August 31, 2010
I really don't know what to say about all the progress and the acts they are doing.
Good on you guys, whenever I read the articles about them, I felt full of happiness in my heart..

ကိုကျော်သူအတွက်......
written by စစ်မုန်း, August 31, 2010
ကိုကျော်သူရေ.. .လေးလေး စားစား လှိုက်လှိုက်လှဲလှဲ သာဓုေ ခ်ါပါတယ်ဗျာ..။ ရန်သူမျိုး ငါးပါးထဲမှာ တစ်မျိုးပဲ ကိုကျော်သူ အတွက်ရှိတယ် ထင်ပါတယ်။ အဲဒီမိဆ္ဆာရ န်သူတွေိုလည်း မေတ္တာကိုရှေ့ဆောင်၍ အောင်နိုင်ေ သာသူတ စ်ရောက် ဖြစ်ပါေ စဗျာ။

Salutes and congrats
written by Rommel lay, August 31, 2010
Greater love has no one than this, that he lay down his life for his friends.(John 15:13)
Proud of you for your sacrificing.

written by HMA, August 31, 2010
Congratulations Ko Kyaw thu !
I pay respect for your giving to people.
All your social works will last long forever.

ပဲခူးမြို့ရေကြီးမှု လူ (၆၀၀) ကျော် အိုးအိမ်ပစ် ထွက်ခွာရ
မြတ်ခိုင်ဦး / ၃၁ သြဂုတ် ခေတ်ပြိုင်

ပဲခူးမြို့တွင် တနင်္ဂနွေနေ့ နေ့လယ်ပိုင်းမှ စတင်တက်လာသော ပဲခူးမြစ်ရေကြောင့် ပဲခူးမြို့ရှိ ဇိုင်းဂနိုင်းတောင်နှင့်မြောက်၊ အိုးလေးစု၊ မဇင်း၊ ကျွန်းသာယာ၊ ကျောက်ကြီးစု၊ ကလျာဏီ ရပ်ကွက်တို့ ရေမြုပ်နေသဖြင့် ရပ်ကွက်နေ မိသားစုများသည် နီးစပ်ရာ ဓမ္မာရုံ၊ ဘုန်းကြီးကျောင်းများတွင် ယာယီမှီခိုနေကြရသည်။

ပဲခူးမြို့ မဇင်းရပ်ကွက်ထိပ် ရန်ကုန်မန္တလေး အဝေးပြေးကားလမ်းပေါ်ရှိ အနောက်ရွှေနံ့သာ ဘုန်းကြီးကျောင်းတွင် မိသားစု (၂၀၀) ကျော်တို့မှ လူဦးရေ (၆၀၀) ကျော်တို့သည် အစိုးရမှ မည်သည့်အထောက်အပံ့မှ ပြုလုပ်ပေးခြင်းမရှိသဖြင့် ဘုန်းတော်ကြီးကျောင်းနှင့် စေတနာရှင်များမှ လှူဒါန်းသော အစားအသောက်များကိုသာ အားထားနေရသည်။ ရွှေနံ့သာကျောင်းမှ နေ့စဉ် ဆန်အိတ် (၁၅) အိတ်ကို ဒုက္ခရောက်နေသူများအတွက် ပေးလှူနေရသည်ဟု ပဲခူးမြို့သားတဦးက ပြောသည်။

နှစ်စဉ်နှစ်တိုင်းလိုလို ဖြစ်ပွားလေ့ရှိသည့် ပဲခူးမြစ်ရေလျှံမှုသည် မြစ်ဖျားပိုင်းမိုးများသည့်အချိန်နှင့် ပဲခူးမြစ် မြစ်ဖျားခံရာ ဇောင်းတူတာတမံမှ ရေလွှတ်ချိန်တိုက်ဆိုင်ပြီး ယခုကဲ့သို့ မြစ်ရေမျက်နှာပြင် မြင့်တက်လာခြင်းဖြစ်သည်။ အထူးသဖြင့် ယခုကဲ့သို့ ဝါထပ်သည့်နှစ်များတွင် ဖြစ်ပေါ်လေ့ရှိသည်။ ပဲခူးမြို့တွင်မူ ယခုနှစ် မိုးရွာသွန်းမှု နည်းပါးသည်။

အစိုးရ သတင်းစာမှ သတင်းထုတ်ပြန်ချက်တွင် ပဲခူးမြို့၏ စိုးရိမ်ရေမှတ် (၉၁၀) စင်တီမီတာသို့ ရောက်ရှိနေပြီး နောက်ထပ် (၂၄) နာရီအတွင်း ဆက်လက်တည်ရှိနေဦးမည်ဟု ဖော်ပြပါရှိသည်။ အဆိုပါရေကြီးမှုကြောင့် စာသင်ကျောင်းအချို့ ပိတ်ထားရပြီး၊ ရန်ကုန်မန္တလေး အဝေးပြေး ကားလမ်းမကိုလည်း ရေကျော်နေပြီဖြစ်သည်။

ကားလမ်းကို ကားငယ်များဖြတ်သန်းခြင်းမရှိတော့ဘဲ ကားကြီးများသာ ဖြတ်ကူးနေကြပြီး ရပ်ကွက်များတွင် လှေများဖြင့် သွားလာကူးသန်းနေကြရသည်ဟု ပဲခူးမြို့သား ကိုတိုးက ပြောသည်။

“ဒီနှစ်က အခုနောက်ကျမှရေကြီးတာ၊ ဝါထပ်တဲ့နှစ်တွေက ပိုဆိုးသေးတယ်။ အဝေးပြေးဝင်းဆို ခါးတောင်ကျော်နေပြီ” ဟု ၎င်းက ပြောသည်။

လွန်ခဲ့သည့် (၃) နှစ်ခန့်က (၃) လနီးပါး ပြန်လည်ပြင်ဆင်ထားသော ပဲခူးတံတားသည် နဂိုမူလထက် အနည်းငယ်ပိုမြင့်သွား၍ ရေကျော်မှုမျိုး မဖြစ်သေးသော်လည်း တံတားအောက်ခြေ နှုတ်ခမ်းဘောင်နားသို့ ရောက်ရှိနေပြီဖြစ်သည်။

ယခုအခါ ရေကြီးခြင်းကို အကြောင်းပြု၍ ယခင်က (၁၅၀) ကျပ်သာပေးရသော ခရီးတိုကို ယခုအခါ ခရီးသည်တယောက်လျှင် (၄၀၀) ကျပ်ဖြင့် ကုန်ကား၊ ဖောကား (တရုတ်လုပ် မြေသယ်ကား) များက တဘက်ရေစပ်မှ တဘက်ရေအစပ်သို့ ပို့ဆောင်ပြေးဆွဲနေကြသည်။

ယနေ့နံနက်တွင် ပဲခူးမြို့၊ တောင်သူစုကျေးရွာ ပရဟိတကျောင်းဆရာတော် ဥူးကိတ္တကျောင်းမှဦးစီး၍ ရေဘေးဒုက္ခသည်များအား ထမင်းဟင်းများ သွားရောက် လှူဒါန်းခဲ့ကြသည်။

အလှူရှင်တဦးက “ဘယ်သူမဆိုပါ၊ ဘယ်လိုလူမျိုးဒုက္ခရောက်ရောက် ကူညီသင့်တယ်။ အလှူရှင်များတော့ ပိုကောင်းတာပေါ့။ သူတို့မှာ ထမင်းချက်စားဖို့ဆိုတာ အစဉ်မပြေဘူး။ ဒီလိုဒုက္ခရောက်တဲ့သူကို စာဝတ်နေရေးအရလည်းကောင်း၊ ကျန်းမာရေးအရလည်းကောင်း ကူညီစောင့်ရှောက်မှု ရရင်ကောင်းတာပေါ့။ အဲဒီလိုဖြစ်စေချင်တာ။ ဒါပေမယ့် ကိုယ့်နိုင်ငံက သူများနိုင်ငံလို ကူညီစောင့်ရှောက်တာက ထုံးစံမရှိသလိုဖြစ်နေတယ်” ဟု ဆိုသည်။

ယခုလောလောဆယ်တွင် ရေကြီးမှုကြောင့် ဖြစ်ပွားတတ်သည့် မည်သည့်ရောဂါမျိုးမှ ဖြစ်ပွားမှုမရှိသေးဟု သိရသည်။

(၅) သိန်းတန် ကမ်းရိုးတန်းဖုန်းများ အပိုကြေး (၅) သောင်းကျပ် ပေးသွင်းနေရ
အောင်ထက် / ၃၁ သြဂုတ် ခေတ်ပြိုင်

ဧရာဝတီတိုင်း၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်အတွင်း (၅) သိန်းတန် ကမ်းရိုးတန်းဖုန်း (CDMA 450 MHz) များ ငှားရမ်းသုံးစွဲခွင့်ပြုလိုက်ရာ သတ်မှတ်ပေးသွင်းငွေထက် အပိုကြေး (၅) သောင်းကျပ် ပေးသွင်းနေရကြောင်း ဒေသခံတို့ထံမှ သိရသည်။

ဖျာပုံခရိုင် (၄) မြို့နယ် အထူးစီမံချက် ပထမအသုတ်အရ ဖျာပုံ၊ ဒေးဒရဲ၊ ကျိုက်လတ်၊ ဘိုကလေးမြို့နယ်များသို့ ဩဂုတ် လလယ်အတွင်း ၀ါယာလက်စ် (၅) သိန်းတန်ဖုန်းများ အငှားချထားပေးခဲ့သည်။
မြန်မာ့ဆက်သွယ်ရေးမှ ဘိုကလေးမြို့နယ်အတွင်း (၅) သိန်းတန် CDMA 450 MHz အလုံးရေ (၂၀၀) အငှားချထားပေးမည်ဖြစ်ရာ မည်သည့်အပိုကြေးမှ ပေးသွင်းရန်မလိုဟု အသံချဲ့စက်ဖြင့် ကြေညာကာ လျှောက်လွှာများ ခေါ်ယူခဲ့သည်။

“ဖုန်းတွေ ငှားရမ်းသုံးစွဲခွင့် ပြုလိုက်တော့ မြန်မာ့ဆက်သွယ်ရေးကို စီးပွားရေးဘဏ်ကနေ (၅) သိန်း ပေးသွင်းရတယ်။ မြို့နယ် တယ်လီဖုန်းဌာနကို စာရွက်စာတမ်းကြေးက (၃,၀၀၀) ကျပ်၊ အမျိုးအမည် တပ်မရတဲ့ ဘက်စုံပြုပြင်ရေးဆိုတဲ့ ချလန်နဲ့ (၅) သောင်းကျပ် အပိုကြေး ပေးသွင်းခဲ့ရတယ်” ဟု ဘိုကလေးမြို့၊ အမှတ် (၂) ရပ်ကွက်နေ ရေလုပ်ငန်းရှင်တဦးက ပြောသည်။

ဘိုကလေးမြို့၊ ကမ်းနားလမ်းရှိ အရောင်းအ၀ယ်သမားများနှင့် မော်တော်ယာဉ်လုပ်ငန်းရှင်တို့ကလည်း ဆက်သွယ်ရေးသို့ အပိုကြေး (၅) သောင်းကျပ် ပေးသွင်းကာ အငှားသုံးစွဲခဲ့ရသည်ဟု အတည်ပြုပြောဆိုသည်။

ယခုအခါ ဘိုကလေးမြို့ပေါ်နှင့် ၀ဲကြီး၊ သက္ကာယ်ဆိပ်၊ ဘုရားသုံးဆူ၊ မြသိန်းတန် ကျေးရွာအုပ်စုအပါအ၀င် ကျေးလက်ဒေသများမှ (၅) သိန်းတန်ဖုန်း သုံးစွဲလိုသူတို့သည် (၅) သောင်းကျပ် အပိုကြေး တောင်းခံခြင်း မပြုသည့် ကျိုက်လတ်၊ ဖျာပုံ၊ ဒေးဒရဲမြို့နယ်များ၏ မြို့ခံဆွေမျိုးများမှတဆင့် လျှောက်ထားရယူနေကြသည်ဟု သိရသည်။

“ခုလို (၅) သောင်းကျပ် အပိုကြေး သွင်းနေရတော့ ဘိုကလေး ဆက်သွယ်ရေးကနေ ဘယ်သူမှ ဖုန်းလျှောက်ထားခြင်း မပြုကြတော့ဘူး။ ကျန် (၃) မြို့နယ်ကနေ သွားယူနေကြတယ်။ အခု ဩဂုတ်လကုန်ပိုင်းမှာ အပိုကြေး (၅) သောင်းကျပ်ကနေ (၃) သောင်းကျပ်အထိ လျှော့ချပေးသွင်းပါလို့ ဌာနက ကြေညာတယ်။ ဒါပေမယ့် စိတ်ဝင်စားသူ အရမ်းနည်းသွားပြီ” ဟု ဘိုကလေးမြို့ခံတဦးက ဆိုသည်။

အဆိုပါကိစ္စ ဘိုကလေး ဆက်သွယ်ရေးစခန်းသို့ ဆက်သွယ်မေးမြန်းရာတွင် “မြို့နယ်အစီအစဉ် ဘက်စုံပြုပြင်ဖို့ (၃) သောင်းကျပ် ပေးသွင်းရမယ်လို့ ညွှန်ကြားထားပါတယ် ” ဟုသာ တာဝန်ရှိသူတဦးက ဖြေကြားသည်။

ဧရာဝတီတိုင်းတွင် ငွေအကြွေစက္ကူအစား ကူပွန်သုံး
မျိုးဝင်းဇော် / ၃၁ သြဂုတ် ခေတ်ပြိုင်

ဧရာဝတီတိုင်း လပွတ္တာမြို့နယ်နှင့် အချို့မြို့နယ် ကျေးရွာတို့တွင် ငွေအကြွေစက္ကူ ရှားပါးပြတ်လတ်မှုကြောင့် ကိုယ်ပိုင်ကူပွန်မျိုးစုံ အသုံးပြုနေကြကြောင်း နာဂစ်ဒဏ်သင့် ပြည်သူများကို ကူညီနေသည့် အန်ဂျီအိုတခုမှ အရာရှိတဦး (Field officer) က ပြောသည်။

၎င်းက “ကျမ လပွတ္တာကျေးရွာ၊ ဂန့်အိတ်ကျေးရွာအုပ်စု ဂန့်အိတ်ကျေးရွာကို ရောက်သွားတော့ အဲဒီက ဈေးဆိုင်ငယ်လေးတွေ အားလုံး ကိုယ်ပိုင် ငွေစက္ကူအကြွေ ကူပွန်လေးတွေ လုပ်ပြီး သုံးနေတာ တွေ့ရတယ်။ စက္ကူကတ်ပြားငယ်တခုပေါ်မှာ ဈေးဆိုင်နာမည်၊ ဆိုင်ပိုင်ရှင်အမည်နဲ့ လက်မှတ်၊ (၅ဝ) ကျပ် ဒါမှမဟုတ် (၁ဝဝ) ကျပ် အမှတ်အသား ရေးပြီး ပလတ်စတစ်အိတ်ငယ်ထဲ ထည့်ပိတ်ထားတယ်။ ဈေးသွားဝယ်လို့ အကြွေပြန်အမ်းစရာရှိရင် အဲဒီ ကတ်ထူပြားလေးတွေနဲ့ ပြန်အမ်းတယ်။ နောက်တကြိမ် ကိုယ် ပြန်ဝယ်ချင်ရင်လည်း အဲဒီ ကတ်ထူပြားလေး ယူသွားပြီး ပေးလည်း လက်ခံတယ်” ဟု ပြောသည်။

ကိုယ်တိုင်လုပ် ကူပွန်များကို ဂန့်အိတ်ကျေးရွာ အုပ်စု၊ လွှစာ၊ ပြင်အလန်း၊ ဓနိဆိပ် ကျေးရွာ အုပ်စုများနှင့် အခြားမြို့နယ် ကျေးရွာများရှိ ဈေးဆိုင်တို့တွင်လည်း တွေခဲ့ရကြောင်း အဆိုပါအရာရှိက ပြောသည်။

အဆိုပါ နာဂစ်ဒဏ်ခံ ကျေးရွာများသည် အလွန်ဆင်းရဲသည့်အတွက် ငွေ ကျပ် (၅ဝ၊ ၁ဝဝ) ကအစ အလွန်တန်ဖိုးထားကြောင်း၊ အကြွေအမ်းစရာ မရှိပါက ကျပ် (၅ဝ၊ ၁ဝဝ) တန်ကို အခြား မုန့်၊ သကြားလုံး ပေးခြင်းမျိုးကို လက်မခံကြခြင်းကြောင့် ဈေးရောင်းသူနှင့် ဈေးဝယ်သူ နှစ်ဦးနှစ်ဖက် အဆင်ပြေမည့် ကူပွန်စနစ်ကို တီထွင်သုံးစွဲလာကြကြောင်း ၎င်းက ပြောသည်။

ငွေစက္ကူအကြွေ ရှားပါးမှုကြောင့် ယခုကဲ့သို့ ကိုယ်တိုင်လုပ် ကူပွန်စနစ်ကို ရန်ကုန်မြို့ရှိ ကုန်တိုက်ကြီးအချို့နှင့် အင်တာနက်ကဖေးဆိုင်များတွင်လည်း သုံးစွဲနေကြသည်။

တနင်္သာရီတိုင်း မြိတ်၊ ထားဝယ်၊ ကော့သောင်းဘက်တို့တွင်မူ ပလတ်စတစ် တိပ်များဖြင့် ဖာထေးထားသည့် ငွေစက္ကူအကြွေများကို ပလတ်စတစ် အိတ်သွတ်ပြီး မြိတ်ဒေါ်လာဟု ခေါ်ကာ တွင်တွင်ကျယ်ကျယ် အသုံးပြုနေကြောင်းလည်း သိရသည်။

နအဖစစ်အစိုးရက နိုင်ငံတဝန်းလုံးတွင် မြန်မာ့စီးပွားရေးဘဏ်က ငွေအကြွေစက္ကူများကို အကန့်အသတ်မရှိ လဲပေးနေသည့်အပြင် ရန်ကုန် မထသ ကားလိုင်းကို တပတ်လျှင် ငွေစက္ကူအကြွေ ကျပ်သိန်း (၁ဝဝ) ဖိုး လဲပေးနေသည်ဟု ကြေညာနေသော်လည်း ငွေစက္ကူအကြွေ ရှားပါးမြဲ ရှားပါးနေဆဲဖြစ်ပြီး လှည့်လည်သုံးစွဲနေသည့် ငွေစက္ကူအကြွေများမှာလည်း ဆိုးဆိုးရွားရွားဟောင်းနွမ်းစုတ်ပြတ်နေသည်ကို ဖာထေးထားခြင်းများသာ ဖြစ်သည်။

ရန်ကုန်မြို့ခံတဦးက “အစိုးရက ငွေစက္ကူအကြွေတွေ လဲပေးနေတယ် ဆိုပေမယ့် ဘတ်စ်ကားစီးစီး ဘယ်မှာ ဈေးဝယ်ဝယ် ငွေအကြွေပြဿနာက အမြဲရင်ဆိုင်နေရတယ်၊ ကားစီးလို့ ကျပ် (၅ဝ) ပဲ ကျတဲ့ခရီး (၁ဝဝ) တန်ပေးလည်း ပြန်မအမ်းဘူး။ (၂ဝဝ) တန် ပေးလည်း ပြန်မအမ်းဘူး။ ကျပ် (၂ဝဝ) တန်ကားတွေမှာ (၅ဝဝ) တန်ပေးလိုက်ရင်လည်း ကျပ် (၂ဝဝ) ပဲ ပြန်ပေးတယ်။ ကျပ် (၁ဝဝ) တန်က မရှိဘူး။ နောက် သုံးနေတဲ့ ကျပ် (၁ဝဝ) တန်၊ (၂ဝဝ) တန် ဆိုတာလည်း ဟောင်းနွမ်း ညစ်ပတ်နေပြီး ပိုက်ဆံနဲ့တူတဲ့ ပုံတောင် မပေါ်တော့ဘူး” ဟု ပြောသည်။

အစိုးရက လောလောဆယ် ငွေစက္ကူအဟောင်းများကို တန်ဖိုးတူညီသည့် ငွေစက္ကူအသစ်များနှင့် လဲပေးနေခြင်းသာဖြစ်ပြီး ငွေစက္ကူ (၁,ဝဝဝ၊ ၅,ဝဝဝ) တန် အရွက်ကြီးတို့ကို ငွေစက္ကူအကြွေများ လဲပေးခြင်းမျိုး မဟုတ်ဟု သိရသည်။

မြို့ခံတဦးက “ငွေစက္ကူအကြွေအဟောင်းတွေဟာလည်း ဘယ်လောက် စုတ်စုတ် လူတိုင်း လက်ခံသုံးစွဲနေကြတာမို့ ဘဏ်ကို အချိန်ကုန်ခံပြီး သွားလဲတာမျိုးလည်း မလုပ်ကြဘူး။ ဒါကြောင့် လည်ပတ်နေတဲ့ ငွေစက္ကူတွေ ဟောင်းနွမ်းစုတ်ပေမြဲ ဖြစ်တယ်” ဟု ပြောသည်။

အစိုးရဘဏ်များက ငွေစက္ကူအဟောင်းများကို လဲလှယ်ပေးနေသည်ဆိုသော်လည်း လှည့်လည်သုံးစွဲနေသည့် ငွေစက္ကူအကြွေ ပမာဏ တိုးတက်လာခြင်း မရှိသည့်အပြင် စုတ်ပြဲပျက်စီး ငွေစက္ကူများကြောင့် ကာလ ကြာလာသည်နှင့်အမျှ ပိုမိုနည်းပါးလာခြင်း ဖြစ်ကြောင်း ၎င်းက ပြောသည်။
စစ်အစိုးရခေါင်းဆောင် ရာထူး အပြောင်းအလဲ မရှိ
By ဦးကျော်အောင်လွင် အင်္ဂါ, 31 သြဂုတ် 2010 VOA

မြန်မာစစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ စစ်ဘက်ဆိုင်ရာ ရာထူးက နှုတ်ထွက်သွားပြီဆိုတဲ့ သတင်းတွေ အခုရက်ပိုင်းအတွင်း ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေပေမဲ့ ဒီကနေ့ထုတ် စစ်အစိုးရပိုင် သတင်းစာတွေမှာတော့ ရာထူးအပြောင်းအလဲ ဘာမှမရှိဘဲ ဗိုလ်ချုပ်မှူးကြီး အနေနဲ့ရော နိုင်ငံတော် အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဋ္ဌ အနေနဲ့ရော ဖော်ပြထားပါတယ်။ စစ်တပ်ခေါင်းဆောင်တွေ အပြောင်းအလဲ လုပ်တယ်ဆိုတဲ့ သတင်းတွေနဲ့ ပတ်သက်ပြီး မြန်မာပြည်သူတွေ အကြားမှာတော့ အကောင်းမြင်တာတွေ နည်းတယ်ဆိုတဲ့အကြောင်း ကိုကျော်အောင်လွင် ဘန်ကောက်မြို့ကနေ သတင်းပေးပို့ထားပါတယ်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေက မလေးရှားနိုင်ငံ လွတ်လပ်ရေးနေ့အတွက် မလေးရှားဘုရင်ဆီကို သ၀ဏ်လွှာ ပို့တဲ့အကြောင်း ဒီကနေ့ထုတ် စစ်အစိုးရပိုင် သတင်းစာတွေမှာ ဖော်ပြထားတာပါ။ ဒါကြောင့် သူ ရာထူးအပြောင်းအလဲ ဖြစ်တယ်ဆိုတဲ့ သတင်းတွေ ထွက်နေတာ မမှန်ဘူးဆိုတာ ထင်ရှားသွားပါပြီ။ ဒီနေ့သတင်းစာထဲမှာပဲ ပါဝင်တာ တခုကတော့ ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူးအဖြစ် ဗိုလ်မှူးချုပ် ထွန်းသန်းကို ဓာတ်ပုံနဲ့တကွ ဖော်ပြထားတာပါပဲ။

“ရန်ကုန်တိုင်း တိုင်းမှူးက နာမည်ထွက်လာပြီ၊ ထွန်းသန်းဆိုတာ၊ ဗိုလ်ချုပ် ၀င်းမြင့် မဟုတ်တော့ဘူး။ ဒီနေ့သတင်းစာမှာ တွေ့တာ။ ပထမဆုံး သုံးတာပဲ၊ အဲဒါ။”

စစ်ခေါင်းဆောင်တွေ ရာထူး အပြောင်းအလဲနဲ့ ပတ်သက်ပြီး စောင့်ကြည့် လေ့လာနေတဲ့ ရန်ကုန်အခြေစိုက် သတင်းသမားတဦး ပြောခဲ့တာ ဖြစ်ပါတယ်။

အခုရက်ပိုင်းတွေအတွင်း စစ်ဗိုလ်ချုပ်တွေ ရာထူးအပြောင်းအလဲ လုပ်ကြတယ်ဆိုတဲ့ သတင်းကို ပြည်သူတွေက စိတ်ဝင်စားမှု အတိုင်းအတာ တခုအထိ ရှိကြတယ် ဆိုပေမဲ့လည်း သတင်းကောင်း တခုလို့တော့ သဘောမထားကြဘူးလို့ ဆိုပါတယ်။

“စိတ်တော့ စိတ်ဝင်စားတယ်။ ဒါပေမဲ့ မထူးပါဘူးပေါ့ဗျာ၊ အဲဒီသဘောမျိုးပါပဲ။ ကျနော်တို့ဆီမှာလည်း အတွေ့အကြုံက ရှိပြီးသားမလား၊ ဗိုလ်ချုပ်နေ၀င်းကနေ ဦးနေ၀င်းကို အာဏာလွှဲတာမျိုးလို ရှိပြီးသားဆိုတော့ အဲဒီလို ပြောင်းလဲတာမျိုးပဲ ဖြစ်မှာပဲပေါ့။ ဒီလူတွေပဲပေါ့။ ကောင်းလာမယ်ဆိုတဲ့ အမြင်ကတော့ ကျနော်တို့ တွေ့တဲ့လူတွေ ကြားထဲမှာတော့ အဲဒီအမြင်မျိုး သိပ်မရှိဘူး။ ဒီပုံစံပဲ ပြန်သွားမှာပေါ့။ နာမည် ပြောင်းသွားတာပဲပေါ့။ ကျနော်တို့နဲ့ နီးစပ်တဲ့သူတွေ ကြားထဲမှာရော၊ ဒီအတိုင်း ရိုးရိုးလူတွေ ကြားထဲမှာရော ဘာမှ သိပ်ထူးထူးထွေထွေ မခံစားရဘူးလေ၊ အဲဒီအပေါ်မှာ။”

တကယ်တော့ စစ်တပ်အတွင်း ရာထူးအပြောင်းအလဲ လုပ်တဲ့ကိစ္စကို သတင်းစာတွေမှာ ဖော်ပြလေ့ရှိတာ မဟုတ်ပါဘူး။ စစ်တပ်အရာရှိတွေ အတွင်းမှာတောင် လူတိုင်းသိနိုင်တဲ့ကိစ္စ မဟုတ်ဘူးလို့ စစ်တပ်မှာ လက်ရှိ တာဝန်ထမ်းဆောင်နေတဲ့ အရာရှိတဦးက ပြောပါတယ်။ အခုတခေါက် ရာထူးအပြောင်းအလဲ လုပ်ကြတဲ့ ကိစ္စကိုလည်း တရားဝင် ထုတ်ပြန်တာ မဟုတ်ပေမဲ့ စစ်တပ်နဲ့ နီးစပ်တဲ့ အသိုင်းအ၀ိုင်းတွေက တဆင့် သတင်းလောကကနေ အတည်ပြုနိုင်အောင် ကြိုးစားကြရတာပါ။
ဒါပေမဲ့လည်း ဒီသတင်းတွေကို မြန်မာပြည်တွင်းက သတင်းဂျာနယ်တွေမှာ ဖော်ပြခွင့်ရှိတာ မဟုတ်ပါဘူး။ ကောလာဟလတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်နေတဲ့ စစ်ရာထူး အပြောင်းအလဲ ကိစ္စကို အခုတလော လူတွေ စိတ်ဝင်စားကြတယ် ဆိုတာက ရွေးကောက်ပွဲ နီးကပ်လာတာရယ်၊ အပြောင်းအလဲလုပ်တဲ့ အရာရှိ အရေအတွက် များတာရယ်ကြောင့်လို့ ရန်ကုန်အခြေစိုက် သတင်းသမား နောက်တဦးက ရှင်းပြပါတယ်။

“တော်တော်တော့ စိတ်ဝင်စားကြပါတယ်။ ဘာလို့လဲဆိုတော့ အရင်က ပြောင်းတယ် ဆိုတာကလည်း တယောက်စ၊ နှစ်ယောက်စ၊ လွန်ရောကျွံရော ခြောက်ယောက်ပေါ့။ အခုလိုမျိုး အုပ်လိုက်ချီပြီးတော့ အပြောင်းအရွှေ့ လုပ်တာမျိုး တခါမှ မကြုံခဲ့ဘူးတော့ တော်တော်လေး အဲဒီဟာအပေါ်မှာ ဝေဖန် ပြောဆိုနေကြတာပေါ့။ စိတ်ဝင်တစားပါပဲ။”

ပြည်သူတွေအတွင်း စိတ်ဝင်စားမှု ရှိကြတယ် ဆိုပေမဲ့လည်း ဒီအပြောင်းအလဲတွေဟာ ပြည်သူတွေ ကောင်းကျိုးကို ဦးတည်မယ့် အပြောင်းအလဲတွေလို့ မယူဆကြတာ များပါတယ်တဲ့။

“စိတ်ဝင်စားကြတဲ့လူ လေ့လာကြည့်တော့ နှစ်ပိုင်းတွေ့ရတယ်။ တပိုင်းက စစ်တပ် ရာထူးအကြီးပိုင်းတွေ အပြောင်းအလဲလုပ်တော့ တပ်က နောက်ဆုတ်သွားမှာလား၊ ပြည်သူတွေကို တကယ် နိုင်ငံရေး အပြောင်းအလဲ လုပ်ပြီးတော့ အရပ်သား အစိုးရအဖွဲ့ကို စစ်စစ်မှန်မှန် လွှဲပေးတော့မလား၊ အဲဒီလို အကောင်းဘက်ကနေ မြင်တဲ့လူလည်း ရှိတာပေါ့။

“အဆိုးဘက်က မြင်တာကတော့ ဒီအပြောင်းအလဲဟာ ဘာမှ ထူးလာမှာ မဟုတ်ဘူး။ စစ်တပ်က သူ့အာဏာ သူဆက်ယူထားမှာပဲ။ အရပ်သားဘက်မှာလည်း စစ်တပ်က သူတို့လူတွေ ပါအောင် အစီအမံပဲဆိုတဲ့ ပုံစံမျိုးနဲ့ အဆိုးမြင် ဝေဖန်တဲ့လူလည်း ရှိပါတယ်။ သိရသလောက်တော့ အဆိုးပိုင်းမြင်ပြီး ဝေဖန်ပြောနေကြတာ ပိုများတယ်။

“နယ်တွေမှာလည်း ဒီအတိုင်းပါပဲ။ သူတို့ဘာသာ သူတို့ပြောင်းတာ၊ တို့အတွက် ဘာမှထူးလာမှာ မဟုတ်ဘူးလို့ အဲဒီလို အသံတွေပဲ ကြားပါတယ်၊ နယ်ဘက် မေးကြည့်တော့လည်း။”

အတည်မပြုနိုင်သေးပေမဲ့ စစ်တပ်နဲ့ နီးစပ်တဲ့ အသိုင်းအ၀ိုင်းကနေ တဆင့် ထွက်ပေါ်လာနေတဲ့ သတင်းတွေအရဆို တိုင်းမှူး၊ တပ်မမှူးတွေ အပါအ၀င် စစ်တပ်အရာရှိ ၇၀ ထက်မနည်း အခုရက်ပိုင်း အတွင်းမှာပဲ ရာထူးအပြောင်းအလဲ လုပ်ခဲ့တယ်လို့ ဆိုပါတယ်။

နိုဝင်ဘာလ ၇ ရက်နေ့မှာ ကျင်းပမယ့် ရွေးကောက်ပွဲတွေဟာ မြန်မာပြည်ကို စစ်တပ် အုပ်ချုပ်မှုကနေ အရပ်ဘက် အုပ်ချုပ်မှုကို ပြောင်းစေမယ့် ရွေးကောက်ပွဲတွေလို့ ဆိုပေမဲ့လည်း ပြောင်းလဲလာမယ့် အရပ်သား အစိုးရထဲမှာ စစ်တပ်ဘက်က ၂၅% ယူထားမယ့်အပြင် စစ်ရာထူးက အနားယူပြီး အရပ်သား နိုင်ငံရေးသမားတွေ အဖြစ် ၀င်ပါကြတဲ့သူတွေလည်း အများအပြား ရှိနေမှာမို့ စစ်အုပ်စု လွှမ်းမိုးနေမယ့် အစိုးရသစ်ပဲ ပေါ်ပေါက်လာလိမ့်မယ်လို့ ယူဆကြတာ များပါတယ်။

အသက် ၈၀ နီးပါး ရှိနေပေမဲ့ စစ်ရာထူးကို မစွန့်လွှတ်သေးတဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေကလည်း လာမယ့် အရပ်သား အစိုးရသစ်မှာ သမ္မတရာထူးကို ယူလိမ့်မယ်လို့လည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။

ဦးတင်ဦး၏ ဧရာဝတီတိုင်းခရီးစဉ် ဒေးဒရဲမြို့မှာအဆုံးသတ်
2010-08-31 RFA

ဩဂုတ်လ ၂၈ ရက် စနေနေ့ကနေ ဩဂုတ်လ ၃၁ ရက် အင်္ဂါနေ့ အထိ ၄ ရက်ကြာခဲ့တဲ့ NLD ပါတီ ဒုဥက္ကဋ္ဌ ဦးတင်ဦးရဲ့ ဧရာဝတီတိုင်း စည်းရုံးရေးခရီးစဉ် ပြီးဆုံးသွားပြီ ဖြစ်ပြီး သြဂုတ် ၃၁ ရက် ဒီကနေ့ည ရန်ကုန်မြို့ကို ပြန်လည် ရောက်ရှိမယ်လို့ သိရပါတယ်။

၎ ရက်ကြာ ဧရာဝတီခရီးစဉ်အတွင်း ပုသိမ်၊ ကျုံပျော်၊ ပန်းတနော်၊ မအူပင်၊ ဘိုကလေးနဲ့ ဒေးဒရဲမြို့တွေကို သွားရောက်ကာ ထောင်နဲ့ချီတဲ့ NLD ပါတီဝင် တွေအပြင် ပါတီဝင်မဟုတ်တဲ့ တခြားပြည်သူတွေနဲ့ပါ တွေ့ဆုံခဲ့ပြီး NLD ပါတီရဲ့ ရပ်တည်ချက်တွေကို ရှင်းပြ ဆွေးနွေးခဲ့ကြောင်းလည်း သိရပါတယ်။

NLD ဒုဥက္ကဋ္ဌ ဦးတင်ဦးရဲ့ ခရီးစဉ်မှာ လိုက်ပါသွားတဲ့ NLD လူငယ်ခေါင်းဆောင် ကိုမြင့်ဌေးက ရန်ကုန်ကို ဒီ ညပြန်ကြမှာ ဖြစ်ကြောင်း ခရီးစဉ်လည်း အောင်မြင်ကြောင်း ဒီကနေ့ညနေပိုင်းမှာ ဒေးဒရဲမြို့ကနေ RFA ကို ပြောဆိုခဲ့ပါတယ်။

“ပုသိမ်မှာ လူ ၁၂၀ လောက် တက်ပါတယ်ခင်ဗျ။ စိတ်ဝင်စားတဲ့ ပြည်သူလူထုလည်း တက်တယ်ခင်ဗျ၊ နောက် အဘတို့ပြောတာကို အားလုံး လက်ခံပါတယ်ခင်ဗျ။ အဘတို့ ရှင်းပြတော့ နားလည် သဘောပေါက်ပြီးတော့ ဝိုင်းပြီးတော့ပေါ့လေ၊ ဆောင်ရွက်ဖို့အတွက်ကို အဲ သူတို့လည်း ကြိုးစားမယ်ဆိုတဲ့ သဘောထား ပေးပါတယ်။ ဒီမနက် ဘိုကလေးမှာ ဆွေးနွေးပွဲ လုပ်တယ်၊ ၁၂ နာရီ ၁၅ လောက်မှာ ကျွန်တော်တို့ ဘိုကလေးကနေ ပြန်လာတာ အခု လက်ရှိတော့ ကျွန်တော်တို့ ဒေးဒရဲကို ရောက်နေတယ်နော်၊ ဒေးဒရဲကနေ ကျွန်တော်တို့ ကွမ်းခြံကုန်း၊ ကော့မှူးကနေပြီးတော့ တခါတည်း ဒါရိုက် ရန်ကုန်ကို ပြန်မှာခင်ဗျ။ ဝင်နှောင့်ယှက်တာ၊ ဟန့်တာ၊ တားတာတွေတော့ ဘာမှ မရှိဘူးခင်ဗျ။ အဝေးကနေတော့ သူတို့ ဓာတ်ပုံရိုက်တာတို့၊ မှတ်တမ်းတင်တာတို့ ဘာတို့တော့ ရှိတယ်ပေါ့။”

NLD ဒုဥက္ကဋ္ဌ ဦးတင်ဦးနဲ့အဖွဲ့ဟာ ဧရာဝတီတိုင်းအတွင်းမှာ ဩဇာတိတ္ကမကြီးတဲ့ ဘုန်းတော်ကြီးကျောင်းက ဆရာတော်၊ သံဃာတော်တွေကိုလည်း သွားရောက်ကြည်ညိုခဲ့ကြောင်းနဲ့ ပုသိမ်မြို့က ဗိုလ်ချုပ်အောင်ဆန်း ကြေးသွန်းရုပ်တုကိုလည်း သွားရောက် ဂါဝရပြုခဲ့ကြကြောင်း သိရပါတယ်။
NLDဒုဥက္ကဋ္ဌ ဦးတင်ဦးရဲ့ ဧရာဝတီတိုင်း ပါတီစည်းရုံးရေးခရီးစဉ်အတွင်း ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင်တွေ ဖြစ်တဲ့ ဦးလှဖေ ဒေါ်လဲ့လဲ့ ၊ ဗဟိုအမျိုးသမီးအဖွဲ့ဝင် ဒေါ်အေးအေးမာ ၊ ဧရာဝတီတိုင်း တာဝန်ခံတွေဖြစ်တဲ့ ဦးဝင်းမြင့်၊ ဦးကြည်ဝင်း၊ ဦးမောင်မောင်ကြီးတို့နဲ့အတူ NLD လူငယ် ခေါင်းဆောင်တွေ အပါအဝင် စုစုပေါင်း ၁၇ ဦး လိုက်ပါသွားခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်၏ သဘောထား မကွေးတိုင်း NLD လူငယ်များ ရှင်းပြ
2010-08-31 RFA

စစ်အစိုးရကျင်းပမဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားနဲ့ အမှာစကားကို မကွေးတိုင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် လူငယ်အဖွဲ့ဝင်တွေက ဒေသအတွင်းမှာ နေထိုင်တဲ့ ပြည်သူလူထုကို လှုပ်ရှားမှုတခုအနေနဲ့ လိုက်လံပြီး ရှင်းပြနေတယ်လို့ အင်န်အယ်လ်ဒီ လူငယ် ကိုနေမျိုးကျော်က RFA ကို ပြောပြပါတယ်၊
“ကျနော်တို့ အင်န်အယ်လ်ဒီဟာ ရွေးကောက်ပွဲကို သပိတ်မှောက်တယ်ဆိုတဲ့ မက်ဆေ့ကို လူထုကို ရှင်းရှင်းလင်းလင်း ပြောပြပါတယ်၊ အဲဒီလို သပိတ်မှောက်တယ် ဆိုတဲ့နေရာမှာ ဥပဒေအရ မဲဆန္ဒရှင်များဟာ မဲပေးပိုင်ခွင့်ရှိသလို မဲမပေးပဲနဲ့ နေပိုင်ခွင့်ရှိတဲ့ အကြောင်းကို ကျနော်တို့ သေသေချာချာ ပြည်သူလူထုကို ပြောပြပါတယ်။ အဲလိုပဲ အင်န်အယ်လ်ဒီကိုမှ မဲပေးချင်ပါတယ်၊ အင်န်အယ်လ်ဒီ မရှိရင် ဘာလုပ်ရမလဲဆိုတဲ့ စဉ်းစားနေတဲ့လူတွေကိုလဲ အင်န်အယ်လ်ဒီ မပါလို့ရှိရင် မဲမပေးချင် မပေးပဲ နေနိုင်တယ် ဆိုတဲ့ မက်ဆေ့ကို ကျနော်တို့က ကျေးရွာအများထိ ရောက်အောင် ပြောပါတယ်။”

ဒေါ်အောင်ဆန်းစုကြည်က သူမရဲ့ လာမဲ့ ရွေးကောက်ပွဲအပေါ် မြင်တဲ့အမြင်နဲ့ သဘောထားတွေကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုကော်မတီဝင်တဦးလည်း ဖြစ်တဲ့ ရှေ့နေကြီး ဦးဉာဏ်ဝင်းနဲ့ မကြာခင်ကတွေ့ဆုံစဉ်မှာ ထုတ်ဖော် ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

တချို့နေရာတွေက သေသေချာချာ သိချင်လို့ ဖိတ်ခေါ်တဲ့အတွက် သွားပြီး ရှင်းပြရတာတွေရှိသလို မကွေးတိုင်းအတွင်း နေရာအတော်များများမှာ အင်န်အယ်လ်ဒီ လူငယ်တွေက လုပ်ဆောင်ခဲ့တဲ့အကြောင်း ပြောပြပါတယ်။

“စကုမှာဆိုရင်တော့ လက်ခုပ်ပင်တို့၊ ထနောင်းတောတို့၊ ဖြူကုန်းတို့၊ မြို့နားနီးတဲ့ ရွာတွေဆိုရင်တော့ ကျောင်းရွာတို့ ဒါမျိုးနေရာတွေ လုပ်ပါတယ်၊ အဲဒီလိုပဲ တခြား မကွေးတိုင်း အင်န်အယ်လ်ဒီ လူငယ်များကလည်း သက်ဆိုင်ရာ မြို့နယ်များမှာ ပခုက္ကူမှာဆိုရင် မြစ်ချေတို့၊ ကန်မတို့၊ ချောက်ဖက်မှာဆို ချောက်မြို့နယ်တို့ မကွေးမှာဆို မကွေးမြို့တွေမှာ ရှိပါတယ်၊ ဒါမျိုးတွေ နီးစပ်ရာ လိုက်လံ ရှင်းပြတာတွေ ရှိတယ်၊ ပြည်သူလူထုက သိချင်တာကို ရှင်းရှင်းလင်းလင်း လုပ်ဆောင်နေတယ်လို့ ပြောလို့ရပါတယ်ခင်ဗျ။”
နိုဝင်ဘာလ ၇ ရက်နေ့မှာ ကျင်းပမဲ့ ရွေးကောက်ပွဲဟာ လွတ်လပ်မှု၊ တရားမျှတမှု ရှိမှာ မဟုတ်ဖူးလို့ ပြည်တွင်းနဲ့ ပြည်ပက နိုင်ငံရေးအဖွဲ့အစည်းတွေက ပြောဆိုနေကြသလို နိုင်ငံတကာကလည်း အလားတူ ထောက်ပြ ဝေဖန်မှုတွေ ရှိနေပါတယ်။

ကော့သောင်းနှင့် တာချီလိတ်လမ်းဖြင့်သာ ထိုင်းနှင့်ကုန်သွယ်ဖို့ စစ်အစိုးရညွှန်ကြား
2010-08-31 RFA

မြန်မာနိုင်ငံနဲ့ ထိုင်းနိုင်ငံတို့ရဲ့ အဓိက ကုန်သွယ်ရေးလမ်းကြောင်း ဖြစ်တဲ့ မြဝတီနယ်စပ်ကို ဆက်လက် ပိတ်ထားမှာ ဖြစ်ပြီး ထိုင်းနိုင်ငံနဲ့ ပို့ကုန်သွင်းကုန် လိုင်စင်ရပြီးသား မြန်မာကုန်သည်တွေအနေနဲ့ ကော့သောင်းနဲ့ တာချီလိတ်ဘက်ကသာ ကုန်သွယ်ကြဖို့ စစ်အစိုးရ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ကုန်သည်တွေကို ညွှန်ကြားလိုက်တယ်လို့ နယ်စပ်ကုန်သည်တွေထံက သိရပါတယ်။

မြဝတီနယ်စပ်ဘက်က သွင်းကုန်ထုတ်ကုန် လိုင်စင်ထုတ်ပေးတာတွေကို ယာယီ ရပ်ဆိုင်းထားတဲ့ အတွက် ကုန်သည်တွေက ဖွင့်ပေးဖို့တင်ပြရာမှာ ယခုလို ပြန်ဖြေကြားလိုက်တာ ဖြစ်တယ်လို့ သိရပါတယ်။

နှစ်နိုင်ငံ အကြား ကုန်သွယ်ရေးလမ်းကြောင်း သုံးခုရှိတဲ့အနက် ကုန်သွယ်မှု အများဆုံးဖြစ်တဲ့ မြဝတီနယ်စပ်ကို ပြီးခဲ့တဲ့ဇူလိုင်လ ၁၈ရက်နေ့ကတည်းက မြန်မာဖက်က ပိတ်လိုက်တဲ့အတွက် ဂဏန်း၊ ပုစွန်စတဲ့ ရေထွက်ကုန်ပစ္စည်း တင်ပို့ သူတွေ အများဆုံး ထိခိုက်နစ်နာရတယ်လို့ ကုန်သည်တွေက ပြောပါတယ်။
ဒါ့အပြင် ထုတ်ကုန်သွင်းကုန် လိုင်စင်တွေကို ထုတ်ပေးနေတဲ စစ်အစိုးရ ကုန်သွယ်မှု ဝါဒကောင်စီက ဗိုလ်ချုပ်ကြီးတွေ ရာထူးအပြောင်းအလဲ ဖြစ်နေတဲ့ အတွက် လက်တလော ထုတ်ကုန်သွင်းကုန်လိုင်စင် လျှောက်ထားမှုတွေ ကြန့်ကြာနေတယ်လို့လည်း စီးပွားရေးနဲ ကူုးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနနဲ့ နီးစပ်တဲ့ သတင်းရပ်ကွက်က သိရပါတယ်။

ကချင်နှင့် ၀’ နယ်ခြားစောင့်တပ်အပြောင်းခံမှာမဟုတ်
ဆလိုင်းထွန်း | ဗုဒ္ဓဟူးနေ့၊ စက်တင်ဘာလ ၀၁

နယူးဒေလီ (မဇ္ဈိမ) ။ ။ နယ်ခြားစောင့်တပ် အသွင်ပြောင်းရန် မနက်ဖြန် နောက်ဆုံးရက်အဖြစ် စစ်အစိုးရက ရာဇသံပေးခဲ့သော်လည်း ကချင်လွတ်မြောက်ရေးအဖွဲ့ KIO နှင့် ၀’ ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် UWSA တို့ကမူ အသွင်ပြောင်းမည် မဟုတ်ကြောင်း မဇ္ဈိမကို ပြောဆိုလိုက်ကြသည်။

နယ်ခြားစောင့်တပ် (Border Guard Force - BGF) အဖြစ် အသွင်ပြောင်းရန် အကြိမ်ကြိမ် ငြင်းဆန်ခဲ့ပြီးနောက် စစ်အစိုးရဘက်က စက်တင်ဘာ ၁ ရက် နောက်ဆုံးထား၍ ထပ်မံဖြေကြားရန် တောင်းဆိုခဲ့ခြင်းကို ၎င်းတို့နှစ်ဖွဲ့က ထပ်မံငြင်းဆန်လိုက်ကြသည်။

“ပြောင်းဖို့က အစကတည်းက လက်မခံဘူး။ အစိုးရကလည်း ဒီအစီအစဉ်ကို ရပ်ဆိုင်းပြီး ဖြစ်ပါတယ်။ နောက်တခုက ပင်လုံစာချုပ်အတိုင်းဆိုတာထက် ပင်လုံစိတ်ဓာတ်ပေါ်မှာ အခြေခံတဲ့ ပြည်ထောင်စုကို ၀ိုင်းဝန်းတည်ထောင်ရေးကနေ မပြောင်းလဲတာ KIO ရဲ့ နိုင်ငံရေးပန်းတိုင်ဖြစ်တယ်။ ဒါကြောင့် နယ်ခြားစောင့်တပ် ပြောင်းရေးကို လုံးဝ လက်မခံဘူး” ဟု KIO တွဲဖက် အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီးဆင်ဝါးက မဇ္ဈိမကို ပြောသည်။

ပင်လုံစာချုပ်တွင် ပါရှိသည့် စစ်မှန်သော ဒီမိုကရေစီ ပြည်ထောင်စုတွင် တန်းတူညီမျှမူဖြင့် အတူတကွ နေထိုင်သွားမည် ဖြစ်ကြောင်းနှင့် အစိုးရအဆက်ဆက်နှင့် ဆွေးနွေးညှိနှိုင်းခဲ့သည့်နည်းတူ ဆက်လက်ညှိနှိုင်းခြင်းဖြင့် ခိုင်မာသည့် ငြိမ်းချမ်းရေး ရရှိရန် ဆောင်ရွက်သွားမည်ဟု KIO က ယနေ့နေ့စွဲဖြင့် ကြေညာချက်ထုတ်ပြန်ခဲ့သည်။

UWSA နှင့် နီးစပ်သော ပြည်သူ့ဒီမိုကရေစီတပ်ဦး PDF မှ တာဝန်ရှိသူတဦးလည်း “တခုရှိတာက ၁ ရက်နေ့လို့ ပြောတာက အကြိမ်ပေါင်းများနေပြီ။ အဲတော့ သိပ်မထူးခြားဘူး။ ဘယ်လောက်ပဲ ရွေးကောက်ပွဲတွေ ပြင်နေပြင်နေ၊ တပ်ထဲမှာ အပြောင်းအလဲ ကြီးကြီးမားမား ရှိတဲ့အချိန်မှာ ဆုံးဖြတ်ဖို့ ခက်ပါတယ်။ နောင်တက်တဲ့ အစိုးရနဲ့ပဲ စကားပြောမယ်။ နောင်တက်တဲ့ အစိုးရလည်း သူတို့ပါပဲဗျာ။ ဒါပေမဲ့ နောင်ခါလာ နောင်ခါဈေးပေါ့” ဟု မဇ္ဈိမကို ပြောသည်။

BGF ကိစ္စ ဖြေကြားရန် နောက်ဆုံးရက် သတ်မှတ်ချက်နှင့် ပတ်သက်၍ မည်သို့ဆုံးဖြတ်မည်ကို သိရှိလို၍ မွန်ပြည်သစ်ပါတီ NMSP ဌာနချုပ်နှင့် ဆက်ဆံရေးရုံးကို ဆက်သွယ်မေးမြန်းရာတွင် တာဝန်ရှိသူများနှင့် ပြောရေးဆိုခွင့်ရှိ ပုဂ္ဂိုလ်များ မရှိသဖြင့် ဖြေဆိုရန် ငြင်းဆိုခဲ့ကြသည်။

BGF ကို လက်မခံသဖြင့် နှစ်ဦးနှစ်ဖက်အကြား တိုက်ပွဲများ ဖြစ်ပွားလာဖွယ်မရှိကြောင်း သုံးသပ်သည်။

“တိုက်ပွဲတွေ ဖြစ်လာဖို့က အစိုးရပေါ် မူတည်တယ်။ ကျနော်တို့ အမြင်တော့ မဖြစ်နိုင်ဘူးလို့ ထင်တယ်။ တိုက်ပွဲဖြစ်ရင် လက်နက်ကိုင်တပ်ဖွဲ့ အချင်းချင်းသာမက ပြည်သူလူထု ထိခိုက်နစ်နာမယ့် ကိစ္စဖြစ်တော့ အစိုးရက အလေးအနက် စဉ်းစားလိမ့်မယ်လို့ ထင်တယ်။ ငြိမ်းချင်းရေး မပျက်ဘဲ ဆက်သွားနိုင်ဖို့ ညှိအုံးမယ်” ဟု KIO မှ ဗိုလ်မှူးကြီးဆင်ဝါးက ပြောသည်။

KIO ထိန်းချုပ်သည့် ကချင်ပြည်နယ် ဒေသအချို့တွင် စစ်အစိုးရက ရွေးကောက်ပွဲနှင့် ပတ်သက်သည့် လှုပ်ရှားမှုများ မရှိကြောင်းလည်း ဗိုလ်မှူးကြီးဆင်ဝါးက ပြောသည်။

ပြီးခဲ့သည့်နှစ် ဧပြီလမှ စတင်၍ BGF အဖြစ် အသွင်ပြောင်းရေးကို စစ်အစိုးရဘက်က စတင်ခဲ့ရာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ကြီးများဖြစ်သည့် UWSA ၊ KIO နှင့် မွန်ပြည်သစ်ပါတီ NMSP တို့ကို အဓိက ဖိအားပေးခဲ့သည်။

ယခုအချိန်တွင် ကချင်ပြည် ဒီမိုကရေစီသစ် တပ်မတော်(NDA-K)၊ ကိုးကန့် အထူးဒေသ ၁ ၊ တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (DKBA) ၊ ကယားပြည်နယ် အထူးဒေသ ၂ (ကလလတ) စသည့် အဖွဲ့များ အပါအ၀င် နယ်ခြားစောင့်တပ်အဖြစ် ပြောင်းလဲခဲ့သည့် အဖွဲ့ ၈ ဖွဲ့ထက်မနည်း ရှိကြောင်း သိရသည်။

ကြံ့ဖွံ့က လွှတ်တော်တွင် အမတ်ဦးရေ အများဆုံး ရနိုင်
ကိုဝိုင်း | အင်္ဂါနေ့၊ သြဂုတ်လ ၃၁

ချင်းမိုင် (မဇ္ဈိမ)။ ။ ရွေးကောက်ပွဲဝင်မည့် အမတ်ဦးရေစာရင်း တင်သွင်းရမည့် နောက်ဆုံးရက်အဖြစ် ရွေးကောက်ပွဲ ကော်မရှင်က ယမန်နေ့ကို သတ်မှတ်ခဲ့ရာ ကြံ့ဖွံ့ပါတီကသာ အများဆုံးဖြစ်နိုင်ပြီး လွှတ်တော်ထဲတွင် ကြံ့ဖွံ့ကသာ အသာစီးရမည်ဟု ရွေးကောက်ပွဲဝင်မည့် ပါတီများက သုံးသပ်နေကြသည်။

အတိအကျကိုမူ ယနေ့အထိ မသိရသေးသော်လည်း တစည ပါတီက အမတ်နေရာ ၈၀၀ နှင့် ၉၀၀ အကြား၊ ကြံ့ဖွံ့ပါတီက “မဲဆန္ဒနယ်အားလုံး” ဝင်ပြိုင်မည်ဟု သက်ဆိုင်ရာ တာဝန်ရှိသူများက ပြောဆိုနေကြသည်။

အမတ်လောင်းစာရင်းသွင်းရက် တိုခြင်း၊ ရွေးကောက်ပွဲ မှတ်ပုံတင်ကြေးကို မြှင့်ထားခြင်းတို့ကြောင့် ပါတီအများစုက မှန်းသလောက် မတင်နိုင်သည့် အခြေအနေနှင့် စစ်အစိုးရ၏ ထောက်ခံမှု ရရှိထားပြီး ငွေကြေးပြည့်စုံသော ကြံ့ဖွံ့ပါတီအခြေအနေကို ယှဉ်ထိုး၍ အမတ်ဦးရေနည်းသည့် ပါတီတချို့က သုံးသပ်ကြခြင်းဖြစ်သည်။

လွှတ်တော်အတွင်း မဲခွဲဆုံးဖြတ်မှုအတွက်မူ ရွေးကောက်ပွဲပြီးသည့်အထိ စောင့်ကြည့်ရမည်ဟု သုံးသပ်မှုရှိသကဲ့သို့ လွှတ်တော်အတွင်း၌ အမြဲတမ်း အတိုက်အခံဖြစ်နေမည် မဟုတ်ဟုလည်း သုံးသပ်မှုများ ရှိသည်။

လွှတ်တော်အတွင်း မဲခွဲဆုံးဖြတ်ရန်ကိစ္စများ ဖြစ်လာပါက ကြံ့ဖွံ့ပါတီကသာ အနိုင်ရသွားမည်ဟု ရန်ကုန်တိုင်း မင်္ဂလာတောင်ညွန့်မြို့နယ်မှ ဝင်ပြိုင်မည့် ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးသုဝေ က သုံးသပ်သည်။

“Debate (ဆွေးနွေးမှုငြင်းခုံ) အများကြီး လုပ်ရမှာပေါ့။ ကိုယ်စားလှယ်အများစု ရတဲ့လူကတော့ လွှတ်တော်မှာ ဥပဒေပြုတဲ့အခါမှာ အသာစီးရမှာပေါ့ဗျာ” ဟု သူက မဇ္ဈိမကို ပြောသည်။

ဒီမိုကရက်တစ်ပါတီသည် ပြည်သူ့လွှတ်တော်တွင် အများဆုံးဝင်ပြိုင်မည်ဖြစ်ပြီး ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ မွန်ပြည်နယ်၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ရခိုင်ပြည်နယ်၊ ပဲခူးတိုင်းတို့တွင် စုစုပေါင်း ၅၀ ဦးဝင်ပြိုင်မည်။

ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်နှစ်ခုတွင် အဓိကထား ဝင်ပြိုင်မည့် အမျိုးသားဒီမိုကရေစီအင်အားစု NDF ပါတီဥက္ကဋ္ဌ ဒေါက်တာသန်းငြိမ်းကမူ လွှတ်တော်အတွင်း ကြံ့ဖွံ့ပါတီသာ အများစု ဖြစ်မည်ဟု သုံးသပ်သော်လည်း အမြဲတမ်း ဆန့်ကျင်ဘက်ဖြစ်မည်ဟု မယူဆပေ။

“များတဲ့လူက နိုင်ရင်လည်း နိုင်မှာပေါ့။ သူတို့ ကိုယ်စားပြုတဲ့ဒေသက လူတွေရဲ့ ဆန္ဒဆိုတာ ရှိသေးတာကိုး။ တချို့ဟာတွေကျတော့လည်း အဆိုတခုဟာ လုံးဝတရားမျှတနေတယ် ဆန့်ကျင်ကန့်ကွက်ရင် သိပ်ကို ရုပ်ဆိုးစရာရှိလည်း စဉ်းစားမှာပေါ့” ဟု သူက ပြောသည်။

NDF ပါတီက အမျိုးသားလွှတ်တော် ၃၄ ဦး၊ ပြည်သူ့လွှတ်တော် ၁၁၂ ဦးနှင့် တိုင်းဒေသကြီး ၁၆ ဦး စုစုပေါင်း ၁၆၂ ဦး ဝင်ပြိုင်မည်ဟု သိရသည်။ ဥက္ကဋ္ဌ ဒေါက်တာသန်းငြိမ်းမှာမူ ကျန်းမာရေးကြောင့် ဝင်မပြိုင်ပေ။

ရှမ်းနှင့် ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းတို့တွင် လွှတ်တော် ၃ ရပ်အတွက် ၁၅၇ ဦး ဝင်ပြိုင်မည့် ကျားဖြူပါတီခေါ် သျှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းကမူ လွှတ်တော်အတွင်း မည်သူ အများစုဖြစ်မည်ကို ရွေးကောက်ပွဲပြီးမှသာ ပြောနိုင်မည်ဟု ဆိုသည်။

“သဘောကတော့ ပြီးခဲ့တဲ့ ၉၀ ရွေးကောက်ပွဲက တစညလည်း နေရာတိုင်း ဝင်ပြိုင်တာပဲ။ ဒါပေမဲ့ သူက ၁၀ နေရာပဲ နိုင်ခဲ့တာပဲလေ။ နေရာတိုင်း ဝင်ပြိုင်တယ်ဆိုပေမယ့် နိုင်ချင်မှ နိုင်မှာကိုးဗျ။ ပြည်သူရဲ့ သဘောဆန္ဒပေါ်မှာ မူတည်တာပေါ့နော်” ဟု သူက ပြောသည်။ သူသည် ရှမ်းပြည် မြောက်ပိုင်း သိန္ဒီမြို့နယ်မှ ပြည်နယ်လွှတ်တော်အတွက် ဝင်ပြိုင်မည်ဖြစ်သည်။

ကြံ့ဖွံ့နှင့် တစညမှလွဲ၍ ကျန်ပါတီများသည် ပြည်နယ်များတွင် အနည်းစုသာ ဝင်ရောက်ယှဉ်ပြိုင်ကြသည်မှာ ဒေသခံတိုင်းရင်းသားများသည် တိုင်းရင်းသားပါတီအချင်းချင်းသာ မဲပေးနိုင်မည်ကို တွက်ဆမိသောကြောင့် ဖြစ်နိုင်သည်ဟု ဦးစိုင်းအိုက်ပေါင်းက သုံးသပ်သည်။

လွှတ်တော်အတွင်း၌ ကြံ့ဖွံ့ကသာ အများစုဖြစ်သွားမည်ကို သဘောတူသည့် အခြားညီနောင် ပါတီနှစ်ခုမှာ ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေး အဖွဲ့ချုပ်ပါတီနှင့် ၈၈ မျိုးဆက်ကျောင်း သားလူငယ်များ (ပြည်ထောင်စု မြန်မာနိုင်ငံ) တို့ ဖြစ်သည်။ ယင်းပါတီနှစ်ခုက ၅၀ ဦးနှင့် ၃၈ ဦး အသီးသီးဝင်ပြိုင်မည်ဖြစ်သည်။

ယင်းသို့ အများစုဖြစ်စေရန် မှတ်ပုံတင်ငွေကို မြှင့်ထားပြီး၊ အမတ်လောင်းစာရင်း တင်ရမည့်အချိန်ကို လျှော့ထားကြောင်း ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေး အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးအေးလွင်က ပြောသည်။ သူသည် ပဲခူးတိုင်းအနောက်ပိုင်း၊ ပြည်ခရိုင်မှ ပေါင်းတည်၊ ရွှေတောင်၊ သဲကုန်းမြို့နယ် ၃ ခုပေါင်းထားသည့် ပဲခူးတိုင်းဒေသကြီး အမျိုးသားလွှတ် တော် မဲဆန္ဒနယ် အမှတ် ၉ မှ ဝင်ပြိုင်မည်။

“ကျနော်တို့က သူတို့လို့ နိုင်ငံတော်အာဏာ ချုပ်ကိုင်ထားပြီးတော့မှ အမိန့်အာဏာနဲ့ လျှောက်လုပ်လို့ မရဘူးလေ။ ရွေးကောက်ပွဲမတိုင်မီ ကိုယ်စားလှယ်လောင်းအမည် တင်သွင်းတာ အပါအဝင် လူတော်တော်များများကို ပယ်ချလိုက်တာပေါ့ဗျာ။ ပြိုင်ဘက်မရှိရင်တော့ ကိုယ့်ဟာကိုယ်လုပ်ပြီး ကိုယ်ပဲနိုင်တာပေါ့ဗျာ” ဟု သူက ပြောသည်။

ယခုတင်သည့် အမတ်လောင်းစာရင်းများကိုလည်း ရွေးကောက်ပွဲကော်မရှင်က လာမည့်လ ၆ ရက်နေ့မှ ၁၀ ရက်အထိ စိစစ်ဦးမည်ဖြစ်သဖြင့် ယခုထက် အမတ်ဦးရေမှာ လျော့သွားနိုင်ဖွယ်သာရှိပြီး တိုးရန်မူ အကြောင်းမရှိပါ။

ကိုယ်စားလှယ်လောင်းများသည် ပြည်သူ့လွှတ်တော်အတွက် ၃၃၀၊ အမျိုးသားလွှတ်တော် ၁၆၈ နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ၆၆၀ စုစုပေါင်း အမတ်နေရာ ၁၁၅၈ ဦးအတွက် ဝင်အရွေးခံရမည်ဖြစ်သည်။

ကချင်လွတ်မြောက်ရေးအဖွဲ့ KIO နှင့် ဆက်စပ်နေသည်ဟု စွပ်စွဲ၍ ရွေးကောက်ပွဲကော်မရှင်က ပါတီထောင်ခွင့်ပင် မပြုခဲ့သည့် KIO ဒုဥက္ကဌဟောင်း ဒေါက်တာတူးဂျာဦးဆောင်သည့် ကချင်ပြည် နယ်တိုးတက်ရေးပါတီ KSPP ကမူ ပါတီအနေဖြင့် ရွေးကောက်ပွဲဝင်မည်မဟုတ်ပဲ တသီးပုဂ္ဂလများ အနေဖြင့်သာ ဝင်တော့မည်ဖြစ်သည်။

ပဲခူးရေဘေး အာဏာပိုင် လျစ်လျူရှု
မဇ္ဈိမသတင်းဌာန | အင်္ဂါနေ့၊ သြဂုတ်လ ၃၁

ချင်းမိုင် (မဇ္ဈိမ) ။ ။ ပဲခူးမြစ်ရေသည် ယနေ့နံနက်တွင် ပိုတက်လာနေသော်လည်း အတိုင်းအတာကို မသိရသေးကြောင်း ၁၁ နာရီခွဲက မိုးဇလဌာနက ပြောသည်။

ပဲခူးမြို့ပေါ်ရှိ ရွှေသာလျောင်း လမ်းမကြီး၊ ကျောက်ကြီးစု၊ ဇိုင်းဂနိုင်း၊ ရွာသစ်၊ ကျွန်းသာယာစသော ရပ်ကွက်များတွင် မနေ့ကထက် ရေတက်လာကာ စာသင်ကျောင်းများ ပိတ်ထားရသည်။

ရေလွှမ်းခံရသော မြို့နေပြည်သူတို့အတွက် အစားအသောက်များကို ပရဟိတဆရာတော် ဦးကိတ္တိနှင့် တပည့်ဒါယကာများက ဝေပေးနေသော်လည်း “ဆိုင်ကယ်တွေ ၊ကားတွေတောင် သွားရလာရ ခက်နေတယ်” ဟု မြို့ခံတဦးက ပြောသည်။

“ဈေးလည်းသွားလို့မရ၊ အရောင်းအဝယ်တွေလည်း လုပ်မရ၊ ဆိုင်တွေလည်း ပိတ်ထားရတယ်၊ ရေကျရင်တောင် မြို့ကိုရှင်းရမှာ မလွယ်သေးဘူး”ဟု ရွှေမောဓော ဘုရားအနီးက ဒေသခံတဦးက ပြောသည်။

ပဲခူးမြို့အာဏာပိုင်များက ရေဘေးကြောင့် အခက်တွေ့နေရသော ပြည်သူများကို မည်သည့် အထောက်အပံ့မှ မပေးကြောင်းလည်း မြို့ခံများကဆိုသည်။
“ပဲခူးမြစ်ရေက နှစ်တိုင်းကြီးနေတာပဲလေ၊ အခုလည်း မြစ်ရေကြီးမယ် ဆိုတာကို သတင်းစာတွေမှာ ကြေညာထားတယ်။ ကြိုတင်ပြင်ဆင်မှုတွေကို လုပ်ဖို့လိုတယ်၊ ရေကြီးတာပဲခူးက လူတွေအတွက် အထူးအဆန်း မဟုတ်ဘူး၊ သူတို့နေတတ်တယ်”ဟုပဲခူး မယက တာဝန်ရှိသူတဦးက ပြောသည်။
သြဂုတ်လ ၃ဝ ရက်နေ့လယ်တွင် ပဲခူးအဝေးပြေးယာဉ်ရပ်စခန်းအတွင်း ရေတက်လာပြီး ရန်ကုန်-မန္တလေးလမ်းမကြီး အထက် ရေ ၁ပေကျော်နေသည့်အတွက် အဝေးပြေးယာဉ်၊ ကုန်တင်ယာဉ်တို့ အသွားအလာ ကျဲနေသည်။

ရေကြီးမှုကြောင့် ပဲခူးမြို့ပေါ်နှင့် ကျေးရွာများသွားရေးလာရေးခက်နေကြောင်းလည်း မြို့ခံများကပြောသည်။

“ရေတက်တဲ့အတွက် ပဲခူးကနေ ရခိုင်ပြည်နယ်၊ မြန်မာပြည်အလယ်ပိုင်း၊ အထက်ပိုင်းတွေကို ကုန်စည်စီးတာတွေလည်း ပြတ်ကုန်တယ်၊ ပဲခူးရေကြီးတဲ့ ကိစ္စက ပဲခူးတမြို့တည်း ခံရတာ မဟုတ်ဘူး၊ ဆက်စပ် ပတ်သက်တဲ့ တိုင်းနဲ့ပြည်နယ်တွေလည်း ခံရတာပဲ”ဟုပဲခူးမြို့ ရန်ကုန် မန္တလေးလမ်းနေ ယာဉ်ပိုင်ရှင် ဦးလှကျော်သူက ပြောသည်။

ယနေ့ထုတ် နိုင်ငံပိုင် သတင်းစာတွင် ပဲခူးမြစ်ရေသည် စိုးရိမ်ရေအမှတ် ၉၁ဝ စင်တီမီတာ အထက်ကို ရောက်ရှိနေကြောင်း သြဂုတ်လ ၃ဝ ရက်နေ့ နေ့လယ် ၁၂နာရီတိုင်းထွာချက် အဖြေကို ဖေါ်ပြထားသည်။

ပဲခူးမြစ်ရေသည် သြဂုတ်လ ၂၈ ရက် ညနေပိုင်းက စတက်လာသည်။ ၂၉ ရက်ထုတ် အစိုးရသတင်းစာက စိုးရိမ်ရေမှတ် ရောက်ရှိမည်ဟု ကြေညာခဲ့သည်။

ယခုနှစ်အတွင်း ဒုတိယအကြိမ်မြောက် ပဲခူးမြစ်ရေကြီးခြင်း ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒဌာန စာရင်းများအရ သိရသည်။

မိုးမခဘလော့ကို အမေရိကန်နှင့် စင်္ကာပူမှ အများဆုံးဝင်ရောက်ဟု Google ထံမှ သိရ
မိုးမခအထောက်တော် အမှတ် ၀၁၀
သြဂုတ် ၃၁၊ ၂၀၁၀ မိုးမခ

ဂူဂယ်က သူ့ကို အားကိုးသည့် ဘလော်ဂါများ သဘောကျမည့် အကျိုးဆောင်မှု တခုကို ယနေ့ မိတ်ဆက်ပေးလိုက်သည်။ Stats ဟု အမည်ရသော ထိုအကျိုးဆောင်မှုကို ဘလော့ကို စီမံခန့်ခွဲသည့် စာမျက်နှာတွင် တွေ့နိုင်သည်။

မိုးမခဘလော့ moemaka.blogspot.com ကို အများဆုံး လာရောက် ဖတ်ရှုသူများမှာ အမေရိကန်နှင့် စင်္ကာပူတို့မှ ဖြစ်ကြောင်း ယနေ့ ဂူဂယ်က ၀န်ဆောင်မှု ပေးလိုက်သည့် Stats တွင် ဖော်ပြထားချက်အရ သိရသည်။

ယခုလအတွင်း ထို ၂ နိုင်ငံမှ စာဖတ်သူများ ၀င်ရောက်မှုမှာ ကိုးထောင်ကျော်စီ ရှိကြောင်း တွေ့ရသည်။ မြန်မာပြည်သားများ နှစ်သက်သည့် စာမျက်နှာများကို ပိတ်ပင်ထားသည့် မြန်မာနိုင်ငံမှ ၀င်ရောက်မှု အနည်းဆုံး ဖြစ်ကြောင်း တွေ့ရသည်။

moemaka.blogspot.com သို့ ယခုလအတွင်း စာဖတ်သူများ နိုင်ငံအလိုက် ၀င်ရောက်မှု အခြေအနေကို Stats တွင် ဖော်ပြထားချက်အရ အောက်ပါအတိုင်း တွေ့ရသည်။

United States 9,491
Singapore 9,456

Thailand 1,559
Malaysia 1,316

United Kingdom 1,049
Germany 810

Japan 752
Australia 747

South Korea 618
Myanmar [Burma] 277

Stats တွင် လေ့လာလျှင် ဘလော့သို့ စာဖတ်သူ မည်မျှ လာသည်၊ မည်သည့် နိုင်ငံမှ အများဆုံးလာသည်၊ မည်သည့် အင်တာနက် စာမျက်နှာမှ တဆင့် အများဆုံး ရောက်လာသည် စသည့် အချက်အလက်တို့ကို ဖတ်ရ လွယ်ကူသည့် ဂရပ်များ၊ ဇယားများဖြင့် တွေ့နိုင်သည်။

မိုးမခက ကိုယ်ပိုင် အင်တာနက်စာမျက်နှာ ရှိသော်လည်း ဘလော့ ၂ ခုကို အရံအဖြစ် စီစဉ်ထားသည်။ အကြောင်းအမျိုးအမျိုးကြောင့် မူရင်း အင်တာနက် စာမျက်နှာ moemaka.com သို့ သွားရောက်ခြင်း မပြုနိုင်ပါက ဘလော့ ၂ ခုက အလုပ်ဖြစ်နိုင်သည်။
moemaka.blogspot.com
moemaka.wordpress.com
ဘလော့တွင် လူဖတ်အများဆုံးမှာ မြန်မာမော်ဒယ် နေခြည်မင်းထွန်းနှင့် အင်တာဗျူး၊ မင်းသား ဝေဠုကျော် တောင်ပြုန်းပွဲတွင် ဆေးကြော်ငြာသည့် သတင်း၊ ရန်ကုန်တွင် ကြွက်ကောင်ရေ များလာသည့် ဆောင်းပါး၊ ပန်းဖြူ၊ သံသာဝင်း၊ အနဂ္ဂတို့ သတင်းများ၊ ကာတွန်းဆရာတဦး အမည်ဝှက်ဖြင့် ရေးသော ဟီရိုရှီးမား အနုမြူဗုံးဒဏ်ခံရမှု နှစ်ပတ်လည် ဆောင်းပါး၊ မြန်မာမော်ဒယ်တချို့ နယူးယောက်တွင် အစွမ်းပြသည့် သတင်းတို့ ဖြစ်ကြောင်း တွေ့ရသည်။

နောက်ဆုံး မော်ဒယ် အဲ အဲ - နောက်ဆုံး ဖတ်ဖို့ပါခင်ဗျ

သတင်းကြီးတဲ့ ရွှေမော်ဒယ်ရဲ့ အသုံးစရိတ်
ခင်နှင်းလွင်၊ ရန်ကုန်
သြဂုတ် ၃၁၊ ၂၀၁၀ မိုးမခ

ပြည်တွင်းထုတ် ဂျာနယ်တစ်စောင်မှာ ဖြေကြားသွားတဲ့ တက်သစ်စမော်ဒယ် ရွှေစင်ရဲ့ ဈေးဝယ် အသုံးစရိတ်နဲ့ ပတ်သတ်ပြီး ပြည်တွင်းဂျာနယ်များရဲ့ အနုပညာ ကဏ္ဍမှာ မော်ဒယ်ရွှေစင်နဲ့ အင်တာဗျူးတွေ ဆက်တိုက် ပါရှိလာတာကို တွေ့ရပါတယ်။
အခုနောက်ပိုင်း ရုပ်ရှင်သရုပ်ဆောင်တွေ မော်ဒယ်တွေမှာ ဘယ်သူကဘယ်သူ့ စပွန်စာ ဆိုတဲ့ ပြိုင်ဆိုင်တဲ့ ရောဂါရှိနေပုံရတယ်။ ဘယ်သူ့စပွန်စာက ဘယ်လောက် ထောက်နိုင်တယ် ဆိုပြီး ပြိုင်ဆိုင် ရင်းနဲ့ သူတို့ရဲ့ တန်ဖိုးကို လွဲမှားတဲ့ နည်းနဲ့ ဖော်ပြနေတာ မြန်မာမိန်းကလေးတွေ အတွက် တော်တော် ကြောက်စရာ ကောင်းတဲ့ လမ်းမှားတစ်ခုပါ လို့ ကျောင်းဆရာမ အငြိမ်းစား တစ်ဦးက ပြောပြခဲ့ပါတယ်။

ဝိကလီး အလဲဗင်းဂျာနယ်မှာလည်း “မြန်မာနိုင်ငံမှာ မော်ဒယ်လ်တွေ၊ သရုပ်ဆောင်တွေ ၀င်ငွေကောင်းနေပြီလား ” ဆိုတဲ့ ခေါင်းစဉ်နဲ့ သတင်းတပုဒ် ရေးသား ဖေါ်ပြခဲ့ပါသေးတယ်။ အမည်နဲ့ တကွ မရေးသားပေမယ့် မော်ဒယ် ရွှေစင်က ဆဲဗင်းဒေးစ် ဈေးဝယ်လမ်းညွှန် ဂျာနယ်ကို ဖြေကြားခဲ့တာကို ကိုးကား ဖေါ်ပြထားတာ ဖြစ်ပါတယ်။

အဆိုပါ ဂျာနယ်မှာ မော်ဒယ် ရွှေစင်က ပြောထားတဲ့ စကားလုံး အတိအကျကတော့ `ဟန်းဖုန်းက LV, Limited Edition (အရေအတွက် ကန့်သတ် ထုတ်လုပ်ပြီး ငွေအလွန်ချမ်းသာသည့် လူ့ကုံထံများသာ ၀ယ်သုံးနိုင်သည့်ပစ္စည်း) ကျပ်သိန်း ၃၆၀ ပေးရပါတယ်။ လက်ရှိ မှာတော့ Branded တွေကို အကြိုက် များနေတယ်။ Branded တွေကိုပဲ set လိုက်ဝယ်သုံး ဖြစ်တယ်။ ဈေးဝယ် ထွက်တဲ့ အခါမှာလည်း ပြည်ပမှာဝယ်ဖြစ်တယ်။ ဈေးတစ်ခါဝယ်ရင် ဒေါ်လာ ၉သောင်း နဲ့ တစ်သိန်းကြား (ကျပ်သိန်း ၉၀၀ မှ တထောင်) မှာသုံးဖြစ်ပါတယ်” လို့ ဖြေဆိုသွားခဲ့တာကြောင့် အခုလို မော်ဒယ်လောကရဲ့ ၀င်ငွေကို ပြည်သူများ အကြားစိတ်ဝင်စားစရာ ဖြစ်လာခဲ့တာ ဖြစ်ပါတယ်။

ပြည်တွင်းထုတ် ဆဲဗင်းဒေးဂျာနယ်တွင် ဖခင်ဖြစ်သူမှာ ရှေ့နေဖြစ်ပြီး အစ်ကိုနှစ်ယောက်က ဘော်ဒါဆောင်နှင့် ကားအရောင်းအ၀ယ် အဓိက လုပ်ကြောင်း မိသားစုမှပင် ထောက်ပံ့ပေး နေတာဖြစ်ကြောင်း ပေါ်လွင်အောင် အင်တာဗျုးဖြေသွား တာကိုလည်း တွေ့ရပါတယ်။

အဖေနဲ့ အကိုတွေရဲ့ အလုပ်အကိုင် ၀င်ငွေလောက်နဲ့ သူပြောပြသွားတဲ့ အသုံးစရိတ်က တော်တော်ကွာတယ်။ နောက် သူကအခုမှ ကြော်ငြာလေး နဲနဲ ရိုက်ရသေးတယ်။ လေးလနဲ့ မန်နေဂျာထားတယ် ဆိုတာ ဘယ်လိုမှ ဒီဝင်ငွေလောက်နဲ့ မရနိုင်ဘူး။ မြန်မာနိုင်ငံမှာ မော်ဒယ်တွေရဲ့ ဈေးကွက်က ဒီလောက် မရနိုင်သေးပါဘူး လို့ ဒဂုံတက္ကသိုလ်မှ ကျောင်းသူ တစ်ဦးက ပြောပြခဲ့ပါတယ်။

မော်ဒယ်ရွှေစင်ကို နောက်ကွယ်မှ ထောက်ပံ့ပေးနေသူမှာ လက်ရှိမြန်မာနိုင်ငံရဲ့ စီးပွားရေးကို စစ်အစိုးရနဲ့ ပေါင်းပြီး ချုပ်ကိုင်ထားတဲ့ အဲပုဂံ လေကြောင်းလိုင်း ပိုင်ရှင် ဦးတေဇ ဖြစ်တယ်လို့ ပြည်တွင်းဂျာနယ် အယ်ဒီတာ တစ်ဦးက ပြောပြခဲ့ပါတယ်။

အခုခေတ် ရုပ်ရှင်သရုပ်ဆောင် မော်ဒယ်တွေက အနုပညာတန်ဖိုး မြင့်တင်ဖို့ထက် အသုံးအဆောင် တန်ဖိုးမြင့်တင်ဖို့ကို ပိုအားစိုက်လာကြ သလိုပဲ။ ရိုးရိုးသားသား ပွင့်ပွင့် လင်းလင်း ပြောတယ် ဆိုရင်တောင် ကိုယ့်ကို အားပေးတဲ့ ပြည်သူတွေကို အားနာသင့်တယ်။ တနေ့ ထမင်းနပ်မမှန်နိုင်တဲ့ လူတွေက မြန်မာနိုင်ငံမှာ အများကြီး ရှိနေတယ်လေ လို့ မြောက်ဒဂုံမှ အိမ်ရှင်မ တစ်ဦးက ပြောပြခဲ့ပါတယ်။

=================================
ကုန်

Monday, August 30, 2010

2010 Aug 31

Uncensored Burma - Daily News ( 2010 Aug 31)

သတင်းများ နေ့စဉ် ရလိုပါက ဂျီးဒေါ် နွားကျောင်းသား kowin2001@gmail.com သို့ စာတလုံးနှစ်လုံးလောက် လိုတိုရှင်း ရေးပြီး တောင်းယူပါ။ ဥပမာ- သတင်းတွေ ပို့ပေးပါ သို့မဟုတ် သတင်း ရချင်ပါတယ်။

(Gtalk မှာ မတောင်းပါနဲ့။ ကျေးဇူး တင်၏။)

နာရေးကူညီမှုအသင်း (ရန်ကုန်) သတင်းမှတ်စု လှုပ်ရှားမှုများ
သြဂုတ် ၃၁၊ ၂၀၁၀ မိုးမခ (နာရေးကူညီမှုအသင်း (ရန်ကုန်) မှတဆင့်)

ငြိမ်းချမ်းမှုအတွက် ပျံသန်းခြင်း

“ငါနေထိုင်ရာဘဝမှာ ကံကြမ္မာရဲ့ ပြောင်းလဲခြင်းနောက် xxx လိုက်ပါ လွင့်မျှောရင်း ငါကိုယ်တိုင် ဖန်တီးဘဝ xxx အရာထင်ခြင်းများလဲ မရှိတော့ ငါကျရှုံးနေ … အတိတ်တွေ ခြောက်လှန့်နေ ညတွေ ရူးသွပ်နေဆဲလား xxx မနေ့က အတိုင်းပဲလား စိုးရွံ့ခြင်းများစွာနောက်နေ့ ”

အထက်ပါ သီချင်းစာသားကတော့ လူငယ် တေးရေး/တေးဆို- Japan ၏ နာရေးကူညီမှု အသင်း(ရန်ကုန်) အတွက် ကိုယ်တိုင်ရေးသား၍ သီဆိုပေးထားသော “နိဗ္ဗာန်” အမည်ရှိ Hip Hop တေးသီချင်းတပုဒ်မှ စာသားတချို့ ဖြစ်သည်။

“မင်းရဲ့ရှေ့မှာ သန်းပေါင်းများစွာ သွားလိုက်ကြ ဒီလမ်းမှာ xxx မင်းလည်းတနေ့မှာ သန်းပေါင်းများစွာထဲက တယောက် ဖြစ်ဦးမှာ”

အထက်ပါ သီချင်းသည်လည်း လူငယ်များဖြစ်ကြသော တေးရေး - ဖိုးလ၊ တေးဆို - Alta တို့က နာရေး ကူညီမှုအသင်း (ရန်ကုန်)အတွက် ရေးသား သီဆိုပေးထားသော “ခေါင်းလောင်းသံ” အမည်ရှိ တေးသီချင်း တပုဒ်မှ စာသားတချို့ ဖြစ်သည်။

နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ပေးဆပ်မှုများကို အများပြည်သူတို့မှ လက်ခံ ယုံကြည်ကြသလို အနုပညာ လောကအတွင်းမှ စာပေ၊ ပန်းချီ၊ ဂီတ အဖွဲ့ဝင်များကပါ တထောင့်တနေရာမှ ပါဝင် လှုပ်ရှားမှုများ ပြုလုပ်နေကြပြီ ဖြစ်ပါသည်။ အထူးအားဖြင့် ဂီတလောကမှ ဂီတပညာရှင်ကြီးများ ဖြစ်ကြသော ကိုစိုးပိုင်၊ မေခလာ၊ ကိုနေဝင်း၊ ကိုရဲလွင်၊ ဆောင်းဦးလှိုင်၊ စိုးသိင်္ခ တို့သည် ကျွန်တော်တို့ နာရေး ကူညီမှုအသင်း(ရန်ကုန်) နှင့် အတူလက်တွဲ၍ အများပြည်သူ အတွက် လူမှုရေး လုပ်ငန်းများကို အထောက်အကူပြု တေးဂီတ သီချင်းများကို မေတ္တာ စေတနာဖြင့် ပါဝင်လှုပ်ရှား ဒါနပြု ပေးဆပ်ကြ သလို လူငယ် ဂီတပညာရှင်များမှလည်း စိတ်ဝင်တစား တတပ်တအားဖြင့် အတူလက်တွဲ၍ ကျွန်တော်တို့ ရည်မှန်းထားသော ငြိမ်းချမ်းရေးပန်းတိုင်သို့ အတူပျံသန်းကြသည်မှာ ကမ္ဘာမြေကြီးအတွက် လူမျိုးအတွက် တိုင်းပြည်အတွက် အဖိုးမဖြတ်နိုင်သော အဖြူထည် ပေးဆပ်မှုပင် ဖြစ်တော့သည်။

ဂီတပညာရှင်တို့သည် လူလူချင်း စာနာစိတ်၊ မေတ္တာစိတ်၊ ဂရုဏစိတ်၊ မုဒိတာစိတ်များရှိကြသော ငြိမ်းချမ်းရေး သမားများ ဖြစ်ကြသည်။ ထိုငြိမ်းချမ်းရေး ဂီတပညာရှင်များနှင့် ကျွန်တော်တို့ နာရေးကူညီမှုအသင်း (ရန်ကုန်)သည် အများပြည်သူတို့ အတွက် ပေးဆပ်ရန် အတူ လက်တွဲ ပျံသန်းနေကြပြီ ဖြစ်သည်။

မိဘမဲ့ HIV ကလေးငယ်များအတွက် ရည်ရွယ်၍

နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ မျိုးဆက်သစ် ကလေးငယ်များထဲမှ ပန်းချီသင်တန်း တက်ရောက်ခဲ့သော မျိုးဆက်သစ်ကလေးငယ်များအား ၂၉.၈.၂၀၁၀ (တနင်္ဂနွေ) နေ့တွင် ကမ္ဘာအေးဘုရားလမ်း၊ ပုလဲကွန်ဒိုရှိ Morekha Art Gallery တွင် ပြသလျက်ရှိသော ပန်းချီဆရာကြီး ရာဟုလာ၏ Solo Show ပွဲသို့ သွားရောက် လေ့လာ ပြသခဲ့ပါသည်။

မျိုးဆက်သစ် ကလေးငယ်များအား နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူ၊ ပန်းချီ နည်းပြဆရာ ဦးဝင်းကြည်၊ သင်တန်းအုပ်ချုပ်သူ ဒေါ်ဧရာမောင်မောင်နှင့် ဒေါ်စိုးစန္ဒာတို့က ဦးဆောင်၍ ပန်းချီပြခန်းသို့ လိုက်လံပို့သခဲ့ရာ ပန်းချီပြခန်းပိုင်ရှင် ဦးဘိုဘိုဦး၊ ဦးဆန်နီငြိမ်းနှင့် ဆရာကြီး ရာဟုလာတို့က ကြိုဆိုခဲ့သည်။ ဆရာကြီး ရာဟုလာမှ မျိုးဆက်သစ် ကလေးငယ်များအား ဆရာကြီး၏ ပန်းချီပညာရပ်ပေါ် ခံစားမှု၊ ရေးဆွဲမှုတို့ကို ကျန်းမာရေး မကောင်းသည့် ကြားမှ အားတက်သရော ရှင်းလင်း ပြောကြားခဲ့သည်။

မိဘမဲ့ HIV ကလေးငယ်များ စောင့်ရှောက်ရေးဂေဟာ (HHHP) ရန်ပုံငွေ အလှူငွေ ရှာဖွေခြင်း အတွက် နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ မျိုးဆက်သစ် ကလေးငယ်များ၏ ရန်ပုံငွေ ပန်းချီပြပွဲပြုလုပ်ပေးရန်အတွက် ပန်းချီ ပညာရပ်အသီးသီးတို့ကို လေ့လာရန် ပန်းချီပြခန်းများသို့ ကွင်းဆင်း၍ ပန်းချီဆရာ အသီးသီးတို့၏ ရေးချက်အမျိုးမျိုးတို့ကို သိရှိနားလည် သဘောပေါက်စေရန် နာရေးကူညီ မှုအသင်း(ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူက လိုက်လံပြသခဲ့ပါသည်။
သုခအဟာရ ဖွင့်ပြီ
၂၉.၈.၂၀၁၀ (တနင်္ဂနွေ) နေ့တွင် နာရေးကူညီမှုအသင်း(ရန်ကုန်) တည်ရှိရာ မြောက်ဒဂုံတွင် လုပ်အားပေး အသင်းသူ/သားများ၊ ဝန်ထမ်းများ၊ လူနာ/ရှင်များ၊ အလှူရှင်များ သုံးဆောင်ရန်အတွက် “သုခ အဟာရ” စားသောက်ဆိုင်ကို ဖွင့်လှစ်ခဲ့ပါသည်။ စားသောက်ဆိုင်တွင် စားသုံးသူတို့ အဆင်ပြေ သုံးဆောင်နိုင်ရန် ချက်ပြုတ်ရေး မီးဖိုခန်းမှအစ ကျန်းမာရေးနှင့် ကိုက်ညီအောင် သန့်ရှင်းစွာဖြင့် ချက်ပြုတ်ခြင်း၊ ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခြင်း၊ အရသာကောင်းမွန်စွာဖြင့် အဟာရ ပြည့်ဝမည့် ဟင်းလျာများ ချက်ပြုတ်ရောင်းချပေးခြင်း၊ ကော်ဖီ၊ အအေးတို့ကိုလည်း သက်သာသော ဈေးနှုန်းဖြင့် ရောင်းချပေးခြင်းတို့ကို ပြုလုပ်ပေးလျက်ရှိသည်။

ယနေ့ “သုခ အဟာရ” စားသောက်ဆိုင် ဖွင့်ပွဲတွင် ဖိတ်ကြားထားသော အလှူရှင်များ၊ ဧည့်သည်များ၊ လုပ်အားပေး အသင်းသူ/သားများ၊ မျိုးဆက်သစ် ကလေးသူငယ်များ၊ စာနယ်ဇင်းသမားများ ကြွရောက် အားပေးခဲ့ကြသည်။
ထို့ပြင် သုခကုသိုလ်ဖြစ်ဆေးခန်းတွင် လာရောက် ကုသကြသော လူနာများကိုလည်း လာရောက် သုံးဆောင်ရန် ဖိတ်ကြားခဲ့သည်။ ယင်းသို့ “သုခ အဟာရ” စားသောက်ဆိုင်ဖွင့်ပွဲတွင် နေ့လည်စာ ထမင်း၊ ကြက်သားဟင်း၊ ဆိတ်သားဟင်း၊ သီးစုံပဲဟင်းနှင့် ရေခဲမုန့်တို့ကို “သုခ အဟာရ ” စားသောက်ဆိုင် ဆောက်လုပ်ရေး အင်ဂျင်နီယာ ဦးတင်မောင်အေး (မိသားစု)နှင့် အရည်အသွေး စစ်ဆေးရေး အင်ဂျင်နီယာ ဒေါ်သန္တာခိုင်တို့မှ ကျွေးမွေးလှူဒါန်းခဲ့ပါသည်။
FFSS သို့ လေ့လာခြင်း
နာရေးကူညီမှုအသင်း(ရန်ကုန်)၏ နာရေး အခမဲ့ ပို့ဆောင်မှုများ၊ ဆေးဝါး အခမဲ့ ကုသပေးမှုများ၊ အခမဲ့ ပညာဒါန ပြုလုပ်ပေးမှုများကို ဂျပန်နိုင်ငံတွင်း သတင်းမီဒီယာများမှတဆင့် ကြားသိရသည့်အတွက် ရန်ကုန်မြို့သို့ ရောက်ရှိခိုက်တွင် ဂျပန်လူငယ် ဆေးတက္ကသိုလ် ကျောင်းသူ/သားများမှ လာရောက်လေ့လာခဲ့သည်။

နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ နာရေးလမ်းကြောင်း ပို့ဆောင်မှုများ၊ ဆေးဝါးကုသပေးမှုများ၊ မျိုးဆက်သစ် ကလေးငယ်များ ပညာသင်ကြားမှုများ၊ သုခအလင်း စာကြည့်တိုက်၊ ဓာတ်မှန်ခန်းတို့ကို အသေးစိတ် မေးမြန်းခဲ့ပြီး အကြံပြုချက်များကိုလည်း မေတ္တာစေတနာရှေ့ထား၍ ချစ်ကြည်ရင်းနှီးစွာ ပြောကြားခဲ့ကြသည်။ ဤကဲ့သို့ အခမဲ့ နာရေး ပို့ဆောင်မှု လုပ်ငန်းမှာ ကမ္ဘာပေါ်တွင် မည်သည့် နိုင်ငံတွင်မှ မမြင်တွေ့မိကြောင်း၊ လူလူချင်း စာနာ ထောက်ထားမှုကို လေးစားပါကြောင်း ပြောကြားသွားကာ “သုခ အဟာရ” စားသောက်ဆိုင်ဖွင့်ပွဲနှင့် ကြုံကြိုက်သည့်အတွက် မြန်မာ ထမင်းဟင်းဖြင့် ဧည့်ခံကျွေးမွေးခဲ့ရာ နှစ်ခြိုက်စွာဖြင့် သုံးဆောင်ခဲ့ကြပါသည်။

စစ်အစိုးရ၀ါဒဖြန့်ကားကြောင့် အမေရိကန်မြန်မာများအတွင်း
ကန့်ကွက်ဆန္ဒပြမှုများ၊ အငြင်းပွားမှုများနဲ့ ဂယက်ထ
သြဂုတ် ၃၀၊ ၂၀၁၀ မိုးမခအထောက်တော် ၀၀၂
၂၀၁၀ ခုနှစ်အတွင်း စစ်အစိုးရရွေးကောက်ပွဲကဲ့သို့ လူအများ အာရုံစိုက်ပြီး လှုပ်ရှားမှုအရှိဆုံး သတင်းတခုကို ပြပါဆိုရင် စစ်အာဏာရှင်အစိုးရရဲ့ လုပ်ကြံဝါဒဖြန့်ဇာတ်ကားတခုဖြစ်တဲ့ အရုဏ်ဦးမှာ ဖူးသည့်ကြာ ဖြစ်တယ်လို့ မိုးမခမိတ်ဆွေတဦးဖြစ်သူ ကိုကျော်က ထောက်ပြပါတယ်။
အဲသည်ဇာတ်ကားမှာ ပါတဲ့ သရုပ်ဆောင်တွေထဲက အချို့ ပြည်ပဖျော်ဖြေပွဲတွေမှာ လိုက်ပါလာတဲ့အခါ ပြည်ပရောက်မြန်မာများအနက်က ဒီမိုကရေစီရေး လှုပ်ရှားသူ၊ စိတ်ဝင်စားသူ အချို့က သွားရောက် ကန့်ကွက်၊ ဆန္ဒပြခဲ့ကြပါတယ်။
လာမည့် စက်တင်ဘာ ၄ - ဆန်ဖရန်မှာ တပွဲ၊ စက်တင်ဘာ ၁၁ - အယ်လ်အေမှာ တပွဲ ကျင်းပဖို့ ရှိပြီး အယ်လ်အေပွဲမှာ အရုဏ်ဦးမှာဖူးသည့်ကြာ ဇာတ်ကားထဲက သရုပ်ဆောင် ပါဝင်ဖျော်ဖြေမှာ မဟုတ်ဘူးလို့ ကြော်ငြာထုတ်ထားပါတယ်။ ဆန်ဖရန်က ပွဲမှာတော့ အဆိုပါ သရုပ်ဆောင် ပါဝင်မည် ဆိုသည်ကို အခုထိ အတည်ပြုလို့ မရသေးပါဘူး။ စက်တင်ဘာ ၁၈ ၀န်းကျင်မှာတော့ ကိုလိုရာဒိုပြည်နယ်မှာ တပွဲ ရှိတယ်လို့ သိရပါတယ်။
(သတင်းအညွှန်း - စစ်အစိုးရ၀ါဒဖြန့်သူများကို အမေရိကန်ဗီဇာပိတ်ရန် တောင်းဆိုမည် (ဇူလိုင် ၂၈) ။ ၀ိုင်းစုခိုင်သိန်းကို အမေရိကန်တွင် ဆန္ဒပြမည် (သြဂုတ် ၇) ။ သက်မွန်မြင့် ၀ါဒဖြန့်ကားရိုက်စဉ် မျက်နှာ တွင် ဒဏ်ရာ ရရှိခဲ့ (အောက်တိုဘာ ၁၉၊ ၂၀၀၉) )
“စစ်အစိုးရရဲ့ ၀ါဒဖြန့်ဇာတ်ကားတွေ မြန်မာရုပ်မြင်တို့ မြ၀တီတို့မှာ ဖြန့်ချိခဲ့ဘူးတယ်။ ပြည်တွင်းမှာ ပရိသတ်က အဲသည်လို ကန့်ကွက်ခွင့်၊ ဆန္ဒပြခွင့် ဗြောင် လွတ်လွတ်လပ်လပ် လုပ်ခွင့်မရှိဘူး။ ဒါပေမယ့် အဲသည်အစိုးရ ၀ါဒဖြန့်ကားတို့ သီချင်းတို့ ဆိုတဲ့သူတွေဟာ ပရိသတ်ရဲ့ ချစ်ခင်မှု လေးစားမှုတွေ လျော့ကျသွားတာကို ခံကြရတာတော့ အမှန်ပဲ ဖြစ်တယ်။ ဒီတခေါက်မှာတော့ ပြည်ပမှာ တိုးပွား ကျယ်ပြန့် အခြေချလာတဲ့ မြန်မာအသိုင်းအ၀န်း ရှိလာတဲ့အတွက် ပြည်ပက ပရိသတ်ထဲကနေ အခုလို ကန့်ကွက်တာ၊ ရှုတ်ချတာတွေ မြင်ရ ကြားရလာတာ ဖြစ်တယ်” လို့ မြန်မာပြည်က အလည်လာသူ ကိုငြိမ်းချမ်းက ပြောပါတယ်။
ဇူလိုင်လကုန်က ၀ါရှင်တန်ဒီစီ ဒေသက မြန်မာတွေ ထိုဝါဒဖြန့်သရုပ်ဆောင်တွေ၊ ဆောင်ရွက်သူတွေကို အမေရိကန်ပြည်ဝင်ခွင့် ဗီဇာပိတ်ပြီး အရေးယူပါ ဆိုပြီး အမေရိကန်အစိုးရထံ စာရေးသား တောင်းဆိုခဲ့ကြပါတယ်။ သြဂုတ်လဆန်း လန်ဒန်မှာ ဆန္ဒပြပွဲနဲ့ ကန့်ကွက်ခဲ့ကြတာက အစပြုပြီး သည်ကိစ္စနဲ့ပတ်သက်ပြီး ရေဒီယို အင်တာဗျူးတွေ၊ ဆောင်းပါးတွေ၊ အီးမေးချင်း ဆွေးနွေး ငြင်းခုံကြတာတွေ ဖြစ်ပေါ်လာပါတယ်။
စစ်အစိုးရရဲ့ ဖိအားကြောင့် ၀ါဒဖြန့်ကားမှာ မဖြစ်မနေ ပါဝင်ခဲ့ရသူတွေကို နားလည်ပေးဖို့၊ စစ်အစိုးရကိုသာ တိုက်ရိုက်ဦးတည်ကြဖို့၊ စစ်အစိုးရရဲ့ လက်ကိုင်တုတ်ဖြစ်ကြရသူတွေကို မီးခိုးကြွက်လျှောက် မလိုက်နေဖို့ စသည်ဖြင့် ပြောဆိုကြသလို၊ စစ်အစိုးရရဲ့ လုပ်ကြံဝါဒဖြန့်ဇာတ်ကားမှာ ပါဝင်ပတ်သက်သူတွေကို လက်မခံနိုင်ကြောင်း ကန့်ကွက် ဆန္ဒပြကြရမယ်၊ ရှုတ်ချကြရမယ်လို့လည်း တဖက်က ပြောလာပါတယ်။ ဒါ့အပြင် ထိုသရုပ်ဆောင်တွေကို အမေရိကန်ပြည်အရောက် တာဝန်ယူ ပွဲသွင်းတဲ့သူတွေကိုပါ ပြစ်တင်တာတွေ၊ ဒေသခံပွဲသွင်းတဲ့ လူတွေ၊ အဖွဲ့အစည်းတွေကိုပါ ဝေဖန်တာတွေအထိပါ ထိုကိစ္စက မြန်မာအရေးစိတ်ဝင်စားသူ အသိုင်းအ၀န်းထဲမှာ ရိုက်ခတ်ခဲ့ပါတယ်။
အဲဒါကြောင့် သြဂုတ်လအတွင်းမှာ ဘတ်ဖဲလိုးမြို့နယ်က မြန်မာပြည်အရေး တက်ကြွလှုပ်ရှားသူအချို့က သူတို့အရပ်မှာလုပ်တဲ့ စတိတ်ရှိုးပွဲကို ဆန္ဒပြကန့်ကွက်ခဲ့ပြီးနောက်ပိုင်းမှာ မင်နီဆိုးတားနဲ့ အယ်ဘနီမြို့တွေမှာလည်း စတိတ်ရှိုးကို ကန့်ကွက်ဆန္ဒပြပွဲတွေ ပြုလုပ်ခဲ့ကြပါတယ်။ မြန်မာပြည်က ရွှေ့ပြောင်းလာတဲ့ မြန်မာနိုင်ငံရေးဒုက္ခသည်များ၊ တိုင်းရင်းသားများ နေထိုင်ရာ ဖို့ဝိန်းမြို့မှာတော့ စတိတ်ရှိုးပွဲကို ဖျက်သိမ်းလိုက်တယ်လို့ ဆိုပါတယ်။ နယူးယောက်မြို့ကြီးက ပွဲတော်ကတော့ အဆင်ပြေစွာနဲ့ ကျင်းပဖြစ်တယ်လို့ သိရပါတယ်။
“ကျနော်ကြားတာကတော့ ဒီဖျော်ဖြေရေးခရီးစဉ်ကို စီစဉ်ထားတာက ဒီဇာတ်ကားဂယက် မဖြစ်ခင် ၄၊ ၅ လ ၆ လ လောက် ကတည်းကလို့ ထင်တယ်။ ဗီဇာတွေ ပွဲတွေ ချိတ်ထားပြီးမှ အခုလို ၀ါဒဖြန့်ဇာတ်ကားကို လူတွေကြားထဲ ပြောဆိုလာကြတော့ အခုလိုမျိုးတွေ ဖြစ်ကုန်ကြတယ်လို့ မြင်တယ်။ စီစဉ်သူတွေက စီစဉ်ပြီးပြီ။ ၀ါဒဖြန့်ကားထဲက လူတွေကို ကန့်ကွက်ချင်တဲ့သူတွေအနေနဲ့ကလည်း ဒီအချိန်မှာ ဆန္ဒပြဖို့ ကန့်ကွက်ဖို့ အချိန် အဆင်သင့် ဖြစ်သွားတယ်။” လို့ ကိုကျော် က ထင်မြင်ချက်ပေးပါတယ်။
အယ်လ်အေက စတိတ်ရှိုးပွဲ အစီအစဉ်နဲ့ ပတ်သက်ပြီး ဒေသခံတဦးကို မေးမြန်းကြည့်ရာမှာ -
“ကျနော်တို့ကတော့ စစ်အစိုးရရဲ့ လုပ်ကြံဖန်တီးထားတဲ့ ၀ါဒဖြန့်ကားကို ရှုတ်ချတယ်။ အဲဒီကားမှာ ပါဝင်တဲ့ သရုပ်ဆောင်တွေကိုလည်း အဲသည်လို ပါဝင်ခဲ့တဲ့အတွက် ကန့်ကွက်တယ် ဆိုတာကို ထုတ်ဖော် ပြသချင်တယ်။ ပွဲစီစဉ်သူတွေကိုလည်း ရှင်းလင်းပြောပြပါတယ်။ ပုဂ္ဂိုလ်ရေးတွေ ဘာတွေ မရှိပါဘူး။ ပွဲစီစဉ်သူက အဲသည်သရုပ်ဆောင်ကို ပွဲထဲမှာ မထည့်ထားဘူး လို့ ပြောပြပါတယ်။ ကျနော်တို့ဆီကတော့ ဆန္ဒပြဖြစ်မယ် မထင်ဘူး။ ဒါပေမယ့် အနုပညာရှင်တွေအားလုံးကို ကိုယ်တိုင် ကိုယ်ကျ တွေ့ဆုံပြီး ကျနော်တို့ဆန္ဒပြကန့်ကွက်တဲ့အကြောင်းကို ရှင်းပြချင်ပါတယ်။ ကျနော်တို့က အသားလွတ်ကြီး ရန်လိုနေတယ်၊ ရန်စနေတယ်လို့ အထင်မှားမသွားစေချင်ဘူး။” လို့ ပြောပါတယ်။
အခုလို စတိတ်ရှိုးပွဲတွေ၊ ကြည့်ချင်ပွဲတွေကို ပြည်ပက မြန်မာအသိုင်းအ၀န်းတွေကြားထဲ ပွဲသွင်းပြသပြီး စီးပွားရှာတာ၊ ရန်ပုံငွေ ရှာတာက မဆန်းပါဘူး။ ရုပ်ရှင်၊ ဂီတနဲ့ သဘင်ပညာသည်တွေ အမေရိကန်ပြည်ကို လာရောက်လည်ပတ် သီဆို ဖျော်ဖြေလေ့ ရှိပါတယ်။ အဲသည်အချက်နဲ့ ပတ်သက်ပြီး ပွဲသွင်းအတွေ့အကြုံရှိသူ နယူးယောက်မြို့က မိတ်ဆွေတဦးကို မေးကြည့်တဲ့ အခါ …
“ပွဲသွင်းနေကြ ၀ါရင့်တဲ့သူတွေ ရှိပါတယ်။ ဥပမာ အယ်လ်အေမှာ ဆိုရင် မသီတာ ဆိုတာ ရှိတယ် ကြားဖူးတယ်။ ဒီမှာလည်း သူတို့မိတ်ဆွေ အသိုင်းအ၀ိုင်းတွေ ရှိတယ်။ မနှစ်က R ဇာနည် လာတယ်။ ဟိုတခေါက်က လေးဇီးကလပ်တဖွဲ့လုံး လာတယ်။ အမေရိကန်ပြည် မြို့တွေက အဖွဲ့တွေ၊ ၀ါသနာရှင်တွေ၊ ရန်ပုံငွေ ရှာချင်တဲ့သူတွေက ဒီအစီအစဉ်ကိုလည်း ကြိုတင်ပြီး အစောကတည်းက ရက်ချိတ်တာ၊ ပွဲကန်ထရိုက်ဆွဲတာတွေ လုပ်ခဲ့ပြီးပြီနဲ့ တူတယ်။ အခုလိုမျိုး အငြင်းပွားစရာတွေ ဖြစ်လာတော့ တချို့နယ်တွေမှာ ဒေသခံတွေက ဘေးကြပ်နံကြပ် ဖြစ်ကုန်ကြတာပေါ့။ ကိုယ့် ကွန်မြူနီတီ မိသားစုတွေ၊ မိတ်ဆွေတွေ အချင်းချင်းမှာ၊ ကြားထဲမှာ ဒီဝါဒဖြန့်ဇာတ်ကားရဲ့ ဂယက်ကြောင့် ပွဲဆူသွားတာပေါ့။ ဒါပေမယ့် နယူးယောက်ပွဲကတော့ လူ ၇၀၀ လောက် လာတယ် ကြားတယ်။ ဆန္ဒပြတဲ့ အစီအစဉ် မကြားမိဘူး။ အချင်းချင်းတွေ ဆွေးနွေးကြတယ်လို့လည်း ပြောသံကြားတယ်” လို့ ပြောပြပါတယ်။
ဆန်ဖရန်စစ္စကိုက ဒေသခံတဦးက မိုးမခကို ပြောကြားရာမှာတော့ ပွဲသွင်းတဲ့ ပုဂ္ဂိုလ်တွေ၊ အဖွဲ့တွေကို ဦးတည်ပြီး သဘောထားကို ပြောသွားတာကို တွေ့ရပါတယ်။ ၎င်းက ပြောကြားရာမှာ …
“ ပွဲကြည့်ချင်တဲ့ ပရိသတ်က တပိုင်းပေါ့ဗျာ။ တချို့ကျတော့လည်း အဲသည်လိုမျိုး အငြင်းပွားစရာဖြစ်နေတဲ့ ပွဲကို အင်တင်တင် ဖြစ်သွားကြတယ်။ တချို့ကျတော့လည်း ဒီလိုမျိုး အရေးကိစ္စတွေ စိတ်မ၀င်စားဘူး။ မကြားဖူးဘူး။ ဘာဆိုင်လို့လဲ ပေါ့လေ။ ဒါမျိုးပြန်မေးတယ်။ ကျနော်တို့ဆီက မြန်မာဒီမိုကရေစီရေး လှုပ်ရှားနေသူတွေ အချို့ပေါ့လေ … ကျနော်အပါအ၀င်ကတော့ ဒီပွဲကို အားမပေးနိုင်ဘူးပေါ့နော်။ ကန့်ကွက်မယ် ဆိုရင်လည်း ကန့်ကွက်ပါတယ်။ နောက်ပြီးတော့ နောက်တခုအနေနဲ့ကတော့ သည်ပွဲကို သွင်းတဲ့သူတွေထဲမှာ အရင်က ဒီမိုကရေစီရေး လှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့ကြတဲ့သူတွေ၊ နိုင်ငံရေးတက်ကြွခဲ့ကြသူတွေ ပါဝင်နေတယ် ဆိုရင် သူတို့အနေနဲ့ ဘယ်လိုမျိုး သဘောထားသလဲ ဆိုတာကို ပြန်မေးချင်တယ်။ မိတ်ဆွေတွေအနေနဲ့ မေးလာရင် ဘယ်လို ဖြေမှာလဲ။ စစ်အစိုးရရဲ့ ၀ါဒဖြန့်ချိရေးဇာတ်ကားရဲ့ ဂယက်ကတော့ ဂယက်ပဲ။ ခင်ဗျားတို့ကို ဘယ်လို ရိုက်ခတ်သလဲပေါ့ … မေးကြည့်ချင်ပါတယ်။” လို့ ပြောပါတယ်။

စစ်တပ်ရာထူး အပြောင်းအလဲ စာရင်း ဧရာဝတီ ကရရှိ
ဧရာဝတီ Monday, August 30, ဧရာဝတီ
လတ်တလော ထွက်ပေါ်လာသည့် မြန်မာ့တပ်မတော် ခေါင်းဆောင်ပိုင်း အပြောင်းအလဲနှင့် ပတ်သက်ပြီး ဧရာဝတီမှ စာရင်းအတိအကျကို အတည်ပြုနိုင်ပြီ ဖြစ်သည်။
ပြီးခဲ့သည့် သောကြာနေ့က တပ်မတော်နှင့် ကာကွယ်ရေး ၀န်ကြီးဌာန လက်အောက်ရှိ အဓိကကျသည့် ရာထူးနေရာ ၄၀ ခန့် အပြောင်းအလဲ ပြုလုပ်ခဲ့ရာ ၃၃ နေရာမှာ အလွန်အရေးကြီးသော ရာထူးများ ဖြစ်ကြောင်း ကာကွယ်ရေး ၀န်ကြီးဌာနနှင့် နီးစပ်သူများက ဆိုသည်။
ယင်းရာထူး အပြောင်းအလဲနှင့် ပတ်သက်ပြီး အတည်ပြုနိုင်သည့် ဧရာဝတီမှ ရရှိသည့် စာရင်းမှာ -

၁။ ဒုတိယ ဗိုလ်ချုပ်ကြီး သူရမြင့်အောင်
(တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်)

၂။ ဒုတိယ ဗိုလ်ချုပ်ကြီး ကိုကို
(ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်)

၃။ ဒုတိယ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်
(ကြည်း၊ ရေ၊ လေ ညှိနှိုင်းကွပ်ကဲရေးမှူး)

၎။ ဗိုလ်ချုပ် မြင့်စိုး - စစ်ဆင်ရေး အထူးအဖွဲ့မှူး (ကစထ) – ၁
(ယခင် အနောက်မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူး)

၅။ ဗိုလ်ချုပ် အောင်သန်းထွဋ် - စစ်ဆင်ရေး အထူးအဖွဲ့မှူး (ကစထ) – ၂
(ယခင် အရှေ့မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူး)

၆။ ဗိုလ်ချုပ် လှမင်း - စစ်ဆင်ရေး အထူးအဖွဲ့မှူး (ကစထ) – ၃
(ယခင် တောင်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး)

၇။ ဗိုလ်ချုပ် သက်နိုင်ဝင်း - စစ်ဆင်ရေး အထူးအဖွဲ့မှူး (ကစထ) – ၎
(ယခင် အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး)

၈။ ဗိုလ်ချုပ် တင်ငွေ - စစ်ဆင်ရေး အထူးအဖွဲ့မှူး (ကစထ) – ၅
(ယခင် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး)

၉။ ဗိုလ်ချုပ် စိုးဝင်း (စစ်ဆင်ရေး အထူးအဖွဲ့မှူး (ကစထ) – ၆
(ယခင် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး)

၁၀။ ဗိုလ်ချုပ် ဝေလွင် - စစ်ထောက်ချုပ်
(ယခင် နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူး)

၁၁။ ဗိုလ်ချုပ် သောင်းအေး - စစ်ဆေးရေး အရာရှိချုပ်
(ယခင် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး)

၁၂။ ဗိုလ်ချုပ် ၀င်းမြင့် - စစ်ရာထူးခန့်ချုပ်
(ယခင် ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး)

၁၃။ ဗိုလ်ချုပ် ခင်ဇော်ဦး - စစ်ရေးချုပ်
(ယခင် ကမ်းရိုးတန်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး)

၁၄ ။ ဗိုလ်ချုပ် ကျော်ဖြိုး - တပ်မတော် စစ်ဆေးရေး နှင့် စာရင်းစစ်ချုပ်)
(ယခင် တြိဂံတိုင်း စစ်ဌာနချုပ် တိုင်းမှူး)

၁၅ ။ ဗိုလ်ချုပ် ရာပြည့် - စစ်ဥပဒေချုပ်
(ယခင် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး)

၁၆ ။ ဗိုလ်ချုပ် ကျော်ဆွေ - စစ်ဖက်ဆိုင်ရာ လုံခြုံရေး အရာရှိချုပ်)
(ယခင် အနောက်တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး)

၁၇ ။ ဗိုလ်ချုပ် စိန်ဝင်း - လေကြောင်းရန် ကာကွယ်ရေး အရာရှိချုပ်
(ယခင် တပ်မတော် သိပ္ပံနှင့် နည်းပညာ သုတေသနတပ်)

၁၈ ။ ဗိုလ်ချုပ် သိန်းဌေး - ကာကွယ်ရေး ပစ္စည်း ထုတ်လုပ်ရေး အရာရှိချုပ်
(ယခင် ကာကွယ်ရေး ပစ္စည်း ထုတ်လုပ်ရေး ဒုတိယ အရာရှိချုပ်)

စစ်တိုင်းမှူးများ

၁။ ဗိုလ်မှူးချုပ် ထွန်းသန်း - ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး
( ယခင် တပ်မ ၇၇ တပ်မမှူး)

၂။ ဗိုလ်မှူးချုပ် ဇေယျာအောင် - မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး

၃။ ဗိုလ်မှူးချုပ် ရဲအောင် - အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး

၎။ ဗိုလ်မှူးချုပ် မောင်မောင်အေး - နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူး (ယခင် စကခ – ၆)

၅။ ဗိုလ်မှူးချုပ် စိုးလွင် - အနောက်မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူး

၆။ ဗိုလ်မှူးချုပ် စိုးသိန်း - အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး

၇။ ဗိုလ်မှူးချုပ် ဆန်းဦး - အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး

၈။ ဗိုလ်မှူးချုပ် စိုးထွဋ် - တောင်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး

၉။ ဗိုလ်မှူးချုပ် ထွန်းနေလင်း - အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး

၁၀။ ဗိုလ်မှူးချုပ် တင်မောင်ဝင်း - အနောက်တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး

၁၁။ ဗိုလ်မှူးချုပ် သန်းထွန်းဦး - တြိဂံတိုင်း စစ်ဌာနချုပ် တိုင်းမှူး

၁၂။ ဗိုလ်မှူးချုပ် ခင်မောင်ဌေး - ကမ်းရိုးတန်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး

၁၃။ ဗိုလ်မှူးချုပ် အောင်ကျော်ဇော - အရှေ့မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူး

၁၄။ ဗိုလ်မှူးချုပ် မြတ်ထွန်းဦး (စစ်တက္ကသိုလ် ကျောင်းအုပ်ကြီး)

၁၅။ ဗိုလ်မှူးချုပ် လှမြင့်ရွှေ ( နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ် ကျောင်းအုပ်ကြီး)


စစ်ဆင်ရေးကွပ်ကဲမှု စစ်ဌာနချုပ်မှူးများ

၁။ စကခ (၁) ဗိုလ်မှူးကြီး အောင်ရဲဝင်း

၂။ စကခ (၃) ဗိုလ်မှူးကြီး ကိုကိုနိုင်

၃။ စကခ (၆) ဗိုလ်မှူးကြီး လူအေး

၎။ စကခ (၁၈) ဗိုလ်မှူးကြီး ကျော်စိုး

၎။ တပ်မ (၂၂) တပ်မမှူး ဗိုလ်မှူးကြီး ခင်မော်ထွန်း

စုံစမ်းသိရသမျှကို ဆက်လက်ဖော်ပြပါမည်။

ယနေ့တွင် ရာထူးအသစ်များကို လက်ခံရရှိသည့် အရာရှိကြီးများသည် မိမိတာဝန်ကျရာ စစ်တိုင်းများသို့ အမြန်ဆုံးသွားရောက်၍ တာဝန်များ လွှဲပြောင်းယူရမည်ဖြစ်သည်။

တိုင်းမှူးအသစ်များနှင့် တပ်မမှူး အသစ်များသည် ယခုလက်ရှိ ရာထူးအသစ်များတွင် နေသားတကျရှိလျှင် ပြုလုပ်နေကျဖြစ်သည့် လေးလပတ်အစည်းအဝေးကို ပြုလုပ်မည်ဖြစ်ပြီး ရှေ့တန်း စစ်မြေပြင်တွင် ရောက်ရှိနေသည့် တပ်များကို တတပ်နှင့်တတပ် အပြောင်းအလဲ ပြုလုပ်မည်ဟု ကာကွယ်ရေး ၀န်ကြီးဌာနနှင့် နီးစပ်သူ တဦးက ဆိုသည်။

တစည ကိုယ်စားလှယ် ၈၀၀ ကျော် ရွေးကောက်ပွဲ ဝင်မည်
စိုင်းဇွမ်ဆိုင်း Monday, August 30, ဧရာဝတီ

နိုဝင်ဘာ ၇ ရက်နေ့တွင် ကျင်းပမည့် ရွေးကောက်ပွဲအတွက် လွှတ်တော်ကိုယ်စားလှယ်လောင်း ၈၀၀ ကျော်တို့၏ အမည်စာရင်းကို တင်သွင်းလိုက်သည့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ (တစည) သည် ဝန်ကြီးချုပ် ဦးသိန်းစိန် ဦးဆောင်သည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) ၏ အဓိက ပြိုင်ဘက်ပါတီတခု ဖြစ်လာနိုင်ကြောင်း သိရသည်။

တစည ပါတီ၏ အလုပ်အမှုဆောင် ကော်မတီဝင်တဦးဖြစ်သူ ဦးချစ်လှိုင်က “USDP (ကြံ့ဖွံ့ပါတီ) က မဲဆန္ဒနယ် အတော်များများမှာ ယှဉ်ပြိုင်မယ့်အတွက် ကျနော်တို့ပါတီ အဓိက ယှဉ်ပြိုင်ရမှာက USDP ပဲဖြစ်ပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ယှဉ်ပြိုင်ခြင်းသည် စစ်မှန်သော ဒီမိုကရေစီကို အဓိပ္ပာယ် ပြည့်စုံစေမည်ဖြစ်ကြောင်း၊ လာမည့်ရွေးကောက်ပွဲကိုလည်း လွတ်လပ်ပြီး တရားမျှတမည်ဟု မျှော်လင့်ကြောင်း၊ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်သူများကိုလည်း အားပေးကြောင်း တစည ပါတီမှ ဦးချစ်လှိုင်က ဆက်လက်ပြောဆိုသည်။

စစ်အာဏာရှင် ဦးနေဝင်း တည်ထောင်သည့် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီသည် ၁၉၉၀ ရွေးကောက်ပွဲတွင် တစည ဟု အမည်ပြောင်းခဲ့ပြီး မဲဆန္ဒနယ် ၄၃၁ ခု၌ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း ကိုယ်စားလှယ် အရေအတွက် ၁၀ နေရာသာ အနိုင်ရခဲ့သည်။ လာမည့် ရွေးကောက်ပွဲအတွက် တစညပါတီသည် ကြံ့ဖွံ့ပါတီ ပြီးလျှင် ဒုတိယ အင်အားအကြီးဆုံး ပါတီအဖြစ် ရပ်တည်လျှက်ရှိသည်။

ဝါရင့် နိုင်ငံရေးသမားကြီး သခင်ချန်ထွန်းက ကြံ့ဖွံ့ပါတီသည် အာဏာရပါတီ ပုံစံမျိုးဖြစ်နေပြီး တခြား နိုင်ငံရေးပါတီများထက် အနိုင်ရရန် အခွင့်အလမ်း ပိုများနေကြောင်း သုံးသပ်ပြောဆိုသည်။
“တစည ကတော့ လတ်တလောမှာ သူက အာဏာလက်မဲ့လေ။ ဟိုတုန်းက ရခဲ့တဲ့ အရှိန်အဝါတွေနဲ့ဆိုရင်တော့ သူ့ကို ဒုတိယ ဦးစားပေး အဆင့်ထဲမှာ ထည့်ထားလို့ရပါတယ်။ ဒါပေမယ့် စည်းရုံးရေးအား ပိုကောင်းနေတဲ့ USDP က ရမယ့် မဲ အရေအတွက် ပိုများမယ်လို့ ထင်ပါတယ်” ဟု သခင်ချန်ထွန်းက ဆိုသည်။

ပါတီများမှ အမည်စာရင်းတင်သွင်းသော ကိုယ်စားလှယ်များသည် လွှတ်တော်သုံးရပ်မှ နေရာ ၁၁၈၇ နေရာအတွက် ယှဉ်ပြိုင်ရမည်ဖြစ်သည်။ ပြည်သူ့လွှတ်တော်တွင် ၃၃၀ နေရာ၊ အမျိုးသား လွှတ်တော်တွင် ၁၆၈ နေရာ၊ တိုင်းဒေသကြီး လွှတ်တော်တွင် ၆၈၉ နေရာတို့ ဖြစ်ကြသည်။

ဦးသုဝေ ဦးဆောင်သည့် ဒီမိုကရက်တစ်ပါတီ (မြန်မာ) မှ တင်သွင်းသော ကိုယ်စားလှယ်များမှာ မဲဆန္ဒနယ် ၆၀ ခန့်တွင် ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်ကြောင်း၊ ပါတီ ဥက္ကဋ္ဌဖြစ်သူ ဦးသုဝေက မင်္ဂလာတောင်ညွန့်မြို့နယ်၊ ဒေါ်နေရီဗဆွေသည် စမ်းချောင်းမြို့နယ်၊ ဒေါ်ချိုချိုကျော်ငြိမ်းသည် ကြို့ပင်ကောက်မြို့နယ်နှင့် ဒေါ်သန်းသန်းနုက မန္တလေးတိုင်း အောင်မြေသာဇံ မြို့နယ်တို့မှ ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရှိရသည်။

ဦးသုဝေက “ကိုယ်စားလှယ်တွေအတွက် အဓိက ပြဿနာက ငွေရေးကြေးရေး အခက်အခဲဖြစ်ပါတယ်။ ရွေးကောက်ပွဲ ဝင်ချင်တဲ့ တချို့ ကိုယ်စားလှယ်ဆိုရင် ကျနော်တို့ပါတီရုံးချုပ်ကို ဖုန်းဆက်ပြီးတော့ သူတို့အတွက် ငွေသွင်းပေးဖို့ ပြောဆို လာတာမျိုးတွေ ရှိပါတယ်။ ဒါပေမယ့် ကျနော်တို့လည်း ဘာမှမတတ်နိုင်ဘူးလေ” ဟု ဆိုသည်။

ရွေးကောက်ပွဲ မဝင်နိုင်သော ကိုယ်စားလှယ်လောင်းများသည် ၎င်းတို့အနေဖြင့် ပြည်သူလူထုထံမှ ထောက်ခံမှုကို ရရှိနေသော်လည်း ငွေကြေး မတတ်နိုင်သဖြင့် ရွေးကောက်ပွဲ မဝင်နိုင်တော့သောကြောင့် မခံချိမခံသာ ဖြစ်နေသည်ဟုလည်း ဦးသုဝေက ပြောသည်။
ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်လိုသည့် လွှတ်တော်အမတ်လောင်း တဦးလျှင် ကျပ်ငွေ ၅ သိန်း ပေးဆောင်ရမည် ဟု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ကြေညာထားသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) မှ ခွဲထွက်လာသော အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) မှ တင်သွင်းမည့် ကိုယ်စားလှယ်များမှာ ၁၅၀ ရှိမည်ဖြစ်ကြောင်း၊ အပြီးသတ် စာရင်းမချုပ်ရသေးကြောင်းလည်း ပါတီဌာနချုပ်မှ တာဝန်ရှိသူ တဦးက ဖြေကြားသွားသည်။

ပြည်ထောင်စု ဒီမိုကရက်တစ်ပါတီ (UDP) မှ ဥက္ကဋ္ဌ၊ ဒု ဥက္ကဋ္ဌ နှင့် အထွေထွေ အတွင်းရေးမှူးတို့သာ ယှဉ်ပြိုင်မည်ဖြစ်ပြီး ၎င်းတို့ ယှဉ်ပြိုင်မည့် မဲဆန္ဒနယ်များမှာ ပဲခူးတိုင်း ပဲခူးမြို့နယ်၊ ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်နှင့် ရန်ကုန်တိုင်း တာမွေ မြို့နယ်တို့မှ ဖြစ်ကြောင်း သိရှိရသည်။

မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ (PDP) ကမူ ကိုယ်စားလှယ်ဦးရေ ၇ ဦး စာရင်းတင်သွင်းထားပြီး ၎င်းတို့အနက် ၄ ဦးမှာ ဧရာဝတီတိုင်း ဘိုကလေးမြို့နယ်မှလည်းကောင်း၊ ကျန်သုံးဦးမှာ ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ်နှင့် ကြည့်မြင်တိုင် မြို့နယ်တို့မှလည်းကောင်း ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်သော်လည်း ပါတီ၏ ဒု ဥက္ကဋ္ဌဖြစ်သူ ကိုတင်မောင်အေး မှာ ငွေကြေးခက်ခဲမှုကြောင့် ဝင်ရောက်အရွေးခံမည် မဟုတ်ကြောင်း ၎င်းကိုယ်တိုင်က ပြောဆိုသည်။

နိုင်ငံရေးပါတီများအတွက် ကိုယ်စာလှယ်များစာရင်း တင်သွင်းရန်သတ်မှတ်ပေးထားသည့်အချိန်သည် တိုတောင်းလွန်းလှ သည်ဟု အမျိုးသား နိုင်ငံရေး မဟာမိတ်များ အဖွဲ့ချုပ်မှ ဦးကြည်ဝင်းက ပြောသည်။

“ကျနော်တို့ပါတီက ကိုယ်စားလှယ်ဦးရေ ၂၀ လောက်ကို စာရင်းတင်သွင်းမယ်လို့ မှန်းထားပါတယ်။ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကို သွင်းရမယ့် တယောက်ကို ၅ သိန်းဆိုတာကလည်း ဒီမှာပဲ ပြီးသွားဦးမှာမဟုတ်ဘူး။ စည်းရုံးရေးဆင်းရင် ထပ်ပြီး ကုန်ကျရဦးမယ်” ဟု ဦးကြည်ဝင်းက ဧရာဝတီသို့ပြောသည်။
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ကိုယ်စားလှယ်လောင်း စာရင်းကို သြဂုတ် ၁၆ ရက်မှ စတင်သွင်းရန် ကြေညာထားပြီး ယနေ့မှာ နောက်ဆုံးရက်ဖြစ်သည်။

ကြံ့ခိုင်ရေးပါတီနှင့်တစညတို့မှ ရွေးကောက်ပွဲကိုယ်စားလှယ် ဦးရေအများဆုံး
2010-08-30 RFA
နိုဝင်ဘာ ၇ ရက်နေ့မှာ ကျင်းပမဲ့ ရွေးကောက်ပွဲအတွက် လွှတ်တော် ကိုယ်စားလှယ်လောင်း အရေအတွက် ဒီကနေ့ ဩဂုတ်လ ၃၀ ရက်နေ့မှာ နိုင်ငံရေးပါတီအသီးသီးက နောက်ဆုံးထား တင်ပြကြရာမှာ အတိုက်အခံ ဒီမိုကရေစီပါတီတွေက ရွေးကောက်ပွဲဝင်မဲ့ ကိုယ်စားလှယ်လောင်း အရေအတွက်ဟာ စစ်အစိုးရကျောထောက် နောက်ခံပေးထားတဲ့ ပါတီတွေထက် အများကြီး နည်းနေတယ်လို့ သိရပါတယ်။

အခုလိုဖြစ်ရတာဟာ ရွေးကောက်ပွဲ ဝင်လိုတဲ့ ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းဖို့ စစ်အစိုးရက ၂ ပတ်ကျော်သာ အချိန်ပေးထားပြီး ကိုယ်စားလှယ်လောင်းတဦးစီ ပေးသွင်းရမဲ့ ငွေပမာဏကိုလည်း ၅ သိန်းစီ သတ်မှတ်ထားတာကြောင့် ပါတီတွေ အခက်ကြုံရတာ ဖြစ်ကြောင်း နိုင်ငံရေးပါတီတွေက RFA ကို ပြောပါတယ်။
စစ်အစိုးရ ကျောထောက်နောက်ခံ ပေးထားပြီး စစ်ဗိုလ်ချုပ်ကြီးတွေ အရပ်သားအဖြစ်နဲ့ ဝင်ရောက် ယှဉ်ပြိုင်မဲ့ ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ကိုယ်စားလှယ်လောင်း တထောင်ကျော် ဝင်ရောက်မယ်လို့ ရန်ကုန်မြို့က လာတဲ့ အေအက်ပီသတင်းမှာ ဖော်ပြထားပါတယ်။ အရင် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီကို အမည်ပြောင်းထားတဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီ (တစည) ကတော့ ကိုယ်စားလှယ်လောင်း ၉၉၀ ကျော် ပါဝင်မယ်လို့ ပါတီပြောခွင့်ရသူ ဦးဟန်ရွှေက ပြောပါတယ်။
ဒီမိုကရက်တစ်ပါတီ မြန်မာပြည်အနေနဲ့ အရင်က လွှတ်တော် ကိုယ်စားလှယ်လောင်း ၁၀ဝ ကျော် ပြိုင်နိုင်လိမ့်မယ်လို့ မှန်းထားပေမဲ့ လက်တွေ့မှာတော့ ၄၉ ဦးသာ ဝင်ပြိုင်နိုင်တော့မှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒီမိုကရက်တစ်ပါတီ အတွင်းရေးမှူးချုပ် ဒေါ်သန်းသန်းနုကတော့ ဘယ်လို အခက်အခဲတွေ ကြုံရတယ်ဆိုတာကို ပြောပြပါတယ်။
“ပေးတဲ့ရက်ပေါ့နော်၊ အဲဒီ ငွေသွင်းဖို့တို့ ဘာတို့က ရက်က သိပ်နည်းတယ်။ အရင်တုန်းကဆို ကျွန်မတို့ တော်တော်လေး မှန်းထားပါတယ်၊ ကန့်သတ်ရက်အတွင်းမှာ သွင်းရမယ်ဆိုတော့ လူတွေက ငွေရှာဖို့ ခက်သွားတယ်။ ငွေမရှာနိုင်ကြဘူး၊ ငွေမရှာနိုင်တဲ့အတွက်ကြောင့် ကျွန်မတို့က အခု ဒီလောက်ပဲ ရတယ်။”

ဆန်တင်ပို့မှုအများဆုံး ထိပ်တန်းနိုင်ငံ မြန်မာ ဖြစ်လာနိုင်
2010-08-30 RFA
တချိန်က ကမ္ဘာမှာ ဆန်တင်ပို့မှု အများဆုံးနိုင်ငံဖြစ်ခဲ့ဘူးတဲ့ မြန်မာနိုင်ငံဟာ ဆန်တင်ပို့မှု လုပ်ငန်းကဏ္ဍ အားကောင်းလာအောင် ကြိုးစားနေတာ တွေ့ရတဲ့အတွက် ကမ္ဘာ့ဆန်ဈေးကွက်မှာ ဆန်တင်ပို့မှု အများဆုံး နိုင်ငံ ပြန်ဖြစ်လာနိုင်ကြောင်း ကုန်သည်ကြီးတွေနဲ့ သံတမန်တွေက ပြောပါတယ်။

ဆန်တင်ပို့နိုင်မှုကို အဟန့်အတားဖြစ်စေတဲ့ စီမံခန့်ခွဲမှု ညံ့ဖျင်းမှုနဲ့ တခြား အဟန့်အတားတွေ အားလုံး မကြာခင် အချိန်အတွင်းမှာ လျော့သွားတော့မှာပါ။ မြန်မာနိုင်ငံဟာ လာမဲ့နှစ်အနည်းငယ်အတွင်း ကမ္ဘာ့ဆန်တင်ပို့တဲ့ ထိပ်ပိုင်း ၁၀ နိုင်ငံထဲမှာ စာရင်းဝင်လာတော့မှာပါလို့ ထိုင်းသံတမန် ပါရာချွန် ဆူပီနီက ရန်ကုန်မှာ ပြောခဲ့တာပါ။

ဒါပေမဲ့ ဒီလိုဖြစ်လာဖို့ကလည်း အဆင်ပြေ ချောမွေ့ဖို့ ချက်ချင်း မဖြစ်လာသေးဘူးလို့လည်း ဆိုပါတယ်။ စစ်အစိုးရက ပုဂ္ဂလိက ဆန်ကုန်သည်တွေကို နိုင်ငံခြား ဆန်တင်ပို့ခွင့် လိုင်စင် ချပေးမှု နှေးကွေးတာတွေ၊ မြန်မာ့လယ်သမားတွေ စပါးစိုက်ချင်စိတ် ပိုများလာအောင် စစ်အစိုးရက မက်လုံးပေးမှု အားနည်းတာတွေ ရှိနေသေးတယ်လို့ ဆိုပါတယ်။

အာဆီယံဒေသတွင်း စီးပွားရေးကုန်သွယ်မှု သဘောတူညီချက်အောက်မှာ မြန်မာနိုင်ငံမှာလည်း ဆိပ်ကမ်းတွေ ကောင်းမွန်လာအောင် ပြုပြင်တိုးချဲ့လာတာတွေ၊ ကုန်သွယ်ရေးလုပ်ငန်းတွေမှာ အားကောင်းလာအောင် ဆောင်ရွက်မှုတွေနဲ့ သယ်ယူပို့ဆောင်ရေးစနစ် ကောင်းလာအောင် တည်ဆောက်မှုတွေ ရှိနေတဲ့အတွက် နိုင်ငံခြားဆန်တင်ပို့မှု ပိုချောမွေ့လာမယ်လို့ မျှော်လင့်ကြောင်း ထိုင်း စီးပွားရေး သံတမန် ပါရာချွန်က ပြောပါတယ်။

မြန်မာနိုင်ငံဟာ ဒီနှစ် နှစ်ဝက်အတွင်းမှာ နိုင်ငံခြားဆန်ဈေးကွက်ကို တန်ချိန် သုံးသိန်းကျော်လောက်သာ တင်ပို့နိုင်ခဲ့ပြီး၊ မနှစ်က နှစ်ဝက်ကျော်မှာ ဆန်တန်ချိန် ရှစ်သိန်းနီးပါးလောက် တင်ပို့နိုင်ခဲ့ပြီး ဖြစ်တဲ့အတွက် ဒီ နှစ်ဝက်ကျော်မှာ တင်ပို့နိုင်မှု အများကြီး နည်းလာတယ်လို့ ရန်ကုန်အခြေစိုက် ပုဂ္ဂလိက သုတေသနအဖွဲ့(SGS) ရဲ့ လေ့လာချက်အရ သိရပါတယ်။

မနှစ်က တနှစ်လုံး ဆန်တန်ချိန် တသန်းကျော် တင်ပို့နိုင်ခဲ့ပြီး၊ ၂၀၀၈ ခုနှစ်ကတော့ တန်ချိန်ပေါင်း ခြောက်သိန်းနီးပါး တင်ပို့နိုင်ခဲ့ပါတယ်။ မြန်မာနိုင်ငံဟာ တနှစ်ကို ပျမ်းမျှခြင်း စပါးတန်ချိန်ပေါင်း သန်း ၃၀ ထုတ်လုပ်နိုင်ပါတယ်။ ထိုင်းနိုင်ငံဟာလည်း အလားတူ စပါးတန်ချိန် သန်းပေါင်း ၃၀ ထုတ်လုပ်နိုင်ပေမဲ့ နိုင်ငံခြားကို တင်ပို့တဲ့ ဆန်တန်ချိန် တနှစ်ကို ၈ သန်းကနေ ၁၀ သန်းအထိ ရှိပါတယ်။

ရခိုင်သံဃာတော်အမှု မိသားစုကြားနာခွင့်ပိတ်
2010-08-30 RFA

ဇူလိုင်လ ၂၇ ရက်နေ့ကတည်းက လူဝတ်လဲ ဖမ်းဆီးခံထားရတဲ့ စစ်တွေမြို့မဟာမုနိ ဗုဒ္ဓဝိဟာရကျောင်းက သမိုင်း သုတေသီ ဆရာတော် ဦးပညာစာရကို ဒီကနေ့ မနက် ၁၁ နာရီလောက်က စစ်တွေခရိုင် တရားရုံးမှာ ရုံးထုတ် စစ်ဆေးခဲ့ရာမှာ မိသားစု ဆွေမျိုးတွေကို တက်ရောက် နားထောင်ခွင့် ပိတ်ပင်ခဲ့တယ်လို့ တရားရုံးကို သွားရောက်ခဲ့သူတဦးက RFA ကို ပြောပါတယ်။

“ရဲအရာရှိက အတင်းအကျပ်လုပ်လို့ ဘာမှ အဆက်အသွယ် မရခဲ့ပါဘူးခင်ဗျာ၊ အဲဒီမှာနေပြီးတော့ စခန်းမှူးတယောက်ကယ်၊ တရားရုံးမှာ စခန်းမှူးရာထူးပေါ့၊ နှစ်ပွင့်ပေါ့နော်၊ အဲဒီတယောက်ကနေပြီးတော့ ရှိနေပါတယ်။ အပြင်လာတဲ့လူကို အစစ်အဆေးတွေ များလွန်းလို့ ကျွန်တော်တို့ ဘယ်သူမှ နားထောင်ခွင့် မရပါဘူးခင်ဗျာ။”

ဆရာတော် ဦးပညာစာရကို ဒီကနေ့ စတုထ္ထအကြိမ်မြောက် ရုံးထုတ်ခဲ့တာ ဖြစ်ပါတယ်။ ဆရာတော်ကို တတိယအကြိမ်အဖြစ် သြဂုတ်လ ၂၄ ရက်နေ့က ရုံးထုတ် စစ်ဆေးခဲ့ရာမှာ ပြင်ပလူတွေကို နားထောင်ခွင့် ပေးခဲ့တယ်လို့ သိရပါတယ်။ ဆရာတော်ဟာ သမိုင်းသုတေသီ မဟုတ်ကြောင်း စစ်အစိုးရဖက်က စွပ်စွဲထားချက်ကို ဆရာတော်ရဲ့ ရှေ့နေ ဒေါ်အေးနုစိန်က အထောက်အထားနဲ့ တကွ တရားရုံးကို ရှင်းလင်း တင်ပြထားတယ်လို့ သိရပါတယ်။။
သက်တော် ၅၇၊ ဝါတော် ၃၇ ရှိတဲ့ ဆရာတော် အရှင် ဦးပညာစာရဟာ စစ်တွေထောင်မှာ ထိန်းသိမ်းခံထားရပါတယ်။
ဆရာတော်ကို စစ်အစိုးရက ဘာသာသာသနာ ညှိုးနွမ်းစေမှု၊ သာသနာ့မြေကို ငှားရမ်း အသုံးပြုမှု၊ နိုင်ငံတည်ငြိမ်ရေးကို ထိပါးနှောင့်ယှက်မှု စတဲ့ ပုဒ်မ ၇ ခုတပ် တရားစွဲဆိုထားတယ်လို့ သိရပါတယ်။

ရွေးကောက်ပွဲ မသမာမှုများ ဖော်ထုတ်ဖို့ အဖွဲ့ဝင်များကို NLD ရှင်းလင်း
2010-08-30 RFA

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ဦးဉာဏ်ဝင်း ဦးဆောင်တဲ့ အဖွဲ့ဟာ သြဂုတ်လ ၃၀ ရက် ဒီကနေ့ ပဲခူးတိုင်းအတွင်းက မြို့နယ်တွေကို သွားရောက်ပြီး အဖွဲ့ချုပ်အဖွဲ့ဝင်တွေကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောကြားချက်တွေ၊ ပါတီနိုင်ငံရေး ရပ်တည်ချက်တွေနဲ့ ပတ်သက်ပြီး တွေ့ဆုံ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

ဦးဉာဏ်ဝင်းနဲ့အတူ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်တွေ ဖြစ်တဲ့ ဦးစိုးဝင်းနဲ့ ဦးညွန့်ဝေတို့လည်း လိုက်ပါ သွားပြီး တောင်ငူခရိုင်အတွင်း မြို့နယ် ၄ မြို့နယ်က အဖွဲ့ဝင်တွေနဲ့ တွေ့ဆုံခဲ့ကြတာ ဖြစ်ပါတယ်။ အဲဒီလို တွေ့ဆုံရာမှာ ရွေးကောက်ပွဲ ကာလအတွင်း အဖွဲ့ချုပ် အဖွဲ့ဝင်တွေ ရပ်တည်သင့်တဲ့ အနေအထားတွေနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မှာကြားချက်တွေကို ရှင်းလင်း ပြောကြားခဲ့ကြတယ်လို့ သိရပါတယ်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ရွေးကောက်ပွဲကို မဝင်ပေမဲ့ ရွေးကောက်ပွဲကို လစ်လျူရှုထားဖို့ မဟုတ်ပဲ ရွေးကောက်ပွဲမှာ မသမာမှုတွေ တွေ့ရှိခဲ့ရင် ဖော်ထုတ်ဖို့ အဖွဲ့ချုပ်အဖွဲ့ဝင်တွေရော ပြည်သူတွေမှာပါ တာဝန်ရှိကြောင်း ပြီးခဲ့တဲ့အပတ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ရခဲ့စဉ်က ဦးဉာဏ်ဝင်းကို မှာကြားခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီအတွက်ကြောင့် လာမယ့် ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး အဖွဲ့ဝင်တွေ ရပ်တည်သင့်တဲ့ အနေအထားကို ဗဟို အလုပ်အမှုဆောင်အဖွဲ့ဝင်တွေ ကိုယ်တိုင် သွားရောက် ရှင်းလင်းပြောကြားတာ ဖြစ်တယ်လို့ သိရပါတယ်။

ဒီအကြောင်း RFA သတင်းထောက် ကိုအောင်မိုးမြင့်က အသေးစိတ် သတင်းပေးပို့ထားပါတယ်။

မကွေးတိုင်းမှာ အထူးမိုးခေါင်လို့ အခုနှစ် ရေတွင်းရေကန်တွေ ခန်း
2010-08-29 RFA

မကွေးတိုင်း ရေစကြိုမြို့နယ်မှာ ဒီနှစ် မိုးရာသီအတွင်း ကွက်ကြားမိုးပဲ ရွာသွန်းတဲ့အတွက် အဓိကကျတဲ့ ရေတွင်းရေကန်တွေ ရေခန်းကုန်ပြီး သီးနှံ စိုက်ပျိုးရေး မစနိုင်သေးဘူးလို့ သိရပါတယ်။
ဒီလို မိုးခေါင်တာမျိုး မကြုံဖူးတဲ့အကြောင်း သက်တော် ၇၀ နီးပါးရှိတဲ့ ဆရာတော်တပါးက မိန့်တော်မူတယ်လို့ ရေစကြိုမြို့ခံ တဦးက ပြောပါတယ်။
“တောကျောင်းဆရာတော် ဦး သောဝန ပြောပြချက်အရ သူ့တသက်မှာ ဒီလောက်မိုးခေါင်တာ တခါမှ မတွေ့ဖူးဘူးလို့ ပြောပါတယ်။ ကျောင်းက ရေကန်ဟာ ဘယ်တုန်းကမှ ရေ မခန်းဖူးဘူးပေါ့။ ဒီနှစ် ရေတစက်မှ မရှိဘူး။ သြဂုတ်လဆန်း ပြီးတဲ့အထိ တနယ်လုံးခြုံပြောရရင် မိုးက မရွာသလောက်ပါပဲ။ သြဂုတ်လထဲ ရောက်တော့မှ ရွာသင့်သလောက် ဟိုနားကွက်ကျား ဒီနား ကွက်ကျားရွာတယ်။ ဒါပေမယ့် အဓိကကျတဲ့ ကန်ကြီးတွေမှာ ကနေ့အထိ ရေတစက်မှ မရှိသေးဘူး”

မနှစ်ကလည်း မိုးနည်းပြီး ဒီနှစ်လည်း မိုးခေါင်လွန်းတဲ့အတွက် တော်ရုံတန်ရုံ အပူဒဏ်ခံကို ခံနိုင်ရည်ရှိတဲ့ သဘာဝ ပေါက်ပင်တွေတောင် သေကုန်တယ်လို့ ဆိုပါတယ်။

“နှမ်းယဉ်တို့ လိုဟာ စိုက်ဖို့တော့ ထားရော။ သဘာဝပေါက်ပင် ထနောင်းပင်လိုကစ သေတဲ့သဘော ဖြစ်နေတယ်။ ဇောင်းပြဿဒ်ပင်ဆိုတာ မြန်မာပြည် အလယ်ပိုင်း အပူပိုင်းမှာ ပေါက်တာပါ၊ အဲဒီ ဇောင်းပြဿဒ်ပင်တွေတောင်မှ သေပါတယ်။ ထန်းတောတွေဆိုရင် ထန်းပင်တွေဟာ ဟိုတုန်းကလို စိုစိမ်းမနေပဲနဲ့ ထန်းတောတွေက ခြောက်တယ်ဆို ထန်းရွက်တွေပါ အားလုံးဖြူဖွေးနေတော့တာပဲ။ တချို့အပင်တွေဆို ခေါင်ဖူးပါကျိုးပြီး သေနေကြပါပြီ”

ရေကန်တွေ ရေမရှိတဲ့အပြင် ရှေးက တူးထားတဲ့ ပေ ၅၀- ၆၀ နက်တဲ့ ရေတွင်းတွေလည်း ရေမထွက်တဲ့အတွက် ပေ သုံး- လေး- ငါးရာ နက်တဲ့ အ၀ီစိတွင်းရေကို အားထား သုံးနေရပေမယ့် ဒီ အ၀ီစိတွင်းရေ ထွက်အားကလည်း ခါတိုင်းနှစ်တွေလောက် မကောင်းဘူးလို့ ပြောပါတယ်။

ရေစကြိုနယ်ဟာ နာမည်ကျော် ရှင်မတောင်သနပ်ခါး ထွက်တဲ့ဒေသ ဖြစ်ပါတယ်။ အရင်ကဆို သနပ်ခါးတုံး ကြိတ်ပြီး ရလာတဲ့ ပျော့ဖတ်နဲ့ အမွှေးတိုင် လုပ်တဲ့အတွက် အမွှေးတိုင်လုပ်ငန်း ထွန်းကားတဲ့ဒေသ ဖြစ်လာရာက တစတစနဲ့ နောက်ပိုင်းမှာ ရသမျှ သစ်ပင်က အသားတွေကို အမွှေးတိုင်လုပ်ငန်းမှာ သုံးလာတဲ့အတွက် သစ်ပင်တွေ ကုန်သွားတဲ့ ဒေသတခု ဖြစ်လာတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်းနေရာ အတော်များများမှာ ဒီနှစ် မိုးနည်းနေပြီး ရေစကြိုမြို့နယ်ဟာ မိုးအနည်းဆုံးဒေသ ဖြစ်နေတယ်လို့လည်း ဆိုပါတယ်။ နောက်မိုးသာ မကောင်းရင် တောင်သူတွေ ဘာအပင်မှ စိုက်ပျိုးလို့ မရတော့တဲ့အတွက် တရပ်တပါး ပြောင်းရွှေ့ရမယ့်ကိန်း ရောက်နေတယ်လို့လည်း သိရပါတယ်။

မဲမပေးရေး ပဲခူးတွင် NLD လှုပ်ရှား
မင်းနိုင်သူ Monday, August 30, ဧရာဝတီ

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) မှ တာဝန်ရှိသူများသည် ပဲခူးတိုင်းပါတီဝင်များကို တွေ့ဆုံပြီး ပါတီရပ်တည်မှုနှင့် ရွေးကောက်ပွဲဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို ယနေ့ ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

“မြို့နယ် ၄ မြို့နယ်က စည်းရုံးရေး အဖွဲ့ဝင်တွေအပြင် စိတ်ဝင်စားတဲ့ အရပ်သားတွေလည်း ဆွေးနွေးပွဲကို လာရောက်ကြပါတယ်။ ရွေးကောက်ပွဲမှာ မဲပေးချင်ရင် ပေးလို့ရသလို မဲမပေးလိုက မပေးဘဲလည်း နေနိုင်တယ်ဆိုတာကို ဦးဉာဏ်ဝင်းက ရွေးကောက်ပွဲဥပဒေပါ အချက်အလက်တွေနဲ့ ရှင်းပြပါတယ်” ဟု တောင်ငူမြို့နယ် NLD မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးအောင်စိုးမြင့်က ပြောသည်။

NLD ရုံးချုပ်မှ ဦးညွန့်ဝေ၊ ဦးဉာဏ်ဝင်း၊ ဦးစိုးဝင်း၊ ဒေါ်ခင်ညွန့်မူနှင့် ကိုကျော်ဝင်းတို့က ဖြူး၊ တောင်ငူ၊ ရေတာရှည်မြို့နယ်များနှင့် အုတ်ကျင်းစု ရွာများမှ စည်းရုံးရေးအဖွဲ့ဝင်များကို တောင်ငူမြို့နယ်ရှိ ဦးအောင်စိုးမြင့် နေအိမ်တွင် တွေ့ဆုံခဲ့ကြခြင်းဖြစ်သည်။

NLD ဗဟိုကော်မတီဝင် ဦးစိုးဝင်းက “အကျဉ်းကျမိသားစုတွေ စောင့်ရှောက်ရေး၊ မြို့နယ်အတွင်းက လူမှုရေး အခက်အခဲတွေကို ကူညီဖြေရှင်းပေးနိုင်ရေး၊ အဓမ္မ လုပ်အားပေးမှု ပပျောက်ရေး ဆိုတာတွေကိုလည်း ဆွေးနွေးဖြစ်ခဲ့ပါတယ်။ ဒေသခံလူထုကလည်း စိတ်ဝင်စားမှုရှိတယ်။ အရင်ကထက်ကို တရင်းတနှီး ဆက်ဆံလာတာကို တွေ့ရတယ်” ဟု ပြောသည်။

ဗဟို အလုပ်အမှုဆောင် ဦးညွန့်ဝေကလည်း NLD သည် ပါတီအဖြစ် ဆက်လည်တည်ရှိနေသေးကြောင်းကို မြို့နယ်ပါတီဝင်များအား အတိအလင်း အသိပေးခဲ့ကြောင်း သိရသည်။

NLD ဗဟိုမှ အဖွဲ့ဝင်များနှင့် ပဲခူးတိုင်းပါတီဝင်များ ယခုလ ၅ ရက်နေ့က ပဲခူးမြို့နယ်တွင် ပထမအကြိမ် တွေ့ဆုံခဲ့ပြီး ယနေ့တွေ့ဆုံမှုသည် ဒုတိယ အကြိမ်မြောက်ဖြစ်သည်။

NLD ဒု ဥက္ကဋ္ဌ ဦးတင်ဦးနှင့် ဗဟိုအဖွဲ့ဝင်များသည်လည်း ၂၈ ရက်နေ့မှစတင်ကာ ဧရာဝတီတိုင်းမှ ပါတီဝင်များနှင့် တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်နေဆဲဖြစ်ကြောင်း သိရသည်။

၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရ NLD ပါတီသည် ၂၀၁၀ ရွေးကောက်ပွဲ အတွက် ပါတီထပ်မံ မှတ်ပုံမတင်ရန် ပြီးခဲ့သည့် မတ်လ ၂၉ ရက်နေ့တွင် ဆုံးဖြတ်ချက်ချခဲ့ပြီးနောက် ယခုလ ၁၉ ရက်တွင် ရွေးကောက်ပွဲကို သပိတ်မှောက်ကြောင်း အတိအလင်း ထုတ်ဖော်ပြောဆိုခဲ့သည်။

မဲဆောက်မြို့ ဆန်လှူပွဲ မြန်မာပြည်သား သောင်းချီ လာရောက်
ဘစောတင် Monday, August 30, ဧရာဝတီ

မဲဆောက်မြို့တွင် နှစ်စဉ် ကျင်းပလေ့ရှိသော တရုတ်သူဌေးကြီးများ၏ (၄၁) ကြိမ်မြောက် တစ္ဆေကြီးပွဲခေါ် ဆန်လှူပွဲပြုလုပ်ရာ မြန်မာပြည်သား တသောင်းခန့် လာရောက် ဆန်အလှူခံကြသည်ဟု သတင်းရရှိသည်။
“ဒီနေ့ အလှူခံ ၁ သောင်းအတွက် တိုကင် လက်မှတ်စာရွက်တွေကို မနက်ကတည်းက ဝေထားတယ်။ ဒီနှစ်ကတော့ မနှစ်ကလောက် အလှူခံ မများဘူးပေါ့ဗျာ။ တံတားကလည်း ပိတ်ထားတော့ ဟိုဘက်ကမ်းက သိပ်မလာနိုင်ကြဘူးလေ။ အလှူပစ္စည်းတွေကတော့ ဆန်၊ ဆီ၊ ဆား၊ အချိုမှုန့်၊ ငပိဘူး၊ မာမား ခေါက်ဆွဲထုပ်နဲ့ ငါးသေတ္တာဘူး စတာတွေ ဖြစ်ပါတယ်” ဟု လုံခြုံရေး တာဝန်ယူပေးသည့် မယ်တော်ရွာမှ ပြည်သူ့စစ်အဖွဲ့ဝင် မြန်မာပြည်ဖွား ထိုင်းနိုင်ငံသား ခွန်စုန်မက် ခေါ် ကိုစိုးမြင့်က ဧရာဝတီသို့ ပြောသည်။

ယမန်နှစ်က မြန်မာပြည်သား ၁၈၀၀၀ ထောင်ခန့် လာရောက်အလှူခံခဲ့သည်ဟု ဆိုသည်။

ယင်းအလှူပွဲကို မဲဆောက်မြို့ ရဲစခန်းအနီးရှိ တရုတ်ဘုံကျောင်းတွင် ပြုလုပ်ကြောင်း၊ တရုတ်လူမျိုးများသည် နှစ်စဉ် နှစ်တိုင်း ကွယ်လွန်လေပြီးသော မိဘ ဘိုးဘွားများကို ရည်စူး၍ ယခုကဲ့သို့ ကုသိုလ်ကောင်းမှု ပြုလုပ်ကြကြောင်း၊ ကြိုတင်လက်မှတ်များကို နံနက် ၁၀ နာရီခန့်က စတင်ဝေပြီး အလှူပွဲကို ညနေ ၃ နာရီတွင် စတင်ပြုလုပ်ကြောင်း သိရသည်။

တရုတ်လူမျိုး ကိုဟုတ်ကြည်က “ကျနော်တို့ရဲ့ ကွယ်လွန်သွားကြပြီဖြစ်တဲ့ မိဘ ဘိုးဘွားတွေကို ရည်စူးပြီး တနှစ်တခါ ဘုံကျောင်းမှာ လာပြီး မရှိဆင်းရဲသားတွေကို အလှူအတန်းပြုလုပ်တယ်။ မြန်မာလူမျိုးတွေက မိဘတွေကို ရည်မှန်းပြီး ကုသိုလ်ပြု အမျှဝေပေးတာနဲ့ သဘောအတူတူပဲလေ” ဟု ပြောသည်။

ယင်းအလှူပွဲသို့  မဲဆောက်မြို့နယ်အတွင်းရှိ ကျပန်းအလုပ်သမားများ၊ ပန်းရံအလုပ်သမားများနှင့် စက်ရုံတချို့မှ အလုပ်သမားများလည်း လာရောက်ကြသည်။

“ကျမမျက်စိထဲ မြင်နေရတာကတော့ ကလေးတွေက တအားပဲ။ လူကြီးနဲ့ ဆတူလောက်ရှိမယ်။ ကျမတို့လည်း ဆန်လေးဘာလေးရအောင် လာတိုးတာ။ အိမ်က ကလေးတွေလည်း မနက်ကတည်းက ရွယ်တူတွေနဲ့ တအုပ်ကြီး သွားတန်းစီကြတယ်” ဟု ဘန့်စောင်ကွဲ ရပ်ကွက်မှ မြန်မာ ဈေးသည် အမျိုးသမီးတဦးက ပြောသည်။

ယနေ့ အလှူခံပွဲသို့ ကလေးငယ် အများအပြား လာရောက်တန်းစီကြကြောင်း၊ စည်းကမ်း သတ်မှတ်ချက်အရ အသက် ၅ နှစ်အောက် ကလေးငယ်များ တန်းစီခွင့်မရှိကြောင်း သိရသည်။

ဆန်အလှူခံရန်အတွက် ရှေးဦးစွာ တန်းစီပြီး လက်ဗွေနှိပ်ကာ တိုကင်နံပါတ်ကို ယူရပြီး ဆန်ဝေသည့် အချိန်ထိ စောင့်ဆိုင်းရသည်။ ဆန်ဝေသည့်အခါ နံပါတ်စဉ်ခေါ်သည့်အတိုင်း သွားရောက် ထုတ်ယူရသည်။ ဆန်တအိတ်တွင် ဆန် ၄ ကီလို ပါဝင်ကြောင်း၊ ယမန်နှစ်က ဆန်အိတ်များမှာ ၃ ကီလိုစီပါရှိကြောင်း သိရသည်။

မဲဆောက်မြို့ TK စက်ရုံအနီးတွင် နေထိုင်သူ အသက် ၁၃ နှစ်အရွယ် မောင်အောင်သူက “အဖေက ပန်းရံလုပ်တယ်။ သားက အိမ်မှာ အမေကို ၀ိုင်းလုပ်ကူရတယ်။ ဒီနေ့ ဆန်လာတိုးရတာ ပျော်လည်းပျော်တယ်၊ မပျော်လည်းမပျော်ဘူး။ ပျော်တာက ဆန်ရလို့၊ ပြီးတော့ လူတွေ အများကြီးတွေ့ရလို့။ မပျော်တာက နေပူတယ်၊ လူတွေက ကျပ်ပိတ်သိပ်နေတယ်” ဟု ပြောသည်။
မြ၀တီနှင့် မဲဆောက်ကို ဆက်သွယ်ထားသော ချစ်ကြည်ရေးတံတား အပါအ၀င် ဂိတ်များကို ပိတ်ထားသော်လည်း အခကြေးငွေဖြင့် သွားလာခွင့်ပြုနေသည့် ဂိတ်တချို့မှ လာရောက်သူများရှိရာ မြ၀တီဘက်ကမ်းမှ သီလရှင်တချို့လည်း လာရောက် အလှူခံကြောင်း သိရသည်။
လူ တဦးစီအတွက် လှူဒါန်းပစ္စည်း တန်ဖိုးမှာ ထိုင်းဘတ်ငွေ ၁၅၀ (ကျပ် ၄၅၀၀) ဖိုးခန့်ရှိကြောင်း၊ ထို့ကြောင့် နယ်စပ်မှ အခပေး၍ ဖြတ်သန်းလာရောက်သူများအဖို့ စရိတ်မကာမိကြောင်း မြန်မာဘက် အခြမ်းမှ လာရောက်သူများက ပြောသည်။
ယခု အလှူပွဲသို့ လာရောက် ကူညီထိန်းသိမ်းပေးသော ပြည်သူ့စစ်များကိုလည်း ဆန်အထုပ် ၂၀၀၀ ဝေပေးကြောင်း၊ တရုတ်သူဌေးများက စုစုပေါင်း ဆန်အထုပ် ၁၂၀၀၀၊ ဆန်ကီလိုချိန်ပေါင်း ၄၈၀၀၀ လှူဒါန်းခဲ့ကြောင်း သိရသည်။

နိုင်ငံခြားရေးဝန်ကြီးနှင့် ဇနီး စတင် မဲဆွယ်
ရန်ပိုင် Monday, August 30, ဧရာဝတီ

နိုင်ငံခြားရေး ၀န်ကြီး ဦးဉာဏ်ဝင်းသည် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) အတွက် တရားဝင် မဲဆွယ်စည်းရုံးမှုများကို ဇာတိမြေဖြစ်သည့် ပဲခူးတိုင်း အနောက်ပိုင်း၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့တွင် စတင် ပြုလုပ်နေပြီဖြစ်ကြောင်း သတင်းရရှိသည်။
ပြီးခဲ့သည့် စနေနေ့က ဇီးကုန်းမြို့ ဘိုးဘွားရိပ်သာတွင် ပြုလုပ်သည့် မျက်မှန်များပေးအပ်သည့် အခမ်းအနားတွင် ဇနီးဖြစ်သူ ဒေါ်မြင့်မြင့်စိုးက ဦးဉာဏ်ဝင်း၏ပုံ ရိုက်နှိက်ထားသည့် “တခဲနက် ထောက်ခံမဲပေးကြပါစို့” စာတန်းပါသည့် လက်ကမ်းစာစောင်များကို ဖြန့်ဝေခဲ့သည်ဟု ဇီးကုန်းမြို့ခံတဦးက ဧရာဝတီသို့ ပြောသည်။

“စာရွက် သုံးခေါက်ချိုးပေါ်မှာ ဦးဉာဏ်ဝင်း ဓာတ်ပုံက တိုက်ပုံနဲ့၊ မောင့်ကျက်သရေ ခေါင်းပေါင်းနဲ့၊ အသေအချာ ရိုက်ထားတဲ့ပုံနဲ့ ဖြန့်တာ” ဟု အဆိုပါ မြို့ခံက ဆိုသည်။

ယင်းလက်ကမ်းစာစောင်တွင် “မွေးရပ်မြေ ဇီးကုန်းမြို့ကို အစဉ်တိုးတက်စေရန် တိုင်းဒေသကြီးမဲဆန္ဒနယ် အမှတ် (၁) တိုင်းဒေသ ကြီး လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးဉာဏ်ဝင်းအား တခဲနက် ထောက်ခံမဲပေးကြပါစို့” ဟု ရေးသားထားကြောင်း ၎င်းက ပြောသည်။

နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းနှင့်အတူ ဇီးကုန်းမြို့၊ စမ်းရွာနေ ဦးထူးခိုင်လည်း ကြံ့ဖွံ့ပါတီအတွက် ၀င်ရောက်အရွေးခံမည်ဟု သိရသည်။

ဇီးကုန်းမြို့တွင် ကြံဖွံပါတီအပြင် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ (တစည) နှင့် အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) ပါတီတို့ ရှိသည်ဟု ဒေသခံများက ပြောသည်။

ကိုယ်ရေး ရာဇ၀င်တွင် ဦးဉာဏ်ဝင်းသည် ၁၉၅၃ ခုနှစ် ဇန်န၀ါရီလ ၂၂ ရက်နေ့တွင် ဦးမောင်ဆောင်း၊ ဒေါ်လှရွှေတို့မှ မေးဖွားခဲ့ပြီး မွေးချင်း ၃ ဦးအနက် အငယ်ဆုံးဖြစ်ကြောင်း၊ အ.လ.က (လယ်တွင်း) နှင့် အ.ထ.က (ဇီးကုန်း) တို့တွင် ပညာသင်ကြားခဲ့ပြီး ၁၉၆၉ ခုနှစ်တွင် အခြေခံပညာ အထက်တန်း စာမေးပွဲ အောင်စာရင်း မထွက်မီ လယ်တွင်းရွာ အလယ်တန်းကျောင်းတွင် လုပ်အားပေး ကျောင်းဆရာအဖြစ် ၀င်ရောက်လုပ်ကိုင်ခဲ့ကြောင်း ဖော်ပြထားသည်။

ထို့နောက် စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်း အပတ်စဉ် ၁၅ သို့ တက်ရောက်၍ ၁၉၇၃ ခုနှစ် နိုဝင်ဘာလတွင် B.Sc (DSA) ဘွဲ့ရခဲ့ပြီး ပြန်တမ်းဝင်အရာရှိ ဖြစ်လာကြောင်း၊ ထို့နောက် ရာထူးအဆင့်ဆင့်ဖြင့် တပ်ရင်းတပ်ဖွဲ့များတွင် တာဝန်ထမ်းဆောင်ခဲ့ကြောင်း သိရသည်။

၁၉၇၇ ခုနှစ် ဖေဖေါ်ဝါရီလ ၁၅ ရက်နေ့တွင် ဇီးကုန်းမြို့ ဗိုလ်ရုံလမ်းနေ ဦးညွန့်မောင်၊ ဒေါ်ခင်ကြည်တို့၏ သမီး ဒေါ်မြင့်မြင့်စိုးနှင့် လက်ထပ်ခဲ့ကာ သား ၃ ယောက် ရခဲ့ပြီး ယခုအခါ ၂ ဦးမှာ တပ်မတော်ပြန်တမ်းဝင် အရာရှိ၊ တဦးမှာ ဆရာဝန် ဖြစ်သည်ဟု လက်ကမ်းစာစောင်တွင် ဖော်ပြထားသည်။

စစ်မှူထမ်းကာလအတွင်း တပ်မတော်သင်တန်းများကို တက်ရောက် အောင်မြင်ခဲ့ကြောင်း၊ မကွေးမြို့၌ တာဝန် ထမ်းဆောင်နေစဉ် အထက်တန်း ရှေ့နေစာမေးပွဲကို ၀င်ရောက်ဖြေဆိုရာ တနိုင်ငံလုံး ပထမအဆင့်ဖြင့် အောင်မြင်ခဲ့ကြောင်း သိရသည်။

၁၉၈၈ ခုနှစ် နိုဝင်ဘာလမှ ၁၉၈၉ ခုနှစ် မတ်လအထိ မကွေးတိုင်း နတ်မောက်မြို့နယ်တွင် မြို့နယ် ငြိမ်ဝပ်ပိပြားရေးနှင့် တည်ဆောက်ရေး အဖွဲ့ (မ၀တ) တာဝန်ကို ယူခဲ့သည်။ ၁၉၉၈ ခုနှစ်တွင် ဗိုလ်မှူးကြီး အဆင့်ဖြင့် အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ရှိ နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ်၌ ၁ နှစ် တက်ရောက်ခဲ့ပြီး ၂၀၀၀ ခုနှစ်တွင် ရန်ကုန်မြို့တွင် ဖွင့်လှစ်သည့် နိုင်ငံတော်ကာကွယ်ရေး တက္ကသိုလ်ကို ထပ်မံတက်ရောက်ခဲ့သည်။

ထို့နောက် ကလောမြို့ရှိ စစ်ဦးစီး တက္ကသိုလ် ကျောင်းအုပ်ကြီး၊ တပ်မတော် လေ့ကျင့်ရေး အရာရှိချုပ်နှင့် စစ်မဟာဗျူဟာ လေ့လာရေးဌာနတို့တွင် တာဝန်ထမ်းဆောင်ခဲ့ပြီး ဗိုလ်ချုပ်အဆင့်အထိ ရာထူးရခဲ့ရသည်။ တပ်မတော်တွင် တာဝန်ယူစဉ် စစ်မှူထမ်းကောင်းတံဆိပ်များ၊ စွမ်းဆာင်ရည် တံဆိပ်များနှင့် သင်္ဂဟတံဆိပ်များ ချီးမြှင့်ခံခဲ့ရသည်။

၂၀၀၄ ခုနှစ် ခုနှစ် စက်တင်ဘာ ၁၈ ရက်နေ့တွင် နိုင်ငံခြားရေး ၀န်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်ဟု လက်ကမ်းစာစောင်တွင် ရေးသားထားသည်။

ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန် ခေါင်းဆောင်သော ကြံ့ဖွံ့ပါတီသည် ဧပြီလ ၂၉ ရက်နေ့တွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံ၌ တည်ထောင်ခွင့်လျှောက်ထားခဲ့ပြီး မေလ ၄ ရက်နေ့တွင် တည်ထောင်ခွင့်ရရှိခဲ့သည်။ ယင်းနောက် ဇွန်လ ၁ ရက်နေ့တွင် ပါတီမှတ်ပုံတင်ခွင့် လျှောက်ထားပြီး ဇွန်လ ၈ ရက်နေ့တွင် ပါတီမှတ်ပုံတင်ခွင့် ရရှိခဲ့သည်။

ကြံ့ဖွံ့ပါတီ၏ နိုင်ငံရေး ပါတီမှတ်ပုံတင် အမှတ်မှာ ၂၃ ဖြစ်ပြီး သြဂုတ်လ ၁၈ ရက်နေ့တွင် ရွေးကောက်ပွဲ ကော်မရှင်ထံ ပါတီဝင် အင်အား တင်ပြခဲ့သည်။

ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကို ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာ ၇ ရက်နေ့တွင် လွှတ်တော် အသီးသီးအတွက် ကျင်းပသွားမည်ဟု သြဂုတ်လ ၁၃ ရက်နေ့တွင် စစ်အစိုးရက ထုတ်ပြန် ကြေညာထားသည်။

စာနယ်ဇင်းသမားများ ရွေးကောက်ပွဲ ဝင်မည်
နရီလင်းလက် Monday, August 30, ဧရာဝတီ

မြန်မာနိုင်ငံ စာပေနှင့် စာနယ်ဇင်းအဖွဲ့မှ ဥက္ကဋ္ဌများနှင့် ဗဟိုကော်မတီဝင်များသည် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် ရာထူးများမှ နုတ်ထွက် လိုက်ပြီဖြစ်ကြောင်း သတင်းရရှိသည်။

စာပေနှင့် စာနယ်ဇင်းအဖွဲ့မှ ဥက္ကဋ္ဌ အငြိမ်းစား ဗိုလ်မှူးကြီး ဦးတင်ခ (တက္ကသိုလ် တင်ခ)၊ ဒုတိယ ဥက္ကဋ္ဌ (၁) ဒေါက်တာ တင်ထွန်းဦး၊ ဗဟိုကော်မတီဝင် ဦးအောင်ငြိမ်းနှင့် ညွှန်ကြားရေးမှူးဟောင်း အငြိမ်းစားဗိုလ်မှူး ဦးလှထွန်း (လှထွန်း-တွံတေး) တို့ အသီးသီး နုတ်ထွက်လိုက်ခြင်းဖြစ်ကြောင်း စာပေနှင့် စာနယ်ဇင်းအဖွဲ့မှ တာဝန်ရှိသူတဦးက ပြောသည်။

“နုတ်ထွက်လိုက်တဲ့သူတွေ အကုန်လုံး တသီးပုဂ္ဂလ ကိုယ်စားလှယ်အနေနဲ့ ၀င်ဖြစ်မယ်လို့ ပြောနေတယ်။ ဒေါက်တာ တင်ထွန်းဦးက ပုဇွန်တောင်မြို့နယ်က ၀င်မယ်” ဟု အဆိုပါ တာဝန်ရှိသူတဦးက ဧရာဝတီသို့ ပြောသည်။

လစ်လပ်သွားသည့် နေရာတွင် မြန်မာနိုင်ငံ စာပေနှင့် စာနယ်ဇင်းအဖွဲ့ ဒုတိယဥက္ကဋ္ဌ (၂) စာရေးဆရာ ဦးတင်လှိုင် (လယ် တွင်းသားစောချစ်) အား ခေတ္တ ဥက္ကဌ ရာထူး တာဝန်ပေးလိုက်သည်ဟု သိရသည်။

မြန်မာနိုင်ငံစာပေနှင့် စာနယ်ဇင်း (ဗဟို) အလုပ်အမှုဆောင် အဖွဲ့ကို ပြီးခဲ့သည့် မေလလယ်က ပြန်လည်ဖွဲ့စည်းခဲ့ပြီး တက္ကသိုလ် တင်ခ၊ ဒေါက်တာ တင်ထွန်းဦး၊ Yangon Times ဂျာနယ်မှ ဦးကိုကို (ကိုကို-စက်မှုတက္ကသိုလ်) နှင့် လျှပ်တပြက် ဂျာနယ်မှ ဦးမြတ်ခိုင် တို့အပါအ၀င် ကော်မတီဝင် ၃၁ ဦးပါဝင်သည်။

ဒေါက်တာ တင်ထွန်းဦးသည် ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းနှင့် နီးစပ်သူတဦးဖြစ်ပြီး ဂျာနယ်နှင့် မဂ္ဂဇင်းများကို ထုတ်ဝေနေသည့် သုတစွယ်စုံ စာအုပ်တိုက်ပိုင်ရှင်နှင့် လက်ရှိတွင် Myanmar Times ဂျာနယ်ကို အမည်ခံ ထုတ်ဝေခွင့် ရထားသူဖြစ်သည်။

“ဒေါက်တာ တင်ထွန်းဦးက နိုင်ငံရေးစိတ်ဝင်စားတဲ့သူ မဟုတ်သလို ရွေးကောက်ပွဲဝင်ချင်တဲ့သူ မဟုတ်ဘူး။ အခု ၀င်ဖြစ်သွား တယ်ဆိုတာက ပြန်ကြားရေးဝန်ကြီး ကျော်ဆန်းက ၀င်ဖို့ ပြောတော့ သူအနေနဲ့ မငြင်းရဲဘူးဆိုတဲ့ ပုံစံမျိုးဖြစ်သွားတာ။ အာဏာပိုင်တွေကို ကြောက်တာလည်း ပါတာပေါ့” ဟု ဒေါက်တာ တင်ထွန်းဦးနှင့် နီးစပ်သူတဦးက ပြောသည်။
စစ်အစိုးရသည် ယင်းကဲ့သို အာဏာသုံးကာ နီးစပ်သည့် စီးပွားရေးလုပ်ငန်းရှင်များကို ရွေးကောက်ပွဲ ၀င်စေသကဲ့သို့ အငြိမ်းစား စစ်အရာရှိဟောင်းများကိုလည်း ရွေးကာက်ပွဲဝင်ရောက်ယှဉ်ပြိုင်ရန် ညွှန်ကြားထားကြောင်း စစ်အသိုင်းအ၀န်းမှ သိရသည်။
“ကိုယ်စားလှယ်လောင်းနေရာမှာ စစ်တပ်က အငြိမ်းစား၊ ပင်စင်စားတွေ များများပါလည်း မနည်းဘူးဆိုတဲ့ ပုံစံမျိုး။ ပင်စင်ယူထားပြီးလို့ အေးအေးနေရမလားဆိုပြီး မဟုတ်ပြန်ဘူး။ နဂိုကတည်းက ပင်စင်ယူထားတဲ့ သူတွေတင်မကဘူး၊ လက်ရှိလည်း ဌာနတွေမှာ တာဝန်ထမ်းဆောင်နေတဲ့ ဌာနမှူးတွေ၊ ညွှန်ချုပ်တွေကို ရာထူးက ပင်စင်ပေးပြီး ရွေးကောက်ပွဲ ၀င်ခိုင်းတာတွေ ရှိသေးတယ်” ဟု အငြိမ်းစား ဗိုလ်မှူးဟောင်းတဦးက ဆိုသည်။
စာပေနှင့် စာနယ်ဇင်းအဖွဲ့မှ တာဝန်ရှိသူများအပြင် သတင်းမီဒီယာလောကမှ သတင်းထောက်များလည်း ရွေးကောက်ပွဲ ၀င်ရောက်မည်ဟု သတင်းများ ထွက်ပေါ်နေသည်။
“The Voice Weekly ဂျာနယ်ရဲ့ မန္တလေးရုံးခွဲက သတင်းထောက် ကိုတင်လင်း ရွေးကောက်ပွဲဝင်မယ် ပြောတယ်။ အခုလောလောဆယ် ကိုတင်လင်းက နယ်ကို စည်းရုံးရေးဆင်းသွားတယ်” ဟု ပြည်တွင်းသတင်း ဂျာနယ်တခုမှ အယ်ဒီတာက ပြောသည်။
ကိုတင်လင်း ရွေးကောက်ပွဲ ၀င်ရောက်နိုင်ရန် ဦးနေ၀င်းမောင်မှ ထောက်ပံ့ပေးသွားမည် ဖြစ်ကြောင်း သတင်းများလည်း ထွက်ပေါ်နေပြီး မည်သည့်ပါတီအတွက် ယှဉ်ပြိုင်မည်ကို အတည်မပြုနိုင်သေးပေ။ နောက်ဆုံးထုတ် The Voice Weeekly ဂျာနယ်မှ စတင်ကာ သတင်းထောက် ကိုတင်လင်း နာမည်ကို ထည့်သွင်းဖော်ပြထားခြင်း မရှိကြောင်း တွေ့ရသည်။
Living Color မဂ္ဂဇင်း၊ The Voice Weekly ဂျာနယ်နှင့် Foreign Affair ဂျာနယ်တို့ကို ထုတ်ဝေနေသူ ဦးနေဝင်းမောင်သည် စစ်အရာရှိကြီးများ၏ သားသမီးများ၊ စစ်ဘက်ရေးရာ လုံခြုံရေးအဖွဲ့၊ ရဲအထူးသတင်းတပ်ဖွဲ့ စသည့် အစိုးရဌာနများနှင့် အဆက်အဆံရှိနေသူ တဦးဖြစ်သည်။

“တို့မွေးမြေ” အကျိုးပြုသီချင်း ဗိုလ်ချုပ်မှူးကြီးရေးခဲ့
သျှင်ဒီစံ Monday, August 30, ဧရာဝတီ

နိုင်ငံတော်အကျိုးပြု ပေါ်လစီသီချင်းတပုဒ်ဖြစ်ပြီး အဆိုတော် မေဆွိနှင့်အောင်ရင် သီဆိုထားသော “တို့မွေးမြေ” သီချင်းစာသားကို နိုင်ငံတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ရေးသားပေးခဲ့ခြင်းဖြစ်ကြောင်း တေးရေး မြသန်းစံက ပြောသည်။

“အဲဒီသီချင်းကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေက စာသားရေးပေးပြီး ကျနော်က ဆီလျော်အောင် သံစဉ်ထည့်ပါတယ်။ ပြီးမှ ကျနော့်နာမည် တပ်ခိုင်းတာပါ” ဟု သူက ဆိုသည်။

ပေါ်လစီသီချင်းများကို ရေးသားခဲ့သည့် တေးရေးမြသန်းစံက မကြာသေးမီက ၎င်းကို နိုင်ငံတော်က ချီးမြှင့်ခဲ့သော တေးရေးခ သုခုမကြေးကို သူ၏လုပ်ဖော်ကိုင်ဘက် အနုပညာသမားများအား ပြန်လည်ပေးအပ်ပွဲတွင် အထက်ပါအတိုင်း ပြောခဲ့ခြင်း ဖြစ်သည်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် နိုင်ငံတော်အကျိုးပြု သီချင်းတချို့ရေးစပ်ရန် ကိုယ်တိုင်ပါဝင် ညွှန်ကြားခြင်းများ ရှိခဲ့ပြီး တေးရေးတေးဆို အကော်ဒီယံအုန်းကျော် ရေးသားသီဆိုသည့် “စီးပွားရေး ပိတ်ဆို့တာ တို့မမှုပါ” အစရှိသည့် သီချင်းကို အလွန်နှစ်ချိုက်ကြောင်း၊ မြန်မာ့ရုပ်မြင်သံကြားနှင့် မြဝတီရုပ်မြင်သံကြားမှ အဆိုပါ သီချင်းထုတ်လွှင့်လျင် ဗိုလ်ချုပ်မှူးကြီးသည် ကြည့်ရှုရင်းမှ ဝင်ညည်းလေ့ရှိကြောင်း စစ်တပ်အသိုင်းအဝန်းနှင့် နီးစပ်သူများထံမှ သိရသည်။

“တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေ လက်နက်နဲ့ ငြိမ်းချမ်းရေးလဲလှယ်ခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး သီချင်းတပုဒ် ထပ်ရေးဖို့လည်း နိုင်ငံတော်အကြီးအကဲက ကျနော့်ကို ပြောတယ်။ ကျနော်လည်း ၄ လလောက် အချိန်ယူပြီး သီချင်းကို ရေးဖြစ်ခဲ့တယ်” ဟု တေးရေးမြသန်းစံက သူ့အတွေ့အကြုံကို ပြောပြသည်။

တေးရေးမြသန်းစံ၏ ပြန်လည် ပေးအပ်ပွဲအခမ်းအနားကို ပေါ်ပြူလာဂျာနယ်တိုက် ခမ်းမတွင် သြဂုတ်လ ၂၈ ရက်နေ့က စာနယ်ဇင်းသမားများအား ဖိတ်ကြား၍ ကျင်းပခဲ့ခြင်း ဖြစ်ပြီး ၎င်းပေါ်လစီသီချင်းများ ရေးသားစဉ်က အတွေ့အကြုံများ၊ နိုင်ငံတော် အကျိုးပြုသီချင်းများ ရေးသားနေရာမှ အနားယူခဲ့သည့် အကြောင်းရင်းများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြား ခဲ့သည်။

ဆက်လက်၍ ၎င်းက လက်နက်နှင့် ငြိမ်းချမ်းရေးလဲလှယ်သည့် သီချင်းရေးရန် ဗိုလ်ချုပ်မှူးကြီးက ဗိုလ်ချုပ်ကြီးတဦးထံမှ တဆင့် ခိုင်းခြင်းဖြစ်ကြောင်း၊ ပြီးစီးသွားသည့် အလုပ်များနှင့် ပတ်သက်၍ တေးရေးမြသန်းစံက ဗိုလ်ချုပ်မှူးကြီးထံ တိုက်ရိုက်တင်ပြရာ ကြားခံ ဗိုလ်ချုပ်ကြီးက မကျေနပ်ကြောင်း ပြောပြသည်။

“တနေ့မှာ ကျနော် ၀န်ကြီးအဖွဲ့နဲ့ ခရီးသွားနေတုန်း ကျနော့်ကိုခိုင်းခဲ့တဲ့ ဗိုလ်ချုပ်ကြီးက သူ့ဆီကို ဖုန်းဆက်ခိုင်းတဲ့အတွက် ကျနော်က ဖုန်းဆက်လိုက်တယ်။ အဲဒီဗိုလ်ချုပ်ကြီးက ဖုန်းထဲကနေ မိုက်ရိုင်းတဲ့ စကားလုံးတွေနဲ့ ဒေါသတကြီးဆဲဆိုပြီး ကြိမ်းမောင်းတယ်။ ပြီးတော့ သူက ရာထူးအာဏာ ကျနော့်ထက် ပိုကြီးတယ်ဆိုတာ မသိဘူးလားလို့ မေးတယ်” ဟု မြသန်းစံက ဆိုသည်။

တေးရေး မြသန်းစံအနေနှင့် အဆိုပါ ကာလများတွင် တရားစခန်းဝင်ကာ တည်ငြိမ်အေးချမ်းမှု ရရှိရေးအတွက် တရားကျင့်ကြံ နေပြီဖြစ်ကြောင်း၊ သို့ရာတွင် အထက်ပါ ဗိုလ်ချုပ်ကြီး၏ ကြိမ်းမောင်း စကားများကြောင့် ပူလောင်ရကြောင်း ဆက်ပြောသည်။

“သူက ကျနော် သူ့ကိုကျော်၊ အထက်လူကြီးကိုဖားပြီး နေရာယူလိမ့်မယ်လို့ ထင်နေတယ်။ ကျနော်လည်း သူ့ကို အခုလို ဒေါသကြီးအာဏာပြတဲ့ လူကြီးမျိုး တခါမှမတွေ့ဖူးဘူးလို့ပြောပြီး ဖုန်းကိုချလိုက်တယ်။ သူဖုန်းပြန်ခေါ်ပေမယ့် ကျနော် မကိုင်တော့ဘူး။ အဲဒီမှာပဲ တဆက်တည်း ကျနော် လုပ်နေရတဲ့ တာဝန်တွေဟာ ကိုယ့်အတွက် ဘာမှ အာမခံချက် မရှိတဲ့အပြင် စိတ်ဖိစီးမှုတွေနဲ့ပဲ ရင်ဆိုင်နေရတဲ့အတွက် ဒီအလုပ်ကို လုံးဝ မလုပ်တော့ဘူးလို့ ဆုံးဖြတ်ပြီး ၂၀၀၀ ပြည့်နှစ်မှာ အနားယူလိုက်တယ်” ဟု မြသန်းစံက ၎င်းအနားယူခဲ့သည့် ကိစ္စရပ်နှင့် ပတ်သက်ပြီး ရှင်းပြခဲ့သည်။

ဆက်လက်၍ ၎င်းက တပ်မတော်သားဆိုသည်မှာ လက်ရုံးရည် ရှိသကဲ့သို့ နှလုံးသားလည်း ရှိသောကြောင့် ခံစားမှု ရှိကြောင်း၊ယခု နိုင်ငံတော်က ချီးမြှင့်သည့် အနုပညာကြေးမျိုးကို ၎င်းတသက်တွင် တကြိမ်တခါမှ မရဘူးသောကြောင့် အံ့သြစရာ ကောင်းကြောင်း ပြောသည်။

တေးရေးမြသန်းစံ ရေးသားခဲ့သည့် ထာဝရ ငြိမ်းချမ်းရေး၊ ချစ်ခြင်းတရားနှင့် ပြည်ထောင်စု၊ ငြိမ်းချမ်းရေးပန်းခင်း စသော ပေါ်လစီသီချင်းများအတွက် နိုင်ငံတော်က ဂုဏ်ပြုငွေ ကျပ် ၁၅ သိန်းကို ချီးမြှင့်ခဲ့ရာ အဆိုပါ ငွေများထဲမှ ၎င်း၏ သီချင်းများ သီဆိုပေးခဲ့သော စိုင်းထီးဆိုင်၊ မေဆွိ၊ ခင်မောင်ထူး၊ ခိုင်ထူး၊ ဟေမာနေဝင်း၊ လေးလေးဝါး စသော အဆိုတော် ၆ ဦးတို့အား ကျပ် ၁ သိန်းစီ၊ တီးခတ်ပေးခဲ့သည့် မိုးသောက်ပန်းတေးဂီတ အဖွဲ့အား ကျပ် ၁ သိန်း၊ ၎င်း၏ မိခင်အား ကျပ် ၅ သိန်း၊ ၎င်း ဦးစီး ထူထောင်ခဲ့သော ဘုန်းတော်ကြီးကျောင်းအား ကျပ် ၃ သိန်းနှင့် ပုဂ္ဂလိကစာနယ်ဇင်းများအား ၎င်း၏ ကိုယ်ပိုင်ငွေထဲမှ ကျပ် ၂ သိန်း ပေးအပ်ခဲ့သည်။

အဆိုပါ ပွဲသို့ တက်ရောက်လာသော စာနယ်ဇင်းသမားများထဲမှ ရွှေအမြုတေမဂ္ဂဇင်း အယ်ဒီတာချုပ်ဦးဝင်းငြိမ်း၊ စာရေးဆရာ ဟိန်းလတ်၊ လျှပ်တပြက်ဂျာနယ် အယ်ဒီတာချုပ် ဦးမြတ်ခိုင်တို့က အမှတ်တရစကားများ အသီးသီးပြောကြားခဲ့ရာ ဦးမြတ်ခိုင်က “အခုလို ရွေးကောက်ပွဲနီးလာချိန်၊ ပါတီအောင်နိုင်ရေး သီချင်းတွေ ခေတ်စားနေချိန်မှာ ဆရာမြသန်းစံကို နိုင်ငံတော်က အခုလို ဂုဏ်ပြုတဲ့အတွက် အံ့သြစရာကောင်းပါတယ်” ဟု ပြောခဲ့သည်။

သြဂုတ်လ ၂၄ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းက နိုင်ငံတော်အကျိုးပြု သီချင်းများနှင့် ဓမ္မပူဇာတေးများ ရေးစပ်ပေးခဲ့သူများကို ဂုဏ်ပြုဆုငွေများ ချီးမြှင့်ကြောင်း သတင်းဖော်ပြခဲ့သော်လည်း မည်သူတို့အား မည်မျှသောငွေပမာဏ ချီးမြှင့်သည်ကိုမူ ရေးသားထားခြင်း မတွေ့ရပေ။

Hits: 7343
Comments (9)Add Comment
feedSubscribe to this comment's feed
0
ချုပ်ချုပ်ြ ကီးကိုလည်း.ခွဲပေးလို က်ကြပါ..
written by mannpayy, August 30, 2010
မြသန်းစံက..သူများ တွေကိုလည်း..သီချင်း ဆိုပေးလို့ ပေးတယ်ဆိုတော့

သီချင်းစာသားပေးတဲ့.. ချုပ်ကြီး ကိုလည်း နည်းနည်းပါးပါး ခွဲပေးသ င့်တာပေါ့..

သူ့ခမျာ. စားရမဲ့.. သောက်ရမဲ့. ဘ၀. မဟုတ်လား

ဲမြသန်းစံ
written by ရာဇာ, August 30, 2010
တကယ်တော့ သူဟာ ၈၈ အရေးအခင်း မှာ ကျောင်းသားတွေ နဲ့ ရောပြီး နယ်စပ်ကို ထွက်သွားခဲ့ တဲ့ အစိုးရ ဒလံပါ.. ၁၉၉၀ ပထမ ဆုံး ပြန်ဝင်လာတဲ့ ကျောင်းသား အဖွဲ့ ထဲမှာ ပါလာတယ်.. .အင်တာဗျူး လုပ်တော့ နောက်ဆုံး တန်းမှာ ပိန်ညောင်ေ ညာင် နဲ့ ထိုင်နေတာ မြသန်းစံ ပါ.... ကျန်းမာရေး မကောင်း လို့(သို့) လူသိပ်သိ မှာစိုးလို့ အင်တာဗျူး တဝက်လောက် မှာ ပျောက်သွား ပါတယ်... သူ လက်ထောက် ချလို့ ကျောင်းသား တော်တော် များများ ၁၉၉၀ နောက်ပိုင်းမှာ အဖမ်းခံ ခဲ့ရတယ်.. .သူကတော့ အစိုးရ ရဲ့ မြှောက်စားခြင်း ခံရပြီး.. ရာထူးတွေ တက်သွား တာပါ.. .၁၉၉၀ မှာ ဗိုလ်ချုပ်ခင်ညွန့် က လက်ခံမယ် ဆိုလို့ ဝင်လာကြ တာပါ....တပတ် နှစ်ပတ် လောက်တော့ ကောင်းကောင်း ဆက်ဆံပြီး နောက်ပိုင်း စစ်ကျောရေး ပို့လို့ ပြန်ပြေးကြ တဲ့သူတွေ မနဲဘူး.. .အဲဒါ မြသန်းစံ ရဲ့ လက်ချက် မကင်းပါဘူး. ...မှီလိုက်တဲ့ သူတွေ ပြန်ေ မးပါ...
...
written by sayargyi, August 30, 2010
ဗိုလ်ချုပ် မှူးကြီး သီချင်း ခံစား တတ်တာ ကတော့ ဟုတ်ပုံ ရပါတယ်
လျှပ်စစ် ၀န်ကြီး သီချင်း တစ်ပုဒ်ရေးပြီး မြန်မာ့ အသံက လွှင့်တာ ရေးစပ်တာကောင်းလို့ ဆိုပြီး
ခေါ် ချီးကျူး သေးတယ်၊
အနုပညာခံစား တတ်တဲ့ သူက ဘာလို့များ

မမေ့ကြနဲ့လေ
written by ဆရာမိုး, August 30, 2010
ဗိုလ် သန်းရွှေက မဆလ ခေတ်မှာ စိတ်ဓါတ် စစ်ဆင်ရေး နဲ့ ပြည်သူ့ ဆက်ဆံရေးမှာ လုပ်ခဲ့တ ယ်ဆိုတာလဲ မမေ့ကြနဲ့ဦးလေ.. .အဲဒီခေတ်မှာ သူရေးခဲ့ တဲ့ သီချင်းတွေ တောင် ရှိချင် ရှိခဲ့ဦးမှာ... သတင်းေ ထာက် မသျှင်ဒီစံ ဆက်လို က်ကြည့်ပါလား..တွေ့ ချင်တွေ့ နိုင်တယ်...တခြားတေးေ ရးနာမည်နဲ့ရေး ထားနိုင်တယ်။

cant believe
written by ဘိုပြောင်, August 30, 2010
ချုပ်ချုပ်ကြီးက သီချင်း ညည်းတယ် မယုံနိုင်စရာပဲ
ဂီတကို နဲနဲပြဲ ဖစ်ဖြစ် ခံစားတ တ်တဲ့သူဟာ ဒီလောက်တော့ မဆိုးသွမ်းလောက်ပါဘူး...

နှလုံးရည်သမားရဲ့ သံဝေဂ
written by မျိုးလွင်, August 30, 2010
ပါပီမ ဇာတ်ကား ကနေ ကျနော် စတင်မှတ်မိ ခဲ့တဲ့ မြသန်းစံ အာဏာရူး ဘိုချုပ်တွေကို စိတ် ကုန်လို့ အနား ယူခဲ့တာ စစ်တပ်ရဲ့ အာဏာပြမှု လူ့တ န်ဖိုးကို မလေးစားမှု အထက်အောက်ခွဲခြား ဆက်ဆံမှုတွေကို သက်သေ ပြတာပဲ့၊ မြသန်းစံဟာ နှလုံးရည် ပြည့်ဝတဲ့ စစ်သား တယောက်ဖြစ်ပြီး စစ်အစိုးရကို ပြည်သူတွေ အမြင်ြ ကည်လာအောင် တော်တော်လေးကို စွမ်းဆောင် နိုင်ခဲ့တယ်(စစ်သား ဆိုတော့ စစ် အစိုးရကို ဖားရမှာပဲ့ အပြစ် မပြောလိုပါ) အံ့ဩဖို့ ကောင်းတာက တို့မွေးမြေ သီချင်း စာသားကို ဘိုချုပ်မှူးကြီးက ရေးတယ် ဆိုတာပဲ့ ...။ နားမလည် နိုင်တာက ကိုယ်မွေးတဲ့ မြေကို ချစ်တယ် ဆိုတာ မြန်မာ တပြည်လုံးကို တန်းတူ သဘောထား ချစ်တာလား ဒါမှမဟုတ် သူ့ဇာတိကို ချစ်တာလား လက်ရှိ နေထိုင်တဲ့ နေပြည်တော်ကို ဆိုလို တာလား...။ တကယ်ကို မရှင်းလို့ပါ မျိုးချစ်စိ တ်ဓာတ် လို့ပြောပြီး သူ့ အမျိုးတွေ ဒေါ် ကြိုင်ကြိုင် အမျိုးတွေ လောက်ပဲ့ ချ စ်နေတာချည်း တွေ့... တွေ့နေရလို့ပါ။
ဘယ်သူ့အကျိုးပြုလဲ
written by moehtetmin, August 30, 2010
သတင်းမှာ နိုင်ငံတော်အကျိုးပြု ဆိုတဲ့စကားကို တွင်တွင် သုံးထားတယ်။ တကယ်က ဘယ်သူ့ကို အကျိုြး ပုတာလဲ။ ရှင်းပြ ဖို့တော့ လိုတာပေါ့။ လူထုကို မျက်ကွယ်ြ ပုပြီး ဖော်လံဖားခ ရတာကို လူလည် လုပ်ပြီး ကြော်ငြာ ထိုးတာ ဘာမှ လက်ခုပ် တီးစရာ မရှိပါ။ ဘုန်းတော် ဘွဲ့တွေ ပေါ်လစီေ တွဆိုတာ အရေပြားပေါ်က အနုပညာ အတု တွေပါ။ လေလာ နှင်းပျောက် ဖြစ်သွား မှာတွေပါ။ သုံးစားလို့ မရတဲ့ ဒီလို သတင်းတွေ အတွက် အချိန် ကုန်တယ်ဗျို့။

စိတ်တော့ ည စ်ပါတယ်လေ...
written by kitotoko, August 30, 2010
ဝင်ညည်းတာက... အော် စီးပွားရေး ပိတ်ဆို့တာ ဖွင့်ရင် သူတစ်မျိုးလုံး ဒေါ်လာကို အိမ်သာသုံး စက္ကူ လုပ်မှာ သေချာတယ်။ စီးပွားရေး ပိတ်ဆို့ထားတောင် ပြည်သူ အတွက် မကြည့်တဲ့ လူကများ... ဘဘရေ လေနဲ့ နိုင်ငံတော်ကို တည်ဆောက် လို့ မရ ဘူးဗျာ့... ခုထိလည်း အမြင်မှန် မရသေးပါလားနော်... စိတ်တော့ အရမ်းကို ညစ်ပါတယ်လေ....

ဆိုင်းကြိုက်တဲ့မောင်
written by ကိုရွှေအိုး, August 30, 2010
ဟီးဟီး ဆိုင်းကြိုက်တဲ့မောင်ပါလား ... အင်းပြောလို့ မရဘူး အရာရှိပေါက်စတွေ ခေါ်ပြီး လင်မယား နှစ်ယောက် ကြိုးရှုပ်တဲ့မိုက် အပြိုင် ကိုင်ပြီး သီချင်း ည ည်းခြင် ညည်းကြမှာ ဂျုတ်ကျီးတို့က ကိုမြသ န်းစံ ခွဲခြားခွဲခြား မလုပ်နဲ့လေ ... သူများတွေကိုေ ပးမှတော့ စာသား ရေးပေးတဲ့ ဂျုတ်ကျီးကိုလဲ ခွဲပေးအုန်းမှပေါ့

နေပြည်တော် မုန်တိုင်း အတိုက်ခံရခြင်း
အောင်ဇော် Monday, August 30, ဧရာဝတီ

“ကျုပ်တို့တော့ နောက်ထပ် ဆိုင်ကလုန်း အတိုက်ခံလိုက်ရပြီ” ဆိုတဲ့ စကားက နေပြည်တော်မှာရှိတဲ့ လူတိုင်းပါးစပ်ဖျားမှာ ရေပန်းစားနေတဲ့ စကားဖြစ်ပါတယ်။ မကြာသေးခင်က အစိုးရတာဝန်ရှိသူတွေ ရာထူးအပြောင်းအလဲအပေါ် တင်စား ပြောတဲ့ သဘောဖြစ်ပေမယ့် မြို့တော်အခြေစိုက် ၀န်ကြီးဌာနတွေရဲ့ လူရှင်းတဲ့ ထောင့်တွေမှာတော့ ဒါနဲ့ပတ်သက်ပြီး တိုးတိုးတိတ်တိတ် ဟာသလုပ်နေကြလေရဲ့။ ဒီတချိန် ရာထူးအပြောင်းအလဲက စစ်အစိုးရရဲ့ အသည်းနှလုံးကို လှုပ်ခတ်စေခဲ့တဲ့ ပထမဦးဆုံးအကြိမ်ဖြစ်လေတော့ အဓိက တာဝန်ရှိသူတွေအကြား သူတို့ အနာဂတ်အတွက် မရေမရာ ဖြစ်နေကြပါတယ်။

ဒီတခါ ကျရောက်မယ့် သဘာဝဘေးအန္တရာယ်ကြီးရဲ့ တရားခံကတော့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေကိုယ်တိုင်ပါပဲ။ လူမြင်ကွင်း ထွက်လေ့မရှိဘဲ တသီးတခြားနေတတ်ပြီး နာမကျန်းဖြစ်နေတဲ့ စစ်အာဏာရှင်ကြီးက ဆုံးဖြတ်ချက်တွေချတဲ့နေရာမှာ ပုံမှန်အားဖြင့် အကြောက်တရားနဲ့ အယူသည်းမှုတွေကို အခြေခံ တတ်ပါတယ်။

အရေးကြီးတဲ့ နိုင်ငံတော်အထိမ်းအမှတ်ပွဲတွေ စီစဉ်ရာမှာ၊ မူဝါဒတွေ ပြဌာန်းတဲ့အခါမှာ ဗိုလ်ချုပ်မှူးကြီးက ဝေဒပညာရှင် တွေ၊ အထက်လမ်းအောက်လမ်း ပညာရှင်တွေကို မကြာခဏခေါ်ယူပြီး အကူအညီတောင်းခံလေ့ ရှိပါတယ်။

ဒီတခါ လည်စင်းပေး ခံရသူတွေထဲမှာ ထိပ်တန်းစစ်တပ်ဗိုလ်ချုပ်ကြီးတွေ တော်တော်များများ ပါခဲ့ပါတယ်။ အထူးသဖြင့် စစ်ဆင်ရေး အထူးအဖွဲ့မှူး (ကစထ မှူး) တွေ ဖြစ်ကြတဲ့ ဒုတိယ ဗိုလ်ချုပ်ကြီး သာအေး၊ ဒုတိယ ဗိုလ်ချုပ်ကြီး အုန်းမြင့်၊ ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်ဆွေနဲ့ ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ဇော်တို့ပါ။

လေကြောင်းရန် ကာကွယ်ရေးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီးမြင့်လှိုင်၊ တပ်မတော်စစ်လက်နက် ပစ္စည်း ထုတ်လုပ်ရေး အရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီးတင်အေး၊ တပ်မတော်စစ်ဆင်ရေးနဲ့ စာရင်းစစ်ချုပ် ဒုတိယဗိုလ်ချုပ်ကြီး မောင်ရှိန် တို့ကိုလည်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေက နုတ်ထွက်စာတင်ခိုင်းတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်ခဲ့ပါတယ်။

ရာထူးကနေ ဖယ်ရှားခံရတဲ့စာရင်းမှာ တခြား ကစထ မှူးတွေဖြစ်ကြတဲ့ ဒုတိယဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်နဲ့ ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုတို့တော့ မပါဝင်ခဲ့ပါဘူး။ တပ်မတော် လေ့ကျင့်ရေး အရာရှိချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး လှဌေး၊ စစ်ရေးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး သူရ မြင့်အောင်တို့လည်း ရာထူး အဖြုတ်ခံရတဲ့ဘေးက လွတ်သွားခဲ့တယ်လို့ နေပြည်တော် သတင်းတွေက ဆိုပါတယ်။

တပ်မတော်ထဲမှာ ရာထူးအကြီးဆုံးဖြစ်တဲ့ ကာကွယ်ရေး ဦးစီးချုပ်ရာထူးအတွက် ဒုတိယ ဗိုလ်ချုပ်ကြီး သူရ မြင့်အောင်ကို လျာထားတယ်လို့လည်း သိရပါတယ်။ အခုချိန်ထိတော့ ရာထူးအပြောင်းအလဲ အသေးစိပ်နဲ့ပတ်သက်လို့ စစ်အစိုးရက တရားဝင် ထုတ်ပြန်ကြေညာခြင်း မရှိသေးပါဘူး။

မြန်မာစစ်အစိုးရဟာ အလွန်တရာ ခန့်မှန်းရခက်တဲ့ အစိုးရပါ။ ဒုတိယဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်က ဒုတိယ ကာကွယ်ရေး ဦးစီးချုပ်ဖြစ်လာနိုင်ပြီး ကာကွယ်ရေးဦးစီးချုပ် ဒါမှမဟုတ် အနာဂတ်မြန်မာပြည်ရဲ့ သမ္မတ ဖြစ်လာနိုင်တယ်လို့ ထင်ကြေးပေးထားတဲ့ စစ်အစိုးရ ခေါင်းဆောင် နံပါတ် ၃ ဗိုလ်ချုပ်ကြီး သူရရွှေမန်းကတော့ လက်ရှိရာထူးဖြစ်တဲ့ ပူးတွဲညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) နေရာမှာ ဆက်ရှိမယ်ဆိုတဲ့ ခန့်မှန်းပြောဆိုချက်တွေ လည်း ထွက်နေပါတယ်။ ပူးတွဲညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဆိုတဲ့ရာထူးဟာ ကြည်းတပ်၊ ရေတပ်၊ လေတပ် ဦးစီးမှူးတွေကို ကြီးကြပ်ကွပ်ကဲနိုင်တဲ့ သြဇာအာဏာကြီးတဲ့ ရာထူးဖြစ်ပါတယ်။

ရာထူးအပြောင်းအလဲလုပ်ခြင်းရဲ့ နောက်ကွယ်က အကြောင်းရင်းကို အခုအထိ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ ရာထူးက အနားပေးလိုက်တဲ့ အရာရှိတွေဟာ ရွေးကောက်ပွဲအလွန် အစိုးရမှာ တာဝန်ယူဖို့ ရွေးချယ်ထားပြီးသား ဖြစ်တဲ့အတွက် တကယ်တမ်းကျတော့ အခုလို ရာထူးက နုတ်ထွက်ပေးလိုက်တာဟာ အဖွဲ့အစည်းအတွင်း အပြောင်းအလဲ လုပ်တာ သက်သက်ပါပဲ ဆိုတာမျိုး ပြောနေတာတွေလည်း ကြားရပါတယ်။

ဝန်ကြီးချုပ် ဦးသိန်းစိန်လိုပါပဲ အခု ရာထူးက နုတ်ထွက်လိုက်တဲ့ အရာရှိတွေဟာ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီကို ၀င်ပြီး ပါလီမန်အသစ်မှာ အမတ်နေရာ ၀င်ယူဖို့ ပြင်ဆင်ကြမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီ အစီအစဉ်အတိုင်းပဲ ဖြစ်လာမယ်ဆိုပါစို့၊ ဉာဏ်များတဲ့ ဗိုလ်ချုပ်မှူးကြီးက ကျောက်ခဲတလုံးနဲ့ ငှက်နှစ်ကောင်ကို တပြိုင်တည်းပစ်ချမယ့် ပုံစံပါ။ တချို့ဗိုလ်ချုပ်တွေကို အမတ်နေရာတွေ၊ ၀န်ကြီးနေရာတွေအတွက် မျှော်လင့်ချက် ပေးထားချိန်မှာ သူနဲ့နီးစပ်တဲ့ လူငယ်မျိုးဆက် အရာရှိတွေ ရှေ့ဆက်တက်နိုင်ဖို့ လမ်းကြောင်းအတွက် ရှင်းထုတ်တာလည်း ဖြစ်နိုင်ပါတယ်။

ဗိုလ်ချုပ်မှူးကြီးအနေနဲ့ စစ်တပ်အတွင်းက အယူအဆပြင်းထန်တဲ့ အရာရှိတွေနဲ့ ခပ်ကင်းကင်းနေဖို့ စဉ်းစားတာ ဖြစ်နိုင်တယ်လို့ လူတိုင်းက မှန်းဆနိုင်ပေမယ့် အခုလို ရာထူးအပြောင်းအလဲ လုပ်တာဟာ မြန်မာပြည်ဆိုင်ရာ စစ်ရာဇ၀တ်မှု စုံစမ်းရေးကော်မရှင်တခု ဖွဲ့စည်းဖို့ အမေရိကန်နိုင်ငံက ဦးဆောင်ပြီး တောင်းဆိုလာတဲ့အပေါ် တက်သုတ်ရိုက် လုပ်လိုက်ရတဲ့ တုန့်ပြန်ချက်လို့လည်း တချို့လေ့လာသူတွေက သုံးသပ်ကြတာ တွေ့ရပါတယ်။

အသက်အရွယ်ကြီးမြင့်လာပြီဖြစ်တဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ လုပ်ရပ်တွေက ပိုပိုပြီး အူကြောင်ကြောင်ဖြစ်လာသလို လက်တွေ့နဲ့လည်း ကင်းကွာလာနေတယ်လို့ စစ်အစိုးရနဲ့ နီးစပ်တဲ့ တချို့ စစ်ရေးလေ့လာ အကဲခတ်သူတွေက ဆိုပါတယ်။ ဗိုလ်ချုပ်မှူးကြီးတယောက် သူ့အတွက် လုံခြုံရေး၊ သူ့သားသမီးတွေ၊ သူ့မြေးတွေရဲ့ အနာဂတ်အတွက် စိတ်နှလုံးမအေး ဖြစ်နေရတယ်လို့ အဲဒီအကဲခတ်တွေက ဆိုပါတယ်။ ပြီးခဲ့တဲ့လ နေပြည်တော်မှာဖြစ်ပွားခဲ့တဲ့ လုပ်ကြံခံရမှုကနေ သူ သီသီကလေး လွတ်သွားတယ်ဆိုတဲ့ ပြောဆိုချက်တွေ ထွက်ပေါ်လာပြီးနောက်မှာ ဗိုလ်ချုပ်မှူးကြီးရဲ့ ကြောက်စိတ်နဲ့ မယုံကြည်စိတ်တွေဟာ လုံးဝ သိသာလာခဲ့ပါတယ်။
ကြောက်လန့်တကြား တက်သုတ်ရိုက် လုပ်ခဲ့ရသည်ဖြစ်စေ၊ ဒါမှမဟုတ် စစ်တုရင်ကစားသလို အကွက်ချ တွက်ချက်ပြီး လုပ်ခဲ့တာ ဖြစ်စေ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ ရာထူးအပြောင်းအလဲ လုပ်ရပ်က အာဏာပိုင်အစိုးရအတွင်း ရုန်းရင်းဆံခတ်တော့ ဖြစ်သွားနိုင်တယ်လို့ မြန်မာ့အရေးကျွမ်းကျင်သူ ပညာရှင်တော်တော်များများက ဆိုပါတယ်။
ဗိုလ်ချုပ်မှူးကြီးက သူယုံကြည်စိတ်အချရဆုံး အရာရှိတွေကို တပ်မတော်နဲ့ စစ်ကောင်စီအတွင်း အဓိက တာဝန်တွေမှာ တစစ ထည့်သွင်းနေပေမယ့်လည်း သူ့အရိုက်အရာကို ခံဖို့အတွက်တော့ အခုအထိ သူ့မှာ ရှင်းရှင်းလင်းလင်း မရှိသေးဘူးလို့ အဲဒီပညာရှင်တွေက ပြောပါတယ်။
စစ်အစိုးရမှာ သူ့ကိုယ်သူ ပြန်ပြီး ကယ်တင်နိုင်မယ့် အသက်ကယ် မဟာဗျူဟာ၊ ဒါမှမဟုတ် ပထမအစီအစဉ် (Plan A) အတိုင်းဖြစ်မလာရင် ပြောင်းလုပ်မယ့် ဒုတိယအစီအစဉ် (Plan B) ရှင်းရှင်းလင်းလင်း ရှိပုံမရပါဘူး။ တကယ်လို့များ ဗိုလ်ချုပ်မှူးကြီးသန်းရွှေတယောက် မနက်ဖြန် နှလုံးရောဂါနဲ့ ဇီဝိန်ချုပ်သွားခဲ့မယ်ဆိုပါစို့။ အာဏာလုပွဲတွေ၊ အတွင်းပဋိပက္ခတွေနဲ့ စစ်အစိုးရ အသာလေး ပြိုလဲသွားနိုင်ပါတယ်။
ဗိုလ်ချုပ်ကြီးတွေ၊ ဗိုလ်ချုပ်ကြီးတွေရဲ့မိသားစုဝင်တွေအကြား စီးပွားရေးရန်ဘက်တွေ၊ တပ်အာဏာရှိတဲ့ စစ်တပ်ဗိုလ်ချုပ်တွေနဲ့ နိုင်ငံရေးသမားအဖြစ်ပြောင်းသွားတဲ့ အရာရှိတွေအကြား အကျိုးစီးပွားလွန်ဆွဲမှုတွေ၊ အဖွဲ့အစည်းအတွင်း တိုက်ခိုက်မှုတွေက စစ်အစိုးရတည်ငြိမ်မှုကို ဆိုးဆိုးရွားရွား ခြိမ်းခြောက်နိုင်တယ်လို့ စစ်အစိုးရကို လေ့လာနေသူတွေက ဆိုပါတယ်။
မြန်မာပြည်သူပြည်သားတွေက အပြောင်းအလဲလေပြေတခု တိုက်ပါစေလို့ ဆုတောင်းနေချိန်မှာ နေပြည်တော်မှာရှိတဲ့ ဗိုလ်ချုပ်ကြီးတွေကတော့ မုန်တိုင်းဒဏ်ကိုခံနိုင်ဖို့ အားမွေးပြင်ဆင်နေကြပါတယ်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ ဒေါသလေပွေ ဘယ်လောက်ပြင်းမယ်ဆိုတာကို ဘယ်သူမှ လောင်းကြေးမထပ်ရဲကြပါဘူး။

အောင်ဇော်၏ Cyclone Than Shwe Hits Naypyidaw ကို ဆီလျော်အောင် ပြန်ဆို ဖော်ပြသည်။
Comments (3)Add Comment
တွန်းပို့.... တွန်းပို့...
written by မျိုးလွင်, August 30, 2010
ဆယ်နှစ်ကျော်လောက်က တူးပို့..တူးပို့...သင်္ကြန် သီချင်းကို ဖျက်ဆို ထားတဲ့ တွန်းပို့.. .တွန်းပို့ ...သီချင်းကို သွာြး ပန်သတိရ တယ်။ အခုလည်း ဘိုချုပ်မှူးကြီးက အကုန်လုံးကို တွန်းပို့ နေပြီ၊ အားလုံး နာပါစေ နော်ဗျာ ....
...
written by Little Nyan, August 30, 2010
definitely correct

written by moe, August 30, 2010
သူများ တွေကိုသာ ဟို‌ပြောင်း ဒီ‌ရွှေ့လုပ်တာပါ...။ သူကိုယ်တိုင်က‌တော့ နံပတ်တစ် နေရာက သေမှဘဲ ဖယ်‌ပေးမှာပါ၊ မယုံရင်ေ စာင်ြ့ကည့်လိုက်‌လေ. .။စ က်တင်ဘာလထဲမှာUN အစည်းအ‌ဝေး ရှိ‌တော့ ထုံးစံ အတိုင်း အာရုံ လွှဲလိုက်တာဘဲ။

ရိုးရာရနံ့များ ထုံမွှန်းနေသည့် တောင်ပြုံးပွဲ
လွင်ကို Monday, August 30, ဧရာဝတီ

အပြာရောင် ရှပ်အင်္ကျီ အကွက်ကို တီရှပ်အဖြူရောင်ပေါ် ထပ်ကာ အပြာပြောင်ပေါ်တွင် အဖြူရောင်အလုံးကလေးများ ပါသော ထဘီနှင့် တွဲဖက်ဝတ်ဆင်ထားသည့် အသက် ၁၆ နှစ်အရွယ်ရှိ
မခင်မာသည် ခြေဗလာဖြင့် ပိုက်ဆံကြဲချမည့် ကားကြီးများ လာရာ လမ်းဆီသို့ ငေးမျှော်နေသည်။

“သမီးက သူတောင်းစားမဟုတ်ပါဘူး။ ဘုရင်ခေတ်က ကျိန်စာမိတယ်လို့ အဘွားက ပြောဘူးတယ်။ ဒီအချိန်ဆို ဒီနေရာမှာ ပိုက်ဆံလာလာ ကောက်နေကြတာ ကျိန်စာကြောင့်လို့ပြောတယ်” ဟု သူက ဆိုရင်း ကားပေါ်မှကြဲချလာသော ကျပ် ၅၀ တန် တရွက်ကို အပြေးကောက်လိုက်သည်။

နှစ်စဉ် ပွဲတော်ကျင်းပသော တောင်ပြုံးကျေးရွာ အနီးရှိ လွန်တောင်းကျေးရွာတွင် နေထိုင်သော မခင်မာသည် လူမှန်းသိတတ်စ အရွယ်ကတည်းက လူအုပ်ကြားထဲတွင် ပိုက်ဆံများ လိုက်လံ လုကောက်ခဲ့ရသည်ဟု ပြောပြသည်။

“ပိုက်ဆံကြဲပါဗျို့၊ ပိုက်ဆံကြဲပါဗျို့” ဟု အသံကုန်အော်ဟစ်ကာ ခြေဗလာဖြင့် အရှိန်ပြင်းစွာ မောင်းနှင် လာသော ဘုရားဖူးကား ကြီးများနောက် ပြေးလိုက်နေကြသည့် လူကြီး၊ လူငယ်၊ ကလေးများအားလုံးထဲ၌ အများစုသည် ပိုက်ဆံတောင်းစား သူများ မဟုတ်ကြဘဲ တောင်ပြုန်းပွဲတော် အချိန် တချိန်းတည်းတွင်သာ စီးပွားရေးတခုသဖွယ် ကားများက ချပေးခဲ့သည့် ငွေကြေးကို လိုက်လံကောက်ယူသူများ ဖြစ်သည်။

မန္တလေး-မတ္တရာ ကားလမ်းမကြီးမှ ခွဲထွက်သွားရသော တောင်ပြုံးကျေးရွာ လမ်းခွဲလေးသည် မှိုင်းမှုံလျှက် ရှိသည်။

တောင်ပြုံးရွာ အ၀င်နားတွင် သနပ်ခါး ပါးကွက်ကျားများနှင့် ရင်ဖုံးအင်္ကျီများ ဝတ်ထားသည့် အမျိုးသမီးကြီးများ၊ ပန်းစည်း ကိုယ်စီကိုင်ထားသူများ၊ အုန်းသီး၊ ငှက်ပျောသီးများ ထည့်ထားသည့် ကန်တော့ပွဲတောင်းငယ်ကလေးများကို ရွက်ထားသည့် အမျိုးသမီးများကို မြင်လိုက်ရသည်။ ထိုမြင်ကွင်းက ရန်ကုန်တွင် နေ့စဉ် မြင်တွေ့နေကျ မြင်ကွင်းနှင့် ခြားနားနေသည်။

ရွာအ၀င်တွင် ရုပ်ရှင်သရုပ်ဆောင် ဝေဠုကျော် ကိုယ်တိုင်ရောင်းချနေသည့် ဝေဠုကျော်အမှတ်တံဆိပ် ရှုဆေး ဆိုသော ဗီနိုင်းဆိုင်းဘုတ်ကြီး ချိတ်ဆွဲထားသည့် တဲငယ်ရှေ့တွင် လူအများ စုရုံးနေကြသည်။ ထိုလူအုပ် ကြီးက ရှုဆေးထက် သရုပ်ဆောင် ဝေဠုကျော်ကို မြင်ဖူးချင်၍ လာရောက် ကြည့်ရှုကြခြင်းဖြစ်သည်။

တောင်ပြုံးရွာအလယ် လမ်းမဘေး ဝဲယာ တလျှောက်တွင်တော့ ပွဲတော်ဆိုင်များနှင့် ပြွတ်သိပ် ကျပ်ညပ် နေသည်။

ပွဲတော်တွင် ရောင်းလေ့ရှိသည့် မြန်မာမုန့်ပဲသွားရည်စာများ ဖြစ်ကြသော ကရေကရာ၊ စလူမုန့်၊ အနုဆုပ် ဆိုင်များမှ မွှေးပျံ့လာသည့် မုန့်ရနံ့နှင့် တောင်ပြုန်းပွဲတော်လာများကြောင့် ထလာသည့် ဖုန်မှုန့်ရနံ့များကို ရောထွေးရှုရှိုက်လိုက်ရသည်။

လပေါင်းများစွာ တိတ်ဆိတ်နေခဲ့သည့် တောင်ပြုန်းကျေးရွာတွင် နတ်နန်းငယ်များ၊ ပန်း အရောင်းဆိုင်များ၊ စားသောက်ကုန်၊ အုန်းသီး၊ ငှက်ပျောသီးနှင့် ဗေဒင်ဟောခန်း စသည့် ဆိုင်ခန်းများကလွှမ်းခြုံထား လိုက်ပြီ ဖြစ်သည်။

ပွဲတော်ချိန် ဈေးသည်၊ ဈေးဝယ်၊ နတ်ဝင်သည်တို့၏ ဆူသံ ညံသံများကြောင့် ဆုတောင်းပြည့်စေတီတော်မှ ဆည်းလည်းသံသာကို ကြားနိုင်ရန် မလွယ်တော့ပေ။

နတ်ကတော်တို့၏ ကန္နားတဲငယ်လေးတိုင်းတွင် ရွှေရောင်ဝင်းလက်နေသည့် နတ်ပုံတော်များက အဝါရောင်မီးလုံးအောက်တွင် အသက်ဝင် လှုပ်ရှား လာတော့မလား ထင်ရသည်။ ထို ပုံတော်များ ရှေ့တွင် သစ်သီးမျိုးစုံ၊ ပန်းမျိုးစုံ၊ မုန့်မျိုးစုံ၊ ဘီယာဘူး၊ ရမ်ပုလင်း၊ ဝီစကီပုလင်း စသည့် စားတော် စားပွဲများကို တခမ်းတနား ပြင်ဆင်ထားသည်။

စိတ်ကိုမြူးကြွစေသည့် ဇွန်ပန်းရနံ့ လှိုင်လှိုင်ထွက်ပေါ်ရာနေရာသို့ ထောင်ပေါင်းများစွာသောလူအုပ်ကြီးက တိုးဝှေ့ သွားနေကြသည်။ ထို နေရာကတော့ တောင်ပြုန်းမင်းနှစ်ပါး၏ နန်းတော်ဖြစ်သည်။

တောင်ပြုံးမင်းနှစ်ပါး စံရာ နန်းတော်ကြီးက ဆူညံနေသည့် ပွဲတော်၊ ပွဲခင်း အသံများအကြား အိနြေ္ဒ သိက္ခာကြီးမားစွာ ငြိမ်သက်လို့နေသည်။

နန်းတော်ကြီး၏ ပတ်ပတ်လည်တွင် ပန်းအရောင်းဆိုင်များက ဝိုင်းရံထားကြပြီး ဇွန်ပန်းနံ့၊ သပြေနံ့၊ နှင်းဆီနံ့၊ ပန်းညိုပန်းနံ့၊ ရွှေပန်းနံ့များဖြင့် ကြိုင်လှောက်နေသည်။

“ပွဲပြီးရင် စားပြီးသောက်ပြီး ကျပ် ၅ သိန်း၊ ၆ သိန်းလောက် ကျန်တယ်လေ။ ဒီပွဲကို အားထား နေရတယ်” ဟု ပန်းသည်တဦိးက သပြေပန်းစည်း ထိပ်တွင် ဗောင်းတော် ပ၀ါစကလေးအား ရစ်ပတ်ရင်း ပြောသည်။

သာမန်အချိန် ပန်းတစည်းလျင် ကျပ် ၃၀၀ ခန့်နှင့် ရောင်းချသော်လည်း ပွဲတော်ချိန်တွင် ပန်းတစည်း ၅၀၀ ကျပ်နှင့် ရောင်းနိုင်သည်ဟု သူကဆိုသည်။

တောင်ပြုံးပွဲရာသီတွင် ငွေကြေးအနည်းငယ်ရင်းပြီး ရောင်းချသော အရောင်းဆိုင်များအားလုံး ပွဲတော် ကာလပြီးလျင် အနည်းဆုံး ၂ ဆခန့် အမြတ်ရရှိကြောင်း သိရသည်။

တောင်ပြုံးမင်း နှစ်ပါး နန်းတော်ပေါ်သို့ ရောက်ရှိနေသည့် လူအုပ်ကြီးက မင်းနှစ်ပါး ရုပ်တုကို သူ့ထက်ငါ အပြိုင် ဖူးနိုင်ရန် တိုးဝှေ့နေကြခြင်းကြောင့် လူအုပ်ကြီးမှာ ဘယ်ဘက်ယိမ်းလိုက်၊ ညာဘက်ယိမ်းလိုက် ဖြစ်နေသည်။

တောင်ပြုံးပွဲတော်သို့ မြန်မာနိုင်ငံ အနယ်နယ် အရပ်ရပ်မှ မိရိုးဖလာ ယုံကြည်မှုအရ နတ်ကိုးကွယ် သူများအပြင် စီးပွားရေး လုပ်ငန်းရှင်များ၊ ကုန်သည်ပွဲစားများ၊ အနုပညာရှင်များတို့ အဓိကလာရောက် ကြသည်ကို တွေ့ရသည်။

ဆုတောင်းပြည့်၊ ဆုတောင်းရနှင့် တောင်ပြုံးမင်းနှစ်ပါး ပွဲတော်ကို ၀ါခေါင်လဆန်း ၈ရက် (သြဂုတ် ၁၈ ရက်) နေ့မှ ချိုးရေသုံးသည့် ၀ါခေါင်လဆန်း ၁၁ ရက် (သြဂုတ် ၂၁ ရက်) နေ့အထိ စည်ကားစွာ နှစ်စဉ် ကျင်းပကြသည်။

ပုဂံအနော်ရထာမင်း တည်ထားကိုးကွယ်ခဲ့သည့် ဤဆုတောင်းပြည့် ဘုရားတည်ရာတွင် ရွှေဖျဉ်းကြီး၊ ရွှေဖျဉ်းငယ် ညီနောင်နှစ်ဦးတို့က အမှုတော် အုတ်နှစ်ချပ် လစ်လပ်ပျက်ကွက်ခဲ့သည့်အတွက် အနော်ရထာမင်း၏ ကွပ်မျက်ခြင်းကို ခံခဲ့ရသည်ဟု ရာဇဝင်က ဆိုသည်။

မင်းညီနောင် ၂ ဦး ဖြစ်သည့် ရွှေဖျဉ်းကြီး၊ ရွှေဖျဉ်းလေး ညီအစ်ကိုသည် ပန်းဆက်သမား ဗျတ္တနှင့် ပန်းစား ဘီလူးမ မယ်ဝဏ္ဏတို့၏ သားများ ဖြစ်ကြသည်ဟုလည်း အဆိုရှိသည်။

လူပေါင်းသိန်းနှင့်ချီပြီး နှစ်စဉ်သွားရောက်ကြသည့် ထိုပွဲမှာ တောင်ပြုံးရွာရှိ ဆုတောင်းပြည့်ဘုရားနှင့် ဆုတောင်းရ ဘုရားပွဲ ဖြစ်သော်လည်း တောင်ပြုန်းမင်းညီနောင်တို့ကို ပူဇော် ဆုတောင်း ကခုန်သော နတ်ပွဲကြီးအဖြစ် ထင်ရှားလာသည်။

နတ်ရိုးရာယုံကြည် သက်ဝင်သူများသည် တောင်ပြုံးပွဲကြီးတွင် ငွေကြေးမြောက်များစွာ အကုန်အကျခံပြီး နတ်ကတော်များကို နတ်ချော့ခိုင်းကာ ၎င်းတို့ စီးပွားရေးများအတွက် ဆုတောင်းကြသည်။

“မင်းနှစ်ပါးကြောင့် ဒီနေ့ဒီအချိန်အထိ စီးပွားရေး ထိုးတက်နေတာ” ဟု တောင်ပြုံးပွဲလာ စားသောက်ဆိုင် ပိုင်ရှင်တဦးက အုန်းပွဲငှက်ပျောပွဲကို လက်နှစ်ဘက်ဖြင့် ကိုင်မြှောက်ရင်း ဆုတောင်းသည်။

နတ်ဒိုးနတ်ဆိုင်းသံများကြောင့် မြူးကြွနေသော လူအုပ်ကြီးသည် သူ့ထက်ငါအပြိုင် မင်းနှစ်ပါး မျက်နှာတော်ကို ဖူးရရေးအတွက် အရှေ့သို့တိုးဝှေ့ကြသည်။ ယင်း နတ်ဆိုင်းသံများကြားမှပင် ပန်းသည်၊ အုန်းပွဲ ငှက်ပျောပွဲသည်များသည် သံပြိုင်အော်ဟစ် ရောင်းချနေကြသည်။

မိန်းကလေးများအသွင် ဖီးလိမ်းခြယ်သထားသော လိင်တူချစ်သူများသည်လည်း ၎င်းတို့၏ လက်များကို ခေါင်းပေါ်တွင် လှုပ်ရမ်းပြီး နတ်ဆိုင်းနှင့်အတူ ခုန်ပေါက်ကနေကြသည်။

တချို့ လိင်တူချစ်သူများသည် ခေတ်နှင့်အညီ ဘောင်းဘီတို၊ စကတ်တိုများဖြင့် ပွဲဈေးတန်း တလျှောက်တွင် ပျော်ပါးနေကြသည်ကို တွေ့ရသည်။
ထိုသူတို့အထဲတွင် နတ်ရိုးရာ ယုံကြည်သက်ဝင်သူများက မင်းနှစ်ပါးကို လာရောက်ဆုတောင်း ဆက်သ ကြသကဲ့သို့ မင်းနှစ်ပါးကို အမီပြုကာ စီးပွားရှာသော လိင်တူချစ်သူများလည်းရှိသည်။

တောင်ပြုံးပွဲသို့ လာရောက်သူများက မင်းနှစ်ပါးကို ကန်တော့ပြီးသည်နှင့် တောင်ပြုံးရွာလယ် လမ်းဘေး ခြံဝန်းကျယ် ကြီးတွင် တည်ရှိနေသော ဇာတ်ရုံများသို့ ဦးတည် သွားကြတော့သည်။

ယခုနှစ် တောင်ပြုံးပွဲတော်တွင် ဖိုးချစ်နှင့် ဟန်ဇာမိုးဝင်း ဇာတ်ရုံနှစ်ရုံက ဆောင်းဘောက်စ်၊ လော်စပီကာ များကို အပြိုင်အဆိုင်ဖွင့်လှစ်ကာ ပွဲကြည့် ပရိတ်သတ်များကို လက်မှတ်များ အပြိုင်အဆိုင် ရောင်းချနေကြသည်။

မင်းနှစ်ပါးရုပ်တုများ ရှေ့တွင် ထိုင်ပြီး ဗေဒင်ဟောခန်းများ ဖွင့်လှစ်ကာ တောင်ပြုံးပွဲ လာရောက်သူများ၏ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေးများကို တထိုင်တည်း ဟောကိန်း ထုတ်နေသည့် နတ်ကတော်များကိုလည်း တွေ့ရသည်။

“ကံဇာတာက ဒီနှစ်ထဲ ညံ့နေတယ်။ မင်းနှစ်ပါးကိုလည်း မမေ့နဲ့။ ဒီက လုပ်ခိုင်းတာလေးတွေ သေချာလုပ်ပေး၊ ကြားလား” ဟု တောင်ပြုံးပွဲတွင် နှစ်စဉ် ကြွေဗေဒင်ခန်း လာရောက် ဖွင့်လှစ် စီးပွားရှာလေ့ရှိသော နတ်ကတော် တဦးက ဖျာပေါ်ချထားသော ကြွေစေ့များ ပြန်ကောက်ရင်း ဆိုသည်။

သူသည် တောင်ပြုံးပွဲ စတင်သည့် ရက်မှ ပြီးဆုံးသည့်အချိန်ထိ ကြွေဗေဒင်ဟောလေ့ရှိရာ တနှစ်လျင် ကျပ် ၄ သိန်း၊ ၅သိန်း အမြတ် ရရှိသည်ဟု ပြောပြသည်။

တောင်ပြုံးပွဲကို မှီခိုပြီး ရောင်းဝယ်ကြသော ဈေးသည်များသည်လည်း အရောင်းအ၀ယ်များ ကောင်းမွန် စေရန် မင်းနှစ်ပါးကို တိုင်တည်ပြီး ဈေးဆိုင်ဖွင့်လှစ်လေ့ ရှိသည်။

တောင်ပြုံးပွဲတွင် ရောင်းချသော ဈေးသည်များ၊ တောင်ပြုံးလမ်းတလျှောက် ပိုက်ဆံ လိုက်ကောက် သူများနှင့် တောင်ပြုံး မင်းနှစ်ပါးထံ လာရောက်ကိုးကွယ်သူများသည် နှစ်စဉ်နှစ်တိုင်း အောင်မြင်မှုများ၊ စီးပွားရေး အဆင်ပြေမှုများ ကြုံတွေ့ကြရသည်ဟု အယူရှိကြသည်။

၎င်းတို့သည်ယုံကြည်မှုများ လျော့ပါးသွားခြင်းမရှိဘဲ အစဉ်အလာကို ထိန်းထားနိုင်ခဲ့ သောကြောင့် နှစ်စဉ်တောင်ပြုံးပွဲကို ပိုမို စည်ကားသိုက်မြိုက်စွာ ကျင်းပလာနိုင်ကြောင်း ၀ါရင့် နတ်ကတော် တဦးက ဆိုသည်။

တောင်ပြုံးကျေးရွာ အနီးရှိ လွန်းတောင်၊ ၀ါးရင်းတုတ် စသည့် ကျေးရွာများမှ ရွာသူရွာသားများသည် မင်းနှစ်ပါး ပွဲတော်သို့ မဖြစ်မနေလာရောက် ကြရပြီး အောက်ခြေသိမ်း အလုပ်များကို လုပ်ကိုင်ရသည်။

“ကျမတို့က ဝေါထမ်းမျိုးရိုးပါ။ ချိုးရေသုံးတဲ့နေ့မှာ မင်းနှစ်ပါးထွက်တဲ့ ဝေါကိုမဖြစ်မနေ လက်နဲ့ထိရတယ်။ ဝေါထမ်းတာကလည်း ထမ်းချင်တဲ့သူ ၀င်ထမ်းလို့မရဘူး။ သူ့မျိုးရိုးရှိမှ ထမ်းရတယ်” ဟု ၀ါးရင်းတုတ် ကျေးရွာမှ ဝေါထမ်း မျိုးရိုးဝင်တဦးက ပြောပြသည်။

တောင်ပြုံးပွဲတော် ပြီးချိန်တွင် တောင်ပြုံးမင်းနှစ်ပါး ရှိရာ ပွဲတော်ဝန်းအတွင်း အမှိုက်ကောက်သိမ်းခြင်း များကိုလည်း ယင်းပွဲတော်အနီးရှိ ကျေးရွာများတွင် နေထိုင်သူများက မဖြစ်မနေ လုပ်ကိုင်ရသည်။
မျိုးရိုးစဉ်ဆက် နတ်ရိုးရာကို ယုံကြည်ထားပြီး ပုဂံခေတ်မှ ကျိန်စာဆိုသော အစွဲအလမ်းသည် ၎င်းတို့အပေါ် လွှမ်းမိုးလျှက် ရှိသည်။

ပွဲတော်ကာလ အတွင်းလည်း တောင်ပြုံးရွာအနီးဝန်းကျင် ယုံလိုက် အစရှိသည့်ရွာများက သူ့နေ့နှင့်သူ လုပ်ဆောင်ရမည့် ထုံးတမ်း စဉ်လာများအတိုင်း နှစ်စဉ် မပျက်မကွက် လုပ်ဆောင်ကြရသည်။

“ထုံးတမ်း အစဉ်အလာတွေအတိုင်း မလုပ်ရင် ဘာတွေဖြစ်မလဲ ဆိုတာတော့မသိဘူး။ ဒါပေမယ့် နတ်ကို မစော်ကားရဲဘူးလေ။ တခုခုဖြစ်မှာ ကြောက်တယ်” ဟု ဝေါထမ်း မျိုးရိုးဝင် တဦးက ပြောသည်။

ပုဂံခေတ်မှသည် ခေတ်အဆက်ဆက် စဉ်ဆက်မပျက် ကျင်းပလာသည့် တောင်ပြုံးပွဲတော်သည် ခေတ်ရေစီးကြောင်း အရ ပူဇော်ပသပုံ ပြောင်းလဲမှုများ ရှိလာသော်လည်း ရိုးရာယုံကြည်မှုများ လွှမ်းမိုးနေသော ပွဲတော်တခုအဖြစ် ထင်ရှား ကျန်ရှိနေဆဲဖြစ်သည်။

Hits: 1913
Comments (5)Add Comment

စရိုက်ပြက် အပုတ်နံ့ဟော င်တဲ့ပွဲ။
written by Observer, August 31, 2010
မူးမူးရူးရူး သောက်စား ပျော်ပါးကြတဲ့ပွဲ။ မကြားဝန့် မနာသာ ဆဲဆိုကြ တဲ့ပွဲ။ သူ့နှမ ကိုယ့်နှမ လက်သရမ်ြး ကတဲ့ပွဲ။ ခါးပိုက်နှိုက်တွေ သောင်ကြမ်ြး ကတဲ့ပွဲ။ လိင်တူ ဆက်ဆံသူတွေ မြူးကြတဲ့ပွဲ။ ကလေး သူငယ်တွေကို အတုမြင် အတတ်သင် အကျင့်ဆိုးတွေ အမွေပေး၊ စရိုက် ဆိုးတွေ ရစေတဲ့ပွဲ။ ဒါတွေကို ရိုးရာ ရနံ့ လို့မဆို သင့်ပါ။ ဗုဒ္ဓဘာသာ မြန်မာနိုင်ငံသားတွေ အတွက် ရှက်စရာ ရိုးရာ စရိုက်ပြက် အပုတ်နံ့ပဲ ဖြစ်ပါတယ်။ အမျိုးကောင်း သားသမီးတွေ မသွားသင့်တဲ့ ပွဲ ပါပဲ။

အတ္တာဟိ အတ္တနော နာထော (မိမိ ကိုယ်သာ ကိုးကွယ်ရာ)
written by ဖိုးထောင်, August 31, 2010
ဒီဆောင်းပါး ဖတ်ပြီး မှတ်မှတ် ရရ ရှိတာလေး ရယ်စရာအဖြစ် ပြောပြဦးမယ်။ နတ်ကိုးကွယ်တာနဲ. ပါတ်သ က်လို.ဆိုပါတော့

၁၉၈၀ - ၈၁ ပညာသ င်နှစ်မှာ ဖိုးထောင် ၁၀ တန်းရောက်ပြီ။ ဆယ်တန်း စာမေး ပွဲဖြေဆြို ပီးတော့ ကြိုးစားခဲ့ပေမယ့် စာမေးပွဲ ကျရှုံးသွားတယ်ဗျ။ အဲဒီမှာ နတ် ယုံကြည်တဲ့ ဖိုးထောင်ရဲ. အမေကြောင့် နတ်ကတော် တစ်ဦးဟာ ဖိုးထောင် ဆယ်တန်း စာမေးပွဲ အောင်စေ ဖို.အတွက် သူ.အစီ အမံများကို လိုက်နာရမယ် လို. ပြောပါတော့တယ်။ အစီ အစဉ်တွေကတော့ ကိုယ်တော်ကြီး ကိုယ်တော်လေး တို.ကို ယုံကြည်စွာ ကိုးကွယ်ရမယ်၊ ဝက်သား မစားရဘူး၊ စသည်ဖြင်.ပေါ…. .ပြဿနာက ဖိုးထောင် အကြိုက်ဆုံး အသားက ဝက်သား …. အဖေကေ တာ့ ပြုံးနေတယ်။ ဒီကိစ္စမှာ ဘာမှ ဝင်မပါဘူး။ ဘာမှကို မပြောဘူးဗျ။

နတ်ကတော် ပြောတဲ့ အတိုင်း ကိုးကွယ် ပူဇော်ပသ သူတို.မကြိုက်တဲ့ အသားလည်း အောင့်အီး ရှောင်ရင်း စာကိုလည်း တစ်ဖက်ကြ ကိုးစားပေါ့လေ ……. ဒါပေမယ့် လို.လည်း စာမေးပွဲက မအောင်ြ ပန်ဘူးဗျ။ အားတင်းရင်း ကိုယ်ကကြိုက်ပေမယ့် သူတို.မကြိုက် ဘူးဆိုလို. မစားဘဲ ပူဇော်ရင်း ပရင်း သရင်း ထပ်ဖြေ .. ထပ်ကျနဲ. ဖိုးထောင် တစ်ယောက် နတ်ကတော်ရဲ.စကား နားထောင်ရင်း စာမေးပွဲေ ဖြလိုက်တာ ဟဲဟဲ .. ၅ ကြိမ်မြောက် ကျရှုံးခဲ့ပါပြီ။

နောက်ဆုံး တော့ တင်းထား သမျှတွေကို လျှော့ချ၊ ကျောင်းသား အလုပ် ကျောင်းသား လုပ်၊ စာကို အထူး ဂရုစိုက် ကြိုးစား၊ သိပ်ကြို က်တဲ့ ဝက်သား ကိုလည်း မြိန်ရည် လျှက်ရည်ပြ န်လည် သုံးဆောင်ရင်း ကြိုးစား လိုက်တာ ၆ ကြိမ်မြောက် ဖြေတဲ့ ဆယ်တန်း စာမေးပွဲကြီး ကိုတော့ ဂုဏ်ထူး သုံးခု (အင်္ဂလိပ်စာ၊ သင်္ချာ၊ ရူပဗေဒ)တို.ဖြင့် အောင်မြင် ပါတော့တယ်။

ထိုအချိန်မှစပြီး ဖိုးထောင်ရဲ. အိမ်ရှေ. အဝင်ဝမှာ ဆိုင်းဘုတ်ကလေး တင်လိုက်ပါတယ်။ ထင်သာမြ င်သာပါ။ ရေးထားတာကတော့ ‘‘နတ်ကတော် မဝင်ရ” ဆိုတာပါဘဲ။ တင်ထားတဲ့ဆိုင်းဘုတ်ကို မမြင်ချင်ယောင် ဆောင်ပြီး ဝင်လာတဲ့ အခါတော်ပေး နတ်ကတော် ခမျာမှာတော့ အဖေ အကြံပေးလို. စီမံ ထားတဲ့ ဇီးဂိုင်း (၃ပေခန်.ရှိ ဇီးသီးပင်မှ ဆူးထက်ထက်ပါသည်. ဇီးခက်) သုံးချောင်းပူးဖြင့် ၁၀ ချက်မက အားရ ပါးရ ရိုက်နှက် လိုက်ပါတော့တယ်။

နတ်ကတော် သွေးစိမ်းရှင်ရှင် ထွက်ပြီး ထွက်ပြေးသွားပြီးနောက် ဖိုးထောင်လည်း ဥက္ကလာ အချုပ်ကို အလည် အပါတ် ရောက်ခဲ့ ပါတော့တယ်။ ဆယ်တန်းေ အာင်ခါစ ဖိုးထောင် တစ်ယောက် အချုပ်ထဲ ရောက်တော့ အမေက ဘယ်နေပါ.မလဲ။ သားဖြစ်သူ အချုပ်ထဲမှာ စားဖို. ထမင်းချိုင့် လာပို.ပေးခဲ့တာကတော့ ဝက်သား (သုံးထပ်သား) ဆီပြန်ကို မရမ်းသီးနဲ. ချက်ထားတဲ့ ဟင်းပါဘဲ။ ပြောလိုက်သေးတယ်။ သားရယ် အာဂါတ တရားတွေ မထားပါနဲ.။ သူလဲ တော်တော် ခံလိုက်ရတယ်။ အမေလဲ သူတို.အကြောင်း တော်တော်လေး သိပါပြီတဲ့။ ကျေလိုက်ပါတော့နော် … တဲ့။ ဟုတ်ကဲ့ပါ အမေ လို. မွေးကျေးဇူးရှင်ကို ကတိပေးရင်း သူချက်ခဲ့တဲ့ ဝက်သား မရမ်းသီးချက်ကို မြိန်ြ မိန်ကြီး သုံးဆောင်ရင်း ………………………..

၁၉၈၄ က အဖြစ်အပျက်လေးပါ။

မှတ်မှတ် ရရလေးမို. နတ်ယုံကြည်သူများနှင့် နတ်ကို အယောင်ပြ လုပ်စားသူများ အတွက် အမှတ်တရ။
ဖိုးထောင်

အင်း...
written by bigcat, August 31, 2010
လိင်တူ ဆက်ဆံသူတွေ ဂုဏ်ယူမဆုံးတဲ့ပွဲပေါ့လေ။

written by Thazin Pyu, August 30, 2010
တောင်ပြုံးမင်းညီနောင်တော့ မပြောတ တ်ဘူး-ရေငံပိုင် ဦးရှင်ကြီးကို အသေအလဲ ယုံကြည် ကိုးကွယ် ပြီး နှစ်ပေါင်း များစွာ ပူဇော် ပ-သလာခဲ့တဲ့ ကျွန်တော်နဲ့ ပင်လယ် ဂဏန်း လုပ်ဘက် မိတ်ဆွေ မိသားစုတ စ်စုကတော့ နာဂစ်မှာ မျိုးဆက် ပြတ်သွားကြတာ လက်တွေ့ပါဘဲ ရေငံပိုင်ကြီးက ဘယ်ကို သဝေထိုး နေလဲတော့ မသိဘူး -သူ့ကို ပူဇော် တုန်းကတော့ အ၀အပြဲ စားသောက် ပြီးတော့ နာဂစ် လာတုန်းက တားပေးဖို့ေ ကာင်းတာာပေါ့။ ခုတော့ သတိ ပေးဖေါ် လေးတောင် မရဘူး--ကျွန်ုပ်တို နိုင်ငံမှာ တန်ခိုကြီး ပါတယ် ဆိုတဲ့ နတ်တွေကလည်း အများကြီး ရှိပါရဲ့-ခုခေတ် သိပ္ပံပညာရဲ့ နယ်ပယ် အဆုံးဟာ သူတို့ ဂမ္ဘီရ ပညာရဲ့ အစလောက်ဘဲ ရှိသေးတယ်လို့ ပြောတဲ့ ထိုထိုသော ဂမ္ဘီရ ပညာရှင် ဆိုသူတွေက လည်းေ ပါမှပေါ-ပစ္စုပ္ပန်ဘ၀ သာမက အတိတ်ဘ၀ အနာဂတ် ဘ၀ တွေကိုပါ မြင်နိုင်တဲ့ ဝေဒပညာရှင် ဆိုတာ တွေလည်း ဒုနဲ့ဒေး။ ဟိုသစ်ရွက်လေးကို ခေါင်းမှာ ထိုးထား ဟိုနေ့ဟိုနံသားတွေက ဟိုထီးနဲ့ မိုးပေးလိုက်ရင် မြန်မာက ကမ္ဘာကိုပါ လွှမ်းခြုံနိုင်အောင် စွမ်းနိုင်တယ် ဆိုတဲ့ ဓါတ်ဆရာ ယတြာဆရာ တွေကလဲ မရေ မတွက်နိုင်- ဒါနဲ့တောင် ဒီရွှေနိုင် ငံတော်ကြီး နဲ့ပြည်သူတွေ ခုလို ဖွတ်ကျော ပြာစု ခရု အဆံကျွတ်- အရှင် လတ်လတ် လောကငရဲ ခံစား နေကြရတာကို တံခိုးရှင် နတ်ဒေ၀တာကြီးတို့ လူဆရာကြီးတို့ မကယ် နိုင်ကြဘူး လားဗျာ-ကျွန်ုပ်တို့အားလုံး ဒုက္ခရောက် နေကြတယ်လေ။ မ-ကြပါအုံး။

“အရပ်ဝတ် လဲထားပေမဲ့ အာဏာရှင်ဟာ အာဏာရှင်ပဲ”၊ အမေရိကန် ဝေဖန်
By ဦးသားညွန့်ဦး တနင်္လာ, 30 သြဂုတ် VOA

မြန်မာစစ်တပ် ထိပ်တန်း စစ်ခေါင်းဆောင်တွေ အတော်များများ အပြောင်းအလဲတွေ လုပ်ခဲ့ပေမယ့် ယူနီဖောင်းဝတ်ဝတ်၊ အရပ်ဝတ်လဲလဲ အာဏာရှင်ဟာ အာဏာရှင်ပါပဲလို့ အမေရိကန် နိုင်ငံခြားရေးဌာနက ပြောပါတယ်။ စစ်မှန်တဲ့ နိုင်ငံရေး အပြောင်းအလဲတွေ ဘာမှ မတွေ့ရသေးတာကြောင့် မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ အမေရိကန် ပြည်ထောင်စုရဲ့ သဘောထားအမြင်က မပြောင်းလဲပါဘူး။ အပြည့်အစုံကို ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

မြန်မာစစ်တပ်က ထိပ်တန်း စစ်ခေါင်းဆောင် အများအပြား ရာထူးက နှုတ်ထွက်သွားကြပေမဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေကတော့ စစ်တပ်ကိုရော အစိုးရပိုင်းကိုပါ သြဇာအာဏာ ချုပ်ကိုင်ထားတုန်းပဲလို့ အများက ယူဆပါတယ်။ ဒါကြောင့်လည်း အပြောင်းအလဲ ကြီးကြီးမားမား ရှိလိမ့်မယ်လို့ မမျှော်လင့်ကြပါဘူး။ ဗိုလ်ချုပ်ကြီး သူရရွှေမန်း အပါအ၀င် ဒုတိယဗိုလ်ချုပ်ကြီး အတော်များများ ရာထူးက အနားယူသွားတယ်ဆိုတာ ခိုင်လုံသလောက် ရှိပေမဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ကာကွယ်ရေး ဦးစီးချုပ်အဖြစ် ဆက်ရှိ မရှိက အတည်ပြုလို့ မရသေးပါဘူး။

သတင်းအချို့မှာတော့ ဒုတိယဗိုလ်ချုပ်ကြီး သူရမြင့်အောင်က ကာကွယ်ရေး ဦးစီးချုပ်၊ ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုက ဒု-ဦးစီးချုပ် ဖြစ်သွားတယ် ဆိုတာကြောင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ စစ်ဘက်ရာထူးကနေ အနားယူသွားပြီလို့ ယူဆမှုတွေလည်း ရှိပါတယ်။ တဘက်မှာတော့ နအဖ စစ်ကောင်စီက ဆက်ရှိနေတာကြောင့် စစ်ကောင်စီ ဥက္ကဋ္ဌ အနေနဲ့ အာဏာကို ချုပ်ကိုင်ထားနိုင်တယ်လို့လည်း ယူဆသူတွေ ရှိပါတယ်။

ဒါပေမဲ့ အားလုံးနီးပါးမှာ တူညီတဲ့ ယူဆချက်ကတော့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အာဏာဆက်ရှိနေတယ်၊ စစ်အာဏာရှင်စနစ် ဆက်ရှိနေတယ် ဆိုတာပါပဲ။ မြန်မာနိုင်ငံမှာ ကြုံနေရတဲ့ နိုင်ငံရေးအရ စိန်ခေါ်ချက်တွေအတွက် အခုလို စစ်ဘက် အကြီးအကဲတွေ အရပ်ဝတ် ပြောင်းရုံသက်သက် အဖြေမရနိုင်ဘူးလို့ အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ ပီဂျေ ခရော်လေ (P.J Crowley) က ပြောပါတယ်။

“အရပ်ဝတ်ထားလည်း အာဏာရှင်က အာဏာရှင်ပါပဲ။ အခု သူတို့က ယူနီဖောင်း ချွတ်တာတွေ လုပ်နေပေမဲ့ နိုင်ငံရေး အခွင့်အလမ်းတွေကိုတော့ ကန့်သတ်ထားတုန်းပါပဲ။ ဒါကြောင့် ကျနော်တို့အမြင်က အပြောင်းအလဲ မရှိပါဘူး။ အခုရင်ဆိုင်နေရတဲ့ နိုင်ငံရေးအရ အကဲစမ်းမှုတွေအတွက် အခုလို အရပ်ဝတ် ပြောင်းလိုက်ကြတာ အဖြေမဟုတ်ပါဘူး။”

လက်ရှိ မြန်မာစစ်အစိုးရလုပ်မယ့် ရွေးကောက်ပွဲအတွက် အများလက်ခံနိုင်အောင် အပြောင်းအလဲတွေလည်း အခုချိန်မှာ ဘာမှ မတွေ့ရသေးဘူးလို့လည်း ပီဂျေ ခရော်လေက ပြောပါတယ်။

“နိုင်ငံရေးအရ လုပ်ပိုင်ခွင့်တွေ ပေးရပါမယ်၊ မြန်မာနိုင်ငံတွင်းက တိုင်းရင်းသား အင်အားစုတွေနဲ့ ဆွေးနွေး ညှိနှိုင်းရပါမယ်၊ နိုင်ငံရေး အတိုက်အခံတွေ ရှင်သန်ခွင့် ပေးရပါမယ်၊ အရပ်ဘက်ဆိုင်ရာ အဖွဲ့အစည်းတွေ အကြားမှာ စစ်စစ်မှန်မှန် ယှဉ်ပြိုင်မှုသဘော ရှိစေရပါမယ်။ ဒါမျိုးတွေ မရှိဘဲနဲ့တော့ စစ်သားတွေပါပါ အရပ်ဝတ်တွေပဲပါပါ၊ လာမယ့် ရွေးကောက်ပွဲဟာ အများယုံကြည် လက်ခံမယ့်၊ လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲမျိုး မြင်ရမှာ မဟုတ်ပါဘူး။”

အခုလို စစ်ဘက် အကြီးအကဲတွေ အပြောင်းအလဲ လုပ်တာဟာ လာမယ့် ရွေးကောက်ပွဲအတွက် အဓိက ပြင်ဆင်ချက်လို့ ယူဆရပါတယ်။ အထူးသဖြင့် စစ်အစိုးရ နောက်ခံပေးထားတဲ့ ကြံ့ခိုင်ရေးပါတီမှာ ၀င်အရွေးခံကြမယ့် ကိုယ်စားလှယ်တွေ ဖြစ်လာနိုင်တယ်လို့ သုံးသပ်ကြပါတယ်။ တဘက်မှာလည်း စစ်တပ်က ကာကွယ်ရေး ဦးစီးချုပ်က ခန့်အပ်မယ့် ကိုယ်စားလှယ်လောင်းတွေဆိုတာ ရှိပါတယ်။ စစ်ဘက် လေ့လာသူ အချို့ကတော့ လာမယ့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က တိုက်ရိုက်ခန့်အပ်မယ့် ကိုယ်စားလှယ်တွေဟာ စစ်ဘက်က မျိုးဆက်သစ် ခေါင်းဆောင်တွေ ဖြစ်လာနိုင်တယ်လို့ သုံးသပ်ကြပါတယ်။

ဗိုလ်မှူးဟောင်း ဦးအောင်လင်းထွဋ်ကတော့ အခု အပြောင်းအလဲမှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေဟာ တပ်အပေါ်မှာ အာဏာစက် ရှိနေတုန်းပဲလို့ ယူဆပါတယ်။

“ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ ဒု-ဗိုလ်ချုပ်မှူးကြီး မောင်အေးက လုံးဝ အနားယူသွားတဲ့ အနေအထားမျိုး မဟုတ်ပါဘူး။ စစ်တပ်ရာထူးကိုပဲ သူ့ထက် ငယ်တဲ့လူကို လွှဲပေးပြီးတော့ နိုင်ငံရေး အာဏာကိုရော၊ ကျန်တဲ့အာဏာ အားလုံးကို သူက ဆက်ပြီး ထိန်းထားတဲ့ အနေအထားမျိုး ရှိပါတယ်။ အဲဒါကို အနားယူသွားတယ်လို့ မထင်မှတ်စေချင်ပါဘူး။

“ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် အနားယူမှာလား၊ အရန်အင်အား စာရင်းအဖြစ် နေမှာလားဆိုတာ၊ တပ်မတော်မှာ ရာထူးက အမိန့်ထုတ်တဲ့အခါ နှစ်မျိုးရှိပါတယ်။ အရန်အင်အားစာရင်း သဘောမျိုးနဲ့ နေမယ်ဆိုရင်တော့ သူက ယူနီဖောင်း ဆက်ဝတ်ရင် ၀တ်ပါလိမ့်မယ်။ အငြိမ်းစားယူတယ် ဆိုရင်တော့ သူက ဦးသန်းရွှေ ဖြစ်သွားပါလိမ့်မယ်။

“ဒါနဲ့ပတ်သက်ပြီးတော့ ကျနော် အကြွင်းမဲ့ ယုံကြည်တာကတော့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ မထွက်သေးဘူး၊ နောက် ရွေးကောက်ပွဲ ပြီးရင်လည်း သူ မနားသေးဘူး၊ ကျနော် ပြောပြောနေသလိုပဲ သူသည် နောက်ကွယ်က ကြိုးကိုင်မယ့် အာဏာရှင်တယောက် အနေနဲ့ပဲ ဆက်နေနေမယ့် အနေအထားမျိုး ရှိပါတယ်။”

အခုလို စစ်ဘက် အကြီးအကဲတွေ ရာထူးက နှုတ်ထွက်တယ် ဆိုတာကို မြန်မာအစိုးရ သတင်းမီဒီယာတွေမှာတော့ မသိမသာ ဖော်ပြတာမျိုးတောင် မရှိသေးပါဘူး။ ဒါကြောင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေဟာ လက်ရှိ ဘယ်တာဝန် ယူနေသလဲဆိုတာ အများက ဒွိဟ ဖြစ်နေကြပါတယ်။

တရုတ် စစ်သဘေင်0x081ာတွေ ရန်ကုန် ရောက်လာတရုတ်နဲ့ မြန်မာ နိုင်ငံကြား စစ်ရေး ဆက်ဆံမှု တိုးမြှင့် ဖော်ဆောင်ဖို့ ရည်ရွယ် ချက်နဲ့ တရုတ် ရေတပ် စစ်သဘေင်0x081ာ နှစ်စီး မြန်မာ နိုင်ငံ ရန်ကုန်မြို့ အနီး သီလဝါ ဆိပ်ကမ်း ကို ပထမဆုံး အကြိမ် ဆိုက်ရောက် လာခဲ့ပါတယ်။
Chinese Destroyer Qingdaoတရုတ် ရေတပ်ပိုင် ကျင်ဒေါင်း ဖျက်သဘေင်0x081ာတရုတ် ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် ရေတပ်က Guangzhou နဲ့ Caohu စစ်သဘေင်0x081ာ နှစ်စီး ဟာ မြန်မာနိုင်ငံကို ငါးရက်ကြာ ချစ် ကြည် ရေး ခရီးစဉ် အဖြစ် တနဂင်0x081နွေနေ့က ဆိုက် ရောက်လာခဲ့ တာဖြစ်ပါတယ်။တရုတ် ဖျက်သဘေင်0x081ာ Guangzhou ပေါ်မှာ ပါလာတဲ့ တရုတ် ရေတပ် သားတွေက ရန်ကုန် ကို အရောက် သဘေင်0x081ာ ကုန်းပတ် ပေါ်မှာ ရပ်ပြီး လက်ဝှေ့ရမ်း နှုတ်ဆက် နေတဲ့ ဓါတ်ပုံ တွေ ကိုလည်း တရုတ် နိုင်ငံ ဆင်ဝှာ သတင်း မှာ ဖော်ပြထား ပါတယ်။ဒီရေတပ် သဘေင်0x081ာ နှစ်စီး ဟာ အေဒင် ပင်လယ်ကွေ့ထဲက ဆိုမားလီးယား ရေပိုင်နက်မှာ လုံခြုံရေး ကင်းလှည့် မှုတွေ ဆောင်ရွက်ခဲ့ကြတဲ့ သဘေင်0x081ာတွေပါ။ အခုလို မြန်မာ နိုင်ငံကို ရောက်မလာခင် အီဂျစ်၊ အီတလီနဲ့ ဂရိ နိုင်ငံတို့ကို ဝင်ရောက်ခဲ့ပါသေးတယ်။အခု ခရီးစဉ် ဟာ အနှစ် နှစ်ဆယ် အတွင်း တရုတ် မြန်မာ ဆက်ဆံရေး ပြန်ကောင်းလာတဲ့ လက0x081ခဏာ ဖြစ်တယ်လို့ ထိုင်း နိုင်ငံ အခြေစိုက် အန်အယ်လ်ဒီ လွတ်မြောက် နယ်မြေ နိုင်ငံခြား ရေးရာ တာဝန်ခံ ဦးညိုအုန်းမြင့် က သုံးသပ်ပါတယ်။ဒါ့အပြင် အာရှ ဒေသတွင်းက အိန0x081ဒိယ သမုဒ0x081ဒရာနဲ့ တောင် တရုတ် ပင်လယ် ထဲမှာ ရေတပ် အင်အားပြတဲ့ အနေနဲ့ သူ့ရဲ့ မဟာဗျူဟာ မြောက် အရေးပါတဲ့ မြန်မာ နိုင်ငံကို တရုတ် သဘေင်0x081ာတွေ လာရောက် လည်ပတ်တာ ဖြစ်တယ်လို့ လည်း ဦးညိုအုန်းမြင့်က ထောက်ပြ ပါတယ်။

တရုတ်စစ်သင်္ဘောများ မြန်မာပြည်သို့ အလည်အပတ်ရောက်
ဆင်ဟွာသတင်းဌာန
သြဂုတ် ၃၀၊ ၂၀၁၀ မိုးမခ

ယမန်နေ့က သီလ၀ါ ဆိပ်ကမ်းသို့ ဆိုက်ကပ်လာသော ဖျက်သင်္ဘော Guangzhou ပေါ်မှ အရာရှိများ၊ ရေတပ်သားများ တန်းစီနေပုံ။ (ဓာတ်ပုံများ - ဆင်ဟွာ)

တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော် မှ Guanhzhou နှင့် Caohu အမည်ရှိ စစ်သင်္ဘော ၂ စီးသည် ချစ်ကြည်ရေး ခရီးအဖြစ် ရန်ကုန်မြို့ သီလ၀ါ ဆိပ်ကမ်းသို့ တနင်္ဂနွေနေ့ နေ့ခင်းပိုင်းတွင် ရောက်လာသည်။

မြန်မာဆိပ်ကမ်းတခုသို့ တရုတ် ရေတပ် သင်္ဘော ပထမဆုံးအကြိမ် ဆိုက်ကပ်ခြင်း ဖြစ်သည်။

၅ ရက်ကြာ ခရီးစဉ်သည် ၂ နိုင်ငံ တပ်မတော်အကြား ခင်မင်ရင်းနှီးမှုကို တိုးမြှင့်ရန်၊ ရေတပ် ၂ ခု ဆက်သွယ် ဆောင်ရွက်ရန် ရည်ရွယ်သည်။

တရုတ်စစ်သင်္ဘောများ ကြိုဆိုပွဲသို့ တပ်မတော်ရေမှ ဗိုလ်မှူးဟန်စိန်၊ ရန်ကုန်အခြေစိုက် တရုတ်သံအမတ် နှင့် သံအရာရှိများ၊ တရုတ်ကုမဏီ ကိုယ်စားလှယ်များ၊ ဆရာ ဆရာမများ၊ ကျောင်းသားများ၊ ဒေသခံ တရုတ် လူမျိုးများ တက်ရောက်သည်။ ကြိုဆိုသူပေါင်း ၂၀၀ ၀န်းကျင် ရှိသည်။

အခမ်းအနားအပြီးတွင် ဧည့်သည်များ စစ်သင်္ဘောများကို လေ့လာကြည့်ရှုနိုင်ရန် ဖွင့်ပေးသည်။

ချစ်ကြည်ရေး ခရီးစဉ်အတွင်း တရုတ်ရေတပ် ကိုယ်စားလှယ် အဖွဲ့သည် မြန်မာနိုင်ငံ တပ်မတော်ရေနှင့် ဆွေးနွေးဖလှယ်ရေး အစီအစဉ်များ ရှိသည်။

မြန်မာနိုင်ငံသည် အမှတ် ၅ တရုတ်ရေတပ် သင်္ဘောအုပ်စု၏ စတုတ္ထမြောက် ၀င်ရောက်ခဲ့သည့် နိုင်ငံ ဖြစ်သည်။ မြန်မာပြည်သို့ မရောက်မီ ခရီးစဉ်များမှာ အေဒင် ပင်လယ်ကွေ့၊ ဆိုမာလီ ကမ်းရိုးတန်း တို့ ဖြစ်သည်။

သင်္ဘောအုပ်စုသည် အီဂျစ်၊ အီတလီ၊ ဂရိနိုင်ငံတို့ကိုလည်း သွားရောက်ခဲ့သည်။

အန်အယ်လ်ဒီ စီအီးစီ တောင်ငူခရီးစဉ်
နော်နိုရင်း ၃ဝ သြဂုတ် ၂ဝ၁ဝ - DVB

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဉာဏ်ဝင်း၊ ဦးညွှန့်ဝေနဲ့ ဦးစိုးဝင်းတို့ဟာ ပဲခူးတိုင်း၊ တောင်ငူခရိုင်အဖွဲ့ချုပ်ဝင်တွေ နဲ့ ဒီကနေ့ သွားရောက်တွေ့ဆုံပါတယ်။ တောင်ငူခရိုင် တောင်ငူ၊ အုတ်တွင်း၊ ရေတာရှည်နဲ့ ဖြူးမြို့နယ်လေးခုက အဖွဲ့ချုပ်ဝင် ၈ဝ နဲ့တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

ဒီတွေ့ဆုံမှုမှာ ဗဟိုအဖွဲ့ချုပ်ရဲ့ ရှင်း လင်းပြောဆိုချက်နဲ့ပတ်သက်ပြီး ဦးဉာဏ်ဝင်းက အခုလို ပြောပါတယ်။ “ ကျနော်တို့ကတော့ အရင်ခရီးစဉ်တွေလိုပါပဲ æ အဖွဲ့ချုပ်အဖွဲ့ဝင်တွေ ညီ ညီညွတ်ညွတ် ကျစ်လစ်ခိုင်မာရေး ဦးတည်ချက်ပေါ့။ ဒီ ဦးတည်ချက်နဲ့လာတယ်။ တကယ်တမ်း ကျနော်တို့ပြောဖြစ်ကြတာကတော့ ကိုယ့်အတွေ့အကြုံ၊ သူ့အတွေ့ အကြုံ၊ ဒီအတွေ့အကြုံတွေပေါ်မှာ အမြင်ချင်းဖလှယ်တယ်၊ ဆွေးနွေးတယ်။ ဒီမှာရှိ တဲ့ ပရိသတ်ကတော့ အဖွဲ့ချုပ်ရဲ့မူဝါဒတွေ အဖွဲ့ချုပ်ရဲ့လမ်းညွှန်ချက်တွေကို စဉ်ဆက် မပြတ် ထောက်ခံအားပေး သွားမယ်ဆိုတာကို သူတို့လည်းဂတိပေးတယ်။
“သူတို့ မရှင်းလင်းတဲ့ အချက်များကိုလည်း ကျနော်တို့ဉာဏ်စွမ်းရှိသမျှ ဖြေကြားခဲ့တာပေါ့။ နောက်ဆုံး ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့ရတဲ့အခြေအနေ အဲဒီအခြေအနေမှာ ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲဆိုင်ရာ ပြောကြားချက် တွေရှိတယ်။ နောက်ပြီးတော့ စေ့စပ်ညိ‡နှိုင်းရေးသဘောတွေရှိတယ်၊ အဲဒါတွေကို ကျနော်ပြောပြပါတယ်။
“စေ့စပ်ညိ‡နှိုင်းရေးဆိုတာက တဦးနဲ့တဦး စေ့စပ်တယ် ညိ‡နှိုင်းတယ်ဆိုလို့ရှိ ရင် မိမိလိုချင်တာပဲ အကုန်ရလို့မဖြစ်ဘူး။ မိမိစွန့်လွှတ်သင့်တာလည်း စွန့်လွှတ်ရ မယ်။ အရဆကသအိးကအားဖြင့်တော့ ပြည်သူလူထုရဲ့ ဆင်းရဲဒုက္ခရောက်နေတာကို ထည့် သွင်းစဉ်းစားပြီးတော့ အကုန်စေ့စပ်ညိ‡နှိုင်းသွားမယ်လို့ ပြောပါတယ်။”
“နောက်တချက်က ရွေးကောက်ပွဲဆိုင်ရာကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ သူ့ ရဲ့မှတ်တမ်းတွေပေါ့၊ အန်အယ်လ်ဒီကိုပဲ မဲပေးစေချင်ပါတယ်။ အန်အယ်လ်ဒီ မပါရင် ဘယ့်နှယ့်လုပ်မလဲဆိုတော့ ဒေါ်အောင်ဆန်းစုကြည်ပြောတာကတော့ ကိုယ်ကြိုက် တဲ့ပါတီ မပါရင် မပေးဘဲနေပေါ့တဲ့ æ အဲဒါပါပဲ။”

နောက်တခုက အန်ကယ်တို့ ရွေးကောက်ပွဲကိုသပိတ်မှောက်တယ်ပေါ့နော်၊ အဲတော့ တခိျု့နိုင်ငံရေးပါတီတွေက ပြောတယ် æ ဒီဟာ ဖျက်မျဉ်းလို့ပြောတယ်။ အန်ကယ် တို့အနေနဲ့ ဘယ်လိုသဘောရလဲ။
“ကျနော်တို့က သပိတ်မှောက်တယ်ဆိုတာ သီးခြားပြောနေတာမဟုတ်ဘူး။ မတ်လ ၂၉ ရက်နေ့ထဲက အန်အယ်လ်ဒီ စီစီ ဗဟိုကော်မတီဝင်တွေရဲ့ ဆုံးဖြတ်ချက် ပါ။ ဒီဆုံးဖြတ်ချက်တွေနဲ့ သပိတ်မှောက်တာပါ။ ဒီဥစ္စာကို ဖျက်မျဉ်းလို့ပြောတာဟာ ကိုယ့်ဟာကိုယ်လုပ်ရမယ့် အလုပ်မလုပ်ဘဲ သူများလှည့်ကြည့်နေတဲ့ သဘောဖြစ်ပါ တယ်။ ကျနော်အပြစ်မတင်ဘူး æ အခြေအနေကို ပြောတာပါ။”
တခြား အန်ကယ်အနေနဲ့ ဘာများပြောစရာရှိပါသေးလဲ။
“အမျိုးသားရင်ကြားစေ့ရေးဆိုတာက တကယ်တမ်း စိတ်ရင်းစေတနာရှိလို့ ရှိရင် အချိန်အခါမရွေး လုပ်လို့ရပါတယ်လို့ ပြောတယ်။”
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဉာဏ်ဝင်း ကို ဒီဗွီဘီသတင်းထောက် နော်နိုရင်း မေးမြန်းခဲ့တာဖြစ်ပါတယ်။

မိုးခေါင်သဖြင့် ကျောက်ဖြူ မိုးစပါး ထိခိုက်
ခိုင်စု | တနင်္လာနေ့၊ သြဂုတ်လ ၃၀

နယူးဒေလီ (မဇ္ဈိမ)။ ။ မိုးကောင်းလေ့ရှိသည့် ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်တွင် ယခုနှစ် မိုးခေါင်သဖြင့် မိုးစပါး စိုက်ပျိုးမှု ထိခိုက်နေကြောင်း ဒေသခံ လယ်သမားများက ပြောဆိုသည်။

“မိုးရွာတာ နည်းပြီး နေပူတဲ့ ရက်က များနေတယ်။ ရွာရင်လည်း ခဏပဲ။ တချို့လယ်ကလည်း စပါးပင်တွေ ကောင်းကောင်း မသန်ဘူး။ ရေမရလို့။ စိုက်ထားတဲ့ ပျိုးပင်တွေ သေတောင် ကုန်တယ်” ဟု ကျောက်ဖြူမြို့နယ် ဒေသခံ လယ်သမား တဦးက မဇ္ဈိမကို ပြောသည်။

စပါးစိုက်ပျိုးချိန် လွန်လာသည့်တိုင်အောင် စပါးများကို ပြီးစီးအောင် မစိုက်နိုင်သည့်အပြင် အချို့လယ်များမှာ ပက်ကြားပင် အက်နေကြောင်း သူက ဆက်ပြောသည်။

ရခိုင်ပြည်နယ်တဝှန်း ယခုနှစ် မုတ်သုန်မိုး အဝင်နောက်ကျသဖြင့် ယခုနှစ် မိုးရာသီ အစပိုင်းတွင် မိုးခေါင်ရေရှားမှုများပင် ဖြစ်ပေါ်ခဲ့သေးသည်။

မိုးခေါင်သဖြင့် မိုးစပါး မစိုက်နိုင်သော ဒေသများမှာ ရမ်းဗြဲနှင့် ကျောက်ဖြူ ကားလမ်းတလျှောက်ရှိ ကျေးရွာများ ဖြစ်ကာ၊ ထိုအထဲတွင် မင်းပြင်၊ ကျောက်ပြား၊ ရေနံတောင်၊ ဇင်ချောင်း၊ ကျောက်ပလေ အစရှိသည်များလည်း ပါဝင်ကြောင်း ရခိုင်ပြည်နယ်အတွင်း သတင်းများကို အစဉ်တစိုက် ရေးသားဖော်ပြသည့် ဘင်္ဂလားဒေ့ရှ်အခြေစိုက် နရိဉ္စရာ သတင်းဌာန၏ သတင်းတရပ်တွင် ဖော်ပြထားသည်။

ကျောက်ဖြူမြို့တွင် ယခုကဲ့သို့ မိုးကောင်းစွာ မရရှိခြင်းမှာ မုတ်သုန်အား မမှန်သည့်အပြင် ဘင်္ဂလား ပင်လယ်အော်တွင် ဖြစ်ပေါ်လေ့ရှိသော လေဖိအားနည်း ရပ်ဝန်းများ မရှိသဖြင့် မိုးကောင်းစွာ မရွာသွန်းကြောင်း မိုးဇလ ပညာရှင် ဒေါက်တာထွန်းလွင်က မဇ္ဈိမကို ပြောသည်။

ယခင် မိုးရာသီများတွင် ကျောက်ဖြူ တနယ်လုံးတွင် တနှစ် ပျမ်းမျှမိုးရေချိန်မှာ ၁၈၅ လက်မ ရှိကာ ပြီးခဲ့သည့်နှစ်ကပင် ပျမ်းမျှ မိုးရေချိန် လက်မ ၁၆ဝ ရှိခဲ့သည်ဟု သိရသည်။ ယခုနှစ်အတွက် သြဂုတ်လ နောက်ဆုံးပတ်အထိ မိုးရေချိန်လက်မမှာမူ ၁ဝဝ ပင် မပြည့်မီသေးကြောင်း သိရသည်။

“ခါတိုင်းဆို လေဖိအားနည်း ရပ်ဝန်းဖြစ်တာ တလကို ၃ ခုလောက် ရှိတယ်။ အခုတော့ ၃ လလောက် ရှိပြီ၊ လေဖိအားနည်း ရပ်ဝန်း မဖြစ်သေးဘူး။ ဒါက ရခိုင်မှာ မိုးမမှန်ရတဲ့ အကြောင်းပါ” ဟု ဦးထွန်းလွင်က ပြောသည်။ ပုံမှန်အားဖြင့် ရခိုင်ပြည်နယ်တွင် မေလမှ စက်တင်ဘာလထိ ၅ လခန့် မိုးကောင်းစွာ ရွာသွန်းလေ့ရှိသည်ဟု ဆိုသည်။

မိုးတွင်းကာလတလျှောက်လုံး မိုးပြတ်လပ်နေခဲ့သော်လည်း ယခုလ ၂၈ ရက်နေ့မှ စတင်ကာ ယနေ့ထိ ၃ ရက်ဆက်တိုက် မိုးရွာသွန်းမှုများ ရှိလာသဖြင့် ရေခန်းနေသော စပါးခင်းများအတွက် မျှော်လင့်ချက် အနည်းငယ် ရှိပါသေးကြောင်း ကျောက်ဖြူ ဒေသခံ လယ်သမားက ပြောသည်။

“အခုတော့ ရွာနေတာပေါ့နော်။ ဒီအတိုင်း ဆက်ရွာသွားရင် ကောင်းတာပေါ့နော်။ စပါး အားလုံး မဟုတ်တောင်မှ နည်းနည်း ရနိုင်မယ်” ဟု သူက ပြောသည်။

သို့သော် ရန်ကုန်မှ ဆန်ကုန်သည်တဦးကမူ ယခုအချိန်ကျမှ မိုးရွာခြင်းသည် စပါးစိုက်ရန် နောက်ကျလွန်းနေပြီဟု ပြောဆိုသည်။

“မိုးဆက်ရွာဖို့က တလလောက်ပဲ လိုတော့တာ။ ဒီအချိန်မှာ စိုက်ရင် အတော်နောက်ကျနေပြီ။ စပါးထွက်ဖို့၊ မှည့်ဖို့ဆိုတာက အောင်ရေလည်း လိုသေးတယ်” ဟု သူက ဆိုသည်။

ကျောက်ဖြူမြို့နယ်မှ စပါးများကို တရားမဝင် လမ်းကြောင်းများမှ ဘင်္ဂလားဒေ့ခ်ျနိုင်ငံသို့ တင်ပို့ ရောင်းချလေ့ရှိသော်လည်း ဈေးကောင်းမရသည့်အခါ ရန်ကုန်နှင့် မြန်မာပြည် အလယ်ပိုင်း ဒေသများသို့ တင်ပို့လေ့ရှိသည်။

ကျောက်ဖြူ မိုးခေါင်မှုကြောင့် စပါးအထွက် ထိခိုက်မှုနှင့် ပတ်သက်၍ ပိုမိုသိရှိနိုင်ရန် ကျောက်ဖြူမြို့နယ် စိုက်ပျိုးရေးရုံးကို ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရှိခဲ့ပါ။

ကေအိုင်အို၏ ဆေးဝါးများ ဖမ်းဆီးခံရ
ဖနိဒါ | တနင်္လာနေ့၊ သြဂုတ်လ ၃၀

ချင်းမိုင် (မဇ္ဈိမ) ။ ။ နယ်ခြားစောင့်တပ်ဖွဲ့ရေး ငြင်းဆန်နေသည့် ကချင်လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အို) က ၎င်းတို့၏ ဆေးပေးခန်းအတွက် ကျပ် ၁၆ သိန်းခန့် တန်ဖိုးရှိ ဆေးဝါးများကို ယနေ့ သယ်ဆောင်လာစဉ် မြစ်ကြီးနားမြို့ ဧရာဝတီမြစ်ပေါ်ရှိ ကုသု စက်လှေဆိပ်အရောက် ဒေသအာဏာပိုင်များက ဖမ်းဆီးလိုက်ကြောင်း သိရသည်။

ကေအိုင်အေဗိုလ် ဆရာဝန်ယောဟန်သည် ပူတာအိုခရိုင် ကေအိုင်အို၏ တပ်ရင်း ၇ ရှိသည့် ထိန်နန်ကျေးရွာမှ ကျန်းမာရေးဌာန ဆေးပေးခန်းအတွက် မြစ်ကြီးနားရှိ ‘ဆောင်းဟေမန်’ ဆေးဆိုင်မှ တနှစ်စာ ဝယ်လာသည့် ဆေးများကို သယ်ဆောင်ရန် စက်လှေပေါ် ရှိနေစဉ် နအဖ စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အမှတ် (၁) ရဲစခန်းမှ တပ်ဖွဲ့ဝင်များပါ ၇ ဦးက နံနက် ၉ နာရီခန့်တွင် ဖမ်းဆီးယူငင်သွားခြင်း ဖြစ်သည်။
KIO
’’ဆန်၊ ဆီ၊ ဆား၊ ဆေးဝါးပစ္စည်းတွေ၊ စားသုံးကုန်တွေကို ပုံမှန် သယ်သွားတာပဲ။ ဒီတပတ်ကျမှ ဘာဖြစ်လို့ တားမြစ်ထား၊ မသယ်ခိုင်းတာလဲ မသိဘူး။ နောက်နောင် အခုလိုမျိုး ဆေးဝါး၊ စားသုံးကုန်ပစ္စည်းတွေ သယ်ဆောင်တာ တွေ့ရင် စက်လှေရှင်နဲ့ ယာဉ်မောင်းကိုပါ ဖမ်းဆီးမယ်လို့ သတိပေးသွားခဲ့တယ်’’ ဟု အမည်မဖော်လိုသူ စက်လှေသမား တဦးက မဇ္ဈိမကို ပြောသည်။

ဆရာဝန် ယောဟန်က မိမိတို့ ဆေးပေးခန်းသည် မြစ်ကြီးနားမြို့သို့ သွားရေးလာရေး အခက်အခဲရှိပါသဖြင့် ဆေးဝါးပစ္စည်း တနှစ်စာ ဝယ်ယူကြောင်း ပြောကြားခဲ့ရာ၊ စရဖ နှင့် ရဲတပ်ဖွဲ့ဝင်များက အထက် ညွှန်ကြားချက်အရ ဖမ်းဆီးရကြောင်းနှင့် မည်သည့်ဆေးဝါး၊ အစားအစာများကိုမဆို သယ်ဆောင်ခွင့် တားမြစ်ထားကြောင်း ပြန်လည်ပြောကြားခဲ့သည်။

ဖမ်းဆီးယူငင်သွားသော ဆေးဝါးပစ္စည်းများအား ယခုအခါ မြစ်ကြီးနားမြို့ အမှတ် (၁) ရဲစခန်း၌ သိုလှောင်ထားကြောင်းနှင့် အထက်မှ ညွှန်ကြားချက် ရရှိမှသာ ပြန်လည်ထုတ်ပေးမည်ဖြစ်ကြောင်း သိရသည်။

ထို့အပြင် မည်သို့သောကြောင့် ဆေးဝါးများ ဖမ်းဆီးရသည်ကို ကေအိုင်အိုဘက်က စစ်အစိုးရထံ မေးမြန်းထားသော်လည်း ယခုထိ အကြောင်းပြန်ကြားခြင်း မရှိသေးကြောင်းလည်း သိရသည်။

နယ်ခြားစောင့်တပ် အသွင်ကူးပြောင်းရေးနှင့် စပ်လျဉ်း၍ စစ်အစိုးရနှင့် ကေအိုင်အိုအကြား သဘောတင်းမာမှု၊ စစ်ရေးပြင်ဆင်မှုများ ပြုလုပ်နေသည့် အချိန်ဖြစ်သောကြောင့် သယ်ဆောင်ခွင့် မပြုခြင်းဖြစ်ကြောင်း အကဲခတ်သူများက ပြောကြားကြသည်။

နယ်ခြားစောင့်တပ်အရေး လာမည့်လ ၁ ရက်နေ့တွင် နောက်ဆုံးထား အကြောင်းပြန်ရန် စစ်အစိုးရက ကေအိုင်အိုကို ပြောဆိုထားပြီး ဖြစ်သည်။



နောက်ဆုံး

ကရင်ပါတီ ကြံ့ဖွံ့နှင့် ပူးပေါင်းဆောင်ရွက်ရန် အသင့်
မဇ္ဈိမသတင်းဌာန | တနင်္လာနေ့၊ သြဂုတ်လ ၃၀

ရန်ကုန် (မဇ္ဈိမ)။ ။ ကရင်ပြည်သူ့ပါတီသည် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ၏ မဟာမိတ်အသွင်ကို ဆောင်ကြောင်း ပါတီဥက္ကဋ္ဌ ဦးထွန်းအောင်မြင့်က ပြောသည်။

”ပြည်ခိုင်ဖြိုးက စနစ်တကျဖွဲ့ထားတဲ့ ပါတီလေ။ သူတို့က အင်အားလည်း ကောင်းတယ်။ သူတို့လုပ်မယ့် မူဝါဒတွေက ကျနော်တို့အတွက် လက်မခံနိုင်စရာ မရှိဘူး။ ဒါ့ကြောင့် ပြည်ခိုင်ဖြိုးဟာ ကျနော်တို့အတွက် ပြိုင်ဘက်လည်း မဟုတ်ဘူး။ လက်တွဲဆောင်ရွက်စရာတွေရှိရင် လက်တွဲဆောင်ရွက်ဖို့ အသင့်ရှိတယ်” ဟု ကရင်ပြည်သူ့ပါတီ Karen People’s Party မှ ဦးထွန်းအောင်မြင့်က မဇ္ဈိမကို ပြောသည်။

ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ်အခြေပြု ကရင်ပါတီတွင် အငြိမ်းစား စစ်မှုထမ်းများနှင့် အငြိမ်းစား အစိုးရဝန်ထမ်းဟောင်းများ အဓိက ပါဝင်ကာ ပါတီဝင် ၆ဝဝဝ နီးပါး ရှိနေပြီဟု ပါတီခေါင်းဆောင်များက ပြောသည်။

အတွင်းရေးမှူး စောစေးဝါး (အငြိမ်းစား ဗိုလ်မှူး)၊ ဒုဥက္ကဋ္ဌ (၂) စောအေးကို (အငြိမ်းစား ဗိုလ်မှူးကြီး)၊ ဥက္ကဋ္ဌ ဦးထွန်းအောင်မြင့် (အငြိမ်းစား ဒုဗိုလ်မှူးကြီး)၊ ဒုဥက္ကဋ္ဌ (၁) ဒေါက်တာစောဆိုင်မွန်သာတို့ကို ယင်းပါတီရုံးရှိရာ ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ်ရုံးတွင် တွေ့ရစဉ်။

သူတို့က နိုဝင်ဘာ ၇ ရက်နေ့တွင် ကျင်းပမည့် ရွေးကောက်ပွဲသည် လွတ်လပ်၍ တရားမျှတမှု ရှိလိမ့်မည်ဟု ယုံကြည်နေကြသည်။

ရွေးကောက်ပွဲတွင် ပါတီအမတ်လောင်းများ အရွေးခံရလျှင် ကရင်ပြည်နယ်အတွင်းရှိ မငြိမ်သက်မှုများကို နှိမ်နင်း ဆောင်ရွက်မည်ဟု ပါတီအတွင်းရေးမှူး စောစေးဝါးက ပြောသည်။

”ဒီမိုကရေစီဟာ ချက်ချင်းမရနိုင်ဘူး။ တပ်မတော်အနေနဲ့ အခုလို ရွေးကောက်ပွဲ ကျင်းပတာဟာ စစ်တပ်ပုံစံ စနစ်တကျ ခွါစစ်ဆင်တာမျိုးလို့ ကျနော်မြင်တယ်။ ပြည်သူတွေအတွက် ကျနော်တို့အနေနဲ့ လူတန်းစားကွာဟမှု မရှိစေဖို့တော့ ဆောင်ရွက်သွားမယ်။ လူတန်းစားကွာဟမှု မရှိဘူးဆိုတဲ့နေရာမှာ ပညာရေး၊ ကျန်းမာရေး စတဲ့ ကိစ္စတွေ ပါတယ်” ဟု သူက ပြောသည်။

ကရင်ပြည်သူ့ပါတီသည် လွှတ်တော်ကိုယ်စားလှယ်လောင်း အရေအတွက် ၄ဝ ကျော် တင်ခဲ့ကြောင်း ပါတီဝင်တဦးက ပြောသည်။

ရန်ကုန်တွင် တိုင်းရင်းသားရေးရာ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ပါတီဥက္ကဋ္ဌ ဦးထွန်းအောင်မြင့် (အငြိမ်းစား ဒုဗိုလ်မှူးကြီး)၊ တောင်ငူအမျိုးသားလွှတ်တော် ကိုယ်စားလှယ်အဖြစ် အတွင်းရေးမှူး စောစေးဝါး (အငြိမ်းစား ဗိုလ်မှူး)၊ တွံတေးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ဒုဥက္ကဋ္ဌ (၂) စောအေးကို (အငြိမ်းစား ဗိုလ်မှူးကြီး)၊ ဒုဥက္ကဋ္ဌ (၁) ဒေါက်တာစောဆိုင်မွန်သာက ဧရာဝတီတိုင်း ကရင်ရေးရာလွှတ်တော် ကိုယ်စားလှယ်အဖြစ် ဝင်ရောက်အရွေးချယ်ခံမည်။

စစ်အစိုးရက ထူထောင်ခဲ့သော ကြံ့ဖွံ့ပါတီနှင့် ဖက်လဲတကင်း လုပ်လိုမှုအပေါ် ပါတီဝင်အချို့က ကြိုက်နှစ်သက်မှု မရှိကြောင်း ထုတ်ဖော်ပြောဆိုကြသည်။
=================================
ကုန်