သတင်းတွေ ဖတ်ဖို့ ခေါင်းစဉ် သို့ မဟုတ် Read More ကိုသာ လိုက်ရှာပြီး နှိပ်ပါလေ

Friday, July 16, 2010

Uncensored Burma - Daily News ( 2010 July 9)

 သတင်းများ  နေ့စဉ် ရလိုပါက ဂျီးဒေါ် နွားကျောင်းသား kowin2001@gmail.com သို့ တောင်းယူပါ။
  ရေဘ၀ဲ ခန့်မှန်းချက် ပြောင်းပြန်ယူ ဘောလုံးလောင်း
မျိုးမောင် Friday, July 09, ဧရာဝတီ

 ကမ္ဘာ့ဖလားတွင် ဂျာမနီ အသင်း ဘောလုံး ပွဲစဉ်တိုင်း အနိုင်အရှုံးများကို မှန်ကန်စွာ ခန့်မှန်းပေး နိုင်သော ရေဘ၀ဲ “ပေါလ်” ၏ ဟောကိန်းကို ပြောင်းပြန်ယူ၍ ဘောလုံး လောင်းကစားမှုများ ပြုလုပ်လျက် ရှိကြောင်း ရန်ကုန်ရှိ ဘောလုံးလောင်းကစား အသိုင်းအဝန်းမှ သိရသည်။

၂၀၁၀ ကမ္ဘာ့ဖလား ဆီမီး ဖိုင်နယ်ပွဲစဉ်တွင် စပိန်အသင်း နိုင်မည်ဟု ဟောကိန်းထုတ် ခန့်မှန်းခဲ့သည့် ရေဘ၀ဲ လေး ပေါလ်။ တတိယ နေရာနှင့် ဗိုလ်လုပွဲ အတွက်လည်း ဟောကိန်းထုတ်ဦးမည်
ပေါလ်သည် ဂျာမနီ ကစားခဲ့သည့် ပွဲစဉ် ၆ ပွဲစလုံး ကြိုတင်ကာ မှန်မှန် ကန်ကန် အဖြေထုတ် ပေးခဲ့သဖြင့် နိုင်ငံ တကာတွင် စူပါ စတား ဖြစ်နေကြောင်း The Telegraph သတင်းစာက ရေးထားသည်။

နာမည်ကျော် ရေဘ၀ဲ သတင်းကို မီဒီယာများမှ တဆင့် သိရှိပြီးနောက် ရေဘ၀ဲ၏ ခန့်မှန်းချက် မှားနိုင်ကြောင်း မှန်းဆကာ ဂျာမနီနှင့် အာဂျင်တီးနား ယှဉ်ပြိုင် ကစားခဲ့သော ကွာတား ဖိုင်နယ်ပွဲစဉ်မှ စတင်၍ ရေဘ၀ဲ၏ ခန့်မှန်းချက်ကို ပြောင်းပြန် ကောက်ယူကာ လောင်းကစားမှု ပြုလုပ်ကြကြောင်း ဘောလုံး လောင်းကစား ဒိုင်တဦးက ပြောသည်။

စပိန်နှင့် ဂျာမနီ ဆီမီးဖိုင်နယ်ပွဲစဉ်တွင် လောင်းကြေး သိန်းချီရှုံးသွားသော ရန်ကုန်မြို့မှ ကုန်သည်တစ်ဦးက“ဒီကောင်ကို သုပ်စားလိုက်ရင် ကောင်းမယ်။ မှန်းတာဘယ်တော့ မှားမလဲ မသိဘူး”ဟု ပြောသည်။

ဘောလုံးပွဲလောင်းသူများထံမှ ထိုကဲ့သို့ ရေဘဝဲကို ဒေါသထွက်သော အသံများ အတော်များများ ကြားရကြောင်း ဘောလုံးပွဲ ဒိုင်တဦးကလည်း ပြောသည်။

ရန်ကုန် အခြေစိုက် အားကစား ဂျာနယ်တခုမှ အာဂျင်တီးနားနှင့် ဂျာမနီ ပွဲစဉ်တွင် လောင်းကြေးရှုံးသွားသူ အယ်ဒီတာ တဦး ကလည်း “ဒီရေဘ၀ဲ ဒုက္ခပေးတယ်။ ဒီတခါတော့ ရေဘ၀ဲ မှန်းတာ မှားပြီဆိုပြီး အာဂျင်တီးနားဘက်က ထိုးလိုက်တာ”ဟု ဆို သည်။

စပိန်နှင့် ဂျာမနီ ဆီမီးဖိုင်နယ်ပွဲစဉ်တွင် ဂျာမနီက လောင်းကြေးပိုမည်ဟု ထိုးသားအများစုက ယူဆကြသော်လည်း  အမှန် တကယ်တွင် ရေဘ၀ဲက စပိန်နိုင်မည်ဟု ခန့်မှန်းချက်ကြောင့် စပိန်က သရေ ၂၅ ပြားရှုံး ကြေးပေါက်ခဲ့ကြောင်း သိရသည်။

ဘောလုံးပွဲ ဒိုင်တဦးကမူ စပိန်က ကြေးပိုရခြင်းမှာ ခြေစွမ်းနှင့် လူကြိုက်များမှုကြောင့် ဖြစ်ပြီး ရေဘ၀ဲနှင့် သက်ဆိုင်မှု မရှိ ကြောင်း ပြောသည်။

“တချို့ကတော့ ရေဘ၀ဲ ပြောတာဆိုပြီး အယူသီးတာရှိတယ်။ တော်တော်များများကတော့ ခြေစွမ်းကိုပဲ ကြည့်ပြီး လောင်းတာ များပါတယ်”ဟု ပုံမှန် ငွေကျပ် သောင်းချီ လောင်းလေ့ရှိသော ထားဝယ်မြို့မှ လက်ဖက်ရည်ဆိုင် ပိုင်ရှင်တဦးက ဆိုသည်။

စပိန်နှင့် ဂျာမနီ ဆီမီးဖိုင်နယ်ပွဲစဉ်တွင် စပိန်နိုင်မည်ဟု ရေဘ၀ဲ “ပေါလ်”က ခန့်မှန်းပြီးနောက် အမှန်တကယ်ပင် စပိန်က ဂျာမနီကို ၁ ဂိုး ဂိုးမရှိဖြင့် အနိုင်ယူခဲ့သည်။

ပြည်တွင်း သတင်းဂျာနယ်များတွင် ရေဘ၀ဲအကြောင်း မပါမပြီးဖြစ်နေပြီး ဘောလုံးဝါသနာအိုးများက နေရာအနှံ့တွင် ယင်း ရေဘ၀ဲ အကြောင်းသာ ပြောဆိုနေကြကြောင်း သိရသည်။

၂၀၁၀ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် မြန်မာအကြိုက် ဘရာဇီး၊ အင်္ဂလန်၊ ပြင်သစ်၊ အာဂျင်တီးနား စသော အသင်းကြီးများမှာ ထင်တိုင်းမပေါက်ခဲ့သဖြင့် လောင်ကြေးရှုံးသူ များပြားကြောင်း၊ အောက်အသင်းများ လောင်ကြေးနိုင်ကြသဖြင့် အများအားဖြင့် အပေါ်အသင်းများကို ကြေးထပ်လေ့ရှိသော မြန်မာထိုးသားများ ယခု ကမ္ဘာ့ဖလားတွင် အရှုံးပေါ်ကြောင်း ဘောလုံး လောင်း ကစားဒိုင် တဦးက ပြောသည်။

ထားဝယ်မြို့မှ လက်ဖက်ရည်ဆိုင်ပိုင်ရှင်က “နောက်ဆုံးတော့ ဒိုင်စာပဲ ဖြစ်သွားတာပါပဲ”ဟု မှတ်ချက်ချသည်။

နောက်ဆုံးသိရသည့် သတင်းများအရ ပေါလ်သည် ဂျာမနီနှင့် ဥရုဂွေးတို့ ဇူလိုင်လ ၁၀ ရက်နေ့တွင် ကန်မည့် တတိယ နေရာလုပွဲအတွက်လည်း ခန့်မှန်းချက် ထုတ်ပေးဦးမည်ဟု ဆိုသည်။

“ပေါလ်”ကို ထိန်းသိမ်းစောင့်ရှောက်သူများက ပုံမှန် ပြုစုလျက်ရှိကြောင်း၊ နိုင်ငံ ၂ ခု၏ အလံအသီးသီးပါသော အစာပုံးကို ချထားကြောင်း၊ ပေါလ်ကို ဝန်ထုပ်ဝန်ပိုး မပိစေချင်ကြောင်း ဂျာမနီ ငါးပြတိုက်မှ တာဝန်ရှိသူ တဦးက ဆိုသည်။

ဧရာဝတီ သတင်းထောက် ဘစောတင် ပူးပေါင်း ရေးသားသည်။

  ဗီယက်နမ် ဘဏ်ခွဲ ဖွင့်ခွင့်မရ
မျိုးမောင် Friday, July 09, ဧရာဝတီ

 ရန်ကုန်မြို့တွင် ကိုယ်စားလှယ်ရုံး ဖွင့်လှစ်ထားသော ဗီယက်နမ် ရင်းနှီးမြုပ်နှံမှုနှင့် ဖွံဖြိုးရေး ဘဏ် (Bank for Investment and Development of Vietnam-BIDV) က မြန်မာနိုင်ငံတွင် ဘဏ်ခွဲ ဖွင့်လှစ်ခွင့် မရရှိကြောင်း တာဝန်ရှိသူတဦး က ပြောသည်။

ဗီယက်နမ် ဘဏ်ခွဲတည်ထောင်ခွင့်မရရှိခြင်းမှာ မြန်မာနိုင်ငံ ရင်းနှီးမြုပ်နှံမှု ဥပဒေ အရ ဖြစ်သည်ဟု BIDV တာဝန်ရှိသူ က ပြော ဆိုသည်။

“မြန်မာနိုင်ငံရဲ့ ဥပဒေ အရလုပ်လို့ မရတာပါ”ဟု ၎င်းက ဆိုသည်။

မြန်မာနိုင်ငံတွင် ဘဏ်နှင့် အာမခံလုပ်ငန်းများ အပါအ၀င် လုပ်ငန်း ၁၂ ခုကို နိုင်ငံတော်ပိုင် စီးပွားရေးလုပ်ငန်းများ ဥပဒေ ပုဒ်မ(၃) အရ နိုင်ငံခြားရင်းနှီးမြုပ်နှံမှု အတွက် ကန့်သတ်ထားကြောင်း သိရသည်။

ယင်းသို့ ဘဏ်ခွဲဖွင့်လှစ်ခွင့် မရရှိသဖြင့် Myanmar Investment and Development Company အမည်ဖြင့် ရင်းနှီး မြုပ်နှံမှု လုပ်ငန်း တခုထူထောင်ရန် စီစဉ်နေသည်ဟု BIDVတာဝန်ရှိသူက ပြောသည်။

BIDVကိုယ်စားလှယ်ရုံးကို ပြီးခဲ့သည့် ဧပြီလ အတွင်းက ရန်ကုန်မြို့ပြည်လမ်းတွင် ဖွင့်လှစ်ထားပြီး မြန်မာနိုင်ငံ ဈေးကွက်သတင်း အချက် အလက်များ ကောက်ယူနေလျက်ရှိကြောင်းလည်း ၎င်းက ဆိုသည်။

ဗီယက်နမ် နိုင်ငံပိုင် BIDV သည် အာဆီယံနိုင်ငံအတွင်းရှိ ကမ္ဘောဒီးယားနိုင်ငံတွင် ပြီးခဲ့သည့် နှစ်ကVietnamese-invested Bank of Investment and Development of Cambodia (BIDC) အမည်ရ ဘဏ်ခွဲဖွင့်လှစ်ထားပြီး အမေရိကန် ဒေါ်လာသန်း ၇၀ ကနဦး ရင်းနှီးမြုပ်နှံကာ ကမ္ဘောဒီးယား စီးပွားရေး လုပ်ငန်းများနှင့် ကမ္ဘောဒီးယားနိုင်ငံတွင် လာရောက်လုပ်ကိုင်လျက်ရှိသော ဗီယက်နမ် စီးပွားရေးလုပ်ငန်းများကို ဘဏ္ဍာရေးဆိုင်ရာများ အထောက်အပံ့ပေးလျက်ရှိကြောင်း ဗီယက်နမ် သတင်းတရပ်တွင် ဖော်ပြထားသည်။

“ဗီယက်နမ်က မြန်မာနိုင်ငံမှာလည်း ဒီလိုမျိုးလုပ်ခွင့်ရဖို့ မျှော်လင့်နေတာပါ”ဟု ဇွန် ၂၁ ရက် က ရန်ကုန်တွင် ကျင်းပခဲ့သော “Myanmar-The new Denstination for Vietnamese Investors” ဆွေးနွေးပွဲတက်ရောက်ခဲ့သူ တဦးက ပြောဆိုသည်။

ဗီယက်နမ်သည် မြန်မာနိုင်ငံတွင် ရင်းနှီးမြုပ်နှံမှုများစွာ ပြုလုပ်ရန်ကြိုးစားလျက်ရှိပြီး အိမ်ခြံမြေလုပ်ငန်း၊ ဟိုတယ်နှင့် ခရီးသွား လုပ်ငန်း၊ ရာဘာစိုက်ပျိုးရေးလုပ်ငန်း တို့တွင် ရင်းနှီးမြုပ်နှံ လုပ်ကိုင်ရန်ရှိကြောင်း၊ Vietnam Airways သည်လည်း ရန်ကုန်-ဟနွိုင်း ခရီးစဉ်ကို တပတ် ၄ ရက် ပျံသန်းနေပြီး ဟိုချီမင်း-ရန်ကုန်၊ ဟိုချီမင်း-မန္တလေး ခရီးစဉ်များ တိုးချဲ့ပျံသန်းရန်ရှိကြောင်း သိရသည်။

ဗီယက်နမ်လုပ်ငန်းရှင်များသည် မြန်မာ့ရေလုပ်ငန်းတွင် ရင်းနှီးမြုပ်နှံရန် အဓိက စိတ်ဝင်စားကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ် သံအမတ်ကြီးက မော်ဒန် သတင်းဂျာနယ်နှင့် အင်တာဗျူး တခုတွင်ပြောဆိုထားသည်။

အာဆီယံ အလှည့်ကျ ဥက္ကဌ တာဝန်ယူထားသော ဗီယက်နမ် ၀န်ကြီးချုပ်၏ ဧပြီလအတွင်းက မြန်မာနိုင်ငံ ခရီးစဉ်နှင့် ဗီယက်နမ် က ထိုကဲ့သို့ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ လုပ်ကိုင်ခွင့်ရရှိနေခြင်းအပေါ် ဝေဖန်မှုများလည်း ရှိနေသည်။

“စီးပွားရေးတွေလုပ်ခွင့်ပေးရမယ်။ အာဆီယံ ဥက္ကဌ ဖြစ်တဲ့ ဗီယက်နမ်က မြန်မာ ၂၀၁၀ နိုင်ငံရေးနဲ့ပတ်သက်ရင် ပါးစပ်ပိတ် နေပေးရမယ် ဆိုတဲ့ အပေးအယူတွေရှိကောင်း ရှိမှာပဲ”ဟု ရန်ကုန်မြို့မှ နိုင်ငံရေးလေ့လာသူ တဦးက ဆိုသည်။

၂၀၀၉ ခုနှစ်က နှစ်နိုင်ငံ ကုန်သွယ်ရေးမှာ အမေရိကန်ဒေါ်လာ ၉၉ သန်းရှိခဲ့ကြောင်း Xinhua သတင်းတွင်ဖော်ပြထားသည်။

ဗီယက်နမ်သည် မြန်မာနိုင်ငံတွင် ပြီးခဲ့သည်မတ် ၃၁ ရက်နေ့အထိ အမေရိကန် ဒေါ်လာ ၂၃.၆၄၉ သန်း ရင်းနှီးမြုပ်နှံထားပြီး နိုင်ငံ အလိုက်ရင်းနှီးမြုပ်နှံမှုတွင် အဆင့် ၂၀ ရှိကြောင်း ပြည်ထောင်စုမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် ၏ စာရင်းဇယားများအရ သိရသည်။

  ကြံ့ဖွံ့နှင့် တစည ကို အဓိကထား ပြိုင်မည်ဟု ဦးသုဝေပြော
စိုင်းဇွမ်ဆိုင်း Friday, July 09, ဧရာဝတီ

 ၂၀၁၀ ရွေးကောက်ပွဲတွင် ဒီမိုကရက်တစ် ပါတီ (မြန်မာ) ၏ အဓိက ပြိုင်ဘက်သည် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ (USDP) နှင့် တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးပါတီ (တစည) ဖြစ်ကြောင်း ဦးသုဝေက ယနေ့နံနက်တွင် ပြောဆို လိုက်သည်။

ယနေ့နံနက်တွင် ကျင်းပသည့် ဒီမိုကရက်တစ်ပါတီ (မြန်မာ) ၏ ဆိုင်းဘုတ်တင်ပွဲအခမ်းအနားတွင် ယင်းကဲ့သို့ ပြောဆို လိုက်ခြင်း ဖြစ်သည်။

 “စစ်အစိုးရရဲ့ ကြံ့ဖွံ့ပါတီနဲ့ တစည ပါတီက ကျနော်တို့ရဲ့ အဓိက ပြိုင်ဘက်တွေ ဖြစ်လာပါ လိမ့်မယ်”ဟု ဒီမိုကရက်တစ် ပါတီ (မြန်မာ) ဥက္ကဋ္ဌဖြစ်သူ ဦးသုဝေက ဧရာဝတီသို့ ပြောသည်။

ပါတီ ဆိုင်းဘုတ်တင်ပွဲကို ဦးသုဝေ ကိုယ်တိုင်က ဖွင့်လှစ်ပေးခဲ့သည်ဟုလည်း ဆိုသည်။

ဒီမိုကရက်တစ်ပါတီ(မြန်မာ)၏ ဆိုင်းဘုတ်တင်ပွဲ အခမ်းအနားကို တခြားပါတီမှ ပုဂ္ဂိုလ်များ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ဝင်များ၊ မွန်နှင့် ချင်း တိုင်းရင်းသားတချို့ နှင့် ပြည်တွင်း စာနယ်ဇင်းသမားများ တက်ရောက်ကြကြောင်း  သိရှိရသည်။

အခမ်းအနားကို ဒေသခံ အာဏာပိုင်များ၊ ရဲအထူးသတင်းတပ်ဖွဲ့ (SB)၊ စစ်ဖက်ရေးရာ လုံခြုံရေး (စရဖ) စသည်တို့မှ လာရောက် ဓာတ်ပုံရိုက်ယူခြင်းများ ပြုလုပ်ကြောင်း အနှောင့်အယှက် တစ်စုံတစ်ရာ ပေးခြင်းမျိုးများ မရှိကြောင်းလည်း ဦးသုဝေ က ပြောသည်။

ပါတီအနေဖြင့် လတ်တလောတွင် ပါတီဝင် စည်းရုံးရေးလုပ်ငန်းများ၊ နယ်မြို့များတွင် အဖွဲ့ဝင်များ စည်းရုံးခြင်းနှင့် အမှုဆောင် အဖွဲ့များဖွဲ့စည်းရန်၊ လွှတ်တော်ကိုယ်စားလှယ်များ ရွေးချယ်ထားရန် ညွှန်ကြားထားကြောင်းလည်း သိရှိရသည်။

ဒီမိုကရက်တစ်ပါတီ(မြန်မာ)အနေဖြင့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ထံသို့ ပါတီဝင်အင်အား စာရင်း တင်ပြတော့ မည် ဖြစ်ကြောင်း၊ ပါတီဝင် အရေအတွက် ၁၅၀၀ ဖြင့် တင်ပြမည်ဖြစ်ကြောင်း၊ အပို ပါတီဝင်အင်အားအနေဖြင့် ၁၀၀၀၊ ၂၀၀၀ ခန့်လည်း ကျန်ရှိနေသေးကြောင်း သိရှိရသည်။

နိုင်ငံရေးပါတီများ လတ်တလော ကြုံတွေ့နေရသည့် ရန်ပုံငွေအခက်အခဲနှင့် ပတ်သက်၍“ကျနော်တို့ပါတီတွေရဲ့ အကြီးဆုံး အခက်အခဲကတော့ ရန်ပုံငွေပဲလေ၊ အဲဒါကြောင့် ပါတီဝင်တွေကိုယ်တိုင်က ပိုက်ဆံတွေထည့်၊ ပါတီ အတွင်းရေးမှူးချုပ် ဖြစ်တဲ့ ဒေါ်သန်းသန်းနုဆိုရင် လက်ဝတ်လက်စားတွေ ရောင်းပြီးတော့ သိန်းငါးဆယ် ထည့်ထားပါတယ်၊ ဒီလိုမျိုးကနေပဲ စပြီး လှုပ်ရှား ရတာပေါ့”ဟု ပါတီ ဥက္ကဋ္ဌ ဦးသုဝေက ဆိုသည်။

ရှေ့ကာလတွင်လည်း လက်ကမ်းစာစောင်များ၊ ရင်ထိုး တံဆိပ်များ ဝေငှ၍ ပါတီ ရန်ပုံငွေ အတွက် အလှူခံမည် ဖြစ်ကြောင်း၊ အပတ်စဉ် ဂျာနယ်များ ထုတ်ဝေ၍လည်းကောင်း ပါတီရန်ပုံငွေရရှိရေးအတွက် လုပ်ဆောင်သွားမည် ဖြစ်ကြောင်းလည်း သိရှိရသည်။

ဒီမိုကရက်တစ်ပါတီ(မြန်မာ)ကို ပြီးခဲ့သည့် မေလ ၂၀ ရက်နေ့တွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ပါတီ ထောင်ခွင့် ချမှတ်ပေးခဲ့သည်။

ဦးသုဝေသည် ၁၉၉၀ ရွေးကောက်ပွဲတွင် ဒီမိုကရေစီ ပါတီ အမည်ဖြင့် ဝင်ရောက် အရွေးခံခဲ့ပြီး လွှတ်တော် အမတ် တနေရာ အနိုင်ရဖူးသည်။ ယင်းပါတီသည် ၁၉၉၂ ခုနှစ်တွင် ဖျက်သိမ်းခံရသည်။

ယနေ့အထိ နိုင်ငံရေးပါတီ တည်ထောင်ခွင့်နှင့် ဆက်လက်တည်ထောင်ခွင့် လျှောက်ထားသည့်ပါတီ ၄၃ ပါတီရှိပြီး မှတ်ပုံ တင်ခွင့် လျှောက်ထားသည့်ပါတီ ၃၉ ပါတီအနက် ၃၆ ပါတီကို ရွေးကောက်ပွဲကော်မရှင်က မှတ်ပုံတင်ခွင့် ချပေးပြီး ဖြစ် သည်။

  ကွန်တိန်နာ စခန်းအတွက် လယ်သမားများ ဖယ်ပေးရ
မိုးယံ Friday, July 09, ဧရာဝတီ

 ရန်ကုန် အရှေ့ပိုင်းခရိုင် ဒဂုံမြို့သစ် ဆိပ်ကမ်း မြို့နယ်တွင် ကွန်တိန်နာ ယာဉ်ရပ်နား စခန်း တည်ဆောက်မည့် နေရာ၌ နေထိုင်သူများ ယခုနှစ် အတွင်း အပြီးသတ် ပြောင်းရွှေ့ ပေးရမည်ဆို၍ အခက်အခဲ ဖြစ်နေကြကြောင်း သိရသည်။
[ကွန်တိန်နာ ယာဉ်ရပ်နားစခန်း တည်ဆောက်မည့် ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ် မြေပုံ]

ဒဂုံမြို့သစ်ဆိပ်ကမ်း စက်မူဇုန်တွင် ကွန်တိန်နာယာဉ် အစီး ထောင်ကျော် ရပ်နားနိုင်ရန် ယာဉ်ရပ်နားစခန်းကို ဒဂုံဆိပ်ကမ်း အပြည်ပြည်ဆိုင်ရာ ၀န်ဆောင်မှု ကုမ္ပဏီလီမိတက်က ယခုနှစ် ဇွန်လမှစပြီး တာဝန်ယူ တည်ဆောက်လျက် ရှိကြောင်း ဒဂုံဆိပ်ကမ်း စက်မှုဇုန် စီမံခန့်ခွဲရေး ကော်မတီ က ပြောဆိုသည်။

ကွန်တိန်နာ ယာဉ်ရပ်နားစခန်းတည်ဆောက်ရန် ထိုနေရာမှ လယ်ယာလုပ်ကိုင်သူများစွာ ပြောင်းရွှေ့ပေးရမည်ဟု အဆိုပါကော်မတီမှ တာဝန်ရှိသူတဦးက ပြောသည်။

ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ်တွင် လယ်ယာလုပ်ကိုင်နေသူ အသက် ၄၃ နှစ်အရွယ် အမျိုးသမီးတဦးက “ကွန်တိန်နာတွေရပ်ဖို့ စဆောက်နေကြပြီ။ ကွန်တိန်နာစခန်းနေရာမှာ လယ်လုပ်တဲ့ လူတွေကတော့ ချက်ချင်း ပြောင်းပေးလိုက်ရပြီ။ ဒီဘက်ခြမ်းက ကျမတို့တွေကျတော့ ဒီနှစ်အတွင်းမှာ အပြီးပြောင်းပေးရမယ်။ နေစရာရော လုပ်ငန်းရော ပျောက်ကုန်တာပေါ့” ဟု ဆိုသည်။

ကွန်တိန်နာ စခန်း တည်ဆောက်နေသည့် နေရာတွင် လယ်လုပ်ငန်းနှင့် စိုက်ပျိုးရေး လုပ်ကိုင်သူများ အဓိက နေထိုင်ကြောင်း သိရသည်။

ကွန်တိန်နာယာဉ်ရပ်နားစခန်း တည်ဆောက်ရန် ယုဇနကုမ္ပဏီလီမိတက်ပိုင် မြေကွက်ပေါင်းများစွာကို ယုဇန ဦးဌေးမြင့်က ရောင်းချခဲ့ကြောင်း ယင်းကုမ္ပဏီမှ တာဝန်ရှိသူတဦးက ပြောသည်။

“တချို့က ယုဇနကုမ္ပဏီကနေ ငှားပြီး လယ်လာလုပ်တာတွေ၊ တချို့ကလည်း ဒီအတိုင်း တဲလာထိုးပြီး လယ်လာလုပ်စား နေကြတာတွေပါ။ ပြောရမယ်ဆိုရင် ကျူးကျော်တွေပေါ့။ အဲဒါတွေ အားလုံး ဖယ်ပေးရမှာပေါ့ဗျာ”ဟု ၎င်းက ဆိုသည်။

ဒေသခံ လယ်မြေအငှား လုပ်ကိုင်နေသူ တဦးက“ကျနော်တို့က ရွာကနေ တက်လာပြီး ယုဇန ဦးဌေးမြင့် ဆီကနေ ဒီလယ်တွေ ငှားပြီး လုပ်စားနေကြတာ။ အခု ဖယ်ပေးရမယ် ဆိုတော့ ကျနော်တို့ မိသားစု ဘယ်သွားနေရမှန်း မသိတော့ဘူး။ ပြောင်းဖို့ကို ဘာမှ စုထား ဆောင်းထားတာ မရှိဘူးလေ။ အားလုံး စိတ်ညစ်နေရတယ်”ဟု ဆိုသည်။

ယုဇနကုမ္ပဏီသည် ၁၉၉၆ ခုနှစ်တွင် ဒဂုံဆိပ်ကမ်းမြို့နယ်၌ ယုဇနဥယျဉ်မြို့တော် တည်ဆောက်ရန် လယ်ပိုင်ရှင်များစွာထံမှ ဈေးနှုန်းမတန်မဆနှိမ်၍ ၀ယ်ယူထားခဲ့ကြောင်း ထိုဒေသတွင် နှစ်ပေါင်း ၃၀ ကျော်ကြာ နေထိုင်လာခဲ့သူ တဦးက ပြောသည်။

“ဦးဌေးမြင့် မြို့သစ်လာတည်တုန်းကဆို လယ်သမားတွေ ပြောင်းပေးရတာ မနည်းဘူး။ လယ်သမားတွေ သူတို့ပိုင်တဲ့ လယ် ဧက ပေါင်း များစွာကို မတန်မဆနဲ့ ရောင်းလိုက်ရတာ။ တချို့ဆို စိတ်ထိခိုက်ပြီး အသက်တောင် ဆုံးရှုံးတယ်”ဟု ၎င်းက ပြောပြသည်။

အာဆီယံ ရော့ခ် ပြိုင်ပွဲ မြန်မာ ဆန်ခါတင် ဒုတိယအဆင့် အရွေးခံရ
နရီလင်းလက် Friday, July 09, ဧရာဝတီ

အာဆီယံ နိုင်ငံများ၏ ရော့ခ်ဂီတ အဖွဲ့လိုက် ပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ Unrivalled အဖွဲ့က ဆန်ခါတင် ဒုတိယအဆင့် အရွေးချယ် ခံခဲ့ရကြောင်း သတင်းရရှိသည်။

မလေးရှား အခြေစိုက် AirAsiaRedTix.com နှင့် MTV Asia တို့ ပူးပေါင်းကျင်းပသည့် ရော့ခ်ဂီတ အဖွဲ့လိုက်ပြိုင်ပွဲတွင် အာဆီယံ ၁၀ နိုင်ငံမှ အဖွဲ့ပေါင်း ၃၀၀၀ ကျော် ၀င်ရောက် ယှဉ်ပြိုင်ကြကြောင်း သိရသည်။

ပြိုင်ပွဲဝင်ရန် အတွက် အင်္ဂလိပ် ဘာသာဖြင့် သီဆိုထားသည့် တေးသီချင်း များကို ပေးပို့ရပြီး ယှဉ်ပြိုင် သူများထဲမှ ပထမ အဆင့် အနေနှင့် အဖွဲ့ ၃၀ ကို ရွေးချယ်ခဲ့ကာ ယင်းအဖွဲ့ ၃၀ မှာ မလေးရှား နိုင်ငံသို့ အသံစစ်ဆေးမှု ခံယူရန် ဇွန်လ ၂၆ ရက်နေ့က သွားရောက် ခဲ့ကြောင်း Unrivalled အဖွဲ့ဝင် တဦးဖြစ်သူ ကိုမွန်ဘွဲ့က ပြောသည်။ ယခု အရွေးချယ် ခံရသည့် ဆန်ခါတင် ဒုတိယ အဆင့်တွင် အဖွဲ့ပေါင်း ၂၀ ပါဝင်သည် ဟုလည်း ၎င်းက ဆိုသည်။

“ပထမ ရွေးတဲ့ အဖွဲ့ ၃၀ မှာ ပါပြီး အသံစစ်ဖို့ ကျနော်တို့ အဖွဲ့က ရိုက်ထားတဲ့ MTV နဲ့ မလေးမှာ သွားပြိုင် ခဲ့ပါတယ်။ ဒီမှာ ထပ် ရွေးတာ ဆန်ခါတင် ဒုတိယ အဆင့်အထိ ပါခဲ့ပါတယ်”ဟု သူက ဧရာဝတီကို ပြောသည်။

မြန်မာနိုင်ငံမှ ရောခ့် အဖွဲ့အနေနှင့် Unrivalled အဖွဲ့သည် ပထမဆုံး နိုင်ငံတကာပြိုင်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ခွင့် ရခဲ့ခြင်းဖြစ် သည်။

“သီချင်းအပိုင်း၊ တီးခတ်မှုအပိုင်းတွေကို ကြည့်ရင် သူတို့နဲ့ ရင်ပေါင်တန်းနိုင်တဲ့ အဆင့်မှာ ရှိပါတယ်။ အဓိက MTV ရိုက်ထား တာတွေ ကြည့်ရင်တော့ အဲဒီမှာ အားနည်းချက်တွေ ရှိနေတာပေါ့။ ဒီအပိုင်းမှာ မြန်မာက အာဆီယံ အဆင့် မမီလောက်အောင် လုံးဝကွာသွားတယ်လို့ ထင်တယ်”ဟု ကိုမွန်ဘွဲ့က ဆက်ပြောသည်။

ပြိုင်ပွဲဝင်သူ များထဲတွင် အင်ဒိုနီးရှား၊ မလေးရှား၊ မြန်မာ၊ ထိုင်း၊ ဘရူနိုင်း၊ ဖိလစ်ပိုင် နှင့် ဗီယက်နမ် နိုင်ငံများမှ ယှဉ်ပြိုင်သည့် အဖွဲ့ အများဆုံးပါဝင်ပြီး မြန်မာနိုင်ငံမှ အဖွဲ့ ၁၇ ဖွဲ့ ပါဝင်ယှဉ်ပြိုင်ခဲ့သော်လည်း Unrivalled တဖွဲ့သာ မလေးရှားနိုင်ငံတွင် သွား ရောက်ယှဉ်ပြိုင်ရန် ရွေးချယ်ခံခဲ့ရခြင်းဖြစ်သည်။

“ကိုယ့် နိုင်ငံကနေ အပြင်ထွက်ပြီဆို စကားပြောတတ်ပေမယ့် သီချင်းတပုဒ်လုံး ကျတော့ အင်္ဂလိပ်စာ လိုအပ်ချက် အခက်အခဲတွေရှိမယ်။ နောက်ပြီး လူငယ်တွေက အွန်လိုင်းမှာ ဒီလို အခွင့်အလမ်းတွေ ရှိနေတယ်ဆိုတာ မေ့နေတာလည်း ပါတယ်”ဟု မြန်မာ လူငယ် ရောခ့် ဂီတအဖွဲ့တခုမှ အဖွဲ့ဝင်တဦးက ပြောသည်။

အဆိုပါပြိုင်ပွဲတွင် မည်သည့် အဖွဲ့ ပထမ ရရှိသည်ဆိုသည်ကိုမူ ထုတ်ပြန်ကြေညာခြင်း မရှိသေးပေ။

မြန်မာနိုင်ငံအနေနဲ့ ယခုကဲ့သို့ အာဆီယံအဆင့်ထိ အောင်မြင်မှု ရရှိသွားသည့် ဂီတအဖွဲ့များထွက်ပေါ်မှုမရှိသေးခြင်းမှာ နိုင်ငံတွင်း အတွေ့အကြုံဖလှယ်မှု၊ အခွင့်အလမ်းရရှိမှု အားနည်းချက်များ ရှိနေသေးကြောင်း ပြည်ပနိုင်ငံများကဲ့သို့ ဂီတ ပွဲတော်များ ဖန်တီး၍ နိုင်ငံတကာ ဂီတအဖွဲ့များအား လေ့လာခွင့်ရနိုင်သည့် အခြေအနေမရှိသေးကြောင်း သူကပြောသည်။

ရော့ခ် အဆိုတော် ဇော်ဝင်းထွဋ်ကလည်း “ ကျနော်တို့ လွန်ခဲ့တဲ့ ၁၀ နှစ်က ဘန်ကောက်မှာ ထိုင်း ဒါရိုက်တာနဲ့ ရိုက်ခဲ့တဲ့ Big5 ကိုပဲကြည့်။ သီချင်းတပုဒ်ကို ပုံဖော်နိုင်ဖို့ အတတ်ပညာ လိုနေသေးတယ်လို့ ထင်တယ်” ဟု ပြောသည်။

ပြည်တွင်း၌ ယှဉ်ပြိုင်နိုင်ရန် ပွဲများပြုလုပ်ပေးပါက မြန်မာပြည်မှ ရော့ခ် အဖွဲ့များ စိတ်ဝင်စားမှု များလာပြီး လူငယ် အဖွဲ့သစ်များ ပေါ်ပေါက်ကာ ပွဲအတွေ့အကြုံ ရင့်ကျက်မှု ရှိလာနိုင်ကြောင်း၊ အဆိုတော်များ၏ အဆင့်အတန်းကို ပရိသတ် စိတ်ဝင်စားသည့် အခြေအနေ ဖန်တီးပေးသင့်ကြောင်း သူကပြောသည်။

  နယ်စည်းမခြား ဘဝများ
ညတစ္ဆေ Friday, July 09, ဧရာဝတီ

 အချိန်ကား ၁၉၉၅ ခုနှစ် နွေဦးပိုင်း။ ထိုင်းနိုင်ငံ မဲဆောက်မြို့ တခွင်တွင် တရားမဝင် အလုပ်သမားများအား သဲသဲမဲမဲ လိုက်လံ အဖမ်းအဆီး ကြမ်းနေချိန်။ ထိုစဉ်က တရားမဝင် အလုပ်သမားများအား ယခုကဲ့သို့ တရားဝင် လုပ်ကိုင်ခွင့် လက်မှတ်များ ထုတ်မပေးသေး။

မဲဆောက် တခွင်ရှိ သိုးမွေး ဆွယ်တာ စက်ရုံကြီး၊ စက်ရုံငယ်များ အနက်မှ မြို့ပြင် ဘက်တွင် ရှိသော သိုးမွေး စက်ရုံငယ် တခုတွင် အလုပ် လုပ်နေသော ကျနော်လည်း ကျီးလန့်စာစား ဘဝဖြင့် လုပ်ကိုင် စားသောက် နေရချိန် ဖြစ်သည်။ ဘယ်အချိန်များ ကျနော်တို့ နေထိုင်ရာ စက်ရုံအနီးရှိ အလုပ်သမား တန်းလျားသို့ ရဲများ၊ အချုပ်ကားများ ရောက်လာ မလဲပေါ့။ ရင်ထဲ ကြိတ်မှိတ်ကာ ဆုတောင်း နေကြရသည်။ သို့သော် ဆုတောင်းကား ပြည့်မလာပါ။

ကျနော်တို့ အလုပ်သမားများ အိပ်မောကျနေချိန် နံနက် ၄ နာရီခန့် ...၊ ခြံစည်းရိုး ကာရံထားခြင်း မရှိသော အလုပ်သမား တန်းလျား အပြင်ဘက်တွင် ဆလိုက်မီးကြီးများ၊ ဓာတ်မီးရောင်များ၊ ဆက်သွယ်ရေးစက်ဖြင့် စကားပြောဆိုသံများ စစ်ဖိနပ်သံများဖြင့် ဆူညံပွက်လော ရိုက်နေလေပြီ။

တံခါးခေါက်သံများ၊ တံခါးရိုက်ချိုး ဖျက်ဆီးသံများ၊ အော်ဟစ် ကြိမ်းမောင်း သံများဖြင့် ဆူညံနေသည်။ နောက်ဆုံးတော့ နေထိုင်ရာ တန်းလျားရှေ့တွင် အမျိုးသမီး၊ အမျိုးသားများ ကလေးငယ်များပါ မကျန် အားလုံး တန်းစီ၍ ဆောင့်ကြောင့် ထိုင်ခိုင်းထားသည်။ အမျိုးသားများကိုတော့ ဇက်ပိုးပေါ် လက်နှစ်ဘက် ချိတ်ထားခိုင်းပြီး ခေါင်းငုံ့ထားစေသည်။ ထိုင်းရဲ စာရင်းကိုင်များက ဖမ်းဆီးရမိသည့် စာရင်းများကို မှတ်တမ်းတင်ကာ အချုပ်ကားကြီးပေါ်သို့ ဆဲဆို ကန်ကြောက်၍ တက်ခိုင်းကြသည်။

ဖမ်းဆီးခေါ်ဆောင် သွားသည့်နေရာကား နာမည်ကျော် မဲဆောက်ရဲစခန်း။ အချုပ်ကားများပေါ်မှ ဆင်းခိုင်းကာ ရဲစခန်းရှေ့တွင် တန်းစီခိုင်းပြီး တဦးချင်းစီကို ဖိနပ်နှင့် ခါးပတ်များ ချွတ်ခိုင်းသည်။ ဘေးနားဝန်းကျင်ကို လေ့လာ ကြည့်တော့ ခြင်းကြားကြီးများတွင် ဖိနပ်နှင့် ခါးပတ် အရောင်စုံ၊ ဆိုက်စုံ အပြည့်။ ကိုယ်ကိုယ်တိုင် ချွတ်ပေး လိုက်ရသည့် ဖိနပ်ကို ပြန်ရမည် အထင်နှင့် ရိုရိုသေသေ ချွတ်ကာ ထည့်ပေးလိုက်သည့် ခြင်းကြားကြီးကို အသေအချာ မှတ်သား ထားလိုက်သည်။ ရဲစခန်း အတွင်းပိုင်းကိုကား မမြင်ရသေး။

ဖိနပ်နှင့် ခါးပတ်များ ကိစ္စပြီးသော် အချုပ်ခန်းတွင်းသို့ တန်းစီဝင်ခိုင်းတော့သည်။ အချုပ်ခန်း အတွင်းပိုင်းအား မြင်ရပါပြီ။ ကိုယ့်မျက်လုံးကို ကိုယ်ကိုယ်တိုင်ပင် မယုံနိုင်လောက်အောင် အံ့အားသင့်သွားသည်။ အချုပ်ခန်း ကျဉ်းကျဉ်းလေးထဲတွင် လူပေါင်း ၂၀၀ ကျော်ကို ငါးပိသိပ်၊ ငါးချဉ်သိပ် ထည့်ထားသည်။ တခြားအမှုဖြင့် ကျနေသည့် အချုပ်သားများကိုတော့ အတွင်းပိုင်းရှိ အချုပ်ခန်း ငယ်လေးများတွင် ချောင်ချောင်ချိချိ ထည့်ထားသည်။ အပြင်ဘက်တွင်တော့ ဘဝတူ တရားမဝင် အလုပ်သမားများအား စိတ်မကောင်းစွာဖြင့် မြင်လိုက်ရသည်။

မည်မျှ ငေးမောသွားမိသည် မသိ။ ဇက်ပိုးပေါ်သို့ လက်ဝါးရိုက်ချက် ပြင်းပြင်း တချက်က ကျရောက်လာသည်။ ငေးမောမိနေရာမှ သတိပြန်ဝင်လာကာ ရိုက်သူထံ ဘုဆတ်ဆတ် ပြန်ကြည့်မိသည်။ သကောင့်သားက ဒီလို ပြန်ကြည်ရ ကောင်းလား ဆိုသော သဘောဖြင့် ပါးတချက် ထပ်ရိုက်ပြန်သည်။ ကျနော် မလှုပ်ရဲတော့ဘဲ ငြိမ်နေရ သည်။

သူကား မြန်မာတဦးဖြစ်ပြီး တခြားသော ပြစ်မှုတခုဖြင့် ဤအချုပ်ထဲတွင် နှစ်ပေါင်းများစွာ ရောက်နေခဲ့သည့် အချုပ်တန်းစီးပင် ဖြစ်ကြောင်း နောက်မှသိရသည်။ ခံထိုးမည် မစဉ်းစားနှင့် …။ သူ့ဘေးနားတွင် သူ့တပည့် ဘော်ဒီဂတ်တွေက အပြည့်။ ခံထိုးမည် ဆိုပါက ထိုနေရာတွင်ပင် အသက်ထွက်သွားနိုင်သည်။

အမျိုးသား တယောက်ချင်းအား အတွင်းအပြင်မကျန် လှန်လှော ရှာဖွေကြသည် (အမျိုးသမီးများ မပါ)။ ဖမ်းဆီး ခံရသည့် အလုပ်သမားများ ဝှက်ယူလာသည့် ငွေများ၊ ဆေးလိပ်များနှင့် တခြား အသုံးအဆောင် ပစ္စည်းများအား အနိုင်ကျင့်ကာ ယူငင်ကြသည်။ ဒါတင်မကသေး … တချို့ယောက်ျားလေး များကိုဆိုလျင် လူအများကြားတွင် ကိုယ်တုံးလုံး ခေတ္တချွတ်ထားစေကာ သကောင့်သား တန်းစီးများက ဝိုင်းဟားကြသေးသည်။ အမျိုးသမီး များကတော့ ခေါင်းကိုသာ တွင်တွင် ငုံ့နေကြသည်။

ကျနော်တို့ အုပ်စုက လူ ၁၀၀ ကျော် ရှိသည်ဖြစ်၍ ယခင်ရှိသော လူအုပ်နှင့် ပေါင်းလိုက်ပါက ၃၀၀ ကျော် ၄၀၀ နီးပါး ဖြစ်နေလေပြီ။ ကျနော်တို့ အုပ်စုဝင်လာသော် ယခင်ရှိပြီးသူများလည်း လှုပ်လှုပ်ရွရွဖြစ်လာကာ ယောက်ျားများက မတ်တပ်ရပ်ကာ ဘေးထွက်ပေး၍ မိန်းမများနှင့် ကလေးငယ်များကို ဦးစားပေးကာ နေရာထိုင်ခင်း ပေးကြသည်။ ကျန်ရှိသည့် အမျိုးသားများကတော့ မတ်တပ်ရပ်လျက် အချုပ်ခန်း သံတိုင်များကို မှီကာ ဆိုးရွားလှသည့် အနံ့အသက် မျိုးစုံကြား တညလုံး ပင်ပင်ပန်းပန်း နေကြရသည်။ နံနက်မိုးလင်းသော် ကျနော်တို့ အချုပ်သားများအား ကန်စွန်းရွက် ရေလုံပြုတ်ဖြင့် အဆာပြေကျွေးသည်။

အဖမ်းဆီးခံရသူ အလွန်များပြားသဖြင့် ကျနော်တို့ လူ ၄၀၀ နီးပါး အုပ်စုအား ထိုမနက်တွင်ပင် တရားရုံးတင်၍ မြန်မာနိုင်ငံဘက်သို့ ပြန်ပို့ရန်စီစဉ်နေကြောင်း ကရင်စကားပြန် တဦးထံမှ ကြားသိရသည်။ သူပြောသည့် အတိုင်းပင် နံနက် ၉ နာရီထိုးသော် တရားရုံးသို့သွားရန် ရဲစခန်းအပြင်ရှိ အချုပ်ကားပေါ်သို့ တန်းစီတက်ကြရသည်။ ရဲစခန်း အရှေ့ ကွင်းပြင်တွင်တော့ အချုပ်ခန်းထဲသို့ ဝင်ရန် စိုက်ပျိုးရေး လုပ်ငန်းများမှ ဖမ်းဆီးလာဟန်တူသော တရားမဝင် အလုပ်သမား ၂၀၀ နီးပါးအား တွေ့မြင်လိုက်ရသည်။ ဘဝတူတွေမို့ မြင်ရသည်မှာ စိတ်ထဲတွင် မကောင်းလှ။

တရားရုံးတွင် စကားပြန် အကူအညီဖြင့် တရားသူကြီး ချမှတ်သော အမိန့်များအား နာခံကြရသည်။ ထို့နောက် ကျနော်တို့ လူအုပ်ကြီးအား တရားရုံး အချုပ်ခန်းကြီးတွင် ၂ နာရီခန့် ခေတ္တထားသည်။ ပြီးသော် ရဲအချုပ်ကားများ မဟုတ်တော့ဘဲ အချုပ်ကားသဖွယ် ပြုပြင်ထားသည့် ကုန်တင်ယာဉ် ဟီးနီုးခြောက်ဘီး ကားကြီးနှစ်စီးပေါ်သို့ ကျွဲနွားများသဖွယ် ထိုင်းရဲများက မောင်းတင်ကြသည်။ ကားပေါ်တွင် အသက်ကို မနည်းလုရှုရသည်။

ထို့နောက် ထိုင်း-မြန်မာ နယ်စပ် မြန်မာနိုင်ငံ ဘက်ခြမ်းရှိ မြဝတီ၊ ရွှေကုက္ကိုရွာသို့ စက်လှေကြီးများဖြင့် တင်ပို့ကြသည် (ယခုအခါ အများအားဖြင့် မြဝတီတံတား၊ DKBA ဂိတ်များ ဝန်းကျင် အနီးတွင်သာ သွန်ချသွား တတ်သည်)။ တချို့ မြန်မာ စကားတတ်သော ထိုင်းရဲများကလည်း “ဒါ မင်းတို့နိုင်ငံ မဟုတ်ဘူးကွ … ဒါ ငါတို့နိုင်ငံ” ဟူ၍ မြန်မာလိုပင် ပီပီ သသ ဆဲဆို အော်ဟစ်ကာ သူတို့အချင်းချင်း ပြောဆို ရယ်မောနေ ကြသည်။ ခံရသူတွေကတော့ဖြင့် … ။

ရွှေကုက္ကိုရွာ ကမ်းစပ်သို့ ရောက်ကုန်ကြလေပြီ။ အဖမ်းဆီးခံရဖူးသော အတွေ့အကြုံ ရှိသူတွေကတော့ ကမ်းစပ် နားတွင် နားနားနေနေ ခေတ္တအပန်ဖြေကာ မြဝတီဘက်သို့ ခရီးဆက်ကြသည်။ အတွေ့အကြုံ မရှိသူများကတော့ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ၊ ယောင်လည်လည်ဖြင့် ဟိုလူ့နောက် လိုက်ရနိုး၊ ဒီလူ့နောက် လိုက်ရနိုး ဖြစ်နေကြ သည်။ ဒါကိုသိသော အတွေ့အကြုံ ရှိသူများက စာနာစိတ်ဖြင့် အုပ်စုများဖွဲ့၍ လမ်းပြခေါ်ဆောင် သွားကြသည်။

လူ ၂၀ ခန့်ရှိသော ကျနော်တို့ အုပ်စုက ရှေ့ဆုံးမှ ဖြစ်သည်။ လမ်းပြခေါ်ဆောင် သွားသူများက တဖွဲ့နှင့်တဖွဲ့ အတန်ငယ် အလှမ်းဝေးဝေး ခွဲကာသွားစေသည်။ မျက်ခြည်တော့ မပြတ်ပါ။ ဖိနပ်များ မပါဘဲ ခြုံတောတိုးလိုက်၊ ဆူးတောနင်းလိုက်၊ ဖုန်ပူပူပေါ်လျှောက်လိုက်နှင့် နောက်ဆုံး မြဝတီမြို့ အဝင်ဝကို မောမော ပန်းပန်းနှင့် ဆိုက်ရောက် လာပါတော့သည်။ ဖိနပ်မပါဘဲ တောလမ်း လျှောက်ခဲ့သည့် ဒုက္ခဒဏ်ရာကလည်း မသေးလှ။

မြို့အဝင်ဝနား မရောက်မီ မျက်နှာချင်းဆိုင်မှ လာနေသော လူ ၃ ယောက်က “ရပ်” ဟု ဆိုသောကြောင့် ကျနော်တို့အုပ်စု ရပ်ပေးလိုက်ရသည်။ ရပ်ဆို၍သာ ရပ်လိုက်ရသည်။ ဘယ်ကလူ ဘယ်အရပ်ကမှန်းလည်း မသိ၊ ယူနီဖောင်း တစုံတရာလည်း ဝတ်မထား၊ ရဲလား၊ စစ်သားလား၊ DKBA လား မခွဲခြားတတ်။

၎င်းတို့ထဲမှ မျက်နှာ အဆီပြန်ပြန်နှင့် လူက “မင်းတို့ ဟိုဘက်ကမ်းက ပြန်ပို့ခံရတဲ့ ကောင်တွေ မဟုတ်လား” ဟု စမေးသည်။

ကျနော်တို့ အုပ်စုထဲမှ အသက် ၃၀ ကျော် အစ်ကိုကြီး တဦးက “ဟုတ်ကဲ့ပါ ဆရာ” ဟု ပြန်ဖြေလိုက်သည်။ ဆရာတဲ့၊ ဘာဆရာလဲတော့ မသိ၊ မြန်မာပြည်တွင် ဆရာတွေက သိပ်ပေါများ လွန်းလှသည်။

ထိုပုဂ္ဂိုလ်ကပင် ဆက်၍ “အေး … သူများနိုင်ငံမှာ အောက်ကျ နောက်ကျ သွားလုပ်ချင်တဲ့ ကောင်တွေ ဒီလိုပဲ ဖြစ်ရမှာပဲ။ ကိုယ့်တိုင်းပြည်ကို မချစ်တတ်ကြဘူး။ ကိုယ့်တိုင်းပြည် ကိုယ့်နိုင်ငံမှာ အလုပ်အကိုင်တွေက အများကြီး ရှိနေတာ။ အထင်ကြီးပြီး သူများနိုင်ငံကို သွားလုပ်ချင်ကြတယ်။ ဒီမှာလည်း အလုပ်တွေအများကြီး ရှိနေတာပဲ။ တနေ့ ကျပ်သုံးရာပေးမယ် လုပ်ကြမလား” ဟု ဆိုကာ တောတွင်း တနေရာဘက်သို့ လက်ညှိုး ညွှန်ပြသည်။

ဘာအလုပ်ကို ဆိုလိုတာလဲတော့ မသိ။ တောရှင်းခိုင်းတာလား မပြောတတ်။ ကျနော်တို့အား ဟောက် ကောင်းကောင်းနှင့် ဖိဟောက်ကာ သွားခွင့်ပေးသည်။ သည်ပုံစံနှင့်ဆို အနောက်တွင် ကျန်နေသေးသည့် ဘဝတူများလည်း ဟောက်ခံထိပေဦးတော့မည်။

မြို့ထဲရောက်ပြီဖြစ်၍ နှုတ်ဆက် လမ်းခွဲကြကာ အလျှိုအလျှို ဟိုလမ်းဝင် ဒီလမ်းထွက်ဖြင့် ပျောက်ကွယ် သွားကြသည်။ ကျနော်နှင့် အလုပ်တူ သူငယ်ချင်း တဦးသာ ငူငူကြီး ရပ်၍ကျန်ခဲ့သည်။ မြဝတီကို တခါမှ ရောက်ဖူးသူများ မဟုတ်ကြပါ။ လက်ထဲ၌ ငွေကြေးလည်း တပြားမှမရှိ။ ကံကောင်းချင်တော့ ကျနော်တို့ အုပ်စုထဲတွင် မြဝတီမြို့ခံ လူပျိုကြီး ဦးလေးတယောက် ပါလာသည်။ သူက ကျနော်တို့ ၂ ဦး၏ အခြေအနေကိုကြည့်ကာ သူ့အိမ်တွင် လိုက်တည်းပါရန် ဖိတ်ခေါ်လေသည်။

သို့နှင့် ထိုဦးလေး၏ အိမ် အမည်ခံ တဲပုတ်ကလေးထဲတွင် ၃ ယောက်သား ဦးလေးကြီး၏ မရှိမဲ့၊ ရှိမဲ့ ပိုက်ဆံ ကလေးများနှင့် ချက်ကျွေးသော ထမင်းနှင့် ငါးပိ၊ တို့စရာများကို အားပါး တရစားကာ အနားယူ အိပ်စက်ကြ တော့သည်။ ထို ဦးလေးနှင့် သူငယ်ချင်းကတော့ ပင်ပန်းသော ဒဏ်ကြောင့်ထင်သည်၊ တခေါခေါနှင့်ဟောက်ကာ အိပ်ပျော် သွားကြပြီ။

သို့သော် ကျနော်ကတော့ အိပ်မပျော်ပါ … ။ မနက်ဖြန် မဲဆောက်သို့ မည်သို့ မည်ပုံ ပြန်လှည့် ရမည်ကိုသာ စဉ်းစားနေမိသည်။ ပြီးတော့ မျက်နှာ အဆီပြန်ပြန်နှင့်လူကြီး ပြောခဲ့သော “သူများနိုင်ငံမှာ အောက်ကျ နောက်ကျ သွားလုပ်ချင်တဲ့ ကောင်တွေ ဒီလိုပဲ ဖြစ်ရမှာပဲ။ ကိုယ့်တိုင်းပြည်ကို မချစ်တတ်ကြဘူး” ဟူသော စကားကိုလည်း အထပ်ထပ် အခါခါ ကြားယောင်နေမိပါသည်။

ယခုနှစ်အတွင်း တတိယနိုင်ငံသို့ အခြေချခွင့်ရသူ လျော့နည်းလာ
ဝီရ   /   ၀၉ ဇူလိုင် ခေတ်ပြိုင်

ထိုင်း-မြန်မာနယ်စပ်တလျှောက်ရှိ ဒုက္ခသည်စခန်းများမှတဆင့် ၂၀၁၀ ခုနှစ်အတွင်း တတိယနိုင်ငံသို့ အခြေချခွင့်ရသူ ဦးရေသည် ယမန်နှစ်ထက် များစွာလျော့နည်းခဲ့ကြောင်း ထိုင်း-မြန်မာနယ်စပ် ပူးပေါင်းကူညီရေးအဖွဲ့ (တီဘီဘီစီ) က ပြောကြားသည်။

၂၀၁၀ ခုနှစ် (၆) လတာ ကာလအတွင်း ထိုင်း-မြန်မာနယ်စပ်မှတဆင့် တတိယနိုင်ငံသို့ အခြေချခွင့်ရခဲ့သူ (၄,၆၇၀) ဦးရှိပြီး ၂၀၀၉ ခုနှစ်တွင်မူ ဦးရေ (၁၆,၆၈၅) ဦးအထိရှိခဲ့ကြောင်း တီဘီဘီစီ၏ စာရင်းတွင်ဖော်ပြသည်။

ယင်းသို့ ထွက်ခွာခွင့်ရရှိသူ နည်းပါးလာရသည့် အဓိကအကြောင်းမှာ အခြေချခွင့်ပေးသောနိုင်ငံများက ဒုက္ခသည်များအား ရွေးချယ်ရာတွင် အချက်အလက်များ ပိုမိုတင်းကျပ်လာခြင်းကြောင့်ဖြစ်သည်ဟု တီဘီဘီစီ အကြီးအကဲဖြစ်သူ Jack Dunford က ပြောသည်။

၎င်းက “ဥပမာ ဒုက္ခသည်အများစုဟာ လက်နက်ကိုင်အဖွဲ့အစည်းတခုခုနဲ့ ပတ်သက်ဆက်နွှယ်နေသူတွေဖြစ်တယ်။ အဲဒီအတွက် အခြေချခွင့်ပေးတဲ့ နိုင်ငံတွေရဲ့ အလေးပေးမှုထဲမှာ အဲဒီလူတွေ မပါတော့ဘူး။ ပြီးတော့ ရွေးချယ်ရာမှာ ဒုက္ခသည်တွေရဲ့ အတွေ့အကြုံ ဗဟုသုတ ရှိမှု၊ မရှိမှု အပေါ်မှာလည်း နောက်ပိုင်းမှာ မူတည်လာတယ်။ အခြားအချက်တွေက ကျန်းမာရေးဆိုင်ရာတွေကြောင့်ပါ။ ဒါကြောင့် ဒီ (၆) လအတွင်းမှာ ထွက်ခွာခွင့်ရသူ နည်းသွားတာ ဖြစ်ပါတယ်” ဟု ပြောသည်။

အခြေချခွင့်ရရှိသူ အများစုအနက် အမေရိကန်နိုင်ငံက အများဆုံး လက်ခံခဲ့ပြီး သြစတြေးလျ၊ ကနေဒါ၊ နော်ဝေ၊ ဖင်လန်၊ ဆွီဒင်၊ နယူးဇီလန်၊ ဒိန်းမတ်၊ နယ်သာလန်၊ ယူကေနိုင်ငံတို့က အနည်းငယ်စီ လက်ခံခဲ့ကြသည်။
            ထိုင်း-မြန်မာနယ်စပ်တလျှောက် ဒုက္ခသည်စခန်း (၉) ခုတွင် တီဘီဘီစီ၏ အထောက်အပံ့ ရရှိထားသူ ဒုက္ခသည်ဦးရေ (၁၄၀,၀၉၄) ဦးရှိကြောင်း ယင်းအဖွဲ့ထုတ်ပြန်ချက်တွင် ပါရှိသည်။
            တီဘီဘီစီသည် နိုင်ငံပေါင်း (၁၀) နိုင်ငံမှ အန်ဂျီအိုအဖွဲ့ (၁၂) ဖွဲ့ဖြင့် စုစည်းထားသော ညွန့်ပေါင်းအဖွဲ့အစည်းတရပ်ဖြစ်ပြီး ထိုင်း-မြန်မာနယ်စပ်တလျှောက် ဒုက္ခသည်များအတွက် အခြေခံစားနပ်ရိက္ခာများ၊ ဆေးဝါးနှင့် ခိုလှုံခွင့်အတွက် အကာအကွယ် ပေးနေသည့် အဖွဲ့အစည်းဖြစ်သည်။
            တတိယနိုင်ငံသို့ အခြေချရာတွင် စခန်းအကြီးအကဲအချို့နှင့် ပွဲစားအချို့ကြောင့် မသမာမှုများ ရှိနေဆဲဖြစ်ကြောင်း မယ်လဒုက္ခသည်စခန်းမှ ကိုရင်မောင်က ဆိုသည်။
            ၎င်းက “ထွက်ခွင့်ရတဲ့ အချို့သူတွေရဲ့နေရာမှာ ပွဲစားတွေက လူအစားထိုးပြီး သွားခိုင်းတာတွေ အခုရှိနေဆဲပဲ။ ဒီကိစ္စက စခန်းထဲက အကြီးအကဲတွေ မပါဘဲနဲ့တော့ ဘယ်လိုမှ လုပ်လို့ရတဲ့ကိစ္စ မဟုတ်ဘူးလေ။ အဲဒီအတွက် ရန်ကုန်မြို့အပါအဝင် ပိုက်ဆံရှိတဲ့သူတွေက ထွက်ချိန်ရောက်မှ စခန်းကို ခဏရောက်လာပြီး သွားခွင့်ရတာတွေ ရှိတယ်။ ကျနော်က မိသားစုရှိတော့ မိသားစုအားလုံး သွားနိုင်တဲ့နိုင်ငံရမှ ဖြစ်မယ်လေ။ ဒီလိုဆိုပြန်တော့လည်း ကိုယ်သွားချင်တဲ့နိုင်ငံတွေက လက်မခံပြန်ဘူး” ဟု ပြောသည်။
            ယခုနှစ်အတွင်း ကျင်းပမည့် အထွေထွေရွေးကောက်ပွဲ မတိုင်မီ မြန်မာစစ်အစိုးရ၏ ဖိအားပေးမှုကြောင့် ထိုင်းနယ်စပ်သို့ ဒုက္ခသည် အမြောက်အမြား ဝင်ရောက်လာဖွယ်ရှိပြီး ယခုနှစ်သည် အခက်အခဲများနှင့် ရင်ဆိုင်ရဖွယ်ရှိကြောင်း Jack Dunford က ဆိုသည်။
            ငွေလဲလှယ်နှုန်း ကျဆင်းလာခြင်း၊ ဆန်ဈေးနှုန်း မြင့်တက်လာခြင်းနှင့် ဒုက္ခသည်များ ထပ်မံတိုးပွားလာခြင်းတို့ကြောင့် ဒုက္ခသည်များအား ထောက်ပံ့ပေးထားသည့် ခွဲတမ်းများကိုလည်း နှစ်စဉ် လျှော့ချနေရပြီး ယခုနှစ်တွင် ထပ်မံ လျှော့ချရဖွယ် ရှိကြောင်း သိရသည်။
            ၂၀၀၆ ခုနှစ်မှစ၍ တတိယနိုင်များသို့ အခြေချခွင့် ရရှိပြီးသူပေါင်း (၆) သောင်းခန့်ရှိပြီဖြစ်ကြောင်း တီဘီဘီစီက ဖော်ပြသည်။

 လမ်းဘေးဈေးသည်များ ဈေးရောင်းခွင့် ကန့်သတ်
မျိုးချစ်သူ   /   ၀၉ ဇူလိုင် ခေတ်ပြိုင်

ရန်ကုန်မြို့ရှိ လမ်းဘေးဈေးသည်များကို နံနက် (၆) နာရီမှ (ည) ၆ နာရီအတွင်း လုံးဝရောင်းချခွင့်မရှိကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက အမိန့်ထုတ်ပြန်လိုက်သည်။

ယခုလ (၇) ရက်နေ့မှ စတင်ကာ ဈေးရောင်းချခွင့်ကို သက်ဆိုင်ရာမြို့နယ်များက ပိတ်ပင်သွားမည်ဖြစ်ကြောင်း စည်ပင်ကော်မတီဝင်တဦးက ပြောသည်။

၎င်းက “လမ်းဘေးဈေးသည်တွေကြောင့် လမ်းတွေပေါ်မှာ အမှိုက်တွေ ပွတယ်၊ ညစ်ပတ်တယ်၊ ယာဉ်ကြောကျပ်တယ်၊ ယာဉ်တိုက်မှုတွေ ဖြစ်စေတယ်။ အဲဒါတွေကြောင့် အခုလို အမိန့်ထုတ်ပြန်ရတာ ဖြစ်တယ်။ လူတွေက အာဏာနဲ့ အမိန့်ထုတ်ပြန်မှ ကြောက်ကြတယ်၊ အေးအေးဆေးဆေး ပြောတာကို လက်မခံကြဘူး” ဟု ပြောသည်။
            ရန်ကုန်မြို့တွင်း (၆) မြို့နယ်ဖြစ်သည့် ပုဇွန်တောင်၊ ဗိုလ်တထောင်၊ ကျောက်တံတား၊ ပန်းဘဲတန်း၊ လသာ၊ လမ်းမတော်တို့တွင် လမ်းဘေးဈေးသည်များကို မြို့တော်စည်ပင်မှ လော်စပီကာများဖြင့် ဈေးရောင်းချခြင်းမပြုရန် ယမန်နေ့၌ လိုက်လံအော်ဟစ် သတိပေးနေသည်။
            (၃၉) လမ်းထိပ်တွင် ထမင်းဆိုင်ဖွင့်သူတဦးက “ဒီအနားမှာက ပွဲစားတွေပေါတော့ စားသူတွေပေါတယ်။ ဈေးကလည်း တော်တဲ့ ဈေးလေးနဲ့ပဲ ရောင်းတာဆိုတော့ စားသူများတယ်။ အခုတော့ ဒီဆိုင်လေးကို ဘယ်နေရာ ရွှေ့လို့ ရွှေ့ရမှန်း မသိတော့ဘူး” ဟု ပြောသည်။
            ရန်ကုန်မြို့တွင်းသာမက ကမာရွတ်၊ တာမွေ၊ ဗဟန်း၊ စမ်းချောင်း၊ ကြည့်မြင်တိုင်၊ အလုံ စသည့် မြို့နယ်တို့၌လည်း လမ်းဘေးဈေးသည်များ ရောင်းချခွင့်ကို လုံးဝပိတ်ပင်လိုက်သည်။
            ပတ်ဝန်းကျင်ကို ညစ်ညမ်းထိခိုက်စေသဖြင့် လမ်းဘေးဈေးသည်များအား ဈေးရောင်းခြင်း ပိတ်ပင်သည်ကို လက်ခံသော်လည်း ၎င်းတို့အား အခြားနေရာစီစဉ်မပေးနိုင်ဘဲ ပြုလုပ်သည်မှာ မတရားလုပ်ရာကျကြောင်း စည်ပင်သာယာ အင်ဂျင်နီယာဌာနမှ ၀န်ထမ်းတဦးက ပြောသည်။
            ၎င်းက “ဈေးရောင်းမယ့်နေရာတွေကို ဈေးတန်းတွေ လုပ်ပေးထားပေါ့။ အခု ဒီစီမံချက်က အောင်မြင်မှာ မဟုတ်ဘူး။ လမ်းဘေး ဈေးသည်နဲ့ ရန်ကုန်က ကင်းလို့မရဘူးလေ။ ကျနော်တို့လည်း မြို့ထဲမှာ လမ်းဘေးဈေးသည်တွေကိုပဲ အားကိုးနေရတာ” ဟု ပြောသည်။
            ယခင်က ရန်ကုန်တွင် လမ်းဘေးဈေးသည် ရှင်းလင်းရေးစီမံချက်ကို စည်ပင်မှခန့်ထားသော လုံခြုံရေးအဖွဲ့က နံနက်ပိုင်းတွင် လိုက်လံဖမ်းဆီးမှုများ ပြုလုပ်ကြောင်း၊ ယခုမူ လုံးဝဈေးမရောင်းရဟု စပီကာဖြင့် လိုက်လံအသိပေးနေကြောင်း အနော်ရထာလမ်းမပေါ်တွင် ဈေးရောင်းသူတဦးက ပြောသည်။
            ၎င်းက “ကျမက ဒီမှာ စတီးပစ္စည်းတွေ ရောင်းလာတာကြာပြီ။ သူတို့ကတော့ ညနေ (၃) နာရီမှာမှ ရောင်းရမယ်လို့ ပြောထားပေမယ့် ကျမတို့ဈေးသည်တွေက မနက်ကဘဲ ထွက်ကြတယ်၊ ရောင်းကြတယ်၊ စည်ပင်ကရဲတွေ လာဖမ်းတယ်၊ ပြေးကြတယ်၊ ဒီလိုနဲ့ပဲ နေလာကြတာ။ အခုတော့ ညဈေးပဲ ရောင်းရမယ့်အနေအထားပေါ့။ အဲဒီအချိန်မှာ မြို့ထဲကို အလုပ်လာသူတွေက ပြန်ချိန်လေ၊ ရေရှည်ဆိုရင်တော့ မလွယ်နိုင်ဘူး၊ ကျမတို့ ဒီအမိန့်ကို လက်မခံနိုင်ဘူး” ဟု ပြောသည်။
            ရန်ကုန်စည်ပင်သာယာရေးကော်မတီသည် ပြည်သူများ၏ လူမှုရေးအခက်အခဲများကို ဖြေရှင်းပေးရသော အဖွဲ့အစည်းအဖြစ် မည်သည့်ဝန်ကြီးဌာနအောက်တွင်မှ မရှိဘဲ သီးသန့်ကိုယ်ပိုင်ဝင်ငွေဖြင့် ရပ်တည်သော ဌာနတခုဖြစ်သည်။
            စည်ပင်သာယာရေးကော်မတီ၏ ဥက္ကဋ္ဌမှာ ကြံ့ဖွံ့ ပါတီ၏ ရန်ကုန်တိုင်း ဗဟိုအလုပ်အမှုဆောင် ဦးအောင်သိန်းလင်းဖြစ်သည်။

 တပ်ရင်းမှူး စိတ်ကောက်၍ ဘုရားသုံးဆူဂိတ်ပိတ်
မြတ်ခိုင်ဦး   /   ၀၉ ဇူလိုင် ခေတ်ပြိုင်

ယနေ့ နေ့လယ်ပိုင်းတွင် ထိုင်း-မြန်မာ နှစ်နိုင်ငံ ဖြတ်သန်းသွားလာရသော စံခရဘူရီ-ဘုရားသုံးဆူဂိတ်၏ (No man land) ဘုံဆိုင်မြေကို ပိတ်လိုက်သဖြင့် ခရီးသွားလာသူများ ဒုက္ခရောက်နေကြကြောင်း သိရသည်။

ယမန်နေ့က စတင်၍ မြန်မာဘက်အခြမ်းရှိ လမ်းကို ကွန်ကရစ်လောင်းနေပြီး ယနေ့နံနက်တွင် ဘုံဆိုင်မြေအတွင်းသို့ ဝင်ရောက် လောင်းချလာသည့်အတွက် ထိုင်းအာဏာပိုင်များက ကန့်ကွက်ခဲ့သောကြောင့် အများပြည်သူသွားလာရန် ဖွင့်လှစ်ထားပေးသောလမ်းကို မြန်မာအာဏာပိုင်တို့က ပိတ်လိုက်သဖြင့် ဘုရားသုံးဆူမြို့အတွင်း သွားလာလည်ပတ် အရောင်းအဝယ်လုပ်နေသူများ ဒုက္ခရောက်နေကြသည်ဟု ထိုင်းအာဏာပိုင် သတင်းရပ်ကွက်နှင့်နီးစပ်သူတဦးက ပြောသည်။

၎င်းက “မနေ့ကတည်းက မြန်မာဘက်အခြမ်းမှာ ကွန်ကရစ် လောင်းနေတာ ဒီမနက်ကြတော့ ဒီဘုံဆိုင်မြေအထဲကို ဝင်လောင်းလာတယ်။ ထိုင်းဘက်ကသွားပြောတော့ မြန်မာဘက်က ဒါသူတို့မြေ သူတို့ပိုင်တယ်ပေါ့လေ။ အဲဒီမှာ စကားများကြပြီး မြန်မာတပ်ရင်းမှူးက စိတ်ကောက်ပြီး ပိတ်ခိုင်းလို့ ပိတ်လိုက်တယ်” ဟု ပြောသည်။

အဆိုပါ တပ်ရင်းမှူးမှာ ခလရ (၃၂) မှ ဒု-ဗိုလ်မှူးကြီး အောင်တင့်ခိုင်ဖြစ်ပြီး နှစ်နိုင်ငံ နယ်စပ်ကော်မတီ၏ မြန်မာဘက်ခြမ်းမှ ဥက္ကဋ္ဌလည်းဖြစ်သည်။ ယခင်မူလ တည်ရှိနေသော ဝင်ထွက်သွားလာရာ ဂိတ်ကြီးကိုမူ ပိတ်ထားသည်မှာ (၃) နှစ်ခန့် ရှိပြီဖြစ်သည်။ ယခုလမ်းကိုမူ လူ၊ မော်တော်ကား၊ ဆိုင်ကယ်များ သွားလာ၍ရရန် ဖွင့်ပေးထားခြင်းဖြစ်သည်။

အဆိုပါကိစ္စဖြစ်ပွားခဲ့၍ ဓာတ်ပုံမှတ်တမ်းတင်ရန် ထိုင်းနိုင်ငံဘက်အခြမ်း ဘုန်းကြီးကျောင်းဝင်းအတွင်းမှ ဓာတ်ပုံသွားရိုက်သူများကိုလည်း မြန်မာစစ်တပ်မှ ခဲဖြင့်ပေါက်၍ ပြန်လှည့်လာခဲ့ရကြောင်း အဆိုပါ ထိုင်းသတင်းရပ်ကွက်နှင့် နီးစပ်သူက ပြောသည်။

အလားတူ ထိုင်း-မြန်မာနှစ်နိုင်ငံ ဖြတ်သန်းသွားလာရသော မဲဆောက်-မြဝတီ ဂိတ်ကိုလည်း ယမန်နေ့က မြ၀တီသို့ ကရင်ပြည်နယ်ဥက္ကဋ္ဌ ဗိုလ်မှူးချုပ်ဇော်မင်းနှင့် ပြည်နယ်ရဲမှူးကြီးကျော်မြင့်တို့ လာရောက်ပြီး ကုန်သွယ်ရေးကိစ္စများ လာရောက်စစ်ဆေးနေ၍ ယနေ့နံနက် (၇) နာရီခန့်က လူရောကားပါ ပိတ်ထားလိုက်ကာ နေ့လယ် (၃) နာရီခွဲတွင် ပြန်လည်ဖွင့်လှစ်ပေးလိုက်သည်ဟု သိရသည်။

ထိုင်းနိုင်ငံမြောက်ပိုင်း မယ်ဆိုင်မြို့နှင့်ကပ်လျက် မယ်ဆိုင်-တာချီလိတ်ဂိတ်မှာမူ ပုံမှန်ဖွင့်လှစ်ထားရှိကြောင်း ဒေသခံတဦးက ပြောသည်။

 ပုဂံစင်တာ တည်ဆောက်ရေးမှ ရုံးဝန်ထမ်းများ မူလရုံး၌ ပြန်လည်တာဝန်ထမ်းခွင့်ရ

အောင်ထက်   /   ၀၉ ဇူလိုင် ခေတ်ပြိုင်

ပုဂံမြို့၊ ဗုဒ္ဓဓမ္မစင်တာ တည်ဆောက်ရေး လုပ်ငန်းခွင်၌ အလုပ်ကြမ်း ခိုင်းစေခြင်းခံနေရသည့် သာသနာရေးရုံး ၀န်ထမ်း (၁၀) ဦးခန့်သည် ၎င်းတို့မူလရုံးဖြစ်သည့် ရန်ကုန်မြို့၊ ကမ္ဘာအေးဘုရားလမ်းရှိ သာသနာရေးဝန်ကြီးရုံးသို့ ဇူလိုင် ပထမပတ်တွင် ပြန်လည်တာဝန်ထမ်းဆောင်ခွင့်ရပြီဟု သိရသည်။

ပြီးခဲ့သည့် ဇွန် (၃၀) ရက်တွင် သာသနာရေးရုံးဝန်ထမ်းများ အလုပ်ကြမ်းလုပ်နေကြရ ဟူသည့်ခေါင်းစဉ်ဖြင့် ခေတ်ပြိုင်က သတင်းဖော်ပြခဲ့သည်။ ထို့နောက်ပိုင်း ယခုကဲ့သို့ ၀န်ထမ်းများ ရန်ကုန်မြို့၌ ပြန်လည်တာဝန်ထမ်းဆောင်ခွင့် ရခြင်းဖြစ်ကြောင်း သာသနာရေးရုံးမှ ၀န်ထမ်းတဦးက ပြောသည်။
ယင်း သတင်းနောက်ဆက်တွဲအဖြစ် ပုဂံစင်တာ အုပ်ချုပ်သူ ဦးမောင်နီ (ဒု-ဗိုလ်မှူးကြီး-ငြိမ်း) အား နေပြည်တော် သာသနာရေးဦးစီးဌာနသို့ ပြန်လည်ခေါ်ယူခဲ့ပြီး နေပြည်တော်၊ သာသနာရေးဝန်ကြီးဌာန၏ ရေလှောင်တမံစီမံကိန်းသို့ စေလွှတ်ဖွယ်ရှိသည်ဟု သတင်းများ ထွက်ပေါ်နေသည်။

ဦးမောင်နီအား သာသနာရေးရုံးဝန်ထမ်း အများစုက ရုံးလုပ်ငန်းနှင့် ဆီလျော်မှုမရှိသော အလုပ်ကြမ်းများကို ဗျူရိုကရက်ဆန်ဆန် ခိုင်းစေသည့် အရာရှိကြီးတဦးအဖြစ် သတ်မှတ်ကြသည်။

“တချို့ ဦးစီးအရာရှိတွေ ဘိလပ်မြေအိတ် ထမ်းနေရတယ်။ အလုပ်ပင်ပန်းလို့ ခဏနားနေတဲ့ ၀န်ထမ်းတွေ့ရင် ဦးမောင်နီက လေးခွနဲ့ပစ်ပြီး အတင်းလုပ်ခိုင်းတတ်တယ်” ဟု ၀န်ထမ်းတဦးက ၎င်း၏အတွေ့အကြုံကို ပြောသည်။

သာသနာရေးဝန်ကြီးဌာနတွင် တရားမျှတမှုမရှိသော ဌာနတွင်း အုပ်ချုပ်ရေးစနစ်အပေါ်၌လည်း ၀န်ထမ်းအားလုံး စိတ်ပျက်နေကြသည်ဟု သိရသည်။

လက်ရှိတွင် ပုဂံမြို့၊ ဗုဒ္ဓဓမ္မစင်တာ တည်ဆောက်ရေးကို သာသနာရေးဦးစီးဌာန၊ ဒု-ညွှန်ကြားရေးမှူးချုပ် ဦးမြတ်သူ (ဒု-ဗိုလ်မှူးကြီး- ငြိမ်း) က ဆက်လက် တာဝန်ယူထားသည်။ ၎င်းတာဝန်ထမ်းဆောင်သည့်နေ့မှာပင် ယခင်ဝန်ထမ်းများကို တဦးမျှ မလိုချင်ကြောင်း၊ ရန်ကုန်သို့ အမြန်ပြန်ပို့ရန် ညွှန်ကြားကြောင်း သာသနာရေးရုံး ၀န်ထမ်းတို့ထံမှ သိရသည်။

အလုပ်ကြမ်းခိုင်းစေမှု သတင်းပေါက်ကြားမှုအပေါ် ဦးစီးအရာရှိတဦးက “ဌာနတွင်း စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ဖို့ အစီအစဉ် ရှိနိုင်တယ်။ ရန်ကုန်-ပုဂံစင်တာ ကူးချည် သန်းချည် လုပ်နေရတဲ့ ၀န်ထမ်းတွေက အများကြီး။ ဒီတော့ အလုပ်ကြမ်းခိုင်းစေမှု သတင်းပေါက်ကြားသွားတဲ့အပေါ် လက်သည်ရှာရ ခက်နေတယ်” ဟု ပြောသည်။

လတ်တလော ပုဂံစင်တာ တည်ဆောက်ရေးလုပ်ငန်းခွင်၌ ပြည်နယ်/တိုင်းတို့မှ သာသနာရေးရုံးဝန်ထမ်းအချို့ ကျန်ရှိနေသေးသည်ဟု သိရသည်။

ဗုဒ္ဓဓမ္မ စင်တာသည် နိုင်ငံတော်၏ စိုက်ထုတ်ကုန်ကျမှု၊ သာသနာရေးဝန်ကြီးဌာန ၀န်ကြီး၏ ဦးဆောင်လမ်းညွှန်မှုဖြင့် တည်ဆောက်နေခြင်းဖြစ်ပြီး ပုဂံမြို့၊ ပုဂံယဉ်ကျေးမှုနယ်မြေ၊ အာနန္ဒာဘုရားအနီးတွင် တည်ရှိကာ တည်ဆောက်ချိန် (၁) နှစ်ခွဲခန့် ကြာမြင့်နေပြီဖြစ်သည်။

 မြန်မာ့ရွေးကောက်ပွဲ ရှုတ်ချရန် မလေးအစိုးရကို တိုက်တွန်းမည်
စိုးမိုး   /   ၀၉ ဇူလိုင် ခေတ်ပြိုင်

မြန်မာစစ်အစိုးရကျင်းပမည့် ၂၀၁၀ ရွေးကောက်ပွဲ၏ တရားမမျှတမှုများကို ရှုတ်ချသွားရန် မလေးရှား လွှတ်တော်အမတ်များက မလေးရှား အာဏာရအစိုးရကို တိုက်တွန်းသွားမည်ဟု ယမန်နေ့က ပြောကြားလိုက်သည်။

ယခုလ (၇) ရက်နှင့် (၈) ရက်နေ့တို့တွင် မြန်မာ့ဒီမိုကရေစီရေးနှင့် လူ့အခွင့်အရေး လှုပ်ရှားနေသည့် တပ်ပေါင်းစု (၁၀) စုမှ ကိုယ်စားလှယ်များ ပူးပေါင်းဆောင်ရွက်သည့် မလေးရှားပါလီမန်အတွင်း မြန်မာ့ ၂၀၁၀ ရွေးကောက်ပွဲ တရားမမျှတမှုများ ကြားနာပွဲအပြီး ယခုကဲ့သို့ ရလဒ် ထွက်ပေါ်လာခြင်းဖြစ်သည်။

“ မလေးရှား အစိုးရအနေနဲ့ ရွေးကောက်ပွဲကို အသိအမှတ်မပြုဖို့၊ ရလာတဲ့ ရလဒ်ကို အသိအမှတ်မပြုဖို့ ပြောတဲ့အခါမှာ လွှတ်တော်အမတ်တွေအနေနဲ့ သူတို့ ပါလီမန်ထဲမှာ ဒီဆုံးဖြတ်ချက်ကျဖို့အတွက် စပြီးတော့မှ စတင်ဆောင်ရွက်သွားဖို့ ဆိုပြီးတော့ သူတို့ အစိုးရဆီကို တိုက်တွန်းမှုတွေ လုပ်ဖို့ မနေ့က သတင်းစာရှင်းလင်းပွဲမှာ သူတို့ ပြောပါတယ်” ဟု တပ်ပေါင်းစု (၁၀) စု၏ ကိုယ်စားလှယ်တဦးဖြစ်သူ ဒေါ်ခင်ဥမ္မာက ပြောသည်။

မလေးရှားအစိုးရ ၀န်ကြီးချုပ်ရုံးဝန်ကြီး၊ အတိုက်အခံခေါင်းဆောင် ဒါတိုဆရီ အန်န၀ါ အီဘရာဟင်နှင့် ၀ါရင့်အတိုက်အခံ ခေါင်းဆောင်ဖြစ်သော အာဆီယံပါလီမန် အမတ်များအဖွဲ့ (မလေးရှားနိုင်ငံ- AIPMC) ဥက္ကဋ္ဌတို့နှင့်လည်း မြန်မာ့ရွေးကောက်ပွဲကိစ္စ သီးသန့်ဆွေးနွေးခဲ့ကြသည်။

အာဆီယံ ပါလီမန်အမတ်များအဖွဲ့ (မလေးရှား) ကလည်း ယမန်နှစ်ကတည်းက မြန်မာစစ်အစိုးရကို အာဆီယံအဖွဲ့ကြီးမှ ထုတ်ပစ်ရန် အဖွဲ့ကြီးအား တောင်းဆိုနေမှုကိုလည်း ဆက်လက်တောင်းဆိုသွားမည်ဟု ပြောကြားသည်။

“လောလောဆယ် ဖြစ်နေတဲ့ အနေအထားတွေပေါ်မှာ အီဗရာဟင်အနေနဲ့ သူ အကုန်လုံးသိတယ်။ အဲတော့ သူ့အနေနဲ့ အာဆီယံမှာ ဒီ နအဖကို အရေးယူမှု ဖြစ်ဖို့အတွက်ကို မလေးရှားက ပိုပြီးတော့မှ ထိထိရောက်ရောက် လုပ်ရမယ်ဆိုတဲ့အပေါ်မှာ သူ့ရဲ့ လွှတ်တော်အမတ် မိတ်ဆွေတွေ အကုန်လုံးကိုလည်း သူတိုက်တွန်းသွားမယ်လို့ ပြောသွားပါတယ်” ဟု ဒေါ်ခင်ဥမ္မာက ဆိုသည်။

တပ်ပေါင်းစု (၁၀) စု ကိုယ်စားလှယ်များက နအဖအစိုးရ ပြုလုပ်မည့် ရွေးကောက်ပွဲကြောင့် မြန်မာနိုင်ငံတွင်း စစ်အာဏာရှင်စနစ်ကို ပြောင်းလဲနိုင်မည် မဟုတ်သကဲ့သို့ အာဆီယံဒေသအတွင်းတွင်လည်း အခြေအနေကောင်းများ ဖန်တီးပေးနိုင်မည်မဟုတ်ကြောင်း ပြောဆို ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။

မြန်မာ့ဒီမိုကရေစီအရေးနှင့် တိုင်းရင်းသားလူမျိုးစု အခွင့်အရေး လှုပ်ရှားဆောင်ရွက်နေသည့် ပြည်တွင်းပြည်ပ ဒီမိုကရက်တစ် အဖွဲ့အစည်းများ ပူးပေါင်းပြီး တပ်ပေါင်းစုပေါင်း (၁၀) ခု ဖွဲ့စည်းထားခြင်းဖြစ်ပြီး တိုင်းရင်းသားလူမျိုးပေါင်းစုံ၊ နိုင်ငံရေးအဖွဲ့အစည်းများနှင့် အရပ်ဘက်လူထု အသင်းအဖွဲ့များ ပါဝင်သည်။

 မုံရွာတွင် ဘုန်းတော်ကြီးကျောင်းများ လုံခြုံရေး ချထား
တက်လူ   /   ၀၉ ဇူလိုင် ခေတ်ပြိုင်

ကမ္ဘာနှင့်အ၀ှန်း ကျော်ကြားခဲ့သော၂၀၀၇ ခုနှစ် ရွှေဝါရောင်သံဃာ့တော်လှန်ရေးတွင် ပါဝင်ခဲ့သည့် စစ်ကိုင်းတိုင်း မုံရွာမြို့ရှိ လယ်တီကျောင်းတိုက်၊ စိတ္တသုခကျောင်းတိုက်၊ ပေပင်ကျောင်းတိုက်နှင့် အရှေ့လေးထပ်ကျောင်းတိုက်တို့တွင် လုံခြုံရေးတပ်ဖွဲ့ နှင့် ရဲကားများ ချထားသည်ဟု သိရသည်။

စစ်ကိုင်းတိုင်း တိုင်းမှူး၏ ညွှန်ကြားချက်ဖြင့် ယင်းသို့လုံခြုံရေး ချခဲ့ခြင်းဖြစ်ကြောင်း မုံရွာမြို့နယ် ရဲအရာရှိတဦးက ပြောသည်။

ဘုန်းတော်ကြီးကျောင်းများကို လုံခြုံရေးချရန် မည်သည့်အကြောင်းမှ မကြားဘဲ ဘာ့ကြောင့် လုံခြုံရေးချသည်ကို မေးမြန်းသည့်အခါ ရဲများက တိုင်းမှူး၏အမိန့်ဖြစ်ကြောင်း ပြောသည်ဟု မုံရွာမြို့ခံတို့ထံမှ သိရသည်။

ယခင်လ (၃ဝ) ရက်နေ့တွင် လယ်တီကျောင်းနှင့် စိတ္တသုခကျောင်းတို့ကို မီးရှို့ရန်လာသည်ဟု ယူဆရသူ နှစ်ဦးအား သံဃာတော်များက ဖမ်းဆီးမိခဲ့ပြီး နောက်ပိုင်းတွင် ယခုကဲ့သို့ လုံခြုံရေးချခဲ့ခြင်းဖြစ်သည်။

“မီးမရှို့ခင် ဘုန်းကြီးကျောင်းတွေကို ကြိုတင်ပြီးတော့ ခြိမ်းခြောက်တဲ့သဘော အကြောင်းကြားတယ်လေ။ အဲဒီတော့ ဒီကိစ္စဟာ သွေးရိုးသားရိုး မဖြစ်နိုင်ဘူး” ဟု လယ်တီဘုန်းတော်ကြီးကျောင်းမှ ဒကာရင်းတဦးက ခေတ်ပြိုင်သို့ပြောသည်။

ထိုကြောင့် ကြိုတင်သိထားသဖြင့် မီးရှို့ချိန်တွင် ဖမ်းဆီးမိခြင်းဖြစ်ကြောင်း လယ်တီကျောင်းတိုက်မှ သံဃာတော်တပါးက မိန့်သည်။

၎င်းက “ဦးဇင်းတို့ ကျောင်းကို မီးရှို့ဖို့ လာတော့ အသက် (၁၄) နှစ်လောက်ပဲရှိတဲ့ နေဝင်းအောင်နဲ့ ဇော်ဇော်အောင်ဆိုတဲ့ ကလေး (၂) ယောက်ကို ဦးဇင်းတို့ ဆရာတော်က ဖမ်းမိတယ်” ဟု မိန့်သည်။
            ဘုန်းကြီးကျောင်းများကို မီးရှို့မည်ဟု ယူဆရသော သံသယဖြင့် လူ (၅) ဦးကို ဖမ်းဆီးထားပြီး စစ်ဆေးနေကြောင်း မုံရွာရဲစခန်းမှ တာဝန်ကျရဲအရာရှိတဦးက အတည်ပြုပြောကြားသည်။

သို့သော် ဖမ်းဆီးထားသူများ၏ အမည်နှင့် မည်သို့အရေးယူ အပြစ်ပေးမည်ဆိုသည်ကို ၎င်းက ပြောဆိုရန် ငြင်းဆန်ခဲ့သည်။

မုံရွာမှ စာပေနှင့်စာနယ်ဇင်းအဖွဲ့ဝင် မုံရွာမြို့ခံတဦးကမူ ယင်းသို့ ဘုန်းကြီးကျောင်းများကို မီးရှို့ရန်ကြံစည်မှုသည် စက်တင်ဘာ အရေးအခင်း မရောက်မီ သံဃာများကို စောင့်ကြည့်စေလိုသော ရည်ရွယ်ချက်ဖြင့် အမှုအခင်း ဖြစ်စေရန် အစိုးရဘက်မှ တမင်ဖန်တီးလိုက်ခြင်း ဖြစ်နိုင်ကြောင်း ပြောဆိုသည်။

၎င်းက “ဖြစ်နိုင်ချေ ရှိတာကို တွေးရတာပေါ့။ ဘာလို့လည်းဆိုတော့ အလကားသက်သက် စောင့်ကြည့်တာမျိုးကျတော့ အစိုးရအနေနဲ့ မကောင်းဘူးလေ။ အခုတော့ အကြောင်းပြချက် ရတာပေါ့။ အခုလို ကိစ္စတွေကြောင့် လုံခြုံရေးအရ စောင့်ကြည့်တာပါဆိုရင် ပြီးသွားပြီလေ” ဟု ပြောသည်။

ပြီးခဲ့သည့် ၂၀၀၇ ခုနှစ် စက်တင်ဘာလ၌ မြန်မာတနိုင်ငံလုံးတွင် သံဃာ့အရေးအခင်း ဖြစ်ပေါ်ခဲ့ရာ ကျောင်းသားများနှင့် ပြည်သူတို့လည်း ပါဝင်လာကြသည့်အတွက် စစ်တပ်က သေနတ်များဖြင့် ပစ်ခတ်နှိမ်နင်းခဲ့မှုကြောင့် သံဃာတော်များအပါအ၀င် လူပေါင်းမြောက်မြားစွာ အသက်ဆုံးရှုံးခဲ့ရသည်။

 ရွေးကောက်ပွဲ ဥပဒေကြောင့် ပါတီများ ပူးပေါင်းရန်ပြင်
စိုးမိုး   /   ၀၉ ဇူလိုင် ခေတ်ပြိုင်

ရွေးကောက်ပွဲ ဥပဒေများကြောင့် တနိုင်ငံလုံးအတိုင်းအတာဖြင့် လွှမ်းခြုံယှဉ်ပြိုင်ရန် ငွေကြေး၊ အချိန်၊ လူအင်အား အခက်အခဲများကြောင့် နိုင်ငံရေးပါတီများ ပူးပေါင်းကြရန် ပြင်ဆင်နေကြောင်း သိရသည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က သတ်မှတ်ထားသည့် ပါတီမှတ်ပုံတင်ကြေး၊ လွှတ်တော်ကိုယ်စားလှယ်ကြေး၊ ပါတီစာစောင် ရေးသားထုတ်ဝေခွင့်ကြေးများ အပါအ၀င် နိုင်ငံအ၀ှမ်း စည်းရုံးရေးခရီးစဉ် ကုန်ကျစရိတ် များပြားလွန်းခြင်း၊ တင်းကျပ်လွန်းသည့် လူထုစည်းရုံးရေး စည်းမျဉ်း စည်းကမ်းများကြောင့် ပါတီများ ပူးပေါင်းရန် ပြင်ဆင်ထားရခြင်း ဖြစ်သည်ဟု ပြည်ထောင်စု ဒီမိုကရေစီပါတီ ဥက္ကဋ္ဌ ဦးဖြိုးမင်းသိန်းက ပြောသည်။

၎င်းက “ရွေးကောက်ပွဲမှာ ပါတီတွေ အားလုံးက တနိုင်ငံလုံးအတိုင်းအတာနဲ့ ၀င်ရောက် ယှဉ်ပြိုင်နိုင်ဖို့ဆိုတာ ငွေအား၊ လူအား၊ အချိန်ပေါ့ မပြည့်စုံဘူးလေ။ အဲဒီအတွက် ပါတီတွေ ပူးပေါင်းလုပ်ဆောင်ရင် ကောင်းမယ်ဆိုတဲ့ အခြေအနေတခုအတွက် အပြန်အလှန် ယုံကြည်မှု တည်ဆောက်တဲ့ အခြေအနေလောက်ပဲ ရှိပါသေးတယ်” ဟု ပြောကြားသည်။

လာမည့်ရွေးကောက်ပွဲတွင် လွှတ်တော်ကိုယ်စားလှယ်လောင်း တင်သွင်းရေးနှင့် ပတ်သက်ပြီး ရွေးကောက်ပွဲကော်မရှင်မှ တိတိကျကျ မထုတ်ပြန်သေးသည့်အတွက် နိုင်ငံရေးပါတီများ မဟာမိတ်ဖွဲ့စည်းရန် အကြမ်းဖျင်း ဆွေးနွေးမှုသာ ရှိနေသေးပြီး ပူးပေါင်းမှုအတွက် အသေးစိတ် မလုပ်ဆောင်နိုင်သေးကြောင်း သိရသည်။
            ရွေးကောက်ပွဲဥပဒေများအရ တနိုင်ငံလုံးအတိုင်းအတာ စည်းရုံးလှုပ်ရှားနိုင်ရန်၊ ရွေးကောက်ပွဲ ၀င်ရောက် ယှဉ်ပြိုင်နိုင်ရန် အခက်အခဲကြောင့် ယခုကဲ့သို့ ပူးပေါင်းရန် စဉ်းစားထားကြခြင်းသာဖြစ်ပြီး နအဖ၏ ကြံ့ဖွံ့ပါတီကို မယှဉ်ပြိုင်နိုင်မည် စိုးရိမ်၍ မဟုတ်ကြောင်း ဦးဖြိုးမင်းသိန်းက ပြောဆိုသည်။
            ၎င်းက “ကြံ့ခိုင်ဖွံ့ဖြိုးရေးအသင်းနဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရဲ့ ဆောင်ရွက်နေမှုတွေကတော့ နိုင်ငံရေးအရ စိတ်ဝင်စားစရာ ဘာမှ မရှိပါဘူး။ လက်ရှိအချိန်မှာလေ။ ပြည်သူလူထုကလည်း အဲဒီ ဆောင်ရွက်နေမှုတွေပေါ်မှာ စိတ်မ၀င်စားဘူး။ ဒါက အစဉ်အဆက် ကြံ့ခိုင်ဖွံ့ဖြိုးရေးက ဒီတိုင်းပဲ ဆောင်ရွက်ခဲ့တာလေ။ ကျနော်တို့ ပူးပေါင်းပြီး ပြင်ဆင်တယ်ဆိုတဲ့ အခြေအနေက အခု ထုတ်ပြန်ထားတဲ့ အမိန့်ဥပဒေတွေ အနေအထားအရ ကျနော်တို့ အခုလိုမှ မရပ်တည်လို့ရှိရင် ကျနော်တို့မှာ အခက်အခဲတွေ ရှိလို့ပါ။ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီနဲ့ ယှဉ်ပြိုင်ဖို့အတွက် စိုးရိမ်တဲ့အတွက်ကြောင့် မဟုတ်ပါဘူး” ဟု ပြောသည်။
            အမျိုးသားဒီမိုကရေစီအင်အားစု (အန်ဒီအက်ဖ်) ပါတီကလည်း တနိုင်ငံလုံး ၀င်ရောက်ယှဉ်ပြိုင်မည်ဆိုသော်လည်း တိုင်းဒေသကြီးများကိုသာ အဓိကထား ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး ပြည်နယ်တို့တွင်မူ တိုင်းရင်းသားပါတီများနှင့် ပူးပေါင်း လုပ်ဆောင်သွားမည်ဟု ပါတီခေါင်းဆောင်တဦးဖြစ်သူ ဦးခင်မောင်ဆွေက ဆိုသည်။
            ၂၀၁၀ ရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီ တည်ထောင်ခွင့်နှင့် ဆက်လက်တည်ထောင်ခွင့် လျှောက်ထားသည့် ပါတီ (၄၃) ပါတီ အနက်မှ ပါတီ (၃၉) ပါတီ မှတ်ပုံတင်ခွင့်ရရှိထားသည်။ ယင်းမှတ်ပုံတင်ခွင့်ရ ပါတီ (၃၉) ပါတီမှ (၃၆) ပါတီကို ရွေးကောက်ပွဲ ကော်မရှင်က မှတ်ပုံတင် ချပေးခဲ့ပြီးဖြစ်သည်။

မြန်မာစစ်တပ် လက်နက်တိုက် ပေါက်ကွဲ
bbc

ကချင်ပြည်နယ် ဟိုပင်မြို့ အနောက်ဘက် ၄ မိုင်အကွာ မှာ ရှိတဲ့ ခလရ ၃၈၉ တပ်ရင်းရဲ့ လက်နက်သိုလှောင်ရုံ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပါတယ်။ပေါက်ကွဲမှု ပြင်းထန်တဲ့ အတွက် လက်နက်ရုံတခုလုံး မြေပေါ်မှာ ပြားသွားတယ်လို့ ဒေသခံက ပြောပါတယ်။

မိုးရာသီ မိုးရွာသွန်းမှု များတဲ့ အချိန်ဖြစ်တာကြောင့် လက်နက်ရုံ ပေါက်ကွဲမှုဟာ ရာသီဥတု ပူပြင်းမှု ကြောင့် မဟုတ်ဘဲ၊ တစုံတယောက်က ဖောက်ခွဲတာလို့ ဒေသခံ တွေက ထင်မြင်ယူဆနေကြပါတယ်။ပေါက်ကွဲမှု ဖြစ်ပွားပြီး ဗိုလ်ချုပ်သာအေးရောက်လာပြီး စုံစမ်းစစ်ဆေးမှု၊ ဖမ်းဆီးမှုတွေလုပ်ခဲ့တယ်လို့လည်း ဆိုပါတယ်။

ဝတပ်ဖွဲ့က အရာရှိတယောက်ဖြစ်တဲ့ ဗိုလ်မှူး အိုက်ထွန်းရဲ့ အိမ်ကို ဝင်ရောက်စစ်ဆေးပြီး ပြောင်းတို၊ ပြောင်းရှည် သေနတ်တွေနဲ့ ပါဂျဲရိုးကားတို့ကို သိမ်းဆည်းသွားတယ်လို့ လည်းသိရပါတယ်။

စစ်ဆေးချိန်မှာ ဗိုလ်မှူးအိုက်ထွန်းဟာ နေအိမ်မှာ မရှိပါဘူး။အခုပေါက်ကွဲမှုနဲ့ ဗိုလ်မှူးအိုက်ထွန်းနဲ့ ပတ်သက်မှုရှိမရှိ ဆိုတာကိုလည်း အတည်ပြုချက်မရပါဘူး။ဟိုပင်မြို့ရဲစခန်းကို ဆက်သွယ်ခဲ့ပေမယ့် အဆက်အသွယ်မရခဲ့ပါဘူး။

တရုတ်ပြည် ရောင်းစား ခံရသူက ILO တိုင်မယ်
bbc
ထင်းစိုက် ကြံခုတ် လုပ်ရမယ် ဆိုပြီး တရုတ် နိုင်ငံကို လူကုန်ကူးဖို့ ခေါ်သွား၊ တစ်ခါ ယောကျာ်းတွေ အတင်း ပေးစားလို့ ထွက်ပြေး လွတ်မြောက် လာတဲ့ မဝင်းမြအေး က ဘယ်သူ့ကိုမှ မယုံဖို့ ပြောကြား လိုက်ပါတယ်။

အလုပ် လုပ်ရမယ် ဆိုပြီး ခေါ်သွားတယ်၊ ဟိုရောက်တော့ အကျယ်ချုပ်လို ထားတယ်၊ ယောကျာ်းတွေနဲ့ အတင်း စပ်ပြီး မကြိုက်လို့ ငြင်းရင်းနဲ့ နောက်ဆုံး ခဏ ခဏ လာကြည့်တာ စပ်တာ မခံနိုင်တာက တကြောင်း၊ တခြား ကောင်မလေး တစ်ယောက်က ထွက်ပြေး သွားလို့ အစားထိုး ခံလိုက်ရလို့ တကြောင်း ယောကျာ်း တစ်ယောက်ကို မယူချင်ဘဲ ယူလိုက် ရတယ်လို့ မဝင်းမြအေး က ပြောပါတယ်။

နောက်လူတွေ ကိုယ့်လို မဖြစ်စေချင်ဘူးလို့ ပြောတဲ့ မဝင်းမြအေးနဲ့ အတူ တရုတ်ပြည်ကို အလုပ် လုပ်ရအောင် သွားတာက အားလုံး ငါးယောက်ပါ၊ နှစ်ယောက်ပဲ ပြန်လွတ် လာပြီး သုံးယောက်က ဟိုမှာ ကျန်နေပါ သေးတယ်။ ရောင်းစား ခံလိုက်ရတာကို သိတဲ့ မဝင်းမြအေး အဒေါ်နဲ့ မောင်ဖြစ်သူတို့က တရုတ်ပြည် အထိ လိုက်ပြီး ပြန်ခေါ် ခဲ့ကြတာ ဖြစ်ပါတယ်။
            မဝင်းမြအေးတို့ အခုလို လူကုန် ကူးခံရတာကို ကမ0x081ဘာ့ အလုပ်သမား အဖွဲ့ချုပ် အိုင်အယ်လ်အို ကို တိုင်ဖို့ မန0x081တလေးတိုင်း အင်န်အယ်လ်ဒီ လူငယ် အကူအညီ ပေးရေးအဖွဲ့က ကူညီ ပေးနေ ပါတယ်။
            အိုင်အယ်လ်အို ကို တိုင်ရတာနဲ့ ပတ်သက်ပြီး မဲခေါင် ဒေသ လူကုန် ကူးမှု တိုက်ဖျက်ရေး အဖွဲ့နဲ့ အိုင်အယ်လ်အို တို့ ပူးပေါင်း ဆောင်ရွက်ပြီး လူကုန် ကူးမှု တိုက်ဖျက်ရေး လုပ်နေ တာတွေ ရှိတယ်၊ အရင် တိုင်ခဲ့တာလည်း အောင်မြင်မှု ရှိခဲ့တော့ အလားတူ ထပ်တိုင် တာပါလို့ အင်န်အယ်လ်ဒီ လူငယ်အဖွဲ့က ကိုအေးသိန်း က ပြောပါတယ်။

အလှူရှင်များနှင့် မိုးရွာသွန်းမှုကြောင့် သောက်သုံးရေများ ရရှိ
နန်းခမ်းကယောက် ၈ ဇူလိုင် ၂ဝ၁ဝ - DVB

နွေရာသီတုန်းက သောက်ရေ အခက်အခဲဖြစ်ခဲ့တဲ့ ပဲခူးတိုင်း၊ မြစ်ဝ ကျွန်းပေါ်ဒေသ ဘိုကလေးနဲ့ လပွတ္တာမှာ အလှူရှင်တွေရဲ့ ရေတွင်း၊ ရေကန်တူးဖော် မှုနဲ့ မိုးအနည်းငယ်ရရှိမှုကြောင့် အဆင်ပြေမှုတွေ ရှိနေတယ်လို့ ဒေသခံတွေနဲ့ အ လှူရှင်တွေက ပြောပါတယ်။

ပဲခူးတိုင်း ပဲခူးမြို့နဲ့ သရက်ပင် ဝေါနယ်အပြင် တခြားကျေးရွာတွေမှာ သောက်သုံးရေ ပြတ်လပ်မှု ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း စေတနာရှင်တွေက အဝီစိတွင်းနဲ့ လက်ယက်တွင်းတွေကို တူးဖော်လှူဒါန်းပေးခဲ့လို့ အဆင်ပြေကြနေပြီလို့ လမ်းပြကြယ် အဖွဲ့က ပြောပါတယ်။ ဒီလို လှူဒါန်းပေးနိုင်ဖို့ ပဲခူးမြို့ရှိ ရှေ›နေ ဦးအေးမြင့် ဦးဆောင်တဲ့ လမ်းပြ ကြယ်အဖွဲ့ကလည်း ပါဝင် အကူအညီ ပေးခဲ့တယ်လို့ အဖွဲ့ဝင်တဦးက ပြောပါတယ်။

 “တော်တော်များများကတော့ အကုန်အဆင်ပြေ သွားပါပြီ၊ ဒီနေ့တောင်မှ အဲဒီ ရွာက လူတွေနဲ့æ။ သူတို့တောင် ဝမ်းသာတယ်ပေါ့နော်။ အခုအချိန်အထိ၊ ရေရတယ် ပေါ့နော် ပေါပေါများများ။ အခု ဒီမှာက မိုးက ကောင်းကောင်း သိပ်မရွာ ဘူးလေ။ အခုအချိန် ရွာတဲ့မိုးနှုန်းနဲ့ဆို အောက်စမ်းထဲကို ရေက မရောက်သေးဘူး။ လာမယ့်နှစ်လည်း ဒီရေက သုံးလို့ရဦးမှာ၊ သနပ်ပင်မြို့နယ်က ကမာခနိမ်ရွာတို့ ဘာ တို့လေ၊ အဲဒါက ဒါ သူတို့က လက်ယက်တွင်း၊ ပဲခူး ဝေါမြို့နယ်ထဲက နောင်ပကပ်ရာ၊ တောစွန်း၊ စပေါ့ကန်၊ ဧကရာဇ်၊ အဲဒီရွာတွေပေါ့နော်၊

 “အဲဒီဟာတွေကျတော့ အဝီစိတွင်း၊ အဲဒီရွာတွေလည်း အခု တော်တော် အကုန် အဆင်ပြေ ကုန်ပါပြီ၊ အခု စပေါ့ကန်တော့ ရေငံထွက်တယ် အဲဒါကို ကျနော် တို့ အခု အဝီစိတွင်းတူတာ ဒါ အခု ကျနော်တို့ ကုသိုလ်ကံလည်း ပြောရမှာပေါ့။ ရေ ချိုထွက်သွာတယ်ဗျ။ တရွာလုံးလည်း ဝမ်းသာ သွားကြတာပေါ့။”

ပဲခူးတိုင်းအတွင်းက ရေတွင်းရေကန်နဲ့ ရေရရှိမှု အခြေအနေ ဖြစ်ပါတယ်။ အ လားတူ ဘိုကလေးမြို့နယ် အထက်ပိုင်း မြင်းကကုန်း၊ ဟေမန်ပိုင်း၊ ကြိမ်ချောင်းကြီး ကျေးရွာတွေမှာလည်း မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းက ရေဂါလံ ၆ သောင်း ကျော်ဆန့် ရေကန်တကန်ကို တရွာစီ လုပ်ဆောင်ပေးပြီး ရွာပေါင်း ၄ဝ ကျော် တူး ဖော် ပေးနေပါတယ်။

တခိျု့ကန်တွေကတော့ မိုးရေတွေ သိုလှောင်နိုင်တဲ့အဆင့် ရသွားပြီလို့ အဲဒီ အသင်းရဲ့ တာဝန်ရှိသူတဦးက ပြောပြပါတယ်။

“ကျနော်တို့က ကန်ကို မြေကြီးထဲကို ၂ ပေ တူးတယ်ဗျာ၊ အပြင်မြေကြီနဲ့ အပေါ်ကို ၈ ပေ တူးတယ်၊ ၈ ပေဖို့တယ်ပေါ့၊ အားလုံးပေါင်း ၁ဝ ပေ ဖြစ်သွားတာပေါ့၊ အရွယ်အစားက ပေ ၁ဝဝ ပတ်လည် ရှိတယ်။ တကယ်လို့ မိုးကောင်းလို့ ရေပြည့် မယ်ဆိုရင် ကျနော်တို့က စုစုပေါင်း ရေအနည်းဆုံး ၈ ပေ၊ အများဆုံး ၁ဝ ပေ ရှိမှာပေါ့ နော်၊ အဲဒီလိုမျိုးကန်ဆိုရင် ကျနော်တို့ လူ ၁,ဝဝဝ ၆ လစာ လောက်တယ်ဗျ။ ကျနော် တို့ကန်တွေကလည်း အောက်တိုဘာမှာ အချိန်မီပြီးမယ်ဆိုရင် မိုးကလည်း တကယ် ပဲ ပုံမှန်အတိုင်းရွာလို့ အနည်းဆုံး ကျနော်တို့ ကန်လေးက ရေ သုံးပုံနှစ်ပုံ ရောက် တယ် ဆိုရင်တောင် လာမယ့်နွေမှာ ဒီလူတွေ ရေပေါပေါ သုံးနိုင်မယ်လို့ ကျနော်တို့ က မျှော်လင့်တာပေါ့။”

မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းကို ဂျပန်နိုင်ငံ၊ သြစတြေးလျနဲ့ ယူနီဆက် တို့ရဲ့ ရံပုံငွေနဲ့ အကူအညီပေးနေတာ ဖြစ်ပါတယ်။ ဒီမတိုင်ခင်က ဘိုကလေး အောက်ဘက် ပင်လယ်ပိုင်းကျတဲ့ ကျွန်းညိုနဲ့ တခြားရွာတွေအတွက် ကန် ၅ဝ တူးဖော်ပေးပြီး ဖြစ်ပါတယ်။ ဒါပေမယ့် လိုအပ်တဲ့ရွာတွေလည်း ရှိသေးတယ်လို့ မြန်မာနိုင်ငံကျမ်းမာရေး မှူးအသင်းက ပြောပါတယ်။

ဒါ့ပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ နာဂစ်ကူညီရေး အဖွဲ့ကလည်း လက်ရှိမှာ ဘိုကလေးမြို့နယ်တွင်းက အောင်တေဇနဲ့ မြတ်ဖ±ုံကျေး ရွာ ၂ ခုမှာ အဝီစီတွင်း တူးပေးနေပါတယ်။ ဒါပေမယ့် ရေငံတွေပဲ ထွက်နေလို့ ခဏ ရပ်ထားရတယ်လို့ ဥက္ကဋ္ဌ ဦးအုန်းကြိုင် က ပြောပါတယ်။
 “ဘိုကလေးမြို့နယ်ထဲက အောင်တေဇ ကျေးရွာနဲ့ မြတ်ဖ±ုံကျေးရွာ ဆိုတဲ့ အဲဒီ ရွာနှစ်ရွာက ရေငံပဲ ထွက်နေတဲ့အတွက်ကြောင့် ဆက်ပြီးတော့ ကျနော်တို့ တူး ဖော်ဖို့ ရှိပေမယ့်လို့ ရာသီဥတုက နည်းနည်း တော်တော် မိုးများပြီးတော့ တွင်းတူး ဆရာတွေရဲ့ အကြံပြုချက်အရ ခဏ ကျနော်တို့ နားထားပါတယ်။ နောက် တခြား စက်စုဆိုတဲ့ ကျေးရွာ တွင်းကတော့ တွင်းတူးဖို့ နေရာအတွက် ဆင်းပြီး လေ့လာနေ တုန်း ရှိပါတယ်။ အခုကတော့ မိုးတွင်းဆိုတော့ အဲဒီဘက်က သောက်ရေ အခက်အ ခဲ သိပ်မရှိတော့ဘူးခင်ဗျ၊ မိုးတွင်းကတော့ မိုးရွာတာပေါ့လေ၊ မိုးရေဖြိုင်ဖြိုင်ရနေတဲ့ အခါမှာ သောက်ရေ အခက်အခဲက ယာယီအားဖြင့်တော့ ပြေလည်နေတာပေါ့။”

အလားတူ လပွတ္တာမြို့နယ် အောက်ဘက်ပိုင်း ပင်လယ်နဲ့နီးတဲ့ ပြင်စလူနဲ့ လွဇာရွာတွေမှာ မိုးအနည်းငယ်ရလို့ အဆင်ပြေနေကြတယ်လို့ ဒေသခံတဦးက ပြောပြပါတယ်။

“ဟုတ်ကဲ့ အဆင်ပြေသွားပါပြီ။ မိုးတွေဘာတွေ ရွာတော့ သောက်ရေတွေ ဘာတွေ ရသွားပြီလေ၊ မိုးကတော့ လောလောဆယ် အုံ့မှိုင်းနေတယ်။ မိုးမရွာတာ နှစ်ရက် သုံးရက် လောက်တော့ ရှိသွားပြီ၊ အားလုံး သောက်ရေဘာညာတော့ အ ဆင်ပြေ သွားပါပြီ၊ ကန်တွေမှတော့ ရေက သုံးပုံ တပုံလောက်တော့ ရသွားပြီလေ။ နှစ်ပုံလောက်ကတော့ မိုးတအားကြီးသွားလည်း ပြည့်သွားလည်း ကိစ္စမရှိဘူးလေ။ မိုးတအားကြီးဖို့ပဲ စောင့်နေရမယ့် သဘောပေါ့။”

ပြည်ထောင်စုဒီမိုကရေစီပါတီ နာယက ဦးရွှေအုံး ကျန်းမာရေး ဆိုးဝါး
နန်းခမ်းကယောက် ၈ ဇူလိုင် - DVB

အသက် ၈၈ နှစ်ရှိ ဝါရင့်ရှမ်းခေါင်းဆောင် ဦးရွှေအုံးရဲ့ ကျမ်းမာရေး အခြေအနေ ဆိုးဝါးနေတယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။ အသက်ကြီးရင့်နေပြီဖြစ်တဲ့ ဦးရွှေအုံးဟာ အသည်းကင်ဆာရောဂါ ဆိုးဝါး နေလို့ အိပ်ရာထဲမှာ လဲလျှောင်းနေတာ ၂ ပတ်ကျော်သွားပြီလို့ မိသားစုဝင်နဲ့ သူ့ ပါတီ ပြောပါတယ်။

သူဟာ ၂ဝ၁ဝ ရွေးကောက်ပွဲဝင်မယ့် ပြည်ထောင်စုဒီမိုကရေစီ ပါတီမှာ နာယကအဖြစ် တာဝန်ယူနေတာပါ။ ပြီးခဲ့တဲ့လက သူ့ဇာတိမြေဖြစ်တဲ့ ရှမ်းပြည်နယ် တောင်ကြီး၊ ညောင်ရွှေနဲ့ အင်းလေးဒေသဆီ ပါတီစည်း±ုံးရေးဆင်းခဲ့ပြီး အဲဒီမှာကတည်းက ရောဂါ အခြေအ နေ ဆိုးဝါးနေတာလို့ မိသားစုဝင်တဦးနဲ့ ဦးဖြိုးမင်းသိန်းက ပြောပါတယ်။

“အဖိုးက သိပ်နေမကောင်းဘူး။ ဖြစ်တာ ၁၅ ရက်လောက်တော့ ရှိပြီ။” “ဟုတ်တယ် အိပ်ယာထဲမှာ လဲနေတယ်။ ရှမ်းပြည်စည်း±ုံးရေး ခရီးစဉ်မှာ ကတည်းက လဲနေတာ။ အဘက သူ့စိတ်ဓာတ်နဲ့ တအားတွန်းပြီးတော့ ဆောင်ရွက် နေတာပေါ့။ ရှမ်းပြည်မှာ ကတည်းက ကုတင်ပေါ်မှာပဲ လှဲနေတာ၊ ဓာတ်ပုံတွေမှာ မှတ်တမ်းဓာတ်ပုံတွေကို ကြည့်တော့မှပဲ အဲဒီမှာ သွားပြီးတော့ ဝှီးချဲနဲ့။ ရှမ်းပြည်မှာ ဖြစ်ပြီး ပြန်ဆင်းလာကတည်းက အခု ±ုံးလည်း မလာနိုင်ဘူး။ ဟိုတလောကတော့ ဗဟိုအလုပ်အမှုဆောင် အစည်းအဝေး တခုကိုတော့ အဘစိတ်ဓာတ်ကျမှာစိုးလို့ အဘအိမ်မှာ သွားလုပ်တယ်လေ။”

ဆရာဝန်တွေရဲ့ ပြောကြားချက်အရ ဒါဟာ နောက်ဆုံးအခြေအနေလို့ သိရ ပြီး၊ ဦးရွှေအုံးအနေနဲ့လည်း ရက်ပေါင်း ၁ဝဝ သာ နေရတော့မယ်လို့ သူကိုယ်သူ သိ နေကြောင်း ဦးဖြိုးမင်းသိန်းက ပြောပါတယ်။ ဒါကြောင့် သူဖြစ်ချင်တာတွေကို လက်နဲ့ မရေးနိုင်တော့ပေမယ့် နှုတ်နဲ့ပြော ပြီး ရေးမှတ်သွားမယ်လို့ ဆိုပါတယ်။ သူ့ရဲ့ဖြစ်ချင်တဲ့ဆန္ဒကတော့ တိုင်းရင်းသားအ ရေးကိစ္စဖြစ်ပြီး၊ ပြည်ထောင်စု ဒီမိုကရေစီပါတီမှာလည်း ဦးရွှေအုံးက တိုင်းရင်းသား အရေးကိုပဲ တာဝန်ယူ ဆောင်ရွက်နေတယ်လို့ ဦးဖြိုးမင်းသိန်းက ပြောပါတယ်။ ဒါကြောင့် အခုလို ကျန်းမာရေး အခြေအနေမျိုးမှာ ဦးရွှေအုံးရဲ့ ကိုယ်စား သူကပဲ ဆက်လက် တာဝန် ယူဆောင်ရွက်သွားမှာပါလို့ ဦးဖြိုးမင်းသိန်းက ဆိုပါ တယ်။

“အခု အဘ အဲဒီလိုဖြစ်နေတဲ့ ကိစ္စနဲ့ ပတ်သက်ပြီးတော့လေ အဘ အခု ဆောင်ရွက်မယ့် ကိစ္စရပ်တွေ အကုန်လုံးကို ကျနော်ကပဲ တာဝန်ယူ ဆောင်ရွက်နေ တာပေါ့၊ အဲဒီမှာ အဘဖြစ်စေချင်တဲ့ တိုင်းရင်းသားရေးရာ ကိစ္စတွေ ရှိတယ်ပေါ့နော်၊ ပါတီရဲ့ တိုင်းရင်းသားရေးရာ ကိစ္စတွေကို အဘ ဦးရွေအုန်းက တာဝန်ယူ ထားတယ် လေ။ တိုင်းရင်းသားပါတီတွေနဲ့ ဆွေးနွေးတာတွေ၊ တိုင်းရင်းသားတွေနဲ့ မဟာမိတ် ဖွဲ့ စည်းရေးကိစ္စတွေကို အဘက တာဝန်ယူထားတာ၊ ဒါပေမယ့် အခုတော့ အဲဒီ တာ ဝန်တွေကို ဥက္ကဋ္ဌဖြစ်တဲ့ ကျနော်ကပဲ တာဝန်ယူပြီး ဆက်ပြီး ဆောင်ရွက်မှာပါ။

“နောက်ပြီးတော့ အဘဖြစ်စေချင်တဲ့ ပြည်ထောင်စုစနစ်ဆိုတဲ့ အခြေအနေ အပေါ်မှာလည်း ကျနော်က ပြည်ထောင်စုရေးကိစ္စရပ်တွေကို ပါတီအနေနဲ့ ကျနော် ကပဲ တာဝန်ယူပြီး ဆက်ပြီး ဆောင်ရွက်သွားမှာပါ။ ကျနော်တို့ ပါတီရဲ့ မူဝါဒမှာကို က ပြည်ထောင်စုရေးကိစ္စနဲ့ ဒီမိုကရေစီအရေး ၂ ခုကို ကျနော်တို့က ဦးထိပ်ထားပြီး ဆောင်ရွက်နေတာ ဖြစ်တဲ့အတွက် ဒီနှစ်ခုစလုံးကို ကျနော်တို့ ပါတီအနေနဲ့ ဆက် လက် ထမ်းဆောင်သွားမှာပါ။”

ဦးရွှေအုံးဟာ နယ်ချဲ့ဗြိတိသျှလက်အောက်က လွတ်လပ်ရေးရယူဖို့ ဗိုလ်ချုပ် အောင်ဆန်း ဦးဆောင်တဲ့ဗမာတွေနဲ့ တိုင်းရင်းသားခေါင်းဆောင်တွေ အကြား စည်း လုံးညီညွတ်ရေးပြသတဲ့ ၁၉၄၇ ပင်လုံစာချုပ် လက်မှတ်ရေးထိုးပွဲကို မီခဲ့သူ ဝါရင့်ရှမ်း ခေါင်းဆောင်တဦး ဖြစ်ပါတယ်။

ထိုင်းနိုင်ငံရှိ တရားမဝင် အလုပ်သမားများကို မြန်မာပြည် ပြန်ပို့
နော်နိုရင်း ၈ ဇူလိုင် ၂ဝ၁ဝ -  DVB

 ထိုင်းနိုင်ငံကနေ ဖမ်းဆီးပြီး မြန်မာဘက်ခြမ်းကို ပြန်ပို့ခံရတဲ့ အ လုပ်သမားတွေကို နယ်စပ်ဖြတ်ကျော်ခ ဆိုပြီး တရားမဝင်ဂိတ်တွေကနေ ငွေကောက် ခံနေပါတယ်။ ပြီးခဲ့တဲ့ဇွန်လဆန်းပိုင်းကစပြီး ဝန်ကြီးချုပ် အဖိဆစ် ဝေ့ချာချီဝက ထိုင်းနိုင်ငံ အတွင်း တရားမဝင် ဝင်ရောက် အလုပ်လုပ်ကိုင်နေတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေ ကို ဖမ်းဆီးပြန်ပို့ဖို့ ည¸န်ကြားချက် ထုတ်ပြန်ပြီးတဲ့နောက် နေ့စဉ်နဲ့အမျှ တရားမဝင် အလုပ်သမားတွေကို ဖမ်းဆီး ပြန်ပို့မှုတွေ ရှိနေပါတယ်။

ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့တဖက်ကမ်း မဲဆောက်မြို့အတွင်းမှာဆိုရင် နေစဉ်ဖမ်းဆီး မှုတွေ ရှိနေသလို ဘန်ကောက်မြို့ကနေ ဖမ်းဆီးခံရတဲ့သူတွေလည်း မဲဆောက်ကိုပို့ပြီး မြဝတီ ဘက်ခြမ်းကို ပြန်ပို့နေတယ်လို့ အလုပ်သမားအရေး ဆောင်ရွက်နေတဲ့ အဖွဲ့တွေက ပြောပါတယ်။ တရက်ကို လူ ၂ဝဝ ပြန်ပို့ပေမယ့် မြန်မာအစိုးရဘက်က တပတ်ကို လူ ၄ဝဝ သာ လက်ခံတဲ့အတွက် တရားမဝင်ဂိတ်ဖြစ်တဲ့ တိုးတက်သော ဗုဒ  အ  မျိုးသားတပ်ဖွဲ့  (ဒီကေဘီအေ)ဂိတ်က  တဆင့်  ပြန်ပို့နေတယ်လို့  အလုပ်သမားအ  ရေး  ဆောင်ရွက်ပေးနေတဲ့  ရောင်ခြည်ဦး  အလုပ်သမားများအဖွဲ့ရဲ့  အထွေထွေ  အတွင်းရေးမှူး  ဦးမိုးဆွေက  ပြောပါတယ်။ ဒီကေဘီအေဂိတ်ကနေတဆင့်  ဖြတ်တဲ့အတွက်  နယ်စပ်ဖြတ်ကျော်ခအနေနဲ့  အလုပ်သမား  တဦးကို  ဘတ်ငွေ  ၁,၂ဝဝ  ကောက်ခံနေတယ်လို့လည်း  ဆိုပါတယ်။

“လူက  တနေ့ကို  ၂ဝဝ  လောက်ပေါ့ဗျာ  ဟိုဘက်ကမ်းကို  ပြန်ပို့နေတယ်။  ဒါပေမယ့်  ဗမာအစိုးရက  လက်ခံတာက  တပတ်လုံးမှ  ၄ဝဝ  ပဲ  လက်ခံနေတယ်။  ကျနော်တို့  နားလည်သလောက်  ပြောရရင်  ဗမာအစိုးရဘက်က  သူတို့အနေနဲ့  အလုပ်သမားတွေ  အများကြီးကို  လက်မခံဘူး  ဆိုတာကတော့  သူတို့က  အမြဲတမ်း  ငြင်းနေတာက  ဗမာအလုပ်သမား  အများကြီး  မရှိဘူးဆိုတာ  ပြောတာပေါ့နော်။  တကယ်လို့သာ  အဲဒီလောက်  အများကြီးကို  လက်ခံတယ်ဆိုရင်လည်း  တဖက်က  အလုပ်လက်မဲ့  ပြဿနာက  သူတို့ဘက်မှာ  နိုင်ငံရေးအရ  ထိခိုက်မှာစိုးတဲ့အတွက်  သူတို့က  ကန့်သတ်ပြီးတော့  လက်ခံတယ်။  

“လက်ခံတဲ့အခါကျတော့  ထိုင်းအင်မီဂရေးရှင်း(ထိုင်းလူဝင်မှုကြီးကြပ်ရေး)က  တရားမဝတ်ဂိတ်  မြစ်ကြောင်းကနေ  ဟိုဘက်ကမ်းကို  ပြန်ပို့တယ်၊  ပို့တော့တဲ့  အခါ  ကျတော့  ဟိုဘက်မှာက  ဒီကေဘီအေဂိတ်တွေ  ရှိတယ်။  အဲဒီမှာက  ပွဲစားတွေက  ဟို  ဘက်ကမ်းမှာ  ရှိတဲ့  ဒီကေဘီအေနဲ့  ချိတ်ဆက်ပြီး  အဲဒီ  ပြန်ပို့ခံရတဲ့  အလုပ်သမား  တွေကို  တယောက်ကို  ၁,၂ဝဝ  တောင်းတဲ့  ကိစ္စတွေက  ထပ်ပေါ်လာတော့  အလုပ်  သမားတွေကတော့  အဲဒီပြဿနာတွေ  ခံနေရတာပေါ့။”

ဒီပြောဆိုချက်နဲ့  ပတ်သက်ပြီး  မြဝတီဘက်မှာရှိတဲ့  ဒီကေဘီအေဂိတ်က  အ  ရာရှိတဦးကို  မေးကြည့်တဲ့အခါမှာ  æ “မဲဆောက်ကနေ  ဖမ်းပို့တဲ့လူကို  တယောက်  ၄ဝဝ၊  ဘန်ကောက်  ကနေ  ဖမ်းပြီး  ပြန်ပို့တဲ့လူကို  တယောက်  ၁,၂ဝဝ၊  အဲဒီလိုမျိုးပေါ့  ဘန်ကောက်ကဝင်လာတဲ့  လူနဲ့  မဲဆောက်မှာ  အလုပ်လုပ်တဲ့လူက  မတူဘူး  သူတို့  ခွဲခြားတာ၊  ကောင်းတာ  မကောင်းတာ  အဲဒီလိုမျိုးပြောလို့  မရဘူးလေ။  သူတို့ပေါ်လစီအရ  သူတို့ပြောရင်  ကျနော်ဘက်ကိုကူးရင်  ကျနော်ကို  ဂိတ်ကြေးပေးရမယ်၊  မပေးချင်ရင်  မကူးလာနဲ့။”

မြန်မာအလုပ်သမားတဦးကတော့  ဒီလိုငွေကောက်ခံမှုဟာ  ထိုင်းနိုင်ငံဘက်  ကို  အလုပ်  လာလုပ်တဲ့သူတွေအတွက်  အခက်အခဲ  ဖြစ်စေတယ်လို့  ပြောပါတယ်။

“လက်မှတ်မရှိလို့  ဖမ်းလိုက်ရင်  တရက်  အချုပ်ထဲမှာ  ထည့်လိုက်တယ်၊  အချုပ်ထဲမှာ  ထည့်တဲ့အခါကျရင်  ဂိတ်မှာ  သွားချပေးတယ်  ၁၆  ဂိတ်မှာ၊  ၁၆  ဂိတ်နဲ့  ၉၉၉  ဂိတ်မှာ  ၂  ဂိတ်ပဲရှိတယ်  သူက  ချပေးတာ၊  ဂိတ်မှာချပေးရင်  အဲဒီ  ၂  ဂိတ်ကနေ  ပြီးတော့  သူတို့က  ရွေးခိုင်းတယ်  ပိုက်ဆံနဲ့  ၁,၂ဝဝ  ဆိုပြီးတော့၊  မရှိလူတွေကို  သူတို့  ကုတ်သွေးစုပ်တာနဲ့  တူတူပဲလေ။”  

တရားမဝင်ဂိတ်ကနေ  ငွေတောင်းလို့  အခက်အခဲရောက်တဲ့  အလုပ်သမား  တွေ  ရှိနေသလိုပဲ  ဖမ်းဆီးခံရတဲ့  အလုပ်သမားအများစုကတော့  ဒီတရားမဝင်လမ်း  ဘက်ကိုသာ  ဖြတ်ကူးကြပါတယ်။  ဘာကြောင့်လဲဆိုတော့  ဒီတရားမဝင်တဲ့  ဂိတ်က  နေ  သွားခြင်းအားဖြင့်  ထိုင်းနိုင်ငံဘက်ခြမ်းကို  အလွယ်တကူ  ပြန်ကူးလာလို့   တခြား  အလုပ်သမားတဦးက  ပြောပါတယ်။   လက်ရှိ  ထိုင်းအစိုးရက  တရားမဝင်  အလုပ်သမားတွေကို  ဖမ်းဆီးမှုပြန်ပို့  မှုတွေ  ပြုလုပ်နေပေမယ့်  ထိုင်းနိုင်ငံတွင်းကို  အလုပ်သမားတွေ  ပြန်ဝင်လာနေဦးမှာ  ဖြစ်သလို  ဒီဖမ်းဆီးမှုကြောင့်  အလုပ်သမားရော  အလုပ်ရှင်ကိုပါ  ထိခိုက်နေတဲ့အ  တွက်  ထိုင်းအစိုးရအနေနဲ့  ဒီပေါ်လစီကို  ပြန်လည်  ပြုပြင်ပေးဖို့  ဦးမိုးဆွေက  တောင်း  ဆို  သွားပါတယ်။

 “ထိုင်းအစိုးရ  အနေနဲ့ကတော့  အခုလို  ဖမ်းဆီးပြီးတော့  ပြန်ပို့တဲ့နည်းက  တော့  ပြဿနာကို  ဖြေရှင်းသွားမယ့်ဟာမျိုး  မဟုတ်ဘူးလို့  ကျနော်တို့  ပြောချင်  တယ်၊  အဲဒီတော့  ထိုင်းအစိုးရအနေနဲ့  အခု  ဖမ်းဆီးပြန်ပို့နေတဲ့  ကိစ္စကို  သေသေချာ  ချာ  ပြန်စဉ်းစားပြီးတော့  ဒီ  လက်မှတ်မရှိသေးတဲ့  အလုပ်သမားတွေကို  ဘယ်လို  လက်မှတ်ရှိလာအောင်  လုပ်ပေးမလဲ၊ “နောက်  အလုပ်ရှင်ကနေပြီးတော့ပဲ  အလုပ်သမားလက်မှတ်ကို  ထိန်းချုပ်  ထားတဲ့စနစ်ကို  ပြောင်းလဲပြီးတော့   အလုပ်သမားတွေ  ကိုယ်တိုင်က  မှတ်ပုံတင်နိုင်  တဲ့  စနစ်ကို  လုပ်မယ်ဆိုရင်  အလုပ်သမားတွေက  ဒီလက်မှတ်လုပ်တဲ့  ကိစ္စကို  ပို  စိတ်ဝင်စားလာမယ်။ 

 “ဒုတိယအချက်အနေနဲ့က  ဒီအခု  ထိုင်းအစိုးရနဲ့  ဗမာအစိုးရ  ၂  ခုအကြား  မှာ  လုပ်ထားတဲ့  စနစ်က  အလုပ်သမားတွေအတွက်  ဗမာ  အစိုးရကို  ယုံကြည်မှု  မရှိ  ဘူး။  ငွေကြေး  အကုန်အကျများတယ်၊  အဲဒါကြောင့်မို့လို့  ဒီစနစ်ကိုလည်း  သေသေ  ချာချာ  ပြန်သုံးသပ်ဖို့  လိုတယ်လို့  ကျနော်တို့က  အကြံပေးချင်တယ်။”

နေပြည်တော်၌ ကြွက်သေတချို့ ပလိပ်ရောဂါပိုးတွေ့ရှိ
အေးနိုင် ၈ ဇူလိုင်၂ဝ၁ဝ DVB

မြန်မာနိုင်ငံအလယ်ပိုင်း စစ်အစိုးရ±ုံးစိုက်ရာ နေပြည်တော်မှာ သေဆုံးတဲ့ ကြွက်တခိျု့ကို စစ်ဆေးရာမှာ ပလိပ်ရောဂါလက္ခဏာ တွေ့ရတယ်လို့ သိရပါတယ်။ အစိုးရ ±ုံးစိုက်တဲ့ နေပြည်တော်မှာ ကြွက်သေတခိျု့မှာ ပလိပ်ရောဂါပိုး တွေ့ ပေမယ့် လူကို မကူးစက်ဘဲ အသေအပျောက် မရှိဘူးလို့ နေပြည်တော် အခြေပြု ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။

ကျန်းမာရေးဝန်ကြီးဌာန ကူးစက်ရောဂါ တိုက်ဖျက်ရေး လက်ထောက် ည¸န် ကြားရေးမှူး ဒေါက်တာဝင်းမောင်က နေပြည်တော်က ကြွက်သေတွေကို ဓာတ်ခွဲစစ် ဆေးရာမှာ ပလိပ်ရောဂါပိုး တွေ့ခဲ့ရပါတယ်။ ဒါပေမယ့် လူကိုမကူးစက်သလို အသေ အပျောက်လည်း မရှိပါဘူးလို့ ဖြေဆိုပါတယ်။

“ပလိပ်ရောဂါကြောင့် အသေအပျောက် လုံးဝမရှိဘူး။ ကြွက်မှာတော့ နည်း နည်းတွေ့ပေမယ့် လူကိုဘာမှ မဖြစ်ဘူး။ ကျနော်တို့က အဲဒါကို တွေ့တယ်လို့ မကြေ ညာဘူး။ တရားဝင်လည်း မထုတ်ပြန်ဘူး။”

ကျန်းမာရေးဝန်ကြီးဌာနက အစိုး±ုံးဌာနတဝိုက်မှာ နေအိမ်အဆောင်တွေ အနီးမှာ ကြွက်သေတွေ တွေ့ရင် နီးစပ်ရာ ကျန်းမာရေးဌာနကို အကြောင်းကြားဖို့ နှိုးဆော်ထားတယ်လို့ ဆိုပါတယ်။ သတင်းစာမှာလည်း ကြွက်သေကနေ ပလိပ်ရော ဂါ ကူးစက်ပံျ့နှံ့နိုင်တာကြောင့် ကျန်းမာရေးဌာနတွေကို အကြောင်းကြားဖို့ နှိုးဆော် ထားပါတယ်။ ပဲခူးတိုင်းက သိန်းနဲ့ချီတဲ့ကြွက်အုပ်ကတော့ ဘုရားကြီးòမိ့ကို မရောက်သေး ဘဲ ဒေးစွန်ပါတောင်တန်းမှာ ပြန့်ကျဲခိုအောင်းနေတယ်လို့ ဘုရားကြီး òမိ့သားတဦး က ပြောပါတယ်။

“ဒီဘက်ကိုတော့ ဆက်မလာသေးဘူး။ အဲဒီဘက်မှာ တောတွေရှိတော့ ကျ နော်တို့နားမှာ တောတွေရှိတယ်။ ဒေးစွန်ပါတို့ ဘာတို့ တောင်တန်းတွေရှိတယ်။ ပဲခူး±ိုးမအဆက်ပေါ့ အဲဒီဘက်မှာ ရှိနေတယ်။ ဘုရားကြီးနဲ့ နှစ်မိုင်လောက်အကွာ မှာ ရှိတယ်။ ကျနော်တို့ ဒီက ဒိုက်ဦးအထိ ၂၅ မိုင်လောက် ရှိတာပေါ့၊ အဲဒီကြားထဲ မှာ ပြန့်နေတာပေါ့။”

အဲဒီကြွက်တွေကို ဒေသခံရွာသားတွေက သုတ်သင်နေပြီး ကြွက်သေတွေ ကို လက်နဲ့ပဲကိုင် မြေမြ‡ုပ်သလို တခိျု့ကလည်း စားသောက်နေကြပါတယ်။ ပဲခူးတိုင်း အတွင်းက ကြွက်သေတခိျု့ကို ဓာတ်ခွဲစစ်ဆေးရာမှာတော့ ပလိပ်ရောဂါပိုး လက္ခ ဏာ မတွေ့ရပါဘူးလို့ ဒေါက်တာ ဝင်းမောင်က ဖြေဆိုပါတယ်။

 “ကျနော်တို့ သတင်းရတယ်။ ကြွက်သေတာကို နမူနာယူတယ်။ အဲဒီမှာ ပ လိပ်ရောဂါပိုး မတွေ့ဘူး။”

ထိုင်းအခြေစိုက် ဧရာဝတီဂျာနယ်ရဲ့ ဇူလိုင် ၅ ရက်ရေးသားချက်မှာ ပလိပ် ရောဂါ လူကိုကူးစက်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနကို ကိုးကားရေးထားပါတယ်။ ပလိပ်ရောဂါ ကူးစက်ခံရတဲ့ လူနာတခိျု့ ရန်ကုန်òမိ့မှာ ဇွန်လအတွင်း တွေ့ခဲ့တယ်လို့ ဖော်ပြထားပြီး အရေးပေါ်ကုသလို့ အသက်ကယ်နိုင်ခဲ့တယ်လို့ ရေးသားပါတယ်။ ပလိပ်ရောဂါဟာ ကပ်ရောဂါဖြစ်ပြီး လူအသေအပျောက် များပြားတဲ့ ကြောက်စရာ ကပ်ရောဂါတခု ဖြစ်ပါတယ်။ ကြွက်ကနေ ကြွက်၊ ကြွက်ကနေ လူကို ကူးစက်တတ်ပါတယ်။ ၁၄ ရာစုတုန်းက ပလိပ်ကပ်ရောဂါကြောင့် လူပေါင်း သန်းငါး ဆယ် သေကြေခဲ့ရဖူးပြီး တဝက်ဟာ အာရှနဲ့ အာဖရိကတိုက်က ဖြစ်ပါတယ်။

တပ်မ ၉၉ က ဦးနှောက်ဖွံ့ဖြိုးမှု မူမမှန်သည့်ကလေးကို စစ်တပ်ထဲသွတ်သွင်း
အေးနိုင် ၈ ဇူလိုင် - DVB

 မန္တလေးတိုင်း သာစည်ဘူတာမှာ တပ်မ ၉၉ လက်အောက်ခံ စစ် သားတွေက ဦးနှောက်ဖွံ့ဖြိုးမှု မူမမှန်တဲ့ ကလေးတယောက်ကို စစ်တပ်ထဲ သွတ် သွင်းခဲ့တယ်လို့ သိရပါတယ်။ ပဲခူးတိုင်း ဒိုက်ဦးမြို့မှာ အမတဦးနဲ့အတူနေထိုင်တဲ့ မိဘမဲ့ကလေး မောင်စိန် တိုးဟာ စစ်သားစုဆောင်းရာမှာ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ မန္တလေးတိုင်း သာ စည်ဘူတာမှာ စစ်တပ်ထဲ သွင်းခံရတာပါ။ အသက် ၁၈ နှစ် မပြည့်သေးတဲ့ မောင်စိန်တိုးဟာ ပြီးခဲ့တဲ့လက ကျန် အဖော်ကလေးတွေနဲ့ မန္တလေးတိုင်းက မိထ္ထီလာမြို့က မုန့်ဆိုင်တဆိုင်မှာ သွား အ လုပ်လုပ်ပါတယ်။

သီတင်းသုံးပတ်လောက် လုပ်ပြီးတဲ့နောက် မောင်စိန်တိုးဟာ မောင်ဂွမ်းဆိုတဲ့ ကလေးနဲ့အတူ မိထ္ထီလာကနေ အိမ်အပြန် လမ်းခရီးထောက် သာ စည်ဘူတာမှာ မောင်စိန်တိုးက စစ်တပ်ထဲ သွင်းခံရပြီး ကျန်တဦး လွတ်လာတာလို့ မောင်စိန်တိုးရဲ့ အမ မဖြူဖွေးက ပြောပါတယ်။ ပြန်လွတ်လာတဲ့ မောင်ဂွမ်းပြောဆိုချက်ကို အခြေခံပြီး တပ်မ ၉၉ တံဆိပ် တပ်ယူနီဖောင်းဝတ် စစ်သားတွေက ခေါ်သွားတာလို့ မဖြူဖွေးက ပြောပါတယ်။

 “ပြန်လာတာ အဲဒီဘူတာမှာ မှတ်ပုံတင်ပါလာလား ဆိုပြီး စစ်တယ်၊ စစ်တော့ မောင်လေးမှာလည်း မှတ်ပုံတင်ပါတယ်၊ ခေါ်သွားတဲ့ ကောင်လေးမှာလည်း မှတ်ပုံတင်ပါတယ်၊ ပါရဲ့သားနဲ့ တယောက်တခန်းစီ စစ်ပြီးတော့ ကောင်လေး က တော့ လက်မခံဘူး။ ၁ဝတန်းကျောင်းသားဆိုပြီး ပြန်လွှတ်လိုက်တယ်။ အဲဒါ အဲဒီ စစ်သားက ပြောတယ်၊ ပိုက်ဆံတသိန်းနဲ့ ဆန်တအိတ်နဲ့ ပို့ပေးမယ်၊ မင်းငါတို့နဲ့ လိုက်ခဲ့ပေါ့၊ အဲလိုပြောတော့ သမီးမောင်လေးက လိုက်မယ်ပေါ့၊ အဲဒါ ပြန်လာတဲ့ ကောင်လေးက ပြောပြတာ။”

 သာစည်ဘူတာကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားပေမယ့် အဆင်မပြေပါ ဘူး။ သာစည်မြို့ခံ တဦးကတော့ သာစည်ဘူတာမှာ ပြီးခဲ့တဲ့လ ၂၅ ရက်ဝန်းကျင် မ နက်ပိုင်းက ဖြစ်ပွားခဲ့တဲ့ အဖြစ်အပျက်ဟာ အချက်အလက် နည်းနည်း လွဲတာက လွဲရင် မောင်စိန်တိုးတို့ နှစ်ဦး အဖြစ်အပျက် ဖြစ်နိုင်တယ်လို့ ပြောပါတယ်။ အဲဒီတုန်းက စစ်ထဲသွင်းပြီးကာမှ ထွက်ပြေးတဲ့ကလေးတွေကို ကြက်မောက် ဆိုတဲ့ ရွာအနီးမှာ သာစည်အခြေစိုက် တပ်မ ၉၉ လက်အောက်ခံ ခြေမြန်တပ်ရင်း ၄၂ဝ က စစ်သားတွေက လိုက်ဖမ်းတာ တယောက် လွတ်သွားတယ်လို့ သာစည် မြို့ခံက ပြောပါတယ်။

“ကလေးနှစ်ယောက်က ဝေလီဝေလင်းမှာ ၅ နာရီခွဲလောက်မှာ အဲဒီ ဘူ တာကနေ စစ်သား စုဆောင်းရေး အဓမ္မ စုဆောင်းထားတဲ့ ကလေးနှစ်ယောက်က ဘူတာကနေ ထွက်ပြေးတာ၊ သာစည် မိထ္ထီလာ လမ်းပေါ်က ကြက်မောက်ဆိုတဲ့ ရွာ လမ်းခွဲ ရောက်လာတဲ့အခါမှာ ဒီကလေး နှစ်ယောက်က တုန်နေတယ်။ တယောက် က အရပ်အမောင်း ကောင်းတယ်၊ တယောက်က အရပ်ပုတယ်၊ မင်းတို့ ဘာဖြစ် တာလဲ ဆိုတော့ သူတို့က ပဲခူးကို ဘယ်လမ်းသွားရမလဲ မေးတယ်၊ ဘူတာလမ်းနဲ့ သွားရတယ်ဆိုတော့ ကျနော်တို့ကို ဘူတာမှာ စစ်သားတွေက ဇွတ်ခေါ်ထားလို့ သူ တို့အလစ်မှာ ထွက်ပြေးလာတာတဲ့၊ အဲလိုပြောတယ်၊

“အဲဒါဆိုရင်နေဦး ဆိုပြီး အဲဒီနားမှာ ခမရ ၄၂ဝ က စစ်ကားက နောက်က လိုက်လာတယ်၊ ရိန်းဂျားကားကြီးက တရှိန်ထိုး ရောက်လာပြီး အဲဒီကလေးတွေက စစ်ကားလည်း မြင်ရော ကြက်မောက်ရွာဖက် ထွက်ပြေးတာ၊ ယောင်တောင်ပေါင် တောင်နဲ့ ဘယ်ကလာမှန်းမသိတဲ့ စက်ဘီးနဲ့ စစ်သားတယောက်က ဟိုမှာဆိုပြီး လိုက်ဖမ်းတာ တယောက်မိသွားပြီး တယောက်ကတော့ ထွက်ပြေးသွားတယ်၊ ဘယ် လမ်း ထွက်ပြေးသွားလည်း မသိဘူး။ လိုက်ကိုမမိတော့ဘူး။”

 ဒီကလေးတွေဟာ ကားလမ်းဆုံ မိတ္ထီလာမြို့ကနေ ရထားလမ်း-ကားလမ်း တခုခုနဲ့ သာစည်ဘူတာ ကိုလာပြီး မီးရထားလမ်းဆုံဖြစ်တဲ့ သာစည်ဘူတာ ရောက် မှ သာစည်-ပဲခူး ရထားစီးဖို့ ဖြစ်ပုံရပါတယ်။ အဲဒီ လမ်းကြောင်းက ပဲခူးကိုပြန်ဖို့ တခြားလမ်းထက် ကုန်ကျစရိတ် သက်သာပါတယ်။ ပြန်လွတ်တာတဲ့ကလေး မောင်ဂွမ်းရဲ့ ပြောဆိုချက်နဲ့ သာစည်မြို့သား ပြော ဆိုချက်နှစ်ခုမှာ အချက်အလက် နည်းနည်းလွဲတာကလွဲလို့ တပ်မ ၉၉ က ကလေး စစ်သား စုဆောင်းတယ်ဆိုတာ ကတော့ ပေါ်လွင်ပါတယ်။ မောင်စိန်တိုးဟာ အမ မဖြူဖွေးနဲ့ တအိမ်တည်းနေပြီး အမ မဖြူဖွေး က လေးမီးဖွားစဉ်မှာ ဝင်ငွေ တဖက်တလမ်းက ရအောင် အလုပ်လုပ်မယ်ဆိုပြီး ထွက် သွားတာလို့ ဆိုပါတယ်။ မောင်စိန်တိုး ကိုသာ ပြန်လိုချင်ပြီး တခြားငွေကြေးတို့ ဆန်အိတ်တို့ ဘာမှမလိုချင်ဘူးလို့ မဖြူဖွေးက ပြောပါတယ်။

“သမီးတို့မှာလည်း မောင်နှမ နှစ်ယောက်ပဲ ရှိတာပါ၊ မယုံရင် စုံစမ်းကြည့်ပါ၊ သမီးတို့ မောင်နှမ နှစ်ယောက် အတူတူပဲ နေချင်တယ်၊ ဘယ်လိုဘဲ ဖြစ်ဖြစ် သမီး မောင်လေး သမီးမျက်စိရှေ›မှာပဲ ထားချင်တယ်၊ သမီးခွင့်မပြုပါဘူး။” မဖြူဖွေးက မောင်ငယ်ကို သူ့လက်ပြန်ရောက်အောင် ကူညီပေးဖို့ ကလေး စစ်သားကိစ္စ လိုက်ပါ ကူညီနေတဲ့ ပဲခူးမြို့က လမ်းပြကြယ် ဦးအေးမြင့်ကို အကူအညီ တောင်းပါတယ်။ မြန်မာအစိုးရက ကလေးစစ်သား မစုဆောင်းဘူး၊ အလိုမတူဘဲ စစ်တပ်ထဲ မသွင်းပါဘူးလို့ နိုင်ငံတကာကို ပေးထားတဲ့ကတိတွေကို ဆက်လက်ချိုးဖောက်နေပြီး လွန်ခဲ့တဲ့ လပိုင်းက ပဲခူးတိုင်းမှာ နယ်မြေခံစစ်တပ်က စစ်ထဲဝင်ဖို့ငြင်းတဲ့ ကလေးကို သတ်ပစ်တဲ့အမှုကိုလည်း သတင်း အမှောင်ချထားပါတယ်။

ကိုòဖိးဝေအောင် အကျဉ်းသားအခွင့်ရေး ဆုံး±ှုံးနေခင်နှင်းထက် ၈ ဇူလိုင် ၂ဝ၁ဝ - သကြန်ဗုံးကွဲမှုနဲ့ စွပ်စွဲပြီး အင်းစိန်ထောင် အဖမ်းခံနေရတဲ့ ကိုòဖိး ဝေအောင်က သူ့အနေနဲ့ အကျဉ်းသားအခွင့်ရေး ဆုံး±ှုံးနေရတဲ့အကြောင်း ထောင် အာဏာပိုင်တွေထံ တင်ပြပေးဖို့ ဒီကနေ့ သူ့ရှေ့နေကို မှာကြားလိုက်တယ်လို့ သိရ ပါတယ်။

အမှုကိစ္စ တိုင်ပင်ဆွေးနွေးဖို့အတွက် ဒီကနေ့ သူ့ရှေ့နေ ဦးကျော်ဟိုးနဲ့ တွေ့ ခွင့်ရစဉ် အခုလို မှာကြားလိုက်တာပါ။ သူဟာ အင်းစိန်ထောင်ကို ရောက်ကတည်း က ဘယ်သူနဲ့မှ ဆက်သွယ်ခွင့်မရဘဲ သီးသန့် တိုက်ပိတ်ခံထားရတဲ့အတွက် စိတ် ပိုင်း၊ ကိုယ်ပိုင်း ကျန်းမာရေးထိခိုက်စေနိုင်ကြောင်း ပြောပြလိုက်တယ်လို့ ဦးကျော် ဟိုးက အခုလို ပြောပြပါတယ်။

 “သူက ဘယ်လိုပြောလည်းဆိုတော့ သူ့ကို ထောင်ထဲမှာထားတာ ၂ လ ကျော်သွားတယ်။ အခုထက်ထိ တခြားအကျဉ်းသားတွေလို အခွင့်အရေး မရသေး ဘူး။ တခြားအကျဉ်းသားတွေက ဘောလုံးကန်တယ်၊ ခြင်းခတ်တယ်၊ သူက အဲဒီ အခွင့်အရေးမရဘူး။ “သူက တယောက်ထဲ နေနေရတော့ တခြားလူနဲ့ တွေ့ခွင့်မရဘူး၊ တခြားလူ နဲ့ စကားပြောခွင့် မရတဲ့အခါကျတော့ ကြာတော့ စိတ်ဓာတ်ရေးရာအရလည်း ထိ ခိုက်တယ်။ အဲဒါနဲ့ပတ်သက်ပြီးတော့ ထောင်အာဏာပိုင်တွေကို လျှောက်လွှာတင် ပေးဖို့၊ သူ့ကို တခြားအကျဉ်းသားတွေလို တန်းတူ အခွင့်အရေးပေးဖို့ပေါ့။”
            ကိုòဖိးဝေအောင်နဲ့ တွေ့ခွင့်ရပေမယ့် အမှုတွဲ ကူးခွင့်မရသေးတာကြောင့် အမှုကိစ္စ ဆွေးနွေးဖို့ အခက်အခဲဖြစ်နေတယ်လို့လည်း ဦးကျော်ဟိုးက ပြောပါတယ်။ ဒါတင်မက တရား±ုံးမှာ အမှုစစ်ဖို့လည်း အခက်အခဲရှိတယ်လို့ ဦးကျော်ဟိုးက အခု လို ပြောပြပါတယ်။
             “အမှုတွဲက သူတို့က ဘာစွဲထားမှန်းလည်း မသိဘူး။ သိတာက ဗုံးဖောက် ခွဲမှုနဲ့ ဖမ်းတယ်လို့ပဲ သိတယ်။ အခု အမှုဆင်တဲ့အခါကျတော့ မတရားအသင်း အက်ဥပဒေလည်းပါတယ်။ နယ်စပ်ဖြတ်ကျော်လည်း ပါတယ်ဆိုတော့ ဒါတွေက ဘာ တွေစွပ်စွဲလို့ ဘာတွေ လုပ်ထားတယ်ဆိုတာ အမှုတွဲဖတ်ကြည့်မှ သိမှာပေါ့။ ကျနော် တို့ မလေ့လာဘဲနဲ့ ကြိုတင် မပြင်ဆင်ဘဲနဲ့ အမှုက လိုက်လို့မရဘူး။”
            ကိုòဖိးဝေအောင်ကို အနည်းဆုံး လူ ၁ဝ ဦးသေဆုံးခဲ့တဲ့ သကြန်မဏ္ဍပ် ဗုံး ပေါက်ကွဲမှုနဲ့ စွပ်စွဲ ဖမ်းဆီးပြီး အခုလ ၁၄ ရက်နေ့ အင်းစိန်ထောင်တွင်း တရား±ုံးမှာ စတင်±ုံးထုတ် စစ်ဆေးမယ်လို့လည်း ဦးကျော်ဟိုးက ပြောပြ ခဲ့ပါတယ်။
            နိုင်ငံရေးပါတီနှစ်ခုကို စည်ပင်သာယာဥပဒေများနှင့် တရားစွဲဆိုထားအံ့ဘုန်းမြတ် ၈ ဇူလိုင် ၂ဝ၁ဝ - ကိုအေးလွင်တို့ ညီအကို ဦးဆောင်တဲ့ နိုင်ငံရေးပါတီနှစ်ခုကို စည် ပင်သာယာပိုင်ဈေးတွေမှာ အလှူခံမှုကြောင့် စည်ပင်သာယာရေးကော်မတီက တ ရားစွဲထားတယ်လို့ သိရပါတယ်။ ကိုအေးလွင်ဦးဆောင်တဲ့ ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေးအဖွဲ့ ချုပ်နဲ့ ကိုရဲထွန်း ဦးဆောင်တဲ့ ၈၈ မျိုးဆက် ကျောင်းသားလူငယ်များ (ပြည်ထောင်စု မြန်မာနိုင်ငံ) စတဲ့ ပါတီနှစ်ခုက ပါတီဝင်တွေ လွန်ခဲ့တဲ့ရက်ပိုင်းက မြောက်ဥက္ကလာပ မြို့နယ်မှာရှိတဲ့ ဈေးတခိျု့မှာ ပါတီရန်ပုံငွေအတွက် အလှူငွေ ကောက်ခံခဲ့တာ ဖြစ်ပါ တယ်။
             ဒီလို အလှုငွေကောက်ခံတာဟာ စည်ပင်သာယာဥပဒေနဲ့ ငြိစွန်းတယ်ဆိုပြီး ရန်ကုန်အရှေ›ပိုင်းခရိုင် မြို့တော်စည်ပင်သာယာရေးကော်မတီက တရားစွဲဆိုလိုက် တာပါ။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး ပြည်ထောင်စု အမျိုးသားနိုင်ငံရေးအဖွဲ့ချုပ် ဥက္ကဋ္ဌ ကိုအေးလွင် က æ “မနေ့က ၇ ရက်နေ့ဒိတ်နဲ့ပေါ့နော် ရန်ကုန် အရှေ›ပိုင်းခ±ိုင်၊ စည်ပင်ခ±ိုင် ဦး စီး တယောက်ကနေ စာနဲ့ ရယက ကနေတဆင့် ပေးတယ်လို့ သိရတယ်။ ကိုအောင် မင်းသူ အမည်နဲ့ ပေါ့နော်၊ အဲဒီလို ပေးတယ်လို့ သိရတယ်။ အဲဒါ သူတို့ တရားစွဲ မယ်ပေါ့ဗျာ၊ ဆင့်ခေါ်တယ်ပေါ့၊ ၉ ရက်နေ့ကို လာပါလို့ ဆင့်ခေါ်ထားတယ်တဲ့၊ အဲဒီ လို သိရတယ်။”

စည်ပင်သာယာရေးဥပဒေတွေထဲမှာ အလှူခံပုဂ္ဂိုလ်အမျိုးအစားတွေနဲ့ ပတ် သက်ပြီး နိုင်ငံရေးပါတီဝင်တွေ ပါဝင်ခြင်း မရှိတာကို နိုင်ငံရေးပါတီလုပ်ထုံးလုပ်နည်း ဥပဒေတွေအရ ခွင့်ပြုပြီး ဖြစ်တာကြောင့် ဥပဒေသစ်တွေနဲ့ ဥပဒေတွေဟောင်းတွေ သဟဇာတ မဖြစ်မှုကိုလည်း ကိုအေးလွင်က ထောက်ပြ ဝေဖန်ပါတယ်။

“စည်ပင်သာယာရေး ဥပဒေတွေ ထွက်တဲ့အချိန်တုန်းက နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေက မထွက်သေးဘူးဗျ။ အလှူခံပုဂ္ဂိုလ်ဆိုတာ နိုင်ငံရေးပါတီတွေ မပါတဲ့ဟာကို ဆိုလိုတာလေ၊ အခုဟာက နိုင်ငံရေးပါတီတွေကို အလှူခံပုဂ္ဂိုလ် စာရင်း ထဲမှာ နိုင်ငံတော်အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီက ထည့်ပေးလိုက်ပြီ လေ၊ ထည့်ပေးတော့ ဒီ နိုင်ငံရေးပါတီတွေက အလှူခံတဲ့ ကိစ္စအပေါ်မှာ အရင်ဥပဒေ တွေနဲ့ စည်ပင်သာယာရေးဥပဒေတွေနဲ့ သွားတိုင်းတာလို့ရှိရင်တော့ ဒါ မမှန်ကန်နိုင် ဘူးပေါ့ဗျာ။

“အဲဒီတော့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေဆိုတဲ့ နိုင်ငံတော်အေး ချမ်းသာယာရေးနဲ့ဖံွံ့ဖြိုးရေးကောင်စီက ထုတ်ပြန်ထားတဲ့ နည်းဥပဒေကို စည်ပင် သာယာ နည်းဥပဒေက လွှမ်းမိုးတယ် ဆိုတဲ့ ကိစ္စကလည်း တော်တော် အဓိပ္ပာယ် လည်း မရှိဘူး။ သဘာဝလည်း မကျဘူးပေါ့။ အဲဒါမျိုးက။ အဲဒီဟာကိုပဲ ကျနော် အ ဓိက ပြောချင်တာပါ။”
            အစိုးရကိုယ်တိုင် ပါဝင်ပတ်သက်ပြီး ကျောထောက်နောက်ခံပေးထားတဲ့ ပြည် ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီနဲ့ အခြားနိုင်ငံရေးပါတီတွေအပေါ် ဥပဒေကြောင်း အရ ခွဲခြားမှုတွေ ရှိနေတဲ့အပေါ်လည်း ကိုအေးလွင်က ဝေဖန်လိုက်ပါတယ်။
            “ဟိုကတော့ အစိုးရကထောင်တဲ့ ပါတီမို့လို့၊ ဒါကတော့ အရပ်ဘက်က ထောင်တဲ့ ပါတီမို့လို့ အဲဒီလိုခွဲခြားပြီးတော့ အခွင့်အရေး မညီမျှတာမျိုးကတော့ မဖြစ်သင့်ဘူးပေါ့ဗျာ၊ ဒါ ဖြစ်လည်း မဖြစ်ထိုက်ဘူး၊ သဘာဝလည်း မကျဘူး၊ အသင်း လားလို့မေးတော့ အသင်းမဟုတ်ဘူး ပါတီ။ ပါတီလားလို့မေးတော့ ပါတီမဟုတ်ဘူး အသင်း။ ပါတီလား အသင်းလားလို့မေးတော့ မဟုတ်ဘူး အစိုးရဆိုတော့ ကျနော် တို့ ဘယ်လိုပြောမလဲ။
            “ကျနော်တို့ကျတော့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေအရပဲ ကျနော် တို့က ရပ်တည်ပြီးတော့၊ အစိုးရဘက်ကလည်း ကိုယ်ပြဌာန်းထားတဲ့ ဥပဒေကို ကိုယ့်ဟာကို ယုံကြည်ရင်တော့ အဲဒီဥပဒေပါ ပြဌာန်းချက်တွေနဲ့အညီ လုပ်ပေါ့ဗျာ။”
            ကိုအေးလွင် ဦးဆောင်တဲ့ပါတီတွေ ပြီးခဲ့တဲ့လပိုင်းတွေက စည်းရုံးရေးအတွက် အလံထောင် လှည့်လည်ခဲ့ပြီးနောက်ပိုင်းမှာ ရွေးကောက်ပွဲကျင်းပရေး ကော်မရှင်က ထပ်မံတင်းကျပ်တဲ့ ပါတီစည်းရုံးရေးဆိုင်ရာ ဥပဒေတွေ ထုတ်ပြန်ခဲ့ပြီးတဲ့နောက်ပိုင်း အခုလို တရားစွဲဆိုမှုတွေ ဖြစ်ပေါ်လာတာပါ။ စည်ပင်က တရားစွဲတာအပြင် နေပြည်တော်ရှိ ရွေးကောက်ပွဲကော်မရှင် ကလည်း ဒီကိစ္စအပေါ် သတိပေးစာတစောင် ထုတ်ပြန်လိုက်ပြီး အခြားပါတီအားလုံး ကိုပါ မိတ္တူပို့လိုက်တယ်လို့ ဦးအေးလွင်က ပြောပါတယ်။
            “ကော်မရှင်ကပါ စာထပ်ထွက်တယ်ဗျ။ အခုနလေးကမှ ရောက်လာတာပါ။ ၇ ပိုဒ် ပါတယ်ဗျာ။ အဓိက အပိုဒ်ကို ကျနော်ဖတ်ပြမယ်။ ဆိုလိုသည်မှာတဲ့ ယခုကဲ့ သို့ ရပ်ကွက်နှင့် ဈေးများသို့ သွားရောက် လှည့်လည်၍ အလှူငွေ တောင်းခံခြင်းကို ဆိုလိုခြင်း မဟုတ်ဘဲ၊ လူပုဂ္ဂိုလ်တဦးချင်းစီက ဖြစ်စေပေါ့၊ အဖွဲ့အစည်း အလိုက်ဖြစ် စေ၊ ကုမ္ပဏီအစုက ဖြစ်စေ ယင်းတို့၏ သဘောဆန္ဒ အလျှောက် ပါတီသို့ လှူဒါန်း ခြင်းကိုသာ ဆိုလိုသည်။

“ကျနော်တို့က ငုတ်တုတ်ထိုင်နေ ပေါ့ဗျာ၊ သူတို့က လာလှူရင် လက်ခံယူ ဆိုတဲ့ ပုံစံမျိုး၊ အလှူခံတာပဲဗျာ ဓားပြတိုက်တာလည်း မဟုတ်ဘူးဗျာ။ လုယူတာ လည်း မဟုတ်ဘူးဗျာ။ နှိမ်ချပြီး ရေးထားတယ်ဗျာ။ ပြီးတော့ ဒီစာကို တိုင်းကော်မရှင် အဖွဲ့ခွဲက အကုန်လုံး လျှောက်ဖြန့်နေတယ်။ ရပ်ကွက်ကောက်မရှင်အဖွဲ့ခွဲတွေရော ပါတီမြို့နယ် ဆိုင်းဘုတ်တင်ထားတဲ့ နေရာတွေရော ပါတီ အဖွဲ့အစည်းအသီးသီး အားလုံးပေါ့ဗျာ တက်ပြီးတော့ သိက္ခာချတာပေါ့ဗျာ၊ ကော်မရှင်ဆိုတာ နိုင်ငံရေးပါတီ တွေကို သိပ်ခါချဖို့ ပေါ်လာသလို ဖြစ်နေတယ်ဗျာ။”
            ကော်မရှင်ရဲ့ သတိပေးစာနဲ့ ပတ်သက်ပြီး တခြားပါတီတွေကို မေးကြည့်တဲ့ အခါမှာတော့ အဲဒီ စာမိတ္တူတွေ ဒီညနေပဲ သူတို့ပါတီတွေလည်း လက်ခံရရှိခဲ့တယ် လို့ ပါတီတာဝန်ခံတခိျု့က ပြောပါတယ်။
           
ကိုအေးလွင်တို့ပါတီဟာ ပြီးခဲ့တဲ့လအတွင်းကလည်း ပါတီအလံတွေ ထောင် ပြီး မြို့ထဲမှာ လမ်းလျှောက်တဲ့ အတွက် ပါတီအလံကို ပါတီ±ုံးအပ တခြားနေရာမှာ မသုံးရလို့ ပါတီအားလုံးဆီ အမိန့် ထွက်ခဲ့ဖူးသလို ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလအတွင်း ကလည်း ကြံ့ခိုင်ရေးပါတီနဲ့ ကိုအေးလွင်တို့ ပါတီ±ိုက်ပွဲ ဖြစ်တဲ့အထိ ပြဿနာ တက် ခဲ့ဖူးပါတယ်။

နောက်ဆုံး ဖတ်စရာ
စီးပွားရေးသတင်းများ
ရွှေအောင် ၈ ဇူလိုင် ၂ဝ၁ဝ DVB

  ဒီနေ့စီးပွားရေးသတင်းအနေနဲ့ ဗိုလ်ချုပ်ဟောင်းတွေရေးတဲ့ စာ အုပ်တွေ အရောင်းသွက်၊ လိုင်စင်မဲ့ကားတွေ ဖမ်းပြီး နေပြည်တော်ပို့ စတဲ့ သတင်း တခိျု့ စုစည်းတင်ဆက်ပါ့မယ်။ ဗိုလ်ချုပ်ဟောင်းများရေးသားသည့် အတ္ထုပ္ပတ္တိစာအုပ်များ အရောင်းသွက် ရန်ကုန်စာအုပ်ဈေးကွက်မှာ ဗိုလ်ချုပ်ဟောင်းတွေရေးတဲ့ အတ္ထုပ္ပတ္တိစာအုပ် တွေ ဈေးကွက်မှာ ပြတ်တဲ့အထိ ရောင်းနေရတယ်လို့ ပန်းဆိုးတန်း စာအုပ်တန်းက ဆိုင်ရှင်တဦးက ပြောပါတယ်။

“အခု နောက်ဆုံးထွက်တာ ကိုထွန်းကြည်၊ ကိုထွန်းကြည်ကတော့ တော် တော် ရောင်းရတယ် ခဏခဏပြတ်နေတယ်၊ အခု လုပ်ရှိ စာအုပ်ပြတ်နေတယ်၊ ပြတ်တာကို မှာထားတဲ့လူတွေရှိတယ်။”

အရင်ထွက်ခဲ့တဲ့ စာအုပ်တွေလည်း ဒီစာအုပ်လိုပဲ ရောင်းရတယ်လို့ ဆိုပါ တယ်။ စစ်တပ်က ၁၉၈၈ ခုနှစ် အာဏာသိပ်းပြီး၊ နဝတ ဖွဲ့တုန်ကတည်းက ပါဝင်ခဲ့တဲ့ ဗိုလ်ချုပ်ကြီးချစ်ဆွေက နောင်စစ်သည် ကလောင်အမည်နဲ့ သေတနေ့မွေးတနေ့ စာအုပ်ကို ၂ အုပ်တွဲ ထုတ်ခဲ့ပါတယ်။ နဝတ မှာပဲ ပါခဲ့တဲ့ ဗိုလ်ချုပ်ကြီးဟောင်း ထွန်း ကြည်ကလည်း ဗိုလ်ထွန်းကြည်(မုံရွာ)ကလောင်နဲ့ နှစ် ၅ဝ ကျော် ကိုယ်တွေ့များ ဆိုပြီး ထွက်လာတာ ဖြစ်ပါတယ်။ အရင် မဆလခေတ်က ဗိုလ်ချုပ်တွေလည်း စာအုပ် ထုတ်ခဲ့ကြပါတယ်။ ဒါပေ မယ့် ၈၈ ဒီဘက် ဗိုလ်ချုပ်တွေ စာအုပ်ကတော့ ခုမှ ထွက်လာတာပါ။

လက်ရှိစာပေလောကမှာ အတ္ထုပ္ပတ္တိစာအုပ်တွေ အရောင်းသွက် နေပါတယ်၊ ကမေBာဒီးယား ဝန်ကြီးချုပ် ဟွန်ဆမ်၊ ±ုရှားဝန်ကြီးချုပ် ဗလာဒီမာပူတင်၊ တောင် အာဖရိက သမ္မတဟောင်း နယ်ဆင်မင်ဒဲလားစတဲ့ စာအုပ်တွေ ဈေးကြီးပေမယ့် ရောင်းနေရတယ်လို့ သိရပါတယ်။ တခုရှိတာက စာပေလောကမှာ ရောင်းရတယ် ဆိုတာက စာအုပ် လေးငါးရာ ရောင်းရရင်ပဲ ရောင်းရတယ်လို့ သတ်မှတ်ကြတာ ဖြစ်ပါတယ်။ လိုင်စင်မဲ့ကားများ ဖမ်းဆီးပြီး နေပြည်တော်ပို့ တာချီလိတ်မှာ ဖမ်းထားတဲ့ လိုင်စင်မဲ့ကားတွေကို တိုင်းစစ်ဌာနချုပ်ကို တန်း ပို့ပြီး၊ အဲဒီကနေ နေပြည်တော်ကို တခါတည်း ဆက်ပို့နေတယ်လို့ မြို့ခံတဦးက ပြောပါတယ်။

“ျကမစမငျန ခ့နခု (±ုတ်တရက် စစ်ဆေး) လုပ်ရမယ်နေ့ဆိုရင် အဖွဲ့စုံနဲ့ ဒီလို လမ်းဆုံ တဆုံမှာ စောင့်ဖမ်းတယ်၊ ဖမ်းမိလိုရရှိရင် မိတဲ့ကားကို ချက်ချင်း ဓာတ်ပုံ ±ိုက်၊ ±ိုက်ပြီးတော့ အဖွဲ့စုံ လက်မှတ်ထိုး ပြီးရင်တိုင်းကိုပို့၊ အရင်တုန်းကလိုမျိုး လမ်း မှာ ဟိုဟာချွတ် ဒီဟာချွတ် ဖြုတ်လို့ မရတော့ဘူး အခုက။ တခါတည်း တိုင်းကနေမှ တဆင့် နေပြည်တော်ကို ပို့တာလေ။”

အရင်က လိုင်စင်မဲ့ကားဖမ်းပြီး တိုင်းမှာပဲထား။ ပြီးတော့ လေလံပစ် ရောင်း တာပါ။ နောက်တခါ လိုင်စင်မဲ့ကားတွေကို ဒဏ်ကြေးဆောင်ခိုင်းပြီး လိုင်စင်လုပ်ပေး မယ်ဆိုတဲ့ သတင်းတွေလည်း သိုးသိုးသန့်သန့် ထွက်နေပါတယ်။ တာချီလိတ်မှာက ထိုင်းကဝင်တဲ့ကားတွေ အများကြီး ရှိနေတာပါ၊ လိုင်စင်မဲ့ ဖမ်းထားတဲ့ ကားတွေကို မနှစ်ကတည်းက လေလံပစ် ရောင်းခဲ့တာ အကြိမ်ရေ နှစ် ဆယ်လောက် ရှိပါတယ်။ လေလံပွဲတွေအပြီး သုံးလလောက်အကြာမှာ လိုင်စင်မဲ့ ကားတွေကို တပြည်လုံးအနှံ့ ပြန်ဖမ်းနေခြင်းပဲ ဖြစ်ပါတယ်။

===============================

No comments:

Post a Comment