သတင်းတွေ ဖတ်ဖို့ ခေါင်းစဉ် သို့ မဟုတ် Read More ကိုသာ လိုက်ရှာပြီး နှိပ်ပါလေ

Tuesday, November 9, 2010

2010 Nov 8

Uncensored Burma - Daily News ( 2010 Nov 8)

ဒီကေဘီအေ ဘုရားသုံးဆူရှိ အစိုးရ ရုံးများကို ထိန်းထားပြီ

တနင်္လာနေ့၊ နိုဝင်ဘာလ 08 - လွတ်လပ်သော မွန်သတင်းအေဂျင်စီ

ဘုရားသုံးဆူမြို့ ရပ်ကွက် (၄) တွင် တိုးတက်သော ကရင်ဗုဒ္ဓဘာသာ တပ်မတော် (ဒီကေဘီအေ)နှင့် မြန်မာစစ်တပ်တို့ တိုက်ပွဲ ဖြစ်ပွားပြီးနောက် ဆေးရုံ၊ အက်စ်ပီရုံးနှင့် သစ်တောရုံးကို ဒီကေဘီအေမှ ထိန်းထားသည်ဟု မြို့ခံများက ပြောသည်။

တိုက်ပွဲကြောင့် မြန်မာစစ်တပ်ဘက်မှ နှစ်ဦး ကျဆုံးပြီး တစ်ဦး ဒဏ်ရာ ရရှိသွားသည်ဟု မြို့ခံတစ်ဦးက ပြောသည်။

တိုက်ပွဲမှာ မိနစ် (၂၀) ခန့် ကြာပြီး လက်နက်ကြီး အချက် (၂၀) ခန့်နှင့် လက်နက်ငယ် အချက် ပေါင်းများစွာ ပစ်ခတ်ကြသည်ဟုလည်း အခြားမြို့ခံတစ်ဦးက ပြောသည်။

၎င်းတိုက်ပွဲကြောင့် အက်စ်ပီရုံးနှင့် သစ်တောရုံးကြားရှိ ဓါတ်ဆီဆိုင်၊ ပြန်ကြားရေးရုံး နှင့် သစ်ထုတ်ရုံးများ မီးလောင်လျက်ရှိသည်။

တိုင်တစ်ရာကျောင်းတွင် ကျင်းပသည့် ကထိန်ပွဲမှ လူများလည်း လက်နက် ပစ်ခတ်သံကြောင့် ပြေးလွားနေကြသည်ဟု မြို့ခံတို့က ပြောသည်။

ဒေသခံ ပြည်သူများမှာလည်း မိမိရပ်ကွက်မှ အခြားရပ်ကွက်သို့ သွားခြင်းကို မြန်မာစစ်တပ်မှ တားမြစ်ခဲ့ပြီး လမ်းသွားသူများကိုလည်း ပစ်မိန့် ထုတ်ထားသဖြင့် မည်သူ့မှ လမ်းမထွက်ရဲကြကြောင်း မြို့ခံများက ပြောသည်။

မြို့ပြင်တွင် ကေအန်ယူတပ်များက မြို့တွင်း အခြေအနေကို စောင့်ကြည့်နေပြီး မြို့တွင်းသို့ ဝင်ရောက်လာခြင်း မရှိသေးကြောင်း သိရသည်။

ကရင် ဒီကေဘီအေနှင့် စစ်အစိုးရ တပ်များ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေ

2010-11-08 RFA

ထိုင်းမြန်မာနယ်စပ်၊ မြဝတီမြို့မှာ ဖြစ်ပွားနေတဲ့ စစ်အစိုးရတပ်တွေနဲ့ ဒီကေဘီအေတပ်ဖွဲ့တွေရဲ့ တိုက်ပွဲတွေကြောင့် မဲဆောက်မြို့ကို ထွက်ပြေး ရောက်ရှိလာသူ နှစ်သောင်းခွဲကျော် ရှိနေပြီလို့ ဒီဒုက္ခသည်တွေကို အကူအညီပေးနေတဲ့ ပြည်သူ့ စေတနာ့ဝန်ထမ်းအသင်းက ကိုမြတ်မင်းက ပြောပါတယ်။

လက်ရှိ အခြေအနေအရ စစ်ပြေးဒုက္ခသည် ၂၇,၅၀၀ လောက်ဟာ မယ်တော်ဆေးခန်း အလွန်က စစ်တပ်ဝင်းထဲမှာ ရောက်ရှိနေပြီး ကျန်းမာရေး မကောင်းတဲ့ ဒုက္ခသည်တွေကို ထိုင်းကျန်းမာရေးဌာန ဆေးရုံကြီးနဲ့ ပူးပေါင်းပြီး ကုသပေးနေတယ်လို့ သူက ပြောပါတယ်။ မဲဆောက်မြို့ထဲမှာ ကားတွေနဲ့ လှည့်ပြီး ဒုက္ခသည်တွေအတွက် စားနပ်ရိက္ခာ အလှူခံနေရာမှာ လောက်ငတဲ့အပြင် ပိုတောင် ပိုသေးတယ်လို့ ကိုမြတ်မင်းက RFA ကို ပြောပါတယ်။

တပ်ခ်ခရိုင် အုပ်ချုပ်ရေးမှူးရဲ့ အဆိုအရ စစ်အစိုးရကို တိုက်နေတဲ့ ဗိုလ်မှူး နှုတ်ခမ်းမွေးကို DKBA ၉ သုံးလုံးတပ်က အပစ်ရပ်ဖို့ ကြားဝင် စေ့စပ်ပေးနေတယ်လို့ ဆိုပါတယ်။

စေ့စပ်ဆွေးနွေးမှု မအောင်မြင်ခဲ့ရင် ဒီကနေ့ ညနေပိုင်းမှာ တိုက်ပွဲတွေ ပိုပြီး ဖြစ်လာနိုင်တယ်လို့ ခရိုင်အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

ဒီကနေ့ ညနေပိုင်းက ရတဲ့ သတင်းတွေအရ မြဝတီမြို့တွင်းကို ဝင်လာတဲ့ DKBA ကားနှစ်စီးကို စစ်အစိုးရတပ်တွေက တိုက်တယ်လို့ ထိုင်းစစ်တပ်က ပြောပါတယ်။ တချိန်တည်းမှာပဲ ဒီကနေ့ မနက် ၁၁ နာရီလောက်က ဘုရားသုံးဆူမြို့တွင်းမှာလည်း DKBA နဲ့ စစ်အစိုးရတပ်တွေ တိုက်ပွဲတွေ ဆက်ဖြစ်ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး လွတ်လပ်တဲ့ မွန်သတင်းအေဂျင်စီက မကြဲလိုက ခုလိုပြောပါတယ်။ လောလောဆယ်ရရှိထားတဲ့ သတင်းတွေအရ မြန်မာဖက်က ၄ ဦးကျ၊ ၃ ဦး ဒဏ်ရာရပြီး ဆေးရုံမှာ ရောက်နေတယ်လို့ သိရပါတယ်။ ဆေးရုံကိုလည်း DKBA က ထိန်းထားထားတယ်လို့ ဆိုပါတယ်။ ရပ်ကွက် ၄ မှာ DKBA က ဗိုလ်အေဝမ်းက စပစ်ပြီး အဲဒီကနေ အက်စ်ဘီရုံး၊ သစ်တောရုံးတွေကို သူတို့ ထိန်းထားတယ်လို့ သူက ပြောပြပါတယ်။

DKBA အင်အား ၁၀၀ လောက်ပဲ ရှိပြီး မြို့တွင်းနေရာတချို့ကို ထိန်းထားတာ ဖြစ်တယ်လို့ ဆိုပါတယ်။ စစ်အစိုးရတပ် အင်အားက ၈၀ လောက်ပဲ ရှိပြီး ပင်မကုန်း၊ နဂါးတောင်နဲ့ ဘုရင်နောင်ကုန်းတွေမှာ တပ်စွဲထားပြီး မြို့တွင်းကို ဝင်ရောက်ခြင်း မရှိဘူးလို့ သိရပါတယ်။

ဒီကေဘီအေနဲ့ စစ်အစိုးရတပ်တွေအကြား ပစ်ခတ်မှုတွေကြောင့် ထိုင်းနိုင်ငံဖက်ကို လက်နက်ကြီးတွေ ကျတာ ရှိပေမဲ့ မြန်မာနိုင်ငံဖက်ကို တန်ပြန်ပစ်ခတ်မှု မလုပ်ဖို့ ထိုင်းတပ်တွေကို ညွှန်ကြားထားတယ်လို့ ဗန်ကောက်ပို့စ် သတင်းစာမှာ ဒီနေ့ ရေးထားပါတယ်။ သေနတ်သံတွေကြောင့် နယ်စပ်တလျှောက် အန်ဂျီအိုတွေ ဖွင့်လှစ်ထားတဲ့ မြန်မာအလုပ်သမား ကလေးတွေရဲ့ ကျောင်းတွေကို ပိတ်ဖို့ ထိုင်းအာဏာပိုင်တွေက ညွှန်ကြားထားတယ်လို့လည်း သိရပါတယ်။

မဲဆောက်မြို့စာသင်ကျောင်းတကျောင်းက ဆရာမတဦးကို RFA က ဆက်သွယ် မေးမြန်းခဲ့ပါတယ်။ လက်နက်ကြီးတွေ ကျနေလို့ နယ်စပ်နဲ့ နီးတဲ့ ကျောင်းတွေက ကြောက်လန့်ပြီး ပိတ်ကြတာ ဖြစ်ပြီး CTC ဆိုတဲ့ အထက်တန်းကျောင်းကြီးလည်း ပိတ်တဲ့အထဲမှာ ပါဝင်ကြောင်း ဆရာမက ပြောပါတယ်။

ဒီကေဘီအေနဲ့ စစ်အစိုးရတပ်တွေအကြား တိုက်ပွဲတွေဟာ လနဲ့ချီပြီး ကြာနိုင်တယ်လို့ထိုင်းအစိုးရက သတိပေးလိုက်ပါတယ်။ မြန်မာနိုင်ငံဖက်က ထိုင်းနိုင်ငံကို ဝင်ရောက်လာတဲ့ ဒုက္ခသည်တွေကို ကူညီဖို့လည်း ထိုင်းနိုင်ငံက အဆင်သင့် ရှိတယ်လို့ ထိုင်းဝန်ကြီးချုပ် အာဘီးဆစ်က ပြောပါတယ်။

အခုနောက်ဆုံးရတဲ့ ထပ်မံသတင်းအရ ဒီကေဘီအေ တပ်ရင်းတွေနဲ့ စစ်အစိုးရတပ်တွေအကြား မြဝတီမြို့ထဲမှာ ဆက်လက် တိုက်ပွဲဖြစ်နေပြီး ဒီညမှာ တိုက်ပွဲ ပိုပြင်းထန်ဖို့ ရှိတယ်လို့ RFA က စုံစမ်းသိရပါတယ်။ စစ်အစိုးရ တပ်မ ၂၂ လက်အောက်ခံ တပ်ရင်း ၁၀ ရင်းလောက်က အင်အား ၁၀၀၀ လောက်ဟာ မြဝတီမြို့ဖက်ကို ဦးတည်လာနေတဲ့အတွက် ဒီကေဘီအေ တချို့တပ်တွေနဲ့ ကော့ကရိတ်ဘက်မှာ တိုက်ပွဲငယ်တွေ ဖြစ်နေတယ်လို့ သိရပါတယ်။

ဒီအေဘီအေ တပ်ရင်း ၉၀၂ ဟာ မြဝတီမြို့တွင်းမှာ ရှိနေပြီး ကျန်တဲ့တပ်တွေဟာ မြဝတီမြို့တွင်းနဲ့ မြို့ပြင်မှာ ဖြန့်ကျက်ထားပါတယ်။ တပ်ရင်း ၉၀၇ ကတော့ မြဝတီမြို့ပြင်နဲ့ တခြားနေရာတွေမှာ ဖြန့်ကျက်ထားတယ်လို့ သိရပါတယ်။ ဒီနေ့ တနေကုန် တိုက်ပွဲဖြစ်နေပြီး ညဖက်မှာ တိုက်ပွဲ ပိုပြင်းထန်မယ်လို တွက်ချက်ထားကြောင်း ဒီကေဘီအေ တပ်မှူး ဗိုလ်မှူး စောကျော်သက်က ပြောပါတယ်။

ဒီကေဘီအေ တပ်တွေနဲ့ ပုံမှန် အဆက်အသွယ် ရှိနေတဲ့ အေဘီအက်စ်ဒီအက်ဖ် ကျောင်းသားတပ်မတော် တပ်မှူး ခင်ကျော်က မနေ့က ရွေးကောက်ပွဲနေ့မှာ မြဝတီကို ဝင်တိုက်တာဟာ ကြိုတင်ပြင်ဆင်ပြီးမှ တိုက်တာ ဖြစ်တယ်လို့ RFA ကို ပြောပါတယ်။

“ညနေ ၅ နာရီမှာတော့ ဒီ မြဝတီ တမြို့လုံးနီးပါးကိုတော့ DKBA က အကုန်လုံး ဝင်ပြီးတော့၊ အခု ကျွန်တော် နောက်ဆုံးရတဲ့ အခြေအနေကတော့ ညနေ ၅ နာရီဝန်းကျင်လောက်မှာ တချို့ အစိုးရ အဆောင်တွေကို မီးရှို့ပစ်လိုက်တယ်လို့ အဲလို သတင်းရတယ်လေ။ ဒီမှာ လေ့လာမိသလောက်ကတော့ ဒီကိစ္စက နိုင်ငံရေးအရ နည်းနည်း ပတ်သက်နေတယ်လို့ ထင်တယ်။ ဘာ့ကြောင့်ဆိုတဲ့အခါကျတော့ ဘော်ဒါဂတ်ကိစ္စတွေ၊ ပြီးတဲ့အခါကျတော့ ကျွန်တော်တို့ အရင် ရွေးကောက်ပွဲကိစ္စတွေ၊ ရွေးကောက်ပွဲကိုလည်း သူတို့က ထောက်ခံတာမဟုတ်ဖူး၊ ဘော်ဒါဂတ်ကိုလည်း လက်ခံတာ မဟုတ်ဖူး။”

“နောက်တခုက တနိုင်ငံလုံးအရေးနဲ့လည်း ပတ်သက်နေတယ်၊ ပြည်သူတွေ ဆင်းရဲဒုက္ခရောက်နေတယ်၊ ပြီးတဲ့အခါကျလို့ ရှိရင် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း သူတို့က ထောက်ခံတယ်။ အဖွဲ့အားလုံးနဲ့လည်း သူတို့ ဆက်လုပ် သွားမယ်ဆိုတဲ့အကြောင်း၊ ဒီ တချို့အမြင်တွေမှာကတော့ ကိုယ်ကျိုးစီးပွားအရ ဖြစ်တယ်လို့ မြင်ပေမဲ့ ကျွန်တော်ကတော့ အဲလိုမမြင်ဘူး၊ ဒီဥစ္စာ တနိုင်ငံလုံးနဲ့ ပတ်သက်တဲ့ကိစ္စတခုကို ဗိုလ်မုတ်သုန်အဖွဲ့က လုပ်တယ်လို့ ကျွန်တော်က အဲလိုပဲ ယုံကြည်နေတယ်လေ။”

စစ်အစိုးရတပ်မ ၂၂ အပြင် မော်လမြိုင်ဖက်က နောက်ထပ် စစ်ကူတွေလည်း မြဝတီဖက်ကို ဦးတည် လာနေတယ်လို့ သိရပါတယ်။ မြဝတီမှာ ဖြစ်ပွားတဲ့ တိုက်ပွဲတွေမှာ အကျအဆုံး ရှိတယ်လို့ ကြားသိရပေမဲ့ အတည်ပြုချက် မရရှိပါဘူး။ ဒါ့အပြင် မြန်မာ စစ်အစိုးရတပ်က အရာရှိတဦး အပါအဝင် ၈ ဦး ကို DKBA က ဖမ်းမိထားတယ်လို့ သတင်းရရှိပါတယ်။

ဖမ်းဆီးရမိထားသူဟာ ဗိုလ်ကြီးသက်နိုင် ဆိုသူဖြစ်ပြီး RFA က ဆက်သွယ် မေးမြန်းခွင့် ရခဲ့ပါတယ်။

သုံ့ပန်း ဗိုလ်ကြီး သက်နိုင်နှင့် ဆက်သွယ်မေးမြန်းချက်။

အသံဖိုင်ယူရန်

ဘုရားသုံးဆူတိုက်ပွဲကြောင့် ဒေသခံတစ်သောင်းခန့်တိမ်းရှောင်နေရ

By နိုင်ကွန်းအိန် တနင်္လာ, 08 နိုဝင်ဘာ 2010

ထိုင်းမြန်မာနယ်စပ်မြို့ဖြစ်တဲ့ ဘုရားသုံးဆူမြို့ကို ဒီကေဘီအေတပ်ဖွဲ့တွေက ဒီကနေ့ နံနက်မှာပဲ ၀င် ရောက်သိမ်းပိုက်ခဲ့တယ်လို့ ဆိုပါ တယ်။ မြို့ကို စီးနင်းသိမ်းထားတဲ့ ဒီကေဘီအေတပ်ဖွဲ့တွေဟာ ရွေးကောက်ပွဲကိုဆန့်ကျင်တဲ့အတွက် ပြုလုပ်ရတယ်လို့လည်းဆိုပါတယ်။ ဒီညပိုင်းမှာ တိုက်ပွဲ အပြင်း အထန်ဖြစ်လာမယ့် အခြေအနေအတွက် ရွာသားတစ်သောင်းခန့် မွန်ပြည်သစ်ထိမ်းချုပ်ဧရိယာထဲကို တိမ်းရှောင်နေကြတယ်လို့လည်းဆိုပါတယ်။ မွန်ကယ်ဆယ်ရေးနဲ့ဖွံ့ဖြိုးရေးကော်မီတီအနေနဲ့ လတ်တလောဖြစ်တဲ့အခြေအနေကြောင့် နေရာချထားပေးဖို့ စီစဉ်နေဆဲလို့လည်း ဆိုပါတယ်။

ဒီအခြေအနေကိုတော့ စုံစမ်းထားတဲ့ ထိုင်းအခြေစိုက်သတင်းထောက်နိုင်ကွန်းအိန်က ဆက်ပြီးပြောပြပေးပါ့မယ်။

ဒီကေဘီအေ (၉၀၇)တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးစောနော်တာရာဦးစီးတဲ့တပ်ဖွဲ့တွေဟာ အခုအချိန်ထိ ထိုင်းမြန်မာနယ်စပ် ဘုရားသုံးဆူ မြို့ကိုဝင်စီးထားခဲ့ပြီးလို့ ဒေသခံတွေကပြောပါတယ်။ ဒီကေဘီအေ တပ်ဖွဲ့တွေဟာ ဒီညမှာ ထိုးစစ်ဆင်ဖို့ ကြိုတင်ပြင်ဆင်နေပြီးလို့ မြို့ခံတစ်ဦးက အခုလိုပြောပါတယ်။

“အခုသုံးဆူတမြို့လုံး ကရင်ကသိမ်းလိုက်ပြီလေ။ တချို့အစိုးရစခန်းတွေမီးရှို့တယ်။ အခုက ဒီည စစ်တပ်က သူတို့ကိုပြန်တိုက်မယ်ဆိုလို့ စိုးရိမ်ပြီးတော့ ရွာသားထိမှာကြောက်လို့ ရွာသားတွေကို ည(၈)နာရီခွဲမတိုင်ခင် မြို့ပြင်ထွက်ပေးပါတဲ့။ သူတို့ကမြို့ထဲကနေ ခံချမှာ”

ဒု-ဗိုလ်မှူးကြီးစောနော်တာာရာ ဦးစီးတဲ့ဒီကေဘီအေ(၉၀၇)တပ်ဖွဲ့တွေဟာ နယ်ခြားစောင့်တပ်အသွင် ပြောင်းဖို့ လက်မခံတဲ့အဖွဲ့ဖြစ်တဲ့ ဗိုလ်မှူးချုပ်စောလားဗွယ်နဲ့ စိတ်တူသဘောတူဖြစ်သူတစ်ဦးလို့လည်း သတင်းထွက် ပေါ်နေပါတယ်။ အခုလို မြ၀တီမြို့တိုက်ပွဲနဲ့ ဘုရား သုံးဆူမြို့တိုက်ပွဲဟာ အချိန်နဲ့ တပြေး ညီဖြစ်နေတယ်လို့ စစ်ရေး အကဲခတ်တဲ့သူတွေကဆိုပါတယ်။ ဘုရားသုံးဆူမြို့တွင်း တိုက်ပွဲ အခြေ အနေနဲ့ ပတ်သက်လို့ ဒီကေဘီအေဘက်က စစ်ဘက်အရာရှိတစ်ဦးကို ဆက်သွယ်မေးမြန်း ခဲ့ရာမှာ အခုလိုပြောပါတယ်”

“(၁၁)နာရီ(၁၅)မိနစ်မှာဖြစ်တယ်၊ အခုထိဘဲပေါ့။ အခုထိ တိုက်ပွဲဟာမပြီးသေးဘူး၊ ဟိုမြို့တွင်း မှာရှိတယ်။ ကျနော်တို့လူတွေက ပြီးတော့ ကျနော်တို့ လက်နက်ရတာ အားလုံးပေါင်း(၉)လက်ရှိပြီး န.အ.ဖဘက်က အလောင်း (၂) လောင်းတွေ့တယ်။ အဲဒီမှာ၊ မြို့ထဲပတ်ဝန်းကျင် ရယ်၊ စ.ရ.ဖ ရုံးရှေ့ရယ် မြို့တွင်း ဒီချက်ပွိုင့်နားအကုန်လုံးပဲ”

ဗိုလ်မှူးကြီးစောနော်တရာဦးစီးတဲ့ ဒီကေဘီအေတပ်ဖွဲ့ဟာ နယ်ခြားစောင့်တပ်ကိုလည်း လက်မခံ စစ်အစိုးရကျင်းပတဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်လို့ မြို့သိမ်းတယ်လို့ ပြောပါတယ်။ ဒီကေဘီအေတပ် နောက်ကွယ်ကနေ ကေအန်ယူခေါ် ကရင်အမျိုးသား အစည်းအရုံး လက် အောက်ခံ တပ်ရင်း(၁၆)ကနေ စစ်ရေးအကူအညီ ပေးနေတယ်လို့ ထိုင်းစစ်တပ်နဲ့ နီးစပ်သူတစ်ဦးကပြောပါတယ်။ မြန်မာစစ်တပ်တွေ ကတော့ တပ်ကုန်းအထက်မှာပဲအသင့်နေရာယူထားပြီး ညနေပိုင်းအထိတော့ စစ်ဆင်ရေးမပြုလုပ် သေးဘူးလို့ ဒေသခံတွေကပြောပါတယ်။

အဲဒီလို တိုက်ပွဲကြောင့် ဘုရားသုံးဆူမြို့နဲ့ အနီးဝန်းကျင်ရွာက လူတစ်သောင်းကျော် အိုးအိမ်ကို စွန့်ခွာထွက်ပြေးနေရတယ်လို့ ရွာသား တွေကပြောပါတယ်။ စစ်ဘေးလွတ်ရာ ထွက်ပြေးလာတဲ့ ရွာသားတွေကို ထိုင်းစစ်တပ် အာဏာပိုင်တွေက ထိုင်းနယ်မြေထဲကို ၀င်ခွင့် မပေးဘူးလို့လည်း စစ် ပြေးဒုက္ခသည်တစ်ဦးက ပြောပါတယ်။ အခုထွက်ပြေးလာတဲ့ဒုက္ခသည်တွေဟာ မွန်ပြည်သစ်ပါတီ အခြေခံ စခန်း ဖြစ်တဲ့ ဂျပန်ရေတွင်း ကျေးရွာနဲ့ ဘုန်းကြီးကျောင်းတွေမှာပဲ ယာယီနေထိုင် နေကြပါတယ်။

ထွက်ပြေးလာတဲ့စစ်ပြေးဒုက္ခသည်တွေအတွက် နေရာချထားရေးကိစ္စနဲ့ပတ်သက်ပြီး မွန်ကယ်ဆယ်ရေးနဲ့ ဖွံ့ဖြိုးရေးကော်မီတီ နိုင်ဗညားအိန်ကို ဆက်သွယ်မေးမြန်းခဲ့ရာမှာ မနက်ဖန်မှသူတို့တတွေကို နေရာချထားပေးဖို့ အစီအစဉ်လုပ်နေတယ်လို့ ပြောပါတယ်။

အလားတူမြ၀တီမြို့မှာ ဒီကေဘီအေတပ်တွေနဲ့ စစ်အစိုးရတို့ တိုက်ပွဲဖြစ်ပွားခဲ့လို့ ထိုင်းနယ်စပ်ဘက်ကို စစ်ပြေးဒုက္ခသည် တစ်သောင်း လောက် ထွက်ပြေးလာတယ်လို့ သတင်းထွက်ပေါ်နေပါတယ်။ ဒါပေမဲ့ ဒုက္ခသည်တွေကို အကူညီပေးနေတဲ့ တီဘီဘီစီအဖွဲ့ကတော့ ဒီနေ့ နေခင်းပိုင်းမှာ စစ်ပြေး (၆၀၀၀) လောက် ရောက်ရှိနေပြီး ဒီနေ့အတွက်တော့ စစ်ပြေးဒုက္ခသည် (၉၀၀၀) လောက်ရောက်လာမယ်လို့ ခန့်မှန်းထားပါတယ်ခင်ဗျား။

DKBA နဲ့ မြန်မာစစ်တပ်ကြား တိုက်ပွဲပြင်းထန်၊ ဒုက္ခသည် သောင်းနဲ့ချီ ထိုင်းဘက်ထွက်ပြေး

By မအေးအေးမာ တနင်္လာ, 08 နိုဝင်ဘာ VOA

ထိုင်း-မြန်မာနယ်စပ်ဖြစ်တဲ့ ကရင်ပြည်နယ် မြ၀တီမြို့မှာ နယ်ခြားစောင့်တပ်ကို လက်မခံတဲ့ DKBA တပ်သားတွေက ရွေးကောက်ပွဲကို လက်မခံကြောင်း ပြသတဲ့ အနေနဲ့ စစ်အစိုးရ ရုံးတွေကို မနေ့က ၀ိုင်းခဲ့ကြပြီး ဒီမနက် စောစောမှာတော့ DKBA နဲ့ မြန်မာစစ်တပ်အကြား တိုက်ပွဲတွေ ဖြစ်ပွားခဲ့တဲ့အတွက် သေဆုံး ဒဏ်ရာရသူတွေ ရှိခဲ့ကြပါတယ်။ အခုထိဆိုရင် အနည်းဆုံး အရပ်သား ၂၀ သေဆုံးပြီး ဒဏ်ရာရသူ ဦးရေဟာလည်း ၅၀ ကျော်သွားပြီ ဖြစ်ပါတယ်။ ဒါ့အပြင် ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးလာသူတွေလည်း သောင်းနဲ့ချီပြီး ရှိနေပါတယ်။ ဒီအခြေအနေတွေကို ထိုင်းနယ်စပ်ကနေ တောက်လျှောက် စောင့်ကြည့် သတင်းယူနေတဲ့ မအေးအေးမာက တင်ပြပေးထားပါတယ်။

ထိုင်း၊ မြန်မာနယ်စပ် မြ၀တီမြို့မှာတော့ ဒီနေ့မနက် ၈ နာရီကျော် အချိန်လောက်ကစပြီး စစ်အစိုးရတပ်တွေနဲ့ DKBA တပ်တွေ ပစ်ခတ်မှုတွေကြောင့် အရပ်သားတွေ စိုးရိမ်ထိတ်လန့်မှုတွေ ဖြစ်ရပြီး ပြေးလွှားရင်း သေဆုံးမှုတွေ၊ ထိခိုက်ဒဏ်ရာ ရရှိမှုတွေ ရှိခဲ့ပါတယ်။ ပြေးလွှားနေရတဲ့ မြ၀တီမြို့ခံတဦး ပြောပြတာကတော့…

“မနက်ကတော့ စဖြစ်ပြီး ပစ်ခတ်နေကြတော့ လူတွေက ဆိုင်ကယ်တွေနဲ့ သွားကြလာကြတာပေါ့။ သွားလာနေကြတော့ လက်နက်ကြီးတွေက တောကလာလိုက်၊ တောင်ကလာလိုက်ဆိုတော့ မှန်ကြတာပေါ့။ ကြံ့ခိုင်ရေးရုံးရှေ့မှာတောင် ဆိုက်ကားနင်းနေတဲ့ လူ ၂ ယောက် ပွဲချင်းပြီး သေသွားတယ်၊ အစပါ ပျောက်သွားတယ်။ ရုံးတွေ၊ အဆောက်အဦးတွေ တော်တော်များများလည်း ထိခိုက်ပျက်စီးကုန်ပြီ။ ၁၂ နာရီလောက်တုန်းက ၁၀ မိနစ်၊ ၁၅ မိနစ်လောက် သူတို့တွေ နားလိုက်ပြီး အခု ပြန်ချတယ်။

“အခု ၂ ဂိတ်မှာ တော်တော်လေးကို အခြေအနေ ဆိုးနေတယ်။ လက်နက်ကြီးသံတွေ ကြားနေရတယ်။ တချို့ကလည်း လက်နက်သံတို့၊ တိုက်ပွဲသံတို့ အတွေ့အကြုံ မရှိဘူးလေ။ အခုက လက်နက်ကြီးသံဆိုတော့ ပိုပြီးတော့ စိုးရိမ် ကြောင့်ကြနေကြတာပေါ့။”

မြ၀တီမြို့မှာတော့ ဟေမန်ဦး၊ တောရကျောင်း၊ မွန်ကျောင်း စတဲ့ ဘုန်းကြီးကျောင်းတွေ ရှိရာကို လူထုတွေက ပြေးလွှား ခိုလှုံလာတဲ့ အခါမှာ စစ်တပ်ဘက်က ဘုန်းကြီးကျောင်းတွေရှိရာ နေရာကို တပ်စွဲလာတာကြောင့် လူထုတွေအနေနဲ့ စိုးရိမ်ပြီး ပြန်လည် ထွက်ပြေးနေရကြောင်း၊ မနက်ပိုင်းမှာလည်း လူငယ်တွေကို စစ်တပ်က ပေါ်တာဆွဲတယ် ဆိုတဲ့ သတင်းတွေကြောင့် လူငယ် အများအပြားလည်း ပြေးလွှား ပုန်းခိုခဲ့ရတယ်လို့ ဆိုပါတယ်။

“ဘုန်းကြီးကျောင်းထဲမှာ စစ်ပြေးဒုက္ခသည်တွေ ရှိတဲ့နေရာကို တပ်ကလာတော့ ပိုပြီး စိုးရိမ်ရတာပေါ့။ သူတို့ရှိတော့ မလုံခြုံတော့ဘူးပေါ့။ သူတို့ ပစ်ခတ်တဲ့အခါ လူထုကို ထိနိုင်တာပေါ့။ အဲဒါကြောင့် သူတို့လာတော့ ပိုလန့်တာပေါ့။ သူတို့က အကာအကွယ် လာလုပ်ပေးတာလား၊ ဒါမှမဟုတ် သူတို့ပဲ လာကာကွယ်နေတာလားတော့ မပြောတတ်ဘူး။

“တွေ့ရတာ တချို့ကတော့ ပြေးကုန်ပြီ။ ပထမ ဟေမန်ဦး ဘုန်းကြီးကျောင်းထဲမှာ ဒုက္ခသည် ၂၀၀၊ ၃၀၀ လောက်ရှိတယ်။ အခု တပ်တွေလည်း နေရာယူလာရော ဒုက္ခသည် ၅၀ လောက်ပဲ ရှိတော့တယ်။ မနက် ၁၀ နာရီ၊ ၁၁ နာရီလောက်တုန်းက လူငယ်တွေ ပြေးကြတာ အကြီးအကျယ်ပဲ။ တပ်ကနေ ပေါ်တာဖမ်းတော့ အကြီးအကျယ် ပြေးကြတာ၊ ၂၀ ကျော် ကလေးတွေ။”

နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးကို လက်မခံရာက စလို့ ၂၀၁၀ ရွေးကောက်ပွဲကို ဆန့်ကျင် ဆန္ဒပြတဲ့ အနေနဲ့ မနေ့က တိုက်ပွဲတွေ ဖော်ဆောင်ခဲ့တဲ့ DKBA အဖွဲ့ဟာ ရွေးကောက်ပွဲအတွင်း မဲမသမာမှုတွေနဲ့ မတရားမှုတွေ ရှိတာကြောင့် သူတို့ဟာ မြန်မာစစ်အစိုးရကို တိုက်ပွဲတွေ ဆက်ဆင်နွှဲနေရဦးမှာ ဖြစ်ကြောင်း စစ်ဦးစီးချုပ် ဗိုလ်မှူးကြီး နှုတ်ခမ်းမွေးက အခုလို ပြောပါတယ်။

“ချနေတုန်းပဲ၊ တပ်တွေကတော့။ ဘယ်လိုလုပ်မလဲ၊ အခု တအောင့်နေရင် ထပ်ဖြစ်လို့ အလားအလာတော့ ရှိတယ်။ ပြည်သူလူထုလည်း မထောက်ခံဘူးလေ၊ မတရားတဲ့ အလုပ်တွေ၊ ဒီမဲဆန္ဒနယ်မှာ မရိုးမသားနဲ့။ ပြည်သူ့သဘောမှ မတူဘဲဟာ၊ အဲဒီရွေးကောက်ပွဲက။ မတရား၊ မစစ်မမှန်ဘူးလေ။ အဲဒီမှာ အာဏာအရှိန်နဲ့ မဲကို ထည့်ခိုင်းတယ်။ တချို့က မထည့်ချင်ဘဲ ထည့်ရတယ်။ ကျနော်တို့ တိုင်းရင်းသားအားလုံးပါ မကဘူး၊ အဲဒီမှာ ကိုယ်ချင်းစာတရား မရှိဘဲနဲ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အကျဉ်းချထားတာ၊ အဲဒါလည်း မတရားဘူးလေ။ မတရားတဲ့ဟာတော့ ကျနော်တို့က ပြည်သူ့တပ်မတော်ဆိုတော့ ပြည်သူရဲ့ အသက်အိုးအိမ် စည်းစိမ်ကို ကျနော်တို့က ခုခံ ပြန်တိုက်ရမှာပေါ့။”

မကြာသေးခင်တုန်းကပဲ အပစ်အခတ် ရပ်စဲရေး လုပ်ထားတဲ့ အဖွဲ့တွေ အပါအ၀င် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေဖြစ်တဲ့ ကချင်၊ မွန်၊ ရှမ်း၊ ကရင်၊ ကရင်နီ စတဲ့အဖွဲ့တွေ စစ်ရေးအရ မဟာမိတ် လုပ်ထားကြပြီး တဖွဲ့ကို စစ်အစိုးရက တိုက်ခိုက်လာမယ်ဆိုရင် တဖွဲ့နဲ့တဖွဲ့ အကူအညီပေးပြီး တိုင်းရင်းသား နယ်မြေတိုင်းမှာ တိုက်ပွဲတွေ ဖော်ဆောင်မယ်ဆိုပြီး ကတိက၀တ် ပြုခဲ့ကြပါတယ်။

ဒီဆွေးနွေးမှု ကတိက၀တ် ပြုတဲ့အထဲမှာ စစ်ဦးစီးချုပ် ဗိုလ်မှူးကြီး နှုတ်ခမ်းမွေး ဦးဆောင်တဲ့ DKBA အဖွဲ့လည်း ပါဝင်ပါတယ်။ သူတို့ဟာ ၂၀၁၀ ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း ဖော်ထုတ်မယ်ဆိုပြီး ပြောခဲ့ကြပါတယ်။

ရွေးကောက်ပွဲ လုပ်တဲ့နေ့မှာတော့ တခြား တိုင်းရင်းသား နယ်မြေတွေမှာ သေနတ်သံတွေ မကြားရပါဘူး။ မနေ့ကတော့ ကရင်ပြည်နယ်အတွင်းမှာ တိုက်ပွဲတွေ ဖြစ်ခဲ့ပြီး DKBA ဘက်ကတော့ သူတို့ရဲ့ သဘောထားကို ပြသခဲ့ခြင်းလည်း ဖြစ်ပါတယ်။ တိုက်ပွဲတွေနဲ့ လက်နက်ကြီးဒဏ်တွေကြောင့် ဒီနေ့မှာတော့ လူ ၂၀ ထက်မနည်း သေဆုံးမှု ရှိခဲ့ပြီး လူ ၅၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း မြ၀တီ ဆေးရုံဘက်က သတင်းရရှိပါတယ်။ အခုအခါမှာတော့ ထိုင်း၊ မြန်မာ နယ်စပ်ကို ထွက်ပြေး တိမ်းရှောင်လာတဲ့ ဒုက္ခသည် အရေအတွက်ဟာ ၁၀,၀၀၀ နီးပါးရှိပြီ ဖြစ်ပါတယ်။

ဒီကနေ့ ထိုင်း၊ မြန်မာနယ်စပ် မြ၀တီမြို့မှာ DKBA ကရင်စစ်တပ်နဲ့ မြန်မာတပ်တွေအကြား ပြင်းပြင်းထန်ထန် တိုက်ပွဲဖြစ်ပွားခဲ့တဲ့ နောက်ဆုံး အခြေအနေတွေကို ထိုင်းနယ်စပ်ကနေ တောက်လျှောက် စောင့်ကြည့် သတင်းယူခဲ့တဲ့ မအေးအေးမာ ပြောပြခဲ့တာ ဖြစ်ပါတယ်။

ဒီလို ထိုင်း၊ မြန်မာနယ်စပ် မြ၀တီမြို့မှာ ဖြစ်နေတဲ့ ပြင်းထန်တဲ့ တိုက်ပွဲတွေကြောင့် ထိုင်းနိုင်ငံဘက်ကိုလည်း ရိုက်ခတ်မှုတွေ ရှိနေပါတယ်။ အထူးသဖြင့် လက်နက်ကြီးအချို့ ထိုင်းဘက်ကို ကျရောက်ခဲ့တာကြောင့် ထိုင်းနိုင်ငံသားအချို့ အပါအ၀င် အထိအခိုက်တွေ ရှိခဲ့တယ်လို့ သိရပါတယ်။ ထိုင်းနယ်ခြား တလျှောက်မှာ ထိုင်းလုံခြုံရေး တပ်ဖွဲ့တွေ အပြည့် နေရာယူထားပါတယ်။ ထိုင်းအစိုးရ အနေနဲ့ကတော့ အန္တရာယ်ရှိနေတဲ့ နေရာတွေကနေ သူ့နိုင်ငံသားတွေကို လွတ်ကင်းရာ ပြောင်းရွှေ့ပေးနေတယ်လို့ ထိုင်းနိုင်ငံခြားရေးဌာန ပြောခွင့်ရသူ ပတီနန်က ဗွီအိုအေ မြန်မာပိုင်းကို အခုလို ပြောပြပါတယ်။

“ထိုင်းနိုင်ငံသားတွေ လုံခြုံ ဘေးကင်းရေးအတွက် ထိုင်းစစ်တပ်နဲ့ ပြည်ထဲရေးဌာနက တာဝန်ရှိသူတွေ ပူးတွဲပြီး ဆောင်ရွက်နေပါတယ်။ အန္တရာယ်ဖြစ်နိုင်တဲ့ နေရာတွေက ထိုင်းနိုင်ငံသားတွေကို ရွှေ့ပြောင်းပေးနိုင်ဖို့ စီစဉ်နေကြပါတယ်။”

တိုက်ပွဲတွေကြောင့် မြ၀တီမြို့ဘက်ကနေ လူပေါင်း သောင်းနဲ့ချီပြီး ထိုင်းနိုင်ငံဘက်ကို ထွက်ပြေး တိမ်းရှောင်လာကြပါတယ်။ ထိုင်းနိုင်ငံဘက်ကတော့ ဒီလူတွေကို ၀င်ရောက်ခွင့် ပေးထားပါတယ်။ လူသားချင်း စာနာမှု အခြေခံပေါ်မှာ ကူညီသွားတာ ဖြစ်ပေမဲ့ ပုံမှန်အခြေအနေ ပြန်ရောက်ရင်တော့ ဒီလူတွေကို ထိုင်းနိုင်ငံက လက်ခံမှာ မဟုတ်ဘူးလို့ ထိုင်းနိုင်ငံခြားရေးဌာန ပြောခွင့်ရသူက အခုလို ဆက်ပြီး ပြောခဲ့ပါသေးတယ်။

“တချိန်တည်းမှာပဲ မြန်မာပြည်ဘက်က လူတော်တော်များများ ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးလာတာမျိုး နယ်စပ်ဖြတ်ကျော် လှုပ်ရှားမှု သတင်းတွေလည်း ရနေပါတယ်။ သူတို့ကို နေရာတနေရာမှာ ထားဖို့ အာဏာပိုင်တွေဘက်က စီစဉ်နေပါတယ်။ ဒီလူတွေ လုံခြုံဘေးကင်းဖို့လည်း လူသားချင်း စာနာမှု ကူညီရေး အဖွဲ့တွေ စေလွှတ်ထားပါတယ်။ လူသားချင်း စာနာမှု အခြေခံပေါ်မှာ ဒီလူတွေကို ယာယီအားဖြင့် ခိုလှုံနေထိုင်ခွင့် ပေးသွားပါမယ်။ ဒါပေမဲ့လည်း ပုံမှန်အခြေအနေ ပြန်ရောက်သွားရင်တော့ ဒီလူတွေကို နေရပ် ပြန်ပို့မှာပါ။”

ထိုင်းနိုင်ငံခြားရေးဌာန ပြောခွင့်ရသူ ပတီနန် ပြောသွားတာ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံအနေနဲ့ အခြေအနေတွေကို စောင့်ကြည့် လေ့လာနေတုန်းပဲ ရှိပြီး ဒုက္ခသည် မြန်မာနိုင်ငံသားတွေကို ကူညီပေးရုံကလွဲလို့ အခြား တုံ့ပြန်မှုတော့ ဘာမှ မရှိသေးပါဘူး။

အခုဆိုရင် ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် မအေးအေးမာဟာ ထိုင်းနယ်စပ်ကို ထွက်ပြေးလာကြတဲ့ ဒုက္ခသည်တွေကြားကို ရောက်နေပါတယ်။ သူ့ကို အခုတွေ့နေရတဲ့ ဒုက္ခသည်တွေရဲ့ မြင်ကွင်းနဲ့ နောက်ဆုံးအခြေအနေတွေကို မေးကြည့်ခဲ့ပါတယ်။

မအေးအေးမာရေ… အဲ့ဒီမှာ အခု ဒုက္ခသည်တွေ ဘယ်လိုပုံစံရှိနေလဲ ပြောပြပါဦးရှင့်။

“အခု ကျမရောက်ရှိနေတဲ့ နေရာက ဒုက္ခသည်တွေကို ထားတဲ့ ထိုင်းနယ်ခြားစောင့်တပ်ရဲ့ ၀င်းထဲမှာ ဖြစ်ပါတယ်။ အခုဆိုရင် ဒုက္ခသည်တွေက နေ့ခင်း ၁၂ နာရီကျော်က စပြီး နယ်စပ်မှာ လက်နက်ကြီးတွေနဲ့ အရမ်း ပစ်လွန်းအားကြီးတဲ့အတွက် ထိုင်းနိုင်ငံဘက်ကို ကူးပြောင်းလာတာ အခုဆိုရင် ဒုက္ခသည်ဦးရေဟာ ၃၀,၀၀၀ လောက် ရှိသွားပါပြီ။ အခုလည်း လာနေဆဲပါပဲ။

“ဒုက္ခသည်တွေက အခု ရရာ ဖျာတို့၊ စောင်တို့ ဆွဲပြီးတော့သာ လာနေကြတယ်။ သူတို့မှာလည်း စိုးရိမ်သောကတွေနဲ့၊ နောက်တခါ စားစရာ ဘာညာ ဆိုတာလည်း မရသေးဘူး။ အခုလောလောဆယ် အခြေအနေမှာ ထိုင်းစစ်တပ်ဘက်က သူတို့ကို ထိုင်းစစ်တပ်ဝင်းမှာ နေရာထိုင်ခင်း ပေးနေပါတယ်။ ဒါပေမဲ့ နေရာထိုင်ခင်းကတော့ လုံလောက်မယ်လို့ မယူဆရပါဘူး။ တော်တော်လေး ဒုက္ခသည်တွေ များတဲ့အတွက် ဒီညဆိုရင် အိပ်ဖို့အတွက်တောင် အခက်အခဲရှိမယ်လို့ ယူဆရတယ်။”

မအေးအေးမာ ရှင်းပြသွားတာ ဖြစ်ပါတယ်။

မြ၀တီမြို့ ဒီကေဘီအေ နဲ့ မြန်မာစစ်တပ်ကြား တိုက်ပွဲနောက်ဆုံးအခြေအနေ

By မအေးအေးမာ တနင်္လာ, 08 နိုဝင်ဘာ VOA

မြ၀တီမြို့ရဲ့ နောက်ဆုံးအခြေအနေကတော့ လက်နက်ကြီးသံတွေ စဲသွားခဲ့ပေမဲ့ လက်နက်ငယ်တွေ ကတော့ ပစ်ခတ်နေဆဲပဲလို့ ဆိုပါတယ်။

တိုက်ပွဲသံ -

မီးလောင်တဲ့နေရာတွေ ရှိနေကြသလို လူတွေကလည်း ပုန်းအောင်နေဆဲပဲလို့ ပြောကြပါတယ်။ ဒီကေ ဘီအေ တပ်မှူးတဦး ပြောပြတာ ကတော့ - “အခုလေ ကျနော်တို့နေတဲ့ အနီးတ၀ိုက်မှာတော့ သူတို့ ထွက်ပြေးဖို့ မလွယ်တဲ့အတွက်ကြောင့် ကျနော်တို့နေတဲ့ အနီးတ၀ိုက်မှာ အကုန်လုံး ရှိတယ်နော်။ ကျနော်တို့နေတဲ့ အနီးတ၀ိုက်က ပစ်ကွင်းတွေဆိုတော့ အဲဒီအိမ်တွေမှာ ပြေးဖို့မလွယ်ဘူး။”

အခုဆိုရင် ကလိုထူးဖောဗျူဟာက ၀လေစခန်းကို လာတဲ့ စစ်အစိုးရဘက်က စကခ (၈) ဗျူဟာ (၃) က ဗိုလ်ကြီးသက်နိုင်ကို ဒီကေဘီအေ ဘက်က စစ်ဆေးဖို့ရှိတာကြောင့် ဖမ်းဆီးထားပြီး ဒီကေဘီအေ တပ်ထဲမှာပဲ ထိန်းချုပ်ထားခဲ့ပါတယ်။ ဒါ့အပြင် တပ်ခွဲမှူးအဆင့် ရှိသူတွေ အပါအ၀င် မြန်မာစစ်တပ်ရဲ့ ရဲဘော်တချို့ကိုလည်း ထိန်းသိမ်းထားမှုတွေ ရှိနေပါ တယ်။ ခ.လ.ရ (၃၅၆) စစ်တပ်အတွက် ရိက္ခာ လာပို့တဲ့ ကားတစီးကိုလည်း ဒီကေဘီအေဘက်က ဖမ်းဆီးထားတယ်ဆိုပြီး အခုလို ပြောပြပါတယ်။

“ရိက္ခာပို့တဲ့ကားလေ တံတားကို ဒီနေ့ဖြတ်လို့ ကျနော်တို့ ဖမ်းထားတယ်။ သူတို့က ရန်သူကို ထောက်ပံ့ တာဆိုတော့ ကျနော်တို့ရဲ့ ရန်သူလို့ သတ်မှတ်လို့ရတယ်။ ဒါပေမဲ့ သူတို့ကို ရန်သူလို့ မသတ်မှတ်ပါ ဘူးနော်။ ကျနော်တို့ အေးအေးဆေးဆေး ခေါ်သွားပါတယ်။ သူတို့က ရန်သူကို ရိက္ခာသွားပို့တော့ သူတို့က ရန်သူကို သတင်းပေးမှာစိုးလို့ ကျနော်တို့ ဖမ်းထားတယ်နော်”

ဒီနေ့မနက် ၃ နာရီအချိန်လောက်မှာတော့ ကြံ့ခိုင်ဖွံ့ဖြိုးရေးမဲရုံး၊ မွန်ကျောင်းမဲရုံး၊ ရပ်ကွက် ၄ မဲရုံးတွေ နေရာမှာ မဲရုံစောင့်တဲ့ ဆရာ၊ ဆရာမတွေကို မြန်မာစစ်တပ်ဘက်ကနေ လာရောက် ခေါ်ဆောင်သွားခဲ့ တာကြောင့် ဒီနေ့နေ့ခင်းမှာ တိုက်ပွဲတွေဖြစ်ပြီးတဲ့အချိန်မှာတော့ မိသားစုတွေအနေနဲ့ တကွဲတပြားစီ ဖြစ်နေကြပြီး တဦးနဲ့တဦး စိုးရိမ်ပူပန်မှုတွေလည်း ဖြစ်ပေါ်နေကြပါတယ်။ ထိုင်း-မြန်မာနယ်စပ် မဲဆောက်ဘက်အခြမ်းက နယ်ခြားစောင့်တပ်ဘက်ကို လာတဲ့ ဒုက္ခသည်တွေကတော့ ည မိုးချုပ်တဲ့ အထိကို လာနေဆဲပဲဖြစ်ပါတယ်။ ဒုက္ခသည်အရေအတွက်ဟာ အခုဆိုရင် ၄ သောင်းကျော်သွားပြီလို့ သိရပါတယ်။

မြဝတီမြို့ နှင့် ဘုရားသုံးဆူ တိုက်ပွဲအခြေအနေများ (မြန်မာစံတော်ချိန် ၁ နာရီခွဲမှ ၄ နာရီခွဲ)

နော်နိုရင်း DVB

မြဝတီမြို့

မြဝတီမြို့ပေါ်က ကုန်းပေါ်မှာ ဒီကေဘီအေ တပ်ဖွဲ့ဝင်တွေက နေရာယူတိုက်ခိုက်နေတယ်လို့ ဗိုလ်မှူးချုပ် နှုတ်ခမ်းမွေးက ပြောပါတယ်။ တိုက်ပွဲက ၁၂ နာရီလောက်မှာ ရပ်သွားပြီး အခုညနေပိုင်း ၁ နာရီခွဲလောက်မှ တိုက်ပွဲပြန်စပြီး မဲဆောက်ချစ်ကြည်ရေးတံတားထိပ်ကိုတော့ နအဖတပ်ဘက်က နေရာပြန်ယူလိုက်တယ်ပြီလို့ သိပါတယ်။ ဒီကေဘီအေနဲ့ တိုက်ပွဲဝင်နေတဲ့ နအဖတပ်ကတော့ ခမရ ၃၅၇ ဖြစ်ပါတယ်။

အဲဒီ တပ်ကတော့ မြဝတီမြို့နဲ့ အနီးအနားက ကျေးရွာကနေ ထွက်ခိုင်းပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုတွေ ပြုလုပ်နေတယ်လို့ ဒီကေဘီအေတပ်ဗိုလ်တဦးက ပြောပါတယ်။ ဒီကေဘီအေတပ်ဖွဲ့ဝင်တွေကို ကေအန်အယ်အေနဲ့ ဗိုလ်ချုပ်ထိန်မောင် ဦးဆောင်တဲ့ ကေအန်ယူ ကေအန်အယ်အေ တပ်ဖွဲ့ဝင်က အပြင်ကနေ ပါဝင်ပံ့ပိုးပေး နေတယ်လို့ တပ်မဟာ ၇ တပ်ရင်း ၁ဝ၁ မှူး ဗိုလ်မှူးကြီးဖောဒိုက အတည်ပြုပြောဆိုပါ တယ်။

ဒီမနက်ပိုင်းမှာလည်း နယ်ခြားစောင့်တပ်ဖွဲ့သွားတဲ့ ဗိုလ်မှူးမောသိုဦးဆောင်တဲ့ အင် အား ၄ဝ လည်း ဒီကေဘီအေ ဗိုလ်မှူးချုပ်နှုတ်ခမ်းမွေးတပ်နဲ့ ပူးပေါင်းတိုက်ခိုက်နေတယ် လို့လည်း သိရပါတယ်။

အခုချိန်မှာတော့ ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ မြတီဘက်က လူ တသောင်းလောက် ထွက်ပြေးတိမ်းရှာလာပြီလို့လည်း စုံစမ်းသိရပါတယ်၊

ဘုရားသုံးဆူ အခြေအနေ

ဘုရားသုံးဆူမြို့

နေ့ခင်း ၂ နာရီခွဲလောက်မှာ ဒီကေဘီအေဘက် အမှတ် ၉ဝ၆ က ဗိုလ် အေဝမ်းကို မေးမြန်းချက်အရ သူတို့တပ်ဖွဲ့ဝင်တွေ မြို့ပေါ်မှာ ရှိတဲ့ အစိုးရရုံးခြောက်ရုံးကို မီးရှို့ဖျက်စီးလိုက်ပြီလို့ ပြောပါတယ်။ အဲဒီမှာဒီကေဘီအေဘက်က တပ်ဖွဲ့ ဝင် ၂ဝဝ ခန့် တိုက်ခိုက်တဲ့အတွက် နအဖတပ် ဘက်တပ်တွေ ပြန်ဆုတ်ခွာပြီးလို့ သိရပါတယ်။ ဒီကေဘီအေ တပ်ဖွဲ့ဝင်တွေနဲ့အတူ ဗိုလ် ချုပ်ထိန်မောင်ဦးဆောင်တဲ့ ကေအန်ယူ ကေအန်အယ်အေ ငြိမ်းချမ်းရေးကောင်စီက တပ်ဖွဲ့ဝင်တွေလည်း ပူးပေါင်းပါဝင်တိုက်ခိုက်တယ်လို့ သိရပါတယ်။ ညနေ ၄ နာရီ ဆက်သွယ်မေးမြန်းချက် မြဝတီမြို့ အမှတ် ၁ ရပ်ကွက် ရဆကသအးမယောင် ဘုန်းကျောင်းမှာ လက်နက်ကြီးကျဉ်စံကျလို့ မီးလောင်နေပြီး ဘုန်းကြီးကျောင်းအတွင်းမှာ လူတွေ ခိုအောင်းနေထိုင်ကြတယ်လို့ သိရပါတယ်။ ထိခိုက်သေဆုံးမှုတွေ မသိရသေးပါဘူး။ အဲဒီမှာတော့ နအဖတပ်တွေ တော်တော်များများ လမ်းပေါ်မှာ ပြည့်နေပြီး သက်ကြီးရွယ် အိုတခိျု့ရယ် ကလေးငယ်ရှိတဲ့သူတွေက အဲဒီထဲမှာ ပိတ်မိနေတယ်လို့ သိရပါတယ်၊ နောက်ထပ်ဝင်လာတဲ့ သတင်းတခုအရ ဗိုလ်မှုးချုပ်နှုတ်ခမ်းမွေးက သူတို့ နီးစပ်တဲ့ မြဝတီမြို့ခံလေးဦးကို နအဖတပ်ဘက်က သတ်လိုက်ပြီလို့ ပြောပါတယ်။ ဒါဟာ နအဖဘက်က စစ်ရာဇဝတ်မှု ကျူးလွန်နေတဲ့ သဘောသက်ရောက်နေပါတယ်။ ဘုရားသုံးဆူမြို့ရဲ့ အခု ညနေပိုင်းအခြေအနေမှာ နအဖတပ်ဘက်က ဆုတ်ခွာပေးလိုက်တဲ့အတွက် အချင်းချင်းပစ်ခတ်မှုတွေ ရပ်လိုက်ပြီလို့ ဒီကေဘီအေ တပ်ဗိုလ်တဦးက ပြောပါတယ်။

ဘုရားသုံးဆူတိုက်ပွဲ အခြေအနေ (မြန်မာစံတော်ချိန် ၂ နာရီ ၃ဝ မိနစ်)

နော်နိုရင်း ၈ နိုဝင်ဘာ ၂ဝ၁ဝ - DVB

ဘုရားသုံးဆူဒေသမှာ နအဖနဲ့ ဒီကေဘီအေ ဒီကနေ့ မနက် ၁၁ နာရီမှာ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ တိုက်ပွဲဖြစ်ပွားမှုအခြေအနေတွေကို ဒီကေဘီအေ ၉ဝ၆ တပ်ရင်းရဲ့ ဗိုလ်အေဝမ်းနဲ့ နော်နိုရင်း ဆက်သွယ်မေးမြန်းထားပါတယ်။

ဘုရားသုံးဆူဘက်မှာ တိုက်ပွဲနောက်ဆုံးအခြေအနေ ပြောပြပေးပါလားရှင်။

တိုက်ပွဲနောက်ဆုံးအခြေအနေက လောလောဆယ် ဘာမှ ထူးခြားမှုမရှိသေးဘူး။ အခုလောလော ဆယ်သူတို့ တပ်ကုန်းမှာ သူတို့နေရာ ပြန်ယူထားတယ်။ ကျနော်တို့ ပြန်ခုခံလို့ သူတို့ ပြန်ဆုတ်သွားတာပဲ။ အခုကြားနေရတာ ဘာအသံတွေလဲ။ အခုက လက်နက်ငယ်အသံတွေပဲ။

အခုလက်ရှိ ဘုရားသုံးဆူရဲ့ ဘယ်နေရာတွေကို အစ်ကိုတို့ တက်ပြီးတော့ သိမ်းနေပြီလဲရှင့်။

သူတို့ မြို့နယ်မှာရှိတဲ့ အက်စ်ဘီရုံး၊ သစ်တောရုံး၊ မြို့နယ် ဌာနဆိုင်ရာရုံးတွေကို ကျနော်တို့ ဝင်သိမ်း လိုက်တာပေါ့။ မြို့နယ်မှာ လုံခြုံရေးယူထားတဲ့နေရာ ကျနော်တို့ အကုန်လုံး ဝင်သိမ်းလိုက်တာပေါ့။

ဝင်သိမ်းလိုက်ပြီဆိုတော့ အကိုတို့ဘက်က အကျအဆုံးနဲ့ သူတို့ဘက်က အကျအဆုံး ဘယ် လောက်ရှိပြီလဲ။

ကျနော်တို့ဘက်က အကျအဆုံးမရှိဘူး။ အခုလောလောဆယ် တိုက်ပွဲဖြစ်တဲ့နေရာမှာ သူတို့ ဆီက လက်နက်ရတယ်။ ပြီးတော့ အလောင်းတလောင်းကျန်ခဲ့တယ်။

အစ်ကိုတို့နဲ့ တိုက်နေတဲ့ နအဖ တပ်က ဘယ်တပ်လဲရှင့်။

ကျနော်တို့နဲ့ တိုက်နေတာက ခမရ ၂၈၃ ပါ။

ခမရ ၂၈၃ က အင်အား ဘယ်လောက်ရှိသလဲရှင့်။

သူတို့အင်အားက ၁ဝဝ ကျော်ကျော်လောက်ရှိပါတယ်။

အစ်ကိုတို့ အက်စ်ဘီရုံး၊ စရဖ ရုံးတို့ တက်သိမ်းတာ အခုလက်ရှိ မီးရှို့တာတွေ လုပ်လားရှင့်။

ဟုတ်ကဲ့။ ရှိတဲ့ဌာနဆိုင်ရာတွေကို မီးအကုန်ရှို့လိုက်တယ်။ ဘာဖြစ်လို့လဲဆိုတော့ မရှို့လို့မရဘူး။ စာရင်းဇယားတွေ ကျနော်တို့လှန်လိုက်တဲ့အခါမှာ ကျနော်တို့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအားလုံးကို ဖောက်ခွဲရေးလုပ်တယ်ဆိုပြီး မကောင်းတာတွေ ရေးထားတဲ့အခါကျတော့ အရင်က သူတို့အထက်ကို တင်ပြတာရှိရင် ရှိမှာပေါ့။ ကျနော်တို့အထက်က လူကြီးတွေက ညွှန်ကြားထားတာကြောင့် မီးရှို့လိုက်တာပဲ။”

အကုန်လုံး မီးလောင်ကုန်သွားပြီလား။

သူတို့ရှိသမျှရုံး ၆ ရုံးလုံး အကုန်လုံး မီးလောင်ကုန်ပြီ။

သူတို့ရုံး ၆ ရုံးမီးလောက်သွားတာ ဘယ်ရုံးတွေလဲ ပြောပြပါလား။

အခုဏ ကျနော်ပြောတဲ့ရုံးတွေပေါ့။ ဆောက်လုပ်ရေးရုံး၊ ပြန်ကြားရေးရုံး၊ အက်စ်ဘီရုံး၊ စစ်သားရုံး၊ ဘာသာရေးရုံး၊ လမ်းလေးခွရုံးတွေပေါ့။

အဲ့ဒီရုံးတွေ အကုန်လုံး မီးရှို့ ဖျက်ဆီးလိုက်ပြီနော်။

အကုန်လုံး မီးရှို့ ဖျက်ဆီးလိုက်ပြီ။ အဲ့တော့ ဘုရားသုံးဆူမြို့တမြို့လုံးကို သိမ်းနိုင်ပြီလို့ ပြောနိုင်လားရှင့်။ ကျနော်တို့ စခန်းအထိကို တက်သိမ်းနိုင်တဲ့ အနေအထားရှိပါတယ်။ ဒါပေမယ့် အခုလောလောဆယ် မြို့တမြို့လုံးကို သိမ်းနိုင်တဲ့ အတိုင်းအတာရှိတာပေါ့။ ဒီမြို့က အားလုံးကို ကိုယ်ဝင်စီးနိုင်လိုက်တယ်လေ။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့အင်အားများတယ် ၂ဝဝ ကျော်တောင်မှကိုး။ သူတို့အားလုံး အင်အား ၁ဝဝ ကျော်ပဲရှိတယ်၊ သူတို့စခန်းရဲ့လုံခြုံရေးပဲရမယ်။ အခုတောင်မှ သူတို့ စခန်းထဲမှာပဲနေတယ်။ မြို့သိမ်းတယ်ဆိုရင်တော့ ရတာပေါ့။ စခန်းကတော့ မသိမ်းနိုင်သေးဘူး။ မြို့တော့ သိမ်းရတဲ့ အနေအထားတော့ ရှိတာပေါ့။

နော်နိုရင်း။ ။ အခုလက်ရှိတိုက်ပွဲဝင်နေတဲ့အချိန်မှာ တခိျု့ကေအန်ယူဘက်က ဝင်ရောက် ပူးပေါင်း တိုက်ခိုက်နေတယ်လို့ ကြားသိရတယ်။ အဲ့ဒါ ဟုတ်ပါသလားရှင့်။

ကေအန်ယူအဖွဲ့ဘယ်အဖွဲ့မှမရှိဘူး။ ကျနော်တို့ပါသွားတာ အားလုံးမှာ ငြိမ်းချမ်းရေးကောင်စီရယ်၊ ကျနော်တို့ ဒီကေဘီအေ ၉ဝ၁၊ ၉ဝ၆ အားလုံးပါဝင်တာပေါ့။

နော်နိုရင်း။ ။ ကေအန်ယူ တပ်ဖွဲ့ဝင်တော့ မပါဘူးပေါ့နော်။

ကေအန်ယူတပ်ဖွဲ့ဝင်တွေ မပါဘူး။ ပြည်သူလူထုလည်း သိပါတယ်။ ကျနော်တို့လည်း ပြည်သူလူထုနဲ့ မျက်နှာချင်းဆိုင်တွေ့ကြတာပဲ။

အခုလက်ရှိ မျက်နှာချင်းဆိုင် တိုက်ပွဲဖြစ်နေတဲ့အတွက်ကြောင့်မို့လို့ ဘုရားသုံးဆူက ပြည်သူလူထုတွေ ဘယ်လိုအခြေအနေတွေ ရှိနေသလဲရှင့်။

ကျနော်ကြည့်တာ ပြည်သူလူထုက ဇဝေဇဝါဖြစ်နေတာပေါ့။ လောလောဆယ်တော့ အေးဆေးပဲ။ ပြည်သူလူထု အနှောင့်အယှက်လည်း မဖြစ်ဘူး။

အခုဖြစ်နေတဲ့ ပုံစံကလည်း ပြည်သူလူထု ထိခိုက်မှုတစုံတရာမှ မရှိဘူးပေါ့။ သူတို့တတွေ ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးသွားတာမျိုးရှိလားရှင့်။

ထိုင်းနိုင်ငံဘက် အနည်းနဲ့အများ ထွက်ပြေးသွားတာ ရှိနိုင်ပါတယ်။ အများအားဖြင့် အိမ်ထဲမှာပဲရှိနေပြီးတော့ ပုန်းနေကြတာလား။ ဟုတ်ကဲ့။

ဘာကြောင့် ဘုရားသုံးဆူမြို့ကို ဝင်ရောက်တိုက်ပွဲဆင်ရသလဲဆိုတာ ပြောပြပေးပါလားရှင့်။

ကျနော်တို့အထက်က ညွှန်ကြားလို့လို့ ကျနော်တို့လုပ်တယ်။

အစ်ကိုတို့က စပြီးတော့ ဝင်ရောက်တိုက်ခိုက်တာနော်။

ဟုတ်ကဲ့ပါ။

အထက်က ညွှန်ကြားတယ်ဆိုပေမယ့် ညွှန်ကြားတဲ့ ရည်ရွယ်ချက်က ဘာလဲရှင့်။

အဲ့ဒါတော့ ကျနော်လည်း နားမလည်ဘူး။ သူတို့တောင်းဆိုမှု အပြန်အလှန် တခုခုတော့ ရှိမယ်။ ဘာဖြစ်လို့လဲဆိုတော့ အမျိုးသားရေး အခန်းကဏ္ဍပဲဖြစ်ဖြစ် ကျနော်တို့ ဒီကေဘီအေရဲ့ ရှေ့ဆက်ရမယ့် အခန်းကဏ္ဍတွေ ဖြစ်ဖြစ်ပေါ့။ သူတို့ တောင်းဆိုချက်အဆင်မပြေလို့ မြဝတီမှာလည်း တပ်က အရင်စပစ်တယ်။ ကျနော်တို့ ဒီမှာဝင်လာတာလည်း နအဖစစ်တပ်က အရင်စပစ်တာပဲ။

မြ၀တီမြို့တွင် တိုက်ပွဲဖြစ်ပွား

သန်းထိုက်ဦး Monday, 08 November ဧရာဝတီ

နအဖ စစ်တပ်နှင့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) တပ်မဟာ ၅ မှတပ်မဟာမှူး ဗိုလ်မှူးကြီး နှုတ်ခမ်းမွေး တပ်ဖွဲ့ဝင်များ ကရင်ပြည်နယ် မြ၀တီမြို့တွင် ယနေ့ နံနက် ၉ နာရီခန့်ကစ၍ တိုက်ပွဲဖြစ်ပွားနေကြောင်း သိရ သည်။

“မနက် ၉ နာရီမှာ ကျနော်တို့ကို စစ်အစိုးရ တပ်တွေက စပစ်တာပါ၊ အဲဒီတော့ ကျနော်တို့ရဲ့ ရဲဘော်တွေကို ပြန်ပစ်ဖို့ အမိန့် ပေးထားတယ်၊ စစ်အစိုးရ တပ်တွေ တဖြည်းဖြည်းနဲ့ ပိုများလာတယ်၊ ကြည့်ရတာ သူတို့က ကျနော်တို့နဲ့ ညှိနှိုင်းပုံမရဘူး”ဟု ဗိုလ်မှူးကြီး နှုတ်ခမ်းမွေးက ဧရာဝတီသို့ ပြောသည်။

ယမန်နေ့က ရွေးကောက်ပွဲ ကျင်းပနေစဉ်မှာပင် မြ၀တီမြို့နယ် ရဲစခန်းနှင့် နယ်စပ် ဂိတ်တချို့ကို DKBA တပ်ဖွဲ့ဝင်များက ၀ိုင်းထားခဲ့ခြင်းနှင့် ပတ်သက်၍ ယခုကဲ့သို့ ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း၊ ယမန်နေ့ကထက် ပိုမို တင်းမာနေကြောင်း သိရသည်။

မြ၀တီမြို့ခံတဦးက“တံတားထိပ်နဲ့ မြို့လယ်မှာ သေနတ်သံတွေ စကြားနေရတယ်၊ လက်နက်ကြီး အသံတွေတော့ မကြားရ သေးဘူး”ဟု ပြောသည်။

မြ၀တီ-မဲဆောက် ချစ်ကြည်ရေး တံတား ထိုင်းဘက်ထိပ်သို့ လက်နက်ကြီးကျည် တလုံး ကျရောက်သည့်အတွက် ထိုင်း အမျိုး သမီး တဦးဒဏ်ရာ ရရှိကြောင်း မျက်မြင် တဦးကပြောသည်။ ယင်းပစ်ခတ်မှုများကြောင့် အနည်းဆုံး ဒေသခံ ၇ ဦး ဒဏ်ရာ ရရှိ ကြောင်းလည်း သိရသည်။

လက်ရှိအခြေအနေအရ မြ၀တီမြို့၏ စစ်ရေးဗျူဟာ အချက်အချာကျသည့် နေရာများတွင် DKBA တပ်ဖွဲ့ဝင်များက နေရာ ယူထားကြောင်း၊ နေ့လယ်ပိုင်းတွင် နအဖ တပ်များက DKBA ကို တိုက်ခိုက်လာနိုင်ကြောင်း သတင်းများအရ သိရသည်။

အလားတူ ဘုရားသုံးဆူမြို့နယ်ရှိ စစ်အစိုးရတပ် ခြေလျင်တပ်ရင်း (ခလရ) ၂၈၄ နှင့် DKBA တပ်များ နှစ်ဘက် တင်းမာနေ ကြောင်း ဒေသခံတဦးက ပြောသည်။

“လက်ရှိ DKBA ကတော့ လက်နက်ခဲယမ်း အပြည့်အစုံနဲ့ သူတို့နေရာမှာ သူတို့ အသင့်နေရယူ ထားတယ်၊ စစ်အစိုးရတပ်တွေ ကလည်း အသင့်နေရာယူထားတယ်”ဟု ၎င်းက ဆိုသည်။ မြ၀တီမြို့အခြေအနေ ဆိုးရွားလာပါက ဘုရားသုံးဆူမြို့ကိုလည်း ၀င်ရောက် တိုက်ခိုက်နိုင်ကြောင်း ၎င်းက ဆိုသည်။

စစ်အစိုးရ ကမ်းလှမ်းထားသော နယ်ခြားစောင့်တပ်ကို DKBA တပ်ဖွဲ့ဝင် အများစုက ပြီးခဲ့သည့် ဇူလိုင် လကုန်ပိုင်းတွင် လက်ခံ ခဲ့ကြသော်လည်း ဗိုလ်မှူးကြီး နှုတ်ခမ်းမွေးကမူ ယင်း အစီအစဉ်ကို သဘောမတူသောကြောင့် ခွဲထွက်ခဲ့သည်။

ဗိုလ်မှူးကြီး နှုတ်ခမ်းမွေးသည် ကရင်ပြည်နယ် မြ၀တီမြို့နှင့် ကြာအင်းဆိပ်ကြီးမြို့နယ်များတွင် လှုပ်ရှားနေသော တပ်ဖွဲ့ဖြစ် သည်။ ၎င်းတပ်တွင် ခန့်မှန်းခြေ တပ်အင်အား ၁၀၀၀ ခန့် ရှိကြောင်း သိရသည်။

DKBA သည် ၁၉၉၅ ခုနှစ်တွင် KNU မှ ခွဲထွက်ပြီးနောက် စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲကာ တဖြည်းဖြည်း အင်အား ကြီး မား လာသည့် လက်နက်ကိုင် တပ်ဖွဲ့တဖွဲ့ဖြစ်သည်။

ကေအန်ယူက အရှိန်မြှင့် ကူညီမည်ဟု ဆို

နိုဝင်ဘာလ 08 ကျော်ခ

ချင်းမိုင် (မဇ္ဈိမ) ။ မြန်မာနယ်စပ် မြို့နှစ်မြို့တွင် စစ်အစိုးရတပ်များနှင့် တိုက်ပွဲဖြစ်နေသည့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် ဒီကေဘီအေကို အရှိန်မြှင့် ကူညီမည်ဟု ကရင်အမျိုးသား အစည်းအရုံး ကေအန်ယူက ပြောသည်။

ကရင်ပြည်နယ် မြဝတီမြို့တွင် စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ် စကခ ၁၉ လက်အောက်ခံတပ် အင်အား ၂၅ဝ ကျော်နှင့် ဒီကေဘီအေ တပ်မဟာ ၅ ဗိုလ်မှူးကြီး နှုတ်ခမ်းမွှေးတပ်များ ယနေ့နံနက် တိုက်ပွဲဖြစ်ခဲ့သလို၊ ဘုရားသုံးဆူတွင်လည်း ဒီကေဘီအေ တပ်ရင်း ၉ဝ၆ နှင့် ၉ဝ၇ က မြို့အချက်အခြာ နေရာများ၌ ဝင်ရောက် တပ်စွဲထားသည့်အပေါ် ကေအန်ယူဘက်က သဘောထားပေးခြင်း ဖြစ်သည်။

“တိုက်ပွဲအရှိန် မြင့်လာတာနဲ့အမျှ ကျနော်တို့ဘက်က မြှင့်ပြီး ဒီကေဘီအေကို ဆက်ပြီး ကူညီပေးတာပေါ့လေ” ဟု ကေအန်ယူ ဘားအံခရိုင် ဥက္ကဋ္ဌ ပဒိုစောအောင်မော်အေးက မဇ္ဈိမကို ပြောသည်။

မြဝတီတိုက်ပွဲများတွင် နအဖ စစ်တပ်ဘက်မှ တပ်သား ၂ဝ ဒီကေဘီအေ ၈ ဦး ဒဏ်ရာရသည်ဟု စစ်ဘက် သတင်းရပ်ကွက်က ပြောသည်။ သီးခြား အတည်ပြုချက် မရပါ။

ဘုရားသုံးဆူတွင် ကြေးနန်းနှင့် ဆက်သွယ်ရေးရုံး အပါအဝင် အစိုးရရုံး အဆောက်အဦး ၄ ခုကို မီးတင်ရှို့သည်ဟု ဒီကေဘီအေဘက်က ပြောသည်။

စစ်ဘက် လေ့လာသူများ အဆိုအရ နှစ်နေရာလုံးတွင် နယ်ခြားစောင့်တပ် အချို့က ဒီကေဘီအေနှင့် ပူးပေါင်းပါဝင်ကာ စစ်အစိုးရ တပ်များကို တိုက်ခိုက်သည်ဟု ပြောသည်။

ပူးပေါင်းသူများတွင် ဒီကေဘီအေ ဒုတပ်ရင်းမှူးဟောင်း ဗိုလ်မုတ်သုံမှာ ဗိုလ်မှူးကြီး စောလားပွယ်၏ ယောက်ဖဖြစ်ပြီး၊ အင်အား ထက်ဝက်ခန့်ဖြင့် နယ်ခြားစောင့်တပ်အဖြစ် နအဖ စစ်တပ် ကွပ်ကဲမှုအောက် ပြောင်းခဲ့သူဖြစ်သည်။

စကခ ၁၉ အောက်ရှိ အရာရှိတဦးကို ဆက်သွယ်မေးမြန်းရာ ဒီကေဘီအေများကို အပြတ်တိုက်ထုတ်ရန် နေပြည်တော်က အမိန့်ပေးထားသည်ဟု မဇ္ဈိမကို ပြောသော်လည်း အသေးစိတ်ဖြေရန် ငြင်းဆိုသည်။

စစ်အစိုးရတပ်များက ဒီကေဘီအေ တပ်များရှိရာ ကြံခင်းဘုန်းကြီးကျောင်းနှင့် အနီးတဝိုက် ထိုင်း-မြန်မာ ချစ်ကြည်ရေး တံတားအောက်တွင် နေရာယူထားကြသည်ကို တွေ့ရကြောင်း မြို့ခံတဦးက ပြောသည်။

တံတားအနီးရှိ အိမ်ရှင်တဦးက “အိမ်ထဲက ချောင်းကြည့်တော့ အပြင်မှာ စစ်သားတွေ ရောက်နေပြီ။ ဟိုဘက်မှာက ဒီကေဘီအေ တပ်တွေလည်း ရှိတယ်။ အပြင်ကို တယောက်မှ မထွက်ရဲဘူး။ ဘာတွေ ဖြစ်လာမလဲတော့ မသိဘူး” ဟု သူက ပြောသည်။

နှစ်နိုင်ငံ ပိုင်းခြားထားသော သောင်ရင်းမြစ်ကို ဖြတ်ကျော်ထွက်ပြေးလာသူ မြဝတီဘက်မှ စစ်ဘေး ဒုက္ခသည်များကို ထိုင်းနိုင်ငံ မဲဆောက်မြို့ရှိ စစ်တပ်ဝင်းအတွင်း ယာယီတဲများထိုးကာ နေရာချထားပေးသည်။ ဒုက္ခသည်ပေါင်း ၁ သောင်းကျော် ရောက်ရှိလာပြီဟု TNN ထိုင်းရုပ်သံသတင်းက ကြေညာသည်။

ဒုက္ခသည်များအတွက် ဒေသခံထိုင်းများ၊ အန်ဂျီအိုများနှင့် ပုဂ္ဂလိက အလှူရှင်များက အစားအသောက်များ လှူဒါန်းသည်။ သို့သော် ယာယီတဲ လုံလောက်မှု မရှိဘဲ ဖြစ်နေသည်။

မြဝတီ လမ်းမကြီးများပေါ်တွင်မူ လူသူ အသွားအလာများ မရှိတော့ဘဲ ခြောက်ကပ်နေသည်။

မြ၀တီမြို့အတွင်း ပစ်ခတ်မှု ဆက်တိုက် ဖြစ်ပွားပြီ

တနင်္လာနေ့၊ နိုဝင်ဘာလ 08 ကေအိုင်စီ

ထိုင်း-မြန်မာနယ်စပ် မြ၀တီမြို့တွင် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (ဒီကေဘီအေ)နှင့် နအဖ စစ်တပ်တို့ကြား ယနေ့မနက် မြန်မာ စံတော်ချိန် ၉ နာရီမှ စ၍ ယခုနေ့ခင်းပိုင်း အချိန်ထိ မြ၀တီမြို့တွင်း၌ ဒီကေဘီအေနှင့် နအဖ စစ်တပ်များ ပစ်ခတ်မှု သုံးနေရာ ဆက်တိုက် ဖြစ်ပွားခဲ့ရာ မြ၀တီမြို့တွင်းမှ လူထု ၃ ဦး သေဆုံးပြီး ၂၀ ဦး ဒဏ်ရာရရှိသည်ဟု သိရသည်။

နှစ်ဖက်တပ်များမှာ ယမန်နေ့ည ကတည်းက အင်အားများ ထပ်မံတိုးချထားပြီး ယခု ပစ်ခတ်မှုမှာ မြ၀တီ တံတားအောက်၊ မြို့တွင်းရှိ နအဖ ရှေ့တန်းရုံးနှင့် နယ်ခြားစောင့်တပ်ဖွဲ့ နေရာယူထားသည့် ဓိဌာန်အောင်ကုန်းတွင်လည်း လက်နက်ကြီးများဖြင့် စတင်ပစ်ခတ်ခဲ့ပြီး လက်ရှိ အချိန်တွင် အလုံးပေါင်း ၂၀ ကျော် ရှိပြီဟု ဒီကေဘီအေနှင့် နီးစပ်သူ မြို့ခံတစ်ဦးက ပြောသည်။

“မနက်ကတည်းက တံတားအောက်ကနေ ဆက်တိုက်ဖြစ်လာလိုက်တာ အခုဆို အလုံး ၂၀ ကျော်ပြီ။ အသံကတော့ 79 လက်နက်သံပဲ။ လက်နက်ငယ်တွေ သိပ်မကြားရဘူး။ ရှေ့တန်းရုံးနားမှ ဖြစ်တဲ့ ပစ်ခတ်မှုမှာ ဆိုက်ကားသမား အပါအ၀င် လူ ၃ ယောက် ပွဲချင်းပြီး သေတယ်။ ဒဏ်ရာနဲ့ ဆေးရုံ ရောက်သွားတာက အယောက် ၂၀ လို့ သူနာပြုဆရာမက ပြောတယ်လေ” ဟု ဆိုသည်။

မြ၀တီ-မဲဆောက် တံတား၏ မြန်မာဘက်ခြမ်းတွင် ဒီကေဘီအေနှင့် နအဖတို့ အပြန်အလှန် ပစ်ခတ်မှုကြောင့် နအဖဘက်မှ ပစ်သည့် 81 အမျိုးအစား လက်နက်ကြီး တလုံးနှင့် 79 ကျည် ၃ လုံး ထိုင်းဘက်ခြမ်းသို့ ကျရောက်ခဲ့မှုကြောင့် ထိုင်းအရပ်သား ၁၉ ဒဏ်ရာရှိခဲ့သည်ဟု သိရသည်။

ဒီကေဘီအေ တပ်များသည် တံတားဘက်ကို ကျောပေး၍ မြ၀တီမြို့တွင်းဘက်တွင် ရှိသည့် နအဖ စစ်တပ်များနှင့် အပြန်အလှန် ပစ်ခတ်ခဲ့ရာ နအဖတပ်များက ပစ်ခတ်သည့် လက်နက်များ ထိုင်းနိုင်ငံဘက်ခြမ်းသို့ ကျရောက်ကာ ထိုင်းအရပ်သားများ ယခုလို ဒဏ်ရာရရှိခဲ့ခြင်း ဖြစ်သည်။

တချိန်တည်းတွင်ပင် ဒီကေဘီအေ တပ်မဟာ (၅) အခြေစိုက်ရာ ဝေါ်လေဒေသတွင်လည်း ဒီကေဘီအေနှင့် နအဖ တပ်များ တိုက်ပွဲ တပွဲ ဖြစ်ပွားခဲ့ပြီး ဒီကေဘီအေဘက်မှ နအဖ အရာရှိ တစ်ဦးနှင့် တပ်သား တစ်ဦးကို ဖမ်းဆီးခဲ့ကြောင်းနှင့် ကော့ကရိတ်မြို့ဘက်တွင်လည်း ဒီကေဘီအေ တပ်များက နအဖ အရာရှိ တစ်ဦးကို ဖမ်းဆီးထားကြောင်း သိရသည်။

ဒီကေဘီအေ တပ်မဟာ (၅) မှူး ဗိုလ်မှူးချုပ် စောလားပွယ် (ဗိုလ်နှုတ် ခမ်းမွေး)က ၎င်းတို့တပ်များက ယနေ့မနက် ၁၁ နာရီကျော်တွင် နအဖ စစ်သား ၈ ဦးကို ဖမ်းဆီးမိခဲ့ပြီး ဗိုလ်ကြီးအဆင့်ရှိသူ နအဖ အရာရှိ တစ်ဦးလည်း ပါဝင်သည်ဟု ကေအိုင်စီကို ပြောသည်။

လက်ရှိ အချိန်တွင် ဒီကေဘီအေတပ်များ မြ၀တီ တစ်မြို့လုံးကို ဖြန့်ကျက်သိမ်းဆည်းထားသည့် အခြေအနေတွင် ရှိနေပြီး မြ၀တီ လူထုမှာ အတော်ကြောက်လန့်နေကြကြောင်းနှင့် ထိုင်းဘက်ခြမ်း ချစ်ကြည်ရေး တံတားအောက်၌လည်း သတင်းထောက်များနှင့်အတူ တံတားထိပ်မှ စ၍ မဲဆောက်မြို့အ၀င် ကားလမ်းကြီးအတိုင်း လုံခြုံရေး တပ်များ လက်နက် အပြည့်အစုံနှင့်အတူ အင်အား ထပ်မံဖြည့်ဆည်းထားသည်။

ယနေ့ နေ့ခင်းအထိ နောက်ဆုံး ရရှိသည့်သတင်းအရ ထိုင်းနယ်ခြားစောင့်တပ်များကလည်း ၎င်းတို့ နယ်သို့ ပစ်ခတ်မှု ထပ်မံ ကျော်လွန်လာပါက ပြန်လည် ပစ်ခတ်သွားမည် ဖြစ်ကြောင်း သိရသည်။

မြ၀တီမြို့တွင် လက်နက်ကိုင်တပ်များ ပစ်ခတ်မှုဖြစ်ဟုဆို၊

မွန်အမျိုးသားပါတီ နယ် ၅ မြို့တွင် နိုင်နေ

မိုးမခအထောက်တော် ရန်ကုန်

နိုဝင်ဘာ ၈၊ ၂၀၁၀မိုးမခ

ယမန်နေ့ကတည်းက မြန်မာပြည်နှင့် ထိုင်းနယ်စပ်၊ ကုန်သည်မြို့တခုဖြစ်သော မြ၀တီမြို့တွင် စစ်ရေးတင်းမာမှုများ ရှိနေသည်ဟု သတင်းများထွက်ပေါ်ခဲ့ပြီး ယနေ့နံနက်တွင် လက်နက်ကိုင်တပ်များ၏ ပစ်ခတ်မှုများ ဖြစ်ပေါ်နေသည်ဟု ကြားသိရသည်။

မျက်မြင်တို့၏ ဖုန်း သတင်းများအရ စစ်အစိုးရနှင့် အပစ်ရပ်ထားသော ဒီကေဘီအေ ကရင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့က မြ၀တီမြို့တွင် စစ်အစိုးရတပ်များနှင့် အပြန်အလှန်ပစ်ခတ်မှုများ ဖြစ်ပွားနေသည်ဟု ဆိုသည်။

ယနေ့မနက် ရရှိသော သတင်းများအရ မွန်ပြည်နယ် နယ်များတွင် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီက မဲရုံတွင်း တိုက်ရိုက်ရရှိသော မဲအရေအတွက်အားဖြင့် အနိုင်ရနေသည်ဟု ဆိုသည်။ ဘီလူးကျွန်း ၂ မြို့နယ်၊ မုဒုံ ၂ မြို့နယ်၊ ကျိုက်မရော ၁ မြို့နယ်တို့တွင် အနိုင်ရရှိနေသည်ဟု ဆိုပြီး မော်လမြိုင်မြို့ပေါ်တွင် လွှတ်တော် ၃ နေရာ စလုံးမှာတော့ ကြံ့ဖွံ့ပါတီကို ရှုံးသည်ဟု သိရသည်။

မဲပေးသူအချို့က ၎င်းတို့သဘောထားကို ထုတ်ဖော်ပြောဆိုရာတွင်

“ မဲမပေးဘူးလို့ သပိတ်မှောက်ထားတာကတော့ အဓိက လှုပ်ရှားမှုပေါ့နော်။ ဒါပေမယ့် မဲရုံတွေမှာ စစ်အစိုးရနဲ့ ကြံ့ဖွံ့တွေ ဘယ်လောက်အထိ ယုတ်မာမလဲ၊ မသမာမှုတွေ လုပ်သလဲ ဆိုတာကို မျက်ဝါးထင်ထင် သက်သေရှိဖို့အတွက်ကို ကျနော်တို့က မဲသွားပေးတာ ဖြစ်တယ်။ တချို့ဆိုရင် မဲစာရင်းထဲမှာ မပါဘူး။ ပြောပြလဲ ဘာမှ လုပ်မပေးဘူး။ မဲပေးပေး မပေးပေး မဲရုံတာဝန်ခံတွေက မဲပေးသူတွေကို ဂရုတောင် မစိုက်ဘူး။ အဲသလိုမျူိုး ပြုမူဆက်ဆံနေတယ် ဆိုတာ ကျနော်တို့ ကိုယ်တွေ့ ပါပဲ” ဟု ပြောကြားသည်။

Cartoon APK လတ်လတ်ဆတ်ဆတ်

နိုဝင်ဘာ ၇၊ ၂၀၁၀ မိုးမခ

ကာတွန်းနှင့် မှတ်ချက်များကို APK Fan Page in FaceBook မှ ယူသည်။

အဖြေကို လူတိုင်းသိပြီးသားပါ။ တကယ့်တန်ဖိုးက အဖြေမဟုတ်ဘဲ၊ အဖြေရအောင် ဘယ်လိုတွက်ချက်ခဲ့တယ် ဆိုတာပဲ။ သိတဲ့သူ ရှိရင် ကြိုတင်မဲ ထည့်မရေတွက်ခင်က ဘယ်သူနိုင်တယ်၊ ကြိုတင်မဲ ထည့်တွက်လိုက်တော့ ဘယ်သူနိုင်သွားတယ် ဆိုတာလေး တင်ပေးရင် သမိုင်းတန်ဖိုး ရှိမှာပါ။ ကိန်းဂဏန်း အတိအကျပါရင် ပိုကောင်းတာပေါ့။ မဲဆန္ဒတစ်နယ်လုံး မဟုတ်တောင်၊ ကိုယ့်အိမ်နားက ကိုယ်ထည့်ခဲ့တဲ့ မဲရုံရဲ့ ကြေငြာချက် အမှန်လေးရရင် တော်ပါပြီ။ အမှန်ကို သိရတာပေါ့။

May Nyane, Khin Min Zaw and 110 others like this.

Tayzar Lwin ထိမိတယ်ဗျို့

Kyi Thar Myint Myat ကျွန်မတို့တွေ မထည့်ခဲ့တဲ့ ဗလာမဲတွေက သူတို့အတွက်..။

Kyaw Zwa ‎"It's Not the People Who Vote that Count; It's the People Who Count the Vote,"' Joseph Stalin.

Khaing Zin Aye ဗြုန်းကနဲ ကြည့်လိုက်ရင်... ကြိုဝင်မဲလိုလို..ဘာလိုလို... :D

Zaw Zaw Win good idea

Cartoon Aungmaw ဆရာရေ အကြောပေးထားတာ.................

Thu Shin ခြံဝင်လို့ နွားပါရင် တော်ပြီပေါ့ဆရာ. (ထင်တော့မထင်ပါဘူးဗျာ)

Win Myint Aung ကျနော့်ယောက္ခမ(73)နှစ်မဲသွားထဲ့တော့ ကြိုတင်မဲနဲ.တိုးလို....ဟဲ့ငါကအခုမှ

ထဲ့မလို.လာတာဆိုတော့.......တိတ်တိတ်နေဆိုပြီး....correction pen နဲ.ဖျက်ပြီး.....ထဲ့တဲ့ ဘာလဲကွ။ ကျနော်က NOဘဲ....

အလကား ကျော်စွာ ဂိန် ....

Naing Win Latt မဲမထည့်မဖြစ်လို့ထည့်ကြရတဲ့အခါ “သူတို့” မဟုတ်တဲ့ တခြားတစ်ယောက်ကိုမဲထည့်ကြတယ်လို့ပြောကြတယ်

ကျွန်တော်တို့ စင်္ကာပူကလူတွေကျ မဲထည့်ဖို့ဘာမှမအသိမပေးဘူး

ကြည့်ရတာ ဒီကလူတွေရဲ့မဲတွေလဲ ကြိုတင်မဲအလုပ်ခံလိုက်ရပြီထင်တယ်.. :(

Bon Lay ‎@Naing: ဖွဲ့စည်းပုံလုပ်တုန်းကတော့ စင်ကာပူမှာကို ကျောင်းတွေကိုရော အိမ်တွေအထိပါ လာ vote ဖို့ စာပို့တယ် ကြားတယ်ဗျ။ ရွေးကောက်ပွဲအတွက်က သံရုံးမှာစာကပ်ထားတာတော့တွေ့တယ်။ လိုက်အကြောင်းကြားတာတော့ လုံးဝကိုမကြားမိဘူး။

Soe Emeroon I'm waiting for election results,hoping this could be true results,

Imran Ismail hopeless bullshit voting

Min YePhone ဆရာပီရဲ့ကာတွန်းတွေက ထိလွန်းလို့ ကော်မန့်တောင် မပေးရက်ပါဘူး..

စစ်အစိုးရရွေးကောက်ပွဲ မဲပေးမှုပြီးဆုံး၊

ကြံ့ဖွံ့က ကြိုတင်မဲများနှင့် အနိုင်ယူ

မိုးမခအထောက်တော် ရန်ကုန်

နိုဝင်ဘာ ၇၊ ၂၀၁၀မိုးမခ

ယနေ့ ညနေပိုင်း မြင်ကွင်းအရ ရန်ကုန်နှင့် မြို့ကြီးများတွင် မဲပေးသူဦးရေ နည်းပါးကြောင်း၊ မဲရုံများ၏ မဲစာရင်းအရ ပြိုင်ဖက်ပါတီများ နိုင်သည်ဟု ခန့်မှန်းသော်လည်း၊ မဲရုံများ ပိတ်ပြီးနောက် ကြိုတင်မဲစာရင်းများအရ ကြံ့ဖွံ့ကပင် နောက်ဆုံး အနိုင်ရသွားကြောင်း အချို့မြို့နယ် ထုတ်ပြန်ချက်များအရ သိရသည်။

“တိုင်းပြည်ကံကြမ္မာဟာ လက်ရှိတာဝန်ထမ်းဆောင်နေတဲ့ ကြံ့ဖွံ့တွေမှာပဲ တာဝန်ရှိတော့တယ်”

ဟု မော်လမြိုင်က တသီးပုဂ္ဂလ၀င်ရောက် ယှဉ်ပြိုင်သူ အမတ်လောင်းတဦးက မှတ်ချက်ပေးလိုက်ကြောင်း သိရှိရသည်။

နယ်ဒေသ အများအပြားတွင် မသမာမှုများ ရှိကြောင်း၊ မဲပေးခွင့်ရှိသူများ မပါဝင်ဘဲ အသက်မပြည့်သူများ၊ သေဆုံးပြီးသူများကို ထည့်သွင်းထားကြောင်း၊ မဲပေးခွင့်ရှိသူများက သွားရောက်တောင်းဆိုပါကလည်း ပြေလည်အောင် ဖြေရှင်းခြင်း မရှိကြောင်း၊ ကြိုတင်မဲများ ကောက်ခံထားသည်ဟု ဆိုကာ မဲရလဒ်များကို တဖက်သတ် ထုတ်ပြန်ခြင်းသာ ဖြစ်ကြောင်း မျက်မြင်တို့က ပြောကြားသည်။

“လက်ရှိ ကြားရသလောက် လက်လှမ်းမီတာက ဧရာဝတီ၊ မွန်၊ မကွေးလိုမျိုးက မြို့နယ်တွေမှာ သွားစောင့်ကြည့်နေသူတွေကိုယ်တိုင်က ပြောကြတယ်။ ကြိုတင်မဲ ဆိုပြီး ကြံ့ဖွံ့ပါတီက နိုင်သွားတယ်ပေါ့။ တောင်ဥက္ကလာမှာ ဆိုရင် မဲရုံတွေက စာရင်းအရ မြို့တော်ဝန်အောင်သိန်းလင်း က ရှုံးနေတယ်။ ဒါပေမယ့် အားလုံးစာရင်းချူပ်ရင် သူနိုင်မယ်လို့ သတင်းထွက်နေပြီ။ မန္တလေးလို မြို့ကြီးတွေမှာက ကြိုတင်မဲ မသမာမှုတွေအပြင် မဲစာရင်းဖျောက်ထားတဲ့အတွက် ကန့်ကွက်ကြတာတွေ ရှိနေတယ်လို့ ပြောပါတယ်။”

ဟု မိုးမခသို့ သတင်းထောက်တဦးက ဖြေကြားသည်။

ရွေးကောက်ပွဲ ရလဒ်အဖြစ် မြို့နယ်များအလိုက် အမတ်များဖြင့် လွှတ်တော်တရပ်၊ (ပြည်သူ့လွှတ်တော်) တိုင်းပြည်နယ်များ ကိုယ်စားပြု အထက်လွှတ်တော်တရပ် (အမျိုးသားလွှတ်တော်)၊ တိုင်းပြည်နယ် ဒေသတွင်း အုပ်ချုပ်ရန် ဒေသအလိုက် လွှတ်တော်တရပ် ဖွဲ့စည်းကြမည် ဖြစ်ရာ နေရာအများစုကို ကြိုတင်မဲများ၊ မဲရုံ မသမာမှုများဖြင့် စစ်အစိုးရ၏ ကြံ့ဖွံ့ပါတီဝင်များကသာ အနိုင်ရမည်ဟု ခန့်မှန်းနေကြသည်။

ကြံ့ဖွံ့များက ပြိုင်ဖက်ပါတီကို ရှုံးဟု မဲရလဒ်များက ဆို၊ မဲပေးသူဦးရေ နည်း

မိုးမခအထောက်တော် ရန်ကုန်

နိုဝင်ဘာ ၇၊ ၂၀၁၀မိုးမခ

ကြံ့ဖွံ့ ပါတီ လုပ်အားပေးများ မော်လမြိုင်မြို့ထဲ မဲဆွယ်နေစဉ်၊ ၆ နိုဝင်ဘာ

(သူတို့ကို မဲပေးရန်နှင့် မဲရုံသို့ ၀တ်ဆင်ရန် အဖြူရောင် လည်ကတုံးအကျီ လက်ဆောင်ပေး မဲဆွယ်နေသည်)

(ဓာတ်ပုံများမှာ ပြည်တွင်း စီတင်ဇင်ဂျာနယ်လစ်များ နိုဝင်ဘာ ၆ က ပေးပို့ထားသော ပုံများဖြစ်သည်။ ၇ ရက်နေ့ ပုံများ မရရှိသေးပါ)

ပြိုင်ဖက်ပါတီ အမတ်လောင်းတို့ကို ကြံ့ဖွံ့ပါတီက အရှုံးနှင့် ရင်ဆိုင်ရသည်ဟု ဆိုသည်။ ရန်ကုန် မဲရုံ စာရင်း ကြေညာချက်များအရ တောင်ဥက္ကလာ၊ တာမွေ၊ ပန်းပဲတန်း၊ ကျောက်တံတားနှင့် လသာ မြို့နယ် ၅ မြို့နယ်ရှိ ကြံ့ဖွံ့ အမတ်လောင်းများ အနိုင်မရကြကြောင်း သိရှိရသည်။

“သတင်းတွေထဲမှာ ပါနေတဲ့ ရန်ကုန်မြို့တော်ဝန် အောင်သိန်းလင်း ရှုံးတယ်လို့ ပြောပါတယ်။ ကြံ့ဖွံ့ကို ၀င်ပြိုင်တဲ့ ပါတီတွေက နိုင်တယ်လို့ သိရပါတယ်။ ခမောက်ပါတီနဲ့ တနေရာမှာ ခွပ်ဒေါင်းရုပ်နဲ့ ပါတီ ကို ရှုံးတယ်လို့ လူတွေက ပြောနေကြတယ်။ ညဖက် သတင်းကြေညာရင် ပိုသေချာမယ်”

ဟု မျက်မြင်တဦးက မိုးမခကို ပြောသည်။

နိုဝင်ဘာ ၇ ရက် မဲပေးသည့် မြင်ကွင်းမှာ သာမန် ရုံးပိတ်ရက်များထက် လူအသွားအလာ နည်းပါးသည်ဟု ရန်ကုန်၊ မန္တလေး မြို့ကြီးများက သတင်းထောက်များက မှတ်ချက်ပေးသည်။

“ရုံးပိတ်ရက်လည်း ဖြစ်နေတယ်။ မဲပေးရတဲ့ ရက်လည်း ဆိုတော့ လမ်းပေါ်မှာ တွေ့ရတဲ့သူတွေဟာ မဲသွားပေးတဲ့သူတွေပဲ ဆိုတာ သိသာပါတယ်။ ကျန်တဲ့လူတွေကတော့ ဘေးက စောင့်ကြည့်နေတဲ့သူတွေပေါ့။ ၁၉၉၀ ရွေးကောက်ပွဲတုန်းကနဲ့ နှိုင်းယှဉ်ရင် အများကြီး ကွာခြားပါတယ်။ ဥပမာ ရန်ကုန်က မြို့နယ်တွေက မဲရုံတွေမှာ လူတွေက မဲရုံတွေနားမှာ လာပြီး စုဝေးပြီး စောင့်ကြည့်နေကြတာ၊ သတင်းနားစွင့်နေကြတာလေ။ ဘယ်သူနိုင်သလဲ။ အဲသည်တုန်းကဆို အင်န်အယ်ဒီနိုင်သလား။ ဒါမျိုး အခု မတွေ့ရဘူး”

ဟု ၎င်းက မှတ်ချက်ပေးသည်။

စစ်အစိုးရ၏ရွေးကောက်ပွဲ လေ့လာသူ သံတမန်များကို လုံခြုံရေးက အနီးကပ် စောင့်ကြည့်၊

မဲဆန္ဒရှင်များနှင့် လွတ်လပ်စွာ တွေ့ဆုံမေးမြန်းခွင့် မရ

မိုးမခအထောက်တော် ရန်ကုန်

နိုဝင်ဘာ ၇၊ ၂၀၁၀မိုးမခ

မြန်မာပြည်၏ မြို့ကြီးများတွင် မဲပေးသူ သိသိသာသာ နည်းပါးကြောင်း စောင့်ကြည့်နေသူ သတင်းထောက်များက မှတ်ချက်ပေးသည်။ အတိအကျ မဲရုံ ဦးရေ သတ်မှတ်ပြီး ပျမ်းမျှ ခန့်မှန်းရန် ညနေအထိ စောင့်ကြည့်ရမည်ဟု ပြောကြားသည်။

ရန်ကုန်မြို့နှင့် မြို့ကြီးများ၏ မဲဆန္ဒပေးမှုကို စောင့်ကြည့်ခွင့် ရသည့် သံတမန်များနှင့် ၎င်းအဖွဲ့များကိုယ်တိုင်က မဲဆန္ဒလာရောက်ပေးသူများကို လွတ်လပ်စွာ မေးမြန်းခွင့်၊ သဘောထားစုံစမ်းခွင့် မရဟု သိရှိရသည်။

“ဥပမာ မကွေးမြို့မှာ ဆိုရင် လုံခြုံရေးတွေက လူတွေကို မဲရုံတွေကို ညွန်ကြားချက်ထုတ်ထားတယ်။ သံတမန်တွေနဲ့ အင်တာဗျူးတွေ လုပ်တာ ရဲဆီက ခွင့်ပြုချက်တောင်းရမယ် ဆိုတာမျိုး လုပ်တယ် ပြောတယ်”

ဟု စောင့်ကြည့်နေသူ သတင်းထောက်တဦးက မိုးမခသို့ ပြောကြားသည်။

မွန်ပြည်နယ် ၊ မော်လမြိုင် ပတ်ဝန်းကျင် မဲရုံ ၅ ရုံ တို့တွင် လေ့လာစောင့်ကြည့်သူ ဂျပန်၊ ဖိလစ်ပိုင် နှင့် ဘင်္ဂလားဒေ့ခ်ျ သံရုံးဝန်ထမ်းများနှင့် မဲဆန္ဒရှင်ပြည်သူတို့ တွေ့ဆုံမေးမြန်းမှုများ ပြုလုပ်ကြသည်ကို အထူးရဲတပ်ဖွဲ့ဝင်များက အနီးကပ် လာရောက်ပြီး စောင့်ကြည့်ခြင်း၊ နားထောင် မှတ်တမ်းတင်ခြင်းတို့ ပြုလုပ်သဖြင့် သံဝန်ထမ်းတို့က သက်ဆိုင်ရာ အာဏာပိုင်များထံ ကန့်ကွက်အကြောင်းကြားထားသည်ဟု သိရှိရသည်။

“ မဲပေးတဲ့ နေရာတွေမှာ မဲရုံပတ်ဝန်းကျင်မှာ ကြံ့ဖွံ့တွေက မဲဆွယ်နေတာ၊ သူတို့ကို မဲပေးဖို့ ဖိအားတွေ ပေးနေတာအပြင် ရဲတွေ၊ လုံခြုံရေးတွေက လိုအပ်တာထက်ပိုပြီး စောင့်ကြည့်တာတွေ၊ လွတ်လပ်မှုမရှိအောင် ကန့်သတ်တာတွေ လုပ်နေတယ် လို့ ပြောချင်တယ်။ သတင်းတွေ ဓာတ်ပုံတွေ လွတ်လွတ်လပ်လပ် ရိုက်ကူးတာတွေ၊ မေးမြန်းတာတွေကလည်း သည်လို ခြိန်းခြောက်မှုတွေအရ လုပ်ကိုင်ဖို့ မလွယ်ဘူးလို့ ပြောချင်တယ်။”

ဟု သတင်းထောက်တဦးက မှတ်ချက်ပေးသည်။

ယနေ့တွင် ရွေးကောက်ပွဲသတင်းများ ပေးပို့မှု ကန့်သတ်ထားသည့်တိုင် နောက်ရက်များတွင် ရွေးကောက်ပွဲ မသမာမှု သက်သေမှတ်တမ်းများသည် ပြည်သူများ၊ သတင်းသမားများ၊ စင်တီဇင်ဂျာနယ်လစ်များထံက အမြောက်အများ ပျံ့နှံ့ထွက်ပေါ်လာလိမ့်မည် ဖြစ်ကြောင်း သူက ပြောကြားလိုက်သည်။

ရွေးကောက်ပွဲ-ဥပဒေချိုးဖောက်မှုတွေကို စုံစမ်းဖော်ထုတ်သွားမည့် အဖွဲ့ချုပ်

ခင်နှင်းထက် ၈ နိုဝင်ဘာ ၂ဝ၁ဝ - DVB

တနင်္ဂနွေနေ့က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲဟာ တရားမျှတမှု မရှိကြောင်း ထင်ရှားနေကြောင်းနဲ့ ရွေးကောက်ပွဲဥပဒေနဲ့ ကိုက်ညီမှုမရှိတဲ့ လုပ် ဆောင်ချက်တွေကို စုံစမ်းဖော်ထုတ်သွားမယ်လို့ အန်အယ်လ်ဒီပါတီက ပြောကြား လိုက်ပါတယ်။

ပါတီဒု-ဥက္ကဋ္ဌ ဦးတင်ဦးရဲ့ နေအိမ်မှာ ဒီကနြေု့ပလုပ်တဲ့ ဗဟိုအလုပ်အမှု ဆောင်အဖွဲ့နဲ့ ဗဟိုဦးစီးအဖွဲ့ဝင်တွေရဲ့ အစည်းအဝေးကနေ အခုလို ဆုံးဖြတ်လိုက် တာလို့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းတင်က ပြောကြားလိုက်တာပါ။ မနေ့က ရွေးကောက်ပွဲမှာ လူထုကို ခြိမ်းခြောက် မဲထည့်ခိုင်းတာတွေ၊ မဲတွေ ကို မသမာတဲ့နည်းနဲ့ ရယူခဲ့တာတွေ၊ óကိတင်မဲနဲ့ အနိုင်ယူခဲ့တာတွေ စတဲ့အချက် တွေကို အသေးစိတ် အစီရင်ခံစာထုတ်ပြန်ပြီး ကမBာကသိအောင် ဖော်ထုတ်သွား မယ်လို့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ဝင် ဦးဝင်းတင်က အခုလို ပြောပါတယ်။

“အဲလိုပေါ့ æ မတရားမှုတွေ ကလိမ်ကျမှုတွေ မတရားမှုတွေ၊ အနိုင်ကျင့်မှု တွေ၊ ခြိမ်းခြောက်မှုတွေက ရွေးကောက်ပွဲ ရက်လေးတရက်အတွင်းမှာ အကြီးအ ကျယ်ကို ဖြစ်ခဲ့တယ်၊ အဲဒီ ဖြစ်တာတွေကို ရွေးကောက်ပွဲကို သပိတ်မှောက်တဲ့အ တွက် အဲဒီရွေးကောက်ပွဲက ကျနော်တို့နဲ့ မဆိုင်ဘူးလို့ ကျနော်တို့ မဲရုံတွေမှာ မသမာမှုတွေ အနိုင်ကျင့်မှုတွေ ခြိမ်းခြောက်မှုတွေ ဒါတွေဟာ ဗမာပြည်ရဲ့ နိုင်ငံရေး လောကမှာ ဗမာပြည်သူတွေအပေါ်မှာ အနိုင်ကျင့်မှုတွေ ဖြစ်တဲ့အတွက် အဲဒီမတော် မတရားလုပ်မှုတွေ အနိုင်ကျင့်မှုတွေ ခြိမ်းခြောက်မှုတွေ မဲခိုးမှုတွေ မဲလိမ်မှုတွေ ဆိုတဲ့ ဟာကို အကုန်လုံး မှတ်တမ်းတင်မယ်၊ ဒါတွေကို အကောင်းဆုံးပုံသဏ္ဍာန်အနေနဲ့ အစီရင်ခံစာအနေနဲ့ ပေါ်ထွက်အောင် တတိုင်းပြည်လုံးကို အချက်အလက်တွေ စု ဆောင်းမယ်၊ ရတဲ့အချက် အလက်တွေကို အစီရင်ခံစာတစောင် ပြုစုပြီးတော့ ကမBာ ကို ပြန့်အောင်လုပ်မယ်လို့ ဆုံးဖြတ်ပါတယ်။”

ဒီလုပ် ဆောင်ရွက်ခြင်းအားဖြင့် ဘယ်လို အကျိုးဆက်တွေ ရလာနိုင်မလဲလို့ မေးကြည့်တော့ ဦးဝင်းတင်က အခုလို ဖြေကြားခဲ့ပါတယ်။

“ကျနော်တို့ ဒီဟာလုပ်လိုက်လို့ ဘာထူးခြားလာမလဲဆိုတော့ ကျနော်တို့ မသိဘူး၊ ဒါပေမယ့် ပြည်သူတွေအတွက် ငုံ့မခံဘူး၊ ပြည်သူတွေ ရှေ့က ရပ်တည်တဲ့ ပါတီတခု ဖြစ်တာနဲ့အညီ အန်အယ်လ်ဒီကနေ ဒီကိစ္စတွေကို ကမBာသိအောင် ဖော် ထုတ်သွားမယ်၊ အဲလို ဖော်ထုတ်နိုင် ခြင်းအားဖြင့် စစ်အစိုးရရဲ့ ဂုဏ်သိက္ခာ ထိခိုက် စေမယ်၊ သို့မဟုတ်လည်း နောက်ပိုင်းမှာ ရွေးကောက်ပွဲကို ကမBာ့နိုင်ငံတွေက အသိ အမှတ်မပြုခြင်းပေါ့၊ အဲဒီလုပ်ငန်းတွေက ဆက်တိုက်ပေါ်လာလိမ့်မယ်လို့ အဲလိုပဲ ယူဆတယ်။”

ဖွဲ့ချုပ်က ရွေးကောက်ပွဲအပေါ် သပိတ်မှောက်တဲ့ကိစ္စနဲ့ မဲမပေးရေး စည်းရုံး လှုပ်ရှားမှုတွေ အောင်မြင်ကြောင်းလည်း သုံးသပ်ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။ ဘာကြောင့် ဒီလိုပြောနိုင်ရ တာပါလဲ ဆိုတာကို ဦးဝင်းတင် က အခုလို ပြောပြပါ တယ်။

“နောက်တခုက ဒီရွေးကောက်ပွဲက မတရားတဲ့ ရွေးကောက်ပွဲ ဖြစ်တယ်၊ အဲဒါကြောင့် ရွေးကောက်ပွဲကို ဆန့်ကျင်ရမယ်ဆိုပြီးတော့ ကျနော်တို့ လူငယ်တွေ ပါတီဝင်တွေ လူထုတွေကနေ ဒီရွေးကောက်ပွဲကို ဆန့်ကျင်ဖို့ လှုပ်ရှားမှုတွေ လုပ်ကြ တယ်၊ ဆန္ဒပြမှုတွေ စာရွက်စာတမ်းဝေမှုတွေ ဟောပြောမှုတွေ တီရှပ်တို့ ဘာတို့ အင်္ကျီတွေ ဘာတွေ ဝတ်မှုတွေ ဒါတွေ ကျနော်တို့ လုပ်ခဲ့တယ်၊ အဲလိုလုပ်ခဲ့တာ တွေလည်း အောင်မြင်မှုရတယ်၊ ဘာလို့လည်းဆိုတော့ ဒီလှုပ်ရှားမှုတွေက တကမBာ လုံးသိအောင် ထင်ရှားခဲ့တယ်၊ အဲဒါကြောင့် ကျနော်တို့ရဲ့ ရွေးကောက်ပွဲ ဆန့်ကျင်မှု ဟာ အကျိုးသက်ရောက်မှု ရှိခဲ့တယ်၊ အောင်မြင်ခဲ့တယ်လို့ သုံးသပ်တယ်။”

ဒါ့အပြင် ဒုတိယပင်လုံညီလာခံခေါ်ရေး ကြေညာစာတမ်းပါအချက်တွေ အကောင်အထည်ဖော်နိုင်ရေးနဲ့ ဒုတိယ ပင်လုံညီလာခံ ခေါ်ယူနိုင်ရေးအတွက် အား ထုတ် óကိးပမ်းသွားဖို့လည်း ဆုံးဖြတ်ခဲ့တယ်လို့ ဦးဝင်းတင် က ပြောကြားခဲ့ပါ တယ်။

အဖွဲ‹ချုပ်က ရွေးကောက်ပွဲ ဥပဒေချိုးဖောက်မှုအပေါ် စုံစမ်းရေးကော်မတီဖွဲ့

ခင်နှင်းထက် ၈ နိုဝင်ဘာ ၂ဝ၁ဝ - DVB

အန်အယ်လ်ဒီပါတီက ရွေးကောက်ပွဲ မဲပေးမှုမှာ ဥပဒေစိုးမိုးမှုနဲ့ မဲမသမာမှု တွေ စုံစမ်းဖော်ထုတ်နိုင်ဖို့အတွက် စုံစမ်းရေးကော်မတီတရပ်ဖွဲ့ပြီး ဆောင်ရွက်နေပါတယ်။ အခု လောလောဆယ် တနိုင်ငံလုံးက ပေးပို့လာတဲ့ သတင်းအချက်အလက်တွေ စုဆောင်း နေရာ óကိတင်မဲကောက်ယူမှုက အဆိုးဆုံးဖြစ်တယ်လို့ စုံစမ်းရေးကော်မတီတာဝန်ခံ ကိုအောင်စိုး က အခုလို ပြောပြပါတယ်။

“အခုရရှိထားတာကတော့ တယောက်ထဲကနေပြီးတော့ မဲကို ၅ ယောက်စာလောက် ထည့်သွားတာတို့ ကြိုတင်မဲတွေမှာ ကြံ့ဖွံ့တွေပဲဖြစ်နေတာတို့ ပြီးတော့ မဲရုံတွေမှာ မဲရုံကိုယ်စား လှယ်တွေ ဝင်ခွင့်မရဘဲနဲ့ ကြံ့ဖွံ့ပါတီ ကိုယ်စားလှယ်တွေဘဲ နေရာယူထားတာတွေ ပြီးတော့ သူတို့ ရှုံးနိုင်မယ်လို့ ထင်ထားတဲ့ မဲရုံတွေမှာဆိုရင် မဲပုံးကို မရေတွက်ဘဲ မြို့နယ်ကော်မရှင်ကို ဒီတိုင်း ချိတ်ပိတ်ပြီး သယ်သွားတာတွေ၊ အချက်အလက်တွေ ရရှိပါတယ်။

“ရတဲ့အချက်ထဲမှာ ကြိုတင်မဲယူတာ အဆိုးဆုံးပဲ၊ ကြိုတင်မဲ အများဆုံးက သူတို့ပဲ ဖြစ်နေတယ်၊ မဲရုံတွေမှာ မဲရေတွက်ချိန်မှာ ကျန်တဲ့ပါတီတွေကတော့ အမှတ်များတယ်၊ ဒါပေမယ့် ကြိုတင်မဲနဲ့ ပေါင်းလိုက်ရင် အကုန်လုံးက ကြံ့ဖွံ့ပဲ နိုင်တဲ့ပုံစံဖြစ်သွားတယ်၊ အများအားဖြင့် သူတို့မဲက ၉၅ ရာခိုင်နှုန်း လောက်ဖြစ်နေတယ်၊ ကျန်တဲ့ပါတီက ၅ ရာခိုင်နှုန်းလောက်ပဲ ဖြစ်နေတယ်။”

ဒီကော်မတီကို ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဟံသာမြင့်က ဦးဆောင်ပြီး အဖွဲ့ဝင် လူငယ် ၆ ဦးနဲ့ ဖွဲ့ထားတာလို့ ကိုအောင်စိုးက ပြောပြပါတယ်။

ဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းရေးကော်မတီတာဝန်ရှိသူ နိုင်ဟံသာနဲ့ မေးမြန်းခြင်း

၈ နိုဝင်ဘာ ၂ဝ၁ဝ - DVB

ဒီကေဘီအေနဲ့ နအဖ အကြားတိုက်ပွဲတွေ ဖြစ်ပွားနေတာနဲ့ ပတ်သက်လို့ အကူအညီပေးရေးနဲ့ ပတ်သက်လို့ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်း ရေးကော်မတီ အထွေထွေ အတွင်းရေးမှူး နိုင်ဟံသာကို ကိုအေးနိုင်က မြန်မာစံ တော်ချိန် ည ၇ နာရီမှာ ဆက်သွယ်မေးမြန်းထားပါတယ်။ ဒီကော်မတီဟာ အပစ်ရပ်အဖွဲ့တွေရော အပစ်မရပ်သေးတဲ့အဖွဲ့တွေပါ ပူး ပေါင်းဖွဲ့ထားတာဖြစ်ပြီး တဖွဲ့ကို တိုက်ခိုက်လာရင် ကျန်အဖွဲ့တွေကလည်း ကူညီကြ မယ်ဆိုပြီး သဘောတူခဲ့ကြတာ ဖြစ်ပါတယ်။

ကိုအေးနိုင်။ ။ဒီနေ့အဖို့ ကြားတာကျနော်တို့လည်း တနေကုန်စောင့်ကြည့်တာ အန်ကယ်တို့ကို ဒီမေးခွန်းကတော့ မေးရတော့မယ်၊ အဲတော့ ဖက်ဒရယ်ပြည်ထောင် စုပေါ်ထွန်းရေး ကော်မတီတရပ်ရဲ့ ဒီကေဘီအေ အပေါ်မှာ ဘယ်လိုမျိုး ထောက်ပံ့ ပေးဖို့ ပြင်ဆင်ထားလဲ၊ ဒါမှမဟုတ် ရှိမရှိ သိပါရစေ။ ကျနော်တို့ ဒီည အဲဒါနဲ့ ပတ် သက်ပြီးတော့ လူတွေကလည်း လှမ်းမေးကြတယ်၊

“သူတို့က ဒီမတိုင်ခင်မှာ ကျနော်တို့နဲ့ ဆက်သွယ်မှု မရှိသေးဘူး၊ အဲတော့ သူတို့ကို တစုံတရာ အကူအညီပေးဖို့ ကျနော်တို့ အဖွဲ့အနေနဲ့က ဘာမှ ဆွေးနွေး ထားခြင်း မရှိသေးပါဘူး။”

ကိုအေးနိုင်။ ။ အခုကော အန်ကယ်တို့နဲ့ အဆက်အသွယ် ရပါသလား၊ ဗိုလ်မှူး ချုပ် နှုတ်ခမ်းမွေးတို့နဲ့။

“ကျနော်နဲ့တော့ အဆက်အသွယ် မရသေးဘူး၊ ဒါပေမယ့် တခြား ကေအန် ယူနဲ့တော့ အဆက်အသွယ် ရကောင်း ရမှာပါ၊ ကျနော်တို့နဲ့တော့ မရသေးဘူး။”

ကိုအေးနိုင်။ ။ဒါဆိုရင် အန်ကယ်တို့အနေနဲ့ စစ်ရေးကို ကြိုတင် မပြောဘူး ပေါ့နော်၊ ဗိုလ်နှုတ်ခမ်းမွေးက၊

“ဟုတ်ကဲ့ ကြိုတင်ပြောထားတာ မရှိဘူး၊”

ကိုအေးနိုင်။ ။အဲတော့ အခုလိုမျိုး တိုက်ပွဲ ကျဉ်းထဲကျပ်ထဲ ဖြစ်နေချိန်မှာ တ ဦးနဲ့တဦးက အကူအညီပေးရမယ် ဆိုပြီးတော့ အခုလိုအချိန်မှာ မကူညီရင် တချိန် ကျရင် ရေရှည်မှာ ဒီဟာကို ထောက်ပြီးတော့ ဘာမှလည်း ထူးမှာမဟုတ်ဘူးဆိုတဲ့ အမြင်မျိုး ပေါ်လာနိုင်စရာ ရှိမယ်ဆိုရင် အဲဒီအပေါ်မှာ အန်ကယ်တို့အနေနဲ့ ဘယ် လိုမျိုးများ ဖြေရှင်းချင်ပါသလဲ ခင်ဗျာ၊

“ကျနော်တို့အဖွဲ့က အဖွဲ့ဖွဲ့စည်းတာကမှ မနေ့တနေ့ကပဲ ဖြစ်တယ်လေ၊ လေးငါးရက် လောက်ပဲ ရှိဦးမယ်၊ နောက်ဖွဲ့စည်းဆိုင်ရာ ကော်မတီဝင်တွေက သူတို့ အချင်းချင်း ဘယ်လိုနည်းနဲ့ အကူအညီ အပြန်အလှန် ပေးရမယ်ဆိုတာ သူတို့ အချင်းချင်း ဆွေးနွေးညိ‡နှိုင်းတိုင်ပင်ဖို့ လိုသေးတယ်။ ဒီကိစ္စတွေလည်း သူတို့အကျယ် တဝင့် မဆွေးနွေးရသေးဘူးလေ၊ အခုက အစီအစဉ်တွေ အဲဒီလို ဆွေးနွေးနိုင်ဖို့ စီ စဉ်နေတုန်းမှာပဲ တိုက်ပွဲတွေ ဖြစ်နေပြီဆိုတော့ သူတို့လည်း လက်တွေ့အရ အမြန် အဆန်နဲ့ အကူအညီပေးဖို့ ဆိုတာက နည်းနည်းတော့ အခက်အခဲ ရှိတာပေါ့။”

ကိုအေးနိုင်။ ။ဟုတ်ကဲ့ အန်ကယ့်အနေနဲ့ လောလောဆယ်မှာ ဒီလောက်ပဲ ဖြေနိုင် သေးတယ်ဆိုတဲ့ သဘောလားဗျာ။ “ဒီလောက်ပဲ ဖြေနိုင်ပါသေးတယ်။ ဘုရားသုံးဆူ ဘက်ကတော့ စစ်ပြေး ဒုက္ခသည်တွေ တော်တော်လေးကို ထိုင်းဘက်ကမ်းကို ရောက်နေပြီ၊ အဲဒါလည်း ကြားတယ်။”

ကိုအေးနိုင်။ ။ဟုတ်ကဲ့။ ဘုရားသုံးဆူ နောက်ဆုံးအခြေအနေ သိပါရစေ။

“ဘုရားသုံးဆူမှာ သတင်းကြားတာက အရင်က ဘီဂျီအက်ဖ်(နယ်ခြား စောင့်တပ်)အဖြစ်လက်ခံလိုက်တဲ့ ဒီကေဘီအေတွေ နောက် ပီဂျီအက်ဖ်ရယ်၊ နောက် နှုတ်ခမ်းမွေးတို့ အဖွဲ့တွေပေါ့၊ အဲဒါတွေ ပေါင်းပြီးတော့မှ ဘုရားသုံးဆူကို ဝင်တိုက် တာလေ၊ အဲဒီမှာ နောက်ဆုံးကြားတဲ့ သတင်းက ဘယ်လောက် သေချာလည်း တော့ မပြောတတ်ဘူး၊ ရန်သူစခန်းတပ်စွဲထားတဲ့ ခုတ်လှေကပဲ ရန်သူတပ်တွေ ထိပြီးတော့ မြေပြန့်ရွာ မြို့ဘက်ကိုတော့ သူတို့အဖွဲကနေ သိမ်းထားတယ်လို့ ကြား တယ်၊ ဘုရားသုံးဆူဖက်မှာတော့ ဒုက္ခသည် လေးငါးခြောက်ထောင် လောက်တော့ ထိုင်းနယ်ထဲကို ရောက်နေတယ်လို့ ကြားတယ်။”

ဂျပန်သတင်းထောက်ကို လ၀က ပုဒ်မဖြင့် တရားစွဲ

ဘစောတင် Monday, 08 November ဧရာဝတီ

ကရင်ပြည်နယ် မြ၀တီမြို့သို့ ရွေးကောက်ပွဲ သတင်းယူရန် တရားမဝင် ၀င်ရောက်လာသူ ဂျပန် သတင်းထောက်အား မြ၀တီရဲက ဖမ်းဆီးပြီးနောက် လူဝင်မှုကြီးကြပ်ရေး ဥပဒေဖြင့် တရားစွဲထားကြောင်း သတင်း ရရှိသည်။

ယမန်နေ့နံနက်ပိုင်းက ထိုင်းဘက်ခြမ်းမှ မြ၀တီမြို့သို့ ၀င်ရောက်လာသူ APF (Asia Press Front) ဗီဒီယို သတင်း ဌာန အကြီးအကဲ မစ္စတာ တိုရု ယာမဂျိသည် မြ၀တီမြို့ရွှေမင်းဝံ ဘုန်းကြီးကျောင်းအနီး သတင်း ရိုက်ကူးနေစဉ် အဖမ်းခံခဲ့ ရခြင်းဖြစ်ကြောင်း သိရသည်။

မစ္စတာ ယာမဂျိကို မြန်မာအာဏာပိုင်များက လူဝင်မှုကြီးကြပ်ရေး(လ၀က) အရေးပေါ် ပြဋ္ဌာန်းချက် ပုဒ်မ ၁၃(၁) ဖြင့် တရားစွဲ ထားကြောင်း မြ၀တီမှ ရဲဝန်ထမ်း တဦးက“အဖမ်းခံထားရတဲ့ ဂျပန် သတင်းထောက်ကို နယ်စပ် တရားမ၀င် ဖြတ်ကျော် လာတဲ့အတွက် လူဝင်မှု ကြီးကြပ်ရေး ဥပဒေနဲ့ မြ၀တီစခန်းမှာ အမှုဖွင့်ထားပါ တယ်”ဟု ဧရာဝတီသို့ ပြော သည်။

ထိုပုဒ်မသည် ထောင်ဒဏ် ၂ နှစ်သော်လည်းကောင်း၊ ငွေဒဏ်သော်လည်းကောင်း၊ ထောင်ဒဏ်နှင့် ငွေဒဏ် ၂ ရပ်စလုံး သော်လည်းကောင်း ချမှတ်နိုင်သည်ဟု သိရသည်။

အသက် ၄၉ နှစ် အရွယ်ရှိ မစ္စတာ ယာမဂျိထံမှ နိုင်ငံတကာသုံး ဖုန်းတလုံး၊ ထိုင်းဖုန်းတလုံး၊ ဘောလ်ပင် ဗီဒီယို ကင်မရာ တလုံး၊ APF သတင်းထောက် ကတ်၊ ဂျပန် နိုင်ငံကူး လက်မှတ် တို့ကို သိမ်းယူထားကြောင်း အထက်ပါ ရဲ ၀န်ထမ်းက ဆိုသည်။

မစ္စတာ ယာမဂျိသည် နိုဝင်ဘာလ ၁ ရက်နေ့တွင် ထိုင်းနိုင်ငံသို့ လေကြောင်းခရီးဖြင့် ရောက်ရှိလာခဲ့ကြောင်း၊ ထို့နောက် ထိုင်း-မြန်မာ နယ်စပ်ရှိ မယ်လ ဒုက္ခသည်စခန်း သို့လည်း သွားရောက်ကာ သတင်းမှတ်တမ်းများ ရိုက်ကူးခဲ့သေး ကြောင်း သိရသည်။

နိုဝင်ဘာလ ၇ ရက်နေ့တွင် မြ၀တီဘက်ခြမ်းသို့ ကူးကာ သတင်းရိုက်ကူးစဉ် အဖမ်းခံခဲ့ရခြင်း ဖြစ်သည်ဟု မစ္စတာ ယာမဂျိ က ပြောကြောင်း ရဲဝန်ထမ်းက ပြောဆိုသည်။

ရန်ကုန်မြို့ရှိ ဂျပန်သံရုံးက မစ္စတာ ယာမဂျိကို တွေ့ဆုံခွင့်ရရန် အာဏာပိုင်များထံ တောင်းဆိုထားကြောင်း ကျိုတို သတင်း အေဂျင်စီ ၏ သတင်း တပုဒ်တွင် ဖော်ပြထားသည်။

မစ္စတာ ယာမဂျိကို မြ၀တီ ရဲစခန်းတွင် ချုပ်နှောင် ထားခဲ့ကြောင်း၊ တရားလိုအဖြစ် မြ၀တီ ခရိုင် လ၀က မှူး က တရားလို ပြုလုပ်ကာ တရားစွဲဆိုထားကြောင်း သိရသည်။

မြဝတီမြို့တွင် ယမန်နေ့မှစ၍ ဗိုလ်မှူးကြီး စောလားပွယ် (ဗိုလ်နှုတ်ခမ်းမွေး) ဦးဆောင်သည့် တိုးတက်သော ဗုဒ္ဓ ဘာသာ ကရင်အမျိုးသား တပ်မတော်(DKBA)နှင့် နအဖ တပ်များ စစ်ရေးတင်းမာပြီး တိုက်ပွဲများ ဖြစ်ပွား နေကြောင်း သိရသည်။ DKBA က မြဝတီမြို့ရှိ အဓိကကျသော စစ်အစိုးရရုံးများကို သိမ်းပိုက်ထားသည်ဟု ဆိုသည်။

ယခု မြဝတီမြို့တွင် တိုက်ပွဲများဖြစ်ပွားနေရာ မစ္စတာ ယာမဂျိကို မည်သည့်နေရာသို့ ရွှေ့ပြောင်း ချုပ်နှောင် ထားသည် ကို မသိရသေးပေ။

မစ္စတာ ယာမဂျိက သူ၏ တွီတာ (Twiter)လူမှု ကွန်ရက် စာမျက်နှာတွင် စစ်အစိုးရ၏ ရွေးကောက်ပွဲတွင် သတင်း ထောက် များကို တားမြစ်ထားခြင်းနှင့် ပတ်သက်၍“ကျနော် တို့ကို မဝင်ရဘူးလို့ တားထားရင်တော့ ရတဲ့ နည်းနဲ့ဝင်၊ သတင်းလိုက်၊ သတင်းပို့ရမှာက ကျနော်တို့ အလုပ်ပါပဲ၊ ကြည့်နေလိုက်ပါ နာဂါအိ” ဟု ရေးသားထားသည်။

၂၀၀၇ ခုနှစ်က ဖြစ်ပွားခဲ့သော ရန်ကုန်မြို့ရှိ မြန်မာရဟန်း သံဃာများ ဦးဆောင်သော ရွှေဝါရောင် တော်လှန်ရေး တွင် သတင်းယူရင်း ပစ်သတ်ခံရသော ဂျပန် သတင်းထောက် မစ္စတာ ကန်ဂျီးနာဂါအိသည် လည်း APF သတင်းဌာနမှပင် ဖြစ်သည်။

မစ္စတာ ကန်ဂျီးနာဂါအိ ကို ဂုဏ်ပြုသောအားဖြင့် APF သတင်းဌာနမှ ပေးအပ်သော ကန်ဂျီးနာဂါအိဆုကို ပြီးခဲ့သည့်နှစ် တွင် မြန်မာလူငယ် သတင်းထောက် မအိမ့်ခိုင်ဦး ရရှိခဲ့သည်။

ဓာတ်ငွေ့ပိုက်လိုင်းမီးလောင်၊ ၁ ဦးသေ၊ ၃ ဦးဒဏ်ရာရ

ဇာနည်မာန် Monday, 08 November ဧရာဝတီ

ရန်ကုန် မြောက်ပိုင်းခရိုင် ရွှေပြည်သာ မြို့နယ်တွင် ယနေ့နံနက် ၃ နာရီခန့်က ဓာတ်ငွေ့ ပိုက်လိုင်း မီးလောင်မှုကြောင့် ကလေးငယ် ၁ ဦးသေဆုံး၍ ၃ ဦး ဒဏ်ရာရခဲ့ကြောင်း သတင်းရရှိသည်။

“အမှတ် ၄ လမ်းမဘေး ပစ္စည်း ထိန်းသိမ်းရေးတပ် အ၀င်ဝဘေးမှာ ဖြစ်တာ။ ကိုက် ၆၀ လောက် နားမှာ အိပ်နေတဲ့ မိသားစုကို အစတွေ မှန်တာ ကလေး တယောက်က ပွဲချင်းပြီးပဲ။ ၃ ယောက်က ဒဏ်ရာတွေ ပြင်းတယ်။ ဆေးရုံမှာ အတွင်း လူနာအနေနဲ့ ပို့ထားရတယ်။ ပိုက်ကတော့ ညတွင်းချင်းပဲ ပြင်ပြီးသွားပြီ” ဟု ရွှေပြည်သာ မြို့ခံတဦးက ပြောသည်။

ရွှေပြည်သာ မြို့နယ် မယက ရုံးမှ တာဝန်ရှိသူတဦးက ပေါက်ကွဲမှု ဖြစ်သည်မှာ ဟုတ်မှန်ကြောင်း၊ ဖြစ်ပွားပုံ အသေးစိတ်ကို စုံစမ်း စစ်ဆေး နေကြောင်း၊ ဒဏ်ရာရသူများကို ရန်ကုန် ဆေးရုံကြီးသို့ ပို့ထားကြောင်း အတည်ပြုပြောဆိုသည်။

ရန်ကုန်ဆေးရုံကြီးမှ ဖုန်းဖြေဆိုသူက ပြောခွင့်မရှိကြောင်းသာ ဖြေကြားခဲ့သည်။

အဆိုပါပိုက်လိုင်းမှာ ကမ်းလွန် သဘာဝဓာတ်ငွေ့ဖြင့် လည်ပတ်သည့် ရွာမ နှင့် လှော်ကား လျှပ်စစ်ဓာတ်အားပေး စက်ရုံများသို့ ဓာတ်ငွေ့ ပေးပို့သည့် ပိုက်လိုင်းဖြစ်သည်။

မသမာမှုများ မရှင်းပေးလျှင် ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်မပြု

နရီလင်းလက် Monday, 08 November ဧရာဝတီ

ရွေးကောက်ပွဲ မသမာမှုများနှင့် ပတ်သက်၍ ရွေးကောက်ပွဲ ကော်မရှင်က ရှင်းလင်း ပေးခြင်းမရှိလျှင် ရွေးကောက်ပွဲ ရလဒ်ကို အသိအမှတ် မပြုရန် တခြား ဒီမိုကရေစီ ပါတီများနှင့် ပြောဆိုထားသည်ဟု အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) မှ ဦးခင်မောင်ဆွေက ပြောသည်။

“မဲရေတွက်ချိန်မှာ မသမာမှုလုပ်တာတွေ၊ မတရား ကြိုတင်မဲ ကောက်ယူထားတဲ့ ကိစ္စတွေနဲ့ မသမာတဲ့ ကြိုတင်မဲကိစ္စတွေ၊ မဲရေတွက်တာတွေနဲ့ ပတ်သက်ပြီး ရှင်းလင်းမပေးရင် ဒီရွေးကောက်ပွဲကို အသိအမှတ်ပြု လက်မှတ်မထိုးပေးဖို့ တခြားပါတီတွေနဲ့ ပြောထားတယ် ” ဟု ရွေးကောက်ပွဲတွင် အမတ်နေရာ ၁၆၄ နေရာအတွက် ၀င်ရောက် ယှဉ်ပြိုင်ခဲ့သော NDF ခေါင်းဆောင် ဦးခင်မောင်ဆွေကဆိုသည်။

ရန်ကုန်တိုင်း ကျောက်တန်း မြို့နယ်တွင် ယမန့်နေ့ညက မဲရေတွက်ရာ NDF ပါတီကို ထောက်ခံသည့် မဲရရှိမှု များလာသည်ကို တွေ့ရချိန်တွင် မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်မှ မဲရေတွက်မှုကို ရပ်ပစ်လိုက်သည်ဟု ဦးခင်မောင်ဆွေက ဆက်လက်ပြောသည်။

“ဗဟို ကော်မရှင်ကပဲ ရလဒ်ကို ဆုံးဖြတ်ပေးမယ်ဆိုပြီး မဲရေတွက်တာကို ရပ်ပစ်လိုက်တယ်” ဟု ဦးခင်မောင်ဆွေက ဧရာဝတီသို့ ပြောသည်။

သန်လျင်မြို့နယ်တွင် NDF ပါတီသည် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) နှင့် အဓိက ယှဉ်ပြိုင်ခဲ့ပြီး မဲရေတွက်မှုအရ ကြံ့ဖွံ့ပါတီက ၉၈ ရာခိုင်နှုန်းဖြင့် အနိုင်ရရှိနေကြောင်း သိရသည်။

NDF သည် ယခုနောက်ဆုံးသိရှိရသည့် ရလဒ်များအရ အမျိုးသားလွှတ်တော်တွင် ၃ နေရာ၊ ပြည်သူ့လွှတ်တော်တွင် ၈ နေရာနှင့် တိုင်းဒေကြီးလွှတ်တော်တွင် ၄ နေရာ ရရှိနေပြီးဖြစ်ကြောင်း သတင်းရရှိသည်။

ကြံ့ဖွံ့ပါတီသည် ကြိုတင်မဲ ကောက်ယူထားသည့် နည်းလမ်းကို အသုံးပြု၍ ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်သည့် ပါတီများကို အနိုင်ရရှိရန် ပြုလုပ်နေသည်ဟု နိုင်ငံရေးပါတီများက ဝေဖန်ကြသည်။

တောင်ဥက္ကလာပ မြို့နယ် မဲဆန္ဒနယ် (၁) မှ ၀င်ရောက်ယှဉ်ပြိုင်သော တသီးပုဂ္ဂလ ကိုယ်စားလှယ် ဒေါက်တာ စောနိုင်သည် ရပ်ကွက်အသီးသီးရှိ မဲဆန္ဒနယ် ၁၀၀ ကျော်တွင် မဲရေတွက်မှုအရ အသာရရှိနေသော်လည်း မြို့နယ်အရောက် မဲစာရင်း ထုတ်ပြန်အပြီးတွင်မူ ရှုံးသွားကြောင်း ပြည်တွင်းသတင်းထောက်တဦးက ပြောပြသည်။

“မြို့နယ်အောက်မှာရှိတဲ့ မဲဆန္ဒနယ် အသေးလေးတွေ ၁၀၀ ကျော်လောက်ရှိတယ်။ အဲဒီမှာ ရေတွက်တာ အခြေအနေကောင်းတယ်။ ရလဒ်က မကြေညာပေးတော့ မသိရဘူး။ ဒါနဲ့ မြို့နယ်ကို ပို့လိုက်ပြီး ရလဒ်လည်း ကြေညာရော ရှုံးသွားတယ်။ ကြံ့ဖွံ့ပါတီက ကောက်ယူထားတဲ့ ကြိုတင်မဲတွေ ထပ်ပေါင်းလို့ သူတို့ နိုင်တာ” ဟု ၎င်းက ဧရာဝတီသို့ ပြောသည်။

ပဲခူးတိုင်းတွင်လည်း တရားမျှတမှု မရှိသည့် ကြိုတင်မဲ ကောက်ယူခြင်း၊ ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင်များက ကြံ့ဖွံ့ပါတီ မဲရုံစောင့် ကိုယ်စားလှယ်များကို ကြောက်ရွံ့နေရခြင်း၊ တခါးပိတ် မဲရေတွက်မှုများနှင့် ပတ်သက်၍ ပဲခူးတိုင်း ပြည်ထောင်စု ဒီမိုကရေစီ ပါတီဥက္ကဋ္ဌ ဦးသိန်းဌေးအပါအ၀င် ပဲခူးတိုင်းမှ လွှတ်တော် ကိုယ်စားလှယ်လောင်း ၉ ဦးက နေပြည်တော်သို့ အိတ်ဖွင့်ပေးစာတစောင် ပေးပို့သွားမည်ဟု သိရသည်။

ထို့အပြင် ချင်းပြည်နယ် မင်းတပ်မြို့နယ်ရှိ ရပ်ကွက်တချို့တွင်လည်း ကြံ့ဖွံ့ပါတီသည် ကြိုတင်မဲ ကောက်ခံမှုနှင့် အတင်းအကျပ် မဲထည့်ခိုင်းမှုကြောင့် အသာစီးဖြင့် အနိုင်ရရှိနေသည်ဟု ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူ ဒေသခံတဦးက ပြောသည်။

“မင်းတပ် တမြို့နယ်လုံးမှာ ပြည်သူ့ဆန္ဒအတိုင်း မဲပေးကြတာကို ကြည့်ရင် ချင်းပါတီတွေနဲ့ တစည (တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ) ကို များတယ်။ ဒါပေမယ့် ကြိုတင်မဲ အကုန်လုံးကလည်း ကြံ့ဖွံ့ပါတီကို ထောက်ခံတာတွေပဲ ဖြစ်နေတယ်” ဟု ၎င်းက ဆိုသည်။

ထို့အပြင် မြစ်ကြီးနားမြို့နယ် စီတာပူ ရပ်ကွက် ၊ ဒူကတောင့် ရပ်ကွက်များတွင်လည်း ကြံ့ဖွံ့ပါတီသည် ကြိုတင်မဲဖြင့် အနိုင်ရရှိသွားသည်ဟု တစည ပါတီမှ ဦးလနန်ဘောက်က ပြောသည်။

အစိုးရ ဝန်ထမ်းများကို ကြိုတင်မဲထည့်ခိုင်းခဲ့ပြီး မဲစာအိတ်များ သယ်ဆောင်ရာတွင် အိတ်ပိတ်ခြင်းမရှိကြောင်း၊ စီတာပူ ရပ်ကွက်တွင် ကြိုတင်မဲ ၆၀၀၊ ဒူကထောင့် ရပ်ကွက်တွင် ကြိုတင်မဲ ၄၀၀ ခန့် ရယူထားသည်ဟု ၎င်းက ဆက်လက်ပြောသည်။

မြန်မာရွေးကောက်ပွဲ တဖက်သတ် နိုင်ထက်စီးနင်းပြုဟု

သမ္မတ အိုဘားမား အိန္ဒိယလွှတ်တော်မှာ ဝေဖန်

By ဦးသားညွန့်ဦး တနင်္လာ, 08 နိုဝင်ဘာ VOA

ကျင်းပပြီးစီးခဲ့တဲ့ မြန်မာ့ရွေးကောက်ပွဲတွေဟာ နိုင်ငံတကာက လိုလား တောင်းဆိုခဲ့တဲ့အတိုင်း ဖြစ်မလာတဲ့အပေါ် နိုင်ငံတကာ အစိုးရတွေကတော့ စိတ်ပျက်ခဲ့ကြပါတယ်။ ရွေးကောက်ပွဲ ရလဒ်နဲ့အတူ ရွေးကောက်ပွဲအပြီး တိုးတက် ဖြစ်ထွန်းမှုတွေကိုတော့ နိုင်ငံတကာ အစိုးရတွေက ဆက်ပြီး စောင့်ကြည့်နေကြပါတယ်။ အကြောင်းစုံကို ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

ရွေးကောက်ပွဲ မတိုင်ခင် ဖြစ်သင့်ဖြစ်ထိုက်တဲ့ နိုင်ငံရေး အခင်းအကျင်းတွေကို နိုင်ငံတကာက မြန်မာအစိုးရကို တောင်းဆိုခဲ့တာတွေ ရှိပေမဲ့ ဘာတခုမှ ဖြစ်မလာတဲ့အပေါ် နိုင်ငံတကာ အစိုးရ အတော်များများက စိတ်ပျက်ခဲ့ကြတာပါ။ အဓိက အတိုက်အခံ ပါတီကြီးဖြစ်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ ဆွေးနွေးညှိနှိုင်းမှုတွေ မလုပ်ဘဲ ရွေးကောက်ပွဲကို တဖက်သတ် လုပ်ခဲ့တဲ့အပေါ် စိတ်ပျက်ရတယ်လို့ ဂျပန် နိုင်ငံခြားရေးဌာန လက်ထောက်ပြောခွင့်ရသူ တာကေးရှီ မာစုနာဂက ပြောပါတယ်။

“ပြီးခဲ့တဲ့ ဂျပန် မဲခေါင် ထိပ်သီး အစည်းအဝေးမှာရော၊ ဂျပန် မြန်မာ နိုင်ငံခြားရေး ၀န်ကြီးအဆင့် အစည်းအဝေးမှာပါ မြန်မာနိုင်ငံတွင်း လွတ်လပ်မျှတပြီး အားလုံး ပါဝင်ခွင့်ရတဲ့ ရွေးကောက်ပွဲတခု ဖြစ်ဖို့ မြန်မာအစိုးရကို ဂျပန်နိုင်ငံက အကြိမ်ကြိမ် တိုက်တွန်းခဲ့ပါတယ်။ အဲဒီအခြေခံ အပေါ်မှာပဲ ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းလွှတ်ပေးပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ သူမ ပါတီ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်တို့နဲ့ ဆွေးနွေးညှိနှိုင်းမှုတွေ လုပ်ဖို့ ဂျပန်အစိုးရက တောင်းဆိုထားပါတယ်။ ဒါပေမဲ့လည်း ဒီအခြေအနေတွေဟာ ရွေးကောက်ပွဲမှာ မျှော်လင့်သလို ဖြစ်မလာခဲ့တာ အတော်ကြီး စိတ်ပျက်ရပါတယ်။”

ဒါပေမဲ့လည်း ရွေးကောက်ပွဲနောက်ပိုင်း ဖြစ်ထွန်း တိုးတက်မှုတွေကိုတော့ တာဝန်ခံမှုရှိတဲ့ အရပ်ဘက် ဒီမိုကရေစီ အစိုးရစနစ်တရပ် ပေါ်လာလေမလားဆိုတဲ့ မျှော်လင့်ချက်နဲ့ စောင့်ကြည့်သွားဦးမယ်လို့ ဂျပန်နိုင်ငံခြားရေးဌာနက ထုတ်ပြန်ပါတယ်။

အိန္ဒိယနိုင်ငံ ရောက်နေတဲ့ သမ္မတ အိုဘားမားကတော့ မြန်မာအစိုးရရဲ့ ရွေးကောက်ပွဲဟာ သူတို့လိုချင်တဲ့ ပုံအတိုင်း ဖြစ်အောင် တဖက်သတ် နိုင်ထက်စီးနင်းလုပ်တဲ့ ရွေးကောက်ပွဲမျိုးဖြစ်ပြီး လက်ခံလို့ မရဘူးလို့ အိန္ဒိယ ပါလီမန်မှာ ပြောတဲ့ မိန့်ခွန်းတခုမှာ ပြောသွားပါတယ်။

“မြန်မာနိုင်ငံမှာလို ငြိမ်းချမ်းတဲ့ ဒီမိုကရေစီ လှုပ်ရှားမှုတွေကို နှိပ်ကွပ်ခံရမယ်ဆိုရင် ဒီမိုကရေစီ တိုင်းပြည်တွေက ဆိတ်ဆိတ်နေလို့ မဖြစ်ပါဘူး။ ငြိမ်းချမ်းတဲ့ ဆန္ဒပြသူတွေကို ပစ်ခတ်နှိမ်နင်းတာ၊ နိုင်ငံရေး အကျဉ်းသားတွေကို ဆယ်စုနှစ်နဲ့ချီ ထောင်သွင်း အကျဉ်းချထားတာတွေကို လက်ခံလို့ မရပါဘူး။ လူထုတရပ်လုံးရဲ့ စိတ်ဆန္ဒတွေကို လောဘဇောတိုက်ပြီး အရာရာအပေါ် သံသယကြီးတဲ့၊ ကျင့်ဝတ်မဲ့တဲ့ အစိုးရတရပ်က ထိန်းချုပ်ထားတာမျိုး လက်ခံလို့ မရပါဘူး။ မြန်မာအစိုးရကနေ ရွေးကောက်ပွဲကို နိုင်ထက်စီးနင်း တဖက်သတ် ထပ်လုပ်တာမျိုးကို လက်ခံလို့ မရပါဘူး။”

ဥရောပသမဂ္ဂရဲ့ ကိုယ်စား ဥရောပသမဂ္ဂရဲ့ နိုင်ငံတကာ မူဝါဒဆိုင်ရာ အကြီးအကဲ ကက်သရင်း အက်ရှ်တွန် (Catherine Ashton) ကလည်း မြန်မာနိုင်ငံ ရွေးကောက်ပွဲဟာ အားလုံး ပါဝင်ခွင့်ရတဲ့ နိုင်ငံရေး ဗဟုဝါဒကို စတင် ဦးတည်နိုင်တဲ့ အခွင့်အလမ်း ရှိခဲ့ပေမဲ့လည်း လက်တွေ့မှာတော့ ဒီမိုကရေစီနိုင်ငံ ဦးတည်တဲ့ ရွေးကောက်ပွဲ ဖြစ်မလာခဲ့ဘူးလို့ ဝေဖန်တဲ့ ကြေညာချက် ထုတ်ပါတယ်။

EU အနေနဲ့ကတော့ ရွေးကောက်ပွဲအလွန် ပါလီမန်သစ်နဲ့ အစိုးရသစ်ဟာ မြန်မာလူထုရဲ့ အခြေခံ အခွင့်အရေးတွေကို လေးစားမလား၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ဒီမိုကရေစီရေးကို ဦးတည်သွားနိုင်မလား ဆိုတာကို စောင့်ကြည့်သွားမယ်လို့လည်း ကြေညာခဲ့ပါတယ်။

သြစတြေးလျနိုင်ငံ ရောက်နေတဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ကလင်တန်နဲ့ သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး ကယ်ဗင် ရပ်ဒ် (Kevin Rudd) တို့နှစ်ဦး ဒီကနေ့ တွေ့ဆုံစဉ် ကမ္ဘာ့အရေးအရာ ကိစ္စတွေ ဆွေးနွေးတဲ့အထဲမှာ မြန်မာနိုင်ငံက ရွေးကောက်ပွဲ ကိစ္စကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။ ဒီရွေးကောက်ပွဲဟာ လွတ်လပ်မျှတမှု ကင်းမဲ့တဲ့ ရွေးကောက်ပွဲ ဖြစ်တယ်လို့ သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီးက ၀န်ကြီးနှစ်ဦးရဲ့ ပူးတွဲ သတင်းစာ ရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

“မြန်မာရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ဘယ်လိုရလဒ်တွေ ထွက်လာမလဲဆိုတာ အတိအကျ သိနိုင်ဖို့ စောင့်ဆိုင်းနေပါတယ်။ ရွေးကောက်ပွဲဟာ လွတ်လပ်မှု၊ မျှတမှု ကင်းမဲ့နေပါတယ်။ ရွေးကောက်ပွဲမှာ ဒီမိုကရက်တစ်ပါတီ အတော်များများ ပါဝင်ယှဉ်ပြိုင်ကြတာ ရှိပါတယ်။ အဲတော့ အဲဒီ ရွေးကောက်ပွဲကနေ ဘယ်လို၊ ဘာတွေဖြစ်လာမလဲ ဆိုတာကို အနီးကပ် စောင့်ကြည့်နေပါတယ်။ မြန်မာပြည်သူတွေ အနေနဲ့ အစိုးရက လုပ်ဆောင်နေတာထက် ပိုပြီး အခွင့်အလမ်းတွေ ရသင့် ရထိုက်ပါတယ်။”

မြန်မာအစိုးရ စီစဉ်ပေးမှုနဲ့ ရွေးကောက်ပွဲတွေကို သွားရောက် လေ့လာခဲ့ကြတဲ့ အာဆီယံတိုင်းပြည် အတော်များများကတော့ အခုအချိန်အထိ နှုတ်ဆိတ်နေပါတယ်။

ထိုင်းနိုင်ငံခြားရေးဌာန ပြောခွင့်ရသူ ပတ်နိတန်ကတော့ ရန်ကုန်သံရုံးကပို့မယ့် သတင်း အချက်အလက်တွေကို စောင့်ဆိုင်းပြီးမှ သူတို့သဘောထားကို ထုတ်ပြန်နိုင်မယ်လို့ ပြောပါတယ်။

“အစိုးရဘက်က ဖိတ်ကြားတာကြောင့် မြန်မာနိုင်ငံတ၀န်းက ရွေးကောက်ပွဲတွေကို လေ့လာကြည့်ရှုဖို့ ထိုင်းသံတမန် ၅ ဦးပါ အဖွဲ့ကို စေလွှတ်ခဲ့ပါတယ်။ ဒီတော့ ရန်ကုန်မှာရှိတဲ့ ကျနော်တို့သံရုံးက အစီရင်ခံစာနဲ့ အခြားရနိုင်မယ့် အချက်အလက်တွေကို စောင့်ဆိုင်းနေဆဲ ရှိပါတယ်။ ဒါကြောင့် ရွေးကောက်ပွဲ အခြေအနေကို နိဂုံးချုပ် သုံးသပ်မှု ကျနော်တို့ မထုတ်ပြန်နိုင်သေးပါဘူး။”

ရွေးကောက်ပွဲမှာ မဲမသမာမှုတွေ ရှိတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပေမဲ့ ဒီအပေါ်မှာ အတည်ပြုချက်တော့ မပေးနိုင်သေးဘူးလို့ ထိုင်းနိုင်ငံခြားရေးဌာန ပြောခွင့်ရသူက ပြောပါတယ်။ ရွေးကောက်ပွဲကို လေ့လာဖို့ဆိုပြီး ရန်ကုန်အခြေစိုက် သံတမန်တွေကို မြန်မာအစိုးရက ဖိတ်ခေါ်ခဲ့ပေမဲ့ မြန်မာ့အိမ်နီးချင်း နိုင်ငံတွေက လွဲလို့ အမေရိကန်နဲ့ ဥရောပ နိုင်ငံတွေက အဲဒီ လေ့လာရေး အဖွဲ့တွေမှာ ပါဝင်ဖို့ ငြင်းပယ်ခဲ့ပါတယ်။

မြန်မာ့ ရွေးကောက်ပွဲကို နိုင်ငံတကာ ဝေဖန်ပြောဆို

2010-11-08 RFA

မြန်မာစစ်အစိုးရ ပြုလုပ်တဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး အမေရိကန်၊ သြစတြေလျ၊ ဖိလစ်ပိုင်နဲ့ ဂျပန် အပါအဝင် ကမ္ဘာ့နိုင်ငံအတော်များများက ဝေဖန်ပြောဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ပတ်သက်ပြီး အိန္ဒိယအစိုးရက တစုံတရာ ပြောဆိုမှု မရှိတဲ့အပေါ် အမေရိကန်သမတ အိုဘားမားက နိုဝင်ဘာ ၈ ရက် ဒီကနေ့ ဝေဖန်လိုက်ပါတယ်။

ကမ္ဘာ့ဒီမိုကရေစီ နိုင်ငံကြီးတွေအဖြစ် အများက သတ်မှတ်ထားတဲ့ နိုင်ငံတွေအနေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အကြီးအကျယ် ဖြစ်ပျက်နေတဲ့ တခြားနိုင်ငံတွေရဲ့ အရေးကို လစ်လျူရှု မထားနိုင်ကြောင်း သမတ အိုဘားမား က ပြောပါတယ်။

မြန်မာနိုင်ငံမှာ ဒီမိုကရေစီရေးအတွက် ငြိမ်းချမ်းတဲ့နည်းလမ်းနဲ့ လှုပ်ရှားတောင်းဆိုတာကို စစ်အစိုးရက ဖိနှိပ်နေတဲ့အပေါ် မိမိတို့ ကမ္ဘာ့ဒီမိုကရေစီနိုင်ငံကြီးတွေ အနေနဲ့ ဘာမှမပြောပဲ ဒီအတိုင်း နှုတ်ဆိတ် မနေနိုင်ကြောင်းလည်း အမေရိကန် သမတက ပြောပါတယ်။ အိန္ဒိယလွှတ်တော်တွင်းမှာ ပြောကြားခဲ့တဲ့ မိန့်ခွန်းထဲမှာ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး ထည့်သွင်း ပြောဆိုသွားတာ ဖြစ်ပါတယ်။ ပွင့်ပွင့်လင်းလင်း ဝေဖန်ရမယ်ဆိုရင် အိန္ဒိယနိုင်ငံဟာ ဒီလို အရေးကိစ္စတွေကို ဝေဖန်ပြောဆိုဖို့ အမြဲတမ်း ရှောင်ရှားခဲ့တယ်လို့လည်း သမတ အိုဘားမားက ဝေဖန် လိုက်ပါတယ်။

ဒီကနေ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်နဲ့ သြစတြေလျ နိုင်ငံခြား ရေးဝန်ကြီး Kevin Rudd တို့ ပူးတွဲထုတ်ပြန်တဲ့ ကြေညာချက်မှာလည်း- မြန်မာစစ်အစိုးရပြုလုပ်တဲ့ ရွေးကောက်ပွဲဟာ လွတ်လပ်တရားမျှတပြီး အားလုံးပါဝင်မှု မရှိတဲ့အပေါ် အလွန်အမင်း စိတ်မကောင်း ဖြစ်ရကြောင်း ဖော်ပြထားပြီး ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံအရေးအကျဉ်းသားတွေကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။

ဖိလစ်ပိုင်သမတ အကီနိုက ဒီကနေ့ သတင်းထောက်တွေကို ပြောရာမှာ မိမိတို့ ကနဦး ကြားသိထားတဲ့ သတင်းတွေအရ မနေ့က ရွေးကောက်ပွဲမဲပေးမှု အခြေအနေတွေဟာ အင်မတန်ဆိုးဝါးကြောင်း ပြောပါတယ်။

စစ်အစိုးရအနေနဲ့ ပြည်သူအားလုံးရဲ့ သဘောဆန္ဒနဲ့အညီ တင်မြှောက်တဲ့ အစိုးရ ပေါ်ထွက်လာရေးအတွက် ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ် ပေးပြီး မကြာခင်မှာ အခုထက်ပိုမို ကျယ်ပြန့်တဲ့ ရွေးကောက်ပွဲတရပ် ပြုလုပ်ပေးလိမ့်မယ်လို့ မျှော်လင့်ကြောင်းလည်း သူက ပြောပါတယ်။

အလားတူပဲ ဂျပန် နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း မြန်မာနိုင်ငံက ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ကြေညာချက်တစောင် ထုတ်ပြန်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို အမြန်ဆုံးပြန်လွှတ်ပေးပြီး အမျိုးသား ဒီမို ကရေစီ အဖွဲ့ချုပ်နဲ့ တွေ့ဆုံဆွေးနွေးဖို့ မိမိတို့ အကြိမ်ကြိမ် တောင်းဆိုခဲ့တာကို စစ်အစိုးရက လစ်လျူရှုပြီး အခုလို ရွေးကောက်ပွဲ လုပ်ခဲ့တဲ့အပေါ် အလွန်အမင်း စိတ်ပျက်မိကြောင်း ဂျပန် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဥရောပသမဂ္ဂ EU ရဲ့ နိုင်ငံခြားရေးရာ အကြီးအကဲ Catherine Ashton ၊ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး William Hague ၊ ပြင်သစ် နိုင်ငံခြားရေးဝန်ကြီး Bernard Kouchner တို့ကလည်း စစ်အစိုးရရဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ဝေဖန်ပြောဆိုလိုက်ပြီး နိုင်ငံရေးအကျဉ်းသားတွေကို ပြန်လွှတ်ပေးဖို့ တောင်းဆိုလိုက်ကြပါတယ်။

ရွေးကောက်ပွဲသတင်းယူမှု ဖမ်းဆီးနှောင့်ယှက်မှုတွေကြုံတွေ့

By မသင်းသီရိ တနင်္လာ, 08 နိုဝင်ဘာ VOA

မနေ့က နိုင်ငံတ၀ှမ်းကျင်းပခဲ့တဲ့ မဲဆန္ဒပေးပွဲ သတင်းတွေကို လွပ်လပ်လပ်လပ် သတင်းယူခွင့်မရခဲ့ကြသလို သတင်းထောက်တချို့ ခေတ္တခေါ်ယူဖမ်းဆီးခံရတာမျိုးတွေထိ ဖြစ်ခဲ့ပါတယ်၊၊ အစိုးရနဲ့ ပြန်ကြားရေးဌာနတို့က စီစဉ်ပေးတဲ့ သတင်းအဖွဲ့တွေလောက်သာ မဲရုံသတင်းတွေယူခွင့်ရကြပေမယ့် အစိုးရအစီအစဉ်နဲ့ မဟုတ်ဘဲ အလွတ်သတင်းယူကြတဲ့ သတင်းထောက်တချို့ အတော်လေး ပိတ်ပင်ဟန့်တားခံရထိ အခြေအနေတွေ ရှိခဲ့ပါတယ်။ ဒီရွေးကောက်ပွဲတွင်း သတင်းသမားတွေရဲ့ အခြေအနေအပြည့်အစုံကိုတော့ မသင်းသီရိက ဆက်ပြောပြပေးမှာပါ။

အစိုးရရဲ့စီစဉ်ပေးမှုနဲ့မဟုတ်ဘဲ ကိုယ့်ဖာသာကိုယ် မဲရုံရဲ့သတင်းတွေကို ရိုက်ကူးရယူဖို့ ကြိုးစားခဲ့တဲ့ အလွတ်သတင်းသမား တွေ အတော်ကလေး သတင်းကန့်သတ်ခံရခဲ့တယ်လို့ မနေ့က ရန်ကုန်တိုင်းအတွင်း မဲရုံတွေနားမှာ သတင်းသွားယူခဲ့တဲ့ သတင်းသမားတဦးက ပြောပါတယ်။

“မနေ့က ကျနော်တို့တွေ ဓာတ်ပုံတော့ ရိုက်လို့တော့ မရဘူးခင်ဗျ။ မဲရုံနားမှာ ကင်မရာလွယ်ပီး သွားလို့ရှိရင် ရဲတွေက ကျနော်တို့နားကို ကပ်လာပါတယ်ခင်ဗျ။ အဲဒါမျိုးတွေတော့ ကြုံရပါတယ်။ မဲပေးပြီးပြန်ထွက်လာသူကိုပဲ ကျနော်တို့က အဲဒီမှာ လုံခြုံမှုရှိရဲ့လား၊ မရှိဘူးလား။ အဲဒီလောက်ပဲ မေးလို့ရတယ်ဗျ။ ရဲဝန်ထမ်းလုံခြုံရေးတွေကလည်း ကြည့်နေတဲ့အခါကျတော့ သူတို့မှာ ဖြေရတာနည်းနည်းကြောက်နေ တယ် ဗျ။ မဲရုံဝန်းကျင်မှာ သတင်းလွတ်လွတ်လပ်လပ်ယူခွင့်မရှိတာကတော့ တော်တော်ဆိုးတယ်လို့ ကျနော်ထင်တယ်”

မနေ့က တောင်ဥက္ကလာမြို့နယ်ထဲက ကော်မရှင်ရုံးတခုမှာ မဲပေးတာနဲ့ပတ်သက်ပြီး ပြဿနာဖြေရှင်းနေတဲ့ အချိန် ဓာတ်ပုံဝင်ရိုက်မိခဲ့တဲ့ အတွက် အပတ်စဉ်ထုတ် True News Journal က သတင်းသမားနှစ်ဦးကို ခဏ ခေါ် ယူဖမ်းဆီးခဲ့ပြီး နောက်တော့ ပြန်လွှတ်ပေးခဲ့ပါတယ်။ တခါ ဖေးဘရိတ်ဂျာနယ်က သတင်းသမား ၄ ဦးရဲ့ ကင်မရာတွေထဲက ဓာတ်ပုံတွေကိုလည်း မဲရုံကော်မရှင်အာဏာပိုင်တွေရှေ့မှာ ဖျက်ဆီး ပေးတာမျိုးရှိခဲ့ပါတယ်။ အလားတူ တခြားမြို့နယ်တချို့မှာလည်း ဒီလိုပဲ သတင်းသမားတွေကို ပိတ်ပင်ဟန့်တားတာမျိုးတွေ ဖြစ်ခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။

“ဒဂုံအရှေ့မှာတော့ မဲရေတွက်ခါနီးမှာ ကျနော် မီဒီယာကပါ ဆိုပြီး တယောက်က သွားပြောတဲ့အတွက် သူတို့က ချက်ခြင်း ဒီနားမလာနဲ့ ဆိုပြီး မောင်းထုတ်တာ၊ အဲလိုမျိုးတော့ ကြားတယ်ဗျ။ ရွေးကောက်ပွဲသတင်းကို လိုက် မယ်ဆို ကျနော်တို့က ခေါင်းစဉ်တွေ၊ Plan တွေ ချပြီးတော့ လိုက်တယ်။ ဒါပေမဲ့ ရွေးကောက်ပွဲပီးလို့ ၁ ညအထိ အဖြေတွေက ဘယ်မြို့နယ်မှာ ရတယ်ဆိုတာတောင် အတိအကျ မသိတဲ့ အခါကျတော့ ရာခိုင်နှုန်းနဲ့ တွက်ကြည့် မယ် ဆိုလို့ရှိရင် Plan ရဲ့ ၂၀ ရာခိုင်နှုန်းလောက်ပဲ ရပါတယ်ခင်ဗျ”

နောက်တခါ နယ်မြို့တွေမှာဆိုရင်လည်း မဲရုံစောင့်တဲ့ အာဏာပိုင်တွေနဲ့ သတင်းထောက်တွေကြားမှာ ပြဿနာဖြစ်ခဲ့တာမျိုးတွေရှိတယ်လို့ နောက်ထပ် သတင်းသမားတဦးက ပြောပြပါတယ်။

“ရခိုင်တို့၊ မကွေးတို့ဘက်မှာတော့ အဆင်သိပ်မပြေဘူးပေါ့နော်။ တားမြစ်တာတွေရှိတယ်လို့ ကြားရတယ်။ မကွေး မှာဆို မဲရုံတွေထဲမှာ သတင်းသွားယူတဲ့ သတင်းထောက်တွေ zoon ဆွဲရိုက်တာတို့ မီးထိုးရိုက်တာတို့ မရိုက်ပါနဲ့ ပြောတယ်။ နောက် ရခိုင်မှာဆိုလို့ရှိရင် ပြန်ကြားရေးက လွှတ်တာပေါ့နော်။ အဲလိုပြောလည်း မရိုက်ပါနဲ့လို့ပြောတယ်။ လုံးဝကို တားတယ်ပေါ့နော်။ နောက် ပြည်မြို့ ပေါ့။ အဲဒီလို ရိုက်ခွင့်မပေးထားတဲ့ မဲဆန္ဒနယ် မဲရုံတွေကိုသွားပြီးတော့ မရိုက်ရဘူးပေါ့၊ ရိုက်လို့ရှိရင်တော့ ဖမ်းမယ့်အနေအထားမှာ ရှိနေတယ်”

ဒါကတော့ အစိုးရနဲ့ ပြန်ကြားရေးဌာနရဲ့ စီစဉ်ပေးမှုနဲ့မဟုတ်ဘဲ မဲပေးကြတဲ့သတင်းတွေကို ရယူခဲ့တဲ့ သတင်းသမားတွေရဲ့ အခက်အခဲ အခြေအနေပါရှင်။

အစိုးရအစီအစဉ်နဲ့ နိုင်ငံတ၀ှမ်းက မဲရုံတွေကို သတင်းသွားယူခွင့်ရသူတွေကတော့ သတ်မှတ်ထားတဲ့ မဲရုံရဲ့ ပရ၀ုဏ်အတွင်းမှာတော့ ဓာတ်ပုံရိုက်ခွင့်ရပေမဲ့ မဲရုံအတွင်းကို ၀င်ပြီးတော့ ဓာတ်ပုံရိုက်ခွင့်မပေးဘူးလို့ ပြောပါတယ်။

ဒါပေမဲ မဲဆန္ဒရှင်တွေကို အင်တာဗျူးလုပ်ရာမှာတော့ စိတ်ကြိုက်အဖြေရဖို့ အခက်အခဲရှိတယ်လို့ အစိုးရအစီအစဉ်နဲ့ မနေ့က အထက် မြန်မာပြည်မှာ ကိုယ်တိုင်သတင်းရယူခဲ့တဲ့ စာရေးဆရာ ဦးကျော်ရင်မြင့်က ပြောပါတယ်။

“မဲပေးပြီး ပြန်ထွက်လာတဲ့သူတွေကို ကျနော်တို့ တွေ့ဆုံဆွေးနွေးမေးမြန်းခွင့်ရပါတယ်။ သူတို့ ဖြေကြပါတယ် ခင်ဗျ။ မေးခွန်းမေးတဲ့ အပေါ်မှာတော့ ဘယ်သူကမှလာပြီး ကန့်သတ်တာ၊ တားမြစ်တာ မရှိပါဘူး။ ဒါပေမဲ့ ဖြေတဲ့ သူတွေကလည်း သိတဲ့အတိုင်းပဲ။ ကျနော်တို့ အဖွဲ့တွေကိုတော့လည်း ကင်မရာကြီးတွေ၊ နောက်တခါ မြန်မာ့ ရုပ်မြင်သံကြားကလည်း တီဗွီကင်မရာကြီးတွေနဲ့ဆိုတော့ ဖြေတဲ့သူက ထိန်းထိန်းသိမ်းသိမ်းပဲ ဖြေသွားတာပါ။ ဒါပေမဲ့ ဖြေတဲ့သူ တော်တော်များများကတော့ စိုးရွံ့မှုရှိတဲ့အတွက်ကြောင့်မို့လို့ သိပ်မဖြေချင်ဘဲနဲ့ သာမန်လူတွေ ကတော့ ဖြေဖို့လို့ ငြင်းဆန်ပြီး ရှောင်တိမ်းသွားတာ တွေ့ရပါတယ်”

စာရေးဆရာ ဦးကျော်ရင်မြင့် ပြောပြခဲ့တာပါရှင်။ အစိုးရအစီအစဉ်နဲ့ သတင်းသွားယူတဲ့အဖွဲ့တွေကတော့ အရင်ကတည်းကလည်း သူတို့ကို ကြိုတင်သတ်မှတ်ချက်တွေ ချထားပြီးသားမို့ သူတို့သတ်မှတ်ထားတဲ့ ဘောင်အတွင်းမှာတော့ သတင်းတွေကို လွတ်လွတ်လပ်လပ်ရယူခွင့်ရှိခဲ့တယ်လို့ ပြောပါတယ်ရှင်။

ဧရာဝတီ ရွေးကောက်ပွဲ သတင်းတိုများ

ရွေးကောက်ပွဲကို “အမှိုက်ပုံ” ဟု ဒေါ်အောင်ဆန်းစုကြည်သား ပြော

ဒေါ်အောင်ဆန်းစုကြည်၏ သားအငယ် ကင်မ် အဲရစ်စ်က နအဖ စစ်အစိုးရ ကျင်းပသည့် ရွေးကောက်ပွဲသည် “အမှိုက်ပုံ” ရွေးကောက်ပွဲသာ ဖြစ်ကြောင်း ထိုင်းနိုင်ငံအခြေစိုက် ဘန်ကောက်ပို့စ် သတင်းစာကို ပြောကြားလိုက်သည်။ Hits: 1571

သန်လျင် NDF အမတ်လောင်းများ တရားမျှတကြောင်း လက်မှတ်မထိုး

ရန်ကုန်တောင်ပိုင်းခရိုင် သန်လျင်မြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်သည့် ကိုယ်စားလှယ်များ ဖြစ်ကြသော ဒေါက်တာ အောင်နိုင်၊ဦးခင်မောင်လွင်ဦးနှင့် ဦးအောင်နိုင်ထွန်းတို့ ၃ ဦးသည် မဲရေပြီးချိန်တွင် တရားမျှတသည်ဟု သိရှိကြောင်း လက်မှတ် ထိုး မပေးခဲ့ ကြကြောင်း သတင်းရရှိသည်။ သန်လျင် မြို့နယ်အတွက် လွှတ်တော် ၃ ရပ်စလုံးတွင် ကြံ့ဖွံ့ပါတီက ကြိုတင်မဲ ၉၀ ရာခိုင်နှုန်းကျော်ဖြင့် အနိုင်ရရှိခဲ့သည်။ Hits: 797

ကြံ့ဖွံ့ဥပဒေနှင့်မညီဟု တစည ပြော

ကြံ့ဖွံ့ပါတီက ပြိုင်ဘက်ပါတီများကို အနိုင်ရခြင်းသည် ဥပဒေနှင့်မညီသည့် ကြိုတင်မဲများကြောင့် ဖြစ်သည်ဟု တစည ပါတီ၏ လက် ပံတန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးညွန့်တင်က ပြောသည်။ ကြိုတင်မဲကို မီးဖွားသူ၊ နာတာရှည် ရောဂါရှင်၊ အိပ်ရာထဲလဲနေသော သက်ကြီးရွယ်အို၊ ကိုယ်ရေပြားရောဂါရှင်၊ နယ်ဝေးသို့သွားပြီး တာဝန်ထမ်းရမည့်သူ၊ အချုပ်ကျ နေသူ များဖြစ်ကြောင်း၊ ကြံဖွံပါတီ လုပ်ရပ်သည် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးသိန်းစိုး၏ ကြိုတင်မဲများ နည်းနိုင် သမျှ နည်းရန် မှာကြားမှုနှင့်မကိုက်ညီ ဟုလည်း ဆိုသည်။ Hits: 555

နိုင်ငံခြားက မဲများနှင့် မန္တလေးမှာ ကြံ့ဖွံ့နိုင်

မန္တလေးတိုင်း ချမ်းအေးသာဇံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ကျန်မာရေး ဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာ ကျော်မြင့်သည် နိုင်ငံခြားရောက် မြန်မာပြည်သူများထံမှ ရသည့် မဲများ ထပ်ပေါင်းခြင်းဖြင့် ၎င်းမဲဆန္ဒနယ်တွင် အနိုင်ရရှိသွားကြောင်း သတင်းရရှိသည်။ Hits: 577

မိုးကုတ် တွင် ကြိုတင်မဲဖြင့် ကြံ့ဖွံ့နိုင်

17:00

မန္တလေးတိုင်း မိုးကုတ်မြို့နယ်တွင် ပြည်သူ့လွှတ်တော် နေရာအတွက် ကြံ့ဖွံ့ပါတီမှ ဦးဘဌေးက ကြိုတင်မဲများဖြင့် NDF ပါတီ၏ ကိုယ်စားလှယ်လောင်း ဦးသန်းဌေး(ခ) ဦးတိုးတိုး ကို အနိုင်ရသွားကြောင်း NDF ကိုယ်စားလှယ် ဦးစိုးမြင့်ကပြောသည်။ ပါတီ၂ ခု အကြားတွင် မဲအရေအတွက် တစ်သောင်းခန့် ကွာခြားကြောင်း၊ မြို့ပေါ်မဲရုံများတွင် အနိုင်ရရှိသော်လည်း ကြိုတင်မဲများကြောင့် ရှုံးနိမ့်သွားခြင်း ဖြစ်သည်ဟု သိရသည်။ Hits: 175

သန်လျက်စွန်းရေ တပ်မှာလည်း NDF ကို မဲပေးခွင့်မရှိ

16:36

ရန်ကုန် ဗိုလ်တထောင် မြို့နယ် သန်လျက်စွန်း အခြေစိုက် ရေတပ် စခန်းတွင် ပေးခဲ့သော ကြိုတင်မဲများကို ရေတွက် ချိန်တွင် မဲအများစုမှာ NDF ပါတီအတွက် ဖြစ်နေသည်ဆိုကာ အဆိုပါ မဲများကို ပယ်ဖျက်ပြီး ကြံ့ဖွံ့ပါတီ ကိုသာ မဲပေးရန် ညွှန်ကြား၍ မဲထပ်မံ ပေးစေသည်ဟု ရေ တပ် မိသားစုဝင် တဦးက ပြောသည်။ Hits: 273

သာယာဝတီမှာလည်း ကြံ့ဖွံ့ မဲ မသမာမှုရှိ

16:34

ပဲခူးတိုင်း သာယာဝတီမြို့နယ် ပြည်သူ့လွှတ်တော်နှင့် တိုင်းဒေသကြီးလွှတ်တော် နေရာအတွက် ကြံ့ဖွံ့ပါတီက ဦးမောင် မောင် နှင့် ဦးတင်စိုး တို့က ကျေးရွာများတွင် မဲလိမ်၊ မဲခိုးမှုများနှင့် အတင်းအကျပ် ကြိုတင်မဲပေးခိုင်းသည့်အတွက် အနိုင် ရရန် သေချာကြောင်း တစည ပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစန်းလွင်က ပြောသည်။ အိုင်ဂလုံ၊ ကညင်တပင်၊ ဖားရွှေကျော်၊ သစ်ရာကုန်း၊ စည်ပင်၊ မြစ်ကျိုး၊ ကြို့ကုန်း စသည့် ကျေးရွာများတွင် မဲမသမာမှုများ ရှိသည့် အတွက် တိုင် ကြား ထားကြောင်း၊ သို့သော်လည်း ရွေးကောက်ပွဲဥပဒေ အရ ကန့်ကွက်တိုင်ကြားလျှင် အာမခံ ငွေ ကျပ် ဆယ်သိန်း အာမခံတင်ရမည်ဟု ပါရှိသည့် အတွက် အခက်အခဲဖြစ်နေကြောင်း သိရသည်။ Hits: 141

ကြံ့ဖွံ့မဲ ရလဒ်များကို ကန့်ကွက်မည်

16:34

ရွေးကောက်ပွဲတွင် ကြံ့ဖွံ့ပါတီ၏ မဲလိမ်မဲခိုးမှုများနှင့် ကြိုတင်မဲ များပြားသည့်အတွက် ဖြစ်ပေါ်လာမည့် ရွေးကောက်ပွဲ ရလဒ်ကို လက်ခံမည်မဟုတ်ဘဲ ဒီမိုကရေစီပါတီများ စုပေါင်းပြီး ကော်မရှင်တွင် ကန့်ကွက်သွားမည်ဟု ဒီမိုက ရက်တစ် ပါတီ(မြန်မာ)၏ အထွေထွေ အတွင်းရေးမှူး (၁) ဒေါ်ချိုချိုကျော်ငြိမ်းကပြောသည်။ ၎င်းသည် ပဲခူးတိုင်း အနောက်ခြမ်း ကြို့ပင်ကောက်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ၀င်ရောက်ယှဉ်ပြိုင်ရာ ကြံ့ဖွံ့ ပါတီမှ ဦးသန့်ဇင်ကို ရှုံးနိမ့်ကြောင်း ထိုရလဒ်ကို လက်ခံမည်မဟုတ်ကြောင်း သိရသည်။ Hits: 368

လိမ်မည်မှန်းသိဟု ဒီမိုကရက်တစ်ပါတီပြော

16:33

မဲလိမ်မဲခိုးမည်မှန်း သိသော်လည်း ရွေးကာက်ပွဲဝင်ရခြင်းမှာ ဒီမိုကရေစီ အခွင့်အရေးများ ရရှိမည်ဟု ထင်သည့်အတွက် ၀င်ရောက်ခြင်းဖြစ်ကြောင်း ဒီမိုကရက်တစ်ပါတီ(မြန်မာ) အထွေထွေအတွင်းရေးမှူး ဒေါ်သန်းသန်းနု ကပြောသည်။ “အမြဲတမ်းလိမ်လည် နေတဲ့သူတွေလေ၊ ဒါကြောင့် လိမ်နိုင်တယ်ဆိုတာတော့ သိပြီးသားပါ၊ မဲရုံထဲကို ကျမ မ၀င်ရဘူး၊ ဒါပေမယ့် ကြံ့ဖွံ့တွေက မဲရုံမှူး ဟန်ဆောင်ပြီးဝင်တယ်”ဟု ၎င်းကပြောသည်။ Hits: 304

ကြံ့ဖွံ့ မသမာ၍ ရှုံးရခြင်းဟု တစည ပြော

16:32

ကြံ့ဖွံ့ပါတီ၏ မဲလိမ်မဲခိုး၊ ကြိုတင်မဲများကြောင့် မိမိတို့ တစည ပါတီ“၀က်ဝက်ကွဲအောင်” ရှုံးရခြင်းဖြစ်သည်ဟု ပြည်မြို့နယ် ပြည်သူ့လွှတ်တော် အတွက် ၀င်ရောက်ယှဉ်ပြိုင်သည့် ဦးသာထူး က ပြောသည်။ တစည ပါတီအနေဖြင့် ပြည်သူ့ လွှတ် တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီး လွှတ်တော်တွင် ကြံ့ဖွံ့ပါတီ ကို အပြတ်အသတ် ရှုံးနိမ့်ကြောင်း၊ ကြံ့ဖွံ့ ပါတီ ၏ ဥပဒေမဲ့မှုများကို တိုင်ကြားမည်ဖြစ်သည်ဟု ၎င်းကပြောသည်။ Hits: 394

နမ့်ခမ်းမှာ ကျားဖြူပါတီ မဲရုံကိုယ်စားလှယ် အနှင်ခံရ

16:31

ရှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့ အောင်မေတ္တာရပ်ကွက် မဲရုံတွင် ယမန်နေ့က ကျားဖြူပါတီ၏ မဲရုံကိုယ်စားလှယ်ကို လုံခြုံ ရေး အကြောင်းပြကာ မဲရုံတွင်းမှ နှင်ထုတ်ခဲ့ကြောင်း သိရှိရသည်။ မဲရုံပိတ်ပြီးနောက် ကြံ့ဖွံ့ပါတီမှ ဝင်ရောက်ယှဉ်ပြိုင်သည့် ပန်းဆေး ကျော်မြင့်နှင့် မူဆယ် ခယက လူကြီးတချို့သည် ၎င်းတို့ ခေါ်ဆောင်လာသည့် တရုတ် လီရှော လူမျိုး ၁၇၀ ခန့်ကို ည ၈ နာရီ ထိုးခါနီးအထိ မဲပေးစေပြီး မဲရုံအပြင်ဘက်မှ လက်နက်ကိုင် တပ်ဖွဲ့များကို စောင့်ကြပ်စေခဲ့သည်။ နမ့်ခမ်းမြို့ခံ တဦး က ကြံ့ဖွံ့ပါတီ မဲရရှိမှုအခြေအနေ မကောင်းသောကြောင့် တရုတ် လီရှောများကို ခေါ်ဆောင်လာပြီး မဲ ပေးစေခြင်း ဖြစ်သည်ဟု ပြောဆိုသည်။ Hits: 289

ကြိုတင်မဲများ ကိုယ်တိုင် လုပ်ခဲ့သည်ဟု မဲရုံစောင့် တဦးပြော

15:29

ရန်ကုန်မြို့ ကျောက်တံတား မြို့နယ် ၃၈ လမ်း မဲရုံမှ အဖွဲ့ဝင် တယောက်က ကြိုတင်မဲ ၄၀၀ ကို ၎င်းကိုယ်တိုင် ပြုလုပ် ခဲ့ကြောင်း၊ အလားတူ ပြုလုပ်ထား သည်များလည်း အများအပြား ရှိကြောင်း ထို့ကြောင့် တခြား မည်သည့် ပါတီများက မည်သို့ နိုင်သည် ဖြစ်စေ ကြံ့ဖွံ့ပါတီကို ယှဉ်နိုင်မည် မဟုတ်ကြောင်း ပြောဆို နေသည်ဟု မဲရုံ လေ့လာ စောင့်ကြည့်သူ တဦးက ပြောသည်။

Weekly Eleven ရွေးကောက်ပွဲကဏ္ဍ အင်တာနက်ပေါ်က ဖြုတ်ချ

15:27

ယနေ့ နံနက်မှစတင်၍ Weekly Eleven ဂျာနယ် အင်တာနက်စာမျက်ပေါ်ရှိ ရွေးကောက်ပွဲ သတင်း ကဏ္ဍကို ဖြုတ်ချလိုက် ကြောင်း သိရသည်။ အဆိုပါ ဂျာနယ် အင်တာနက် စာမျက်နှာသည် ရွေးကောက်ပွဲ မတိုင်မီ အကြိုကာလ သတင်းများ၊ ရွေးကောက်ပွဲ ကျင်းပ သည့်နေ့ အနယ်နယ် အရပ်ရပ်ရှိ မဲ မသမာမှုများ၊ မဲဆန္ဒရှင်များ၏ အမြင်များကို အချိန်အလိုက် ဖော်ပြပေးနေ သည့် တခုတည်းသော ပြည်တွင်းထုတ် ဂျာနယ်ဖြစ်သည်။ Hits: 929

RNDP က ကြံ့ဖွံ့ကို မဲအပြတ်အသတ်နှင့်နိုင်

14:25

ရခိုင်ပြည်နယ် စစ်တွေမြို့၌ ပြည်သူ့ လွှတ်တော်တွင် ကြံ့ဖွံ့ပါတီမှ စာရေးဆရာ ကျွန်းသား ငမန်း (ဦးကောင်စံရွှီး) ကို ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီ (RNDP) မှ ဦးမောင်ညိုက လည်းကောင်း၊ အမျိုးသား လွှတ်တော်တွင် RNDP ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က ကြံ့ဖွံ့ပါတီမှ ဒေါက်တာ ချမ်းသာကို လည်းကောင်း၊ ပြည်နယ်လွှတ်တော်တွင် RNDP မှ ဦးအောင်မြ ကျော်က ကြံ့ဖွံ့ပါတီမှ ဒေါက်တာ စန်းရွှေကို လည်းကောင်း မဲအပြတ်အသတ်ဖြင့် အနိုင်ရရှိခဲ့ကြောင်း သိရသည်။ Hits: 506

မွန်ကိုယ်စားလှယ်လောင်းများ အားသာ

13:30

မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ ကိုယ်စားလှယ် ၂ ဦးသည် မော်လမြိုင်နှင့် မုဒုံမြို့နယ်တို့၌ ပြည်နယ်လွှတ်တော်တွင် အနိုင်ရကြောင်း၊ ဘုရားသုံးဆူတွင်လည်း ဦးနိုင်ချစ်ဦးက အမျိုးသားလွှတ်တော်တွင် အနိုင်ရရှိကြောင်း သိရသည်။ယင်းပါတီမှ ပါတီခေါင်းဆောင်တဦးက မွန်ကိုယ်စားလှယ် ၃၄ ဦးအနက် ထက်ဝက်ခန့်သည် အမျိုးသားလွှတ်တော်နှင့် ပြည်နယ်လွှတ်တော်တွင် အနိုင်ရမည်ဟု မျှော်လင့်ကြောင်း ပြောသည်။ Hits: 245

ရွေးကောက်ပွဲရလဒ် အသိအမှတ်မပြုရန် ပြော

13:29

မဲရေတွက်ရာတွင် ရွေးကောက်ပွဲ ကော်မရှင်၏ ထင်သာမြင်သာ မရှိခြင်း၊ မရှင်းလင်းခြင်းတို့ကြောင့် ထွက်ပေါ်လာမည့် ရလဒ်ကို အတိုက်အခံပါတီများအနေဖြင့် အသိအမှတ်မပြုကြရန် NDF ပါတီက တိုက်တွန်းထားကြောင်း သိရသည်။ “မဲရေတွက်တဲ့ နေရာမှာရော၊ ကြိုတင်မဲ ကိစ္စတွေရောမှာ ဘာမှ ရှင်းလင်းတာမရှိလို့ တခြားပါတီတွေကို ရလဒ်ကို အသိအမှတ်မပြုကြဖို့ ပြောထားပါတယ်” ဟု NDF ပါတီခေါင်းဆောင် ဦးခင်မောင်ဆွေက ပြောသည်။ Hits: 350

ရွှေပြည်သာတွင် မသမာသော မဲရေတွက်မှုရှိ

13:28

ရန်ကုန် ရွှေပြည်သာမြို့နယ်တွင် အဓမ္မကြိုတင်မဲ ကောက်ယူထားမှုနှင့် မသမာသော မဲရေတွက်မှုများ ရှိခဲ့ကြောင်း တသီးပုဂ္ဂလ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါ်ခင်သိန်းဝင်းက ပြောသည်။ “ကျမ မဲ ၃ သောင်းကျော်ရတာ ၁ သောင်းခွဲ ကျော်ကျော်ကို ပယ်မဲအဖြစ် သတ်မှတ်တယ်။ ကြံ့ဖွံ့ပါတီရဲ့ မဲတွေကတော့ တခုမှ ပယ်မဲ မရှိပါဘူး။ သူတို့ မဲတွေမှာတော့ အမှန်ခြစ်တွေက တာဝတိံသာ ရောက်နေလည်း ပယ်မဲမဖြစ်ဘူး” ဟု ၎င်းက ဆိုသည်။ Hits: 252

စာရင်းမရှိသဖြင့် မဲမထည့်ရသူများနှင့် တဦးတည်း မဲ ၈ မဲ ထည့်သွားသူ သန်လျင်တွင်ရှိ

13:28

သန်လျင်မြို့နယ် အောင်ချမ်းသာ ရပ်ကွက်မှ ပြည်သူတချို့ မဲသွားထည့်ရာ မဲရုံစောင့်သူက မဲစာရင်း မရှိကြောင်း ပြောသဖြင့် မဲထည့်ခွင့် မရခဲ့ကြောင်း၊ အဆိုပါမြို့နယ် ညောင်သုံးပင် ကျေးရွာတွင်လည်း လူတဦးတည်းက မဲ ၈ မဲ ထည့်သွားကြောင်း လေ့လာသူ များက ပြောသည်။ Hits: 257

သန်လျင် ဘော့သပြေကန်ရွာတွင် အသက်မပြည့်သူများပါ မဲပေးရ

13:27

သန်လျင်မြို့နယ် ဘော့သပြေကန်ရွာတွင် အသက် ၁၈ နှစ် မပြည့်သေးသူများကိုပါ အတင်းအကျပ် မဲထည့်ခိုင်းကြောင်း၊ အသက် ၁၃ နှစ်အရွယ် ကလေးများပင် ပါဝင်ကြောင်း ဒေသခံများကပြောသည်။ အဆိုပါရွာ မဲရုံအမှတ် ၄ တွင် အိန္ဒိယတိုင်းသားများကို သီးသန့်စု၍ ကြံ့ဖွံကိုသာ မဲပေးခိုင်းကြောင်း၊ ကြံ့ဖွံ့ပါတီဝင်များက ကျေးရွာအတွင်း ၎င်းတို့ပါတီကိုသာ မဲထည့်ရန်နှင့် မထည့်ပါက ဖမ်းဆီးမည်ဟု ခြိမ်းခြောက်ကြောင်းလည်း လေ့လာသူများက ပြောသည်။ Hits: 97

လေးမျက်နှာက ကြိုတင်မဲစာရင်းတွင် သံဃာတော်နှင့် လူသေ အမည်များ ပါဝင်

13:26

ဧရာဝတီတိုင်း လေးမျက်နှာ မြို့နယ်တွင် ကြိုတင်မဲ စာရင်းများ၌ သံဃာတော်များနှင့် သေဆုံးပြီးသူများ၏ အမည်များပါ ပါဝင်နေကြောင်း၊ မဲရေသည့်အချိန်တွင်လည်း စောင့်ကြည့်ခွင့်မရကြောင်း ဒေသခံများက ပြောသည်။ အဆိုပါ ဒေသတွင် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီးလွှတ်တော် ၃ ခုစလုံး၌ ကြံ့ဖွံ့ပါတီက အနိုင်ရရှိခဲ့ကြောင်း သိရသည်။ Hits: 241

ပဲခူးတိုင်း ကိုယ်စားလှယ် ၉ ဦး နေပြည်တော်ကို စာပို့

12:41

တရားမျှတမှုမရှိသည့် ကြိုတင်မဲများ ကောက်ယူခဲ့ခြင်း ၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များက ကြံ့ဖွံ့ပါတီ မဲရုံစောင့် ကိုယ်စား လှယ်များကို ကြောက်ရွံ့နေရခြင်း ၊ တံခါးပိတ် မဲရေတွက်မှုများရှိခဲ့ခြင်းတို့ကြောင့် ၎င်းအပါအ၀င် ပဲခူးတိုင်းမှ လွှတ်တော်ကိုယ်စားလှယ်လောင်း ၉ ဦးက နေပြည်တော်သို့ အိတ်ဖွင့်စာတစောင်ကို ပေးပို့မည် ဖြစ်ကြောင်း၊ ရွေးကောက်ပွဲဖြစ်စဉ်များသည် ပွင့်လင်း မြင်သာ မှု မရှိသည့်အပြင် မတရားမှုများ ဖြစ်ပွားခဲ့ကြောင်း ပြည်ထောင်စု ဒီမိုကရေစီပါတီ ဥက္ကဌ ဦးသိန်းဌေးက ပြောသည်။ Hits: 328

မြ၀တီ တိုက်ပွဲဖြစ်၊ ဘားအံ လုံခြုံရေးတင်းကျပ်

12:40

မြ၀တီမြို့၌ နအဖ တပ်နှင့် DKBA ဗိုလ်နှုတ်ခမ်းမွေး တပ်များ ယနေ့ နံနက်ပိုင်းမှ စတင်၍ တိုက်ပွဲ ဖြစ်ပွားနေပြီး ဘားအံမြို့တွင်လည်း စစ်အစိုးရ အာဏာပိုင်များက လုံခြုံရေး တင်းကျပ် ထားကြောင်း ဒေသခံ မျက်မြင်များက ပြောသည်။ “ရဲတွေ မြို့ထဲမှာ ပတ်နေပြီး ဒီမှာရှိတဲ့ နယ်ခြားစောင့်တပ် ပြန်ဝင်မလား ဆိုပြီး စိတ်မချဘူး ဖြစ် နေတယ်” ဟု ၎င်းက ဆိုသည်။ ဘားအံမြို့ပေါ်နှင့် လှိုင်းဘွဲ့မြို့နယ်ရှိ စစ်ကားများလည်း မြ၀တီဘက်သို့ ထွက်ခွာ သွားကြောင်း သိရသည်။ Hits: 520

လားရှိုးတွင် မဲပုံးသယ်သည့်ကား မှောက်၊ မဲပုံးများ ပျောက်

12:33

လားရှိုးမြို့နယ် ၁၂ ရပ်ကွက်ရှိ မဲရုံအမှတ် ၃ မှ မဲပုံးများ သယ်ဆောင် သွားသည့် ကားမှာ ယမန်နေ့ ညနေက တိမ်းမှောက်မှုဖြစ် ပွားခဲ့ကြောင်း သတင်း ရရှိသည်။ ကားပေါ်တွင် လိုက်ပါသွားသည့် မဲရုံစောင့် ဆရာ၊ ဆရာမများမှာ ယခုအခါ လားရှိုး ဆေးရုံတွင် ဆေးကုသမှု ခံယူနေကြောင်း၊ ထို ကားပေါ်တွင် ပါသွားသည့် မဲပုံးများလည်း ပျောက်ဆုံးနေသဖြင့် မြို့ခံများက စိတ်ဝင်တစား စောင့်ကြည့်နေကြကြောင်း လားရှိုး မြို့ခံတဦးက ပြောသည်။ Hits: 278

မိုးကုတ်တွင် မဲမပေးသူများပြား၊ ကြံ့ဖွံ့နိုင်

12:24

မိုးကုတ်မြို့တွင် ကြံ့ဖွံ့ပါတီက မဲအရေးအတွက် ၁၀၀၀၀ ကျော်ဖြင့် နိုင်ကြောင်း သတင်းရရှိသည်။ မိုးကုတ် ဒေသခံ အများစုမှာ မဲထွက် မပေးကြကြောင်း ဒေသခံတဦးက ပြောပြသည်။

ပြီးဘီ The End

သတင်းများ နေ့စဉ် ရလိုပါက kowin2001@gmail.com သို့ အီးမေးပို့ပြီး တောင်းယူပါ။

မိုးမခ

No comments:

Post a Comment