သတင်းတွေ ဖတ်ဖို့ ခေါင်းစဉ် သို့ မဟုတ် Read More ကိုသာ လိုက်ရှာပြီး နှိပ်ပါလေ

Friday, June 11, 2010

Uncensored Burma - Daily News ( 2010 June 11) part II

Uncensored Burma - Daily News ( 2010 June 11) အပိုင်း ၂

ဒုက္ခသည်များဆိုင်ရာ အမေရိကန်ထိပ်တန်းအရာရှိ မြန်မာအဖွဲ့အစည်းများနှင့် ဆွေးနွေးမည်

ရဲရင့် / ၁၁ ဇွန် ၂၀၁၀ ခေတ်ပြိုင်

အမေရိကန် လူဝင်မှုကြီးကြပ်ရေး ၀န်ကြီးနှင့် ဒုက္ခသည်များဆိုင်ရာ လက်ထောက်နိုင်ငံခြားရေး ၀န်ကြီးလည်းဖြစ်သူ မစ္စတာအဲရစ်ရှဝပ်သည် မြန်မာ့ဒီမိုကရေစီအရေး ဆောင်ရွက်နေကြသည့် အဖွဲ့အစည်း (၁၅) ဖွဲ့နှင့် မနက်ဖြန်တွင် မဲဆောက်မြို့၌ တွေ့ဆုံဆွေးနွေးမည်ဖြစ်သည်။

ယင်းသို့တွေ့ဆုံဆွေးနွေးရာတွင် လက်ရှိ မြန်မာ့နိုင်ငံရေးအခြေအနေများအပြင် အမေရိကန်သို့ ခိုလှုံခွင့်မရဘဲ ဒုက္ခသည်စခန်းတွင် နှစ်ရှည်ဆိုင်းငံ့ခြင်းခံနေရသည့် နိုင်ငံရေးဒုက္ခသည်များ ကိစ္စတို့ကို တင်ပြသွားမည်ဟု ဆွေးနွေးပွဲ တက်ရောက်မည့် မြန်မာနိုင်ငံ ဒီမိုကရက်တစ်အင်အားစု (FDB) ၏ အတွင်းရေးမှူးချုပ် ဒေါက်တာနိုင်အောင်က ခေတ်ပြိုင်သို့ ပြောသည်။

၎င်းက “၀န်ကြီးက ဒုက္ခသည်ရေးရာအပြင် ရွှေ့ပြောင်းနေထိုင်မှုနဲ့ပတ်သက်တဲ့ တာဝန်ရှိသူဖြစ်ပေမယ့် အဲဒီကိစ္စအပြင် မြန်မာပြည်ရဲ့ နိုင်ငံရေး အကြောင်းအရာတွေကိုလည်း သိချင်တယ်လို့ပြောပါတယ်။ မြန်မာပြည်မှာဖြစ်နေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ စီးပွားရေး နိုင်ငံရေး လူမှုရေး ပြဿနာတွေဟာ ၂၀၁၀ ရွေးကောက်ပွဲကြောင့် ပျောက်ပျက်သွားမှာ မဟုတ်ဘူး၊ ပိုးဆိုးလာဖို့ပဲ ရှိတယ်ဆိုတာကို သေချာအောင် ထပ်ပြောမှာပါ” ဟု ဆိုသည်။

ထိုင်းဘက်ခြမ်းတွင်ရှိသည့် ဒုက္ခသည်များအနေဖြင့် ရွေးကောက်ပွဲပြီး၍ တိုင်းပြည်အေးချမ်းသွားပြီဟု မဆုံးဖြတ်သင့်ကြောင်း ဒေါက်တာနိုင်အောင်က ပြောသည်။

“၂၀၁၀ နောက်ပိုင်းမှာ ပိုပြီးတော့ဆိုးဝါးတဲ့ နိုင်ငံရေးပြဿနာတွေ ဆက်ရှိလာမှာဖြစ်တဲ့အတွက် ဒုက္ခသည်တွေ ပိုပြီး များလာနိုင်တယ်။ ရွှေ့ပြောင်းအလုပ်သမားတွေလည်း ပိုပြီး များလာနိုင်တယ်။ ဒေသတွင်းမှာ မြန်မာပြည်က ဖြစ်ပျက်လာမယ့် ပြဿနာတွေက များပြားလာမယ်။ အဲဒီကိစ္စတွေကို အမေရိကန်အစိုးရအနေနဲ့ မျက်ခြည်မပြတ်ဘဲနဲ့ အချိန်မီ အလျင်အမြန် ကူညီပေးနိုင်ဖို့၊ အဲဒါတွေကို တင်ပြဖို့ ရှိပါတယ်” ဟုလည်း ၎င်းက ပြောသည်။

ထိုင်း-မြန်မာနယ်စပ်ရှိ နို့ဖိုးဒုက္ခသည်စခန်းတွင် အမေရိကန်နိုင်ငံသို့ ထွက်ခွာခွင့်မပြုဘဲ (၅) နှစ်ကျော် ဆိုင်းငံ့ခြင်းခံနေရသည့် မြန်မာ့နိုင်ငံရေး ဒုက္ခသည် (၄၀၀) ကျော် ကိစ္စနှင့်ပတ်သက်၍လည်း အခြေအနေအမှန်ကို သိရှိရန် ဆွေးနွေးမည်ဟုလည်း သိရသည်။

ဒေါက်တာနိုင်အောင်က “နောက်တခုက တတိယနိုင်ငံကိုထွက်ဖို့ နှစ်ရှည် ဆိုင်းငံ့ခြင်းခံနေရတဲ့ ဒုက္ခသည်တွေရဲ့ ကိစ္စအပေါ်မှာ သူတို့ရဲ့ဆောင်ရွက်တိုးတက်မှု ဘယ်လိုရှိသလဲ ဆိုတာကိုလည်း တင်ပြမှာဖြစ်တယ်” ဟု ပြောသည်။

ဝန်ကြီး အဲရစ်ရှဝပ်နှင့် အဖွဲ့သည် ယနေ့မွန်းလွဲ (၁) နာရီတွင် မဲဆောက်မြို့မှ (၆၅) ကီလိုမီတာအကွာရှိ ဒုက္ခသည်(၅) သောင်းခန့်နေထိုင်သည့် မယ်လဒုက္ခသည်စခန်းသို့ သွားရောက်ကာ စခန်းအခြေအနေများကို လေ့လာသွားသည်ဟု စခန်း ဥက္ကဋ္ဌ မန်းထွန်းထွန်းက ပြောသည်။

၎င်းက “အမေရိကန်ဝန်ကြီး အဖွဲ့လာပြီး ဒုက္ခသည်တွေကိုပေးတဲ့ အကူအညီတွေကို အမေရိကန်က ပိုမိုကူညီနိုင်ဖို့ အစီအစဉ်တွေ လုပ်ဆောင်သွားမယ်လို့ ပြောသွားတယ်” ဟု ဆိုသည်။

ဝန်ကြီး အဲရစ်ရှဝပ်သည် နယ်စပ်ဒုက္ခသည်စခန်းသို့ မသွားခင် ယမန်နေ့၌ ဘန်ကောက်တွင် ထိုင်းအာဏာပိုင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး ထိုင်း-မြန်မာနယ်စပ်တလျှောက်ရှိ ဒုက္ခသည်များအတွက် အထူးစိုးရိမ်ပူပန်မိကြောင်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် ဖိနှိပ်ချုပ်ချယ် ကန့်သတ်မှုများ ဆက်လက်ရှိနေဆဲ ဖြစ်သောကြောင့် ယခုနှစ် ကျင်းပမည့် ရွေးကောက်ပွဲအရ ပြည်တွင်းမှာ အပြောင်းအလဲ အနည်းငယ်သာ ဖြစ်ပေါ်နိုင်သည်ဟုလည်း ၎င်းက ထိုင်းအရာရှိများနှင့် တွေ့ဆုံရာတွင် ပြောကြားခဲ့ကြောင်း သိရသည်။

ထိုင်း-မြန်မာနယ်စပ်တွင် မြန်မာဒုက္ခသည်စခန်း (၉) ခုရှိပြီး ဒုက္ခသည် (၁) သိန်း (၄) သောင်း ခန့် နေထိုင်လျက်ရှိကာ ၂၀၀၆ ခုနှစ်မှ စတင်၍ မယ်လစခန်းမှ အမေရိကန်သို့ သွားရောက် အခြေချသူပေါင်း (၂) သောင်းခန့် ရှိပြီဖြစ်ကြောင်း စခန်းဥက္ကဋ္ဌက ပြောသည်။

မြန်မာ ယာယီပတ်စပို့စ်ကိုင်သူများ ပြည်ပြန်ဝင်ခွင့် တရားဝင်လုပ်ရမည်

မြတ်ခိုင်ဦး / ၁၁ ဇွန် ၂၀၁၀ ခေတ်ပြိုင်

ယာယီပတ်စပို့စ်ကိုင် မြန်မာရွှေ့ပြောင်း အလုပ်သမားများ မြန်မာပြည်သို့ပြန်လျှင် ယခင်ကကဲ့သို့ တိတ်တဆိတ်ပြန်၍ မရတော့ဘဲ တရားဝင် ပြည်ပြန်ဝင်ခွင့် အသိအမှတ်ပြု တံဆိပ်တုံးထု၍ သွားလာရတော့မည်ဖြစ်သည်။

ယခင်ကာလက မိမိတို့၏ သာရေးနာရေးကိစ္စများအတွက် မြန်မာပြည်သို့ပြန်လျှင် တိတ်တဆိတ် ပြန်နေကြသော ရွှေ့ပြောင်း အလုပ်သမားများအနေဖြင့် ထိုင်းလူဝင်မှုကြီးကြပ်ရေးဌာနမှ သတိထားမိလာ၍ တရားဝင်သွားလာရမည်ဖြစ်သော ပြည်ပြန်ဝင်ခွင့် (re-entry) တံဆိပ်တုံးထု၍သာ သွားလာရတော့မည်ဖြစ်သည်။

ပြီးခဲ့သည့် တနင်္လာနေ့မနက်၌ မဲဆောက်မြို့အဝင် တောင်ပေါ်ရှိ ရဲနှင့် လူဝင်မှုကြီးကြပ်ရေး စစ်ဆေးရေးဂိတ်တွင် အများပြည်သူသုံး ခရီးသည်တင်ကားကြီးပေါ်တွင်ပါလာသူ ယာယီပတ်စ်ပို့ကိုင်သူ မြန်မာ (၄) ဦးအား လူဝင်မှုကြီးကြပ်ရေးသို့ ပို့ဆောင်ခဲ့ပြီး တရားဝင် ပြည်ဝင်၊ ပြည်ထွက်တံဆိပ်တုံး ထုခဲ့ရသည်ဟု ကိုယ်တိုင်ပါဝင်ခဲ့သူ မချောစုက ပြောသည်။

၎င်းက “ကျမနဲ့အတူ ကားပေါ်မှာ ပါလာတဲ့ ပတ်စပို့စ်ကိုင်တဲ့သူ (၄) ယောက်ကို ခေါ်ချသွားတယ်။ ပြီးတော့ တောမောရုံးကို သူတို့ကားနဲ့ခေါ်သွားတယ်။ အဲဒီမှာ တုံးထုပြီး ဘတ် (၁,၀၀၀) ပေးရတယ်၊ မဲဆောက်ကို သွားတာပါလို့ပြောရင် ဟိုကလူကို လာခေါ်ခိုင်းလို့ ပြောတယ်” ဟု ဆိုသည်။

ယခုအခါ ထိုင်းလူဝင်မှု ကြီးကြပ်ရေးဌာနနှင့်နီးစပ်သော ကားစီးသူတို့ပင်လျှင် လူဝင်မှုကြီကြပ်ရေးရုံးသို့ တိုက်ရိုက်သွားရကာ တုံးထုရကြောင်း သိရသည်။

ခရီးသည်တင်ကားငယ်ဖြင့် သွားခဲ့သူ မသူဇာက “ကျမတို့ကို ဖုန်းနံပါတ်ပေးထားတာရှိတယ်။ အကယ်၍ ဘန်ကောက်ကနေ သွားမယ်ဆိုရင် တဦးကို ဘတ် (၅၀၀) ပေးရတယ် အိမ်တိုင်ရာရောက် လာခေါ်တယ်။ အဲဒီဂိတ်ရောက်ရင် ရဲကပြောတယ်။ ဒီကားက တောမောရုံးကိုပဲ တိုက်ရိုက်သွားရမယ်နော်လို့ပြောတယ်” ဟုဆိုသည်။

ယခုအခါတွင် မြန်မာအလုပ်သမားများ ဝင်ထွက်သွားလာမှုများ၍ ယခင်ကကဲ့သို့ သာမာန်ခရီးသည်တင် လိုင်းကားများ တင်မကဘဲ ဘန်ကောက်နှင့် မဲဆောက် ကားအငယ်များဖြင့် ပြေးဆွဲနေမှုများလည်း ရှိနေပြီဖြစ်သည်။

သို့အတွက် မဲဆောက်ဒေသသို့ သွားလာရန်ရှိသော အလုပ်သမားများအတွက် အဆင်ပြေချောမွေ့နိုင်သော်လည်း ထိုသို့အတင်းအကျပ် တုံးထုခိုင်းမည်ဆိုပါက ထိခိုက်နစ်နာမည်ဟု အလုပ်သမားများက ပြောဆိုနေကြသည်။

နှစ်နိုင်ငံသဘောတူညီချက်များအရ ယာယီနိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူများသည် ထိုင်းနိုင်ငံအတွင်း လွတ်လပ်စွာ ခရီးသွားလာခွင့် ရရှိရမည်ဖြစ်သည်။

တရားဝင်ထုတ်ပြန်ထားသော ဥပဒေအရ ယာယီပတ်စပို့စ် ကိုင်ဆောင်ထားသူများသည်လည်း တိုင်းပြည်ဖြတ်ကျော် သွားလာမည်ဆိုပါက ဤသို့တရားဝင် ပြည်ဝင်၊ ပြည်ထွက်တံဆိပ်တုံး ထုရမည်သာဖြစ်ပြီး၊ ထိုအခကြေးငွေမှာ အခြားကမ္ဘာပတ် ပတ်စပို့စ်ကိုင်ဆောင်ထားသူများကဲ့သို့ ဘတ်ငွေ (၁,၀၀၀) ကို တိုင်းပြည်အတွင်း ပြန်လည်ဝင်ရောက်ခွင့်အဖြစ် ပေးသွင်းကြရမည်ဖြစ်ကြောင်း နိုင်ငံသားစိစစ်ရေးလုပ်ငန်းစဉ် လုပ်ထုံးလုပ်နည်း ကြေညာကတည်းကပင် ပါရှိပြီးဖြစ်သည်။

(၂) နှစ်ဗီဇာ ရရှိထားသော သက်တမ်းအတွင်း အချိန်မရွေး ဝင်ထွက်သွားလာလိုပါက ဘတ်ငွေ (၃,၈၀၀) ကို လူဝင်မှု ကြီးကြပ်ရေးဌာနသို့ အပြီးပြတ်ပေးသွင်း၍ ရသည်။ ဤသည်မှာ (multiple re-entry) ဟုခေါ်သည့် ဗီဇာသက်တမ်း ရှိကာလအတောအတွင်း အကြိမ်ရေ မည်မျှဖြစ်စေ ပြည်ဝင်၊ ပြည်ထွက်သွားလာခွင့်ကို ဆိုလိုသည်။

ဆက်လက်သိရှိရသည်မှာ မြန်မာပြည်ဘက်အခြမ်းသို့ဝင်လျှင် အဝင်နှင့်အထွက် တိုင်းအတွက် မြန်မာငွေ (၃၀၀) ကျပ်စီကို ပြည်ဝင်၊ ပြည်ထွက်ကြေးအဖြစ် ပေးဆောင်ရပြီး၊ ယာယီပတ်စပို့စ်အား ထိုရုံး၌ အပ်နှံထားရှိရကာ မိမိမှတ်ပုံတင်ဖြင့် ဆက်လက်သွားလာရသည်ဟု သိရသည်။ သို့သော် မြန်မာစစ်ဆေးရေးဂိတ်များမှ အမေးအမြန်းထူမှုနှင့် လာဘ်စားမှုများကို ရှောင်ကြဉ်ချင်၍ မိမိအစီအစဉ်ဖြင့် သွားလာသူများလည်း ရှိကြသည်။

စစ်အစိုးရ နျူကလီးယား စီမံကိန်း အမေရိကန် စုံစမ်း

စိုင်းဇွမ်ဆိုင်း Friday, June 11, 2010

အမေရိကန် နိုင်ငံ၏ အာဆီယံရေးရာ သံအမတ် မစ္စတာ စကော့ မာရှယ်က နျူကလီးယား အရေးနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ အပေါ် အမေရိကန် အစိုးရက ဆက်လက်၍ လေ့လာ စုံစမ်းနေကြောင်း ပြောကြားလိုက်သည်။

“အဓိကထားပြီး စောင့်ကြည့်ရမယ့် အချက်နှစ်ချက် ရှိပါတယ်၊ ပထမ တချက်က အများ ပြောနေတဲ့ အတိုင်း ဒေသတွင်း တည်ငြိမ်မှုကို ခြိမ်းခြောက် နိုင်တဲ့ နျူကလီးယား စီမံကိန်း တကယ် ရှိ၊ မရှိ ဆိုတာနဲ့ တခြား စစ်လက်နက် ပစ္စည်းတွေ ပိုင်ဆိုင်နေမှု ရှိ၊ မရှိ ဆိုတာပါပဲ”ဟု မစ္စတာ စကော့ မာရှယ်က ယမန်နေ့တွင် အေအက်ဖ်ပီ သတင်းဌာနသို့ ပြောသည်။

ထိုသို့ သံသယ ဖြစ်နိုင်သည် ဆိုသည့် အချက်နှစ်ချက်ကို အမေရိကန် အစိုးရက အနီးကပ် စောင့်ကြည့်မည် ဖြစ်ကြောင်း လည်း ၎င်းက ဆိုသည်။

ဒုံးပျံ အင်ဂျင် အထူးပြုဘာသာရပ်နှင့် ရုရှားမှ ဘွဲ့ရခဲ့သူ ဗိုလ်မှူး စိုင်းသိန်းဝင်း က စစ်အစိုးရ၏ လျှို့ဝှက် နျူကလီးယား၊ ဒုံးကျည် နှင့် ဥမင်လိုဏ်ခေါင်း စီမံကိန်းများကို ဖော်ထုတ်ခဲ့ပြီးနောက် မြန်မာနိုင်ငံအပေါ်ကို နိုင်ငံတကာမှ ယခုကဲ့သို့ စောင့်ကြည့် လေ့လာမှုများ ဖြစ်ပေါ်လာသည်။

စစ်အစိုးရက လျှို့ဝှက် နျူကလီးယား စီမံကိန်း၊ ဒုံးကျည်နှင့် ဥမင်လိုဏ်ခေါင်း စီမံကိန်းများကို မြောက်ကိုရီးယား နိုင်ငံမှ အကူအညီများဖြင့် အကောင်အထည်ဖော်နေခြင်းဖြစ်ကြောင်း အများက ပြောဆိုနေကြသည်။

Miss World Cup 2010 ပြိုင်ပွဲ အာဂျင်တီးနား အလှမယ် ဆုရ

ကိုထွေး Friday, June 11, 2010

၂၀၁၀ ခုနှစ် ၁၉ ကြိမ်မြောက် ကမ္ဘာ့ဖလား ပြိုင်ပွဲအထိမ်းအမှတ် Miss World Cup 2010 အလှမယ် ပြိုင်ပွဲကို ဇွန်လ ၄ ရက်နေ့က ဂျာမနီနိုင်ငံ၌ ကျင်းပရာ အာဂျင်တီးနားနိုင်ငံမှ Jennifer Schermanက အလှမယ်ဘွဲ့ကို ဆွတ်ခူး ရရှိသွားသည်။

ယင်းပြိုင်ပွဲကို ဂျာမနီနိုင်ငံတောင်ပိုင်း Rust မြို့ရှိ Europa Park တွင် ကျင်းပခဲ့ပြီး ကမ္ဘာ့ဖလားတွင် ပါဝင်ယှဉ်ပြိုင်ကြမည့် ၃၂ နိုင်ငံ ကိုယ်စားပြု အလှမယ်များက ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ ကဲ့သို့ အုပ်စုတခုလျှင် ၄ ဦးစီဖြင့် အုပ်စု ၈ စုခွဲ၍ ယှဉ်ပြိုင်ခဲ့ကြသည်။

ပထမ ဆုကို ဆွတ်ခူး ရရှိသွားသော အသက် ၁၇ နှစ် အရွယ်ရှိ အာဂျင်တီးနား အလှမယ် Jinnifer က ယူရိုငွေ ၅၀၀၀ နှင့် အီဂျစ် နိုင်ငံသို့ အလည် အပတ်ခရီး သွားရောက်ရမည် ဖြစ်ကြောင်း အေအက်ဖ်ပီ သတင်း တရပ်တွင် ဖော်ပြထားသည်။

အာဂျင်တီးနား အလှမယ်က Miss World Cup ဆုကို ဆွတ်ခူး ရရှိသွား ခြင်းသည် နည်းပြ မာရာဒိုနာ၏ လမ်းညွန်မှုဖြင့် ကမ္ဘာ့ဖလားတွင် ပါဝင် ယှဉ်ပြိုင်မည့် အာဂျင်တီးနား ဘောလုံးအသင်း ကမ္ဘာဖလား ရရှိနိုင်မည့် အတိတ်နိမိတ် ကောင်းတခု ဖြစ်ကြောင်း အာဂျင်တီးနား ပရိတ်သတ်များက ပြောသည် ဟုလည်း ဆိုသည်။

အသက် ၂၈ နှစ်ရှိ ဂရိ အလှမယ် Katerina Giannoglou နှင့် အသက် ၂၀ အရွယ်ရှိ နယ်သာလန် အလှမယ် Avalon-Chanel Weijzig တို့က တတိယ အသီးသီး ရရှိသွားသည်။

ပါဝင် ယှဉ်ပြိုင်ကြသော အလှမယ် များသည် မိမိကိုယ်စားပြု ဘောလုံး အသင်း ၀တ်စုံများနှင့် ရေကူး ၀တ်စုံများကို ၀တ်ဆင်၍ စီတန်း အလှပြခဲ့ ကြကြောင်း သတင်းများတွင် ရေးသား ဖော်ပြသည်။

ယင်း Miss World Cup 2010 အလှမယ် ပြိုင်ပွဲကို Miss Germany Corporationက စီစဉ် ကျင်းပခြင်း ဖြစ်ပြီး လွန်ခဲ့သော ၂၀၀၆ နှစ်က ကျင်းပ ခဲ့သော ပြိုင်ပွဲတွင် တိုဂို၊ စပိန်နှင့် အီကွေဒေါ နိုင်ငံများမှ အလှမယ်များက ရရှိခဲ့ကြောင်း သိရသည်။

ကမ္ဘာ့ဖလား အားပေးရန် မြန်မာပြည်သားများ စိတ်ထက်သန်

ရန်ပိုင် Friday, June 11, 2010

ယနေ့စတင်မည့် ၁၉ ကြိမ်မြောက် တောင်အာဖရိက ကမ္ဘာ့ဖလား ပြိုင်ပွဲကို မြန်မာနိုင်ငံရှိ ဘောလုံး ၀ါသနာရှင်များနှင့် လောင်းကစား လုပ်ကိုင် လိုသူများက စိတ်အား ထက်သန်စွာ စောင့်မျှော် နေကြောင်း သိရသည်။

ရန်ကုန်မြို့ခံတဦးက “ပွဲလည်း ကြည့်မယ်၊ လောင်းလည်း လောင်းမယ်။ ဒီအတွက် ငွေကိုလည်း စုထားတယ်။ မက္ကဆီကိုက သရေ ပြား ၄၀ ရှုံး ဈေးဖွင့်ထားတယ်” ဟု ဆိုသည်။

အဖွင့်ပွဲစဉ်ကို တောင်အာဖရိကအသင်းနှင့် မက္ကဆီကို အသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်ပြီး အဆိုပါပွဲစဉ်ကို ဘောလုံးလောင်းကစား ဒိုင်များက ယမန်နေ့ကတည်းက ကြိုတင်၍ လောင်းကစားပေါက်ဈေးကို ဖွင့်လှစ်ထားခြင်း ဖြစ်ကြောင်း သိရသည်။

ယမန်နေ့ထုတ် မြန်မာ့အလင်းသတင်းစာတွင် ကရ၀ိတ် ဥယျာဉ်ကမ္ဘာနှင့် မိုးဆမ်းပန်း မီဒီယာ ပူးပေါင်းတင်ဆက်မှု အစီအစဉ်အဖြစ် ကရ၀ိတ် ဥယျာဉ် ကမ္ဘာအတွင်းရှိ စားသောက်ဆိုင်များတွင် ကမ္ဘာ့ဖလား ဘောလုံးပွဲစဉ်များကို ပရိုဂျက်တာဖြင့် တိုက်ရိုက်ပြသမည်ဖြစ်ပြီး မိတ်ဆွေအပေါင်း အသင်းများနှင့် အတူတကွ လွတ်လပ်စွာအော်ဟစ် အားပေးနိုင်ကြောင်းလည်း ကြော်ငြာ၌ ထည့်သွင်း ဖော်ပြထားသည်။

ယနေ့မှ စတင်၍ ဇူလိုင်လ ၁၁ ရက်နေ့အထိ တလတိတိ ကျင်းပမည့် ကမ္ဘာ့ဖလား ဘောလုံးပွဲကို ဗိုလ်ချုပ်ကြီး တင်အေး၏ သား ပိုင်ဆိုင်သော မိုးဆမ်းပန်း မီဒီယာမှ ကမ္ဘာ့ဖလားပြိုင်ပွဲ ထုတ်လွှင့်ခွင့်ရရှိထားပြီး မြန်မာ့ရုပ်မြင်သံကြားနှင့် မြ၀တီ ရုပ်မြင်သံကြားတို့မှ ပြသမည် ဖြစ်သည်။

ကမ္ဘာ့ဖလားကို ရုပ်သံများမှ ပြသမည်ဆိုသော်လည်း လျှပ်စစ်မီး မှန်မှန်မရရှိသည့်အတွက် ဘီယာဆိုင်နှင့် လက်ဖက်ရည်ဆိုင်များတွင် လူအများ သွားရောက် ကြည့်ရှုလိမ့်မည်ဟု ထင်ကြောင်း ရန်ကုန်မြို့ခံများက ဆိုသည်။

မြန်မာနိုင်ငံတွင် စီးပွားရေး ကျဆင်းနေသည့် ကုန်သည် ပွဲစားမှအစ အောက်ခြေလူတန်းစား အထိ ယခုကျင်းပမည့် ကမ္ဘာ့ဖလားတွင် လောင်းကစားလုပ်ရန် စိတ်ဝင်စားနေကြောင်း မန္တလေးမြို့ရှိ နက္ခတ္တဗေဒင် ပညာရှင်တဦးကလည်း ပြောသည်။

“လူတွေက စီးပွားရေးလုပ်ရင် ရှုံးနေဦးမယ်။ ဘောလုံးလောင်းတာက သေချာတဲ့အလုပ်ဆိုပြီး လုပ်ကြတာ။ ဗေဒင်ပညာနဲ့ပါ တွက်ချက်ပေးနေရတယ်” ဟု အဆိုပါ ဗေဒင်ဆရာက ပြောသည်။

သက်သတ်လွတ်စားခြင်း၊ ဥပုသ်ဆောက်တည်ခြင်းဖြင့် သမာဓိတည်ဆောက်ကာ ဘောလုံး လောင်းကစားသူများအတွက် ဗေဒင်ပညာဖြင့် ဘောလုံးပွဲ အနိုင်အရှုံးကို တွက်ချက်ပေးနေရကြောင်း ဗေဒင်ဆရာက ဆက်လက်ပြောပြသည်။

ရန်ကုန်မြို့ရှိ ဘောလုံးလောင်းကစား ဒိုင်တဦးက “ပရီးမီးယားလိဂ်တွေ၊ စီးရီးအေတွေ ပြီးကတည်းက လုပ်ငန်းအေးသွားတာ။ အခုကမ္ဘာ့ဖလားမှပဲ ပြန်ပြီး အသက်ဝင်လာတယ်” ဟု ဆိုသည်။

လောင်ကစားဒိုင်ကြီးများသည် လောင်းကြေးငွေကို ငွေကျပ် ၅၀၀၀၀ မှစတင်လက်ခံကြောင်း၊ ငွေပမာဏကို မည်ရွေ့မည်မျှ ကန့်သတ်ချက်မထားဘဲ လောင်းကစားနိုင်ကြောင်း၊ ထိုးသားများ အနေဖြင့် တယ်လီဖုန်း အဆက်အသွယ်ဖြင့် လောင်းနိုင်ကြောင်း ၎င်းကဆက်လက်ပြောသည်။

ချန်ပီယံဂျာနယ်မှ အားကစား ကလောင်ရှင် ဦးကိုကိုကြီးက ကမ္ဘာ့ဖလား ဘောလုံးပွဲကို လူကြီးလူငယ်မရွေး စိတ်ဝင်စားသည့် အတွက် အားကစားစာစောင်များ ယခုရက်အတွင်း ရောင်းအားတက်လာကြောင်း၊ မြန်မာတိုင်းမ်း ဂျာနယ်၊ အင်အားဂျာနယ် နှင့် 7 day ဂျာနယ်တို့မှ ကမ္ဘာ့ဖလားနှင့် ပတ်သက်သည့် သတင်းများကို နေ့စဉ် စတင် ထုတ်ဝေနေသည်ဟု ဧရာဝတီသို့ ပြောသည်။

ကမာရွတ်မြို့နယ်အတွင်းရှိ ရေခဲစက်တစ်ခု အမိုးနီးယားဓာတ်ငွေ့ပိုက် ပေါက်ကွဲမှုဖြစ်

news-eleven.com

ရန်ကုန်မြို့ကမာရွတ်မြို့နယ်အတွင်းရှိ ပုဂ္ဂလိကပိုင်ရေခဲစက်တစ်ခုမှ အမိုးနီးယားဓာတ်ငွေ့ပိုက် ပေါက်ကွဲမှုဖြစ်ပွား၍ အနီးတ၀ိုက်ရှိ အများပြည်သူများအထိတ်တလန့်ဖြစ်မှုနှင့် ဓာတ်ငွေ့သက်ရောက် မှုများခံစားခဲ့ရသည်အပြင် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးနှစ်ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်းသတင်း ရရှိသည်။

ဖြစ်စဉ်မှာ ၂၀၁၀ခုနှစ် ဇွန်လ ၁၀ရက်နေ့ ညနေ ၆နာရီ၁၀မိနစ် ခန့်က ကမာရွတ်မြို့နယ် အင်းစိန် လမ်းမပေါ်ရှိ ဆင်ရေတွင်းကားမှတ်တိုင်အနီး ရေခဲစက်မှပေါက်ကွဲသံတစ်ခုကြားခဲ့ရပြီး ပတ်ဝန်းကျင်သို့ ဓာတ် ငွေ့များပျံ့နှံ့ခဲ့ကြောင်း၊ အဆိုပါဓာတ်ငွေ့များသည် ပတ်ဝန်းကျင်တွင် နေထိုင်သူများ၊ ဖြတ်သန်း သွားလာသည့်သူများအပေါ်တွင် သက်ရောက်မှုများရှိခဲ့ကြောင်း သိ ရသည်။

အဆိုပါ ဖြစ်စဉ်ကြောင့် အသက်ရှုကြပ်ခြင်း၊ မူးမေ့လဲခြင်း၊ အော့အန်ခြင်း၊ မျက်စိစပ်ခြင်း၊ မျက်ရည်ပူများကျဆင်းခြင်းနှင့် နှာခေါင်းသွေးယိုခြင်းများ ဖြစ် ပေါ်ခဲ့ကြောင်းသိရသည်။ ထို့အပြင် ရန်ကုန်-အင်း စိန်လမ်းမပေါ်တွင် ပြေးဆွဲနေသော ယာဉ်များမှာ အဆိုပါစက်ရုံအနီး တ၀ှိက်တွင် ရပ်တန့်ခဲ့ပြီးယာဉ်မောင်းများ၊ ခရီးသည်များ ယာဉ်ပေါ်မှာ ဆင်းပြေးခဲ့ကြောင်း မျက်မြင်သက်သေ များ၏ ပြောကြားချက်အရ သိရ သည်။ အလားတူ အဆိုပါ ဓာတ် ငွေ့ကြောင့် ၁၇၄ ယာဉ်တစ်စီးမှာ မောင်းနှင်ထိန်းချုပ်နိုင်ခြင်းမရှိတော့ဘဲ တဖက်ယာဉ်ကြောရှိ ဆိုင်းဘုတ်တစ်ခုအား ၀င်ရောက်တိုက်မိခဲ့ကြောင်း သိရသည်။

ထို့နောက် ဖြစ်ပွားပြီး မိနစ် လေးဆယ်ခန့်အကြာတွင် မီးသတ်တပ်ဖွဲ့နှင့် သက်ဆိုင်ရာဌာန၊ရပ်ကွက် မှ တာဝန်ရှိသူများရောက်ရှိလာပြီး ဖြစ်ရပ်အားစုံစမ်းစစ်ဆေးခြင်းများပြုလုပ်ခဲ့ကြောင်း သိရသည်။ အဆို ပါဖြစ်ရပ်မှာ လုပ်ငန်းတွင်အသုံးပြုသည့် အမိုးနီးယားဓာတ်ငွေ့ပိုက်လိုင်းသွားရာလမ်းတလျောက် ဂျိုင်း ဆက်တစ်နေရာမှ ပြုတ်ထွက်ရာမှ ဓာတ်ငွေ့ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ ဖြစ်ပွားစဉ်တွင် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးနှစ်ဦး ပြင်းထန်စွာဒဏ်ရာရရှိခဲ့ပြီး ရန်ကုန်ဆေးရုံကြီး၌ ကုသလျက် ရှိကြောင်းသိရသည်။

ဖြစ်စဉ်ကို ကမာရွတ်မြို့နယ် ရဲစခန်းမှ (ပ) ၁၈၀/၂၀၁၀ ပြစ်မှုပုဒ် မ ၂၈၆/၃၃၇ ဖြင့် အရေးယူစစ် ဆေးဆောင်ရွက်လျက်ရှိကြောင်း သိ ရသည်။

အဆိုပါဖြစ်စဉ်ကို မျက်မြင်ကြုံတွေ့ခဲ့ရသူများ၏ပြောစကားများ

''ပေါက်ကွဲသံတစ်ခုကြားလို့ ထွက်ကြည့်လိုက်တော့ ကောင်းကင်ပေါ်ကို မီးခိုးလိုအဖြူရောင်အငွေ့တွေ လုံးခနဲတက်သွားတာတွေ့ရတယ်။ နောက်တော့ အသက်ရှုရတာမွန်းလာပြီး မျက်စိတွေစပ်လာတယ်။ ဓာတ်ငွေ့နံ့ကတော့ မခံနိုင်အောင်ပဲ။အိမ်ပေါ်မှာရှိနေတဲ့ သူတွေအကုန်လုံးပြေးဆင်းကြရ တယ်။ ဒီလိုဖြစ်စဉ်ကနေ့ခင်းဘက် ဖြစ်လို့တော်သေးတယ်။ ညဘက်ဆိုရင်တော့ဒီထက်ဆိုးနိုင်တယ်။''(မျက်မြင်တွေ့ရှိခဲ့သူ အမျိုးသားတစ်ဦးပြောပြချက်)

''ကားကအဲဒီနေရာနားကို ရောက်ခါနီးအချိန်မှာ ပေါက်ကွဲသံကြားလိုက်တယ်၊ ပြီးတော့ သွားနေရင်းနဲ့ ထိုးရပ်လိုက်တယ်။ နောက်တော့ အသက်ရှုကြပ်လာပြီး မခံနိုင်တော့လို့ အကုန်လုံးဆင်းပြေးရတယ်။ ဆင်းပြေးတဲ့အခါမှာ အဲဒီနားမှာရှိတဲ့အိမ်တွေက ရေတွေထွက်ပေးလို့ပါတဲ့အ၀တ်အစနဲ့ ရေစိမ်ပြီး တော့ နှာခေါင်းပိတ်ပြီး ပြေးရပါတယ်။'' (၄၈အထူးဘတ်စ်ကားလိုင်းတွင်ပါလာသူ ခရီးသည်တစ်ဦး၏ ပြောပြချက်)

''အဲဒီစက်ရုံကနေ ဒီလိုဖြစ်တာမျိုး လေးနှစ်အတွင်းမှာ သုံးကြိမ်လောက်ရှိနေပြီ။ အဲတုန်းကတော့ ဒီလောက်မပြင်းထန်ဘူး။ ကျွန်မတို့အနီးအနားနေသူတွေကလည်း အမြဲတမ်းသတိထားနေရတယ်။ ဒီလို အနံ့မျိုးရလာပြီဆိုရင် စက်ရုံကတာဝန်ရှိသူတွေနဲ့ ၀န်ထမ်းတွေကို သွားပြီးပြောပြရပါတယ်။'' (အဆိုပါအနီးဝန်းကျင်တွင် နေထိုင်သူအမျိုးသမီးတစ်ဦး၏ပြောပြချက်)

''ဒီလိုအမိုးနီးယားဓာတ်ငွေ့ပေါက်တဲ့အခါမှာ ကျွန်တော်က အသက် ၉၀အရွယ်ရှိတဲ့အမေကိုအနံ့လွတ်တဲ့နေရာကို သွားထားခဲ့တယ်။ ပြီးတော့ ကျွန်တော့်ရဲ့ တစ် နှစ်အရွယ်သမီးလေးကို ပြန်ခေါ်တဲ့ အခါမှာ သူက စကားလုံးဝမပြောတော့ဘူး။ အဲဒီတော့ ကျွန်တော်တို့ မိသားစုလွတ်တဲ့နေရာပြေးပြီး လမ်းမှာတွေ့တဲ့ ရေကန်ထဲကရေတွေနဲ့ သမီးမျက်နှာကိုစွတ်ပြီး အနီးမှာရှိတဲ့ ဆေးခန်းကို ၀င်ပြခဲ့တယ်။ ဆရာဝန်က လက်မခံတော့ ရန်ကုန်ဆေးရုံကြီးကို ပြေးခဲ့ရတယ်။ တစ်နာရီနီးပါးဆေးကုသမှုခံပြီးပြန် ဆင်းလာခဲ့ရတယ်''(အသက်တစ်နှစ်အရွယ်ရှိ မဖူးမြတ်ပိုင်၏ ဖခင်ဖြစ်သူ ကိုဇော်ညွှန့်၏ပြောပြချက်)

Comments

+6 #3 thanlwinthitsar 2010-06-11 18:49

" ဖြစ်ပွားပြီး မိနစ် လေးဆယ်ခန့်အကြာတွင် မီးသတ်တပ်ဖွဲ့နှ င့် သက်ဆိုင်ရာဌာန၊ရ ပ်ကွက် မှ တာဝန်ရှိသူများေ ရာက်ရှိလာပြီး ဖြစ်ရပ်အားစုံစမ်းစစ်ဆေးခြင်းများပြုလုပ်ခဲ့ကြောင်း သိရသည်။ "

မိနစ်လေးဆယ်အကြာ တွင်မှ.. သက်ဆိုင်ရာကရောက်လာတယ်ဆိုတော့... သိပ်ကြာလွန်းမနေ ဘူးလား

သံလမ်း အလွန်..ဘာဒါ မှာ လှိုင်မီးသတ်ရှိတာပဲ.. တကယ်တန်းလာမယ်ဆို.. ၁၀ မိနစ်ဆိုတာ.. တော်၂ ကြာနေပါပြီ။

အရေးပေါ်ကယ်ဆယ်ရေး လုပ်ငန်းတွေကို..ဒီထက်ပိုလျင်မြန်စွာဆောင်ရွက်သင့်ပါတယ်။

တကယ်လို့ သာ..ပေါက်ကွဲမှုရဲ့  ဆိုးကျိုးဟာပြင်းထန်ခဲ့မယ်ဆိုရင်.. မိနစ် ၄၀ ဆိုတဲ့ အချိန်ဟာ ပြည်သူတွေအတွက်

တော်တော်ထိခိုက် သွားနိုင်တဲ့ အခြေနေဖြစ်နေပါ တယ်။

ဒီ့ မတိုင်ခင်ကလည်း .. အသေးစားပေါက်ကွဲ မှုလေးတွေရှိခဲ့တ ယ်ဆိုတော့.. ဒါဟာ.. မတော်တဆမှုမဟုတ်ေ တာ့ဘဲ

ပေါ့ဆမှုဖြစ်နေပါ တယ်။ ပေါ့ ဆသူကို..ဘယ်လို့ အရေးယူတယ်ဆိုပါ ဆက်လက်ဖော်ပြပေး သင့်ပါတယ်။

ဒါမှပဲ..နောင်ကို..ပေါ့ဆသူလုပ်ငန်း ရှင်များ..သတိပြုဆင်ခြင်နိုင်မှာပါ။

+6 #2 whan 2010-06-11 16:17

Safety Industry !!

+8 #1 thetp 2010-06-11 16:14

safety first လို့တော့ နိုင်ငံတစ်ကာမှာ အရမ်း အဟြေများတာ ကြားရတယ် မြန်မာပြည်အနေနဲ့ 

အနည်းဆုံးတော့ ပြုပြင်ထိမ်းသိမ်းရေးကို ဦးစားပေးသင့်နေ ပြီ ထင်ပါတယ် မပြည့်စုံသေးတဲ့

အတိုင်းအတာမှာ တတ်စွမ်းသလောက် အင်အားရှိသလောက် လုပ်ငန်းခွင်မှာ ကော ပတ်ဝန်းကျင်မှာပါ တတ်စွမ်းတဲ့ သူတွေက နည်းပေးလမ်းပြ လုပ်ကြစေချင်တယ် ဗျာ တစ်ခြားသတင်းဌာန ကဖတ်ရတာတော့ သေဆုံးတဲ့သူပါ ရှိတယ်လို့ ကြားပါတယ် အချိန်နဲ့ တစ်ပြေးညီ သတင်းတွေ ဖတ်လို့ရအောင် ကြိုးစားပေးတဲ့ ELEVEN ကို အရမ်း ကျေးဇူးတင်ပါတယ်

Refresh comments list

Comment ပေးရန်အတွက် Registerd user အနေဖြင့် Login ၀င်ရန် လိုအပ်ပြီး အသုံးပြုသူအသစ်များအနေဖြင့် User account တစ်ခုရယူရန် လိုအပ်သည်။

ရေခဲစက်ရုံပေါက်ကွဲမှု ဒဏ်ရာရသူအချို့ရှိ

မျိုးချစ်သူ / ၁၁ ဇွန် ၂၀၁၀ ခေတ်ပြိုင်

ရန်ကုန်မြို့တွင် ဇွန် (၁၀) ရက် ညနေ (၆) နာရီ (၁၀) မိနစ်ခန့်က ဖြစ်ပွားခဲ့သော အမိုးနီးယားဓာတ်ငွေ့ပိုက်ပေါက်ကွဲမှုကြောင့် လူ (၄) ဦးခန့် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ပေါက်ကွဲမှုသည် ကမာရွတ်မြို့နယ် အင်းစိန်လမ်းမ ဆင်ရေတွင်း ဘတ်စ်ကားမှတ်တိုင်အနီး ပုဂ္ဂလိကပိုင် နှင်းတောင် ရေခဲစက်မှ အမိုးနီးယားဓာတ်ငွေ့ပိုက် ပေါက်ကွဲသွားခဲ့ခြင်းဖြစ်ကာ အနီးပတ်ဝန်းကျင်သို့ ဓာတ်ငွေ့ပျံ့နှံ့ခဲ့ခြင်းဖြစ်သည်။

ပေါက်ကွဲမှုကြောင့် လမ်းမပေါ်မှလူအများ ပြေးလွှားကြရာတွင် တိုက်ခိုက်မိကာ ဒဏ်ရာရသူများ ရှိသကဲ့သို့ ဓာတ်ငွေ့ရှူရှိုက်မိ၍ မူးမေ့သွားသူအချို့ရှိကြောင်း မျက်မြင်များက ပြောသည်။ အသေအပျောက်နှင့်ဒဏ်ရာရသူ အတိအကျကိုမူ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

“အသံက ၀ုန်းဆိုတဲ့ အသံကြီးကို ကြားရတယ်။ အဲဒီအသံကြားတော့ ဗုံးဆိုပြီးတော့ ပြေးကြတာ။ တချို့ကလည်း အချင်းချင်း ၀င်တိုက်မိတာရော၊ ကားတွေနဲ့ ထိမိတာတွေရော ဆိုရင်တော့ (၄) ယောက်လောက် ဒဏ်ရာရတယ်။ အသက်ကြီးတဲ့လူတွေ ပိုဖြစ်တယ်။ အဲဒီအနားက ကောင်မလေး တယောက်ကတော့ ဆေးရုံကို ရောက်သွားတယ်။ အဲဒီစက်ရုံက ပေါက်ကွဲသံအပြီးမှာ ထွက်လာတဲ့ အငွေ့ကို ရှူမိသွားလို့ ” ဟု အဆိုပါရပ်ကွက်နေသူတဦးက ပြောသည်။

ပုဂ္ဂလိကပိုင် နှင်းတောင် ရေခဲစက်ရုံသည် ကမာရွတ်မြို့နယ် အမှတ် (၂) ရပ်ကွက် အင်းစိန်လမ်းမပေါ်တွင် တည်ရှိပြီး လူနေရပ်ကွက်အတွင်း ဆောက်လုပ်ထားသဖြင့် စက်ရုံမှ စွန့်ပစ်သည့် ရေဆိုးရေညစ်များကြောင့် ပတ်ဝန်းကျင်တွင် အနံ့ဆိုးများ ထွက်ပေါ်နေသည်ဟုလည်း ရပ်ကွက်တွင်းနေသူများထံမှ သိရသည်။

အဆိုပါ ရပ်ကွက်တွင် နေထိုင်သူတဦးက “သူတို့ရေခဲစက်က ငါးပုဇွန်တွေအတွက်လည်း ရေခဲတွေထုတ်တယ်။ အညစ်အကြေးတွေ များတယ်။ ကျနော်တို့ ဒီဒဏ်ကို ခံနေရတာ ကြာပြီ” ဟု ပြောသည်။

ယင်းရေခဲစက်ကို စက်မှုဇုန်တခုခုသို့ ပြောင်းရွှေ့ကာ လုပ်ငန်းဆောင်ရွက်စေရန် ရပ်ကွက်မှ လိုလားနေကြသည့်အတွက် ရေခဲစက်ပေါက်ကွဲမှုနှင့် တဆက်တည်းတွင် ရပ်ကွက်နေသူများက မြို့နယ်အာဏာပိုင်များထံ တိုင်တန်းပြောဆိုခဲ့ကြကြောင်း သိရသည်။

ယင်းသို့ ပေါက်ကွဲမှုနှင့်ပတ်သက်၍ ရေခဲစက်ရုံပိုင်ရှင်အား ကမာရွတ်ရဲစခန်းမှ အရေုးယူစစ်ဆေးနေကြောင်း သိရသည်။

ရေခဲစက် ဓာတ်ငွေ့ပိုက် ပေါက်ကွဲ၊ ၄ ဦး သေဆုံး

မိုးယံ Friday, June 11, 2010 ဧရာဝတီ

ရန်ကုန်တိုင်း ကမာရွတ် မြို့နယ် ရန်ကုန် အင်းစိန် လမ်းမပေါ်ရှိ နှင်းတောင် ရေခဲစက် လုပ်ငန်းတွင် ယမန်နေ့ ညနေပိုင်းက ဓာတ်ငွေ့ ပိုက်လိုင်း ပေါက်ကွဲသည့် အတွက် အလုပ်သမား ၄ ဦး သေဆုံးပြီး ဓာတ်ငွေ့ ပျံ့နှံ့မှုကြောင့် လူ ၄၀ ကျော် လဲကျ သတိမေ့မျော ခဲ့ကြောင်း စက်ရုံအနီး နေထိုင်သူ မျက်မြင် သက်သေများက ပြောသည်။

“အုံးဆိုတဲ့ အသံက တော်တော် ကျယ်တယ်၊ အဲဒီ အသံနဲ့ အတူတူ မီးခိုးလုံးကြီးက မြင့်တက်သွားတယ်၊ မကြာဘူး လူတွေ လမ်းမ ပေါ်မှာ ပစ်လဲ ကုန်ကြတာ”ဟု အဆိုပါ ဓာတ်ငွေ့ပိုက်ပေါက်ကွဲမှုကို ကြုံတွေ့ခဲ့သူ တဦးကပြောသည်။

ယင်း ပေါက်ကွဲသည့် ဓာတ်ငွေ့ပိုက်မှာ အချင်း ၄ လက်မခန့်ရှိ အမိုးနီးယား ဓာတ်ငွေ့ပိုက်ဖြစ်ပြီး ပေါက်ကွဲချိန်မှာ လျှပ်စစ်မီး လာ ချိန် ညနေ ၆ နာရီ ၀န်းကျင်ခန့်က ဖြစ်သည်ဟုလည်း ပေါက်ကွဲမှုဖြစ်စဉ် မေ့လဲကျသွားသော လူနာများကို လိုက်လံ ကူညီပေး သည့် အင်းစိန်မြို့နယ်နေ အမျိုးသားတဦးက ပြောသည်။

ပေါက်ကွဲမှုဖြစ်ပွားပြီး ည ၈ နာရီဝန်းကျင်အထိ ဓာတ်ငွေ့များ ပျံ့နှံ့နေ၍ စက်ရုံအနီးနေထိုင်သူများ အဝေးသို့ သွားရောက် နေထိုင် ရကြောင်းလည်း သိရသည်။

အမိုးနီးယားဓာတ်ငွေ့ပေါက်ကွဲသော ရေခဲစက်ရုံသည် ငါးပုစွန်စက်ရုံ နှင့် တွဲလျက်ရှိပြီး စက်ရုံပိုင်ရှင်များမှာ ဦးမြင့်သိန်း၊ ဦးမြင့်စိုး ဆိုသူများဖြစ်ကြောင်း၊ ၎င်းတို့သည် အစိုးရနှင့် နီးစပ်ပြီး လုပ်ပိုင်ခွင့်ရရှိထားသူများဖြစ်ကြောင်း ယင်းစက်ရုံရှေ့တွင် နေထိုင်သူ တဦးက ဆိုသည်။

အဆိုပါ စက်ရုံသည် လွန်ခဲ့သောလေးလခန့်ကလည်း အမိုးနီးယား ဓာတ်ငွေ့ပိုက် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ယခုကဲ့သို့ ပြင်းထန်မှု မရှိခဲ့ကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ပညာသင် စရိတ် ပေးဦးမည်

မင်းနိုင်သူ Friday, June 11, 2010 ဧရာဝတီ

ဒေါ်အောင်ဆန်းစုကြည်၏ ၆၅ နှစ်ပြည့် မွေးနေ့ပွဲတွင် နိုင်ငံရေး အကျဉ်းသားများ၏ သားသမီးများအား ပညာသင်စရိတ် ထောက်ပံ့ကြေး ထပ်မံပေးအပ်မည် ဖြစ်ကြောင်း သိရသည်။

“သံဃာတွေကို ဆွမ်းကပ်မယ်၊ နောက်ပြီး မွေးနေ့ရှင်ရဲ့ဆန္ဒအရ NLD အဖွဲ့ဝင်တွေ ၊ နိုင်ငံရေးအကျဉ်းသားတွေရဲ့သားသမီး တွေကို ပညာသင်ထောက်ပံ့ကြေး ထပ်ပေးမယ်"ဟု NLD ဗဟိုအလုပ်အမှုဆောင် ဦးအုံးကြိုင်က ပြောသည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီသည် နိုင်ငံရေး အကျဉ်းသားများ၏ သားသမီးများ ပညာသင် ထောက်ပံ့ ကြေးကို ဒေါ်အောင်ဆန်း စုကြည် မွေးနေ့ ဖြစ်သည့် ဇွန်လ ၁၉ ရက်နေ့တိုင်း ပေးအပ်လေ့ ရှိသည်။

ယခုနှစ်တွင်မူ ပါတီရုံးချုပ်ကို မစွန့်ခွာမီ မေလ ၅ ရက်က ရန်ကုန်တိုင်း မြို့နယ် ၁၄ မြို့နယ်မှ နိုင်ငံရေး အကျဉ်းသားများ၏ သားသမီး ၁၂၇ ဦးအတွက် တဦးလျှင် ပညာသင်စရိတ် ၂၃၀၀၀ ကျပ်စီ ပေးအပ်ခဲ့ပြီး ယခု ထပ်မံ ထောက်ပံ့ ပေးခြင်း ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်၏ ၆၅ နှစ်ပြည့်မွေးနေ့အခမ်းအနားကို မိုးကုတ်မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်မေနှင်းကြည် ၏ ရန်ကုန် မရမ်းကုန်းမြို့နယ်ရှိ နေအိမ်၌ ကျင်းပမည်ဖြစ်ပြီး ပညာသင်စရိတ် ထောက်ပံ့ကြေးအစီအစဉ်ကိုလည်း ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

NLD လူငယ်များကမူ မြန်မာနိုင်ငံတ၀န်းလုံးတွင် သစ်ပင် နှစ် သောင်းကျော် စိုက်ပျိုးသွားမည်ဖြစ်ကြောင်း NLD ဗဟိုဦးစီးကော်မတီ ၀င် မဖြူဖြူသင်းက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည် အသက် ၆၅ နှစ်ပြည့်ပြီး၍ ၆၆ နှစ်အတွင်း ၀င်လာသည့်အထိမ်းအမှတ်အဖြစ် မြို့နယ်တခုလျှင် ၆၆ ပင်နှုန်း ဖြင့် မြို့နယ်ပေါင်း ၃၁၈ မြို့နယ်တွင် သစ်ပင်များ စိုက်ပျိုးသွားမည်ဖြစ်ကြောင်းသိရသည်။

“ကျမတို့ ကရင်ပြည်နယ်အတွင်းမှာလည်း စိုက်ပျိုးသွားဖို့ ပြင်ဆင်ထားပါတယ် ၊ မွေးနေ့မတိုင်မီနဲ့ မွေးနေ့အပြီး နောက်ရက်တွေ အထိစိုက်ပျိုးသွားမှာပါ"ဟု ကရင်ပြည်နယ် စည်းရုံးရေးကော်မတီဝင် ဒေါ်နန်းခင်ထွေးမြင့်က ပြောသည်။

မိတ္ထီလာမြို့နယ် စည်းရုံးရေးကော်မတီဝင် ဒေါ်မြင့်မြင့်အေးကလည်း"မိတ္ထီလာ ၊ သဲတော ၊ ၀မ်းတွင်း ၊ မလှိုင်မြို့နယ်တွေမှာ ၁၈ ရက်နေ့မှာ သစ်ပင် ၆၆ ပင်စိုက်မယ် ၊ ၁၉ ရက်နေ့မှာတော့ မန္တလေးမှာ သံဃာ ၆၆ ပါးပင့်ပြီး ဆွမ်းကပ်မယ် ၊ ကလေးတွေအတွက် ပညာသင်ထောက်ပံ့ကြေးလည်း ပေးမယ်"ဟု ပြောသည်။

မိတ္တီလာ NLD အဖွဲ့မှ မိတ္ထီလာထောင်နှင့်တောင်ကြီးထောင်ရှိ နိုင်ငံရေးအကျဉ်းသား ၂၀ နီးပါးထံသို့လည်း ငွေကျပ် ၅၀၀၀ စီနှင့် စားသောက်ဖွယ်ရာများ ပေးပို့သွားမည် ဖြစ်ကြောင်းသိရသည်။

ဒေါ်အောင်ဆန်းစုကြည်သည် အမေရိကန်နိုင်ငံသား ဂျွန် ၀ီလျံ ယက်ထောက ပြီးခဲ့သည့်နှစ် သြဂုတ်လအတွင်း ၎င်း၏နေအိမ် အတွင်း တိတ်တဆိတ် ရေကူး ၀င်ရောက်ခဲ့ရာ နေအိမ်အကျုပ်ချုပ်ဖောက်ဖျက်သည်ဟု စွပ်စွဲခံခဲ့ရပြီး နအဖစစ်အစိုးရက ထောင် ဒဏ် ၃ နှစ် ချမှတ်ခဲ့သည်။

ထို့နောက် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ အမိန့်ဖြင့် ထောင်ဒဏ် ၁ နှစ် ခွဲ လျှော့ချ၍ ကျန်ပြစ်ဒဏ် တ၀က်ကို ဆိုင်းငံ့ပြစ်ဒဏ် နေအိမ် အကျယ်ချုပ် ချမှတ်ခဲ့ခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ကောင်းမွန်စွာ နေထိုင်လျှင် ကျန်ရှိသော ပြစ်ဒဏ် ၁၈ လကို လျှော့ပေါ့ပေးမည်ဟု ထုတ်ပြန် ထားရာ လာမည့် နိုဝင်ဘာလအတွင်း လွတ်မြောက်လာဖွယ်ရှိကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီသည် မတ်လ ၂၉ ရက်နေ့က ပါတီထပ်မံမှတ်ပုံမတင်ရန် ဆုံးဖြတ်ထားခဲ့ပြီး ပါတီ၏ ဆုံးဖြတ်ချက်ကို လက်ခံကြိုဆိုကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုထားသည်။

ကမ္ဘာ့ဖလား ဖွင့်ပွဲ မင်ဒဲလား မတက်နိုင်

စိုင်းဇွမ်ဆိုင်း Friday, June 11, 2010 ဧရာဝတီ

တောင်အာဖရိက နိုင်ငံတွင် ယနေ့စတင် ကျင်းပသည့် ၂၀၁၀ ကမ္ဘာ့ဖလား ဘောလုံး ပြိုင်ပွဲ၏ ဖွင့်ပွဲ အခမ်းအနားသို့ နိုင်ငံ၏ အကြီးအကဲဖြစ်သူ နယ်လ်ဆင် မင်ဒဲလားသည် ၎င်း၏ မြေးမလေး သေဆုံးသွားသောကြောင့် တက်ရောက်နိုင်မည် မဟုတ် ကြောင်း သိရှိရသည်။

ဇီနာနီ မင်ဒဲလား အသက် ၁၃ နှစ်သည် ယမန်နေ့ညက ဂျိုဟန်နက်စ်ဘတ်မြို့ရှိ ဆူဝီတို အရပ်တွင် ကျင်းပခဲ့သော ကမ္ဘာ့ဖလား ကဇာတ်ပွဲမှ အပြန် ယာဉ်တိုက်မှု ဖြစ်ပွားခဲ့သောကြောင့် သေဆုံးသွားခဲ့ရခြင်းဖြစ်သည်။ ယင်း ကဇာတ်ပွဲတွင် နာမည်ကြီးအဆိုတော် Shakira နှင့် Black Eyed Peas တို့မှ အသီးသီး ဖျော်ဖြေခဲ့သည်။

ဂျိုဟန်နက်စ်ဘတ်မြို့ရဲတပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ မစ္စတာ အဒ်နာ မာမွန်ယိန်း က ယာဉ်တိုက်မှု ဖြစ်ချိန်တွင် ဇီနာနီ တို့၏ ကားကို မောင်းနှင်သော ယာဉ်မောင်းသည် အရက်မူးနေကြောင်း၊ အရက်သေစာ သောက်သုံးထား၍ မော်တော်ကားကို မထိန်းနိုင်ဘဲ အတားအဆီး တခုခုဖြင့် တိုက်မိခဲ့ကြောင်း၊ အဆိုပါ ယာဉ်မောင်းကို ဖမ်းဆီးထားကြောင်း ပြောကြား သွား သည်ဟု အေပီ သတင်းဌာနက ရေးသားသည်။

ယာဉ်တိုက်မှုတွင် ဇီနာနီ တဦးတည်းသာ သေဆုံးခဲ့ရပြီး အခြားသူများ ထိခိုက်ဒဏ်ရာရမှု မရှိခဲ့ကြောင်း သိရသည်။

နယ်လ်ဆင် မင်ဒဲလား၏ ဇနီးဟောင်းဖြစ်သူ ဝင်နီ မာဒီကီဇဲလား မင်ဒဲလားသည် အဆိုပါ ယာဉ်တိုက်မှုကြောင့် ထိတ်လန့်မှု ဖြစ်ကာ ဆေးရုံသို့ ပို့ဆောင်၍ ကုသမှု ခံယူရသည်ဟု မီဒီယာ အများစုက ဖော်ပြကြသော်လည်း နယ်လ်ဆင် မင်ဒဲလား ဖောင်ဒေးရှင်းမှ ပြောရေးဆိုခွင့်ရှိသူ ဆယ်လို ဟာတန် က“အဲဒီအချိန်မှာ သူမဟာ ကားထဲမှာ ရှိမနေပါဘူး”ဟု ငြင်းဆို လိုက်သည်။

သေဆုံးသွားသော ဇီနာနီ မင်ဒဲလားသည် အသက် ၁၃ ပြည့်ပြီး နှစ်ရက်အကြာတွင် ယခုကဲ့သို့ သေဆုံးသွားခဲ့ရခြင်း ဖြစ်သည်။

တချိန်တုန်းက ကဌေး ရုပ်ရှင်ရုံ

သက်ဦး Friday, June 11, 2010 ဧရာဝတီ

ကျနော်တို့ ငယ်စဉ် ၁၉၆၀ နှောင်းပိုင်းနဲ့ ၁၉၇၀ ပြည့်နှစ်များ လောက်က ရန်ကုန်မြို့ လမ်းမတော် မြို့နယ်မှာ စံပြနဲ့ ကဌေး ရုပ်ရှင်ရုံ နှစ်ရုံရှိတဲ့ အနက်က ကဌေး ရုပ်ရှင်ရုံ အကြောင်းကို သတိတရ ပြောချင်ပါတယ်။

ဗိုလ်ချုပ်နေ၀င်းရဲ့ တော်လှန်ရေးအစိုးရ တက်လာပြီးနောက် ကဌေး ရုပ်ရှင်ရုံဟာ ပြည်သူပိုင် သိမ်းတဲ့ အထဲမှာ ပါသွားခဲ့ပါတယ်။ ကဌေးရုပ်ရှင်ရုံဟာ ရန်ကုန်အနောက်ပိုင်း ဖရေဇာလမ်းမကြီး တလျှောက် ရွှေတောင်တန်းလမ်း လမ်းတို နဲ့ ၁၄ လမ်း လမ်းတိုကြားထဲမှာ တည်ရှိပါတယ်။

ရွှေတောင်တန်း လမ်းဟာ ရန်ကုန်မြို့မှာ အကောင်းဆုံးကြေးအိုး၊ ခေါက်ဆွဲ စတင် ရောင်းခဲ့တဲ့ နာမည်ကြီး ကြေးအိုးဆိုင်လမ်း တလမ်းထဲမှာ ပါ ပါတယ်။

ကဌေး ရုပ်ရှင်ရုံပိုင်ရှင်ဟာ တရုတ်လူမျိုးတယောက်လို့ သိရပါတယ်။ ကဌေး ရုပ်ရှင်ရုံဟာ ကျနော့် အမေပြောပြ ချက်အရ ပထမတုန်းက ပြဇာတ်ရုံလို့ သိရပါတယ်။ နာမည်ကျော် ရုပ်ရှင်မင်းသမီးကြီး ဒေါ်ကြည်ကြည်ဌေး၊ ဒေါ်မြင့်မြင့်ဌေး တို့ဟာ ကဌေး ရုပ်ရှင်ရုံကနေ ထွက်ပေါ်လာခဲ့တဲ့ သူတွေလို့ သိရပါတယ်။

အကယ်ဒီမီ ဦးဖိုးပါကြီး၊ လူရွှင်တော် ဦးကြယ်နီ တို့ဟာလည်း ကဌေး ပြဇာတ်ရုံက စတင်တဲ့ အထဲမှာ ပါဝင်ခဲ့တယ်လို့ သိရပါတယ်။ နောက်ပိုင်းကျမှ ပြဇာတ်ရုံကနေ ရုပ်ရှင်ရုံအဖြစ် ပြောင်းလိုက်တာပါ။ ရှေးခေတ် ရုပ်ရှင်ရုံသမိုင်းမှာ အပါ အ၀င်တစ်ခု ဖြစ်ခဲ့ပါတယ်၊။

အဲဒီအချိန်တုန်းက ရန်ကုန်မြို့က ရုပ်ရှင်ရုံတွေရဲ့ ပြသချိန်တွေက နေ့လ ၁၂း ၃၀ နာရီ၊ ၃း ၃၀ နာရီ၊

၆း ၃၀ နာရီ၊ ည ၉း ၃၀ နာရီ ဆိုပြီး တနေ့ ၄ ပွဲပြသပါတယ်။ သောကြာနေ့တိုင်း ရုပ်ရှင်ကား အသစ်လဲပါတယ်။

ဒါပေမယ့် ကဌေး ရုပ်ရှင်ရုံကတော့ ကားအဟောင်းတွေ ပြသတာ များပါတယ်။ သောကြာနေ့ ရောက်ပြီဆိုရင် ကဌေးရုံမှာ ရုံတင်တဲ့ ဇာတ်ကားကို တရုတ်ကြီးတယောက်က ရုပ်ရှင်ပိုစတာ ဆိုင်းဘုတ်ကြီး ၂ ခုကို ကျောချင်းပူး၊ လှည်းဘီးပေါ်မှာ တင်ပြီး မြို့ထဲကို လှည့်ပါတော့တယ်။

သူက အဲဒီလို လှည်းဘီးကို တွန်းပြီး လှည့်တဲ့အချိန်မှာပဲ ပါးစပ်ကလည်း အော်ပါသေးတယ် ။

“နားမူးတန်း၊ နားမူးတန်း” လို့ အော်ပါတယ်။ သူအမှန်တကယ်အော်တာက “ငါးမူးတန်း၊ ငါးမူးတန်း ” ပါ။

ရုပ်ရှင်ရုံဝင်ကြေးက ငါးမူးတန်း၊ ၁ ကျပ်တန်း၊ ၁ ကျပ်ခွဲတန်း၊ ၂ ကျပ်တန်း တို့ပါ။ ဒီထက်ပိုပြီး ကားဟောင်းတယ်ဆိုရင် အောက်ဆုံးတန်းက တမတ်တန်းပါ။ သူက အဲဒီ ငါးမူတန်း တခုကိုပဲ အော်တတ်ပါတယ်။၊ တခြားအတန်းတွေကို မအော်ပါဘူး။

အဲဒီ တွန်းလှည်းတွန်းတဲ့ တရုတ်ကြီးဟာ လေဖြတ်ထားပုံရပါတယ်။ ခြေထောက်တဘက်က လမ်းသွားရင် နည်းနည်း ဆွဲ ဆွဲ သွားပါတယ်။ ကင်းဘတ်ဖိနပ်ကို အမြဲတမ်းစီးပြီး အ၀တ်ပျော့ဦးထုပ် တလုံးကို အမြဲဆောင်းထားတာ တွေ့ရပါတယ်။

တခါတလေ ရုပ်ရှင်ရုံ ဂိတ်ပေါက်မှာ လက်မှတ်တွေ ဖြတ်နေတာကိုလည်း တွေ့ရပါတယ်။ ရုပ်ရှင်ကားလဲတိုင်း သူ အမြဲ ဒီ ပိုစတာကြော်ငြာကို မြို့ထဲ လှည့်ပါတယ်။ လမ်းမတော် မြို့နယ်နဲ့ လသာမြို့နယ်တွေကို လှည့်တာ များပါတယ်။ တခါတလေ အလုံမြို့နယ်ကိုလည်း ရောက်တာတွေ့ရပါတယ်။ အဲဒီမြို့နယ်တွေထက် ကျော်တာတော့ မတွေ့ရပါဘူး။

ကဌေးရုပ်ရှင်ရုံက ၂ ထပ်ပါ။ ပထမတန်း၊ ဒုတိယတန်း၊ တတိယတန်း တွေက အောက်ထပ်မှာပါ။ အထူးတန်းက အပေါ်ထပ်မှာပါ။ ပထမတန်းနဲ့ ဒုတိယတန်းတွေက သစ်သား ထိုင်ခုံတွေပါ။ တတိယတန်းက ကြိမ်ကုလားထိုင်တွေပါ။ အထူးတန်းကတော့ ဆိုဖာနဲ့ပါ။ အောက်တန်းတွေရဲ့ ထိုင်ခုံတွေက ကြမ်းပိုး ကိုက်ပါတယ်။ ရုပ်ရှင်ပြနေတုန်း ကြမ်းပိုးကိုက်ရင် ကြည့်တဲ့သူက မကြာခဏ ထပြီး ခုံကို ထုရိုက်သံကိုလည်း ကြားရပါတယ်။

ရုပ်ရှင်ပြနေတုန်း ကားကလည်း ခန ခန ပြတ်ပါတယ်။ ရုပ်ရှင်ပြစက်က တော်တော်ဟောင်းနေပါပြီ။ အဲဒီလို ကားပြတ်ရင် ပထမတန်းနဲ့ ဒုတိယတန်းက လူတွေက ထိုင်ခုံတွေကို ရိုက်ကြ၊ ထုကြ၊ အော်ဟစ်ကြပါတယ်။ ပထမတန်းက လူတွေက ပိုဆိုးပါတယ်။

ကဌေးရုံရဲ့ ထူးခြားချက် တခုရှိပါတယ်။ အဲဒါကတော့ ရုံတင်လိုက်တဲ့ ကားမကောင်းဘူး၊ လူမကြိုက်လို့ လူမ၀င်ဘူး ဆိုရင် အဲဒီကားကို ၂ ရက်၊ ၃ ရက်လောက်ပြပြီး ရွှေဘ ဇာတ်ကားကို ပြောင်းပြီး ရုံတင်လိုက်ပါတယ်။ အဲဒီအခါမှာ လူ ကြိတ်ကြိတ်တိုးတာကို တွေ့ရပါတယ်။ အဲဒီ အချိန်လောက်က လမ်းမတော်မြို့နယ်မှာ ကီလီဈေးကြီး ရှိပါတယ်။

ကုန်တင် ကုန်ချသမားတွေ၊ ကုန်စိမ်းဒိုင်တွေ၊ သားငါး ဒိုင်တွေကလူတွေက ရွှေဘ ကားဆိုရင် ကြိုက်ကြပါတယ်။

ည ၉း ၃၀ ခွဲပွဲတောင် ရုံပြည့်ပါတယ်။ သူတို့က ည ၉း ၃၀ ပွဲဆိုရင်အားကြတယ်။ ရုပ်ရှင်က ည ၁၂ နာရီဆိုပြီးတယ်။

ရုပ်ရှင်ပြီးရင် ဒိုင်ကိုပြန်ပြီး ခဏ တရေးတမောအိပ်၊ မနက်၂ နာရီ၊ ၃ နာရီလောက် ဆိုရင် အလုပ်လုပ်ရပါပြီ။

အဲဒီလို ရုပ်ရှင်ပြရင်း ရွှေဘနဲ့ လူဆိုးတွေ ထိုးကြ ကြိတ်ကြတဲ့အခါမှာ ရွှေဘရှုံးရင် ၀ိုင်းပြီး အော်ဟစ်ကြပြီး ရွှေဘနိုင်ရင် လက်ခုပ် ၀ိုင်းတီးကြပါတယ်။ ဆူညံနေတာပါပဲ။ တောကဖိုးတုတ်၊ ဗိုလ်စံဖဲ၊ တို့ပိုင်တဲ့မြေ၊ ၀ရမ်းပြေးဖိုးသိန်း ... စတာတွေဟာ ရွှေဘရဲ့ နာမည်ကြီး ဇာတ်ကားတွေဖြစ်ပါတယ်။ ဂျပန်ပြည်မှာ သွားရိုက်ခဲ့တဲ့ အလောင်းတော် ရာမ ဆေးရောင်စုံ ဇာတ်ကားမျိုးလည်း ပြပါတယ်။ “ဆောင်း” ဆိုတဲ့ ဒုတိယကမ္ဘာစစ်အတွင်း ကရင်၊ ဗမာ ချစ်ကြည်ရေးကို အခြေခံတဲ့ စစ်ကားလည်း ပြသခဲ့ပါတယ်။ ကွယ်လွန်သူ ရုပ်ရှင်မင်းသားကြီး ဦးထွန်းဝေ၊ ဒေါ် စံရှားတင်၊ ညွန့်ဝင်းတို့ ပါဝင်ပါတယ်။ ဇာတ်ကားက ၃ နာရီကြာအောင်ပြသရတဲ့ ဇာတ်လမ်းရှည် ဖြစ်ပါတယ်။

ကွယ်လွန်သူ မင်းသားကြီး ဦးကျော်ဆွေရဲ့ ဇာတ်ကားတွေလည်း မကြာခဏပြသပါတယ်။ “ပုလဲမျက်ရည်” ဆိုတဲ့ ဇာတ်ကားဟာ သူကိုယ်တိုင် ဒါရိုက်တာလုပ်၊ သရုပ်ဆောင်အဖြစ် ပါဝင်ရိုက်ကူးခဲ့ပါတယ်။ သမိုင်း ၀င် ဇာတ်ကား တကားပါ။ မင်းသမီးကြီး ခင်ယုမေနဲ့ တွဲပြီး ရိုက်ထားပါတယ်။ ဌေးဝင်း၊ စံတင် စတဲ့ လူကြမ်း မင်းသားကြီး ပေါင်းစုံ ပါဝင်တဲ့ ဂျပန်တော်လှန်ရေး မြင်ကွင်းကျယ် စစ်ကားကြီး တကားဖြစ်ပါတယ်။

တခါတလေ အင်္ဂလိပ်ရုပ်ရှင် ကားဟောင်းတွေလည်း ပြတတ်ပါတယ်၊ (The Longest Day) ဒုတိယကမ္ဘာစစ်ကို အခြေခံတဲ့ နော်မန်ဒီ ကမ်းတက် သမိုင်းဝင်ကား၊ (The Guns of Navarone) နဲဗားရွန်း ခံတပ် စတဲ့ သမိုင်းဝင်ကား တွေလည်း ရုံတင်တတ်ပါတယ်။

အစိုးရက ကဌေးရုပ်ရှင်ရုံဟာ ရုံဟောင်းကြီး တခုဖြစ်တဲ့အတွက် ကားဟောင်းတွေများ တင်တာလားလို့ စိတ်ထဲမှာ ထင်မိပါတယ်။ ဘာပဲဖြစ်ဖြစ် ပိုက်ဆံ တမတ်၊ ငါးမူးလောက်နဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ သမိုင်းဝင်ကားတွေ ကြည့်ရတာ ထူးခြားမှု တခုဖြစ်ပြီး ကျေနပ်အားရစရာဖြစ်ပါတယ်။

နောက်ပိုင်းမှာတော့ ကဌေးရုံကို ကေသွယ်ရုံ ဆိုပြီး နာမည် ပြောင်းလိုက်ပါတယ်။

အခု နအဖ ခေတ်မှာတော့ ကဌေးရုံကြီးကို တရုတ်တယောက်က ၀ယ်ပြီး ကြမ်းခင်းဖယောင်းပုဆိုး စတဲ့ ကုန်ပစ္စည်းတွေ ရောင်းနေတဲ့ ကုန်စုံဆိုင်ကြီးအဖြစ် ၀မ်းနည်းဖွယ်တွေ့ရပါတော့တယ်။

သမ္မတ ကတော်ဟောင်း လော်ရာဘုရှ် မြန်မာလူထုနဲ့ ဒေါ်စုအတွက် စိုးရိမ်

By ဒေါ်ခင်စိုးဝင်း ကြာသပတေး, 10 ဇွန် 2010 VOA

လာမယ့် ဇွန်လ ၁၉ ရက်နေ့မှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အသက် ၆၅ နှစ် ပြည့်တော့မှာမို့ ပြည်တွင်းကရော ကမ္ဘာတ၀န်းလုံးကပါ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အမှတ်တရ အထိမ်းအမှတ် ပွဲတွေကို ပုံစံအမျိုးမျိုးနဲ့ ဆင်နွှဲကြဖို့ စိုင်းပြင်းနေကြပါတယ်။ အဲဒီလို အမှတ်တရ ရှိကြသူတွေထဲမှာ မြန်မာ့အရေးကို စိတ်ဝင်တစား အရေးတယူ အားပေးလေ့ရှိတဲ့ အမေရိကန် သမ္မတကတော်ဟောင်း လော်ရာ ဘုရှ် (Laura Bush) လည်း တယောက် အပါအ၀င် ဖြစ်ပါတယ်။ လော်ရာ ဘုရှ်က ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်လို့ ဘယ်လိုများ အမှတ်တရ ပြောဆိုထားသလဲဆိုတာ ဒေါ်ခင်စိုးဝင်းက တင်ပြပေးထားပါတယ်။

သမ္မတကတော်ဟောင်း လော်ရာ ဘုရှ် ရေးသားတဲ့ Spoken from the Heart နှလုံးသားထဲက စကားများဆိုတဲ့ သူ့ရဲ့ ဘ၀အတွေ့အကြုံ မှတ်တမ်းစာအုပ်နဲ့ ပတ်သက်ပြီး ဗွီအိုအေ အမေရိကန်အသံ အာဖဂန် သတင်းဌာနက တွေ့ဆုံ မေးမြန်းတဲ့အခါ သမ္မတကတော် လော်ရာ ဘုရှ်ရဲ့ မြန်မာ့အရေး စိတ်ဝင်စားမှုနဲ့ ပတ်သက်ပြီး မေးမြန်းခဲ့တာ ဖြစ်ပါတယ်။

လာမယ့် ဇွန်လ ၁၉ ရက်နေ့မှာ ကျရောက်မယ့် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၆၅ နှစ်မြောက် မွေးနေ့မှာ သမ္မတကတော် လော်ရာ ဘုရှ် အနေနဲ့ ဘယ်လိုများ အမှာစကားတွေ ပါးချင်ပါသလဲလို့ မေးတဲ့အခါမှာတော့ အခုလို ပြောပြပါတယ်။

“ကျမ မကြာခဏဆိုသလို ဒေါ်အောင်ဆန်းစုကြည် အကြောင်း တွေးမိပါတယ်။ မြန်မာနိုင်ငံမှာ ဘာတွေဖြစ်နေတယ်၊ အခုလက်ရှိ အမေရိကန် အစိုးရရဲ့ ဆက်သွယ် ဆောင်ရွက်တာတွေ၊ နောက် မြန်မာပြည်သူတွေက အမေရိကန် အစိုးရအသစ် အပေါ်မှာ ဘယ်လိုရှုမြင်သလဲ ဆိုတာတွေကိုလည်း ကျမ မျက်ခြည် မပြတ်ပါဘူး။”

မြန်မာနိုင်ငံမှာ ဒီနှစ်ထဲ ကျင်းပမယ့် ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့လည်း သမ္မတကတော် လော်ရှာ ဘုရှ်က အခုလို မှတ်ချက်ချသွားပါသေးတယ်။

“မြန်မာပြည်အတွက် စိတ်ပူမိပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အတွက်လည်း စိတ်ပူပါတယ်။ ဒီနှစ်ထဲမှာ ကျင်းပမယ်လို့ ကြေညာထားပေမဲ့ ဘယ်နေ့ ဘယ်ရက်မှာ ကျင်းပမယ် ဆိုတာကိုတော့ မကြေညာသေးတဲ့ ရွေးကောက်ပွဲဟာ ဖိနှိပ်တဲ့ စစ်အစိုးရရဲ့ အပေါ်ယံ ဟန်ပြသက်သက် ရွေးကောက်ပွဲ ဖြစ်ပြီးတော့ ပြည်သူလူထုတွေကို မဲထည့်ခိုင်းဖို့ပဲ ဖြစ်မှာပါ။”

မြန်မာနိင်ငံအတွင်းမှာတော့ NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင် လူငယ်တွေက မြန်မာတို့ရဲ့ ရိုးရာ အစဉ်အလာအရ ဒေါ်အောင်ဆန်းစုကြည် အသက် ၆၅ နှစ် ပြည့်တာဟာ အသက် ၆၆ နှစ်ထဲ ၀င်မှာမို့ သစ်ပင် ၆၆ ပင် စိုက်ကြဖို့ စီစဉ်နေကြတဲ့ အကြောင်းကို မစ္ဈိမ သတင်းမှာ ဖော်ပြထားပါတယ်။ မြို့နယ်ပေါင်း ၃၁၈ မြို့နယ်မှာ တမြို့နယ်ကို ၆၆ ပင်နှုန်း ဇွန်လ ၁၀ ရက်နေ့ကနေ ၁၉ ရက်နေ့အထိ သစ်ပင်ပေါင်း ၂၀၉၈၈ ပင် စိုက်ပျိုးမှာ ဖြစ်တယ်လို့ NLD ဗဟိုဦးစီးအဖွဲ့ဝင် တဦးဖြစ်တဲ့ မဖြူဖြူသင်းကပြောကြောင်း မဇ္ဈိမသတင်းမှာ ရေးသားထားတာ ဖြစ်ပါတယ်။

ဒါ့အပြင် ကမ္ဘာတ၀န်း မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူတွေကလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၆၅ နှစ်မြောက် မွေးနေ့ပွဲတွေကို နေရာဒေသအလိုက် ပညာပေး ဟောပြောပွဲတွေ၊ လူမှုရေး ရန်ပုံငွေ ရှာဖွေပွဲတွေ စသဖြင့် အသီးသီး ကျင်းပကြဖို့ စိုင်းပြင်းနေတယ်လို့ သိရပါတယ်။

လမ်းပြကြယ်ဦးအေးမြင့်က ကလေးစစ်သား မောင်အောင်လှိုင်ဖြိုး(မော်လမြိုင်) အကြောင်း ထုတ်ဖော်ပြောဆို

သတင်းရင်းမြစ် - ဦးအေးမြင့်နဲ့ လမ်းပြကြယ်

မိုးမခအထောက်တော် ၀၀၃

ဇွန် ၁၁၊ ၂၀၁၀

ရုပ်မြင်ကင်မရာဖြင့် ကိုယ်တိုင်ထုတ်ဖော်ပြောဆိုချက်တွင် ကလေးစစ်သားအရေး၊ အဓမ္မလုပ်အားပေးများအရေး ဆောင်ရွက်နေသော လမ်းပြကြယ်အဖွဲ့၏ ခေါင်းဆောင် ဦးအေးမြင့်က ၎င်း၏ စာရင်းအရ ၂၀၁၀ ခုနှစ်အတွင်း ၂၂ ဦးမြောက်ကလေးစစ်သား မောင်အောင်လှိုင်ဖြိုး အကြောင်း အသေးစိတ် တင်ပြပြောဆိုထားသည်ကို တွေ့ရသည်။

အသက် ၁၄နှစ် အရွယ် မောင်အောင်လှိုင်ဖြိုးသည် ထိုင်းနယ်စပ်တွင် အလုပ်လုပ်ကိုင်ရန် သူငယ်ချင်းများနဲ့ အိမ်မှ ထွက်လာရာတွင်၊ သာမညနယ်အရောက် သာမညထမင်းဆိုင်သို့ ရောက်ရှိစဉ် ထမင်းဆိုင်ပိုင်ရှင်က ကြာအင်းဆိပ်ကြီးရှိ ခမရ ၂၈၄ စစ်တပ်သို့ အကြောင်းကြားပြီး စစ်တပ်တွင်း သွင်းရန် သတင်းပေးလိုက်သည်ဟု ဆိုသည်။ ခမရ ၂၈၄ က ရဲဘော်တဦးက ထိုကလေးငယ်ကို စစ်တပ်သို့ စာရင်းသွင်းပြီး တပ်အတွင်းရှိ ကင်းစောင့်ခြင်းနှင့် အခြားအလုပ်ကြမ်းများ ခိုင်းစေထားသည်ဟု သိရသည်။ ကလေးငယ်က မိဘရပ်ထံပြန်ပြေးသော်လည်း တပ်ထိန်းက ပြန်ဖမ်းပြီး ပြစ်ဒဏ်ချလိုက်ကြောင်း၊ မိဘက အသက်မပြည့်ကြောင်း သက်သေပြသော်လည်း ပြစ်ဒဏ်ချပြီး စစ်တပ်ကို ပြန်ပို့မည်ဟု ဆိုကြောင်း သိရသည်။

ဦးအေးမြင့်က ပြည်သူလူထုအတွင်းမှာပင် ကိုယ်ချင်းစာစိတ်၊ မိဘချင်း သားသမီးချင်း စာနာစိတ် မရှိကြပုံ၊ အောက်ခြေတပ်မတော်သားများကလည်း ပြည်သူလူထုအပေါ် သစ္စာစောင့်သိ စောင့်ရှောက်ရန် စိတ်ဓာတ်သိက္ခာ ခေါင်းပါးပုံတို့ကို ပြင်းပြင်းထန်ထန် ပြစ်တင် ဝေဖန်ထားသည်ကို တွေ့ရသည်။

ပြည်တွင်းမီဒီယာများကတဆင့် ကလေးစစ်သားတွေ မရှိဘူးဟု လိမ်ညာသတင်း မပေးသင့်ကြောင်း၊ မတရားမှုကျူးလွန်သူ စစ်သားများကလည်း တပ်မတော်၏ သိက္ခာကို စောင့်ထိန်းရန် မကြိုးစားဘဲ ပြည်သူလူထုကို ခြိန်းခြောက်အနိုင်ကျင့်ပြီး သတင်းမှန်များကို ဖုံးကွယ်ရန် မလုပ်သင့်ကြောင်း၊ ပြည်တွင်းပြဿနာများကို အချင်းချင်း မဖြေရှင်းနိုင်ဘဲ ပြည်ပက ၀င်ရောက် ဖြေရှင်းခြင်းကို ခံနေရတာ၊ ဝေဖန်ပြစ်တင်ခြင်း ခံနေရတာသည် တိုင်းပြည်နှင့် ပြည်သူလူထု၏ သိက္ခာ အလွန်ကျဆင်းကြောင်း၊ သို့သော်လည်း အိုင်အယ်လ်အိုကို တိုင်ကြားသင့်က တိုင်ကြားရတာ ဖြစ်ကြောင်း၊ ထိုထက်လိုအပ်လာပါက ကုလသမဂ္ဂသို့ ဆက်လက် သတင်းပို့တင်ပြရမည် ဖြစ်ကြောင်း ပြောကြားထားသည်ကို တွေ့ရသည်။

သည်နေရာက MoeMaKa – YouTube Channel မှာ ကြည့်နိုင်ပြီ။

အောက်က၃ ပုဒ် ပြီးရင် ကုန်ပါပြီ

မြို့မငြိမ်း နှစ်တစ်ရာပြည့် အထိမ်းအမှတ် ရုပ်တု မြေပုံကြမ်းအဆင့် ပြုလုပ်ပြီးစီး

news-eleven.com

မြို့မငြိမ်းနှစ်တစ်ရာပြည့် အထိမ်းအမှတ်အဖြစ် ပြုလုပ်ဆောင်ရွက်လျက်ရှိသော မြို့မငြိမ်းပုံတူ ကြေးသွန်းရုပ်တုမှာ ယခုအခါမြေပုံကြမ်းအဆင့် ပြီးစီးသွားပြီဖြစ်ရာ အဆိုပါ အဆင့်ပြီးစီးပါက ဖယောင်းပုံကြမ်း အဆင့်ကြေးသွန်းခြင်း အဆင့်များကို ဆက်လက် ဆောင်ရွက်သွားရန်ရှိကြောင်း သိရှိရသည်။

ပြည့်ဝမြန်မာမှု ကြေးသွန်းလုပ်ငန်းမှ ဦးလှမြင့်က''တစ်ဆခွဲလောက် လုပ်ကြည့်တဲ့အခါမှာ ဆရာမြို့မငြိမ်း ရဲ့ဟန်နဲ့အချိုးအစားက သိပ်ပြီး မကိုက်ညီသလို ဖြစ်နေတာကြောင့် လူအချိုးအစားရဲ့နှစ်ဆ အမြင့်ငါးပေလောက်ရှိတဲ့ အချိုးကိုပြောင်းလုပ် လိုက်ရတယ်။ အရုပ်အရွယ်အစား ကြီးလာတာမို့ ကြေးချိန်လည်းများ လာမှာပဲ။ ဖယောင်းပုံတူ လုပ်ပြီးချိန်လောက်မှကြေးချိန်ကို ခန့်မှန်းနိုင်ပါမယ်''ဟု ပြောကြား ပါသည်။

ရုပ်တုသွန်းလုပ်ပြီးစီးချိန်ကို ကန့်သတ်ထားခြင်း မရှိသောကြောင့် မည်သည့်အချိန်တွင် ပြီးစီးနိုင်မည်ဟု မပြောနိုင်သော်လည်း လက်ရာမြောက်စွာပြုလုပ်ရန်သာ စီစဉ်ထားသောကြောင့် စိတ်တိုင်းကျသည် အထိ ပြင်ဆင်ဆောင်ရွက်သွားမည် ဖြစ်ပြီး ရုပ်တုပြီးစီးပါက မန္တလေး မြို့မတူရိယာအသင်း၏ အသင်းခန်းမတွင် ထားရှိသွားမည်ဟု သိရှိရသည်။

မြန်မာနိုင်ငံတွင် အသည်းရောင်အသားဝါဘီ ရောဂါပိုး သယ်ဆောင်ထားသူ ဦးရေမှာ

နိုင်ငံလူဦးရေ၏ ၁၀ ရာခိုင်နှုန်းခန့် ရှိကြောင်းသိရ

news-eleven.com

မြန်မာနိုင်ငံတွင် အသည်းရောင်အသားဝါ 'ဘီ' ပိုးကူးစက်ပြန့်ပွားမှုနှုန်းမှာ နိုင်ငံလူဦးရေ၏ ထက်ဝက်နီးပါးခန့်ရှိပြီး အသည်းရောင်အသားဝါ 'ဘီ' ရောဂါပိုး သယ်ဆောင်ထားသူဦးရေမှာ နိုင်ငံလူဦးရေ၏ ၁၀ ရာခိုင်နှုန်းခန့် ရှိကြောင်း သိရသည်။

လူကြီးများတွင် အသည်းရောင်အသားဝါ ဘီပိုးကူးစက်ခံရပါက ၁၀ ရာခိုင်နှုန်းမှာ နာတာရှည် ရောဂါပိုးသယ်ဆောင်သူ (Chronic carrier) များ ဖြစ်သွားနိုင်ပြီး ၎င်းတို့အနက်မှ ၅၀ ရာခိုင်နှုန်းသည် နောက်ဆက်တွဲ အသည်းရောဂါများ ဖြစ်လာ နိုင်ကြောင်းနှင့် မွေးကင်းစကလေးငယ်များတွင် အသည်းရောင် အသားဝါ ဘီပိုး ကူးစက်ခံရပါက ၉၀ ရာခိုင်နှုန်းသည် နာတာရှည်ရောဂါပိုး သယ်ဆောင်သူဖြစ်သွားပြီး ၎င်းတို့အနက် ၃၀ ရာခိုင်နှုန်းသည် နောက်ဆက်တွဲ အသည်းရောဂါများ ဖြစ်လာနိုင် ကြောင်း သိရသည်။

"မြန်မာနိုင်ငံမှာ အသည်းရောင်အသားဝါ ဘီပိုး၊ စီပိုးကြောင့် ဖြစ်တဲ့ အသည်းကင်ဆာရောဂါက ဖြစ်ပွားမှုအများဆုံး ရောဂါထဲမှာပါပါတယ်။ အခုနောက်ပိုင်းတော့ အသည်းနဲ့ပတ်သက်တဲ့ ကျန်းမာရေး အသိတွေကို ပြည်သူတွေက အရင်က ထက်ပိုသိလာကြပါပြီ။ အသည်းရောင်အသားဝါ ဘီပိုးအတွက် ထိရောက်တဲ့ ကာကွယ်ဆေးရှိပေမယ့် ရောဂါဖြစ်လာခဲ့ရင်တော့ ကုသပျောက်ကင်းဖို့ မလွယ်ကူတဲ့အတွက် မဖြစ်ခင် ကြိုတင်ကာကွယ်ဆေးထိုးခြင်းကသာ ထိရောက်ပါတယ်"ဟု အသည်း ရောဂါဆိုင်ရာ ဆရာဝန်က ဆိုပါသည်။

အသည်းရောင်အသားဝါ ဘီပိုး ကာကွယ်ဆေးကို ရောဂါပိုးနှင့်ထိတွေ့ရန် အခွင့်အရေးများသူများ (၀၊၁၊ ၂၊၁၂) အတွက် စထိုးပြီးရက်နှင့်တစ်လအကြားတွင် တစ်ကြိမ်၊စထိုးပြီးရက်နှင့်နှစ်လအကြာတွင် တစ်ကြိမ် ထိုးနှံရပြီး နောက်ဆုံးအလုံးကိုမူ စထိုး ပြီးရက်နှင့် တစ်နှစ်အကြာတွင် တစ်ကြိမ်ထပ်မံထိုးနှံပေးရကြောင်း၊ အခြေခံကာကွယ်ရန် (၀၊၁၊၆) အတွက် စထိုးပြီးရက်နှင့်တစ်လအကြာတွင် တစ်ကြိမ်၊စထိုးပြီးရက်နှင့်ခြောက်လအကြာတွင် တစ်ကြိမ် ထိုးနှံရကြောင်း သိရသည်။

"ဆေးသုတေသနဦးစီးဌာန (အောက်မြန်မာပြည်) က ဖွင့်လှစ်ထားတဲ့ ကာကွယ်ဆေးနှင့် ရောဂါရှာဖွေရေးဆေးခန်းမှာ ၁၉၉၈ ခုနှစ်ကစပြီး အသည်းရောင်အသားဝါဘီ ကာကွယ်ဆေးကို စတင်ထိုးနှံပေးခဲ့ပါတယ်။ အဲ့ဒီဆေးခန်းမှာက ရောဂါပိုးရှိ၊ မရှိ အရင်စစ်ဆေးပေးပြီး ရောဂါမရှိမှသာ ကာကွယ်ဆေးထိုးနှံပေးပါတယ်။ ကာကွယ်ဆေးကထိုးပြီး ငါးနှစ်အထိ အာနိသင်ရှိတဲ့အတွက် ငါးနှစ်ကြာရင် ကာကွယ်ဆေးပြန်ထိုးပေးဖို့ လိုပါတယ်" ဟု ဒေါက်တာဝင်းအောင် ညွှန်ကြားရေးမှူး ဆေးသု တေနဦးစီးဌာန (အောက်မြန်မာပြည်)မှ ဆိုပါသည်။

Comments

0 #6 kyawhtin009 2010-06-11 03:58

ကာကွယ်ဆေးထိုးရန် အစမှအဆုံးမည်မျှ ကျသင့်သည်ကို သိလိုပါသည် သတင်းတွင်ထည့်သွ င်းဖော်ပြပါက ပိုမိုကောင်းမွန်မည်ထင်ပါသည်

+1 #5 zerohero 2010-06-10 13:20

eleven ရဲ့စည်းကမ်းချက် ကတော့ကောင်းပါတယ် .. ဒါပေမယ့် ဒါက webpage ပေါ်မှာပဲရှိပါတယ် ... တကယ်တမ်းလက်တွေ့မှာ ဖြစ်နိုင်ခဲပါတယ် ... ကျနော်အကောင်းဆုံး အကြံ

ပေးလိုတာကတော့ ... Black list monitoring software သုံးဖို့ပါ ပဲ ... အသေးစိတ်သိလိုရင်

favoutitezero@g mail.com ကိုဆက်သွယ်လိုက် ပါ ..

+1 #4 Zawtika 2010-06-10 08:51

ဒါဟာ ရေရှည်မှာ နိုင်ငံ ကို အများကြီး ထိခိုက်နိုင်တဲ့ ကိစ္စဖြစ်တာမို့ အစိုးရရော ပြည်သူလူထု မှာပါ တာဝန်ရှိပါတယ်။

အစိုးရအနေနဲ့ ကာကွယ်ဆေးထိုးတဲ့ လုပ်ငန်းကို ပိုပီး ကျယ်ကျယ်ပြန့်ပြ န့်ဖြစ်အောင်ဆော င်ရွက်ဘို့လိုပါ တယ်။ အဓိက ကတော့ ရောဂါရှာဖွေရေးနဲ့ ကာကွယ်ဆေးထိုးခြ င်း ကို ပြည်သူလူထုအနေနဲ့  မိမိ တို့နဲ့ အနီးစပ်ဆုံးနေရာ မှာ လုပ်နိုင်လျှင် ပိုပီး ထိရောက်အောင်မြင်မှာပါ။

ပြည်သူလူထု အနေနဲ့ ကလည်း မိမိ တို့ရဲ့ အစားအသောက်နဲ့ပါ တ်သက် တဲ့ အမူအကျင့်ကို အဓိကအားဖြင့် ပြုပြင်ဘို့ လိုပါတယ်။ ပညာပေး လုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ဘို့ လိုတာ မှန်ပေမဲ့ လိုက်နာကျင့်သုံးရမှာ က လူတစ်ဦးခြင်းစီ ရဲ့ ကိစ္စ ဖြစ်ပါတယ်။ ရုပ်ပိုင်းဆိုင် ရာဆင်းရဲမွဲတေမှု နဲ့ စိတ်ပိုင်းဆိုင် ရာဆင်းရဲမွဲတေမှုဟာ သိးခြားကိစ္စ တွေဖြစ်ပါတယ်။

ဒို့ မြန်မာများ စိတ်မဆင်းရဲ ကြပါစေနဲ့။

+11 #3 east1407 2010-06-09 15:17

မိမိအုပ်ချုပ်တဲ့ နိုင်ငံသားတွေကို အနည်းလောက်ဖြစ်ြ ဖစ် မေတ္တာ ထားစေချင်ပါတယ်။

+5 #2 Mgchan 2010-06-09 13:01

People has knowledge about Hep B. But there are still problem....For those who has been infected are discriminated as HIV in the society. They are not well accepted in Society......This shouldn't be like that.....

We need to educate more about the case.......What even worst is that........some people still believe that taking Hep B Vaccination is injecting a Hep B virus into the body.....That is not true........The mindset has to be changed.....

+24 #1 taurusii 2010-06-09 12:03

တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အင်တိုက်အားတိုက် လုပ်ပေးပါလားဗျာ ။ ပိုလီယိုကင်းစင် ရေးလိုမျိုးပေါ့ ။ အဲလောက်အများကြီးက သာမန်လူတန်းစားလ ည်း ဆေးဖိုးမတတ်နိုင်ပါ။ ပြောရတာ အားနာလိုက်တာ ။ အခမဲ့ ဆေးထိုးပေးရင် ကောင်းမှာပါ။

ကျန်းမာရေးအသိတော့ ရှိပါ၏ ။ကုရန် ငွေက မရှိ ၊ စားဖို့လောက်တော့ ရှိပါ၏ ။

လိုအပ်လာလျင် ကုရန်ရှိ ထမင်း(အစားအသောက်ဆိုလို)လျှော့စားရန်သာရှိပါ၏။

အသစ်ဖွင့်မည့် ပုဂ္ဂလိက ဘဏ်များ အကြွေးဝယ်ကဒ် (Smart Card) ဝန်ဆောင်မှုများ ပေးနိုင်ရန် ပြင်ဆင်နေ

news-eleven.com

မကြာမီဖွင့်လှစ်တော့မည့် ပုဂ္ဂလိကဘဏ်သစ်များတွင် အကြွေးဝယ်ကတ်(Smart Card) ၀န်ဆောင်မှုကို ပေးနိုင်ရန် ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း သိရပါသည်။

"ဖွင့်မယ့်နေ့ရက်ကို အတိအကျ မသိရသေးပေမယ့် ပြင်ဆင်နေပါတယ်။ ဘဏ်ဖွင့်ရင် အကြွေးဝယ်ကတ်ထဲက စနစ်တစ်မျိုးဖြစ်တဲ့ Smart Card ၀န်ဆောင်မှုကို ပေးသွားနိုင်ဖို့ ရှိပါတယ်" ဟု ပုဂ္ဂလိက ဘဏ်သစ်တည်ထောင်ရန် ပြင်ဆင်ဆောင်ရွက်နေသူ တစ်ဦးက ပြောကြားပါသည်။

အကြွေးဝယ်ကတ်များကို Credit Card, Debit Card, Smart Card စသည်ဖြင့် ခွဲခြားနိုင်ပြီး ငွေကြေးလည်ပတ်မှုနှင့် ငွေပေးချေမှုများကို ပိုမိုအဆင်ပြေနိုင်စေရန် ရည်ရွယ်အသုံးပြုခြင်း ဖြစ်ကြောင်း၊ လက်ရှိအချိန်တွင် မြန်မာ့စီးပွားရေးဘဏ်များမှ ၀န်ဆောင်မှုပေးနေသည့် Smart Card များရှိပြီး အသုံးပြုနိုင်ရေးအတွက် ကျပ် ၁၀ သိန်းပေးသွင်းရန် လိုအပ်ကြောင်း သိရပါသည်။

"ပုဂ္ဂလိကဘဏ်တွေက လုပ်တယ်ဆိုရင်တော့ အကြွေးဝယ်ကတ်အသုံးပြုဖို့ သတ်သတ်ငွေပေးသွင်းထားဖို့ လိုမှာမဟုတ်ဘူး။ Saving account ရှိရင် အသုံးပြုနိုင်ဖို့ စီစဉ်နေပါတယ်"ဟု အဆိုပါ တာဝန်ရှိသူက ဆိုပါသည်။

ကမ္ဘာ့နိုင်ငံအချို့တွင် အကြွေးဝယ်ကတ်ကို ၁၉၅၉ ခုနှစ်မှ စတင်၍ တွင်တွင်ကျယ်ကျယ် အသုံးပြုခဲ့ပြီး မြန်မာနိုင်ငံတွင်လည်း ၁၉၆၀ ပြည့်နှစ်ဝန်းကျင်က ကမ္ဘာ့အကြွေးဝယ်ကတ် ကုမ္ပဏီများဖြစ်သော Master Card နှင့် Visa Card တို့မှ လာရောက် ဆောင်ရွက်ခဲ့ဖူးကြောင်း၊ ထို့နောက် လက်ရှိအစိုးရလက်ထက် ဈေးကွက်စီးပွားရေးစတင်ပြီး ၁၉၉၄ ခုနှစ်တွင် ပြန်လည်အသုံးပြုခဲ့ရာ ၂၀၀၃ ခုနှစ် နှစ်ဆန်းပိုင်းထိ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုခဲ့သော်လည်း ၂၀၀၃ ခုနှစ် အတွင်း ပုဂ္ဂလိကဘဏ်အချို့တွင် ဖြစ်ခဲ့သည့် ငွေဖြစ်လွယ်မှု အကျပ်အတည်း နှင့်ကြုံတွေ့ချိန်တွင် အဆိုပါ အကြွေးဝယ်ကတ်စနစ်ကို ကန့်သတ်ခဲ့ရကြောင်း ဘဏ်လုပ်ငန်းကျွမ်းကျင်သူများထံမှ သိရှိရပါသည်။

"အကြွေးဝယ်ကတ်ဆိုတာ ဘဏ်တွေရဲ့ အဓိကလုပ်ငန်းတွေဖြစ်တဲ့ အပ်ငွေလက်ခံတာနဲ့ ငွေထုတ်ချေးတာတို့ကို တစ်ပြိုင်နက်လုပ်ဆောင်နိုင်တဲ့ စနစ်ဖြစ်ပါတယ်။ သုံးစွဲသူဘက်က ငွေကိုင်သုံးစရာမလိုတာ၊ လုံခြုံမှုရှိတာ၊ ရေတွက်ရ သက်သာတာတို့အပြင် ဘဏ်တွေဘက်ကလည်း အပ်နှံငွေရပါတယ်။ တစ်ဖက်မှာလည်း စည်းမျဉ်းစည်းကမ်းနဲ့ စောင့်ကြည့်ထိန်းသိမ်းမှု အားနည်းရင် ငွေကြေးဖောင်းပွမှု များနိုင်တာ၊ ငွေသုံးစွဲမှုများပြားတာ၊ လွယ် လွယ်များများသုံးတာကြောင့် အကြွေးထူနိုင်တာ၊ အသုံးစရိတ်များနိုင်တာတို့ ဖြစ်တတ်ပါတယ်။ ၂၀၀၃ ခုနှစ်ကလို အတွေ့အကြုံမျိုးရှိခဲ့ပြီး ဖြစ်တဲ့အတွက် စည်းမျဉ်းစည်းကမ်းနဲ့အညီ အများပြည်သူအဆင်ပြေဖို့ ၀န်ဆောင်ပေးရမှာပါ''ဟု ဘဏ်လုပ်ငန်းနှင့် ငွေကြေးကျွမ်းကျင်သူတစ်ဦးက ရှင်းပြပါသည်။

၂၀၁၀ ပြည့်နှစ်တွင် အစိုးရပိုင် စီးပွားရေးဘဏ်မှ အကြွေးဝယ်ကတ် စနစ်တစ်မျိုးဖြစ်သည့် Smart Card သုံးစွဲခွင့်ကို ပြန်လည်ပေးအပ်ခဲ့ပြီး ယခုနှစ်အတွင်းမှာပင် ထွက်ပေါ်လာမည့် ပုဂ္ဂလိက ဘဏ်သစ်များတွင်လည်း အဆိုပါ အကြွေးဝယ်ကတ်ကို ၀န်ဆောင်မှုပေးနိုင်ရန် ပြင်ဆင်လာကြခြင်းဖြစ်ကြောင်း ပုဂ္ဂလိကဘဏ်အသိုင်းအ၀ိုင်းက ဆိုပါသည်။

Comments

0 #19 kyawhtin009 2010-06-11 05:15

Quoting sholder:

ရွာတစ်ရွာဟာအလွန် တိုးတတ်မှုနှုန်းေ တ်ာတော်ကို ကျဆင်းနေတယ်.. အဲ့ဒါကို ရွာသူကြီးက ခေတ်မှီတိုးတတ်ေ နတဲ့ ရွာမှ သူကြီးကိုမေးသတဲ့ ... ကျုပ်တို့ရွာကြီးတိုးတတ်ချင်သပဗျာ..အကြံလေးဘာလေးပေး ပါဦးတဲ့...... ခင်းဗျားတို့ရွာ ကြီးတိုးတတ်ချင် လျှင် ရွာမှာရှိတဲ့ အသက် ၅ နှစ်ထက်ကလေးတွေအ ကုန်သတ်လိုက်တဲ့ ဗျာ...........ဆိုလိုချင်တာကတော့.... ရွာမှာရှိသော သိတတ်တဲ့ ကလေးကအစ လူကြီးထိ အသုံးမကျကြောင်း ပါ...

သူကြီးနဲ့အပေါင်းအပါ တစ်စုသာသတ်လိုက် ပါ အရာရာအဆင်ပြေသွားပါမည်

+2 #18 iriszaw 2010-06-10 18:50

အင်း..ဘာမနိုင်ဘဲ..ပဲဟင်းစားသလိုဖြ စ်နေပီ။ဆင်ဖမ်းမ ယ် ကျားဖမ်းမယ်နဲ.၊ပိုက်ဆံအဟောင်း တွေပဲ အရင်ပြန်လဲပေးပါ အုံး.......

-12 #17 sholder 2010-06-10 08:50

ရွာတစ်ရွာဟာအလွန် တိုးတတ်မှုနှုန်းေ တ်ာတော်ကို ကျဆင်းနေတယ်.. အဲ့ဒါကို ရွာသူကြီးက ခေတ်မှီတိုးတတ်ေ နတဲ့ ရွာမှ သူကြီးကိုမေးသတဲ့ ... ကျုပ်တို့ရွာကြီးတိုးတတ်ချင်သပဗျာ..အကြံလေးဘာလေးပေး ပါဦးတဲ့...... ခင်းဗျားတို့ရွာ ကြီးတိုးတတ်ချင် လျှင် ရွာမှာရှိတဲ့ အသက် ၅ နှစ်ထက်ကလေးတွေအ ကုန်သတ်လိုက်တဲ့ ဗျာ...........ဆိုလိုချင်တာကတော့.... ရွာမှာရှိသော သိတတ်တဲ့ ကလေးကအစ လူကြီးထိ အသုံးမကျကြောင်း ပါ...

+20 #16 openmind 2010-06-10 06:48

လောလောဆယ်...အဲဒီကဒ်တွေမသုံး နိုင်...မသုံးရသေးလို့...

ဘာမှမဖြစ်သေးပါဘူးဗျာ.....မီးမလာလို့တွြေ့ ကုံနေရတဲ့...

ပြသာနာလေးတွေ..အခက်အခဲလေးတွေကို...အရင်ဖြေရှင်းပေး ကြပါလား....

အာဏာရှိသူ....ငွေရှိသူ....အခွင့်ထူးခံလူတန်းစားတို့ရယ်...

အခြေခံမကောင်းလို့..ထပ်ပြီးပြောင်းလဲ..ပြိုကွဲပျက်ဆီးရ င်..

ခံရမှာက...ကျွန်တော်တို့ပြ ည်သူတွေပါဗျာ....

-12 #15 kyaung 2010-06-09 22:44

i want to know,,which logo for debit and credit card

+26 #14 Phay Kan Kaung 2010-06-09 22:02

သြော် ထူးဆန်းပါပေ့ က တွတ်ပီရယ်။ ဘယ်မှာသွားအိပ်ေ ပျာ်နေကြလဲ မသိဘူး။ အခုမှ SMART Card တွေဘာတွေ ပြောနေတယ်။မီးက မလာတော့ အဲဒီကတ် ကို ဘာနဲ့ ဆွဲခြစ်မလဲ။ ပြည်သူတွေက တော့ ဟိုတခါ ပုဂ္ဂလိက ဘဏ်တွေ ပြိုလဲသွားချိန် က စပြီးတော့ ခဲမှန်ဖူးတဲ့ စာသူငယ်ဖြစ်နေပါ ပြီ။

+39 #13 red-devil 2010-06-09 20:48

ဟီး ဟီး မီးစက်ကြီးနဲ့ Smart Card ကြီးနဲ့ပေါ့ဗျာ ကြည့်တော့ကောင်း ဦးမှာပဲ နောက်နေသလိုပဲနော် ..

တစ်ခါတစ်ခါ သတင်းတွေဖတ်ရတာ ပြောင်နေသလိုပဲ မီးက..ဘယ်ဆီမှန်းမသိဘူး

ခေတ်မှီဖွံ့ဖြိုးတိုးတက်သောနိုင်ငံတော်သစ်ကြီးဆီသို့ဆိုတာကြီးက တစ်မျိုး ..ဒွတ်ခပါပဲ

+16 #12 userboy 2010-06-09 20:38

ခုလိုကဒ်စနစ်တွေ ပြန်လည်ထွန်းကား လာတော့မယ်ဆိုတော့  ၀မ်းသာအားရစွာကြိုဆိုပါတယ်။ ဒါပေမယ့် ဒါာကျနော်တို့နိုင်ငံရဲ့ ဘဏ်စနစ်ကြီးတိုး တက်လာတာပါလို့ြေ ပာရင်တော့ လုံးလုံးမှားတာပဲ။ ဒါတွေကိုလုပ်မယ့် အစား ဘဏ်လုပ်ငန်းဆိုင်ရာစည်းမျဉ်းစည်းကမ်းတွေကို အရင်ဆုံးပြုပြင် ရမှာပါ။ စနစ်တကျလွှတ်ပေးတ န်ရင်လွှတ် တင်းကျပ်တန်ရင်တ င်းကျပ်ရပါမယ်။ မြန်မာနိုင်ငံရဲ့  အရှိန်အဟုတ်ကောင်းနေခဲ့တဲ့ ၁၉၉၉-၂၀၀၀ခုနှစ်ဝန်းကျင်ကိုပြန်ပြောင်သတိရမိပါတယ်။ ခုလိုခက်ခဲကျပ်တ ည်းနေတာဟာ တခြားနိုင်ငံတွေ ပိတ်ဆို့တာထက်စာ ရင် ကိုယ့်ဖာသာကိုယ် ပြိုလဲအောင်လုပ် ခဲ့တာကို ပြန်ပြီးအပြစ်တင်သင့်ပါတယ်။ ခုလည်းပြည်တွင်း လုပ်ငန်းရှင်တွေ ကို ဘဏ်တည်ထောင်ခွင့် ပြုကြတော့မယ်ဆိုတော့ ကောင်းမလိုထင်ရပါတယ်။ ဒါပေမယ့် ဒီနိုင်ငံရဲ့စီး ပွားရေးအခြေအနေအ ရ ဒီလောက်ထိ ဘဏ်တွေတိုးချဲ့တ ည်ထောင်ဖို့မလို အပ်သေးပါဘူး။ တဖက်ကလည်းပြောင်းလဲလာမယ်လို့ထင် ရတဲ့ မြန်မာနိုင်ငံရဲ့  စီးပွားရေးကိုထောက်ဆပြီး တည်ထောင်ခွင့်ပြုတယ်ဆိုရင် အရင်ဆုံးစနစ်တကျ တော့လုပ်ဦးပေါ့ ။ ငွေကြေးခ၀ါချဖို့ ဆိုရင်တော့ လက်ရှိအခြေအနေထက် အဆပေါင်းများစွာ ဆိုးရွားသွားဖို့ သာရှိပါတော့တယ် ။ တကယ်လို့များ ဒီလိုငွေကြေးမသမာမှုတွေကိုတွေ့ရှိခဲ့မယ်ဆိုရင်ကော လူကြီးမင်ူတို့အ နေနဲ့ ဘက်မလိုက်၊ ဘယ်သူဘယ်ဝါမခြွဲ ခားပဲ ဒဏ်ခတ်နိုင်ပါ့မ လား။ ရည်ရွယ်ချက်မြှင့်မားကြပါ။ နိုင်ငံသားတွေကိုတော့ ငဲ့ကွက်ကြပါ။

+1 #11 130453 2010-06-09 18:48

I want to know the rule & regulation of the banking. I don' t nothing about ( private or public ). I' m warry perivious condition.

-7 #10 whan 2010-06-09 16:38

Good! Faster...

+11 #9 myochitgyi 2010-06-09 16:22

လုပ်ကြပါ..သူများတွေပေးမလု ပ်မဲ.အတူတူ မင်းတို.ပဲလုပ်ကြပါ

ဘာလို.လဲဆိုတော.သူတို.ကမျိုးချစ်ပု၈္ဂိုလ်တွေကိုဗျ...တို.များကတော.ပိုက်ပိုက်လဲမရှိပေါင်ဗျာ..အင်းးးးးးးးးးးးးးးးးးးးးးးးးး

+14 #8 Yangon City 2010-06-09 15:46

Credit card သုံးခွင့်ရမယ်ဆိုတာကိုတော့ ကြိုဆိုပါတယ်ဗျာ .. ငွေတွေက စုတ်ပြတ်နေတာရယ် .. အကြွေပြန်မအမ်း ပဲအသုံးမတည့်တာေ တွပြန်အမ်းတဲ့ဟာ တွေ ပြေလည်သွားတာပေါ့  ...

တစ်ချိန်တုံးက အာရှဓနဘဏ်ကတစ်ကယ်ကောင်းခဲ့ပါတယ် ၊ ဘေးကနိုင်ငံက ဘဏ်တွေထက်တောင်ေ ကာင်းခဲ့တာ၊ အဆင့်မြင့်ခဲတာ၊ မြန်မာတွေလုပ်တတ်ပါတယ်ဗျာ... လုပ်ခွင့်ရှိယင် ပေါ့ ...

+19 #7 moon125521 2010-06-09 15:35

KTV....NIGHTCLUB နဲ့ အနှိပ်ခန်းတွေတော့အလုပ်ဖြစ်တော့

မယ်နဲ့တူတယ်.....ဘယ်လိုကြေငြာမလဲ ဆိုတော့ဒီလိုတဲ့ ဗျ...ဘာညာKTV...ဘာCard..ညာcard Welcome...

ဟိုဒီ Nightclub....All cards Welcome.... စပယ်ရှယ်andထူးထူးရှယ်..အနှိပ်ခန်း.....ကတ်အားလုံးကိုကြိုဆိုပါသည်။ဆိုပြီးတော့ကြေ ငာကြမှာ..မယုံရင်စောင့်ကြ ည့်ကြ....ဟီဟီဟီး....

+25 #6 east1407 2010-06-09 15:22

ကမ္ဘာ.အဆင်းရဲဆုံးနိုင်ငံက အကြွေးကဒ် ကိုင်ဖူးချင်လို က်တာ......ဒါ့ထက် အတိုးဘယ်လောက်တု န်း......

ဘဏ်လုပ်ငန်းတွေကို အစိုးရက backingလုပ်ပြီး အာမခံထားရပါတယ်။ တကယ်လို.တစုံတရာဖြစ်ခဲ့ရ င် အစိုးရက အရံဘတ်ဂျက်တွေထု တ်ပြီးဖြေရှင်းေ ပးရပါတယ်။အစိုးရ တောင်အကြွေးပတ်လ ည်ဝိုင်းနေမှတော့  ဘယ်လိုလုပ်ဒီဘဏ် တွေကို ယုံကြည်စိတ်ချနိုင်ပါတော့မလဲ။ပြ ည်သူ.အကျိုးပြုအစိုးရ ဆိုရင်တောင် အများကြီးစောင့် ကြည်ရဦးမှာပါ။အားလုံးသိကြတဲ့အတိုင်း ရှေ့ သာဓက တွေကလည်းအများကြီးပါ။

အဓိက ကတော့ ဒါဟာ ခ၀ါချသူတွေအတွက် လမ်းဖွင့်ခြင်း သက်သက်ပါ။ ထ.ိုအတွက် မူး စု ၊ပဲ စု ပြည်သူတွေ ဒုက္ခမရောက်စေလို ပါ။

-5 #5 Shwebothar 2010-06-09 13:55

Take Note= only for short term!:)

+24 #4 cherrynaing 2010-06-09 13:37

ATM စက်နှင့်ကဒ်ေ၇ာလုပ်စေချင်ပါသည်။ သို့မှသာလျှင်ဘဏ်နှင့်ပါတ်သတ်သောလာဘ်ပေးလာဘ်ယူမှု့များလျှော့နည်းလာနှိုင်ပါသည် ။

+24 #3 moechanmyayoo 2010-06-09 12:49

အာရှဓနနှင့်မေဖလားဝါးတို့လို ဖြစ်မသွားဖို့ပဲ အရေးကြီးပါတယ်။

+36 #2 taurusii 2010-06-09 11:49

ကောင်းပါတယ် ၊ ငွေစက္ကူ အကိုင်နည်းစေပါတ ယ် ။ ဒါမှ အစုတ်သက်သာမှာပေါ့။

ATM စက်နဲ့ ကဒ်ကော လုပ်မှာလား ၊ လုပ်ရင်တော့ ထွက်လာမယ့် ငွေစက္ကူကို အစုတ်တွေမဖြစ်စေ ချင်ပါ။

===============================

No comments:

Post a Comment