သတင်းတွေ ဖတ်ဖို့ ခေါင်းစဉ် သို့ မဟုတ် Read More ကိုသာ လိုက်ရှာပြီး နှိပ်ပါလေ

Saturday, August 14, 2010

2010 Aug 14

Uncensored Burma - Daily News ( 2010 Aug 14)

ကြော်ငြာ

သတင်းများ နေ့စဉ်ရလိုပါက kowin2001@gmail.com သို့တောင်းယူပါ။ လူကြီးမင်းဆီကိုဂူဂဲလ်နည်းပညာသုံးပြီး ပို့ပေးမှာ ဖြစ်ပါတယ်။

အမိန့်အရ

ပုံ

နွားကျောင်းသား

အာဏာမှာ ကြာကြာနေနိုင်ဖို့ ဗိုလ်ချုပ်ကြီးတွေပြင်

၁၄ သြဂုတ် ဘီဘီစီ

ရွေးကောက်ပွဲဟာ စစ်အစိုးရက လမ်းပြမြေပုံ အဆင့် ၅ အရ အကောင်အထည် ဖေါ်တာဖြစ်ပြီး ရေရှည်မှာ ဘယ်လို ဆက်လက် ရပ်တည်သွားကြမလဲ ဆိုတဲ့ အစီအစဉ်ကိုလည်း စစ်အရာရှိကြီးတွေက ပြင်ဆင်ထားကြပြီး ဖြစ်ပါတယ်။

ဒါနဲ့ပတ်သက်ပြီး NDD ဒီမိုကရေစီနဲ့ဖွံ့ဖြိုးတိုးတက်ရေးအင်အားစုမှ အတွင်းရေးမှူး စိုင်းမြင့်သူက လေး လပတ် စစ်ကောင်စီ အစည်းအဝေး၊ တပ်မှူးတွေ ရဲ့အစည်းအဝေးတွေမှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ အမိန့်နဲ့ ဘယ်သူတွေက နိုင်ငံရေး အာဏာ ဘယ်လို ထမ်းကြမလဲ၊ ပြီးတော့ တပ်တာဝန်တွေကို ဘယ်သူက ယူမလည်း ဆိုတဲ့ တာဝန်ခွဲဝေမှုတွေ လုပ်ကြတယ်လို့ ဘီဘီစီကို ပြောပါတယ်။

လာမယ့် ရွေးကောက်ပွဲ ကာလမတိုင်ခင်မှာ ဒုတိယဗိုလ်ချုပ်ကြီးမြင့်ဆွေကို ကြားဖြတ်အစိုးရမှာ တာဝန်ပေးမလိုလို သတင်း အစက ထွက်ခဲ့ သေးတာကိုလည်း စိုင်းမြင့်သူက ဘီဘီစီကို ပြောပါတယ်။

ဒါပေမယ့် ဦးသိန်းစိန်တို့က ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကို ဦးဆောင်ပြီး ပွဲထွက် လာကတည်းက တပ်မတော်အစိုးရ လို့တောင် မခေါ်ပါနဲ့လို့ ဆိုတဲ့အတွက် ကျန်တဲ့တပ်မတော်ထဲက အရာရှိကြီးတွေကဦးဆောင်ပြီး ကြားဖြတ်အစိုးရ ထွက်လာမယ် ဆိုရင် တပ်မတော် အစိုးရ၊ စစ်အစိုးရ ဆိုတဲ့ ပြဿနာမျိုး ဖြစ်နေဦးမှာမို့ လက်ရှိ အနေအထားအရ စစ်အရာရှိတွေ ခေါင်းဆောင်တဲ့ ကြားဖြတ်အစိုးရ ဖြစ်လာနိုင်စရာ မမြင်ကြောင်းလည်း စိုင်းမြင့်သူက ပြောပါတယ်။

ရွေးကောက်ပွဲလွန် ကာလအတွက် စစ်တပ်က စီးပွါးရေး လုပ်ငန်းတွေမှာလည်း ပြင်ဆင်မှုတွေ လုပ်ထားပြီ ဖြစ်ပါတယ်။ ဟိုးအရင်ကတည်းက စီးပွါးရေး လုပ်ငန်းရှင်ကြီးတွေနဲ့ တွဲစပ်ပြီး စစ်ခေါင်းဆောင်တွေက စီးပွါးရေး လုပ်ငန်းကြီးတွေ လုပ်လာခဲ့သလို အခုလည်း ၂၀၀၉ မှာ ပြည်သူပိုင်တွေကို ပုဂ0x081ဂလိကပိုင် ပြောင်းမယ်ဆိုပြီး လုပ်လာတာတွေဟာ စစ်တပ် အရာရှိကြီးတွေက စီးပွါးရေး အာဏာကို လက်ထဲမှာ ဆက်ပြီး ထိန်းချုပ်ထားနိုင်ဖို့ ပြင်ဆင်လုပ်ကိုင် နေတာဖြစ်တယ်လို့ စိုင်းမြင့်သူက ဘီဘီစီကို ပြောပြသွားခဲ့ပါတယ်။

၂၀၁၀ ရွေးကောက်ပွဲက လူထုအုံကြွမှုတွေ ဖြစ်လာနိုင်

၁၄ သြဂုတ် ဘီဘီစီ

ရွေးကောက်ပွဲမှာ တရားမျှတမှုတွေ မရှိတဲ့အတွက် နောင်မှာလူထုက မကျေနပ်မှုတွေဖြစ်ပြီး တိုင်းပြည် မတည်ငြိမ်မှုတွေ ဖြစ်လာနိုင်ကြောင်း ပြည်တွင်းက အဖွဲ့အစည်းတခုဖြစ်တဲ့ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့က ကိုစိုးထွန်းက ဘီဘီစီကို ပြောပါတယ်။

ရွေးကောက်ပွဲ ဥပဒေတွေက လွတ်လပ်စွာ စည်းရုံးခွင့်တွေ လူထုရဲ့ နိုင်ငံရေးမှာ လွတ်လပ်စွာ ပါဝင် ဆောင်ရွက်ခွင့်နဲ့ ပတ်သက်ပြီး ကန့်သတ်ထားမှုတွေ အများကြီး ရှိကြောင်း၊ လွှတ်တော် ကိုယ်စားလှယ်တွေ ရွေးချယ်ဖို့ ကိုလည်း တစ်လတောင် အချိန်မပေးပဲနဲ့ ရက်ကို နှစ်ပတ်နဲ့ ကန့်သတ်ထားတာ ဆိုတဲ့ မတရားမမျှတမှုတွေ ရှိနေကြောင်း ပြောပါတယ်။

ရွေးကောက်ပွဲ ဝင်ပြိုင်ကြတဲ့ နိုင်ငံရေးပါတီတွေဟာ space တခု ရဖို့ဆိုပြီး ဝင်ပြိုင်ကြတာကို နားလည်ပေးလို့ ရပါတယ်၊ အခု အခြေအနေက လွှတ်တော်ထဲမှာ နေရာရဖို့ မပြောနဲ့ ရွေးကောက်ပွဲမှာ တောင်မှ အမတ်တွေ လွတ်လွတ်လပ်လပ် ပါဝင်ယှဉ်ပြိုင်ခွင့် မရအောင် ဥပဒေအမျိုးမျိုးနဲ့ ကန့်သတ်ထားတာတွေက ရှိပါတယ်။ အစိုးရက ထောက်ပံ့မှုပြုတဲ့ ကြံ့ခိုင်ရေးပါတီက နိုင်ငံတော် အစိုးရနဲ့ မကင်းတဲ့ အာဏာ ငွေ နိုင်ငံတော်ပိုင် ပစ0x081စည်းတွေ မတရား ရယူထားတာတွေ ရှိတယ်၊ ဒါတွေကြောင့် ဒီရွေးကောက်ပွဲဟာ ပိုပြီး မတရားမှု ဖြစ်နေတာပါလို့လည်း ကိုစိုးထွန်းက ပြောပါတယ်။

တကယ်တန်း အမျိုးသား ပြန်လည်သင့်မြတ်ရေး ဖြစ်ဖို့ဆိုရင် ဒီရွေးကောက်ပွဲမှာ ပါဝင်သင့်တဲ့ ပုဂ0x081ဂိုလ်နဲ့ ပါတီတွေ တိုင်းရင်းသားအဖွဲ့ အစည်းနဲ့ ခေါင်းဆောင်တွေ ပြီးတော့ စစ်အစိုးရအပါအဝင် အားလုံး ပါဝင်နိုင်တဲ့ရွေးကောက်ပွဲ ဖြစ်သင့်ကြောင်း၊ အခုတော့ နအဖ သွားနေတဲ့ လမ်းကြောင်းက စစ်တပ် အာဏာရှည်ဖို့ လမ်းကြောင်းပဲ ဖြစ်နေတာမို့ နောင်မှာ လူထုမကျေနပ်မှုတွေ ဖြစ်လာပြီး လူထုအုံကြွမှုတွေ တိုင်းပြည် မတည်ငြိမ်မှုတွေသာ ဖြစ်လာနိုင်ကြောင်း ကိုစိုးထွန်းက ဘီဘီစီကို ပြောဆိုပါတယ်။

အပစ်ရပ်နဲ့ ရွေးကောက်ပွဲ

၁၄ သြဂုတ် ဘီဘီစီ

အစိုးရအနေနဲ့ ရွေးကောက်ပွဲရက်မတိုင်မီ နယ်ခြားစောင့်တပ်ဖွဲ့ရေး အဖြေပေးဖို့ ဖိအားပေးတာတွေရှိပေမဲ့ အခု ရွေးကောက်ပွဲ ရက်အတိအကျကြေညာ ပြီးတဲ့အခါ ဒီကိစ0x081စ အဖြေမပေးတဲ့ အဖွဲ့တွေကို စစ်ရေးနဲ့ ဖြေရှင်းမယ်လို့ သူမယူဆကြောင်း မွန်ပြည်သစ်ပါတီ စစ်ဦးစီး အဖွဲ့ဝင်ဟောင်း ဗိုလ်မှူးကြီး နိုင်ကောင်းရွက်က ဘီဘီစီကို ပြောပါတယ်။

စစ်တိုက်တဲ့ ကိစ0x081စမျိုးဟာ တရက်၊တလဆိုတာလို ပြီးနိုင်တဲ့ ကိစ0x081စမဟုတ်လို့ အပစ်အခတ်ရပ်စဲရေး အဓိကအဖွဲ့ ကြီး တွေဖြစ်ကြတဲ့ မွန်ပြည်သစ်ပါတီ၊ ကေအိုင်အို၊ အက်စ်အက်စ်အေ (မြောက်) နဲ့ ဝသဖတို့လို အဖွဲ့တွေအပေါ် စစ်အစိုးရက မျှောပြီးဆက်ဆံ သွားနိုင်တယ်လို့ နိုင်ကောင်းရွက်က သုံးသပ်ပါတယ်။

မွန်ပြည်သစ်ပါတီရဲ့ သဘောထားကတော့ နယ်ခြားစောင့်တပ်ဖွဲ့ဖို့ သဘောမတူသလို ဒီမိုကရေစီရေး၊ တန်းတူညီမျှရေးစတဲ့ တိုင်းရင်းသားအရေးတွေကို ရွေးကောက်ပွဲ လွန်ကာလကျမှ သုံးပွင့်ဆိုင် ညှိနှိုင်းအဖြေရှာယူမယ်လို့ပြောပါတယ်။

အခုကျင်းပမဲ့ ရွေးကောက်ပွဲကိုတော့ နှောက်ယှက်ဖျက်ဆီးမှာ မဟုတ်သလို အပစ်အခတ် ရပ်ဆဲရေး သဘောတူချက်ကိုလည်း မွန်ဖက်က အပျက်ခံမှာ မဟုတ်ဖူးလို့ နိုင်ကောင်းရွက်က အခု ရွေးကောက်ပွဲနဲ့ တိုင်းရင်းသားကိစ0x081စကို သူ့သဘောထားပြောပြသွားပါတယ်။

ဦးတင်ဦးနှင့်အဖွဲ့ဝင်များ နိုင်ငံရေးအကျဉ်းသားမိသားစုများနှင့် တွေ့ဆုံ

ခင်နှင်းထက် ၁၄ သြဂုတ် ၂ဝ၁ဝ DVB

ဦးတင်ဦးနဲ့ ဦးဝင်းတင်တို့ ဦးဆောင်တဲ့ အန်အယ်ဒီပါတီဝင် တွေ ဒီကနေ့ နိုင်ငံရေးအကျဉ်းသားမိသားစုတွေကို သွားရောက်တွေ့ဆုံပြီး အားပေး စကားပြော ကြားခဲ့ပါတယ်။ ဦးတင်ဦးတို့နဲ့အတူ လွှတ်တော်ကိုယ်စားလှယ် ဒေါ်မေဝင်းမြင့်နဲ့ လူငယ်အ ဖွဲ့ဝင်တွေလည်းပါဝင်ပြီး အကျဉ်းကျနေတဲ့ အဖွဲ့ချုပ်ဝင်တွေအပါအဝင် နိုင်ငံရေးအ ကျဉ်းသား ၁၄ ဦးရဲ့ မိသားစုဝင်တွေကို သွားတွေ့ခဲ့တာဖြစ်ပါတယ်။ ဒီအကြောင်းကို ကိုယ်တိုင်လိုက်ပါခဲ့သူ အဖွဲ့ချုပ်လူငယ် ကိုရာဇာက အခုလို ပြောပြပါတယ်။

“ပထမ မနက် ၁ဝ နာရီမှာ တာမွေက တာမွေဥက္ကဋ္ဌ ဦးလှသိန်းအိမ်မှာ သွားတွေ့တယ်။ အဲဒါသုံးယောက်၊ သုံးယောက်က ကိုကြည်လွင်ရယ်၊ ကိုနေကျော် ရယ်၊ ကိုကျော်မျိုးနိုင်ရယ်ပေါ့နော်။ သူတို့သုံးယောက်ရဲ့ မိသားစုတွေနဲ့တွေ့တယ်။ တွေ့ပြီး သူတို့အတွက် ထောင်ဝင်စာပစ္စည်းတွေ ပေးပြီးတော့ ၁၁ နာရီမှာ ကျနော် တို့ ပြန်ထွက်တယ်။

“၁၁ နာရီခွဲလောက်ကျတော့ သာကေတမှာရှိတဲ့ ကိုဌေးအောင်၊ ဦးခင်ထွန်း၊ ဦးအောင်မြင့်၊ ဦးဝေစိုး၊ မချိုချိုတင် ခေါ် မချိုတို့ မိသားစုဝင်တွေနဲ့ တွေ့ပါတယ်။ တဦး တည်း တကိုယ်တော်±ုန်းကန် လှုပ်ရှားသူတွေကိုလည်းတွေ့တယ်။ အဲဒါတွေက ဘယ်သူတွေလဲဆိုတော့ ဦးစိုးမြင့်တို့၊ ကိုသက်နိုင်အောင်၊ ကိုကျော်မြင့်ဦး၊ ကိုဝင်း အောင်၊ ကိုကျော်ဝင်း၊ ကိုဇင်မင်းထွဠ်၊ ဦးကြည်အောင် သူတို့ မိသားစုတွေကို တွေ့ တယ်ပေါ့ဗျာ။”

နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်လာရေးအတွက် ကြိုးပမ်းဆောင် ရွက်ပေးမယ့်အကြောင်း ပါတီဥက္ကဋ္ဌ ဦးတင်ဦးက မိသားစုဝင်တွေကို ပြောကြားခဲ့တာ နဲ့ ပတ်သက်လို့လည်း ကိုရာဇာက အခုလို ပြောပြပါတယ်။

“ဒီမှာကလည်း မနိုင်အင်္ဂါတွေ ချထားတာကိုးဗျ။ ၂၂ နှစ်တို့၊ ၂၈ နှစ်တို့၊ သေဒဏ်နဲ့တကျွန်းတို့ ဆိုတဲ့လူတွေပါတယ်ဗျ။ ပါတော့ အဘတို့တော်တော်စိတ်မ ကောင်းဖြစ်တယ်ပေါ့နော်။ အဲဒီတော့ သူတို့ လွတ်မြောက်ရေး အတွက်လည်း ကျနော် တို့ကြိုးပမ်းဆောင်ရွက်ပါ့မယ်ပေါ့။ သူတို့တတွေရဲ့ တန်ဖိုးကလည်း အင်မတန်မှရှိ ပါတယ်။

“သူတို့တတွေအတွက်လည်း အင်မတန်မှ ဂုဏ်ယူဖို့ကောင်းပါတယ်။ ဒါပေမယ့်လို့ ဒီလောက်ကြီး လုပ်ထားပြုထားတယ် ဆိုတော့ လူကြားလို့တောင် မကောင်းတဲ့ကိစ္စတွေ ဖြစ်နေတယ်ပေါ့နော်။ အချုပ်အနှောင်ရှိတော့ လွတ်တာလည်း ရှိရမယ်ပေါ့။ လွတ်အောင်လည်း ဝိုင်းလုပ်ကြမယ်ဆိုပြီးတော့ အဘဦးတင်ဦးက ပြောတယ်။”

နိုင်ငံရေးအကျဉ်းသား မိသားစုဝင်တွေကို ထောင်ဝင်စာပစ္စည်းတွေလည်း ကူညီထောက်ပံ့ပေးခဲ့တယ်လို့ ဆိုပါတယ်။ ထောင်ထဲရှိ နိုင်ငံရေးအကျဉ်းသားတချို့ ကျန်းမာရေး ဆိုးရွားနေပြီး ဆေးဝါးအခက်အခဲရှိနေတာကို ကူညီ ပေးဖို့ တောင်းဆိုခဲ့ ကြတယ်လို့လည်း ကိုရာဇာက ပြောပြခဲ့ပါတယ်။

ငြိမ်းအဖွဲ့ထိန်းချုပ်သည့်ဒေသတွင် ကြံ့ခိုင်ရေးပါတီ ဝင်òပိင်မည်ကို စိုးရိမ်

၁၄ သြဂုတ် ၂ဝ၁ဝ DVB

မနေ့က ထုတ်ပြန်တဲ့ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မြေ ၃၃ဝ ထဲမှာ ငြိမ်းအဖွဲ့တွေထိမ်းချုပ်တဲ့ မိုင်းလားòမိ့နယ်နဲ့ ‘ဝသပ’ ထိန်းချုပ်ရာ မိုင်းမော၊ ပန်ဝိုင်၊ နားဖန်၊ ပန်ဆန်းòမိ့နယ်တို့ ပါဝင်ပေမယ့် အဲဒီဒေသမှာ နိုင်ငံရေးပါတီနဲ့ òမိ့ နယ်ရွေးကောက်ပွဲကော်မရှင် မရှိသေးဘူးလို့ နယ်စပ် အကဲခတ်တွေကပြောပါတယ်။

ဒီမိုင်းလားနဲ့ ဝ နှစ်ဖွဲ့စလုံးဟာ နယ်ခြားစောင့်တပ်ကို လက်မခံသေးတဲ့အ ပြင် ‘နအဖ’ နဲ့ စစ်ရေးအရပါ မပြေမလည်ဖြစ်နေတာကြောင့် ဒီဒေသမှာ ဘယ်ပါတီ တွေဝင်òပိင်ရဲမလဲ။

ဘယ်သူမှမဝင်ရင် ကြံ့ခိုင်ရေးပါတီကပဲ ဝင်òပိင်သွားမလားဆိုပြီး တ±ုတ်-မြန်မာယ်စပ်ရှိ ငြိမ်းတွေနဲ့ နီးစပ်သူတွေက စိုးရိမ်နေတယ်လို့သိပါတယ်။

ဒေါ်အောင်ဆန်းစု-ကည်မလွတ်မီ ရွေးကောက်ပွဲကျင်းပရန် စီစဉ်ခင်နှင်းထက် ၁၃ သြဂုတ် ၂ဝ၁ဝ DVB‘နအဖ’ က ထုတ်ပြန်လိုက်တဲ့ ရွေးကောက်ပွဲကျင်းပမယ့်ရက် နိုဝင်ဘာလ ၇ ရက်ဟာ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်က ပြန်လွတ် လာဖို့ တပတ်အလိုဖြစ်ပါတယ်။ ဒါဟာရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် ပါဝင်နိုင်ခြင်းမရှိအောင် တ မင် ရည်ရွယ်လုပ်တာဖြစ်တယ်လို့ ပါတီဒု-ဥက္ကဋ္ဌ ဦးတင်ဦးက အခုလိုပြောပါတယ်။

“အဲဒါ သိပ်ရှင်းပါတယ်။ သူတို့က ဒေါ်အောင်ဆန်းစုကြည်ကို ပါဝင်မှာ သိပ် စိုးတာကိုးဗျ၊ ပါဝင်လို့ရှိရင်လည်း ဘယ်လိုမှ သူတို့က ဒီဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်ပြီးတော့ ပြည်သူလူထုအပေါ်မှာ ပြောတဲ့သြဇာညောင်းမှုက ဒေါ်အောင် ဆန်းစုကြည်လောက်မှ မရှိပဲကိုး၊ အဲဒီတော့ ဒီရွေးကောက်ပွဲကို ဒေါ်အောင်ဆန်းစု ကြည်လွှတ်ပြီးမှ ကျင်းပရင် သူတို့လုပ်ရကိုင်ရခက်မယ်။

“နောက် ပြည်သူလူထုတွေနဲ့ပတ်သက်ရင် ဒေါ်အောင်ဆန်းစုကြည်မှာ ပိုပြီး ညွှတ်လာမယ်။ ဒါသူတို့သိတယ် အဲဒါကြောင့်မို့လို့ အိမ်ထဲထည့်ထားပြီးတော့ မတိုင်ခင် တပတ်အကြိုမှာလုပ်တာပဲ။ ဘာဖြစ်လို့လဲဆိုတော့ ဒေါ်အောင်ဆန်းစု ကြည်က သူ့ကိုလွှတ်လိုက်တာနဲ့တပြိုင်တည်း လူထုက တခါတည်းအကုန်လုံး တ ပြည်လုံးက သူ့ဆီဝိုင်းအုံလာမှာဗျ၊ အဲဒါကို သူတို့သိပ်ပြီးတော့ စိုးရိမ်ပူပန်တယ်။ အဲဒါကြောင့်မို့လို့ သူတို့ အစောကြီး လုပ်ပြီးတော့မှ လုပ်ပြီးပြီပေါ့၊ အဲဒီတော့မှ လုပ် ပြီးပြီဆိုရင်လည်း လွှတ်ချင်လည်း လွှတ်မယ်၊ မလွှတ်ချင်လည်း မလွှတ်ဘူး။”

ဒေါ်အောင်ဆန်းစုကြည်အပေါ် ချမှတ်ထားတဲ့ နေအိမ်အကျယ်ချုပ်သက် တမ်းဟာ ဥပဒေအရဆိုရင် နိုဝင်ဘာလ ၁၃ ရက်နေ့ ပြည့်မှာဖြစ်တဲ့အတွက် အဲဒီ နေ့မှာ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရမှာဖြစ်တယ်လို့လည်း ဦးတင်ဦးက ပြောပါတယ်။ ၉ဝ ရွေးကောက်ပွဲအနိုင်ရ ပါတီတခုအနေနဲ့ ရွေးကောက်ပွဲမတိုင်ခင် လူထုကို တစုံတရာအသိပေးပြောကြားဖို့ အစီစဉ်ရှိတယ်လို့လည်း ဦးတင်ဦးက အခု လို ဆက်ပြောပြပါတယ်။

“ကျနော်တို့ ပြောစရာရှိတာကတော့ ရွေးကောက်ပွဲမတိုင်ခင်တော့ တခုခု တော့ပြောရမှာပေါ့။ ဘာဖြစ်လို့လဲဆိုရင် ကျနော်တို့က အဖွဲ့အစည်းကြီးတခု ဖြစ်ခဲ့ တာကိုး ပြည်သူလူထုတွေကလည်း ကျနော်တို့အပေါ်မှာ အင်မတန်ပဲ အာ;ထားတာ ကိုး၊ စိတ်ကူးထားတာတွေတော့ရှိတယ်၊ ခေါင်းထဲမှာတော့ စိတ်ကူးထားတာတွေ တော့ရှိတယ်။ ဒေါ်အောင်ဆန်းစုကြည် ဒါနဲ့ပတ်သက်လို့ ဘယ်လိုသဘောထားရှိမလဲ၊ ဒါ လည်းကျနော်တို့က အဆက် အသွယ် မရှိတော့ မပြောတတ်ဘူးပေါ့၊ သို့သော်လည်း ပဲ ကျနော်တို့စိတ်ကူးတာနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ စိတ်ကူးပေါက်တာနဲ့က တော့ ကျနော်တို့သိပ်နီးစပ်မှာပါ၊ သူရဲ့သဘောထား ၆ ချက်ပေးထားတာလည်း ရှိ တယ်။ အဲဒီအပေါ်မှာ ကျနော်တို့ကလည်း မှီငြမ်းပြုပြီးတော့ ဖေးဖေးမမ ဆောင်ရွက် ပြီး လုပ်ရမှာတွေလည်း ရှိမှာပေါ့။”

ဒေါ်အောင်ဆန်းစုကြည်က ပြီးခဲ့တဲ့ မတ်လအတွင်းမှာ အချက် ၆ ချက် ထုတ် ပြန်ပြောကြားခဲ့တာဖြစ်ပြီး အဲဒီအထဲမှာ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လုံးဝ လက်မခံနိုင်ကြောင်း၊ တရားမျှတမှုမရှိတဲ့ တဘက်သတ်ရေးဆွဲထားတဲ့ ဥပဒေအရ ပါတီမှတ်ပုံတင်ခြင်းကို လုံးဝလက်မခံနိုင်ကြောင်းနဲ့ ဖွဲ့စည်းပုံဥပဒေပါ စည်းကမ်းချက် တွေဟာ ဒီမိုကရေစီနည်းလမ်းမကျကြောင်း စတဲ့အချက်တွေ ပါဝင်ပါတယ်။

ဒါအပြင် လူထုကိုလည်း မိမိတို့တတ်နိုင်တရွေ့ ဒီမိုကရေစီရရှိရေး ဆက် လက်ကြိုးစားသွားကြဖို့ တိုက်တွန်းထားပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အန်အယ်လ်ဒီပါတီဟာ မတ်လ ၂၉ ရက်နေ့မှာ ရွေးကောက်ပွဲအတွက် ပါတီမှတ်ပုံ မတင်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

ရွေးကောက်ပွဲကော်မရှင်၏ ကျင်းပမည့်ရက်အပေါ် နိုင်ငံရေးပါတီများ လက်မခံနိုင်

အံ့ဘုန်းမြတ် ၁၃ သြဂုတ် ၂ဝ၁ဝ DVB

ရွေးကောက်ပွဲကျင်းပရေးကော်မရှင်ရဲ့ ရွေးကောက်ပွဲကျင်းပ ရက် သက်မှတ်ချက်အပါအဝင် မဲဆန္ဒနယ်တွေ အတွက် လွှတ်တော်ကိုယ်စားလှယ် အမည်စာရင်းတွေ တင်သွင်းရမယ့် ကြေညာချက်တွေနဲ့ပတ်သက်ပြီး ရွေးကောက်ပွဲ ဝင်နိုင်ငံရေးပါတီအများစု လွှတ်လပ်ပြီးတရားမျှတမှုရှိတဲ့ ရွှေးကောက်ပွဲအဖြစ် ပေါ် ပေါက် မလာနိုင်ဘူးလို့ ဝေဖန်ပြောကြားလိုက်ကြပါတယ်။

အဲ့ဒီထဲက ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားနိုင်ငံရေးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦး အေးလွင်က အခုလို စပြောလိုက်ပါတယ်။

“ကျနော်တို့နိုင်ငံရေးပါတီတွေကို အခုပဲ မနေ့တနေ့က လူဖြစ်စေသတည်း ဆိုလုပ်လိုက်ပြီး၊ အခုပဲ ၁၆ နှစ် ပြည့်စေသတည်း ဆိုပြီး လုပ်လိုက်သလိုဖြစ်သွား တယ်ဗျ။ လုံလုံလောက်လောက် ပါတီတည်ဆောက်ချိန် မပေးဘဲနဲ့ ရွေးကောက်ပွဲကို ဇွတ်အတင်းဝင်လုပ်တဲ့သဘောဖြစ်သွားတယ်။ ဒါဟာ လုံးဝမဖြစ်သင့်တဲ့ကိစ္စပဲ၊ နိုင်ငံ ရေးကိုမသိတဲ့လူတွေ၊ နိုင်ငံရေးကို မှန်မှန်ကန်ကန် မသုံးသပ်နိုင်တဲ့လူတွေက ကော်မ ရှင်လူကြီး လုပ်ပြီးတော့ လျှောက်လုပ်နေတဲ့ကိစ္စဖြစ်နေတယ်။

“တော်တော် စိတ်ပျက်စရာကောင်းတာပေါ့။ တိုင်းပြည်ဒီမိုကရေစီနိုင်ငံ ဖြစ် ရာဖြစ်ကြောင်း အမှန်လမ်းကြောင်းကိုလည်းမကြည့်ဘူး၊ အဲဒီအတွက် ပြည်သူလူထု ပါဝင်နိုင်တဲ့ အခွင့်အလမ်းကိုလည်း မပေးဘူးဗျာ၊ နိုင်ငံရေးလုပ်ရမယ်သူတွေရဲ့ နိုင်ငံ ရေးသဘော သဘာဝတွေကိုလည်း လေးစားလိုက်နာပြီးတော့ အသိအမှတ်ပြုပေး တာမျိုးမရှိဘူးဗျာ။

“ဒီလိုသဘောတွေအများကြီးဆောင်နေပါတယ်။ ကြံ့ခိုင်ရေးပါတီတခုတည်း နိုင်ဖို့မဟုတ်ဘူး၊ ကြံ့ခိုင်ရေး ပါတီ တခုတည်းပဲ သူတို့က အာဏာအပ်ချင်တဲ့သဘော ကြီးက ပေါ်တင်ကြီးဖြစ်သွားပြီပေါ့ဗျာ။ ရွေးကောက်ပွဲကိုတောင် ရွေးကောက်ပွဲနဲ့တူ အောင် သူတို့မလုပ်ချင်တဲ့သဘောပါသွားပြီဗျ၊ အဲဒီလိုပဲ အားမနာတမ်း ပြောရတော့ မှာပဲဗျာ၊ အခြေအနေက အဲဒီကို ရောက်သွားပြီ။”

ဒီမိုကရက်တစ်ပါတီ (မြန်မာ) ရဲ့ အထွေထွေအတွင်းရေးမှူး ဒေါ်ချိုချိုကျော် ငြိမ်းက အခုလို ဆိုပါတယ်။

“၁၉၉ဝ ထက်စာရင် ဒိတ်အင်မတန်နည်းပါတယ်။ ပါတီတွေကလည်း မပိတ် ပေးဘူး။ အန်တီတို့ရက် ၉ဝ ပေးမယ်လည်း ပြောထားတယ်။ အဲဒါနဲ့ပတ်သက်ပြီး တော့ သွားပြီးတော့ မကိုက်ညီဘူးပေါ့နော်။ ပြောချင်တာလည်း ပြောလို့မရဘူးလေ။ အချိန်မရှိဘူး အချိန်ရှိတယ် ဘာညာ ဘာမှပြောလို့မှမရဘဲ၊ ဒါအစိုးရက ဒါပဲဟေ့ဆို ပြီး ဗမာပြည်ရဲ့ထုံးစံအတိုင်း အန်တီတို့ကလုပ်ရမှာပါ။ အဲဒီအထဲမှာမှ ပြည်သူတွေရဲ့ မေတ္တာကို အန်တီတို့က ယုံကြည်တယ်။ ပြည်သူတွေရဲ့မေတ္တာကို အားကိုးပြီးတော့ အန်တီတို့ပါလီမန်ထဲ ပြေးဝင်မယ်။”

ဒါအပြင် နိုင်ငံရေးပါတီအတွေအနေနဲ့ ပါတီဝင်စုဆောင်းရေး၊ မဲဆွယ်စည်းရုံး ရေးတွေအတွက်နဲ့ လွှတ်တော်ကိုယ်စားလှယ်အမည်စာရင်းတင်သွင်းရေးနဲ့ အာမခံ ငွေထားရှိရေးတွေအတွက် ပါတီတွေအတွက် အခက်အခဲတွေဖြစ်ပေါ်စေမယ်လို့ အ ခြားပါတီခေါင်းဆောင်တွေကလည်း ဆိုပါတယ်။ အရပ်သားတွေ ဦးဆောင်တဲ့ ပါတီ တွေ ဒီလိုအခက်အခဲဖြစ်အောင် သတ်မှတ်လိုက်တဲ့အပေါ် ပြည်ထောင်စုဒီမိုကရေ စီပါတီရဲ့ ဥက္ကဋ္ဌသစ် ဦးသိန်းဌေး က အခုလို ဝေဖန်လိုက်ပါတယ်။

“အခုလို လုပ်လိုက်ခြင်းအားဖြင့် ကျနော်တို့ ပါတီတွေကို ဖျက်ပစ်လိုက် တယ်ပေါ့၊ အဲဒီလိုပဲ ယူဆလို့ရတယ်။ အဲဒီလို ဖျက်လိုက်ခြင်းအားဖြင့် ဘာဖြစ်လာ နိုင်လဲဆိုတော့ လွှတ်တော်ထဲကို ဒီမိုကရက်တစ်အင်အားစုတွေက အမတ်လောင်း တွေနည်းနိုင်သမျှနည်းခြင်းပေါ့ဗျာ။

“အဲဒီအတိုင်းသွားမှာကိုး၊ နည်းနိုင်သမျှနည်းအောင်လည်း သူက ဒီအချိုး အကွေ့ကို သူက ချက်ချင်း ချိုးပစ်လိုက်တာကိုး၊ ချိုးလိုက်တဲအခါမှာ ဒီကျနော်တို့ ဒီမိုကရက်တစ်အင်အားစုတွေက ပါတီတွေက နည်းတဲ့ နေရာတွေမှာ ပြည်ခိုင်ဖြိုးက တနိုင်ငံလုံးသွင်းသွားမှာကိုး၊ နောက်ဆုံးမှာ လွှတ်တော်ထဲမှာ သူက သူတို့ကို အ ထောက်အကူပြုတဲ့ သူတို့အင်အားစုတွေသာ လွှတ်တော်ထဲမှာ နေရာရရေးလမ်း ကိုချိုးလိုက်တာဗျ၊ ကျနော်တော့ အဲဒီလိုပဲ မြင်တယ်။”

‘နအဖ’ စစ်အစိုးရရဲ့ ရွေးကောက်ပွဲ ကျင်းပရေးကော်မရှင်ရဲ့ ဒီကြေညာ ချက်ဟာ လာမယ့် ရွေးကောက်ပွဲကို တရားမျှတမှု မရှိတဲ့ရွေးကောက်ပွဲ အဖြစ်ပိုမို ထင်ရှားသွားစေပြီလို့ ပြည်ထောင်စု ဒီမိုကရေစီပါတီရဲ့ဥက္ကဋ္ဌသစ် ဦးသိန်းဌေးက ခုလို ဝေဖန်ပြောဆိုလိုက် ပါတယ်။

“မနေ့ကအထိ အခင်းအကျင်းသည် ကျနော်တို့ သုံးသပ်ထားတာက လွှတ် လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်နိုင်ချေ အားနည်းတယ်။ ဒီအပေါ်မှာလည်း ကျနော်တို့ပါတီက စဉ်ဆက်မပြတ် အမြဲတမ်းတောင်းဆိုလာတယ်။ ကျနော်တို့ တောင်းဆိုတဲ့အပြင်ကို တောင်းဆိုတဲ့အချက်တွေကိုလည်း ပြည်သူလူထုကို တတ် နိုင်သမျှ အသိပေးတင်ပြခဲ့တယ်။

“ကျန်တဲ့အင်အားစုတွေကိုလည်း အသိပေးတင်ပြခဲ့တယ်။ ဒီနေ့ သူထပ်ပြီး တော့ထုတ်လိုက်တဲ့ပုံကို ပြန်ကြည့်လိုက်တော့ ခုနက လွတ်လပ်တယ်ဆိုတဲ့အသုံးအ နှုန်းကို ခဏဖယ်ထားပြီးတော့ ဒီနေ့သူတို့ကြေညာချက်အပေါ်မှာ ကျနော်တို့ ဘယ် လိုမျိုးသုံးသပ်လို့ရနိုင်သလဲဆိုတော့ မျှတတဲ့ရွေးကောက်ပွဲ မဖြစ်နိုင်ဘူးလို့တော့ ကျနော်တို့က သုံးသပ်လို့ရနိုင်ပါတယ်။”

အမျိုးသားနိုင်ငံရေးမဟာမိတ်များ အဖွဲ့ချုပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးအုန်း လွင်ကတော့ ပါတီတွေအနေနဲ့ အကန့်အသက်တွေကြားက လှုပ်ရှားရုန်း ရမှာဖြစ် ပေမယ့် စစ်အုပ်ချုပ်ရေးကနေ အရပ်ဘက် အုပ်ချုပ်ရေးပြောင်းလဲဖို့အတွက် ရက် သတ်မှတ်တဲ့အပေါ်ကို ကြိုဆိုတယ်လို့ ဆိုလိုက်ပါတယ်။ အမျိုးသားနိုင်ငံရေး မဟာမိတ်များအဖွဲ့ချုပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးအုန်း လွင်ပြောခဲ့တာပါ။

နိုင်ငံရေးပါတီအများစုကတော့ ကော်မရှင်ရဲ့ ရွေးကောက်ပွဲကျင်း ပရက်အပါအဝင်၊ လွှတ်တော်ကိုယ်စားလှယ် အမည် စာ ရင်း တင်သွင်းရေးနဲ့ အခြားမဲ ဆွယ် စည်းရုံးရေး ကန့်သတ်ချက်၊ ရံပုံငွေရှာဖွေရေးကန့်သတ်ချက် စတဲ့အရာတွေကို လျှော့ပေါ့ပြောင်းလဲပေးဖို့ ပါတီတွေစုပေါင်းတောင်းဆို သွားကြမယ်လို့လည်း ပါတီ ခေါင်းဆောင်တွေကဆိုပါတယ်။

ဒီလိုတောင်းဆိုဖို့အတွက် နိုင်ငံရေးပါတီတွေ စုပေါင်းလုပ်ဆောင်ကြဖို့ အချိန် တန်ပြီလို့ မြန်မာ့ဒီမိုကရေစီကွန်ဂရက်ပါတီရဲ့ အထွေထွေအတွင်းရေးမှူး ကိုဝေမှူး သွင်က ဆိုလိုက်ပါတယ်။

“ပါတီအများစုက တကယ်လုပ်သင့်လုပ်ထိုက်တာက ပါတီအများစုက စာပို့ ပြီး တယောက်နဲ့တယောက် နှိုးဆော်တာလုပ်ပြီးတော့ ဒါမှမဟုတ် ဒီး ပြီးတော့ပေါ့ နော် ဒီဟာတွေဟာ မဖြစ်သင့်သေးပါဘူး၊ ဒီဟာတွေက အရမ်းနည်းပါတယ်၊ ဒီဟာ တွေ ဒီဟာတွေကို ပြုပြင်သင့်ပါတယ်ဆိုတဲ့ဟာမျိုးကို ကော်မရှင်ကို ကျနော်တို့က တညီတညွတ်တည်း တောင်းဆိုသင့်တယ်လို့တော့ ကျနော်မြင်တယ်။

“အဲဒါက အားလုံးပူးပေါင်းပါဝင်ဖို့လိုတယ်လို့လည်း ကျနော်ထင်တယ်။ ဖြစ် နိုင်ခြေရှိတယ်လို့လည်းသုံးသပ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ အခုဟာကအခြေအ နေကအဲဒီလိုဖြစ်နေတာကိုး၊ ပြီးတော့ကျနော်တို့က စားရတဲ့ အနေအထားကအရမ်း ကျပ်တည်းနေတယ်လေ။ အခုဟာက နိုဝင်ဘာ ၇ ဆိုတော့ ဒေါ်အောင်ဆန်းစုကြည် ကို ပြန်ထွက်လာတဲ့အချိန်ကို သူက အရောက်မခံဘူးပေါ့၊ အဲဒီလိုမျိုး သူတို့က ဆုံး ဖြတ်ခဲ့တာ ဖြစ်နေတယ်။”

မြန်မာ့ဒီမိုကရေစီကွန်ဂရက်ပါတီရဲ့ အထွေထွေအတွင်းရေးမှူး ကိုဝေမှူးသွင် ပြောကြားခဲ့တာပါ။ ဒါအပြင် ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေးအဖွဲ့ ချုပ်ဥက္ကဋ္ဌ ဦးအေးလွင်ကတော့ အစိုးရနဲ့ကော်မရှင်ကို ကန့်ကွက်သွားမှာဖြစ်တယ် လို့ ဆိုပါတယ်။

“လက်ရှိတည်ဆဲ အစိုးရအနေနဲ့က တိုင်းပြည်ကို ပရမ်းပတာပေါ့ဗျာ သိက္ခာ မဲ့စွာလုပ်နေမယ်၊ ကော်မရှင်ကလည်း ကော်မရှင်သိက္ခာမရှိ၊ အစိုးရကလည်း အစိုးရ သိက္ခာမရှိ အဲဒီလိုလုပ်ပြီးတော့ ဒီနိုင်ငံပါတီတွေကို နိုင်ငံရေးပါတီအနေနဲ့ တူတူတန် တန် တည်ဆောက်ဖို့ အချိန်မပေးဘဲနဲ့ အခုလိုမျိုး လုပ်တာကြီးကတော့ ကျနော်တို့ က ကန့်ကွက်ရမယ့်ကိစ္စ ဖြစ်သွားပြီဗျ။

“ဒါကျနော်တို့ ကန့်ကွက်သွားမှာပါ၊ တဖက်က အဲဒါကန့်ကွက်ပြီးတော့ ငုတ်တုတ်တော့ ထိုင်နေလို့တော့မရဘူးပေါ့။ တတ်နိုင်သ၍ ကျနော်တို့က ပြည်သူ ကို ကိုယ်စားပြုတဲ့ နိုင်ငံရေးအခင်းအကျင်းဖြစ်အောင်တော့ ကျနော်တို့ဆက်လုပ် သွားမှာပဲ။”

လက်ရှိအခြေအနေမှာတော့ ရွေးကောက်ပွဲကျင်းပရေးကော်မရှင်မှာ နိုင်ငံ ရေးပါတီတည်ထောင်ခွင့်နဲ့ ဆက်လက်တည်ထောင်ခွင့်လျှောက်ထားသည့် ပါတီ ၄၇ ပါတီရှိသွားပြီဖြစ်ပြီး နိုင်ငံရေးပါတီ မှတ်ပုံတင်ခွင့် လျှောက်ထားသည့် ပါတီ ၄၁ ပါတီ အနက် ပါတီ ၄ဝ ကို မှတ်ပုံတင်ခွင့်ပြုခဲ့ပြီးဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ ထုတ်ပြန်ချက်အရသိရှိရပါတယ်။

၁၉၉ဝ ပြည့်နှစ်က ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကိုတော့ မေ လ ၂၇ ရက် တနင်္ဂနွေနေ့တွင် ကျင်းပခဲ့ပြီး ပါတီ ၉၃ ပါတီက ကိုယ်စားလှယ်ပေါင်း ၂,၂ဝ၉ ဦးနှင့် တစ်သီးပုဂ္ဂလ ၈၇ ဦးတို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။

ရွေးကောက်ပွဲ နဲ့ ပြည်သူ့အမြင်

By ဦးအောင်ခင် + ညိုညိုလွင် စနေ, 14 သြဂုတ် VOA

မြန်မာပြည်က အရပ်သားအဖွဲ့အစည်းတွေနဲ့ အကြိမ် (၉၀) နီးပါးတွေ့ဆုံ မေးမြန်းပြီး ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ ပြည်သူ့အမြင် အမျိုးမျိုးကိုဖော်ပြတဲ့ စာမျက်နှာ (၄၀) ကျော် စာတမ်းတစောင် မကြာမီက ထုတ်ဝေလိုက်ပါတယ်။ ထုတ်ဝေသူဟာ ကမ္ဘောဒီးယားနိုင်ငံ ဖနွန်ပင်မြို့ အခြေစိုက် ငြိမ်းချမ်းရေးနဲ့ ပဋိပက္ခ လေ့လာရေးဌာန (Center for Peace and Conflict Studies) ဖြစ်ပါတယ်။ မြန်မာပြည်က အရပ်သားအဖွဲ့အစည်းတွေကို ကူညီနေတဲ့ အဖွဲ့ဖြစ်ပါတယ်။ လွန်ခဲ့တဲ့နှစ်က မြန်မာပြည်မှာ (၃) လလောက် နေထိုင်ပြီး တိုင်းရင်းသားအဖွဲ့အစည်းတွေရဲ့  အမြင်အမျိုးမျိုးကို တွေ့ဆုံမေးမြန်း တင်ပြထားပါတယ်။

စစ်အစိုးရဟာ အခြေခံဥပဒေအတည်ပြုပွဲမှာ ပြည်သူ့ဆန္ဒ ကောက်ယူတုန်းက မတရားလုပ်သလို ပါတီစုံရွေးကောက်ပွဲမှာလည်း မသမာတဲ့နည်းနဲ့ အနိုင်ယူလိမ့်မယ်လို့ ယူဆထားတဲ့ ပြည်သူတွေ ရှိပါတယ်။ ၂၀၀၈ ပြည်သူ့ဆန္ဒကောက်ယူပွဲမှာ ကန့်ကွက်မဲကို ထောက်ခံမဲဖြစ်အောင် လုပ်သလို လာမယ့်ပါတီစုံ ရွေးကောက်ပွဲမှာလည်း အစိုးရပါတီအနိုင်ရအောင် မဲလိမ်လိမ့်မယ်လို့ ဆိုပါတယ်။ အပြည်ပြည်ဆိုင်ရာမှာ မျက်နှာပန်းလှအောင် ကျင်းပတဲ့ ရွေးကောက်ပွဲဖြစ်တာကြောင့် တရားမျှတပြီး လွတ်လပ်တဲ့ ရွေးကောက်ပွဲ ဖြစ်လာမှာမဟုတ်ဘူးဆိုတဲ့ အယူအဆဖြစ်ပါတယ်။

၂၀၀၈ အခြေခံဥပဒေကို မထောက်ခံတဲ့အတွက် ရွေးကောက်ပွဲ မဝင်နိုင်ဘူးလို့ တိုင်းရင်းသား အဖွဲ့အစည်းအချို့ က ဆုံးဖြတ်ထားတာကိုလည်း ဖော်ပြပါတယ်။ ငြိမ်းချမ်းရေးနဲ့ ပဋိပက္ခ လေ့လာရေးဌာန တွေ့ဆုံမေးမြန်းစဉ်က ရွေးကောက်ပွဲ ဥပဒေ မထွက်သေးပေမယ့် ၂၀၀၈ အခြေခံဥပဒေကို လက်မခံတဲ့အတွက် ရွေးကောက်ပွဲ သပိတ်မှောက်ဖို့ ဆုံးဖြတ်ကြတာပါ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ရွေးကောက်ပွဲဥပဒေ ကြေညာပြီးမှ မပါဝင်ဖို့ ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။ အစိုးရ အလိုကျလိုက်လုပ်တဲ့ ရွေးကောက်ပွဲဖြစ်တာမို့ အပြောင်းအလဲရှိမှာ မဟုတ်ဘူးလို့လည်း မြင်ကြပါတယ်။ တနည်းဆိုရင်တော့ ရွေးကောက်ပွဲ ကျင်းပလို့ ပြည်သူဘဝဟာ ပြောင်းလဲသွားမှာ မဟုတ်ပါဘူးလို့ ယူဆကြတာပါ။ ပြည်သူလူထုဟာ ရွေးကောက်ပွဲကို သိပ်စိတ်ဝင်စားကြတာ မဟုတ်ပါဘူး။

နိုင်ငံရေးပါတီနဲ့ တိုင်းရင်းသားအဖွဲ့တွေ လွတ်လွတ်လပ်လပ် ဆွေးနွေးပွဲ မလုပ်နိုင်တာဟာလည်း ပြည်သူလူထုမှာ ရွေးကောက်ပွဲဆိုင်ရာ ဗဟုသုတနည်းပါးရတဲ့ အကြောင်းရင်းတခု ဖြစ်ပါတယ်။ ရွေးကောက်ပွဲ အစီအစဉ်နဲ့ အခြေခံဥပဒေကို ပြည်သူလူထု ကောင်းကောင်းသိတာ မဟုတ်ပါဘူး။ ဒါပေမဲ့ တချို့ ကတော့ တဖြည်းဖြည်း ပြောင်းလဲလာလိမ့်မယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ သည်းခံပြီးရွေးကောက်ပွဲ ဝင်ရလိမ့်မယ်လို့ ယူဆကြပါတယ်။ ရွေးကောက်ပွဲဆိုတာ ပေါ်ထွက်လာတဲ့ အခွင့်အလမ်းတခုဖြစ်တဲ့အတွက် တဖြည်းဖြည်းချင်း ပြောင်းလဲလာအောင် လုပ်ယူရမယ်ဆိုတဲ့ အယူအဆပါ။ အစပိုင်းမှာ ကြံ့ဖွံ့ပါတီ ကြီးစိုးတဲ့ နိုင်ငံရေးစနဏ် ပေါ်ထွက်လာနိုင်ပေမယ့် ရွေးကောက်ပွဲမှာ တိုင်းရင်းသားလူမျိုးစုအရေးကို ပြောဆိုခွင့်ရလာတာဟာ အရေးကြီးတယ်လို့ ဆိုပါတယ်။

ပြည်သူလူထုအများအပြား ပါဝင်ဆင်နွှဲမယ်ဆိုရင် ထင်သလို မတရားလုပ်ဖို့ ခက်ခဲလိမ့်မယ်လို့ မြင်ပါတယ်။ ရွေးကောက်ပွဲကို စိတ်ဝင်စားသူနည်းလေလေ လိမ်ရတာ လွယ်ကူလေလေလို့ ဆိုပါတယ်။ အပြောင်းအလဲဖြစ်လာအောင် အစိုးရမှာသာ တာဝန်ရှိတာမဟုတ်ဘဲ ပြည်သူလူထုမှာလည်း တာဝန်ရှိပါတယ်ဆိုတဲ့ အယူအဆဖြစ်ပါတယ်။ လက်ရှိ အခြေအနေအတိုင်းဆိုရင် ဘာမှ ပြောင်းလဲလာမှာ မဟုတ်ဘူးလို့ ရွေးကောက်ပွဲပြီးတဲ့အခါမှာ အပြောင်းအလဲ အနည်းအကျဥ်း ရှိလာနိုင်တယ်လို့ မြင်ပါတယ်။ အစိုးရကို ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ မဆက်ဆံလို့ မဖြစ်ပါဘူး။ အစိုးရအဖွဲ့အစည်းထဲမှာလည်း လူကောင်းတွေရှိပါတယ်။ ဥပမာ သစ်တောဌာနမှာ တိုင်းပြည်ကောင်းစေချင်သူတွေ ရှိပါတယ်။ ဒါကြောင့် စစ်အုပ်စုနဲ့ အစိုးရအဖွဲ့အစည်းတွေကို ခွဲခြားသိမြင်ဖို့ လိုပါတယ်။ ဒါပေမဲ့ ပြည်သူလူထု ယုံကြည်လေးစားတဲ့ ခေါင်းဆောင်မရှိတာဟာလည်း အပြောင်းအလဲဖြစ်ဖို့ ခက်ခဲနေတဲ့ အချက်လို့ မြင်ကြပါတယ်

ဒီမိုကရေစီပြုစု ပျိုးထောင်ရာမှာ အဓိကကျတဲ့ civil society ခေါ် အရပ်သားအဖွဲ့အစည်းတွေ တည်ထောင်ဖို့ အချိန်အလုံအလောက် မရတာကို မကျေနပ်သူရှိပါတယ်။ နိုင်ငံရေး အသိအမြင် တိုးတက်ဖွံ့ဖြိုးလာရေးအတွက် အရပ်သားအဖွဲ့အစည်းတွေ ရှင်သန်လာဖို့ လိုပါတယ်။ လုပ်ငန်းအသီးသီးမှာ ရှိကြတဲ့ အရပ်သားအဖွဲ့အစည်းတွေကို စုပေါင်းပြီး နိုင်ငံရေး ဦးတည်ချက်ရှိတဲ့ အရပ်သားအဖွဲ့ကြီး ဖြစ်လာအောင်လုပ်ဖို့လည်း လိုလားကြပါတယ်။ အရပ်သားအဖွဲ့တွေ အားကောင်းလာရင် ဒီမိုကရေစီ သဘောတရားကို ကျယ်ကျယ်ပြန့်ပြန့် နားလည်လာလိမ့်မယ်လို့ ယူဆကြပါတယ်။

တချို့ ကလည်း ရွေးကောက်ပွဲ ကျင်းပဖြစ်မှာမဟုတ်ဘူးလို့ မြင်ကြပါတယ်။ စစ်အုပ်စုထဲမှာ အယူအဆ အမျိုးမျိုး ရှိနေတာကြောင့် တယောက်နဲ့တယောက် ယုံကြည်ကြတာ မဟုတ်ပါဘူး။ အုပ်စုတိုက်ပွဲ ပြင်းထန်လာရင် ရွေးကောက်ပွဲကို ရွှေ့ ဆိုင်းဖို့ အလားအလာများလာပါတယ်။ ရွေးကောက်ပွဲ လုပ်တဲ့အတွက် နိုင်ငံရေးအာဏာကို အရင်လို ချုပ်ကိုင်လို့ မရနိုင်တော့ဘူးလို့ စစ်ခေါင်းဆောင်ပိုင်းက ယူဆရင်လည်း ရွှေ့ ဆိုင်းနိုင်ပါတယ်။ စစ်ခေါင်းဆောင်တွေ လိုလားတဲ့ပါတီ အနိုင်မရရင်လည်း ရွေးကောက်ပွဲရလဒ်ကို ၁၉၉၀ လို အသိအမှတ်ပြုမှာ မဟုတ်ဘူးလို့ ယူဆသူများလည်း ရှိနေပါတယ်။

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ မသမာတဲ့နည်းတွေနဲ့ စည်းရုံး

By ကိုဇော်ဝင်းလှိုင် စနေ, 14 သြဂုတ် VOA

စစ်အစိုးရက ကျောထောက်နောက်ခံ ပေးထားတဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဟာ နယ်တွေမှာ မသမာတဲ့နည်းတွေ သုံးပြီး သူတို့ကို မဲပေးဖို့စည်းရုံး သိမ်းသွင်းနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက လူကြီးတချို့ ရန်ကုန်တိုင်း လှည်းကူးမြို့နယ်အတွင်း ကျေးရွာတချို့က လယ်သမားတွေထံ သောကြာနေ့တုန်းကသွားပြီး ငွေချေးတဲ့အချိန်မှာ သူတို့ လုပ်ပုံကိုင်ပုံတွေကို သဘောမကျလို့ မေးခွန်းထုတ်တဲ့ ရွာသားတဦးကိုလည်း ၀တ္တရား နှောက်ယှက်မှုနဲ့ ရဲက ဖမ်းလိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ် စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဟာ သူတို့ပါတီကို ထောက်ခံအားပေးလာအောင် စည်းရုံးတဲ့အနေနဲ့ မြန်မာပြည်နေရာ အတော်များများမှာ အလှူလုပ်တာတွေ၊ လမ်းဖောက် တံတားဆောက်ပြီး သူတို့နာမည်ခံတာတွေ၊ ငွေချည်းတာတွေ လုပ်နေတယ်ဆိုတဲ့သတင်းတွေ ထွက်နေတာတော့ ကြာပါပြီ။ ဒါ့အပြင် ကြံ့ခိုင်ရေးပါတီဟာ နိုင်ငံတော်ရဲ့ ဘဏ္ဍာငွေတွေကို သုံးစွဲနေတယ်၊ လူထုထံမှာ နည်းမျိုးစုံနဲ့ ရန်ပုံငွေတွေ လိုက်ကောက်ခံနေတယ်ဆိုတဲ့ သတင်းတွေကလည်း မကြာခဏ ဆိုသလို ထွက်ပေါ်နေတာပါ။

အခုလည်း ရန်ကုန်တိုင်း လှည်းကူးမြို့နယ်အတွင်းက ကျေးရွာတချို့ကိုသွားပြီး လယ်သမားတွေနဲ့ ဒေသခံတွေကို ငွေချေးခဲ့တာမှာ ချေးငွေကို လက်ခံရရှိသူတွေအနေနဲ့ တခြားပါတီကို မထောက်ခံရဘူး၊ သူတို့ပါတီကိုပဲ မဲပေးရမယ်ဆိုပြီး အဓမ္မ စည်းရုံး သိမ်းသွင်း ခဲ့တယ်လို့ ရွာခံတဦးက ပြောပြပါတယ်။

“ရန်ကုန်တိုင်း မြောက်ပိုင်းခရိုင် လှည်းကူးမြို့နယ် ၀ါးရုံဇော ရွာမှာ မြို့နယ် ကြံ့ခိုင်ရေးနဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက နေပြီးတော့ ငွေချေးတယ်ခင်ဗျ။ အဲဒီလို ချေးတဲ့အခါကျတော့ သူတို့က သူတို့ဆီက ယူတဲ့လူက ဒီ မတ်လ ၂၀၁၁ ကို အပြီးဆပ်ရမယ်။ အကျေ ဆပ်ရမယ်။ အကယ်၍ မဆပ်ခဲ့ရင် တရားဥပဒေအရ အရေးယူမယ်၊ ပြီးတော့လည်း သူ့ပါတီဝင်ပြီးတော့ ပိုက်ဆံချေးတဲ့သူကို ကျန်တဲ့ အခြားပါတီက လာမဲဆွယ်ရင် ထည့်ခွင့်မရှိဘူး။ အကယ်၍ မဲထည့်ခဲ့လို့ရှိရင်လည်း သူက တရားဥပဒေအရ အရေးယူမယ်လို့ အဲဒီလို ပြောသွားတယ်ခင်ဗျ။”

ငွေချေးတဲ့နေရာမှာလည်း ဘက်လိုက်ပြီး ချေးငှားမှုရှိတာတွေကို သူက အခုလို ဆက်ပြောပြပါတယ်။

“သူတို့က အခု ငွေချေးတော့လည်း လယ်ကူလီပေါ့ဗျာ၊ မရှိတဲ့လူတွေကို တစ်သောင်းနှုန်း နဲ့ သူတို့ချေးတယ်။ လယ်သမားတဦးကိုတော့ သူက တစ်သိန်းနှုန်း သူက ချေးတယ်။ ဥက္ကဌ နဲ့ ပတ်သက်ရာပတ်သက်ကြောင်း သူတွေကိုတော့၊ အထူးသဖြင့် ဥက္ကဌဆိုရင် ဈေးနံမည်နဲ့ သူက ၄ သိန်း ထုတ်ယူတယ်။ အဲဒီဟာတွေကို မကျေနပ်နာတွေလည်း ကျနော်တို့ ရွာထဲမှာ တော်တော်များများ ရှိတယ်ဗျ။ အခု ရွာက လူတွေဆိုရင် ခံစားချက် ဖြစ်ပြီးတော့ ဘယ်ကိုတိုင်လို့ ဘာကိုလုပ်ရမှန်းမသိတဲ့လူတွေ ရှိတယ်ခင်ဗျ။ တရွာလုံးကတော့ ဟိုအိမ် ကျွက်စိကျွက်စိ ဒီအိမ်ကျွက်စိကျွက်စိနဲ့တော့ ခံစားနေရတယ်ခင်ဗျ။”

ကြံ့ခိုင်ဖွံ့ဖြိုးရေးရဲ့ အဲဒီ မမျှတတဲ့ စည်းရုံးရေးလုပ်ရပ်တွေကို မကျေနပ်လို့ မေးခွန်းထုတ်တဲ့ ရွာသားတဦးကိုလည်း တာဝန်ဝတ္တရား နှောက်ယှက်မှုနဲ့ ဖမ်းဆီး ခေါ်ဆောင်သွားပြီး ကျန်တဲ့သူတွေကိုလည်း ခြိမ်းချောက်ခဲ့တယ်လို့ သူက ဆက်ပြောပြပါတယ်။

“မကျေနပ်တာကတော့ ရှိတာပေါ့ဗျာ။ မနေ့ကဆိုရင် ဦးစိုးငြိမ်း နဲ့သား ကိုဇော်မင်းစိုး ကို ဖမ်းသွားတယ်ခင်ဗျ။ ရဲစခန်းကို ဖမ်းသွားတယ်။ အဲဒီတော့ ငွေပေးတာတွေကို မညီမျှတဲ့အတွက်မှာ ဒါ အနည်းအများပေါ် မူတည်ပြီးတော့ ပြောတာပေါ့ဗျာ။ ပြောတဲ့အခါကျတော့ ၀တ္တရားနှောက်ယှက်မှုတွေ ဖမ်းသွားတာပေါ့ဗျာ။ အဲဒီတော့ သူတို့က သူတို့ပါတီက ဘယ်လိုပဲ မဲဆွယ်မဲဆွယ် ကျနော်တို့အနေနဲ့က ကျနော်တို့မှာ ဆုံးဖြတ်ပိုင်ခွင့် လုပ်ပိုင်ခွင့်တော့ ရှိတယ်။ ကျနော်တို့ ထည့်ချင်မှ ထည့်မယ်၊ မထည့်ချင်ရင် မထည့်ဘူး။ သူတို့အနေနဲ့က ဒါကို ဖမ်းမယ် ဆီးမယ် ထောင်ချမယ်လို့ ခြိမ်းခြောက်ပြီး မဲဆွယ်တာတော့ မကောင်းဘူးလို့ အဲဒါကို ကျနော်က အထက်လူကြီးတွေကို အသိပေး တိုင်ဖို့အတွက် လမ်းပြကြယ်က ဦးအေးမြင့်ဆီကို ရောက်လာခြင်းပဲ ဖြစ်ပါတယ်ခင်ဗျ။”

ကြံ့ခိုင် ဖွံ့ဖြိုးရေးပါတီအနေနဲ့ ဥပဒေနဲ့ ကိုက်ညီခြင်းမရှိတဲ့ စည်းရုံးလှုံ့ဆော်မှုတွေ လုပ်ဆောင်နေတဲ့အတွက် ဒီကိစ္စကို အမြန်ဆုံး အရေးယူ ဆောင်ရွက်နိုင်ဖို့ ကြိုးပမ်းသွားမယ်လို့ လမ်းပြကြယ် လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေးအဖွဲ့က ဦးအေးမြင့်က ပြောပါတယ်။

“ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ဖွဲ့စည်းပုံ အခြေခံဥပဒေအရရော ကော်မရှင်ကထုတ်ပြန်ထားတဲ့ ဥပဒေအရရော သူတို့ စည်းရုံးပိုင်ခွင့် မရှိသေးဘူး ခင်ဗျ။ ဒီလို စည်းရုံးပိုင်ခွင့်မရှိဘဲ ဥပဒေကို ဖောက်ဖျက်နေတယ်။ ပြည်သူလူထုကို ခြိမ်းခြောက်ပြီးတော့ လုပ်ဆောင်နေတာကို ကျနော်တို့ တရားဥပဒေအရ ဆိုရင်တော့ ခြိမ်းခြောက်မှုကိုလည်း စွဲနိုင်တယ်။ နောက်တချက်က ကော်မရှင်ဥပဒေကို ဖောက်ဖျက်တဲ့ အမှုနဲ့လည်း ကော်မရှင်ကနေ တရားစွဲဖို့အတွက် လမ်းပြကြယ်က မကျေနပ်တဲ့လူ တိုင်ကြားချက်ကို ကျနော်တို့ စာရေးပေးမယ်။”

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဟာ အရင် စစ်အစိုးရက လူမှုရေးအသင်းအဖြစ် ဖွဲ့စည်းထားတဲ့ ကြံ့ခိုင်ရေးအသင်းကို ပါတီအဖြစ် ပြောင်းလဲ ဖွဲ့စည်း ထားတဲ့ ပါတီဖြစ်ပါတယ်။ ကြံ့ခိုင်ရေးအသင်းကို ဦးဆောင်ခဲ့ကြတဲ့ ၀န်ကြီးချုပ် ဗိုလ်ချုပ်သိန်းစိန် အပါအ၀င် စစ်အစိုးရ ၀န်ကြီး တော်တော်များများဟာ စစ်ရာထူးက အနားယူပြီး ရွေးကောက်ပွဲဝင်ဖို့ ပြင်ဆင်နေကြတာ ဖြစ်ပါတယ်။ ကြံ့ခိုင်ရေးအသင်း ပိုင်ဆိုင်သမျှ ရန်ပုံငွေတွေဟာလည်း စစ်အစိုးရက ထောက်ပံ့ထားတဲ့ ငွေတွေဖြစ်တယ်လို့ အများက လက်ခံထားတဲ့ အချက်ဖြစ်ပါတယ်။

ဦးဝင်းတင်နဲ့ မေးခွန်းများ

လူထုအုံကြွမှုနဲ့ နိုင်ငံရေးသမားတွေရဲ့ ပိုင်းဖြတ်မှု အခန်းကဏ္ဍ

သြဂုတ် ၁၄၊ ၂၀၁၀ မိုးမခ

ဆရာနဲ့ ၈ လေးလုံးနှစ်ပတ်လည် ကာလမှာ မေးမြန်းဖြစ်တာက ယခင်က လမ်းပြကြယ်ဦးအေးမြင့်နဲ့ စကားပြောဖြစ်စဉ်က အကြောင်းဖြစ်ပါတယ်။ ယခုအချိန်မှာ စစ်အာဏာရှင်တွေရဲ့ မတရားဖိနှိပ်မှုတွေ၊ နှိပ်စက်မှုတွေကြောင့် သည်းမခံနိုင်တဲ့အဆုံး လူထုက အုံကြွလာခဲ့ရင်တောင် စစ်အာဏာရှင်တွေက လက်နက်အားကိုးနဲ့ အကြမ်းဖက် နှိမ်နင်းမှုတွေ ကျုးလွန်ဖို့ ၀န်မလေးဘူး၊ လက်မတွန့်ဘူး ဆိုတဲ့ အကြောင်း ဖြစ်ပါတယ်။

အတိတ်မှာကော အနာဂတ်မှာပါ မြန်မာပြည်ရဲ့ နိုင်ငံရေးလှုပ်ရှားမှုလမ်းကြောင်းမှာ စစ်အာဏာရှင်တွေကို ဆန့်ကျင်တဲ့ လူထုအုံကြွမှုတွေဆိုတာ ရှောင်လွဲလို့ မရခဲ့ဘူး၊ ရှောင်လွဲလို့ မရနိုင်ဘူး ဆိုတဲ့ အကြောင်း … အဲသည်အချိန်အခါမှာ နိုင်ငံရေးသမားတွေ၊ နိုင်ငံရေးလှုပ်ရှားသူတွေနဲ့ နိုင်ငံရေးအဖွဲ့အစည်း ဆိုသည်တွေရဲ့ နေရာနဲ့ သဘောထားတွေက ဘာလဲ၊ ဘယ်လဲ ဆိုတာကို မေးမြန်းဖြစ်ပါတယ်။

ဆရာက ၎င်းရဲ့ အမြင်ကို ပြန်လည် ပြောကြားရာမှာ -

“အခုတလောမှာ ဆရာနဲ့ စီအာရ်ပီပီတို့နဲ့ တွေ့တဲ့အခါမှာ ပြောဖြစ်တယ်။ သံတမန်တွေ အခြားအဖွဲ့အစည်းတွေက မေးလာတဲ့အခါမှာလည်း ပြောဖြစ်တယ်။ လက်ရှိအခြေအနေမှာ စစ်အစိုးရရဲ့ ဖိနှိပ်မှုက များလာတယ်။ သူတို့ ပိုင်းဖြတ်ချက်က ရှင်းရှင်း ပြောရရင် ကြံ့ဖွံ့ကို အစွမ်းကုန် လှုပ်ရှားနိုင်အောင် သြဇာ အာဏာတင်မက၊ ငွေကြေး အားလုံး သုံးနိုင်အောင်အတွက် အသင်းတောင် မထားတော့ဘူး၊ ပါတီ ဖွဲ့လိုက်တယ်။ အသင်းက အင်အားတွေ၊ ပိုင်ဆိုင်မှုတွေ အားလုံးကို ပါတီထဲကို ပုံအောထည့်လိုက်တယ်။

အဲသည်အတွက် ကျနော်က နိုင်ငံရေးလုပ်ဖော်ကိုင်ဖက်တွေကိုလည်း ပြောတယ်၊ နိုင်ငံခြား သံတမန်တွေကိုလည်း ပြောပါတယ်။ လက်ရှိ အခြေအနေက နိုင်ငံရေးအကြပ်အတည်းတွေ ကြုံနေပြီ၊ ဖြေရှင်းလို့ မရနိုင်လောက်အောင် တဖက်က တင်းမာနေပြီ။ စီးပွားရေး လူမှုရေး အခက်အခဲ အကြပ်အတည်းတွေ ကြုံနေရပြီ။ ဒီလိုအချိန်မျိုးမှာ ဒီလိုအကြပ်အတည်းမျိုးတွေ ကြုံနေတဲ့ အခါမှာ လွန်ခဲ့တဲ့ ၈ လေးလုံးက လူထုအုံကြွမှုကြီးတွေကို မေ့ပျောက်လို့ မရဘူး။

သို့သော် ၈ လေးလုံး ဆိုတဲ့ အုံကြွမှုမျိုးကို ခင်ဗျား ဖော်ထုတ်နိုင်သလား၊ ဖန်တီးနိုင်သလားလို့ ပြောလာကြရင် ကျနော့်အနေနဲ့ ဘယ်လုပ်နိုင်မလဲ၊ ဖော်ထုတ်နိုင်ဖို့ကို မပြောနဲ့ဦး ပေါ်ပေါက်လာရင်တောင်မှ ဦးဆောင်ဖို့ မလွယ်ဘူး၊ တော်ရုံတန်ရုံလူ လုပ်လို့ မရဘူး။ ဒါပေမယ့်လည်း လူထုအုံကြွမှုဆိုတာမျိုးဆိုတာ မပေါ်ပေါက်လာနိုင်ပါဘူး လို့လဲ ပြောလို့ မရဘူး။ လူထုအုံကြွမှုဆိုတာ Spontanuous ပေါ်တဲ့ အရာဖြစ်တယ်။ ဒါကြောင့်မို့ ကျနော်ပြောနိုင်တာကတော့ - ၈ လေးလုံး လို အုံကြွမှုမျိုးက အခုလို အချိန်မျိုးမှာ အချိန်မရွေး အခါမလပ် ပေါ်ပေါက်လာနိုင်တယ် ဆိုတာကို မမေ့ကြပါနဲ့ ဆိုတာဖြစ်ပါတယ်။

အဲသည်နေရာမှာ အဲသည်လို အုံကြွမှုတွေ ဘယ်လိုမျိုး ဖြစ်လာမှာလဲ၊ ဘယ်သူလုပ်မှာလဲ။ ဘယ်သူ ဦးဆောင်မှာလဲ။ ဘာတွေ ဖြစ်လာမှာလဲ ဆိုတာတွေကိုတော့ ကျနော်လည်း မသိဘူး။ သို့သော် သည်အချက်အလက်ဖြစ်တဲ့ လူထုအုံကြွမှု (Mass Uprising Factor) ကိုတော့ မေ့ထားလို့ မဖြစ်ဘူး ဆိုတာကို ပြောဖြစ်ပါတယ်။

ဥပမာအားဖြင့် ပြောရရင် ၂၀၀၃ ခုနှစ်တုံးက ဒေါ်အောင်ဆန်းစုကြည် တပြည်လုံးကို လှည့်ပြီး တရားဟောတယ်၊ လူထုနဲ့ တွေ့ဆုံတယ် ဆိုတာဟာ လူထုအုံကြွမှုကြီးတခု ဖြစ်ပေါ်လာတာမျိုးနဲ့အလားသဏ္ဍန် တူပါတယ်။ သက္ကရာဇ် ၂၀၀၀ ကစပြီးတော့ တိုင်းပြည်မှာ အထွေထွေ အကြပ်အတည်းတွေနဲ့ ရင်ဆိုင်နေရတယ်။ အဲသည်ရဲ့ နောက်ဆက်တွဲအနေနဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်မှုနောက်ကို လိုက်ပါတဲ့ လူထုအုံကြွမှုကြီး တခု ဖြစ်ပေါ်လာတဲ့အချိန်မှာ သူတို့က ဒီပဲယင်းလိုဟာမျိုးနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်န်အယ်ဒီကို ချေမှုန်းပစ်တာပဲ။

နောက်ပိုင်းမှာကျတော့ ၂၀၀၇ မှာလည်း နောက်ထပ်လူထုအုံကြွမှုကြီးတခု နဲ့ ကြုံပြန်တယ်။ အဲသည်အခါမှာ ဒေါ်အောင်ဆန်းစုကြည်ကဲ့သို့ ခေါင်းဆောင်မှုလည်း မရှိဘူး။ တခြား ဦးဆောင်နိုင်တဲ့ ခေါင်းဆောင်တွေလည်း ဖမ်းဆီးထိန်းသိမ်းခြင်း ခံထားကြရတယ်။ နိုင်ငံရေးပါတီတွေကလည်း အဲသည်လို ဖြစ်ပေါ်လာတဲ့အချိန်မှာ ၀င်ရောက် ပါဝင်မယ်၊ ဦးဆောင်မယ်၊ ပတ်သက်မယ်လို့ လှုံဆော်မယ် ဆိုတဲ့ သဘောထားတွေ ဆန္ဒတွေ မရှိကြဘူး။ အနည်းဆုံးကတော့ ဦးဆောင်နိုင်စွမ်းမရှိကြရင်တောင်မှ ဒို့ ပါဝင်ပတ်သက်ကြမယ်ဆိုတဲ့ ပိုင်းဖြတ်မှုလောက်တော့ ရှိဖို့ ကောင်းတယ် လို့ ထင်တယ်။

အဲသည်တုံးက အဖြစ်အပျက်တခုကို ပြန်ကြားရတာတခု ပြန်ပြောပြရရင် အင်န်အယ်ဒီပါတီ ခေါင်းဆောင် ဦးအောင်ရွှေက မေးတယ် တဲ့။ သံဃာ့အရေးအခင်းဖြစ်နေပြီ၊ ပါတီက ဘာလုပ်ကြမှာလဲ ဆိုတော့ … ကော့ကရိတ်ဦးသိန်းညွန့်က ဖြေတယ်တဲ့။ စစ်အစိုးရရဲ့ ဥပဒေနဲ့ မညီညွတ်တဲ့အတွက်ကြောင့် ပါတီအနေနဲ့ အခုလူထုအုံကြွမှုမှာ ပါဝင်စရာ မလိုဘူး တဲ့။ အဲသည် ဦးသိန်းညွန့်ဆိုတာက အင်န်အယ်ဒီပါတီက လွင့်စင်ပြီး အခု ၂၀၁၀ ရွေးကောက်ပွဲဝင်ဖို့ ပါတီမှတ်ပုံတင်တဲ့ ဦးခင်မောင်ဆွေတို့၊ ဒေါက်တာသန်းငြိမ်းတို့နဲ့ အတူ သွားကြတဲ့ သူပေါ့ကွာ။

ဆိုလိုချင်တာကတော့ ဘုန်းကြီးတွေ သံဃာတွေက ရှေ့တန်းက ထွက်ပြီး လှုပ်ရှားနေကြတဲ့အချိန်မှာ သာမန်လူတွေကို မပြောနဲ့ဦး နိုင်ငံရေးပါတီ ခေါင်းဆောင်တွေ၊ နိုင်ငံရေးအဖွဲ့အစည်း ဆိုတာတွေက မပါကြဘူး။ လူငယ်တွေ၊ ကျောင်းသားတွေနဲ့ မျိုးဆက်သစ်တွေ ပါဝင်လက်တွဲနေကြတာကတော့ အားလုံးမြင်တွေ့ကြတဲ့ အတိုင်းပဲ။ သည်နေရာမှာ ကျနော်က ထောက်ပြချင်တာကတော့ နိုင်ငံရေးပါတီတွေ အဖွဲ့အစည်းတွေနဲ့ ပါတီခေါင်းဆောင်တွေ၊ နိုင်ငံရေး ခေါင်းဆောင်တွေ ဆိုတာက လူထုအုံကြွမှုကြီးတခုနဲ့ ရင်ဆိုင်ကြရပြီဆိုရင် မဦးဆောင်နိုင်ရင်တောင်မှ ပါဝင်ရမယ်၊ ပတ်သက်ရမယ်၊ ၀င်ရောက်ဆောင်ရွက်မယ်ဆိုတဲ့ ပိုင်းဖြတ်မှုမျိုးကတော့ ရှိရမယ်၊ ရှိသင့်တယ် လို့ ပြောချင်တယ်။

လူထုအုံကြွမှုကြီးကို မဦးဆောင်နိုင်ရင်တောင်မှ ပါဝင်ပတ်သက်မယ်၊ Involve လုပ်ကြမယ်၊ လက်တွဲမယ်၊ ချီတက်မယ် ဆိုတဲ့ ပိုင်းဖြတ်မှုမျိုး၊ ကြိုတင် ဆုံးဖြတ်ထားမှုမျိုး ကျနော်တို့မှာ ရှိသင့်တယ်၊ ရှိရမယ်လို့ အခုအချိန်မှာ ကျနော်ကတော့ ပြောနေတယ်။

ဒါက အင်န်အယ်ဒီတခုတည်း ပြောတာ မဟုတ်ဘူးနော်။ တိုင်းပြည်ရဲ့ နိုင်ငံရေးကို ဆောင်ရွက်နေပါတယ် ဆိုတဲ့ နိုင်ငံရေးသမားတွေ၊ ခေါင်းဆောင်တွေ၊ အဖွဲ့အစည်းတွေ၊ ပါတီတွေ အားလုံးကို ဆိုလိုပါတယ်။ လူထုအုံကြွမှုကြီးကို မလှုံဆော်နိုင်ရင် ထား၊ မဦးဆောင်နိုင်ရင်ထား၊ လူထုကြီး တရပ်လုံးက မခံမရပ်နိုင်ဖြစ်လို့ အုံကြွမှုကြီး ဖြစ်လာရင် ငါတို့ ပါဝင်မယ်၊ ပတ်သက်မယ်၊ မသိချင်ယောင်ဆောင်နေတာတွေ၊ ရှောင်လွဲနေတာတွေ မလုပ်ဘူး၊ ငါတို့ ပတ်သက်ကြရမယ် ဆိုတဲ့ ပိုင်းဖြတ်မှုမျိုး ရှိကြရမယ် ဆိုတာကို ပြောနေတာဖြစ်တယ်။ သာမန် ဘေးကရပ်ကြည့်နေတဲ့ ပရိသတ်လိုမျိုး နေလိုက်ဦးမယ်ကွာ၊ ရပ်ကြည့်လိုက်ဦးမယ်ကွာ၊ စောင့်ကြည့်လိုက်ဦးမယ်ကွာ၊ လက်ခုတ်တီးလိုက်ဦးမယ်ကွာ၊ ဥပဒေနဲ့ မညီလို့ မပါဘူးကွာ ဆိုတာမျိုးတွေနဲ့ နေလို့ မရဘူး။ သည်လိုမျိုး အချက်ကို နိုင်ငံရေးသမားဆိုသူတွေ၊ အဖွဲ့အစည်းတွေ ပါတီတွေ ထောင်ထားတဲ့သူတွေက သိရှိသင့်တယ်၊ ဆုံးဖြတ်ထားသင့်တယ် ဆိုတာကို ပြောချင်တယ်။

အဲဒါမျိုး ပိုင်းဖြတ်ချက်၊ ဆုံးဖြတ်ချက်တွေ မရှိကြရင်တော့ လူထုအုံကြွမှုတွေမှာ နိုင်ငံရေးအဖွဲ့အစည်းတွေ၊ ဦးဆောင်သူတွေနဲ့ နိုင်ငံရေးအင်အားစုတွေရဲ့ ပါဝင်မှု၊ လက်တွဲဆောင်ရွက်မှုတွေ မရတဲ့အတွက် တဖက်က ဖိနှိပ် ချေမှုန်းမှုတွေနဲ့ ကြုံကြရလိမ့်မယ်။ ကျနော် ဒီလောက်ပဲ ပြောချင်ပါတယ်။”

ဆရာဦးဝင်းတင်ရဲ့ ဖြေကြားချက်များ ဖြစ်ပါတယ်။ ။

ရွေးကောက်ပွဲအချိန်စာရင်း ကြေညာသော်လည်း ထောက်ခံအားပေးသံ မကြားရ

မိုးမခအထောက်တော်၊ မွန်ပြည်နယ်

သြဂုတ် ၁၄၊ ၂၀၁၀

ယခင် တပတ်က ဂျပန်နိုင်ငံ တိုကျိုမြို့တွင် ပြုလုပ်သည့် ၈ လေးလုံး နှစ်လည်နေ့ မြင်ကွင်း။ မြန်မာ့အရေး လှုပ်ရှားဆောင်ရွက်သူ တဦး၏ တီရှပ်တွင် ၂၀၁၀ ရွေးကောက်ပွဲကို ဆန့် ကျင်ရေး လှုံ့ဆော် ပုံနှိပ်ထားသည်ကို တွေ့ရသည် (ဓာတ်ပုံ - daylife.com)

စစ်အစိုးရက ရွေးကောက်ပွဲ နေ့ရက်ကို ယမန်နေ့က ကြေညာလိုက်ရာ ထောက်ခံအားပေးသံများ ထွက်မလာဘဲ ကန့်ကွက်မှုများ၊ တိုက်တွန်းမှုများနှင့် ကြုံနေရသည်။

၂၀၁၀ ရွေးကောက်ပွဲသည် ယုံကြည် လက်ခံဖွယ် မရှိနိုင်ကြောင်း အမေရိကန်နိုင်ငံက ချက်ချင်း တုံ့ပြန်လိုက်သည်။

ကုလသမဂနှင့် ဗြိတိန်နိုင်ငံတို့က နိုင်ငံရေး အကျဉ်းသားများ (ဒေါ်အောင်ဆန်းစုကြည် အပါအ၀င်)ကို ချက်ချင်း လွှတ်ပြီး မြန်မာ့နိုင်ငံရေးတွင် ပါဝင်လှုပ်ရှားခွင့် ပေးရန် တိုက်တွန်းလိုက်သည်။

ထိုတုံ့ပြန်ချက်များနှင့် ပတ်သက်ပြီး စစ်အစိုးရက ထုံးစံအတိုင်း တိတ်ဆိတ်နေသည်။

အလဲဗင်း မီဒီယာ အုပ်စု၏ အင်တာနက် စာမျက်နှာတွင်လည်း အာဏာပိုင်တို့က ရွေးကောက်ပွဲရက်ကို ကြေညာသည့် သတင်း တွေ့ရသည်။ ထိုသတင်းကို ယနေ့  နံနက်ပိုင်း အထိ အင်တာနက်မှ စာဖတ်သူ ၄၀ ကျော်က မှတ်ချက်များ ရေးသွားကြရာ အများစုက စစ်အစိုးရ၏ ရွေးကောက်ပွဲကို ယုံကြည် လက်ခံခြင်း မရှိကြောင်း တွေ့ရသည်။

မဟုတ်မဟတ် လုပ်ဇာတ်ခင်းပြီး ပြည်သူတွေရဲ့ ကျောကို နင်း - -

နိုဝင်ဘာလတွင် လိမ်ပွဲကြီးစတင် တော့ပါမည် - -

မယုံကြည်လို့ မကြိုဆိုပါဘူး - -

မြန်မာ တစ်မျိုးသားလုံး ကျွန်အဖြစ် သွတ်သွင်း ပွဲ စတင်တော့ မည်

စသဖြင့် မှတ်ချက်များကို တွေ့နိုင်သည်။

၁၉၉၀ ပြည့ှ်စ်က မွန်ပြည်နယ် သထုံမြို့နယ်မှ ၀င်ရောက်အရွေးခံဖူး တဲ့သူ တဦးကမူ `ကျွန်တော့်အမြင်တော့ အခုလို ကြေညာတာ ကောင်းတယ်လို့ မြင်တယ်' ဟု မိုးမခကို ပြောသည်။

'ဘာလို့ဆို ရွေးကောက်ပွဲ ဆိုတာ စစ်တပ်က မရှောင်မလွှဲသာလို့ လုပ်ပေးရတာ၊ ပြည်တွင်း ဖိအား၊ နိုင်ငံတကာ ဖိအားတွေက တွေ့ဆုံဆွေးနွေးပါ ဆိုတဲ့ လမ်းကို ရှောင်လွှဲဖို့ ဒါကိုရွေးခဲ့တာ၊ ဒီရွေးကောက်ပွဲကနေ နိုင်ငံရေး ပြဿနာအားလုံး ပြေလည် ဖို့တော့ မျှော်လင့်ထားလို့ မဟုတ်ဘူး။ ပြဿနာတွေ ပြေလည်ဖို့က အခြား နည်းလမ်းတွေနဲ့ သွားရမှာ၊ အခု ရွေးကောက်ပွဲက သူတို့ရဲ့ နိုင်ငံရေး ကစားကွက် အဆုံးကို နောက်တဆင့် နီးသွားတဲ့ သဘောပါ´ ဟု သူက ပြောသည်။

မွန်ပြည်နယ် မုဒုံ၊ မော်လမြိုင် မြို့မှ အချို့သော နယ်ခံများက ရွေးကောက်ပွဲမှ မျှော်လင့်စရာ သိပ်မရှိသဖြင့် ယခုကဲ့သို့ ရွေးကောက်ပွဲ နေ့ရက် ကြေညာခြင်း အပေါ် သိပ်စိတ်ဝင်စား စရာ မရှိကြောင်း မေးမြန်း သိရှိရသည်။

လေရိုင်းတွေတိုက်နေတုန်းပဲ

ဆောင်းယွန်းလ

သြဂုတ် ၁၄၊ ၂၀၁၀ မိုးမခ

အဖုံးဖွင့်လိုက်တာနဲ့

လေက ခိုးယူပျံသန်းသွားတော့တာပဲ..

အမှောင်နံ့ထုံထုံ

အဲဒီ လူ့ဘုံအခန်းထဲက

တလစပ်ပစ်လွှတ် ဇွတ်ရွတ်ဖတ်နေကြတဲ့

စည်းမဲ့ ဝါးလွတ် စကားလုံးတွေကို

တလုံးစီပြန်ပြီး နေရာချထားပေးဖို့အတွက်..

မျှော်လင့်ချက်ဟာ

တစက်ချင်း တစက်ချင်း

ဟောဒီ နေညိုညို ဘဝအိုအိုရဲ့

လိုင်စင်မဲ့ ပုလင်းထဲကနေ ဖန်ခွက်ဆီ…

ဒီလိုနဲ့..

ကဗျာမဆန်တဲ့ နံနက်ခင်းတွေက

အဲဒီ နံနက်ခင်း နေရောင်ခြည်အောက်ကိုပဲ

တလှမ်းချင်းတိုးဝင်ပြီး မှောင်မိုက်နေခဲ့ရ...

သွေးဘယ်နှစ်စက် ပေးဆပ်ခဲ့ရပြီးပြီ

ဘဝဘယ်နှစ်ခါ နာခဲ့ရပြီးပြီ

ကိုဘယ်သူ မဘယ်ဝါနဲ့

ဘယ်သူဘယ်ဝါ ဘယ်မှာ ဘာဖြစ်ခဲ့ရပြီးပြီ..

ကိုယ့်အနာတမီ (Anatomy)ကို

တစချင်းပြန်ပြီး လှီးခွဲစိတ်ဖြာကြည့်မိတော့မှ

ရုပ်ဟာ ရုပ်မှာမကပ်တော့တာကို ရိပ်မိလိုက်သလို…

စိတ်ရဲ့အဖုံးကို ဖွင့်မိလိုက်တာနဲ့

ပစ္စုပ္ပန်ကြပ်ခိုးထက်က ပုလင်းတလုံးထဲ

အတိတ်အခိုးအငွေ့တွေက တိုးဝှေ့နေရာယူကြတော့တာပဲ...။

ဟတ်ဖ်မွန်းဘေးက ၁၈ ကြိမ်မြောက် နွေရာသီ အခြေခံဗုဒ္ဓဘာသာ သင်တန်း အမှတ်တရများ

အရှင်သြသဓ

သြဂုတ် ၁၄၊ ၂၀၁၀ မိုးမခ

ဟဖ်မွန်းဘေးမြို့၊ ဓမ္မာနန္ဒဝိဟာရကျောင်းတိုက်တွင် ကလေးများအတွက် နွေရာသီ အခြေခံဗုဒ္ဓဘာသာသင်တန်းကို သြဂုတ်လတွင် နှစ်စဉ်ကျင်းပမြဲ ဖြစ်ပေသည်။ ဤသင်တန်းသည် နောက်မျိုးဆက်သစ် ကလေးများအတွက် အလွန်အရေးကြီးလှသဖြင့် ဓမ္မာနန္ဒဆရာတော်ဘုရားကြီး၏ သြဝါဒအတိုင်း ထေရဝါဒဗုဒ္ဓဘာသာအသင်း၏ အရေးကြီးသောလုပ်ငန်းတစ်ရပ်အဖြစ်လည်း ချမှတ်ကာ လုပ်ဆောင်နေခြင်း ဖြစ်ပေသည်။

သမိုင်းကြောင်းလေးကို အနည်းငယ် တင်ပြရသည်ရှိသော် ဓမ္မာနန္ဒဆရာတော်ဘုရားကြီး ဦးသီလာနန္ဒသည် မဟာစည်ဆရာတော်ဘုရားကြီး၏ သာသနာပြုရန် တာဝန်ပေးချက်ဖြင့် ၁၉၇၉-ခုနှစ် ရောက်ချိန်မှစ၍ ဗေးဧရိယာ၌ တရားဟောခြင်း၊ တရားပြခြင်း၊ ဓမ္မသင်တန်းများပေးခြင်းဖြင့် သာသနာပြုလုပ်ငန်းများကို အောက်ခြေမှစ၍ လုပ်ဆောင်ခဲ့ပေသည်။

ထိုလုပ်ငန်းများသည် ဗုဒ္ဓဘာသာဝင်များနှင့် ဗုဒ္ဓဘာသာစိတ်ဝင်စားကြသော အနောက်တိုင်း၊ အရှေ့တိုင်းသားများအတွက်ကား အကျိုးရှိလှပေသည်။ သို့သော် ဤနိုင်ငံ၌မွေးဖွားကြသည့် ကလေးများအတွက်ကား မလုပ်နိုင်ခဲ့သေးပေ။ လူကြီးများလောက်သာ ရပ်ထားလိုက်လျှင် နောင် သာသနာ့မျိုးဆက် ပြတ်သွားပေမည်။ ထို့ကြောင့် ကလေးများအတွက် လက်ဆင့်ကမ်းသာသနာပြုရန် အခြေခံဗုဒ္ဓဘာသာသင်တန်းလေးတွေ ဖြစ်တဲ့နည်းနဲ့ ဖွင့်ရမည်ဟု တစ်ထစ်ချ ဆုံးဖြတ်ခဲ့ပေသည်။

ကနဦးအစ လမ်းထွင်ရသူများတွင် လူများသာ မဟုတ်၊ ဘုန်းကြီးများမှာလည်း စိတ်ကူးဖြင့်ပင် မစဉ်းစားခဲ့မိသော အခက်အခဲပေါင်းများစွာကို ကျော်ဖြတ်ရပေသည်။ မြန်မာပြည်၌ မည်ကဲ့သို့သော အခြေအနေမျိုးနဲ့ နေခဲ့ရသည်ဖြစ်စေ၊ အမေရိကန်ရောက်လျှင် အားလုံးတပြေးညီညီ တစ်ကပြန်စ ကြရပေသည်။ ဘယ်ဟာမှ ပြည့်စုံသည်ဟူ၍ မရှိ၊ ဟိုဟာလည်း လို၊ ဒီဟာလည်း လို၊ ဟိုဟာလည်း လုပ်စရာ၊ ဒီဟာလည်း လုပ်စရာ၊ အခက်ခဲတွေက များ၊ ဒုက္ခတွေက ကြီး၊ လုပ်မည့်သူက တစ်ယောက်ထဲ၊ ဘယ်ဟာမှ နှံ့စပ်နိုင်သည် ဟူ၍ မရှိ။

ဤနိုင်ငံသို့ရောက်လာခါစ မြန်မာပြည်ဖွားများအနေနဲ့လည်း ဘယ်မှအဆက်အသွယ်လည်း မရှိ။ မိမိတို့လောလောဆယ် ရပ်တည်နိုင်ရေးနှင့်၊ ကလေးများပညာတတ်ဖြစ်ရေးအတွက်သာ ဦးစားပေးစဉ်းစား ခဲ့ကြသည်။ ကလေးတွေဘွဲ့ရပြီး အလုပ်တွေရရင် သူတို့ကိုမီပြီး ချမ်းချမ်းသာသာနေရမည်ဟူသော စိတ်ကူးယဉ် မျှော်လင့်ချက်တွေ တသီတတန်းကြီးနဲ့ နေ့မအား ညမနား၊ Side Job ပါရှာပြီး လုပ်ခဲ့ကြ၏။ သို့သော် ကလေးများဘာသာရေး သွန်သင်ဆုံးမပေးဖို့တော့ မစဉ်းစားခဲ့မိကြပေ။

သူတို့ကိုယ်တိုင်လည်း ဘာသာရေးအကြောင်း ဂဃနဏ မသိကြ။ သိသူများလည်း စားဝတ်နေရေး လုံးပမ်းနေကြရ၍ သင်ချိန်မရ။ ဤသို့ဖြင့် ထွေးလုံးရစ်ပတ် သံသရာလည်နေရင်း ဤမှာမွေးလာသော ကလေး များသည် အခြားဘာသာယဉ်ကျေးမှုများကြားတွင် တဖြေးဖြေး ကြီးပြင်းလာခဲ့ကြပေတော့သည်။ သူတို့နီးစပ် ရာ ဘာသာများအကြောင်းကိုသာ သိကြပြီး၊ မိမိတို့ဘာသာအကြောင်းကိုကား “ဗုဒ္ဓေါ” တစ်လုံးပင် ယောင်၍ မထွက်တတ်ကြ။ မည်သည့်ဘာသာမဆို ကိုးကွယ်သူများကိုယ်နှိုက်က လက်ဆင့်ကမ်းသယ်ဆောင် သင်ကြားပို့ချ လိုက်နာမှုမရှိကြလျှင် တဖြေးဖြေး ကွယ်ပျောက်တတ်စမြဲပင်။

ထို့ကြောင့် ဘာသာရေးကိစ္စများ မိမိတို့အိမ်တွင် ပြုလုပ်သောအခါ ကလေးများက ရှောင်ဖယ် ရှောင် ဖယ်နဲ့ လူကြီးနား မကပ်ကြတော့ပေ။ အဲဒီခါကျမှ ဘုန်းကြီးရှေ့အတင်းဆွဲခေါ်ပြီး ရှိခိုးခိုင်း၊ သြကာသဆိုခိုင်း လုပ်တော့ "I don't want to do that. I don't know anything about that. This is your religion, not my religion. You cann't force me to do that." စသဖြင့် ကလေးများက ငိုမဲ့ပြီး အတင်းကန်ကာ ငြင်းဆန်နေ တော့၏။

အဲဒီကျမှ မိဘများ မျက်ရည်ကျရတော့သည်။ ရင်ကျိုးရတော့သည်။ ငါတို့မှားပြီ၊ နောက်ကျသွားပြီ ဆိုသော နောင်တမျိုးဖြင့် မျက်နှာမသာမယာ ဖြစ်ကြရတော့သည်။ ဒီတော့ ဧည့်သည်တွေရှေ့မှာ ပွဲလည်းငြိမ် သွားအောင် ဘုန်းကြီးတွေကဘဲ “ကလေးတွေ နေတတ်သလို နေပါစေကွယ်၊ နောင်သင်ပေးရင် တတ်လာမှာ ပေါ့”ဟု ဆိုကာ ဝင်ထိန်းပေးလိုက်ရတော့သည်။ အမှန်အတိုင်းပြောရရင် ဒီကလေးတွေရှေ့ရေး စိတ်ထဲမှာ တော့ တော်တော်ရင်လေးမိသည်။

မိဘတွေက သားသမီးတွေနောင်ရေးအတွက်ဆိုပြီး မျက်လုံးစုံမှိတ်ကာ တိုင်းပြည်ကိုစွန့်ခွါ၊ ဘဝကို တစ်က ပြန်စ၊ “တို့တတွေ အခုပင်ပမ်းခံထားမှ တို့သားသမီးတွေကျရင် ချမ်းသာမှာ”ဆိုပြီးေ့မြှာ်လင့်တကြီးနဲ့ အလုပ်တွေ ကြိုးကြိုးစားစားလုပ်ခဲ့ကြပေမဲ့ ကလေးတွေက အခုကထဲက မိဘကို ဆန္ဒပြနေပြီ။ ပြောမရတိုင်း “ငါ လုပ်လိုက်ရကွာ” လို့ ခြိမ်းချောက်မယ်တော့ မကြံနဲ့၊ မိဘရိုက်ရင် ရဲကိုဘယ်လိုခေါ်ရမယ်ဆိုတာ ကျောင်း က သင်ပေးထားလို့ ကောင်းကောင်း သိနေပြီ။ ဒီတော့ အိမ်ပေါ်မှာ ဘာသာရေးပြဿနာက တဖြေးဖြေး ပိုပို ကြီးထွားလာတော့၏။

ကလေးများက ထမင်းဝိုင်းတောင် အတူမစားတော့ပေ။ လူကြီးတွေ ရှေ့ခန်းရှိရင်၊ သူတို့က နောက်ခန်းဘက် ထွက်သွားကြတော့၏။ တစ်အိမ်ထဲနေပြီး သားသမီးနဲ့မိဘ အနေက ပိုပိုဝေးလာ တော့၏။ သွန်သင်ဆုံးမဖို့ဆိုတာ ဘယ်မှာဖြစ်နိုင်ပါတော့မလဲ။ ဤသို့သောဇာတ်လမ်းများကို ဓမ္မာနန္ဒ ဆရာတော်ဘုရားကြီးက ကောင်းကောင်းကြီး သိထားပေသည်။

ဤအတိုင်းပင် ဒေါက်တာလင်းဆွေအေးနှင့် ဒေါက်တာဒေါ်ခင်ညိုသက်တို့ ဇနီးမောင်နှံတို့ကလည်း ဤနိုင်ငံ၌ မွေးဖွားလာသော ကလေးများအတွက် ဘာသာရေးကွယ်ပျောက်သွားမည်ကို များစွာစိုးရိမ်မိသည်။ မိဘများလည်း မသင်နိုင်၊ ဘုန်းကြီးကျောင်းလည်း မပို့ကြ။ ငယ်ရွယ်စဉ်ကတယ်လို့ တဖြေးဖြေးသင်ကြားပြသ ပေးမှ ကြီးလျှင်ပြောဆိုဆုံးမလို့ရမည်။ ကိုယ့်စကား နာခံမည်။ သို့မဟုတ်ပါက နီးစပ်ရာဘာသာနောက်သို့ လိုက်သွားပေမည်။ ဟိုမကျ ဒီမကျနဲ့ ယောင်တောင်တောင်လည်း ဖြစ်ကောင်းဖြစ်မည်။

ထို့ကြောင့် ဓမ္မာနန္ဒ ဆရာတော်ဘုရားကြီးကို ကလေးများအတွက် ဘာသာရေးသင်တန်းများ ပြုလုပ်ပေးရန် လျှောက်ထားခဲ့ရာ ဆရာတော်ဘုရားကြီးကလည်း လုပ်ဖို့ဆန္ဒရှိပြီးသားမို့ ချက်ချင်းပင် လက်ခံလိုက်ပေသည်။ ဒေါက်တာလင်းဆွေအေး မိသားစုတို့ကပဲ နွေရာသီအခြေခံ ဗုဒ္ဓဘာသာသင်တန်းအတွက် မ,တည်ငွေများကို စိုက်ထူ လှုဒါန်းခဲ့ကြပေသည်။ စာမေးပွဲကို "Aye-Thet Scholarship" ဟု နာမည်ပေးခဲ့ကြပေသည်။

ပထမဆုံး "Aye-Thet Scholarship" အခြေခံဗုဒ္ဓဘာသာသင်တန်းကို ၁၉၉၁ ခုနှစ်မှာ ကျောင်းသား ၄ ယောက်ဖြင့် စတင်ခဲ့ပေသည်။ နောက်နှစ်များတွင်လည်း ဆယ် ဂဏန်းလောက်နီးပါး ကျောင်းသားများကိုသာ သင်နိုင်ခဲ့သည်။ ဒေးလီးစီးတီးကျောင်း၌ နေရာခက်ခဲမှုကြောင့် ကျောင်းအိပ် မထားနိုင်ခဲ့ပေ။ ဟဖ်မွန်းဘေး ရောက်၍ ကျောင်းဆောင်ကြီးဆောက်ပြီး ၂ဝဝ၆-ခုရောက်မှသာ ညအိပ်ကျောင်းသားရော နေ့ကျောင်းသားပါ လက်ခံ သင်ကြားနိုင်ခဲ့ပေသည်။ ၂ဝဝ၆-တွင် ကျောင်းသား ၅ဝ၊ ၂ဝဝ၇-မှစ၍ ကျောင်းသားပေါင်း ၁-ရာခန့် လာအပ်ကြသော်လည်း နေရာခက်ခဲမှုကြောင့် ၈ဝ-သာ ကန့်သတ်ထားခဲ့ပေသည်။

ယခုနှစ်တွင် ဇူလိုင်လ ၃၁-ရက်မှ သြဂုတ်လ ၇-ရက်နေ့အထိ ကျောင်းသား ၈ဝ၊ လုပ်အားပေးဆရာ ၁၂-ယောက်၊ guest speaker ၆ ယောက်၊ အချိန်ပြည့် မီးဖိုချောင်လုပ်အားပေး ၁၃ ယောက်တို့်ဖြင့် စည်ကား သိုက်မြိုက်စွာ ပြုလုပ်နိုင်ခဲ့ပေသည်။ ဖွင့်ပွဲနှင့် ပိတ်ပွဲများတွင် မိဘများကိုယ်တိုင် မဖြစ်မနေတက်ရောက်ကြရ သည်။

လုပ်အားပေးများလည်း မနက်မိုးမလင်းခင်ကစ၍ ညနေစာ စားပြီးချိန်အထိ မနက်စာ၊ နေ့စာ၊ သရေစာ၊ ညနေစာဆိုပြီး လေးခါချက်ပြုတ်ကျွေးမွေးကြရသော်လည်း “သားသမီးလေးတွေ စာသင်နေတာ၊ တရားထိုင်နေတာလေးတွေကိုကြည့်ပြီး မောတာတွေ ဘယ်ရောက်သွားမှန်းတောင် မသိတော့ဘူး ဘုရား”ဟု ဆိုကြ၏။

ကလေးများအချိန်ဇယားကလည်း မသက်သာလှပေ၊ မနက် ၆-နာရီထ၊ ၆-နာခွဲ ဘုရားဝတ်တက်၊ ရ-နာရီ နံနက်စာစား၊ ၇-နာရီခွဲ သန့်ရှင်းရေး၊ ၈-နာရီကနေ ၉-နာရီတစ်တန်း၊ ၉-ခွဲကနေ ၁ဝ-ခွဲ တစ်တန်း၊ ၁၁-နာရီကနေ ၁၁-ခွဲအထိ တရားထိုင်သင်တန်း၊ ၁၂-နာရီမှာ နေ့လည်စာ၊ ၁-နာရီက ၂-နာရီ တစ်တန်း၊ ၂-နာရီခွဲကနေ ၃-ခွဲ တစ်တန်း၊ ၃-ခွဲကနေ ၄-အထိ သရေစာစား၊ ညနေ ၄-နာရီကနေ ၄-ခွဲအထိ ဘုရား ရှိခိုးစာကျက်၊ ၄-ခွဲကနေ ၅-ခွဲ အထိ ယောဂ(သို့မဟုတ်) Craft (သို့မဟုတ်)ကစားချိန် တစ်ခုခု၊ ၆-နာရီ ညနေစာ စား၊ ည ရ-နာရီမှ ၈-နာရီခွဲအထိ ပြင်ပမှလာသော Guest Speaker များထံမှ တရားထိုင်နည်း၊ သို့မဟုတ် ဓမ္မဖြင့် ဘဝကိုနေထိုင်နည်းနှင့် သူတို့၏ဘဝအတွေ့အကြုံ မှတ်သားဖွယ်ရာများကို နားထောင်၊ ပြီးလျှင် ၁ဝ-မိနစ်ခန့် တရားထိုင်ကာ တနေ့တာ အဆုံးသတ်၏။ ည ၁ဝ-တွင်တော့ အားလုံး အိပ်ကြရသည်။

သည်တွင်မကသေးပါ။ ကလေးများ သေသေချာချာ လေ့လာတွေးခေါ်တတ်ရေးအတွက် သူတို့ထင်မြင် ယူဆပုံလေးများလည်း သိအောင် Essay တပုဒ်လည်း ရေးကြရပါသေးသည်။ ကျောင်းက Grade အတိုင်း မူလတန်း၊ အလယ်တန်း၊ အထက်တန်းဟု သုံးဆင့်ခွဲခြား၍ စစ်ပါသည်။ ဒီနှစ်အတွက် ခေါင်းစဉ်မှာ "Medita tion" ဖြစ်၏။ ၄င်းကို ရေးနိုင်ဖို့အတွက် သင်ခန်းစာများ၊ တရားထိုင်သင်တန်းများ၊ Guest Speaker များထံမှ သူတို့ သေသေချာချာ လေ့လာ နားထောင်ကြရပေသည်။ Guest Speaker များကိုလည်း အဖြေရခက်သည့် မေးခွန်းများကိုပင် မေးလာတတ်ကြသည်။ သူတို့ရေးထားသော Essay ကို သောကြာနေ့ ပြန်အပ်ရ၏။ စနေနေ့ နေ့လည် ၁-နာရီတွင် စာမေးပွဲဖြေရ၏။ ၃-နာရီမှ ၄-နာရီခွဲအထိ ပိတ်ပွဲ အခမ်းအနား ကျင်းပ၏။ ထိုအခမ်း အနားတွင် ပထမ၊ ဒုတိယ၊ တတိယ ရသော Essay များကို ကျေငြာပေးကာ အတန်းအလိုက် ပထမဆုရသူ များကတော့ ကိုယ်တိုင် ရှေ့သို့ထွက်ကာ မိမိ Essay ကို ဖတ်ပြရ၏။

ထိုစာဖတ်သောအချိန်တွင် မျက်ရည်များ ဝဲနေသည့်မိခင်တစ်ယောက်ကို စာရေးသူသတိထားလိုက် မိသည်။ ဝမ်းသာလို့ဝဲသော မျက်ရည်ဆိုသည်ကိုတော့ သံသယမရှိပေ။ သူ့သားဖတ်နေသော စာထဲတွင် မိဘကျေးဇူးတရားနှင့် သူတို့က မိဘများအပေါ်ဆိုးခဲ့သည့် အမှားလေးများကို နောင်တရမိသည့်သဘော ရေးသားထားသည်ကို ကြားရ၍ မိခင်မှာ ဝမ်းသာလွန်း၍ ငိုနေရှာ၏။

နောက်ပြီး “သူ့သားဟာ အခု ဒိလောက်ထိ မိဘအပေါ် သိတတ်သွားပါလား”ဟု ပီတိဖြစ်၍လည်း မျက်ရည်များ ကျလာခြင်း ဖြစ်ပေမည်။

အခြားကျောင်းသား တစ်ယောက်ဖတ်ပြရာတွင် “ဤသင်တန်းကို မိဘများက တိုက်တွန်း၍ လာရ ခြင်းဖြစ်ကြောင်း၊ သူ့အတွက်တော့ အချိန်သာကုန်၍ အကျိုးရှိမည် မထင်ကြောင်း၊ နောက်ပြီး စည်းကမ်းတွေ ကြားထဲမှာနေရ၍ သူ့အတွက် ဘုန်းကြီးကျောင်းဟာ အချုပ်ထောင်သာဖြစ်ကြောင်း၊ တရားထိုင်တယ် ဆိုတာ လည်း ပျင်းစရာအလုပ်၊ လူကြီးတွေအလုပ်ဟုသာ ထင်ကြောင်း၊”

ဤသို့သင်တန်းမလာခင် သူ၏ ထင်မြင်မှု များကို ပထမရေးထားပြီးနောက်

“၂-ရက်လောက်ရောက်တဲ့အခါကျမှ သူထင်တာနဲ့ တခြားစီဖြစ်နေကြောင်း၊ လူငယ်တွေ ဒီလိုသင်တန်းမျိုး တက်သင့်ကြောင်း၊ တရားထိုင်တာ လူငယ်တွေအတွက်လည်း လုပ်သင့်တဲ့ အလုပ်တစ်ခုဖြစ်ကြောင်း၊ တနေရာထဲမှာ ဗုဒ္ဓဘာသာအကြောင်းကို စာတွေ့လက်တွေ့ တော်တော်လေးစုံ အောင် လေ့လာခွင့်ရလို့ ဆရာတော်များ၊ ဆရာများ၊ လုပ်အားပေးများကိုလည်း ကျေးဇူးတင်မိကြောင်း”

ဖတ်ပြနေ၍ ပရိသတ်နောက်ပိုင်းတွင် ထိုင်နေသည့်ဖခင်လုပ်သူမှာ မျက်နှာကြီးပြုံးပြီး နားထောင်နေရှာ၏။

မိဘတစ်ယောက်ကတော့ တပတ်အတွင်းလေးမှာ ဒီလို ဘာသာရေးစာပေများလေ့လာခြင်း၊ တရား ထိုင်ခြင်း၊ ပြင်ပဆရာများထံမှ ဘဝကိုဓမ္မအမြင်ဖြင့် လေ့လာလိုက်ရခြင်းသည် သူ့ကလေးများအပေါ် ဤမျှ လောက် အကျိုးသက်ရောက်မှု ရှိလိမ့်မည်ဟု အစက သူမထင်ကြောင်း၊ သို့သော် ကျောင်းတွင် သူ့သား ရေးသည့် စာစီစာကုံးက အဆင့်မြင့်နေ၍ ဆရာမက “သူ့သား ဘယ်လိုစာအုပ်တွေ ဖတ်ပါသလဲ၊ သိပါရစေ” လို့ လာမေးကြောင်း၊ နောက်မှ သည်အတွေးမျိုးကို နွေရာသီဗုဒ္ဓဘာသာသင်တန်းမှ ရခဲ့သည်ဟု သူ့သားထံမှ သိရကြောင်း၊ ထို့ကြောင့် ဤသင်တန်းသည် သူ့ကလေးများမှာ လောကီ၊လောကုတ် နှစ်ဖက်လုံး အတွက် အကျိုးရှိကြောင်း ပြောပြသွား၏။

ဖခင်တစ်ယောက်ကတော့ သူ့သားဟာ ဒီသင်တန်းကို ဘယ်လောက်ကြိုက်သလဲဆိုသည်ကို ဤသို့ ပြောသွားသေး၏။

သူ့သားသည် ကျောင်းတွင် Football အသင်းဝင်ထားသဖြင့် သင်တန်းတတိယနေ့ ညနေ တွင် စာရေးသူကို ခွင့်တောင်း၍ ဖွင့်ပွဲသို့သွားကြ၏။ ဖွင့်ပွဲအပြီးတွင် အနည်းငယ်ကစားပြီး နောက်တစ်နေ့တွင် ဆန်ဖရန်ဆစ္စကိုမှ နာမည်ကြီး Football သမားများနှင့်တွေ့ဆုံမိတ်ဆက်ကာ အော်တိုများ ရေးပေးမည်ဖြစ် သည်။ သို့သော် ညရောက်တော့ အဖေကို သူကျောင်းပြန်လိုကြောင်း ပြော၏။

အဖေလုပ်သူက “မနက်ဖြန်မှာ နာမည်ကြီး Football သမားတွေနဲ့တွေ့မှာလေ၊ ဒီတော့ မင်း Choice ပါဘဲ၊ သူတို့နဲ့ တွေ့မလား၊ သင်တန်းပြန် မလား”လို့မေးတော့၊ သူ့သားက မဆိုင်းမတွပင် "I don't want to miss my classes tomorrow. I perfer to go to mona­stery" လို့ ပြောသဖြင့် သူ့ကို ည ၉-နာရီရောက်မှ ကျောင်းပြန်ပို့ပေးရပေသည်။ သူ့စိတ်ဓာတ် ကလေးကို စာရေးသူ မချီးကျူးဘဲ မနေနိုင်ပါ။

အခြားဖခင်တစ်ယောက်ကတော့ သူ့သားဟာ အိမ်မှာ မိခင်နှင့် တဂျစ်ဂျစ် ရန်ဖြစ်ကြောင်း၊ မိခင်က လည်း ကောင်းစေချင်လွန်းသဖြင့် ဆုံးမတော့ သားကလက်မခံဘဲ ပြဿနာတက်ခဲ့ဖူးကြောင်း၊ သူ့သားဟာ အခြားကလေးများနှင့် အဆင်ပြေခဲကြောင်း၊ ဆရာတော်တွေစကား နားထောင်ပါ့မလားဟု စိတ်မချ,တချနဲ့ သင်တန်းပို့ခဲ့ရကြောင်း၊ သူ့သားကလဲ မလွန်ဆန်နိုင်၍သာ လိုက်ခဲ့ရကြောင်း၊ သို့သော် ညနေပိုင်း သူလာ ကြည့်သောအခါ သူ့သားမှာ အိမ်ကပုံစံနှင့် လုံးဝမတူဘဲ ထူးထူးခြားခြား လိမ္မာနေတာ တွေ့ရကြောင်း၊ နောက်ဆုံးပြီးတဲ့နေ့ အဖေကိုတွေ့တော့လည်း ပြေးလာပြီး “အဖေ-နောက်နှစ်လဲ သားလာမယ်နော်”ဟု ဆိုလာသဖြင့် သူ့မှာ ရင်ဆို့မတတ် ဝမ်းသာပီတိ ဖြစ်မိကြောင်း ပြောလာပြန်သည်ကလည်း တစ်မျိုးဖြစ်၏။

ဒီနှစ်ထူးခြားသည်မှာ ကျောင်းသားဟောင်း တော်တော်များများက ပြန်လာကြပြီး သူတို့နိုင်သည့် အတန်းများကို ပြန်လည်သင်ကြားပေးခြင်း၊ နားမလည်သော ကလေးများကို ကူညီရှင်းပြပေးခြင်း၊ ကလေး ငယ်များကို ပြန်လည်ထိန်းပေးခြင်း၊ သန့်ရှင်းရေးဝေယျာဝစ္စများ ဝိုင်းဝန်းကူညီပေးခြင်း စသည်များကို သူတို့ အသိနဲ့ စာရင်းပေးကာ လာရောက် ကူညီကြပေသည်။

ကျောင်းသူဟောင်းတစ်ယောက် ဆိုလျှင် စာသင်ပေးဖို့ စာရင်းသွင်းထားပြီးမှ ကျောင်းလေ့လာရေးခရီးစဉ်ဖြင့် ဥရောပသို့ပါသွားရာ ၃-ရက် နောက်ကျမှ ရောက် လာ၏။ မိမိနေထိုင်ရာ Visalia အိမ်သို့ပင် မပြန်တော့ဘဲ ဆန်ဖရန်လေဆိပ်မှတန်းပြီး ကျောင်းသို့ လာခဲ့ပေ သည်။ စာရေးသူတို့ မြှော်မှန်းသည်မှာလည်း ဤကဲ့သို့ နောက်မျိုးဆက်များကို လက်ဆင့်ကမ်းရေးပင် ဖြစ်သည်။ စာရေးသူလည်း “တို့ပြုစုပျိုးထောင်ခဲ့တဲ့ မျိုးစေ့လေးတွေတော့ အပင်ပေါက်လာပါပကောလား”ဟု တွေးကာ ဝမ်းသာပီတိ ဖြစ်မိ၏။

စာရေးသူကိုယ်တိုင်လည်း ပထမနှစ်များတွင် မျောက်ရှုံးအောင်ဆော့တတ်သော ကလေးများသည် နောက်နှစ်များတွင် တဖြေးဖြေးတည်ငြိမ်လာကာ၊ အမှတ်မထင် စာတော်သောကလေးများ၊ စေ့စေ့ပေါက်ပေါက် မေးတတ်သောကလေးများအဖြစ် ပြောင်းလဲလာသည်ကို တွေ့ရပေသည်။ သူတို့အသိနဲ့ သန့်ရှင်းရေးများ လုပ်လာကြသည်။ မိမိကျောင်းသဘောမျိုးထားကာ လုပ်စရာတွေ့လျှင် ဝိုင်းကူညီတတ်လာသည်။ သူတို့ ကိုယ်တိုင် နောက်ဆုံးနေ့ ပြန်ခါနီးတွင် စာရေးသူထံသို့လာ၍ နှုတ်ဆက်ကန်တော့ရင်း “နောက်နှစ်လည်း ပြန်လာတက်အုံးမယ် ဘုန်းဘုန်း၊ သမီးတို့အတွက် နေရာချန်ထားပေးပါ၊ နောက်နှစ်မှာ ပြန်တွေ့ကြပါမယ် ဘုန်းဘုန်း”ဟု ဆိုသည်ကို ကြားလိုက်ရသဖြင့် စာရေးသူတို့ အားလုံး တပတ်စာ ပင်ပမ်းခဲ့သမျှတွေ ပျောက်ခဲ့ ရပေတော့သည်။

သူတို့လေးတွေ အိမ်ပြန်ခါနီးမို့ ဝမ်းသာသလိုရှိပေမဲ့ သူငယ်ချင်းများနှင့် ခွဲရတော့မည်မို့ ဝမ်းနည်းမှု အရိပ်အယောင်က မျက်နှာပေါ်တွင် ထင်ဟပ်နေပေသည်။ မည်သို့ဆိုစေ စာရေးသူအဖို့ သူတို့လေးတွေ အခုလိုတွေ့ရတော့ စိမ်းစိမ်းစိုစို အသီးအပွင့်များနှင့် ရောင်စုံဖူးပွင့်နေသည့် ဥယျာဉ်စိုက်ခင်းကြီးများ ကြည့်လိုက်ရ သလို ရင်ထဲမှာ အေးမြချိုမြိန်တဲ့ ပီတိအရသာလေးများဖြင့် ကျန်ရစ်ကာ ၂ဝ၁ဝ-ခုနှစ် နွေရာသီ အခြေခံ ဗုဒ္ဓွဘာသာသင်တန်းကို တခါ ပိတ်ခဲ့ရပြန်ပါပြီ။

“နောက်နှစ်မှာ ပြန်တွေ့ကြတာပေါ့ ကလေးတို့ ရေ။”

ထော်လာဂျီဖြင့်ချီတက်မည်

ဒေါက်တာမောင်ဘချစ်

သြဂုတ် ၁၄၊ ၂၀၁၀ မိုးမခ

တနေ့သ၌ အမျိုးကောင်းသား မောင်ဘချစ်သည် အင်္ကျီအဟောင်းတစ်ထည်ကို ထုတ်နေစဉ် သူကောင့်သား မောင်ဘသစ် ပေါက်ချလာသည်။

''ကိုဘချစ် ဘာတွေ တူးဖေါ်ရေး လုပ်နေတာလဲ။ ယာဒ်ဆေး (Yard Sale) က ဝယ်လာတာတွေလား''

''ဒီမှာကြည့်စမ်း ကိုဘသစ်ရေ … မြန်မာပြည်မှာ လုပ်သည်။ Made in Burma (Myanmar) တဲ့။ ထိုတံဆိပ်မျိုးကိုမမြင်ရတာကြပါပြီပဲ။

''ဟုတ်ပ။ (Made in China) တရုတ်ပြည်မှာလုပ်သည် ကိုပဲ မြင်နေကျဖြစ်နေတယ် မဟုတ်လား။ အရင်ကတော့ တရုတ်စက်ဆိုရင် တရက်စုတ် လို့ ပြောကြတယ်။ ခု ဒီမှာ တရုတ်တွေ အဲ တရုတ်ပစ္စည်းတွေ လူရာဝင်လာပြီ''

''အေးကွ၊ ဒီခေတ်မှာ တရုတ်လုပ်က လူတွေလက်ခံလာတဲ့ (Brand Name) ဖြစ်လာပြီကွ။ အေးလေကွာ … တို့နိုင်ငံကလည်း တရုတ်အားထား နေကြရတယ် မဟုတ်လား။ ''

''ကောင်းပါတယ်။ မောင်ဘချစ်တို့ ဘယ်တုန်းကမှ ပစ္စည်း များများစားစား မထုတ်လုပ်ခဲ့ပါဘူး။ မိတ်အင်ယလွတ် Made in Ywalut လို့ လူသိများခဲ့တဲ့ ဆေးတန်လောက်ပဲ ရှိခဲ့တယ်မဟုတ်ပါလား။ ဘီလူးကျွန်းက ဆေးတန်၊ ကျောက်သင်ပုန်း၊ မောင်ဗမာစက်ဘီးတွေနဲ့ မြန်မာပြည်ဟာ စက်မှုခေတ်ထဲကို ဝင်ဖို့ကြိုးစားခဲ့တာပဲကွ''

''ဒါပေမဲ့ ကိုဘချစ်ရာ ဒို့ခေါင်းဆောင်ကြီး ရွှေဉာဏ်တော် စူးရောက်တယ်။ မြန်မာပြည်မှာ ဂျစ်ကား တွေ ထုတ်ခိုင်းတယ်။ ဇုံဂျစ်တွေ ထုတ်စေ သတဲ့''

''ပေါက်ပေါက်ရှာရှာ သင့်တင့်တဲ့ ဝက်အူတလုံးတောင် မိတ်အင်ဘားမား မလုပ်နိုင်သေးတာပဲ။ ကားထုတ် လို့ ရလို့လား ''

မောင်ဘသစ် ပြုံးသည်။ ပြီးတော့ ခေါင်းမော့ကာ ပြောသည်။

''ရတယ်ဗျ။ လူကြံရင် ထရံတောင် တုတ်ခနောင်း ဖြစ်ရသေး။ ဂျပန်က အင်ဂျင်ဟောင်းတွေ ဝယ်တယ်။ တစ်ခါတစ်ခါ မလေးရှားက ဝယ်တယ်''

ဒီတော့မှ မောင်ဘချစ် သဘောပေါက်လေတော့သည်။ ကားပစ္စည်းဟောင်းများကို မြန်မာတို့က နည်းမျိုးစုံနှင့် သွင်းကြသည်။ နည်းနည်းပိုကောင်းတာ ဂျပန်ကျ ဖြစ်ပြီး ပိုညံ့ရင်တော့ ပီနံကျ ဖြစ်လေ၏။

ဘယ်ဂျပန်ကျ ဘယ်ပီနံကျမှ အသစ်မဟုတ်။

ဒါကို လက်ပူတိုက်ကာ သုံးသည်။ နေ့စဉ် လမ်းဘေးတွင် ကားပျက်တွေ မြင်နိုင်သည်။

''ရင်နာစရာပဲ။ ကျွန်အောက် သဘောက် လို ဖြစ်နေပါလား''

''အဲဒီလို ကားဟောင်း ကားပျက်တွေကို စက်မှုဇုံတွေက ဖြတ်တောက် ပြုပြင်ကာ ကားစုတ်တွေကို ထုတ်လုပ်တော့ တာပါပဲ''

''ဘာတွေဖြစ်လာလဲ။ ကိုဘသစ်''

''မြန်မာပြည်ဟာ ကမ္ဘာမှာ ကား အထုတ်လုပ်တဲ့ စက်ရုံတွေ အများဆုံး ဖြစ်လာတာပေါ့''

''ဂျပန်ထက်လည်းများလား …”

“များတယ် …”

မောင်ဘချစ် မျက်လုံးပြူး သွားသည်။

''အမေရိကန်ထက်ကော များလား''

''များတယ်ခင်ဗျ …''

မောင်ဘချစ် မယုံနိုင်အောင် ဖြစ်သွားသည်။

မောင်ဘချစ်တို့ခေါင်းဆောင်ကြီးသည် အမြော်အမြင် ကြီးပေစွ။

''ဒါဆို ဂီနိစ်ဘွတ် (Guiness Book of World Record) မှာလည်း မတွေ့ပါလား … ကိုဘသစ်''

''ဘယ်တွေ့မလဲ။ မီဒီယာကို မီဒီယာနဲ့ တိုက်နေတယ်ဗျ''

''ဘာဆိုင်လို့ လဲ''

'' ဂျာနယ်လစ်တွေက ပုဆိန်ရိုးတွေကိုး။ ဒို့နိုင်ငံ တိုးတက်တာကို ဘယ်ဖေါ်ပြမလဲ။ သွပ်သွပ်သွပ် …”

''ဘာကားတွေ ထုတ်လဲ။''

''ဂျားကစ် ဆာဗူး သလီ''

''ဘာပြောတာလဲ၊ ကုလားလို ပြောတာလား''

''ဂျစ်ကား စီးဖူး သလား … လို့၊ ကျုပ်တို့နိုင်ငံက ဂျစ်ကားမျိုးစုံ ထုတ်တယ်။ ဟမ်းဘီးတွေ ထုတ်တယ်။ ရင်ဂလာတွေ ထုတ်တယ်။ အမ်သာတီအိပ် (M38) တွေထုတ်တယ်။ တိုယိုအေ့၊ တောင်းအေ့၊ လိုက်အေ့၊ အားလုံး ထုတ်တယ်။ မစ်ဆူဘီရှီ? ပါဂျဲရိုးလို ကားတွေကို တောင် ထုတ်တယ်။၂ဝ၁ဝ မော်ဒယ်တွေ''

''တကယ်ပေါ့''

''ထုတ်တဲ့နေ့ဟာ ၂ဝ၁ဝ မှုတ်လားဗျ''

''ကျွန်တော် လိုက်မမီတော့ဘူး။ ဒီက ကုမ္ပဏီတွေက တရားမစွဲဘူးလား''

''မစွဲပါဘူး။ မြန်မာလိုနိုင်ငံကို တရားစွဲရဲပါ့မလား။ ပေလေးဆယ် ပေခြောက်ဆယ် မြေကွက်ရှိရင် စက်ရုံတခုဖြစ်တယ် ''

''တယ်ဟုတ်ပါလား။ စက်တွေမပါပဲ ဘယ်လိုထုတ်တာလဲဗျာ၊ ကားထုတ်တာ လွယ်တာမှတ်လို့''

''ကျုပ်တို့ခေါင်းဆောင်ကြီးက အညာကဗျ၊ ကွမ်းစားတယ်''

''ဘာဆိုင်လို့လဲ''

''ခင်ဗျား မကြားဖူးဘူးလား၊ တံတားဦးက ကွမ်းနုဝါ။ ငန်းမြာက ဆေး။ နောက်တော့ မေ့နေလိုက်တာ ... ဟို ကွမ်းသီးတောင်ငူနဲ့ သာဝါးလို့ ထွေး … ဆိုတာ''

''အစအဆုံးလည်း မရဘူး''

''ဖတ်တဲ့သူတွေ ဖြည့်ဖတ်မယ်။ စုပေါင်း စပ်ပေါင်း ပေါ့ဗျာ။ နောက်ပိုင်းမှာ ကားအကောင်းတွေကို မှောင်ခိုသွင်း၊ တူတွေနဲ့ ထုပြီး ဝယ်ဒင်တွေနဲ့ ဆက်တယ်။ ဖေါက် ပစ်တယ်။ ပြီးတော့ ကိုယ့်ကားစက်ရုံနာမည် တပ်တော့တာပဲ။ ရေး ထားသေးတယ်။ မြန်မာပြည်မှာလုပ်သည် … တဲ့''

'' ဘယ်သူတွေလုပ်တာလဲ''

''ဒီလိုလုပ်တဲ့ အဓိကနေရာကတော့ စက်မှုနှစ် ဝန်ကြီးဌာန ကပေါ့။ ဆွမ်းအုပ်ဆိုပြီး ကားတွေ ထုတ်တယ်။ သူတို့က နှစ်ခုပဲ လုပ်တယ်။ နိုင်ငံခြားက ကားကို သွင်းလာပြီး မူလကားကို ဆွမ်းအုပ်တံဆိပ် တပ်တယ်။ ပြီးတော့ ခြောက်ပေါင်တူနဲ့ ဘန်ပါတွေ ဖရိန်တွေကို ထုတာပဲ''

''ကားအကောင်းကြီးကို ထုရတယ်လို့ ဘုရား … ဘုရား …''

''ထုတာ ထောင်းတာ ဝါသနာပါလို့ပါ''

'' ဘာလို့ဒီလိုလုပ်ရလဲ။ ကားတွေကရော ခိုင်ရဲ့လား''

''သေချင်ရင် စိန်မစားနဲ့ စက်မှုဇုံဂျစ်ကား ဝယ်သွား … တဲ့။ စက်မှုဇုံကားတွေနဲ့ သေသူ တွေ အများကြီးပဲ။”

''အေးဗျာ၊ ကျုပ်လည်းကြားတယ်။ ဒါပေမဲ့ သေတယ် ရှင်တယ်ဆိုတာ မိုးနတ်မင်းနဲ့ပဲ ဆိုင်တယ် မဟုတ်ပါလား။''

''မှန်ပါတယ်။ ပေါင်ချိန်ရယ်''

''အေးဗျာ၊ ကျန်ကျောင်းတို့ ပေါင်ချိန်တို့ ကို သတိရတယ်။ ခုခေတ် တရုတ်လုပ်တဲ့ ထော်လာဂျီက အတော် အဆင်ပြေဆို …”

''သူလည်း လမ်းပေါ်တက်မောင်းလို့ သေကြတာပဲလေ။ ဘယ်လိုဖြစ်ဖြစ် တရုတ်လုပ်က နိုင်ငံခြားဖြစ် စစ်စစ်ဗျ …''

''ဒါကြောင်ပေါ့ … ကျုပ်တို့အစိုးရက အော်နေတယ်''

''ဘယ်လိုမျိုးလဲ''

''ခေတ်မီ တိုးတက်သော နိုင်ငံကြီးကို ထော်လာဂျီဖြင့် ချီတက်ပါအံ့ … တဲ့''

“ဗြဲ …”

ဓမ္မရသ၀ိဟာရ၏ ကလေးများအတွက် ယဉ်ကျေးလိမ္မာသင်တန်း မြင်တွေ့ ကြား သိသမျှ

စုပြုမျှဝေ (အရီဇိုးနား) သြဂုတ် ၁၄၊ ၂၀၁၀ မိုးမခ

အရီဇိုးနားပြည်နယ်၊ ဖီးနစ်မြို့ရှိ ဓမ္မရသ ဝိဟာရကျောင်းတွင်၊ ဓမ္မဘေရီဆရာတော် အရှင်ဝီရိယ(တောင်စွန်း)၏ သြဝါဒဖြင့် ၂ဝဝ၉ ခုနှစ်မှ စတင် ဖွင့်လှစ်ခဲ့သော ‘၂ဝ၁ဝ ခု ဒုတိယအကြိမ် ယဉ်ကျေးလိမ္မာကလေးတရားနှင့် အခြေခံမြန်မာစာ အရေးအဖတ်သင်တန်း’ ကို ဓမ္မရသဝိဟာရကျောင်း ဆရာတော် ဦးဝိမလ (ဒီပဲယင်း) က ဦးစီး၍၊ သာသနာတော်နှစ် ၂၅၅၄ ခု၊ မြန်မာကောဇာ သက္ကရာဇ် ၁၃၇၂ ခု။ ခရစ်နှစ် ၂ဝ၁ဝ ခု၊ဇူလိုင်လ(၁၈)ရက် တနင်္ဂနွေနေ့မှ စတင်၍၊ အပါတ် စဉ် တနင်္ဂနွေနေ့တိုင်း သင်ကြားပေးရာ - ယခုနှစ်တွင် ကျောင်းသား၊ ကျောင်းသူ (၅ဝ) ခန့် တက်ရောက် သင်ကြားလျက်ရှိသည်။

ယခုနှစ် ကျောင်းသားဦးရေသည် ယခင်နှစ်ကထက် (၂) ဆ ကျော် ပိုလာသည်မှာ ဝမ်းမြောက်ဖွယ်ဖြစ်သည်။ ထိုသို့များလာခြင်း မှာ - ကလေးများနှင့် အထူးသဖြင့် မိဘများ၏ ဘုန်းတော်ကြီးသင် စာသင်ကျောင်းပေါ် စိတ်ဝင်စားမှု၊ မိဘများ၏ သားသမီးများပေါ်ထားရှိသည့် သာသနာ့အမွေနှင့် ပညာအမွေပေးလိုသော စေတနာ၊ စာသင် စာချဆရာတော်၏ အမျိုးဘာသာ သာသနာပေါ် ထားရှိသည့် ကြီးမားသည့် အမြော်အမြင်နှင့် ဆရာတော်၏ ပစ္စည်းလေးပါး ဒါယကာ၊ ဒါယိကာမ များနှင့် ၎င်းတို့၏သားသမီးများပေါ် ထားရှိသည့် စေတနာ … စသည့် မွန်မြတ်သောစိတ်ဓါတ်များ ပေါင်းစု ကြီးမားလာခြင်းသာဖြစ်သည်။ တနည်းအားဖြင့် ဆရာ၊ ဒကာကြား ထားရှိသည့် စေတနာ၊ သဒ္ဓါများ တိုးပွါး၍ လုပ်ငန်း အကောင်အထည် ဖြစ်ထွန်း လာခြင်းသာဖြစ်သည်။

ယခုသင်တန်းသည်၊ ဗုဒ္ဓဘာသာမျိုးစေ့ချ ‘ဗုဒ္ဓဓမ္မ ပျိုးခင်း’ ဖြစ်သည့်အပြင် ကလေးများ၏ ဖြူစင်သော နှလုံးသားတွင် ဘုရားတည်သည့် မွန်မြတ်သည့် နှလုံးသားဘုရားတည်လုပ်ငန်းလည်း ဖြစ်သည်။ထို့ကြောင့် ကလေးငယ်တဦး၏ ဖြူစင်သောနှလုံးသားတွင် ဘုရားတဆူတည်သည်ဟု ယူလျင် ကလေး (၅ဝ) ဆိုလျင် အဆူ (၅ဝ) တည်ခြင်း မည်ပေမည်။

ယခုနှစ် ကျောင်းစတင် ဖွင့်သည့်နေ့ ဇူလိုင် ၁၇ တွင် - စာသင်သားများတွက် လိုအပ်သည့် စာရေးကိရိယာများကို ကလေးများ ၏မိဘများဖြစ်ကြသော၊ ကိုအေးမင်းနှင့် မနီလာဝင်းကို၊ ကိုတင်မောင်လတ်နှင့် မဋ္ဌေးဋ္ဌေးအောင် မိသားစုတို့က၎င်း၊ မုန့်များကို ကိုကြည်ဝင်းနှင့် မစမ်း မိသားစုတို့ မှ၎င်း ဒါနပြုကြသည်။ ဒုတိယပတ် သင်တန်းနေ့ နှင့် ဓမ္မရသ ဝိဟာရကျောင်း ဝါဆိုပွဲနေ့ ဇူလိုင် ၂၅ နေ့တွင် ကိုထူးမြတ်နှင့် မယုဇနမေလီ မိသားစု မှ ဝါဆိုပွဲလာ ဧည့်ပရိတ်သတ်နှင့် ယဉ်ကျေးလိမ္မာသင်တန်းသားများကို အာလူးပူရီဖြင့် ဧည့်ခံကျွေးမွေးသည်။ ကိုရန်နိုင်အောင်နှင့် မဝင်းပပအောင် မိသားစုမှလည်း သင်တန်းသားများကို မုန့်များ ကျွေးမွေး ဒါနပြုသည်။ လာမည့် တတိယပတ် သြဂုတ်လ ၁ ရက်နေ့ တွင် ဒေါ်တင်မေမိသားစု မှ သင်တန်းသားများကို မြန်မာမုန့်အကြော်များ ကြော်၍ ကျွေးမွေးဒါနပြုပါမည်။

ဗုဒ္ဓသာသနာထွန်းကားရာမြန်မာပြည်နှင့် ဝေးရာအရပ်တွင် နေနေရသည့် မြန်မာပြည်ဖွား ဗုဒ္ဓဘာသာဝင်များသည်၊ မြန်မာပြည်ရှိ စာသင် တိုက်ကြီးများသို့ သွားရောက်၍ စာသင်၊ စာအံ၊ စာဖြေ၊ စာအောင် သံဃာများ၊ သီလရှင်များ၊ လူပုဂ္ဂိုလ်များကို ထောက်ပံ့လှူဒါန်း၊ ကုသိုလ်ပြုရန် မလွယ်ပါ။ ထို့ကြောင့် မြန်မာပြည်တွင် ကုသိုလ်များပြုသကဲ့သို့ နှလုံးသွင်းဆင်ခြင်ပြီး၊ ဖြူစင်သော နှလုံးသားတွင် ဘုရားတည်နေကြသည့် (ဝါ) ကောင်းမှု သီလများ သင်ယူနေကြသည့် ယဉ်ကျေးလိမ္မာသင်တန်းမှ ကလေးများကို အထူးငွေကုန်စရာမလိုဘဲ မိမိတို့တနိုင်တပိုင် တတ်အားသ၍ လှုဒါန်းပံ့ပိုး အားပေးလျှင်လည်း အထိုက်အလျှောက် ကုသိုလ်များ ရရှိနိုင်ပါသည်။

အမေရိကန်ပြည်နှင့် အနောက်တိုင်းနိုင်ငံများရှိ တက္ကသိုလ်ကြီးများတွင် ပါဠိစာပေကို အထူးသင်ယူပြီးမှ ဗုဒ္ဓစာပေများကို လေ့လာခြင်း၊ ဘာသာပြန်ခြင်းများ လုပ်နိုင်ကြသည်။ မြန်မာစာတတ်ပုဂ္ဂိုလ်များအနေဖြင့် အခြားလူမျိုးများကဲ့သို့ ဗုဒ္ဓစာပေကို အင်္ဂလိပ်ဘာသာပြန်များ မှတဆင့် လေ့လာစရာမလိုဘဲ ခေတ်အဆက်ဆက် နှစ်အဆက်ဆက်က မြန်မာစာပေဖြင့် ရေးသားပြုစုပြီးဖြစ်သည့် ဗုဒ္ဓစာပေများကို မြန်မာစာဖြင့် လွယ်ကူရှင်းလင်းစွာ ဖတ်ရှုနိုင်ကြသည်ကို သတိမမေ့သင့်ပါ။ ဗုဒ္ဓစာပေရတနာများကို သိသူများက ဖေါ်စားနေကြပြီး၊ မေ့နေသူနှင့် မသိသူများက ကျော်သွားနေကြပါသည်။ မြန်မာစာ တတ်ကျွမ်းခြင်းဖြင့် ထိုရတနာများကို ဖေါ်ထုတ် သုံးစွဲ ကျင့်ကြံ အားထုတ်နိုင်ပါသည်။

လက်ဦးဆရာ မိဘများသည် မိမိတို့ သားသမီးများကို သင်တန်းကျောင်း ပို့ရုံဖြင့် တာဝန်ကျေပြီဟု မယူဆဘဲ မိမိတို့ကိုယ်တိုင်က စံနမူနာ လက်ဦးဆရာဖြစ်အောင် ဘဝကိုအရှုံးမပေးဘဲ အတတ်နိုင်ဆုံး ကြိုးစားနေသင့်သည်။ ဗုဒ္ဓဘာသာအနှစ်သာရနှင့်၊ ဗုဒ္ဓယဉ်ကျေးမှုများသည် လောကီ လောကုတ္တရာ နှစ်ဖြာအတွက် အကျိုးရှိပုံများကို လေ့လာ ဖတ်ရှု ကြားနာ မှတ်သားပြီး သားသမီးများကို ရှင်းလင်းပြနိုင်သင့်သည်။ သို့မဟုတ်ပါက သားသမီးများသည် အခြား ဘာသာများ၏ ဖြားယောင်းသိမ်းသွင်းမှုကို အနှေးနှင့်အမြန် ခံရပေလိမ့်မည်။ လွတ်လပ်လွန်းအားကြီးသော ပတ်ဝန်းကျင်နှင့် ဒုစရိုက်များ ဆွဲဆောင်အားကြီးသော ပတ်ဝန်းကျင်တွင် ကြီးပြင်းရသောကလေးများသည် မကောင်းမှု ဒုစရိုက်များကို ဆင်ခြင်နိုင်မှု အားနည်းကာ သတိလက်လွတ်ပြီး ကျူးလွန်မိကြလိမ့်မည်။ နောင်မှ နောင်တရသည့် အဖြစ်မျိုး မဖြစ်ရလေအောင် မိမိတို့သားသမီးများကို ဗုဒ္ဓယဉ်ကျေးမှုများ သင်ကြားပေးရာ ကျောင်းများသို့ မအားလပ်သည့်ကြားမှ ကြိုးစား၍ပို့သင့်သည်။

မည်သည့်အတွက်ကြောင့် ယဉ်ကျေးလိမ္မာကျောင်းသို့ သွားသင့်ပါသလဲ ဟု သားသမီးများကမေးလာလျင် အဖြေရှိထားသင့်သည်။

ဗုဒ္ဓစာပေနှင့် မြန်မာစာတတ်ကျွမ်းခြင်း၏ အကျိုးကို သားသမီးများနားလည်လက်ခံနိုင်အောင် ရှင်းပြသင့်သည်။ အင်္ဂလိပ်စာတတ်ခြင်းဖြင့် ခေတ်မီနည်းပညာများကို ဖေါ်ထုတ်သုံးစွဲနိုင်သလို မြန်မာစာတတ်ခြင်းဖြင့် ဗုဒ္ဓစာပေရတနာများကို ထုတ်ဖေါ်သုံးစွဲနိုင်ကြောင်း ရှင်းပြသင့်သည်။ အရာ မရောက်သော ပကာသနများထက် မိမိတို့သားသမီးများ ကျောင်းနေပျော်၍ စာတော်ဖို့ တတ်နိုင်သမျှ ကြံစည် အားထုတ်နေသင့်သည်။ မိမိတို့ သားသမီးများ၏ နှလုံးသားတွင် ငယ်စဉ်ကပင် ဘုရားတည်ထားသင့်သည်။

နှလုံးသားတွင် ဘုရားတည်ထားပြီးဖြစ်သော ကလေးများ ကြီးပြင်းလာသောအခါ လောကဓံကို ကြံ့ကြံ့ခံနိုင်သည့် နှလုံးသားပိုင်ရှင်များဖြစ်ကာ စိမ်ခေါ်လျှင် တိမ်ပေါ်ထိတက်နိုင်သည့် အစွမ်းပိုင်ရှင်များ ဖြစ်လာနိုင်ပါကြောင်း စေတနာကောင်းဖြင့် တင်ပြအပ်ပါသည်။

(ဓာတ်ပုံများ - အာရီဇိုးနား၊ ဖီးနစ်မြို့၊ ဓမ္မရသ၀ိဟာရကျောင်းတိုက် နွေရာသီကလေးသင်တန်းများ မြင်ကွင်း)

ရွေးကောက်ပွဲကျင်းပမည့်ရက် ဝေဖန်သံများ ထွက်

သြဂုတ် ၁၄၊ ၂၀၁၀ မိုးမခအထောက်တော် ရန်ကုန်

မြန်မာစစ်အစိုးရရဲ့ ရွေးကောက်ပွဲကျင်းပရက် ထုတ်ပြန်ကြေငြာချက်နဲ့အတူ ဝေဖန်သံတွေလည်း ပေါ်ထွက်လာပါတယ်။ နိုဝင်ဘာ ၇ ရက်နေ့မှာ ရွေးကောက်ပွဲကျင်းပမယ်လို့ စစ်အစိုးရကကြေငြာခဲ့ပါတယ်။ ရွေးကောက်ပွဲကျင်းမကျင်းပမီ ရက်သတ္တ ၁၁ ပတ် အလိုမှာ သည်ထုတ်ပြန်ချက်ကို ကြေငြာခဲ့တာပါ။

ရွေးကောက်ပွဲကျင်းပမယ့်ရက်ဟာ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်က မလွတ်မြောက်မီ ရက်ပိုင်းအလိုမှာပဲဖြစ်ပါတယ်။ ဤအချက်ကို ကြည့်ခြင်းအားဖြင့် စစ်အစိုးရဟာ ရွေးကောက်ပွဲကို ၄င်းတို့အလိုကျ စိတ်တိုင်းကျ လုပ်ဆောင်သွားမယ်ဆိုတာ ထင်ရှားတယ်လို့ ရန်ကုန်လူထုအချို့က ဝေဖန်နေကြပါတယ်။

“ရွေးကောက်ပွဲကို ပါတီတွေအကုန်လုံး သပိတ်မှောက်ပစ်ရမှာ။ ကြံ့ဖွံ့ပါတီတစ်ခုတည်းပဲ ကျန်အောင်ကို လုပ်ပစ်ရမှာ။ ဒါမှ ဒီရွေးကောက်ပွဲဟာ တရားမျှတမှုမရှိဘူးဆိုတာကို ကမ္ဘာကသိမှာ”

လို့ နိုင်ငံခြားသင်္ဘောအေးဂျင့်တစ်ဦးက သူ့အမြင်ကိုပြောပါတယ်။

မကြာသေးမီကပဲ ပြည်ထောင်စုဒီမိုကရေစီပါတီ ဥက္ကဌ ဦးဖြိုးမင်းသိန်းဟာ ရွေးကောက်ပွဲဟာ တရားမျှတမယ်လို့ မယုံကြည်တာကြောင့် ပါတီကနေ နုတ်ထွက်ခဲ့ပါတယ်။

ကြံ့ဖွံ့ပါတီမှလွဲ၍ယနေ့အချိန်ထိ လူထုအတွင်း စည်းရုံးမှုများပြုလုပ်ခွင့် မရှိသေးခြင်းကိုလည်း နိုင်ငံရေးပါတိအချို့ မျှတမှုမရှိဘူးလို့ ရွေးကောက်ပွဲကော်မရှင်ကို ကန့်ကွက်ထားပေမယ့် ရွေးကောက်ပွဲကော်မရှင်က တုန့်ပြန်ဆောင်ရွက်မှုတွေမတွေ့ရသေးပါဘူး။

“ကြံ့ဖွံ့က အောက်ခြေရွာတွေအထိ မက်လုံးတွေပေးပြီး လိုက်စည်းရုံးလို့ ပြီးနေပြီ။ နှစ်လခွဲနဲ့ ကျန်တဲ့ပါတီတွေ စည်းရုံးရေးဆင်းဖို့ ရန်ပုံငွေရှာဖို့ ဆိုတာ မလွယ်ဘူး” လို့ အသက် ၇၀ အရွယ် တစည ပါတီဝင်ဟောင်းတစ်ဦးဖြစ်သူက ပြောပါတယ်။

လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့အတွက် လွတ်လပ်တဲ့ သတင်းမီဒီယာရှိဖို့လည်း အရေးကြီးတယ်လို့ မြန်မာနိုင်ငံအတွင်းက အန်ဂျီအိုတခုမှာ တာဝန်ထမ်းဆောင်နေတဲ့ ဗြိတိသျှအမျိုးသမီး တစ်ဦးကလည်းပြောပါတယ်။

“တော်တော်နီးကပ်မှ ရွေးကောက်ပွဲကျင်းပမယ့်ရက်ကို ကြေငြာတာဟာ အစိုးရက ပြိုင်ဘက်တွေကို သတ်တာပဲ။ နောက်ပြီး မီဒီယာလွတ်လပ်ခွင့်လည်း မရှိသေးဘူး ဆိုတော့ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ဆိုတာ တော်တော် ပြောဖို့ခက်ခဲတဲ့ကိစ္စပါပဲ” လို့ ၄င်းကပြောပါတယ်။

၂၀၀၈ ခုနှစ် အခြေခံဥပဒေအရ လွှတ်တော်အမတ် ၂၅ % ကို စစ်တပ်က စေလွှတ်မှာဖြစ်ပြီး ဥပဒေ တခုခုကိုပြင်ဆင်ချင်ရင် လွှတ်တော်အမတ် ၇၅% နဲ့အထက် ရရှိမှသာ ပြင်ဆင်နိုင်မှာ ဖြစ်ပါတယ်။

ရုံးဝန်ထမ်း စာရေးကြီးတစ်ဦးက “စစ်ယူနီဖောင်းနဲ့က ၂၅ ခိုင်နှုန်း။ ယူနီဖောင်းချွတ်စစ်တပ်က ၇၅ ရာခိုင်နှုန်း။ အားလုံး သူတို့ပဲ ဖြစ်မှာပါ” လို့ ရွေးကောက်ပွဲအပေါ် ၄င်းရဲ့အမြင်ကို ထုတ်ဖော်ပါတယ်။

ရွေးကောက်ပွဲတွင် မဲမပေးရန် မျိုးဆက်သစ် လူငယ်များလှုံ့ဆော်

သြဂုတ်လ 13 ဆလိုင်း ဟံသာစန်း - မဇ္ဈိမသတင်းဌာန

ပြည်သူလူထုတွင် မဲမပေးဘဲ နေနိုင်သည့် အခွင့်အရေးရှိကြောင်း လှုံ့ဆော်သည့် ပိုစတာများကို Generation Wave ခေါ် မျိုးဆက်သစ်လူငယ်များ အစည်းအရုံးက ရန်ကုန်တိုင်း ဆင်ခြေဖုံး မြို့နယ် ၆ မြို့နယ်တွင် ယမန်နေ့က လိုက်ကပ်ခဲ့ကြောင်း သိရသည်။

ရန်ကုန်တိုင်း မြောက်ဒဂုံ၊ အင်းစိန်၊ လှိုင်သာယာ၊ မင်္ဂလာဒုံ၊ မရမ်းကုန်းနှင့် မင်္ဂလာတောင်ညွန့် စသည့် မြို့နယ်များ၏ လူစည်ကားရာနေရာများ၊ လမ်းဘေးအုတ်ခုံများ၊ ဘတ်စကားများ၊ ကားရပ်နားရေးစခန်းများ၊ အများသုံးအိမ်သာများနှင့် လမ်းဘေး ဓာတ်တိုင်များတွင် ကပ်ခဲ့ခြင်း ဖြစ်သည်။

“ရည်ရွယ်ချက်က မတရားတဲ့ ဖွဲ့စည်းပုံ ဥပဒေကို အသက်သွင်းမယ့် ရွေးကောက်ပွဲမှာ ဥပဒေအရ ပြည်သူတွေ အနေနဲ့ မဲပေးနိုင်တဲ့ အခွင့်အရေးရှိသလို မဲမပေးဘဲ နေနိုင်တဲ့ အခွင့်အရေးလည်းရှိတယ်ဆိုတဲ့ သတင်းစကားကို ပြည်သူတွေဆီကို အရောက်ပို့ပေးတာပါ။ ဒီနည်းက ပြည်သူလူထုတွေ လိုက်ပါ လုပ်ဆောင်နိုင်မယ့် အလွယ်ကူဆုံး နည်းလို့ ယူဆတဲ့အတွက် လုပ်ဖြစ်တာပါ” ဟု GW မှ ပြောရေးဆိုခွင့်ရှိသူ ကိုပြည့်စုံဝင်းက မဇ္ဈိမကို ပြောသည်။

အလျား ၁ ပေ၊ အနံ ၈ လက္မရှိ ပိုစတာတွင် ဘယ်ဘက်၌ ဒေါ်အောင်ဆန်းစုကြည်၏ ရုပ်ပုံပါရှိပြီး ညာဘက်တွင် ဒေါ်အောင်ဆန်းစုကြည်မှ ပြည်သူသို့ ပြောကြားထားသည့် “ပြည်သူတွေအနေနဲ့ ၂၀၁၀ ရွေးကောက်ပွဲ ကော်မရှင် ဥပဒေအရ မဲပေးခွင့်ရှိသလို မဲမပေးဘဲလည်း နေခွင့်ရှိတယ်” ဟူသော စာသား ပါရှိသည်။

အဆိုပါ ပိုစတာပေါင်း ၁၅၀၀ ခန့်ကို ယမန်နေ့ နံနက်အစောပိုင်းမှ ညပိုင်းအထိ အဆိုပါမြို့နယ်များတွင် GW အဖွဲ့ဝင်များက ကပ်ခဲ့ကြခြင်း ဖြစ်သည်။

“ကျနော်တို့နားက ရေအိုးစင်မှာ ကပ်ထားတာ တွေ့မိတယ်။ ညနေပိုင်းကျတော့ ဘယ်သူ ခွာသွားသလဲမသိဘူး မတွေ့တော့ဘူး” ဟု အင်းစိန်မြို့နယ် စော်ဘွားကြီးကုန်းအနီးမှ လက်ဖက်ရည်ဆိုင် ပိုင်ရှင်တဦးက မဖ္ဈိမကို ပြောသည်။

မင်္ဂလာတောင်ညွန့်မြို့နယ် ကျောင်းတိုက်တခုမှ သံဃာတပါးကလည်း “ကျောင်းက ကိုယ်တော်တပါး ပြောပြတယ်။ လမ်းဘေးဓာတ်တိုင်မှာ ဒေါ်အောင်ဆန်းစုကြည်ပုံ ကပ်ထားတယ်တဲ့။ မဲမပေးဖို့လည်း စာရေးထားတာ တွေ့တယ်လို့ ပြောတယ်” ဟု ပြောသည်။

မဲပေးခြင်းသည် မဲဆန္ဒရှင်၏ ကိုယ်ပိုင်အခွင့်အရေးဖြစ်သလို မဲမပေးခြင်းသည်လည်း ကိုယ်ပိုင် အခွင့်အရေး ဖြစ်ကြောင်း မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြီးခဲ့သည့် ဇွန်လ ၁၁ ရက်နေ့တွင် ရှေ့နေ ဦးဥာဏ်ဝင်းနှင့်တွေ့ဆုံစဉ် ပြည်သူလူထုသို့ ပြောဆိုခြင်းဖြစ်သည်။

၂၀၁၀ ရွေးကောက်ပွဲကို သပိတ်မှောက်ရန် မြေအောက် လှုပ်ရှားသော မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစု၊ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်နှင့် ပြည်ပအခြေစိုက် လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီတို့ကလည်း Generation Wave - GW ကဲ့သို့ပင် မကြာသေးခင်က ပြောဆို ခဲ့ကြသည်။

GW အဖွဲ့ကို ၂၀၀၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့တွင် ဟစ်ဟော့ပ်အဆိုတော် ဇေယျာသော်၊ ငြိမ်းချမ်းနိုင်နှင့် မိုးဃ်းသွေးတို့က ရန်ကုန်မြို့၌ စတင်ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။ ယင်းအဖွဲ့သည် နိုင်ငံရေးသီချင်းများ ရေးဖွဲ့တီးခတ် သီဆိုကာ ပြည်သူများကြား ဖြန့်ဝေခြင်း၊ မှုတ်ဆေးကမ်ပိန်း၊ ပိုစတာကမ်ပိန်းများ ပြုလုပ်ခြင်းတို့ လုပ်ဆောင်လေ့ ရှိသည်။

နိုင်ငံရေးလှုပ်ရှားမှုများကြောင့် အဖွဲ့ဝင် ဇေယျာသော် (ခ) ကျော်ကျော် (အက်စစ်အဖွဲ့ အဆိုတော်)၊ အောင်ဇေဖြိုး (အင်ဂျင်နီယာ မဟာဘွဲ့ကျောင်းသား)၊ အာကာဗိုလ် (ဆေးတက္ကသိုလ် ကျောင်းသားဟောင်း) နှင့် သီဟ၀င်းတင် (ဒုတိယနှစ် ဥပဒေကျောင်းသား) တို့ ၂၀၀၈ ခုနှစ် မတ်လကတည်းက ဖမ်းဆီးခံခဲ့ကြရသည်။

နောက်ဆုံး ဖတ်ဖွယ် (မြန်မာပြည်သားကွ)

ဘန်ကောက်မြို့ ဘုရင့်ပန်းခြံတွင် မြန်မာပြည်သား အချင်းချင်း ဓါးထိုးမှုဖြစ်ပွား

သြဂုတ်လ 13 နန်းထူးစံ ကေအိုင်စီ

ထိုင်းဘုရင့် မိဖုရား၏ မွေးနေ့ဖြစ်သည့် ယမန်နေ့ သြဂုတ်လ ၁၂ရက်နေ့က ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ တမရွန်ရော့ကောက် ဘုရင့်ပန်းခြံတွင် မြန်မာရွှေ့ပြောင်းအလုပ်သမားများ အချင်းချင်း ခိုက်ရန်ဖြစ်ပွားရာမှ ဓါးထိုးမှုဖြစ်ကာ လူငယ်တဦး ဒဏ်ရာအပြင်း အထန်ရရှိခဲ့ပြီး ခွဲစိပ်ကုသမှု ခံယူနေရကြောင်း နီးစပ်ရာ ဆွေမျိုးများ၏ ပြောပြချက်အရ သိရသည်။

ထိုင်းနိုင်ငံရှိ အလုပ်ရုံ၊ စက်ရုံများ ပိတ်ပြီး အလုပ်သမားများကို လွတ်လပ်စွာ နားခွင့်ပေးသည့် ယမန်နေ့ မနက်ပိုင်း ၁၀နာရီကျော် ခန့်အချိန်တွင် တမရွန်ရော့ကောက် ဘုရင့်ပန်းခြံသို့ အလည်အပတ်သွားသည့် ကရင်လူငယ်နှစ်စုက အချင်းများကြရာမှ လူငယ် တစ်ဦး ဓါးထိုးခံရကာ ၀မ်းဗိုက်တွင် ဒဏ်ရာအပြင်းအထန် ရရှိပြီး ဘန်ကောက်မြို့ရှိ စမိုပရကန်ဆေးရုံတွင် ခွဲစိပ်ကုသမှု ခံယူနေရ ခြင်းဖြစ်သည်ဟု ထိုလူငယ်၏ အဘွားက ပြောသည်။

သူမက “မနေ့က နားရက်လေ။ ကျမ မြေးလေးက သူငယ်ချင်းတွေနဲ့ ဘုရင့်ပန်းခြံမှာ သွားလည်မယ်လို့ သူ့ အမေ ဆီမှာ ခွင့်တောင်း ပြီးတော့ သွားတာ။ ဓါးထိုးမှုဖြစ်ပြီး ဆေးရုံရောက်မှ သူ့သူငယ်ချင်းတွေက သူ့အမေဆီ ဖုန်းဆက်လာမှ သိရတာ။ ဆရာဝန်တွေက ခွဲစိပ်ရမယ်လို့ ပြောတယ်။ အခု ခွဲစိပ်ပြီးပြီ ဆေးရုံမှာပဲ သူ့အမေနဲ့။ စိုးရိမ်စရာ မရှိတော့ဘူးလို့ ပြောပေမဲ့ လူက ဖြူဖတ်ဖြူရော် ဖြစ် သွားတာပဲ။”ဟု ပြောသည်။

ဓါးထိုးမှု ဖြစ်စဉ်နှင့်ပတ်သက်၍ သူမက ယခုလို ပြန်လည်ပြောပြသည်။ “မြေးလေးက သူ့သူငယ်ချင်း လေးငါးယောက်နဲ့ ပန်းခြံထဲ လိုက်လည်ရင်း သူ့သူငယ်ချင်းတယောက်က အရက်နံ့ရတယ်လို့ ပြောမိတယ်။ ဖြတ်လျှောက်လာတဲ့ ဟိုလူငယ်တဖွဲ့က အရက် မူးနေတော့ မကျေနပ်ဘူး။ အဲဒီမှာစပြီး စကားများကြတာ၊ ထိုးမယ်၊ ဘာညာပေါ့။ မြေးလေးက ကြားမှာ သွားပြီးတော့ သူငယ်ချင်း တို့ ဒီလိုမလုပ်ကြနဲ့ သွားပြောတာ။ ဟိုဖက်က လူငယ်တယောက်က ဓါးမြှောင်ထုတ်ပြီး သူ့ကိုထိုးတာပဲတဲ့။ ၀မ်းဗိုက်မှာ ဓါးဒဏ်ရာ တချက် ထိသွားတယ်။ အဲဒီ လူငယ်တစုက ဒုံရင်းနယ်ကပဲတဲ့။”ဟု ပြောဆိုသည်။

ဓါးထိုးမှု ကျူးလွန်သည့် လူငယ်တစ်စုသည် အခင်းဖြစ်ပြီးပြီးချင်း ထွက်ပြေးသွားသည့်အတွက် ပန်းခြံအတွင်း ထိုင်းရဲများ လာ ရောက်စစ်ဆေးချိန်တွင် ထိုလူငယ်များကို ဖမ်းဆီးနိုင်ခြင်း မရှိဘဲ လွတ်မြောက်သွားခဲ့သည်ဟု သိရသည်။

ဓါးထိုးခံရသည့် အသက် ၁၈နှစ်အရွယ်ရှိ စောအောင်မင်းဦးသည် ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် နေထိုင်ပြီး ပြီးခဲ့သည့်နှစ် က ဘန်ကောက်မြို့တွင် မိခင်ဖြစ်သူနှင့်အတူ အလုပ်လုပ်ရန် ရောက်ရှိလာသူဖြစ်သော်လည်း အလုပ်လုပ်ကိုင်ခွင့် လက်မှတ် ကိုင်ဆောင်ထားသူ ဖြစ်သည်။

ထိုင်းနိုင်ငံအတွင်း ရောက်ရှိ အလုပ်လုပ်သည့် လူငယ်များသည် မိဘအုပ်ထိန်းသူများနှင့် ဝေးကွာလာသည့် အတွက် သွန်သင်ဆုံးမ မှုကင်းမဲ့ကာ အကျင့်စာရိတ္တ ပျက်ပြားကြပြီး ယခုလို ရာဇ၀တ်မှုများ ကျူးလွန်လေ့ ရှိသည်ဟု ဘန်ကောက်အခြေစိုက် အဝေး ရောက် ကရင်လူမှုကူညီရေးအဖွဲ့ (OKRSO)မှ စဆိန့်ပလောင်က သုံးသပ်ပြောဆိုသည်။

=================================

ပြီးဘီ

No comments:

Post a Comment