သတင်းတွေ ဖတ်ဖို့ ခေါင်းစဉ် သို့ မဟုတ် Read More ကိုသာ လိုက်ရှာပြီး နှိပ်ပါလေ

Friday, July 30, 2010

2010 July 30

ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို ဖိတ်ကြား၍ အိန္ဒိယကို သတင်းမီဒီယာဝေဖန်

2010-07-30 RFA

ဒီတပတ်ထုတ် Newsweek မဂ္ဂဇင်းမှာ India gives a big hug to Burma’s junta အိန္ဒိယအစိုးရက မြန်မာစစ်ခေါင်းဆောင်ကို ခမ်းခမ်းနားနားနဲ့ ကြိုဆိုလိုက်တယ် ဆိုတဲ့ ခေါင်းစဉ်နဲ့ Jeremy Kahn ရေးသားထားတဲ့ ဆောင်းပါး တစောင် ပါရှိပါတယ် ။(Photo: AFP)နေပြည်တော်တွင် ၂ဝဝ၈ခုနှစ် မတ်လ ၂၇ရက်နေ့က ကျင်းပသော တော်လှန်ရေးနေ့ စစ်ရေးပြ အခမ်းအနားတွင် စစ်ကြောင်းများကို အမိုးဖွင့် ကားသစ်ကြီးပေါ်မှ လှည့်လည် စစ်ဆေးနေသော ဗိုလ်ချုပ်မှူးကြီး သန်းရွှေ။ (Photo: AFP)အဲဒီဆောင်းပါးထဲမှာ ကမႝာ့ အကြီးဆုံး ဒီမိုကရေစီနိုင်ငံကြီးလို့ ဂုဏ်ယူဝင့်ြွကားနေတဲ့ အိန္ဒိယနိုင်ငံဟာ သူ့ပြည်သူတွေကို ဆိုးဆိုးဝါးဝါး ဖိနှိပ်နေတဲ့ မြန်မာနိုင်ငံက အာဏာရှင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို ဒီသီတင်းပတ်ထဲမှာ ကော်ဇော်နီခင်းပြီး ကြိုဆိုခဲ့ပါတယ် ။ဒါဟာ မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေအနေနဲ့ အိန္ဒိယကို ဒုတိယ အကြိမ် လာရောက်ခဲ့တဲ့ ခရီးစဉ်ဖြစ်ပါတယ် ။အိန္ဒိယအနေနဲ့လည်း မြန်မာနိုင်ငံကို လက်နက်ရောင်းချဖို့ နဲ့ မြန်မာနိုင်ငံက စွမ်းအင်တွေ ရရှိဖို့အတွက် ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို ဖိတ်ကြားတာပါ ။တကယ်တော့ အိန္ဒိယနိုင်ငံဟာ မြန်မာဒုက္ခသည်တွေကို လက်ခံခဲ့တာ ၊ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံခဲ့တာတွေကြောင့် အရင်က မြန်မာစစ်အစိုးရနဲ့ သိပ်ပြီး ပြေလည်ခဲ့ကြတာတော့ မဟုတ်ပါဘူး ။ဒါပေမဲ့ မြန်မာနိုင်ငံဟာ သဘာဝဓာတ်ငွေ့တွေြွကယ်ဝတာနဲ့ အိန္ဒိယနိုင်ငံအနေနဲ့ စီးပွားရေး တိုးတက်မှုတွေကို ထိန်းသိမ်းထားနိုင်ဖို့က မြန်မာနိုင်ငံက စွမ်းအင်တွေ ရဖို့ လိုအပ်ပါတယ် ။အဲင်္ဒီအတွက်ကြောင့် တရုတ်က လက်ဦးမှု မရခင်မှာ အိန္ဒိယအနေနဲ့ ရအောင် ကြိုးစားခဲ့ပါသေးတယ် ။အိန္ဒိယနိုင်ငံရဲ့ Pioneer သတင်းစာကြီးရဲ့ အယ်ဒီတာ ဒေါက်တာ ကာလီကာ ကတော့ မြန်မာစစ်အစိုးရဟာ အိန္ဒိယနဲ့ တရုတ်အကြားမှာ ကစားနေတယ်လို့ RFA ကို ပြောပါတယ် ။'တရုတ်နဲ့ အိန္ဒိယ အပြိုင်အဆိုင် ဖြစ်နေတဲ့အပေါ်မှာ မြန်မာစစ်အစိုးရက ကစားနေတယ်လို့ ကျွန်တော့အနေနဲ့ ယုံကြည်ပါတယ် ။ အဲဒီအချက်ကို ကျွန်တော်တို့ အိန္ဒိယ အနေနဲ့ အထူးသတိထားရပါမယ် ။ မြန်မာစစ်အစိုးရ ဆင်ထားတဲ့ အဲဒီ ထောင်ချောက်ထဲကို အိန္ဒိယ အနေနဲ့ ဝင်မသွားသင့်ပါဘူးလို့ ပြောသွားပါတယ် ။'ဆောင်းပါးမှာ ဆက်လက် ဖော်ပြထားတာကတော့ အိန္ဒိယအစိုးရဟာ မြန်မာစစ်အစိုးရကို ဖက်လဲတကင်း ဆက်ဆံနေတဲ့ မူဝါဒတွေဟာ ထိရောက်မှု မရှိပါဘူး။အမေရိကန်နဲ့ အီးယူ ဥရောပသမဂ္ဂ အနေနဲ့ မြန်မာစစ်အစိုးရကို တဖက်သတ် ပိတ်ဆို့ အရေးယူတဲ့ နည်းတနည်းကို အရင်ကတည်းက ကျင့်သုံးခဲ့ပါတယ်။အနောက်နိုင်ငံတွေအနေနဲ့ မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံတွေကို သူတို့နဲ့အတူ မြန်မာစစ်အစိုးရကို ဆန့်ကျင်ဖို့အတွက် ဖျောင်းဖျစည်းရုံးနိုင်ခြင်း မရှိရင် ကမႝာကြီးဟာ အထီးကျန် မဟုတ်ဘူးဆိုပြီး မြန်မာစစ်အစိုးရအနေနဲ့ ဆက်လက် ရှင်သန်နေဦးမှာ ဖြစ်ပါတယ်လို့ ဆောင်းပါးမှာ ရေးသား ထားပါတယ် ။ဒါနဲ့ ပတ်သက်လို့လည်း Pioneer သတင်းစာကြီးရဲ့ အယ်ဒီတာ ဒေါက်တာ ကာလီကာ က ဘယ်လိုပဲဖြစ်ဖြစ် ဒီမိုကရေစီ မူဝါဒတွေအရပဲ ရပ်တည်ရမယ်လို့ အခုလို ပြောကြားလိုက်ပါတယ် ။'မြန်မာ ဒီမိုကရေစီအရေးကို သံန္နိဌာန်ချပြီး ကူညီရပါမယ် ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အရေးကြီးတဲ့ အခန်းကဏ္ဍ မပါရှိရင် ပြည်စုံတဲ့ ဒီမိုကရေစီမဟုတ်ပါဘူး ။ ကျွန်တော်တို့အနေနဲ့ ဒီမိုကရေစီ မူဝါဒတွေ ပါရှိတဲ့ နိုင်ငံရေးကို ထောက်ခံရမယ် ။ ကမႝာအနှံ့ လွတ်မြောက်မှုကို ထောက်ခံရမယ် ။ အာဏာရှင်စနစ်ကို ဆန့်ကျင်ရမယ်လို့ ပြောသွားကြားသွားပါတယ်။'ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ အိန္ဒိယ ခရီးစဉ်အတွင်းမှာပဲ အိန္ဒိယနိုင်ငံက တာတာ မော်တော်ကား ကုမ္မဏီ နဲ့ မြန်မာမော်တော်ကား ထုတ်လုပ်ရေး လီမီတက် MADIL တို့က မကွေးမြို့ မှာ အကြီးစား လုပ်ငန်းသုံး မော်တော်ကားထုတ်လုပ်ရေး စာချုပ်ချုပ်ဆိုခဲ့ပါတယ် ။အဲဒီစာချုပ်အရ အစပိုင်းမှာ မော်တော်ကား စင်းရေ ၁ ထောင် ထုတ်လုပ်မှာ ဖြစ်ပြီး နောက်ပိုင်းမှာ ၅ ထောင်အထိ တိုးထုတ်လုပ်မှာ ဖြစ်ပါတယ် ။အိန္ဒိယကနေ စက်ပစ္စည်း အစိတ်အပိုင်းတွေ ပို့ပြီး မြန်မာနိုင်ငံမှာ တပ်ဆင်မှာလို့ တာတာ ကားကုမ္ပဏီရဲ့ အရာရှိတဦးက ပြောပါတယ် ။စက်ရုံက ထုတ်လုပ်မှုကို ဒီနှစ် နောက်ဆုံး သုံးလပတ်အတွင်း စတင်မှာ ဖြစ်တယ်လို့လည်း ပြောပါတယ် ။

တာတာကုမ္မဏီက တံဆိပ် နဲ့ အဲဒီကားတွေကို ထုတ်လုပ်မှာ ဖြစ်ပေမဲ့ မြန်မာမော်တော်ကား ထုတ်လုပ်ရေးလီမီတက် MADIL ကပဲ ဈေးကွက်မှာ တင်ပြီး ရောင်းချမှာ ဖြစ်ပါတယ် ။

စာရေးဆရာ သန်းဝင်းလှိုင် ထိုင်း-မြန်မာ နယ်စပ်ရောက်ရှိလာပြီ

2010-07-30 RFA

နိုင်ငံရေးအကျဉ်းသားဟောင်း စာရေးဆရာ သန်းဝင်းလှိုင်ဟာ ထောင်မှ လွတ်လာပြီးနောက် ထပ်မံ ဖမ်းဆီးခံရမဲ့ အန္ဈရာယ် ရှိနေတာကြောင့် ထိုင်း-မြန်မာ နယ်စပ်ကို ထွက်ပြေး တိမ်းရှောင်လာပြီး လှိျု့ဝှက်စွာ နေထိုင်နေပါတယ်။ဗိုလ်ချုပ်အောင်ဆန်း အပါအဝင် ထင်ရှားကျော်ကြားတဲ့ ပုဂ္ဂိုလ်တွေအကြောင်း ရေးသားပြုစုထားတဲ့ ‘ရုပ်တုများက ပြောသော မြန်မာ့သမိုင်းဝင် ပုဂ္ဂိုလ်များ စာအုပ်ကို ထုတ်ဝေခွင့် မရှိပဲ ဒုတိယအကြိမ် ထုတ်ဝေမှုနဲ့ စာအုပ်ရေးသားသူ စာရေးဆရာ သန်းဝင်းလှိုင်ဟာ ၂ဝဝဝ ပြည့်နှစ်မှာ အဖမ်းဆီးခံရပြီး ၂ဝဝ၇ ခုမှာ ထောင်က ပြန်လွတ်လာပါတယ်။လွတ်လာပြီးတဲ့နောက် ပထမပိုင်းမှာ စာအုပ်ရေးသား ထုတ်ဝေခွင့် ရှိပေမဲ့ နောက်ပိုင်းမှာ ထုတ်ဝေခွင့် မရတော့တဲ့အပြင် ထပ်မံ ဖမ်းဆီးခံရမဲ့ အလားအလာ ရှိတဲ့အတွက် ထိုင်း-မြန်မာ နယ်စပ်တနေရာကို ရောက်ရှိလာပြီး တနေရာမှာ လှိျု့ဝှက်နေထိုင်နေပါတယ်။၁၉၉ဝ ပြည့်နှစ် ရွေးကောက်ပွဲမှာ သူဟာ ဝိဓူရ သခင်ချစ်မောင် ဦးစီးတဲ့ အမျိုးသားပြန်လည် တည်ဆောက်ရေး ဒီမိုကရေစီ တပ်ပေါင်းစုပါတီ၊ သင်္ကန်းကျွန်းမဲဆန္ဒနယ် အမှတ်(၂ ) ကနေ ဝင်ရောက် ယှဉ်ပြိုင်ဖူးပါတယ်။ ဒီနောက် ထောင်အချုပ် တလခွဲ ကျခံရပြီး နောက်ပိုင်းမှာ သူပါဝင်တဲ့ ပါတီ မရှိတာရော ဒီမိုကရေစီရေး ဆောင်ရွက်လိုတာကြောင့်ပါ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီဝင်တဦး ဖြစ်လာပါတယ်။ခု ထိုင်း-မြန်မာနယ်စပ်ကို ရောက်လာတဲ့ ဦးသန်းဝင်းလှိုင်ကို RFA မှ ဒေါ်စမ်းစမ်းတင်က ဆက်သွယ် မေးမြန်းထားပါတယ်။

ဆက်သွယ်မေးမြန်းချက်။

အသံဖိုင်ယူရန်

ကြံ့ဖွံ့ပါတီက CDMA ဖုန်းရောင်း၍ စည်းရုံးနေ

ဝီရ / ၃၀ ဇူလိုင် ခေတ်ပြိုင်

ကျေးလက်နေ ပြည်သူတို့အား ကြံ့ဖွံပါတီက CDMA 450 MHz ဖုန်းများ ရောင်းချကာ ဝင်ငွေရှာ၍ မွန်ပြည်နယ်၌ စည်းရုံးရေးဆင်းနေကြောင်း သိရသည်။

ဘယ်ကြံ့ခိုင်ရေးပါတီဝင်မဆို CDMA ဖုန်းလိုချင်ရင် သူတို့ (ကြံ့ဖွံ့) ပါတီက တပတ်အတွင်း ချပေးနေလို့ ပါတီဝင်အဖြစ် စာရင်းသွင်းတဲ့သူတွေ ဒီတဝိုက်မှာ များတယ်ပေါ့။ သူတို့က ပါတီရန်ပုံငွေအတွက် ဒီလို မသမာတဲ့နည်းတွေနဲ့ ဝင်ငွေရှာနေကြတယ် ဟု မွန်ပြည်နယ်ရှိ ချောင်းဆုံ (ဘီလူးကျွန်း) မြို့နယ်မှ ပညာရေးဝန်ထမ်းတဦးက ခေတ်ပြိုင်သို့ ပြောသည်။

ယင်းကဲ့သို့ ကြံ့ဖွံ့ပါတီက CDMA ဖုန်းများကို လျင်မြန်စွာ လိုသလောက်ချပေးနေသည့်အတွက် ချောင်းဆုံမြို့နယ်ရှိ ပညာရေး၊ ကျန်းမာရေးဝန်ထမ်းတို့က မကျေမနပ်ဖြစ်နေကြကြောင်း သိရသည်။

မွန်ပြည်နယ်တွင် (၇) သိန်းခန့် ကုန်ကျသည့် ကမ်းရိုးတန်းသုံး ဖုန်းဖြစ်သည့် CDMA 450 MHz လျှောက်ထားလိုပါက ယခင်က စည်ပင်၊ ပို့ဆောင်ရေး၊ စစ်တပ်၊ ရဲတပ်ဖွဲ့ စသည့်အဖွဲ့အစည်းတရပ်ရပ်မှတဆင့် လျှောက်ထားကြရသော်လည်း ယခုအခါ ကြံ့ဖွံ့ပါတီမှတဆင့် လျှောက်လျှင် လွယ်ကူစွာ ချပေးနေကြောင်း သိရသည်။

၎င်းက “မြန်မာ့ဆက်သွယ်ရေးက တမြို့နယ်မှာ ဌာနဆိုင်ရာ ဝန်ထမ်းတွေအတွက် ဖုန်းဘယ်နှလုံး၊ စည်ပင်အတွက် ဖုန်းဘယ်နှလုံး ဆိုပြီး အရင်က ချပေးထားတယ်။ ဒါပေမယ့် အခုကျတော့ အဲ့လိုမဟုတ်တော့ဘူး။ ကြံ့ဖွံ့က ဒီလုပ်ငန်းကို သိမ်းထားလိုက်သလို ဖြစ်သွားပြီ။ ဖုန်းလိုချင်ရင် ကြံ့ဖွံ့ပါတီထဲ ဝင်ရတော့မယ့် အခြေအနေ ဖြစ်လာတယ် ဟု ပြောသည်။

(၇) သိန်းခန့် ကုန်ကျသည့် CDMA ကမ်းရိုးတန်းသုံးဖုန်းများကို ကြံ့ဖွံ့ပါတီက (၆) သိန်း (၆) သောင်းဖြင့် ကျေးရွာများတွင် ချပေးနေကြောင်း၊ မွန်ပြည်နယ် ကျေးရွာများသို့ ကြံ့ဖွံ့ပါတီက ၎င်းတို့၏ပါတီဝင် စုဆောင်းရေးခရီးစဉ်အတွင်း ကျေးရွာဥက္ကဋ္ဌတို့အား ကျပ်ငွေ (၅) သိန်းပေးကာ လူစုဆောင်းခိုင်းသည့် ဖြစ်ရပ်များလည်း ရှိခဲ့ကြောင်း စုံစမ်းသိရှိရသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူတဦးက “နယ်မြို့တွေအတွက် CDMA 450 ဖုန်းတွေကို ပြီးခဲ့တဲ့ ဇွန်လကတည်းကစပြီး အကန့်အသတ်မရှိ ချပေးထားပါတယ်။ ဒါပေမယ့် ကြံ့ခိုင်ရေးက လူကြီးတွေက ဒါကို သူတို့ပါတီအတွက် သုံးချင်လို့ဆိုပြီး အလုံးရေများများ ယူထားပြီး သူတို့အကျိုးစီးပွားအတွက် သုံးနိုင်ဖို့ ဖြစ်နိုင်ပါတယ် ဟု ခေတ်ပြိုင်သို့ ပြောကြားသည်။

ကြံ့ဖွံ့ပါတီသည် လက်ရှိ စစ်အစိုးရ ဝန်ကြီးချုပ် ဦးသိန်းစိန် ဦးဆောင်သည့် ၂၀၁၀ ရွေးကောက်ပွဲဝင် နိုင်ငံရေးပါတီတရပ်ဖြစ်ပြီး ပါတီဝင်အင်အား (၈) သန်းကျော် စုဆောင်းပြီးဖြစ်ကြောင်း ပါတီခေါင်းဆောင်အချို့က ခန့်မှန်းကြသည်။

ဝဒေသအတွင်း မဲဆွယ်စည်းရုံးရေးနှင့် မဲဆန္ဒနယ်မြေမရှိ

ပေါက်ပေါက် / ၃၀ ဇူလိုင် ခေတ်ပြိုင်

ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ဝတပ်ဖွဲ့ထိန်းချုပ်ရာဒေသအတွင်းသို့ မှတ်ပုံတင်ထားပြီးဖြစ်သည့် ဝဒီမိုကရက်တစ်ပါတီနှင့် ဝအမျိုးသားစည်းလုံးညီညွတ်ရေးပါတီ အပါအဝင် နိုင်ငံရေးပါတီများက သွားရောက် မဲဆွယ်စည်းရုံးခြင်း မရှိသကဲ့သို့ ၂ဝ၁ဝ ရွေးကောက်ပွဲတွင် မဲဆန္ဒနယ်မြေ လစ်လပ်ရန်ရှိနေသည်။

ဦးခွန်ထူးလူ ဦးဆောင်သည့် ဝဒီမိုကရက်တစ်ပါတီနှင့် ဦးစောဖီးလစ် ဦးဆောင်သည့် ဝအမျိုးသား စည်းလုံးညီညွတ်ရေးပါတီတို့သည့် ဝလူမျိုးအား ကိုယ်စားပြုထားသော်လည်း ၂ဝဝ၈ ဖွဲ့စည်းပုံအရ ဝကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်းထဲပါဝင်မည့် မိုင်းမော၊ ပန်ဝိုင်၊ နားဖန်း၊ ပန်ဆန်းမြို့နယ်တို့တွင် မဲဆွယ်စည်းရုံးခြင်း မရှိသကဲ့သို့ မဲဆန္ဒနယ်မြေအဖြစ် သတ်မှတ်ရန်လည်းမရှိကြောင်း ဝတပ်ဖွဲ့နှင့် နီးစပ်သူတဦးက ပြောသည်။

၎င်းက “နယ်ခြားစောင့်တပ်ဖွဲ့ဖို့ လက်မခံတော့ လက်ရှိ ဝတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ အဲဒီမြို့နယ်တွေကို နအဖဘက်က ကွက်ချန်ထားခဲ့တာပေါ့။ ၁၉၉ဝ ရွေးကောက်ပွဲတုန်းကလည်း အဲဒီကလူတွေ မဲမပေးရဘူး။ အခုလည်း မဲပေးဖို့ မဖြစ်နိုင်တော့ဘူး။ ဝပါတီတွေလည်း ဝင်ပြီး မဲဆွယ်တာတွေ မရှိဘူး။ မဲဆွယ်စရာလည်း အကြောင်းမရှိတော့တဲ့သဘောပေါ့ ဟု ပြောသည်။

ယခင်ဝစော်ဘွား၏ သားလည်းဖြစ်ပြီး ကာကွယ်ရေးဝန်ကြီးဌာနမှ ဒု-ဗိုလ်ချုပ်ကြီး ကိုကို၏ ယောက်ဖတော်စပ်သူ ဦးခွန်ထွန်းလူ၏ ဝဒီမိုကရက်တစ်ပါတီသည် ဟိုပန်မြို့နယ်တွင် ဝင်ရောက်ယှဉ်ပြိုင်ရန်ရှိပြီး ဝအမျိုးသား စည်းလုံးညီညွတ်ရေး ပါတီသည် ဟိုပန်၊ တန့်ယန်း၊ ကျိုင်းတုံမြို့နယ်အတွင်း ဝင်ရောက်ယှဉ်ပြိုင်ရန်ရှိကာ မဲဆွယ်စည်းရုံးရေး ဆင်းနေကြသည်ဟု အဆိုပါ ပါတီများနှင့် နီးစပ်သူတဦးက ပြောသည်။

၎င်းက “ခွန်ထွန်းလူကတော့ ၉ဝ ရွေးကောက်ပွဲတုန်းကတော့ တစညအနေနဲ့ ဟိုပန်ကနေ ပြိုင်ပြီး အနိုင်ရခဲ့တယ်။ အခုလည်း ဟိုပန်ကပဲ ပြိုင်ဖို့များတယ်။ သူ့နယ်လိုဖြစ်နေတာ။ နအဖနဲ့လည်း အတော်နီးစပ်တယ်။ ဝနဲ့ နယ်ခြားစောင့်ကိစ္စ ဆွေးနွေးနေတုန်းက နအဖကိုယ်စားလှယ်ဘက်ကနေ ပါလာသေးတယ်။ ဝကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်းထဲ သတ်မှတ်ထားတဲ့ မက်မန်းနဲ့ ဟိုပန်မြို့နယ်ရယ်၊ နောက် ဝတိုင်းဒေသထဲမပါတဲ့ တန့်ယန်း၊ ကျိုင်းတုံ အဲဒီမှာတော့ စည်းရုံးရေးဆင်းနေကြပြီ ဟု ပြောသည်။

၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဟိုပန်၊ မိုင်းမော၊ ပန်ဆန်း၊ ပန်ဝိုင်၊ နားဖန်း၊ မက်မန်းမြို့နယ်တို့အား ခရိုင် (၂) ခုဖွဲ့ပြီး ဝကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဟူ၍ သတ်မှတ်ပြဋ္ဌာန်းထားသည်။

ဥက္ကဋ္ဌ ပေါက်ယူချန်း ဦးဆောင်သည့် ရှမ်းပြည်နယ်၊ အထူးဒေသ(၂)၊ ဝတပ်ဖွဲ့အား နယ်ခြားစောင့်တပ် အသွင်ပြောင်းရန် နအဖဘက်မှ ယမန်နှစ် ဧပြီလကတည်းက ဖိအားပေးပြောဆိုနေသော်လည်း ယနေ့အထိ လက်မခံသေးပေ။

ရွှေတိဂုံစေတီတော်အနီး လုံခြုံရေးများချထား

တက်လူ / ၃၀ ဇူလိုင် ခေတ်ပြိုင်

ပြီးခဲ့သည့် ၂၀၀၇ ခုနှစ်တွင် ဖြစ်ပေါ်ခဲ့သော ရွှေဝါရောင်သံဃာ့အရေးအခင်း ဖြစ်ပေါ်မည်ကို စိုးရိမ်၍ ရွှေတိဂုံစေတီတော် အနီးတ၀ိုက်တွင် လုံခြုံရေးများ ချထားကြောင်း ရန်ကုန်မြို့ခံ မျက်မြင်များက ပြောသည်။

ရွှေတိဂုံစေတီ အရှေ့ဘက် စောင်းတန်းအနီးရှိ ညောင်တုန်း ပိဋကတ်တိုက်၊ ဒေါ်လှဆင်ပိဋကတ်တိုက်၊ ရွှေဟင်္သာပိဋကတ်တိုက်တို့မှ သံဃာတော်များကို ရွှေတိဂုံဘုရားဂေါပကအဖွဲ့က နှင်ထုတ်ကာ တိုက်များကို ချိတ်ပိတ်လိုက်ပြီးသည့် နောက်ပိုင်းတွင် ယင်းသို့ လုံခြုံရေးများ တိုးမြှင့်ချထားခြင်းဖြစ်သည်။

ပိဋကတ်တိုက်က သံဃာတော်တွေကို ပြောင်းရွှေ့ခိုင်းတာနဲ့ပတ်သက်ပြီးတော့ ပြီးခဲ့တဲ့ ၂၀၀၇ စက်တင်ဘာလို ဖြစ်မှာစိုးလို့ ကြိုတင်လုံခြုံရေးချထားတာဖြစ်တယ်။ ဘုန်းကြီးတွေကို လျှော့တွက်ထားလို့မရဘူး ဟု ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့ဝင် လူကြီးတဦးက ပြောသည်။

အဆိုပါ ပိဋကတ်တိုက် (၃) တိုက်အပါအ၀င် ရွှေတိဂုံစေတီ အရှေ့ဘက်စောင်းတန်းအနီး ပိဋကတ်တိုက် (၆) တိုက်မှ သံဃာတော်များနှင့် တိုက်ပိုင်ရှင်တို့၏ ဆွေမျိုးများကို ဇွန်လ (၃ဝ) ရက် နောက်ဆုံးထား၍ ကျောင်းတိုက်မှထွက်ခွာသွားကြရန် ရွှေတိဂုံဂေါပကအဖွဲ့က ညွှန်ကြားခဲ့ကာ ဇူလိုင်လ (၂၅) ရက်နေ့တွင် အပြီးပြောင်းရွှေ့ခိုင်းခဲ့ခြင်းဖြစ်သည်။

ရွှေတိဂုံစေတီဆိုတာ မြတ်စွာဘုရားရှင်ရဲ့ ဓာတ်တော်အစစ်တွေ ကိန်းဝပ်တော်မူတဲ့နေရာဖြစ်တယ်။ အဲဒီလို စေတီပရ၀ုဏ်အနီးမှာ ရဲတွေက လက်နက်တွေကိုင်ပြီးတော့ လုံခြုံရေးယူနေတာ အမြင်မတော်ဘူးပေါ့ဗျာ။ ပြီးတော့ ဘုရားဖူးတွေလည်း စိတ်အနှောင့်အယှက်ဖြစ်ရတယ်လေ ဟု ဘုရားအရှေ့မုခ်အနီးတွင် ဂိတ်ထိုးရပ်နားသည့် တက္ကစီကားမောင်းသူတဦးက ပြောသည်။

ယခုပြောင်းရွှေ့ရသော ကျောင်းတိုက်များမှ သံဃာများနှင့် ရွှေတိဂုံစေတီခြေတော်ရင်းရှိ အခြားကျောင်းတိုက်များမှ သံဃာတော်များမှာ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးတွင် ပါဝင်ခဲ့ကြဖူးသည်။

စစ်အစိုးရသည် အဆိုပါ ကျောင်းတိုက်မြေနေရာများအား သီရိင်္လကာအစိုးရနှင့် တရုတ်အစိုးရတို့ထံ ရောင်းချရန် ရည်ရွယ်ချက်ရှိသည်ဟု သိရကြောင်းလည်း ပြောင်းရွှေ့ရသော ဘုန်းကြီးကျောင်းတိုက်များနှင့် နီးစပ်သည့် ဒကာတပည့်များက ပြောကြားသည်။

ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတား ပြန်ဖွင့်ရေး ရက် မသတ်မှတ်နိုင်သေး

ရဲရင့် / ၃၀ ဇူလိုင် ခေတ်ပြိုင်

မဲဆောက်-မြ၀တီ ချစ်ကြည်ရေးတံတား ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ယနေ့နံနက်တွင် မြ၀တီမြို့၌ ထိုင်း-မြန်မာ နှစ်နိုင်ငံကိုယ်စားလှယ်များ ဆွေးနွေးခဲ့ကြသော်လည်း တံတားပြန်ဖွင့်မည့်နေ့ကို မသတ်မှတ်နိုင်သေးဘဲ ပြီးဆုံးသွားသည်ဟု သိရသည်။

မြန်မာ ဒု-နိုင်ငံခြားရေးဝန်ကြီး ဦးမောင်မြင့် ဦးဆောင်သောအဖွဲ့နှင့် ထိုင်းနိုင်ငံမှ ထိုင်း-မြန်မာနယ်စပ် ပူးပေါင်းဆောင်ရွက်ရေး ကော်မတီ ဥက္ကဋ္ဌ နိုင်ဝသ်စင်ထီရ၀ီချီယန် ဦးဆောင်သောအဖွဲ့တို့သည် နယ်စပ်ဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသော်လည်း ပြီးပြတ်မှုမရှိသည့်အတွက် ထပ်မံ ဆွေးနွေးရန်ရှိသေးသည်ဟု ထိုင်းဘက်မှ ပြောကြားသည်။

ယနေ့ဆွေးနွေးပွဲ မစတင်မီ ဆွေးနွေးမည့် အစီအစဉ်များနှင့်ပတ်သက်၍ မြန်မာ ဒု-နိုင်ငံခြားရေးဝန်ကြီး ဦးမောင်မြင့်က ချစ်ကြည်ရေးတံတားပေါ်တွင် သတင်းထောက်များကို ရှင်းလင်းပြောကြားသည်။

ဒီနေ့ဆွေးနွေးမှာက ထိုင်း-မြန်မာ ကုန်သွယ်ရေးလမ်းကြောင်းပိတ်တဲ့ကိစ္စ၊ ကမ်းထိန်းနံရံ တည်ဆောက်တဲ့ကိစ္စ၊ သောင်ရင်းမြစ် အတွင်းမှာရှိတဲ့ ရေလယ်ကျွန်းရဲ့မြစ်ကြောကို ထိုင်းဘက်က ပြန်ဖော်ပေးဖို့နဲ့ အမှတ် (၂) ချစ်ကြည်ရေးတံတား တည်ဆောက်ရေးကိစ္စတို့ကို ဆွေးနွေးသွားမယ် ဟု ဦးမောင်မြင့်က ပြောသည်။

ထိုင်း-မြန်မာနယ်စပ် ပူးပေါင်းဆောင်ရွက်ရေးကော်မတီ ထိုင်းဘက်ဆိုင်ရာ ဥက္ကဋ္ဌက နယ်ခြားသောင်ရင်းမြစ်အပါအ၀င် အခြားနယ်စပ်ကိစ္စများကို ဆက်လက် ဆွေနွေးညှိနှိုင်းမှုများပြုလုပ်ရန် ကျန်ရှိသေးသည်ဟုသာ ဒေသခံသတင်းထောက်များကို မြ၀တီမှအပြန်တွင် ပြောကြားခဲ့သည်။

ယခုလဆန်းပိုင်းမှ စတင်ကာ မြ၀တီခရိုင်အာဏာပိုင်များက အကြောင်းပြချက်မပေးဘဲ (၄) ကြိမ်ခန့် ချစ်ကြည်ရေးတံတားကို ဖွင့်ချီပိတ်ချီပြုလုပ်ခဲ့ရာမှ ယခုလ (၁၈) ရက်နေ့မှစ၍ အကြမ်းဖက်မှုအန္တရာယ်ရှိသည်ဟု အကြောင်းပြကာ မြန်မာဘက်မှတံတားကို အချိန်ပြည့်ပိတ်လိုက်ခြင်းဖြစ်သည်။

ထိုင်း-မြန်မာနယ်စပ်တလျှောက် ကုန်သွယ်ရေးတွင် ကုန်စည်စီးဆင်းမှု အများဆုံးလမ်းကြောဖြစ်သည့် မဲဆောက်-မြ၀တီ ကုန်သွယ်ရေးလမ်းကြောမှတဆင့် မြန်မာဘက်သို့ လစဉ် လူသုံးကုန်၊ စားသုံးကုန်ပစ္စည်း ဘတ်သန်း (၄) ထောင်ခန့် တရားဝင်တင်ပို့လျက်ရှိသည်ဟု တာ့ခ်ခရိုင် ကုန်သည်ကြီးများအသင်းဝင်တဦးက ပြောသည်။

မဲဆောက်-မြ၀တီ ချစ်ကြည်ရေးတံတား (၁) ရက်ပိတ်လျှင် ထိုင်းဘက်မှ ဘတ်ငွေသန်း (၆၀) ခန့် ထိခိုက်နစ်နာမှုရှိသည်ဟု ထိုင်းဘက်မှ ပြောဆိုသည်။

ကြံ့ဖွံ့ပါတီက ကြိုတင်မဲကောက်ခံ

မျိုးချစ်သူ / ၃၀ ဇူလိုင် ခေတ်ပြိုင်

ရန်ကုန်ဒေသခံများကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) က ကြိုတင်မဲများ ကောက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။

ကြိုတင်မဲများကို ပါတီဝင်များထံမှ ပထမဦးဆုံး ကောက်ခံမှု ပြုလုပ်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်း ကြံ့ဖွံ့ပါတီစည်ရုံးရေး အဖွဲ့ဝင်တဦးက အတည်ပြုပြောကြားသည်။

အစိုးရ၀န်ထမ်းများကို ပါတီဝင်ပြုလုပ်၍မရသောကြောင့် ၀န်ထမ်းမိသားစုများထဲမှ အသက် (၁၈) နှစ် ပြည့်ပြီးသည့်သူများကို ကြိုတင်မဲကောက်ခံရန်အတွက် ပါတီဝင်အဖြစ် စည်းရုံးထားပြီး ဖြစ်ကြောင်းလည်း မြို့နယ် ကြံ့ဖွံ့စည်းရုံးရေးမှူးများထံမှ သိရသည်။

ကြံ့ဖွံ့ပါတီဆိုတာ ကြံ့ဖွံ့အသင်းက ဖြစ်လာတာပဲလေ၊ အဲဒီအသင်းကလည်း အစိုးရက ဖွဲ့စည်းထားတာဖြစ်တယ်လေ။ ပါတီအနေနဲ့ ပြောင်းလိုက်တော့ အခုအစိုးရ၀န်ထမ်း မိသားစုတွေကို ကနဦးပါတီဝင်တွေလုပ်ပြီးတော့ ကြိုတင်မဲကောက်နေပြီ ဟု မြို့နယ်စည်းရုံးရေးမှူးတဦးက ပြောသည်။

ရန်ကုန်တွင် ကြံ့ဖွံ့အသင်းဝင်ပေါင်း (၃) သန်းကျော်ရှိခဲ့ရာမှ ယခုအခါ ပါတီဝင်အဖြစ်ပြောင်းလဲရာတွင် အစိုးရ၀န်ထမ်းများကို ဖယ်ထုတ်လိုက်ကြောင်း၊ သို့သော် ငါးကြင်းဆီနှင့် ငါးကြင်းကြော်သကဲ့သို့ ၀န်ထမ်းမိသားစုများကို ပါတီဝင်အဖြစ်ပြောင်းလဲလိုက်ကြောင်း၊ ထို့အတွက် ပါတီဝင်အရေအတွက်မှာ ယခင်အသင်းဝင်အတိုင်း မဟုတ်သော်လည်း ယင်းအရေအတွက်နီးပါး ရှိနိုင်ကြောင်း ၎င်းကပြောသည်။

ရန်ကုန်တွင် ယခင်က ကြံ့ဖွံ့အသင်းအနေဖြင့်လုပ်နေသော လမ်းများခင်းခြင်း၊ ဆေးခန်းများဖွင့်ခြင်း စသည်တို့ကို ယခုအခါ ပါတီအမည်ပြောင်းကာ ပြုလုပ်နေကြောင်း ရန်ကုန်မြို့ခံများထံမှ သိရသည်။

အစိုးရ၀န်ထမ်းများအတွင်း အစိုးရက ဖွဲ့ထားသောပါတီကိုသာ မဲပေးလိုသူများ ရှိသကဲ့သို့ မလိုလားသူများလည်း ရှိနေကြောင်း ပညာရေးဝန်ထမ်း မိသားစုများထံမှ သိရသည်။

ကျမတို့ဒဂုံတက္ကသိုလ်မှာဆိုရင် အခု ဆရာဆရာမတွေကို ပါတီဝင်တော့လုပ်လို့မရဘူး။ ဒါပေမယ့် မဲတော့ပေးခွင့်ရှိတဲ့အတွက် မဲပေးတဲ့အခါ ခြင်္သေ့ကိုပဲ မဲပေးဖို့တိုက်တွန်းတယ်လို့ ဌာနအလိုက် ပြောထားတာ ရှိတယ်။ ခက်နေတာက တချို့တွေကတော့ ကြောက်ကြတယ်လေ။ ကြိုတင်မဲကောက်ရင်တော့ ထည့်ရမှာပဲလို့ ပြောနေတဲ့သူတွေရှိတယ်။ အစိုးရက တရားမျှတတဲ့ ရွေးကောက်ပွဲသာ လုပ်လို့ကတော့ တမဲမှကို ရမှာမဟုတ်ဘူးလို့ ထင်တယ်။ အခုပဲကြည့်လေ ကြိုတင်မဲကောက်မယ်တဲ့၊ ဘာသဘောလဲ။ ကျမကတော့ မထည့်နိုင်ဘူးလို့ပဲ ပြောလိုက်မယ် ဟု ဒဂုံတက္ကသိုလ် ပထ၀ီဝင်ဌာနမှ အချိန်ပိုင်းနည်းပြ ဆရာမတဦးက ပြောသည်။

မတူကွဲပြားခြင်းနှင့်ငြိမ်းချမ်းရေးပါတီမှ အတွင်းရေးမှူး ဦးနေမျိုးဝေက ကြံ့ဖွံ့ပါတီသည် ၁၉၉၃ ခုနှစ်ကပင် အသင်းဖွဲ့ကာ စနစ်တကျလုပ်ထားသော ပါတီဖြစ်သွားပြီး တစညပါတီသည် ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲကာလကပင် တည်ရှိလာသည့်အတွက် ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် အင်အားအကြီးဆုံးနှင့် ငွေသုံးစွဲနိုင်မှုအများဆုံးပါတီတို့ ဖြစ်ကြောင်း ပြောဆိုသည်။

၎င်းက “သူတို့ပါတီတွေကတော့ အင်အားသုံးနိုင်တဲ့ပါတီတွေဖြစ်တယ်။ ခက်နေတာက တခြားပါတီတွေအနေနဲ့ အခုအချိန်မှာ ကန့်သတ်မှုတွေ အများကြီးရှိနေတယ်၊ လူစုလူဝေးလုပ်ပြီး ဟောပြောစည်းရုံးတာက အစပေါ့ဗျာ။ သူတို့ကတော့ လူထုနဲ့ နီးနီးကပ်ကပ်လုပ်နိုင်တယ်။ ကြံ့ဖွံ့ပါတီဆိုရင် အစိုးရပဲလေ၊ ဘာပဲလုပ်လုပ် လုပ်နိုင်တာပဲ၊ အကန့်အသတ်မရှိဘူး။ အဲဒီတော့ အခုကပဲ ဘက်လိုက်နေပြီ။ ဒါဆိုရင်တော့ တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်နိုင်မလား၊ မဖြစ်နိုင်ဘူးလားဆိုတာ ထုတ်ဖော်ပြောဆိုဖို့ မလိုဘဲ သိနိုင်ပါတယ် ဟု ပြောသည်။

ကြံ့ဖွံ့ပါတီကို ဝန်ကြီးချုပ် ဦးသိန်းစိန်က ဦးဆောင်ထားပြီး ယခင်က ကြံ့ဖွံ့အသင်းဝင် တနိုင်ငံလုံးတွင် (၂၄) သန်းခန့်ရှိခဲ့ရာမှ အစိုးရ၀န်ထမ်းများကို ဖယ်ထုတ်ကာ စိစစ်ပါက ယခုအခါ တနိုင်ငံလုံးတွင် အသင်းဝင်အင်အား (၁၀) သန်းခန့် ဆက်လက်ရှိနေသေးပြီး ယင်းကို ဆက်လက်စိစစ်ကာ ပါတီဝင်အဖြစ်ပြုလုပ်ထားကြောင်း ရန်ကုန်တိုင်း ကြံ့ဖံွ့ပါတီဝင်တဦးက ပြောသည်။

ကြံ့ဖွံ့ပါတီသည် ဧပြီ (၂၉) ရက်တွင် ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန်နှင့် (၂၆) ဦး ပါဝင်သော အစိုးရ၀န်ကြီးများ၊ အရာရှိကြီးများက ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သို့ မှတ်ပုံတင်ခွင့်လျှောက်ထားခဲ့ရာ ပြီးခဲ့သည့် ဇွန် (၈) ရက်တွင် ပါတီမှတ်ပုံတင်ခွင့် ကျထားပြီးဖြစ်သည်။

ငါးသိန်းတန် လက်ကိုင်ဖုန်းများ အလုံးရေ သိန်းနှင့်ချီ ရောင်းပေး

အောင်သက်ဝိုင်း Friday, July 30, 2010

E-mail Print

Share/Save/Bookmark ရန်ကုန်နှင့် မန္တလေး အပါအ၀င် မြို့ကြီးများတွင် ငါးသိန်းတန် CDMA 800 MHZ မိုဘိုင်းဖုန်း အလုံးရေ သိန်းနှင့်ချီ၍ ထပ်မံ ချထားပေးမည် ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ သတင်းရ ရှိသည်။

CDMA1

(ဓာတ်ပုံ - peacock-landnews.blogspot.com)

ငါးသိန်းတန် ဖုန်းများ စတင် ချထားပေးစဉ်က ရန်ကုန်နှင့် မန္တလေး မြို့များတွင်သာ အလုံးရေ တသိန်း ခွဲချထား ပေးရန် စီမံချက်ကို ချမှတ် အကောင် အထည် ဖော်ခဲ့ပြီး ယခု မြို့ကြီး အများစုတွင် ဖုန်းအလုံးရေ သိန်းနှင့်ချီ ဆက်လက် ချထားပေး ထားခြင်း ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ သိရှိရသည်။

၂၀၁၀ နှစ်ဆန်းပိုင်းမှ စတင်ပြီး ဦးတေဇ ပိုင်ဆိုင်သော Central Marketing ကုမ္ပဏီနှင့် စစ်အစိုးရတို့ ပူးပေါင်းကာ CDMA 800 MHZ မိုဘိုင်းဖုန်းများ ချထား ပေးလျက် ရှိသည်။

ရန်ကုန်၊ မန္တလေးအပြင် တခြား မြို့ကြီးတွေမှာလည်း ငါးသိန်တန်ဖုန်း သုံးလို့ရအောင် စီစဉ်ပြီး အလုံးရေ အကန့်အသတ်မရှိ ချပေးသွားမယ် ဟု Central Marketing ကုမ္ပဏီနှင့် နီးစပ်သူတဦးက ပြောသည်။

ယခင်က အဆိုပါ ငါးသိန်းတန်ဖုန်းများသည် နယ်မြေအကန့်အသတ်ဖြင့်သာ အသုံးပြုနိုင်ခဲ့သော်လည်း ယခုအခါ နယ်မြေ ကန့်သတ်ချက်မရှိ အသုံးပြုနိုင်ပြီဖြစ်ကြောင်း သိရသည်။

အရင်တုန်းက အင်းစိန်မြို့နယ်အတွင်းမှာ လျှောက်ပြီး ရထားတဲ့ ဖုန်းက အင်းစိန်မြို့နယ် ထဲမှာပဲ သုံးလို့ ရတယ်။ တခြားမြို့နယ်ထဲတွေ ယူသွားရင် လိုင်းမမိဘူး။ အခု နယ်မြေ ကန့်သတ်ချက် မရှိတော့ဘူး။ အင်းစိန်မြို့နယ်က ဖုန်းက မရမ်းကုန်းမှာလည်း သုံးလို့ရတယ်။ ရန်ကင်းမှာလည်း သုံးလို့ရတယ်။ နယ်မြေကန့်သတ်ချက်မရှိ ရန်ကုန်တမြို့လုံးသုံး လို့ရပြီ ဟု အလုံမြို့နယ်မှ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း အင်ဂျင်နီယာတဦးက ဆိုသည်။

ငါးသိန်းတန်ဖုန်းများ နယ်မြေကန့်သတ်ချက်မရှိ ချထားပေးပြီးနောက် ရန်ကုန်မြို့တွင် ဖုန်း လျှောက်ထားသူများ များပြားလာကြောင်း၊ တနေ့လျှင် လျှောက်ထားသူ ၂၀၀၀ အထိ ရှိကြောင်း သိရသည်။

ရန်ကုန်တမြို့လုံး ငါးသိန်းတန်ဖုန်း သုံးလို့ရတယ် ဆိုကတည်းက ဖုန်းလျှောက်တဲ့သူ တော်တော်များတယ်။ မနက် အစောကတည်းက လူတွေ ရာပေါင်းများစွာ တိုးဝှေ့နေကြတာ ဟု အလုံမြို့နယ် ဆက်သွယ်ရေးစခန်းမှ

ဝန်ထမ်းတဦးက ပြောသည်။

ဦးတေဇ၏ Elite ကုမ္ပဏီသည် ငါးသိန်းတန်ဖုန်းအပြင် FEC ၂၀ တန် တခါသုံး ဂျီအက်စ်အမ် ဖုန်းကတ်၊ FEC ၅၀ တန် CDMA ၄၅၀ မဂ္ဂါဟက် တခါသုံးဖုန်းကတ် များကိုလည်း ရောင်းချလျက်ရှိသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ချပေးသော ဂျီအက်စ်အမ် ဖုန်းမှာ ငွေကျပ် ၁၅ သိန်းပေးသွင်းပြီးမှ အသုံးပြုနိုင်သည့်အတွက် ရန်ကုန်မြို့နေ လူတန်းစားအများစု အသုံးပြုနိုင်ကြခြင်း မရှိပေ။

GSM ဖုန်းက အစိုးရသွင်းဈေးတင် ၁၅ သိန်းဆိုတော့ လူတော်တော်များများ မကိုင်နိုင်ကြဘူး။ ငါးသိန်းတန်ဖုန်းကျတော့

ကိုင်နိုင်လာတဲ့လူ ပိုများတယ် ဟု ရန်ကုန်မြို့ခံတဦးက ဆိုသည်။

ရန်ကုန်မြို့ရှိ စီးပွားရေး ကုမ္ပဏီအများစုကလည်း ၄င်းတို့၏ စီးပွားရေးလုပ်ငန်းဆိုင်ရာ ဆက်သွယ်ရေးအတွက်

ငါးသိန်းတန်ဖုန်းများ ဝယ်ယူကြသည်ဟု သိရသည်။

စီးပွားရေးကုမ္ပဏီတွေလည်း ငါးသိန်းတန်ဖုန်း လျှောက်ကြတယ်။ ကုမ္ပဏီတခုကို အနည်းဆုံး ငါးလုံးလောက် လျှောက်ကြတယ် ဟု ငါးသိန်းတန်ဖုန်း လျှောက်ထားပေးသည့် အကျိုးဆောင် ပွဲစားတဦးက ဆိုသည်။

ငါးသိန်းတန်ဖုန်းတွင် ဖုန်းကတ်တခုအတွက် ငွေကျပ် ငါးသိန်းတိတိ ပေးသွင်းရပြီး ဖုန်းဟန်းဆက်အပါအ၀င် ဖုန်းလျှောက်ရန် ပေးသွင်းရသည့် စာရွက်စာတမ်းဖိုးများကိုပါ တွက်ချက်လျှင် ဖုန်းတလုံးအတွက် အနည်းဆုံး ငွေကျပ် ခြောက်သိန်းခွဲခန့် ကုန်ကျ သည်ဟု သိရသည်။

စီးပွားရေးပညာရှင်တဦးကမူ လက်ကိုင် မိုဘိုင်းတလုံးအတွက် မြန်မာငွေ ကျပ်ငါးသိန်း (အမေရိကန်ဒေါ်လာ ငါးရာ) ပေးနေရခြင်းမှာ သဘာဝမကျဘဲ အိမ်နီးချင်း နိုင်ငံများကဲ့သို့ မိုးဘိုင်း ဖုန်းများ ဈေးပေါပေါဖြင့် လူတိုင်းအသုံးပြုနိုင်ရန် စီစဉ်ပေးသင့်သည်ဟု ဆိုသည်။

စီးပွားရေးမှာ ရင်းနှီးမြှုပ်နှံဖို့ ဖုန်းအတွက်၊ ကားအတွက် မြန်မာငွေ သိန်းရာချီ သုံးနေရတယ်။ အမေရိကန်ဒေါ်လာနဲ့ဆိုရင် ထောင်ဂဏန်း၊ သောင်းဂဏန်းသုံးနေရတော့ စီးပွားရေးမှာ ရင်းနှီးမြုပ်နှံရမယ့် အရင်းအနှီး နည်းသွားတယ်။ တိုင်းပြည်တခုရဲ့ စီးပွားရေး တိုးတက်ဖို့ဆိုတာ ဖုန်း၊ ကား၊ နေရာ တို့လို အခြေခံ စီးပွားရေးအဆောက်အအုံတွေ ဈေးချို ဖို့လိုတယ် ဟု အဆိုပါ ပညာရှင်က သုံးသပ်သည်။

ငါးသိန်းတန်ဖုန်း၊ ဂျီအက်စ်အမ် အပါအ၀င် မိုဘိုင်းဖုန်းအများစု၏ ဖုန်းခေါ်ဆိုခမှာ တမိနစ်လျှင် ငွေကျပ် ၅၀ ဖြစ်သည်။

၂၀၁၀ ခုနှစ် ဇန်န၀ါရီလမှ ဇူလိုင်လကုန်အထိ ငါးသိန်းတန်ဖုန်း ချထားပေးသည့် အရေအတွက် ၆၅၀၀၀ ကျော်ရှိလာပြီဟု

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရသည်။

လူဦးရေ သန်းခြောက်ဆယ်နီးပါး ရှိနေပြီဖြစ်သော မြန်မာနိုင်ငံတွင် မိုဘိုင်းဖုန်း၊ အော်တိုကြိုး ဖုန်းအပါအ၀င် ဖုန်းလိုင်းစုစုပေါင်း

သုံးသန်းခွဲနီးပါးရှိလာပြီဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ ရရှိသော သတင်းအချက်အလက်များအရ သိရသည်။

Set as favorite

Bookmark

Email this

Hits: 3354

Comments (3)Add Comment

feedSubscribe to this comment's feed

0

သြော်. .ကွာခြားချက်

written by ဘိုဂျီး, July 30, 2010

ဟိုတစ်နေ့က မြ၀တီမှာ လက်ဘက်ရည်ဆိုင်ထိုင်တုန်း ထိုင်းက true movie ဆင်းက ဒ်လာရော င်းတယ်....

တစ်က ဒ်ကို ဗမာငွေ တစ်ထောင်တဲ့.. ဆင်းကဒ် ထဲမှာလဲ ပိုက်ဆံ 15 ဘတ်လားမသိဘူး ထည့်ထားတယ်တဲ့..

ပြီးေ တာ့..true movie ရဲ့ ၀န်ဆော င်မှုတွေကို လဲ လှိုင် လှိုင်ကြီးကိုရှင်းပြ သွားတယ်...သူရှင်ြး ပတာရယ်၊ ပေးသွားတဲ့ လက်က မ်းကြော်ြ ငာစာရွက်ေ တွနဲ့တင် တစ်ထောင်မက တန်နေပြီ..အဲဒါနဲ့ ကြိုက်ရာနံပါတ်ရွေးပါ ဆိုပြီး..ကဒ် 50 ကျော် ကိုစိမ် ပြေနပြေ ထိုင်ရွေး တာကိုလဲ သည်းခံပြီးေ စာင့်ပေးတယ်....အခု ဒီဆောင်းပါးနဲ့ ကွာပါ့နော်.....

* report abuse

* +0

* vote down

* vote up

0

ငါးသိန်းတဲ.

written by aung aung, July 30, 2010

လိုင်း တစ်လိုင်းကို ငါးသိန်းတဲ. နိုင်ငံ အများစုမှာ လိုင်း တစ်လိုင်းကို အလကား ၇နေတာ ဟန်းဆ က်တောင် တခါတလေ

အလကား ပေးသေးတယ်

* report abuse

* +0

* vote down

* vote up

0

မိုးနဲ့မြေ

written by ,81,9, July 30, 2010

ကိုယ်ပိုင် ထုတ်လုပ် နိုင်ရင်တော့ ကောင်း မှာပေါ့လေ.. GSM Sim card 1 card 2.5$ လောက်သာ ရှိတာ.. မြန်မာ နိုင်ငံမှာက 1500$ ဆိုတော့ အရမ်း ကွာ လွန်းတယ်ဗျာ..

ဖမ်းဆီးခံ မြန်မာ အလုပ်သမားများ နယ်စပ်ပိတ်၍ ပြန်လွတ်

ဘစောတင် Friday, July 30, 2010

E-mail Print

Share/Save/Bookmark

ထိုင်းနိုင်ငံ မဲဆောက်မြို့တွင် သိုးမွေး စက်ရုံများမှ မြန်မာ ရွှေ့ပြောင်း အလုပ်သမား ၁၅၀ ခန့်ကို ထိုင်းရဲများက ယမန်နေ့ ညနေတွင် ဝင်ရောက် ဖမ်းဆီးခဲ့သည်။ သို့သော် နယ်စပ်တံတား ပိတ်ထား၍ မြန်မာဘက် အခြမ်းသို့

ပြန်မပို့နိုင်ဘဲ ပြန်လွှတ် ပေးလိုက်ကြောင်း သိရသည်။

မဲဆောက်မြို့ရှိ မပန်းသီး သိုးမွေးစက်ရုံနှင့် မော်တာ သိုးမွေးစက်ရုံများသို့ ထိုင်းရဲက ကားနှင့်ဝင်၍ ပိတ်ဖမ်းသဖြင့် အလုပ်သမား အားလုံးနီးပါး ပါသွားခြင်း ဖြစ်ကြောင်း ဝင်ရောက်ဖမ်းဆီးချိန်တွင် ရှိနေသူ ကိုမင်းစိုးက ပြောသည်။

သူတို့က မော်တာရုံကို အရင်ဝင်ပြီး ဖမ်းလိုက်တယ်။ မော်တာရုံက ၂ ရုံရှိတယ်။ ၂ ရုံလုံးကို အကုန်ဖမ်းလိုက်တယ်။ ပြီးတော့မှ မပန်းသီးရုံကို ၀င်ဖမ်းတယ်။ ရှစ်ဘီးကားကြီးနဲ့ တင်သွားတယ်။ ကားမဆံ့လို့ တချို့လည်း ကျန်ခဲ့တယ် ဟု ကိုမင်းစိုးက ပြောပြသည်။

အလုပ်ရှင်များက ဈေးပေါသော အလုပ်သမားများကို လိုချင်သဖြင့် အလုပ်သမားလက်မှတ်၊ ယာယီ နိုင်ငံကူး လက်မှတ်များကို ပြုလုပ် မပေးသောကြောင့် ယခုကဲ့သို့ အဖမ်းခံရဖြင်းဖြစ်သည်ဟု ရောင်ခြည်ဦး အလုပ်သမားအဖွဲ့မှ တာဝန်ခံ ကိုမိုးဆွေက ဝေဖန်ထောက်ပြသည်။

အဲဒီ စက်ရုံတွေက အလုပ်သမား ၁၅၀ လောက် ရဲကဖမ်းသွားတယ်။ ဖမ်းတာကတော့ လက်မှတ်မရှိလို့ပေါ့။ အလုပ်သမားတွေက လက်မှတ်လုပ်ချင်ပေမယ့်လည်း အလုပ်ရှင်တွေက လက်မှတ်လုပ်မပေးတော့ ရဲက လာဖမ်းရင် ခံရတာပေါ့ ဟု ကိုမိုးဆွေက ပြောသည်။

ယင်းသို့ ဖမ်းဆီးရာတွင် အလုပ်သမား လက်မှတ်ရှိသူများလည်း ပါသွားသဖြင့် လက်မှတ်ရှိသူ ၃၀ ကို အရင်ပြန်လွှတ် ပေးခဲ့ကြောင်း သိရသည်။

ကျန်အလုပ်သမားကို ရဲများက ခေါ်ဆောင်ပြီး မြန်မာဘက်ခြမ်းသို့ ပြန်ပို့ရန်သွားသော်လည်း ထိုင်း-မြန်မာ နယ်စပ်ဂိတ်များအားလုံးကို ပိတ်ထားသဖြင့် ပြန်မပို့နိုင်ဘဲ အလုပ်သမားများကို ညနေ ၆ နာရီခွဲခန့်တွင် ပြန်လွှတ်ပေးလိုက်သည်ဟု ကိုမင်းစိုးက ပြောသည်။

မြန်မာဘက်မှ နှစ်နိုင်ငံ ချစ်ကြည်ရေး တံတားကို ပိတ်ထားသဖြင့် ထိုင်းအာဏာပိုင်များက မြန်မာ အလုပ်သမားများကို ဖမ်းဆီးကာ ပြန်ပို့ရန် စီစဉ်ပြီး အကဲစမ်းခြင်းဖြစ်နိုင်သည်ဟု မဲဆောက်ရှိ မြန်မာများက ဆိုသည်။

တာ့ခ် ခရိုင်အတွင်းရှိ သောင်ရင်းမြစ် ကမ်းပါး တလျှောက်တွင် ထိုင်းဘက်အခြမ်းက ကမ်းထိန်းတမံများ ဆောက်လုပ်နေခြင်းအား မြန်မာ အာဏာပိုင်များက ကန့်ကွက်သည့် အနေဖြင့် ကုန်စည် စီးဆင်းမှုများကို ဇူလိုင်လဆန်းပိုင်းမှ စတင် ပိတ်ပစ်ခဲ့သည်။

ထိုင်းဘက်အခြမ်းမှ ကမ်းပါး အကာအကွယ် တမံများ ဆောက်လုပ်မှုကြောင့် ရေကြောင်းပြောင်းလဲပြီး မြန်မာဘက် ကမ်းပါး တိုက်စားနိုင်သည့်အတွက် မြန်မာအစိုးရက ကန့်ကွက်ခဲ့သည်ဟု ထိုင်းသတင်းဌာန MCOT က ဖော်ပြခဲ့သည်။

တံတားပိတ်ထားမှုကြောင့် ထိုင်းဘက်မှ ကုန်စည်စီးဆင်းမှု တရက်လျှင် ဘတ်သန်း ၁၀၀ ခန့် အထိ နစ်နာလျက် ရှိကြောင်း ထိုင်းသတင်း များက ဖော်ပြသည်။

မန္တလေး ကုန်သည်များ စီမံကိန်း နေရာသစ်သို့ မရွှေ့လို

ရန်ပိုင် Friday, July 30, 2010

E-mail Print

Share/Save/Bookmark မန္တလေးမြို့တွင် ၃ လနှင့် အပြီး တည်ဆောက်မည့် မန္တလေး ကုန်သွယ်ရေး ဗဟိုစီမံကိန်း (MMC) တည်ရှိရာသို့ အာဏာပိုင်များက ပြောင်းရွှေ့ ခိုင်းမည်ကို ဒေသခံ ပွဲရုံ လုပ်ငန်းရှင်များ စိုးရိမ်လျက် ရှိကြောင်းသိရသည်။

အဆိုပါ စီမံကိန်း မြေနေရာမှာ ၇၆ ဧက ကျယ်ဝန်းပြီး ကုမ္ပဏီ ၅ ခုက တာဝန်ယူ တည်ဆောက်မည်ဖြစ်ကြောင်း၊ ကုန်သိုလှောင်ရမည့် ဂိုဒေါင်များ၊ ဆိုင်ခန်းများ၊ လူနေတိုက်ခန်းများ၊ ဘဏ်များနှင့် ပန်းခြံများလည်း ပါဝင်မည်ဟု မန္တလေးမြို့ ကျွဲဆည်ကန်မှ ပွဲရုံလုပ်ငန်းရှင်တဦးက ဧရာဝတီသို့ ပြောသည်။

ပွဲရုံတွေ ဆောက်ပြီး ရောင်းမယ်။ ဈေးနှုန်းက တခန်းကို ကျပ် သိန်း ၅၀၀ နဲ့ ၁၀၀၀ ကြားလို့ ကြားတယ်။ ငွေကို ၆ ခါ ခွဲသွင်းရမယ်၊၊ပွဲရုံတွေအားလုံး ပြောင်းခိုင်းမယ်လို့လည်း ကြားတယ် ဟု ၎င်းက ဆိုသည်။

ယခုအခါ အရောင်းအ၀ယ် လုပ်ငန်းများ ကျဆင်းနေသည့်အတွက် လက်ရှိ လုပ်ကိုင်နေသည့် လုပ်ငန်းများ ရပ်တည်နိုင်ရန်ပင် များစွာ ကြိုးစားနေရကြောင်း၊ စစ်အစိုးရ အာဏာရယူခဲ့သည့် နောက်ပိုင်းတွင် ပွဲရုံလုပ်ငန်းများကို ကျွဲဆည်ကန် ကားကြီးကွင်းနှင့် ပွဲရုံတန်းများသို့လည်း ပြောင်းရွှေ့ခိုင်းပြီး ဖြစ်သည့်အတွက် ယခုတကြိမ် ထပ်မံ မပြောင်းလိုတော့ကြောင်း ၎င်းက ဆက်လက်ပြောသည်။

ယခုကဲ့သို့ ကုန်သွယ်ရေး ဗဟိုစီမံကိန်း အကောင်အထည်ဖော်ရခြင်းမှာ ရန်ကုန်မြို့တွင်ရှိသည့် ဘုရင့်နောင် ပွဲရုံတန်းကဲ့သို့ ပြုလုပ်ခြင်းဖြစ်ကြောင်း၊ သို့သော် မန္တလေး ကုန်သည် ပွဲစားလောကတွင် အရင်းအနှီးတောင့်တင်းသူ ကုန်သည်ကြီးများသာ ပြောင်းရွေ့နိုင်မည်ဟု ထင်ကြောင်း ပွဲစား၊ ကုန်သည်နှင့် စက်ပိုင်များပါဝင်ပြီး “ကထိန်တော် အသင်းဟု လူသိများသော မန္တလေးကုန်စည်ဒိုင် ပြန်ကြားရေးဋ္ဌာနမှ ဦးအောင်ဆွေဟိန်းက ပြောသည်။

အခုလက်ရှိ ကုန်စည်ဒိုင်မှာ အရောင်းအ၀ယ်ဖြစ်တာက အိတ် ၅၀ လောက်ကနေ အိတ် ၂၀၀၊ ၃၀၀ လောက် လုပ်ကြတာ။ တန်ချိန် ဘယ်လောက်၊ ကွန်တိန်နာ ဘယ်နှလုံးဆိုပြီး လုပ်နိုင်တဲ့သူ မရှိဘူး၊ အဲဒီတော့ ပြောင်းဖို့မလွယ်ဘူး ဟု ၎င်းက ဆိုသည်။

ယခင်ကမူ မန္တလေး ကုန်စည်ဒိုင်ကိုပင် ထိုနေရာသို့ ပြောင်းရွှေ့ရမည်ဟု ပြောဆိုမှုများရှိကြောင်း၊ သို့သော်လည်း ပြောင်းရွှေ့ ရမည်ဆိုလျှင်လည်း ထောက်ပံ့မှုများ ရှိမှသာလျှင် ကုန်သည်များအနေဖြင့် ပြောင်းရွှေ့နိုင်မည်ဟု ထင်ကြောင်း ဦးအောင်ဆွေဟိန်းက ရှင်းပြသည်။

မန္တလေးမြို့ခံ စာရေးဆရာတဦးကလည်း “ကားကြီးတွေနဲ့ ကုန်တင်ကုန်ချလုပ်နေတာ မြို့ပြနဲ့ မသင့်တော်တော့ဘူး။ အဲဒီတော့ နားနေစခန်းကြီးတွေနဲ့ ကုန်စည်စခန်းကြီးတွေကို မြို့ပြင်မှာ ထပ်ဆောက်တာ ဟု ပြောသည်။

MMC ပွဲရုံတန်း စီမံကိန်းကို တည်ဆောက်ခွင့် ရရှိထားသည့် ကုမ္ပဏီများမှာ နယူးစတားလိုက်ကုမ္ပဏီ၊ အောင်မြင်သူ ဆောက်လုပ်ရေး၊ မင်း ဆောက်လုပ်ရေး၊ Mother Love ဆောက်လုပ်ရေး၊ Future Engineering ဆောက်လုပ်ရေးတို့ ဖြစ်သည်။

ပြီးခဲ့သည့် ဇူလိုင် ၂၁ ရက်နေ့က MMC ပွဲရုံတန်း စီမံကိန်း ပန္နက်တင် အခမ်းအနား ပြုလုပ်ခဲ့ပြီး ပေ ၆၀x ၈၀ အကျယ်အ၀န်းရှိ ဂိုဒေါင် ၂၃၆ လုံး၊ ပေ ၃၀x ၈၀ အကျယ်ရှိ ဆိုင်ခန်းပေါင်း ၁၆၀ နှင့် ပေ ၄၀x ၆၀ နှစ်ထပ် RC လူနေအဆောက်အဦးပေါင်း ၃၄ ခန်း၊ ဘဏ်များနှင့် ပန်းခြံလည်း ပါဝင်မည် ဖြစ်ကြောင်း၊ အားလုံး အချိန်ကာလ ၃ လအတွင်းတွင် အပြီး တည်ဆောက်မည် ဖြစ်ကြောင်း စီမံကိန်း တည်ဆောက်ခွင့်ရ ကုမ္ပဏီများ၏ ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားသည်။

နေရာ အနေအထားအရ ထုံးဘို- မြစ်ငယ် ဖြတ်လမ်းပိုင်းနှင့် ရန်ကုန်-မန္တလေး အဝေးပြေး ကားလမ်းမကြီးနံဘေးတွင် တည်ရှိသည့် အတွက် အိန္ဒိယနိုင်ငံနှင့် တရုတ်နိုင်ငံ၏ ကုန်သွယ်ရေး လမ်းကြောင်းပေါ်တွင် ရှိမည်ဖြစ်ကြောင်း ကြေညာချက်တွင် ရေးသားထားသည်။

USDP ဖွဲ့စည်းပုံ စည်းမျဉ်း စစ်အစိုးရ မူဝါဒသာ ဖြစ်

ထက်အောင် Friday, July 30, 2010

E-mail Print

Share/Save/Bookmark ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ကို ဖွဲ့စည်း ထူထောင်ခဲ့ ခြင်းသည် “သမိုင်းရေး ပကတိ လိုအပ်ချက် အရ ဖြစ်သည်ဟု ၂၀၁၀ ခုနှစ် မေလတွင် ပါတီတွင်း ထုတ်ဝေခဲ့သည့် USDP ၏ ဖွဲ့စည်းပုံစည်းမျဉ်း စာအုပ်အရ သိရသည်။

ဧရာဝတီက လက်ခံရရှိခဲ့သည့် အစိမ်းရောင် မျက်နှာဖုံးနှင့် စာမျက်နှာ ၈၁ မျက်နှာ ပါရှိသော “ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဖွဲ့စည်းပုံ အခြေခံ စည်းမျဉ်းစာအုပ်၌ USDP ရွေးကောက်ပွဲတွင် အနိုင်ရပါက နိုင်ငံကို အုပ်ချုပ်သွားမည့် မူဝါဒ များကို အသေးစိတ် ဖော်ပြထားသည်။

ပါတီ၏ ဖွဲ့စည်းပုံ စည်းမျဉ်းတခုလုံးသည် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ထင်ဟပ်ထားပြီး “နိုင်ငံတော်၏ နယ်မြေ အပိုင်း အခြား ဟူသမျှသည် နိုင်ငံတော်မှ မည်သည့်အခါမျှ ခွဲမထွက်ရ ဆိုသည့် ဥပဒေစည်းနှောင်မှု (Legal Binding) ပြဌာန်းချက်ကို အလေးအနက် ကိုင်စွဲမည်ဟု ပါတီ၏ လုပ်ငန်းစဉ်များ၌ ထိပ်ဆုံး လုပ်ငန်းစဉ်ဖြစ်သော “အမျိုးသားရေး လုပ်ငန်းစဉ်တွင် ဖော်ပြထားသည်။

ပါတီ၏ နိုင်ငံရေး လုပ်ငန်းစဉ်များတွင် “ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းပါ လူ့အခွင့်အရေး သတ်မှတ်ချက်များနှင့်အညီ လူ့အခွင့် အရေးများ ထွန်းကားပြန့်ပွားရေးကို ဆောင်ရွက်သွားမည် ဟု ဖော်ပြထားပြီး လူ့အခွင့်အရေးဆိုင်ရာ လုပ်ငန်းစဉ်တွင် “လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ပြသခွင့်ကို အခြေခံဥပဒေနှင့်အညီ ကျင့်သုံးသွားမည်ဟု ဆိုထားသည်။

USDP ကို လက်ရှိ စစ်အစိုးရ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန် ဦးဆောင်သော စစ်ခေါင်းဆောင် ၀န်ကြီးများဖြင့် ဖွဲ့စည်းထားသည်။ စစ်အစိုးရလက်ထက် မြန်မာနိုင်ငံသည် လူ့အခွင့်အရေး ချိုးဖောက်မှု အဆိုးရွားဆုံး နိုင်ငံများစာရင်း၌ ထည့်သွင်းခံရသည်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အေဂျင်စီများက အင်္ဂလိပ်-မြန်မာ နှစ်ဘာသာဖြင့် တရားဝင် ထုတ်ဝေသော ကုလသမဂ္ဂ လူ့အခွင့်အရေး ပဋိညာဉ်စာတမ်း စာအုပ်ငယ်များအား အများပြည်သူ သိရှိစေရန် ဖြန့်ဝေခဲ့သော ဒီမိုကရေစီရေး လှုပ်ရှားသူများကို စစ်အစိုးရလက်ထက်တွင် ဖမ်းဆီးထောင်ချမှုများ ပြုလုပ်ခဲ့သည်။

USDP သည် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း (USDA)ကို အမွေခံထားပြီး အဖွဲ့၏ ၁၇ နှစ်တာ သမိုင်း တလျှောက်တွင် နိုင်ငံရေး အကြမ်းဖက်မှုများ ကျူးလွန်ခဲ့သည့် အဖွဲ့အစည်းဖြစ်ကြောင်း မှတ်တမ်းများအရ သိရသည်။

ဒီမိုကရေစီအရေး ဆောင်ရွက်သူများကို လမ်းမများပေါ်တွင် အများပြည်သူများ ရှေ့မှောက်၌ လူအုပ်စုဖြင့် ရိုက်နှက်ခြင်း၊ ဥပဒေက ခွင့်ပြုထားခြင်းမရှိဘဲ အာဏာပိုင်များသဖွယ် ဖမ်းဆီးခြင်းနှင့် ၂၀၀၃ ခုနှစ် ဒီပဲယင်းအရေးအခင်းကဲ့သို့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို လုပ်ကြံရန် ကြိုးစားမှုတွင် လူပေါင်းများစွာကို သတ်ဖြတ်ခဲ့ခြင်းတို့ကို အဓိက စီစဉ် ဆောင်ရွက်ခဲ့ကြောင်း အထောက်အထားများ ရှိသည်။

ပါတီ၏ “တပ်မတော်ဆိုင်ရာ မူဝါဒနှင့် လုပ်ငန်းစဉ်များတွင် တပ်မတော်ကို ပြည်တွင်းပြည်ပရန်မှ အပြည့်အ၀ ကာကွယ် နိုင်စွမ်းရှိရန် စွမ်းအားစုကြီး ၃ ရပ် အပေါ် အခြေခံ တည်ဆောက်သွားမည်ဟု ဖော်ပြထားသည်။

နိုင်ငံတော်၏ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးအတွက် အဓိကကျသည့် နိုင်ငံရေးစွမ်းအား (Political Might)၊ စီးပွားရေး စွမ်းအား (Economic Might) နှင့် ကာကွယ်ရေး စွမ်းအား (Military Might) တို့ကို ခိုင်မာအောင် တည်ဆောက် သွားမည်ဟု ပါတီဖွဲ့စည်းပုံ စည်းမျဉ်း၏ စာမျက်နှာ ၁၁ ပါ “ကာကွယ်ရေးလုပ်ငန်းစဉ် များတွင် ဖော်ပြထားသည်။

ယင်းမူဝါဒကို ကြည့်ခြင်းအားဖြင့် လက်ရှိတပ်မတော်၏ ပါတီနိုင်ငံရေးတွင် ၀င်ရောက်စွက်ဖက်နေခြင်း၊ တိုင်းပြည်၏ အဓိက စီးပွားရေးလုပ်ငန်းများကို စစ်တပ်ပိုင် ကုမ္ပဏီများက ရယူထိန်းချုပ်ထားခြင်း၊ နျူကလီးယား လက်နက် ပိုင်ဆိုင်သော တပ်မတော် ဖြစ်ရန် ကြိုးပမ်းခြင်း စသည့် ရည်မှန်းချက်များကို နောင်လာမည့် လွှတ်တော်နှင့် အစိုးရ အဖွဲ့တွင် အဓိက ဖော် ဆောင်သွားဖွယ် ရှိသည်။

နိုင်ငံတော် ၏ အာဏာကြီး ၃ ရပ်ဖြစ်သော ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးပြီးလျှင် သတင်းမီဒီယာကဏ္ဍကို တိုင်းပြည်၏ စတုတ္တမဏ္ဍိုင်အဖြစ် မြန်မာအစိုးရ အဆက်ဆက် သတ်မှတ်ခဲ့သည့်အချက်ကို USDP ဖွဲ့စည်းပုံစည်းမျဉ်းက ဆက်လက်ဆွဲကိုင် ထားသော်လည်း ဒီမိုကရေစီစနစ်၏ စံနှုန်းတခုဖြစ်သော လွတ်လပ်သော သတင်းမီဒီယာ ပေါ်ထွန်းရေးကို ကြိုဆိုခြင်း မရှိဘဲ မီဒီယာသည် “အမျိုးသားအကျိုးစီးပွားကို အခြေခံ ဆောင်ရွက်စေရေးကို ဦးတည်ထားသည်။

လက်ရှိ အခြေအနေတွင် တရားဝင် ဖွဲ့စည်းထူထောင်ထားသော နိုင်ငံရေးပါတီများ၏ မူဝါဒ သဘောထားများကို စာပေစိစစ်ရေးက ဖြတ်တောက် ပိတ်ပင်နေသော်လည်း တဖက်တွင် စစ်အစိုးရပိုင် သတင်းစာများက USDP အတွက် လွတ်လပ်စွာ သွယ်ဝိုက်မဲဆွယ်လျက်ရှိသည်။

ရွေးကောက်ပွဲတွင် USDP အနိုင်ရရှိသွားပါက ထိုကဲ့သို့ တဖက်စောင်းနင်းဖြစ်နေသော မီဒီယာအခြေအနေကို ဆက်လက် တွေ့မြင်နေရဦးမည်ဖြစ်ပြီး ၎င်းတို့၏ အကျိုးစီးပွားကို “အမျိုးသားအကျိုးစီးပွား ဟု တံဆိပ်တပ်ပြီး မီဒီယာကို ဆက်လက် ထိန်းချုပ်သွားလိမ့်မည်ဟု လေ့လာသူများက ဝေဖန်ကြသည်။

မြန်မာနိုင်ငံသည် လယ်ယာစိုက်ပျိုးရေးနိုင်ငံဖြစ်ပြီး တိုင်းပြည်၏ လူဦးရေ ၇၀ ရာခိုင်နှုန်းမှာ ကျေးလက်နေ တောင်သူ လယ်သမားများ ဖြစ်ကြသည်။ သို့ရာတွင် မြန်မာပြည် လွတ်လပ်ရေးရပြီး နောက်ပိုင်း လယ်သမားများသည် ခေတ်အဆက်ဆက်တွင် ၎င်းတို့ ထွန်ယက်လုပ်ကိုင်နေသော လယ်မြေများကို ပိုင်ဆိုင်ခွင့်မရှိကြဘဲ အစိုးရများကသာ ပိုင်ဆိုင်ကြသည်။ ထို အခြေအနေသည် USDP အာဏာရရှိသွားပါက ဆက်လက် တည်ရှိနိုင်သည်။

USDP ဖွဲ့စည်းပုံစည်းမျဉ်း၏ တောင်သူလယ်သမားရေးဆိုင်ရာ လုပ်ငန်းစဉ်တွင် “လယ်လုပ်သူ လယ်ယာမြေ လုပ်ပိုင်ခွင့် ရရှိရေး မူဝါဒကို ပြဌာန်းထားပြီး “လယ်လုပ်သူ လယ်ပိုင်ခွင့် ကို ငြင်းဆိုထားသည်။

ဧရာဝတီက သီးခြား လက်ခံရရှိထားသော စာမျက် နှာ ၂ မျက်နှာပါ USDP ၏ “တောင်သူလယ်သမားများအတွက် ဆောင်ရွက် ပေးမည့် အဓိကအချက်များ အထောက်အထား စာရွက်စာတမ်းတွင် လယ်လုပ်သူ လယ်ပိုင်ခွင့် မူဝါဒကို အဘယ့်ကြောင့် မကျင့်သုံးရခြင်းဖြစ်ကြောင်း ယခုကဲ့သို့ ဖော်ပြထားသည်။

လယ်လုပ်သူကို လယ်မြေပိုင်ဆိုင်ခွင့် ပေးခဲ့လျှင် ငွေကြေးချမ်းသာသော လယ်သမားများ၊ လုပ်ငန်းရှင်များ လက်ဝယ်သို့ မြေယာ ပိုင်ဆိုင်မှုများ ကျရောက်သွားပြီး မြေရှင်ကြီးစနစ် ပေါ်ပေါက်လာကာ တောင်သူလယ်သမားများ မြေယာမဲ့ဘ၀သို့ ရောက်သွားနိုင်သည့် အန္တရာယ်ရှိနေသည်။ ထို့ကြောင့် မိမိတို့ပါတီအနေဖြင့် တောင်သူလယ်သမားများ၏ အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်သည့် အနေဖြင့် လက်ရှိအခြေအနေတွင် ထိုမူဝါဒကိုသာ ကျင့်သုံးခြင်းဖြစ်သည် ဟု ဆိုထားသည်။

ယင်းမူဝါဒကို မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ လက်ထက်ကတည်းက ကျင့်သုံးခဲ့ခြင်းဖြစ်ပြီး နှစ်ပေါင်း ၄၈ နှစ် ကြာခဲ့ပြီဖြစ် သည်။ သို့သော် လယ်သမားများ၏ လက်ရှိဘဝအခြေမှာ ပိုမို ဆင်းရဲကျပ်တည်းလျက် ရှိဆဲဖြစ်သည်။

USDP သည် တောင်သူလယ်သမားများ၏ အကျိုးစီးပွားကို ဖော်ဆောင်မည့် လယ်သမား အဖွဲ့အစည်းကြီးတရပ် ပေါ်ပေါက်ရန် ဆောင်ရွက်ပေးမည် ဟုလည်း ဖော်ပြထားသည်။

USDP ၏ မူဝါဒများသည် ပြည်သူကို ဗဟိုပြု ရေးဆွဲထားခြင်း မဟုတ်ဘဲ အစိုးရကို ဗဟိုပြု ရေးဆွဲထားခြင်းဖြစ်ပြီး USDP ပါတီသာ ရွေးကောက်ပွဲတွင် အနိုင်ရရှိပါက မြန်မာပြည်တွင် အပြောင်းအလဲကို များများစားစား တွေ့မြင်ရဖွယ် မရှိကြောင်း လေ့လာသူများ သုံးသပ်သည်။

ကာကွယ်ရေးဌာန ကုန်ကျစရိတ် တနှစ် ၆ ထရီလီယံ ကျပ်ခန့်သုံး

အောင်သက်ဝိုင်း Friday, July 30, 2010

E-mail Print

Share/Save/Bookmark

စစ်အစိုးရသည် ကာကွယ်ရေး ၀န်ကြီး ဌာနအတွက် တနှစ်လျှင် ၆ ထရီလီယံ ကျပ် ခန့် အသုံးပြုနေကြောင်း သိရှိရသည်။

Myanmar's soldiers carry flags

ပြီးခဲ့သည့် မတ်လ ၂၇ ရက်နေ့က ကျင်းပသော ၆၅ နှစ်မြောက် တပ်မတော်နေ့ အခမ်းအနားတွင် စစ်သားများ စစ်ရေးပြနေစဉ် (ဓာတ်ပုံ - Reuters)

နိုင်ငံတွင်း ကောက်ခံရရှိသော ကုန်သွယ်လုပ်ငန်းခွန်၊ အကောက်ခွန်၊ အမြတ်ခွန်၊ ယစ်မျိုးခွန်

အပါအ၀င် အခွန်အတုပ်များနှင့် ၀န်ကြီးဌာနများ အပါအ၀င် စီးပွားရေး အဖွဲ့အစည်းများထံမှ ရရှိသော ၀င်ငွေမှာ တနှစ်လျှင် ကျပ် ထရီလီယံ ၂၀ ကျော် ရှိပြီး ကာကွယ်ရေး ၀န်ကြီးဌာနအတွက် ကျပ် ၆ ထရီလီယံ ခန့် အသုံးပြုခဲ့ကြောင်း စစ်အစိုးရ၏ ၂၀၀၈-၂၀၀၉ ဘဏ္ဍာရေးနှစ် စာရင်း ဇယားများတွင် ဖော်ပြထားသည်။

အဆိုပါ ၀င်ငွေစာရင်းတွင် ပြည်ပနိုင်ငံများသို့ ရေနံနှင့် သဘာဝဓာတ်ငွေ့ရောင်းရငွေများကို ထည့်သွင်း ဖော်ပြထားခြင်းရှိပေ။

၂၀၀၈ ခုနှစ် အတွင်း ကာကွယ်ရေး ၀န်ကြီးဌာနအတွက် တနှစ် သာမန်သုံးငွေအဖြစ် ကျပ် ၂.၇ ထရီလီယံကျော်၊ ငွေလုံး ငွေ ရင်း သုံးငွေအဖြစ် ၂.၈ ထရီလီယံကျော်၊ တပ်မြို့စည်ပင်သာယာရေး အဖွဲ့များအတွက် ကျပ် ၂ ဘီလီယံကျော်၊ နောက်တိုး သုံးစွဲငွေ အဖြစ် ၉၆ ဘီလီယံကျော်၊ စုစုပေါင်း ၆ ထရီလီယံ ခန့် အသုံးပြုခဲ့ကြောင်း စာရင်းဇယားများအရ သိရသည်။

ထို အသုံးစရိတ်များတွင် တပ်မတော်ရေးရာ အသုံးစရိတ်များ မပါဝင်ပေ။

တပ်မတော် အသုံးစရိတ်ဆိုသည်မှာ စစ်လက်နက်ပစ္စည်းများ ၀ယ်ယူသည့် စရိတ်၊ ပြည်ပနိုင်ငံများသို့ စစ်ပညာတော်သင်များ၊ နျူကလီးယား နည်းပညာလေ့လာရေး ကဲ့သို့သော ငွေအရင်းအနှီး ကြီးမားသည့် အသုံးစရိတ်များဖြစ်ကြောင်း မြန်မာနိုင်ငံ ဗဟိုဘဏ်နှင့် နီးစပ်သည့် ဘဏ် လုပ်ငန်းကျွမ်းကျင်သူ တဦးက ရှင်းပြသည်။

ကာကွယ်ရေး ၀န်ကြီးဌာနရဲ့ အသုံးစရိတ် သီးသန့်ချည်းပဲ နိုင်ငံဝင်ငွေ စုစုပေါင်းရဲ့ ၃၀ ရာခိုင်နှုန်း ရှိတယ်ဟု ၎င်းက ဆို သည်။

မြန်မာနိုင်ငံရှိ လူဦးရေ သန်း ၆၀ နီးပါး၏ ကျန်းမာရေးအတွက် တနှစ်သုံးစွဲငေမွှာ ကျပ် ၅၂၃ ဘီလီယံ ကျော်သာ အသုံးပြုခဲ့ သည်ဟု သိရသည်။

ပြည်သူ့ ကျန်းမာရေးအတွက် တနှစ်သုံးစွဲငွေသည် ကာကွယ်ရေး ၀န်ကြီးဌာန တနှစ် သုံးစွဲငွေ၏ ၉ ရာခိုင်နှုန်းကျော်သာ ရှိ

ကြောင်း၊ ထို့ကြောင့် ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှု ကဏ္ဍတွင် ချွတ်ယွင်း အားနည်းမှုများစွာ ဖြစ်ပေါ်နေကြောင်း လေ့လာသူ ပညာရှင်များက ထောက်ပြပြောဆိုသည်။

ဆေးရုံတက်ရင် ဆေးထိုးအပ်၊ ဂွမ်းက အစ၊ ခွဲစိတ်ခ၊ ဆေးဝါး အဆုံး အစအရာရာ ကုန်ကျ စရိတ်တွေ ပြည်သူတွေ ကိုယ်တိုင် အကုန်အကျ ခံနေရတယ်။ ကျန်းမာရေး ကဏ္ဍအတွက် က ဘတ်ဂျက် သုံးငွေတော်တော်နည်းတယ်။ စစ်တပ်ကြီးတွေ ဘယ်လောက်ဖွဲ့ဖွဲ့၊ စစ်စခန်းကြီးတွေ ဘယ်လောက် ဆောက်ဆောက်၊ ပြည်သူ့ကျန်းမာရေး မကောင်းရင် ခိုင်မာ တောင့်တင်းတဲ့ ကာကွယ်မှုမျိုး၊ လုံခြုံမှုမျိုး မရနိုင်ဘူးဟု ပြည်တွင်း သတင်းစာဆရာ တဦးက ဆိုသည်။

ပြည်ထဲရေးဝန်ကြီးဌာနအတွက် သုံးစွဲငွေမှာ ကျပ် ဘီလီယံ ၆၀၀ ကျော် ဖြစ်ပြီး အဆိုပါဌာန၏ သုံးစွဲငွေတွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် အကျဉ်းဦးစီးဌာန၏ သုံးစွဲငွေက များပြားကြောင်း စုံစမ်းသိရှိရသည်။

ပညာရေးကဏ္ဍ သုံးစွဲငွေမှာ ကျပ် ၁.၈၇ ထရီလီယံကျော် ရှိသော်လည်း အဓိကအားဖြင့် တက္ကသိုလ်၊ ကောလိပ် တည်ဆောက် ရေးတွင် ကုန်ကျစရိတ် များပြားကြောင်း သိရသည်။

ပြည်နယ်နှင့်တိုင်း အသီးသီးတွင် တက္ကသိုလ် ကောလိပ်များတိုးချဲ့တည်ဆောက်ခြင်းဖြင့် တမြို့တည်း၊ တနေရာ တည်းတွင်

ကျောင်းသားများ တစုတဝေးတည်း မဖြစ်စေရန် ဆောင်ရွက်ခြင်းဖြစ်သောကြောင့် ပညာရေးတိုးတက်မှုအတွက် အထောက် အကူ မပြုနိုင်ဟု သတင်းသမား တဦးက ပြောဆိုသည်။

ဆန္ဒပြပွဲတွေဖြစ်မှာစိုးလို့ ကျောင်းသားတွေ မစုစည်းမိအောင် တက္ကသိုလ်၊ ကောလိပ်ကျောင်းတွေ ခွဲပြီး မြို့စွန်၊ မြို့ဖျား နေရာတိုင်း ဆောက်နေတယ်ဆိုတာ အားလုံးအသိပဲ။ တက္ကသိုလ် ကောလိပ် ဆောက်ရုံနဲ့တော့ ပညာရေး မတိုးတက်နိုင်ဘူးဟု ၎င်း က ဆိုသည်။

စစ်အစိုးရသည် ၎င်းတို့အာဏာ တည်မြဲရေးအတွက် စစ်တပ်ကို တိုးချဲ့လျက်ရှိရာ နှစ်စဉ် ကာကွယ်ရေး အသုံးစရိတ် တိုးတက် နေမည်ဖြစ်ကြောင်း စီးပွားရေး ပညာရှင်များက သုံးသပ်သည်။

ပြီးခဲ့သည့် မေလ နောက်ဆုံးပတ် အတွင်း စစ်အစိုးရ က စစ်ရေး အသုံးစရိတ်အတွက် ငွေစာရင်း ခေါင်းစဉ် ဖော်ပြထားခြင်း မရှိ သော ပုံမှန်ထက် ပိုမိုများပြားသည့် ဘတ်ဂျက် ချပေးမှုရှိခဲ့ကြောင်း စစ်တပ်အသိုင်းအ၀ိုင်းက ပြောဆိုခဲ့သည်။

မြန်မာနိုင်ငံ ရသုံးမှန်းခြေ ဘတ်ဂျက်ရှင်းတမ်းကို ၁၉၈၈ မတိုင်ခင်က သတင်းစာများတွင် ဖော်ပြခဲ့သော်လည်း နောက်ပိုင်း စစ်အစိုးရ လက်ထက်တွင် တရားဝင် ထုတ်ပြန်ခြင်း ယနေ့အထိ မရှိကြောင်း တွေ့ရသည်။

ထို့အပြင် စစ်အစိုးရ ၏ စစ်ရေး အသုံးစရိတ်များကိုလည်း တရားဝင်ထုတ်ပြန်ခြင်း မတွေ့ရှိရပေ။

မြန်မာစစ်တပ်၏ စစ်အင်အား ၄ သိန်း ခန့်ရှိမည်ဖြစ်ကြောင်း လေ့လာသူများက ခန့်မှန်းကြသည်။

Set as favorite

Bookmark

Email this

Hits: 3991

Comments (1)Add Comment

feedSubscribe to this comment's feed

0

ဘယ်သူ သေသေ ငတေ မာရင်ပြီးရော

written by ဂျင်ကလိ, July 30, 2010

ဘာပဲဖြ စ်နေပစေ။

ငါတို့ခိုင်မာဖို့ပဲ အရေးကြီးတယ်။

ပညာ တတ်ရင် ကလန် နေဦးမယ်၊

ခုလို ပညာတတ်သူ နည်းတော့

ဘယ်လောက် အုပ်ချုပ်ရ လွယ်သလဲ၊

လက်တွေ့ပဲလေ။

မလောက်လေး မလောက်စားေ လာက်တော့ ရာထူးလေး ပေးလိုက်ရင်ြ ငိမ်သွားမှာပါ။

ပြီးတော့ မဟုတ်တာ မလုပ် မဖြစ်အောင် တွန်းပို့ပေးလိုက်။

သင်း ဘာခံနိုင်မှာတုန်း။

ကိုယ့်ဘက်ကတောင် လိုက်ပြောပေးဦးမှာ စိတ်ချ၊

ဝန်ကြီးများ USDP အတွက် စည်းရုံး

နရီလင်းလက် Friday, July 30, 2010

E-mail Print

Share/Save/Bookmark “မဲပေးမယ်ဆို ‘ဆန်စိ ကို ပေးဖို့ မမေ့နဲ့ ”ဟု ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ (USDP) ခေါင်းဆောင် ၀န်ကြီးချုပ် ဗိုလ်ချူပ် ကြီးဟောင်း ဦးသိန်းစိန်က ရှမ်းပြည်နယ်သို့ သွားရောက်စဉ် ပြောကြား ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

usda-thein-sein

ဝန်ကြီးချုပ် ဦးသိန်းစိန်

ဆန်စိ ဆိုသည်မှာ ရှမ်းတိုင်းရင်းသား ဘာသာအရ “ခြင်္သေ့ ဟု အဓိပ္ပာယ်ရပြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အသင်း (USDA) ၏ အမှတ် တံဆိပ် ဖြစ်သောကြောင့် USDP အားမဲပေးရန် ပြောဆို စည်းရုံးခြင်း ဖြစ်ကြောင်း ဒေသခံ တဦးက ဆိုသည်။

ဝန်ကြီးချုပ် ဦးသိန်းစိန်သည် ပြီးခဲ့သည့် ဇူလိုင် ၁၀ ရက်နေ့က ရှမ်းပြည်နယ် တောင်ပိုင်း ရွာငံမြို့နယ် မြို့ကြီး ကျေးရွာအနီးရှိ မြို့ကြီးရေလှောင်တမံ ဘက်စုံ စီမံကိန်းသို့ သွားရောက် ခဲ့ကြောင်း ဇူလိုင် ၁၁ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြ ထားသည်။

အစိုးရစရိတ်သုံးစွဲ၍ သွားရောက်သည့် ခရီးစဉ်အတွင်း ၀န်ကြီးချုပ် ဦးသိန်းစိန်သည် ယခုကဲ့သို့ မဲဆွယ် စည်းရုံးမှု ပြုလုပ်ခြင်း သည် ၎င်းတို့ ထုတ်ပြန်ထားသော နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ အခန်း(၃) ၊ အပိုဒ် ၁၂ (က) ၅ အရ နိုင်ငံတော် ပိုင် ငွေကြေး၊ မြေ၊ အိမ်၊ အဆောက်အအုံ၊ ယာဉ်၊ ပစ္စည်းတို့ကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက် သော နည်းဖြင့် ဖြစ်စေ ရယူသုံးစွဲ သည့် အဖွဲ့အစည်း ဖြစ်ကြောင်းတွေ့ရှိပါက ပါတီအဖြစ် ဆက်လက် ရပ်တည်ပိုင်ခွင့်မရှိကြောင်း ဖော်ပြထားသောကြောင့် ယင်း ဥပဒေကို သွယ်ဝိုက်သောနည်းဖြင့် ချိုးဖောက်ကြောင်း တွေ့ရသည်။

ပညာရေး ဒုတိယ ၀န်ကြီး ဦးအောင်မျိုးမင်းကလည်း ရန်ကုန်တိုင်းအတွင်းရှိ တက္ကသိုလ်ကျောင်းများအား လှည့်လည် စစ်ဆေး နေချိန်တွင် USDP ကို မဲပေးရန် ပြောဆိုသွားခဲ့ကြောင်း သိရသည်။

အနာဂတ်နိုင်ငံတော်မှာ ကျောင်းသူ ကျောင်းသားတွေ သွေးထွက်သံယိုဖြစ်တာ မမြင်စေချင်ရင် ကြံ့ဖွံ့ပါတီကို မဲထည့်ပါ ဆိုပြီး ဒုဝန်ကြီးက ကျောင်းကိုလာရင်း ပြောသွားတယ်ဟု ရန်ကုန် နိုင်ငံခြားဘာသာ တက္ကသိုလ်မှ ကျောင်းသူတဦး က ဆိုသည်။

ရန်ကုန်နိုင်ငံခြားဘာသာ တက္ကသိုလ် အပါအ၀င် ရန်ကုန်တက္ကသိုလ်ရှိ ဆရာ၊ ဆရာမများ၊ ကျောင်းသူ ကျောင်းသားများကို လည်း ယခုကဲ့သို့ ပြောဆိုသွားကြောင်း တက္ကသိုလ် အသိုင်းအ၀န်းက ပြောသည်။

ရန်ကုန်မြို့တော်ဝန် ဗိုလ်မှူးချုပ်ဟောင်း ဦးအောင်သိန်းလင်းသည်လည်း မြို့နေလူထုထက် ပိုမိုများပြားသည့် ရန်ကုန်တိုင်း အတွင်းရှိ ကျေးရွာအုပ်စုများသို့ သွားရောက်၍ USDP အတွက် စည်းရုံးရေးလုပ်ငန်းများ လုပ်ဆောင်နေကြောင်း သိရသည်။

အဓိကကတော့ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီအတွင်းမှာရှိနေတဲ့ ကျေးရွာလေးတွေကို ဦးစားပေးပြီး စည်းရုံးရေးဆင်းတာ၊ ကြည့်မြင်တိုင် တဖက်ကမ်းက ဇလုတ်ညွှန့်တို့ ၊ ဆိပ်ကြီးခနောင်တို တို့ ၊ အလံ တဖက်ကမ်းဆိုရင် လည်း ကျောက်ဝိုင်းကြီး ကျောက်ဝိုင်းလေး ရွာတွေကို ဆင်းတာဟု ရန်ကုန်တိုင်းမှ USDP ပါတီဝင် တဦးက ပြောသည်။

ရန်ကုန်မြို့တည်ထောင်စဉ် ကတည်းက ဂရမ်ပိုင် ထုတ်ပေးထားခြင်းမရှိသော ကျေးရွာများကို ရန်ကုန်မြို့တော်စည်ပင် သာယာရေး ကော်မတီ ဌာနမှူးများနှင့် ညှိနှိုင်းပြီး အိမ် ဂရမ်များ ထုတ်ပေးသွားမည်ဖြစ်ကြောင်း ယင်း ခရီးစဉ် အတွင်း မြို့တော်ဝန် ဦးအောင်သိန်းလင်း က ပြောဆိုစည်းရုံးခဲ့ကြောင်းလည်း ၎င်းက ဆိုသည်။

အစိုးရ ခင်းပေးထားသည့် ကျောက်ချောလမ်းအဆင့် ကျေးရွာလမ်းများအား ကတ္တရာလမ်းခင်းပေးခြင်း၊ စည်ပင်သာယာရေး ကော်မတီမှ တူးဖော်ပေးထားသည့် ရေကန်များကို နေရာ ၃ နေရာ ထားပြီး အုတ်ကန်ပြုလုပ်ပေးကာ ကျေးရွာအတွင်း ရေဖြန့် ဝေ ပေးသွားမည် ဖြစ်ကြောင်း၊ အစိုးရ စီမံကိန်း အနေနှင့် လုပ်ဆောင်ထားသည်များကို USDP က ဆက်လက် လုပ်ဆောင် သွားမည် ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

ကျောက်ချောလမ်းတွေကို ကတ္တရာလမ်းခင်းပေးမယ်၊ ရေကန်တူးပြီး ကျေးရွာထဲကို ရေသွယ်လို့ ရအောင်လုပ်ပေးမယ်။ ဒီအတွက် ကြံ့ဖွံ့ပါတီကို မဲပေးရမယ်လို့ ပြောသွားတယ်ဟု ခနောင်တို ကျေးရွာမှ ရွာသားတဦးက ပြောသည်။

USDP အနေနှင့် ပါတီရန်ပုံငွေ လျာထားမှုများ ရှိနေသော်လည်း ပြည်နယ်နှင့်တိုင်းအလိုက် ရန်ပုံငွေ ချထားပေးခြင်း မရှိသေး သောကြောင့် စည်းရုံးရေးလုပ်ငန်းများလုပ်ဆောင်ရာတွင် မိမိပိုင်ငွေကြေးဖြင့်သာ သုံးစွဲရသကဲ့သို့ စည်းရုံးရေးဆင်းရာတွင် ရန်ကုန်မြို့တော်စည်ပင်သာယာမှ ပေးထားသည့် ကားဖြင့် သွားရောက်ခြင်းမရှိသကဲ့သို့၊ စည်ပင်ဝန်ထမ်းများအား ခေါ်ယူ သွားခြင်းမရှိကြောင်း ကျေးရွာများသို့ ရောက်ရှိရာတွင်လည်း USDA အသင်းဝင်ဟောင်းများသာ ကြိုဆိုကြကြောင်း အထက်ပါ ရန်ကုန်တိုင်း USDP ပါတီဝင်က ပြောသည်။

USDP ကို လွန်ခဲ့သည့် ဧပြီလ ၂၉ ရက်နေ့တွင် လက်ရှိ စစ်အစိုးရ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန်နှင့် အစိုးရ၀န်ကြီး၊ အရာ ရှိကြီး၂၆ ဦးတို့သည် ၂၀၁၀ ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ရန် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သို့ တည်ထောင်ခွင့် လျှောက်ထားခဲ့ပြီး ဇွန်လ ၈ ရက်နေ့၌ ပါတီ မှတ်ပုံတင်ခွင့် ကျထားသည်။

USDP သည် ရွေးကောက်ပွဲကော်မရှင်သို့ ပါတီဝင်အင်အား တင်ပြသည်ကို ယနေ့အချိန်အထိ မတွေ့ရှိရသေးပေ။

USDA အား ဇူလိုင် ၆ ရက်မှစ၍ တဆင့်ချင်း ဖျက်သိမ်း၍ အသင်း၏ ပိုင်ဆိုင်မှုများကို USDP ပါတီသို့ တရားဝင် လွှဲပြောင်း ပေး သွားမည်ဟု USDA ပြောရေးဆိုခွင့်ရှိသူက ယခုလအတွင်း သတင်းမီဒီယာ များသို့ ထုတ်ဖေါ် ပြောဆိုထားသည်။

Set as favorite

Bookmark

Email this

Hits: 3322

Comments (3)Add Comment

feedSubscribe to this comment's feed

0

...

written by kogyikhi, July 30, 2010

ဖြစ်သင့်တာမဖြ စ်ရခြင်း။ မကြားချ င်တာ ကြားနေရ ခြင်း ။ မမြင်တာတွေမြင်နေ ရခြင်းတွေဟာ။ ကျနော်တို့ တွေကိုက မြန်မာနိုင်ငံမှာလူဖြ စ်နေရလို့ မသိ ပါဘူး ဗျာ။ တို့တွေရဲ့ မျှော်လင့်ချက်တွေ ဘယ်တော့မှများ ပြည့်မလဲ မသိပါဘူး။

* report abuse

* +1

* vote down

* vote up

0

????

written by ဘိုပြောင်, July 30, 2010

"အနာဂတ်နိုင်ငံတော်မှာ ကျောင်းသူ ကျောင်းသားတွေ သွေးထွက် သံယိုဖြ စ်တာ မမြင်စေချင်ရင် ကြံ့ဖွံ့ ပါတီကို မဲထည့်ပါ ဆိုပြီး ဒုဝန်ကြီးက ကျောင်းကို လာရင်း ပြောသွားတယ်"

ဒါဆိုရင် ကြံ့ဖွံ့ ပါတီကို မဲမထည့်ရင် ကျောင်းသားတွေကို ပစ်သတ်မယ် ဆိုတဲ့ သဘောလား......

* report abuse

* +0

* vote down

* vote up

0

ဆန်စိ

written by အိုက်ဆေ, July 30, 2010

ရွာငံမှာ ဆန်စိ သွားပြော လို့ကတော့ ဟိုက ဓနုတွေက ဆန်စိ ဘာလုပ်ရမှာလဲ ဆန်အိပ် ပေးဆိုပြီး ပြောလာလိုက်မယ် ...

ဘယ်နှယ်ဗျာ ... ကိုယ့်နိုင်ငံက မြို့မှာ ဘာလူမျိုး နေလဲ ဆိုတာတောင် မသိပဲနဲ့ ဝန်ကြီးချုပ် လုပ်နေသေးတယ် ...

ရွာငံမှာ ဓနုတွေကြီးပဲ ... ရှမ်းစကား သွားပြော ဘာသိမှာလဲ ...

အိန္ဒိယ-မြန်မာ ဆက်ဆံရေး

By ဦးအောင်ခင် သောကြာ, 30 ဇူလိုင် 2010

ထပ်ဆင့် ဖြန့်ဝေရန်

* Digg

* Facebook

* StumbleUpon

* Yahoo! Buzz

* del.icio.us

နိုင်ငံအချင်းချင်း ဆက်ဆံရာမှာ အမြဲတမ်းမိတ်ဆွေနဲ့ အမြဲတမ်း ရန်သူဆိုတာမရှိဘဲ အမြဲတမ်း အကျိုးစီးပွားသာရှိတယ်ဆိုတဲ့ စကားကို မြန်မာ-အိန္ဒိယဆက်ဆံရေးက သက်သေပြနေပါတယ်။ ဗိုလ်ချုပ်မှုးကြီးရဲ့  ဒုတိယမြောက်ခရီးစဉ်ကြောင့် အိန္ဒိယ-မြန်မာ ဆက်ဆံရေးကို တဆင့်တိုးမြှင့်နိုင်လိမ့်မယ်လို့ ခန့်မှန်းရပါတယ်။ မြန်မာ့သယံဇာတကို ပြိုင်ဆိုင်ထုတ်ယူတဲ့နေရာမှာ ထိုင်းက ပထမ၊ တရုတ်က ဒုတိယ၊ အိန္ဒိယက တတိယ လိုက်နေပါတယ်။ နယ်စပ်ကုန်သွယ်ရေးမှာလည်း ဒီပုံစံအတိုင်း ဖြစ်ပါတယ်။ ကျောက်ဖြူရွှေလီ ရေနံနဲ့ ဓါတ်ငွေ့ပိုက်လိုင်းနဲ့ ဧရာဝတီရေအား လျှပ်စစ်တွေပြီးစီးသွားရင် တရုတ်ဟာ ပထမနေရာကို ရောက်သွားနိုင်ပါတယ်။ ဒါကြောင့် အိန္ဒိယဟာ တတ်နိုင်သလောက် အမီလိုက်နိုင်အောင် ကြိုးပမ်းနေပုံရပါတယ်။

ဗမာအစိုးရကလည်း တရုတ်က ချည်းတဖက်သတ် လွှမ်းမိုးမှာကို စိုးရိမ်လာပုံရပါတယ်။ မြန်မာ့ဓါတ်ငွေ့ စီမံကိန်းမှာ ဒေါ်လာသန်းတထောင်ကျော် ရင်းနှီမြုပ်နှံဖို့ ဒီနှစ်အစောပိုင်းမှာ အိန္ဒိယက ကြေညာပါတယ်။ အိန္ဒိယ အစိုးရပိုင်ကုမ္မဏီ (၂) ခု အစုရှယ်ယာ ပါဝင်တဲ့ ရွှေဓါတ်ငွေ့တွင်းက အိန္ဒိယကို ဓါတ်ငွေ့ပိုက်လိုင်း သွယ်ယူနိုင်ရေးအတွက် အင်္ဂလိပ်ကုမ္မဏီက လေ့လာထားပါတယ်။ ဓါတ်ငွေ့ပိုက်လိုင်းကိစ္စမှာ အိန္ဒိယဘက်က စိတ်ပျက်နေတာ အတော်ကြာပါပြီ။ ချင်းတွင်မြစ် ထမံသီ၊ ကလေးဝ နဲ့ ဟုမ္မလင်း ရေအားလျှပ်စစ်တွေ တည်ဆောက်ဖို့လည်း အိန္ဒိယက စိတ်ဝင်စားနေပါတယ်။

၂၀၀၇ ခုနှစ် စက်တင်ဘာလမှာ သံဃာဦးဆောင်တဲ့ ဆန္ဒပြပွဲ ရန်ကုန်မှာ ဖြစ်ပွားတုန်း အိန္ဒိယ ရေနံဝန်ကြီး ပျဉ်းမနားကိုသွားပြီး ဒေါ်လာသန်းတရာကျော် ကုန်ကျမယ့် ကလတန် မြစ်ကြောင်း ဖွံ့ဖြိုးရေး စီမံကိန်းကို အကောင်အထည်ဖော်ဖို့ သဘောတူချက် ရယူနိုင်ခဲ့ပါတယ်။ စစ်တွေမှာ ပင်လယ်ကူးသင်္ဘော ဆိပ်ကမ်းတည်ဆောက်ပြီး ကလတန် မြစ်ကြောင်းက အိန္ဒိယ အရှေ့ မြောက်ဒေသကို ဆက်သွယ်ရေးနဲ့ သဘာဝဓါတ်ငွေ့ ရှာဖွေရေးကို အိန္ဒိယက တာဝန်ယူလုပ်ကိုင်ပေးဖို့ သဘောတူပါတယ်။ မြန်မာပြည်မှာ ထရပ်ကား စက်ရုံတည်ဆောက်ဖို့ အိန္ဒိယအစိုးရက ငွေရင်းစိုက်ထုတ်ပြီး တတာကုမ္မဏီ က တာဝန်ယူ အကောင်အထည်ဖော်ဖို့လည်း သဘောတူထားကြပါတယ်။

ရေနံနဲ့ ဓါတ်ငွေ့ ရှာဖွေထုတ်ယူရေးမှာ လုပ်ကွက်အနည်းငယ် ကျန်နေပါသေးတယ်။ ဒီလုပ်ငန်းဟာ ငွေရင်း အကြီးအကျယ် စိုက်ထုတ်ရတာမို့ ဗမာစစ်အစိုးရဟာ အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေးအဖွဲ့အစည်းတွေရဲ့  အကူအညီမပါဘဲ အကောင်အထည် မဖော်နိုင်ပါဘူး။ ဗမာစစ်အစိုးရဟာ ရေနံပီပါပေါင်း (၄) သောင်း နေ့စဉ်တင်သွင်း နေရပါတယ်။ ဒါကို ကြက်ဆူဆီနဲ့ အစားထိုးနိုင်ဖို့ မျှော်လင့်ခဲ့ပေမယ့် အကောင်အထည်ပေါ်ဖို့ အလားအလာ မရှိတော့ပါဘူး။ တနင်္လာရီကမ်းလွန်က သဘာဝဓါတ်ငွေ့ ထိုင်းနိုင်ငံကို စတင်တင်ပို့ချိန်ကစပြီး ဗမာစစ်အစိုးရဟာ သဘာဝဓါတ်ငွေ့ကို မှီခိုလာရပါတယ်။ အိန္ဒိယနဲ့ တရုတ်ကလည်း သဘာဝဓါတ်ငွေ့ လိုချင်တာမို့ သဘာဝဓါတ်ငွေ့ က ဝင်ငွေမရနိုင်တော့တဲ့ အခြေအနေရောက်လာမှသာ ဗမာစစ်အစိုးရဟာ ပြည်ပက ဖိအားပေးတာမို့ ဂရုစိုက်လာလိမ့်မယ်လို့ ယူဆကြပါတယ်။

အိန္ဒိယ အရှေ့ မြောက်ပြည်နယ်တွေက တိုင်းရင်းသားလက်နက်ကိုင်ကို နှိမ်နှင်းရာမှာ ဗမာစစ်အစိုးရ အကူအညီ လိုအပ်တာဟာလည်း လက်တွဲရတဲ့အကြောင်းရင်း တခုဖြစ်ပါတယ်။ အိန္ဒိယသူပုန်ကို တိုက်ထုတ်ဖို့ ဗိုလ်ချုပ်ကြီးသန်းရွှေ က ၂၀၀၄ အိန္ဒိယခရီးမှာ ဂတိပြုခဲ့ပေမယ့် မထိရောက်တဲ့အတွက် ဒီနှစ် ဇန်နဝါရီနှောင်းပိုင်းမှာ အိန္ဒိယပြည်ထဲရေးဝန်ကြီး နေပြည်တော်ကို သွားရောက်ဆွေးနွေးရပါတယ်။ အခုတော့ မဏိပူရ်၊ အာသံ နဲ့ နာဂ ဒေသက တိုင်းရင်းသားသူပုန်တွေကို အိန္ဒိယအစိုးရတပ်က ထိုးစစ်ဆင်ရာမှာ မြန်မာပြည်ထဲအထိ ဝင်ရောက်တိုက်ခိုက်ခွင့် ပေးထားကြောင်း သိရပါတယ်။ အခုဆိုရင် (၃) လတကြိမ် အိန္ဒိယ-မြန်မာ ထိပ်တန်းစစ်ဗိုလ်တွေ အစည်းအဝေး ထိုင်ကြောင်းသိရပါတယ်။ အိန္ဒိယ ဆန့်ကျင်ရေး အကြမ်းဖက်သမားတွေကို နှိမ်နှင်းဖို့ ဝန်လေးနေတဲ့ ပါကစ္စတန်နဲ့ ဆက်ဆံနိုင်တဲ့ အိန္ဒိယအစိုးရဟာ ဗမာစစ်အစိုးရနဲ့ ချစ်ကြည်ရေးလုပ်တာ မဆန်းပါဘူးလို့လည်း သုံးသပ်ကြပါတယ်။

အိန္ဒိယ အိုင်တီလုပ်ငန်း Information Technology ကဏ္ဍရဲ့  ဝင်ငွေ (၆၅) ရာခိုင်နှုန်းဟာ နိုင်ငံခြားက လာတာပါ။ ဒီအထဲမှာ (၅၀) ရာခိုင်နှုန်းဟာ အိုင်တီဝန်ဆောင်လုပ်ငန်းက တိုက်ရိုက်ရရှိတာ ဖြစ်ပါတယ်။ ဗိုလ်ချုပ်ကြီးသန်းရွှေ ကလည်း ဒေါ်လာသန်း (၅၀) ကျော် အကုန်ခံပြီး ရတနာပုံဆိုက်ဘာမြို့ တော် တည်ဆောက်ထားတာမို့ အိန္ဒိယနဲ့ တရုတ် အကူအညီ လိုအပ်နေပါတယ်။ ရတနာပုံ ပထမအဆင့်ကို ၂၀၀၇ ဒီဇင်ဘာမှာ ဖွင့်လှစ်ခဲ့တာမို့ သက်တမ်း (၂) နှစ်ကျော် သွားပါပြီ။ ပြည်တွင်း ဆက်သွယ်ရေးအပြင် တရုတ်၊ အိန္ဒိယ၊ ထိုင်း တို့ကို ကုန်းလိုင်းနဲ့ ဆက်သွယ်ပြီး အရှေ့ တောင်အာရှ၊ အရှေ့ အလယ်ပိုင်းဒေသနဲ့ အနောက်ဥရောပကို ရေအောက်လိုင်းနဲ့၊ ဂြိုလ်တုတို့နဲ့ ဆက်သွယ်ဖို့ စီစဉ်ထားပါတယ်။

အိန္ဒိယနဲ့ ပူးတွဲဆောင်ရွက်မှုတွေ များလာလေလေ တရုတ်ကို မှီခိုမှု နည်းပါးလာလေလေပဲလိုပ ပြောကြပေမယ့် တရုတ်-မြန်မာ စီးပွားရေးထက် အဆပေါင်းများစွာ ကြီးမားတာမို့ တရုတ်ကို တန်ပြန်နိုင်ပါ့မလား ဆိုတာကို စဉ်းစားစရာ ဖြစ်ပါတယ်။ မြန်မာပြည်မှာ တရုတ်ဦးရေ တိုးပွားလာသလို အိန္ဒိယပြည်သားဦးရေလည်း တိုးပွားလာနိုင်ပါတယ်။ အိန္ဒိယလူဦးရေဟာ သန်းပေါင်း (၁၁၀၀) ကျော်နေပြီး နောက်အနှစ် (၃၀) လောက်ဆိုရင် တရုတ်ထက်များလာလိမ့်မယ်လိုပ ခန့်မှန်းကြပါတယ်။

No comments:

Post a Comment